【 သရော်စာ 】 “သူခိုးဖမ်းမည်”

【 သရော်စာ 】 “သူခိုးဖမ်းမည်”

တနေ့က စက်ဘီးပျောက်သည်။အရမ်းကြိုက်လွန်းသည့် ဘီးလေး။နာမည်က လန်ဒန်တက္ကစီတဲ့။အိမ်အောက်မှာ ညဘက်ရပ်ထားတုန်း ပျောက်သွားခြင်းဖြစ်သည်။ဘယ်သူတွေ ခိုးသွားမှန်းတော့မသိ။မနက်လင်းတော့ သော့အပျက်လေးပဲ တွေ့ရတော့သည်။

တကယ်တော့ ဒီစက်ဘီးသည် ရာဇဝင်ရှိ၏။လွန်ခဲ့သော ခြောက်လကလည်း တစ်ခါပျောက်သေးသည်။အဲ့တုန်းကတော့ တစ်ပတ်အကြာတွင် သာကေတ၌ ပြန်တွေ့၏။သူခိုးက အရက်ဆိုင်တွင် ရောင်းထားခြင်းဖြစ်သည်။သူခိုးကိုလည်း သနားတာရော၊ အရက်ဆိုင်ကို အမှုပတ်မှာ စိုးတာရောကြောင့် ရဲစခန်းကို မခေါ်သွားဖြစ်။ရဲစခန်းကတော့ ခေါ်လာခဲ့ဖို့ ပြောသေးသည်။
ဒီလိုနဲ့ ပြန်ရလာခဲ့သည့် ဘီးလေး။အခုတော့ ပျောက်ပြန်ပြီ။နောက်တစ်ခါတော့ ပြန်တွေ့ဖို့ သိပ်မမျှော်လင့်မိ။အရင်အရက်ဆိုင်ကိုသွားပြီး ပြန်ရှာလျှင်တော့ တွေ့ကောင်းတွေ့နိုင်သည်။သိပ်တော့ မသေချာပါ။

အစကတည်းက သူခိုးကို ဖမ်းခဲ့ဖို့ကောင်းသည်။ဒါဆို ဒီကောင် အခြားစက်ဘီးတွေ ထပ်ခိုးတော့မည်မဟုတ်။အခုတော့ ဒီသူခိုးကြောင့် အခြားစက်ဘီး ဘယ်နှစ်စီးပါသွားသလဲမသိ။ဒီတစ်ခါ သူခိုးကို မိလျှင်တော့ သနားတော့မည်မဟုတ်။ရဲစခန်းကို သေချာတိုင်မည်။အချုပ်ထဲကို ထည့်မည်။

စက်ဘီးမပျောက်ခင် တစ်ရက်က လမ်းထဲက ခွေးတွေသေသည်။အဆိပ်မိပြီး သေခြင်းဖြစ်သည်။စည်ပင်ကြောင့်ဟု ဆိုကြ၏။ခွေးတွေကလည်း ဆိုးသည့်အကောင် ဆိုးကြသည်။လိမ်မာသည့် အကောင်လည်း လိမ်မာကြသည်။လမ်းထဲက လူတွေကတော့ ခွေးတွေ မရှိတော့လို့ စက်ဘီးပျောက်တာဟု ဆိုကြသည်။ခွေးများသာရှိပါက ဟောင်မည်ဟု ဆိုသေးသည်။တကယ်တော့ မသေချာပါ။ အရင်တစ်ခေါက် ပျောက်တုန်းကလည်း အဲ့ခွေးတွေရှိ၏။သို့သော်လည်း မဟောင်ပေ။ပျောက်သွားတာပါပဲ။ဒါကြောင့် ခွေးတွေမရှိလို့ စက်ဘီးပျောက်သွားတာကို သိပ်လက်မခံ။သို့ပေမဲ့ နည်းနည်းတော့ အဟန့်ရှိပေါ့လေ။ဖြစ်နိုင်ရင်တော့ ခွေးများကို သတ်ပြီးချိန်တွင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကြီးကလည်း အလုပ်လုပ်ဖို့လိုသည်။ခွေးများအစား ကင်းပြန်စောင့်ဖို့ လိုမည်ထင်၏။နို့မို့ဆို သူခိုးသူဝှက်တွေ သောင်းကျန်း၏။ရဲတပ်ဖွဲ့က လှည့်ကင်း၊ ပတ်ကင်း၊ ကင်းပုန်းများ ရှိနေပါက သူခိုးများ သောင်းကျန်းမည်မဟုတ်။

အခုတော့ ပြည်သူတွေက စက်ဘီးသူခိုးလည်း ကိုယ်တိုင်ဖမ်းရသည်။သူခိုးမိတာတောင် ရဲစခန်းကို ကိုယ်တိုင်ပို့မှ။လာမဖမ်းချင်။လွယ်လွယ်ကူကူ အမှုတွေလောက်ပဲ ဖမ်းနိုင်သည်။နည်းနည်းလေးခက်သွားရင် မဖမ်းတတ်တော့။သုံးလောင်းပြိုင်၊ လေးလောင်းပြိုင်တွေက သက်သေ။နေပြည်တော်က ကလေးလေး အမှုကလည်း မမိသေး။တောင်ဥက္ကလာ ကိုင်းတောထဲမှာ မိန်းကလေးတစ်ယောက် သေနေတာ တရားခံ အခုထိမမိသေး။ပြောရလျှင် တစ်ခုမှမကောင်း။တိုင်းပြည်ကလည်း စာရွက်ထဲတွင်သာ စီးပွားတက်နေသည်။အပြင်မှာတော့ အလုပ်အကိုင်တစ်ခုမှ မကောင်း။မီဒီယာဆိုလည်း ခေတ်ပျက်နေပြီ။စပါးဈေးကလည်း ကျ။ဆန်ဈေးကတော့ မြင့်နေပြန်သည်။အရောင်းအဝယ်တွေကလည်း မကောင်း။လုပ်ငန်းတွေကရပ်ကုန်။
ကောင်းတာဆိုလို့ တံတားဆောက်သူတွေသာ ရှိလိမ့်မည်။အဲ့တံတားတွေကလည်း ဆောက်ပြီးလို့မကြာခင် နိမ့်သွားတာနဲ့။ပျက်သွားတာနဲ့။အခုတောင် ဆောက်ပြီးတာ လေးလပဲရှိသေးသည့် ကမာကြည်တံတား နိမ့်သွားပြီ။ဝန်ကြီးတချို့ကတော့ ဒီခေတ်မှာ လမ်းတစ်လမ်း ငါးနှစ်မခံလျှင် ထောင်ချမည်ဟု ဆိုထားသည်။အခု လေးလပဲခံသည့် လမ်းအတွက် ဘယ်လိုလုပ်မလဲတော့မသိ။သေချာတာကတော့ ခိုးတာကြောင့်ပဲဖြစ်မည်။

ခေတ်ကြီးကလည်း စီးပွားရေးတွေက မကောင်း။အလုပ်အကိုင်တွေက ရှားပါး။ဘာလုပ်စားလို့ စားရမှန်းမသိတော့ အဆင်ပြေသလိုပဲ ခိုးပြီပေါ့။ပညာတတ်သူတွေက ပညာတတ်လို့ခိုးမည်။လမ်းတွေ တံတားတွေ ဆောက်ရင်း၊ ဘက်ဂျက်တွေ ပိုတင်ရင်း။ INGO ဆီမှာ ပရော့ဂျက်တွေ တောင်းရင်း။ခိုးကြမည်။ပညာမတတ်သူတွေကတော့ စက်ဘီးလေး၊ ကားဘထ္တရီလေး။မီးသီးလေး။ခိုးကြမည်။

ဘာပဲဖြစ်ဖြစ် သူခိုးတွေကို နိမ်နင်းဖို့တော့ လိုသည်။သူခိုးကို သနားလို့မဖြစ်။ဘိလပ်မြေပဲ ခိုးခိုး။စက်ဘီးပဲ ခိုးခိုး။သူခိုးကို သနားလို့ မဖမ်းလျှင် နောက်တစ်ကြိမ် ထပ်ခိုးလိမ့်မည်။အဲ့ဒါတင်မက...သူခိုးတွေ အဖမ်းမခံရလျှင် မခိုးတတ်သူတွေပါ ခိုးလာလိမ့်မည်။တစ်တိုင်းပြည်လုံး သူခိုးတွေမဖြစ်ခင် တားဆီးဖို့တော့ လိုပြီ။

ဒါကြောင့် မနက်ဖြန် စက်ဘီးသူခိုးကို လိုက်ရှာပြီ။တွေ့လျှင် နာရင်းအုပ်မည်။

စိုပြေ
ဇွန် - ၂၃

( Zawgyi )

တေန႔က စက္ဘီးေပ်ာက္သည္။အရမ္းႀကိဳက္လြန္းသည့္ ဘီးေလး။နာမည္က လန္ဒန္တကၠစီတဲ့။အိမ္ေအာက္မွာ ညဘက္ရပ္ထားတုန္း ေပ်ာက္သြားျခင္းျဖစ္သည္။ဘယ္သူေတြ ခိုးသြားမွန္းေတာ့မသိ။မနက္လင္းေတာ့ ေသာ့အပ်က္ေလးပဲ ေတြ႕ရေတာ့သည္။

တကယ္ေတာ့ ဒီစက္ဘီးသည္ ရာဇဝင္ရွိ၏။လြန္ခဲ့ေသာ ေျခာက္လကလည္း တစ္ခါေပ်ာက္ေသးသည္။အဲ့တုန္းကေတာ့ တစ္ပတ္အၾကာတြင္ သာေကတ၌ ျပန္ေတြ႕၏။သူခိုးက အရက္ဆိုင္တြင္ ေရာင္းထားျခင္းျဖစ္သည္။သူခိုးကိုလည္း သနားတာေရာ၊ အရက္ဆိုင္ကို အမႈပတ္မွာ စိုးတာေရာေၾကာင့္ ရဲစခန္းကို မေခၚသြားျဖစ္။ရဲစခန္းကေတာ့ ေခၚလာခဲ့ဖို႔ ေျပာေသးသည္။
ဒီလိုနဲ႔ ျပန္ရလာခဲ့သည့္ ဘီးေလး။အခုေတာ့ ေပ်ာက္ျပန္ၿပီ။ေနာက္တစ္ခါေတာ့ ျပန္ေတြ႕ဖို႔ သိပ္မေမွ်ာ္လင့္မိ။အရင္အရက္ဆိုင္ကိုသြားၿပီး ျပန္ရွာလွ်င္ေတာ့ ေတြ႕ေကာင္းေတြ႕ႏိုင္သည္။သိပ္ေတာ့ မေသခ်ာပါ။

အစကတည္းက သူခိုးကို ဖမ္းခဲ့ဖို႔ေကာင္းသည္။ဒါဆို ဒီေကာင္ အျခားစက္ဘီးေတြ ထပ္ခိုးေတာ့မည္မဟုတ္။အခုေတာ့ ဒီသူခိုးေၾကာင့္ အျခားစက္ဘီး ဘယ္ႏွစ္စီးပါသြားသလဲမသိ။ဒီတစ္ခါ သူခိုးကို မိလွ်င္ေတာ့ သနားေတာ့မည္မဟုတ္။ရဲစခန္းကို ေသခ်ာတိုင္မည္။အခ်ဳပ္ထဲကို ထည့္မည္။

စက္ဘီးမေပ်ာက္ခင္ တစ္ရက္က လမ္းထဲက ေခြးေတြေသသည္။အဆိပ္မိၿပီး ေသျခင္းျဖစ္သည္။စည္ပင္ေၾကာင့္ဟု ဆိုၾက၏။ေခြးေတြကလည္း ဆိုးသည့္အေကာင္ ဆိုးၾကသည္။လိမ္မာသည့္ အေကာင္လည္း လိမ္မာၾကသည္။လမ္းထဲက လူေတြကေတာ့ ေခြးေတြ မရွိေတာ့လို႔ စက္ဘီးေပ်ာက္တာဟု ဆိုၾကသည္။ေခြးမ်ားသာရွိပါက ေဟာင္မည္ဟု ဆိုေသးသည္။တကယ္ေတာ့ မေသခ်ာပါ။ အရင္တစ္ေခါက္ ေပ်ာက္တုန္းကလည္း အဲ့ေခြးေတြရွိ၏။သို႔ေသာ္လည္း မေဟာင္ေပ။ေပ်ာက္သြားတာပါပဲ။ဒါေၾကာင့္ ေခြးေတြမရွိလို႔ စက္ဘီးေပ်ာက္သြားတာကို သိပ္လက္မခံ။သို႔ေပမဲ့ နည္းနည္းေတာ့ အဟန႔္ရွိေပါ့ေလ။ျဖစ္ႏိုင္ရင္ေတာ့ ေခြးမ်ားကို သတ္ၿပီးခ်ိန္တြင္ ျမန္မာႏိုင္ငံ ရဲတပ္ဖြဲ႕ႀကီးကလည္း အလုပ္လုပ္ဖို႔လိုသည္။ေခြးမ်ားအစား ကင္းျပန္ေစာင့္ဖို႔ လိုမည္ထင္၏။ႏို႔မို႔ဆို သူခိုးသူဝွက္ေတြ ေသာင္းက်န္း၏။ရဲတပ္ဖြဲ႕က လွည့္ကင္း၊ ပတ္ကင္း၊ ကင္းပုန္းမ်ား ရွိေနပါက သူခိုးမ်ား ေသာင္းက်န္းမည္မဟုတ္။

အခုေတာ့ ျပည္သူေတြက စက္ဘီးသူခိုးလည္း ကိုယ္တိုင္ဖမ္းရသည္။သူခိုးမိတာေတာင္ ရဲစခန္းကို ကိုယ္တိုင္ပို႔မွ။လာမဖမ္းခ်င္။လြယ္လြယ္ကူကူ အမႈေတြေလာက္ပဲ ဖမ္းႏိုင္သည္။နည္းနည္းေလးခက္သြားရင္ မဖမ္းတတ္ေတာ့။သုံးေလာင္းၿပိဳင္၊ ေလးေလာင္းၿပိဳင္ေတြက သက္ေသ။ေနျပည္ေတာ္က ကေလးေလး အမႈကလည္း မမိေသး။ေတာင္ဥကၠလာ ကိုင္းေတာထဲမွာ မိန္းကေလးတစ္ေယာက္ ေသေနတာ တရားခံ အခုထိမမိေသး။ေျပာရလွ်င္ တစ္ခုမွမေကာင္း။တိုင္းျပည္ကလည္း စာ႐ြက္ထဲတြင္သာ စီးပြားတက္ေနသည္။အျပင္မွာေတာ့ အလုပ္အကိုင္တစ္ခုမွ မေကာင္း။မီဒီယာဆိုလည္း ေခတ္ပ်က္ေနၿပီ။စပါးေဈးကလည္း က်။ဆန္ေဈးကေတာ့ ျမင့္ေနျပန္သည္။အေရာင္းအဝယ္ေတြကလည္း မေကာင္း။လုပ္ငန္းေတြကရပ္ကုန္။
ေကာင္းတာဆိုလို႔ တံတားေဆာက္သူေတြသာ ရွိလိမ့္မည္။အဲ့တံတားေတြကလည္း ေဆာက္ၿပီးလို႔မၾကာခင္ နိမ့္သြားတာနဲ႔။ပ်က္သြားတာနဲ႔။အခုေတာင္ ေဆာက္ၿပီးတာ ေလးလပဲရွိေသးသည့္ ကမာၾကည္တံတား နိမ့္သြားၿပီ။ဝန္ႀကီးတခ်ိဳ႕ကေတာ့ ဒီေခတ္မွာ လမ္းတစ္လမ္း ငါးႏွစ္မခံလွ်င္ ေထာင္ခ်မည္ဟု ဆိုထားသည္။အခု ေလးလပဲခံသည့္ လမ္းအတြက္ ဘယ္လိုလုပ္မလဲေတာ့မသိ။ေသခ်ာတာကေတာ့ ခိုးတာေၾကာင့္ပဲျဖစ္မည္။

ေခတ္ႀကီးကလည္း စီးပြားေရးေတြက မေကာင္း။အလုပ္အကိုင္ေတြက ရွားပါး။ဘာလုပ္စားလို႔ စားရမွန္းမသိေတာ့ အဆင္ေျပသလိုပဲ ခိုးၿပီေပါ့။ပညာတတ္သူေတြက ပညာတတ္လို႔ခိုးမည္။လမ္းေတြ တံတားေတြ ေဆာက္ရင္း၊ ဘက္ဂ်က္ေတြ ပိုတင္ရင္း။ INGO ဆီမွာ ပေရာ့ဂ်က္ေတြ ေတာင္းရင္း။ခိုးၾကမည္။ပညာမတတ္သူေတြကေတာ့ စက္ဘီးေလး၊ ကားဘထၱရီေလး။မီးသီးေလး။ခိုးၾကမည္။

ဘာပဲျဖစ္ျဖစ္ သူခိုးေတြကို နိမ္နင္းဖို႔ေတာ့ လိုသည္။သူခိုးကို သနားလို႔မျဖစ္။ဘိလပ္ေျမပဲ ခိုးခိုး။စက္ဘီးပဲ ခိုးခိုး။သူခိုးကို သနားလို႔ မဖမ္းလွ်င္ ေနာက္တစ္ႀကိမ္ ထပ္ခိုးလိမ့္မည္။အဲ့ဒါတင္မက...သူခိုးေတြ အဖမ္းမခံရလွ်င္ မခိုးတတ္သူေတြပါ ခိုးလာလိမ့္မည္။တစ္တိုင္းျပည္လုံး သူခိုးေတြမျဖစ္ခင္ တားဆီးဖို႔ေတာ့ လိုၿပီ။

ဒါေၾကာင့္ မနက္ျဖန္ စက္ဘီးသူခိုးကို လိုက္ရွာၿပီ။ေတြ႕လွ်င္ နာရင္းအုပ္မည္။

စိုေျပ
ဇြန္ - ၂၃