【 သရော်စာ 】 “အရေးပေါ် လဝက”
ပူချက်ဗျာ။
ရာသီဥတုတင်မကဘူး။ရပ်ကွက်ထဲမလည်း သူခိုးတွေကပူ။
ခွေးတွေက အူနဲ့။ညည ကောင်းကောင်းအိပ်ရတယ်ဖြင့် မရှိဘူး။
ညဘက် အိပ်ကောင်းခြင်း အိပ်မရလို့ နေ့လည်နေ့ခင်း တမှေးလောက်စက်မလား မှတ်တယ်။အနှောင့်အယှက်က ပေါ်လာသကိုး။ဘယ်သူကမှာတုန်း။ရပ်ကွက်ထဲက သန်းမြိုင်ဆိုတဲ့ ချာတိတ်လေ။
သန်းမြိုင်လား။ဒီကောင်က ကြပ်မပြည့်တာလား၊ ကြပ်အပြည့်လွန်တာလားဆိုတာ ပြောရခက်တဲ့ကောင်။တစ်ခါတစ်ခါ သူစိတ်ကူးပေါ်ရာတွေ အမြီးအမောက်မတည့် လျှောက်လျှောက်ပြောတဲ့ ငတိ။
ဟိုတစ်လောက လက်ဘက်ရည်ဆိုင်မှာ တွေ့တော့ပဲ ကြည့်လေ။
ဂျာနယ်ထဲက ဝါးတားတက်ကစီတွေ ပြေးဆွဲတော့မယ့်အကြောင်းဖတ်ပြီး ဘာမေးတယ်မှတ်တုန်း။
''ဝါးတားတက်ကစီတွေ ဆွဲလာပြီဆိုရင် ရန်ကုန်တိုင်း အစိုးရအနေနဲ့ အဓိကလိုအပ်တာ ဘာလဲ သိကြလားဗျ''
ဒီကောင်က ခပ်တည်တည်နဲ့ မေးလိုက်တော့ တဆိုင်လုံးငြိမ်ကျသွားတယ်။
အဲ့ဒီတော့မှ သူက ဖြေတာ။ဘာတဲ့။
''မှတ်ထားဗျ..ရေကြောင်းမှာ တက်ကစီဆွဲမယ်ဆိုရင် ရေလမ်းကိုရှင်းဖို့ ရေတော်ပီကယ်တွေ လိုတယ်'' တဲ့။
တော်သေးတယ်။တကယ်လို့ ရန်ကုန်တိုင်း ဝန်ကြီးချုပ်သာ လေကြောင်းတက်ကစီဆိုပြီးဆွဲရင် ဒီကောင် သန်းမြိုင် ကလည်း လေတော်ပီကယ်တွေ ခန့်ချင်ခန့်နေမှာ။
အခုလည်း ကိုယ်က နေ့လည်နေ့ခင်း ဇိမ်ယူမလို့ပါဆို..အိမ်ပေါ်တက်ပြီး ဘေးနား ငုတ်တုတ်လာထိုင်တယ်။
''ကိုကြီးဗြိ..ကိုကြီးဗြိ..ဘာလုပ်နေတာတုန်း''
''တရေးလောက်..အိပ်မလို့ဟ''
''မအိပ်ပါနဲ့ဦးဗျာ…ကျွန်တော့်ကို တစ်ခုလောက် ကူညီပါဦး''
''ဘာတုန်း..ဟ..မင်းဟာက''
''ဒီလို.ကိုကြီးဗြိ ရ…အခု ကုလားပိန် က စည်ပင်အမှိုက်သိမ်းကားမှာ အလုပ်ရသွားပြီ..ဒီကောင် အစိုးရဝန်ထမ်း ဖြစ်သွားပြီဗျ''
''အေး..အဲ့ဒါ ဘာဖြစ်တုန်း''
''ဟိုတစ်နေက လှလှချော အမေ ဂျီးဒေါ်ပု က ဈေးထဲမှာ ပြောနေတယ်.. အစိုးရဝန်ထမ်းဆိုတာ ပင်စင်တွေ ဘာတွေ ရချင်ရမှာမို့ နောင်ရေးစိတ်အေးရတယ်တဲ့..သူ့ကြည့်ရတာ ကုလားပိန် ဝန်ထမ်းဖြစ်သွားတာကို ပြောတာထင်တယ်''
''အေး..အဲ့ဒီတော့ ဘာဖြစ်တုန်း''
''ဟာ..ကိုကြီးဗြိ ကလည်း ကျွန်တော်နဲ့ ကုလားပိန် ဆိုတာ အစဉ်အလာကြီးတဲ့ ရပ်ကွက်ခံ မဟာပြိုင်ဘက်တွေဆိုတာ သိရဲ့သားနဲ့''
အလိုလေး..လာလာချည်သေး။
ဟုတ်တော့လည်း ဟုတ်သဗျ။
သန်းမြိုင် နဲ့ ကုလားပိန် ဆိုတာ ကိုယ်တွေ ရပ်ကွက်ထဲမှာတော့ ငယ်ငယ်ကတည်းက မတည့်အတူနေ ပြိုင်လာခဲ့တဲ့ အကောင်တွေ။
အခုလည်း ဈေးထိပ်မှာ ဗူးခွံကောက်တဲ့ လှလှချော ဆိုတဲ့ ကောင်မလေးကို အပြိုင်ပိုးနေကြတာ။နှစ်ကောင်လုံး အလုပ်မရှိ ဝေလေလေကနေ ကုလားပိန်က စည်ပင်အမှိုက်ကားမှာ အလုပ်ရသွားပြီဆိုတော့ ဒီကောင် သန်းမြိုင် နောက်ကောင့်ကျပြီပေါ့။
''ကိုကြီးဗြိ က မြို့ထဲတွေ ဘာတွေ ခဏခဏသွားတယ်မှတ်လား.. ဒီတော့ အသိတွေဘာတွေ ရှိမှာပေါ့..ကျွန်တော် ဝန်ထမ်းလုပ်ချင်လို့ စုံစမ်းပေးစမ်းပါ''
''ဟေ..မင်းက ဝန်ထမ်းလုပ်မယ်''
''ဟုတ်တယ်..လုပ်ပါဗျာ..ဘာဖြစ်ဖြစ် အစိုးရဝန်ထမ်းဖြစ်ရင် ပြီးရော''
''မင်းက ပညာအရည်အချင်း ဘယ်နှစ်တန်းတုန်း''
''တစ်တန်းစာမေးပွဲကို နှစ်ရက်ဝင်ဖြေဖူးတယ်လေဗျာ.. သင်္ချာနေ့ကျတော့ ကျောင်းသွားမယ့် ဘတ်စ်ကားခကို ရေခဲချောင်းဝယ်စားလိုက်တာနဲ့.. မဖြေဖြစ်လိုက်လို့..ကျောင်းခဏနားထားတာ''
လုပ်ပြီ။သန်းမြိုင် ဆိုတာ အဲ့ဒီလိုကောင်။သူ့အသက်ကဖြင့် ဆယ့်ကိုး၊ နှစ်ဆယ်ထဲ ရောက်ပြီ။တစ်တန်းစာမေးပွဲကို မဖြေပဲ ကျောင်းခဏနားတာတဲ့။သူ့ခဏက ဘယ်လောက်မှန်းမသိ။
''ဟေ့ကောင်ရာ..မင်းပညာအရည်အချင်းနဲ့ ဘယ်လိုလုပ် ဝန်ထမ်းလုပ်လို့ ရမှာလဲ''
''ဒါဆို..ကုလားပိန်ကျ စည်ပင်အမှိုက်ကားမှာ ဘာလို့ရလဲဗျာ''
''ဟ..သူတို့က အလုပ်ကြမ်းလုပ်တာကွ..အမှိုက်သိမ်းကားမှာ အမှိုက်သယ်တာ..ပညာအရည်အချင်းမလိုဘူး..မင်းလည်း အမှိုက်ကားမှာ လုပ်ချင်ရတာပဲ''
''ဟာ..အမှိုက်ကားမှာတော့ မလုပ်ချင်ဘူးဗျာ.. ဒီကောင့်ထက်သာမှဖြစ်မယ်..ဒီကောင့်ထက်သာတဲ့ ဝန်ထမ်းပဲ လုပ်ချင်တာ..လုပ်ပါ..ကိုကြီးဗြိ..ကူညီဗျာ''
ဒီအတိုင်းဆို ဒီအကောင်ဟာ အိမ်ပေါ်ကနေ ဆင်းတော့မှာမဟုတ်။
''အေးပါကွာ..ငါမြို့ထဲက ရုံးတွေမှာ စုံစမ်းပေးပါမယ်.. ပြီးရင်ပြောမယ်ကွာနော်''
ဒီတော့မှပဲ သန်းမြိုင် တစ်ယောက် အိမ်ပေါ်က ဆင်းသွားတော့တာ။
အဲ့ဒီလိုနဲ့ ကျွန်တော်လည်း ဒီကောင့်ကို မေ့မေ့ပျောက်ပျောက်ပါပဲ။
ကိုယ်ကလည်း ညညဆို သူခိုးပူလို့ အိမ်ပတ်လည် ထကြည့်ရသေးဆိုတော့ အိပ်ရေးကပျက်။နေ့ဘက်ဆို ထိုးအိပ်ဆိုတော့ ဒီကောင်နဲ့ အဆက်အသွယ်ပြတ်သွားတယ်။
သူခိုးကလည်း သတိမထားလို့ မရဘူးဗျိုး။အခုခေတ် သူခိုးတွေက မလွယ်ဘူး။ခိုးပြီးလို့ ခိုးထုတ်ခိုးထည်နဲ့ မိတာတောင်မှ အရစ်ကျစနစ်နဲ့ ပြန်ပေးတတ်ကြတာမျိုးလေ။ဟိုတစ်ရက်ကတော့ ဘောလုံးပွဲရှိလို့ ညနေဘက် လက်ဘက်ရည်ဆိုင် ထွက်ထိုင်မိပါတယ်။ကိုယ့်ဆရာ သန်းမြိုင် နဲ့ တန်းတိုးတာပဲဗျိူး။
''ကိုကြီးဗြိ..မကူညီလည်း ရပါတယ်..ကျွန်တော် အခု ဝန်ထမ်းအလုပ်ရသွားပြီ''
''ဟေ..မင်းက…''
''မယုံလို့လား..ဒီမှာ..ယူနီဖောင်းတောင် ရလာပြီ''
သန်းမြိုင် ထုတ်ပြတဲ့ ယူနီဖောင်းကို ကြည့်ဦး။
တိုက်ပုံအနက်ပါတယ်၊ ကော်လာကတုံးအင်္ကျ ီပါတယ်၊ ယောပုဆိုးအနက်လည်းပါတယ်။
''ဒါ…ဘာယူနီဖောင်းကြီးတုန်း..သန်းမြိုင်ရယ်..ငါတော့ မင်းပြတဲ့ အရောင်မျိုး ဝန်ထမ်းထဲမှာ မတွေ့မိပါဘူး''
''ဟာ..ကိုကြီးဗြိ ကလည်း တုံးလိုက်တာ..ကျုပ်ဘာသာ ယူနီဖောင်းဝတ်ပြီး ဒီရပ်ကွက်ရဲ့ လဝကရာထူး ခန့်လိုက်တာ..လဝကဗျ..လဝက..လဝကတောင် ရိုးရိုးမဟုတ်ဘူး..အရေးပေါ်လဝက…ခဏနေတောင် ဧည့်စာရင်းသွားစစ်တော့မှာ''
''ဟိတ်ကောင်ရယ်…မရူးမကောင်းနဲ့ ကြည့်လည်းလုပ်ပါဦး''
''ဟာ..ကိုကြီးဗြိ..ကလည်း..ခင်ဗျား တယ်ညံ့သကိုးဗျ… ဖေ့ဘွတ်လေး ဘာလေးက သတင်းတွေ နားစွင့်လေဗျာ.. ဟိုနေ့ညက ရန်ကုန်မြို့ထဲက ရပ်ကွက်မှာ ညဘက်ကြီး ဧည့်စာရင်းဝင်စစ်တဲ့ လဝကတွေက ဒီလို တိုက်ပုံအမည်းတွေ၊ ကော်လာကတုံးတွေ၊ ယောပုဆိုးတွေနဲ့ဗျ….အဲ့ဒီလို ဝတ်ထားရင် ရပ်ကွက်တွေထဲ ဧည့်စာရင်းဝင်စစ်လို့ ရတယ်ဗျ...ဒါတောင်မသိဘူးလား"
''ဟာ..ဒီကောင်နဲ့တော့ ခက်နေပြီ..နို့...မင်းက ဒါတွေဝတ်ပြီးရင်ရော ဘယ်ကိုဧည့်စာရင်းသွားစစ်မှာတုန်း''
''ဟဲ..ဟဲ..ဟိုကောင်လေ..ဟိုကောင် ကုလားပိန် တို့ အိမ်မှာ ဧည့်စာရင်းမတိုင်ထားတဲ့ ဧည့်သည်တွေ ရောက်နေတယ်ဆိုလို့ သွားစစ်မလို့…..ဘာရမလဲ..သန်းမြိုင်ကွ.သန်းမြိုင်''
အလိုလေး.. ဆရာမင်းလူ ရဲ့ ကဗျာထဲကလို ဘာတွေဖြစ်ကုန်ပြီလဲ..ဘာတွေဖြစ်ကုန်ပြီလဲလို့ ထအော်ချင်စိတ်တောင် ပေါက်သွားမိတယ်။နေကလည်းပူ.. လူကလည်း ရောဂါအခံလေးရှိတော့ သန်းမြိုင် တစ်ယောက် လဝက ရောဂါထတဲ့ ကိစ္စက ပြောရအခက်သားလား။
အင်း…မရူးမကောင်းလေးဆိုတော့ ပြောရလည်း အခက်သားလား။
နေကလည်းပူ၊ ခွေးတွေကအူ၊ သူခိုးတွေက ပူရတဲ့ကြား ဒီကြပ်မပြည့်တပြည့်တွေနဲ့ ဒီရပ်ကွက်ကတော့... အင်း... ခက်တယ်... သိပ်ခက်တယ်။
ဗြိတိသျှကိုကိုမောင်
မတ် - ၁၉
( Zawgyi )
ပူခ်က္ဗ်ာ။
ရာသီဥတုတင္မကဘူး။ရပ္ကြက္ထဲမလည္း သူခိုးေတြကပူ။
ေခြးေတြက အူနဲ႔။ညည ေကာင္းေကာင္းအိပ္ရတယ္ျဖင့္ မရွိဘူး။
ညဘက္ အိပ္ေကာင္းျခင္း အိပ္မရလို႔ ေန႔လည္ေန႔ခင္း တေမွးေလာက္စက္မလား မွတ္တယ္။အေႏွာင့္အယွက္က ေပၚလာသကိုး။ဘယ္သူကမွာတုန္း။ရပ္ကြက္ထဲက သန္းၿမိဳင္ဆိုတဲ့ ခ်ာတိတ္ေလ။
သန္းၿမိဳင္လား။ဒီေကာင္က ၾကပ္မျပည့္တာလား၊ ၾကပ္အျပည့္လြန္တာလားဆိုတာ ေျပာရခက္တဲ့ေကာင္။တစ္ခါတစ္ခါ သူစိတ္ကူးေပၚရာေတြ အၿမီးအေမာက္မတည့္ ေလွ်ာက္ေလွ်ာက္ေျပာတဲ့ ငတိ။
ဟိုတစ္ေလာက လက္ဘက္ရည္ဆိုင္မွာ ေတြ႕ေတာ့ပဲ ၾကည့္ေလ။
ဂ်ာနယ္ထဲက ဝါးတားတက္ကစီေတြ ေျပးဆြဲေတာ့မယ့္အေၾကာင္းဖတ္ၿပီး ဘာေမးတယ္မွတ္တုန္း။
''ဝါးတားတက္ကစီေတြ ဆြဲလာၿပီဆိုရင္ ရန္ကုန္တိုင္း အစိုးရအေနနဲ႔ အဓိကလိုအပ္တာ ဘာလဲ သိၾကလားဗ်''
ဒီေကာင္က ခပ္တည္တည္နဲ႔ ေမးလိုက္ေတာ့ တဆိုင္လုံးၿငိမ္က်သြားတယ္။
အဲ့ဒီေတာ့မွ သူက ေျဖတာ။ဘာတဲ့။
''မွတ္ထားဗ်..ေရေၾကာင္းမွာ တက္ကစီဆြဲမယ္ဆိုရင္ ေရလမ္းကိုရွင္းဖို႔ ေရေတာ္ပီကယ္ေတြ လိုတယ္'' တဲ့။
ေတာ္ေသးတယ္။တကယ္လို႔ ရန္ကုန္တိုင္း ဝန္ႀကီးခ်ဳပ္သာ ေလေၾကာင္းတက္ကစီဆိုၿပီးဆြဲရင္ ဒီေကာင္ သန္းၿမိဳင္ ကလည္း ေလေတာ္ပီကယ္ေတြ ခန႔္ခ်င္ခန႔္ေနမွာ။
အခုလည္း ကိုယ္က ေန႔လည္ေန႔ခင္း ဇိမ္ယူမလို႔ပါဆို..အိမ္ေပၚတက္ၿပီး ေဘးနား ငုတ္တုတ္လာထိုင္တယ္။
''ကိုႀကီးၿဗိ..ကိုႀကီးၿဗိ..ဘာလုပ္ေနတာတုန္း''
''တေရးေလာက္..အိပ္မလို႔ဟ''
''မအိပ္ပါနဲ႔ဦးဗ်ာ…ကြၽန္ေတာ့္ကို တစ္ခုေလာက္ ကူညီပါဦး''
''ဘာတုန္း..ဟ..မင္းဟာက''
''ဒီလို.ကိုႀကီးၿဗိ ရ…အခု ကုလားပိန္ က စည္ပင္အမႈိက္သိမ္းကားမွာ အလုပ္ရသြားၿပီ..ဒီေကာင္ အစိုးရဝန္ထမ္း ျဖစ္သြားၿပီဗ်''
''ေအး..အဲ့ဒါ ဘာျဖစ္တုန္း''
''ဟိုတစ္ေနက လွလွေခ်ာ အေမ ဂ်ီးေဒၚပု က ေဈးထဲမွာ ေျပာေနတယ္.. အစိုးရဝန္ထမ္းဆိုတာ ပင္စင္ေတြ ဘာေတြ ရခ်င္ရမွာမို႔ ေနာင္ေရးစိတ္ေအးရတယ္တဲ့..သူ႔ၾကည့္ရတာ ကုလားပိန္ ဝန္ထမ္းျဖစ္သြားတာကို ေျပာတာထင္တယ္''
''ေအး..အဲ့ဒီေတာ့ ဘာျဖစ္တုန္း''
''ဟာ..ကိုႀကီးၿဗိ ကလည္း ကြၽန္ေတာ္နဲ႔ ကုလားပိန္ ဆိုတာ အစဥ္အလာႀကီးတဲ့ ရပ္ကြက္ခံ မဟာၿပိဳင္ဘက္ေတြဆိုတာ သိရဲ႕သားနဲ႔''
အလိုေလး..လာလာခ်ည္ေသး။
ဟုတ္ေတာ့လည္း ဟုတ္သဗ်။
သန္းၿမိဳင္ နဲ႔ ကုလားပိန္ ဆိုတာ ကိုယ္ေတြ ရပ္ကြက္ထဲမွာေတာ့ ငယ္ငယ္ကတည္းက မတည့္အတူေန ၿပိဳင္လာခဲ့တဲ့ အေကာင္ေတြ။
အခုလည္း ေဈးထိပ္မွာ ဗူးခြံေကာက္တဲ့ လွလွေခ်ာ ဆိုတဲ့ ေကာင္မေလးကို အၿပိဳင္ပိုးေနၾကတာ။ႏွစ္ေကာင္လုံး အလုပ္မရွိ ေဝေလေလကေန ကုလားပိန္က စည္ပင္အမႈိက္ကားမွာ အလုပ္ရသြားၿပီဆိုေတာ့ ဒီေကာင္ သန္းၿမိဳင္ ေနာက္ေကာင့္က်ၿပီေပါ့။
''ကိုႀကီးၿဗိ က ၿမိဳ႕ထဲေတြ ဘာေတြ ခဏခဏသြားတယ္မွတ္လား.. ဒီေတာ့ အသိေတြဘာေတြ ရွိမွာေပါ့..ကြၽန္ေတာ္ ဝန္ထမ္းလုပ္ခ်င္လို႔ စုံစမ္းေပးစမ္းပါ''
''ေဟ..မင္းက ဝန္ထမ္းလုပ္မယ္''
''ဟုတ္တယ္..လုပ္ပါဗ်ာ..ဘာျဖစ္ျဖစ္ အစိုးရဝန္ထမ္းျဖစ္ရင္ ၿပီးေရာ''
''မင္းက ပညာအရည္အခ်င္း ဘယ္ႏွစ္တန္းတုန္း''
''တစ္တန္းစာေမးပြဲကို ႏွစ္ရက္ဝင္ေျဖဖူးတယ္ေလဗ်ာ.. သခ်ၤာေန႔က်ေတာ့ ေက်ာင္းသြားမယ့္ ဘတ္စ္ကားခကို ေရခဲေခ်ာင္းဝယ္စားလိုက္တာနဲ႔.. မေျဖျဖစ္လိုက္လို႔..ေက်ာင္းခဏနားထားတာ''
လုပ္ၿပီ။သန္းၿမိဳင္ ဆိုတာ အဲ့ဒီလိုေကာင္။သူ႔အသက္ကျဖင့္ ဆယ့္ကိုး၊ ႏွစ္ဆယ္ထဲ ေရာက္ၿပီ။တစ္တန္းစာေမးပြဲကို မေျဖပဲ ေက်ာင္းခဏနားတာတဲ့။သူ႔ခဏက ဘယ္ေလာက္မွန္းမသိ။
''ေဟ့ေကာင္ရာ..မင္းပညာအရည္အခ်င္းနဲ႔ ဘယ္လိုလုပ္ ဝန္ထမ္းလုပ္လို႔ ရမွာလဲ''
''ဒါဆို..ကုလားပိန္က် စည္ပင္အမႈိက္ကားမွာ ဘာလို႔ရလဲဗ်ာ''
''ဟ..သူတို႔က အလုပ္ၾကမ္းလုပ္တာကြ..အမႈိက္သိမ္းကားမွာ အမႈိက္သယ္တာ..ပညာအရည္အခ်င္းမလိုဘူး..မင္းလည္း အမႈိက္ကားမွာ လုပ္ခ်င္ရတာပဲ''
''ဟာ..အမႈိက္ကားမွာေတာ့ မလုပ္ခ်င္ဘူးဗ်ာ.. ဒီေကာင့္ထက္သာမွျဖစ္မယ္..ဒီေကာင့္ထက္သာတဲ့ ဝန္ထမ္းပဲ လုပ္ခ်င္တာ..လုပ္ပါ..ကိုႀကီးၿဗိ..ကူညီဗ်ာ''
ဒီအတိုင္းဆို ဒီအေကာင္ဟာ အိမ္ေပၚကေန ဆင္းေတာ့မွာမဟုတ္။
''ေအးပါကြာ..ငါၿမိဳ႕ထဲက ႐ုံးေတြမွာ စုံစမ္းေပးပါမယ္.. ၿပီးရင္ေျပာမယ္ကြာေနာ္''
ဒီေတာ့မွပဲ သန္းၿမိဳင္ တစ္ေယာက္ အိမ္ေပၚက ဆင္းသြားေတာ့တာ။
အဲ့ဒီလိုနဲ႔ ကြၽန္ေတာ္လည္း ဒီေကာင့္ကို ေမ့ေမ့ေပ်ာက္ေပ်ာက္ပါပဲ။
ကိုယ္ကလည္း ညညဆို သူခိုးပူလို႔ အိမ္ပတ္လည္ ထၾကည့္ရေသးဆိုေတာ့ အိပ္ေရးကပ်က္။ေန႔ဘက္ဆို ထိုးအိပ္ဆိုေတာ့ ဒီေကာင္နဲ႔ အဆက္အသြယ္ျပတ္သြားတယ္။
သူခိုးကလည္း သတိမထားလို႔ မရဘူးဗ်ိဳး။အခုေခတ္ သူခိုးေတြက မလြယ္ဘူး။ခိုးၿပီးလို႔ ခိုးထုတ္ခိုးထည္နဲ႔ မိတာေတာင္မွ အရစ္က်စနစ္နဲ႔ ျပန္ေပးတတ္ၾကတာမ်ိဳးေလ။ဟိုတစ္ရက္ကေတာ့ ေဘာလုံးပြဲရွိလို႔ ညေနဘက္ လက္ဘက္ရည္ဆိုင္ ထြက္ထိုင္မိပါတယ္။ကိုယ့္ဆရာ သန္းၿမိဳင္ နဲ႔ တန္းတိုးတာပဲဗ်ိဴး။
''ကိုႀကီးၿဗိ..မကူညီလည္း ရပါတယ္..ကြၽန္ေတာ္ အခု ဝန္ထမ္းအလုပ္ရသြားၿပီ''
''ေဟ..မင္းက…''
''မယုံလို႔လား..ဒီမွာ..ယူနီေဖာင္းေတာင္ ရလာၿပီ''
သန္းၿမိဳင္ ထုတ္ျပတဲ့ ယူနီေဖာင္းကို ၾကည့္ဦး။
တိုက္ပုံအနက္ပါတယ္၊ ေကာ္လာကတုံးအက်ၤ ီပါတယ္၊ ေယာပုဆိုးအနက္လည္းပါတယ္။
''ဒါ…ဘာယူနီေဖာင္းႀကီးတုန္း..သန္းၿမိဳင္ရယ္..ငါေတာ့ မင္းျပတဲ့ အေရာင္မ်ိဳး ဝန္ထမ္းထဲမွာ မေတြ႕မိပါဘူး''
''ဟာ..ကိုႀကီးၿဗိ ကလည္း တုံးလိုက္တာ..က်ဳပ္ဘာသာ ယူနီေဖာင္းဝတ္ၿပီး ဒီရပ္ကြက္ရဲ႕ လဝကရာထူး ခန႔္လိုက္တာ..လဝကဗ်..လဝက..လဝကေတာင္ ႐ိုး႐ိုးမဟုတ္ဘူး..အေရးေပၚလဝက…ခဏေနေတာင္ ဧည့္စာရင္းသြားစစ္ေတာ့မွာ''
''ဟိတ္ေကာင္ရယ္…မ႐ူးမေကာင္းနဲ႔ ၾကည့္လည္းလုပ္ပါဦး''
''ဟာ..ကိုႀကီးၿဗိ..ကလည္း..ခင္ဗ်ား တယ္ညံ့သကိုးဗ်… ေဖ့ဘြတ္ေလး ဘာေလးက သတင္းေတြ နားစြင့္ေလဗ်ာ.. ဟိုေန႔ညက ရန္ကုန္ၿမိဳ႕ထဲက ရပ္ကြက္မွာ ညဘက္ႀကီး ဧည့္စာရင္းဝင္စစ္တဲ့ လဝကေတြက ဒီလို တိုက္ပုံအမည္းေတြ၊ ေကာ္လာကတုံးေတြ၊ ေယာပုဆိုးေတြနဲ႔ဗ်….အဲ့ဒီလို ဝတ္ထားရင္ ရပ္ကြက္ေတြထဲ ဧည့္စာရင္းဝင္စစ္လို႔ ရတယ္ဗ်...ဒါေတာင္မသိဘူးလား"
''ဟာ..ဒီေကာင္နဲ႔ေတာ့ ခက္ေနၿပီ..ႏို႔...မင္းက ဒါေတြဝတ္ၿပီးရင္ေရာ ဘယ္ကိုဧည့္စာရင္းသြားစစ္မွာတုန္း''
''ဟဲ..ဟဲ..ဟိုေကာင္ေလ..ဟိုေကာင္ ကုလားပိန္ တို႔ အိမ္မွာ ဧည့္စာရင္းမတိုင္ထားတဲ့ ဧည့္သည္ေတြ ေရာက္ေနတယ္ဆိုလို႔ သြားစစ္မလို႔…..ဘာရမလဲ..သန္းၿမိဳင္ကြ.သန္းၿမိဳင္''
အလိုေလး.. ဆရာမင္းလူ ရဲ႕ ကဗ်ာထဲကလို ဘာေတြျဖစ္ကုန္ၿပီလဲ..ဘာေတြျဖစ္ကုန္ၿပီလဲလို႔ ထေအာ္ခ်င္စိတ္ေတာင္ ေပါက္သြားမိတယ္။ေနကလည္းပူ.. လူကလည္း ေရာဂါအခံေလးရွိေတာ့ သန္းၿမိဳင္ တစ္ေယာက္ လဝက ေရာဂါထတဲ့ ကိစၥက ေျပာရအခက္သားလား။
အင္း…မ႐ူးမေကာင္းေလးဆိုေတာ့ ေျပာရလည္း အခက္သားလား။
ေနကလည္းပူ၊ ေခြးေတြကအူ၊ သူခိုးေတြက ပူရတဲ့ၾကား ဒီၾကပ္မျပည့္တျပည့္ေတြနဲ႔ ဒီရပ္ကြက္ကေတာ့... အင္း... ခက္တယ္... သိပ္ခက္တယ္။
ၿဗိတိသွ်ကိုကိုေမာင္
မတ္ - ၁၉