【 သရော်စာ 】 “သေနတ်ဖက်ရှင်”

【 သရော်စာ 】 “သေနတ်ဖက်ရှင်”

မဟာချာရာဏသီ နိုင်ငံတော်ကြီးတွင် ဖက်ရှင်စတိုင်လ်တွေ ဘယ်လောက်ပြောင်းပြောင်း မပြောင်းလဲသည့် ဖက်ရှင်တစ်ခုရှိပါ၏။ခေတ်အဆက်ဆက်...သူ့ဖက်ရှင်ကို ဆင်မြန်းထားလျှင် သောက်ရမ်းဂေါ်ပြီးသား။သူ့ဖက်ရှင် ဆင်မြန်းထားလျှင်လား။တိုင်းပြည်ကို ကိုယ့်ဘာသာ ချောက်ထဲတွန်းချပြီး ကိုယ့်ဘာသာ ပြန်ကယ်တင်သည့် နှစ်နှစ်ဆယ်ကျော် ကယ်တင်ရှင်ကြီး လုပ်နိုင်သည်။သူ့ဖက်ရှင် ဆင်မြန်းထားလျှင်လား။ကိုယ့်လူမျိုး ဘယ်သူက မတင်မြှောက်လဲနေပါစေ။ကိုယ့်ဘာသာ လူမျိုးကို ကာကွယ်မည့် သူရဲကောင်းကြီးတွေ လုပ်နိုင်သည်။လူမျိုးကြီးသေနတ်ကိုင်တွေက လူမျိုးလေးသေနတ်ကိုင်တွေရဲ့ ရန်ပြုမှုမှကာကွယ်ရန် သေနတ်ကိုင်ကြသည်။လူမျိုးလေးသေနတ်ကိုင်တွေက လူမျိုးကြီးသေနတ်ကိုင်တွေရဲ့ ရန်မှခုခံရန် သေနတ်ကိုင်ကြသည်။ဘယ်သူကမှ ကိုယ်စား ပြုပြု၊ မပြုပြု သေနတ်လက်ထဲ ရထားသည့်သူသည် တိုင်းပြည်နှင့် လူမျိုး၏ ကယ်တင်စောင့်ရှောက်သူကြီးများအဖြစ် အော်တိုမစ်တစ် ရာထူးရကြ၏။

အနှီသေနတ်ကိုင် အရှင်သခင်ကြီးတို့သည် သေနတ်ရလျှင် ဘေးကလူမျိုးတွေနှင့်လည်း ချသည်။ကိုယ့်လူမျိုးအချင်းချင်းလည်း ချသည်။သေနတ်မကိုင်နိုင်သူ ကိုယ့်လူမျိုး ကိုယ့်နိုင်ငံသားကိုလည်း ချသည်။ခေါင်းဆောင်ကြီးတို့ဟု အမည်ခံကာ အားရပါးရ ကိုယ့်လူကိုယ် ချသည်။ကိုယ့်လူကိုယ် မချရလျင် သူများလူ သွားချသည်။သူများကလည်း ကိုယ့်လူ လာချသည်။
နောက်ဆုံးတော့ သေနတ်မရှိသည့် မြေသလင်းသား ငနင်းပြား ချာရာဏသီပြည်သူတို့သာ သေနတ်ကိုင်မင်းတို့ကြားမှာ မြေဇာပင်အဖြစ် အီစတွန့်ဘွမ်ကြရ၏။သေနတ်ကိုင် ဘိုးတော်မင်းအပေါင်းကတော့ ကိုယ်စီ ကယ်တင်ရှင်ကြီးများ ဖြစ်လာကြသည်။

သေနတ်ဖက်ရှင် ဆင်ယင်အပ်သော ဆရာတို့သည် စီးပွားရေးမှန်သမျှ မောင်ပိုင်စီးသည်။တိုင်းရင်းသားတပ် အမည်ခံ သေနတ်ဖက်ရှင်သမားများကလည်း ကယ်တင်ရှင်ဟုဆိုကာ ရှိသမျှ တိုရေရှားရေ သယံဇာတလေးကို ခိုးထုတ်သည်။အာဏာရလျှင် အခွန်ကောက်မည်။လာဘ်စားမည်။တော်လှန်ရေးသမားဖြစ်လျှင် ဆက်ကြေးကောက်မည်။
ရသမျှခိုးထုတ်မည်။ကယ်တင်ရှင်တွေ များလွန်းတော့လည်း ပြည်သူခမျာ ကယ်တင်ရှင်ကြီးများ၏ ဝန်ကိုထမ်းရရှာသည်။သူတို့အချင်းချင်း အဝေမတည့်သဖြင့် ပြန်ချလျှင် ပြည်သူများမှာ ဝီခေါ်အောင်ပြေးရသည်။ပြီးတော့ သူတို့က ဗမာမကောင်းလို့၊ ကရင်မကောင်းလို့၊ ရှမ်းမကောင်းလို့ဟု ဆိုကာ ခေါင်းစဉ်တပ်ကြ၏။

တကယ်တော့ သေနတ်ကိုင်ထားသည့်သူတို့ အားလုံးက မျိုးချစ်စိတ် စေတနာများ ကောင်းလွန်းသဖြင့် ပြည်သူတွေ ပြေးနေရခြင်းပင်။ပြေးရသူများခမျာ နယ်စပ်က ဒုက္ခသည်စခန်းတွေ ဝင်ရှောင်ရသလို နိုင်ငံခြားအထိ လစ်ကြရသည်။ကယ်တင်ရှင်ကြီးများကတော့ သူတို့သားသမီးတွေကို နိုင်ငံခြားတွင် ကျောင်းထားကြ၏။ဒါမှ မျိုးဆက်သစ် ခေါင်းဆောင်များ မွေးထုတ်နိုင်မည် မဟုတ်လား။ပြီးလျှင် အချင်းချင်း စကားကြီးစကားကျယ်တွေပြောပြီး မီဒီယာတွင် အရင်ချကြ၏။ထိုမှအားမရလျင် မြေပြင်တွင် တိုက်ပွဲတွေဆင်ကာ တကယ်ချကြသည်။တောထဲချလို့ အားမရလျင် လူတွေနေသည့် ရွာတွေ၊ မြို့တွေထဲအထိ ဝင်တိုက်ကြသည်။သူတို့ ဖင်ယားသမျှ လူတွေလည်း သေပေါင်းများခဲ့ပြီ။ငတုံးပြည်သူတွေမှာ သူတို့အချင်းချင်း သေနတ်ပစ်တမ်းတွင် ကျည်ဆံဖက်ဒရယ်ကြီးကို ခံယူကာ ပျော်ပျော်ကြီး သေပွဲဝင်ကြ၏။ထိုအခါကျ ကွယ်လွန်သူ ငတုံးပြည်သူ မသာလေးများကို လက်ညှိုးထိုးကာ သူတို့သည် အမျိုးသားရေးတရား၊ လူမျိုးရေးတရား၊ တိုင်းပြည်ကာကွယ်ရေးတရားများ ဟောကြပြန်သည်။အာဏာရှင်တပ်၊ သူပုန်တပ်ဟု အပြန်အလှန်စွပ်စွဲပြီး စစ်ထပ်တိုက်ဖို့ ပြင်ကြ၏။တစ်ခါတစ်ခါ ပျင်းလာလျင် ငြိမ်းချမ်းရေးဆိုပြီး တစ်ယောက်နှင့် တစ်ယောက် ဟိုတယ်ကြီးတွေမှာတွေ့ကာ ဝိုင်တွေသောက်ကြသည်။အဆင်မပြေလျှင် ပြန်ချကြသည်။တစ်ခါပြန် ဆွေးနွေးကြပြန်သည်။

ကိုလိုနီခေတ် ပင်လုံညီလာခံတုန်းက ကရင်တစ်ကျပ် မြန်မာတစ်ကျပ်ဟု ဆိုပြီး သာတူညီမျှဝါဒကို ပြောသည်။ညီလာခံပြီးတော့ ကရင်တစ်လက် မြန်မာတစ်လက် ရှမ်းတစ်လက် တအာင်းတစ်လက် ရခိုင်တစ်လက် သေနတ်တွေကိုင်ပြီး ချကုန်၏။ချလို့ဝလျှင် ငြိမ်းချမ်းရေးဆွေးနွေးသည်။တိုင်းပြည်ကို ငါးသလောက် အမှတ်ထားပြီး ငြိမ်းချမ်းရေးအမည်ရှိ ပေါင်းအိုးကြီးထဲထည့်ကာ နှစ်ဘက်ပေါင်းစားကြသဖြင့် ရှိသမျှ သယံဇာတများမှာ အရိုးပါနူးပြီး ငြိမ်ဝပ်ပိပြားသွားခဲ့ရခြင်းပင်။အခုတော့ ငါးသလောက်ပေါင်း တိုင်းပြည်လဲ အရိုးပင်မကျန် ဝါးစားခံရပြီ။သယံဇာတလည်း သူတို့ဗိုက်ထဲမှထွက်ကာ အီအီးပင်ဖြစ်လောက်ပြီ။ပြည်သူလည်း စုတ်တိစုတ်ဖတ်နှင့် ခပ်ယဲ့ယဲ့ကျန်သည်။သေနတ်ကိုင်မင်းအပေါင်းက ရန်စောင်နေကြဆဲ။
မနေ့တစ်နေ့ကမှ မိုးဦးကျဖားတွေလို ပေါ်လာသည့် သေနတ်ကိုင်မင်းလေးတွေကလည်း အလျှိုလျှို။သေနတ်အစွမ်း အံ့မခန်း ချာရာဏသီတွင် သေနတ်ဖက်ရှင် အသစ်ကလေးတွေကလည်း မြို့ပေါ်အထိ တက်ဆော်ပြီး အစွမ်းပြသည်။နောင်တွင်လည်း တစ်ရွာလျှင် တစ်ဖက်ဒရယ်ဟုဆိုကာ သေနတ်ကိုင်ကောင်းဘွိုင်တွေ ပေါ်လာဦးမည်လားမသိ။

တကယ်တမ်း ဘာမှမရှိသည့် ပြည်သူတွေကား ကိုယ့်ထမင်းအိုးလေးကိုယ် တည်နေရတာဖြင့်ပင် တစ်ယောက်နှင့် တစ်ယောက် တောင်ပေါ်မြေပြန့်ခွဲပြီး မမုန်းအား။သူတို့သေနတ်သမား ကယ်တင်ရှင်မင်းကြီးများကြောင့်သာ တစ်ဖက်နှင့် တစ်ဖက် ရွံကြောက်ဖြစ်ကြရသည်။တကယ်တော့ စစ်ပွဲသည် ပြည်သူတွေလက်ထဲတွင် မရှိသလို ငြိမ်းချမ်းရေးသည်လည်း ပြည်သူတွေလက်ထဲတွင် မရှိ။သေနတ်ကိုင် ငတိကြီးတို့၏ ဘယ်တော့မှမပြည့်နိုင်သည့် ဝမ်းဗိုက်စူစူကြီးများထဲတွင်သာ ရှိသည်။ဒီတော့ သူတို့များ ဝိုင်သောက်လျှင်လည်း ပြည်သူမှာ မယုံရဲ။တကယ်ပြန်ချစ်တာမှ ဟုတ်ရဲ့လားဟု တွေးသည်။သူတို့များ သေနတ်နှင့်ချိန်ကြလျင်လည်း ပြည်သူမှာ မယုံရဲ။သူတို့အချင်းချင်းချိန်လည်း ငါတို့ပဲနာမှာပါဟု ဆွေးသည်။
ခံရသည်က ကိုယ်တွေပဲဆိုသည်ကို နှစ်ပေါင်းလေးဆယ်ကျော်ကြာ နောကြေနေခဲ့ပြီ။

ငါးဆယ့်တစ်သန်းသော ပြည်သူတွေအကုန် သေနတ် တစ်ယောက်တစ်လက် ကိုင်လိုက်လျှင် ပွဲပြတ်ပြီ။တိုက်ပွဲကြီးတွေမရှိတော့။တွေ့သမျှ အကုန်လိုက်ပစ်တော့ ကောင်းဘွိုင်ကားထဲကလို သေနတ်ပစ်ပွဲလေးတွေသာ ရှိတော့မည်။ဒီဂလောက် သေနတ်ဖက်ရှင်ကြိုက်သည့် ချာရာဏသီတွင် အကုန်မာလကီးယားကုန်ခြင်းသည်သာ ငြိမ်းချမ်းရေးဖြစ်ပေရော့မည်။

သေနတ်ဖက်ရှင် တိုက်ပွဲကား မြို့ပေါ်သို့တိုင် ရောက်လာခဲ့ပြီ။ပြည်သူအများကတော့ သေနတ်ဖက်ရှင်အစား..ပေါက်တူးဖက်ရှင်ကို ဆင်မြန်းကြရန်ပဲ ရှိတော့၏။ပေါက်တူးကိုယ်စီဖြင့် ကိုယ့်အိမ်ရှေ့ကိုယ် ကတုတ်ကျင်းများ တူးကြပေတော့။

ဗြိတိသျှကိုကိုမောင်
သြဂုတ် - ၂၅

( Zawgyi )

မဟာခ်ာရာဏသီ ႏိုင္ငံေတာ္ႀကီးတြင္ ဖက္ရွင္စတိုင္လ္ေတြ ဘယ္ေလာက္ေျပာင္းေျပာင္း မေျပာင္းလဲသည့္ ဖက္ရွင္တစ္ခုရွိပါ၏။ေခတ္အဆက္ဆက္...သူ႔ဖက္ရွင္ကို ဆင္ျမန္းထားလွ်င္ ေသာက္ရမ္းေဂၚၿပီးသား။သူ႔ဖက္ရွင္ ဆင္ျမန္းထားလွ်င္လား။တိုင္းျပည္ကို ကိုယ့္ဘာသာ ေခ်ာက္ထဲတြန္းခ်ၿပီး ကိုယ့္ဘာသာ ျပန္ကယ္တင္သည့္ ႏွစ္ႏွစ္ဆယ္ေက်ာ္ ကယ္တင္ရွင္ႀကီး လုပ္ႏိုင္သည္။သူ႔ဖက္ရွင္ ဆင္ျမန္းထားလွ်င္လား။ကိုယ့္လူမ်ိဳး ဘယ္သူက မတင္ေျမႇာက္လဲေနပါေစ။ကိုယ့္ဘာသာ လူမ်ိဳးကို ကာကြယ္မည့္ သူရဲေကာင္းႀကီးေတြ လုပ္ႏိုင္သည္။လူမ်ိဳးႀကီးေသနတ္ကိုင္ေတြက လူမ်ိဳးေလးေသနတ္ကိုင္ေတြရဲ႕ ရန္ျပဳမႈမွကာကြယ္ရန္ ေသနတ္ကိုင္ၾကသည္။လူမ်ိဳးေလးေသနတ္ကိုင္ေတြက လူမ်ိဳးႀကီးေသနတ္ကိုင္ေတြရဲ႕ ရန္မွခုခံရန္ ေသနတ္ကိုင္ၾကသည္။ဘယ္သူကမွ ကိုယ္စား ျပဳျပဳ၊ မျပဳျပဳ ေသနတ္လက္ထဲ ရထားသည့္သူသည္ တိုင္းျပည္ႏွင့္ လူမ်ိဳး၏ ကယ္တင္ေစာင့္ေရွာက္သူႀကီးမ်ားအျဖစ္ ေအာ္တိုမစ္တစ္ ရာထူးရၾက၏။

အႏွီေသနတ္ကိုင္ အရွင္သခင္ႀကီးတို႔သည္ ေသနတ္ရလွ်င္ ေဘးကလူမ်ိဳးေတြႏွင့္လည္း ခ်သည္။ကိုယ့္လူမ်ိဳးအခ်င္းခ်င္းလည္း ခ်သည္။ေသနတ္မကိုင္ႏိုင္သူ ကိုယ့္လူမ်ိဳး ကိုယ့္ႏိုင္ငံသားကိုလည္း ခ်သည္။ေခါင္းေဆာင္ႀကီးတို႔ဟု အမည္ခံကာ အားရပါးရ ကိုယ့္လူကိုယ္ ခ်သည္။ကိုယ့္လူကိုယ္ မခ်ရလ်င္ သူမ်ားလူ သြားခ်သည္။သူမ်ားကလည္း ကိုယ့္လူ လာခ်သည္။
ေနာက္ဆုံးေတာ့ ေသနတ္မရွိသည့္ ေျမသလင္းသား ငနင္းျပား ခ်ာရာဏသီျပည္သူတို႔သာ ေသနတ္ကိုင္မင္းတို႔ၾကားမွာ ေျမဇာပင္အျဖစ္ အီစတြန႔္ဘြမ္ၾကရ၏။ေသနတ္ကိုင္ ဘိုးေတာ္မင္းအေပါင္းကေတာ့ ကိုယ္စီ ကယ္တင္ရွင္ႀကီးမ်ား ျဖစ္လာၾကသည္။

ေသနတ္ဖက္ရွင္ ဆင္ယင္အပ္ေသာ ဆရာတို႔သည္ စီးပြားေရးမွန္သမွ် ေမာင္ပိုင္စီးသည္။တိုင္းရင္းသားတပ္ အမည္ခံ ေသနတ္ဖက္ရွင္သမားမ်ားကလည္း ကယ္တင္ရွင္ဟုဆိုကာ ရွိသမွ် တိုေရရွားေရ သယံဇာတေလးကို ခိုးထုတ္သည္။အာဏာရလွ်င္ အခြန္ေကာက္မည္။လာဘ္စားမည္။ေတာ္လွန္ေရးသမားျဖစ္လွ်င္ ဆက္ေၾကးေကာက္မည္။
ရသမွ်ခိုးထုတ္မည္။ကယ္တင္ရွင္ေတြ မ်ားလြန္းေတာ့လည္း ျပည္သူခမ်ာ ကယ္တင္ရွင္ႀကီးမ်ား၏ ဝန္ကိုထမ္းရရွာသည္။သူတို႔အခ်င္းခ်င္း အေဝမတည့္သျဖင့္ ျပန္ခ်လွ်င္ ျပည္သူမ်ားမွာ ဝီေခၚေအာင္ေျပးရသည္။ၿပီးေတာ့ သူတို႔က ဗမာမေကာင္းလို႔၊ ကရင္မေကာင္းလို႔၊ ရွမ္းမေကာင္းလို႔ဟု ဆိုကာ ေခါင္းစဥ္တပ္ၾက၏။

တကယ္ေတာ့ ေသနတ္ကိုင္ထားသည့္သူတို႔ အားလုံးက မ်ိဳးခ်စ္စိတ္ ေစတနာမ်ား ေကာင္းလြန္းသျဖင့္ ျပည္သူေတြ ေျပးေနရျခင္းပင္။ေျပးရသူမ်ားခမ်ာ နယ္စပ္က ဒုကၡသည္စခန္းေတြ ဝင္ေရွာင္ရသလို ႏိုင္ငံျခားအထိ လစ္ၾကရသည္။ကယ္တင္ရွင္ႀကီးမ်ားကေတာ့ သူတို႔သားသမီးေတြကို ႏိုင္ငံျခားတြင္ ေက်ာင္းထားၾက၏။ဒါမွ မ်ိဳးဆက္သစ္ ေခါင္းေဆာင္မ်ား ေမြးထုတ္ႏိုင္မည္ မဟုတ္လား။ၿပီးလွ်င္ အခ်င္းခ်င္း စကားႀကီးစကားက်ယ္ေတြေျပာၿပီး မီဒီယာတြင္ အရင္ခ်ၾက၏။ထိုမွအားမရလ်င္ ေျမျပင္တြင္ တိုက္ပြဲေတြဆင္ကာ တကယ္ခ်ၾကသည္။ေတာထဲခ်လို႔ အားမရလ်င္ လူေတြေနသည့္ ႐ြာေတြ၊ ၿမိဳ႕ေတြထဲအထိ ဝင္တိုက္ၾကသည္။သူတို႔ ဖင္ယားသမွ် လူေတြလည္း ေသေပါင္းမ်ားခဲ့ၿပီ။ငတုံးျပည္သူေတြမွာ သူတို႔အခ်င္းခ်င္း ေသနတ္ပစ္တမ္းတြင္ က်ည္ဆံဖက္ဒရယ္ႀကီးကို ခံယူကာ ေပ်ာ္ေပ်ာ္ႀကီး ေသပြဲဝင္ၾက၏။ထိုအခါက် ကြယ္လြန္သူ ငတုံးျပည္သူ မသာေလးမ်ားကို လက္ညႇိဳးထိုးကာ သူတို႔သည္ အမ်ိဳးသားေရးတရား၊ လူမ်ိဳးေရးတရား၊ တိုင္းျပည္ကာကြယ္ေရးတရားမ်ား ေဟာၾကျပန္သည္။အာဏာရွင္တပ္၊ သူပုန္တပ္ဟု အျပန္အလွန္စြပ္စြဲၿပီး စစ္ထပ္တိုက္ဖို႔ ျပင္ၾက၏။တစ္ခါတစ္ခါ ပ်င္းလာလ်င္ ၿငိမ္းခ်မ္းေရးဆိုၿပီး တစ္ေယာက္ႏွင့္ တစ္ေယာက္ ဟိုတယ္ႀကီးေတြမွာေတြ႕ကာ ဝိုင္ေတြေသာက္ၾကသည္။အဆင္မေျပလွ်င္ ျပန္ခ်ၾကသည္။တစ္ခါျပန္ ေဆြးေႏြးၾကျပန္သည္။

ကိုလိုနီေခတ္ ပင္လုံညီလာခံတုန္းက ကရင္တစ္က်ပ္ ျမန္မာတစ္က်ပ္ဟု ဆိုၿပီး သာတူညီမွ်ဝါဒကို ေျပာသည္။ညီလာခံၿပီးေတာ့ ကရင္တစ္လက္ ျမန္မာတစ္လက္ ရွမ္းတစ္လက္ တအာင္းတစ္လက္ ရခိုင္တစ္လက္ ေသနတ္ေတြကိုင္ၿပီး ခ်ကုန္၏။ခ်လို႔ဝလွ်င္ ၿငိမ္းခ်မ္းေရးေဆြးေႏြးသည္။တိုင္းျပည္ကို ငါးသေလာက္ အမွတ္ထားၿပီး ၿငိမ္းခ်မ္းေရးအမည္ရွိ ေပါင္းအိုးႀကီးထဲထည့္ကာ ႏွစ္ဘက္ေပါင္းစားၾကသျဖင့္ ရွိသမွ် သယံဇာတမ်ားမွာ အ႐ိုးပါႏူးၿပီး ၿငိမ္ဝပ္ပိျပားသြားခဲ့ရျခင္းပင္။အခုေတာ့ ငါးသေလာက္ေပါင္း တိုင္းျပည္လဲ အ႐ိုးပင္မက်န္ ဝါးစားခံရၿပီ။သယံဇာတလည္း သူတို႔ဗိုက္ထဲမွထြက္ကာ အီအီးပင္ျဖစ္ေလာက္ၿပီ။ျပည္သူလည္း စုတ္တိစုတ္ဖတ္ႏွင့္ ခပ္ယဲ့ယဲ့က်န္သည္။ေသနတ္ကိုင္မင္းအေပါင္းက ရန္ေစာင္ေနၾကဆဲ။
မေန႔တစ္ေန႔ကမွ မိုးဦးက်ဖားေတြလို ေပၚလာသည့္ ေသနတ္ကိုင္မင္းေလးေတြကလည္း အလွ်ိဳလွ်ိဳ။ေသနတ္အစြမ္း အံ့မခန္း ခ်ာရာဏသီတြင္ ေသနတ္ဖက္ရွင္ အသစ္ကေလးေတြကလည္း ၿမိဳ႕ေပၚအထိ တက္ေဆာ္ၿပီး အစြမ္းျပသည္။ေနာင္တြင္လည္း တစ္႐ြာလွ်င္ တစ္ဖက္ဒရယ္ဟုဆိုကာ ေသနတ္ကိုင္ေကာင္းဘြိဳင္ေတြ ေပၚလာဦးမည္လားမသိ။

တကယ္တမ္း ဘာမွမရွိသည့္ ျပည္သူေတြကား ကိုယ့္ထမင္းအိုးေလးကိုယ္ တည္ေနရတာျဖင့္ပင္ တစ္ေယာက္ႏွင့္ တစ္ေယာက္ ေတာင္ေပၚေျမျပန႔္ခြဲၿပီး မမုန္းအား။သူတို႔ေသနတ္သမား ကယ္တင္ရွင္မင္းႀကီးမ်ားေၾကာင့္သာ တစ္ဖက္ႏွင့္ တစ္ဖက္ ႐ြံေၾကာက္ျဖစ္ၾကရသည္။တကယ္ေတာ့ စစ္ပြဲသည္ ျပည္သူေတြလက္ထဲတြင္ မရွိသလို ၿငိမ္းခ်မ္းေရးသည္လည္း ျပည္သူေတြလက္ထဲတြင္ မရွိ။ေသနတ္ကိုင္ ငတိႀကီးတို႔၏ ဘယ္ေတာ့မွမျပည့္ႏိုင္သည့္ ဝမ္းဗိုက္စူစူႀကီးမ်ားထဲတြင္သာ ရွိသည္။ဒီေတာ့ သူတို႔မ်ား ဝိုင္ေသာက္လွ်င္လည္း ျပည္သူမွာ မယုံရဲ။တကယ္ျပန္ခ်စ္တာမွ ဟုတ္ရဲ႕လားဟု ေတြးသည္။သူတို႔မ်ား ေသနတ္ႏွင့္ခ်ိန္ၾကလ်င္လည္း ျပည္သူမွာ မယုံရဲ။သူတို႔အခ်င္းခ်င္းခ်ိန္လည္း ငါတို႔ပဲနာမွာပါဟု ေဆြးသည္။
ခံရသည္က ကိုယ္ေတြပဲဆိုသည္ကို ႏွစ္ေပါင္းေလးဆယ္ေက်ာ္ၾကာ ေနာေၾကေနခဲ့ၿပီ။

ငါးဆယ့္တစ္သန္းေသာ ျပည္သူေတြအကုန္ ေသနတ္ တစ္ေယာက္တစ္လက္ ကိုင္လိုက္လွ်င္ ပြဲျပတ္ၿပီ။တိုက္ပြဲႀကီးေတြမရွိေတာ့။ေတြ႕သမွ် အကုန္လိုက္ပစ္ေတာ့ ေကာင္းဘြိဳင္ကားထဲကလို ေသနတ္ပစ္ပြဲေလးေတြသာ ရွိေတာ့မည္။ဒီဂေလာက္ ေသနတ္ဖက္ရွင္ႀကိဳက္သည့္ ခ်ာရာဏသီတြင္ အကုန္မာလကီးယားကုန္ျခင္းသည္သာ ၿငိမ္းခ်မ္းေရးျဖစ္ေပေရာ့မည္။

ေသနတ္ဖက္ရွင္ တိုက္ပြဲကား ၿမိဳ႕ေပၚသို႔တိုင္ ေရာက္လာခဲ့ၿပီ။ျပည္သူအမ်ားကေတာ့ ေသနတ္ဖက္ရွင္အစား..ေပါက္တူးဖက္ရွင္ကို ဆင္ျမန္းၾကရန္ပဲ ရွိေတာ့၏။ေပါက္တူးကိုယ္စီျဖင့္ ကိုယ့္အိမ္ေရွ႕ကိုယ္ ကတုတ္က်င္းမ်ား တူးၾကေပေတာ့။

ၿဗိတိသွ်ကိုကိုေမာင္
ၾသဂုတ္ - ၂၅