【 သရော်စာ 】 “ ပြည်သူသည်သာ တရားခံ”

 【  သရော်စာ 】 “ ပြည်သူသည်သာ တရားခံ”

ဖြစ်ရလေ..။ အရပ်ရပ်နေပြည်တော် ကြားလို့မှ မကောင်း ငပြူးက ငပြဲလုပ်နေတဲ့ ခေတ်။
ဒါကြောင့်ပြောတာ ..။နတ်ဆိုးတို့က ဖြစ်ချင်ရာဖြစ် မြေလှန်ချင်တာ..။ မြေလှန်ချင်တယ်ဆိုလို တခြားမထင်နဲ့..။ တစ်ကယ်မြေထင်ပြီး လာသိမ်းနေဦးမယ်။
အဟုတ်… တစ်ကယ်ဘဲ ..။
ခေတ်ကိုက  မုဒိမ်းကျင့်ခံရတဲ့ ကလေးတောင် ကံကောင်းလို့ တရားအစွဲမခံရတဲ့ ခေတ်လေ။

ဒါကြောင့်ပြောပါတယ်။ နတ်ဆိုးတို့ ပြည်သူတွေခမျာ သိသိကြီးနဲ့ အလျော်ခံနေရတာ။တစ်ကယ် တစ်ကယ်..။
ဆင်ကြီးတွေ့ရင်တောင် ဆင်ခြေရာပျောက်နေလို့  ဆင်မဟုတ်ဘူးလို့ အသေခံဖင်ပိတ်ငြင်းတဲ့ ခေတ်လေ။
မုဒိမ်းကျင့်ခံရတာတောင် ကိုယ်ကျင့်သွားတာ ဘယ်သူဆိုတာ သိသိကြီးနဲ့  မပြောရဲတဲ့ခေတ်။
တရားခံမဲ့တဲ့ခေတ်..။
တခြားမကြည့်နဲ့…။

မူးယစ်ဆေးတွေ အထုပ်လိုက်အထည်လိုက်မိတာ ပိုင်ရှင်မဲ့ဆိုတာလား..။ ဒါလည်း တစ်ကယ် တရားခံက ကားမောင်းတဲ့ သူလည်းမဟုတ်။ပိုင်ရှင်လည်း မဟုတ်။
မနေနိုင်မထိုင်နိုင် သွားတိုင်တဲ့ တာဝန်သိပြည်သူဗျ။ ဟုတ်တယ်လေ….။
မေမေအစိုးရတက်ကာစ  ကိုယ့်စားရိတ်ကိုယ်စားပြီး အချီကြီး ဂိုဏ်းပါဖော်နိုင်ခဲ့တဲ့ နယ်က တစ်ယောက်ဆို အခု ဘယ်ပုန်းနေရလဲ ဟုတ်လား။။
အခုတောင် မေ့မေ့သား ကိုယ်စားလှယ်တွေတောင် မူးယစ်ဆေးဝင်ဖမ်းနေလို့ ခြိမ်းခြောက်ခံ နေရတယ်ဆိုပဲ..။

စဉ်းစားကြည့်တော့ ဟုတ်တယ်ဗျ။ ပြည်သူသာ တစ်ကယ်တရားခံလေ…။မနေနိုင် မထိုင်နိုင် သွား တိုင်တာ သွားဖမ်းကြတာကို။
တစ်ကယ်ဆို အရောင်းအဝယ်မျိုးစဉ်းစားကြည့်..။ကိုယ်ဝယ်နိုင်ရင် ဝယ်ပေါ့ မဝယ်နိုင်ရင် မတိုင်နဲ့ပေါ့..။
ဒါကြောင့် ပြောတာ သူတို့ဘာသာ သူတို့ နှစ်တွေ ဆယ်စုနှစ်တွေနဲ့ချီ ပုလင်းတူဗူးဆို့လုပ်လာခဲ့တာ ။
အခုမှ လာဖော်တော့ တင်းတာ ဒေါခွီးတာပေါ့နော်…။
 ဒဗလျူဝိုင်တွေပဲ ကွန်တိန်နာနဲ့ဘဲ မိမိ၊သစ်ကားတွေ အစီးတစ်ရာဘဲ မိမိ ..။
ပိုင်ရှင်မဲ့ ဆိုတာနဲ့ ပြည်သူက သိပြီးသား။ ပိုင်ရှင်ဘယ်သူလဲဆိုတာ ။
တစ်ခါတစ်လေများစဉ်းစားမိပါတယ်။တစ်တိုင်းပြည်လုံး ပတ်မွှေနေတာ ဘယ်သူလဲဆိုတာ ပြည်သူတွေကိုယ်စား  ကုပ်ဆွဲပြချင်ပါ့…။
တစ်ခါတစ်လေ သူမဟုတ်တဲ့ အတိုင်း ရုပ်တည်ကြီးနဲ့..ငါးပါးသီလမြဲပြနေတဲ့ လူတွေကို ဒါသူလက်ချက်သူ့လက်ချက်ဆိုပြီး ပုတ်ပုတ်ပြချင်တာ။  
ဟင်းဟင်းဟင်း…အသည်းတွေ ယားပါ့။

ကောသလမင်းအိမ်မက် ဆယ်ခြောက်ချက်ကလည်း မှန်သဗျ။
ဗူးခြမ်းတွေ နစ်ပြီး စောင်းခြမ်းတွေ ရေပေါ်မယ်ဆိုတဲ့ တဘောင်အတိုင်း အတိအကျဘဲ..။
တစ်ကယ်ဘဲ စောင်းခြမ်းတွေ ရေပေါ်တဲ့ ခေတ်..။
လုပ်ချင်လုပ် ပြီးရင် သူမဟုတ်တဲ့ အတိုင်း အလှဆုံးပြုံးပြနေတတ်တဲ့ ခေတ်..။
ဗြောင်ငြင်းနိုင်ရင် လူရာဝင်တယ်လေ..။ခေတ်ကိုက တာဝန်ခံမှု တာဝန်ယူမှုမှ မရှိတာ..။
ဒါကြောင် တစ်ခါတစ်လေ စိတ်ရှိလက်ရှိ မေးလိုက်ချင်တာ ။ အားလုံး ပိုင်ရှင်မဲ့တွေဘဲလားလို့.. ။
ဟိုတစ်လောတုန်းက မြောက်ပိုင်းက မြောက်သုံးကောင်နဲ့ တိုက်ပွဲတွေ ဖြစ်တယ်ဆိုလား..။ နေရင်း ထိုင်ရင်း အိမ်ပေါ်ကို ဗုံးလား၊ဒုံးလားမသိ ကျလို့ လူသေပါလေရော။ ဘယ်သူသေတယ်မှတ်လဲ။
အဲဒီအိမ်က တစ်နှစ်ကျော်ကလေး။

အဲဒီလိုဖြစ်တော့ ဘာလုပ်ကြတဲ့ မှတ်လဲ။ သူလက်ချက်မဟုတ်ဘူး၊ ငါ့လက်ချက် မဟုတ်ဘူးငြင်းကျ တာ နောက်ဆုံး  အဲ့ဒီဗုံးက ပိုင်ရှင်မဲ့ဖြစ်ပါလေရော..။
သေတဲ့ ကလေးခမျာ စကားသာပြောတတ်ရင် “တော်ပါတော့ဗျာ.. ကိုယ်ဘာသာ ကိုယ်ဗုံးနဲ့ ထုသေတာ”လို့ ထပြောမှာ အသေအချာဘဲ..။
တကယ်က နှစ်ဘက်စလုံးမမှားဘူးလေ။ စဉ်းစားကြည့်ရင် တကယ်တရားခံက ဒေသခံပြည်သူ။
ဟုတ်တယ် သူတိုဘဲ..။ သူတို့ အဲဒီမှာနေလို့ စစ်ပွဲ အဲလေ တိုက်ပွဲဖြစ်တာ..။သူတို့သာ  အဲဒီနားမနေရင်  ..တိုက်ပွဲမဖြစ်ဘူးလေ။

တိုက်ပွဲဖြစ်လည်း ရှောင်ပေါ့။ ဖြစ်မှန်းသိရက်နဲ့ နေတာကိုး..။  သိရဲ့သားနဲ့ ရှောင်မှ မရှောင်တာကိုး။
တိုက်ပွဲဖြစ်မှာ ဘယ်လို ကြိုသိမလဲ ဟုတ်လား..။ သိနိုင်တာပေါ့..။
တကယ်သာ  အပျိုမလေးခြင်ထောင်ကို ညသန်းခေါင် အမူးသမား တက်လှန်လို့ရတဲ့ ဧည့်စာရင်း စစ်တဲ့ ဥပဒေကိုသာ မေမေအစိုးရက မဖျက်ခဲ့ရင် တိုက်ပွဲဖြစ်မှာ ကြိုသိမှာပေါ့…။
တကယ် ..မပြောင်ဘူး။ တကယ်။ မနောက်ဘူး ..တကယ်။
အဓိက တရားခံက အဲ့ဒါ..။အဲဒီဧည့်စာရင်းတိုင်ရမယ့် ဥပဒေကို နတ်ဆိုးတို့ ပြည်သူတွေက မကြိုက်လို့ မေမေတို့က ဖျက်ပေးလိုက်တာ..။

အရင်းစစ်တော့ အမိမြေဆိုသလို တကယ်တရားခံက နတ်ဆိုးတို့ ပြည်သူတွေ..။
အဲ့ဒီ ဧည့်စာရင်းတိုင်ရမယ့် ဥပဒေသာရှိရင် ဘယ်နေရာကိုဘဲ လာတိုက်တိုက် ၊ဘာတွေပဲ သယ်လာ သယ်လာ ..။ သူတို့က ကြိုသိမှာ။
ဘာလို့လဲ ဟုတ်လား..။ သူတို့က  ရပ်ကွက်ရုံး ကို ဧည့်စာရင်း လာတိုင်ကြမယ်လေ..။ မတိုင်လည်း တက်လှန်လို့ အဲလေ တက်စစ်လို့ရပြီလေ..။
အဲဒီမှာ ရာအိမ်မှူးတွေ ဆယ်အိမ်မှူးတွေက ကြိုသိ ..။
ပြီးတော့ ဖျောင်းဖျ ..။ ဖျောင်းဖျလို့ မရရင် ဖမ်း..။ ဖမ်းလို့မရရင်  ကြိုပြေးကြ..။
ဒီလိုဆို အခုလို ဘယ်သူမှ သေမှာလည်း မဟုတ်ဘူး။
ဒါပေမယ့်တစ်ခုတော့ရှိတာပေါ့..။သူတိုကလည်း ဒီဘက်ကို ခဏခဏလာနေတာနဲ့  ပြည်သူတွေလည်း ခဏခဏပြေးနေရမှာ။

ဘာကြောင့်ဆို ဒီမှာက ငြိမ်းချမ်းရေးဆွေးနွေးလိုက်၊ ပြန်လိုက်နဲ့…။ ကိုရီးယားဇာတ်လမ်းတွဲလို အလွန်တရာ ရှည်လျားတာ ။
ဆွေးနွေးလိုက် ချလိုက်နဲ့ ကြားထဲက ပြည်သူတွေမှာ ပြေးဘဲ ပြေးနေရတာ။ အိမ်မှာတောင် နေရတယ်တောင် ရှိမှာ မဟုတ်ဘူး။

ဒါကြောင့် နောက်ဆို မြန်မာပြည်မှာ နယ်စပ်ဘက်ကလူတွေ  အိမ်ဝယ်ခြံဝယ်မှာ မဟုတ်တော့ဘူး။ ဟုတ်တယ်လေ ဝယ်လည်းနေရတာမှာ မဟုတ်တာ ။ပြေးဘဲ ပြေးနေရတာ။
ဒီတော့ အိမ်အစား မိုဘိုင်းကားအိမ်တွေဝယ်တာ  ပိုအလုပ်ဖြစ်တယ်ဆိုတာ သိလာကြမှာ။  
ဒါဆို ပြေးလည်း အရင်လို ဗရမ်းဗတာ မဖြစ်တော့ဘူး။ ဆေးဆေး သိက္ခာရှိရှိ ၊ အတွေ့အကြုံရှှိရှိပေါ့။
ကချင်မှာ ဖြစ်ရင် ။ရှမ်းပြည်ပြေး၊ရှမ်းပြည်ဖြစ်ရင် မွန်၊ကရင်ကိုပြေး ဟန်ကိုကြနေမှာ ။
ဒါမျိုးကြ တရုတ်ကြီးတို့ ဂျပန်ကြီးတို့က  စီးပွားရေးအမြင်ရှိတယ် ။
ခုဘဲ တစ်ဘက်က ငြိမ်းချမ်းရေး ဝင်ကူပေးရင်း တစ်ဘက်ကလည်း ရန်ကုန်မှာ ကားစက်ရုံတွေ ဆောက် နေပြီဆိုဘဲ…။
ဒီကားစက်ရုံက ပြီးဖို့ ကြာမယ်ဆိုလား….ဒါလည်း မပူနဲ့။

ရန်ကုန်မှာ ကွီးဖြိုးသွင်းထားတဲ့ ကျောင်းကားတွေ ရှိတယ်။ မိုးရေထဲ ပစ်ထားရလို့ ကွီးဖြိုးကို လူတွေက ဝိုင်းပြောနေတာ။
ဒီတစ်ခါ တိုက်ပွဲဖြစ်ရင် ရန်ကုန်ကိုသာပြေးလာခဲ့..။
ကွီးဖြိုးကိုလည်း ကူပြီးသားလည်း ဖြစ် ၊ ကိုယ်လည်း အဆင်ပြေပြေပြေးရ အဲလေ အဆင်ပြေပြေ သေဘေး ရှောင်ရအောင် ရန်ကုန်သာလာလိုက်..။
ကွီးဖြိုးက ဘဏ်နဲ့ချိတ်ပြီးရောင်းပေးအောင် နတ်ဆိုးပြောပေးမယ် ..။

အရေးကြီးတာက ခင်ဗျားသာ အမှုးသမားအိမ်ပေါ်တက်ခြင်ထောင်လှန်ခွင့် ရှိတဲ့  ဥပဒေကို ပြန်ပြဋ္ဌာန်း ရင် ထောက်ခံပေးဖို့ဘဲ..။
ဒါဆို ကွီးဖြိုးကားတွေလည်း ..ရောင်းရ၊သေဘေးရှောင်တွေလည်း ကမ္ဘာကို ပတ်ပြီး ပြေးလို့ ရမှာ။
နောက်တစ်ခါဖြစ်ရင် ကိုယ်အရင် ကိုယ်ခံ ။ဘယ်သူမှ လက်ညှိုးထိုးလို့မရတော့ဘူး.။
ကဲ..မပိုင်ဘူးလား။

                                                                              နတ်ဆိုး

(  Zawgyi  )

 ျဖစ္ရေလ..။ အရပ္ရပ္ေနျပည္ေတာ္ ၾကားလို႔မွ မေကာင္း ငျပဴးက ငၿပဲလုပ္ေနတဲ့ ေခတ္။
ဒါေၾကာင့္ေျပာတာ ..။နတ္ဆိုးတို႔က ျဖစ္ခ်င္ရာျဖစ္ ေျမလွန္ခ်င္တာ..။ ေျမလွန္ခ်င္တယ္ဆိုလို တျခားမထင္နဲ႔..။ တစ္ကယ္ေျမထင္ၿပီး လာသိမ္းေနဦးမယ္။
အဟုတ္… တစ္ကယ္ဘဲ ..။
ေခတ္ကိုက  မုဒိမ္းက်င့္ခံရတဲ့ ကေလးေတာင္ ကံေကာင္းလို႔ တရားအစြဲမခံရတဲ့ ေခတ္ေလ။

ဒါေၾကာင့္ေျပာပါတယ္။ နတ္ဆိုးတို႔ ျပည္သူေတြခမ်ာ သိသိႀကီးနဲ႔ အေလ်ာ္ခံေနရတာ။တစ္ကယ္ တစ္ကယ္..။
ဆင္ႀကီးေတြ႕ရင္ေတာင္ ဆင္ေျခရာေပ်ာက္ေနလို႔  ဆင္မဟုတ္ဘူးလို႔ အေသခံဖင္ပိတ္ျငင္းတဲ့ ေခတ္ေလ။
မုဒိမ္းက်င့္ခံရတာေတာင္ ကိုယ္က်င့္သြားတာ ဘယ္သူဆိုတာ သိသိႀကီးနဲ႔  မေျပာရဲတဲ့ေခတ္။
တရားခံမဲ့တဲ့ေခတ္..။
တျခားမၾကည့္နဲ႔…။

မူးယစ္ေဆးေတြ အထုပ္လိုက္အထည္လိုက္မိတာ ပိုင္ရွင္မဲ့ဆိုတာလား..။ ဒါလည္း တစ္ကယ္ တရားခံက ကားေမာင္းတဲ့ သူလည္းမဟုတ္။ပိုင္ရွင္လည္း မဟုတ္။
မေနႏိုင္မထိုင္ႏိုင္ သြားတိုင္တဲ့ တာဝန္သိျပည္သူဗ်။ ဟုတ္တယ္ေလ….။
ေမေမအစိုးရတက္ကာစ  ကိုယ့္စားရိတ္ကိုယ္စားၿပီး အခ်ီႀကီး ဂိုဏ္းပါေဖာ္ႏိုင္ခဲ့တဲ့ နယ္က တစ္ေယာက္ဆို အခု ဘယ္ပုန္းေနရလဲ ဟုတ္လား။။
အခုေတာင္ ေမ့ေမ့သား ကိုယ္စားလွယ္ေတြေတာင္ မူးယစ္ေဆးဝင္ဖမ္းေနလို႔ ၿခိမ္းေျခာက္ခံ ေနရတယ္ဆိုပဲ..။

စဥ္းစားၾကည့္ေတာ့ ဟုတ္တယ္ဗ်။ ျပည္သူသာ တစ္ကယ္တရားခံေလ…။မေနႏိုင္ မထိုင္ႏိုင္ သြား တိုင္တာ သြားဖမ္းၾကတာကို။
တစ္ကယ္ဆို အေရာင္းအဝယ္မ်ိဳးစဥ္းစားၾကည့္..။ကိုယ္ဝယ္ႏိုင္ရင္ ဝယ္ေပါ့ မဝယ္ႏိုင္ရင္ မတိုင္နဲ႔ေပါ့..။
ဒါေၾကာင့္ ေျပာတာ သူတို႔ဘာသာ သူတို႔ ႏွစ္ေတြ ဆယ္စုႏွစ္ေတြနဲ႔ခ်ီ ပုလင္းတူဗူးဆို႔လုပ္လာခဲ့တာ ။
အခုမွ လာေဖာ္ေတာ့ တင္းတာ ေဒါခြီးတာေပါ့ေနာ္…။
 ဒဗလ်ဴဝိုင္ေတြပဲ ကြန္တိန္နာနဲ႔ဘဲ မိမိ၊သစ္ကားေတြ အစီးတစ္ရာဘဲ မိမိ ..။
ပိုင္ရွင္မဲ့ ဆိုတာနဲ႔ ျပည္သူက သိၿပီးသား။ ပိုင္ရွင္ဘယ္သူလဲဆိုတာ ။
တစ္ခါတစ္ေလမ်ားစဥ္းစားမိပါတယ္။တစ္တိုင္းျပည္လုံး ပတ္ေမႊေနတာ ဘယ္သူလဲဆိုတာ ျပည္သူေတြကိုယ္စား  ကုပ္ဆြဲျပခ်င္ပါ့…။
တစ္ခါတစ္ေလ သူမဟုတ္တဲ့ အတိုင္း ႐ုပ္တည္ႀကီးနဲ႔..ငါးပါးသီလၿမဲျပေနတဲ့ လူေတြကို ဒါသူလက္ခ်က္သူ႔လက္ခ်က္ဆိုၿပီး ပုတ္ပုတ္ျပခ်င္တာ။  
ဟင္းဟင္းဟင္း…အသည္းေတြ ယားပါ့။

ေကာသလမင္းအိမ္မက္ ဆယ္ေျခာက္ခ်က္ကလည္း မွန္သဗ်။
ဗူးျခမ္းေတြ နစ္ၿပီး ေစာင္းျခမ္းေတြ ေရေပၚမယ္ဆိုတဲ့ တေဘာင္အတိုင္း အတိအက်ဘဲ..။
တစ္ကယ္ဘဲ ေစာင္းျခမ္းေတြ ေရေပၚတဲ့ ေခတ္..။
လုပ္ခ်င္လုပ္ ၿပီးရင္ သူမဟုတ္တဲ့ အတိုင္း အလွဆုံးၿပဳံးျပေနတတ္တဲ့ ေခတ္..။
ေျဗာင္ျငင္းႏိုင္ရင္ လူရာဝင္တယ္ေလ..။ေခတ္ကိုက တာဝန္ခံမႈ တာဝန္ယူမႈမွ မရွိတာ..။
ဒါေၾကာင္ တစ္ခါတစ္ေလ စိတ္ရွိလက္ရွိ ေမးလိုက္ခ်င္တာ ။ အားလုံး ပိုင္ရွင္မဲ့ေတြဘဲလားလို႔.. ။
ဟိုတစ္ေလာတုန္းက ေျမာက္ပိုင္းက ေျမာက္သုံးေကာင္နဲ႔ တိုက္ပြဲေတြ ျဖစ္တယ္ဆိုလား..။ ေနရင္း ထိုင္ရင္း အိမ္ေပၚကို ဗုံးလား၊ဒုံးလားမသိ က်လို႔ လူေသပါေလေရာ။ ဘယ္သူေသတယ္မွတ္လဲ။
အဲဒီအိမ္က တစ္ႏွစ္ေက်ာ္ကေလး။

အဲဒီလိုျဖစ္ေတာ့ ဘာလုပ္ၾကတဲ့ မွတ္လဲ။ သူလက္ခ်က္မဟုတ္ဘူး၊ ငါ့လက္ခ်က္ မဟုတ္ဘူးျငင္းက် တာ ေနာက္ဆုံး  အဲ့ဒီဗုံးက ပိုင္ရွင္မဲ့ျဖစ္ပါေလေရာ..။
ေသတဲ့ ကေလးခမ်ာ စကားသာေျပာတတ္ရင္ “ေတာ္ပါေတာ့ဗ်ာ.. ကိုယ္ဘာသာ ကိုယ္ဗုံးနဲ႔ ထုေသတာ”လို႔ ထေျပာမွာ အေသအခ်ာဘဲ..။
တကယ္က ႏွစ္ဘက္စလုံးမမွားဘူးေလ။ စဥ္းစားၾကည့္ရင္ တကယ္တရားခံက ေဒသခံျပည္သူ။
ဟုတ္တယ္ သူတိုဘဲ..။ သူတို႔ အဲဒီမွာေနလို႔ စစ္ပြဲ အဲေလ တိုက္ပြဲျဖစ္တာ..။သူတို႔သာ  အဲဒီနားမေနရင္  ..တိုက္ပြဲမျဖစ္ဘူးေလ။

တိုက္ပြဲျဖစ္လည္း ေရွာင္ေပါ့။ ျဖစ္မွန္းသိရက္နဲ႔ ေနတာကိုး..။  သိရဲ႕သားနဲ႔ ေရွာင္မွ မေရွာင္တာကိုး။
တိုက္ပြဲျဖစ္မွာ ဘယ္လို ႀကိဳသိမလဲ ဟုတ္လား..။ သိႏိုင္တာေပါ့..။
တကယ္သာ  အပ်ိဳမေလးျခင္ေထာင္ကို ညသန္းေခါင္ အမူးသမား တက္လွန္လို႔ရတဲ့ ဧည့္စာရင္း စစ္တဲ့ ဥပေဒကိုသာ ေမေမအစိုးရက မဖ်က္ခဲ့ရင္ တိုက္ပြဲျဖစ္မွာ ႀကိဳသိမွာေပါ့…။
တကယ္ ..မေျပာင္ဘူး။ တကယ္။ မေနာက္ဘူး ..တကယ္။
အဓိက တရားခံက အဲ့ဒါ..။အဲဒီဧည့္စာရင္းတိုင္ရမယ့္ ဥပေဒကို နတ္ဆိုးတို႔ ျပည္သူေတြက မႀကိဳက္လို႔ ေမေမတို႔က ဖ်က္ေပးလိုက္တာ..။

အရင္းစစ္ေတာ့ အမိေျမဆိုသလို တကယ္တရားခံက နတ္ဆိုးတို႔ ျပည္သူေတြ..။
အဲ့ဒီ ဧည့္စာရင္းတိုင္ရမယ့္ ဥပေဒသာရွိရင္ ဘယ္ေနရာကိုဘဲ လာတိုက္တိုက္ ၊ဘာေတြပဲ သယ္လာ သယ္လာ ..။ သူတို႔က ႀကိဳသိမွာ။
ဘာလို႔လဲ ဟုတ္လား..။ သူတို႔က  ရပ္ကြက္႐ုံး ကို ဧည့္စာရင္း လာတိုင္ၾကမယ္ေလ..။ မတိုင္လည္း တက္လွန္လို႔ အဲေလ တက္စစ္လို႔ရၿပီေလ..။
အဲဒီမွာ ရာအိမ္မႉးေတြ ဆယ္အိမ္မႉးေတြက ႀကိဳသိ ..။
ၿပီးေတာ့ ေဖ်ာင္းဖ် ..။ ေဖ်ာင္းဖ်လို႔ မရရင္ ဖမ္း..။ ဖမ္းလို႔မရရင္  ႀကိဳေျပးၾက..။
ဒီလိုဆို အခုလို ဘယ္သူမွ ေသမွာလည္း မဟုတ္ဘူး။
ဒါေပမယ့္တစ္ခုေတာ့ရွိတာေပါ့..။သူတိုကလည္း ဒီဘက္ကို ခဏခဏလာေနတာနဲ႔  ျပည္သူေတြလည္း ခဏခဏေျပးေနရမွာ။

ဘာေၾကာင့္ဆို ဒီမွာက ၿငိမ္းခ်မ္းေရးေဆြးေႏြးလိုက္၊ ျပန္လိုက္နဲ႔…။ ကိုရီးယားဇာတ္လမ္းတြဲလို အလြန္တရာ ရွည္လ်ားတာ ။
ေဆြးေႏြးလိုက္ ခ်လိုက္နဲ႔ ၾကားထဲက ျပည္သူေတြမွာ ေျပးဘဲ ေျပးေနရတာ။ အိမ္မွာေတာင္ ေနရတယ္ေတာင္ ရွိမွာ မဟုတ္ဘူး။

ဒါေၾကာင့္ ေနာက္ဆို ျမန္မာျပည္မွာ နယ္စပ္ဘက္ကလူေတြ  အိမ္ဝယ္ၿခံဝယ္မွာ မဟုတ္ေတာ့ဘူး။ ဟုတ္တယ္ေလ ဝယ္လည္းေနရတာမွာ မဟုတ္တာ ။ေျပးဘဲ ေျပးေနရတာ။
ဒီေတာ့ အိမ္အစား မိုဘိုင္းကားအိမ္ေတြဝယ္တာ  ပိုအလုပ္ျဖစ္တယ္ဆိုတာ သိလာၾကမွာ။  
ဒါဆို ေျပးလည္း အရင္လို ဗရမ္းဗတာ မျဖစ္ေတာ့ဘူး။ ေဆးေဆး သိကၡာရွိရွိ ၊ အေတြ႕အႀကဳံရွွိရွိေပါ့။
ကခ်င္မွာ ျဖစ္ရင္ ။ရွမ္းျပည္ေျပး၊ရွမ္းျပည္ျဖစ္ရင္ မြန္၊ကရင္ကိုေျပး ဟန္ကိုၾကေနမွာ ။
ဒါမ်ိဳးၾက တ႐ုတ္ႀကီးတို႔ ဂ်ပန္ႀကီးတို႔က  စီးပြားေရးအျမင္ရွိတယ္ ။
ခုဘဲ တစ္ဘက္က ၿငိမ္းခ်မ္းေရး ဝင္ကူေပးရင္း တစ္ဘက္ကလည္း ရန္ကုန္မွာ ကားစက္႐ုံေတြ ေဆာက္ ေနၿပီဆိုဘဲ…။
ဒီကားစက္႐ုံက ၿပီးဖို႔ ၾကာမယ္ဆိုလား….ဒါလည္း မပူနဲ႔။

ရန္ကုန္မွာ ကြီးၿဖိဳးသြင္းထားတဲ့ ေက်ာင္းကားေတြ ရွိတယ္။ မိုးေရထဲ ပစ္ထားရလို႔ ကြီးၿဖိဳးကို လူေတြက ဝိုင္းေျပာေနတာ။
ဒီတစ္ခါ တိုက္ပြဲျဖစ္ရင္ ရန္ကုန္ကိုသာေျပးလာခဲ့..။
ကြီးၿဖိဳးကိုလည္း ကူၿပီးသားလည္း ျဖစ္ ၊ ကိုယ္လည္း အဆင္ေျပေျပေျပးရ အဲေလ အဆင္ေျပေျပ ေသေဘး ေရွာင္ရေအာင္ ရန္ကုန္သာလာလိုက္..။
ကြီးၿဖိဳးက ဘဏ္နဲ႔ခ်ိတ္ၿပီးေရာင္းေပးေအာင္ နတ္ဆိုးေျပာေပးမယ္ ..။

အေရးႀကီးတာက ခင္ဗ်ားသာ အမႈးသမားအိမ္ေပၚတက္ျခင္ေထာင္လွန္ခြင့္ ရွိတဲ့  ဥပေဒကို ျပန္ျပ႒ာန္း ရင္ ေထာက္ခံေပးဖို႔ဘဲ..။
ဒါဆို ကြီးၿဖိဳးကားေတြလည္း ..ေရာင္းရ၊ေသေဘးေရွာင္ေတြလည္း ကမာၻကို ပတ္ၿပီး ေျပးလို႔ ရမွာ။
ေနာက္တစ္ခါျဖစ္ရင္ ကိုယ္အရင္ ကိုယ္ခံ ။ဘယ္သူမွ လက္ညႇိဳးထိုးလို႔မရေတာ့ဘူး.။
ကဲ..မပိုင္ဘူးလား။

                                                                              နတ္ဆိုး