【 သရော်စာ 】 “နတ်ကြီးလေးပါးနှင့် တတိယကမ္ဘာစစ်အရေး ဆွေးနွေးခန်း”

【 သရော်စာ 】 “နတ်ကြီးလေးပါးနှင့် တတိယကမ္ဘာစစ်အရေး ဆွေးနွေးခန်း”

မြန်မာသက္ကရာဇ် ၁၃၈၁ ခုနှစ်၊ ပြာသိုလဆုတ် ၁ ရက်နေ့ နံနက်ခင်းအခါသမယ၊ ရန်ကုန်မြို့၊ ပြည်သူ့ရင်ပြင်တစ်နေရာ၀ယ် ရန်ကုန်မြို့၏ အထင်ကရ မြို့စောင့်နတ်ကြီးများဖြစ်ကြသော ဆူးလေ ဘိုးဘိုးကြီး၊ ဗိုလ်တစ်ထောင်ဘိုးဘိုးကြီး၊ ဥက္ကလာပ ဘိုးဘိုးကြီး ၊ မှော်ဘီဘိုးဘိုးကြီး တို့သည် အောက် ပါအတိုင်း စည်းဝေးပြောဆိုကြလေဟူ၏။

ဆူးလေနတ်ကြီး - နမောတဿဖြင့် လောကဓာတ်တလွှားမှ စောနတ်များအား သောမနဿပွား လျက် ဟက်ပီးနယူးရီးယားလို့ လက်အုပ်ချီမိုး ကန်တော့ချိုးနဲ့ နှုတ်ဆက်ပါတယ်ဗျား။

ဗိုလ်တစ်ထောင်နတ်ကြီး - အလိုလေး..ကိုဆူးလေကြီးရယ်.. ဘယ့်နှယ့် ခင်ဗျားနှုတ်ဆက်နည်း ကလည်း လက်ကြီးနှစ်ဖက် ကြက်ခြေခတ်ပြီး ဘယ့်နှယ့်ဟာတုန်း။

ဆူးလေနတ်ကြီး - အလိုလေး..ဒါ လူပြည် တလွှား ခေတ်စားနေတဲ့ ဟိုဘဘကြီးကို ရှိခိုးနည်း လေးဗျာ..ဟိုဘဘကြီးကို သူ့တပည့်တွေ ရှိခိုးနည်းတဲ့ဗျ..။

မှော်ဘီနတ်ကြီး - နို့..ကိုဆူးလေရယ်..ကျုပ်ဖြင့် မြင် မြင်ဖူးပေါင်ဗျာ..သူတော်ကောင်းသူမြတ် လောင်းများကို ရှိခိုးကြရင်ဖြင့် ကြာပုံဖူးငုံလက်အစုံမိုးရတယ်ပဲ မြင်ဖူး ကြားဖူးတာပါ..အခုက ဘယ့်နှယ့် ကြက်ခြေခတ်ရတယ်လို့..။

ဆူးလေနတ်ကြီး - တယ်..ဒီဘိုးဘိုးတွေနှယ့်..တယ်လည်း ခေတ်နောက်ကျတာပဲ..မျက်စိဖွင့် နားစွင့်ထားကြလေဗျာ.ဒါ ဟောင်ကောင်ဆန္ဒပြကျောင်းသားတွေရဲ့ စတိုင်လ်ကို တိုက်ရိုက်ကော်ပီ ကူး လာတာဗျ..ဟောင်ကောင်နည်း..ဟောင်ကောင်နည်း..။

ဗိုလ်တစ်ထောင်နတ်ကြီး - အော်…ဟောင်ကောင် ဆိုတာ သုနက္ခောအမည်တွင်တဲ့ အကောင်ကို ပြောတာလားဗျ…။

ဥက္ကလာနတ်ကြီး - အင်.. ဒါဆို အာဝု အာဝု လို့ ဟောင်တဲ့အကောင်တွေဆီက ကော်ပီကူးတဲ့ နည်းပေါ့..ဖြစ်ရမယ်ဗျာ.. အဟိတ်တိရိစ္ဆာန်နည်းကိုများ ပေါက်ပေါက်ရှာရှာ အတုခိုးရတယ်လို့။

ဆူးလေနတ်ကြီး - အလိုလေး..အမယ်မင်းရဲ့.ခင်ဗျားကြီးတို့ အန်းဒိတ်နတ်ကြီးတွေ
…..ခေတ် နဲ့ မညီ နှုတ်ပလီချက်ကြောင့် လက်ကြက်ခြေခတ်မိတဲ့ ကျုပ်တောင် ခွေးလုံးလုံး ဖြစ်ပါ ပေါ့လား..ကျုပ်ပြောတဲ့ ဟောင်ကောင်ဆိုတာ တရုတ်ပြည် နဲ့ အခု ပြဿနာတက်နေတဲ့ ဟောင် ကောင် ကျွန်းဗျ..ဟောင်ကောင်ကျွန်း။

မှော်ဘီနတ်ကြီး - နို့..သိမှ သိပဲဗျာ..ဒါနဲ့ ဆူးလေရယ်..ခင်ဗျားကြီးက ခေတ်ကလည်းမီ နှံ့က လည်း နှံ့စပ်ဆိုတော့ အခု တတိယ ကမ္ဘာစစ်ကြီး ဖြစ်တော့မယ်ဆိုဗျ…..။

ဆူးလေနတ်ကြီး - လူတွေတော့ ပြောနေကြတာ ကြားတာပဲ။ အမေရိကန် နဲ့ အီရန် ဒုံးကျည်တွေ အပြန်အလှန်ပစ်ကြတော့မှာတဲ့လေ….။

မှောင်ဘီနတ်ကြီး - ဒီလိုဆို ကျုပ်တို့လည်း စစ်ကြိုခေတ်နတ်ကြီးတွေ ဖြစ်တော့မှာပေါ့ဗျာ ဟဲ ဟဲ….။

ဗိုလ်တစ်ထောင်နတ်ကြီး - အောင်မယ် ..မောင်မှော်ဘီနှယ့်..စစ်များ အဆန်းလုပ်လို့..ကျုပ်တို့ မြန်မာနိုင်ငံဆို ဒုတိယကမ္ဘာစစ် ပြီးကတည်းက အချင်းချင်း စစ်တိုက်လာတာ..အခု တတိယကမ္ဘာစစ် တောင် ဖြစ်ခါနီးပြီ..အချင်းချင်း ချလို့ မပြီးသေးဘူးမဟုတ်လား..ဒါမျိုး ဘယ်နိုင်ငံ ဂလောက် တိုက်နိုင်လို့လဲ..ဟင်း..ဟင်း…။

ဆူးလေနတ်ကြီး - အိမ်း..ကမ္ဘာစစ်ဖြစ်တော့လည်း ဘာဖြစ်တုန်း..နို့မဟုတ် ကျုပ်တို့တစ်နိုင်ငံ တည်း နှစ် ခုနှစ်ဆယ်လောက်စစ်ဖြစ်နေရတာ ပျင်းစရာကြီး..အခုတော့ အဖော်တွေ ရလာတာပေါ့..။

ဥက္ကလာနတ်ကြီး - ကျုပ်ကဖြင့် ကမ္ဘာစစ် မဖြစ်ခင် ကားပါမစ်လေးတော့ ဖရီးလိုချင်မိ သား ဗျာ..နတ်အိုကြီးတွေ တန်မဲ့ YBS စီးနေရတာ မနှိပ်ဘူးဗျ။

မှော်ဘီနတ်ကြီး - အောင်မယ်လေး..ကားပါမစ်က နတ်တွေ အတွက်မပါဘူးဗျ..နတ်တပိုင်း လူတပိုင်း လူနတ်တွေ အတွက်..လူနပ်တွေ ပဲ ပါမစ်ရမှာဗျ ပါမစ်ရမယ်….။

ဥက္ကလာနတ်ကြီး - အိမ်း..ပါမစ် ပါမစ် ခေတ်အဆက်ဆက် တယ်လည်း တန်ခိုးထွားသကိုး ဗျ..ပါမစ်သရဏံဂစ္စာမိ လို့ ရွတ်ပြီး ဒီနတ်ဘ၀က စာတေရင် ပါမစ်စောင့်နတ်ဖြစ်အောင် ကျုပ်တော့ ဆုတောင်းမယ်ဗျိုး…။

ဆူးလေနတ်ကြီး - ဪ ဘိုးဘိုးတို့နဲ့ ဖြစ်ရမယ်..လူပြည်က အပူ‌တွေ..လောဘ၊မောဟ‌တွေ၊ ဂွင်ရိုက်ဆားချက်နည်းတွေပါ ကူးစက်နေပါရောလားဗျ..ဒါ တိုင်းပြည်က တိုးတက်မှုနောက်ကျ အင်အားနည်း၊ ပြည်သူက ဆင်းရဲလို့ ဖြစ်နေကြရတာတွေဗျ"

ဗိုလ်တစ်ထောင်နတ်ကြီး - ကဲ ကိုရင်တတ်ပ ဆူးလေကြီးရယ်..ဒါဆို တိုင်းပြည်လည်း တိုးတက်၊ ပြည်သူလည်း ချမ်းသာမယ့် နည်း မစပါဦးဗျ….။

မှော်ဘီနတ်ကြီး - ကဲ လုပ်ပါဦး ကိုဆူးလေ။

ဆူးလေနတ်ကြီး - အိမ်း.ဒါများ အလွယ်လေးဗျာ..စင်ကာပူ မပြောနဲ့ အမေရိကန်လို ဖြစ်သွားစေရမယ့် ပလန်တောင် ကျုပ်မှာ ရှိပြီးသား။

မှော်ဘီနတ်ကြီး - အလိုလေ ရန်ကုန်ဒေါင်းတောင်းသပီပီ လေကြီး တဲ့ ကိုဆူးလေ..ခင်ဗျား နည်းလမ်းလေး အလင်းပြလှည့်ပါဦးဗျား…။

ဆူးလေနတ်ကြီး - ဟေ..ဟေ့..လွယ်ပါတယ်..မှော်ဘီရယ်..အမေရိကန်လို ဖြစ်ချင်တာ များ.. တစ်နိုင်ငံလုံး အမေရိကန်ကို တိတ်တိတ်လေး ခိုး၀င် ၊ တစ်နိုင်ငံလုံးနီးပါး အမေရိကန်ထဲ ရောက်ပြီဆို ပြည်နယ်တောင်းလိုက်တော့လေ..ဟဲဟဲ…..။

ဗိုလ်တစ်ထောင်နတ်ကြီး - အကောင်းမှတ်လို့ ဘိုးဘိုးနှယ့်..မြန်မာ နဲ့ အမေရိကန် များ မြောက် ဥက္ကလာနဲ့ မရမ်းကုန်းလို ကုန်းတံတားကျော်တာနဲ့ ရောက်ပြီ မှတ်နေလားဗျ..အိမ်း..ပထဝီ ပြန်သင်ခိုင်းမှ ဖြစ်တော့မယ်..ကဲ စာမကြေတဲ့ ဆူးလေ..ကလေးတွေနဲ့ ကျောင်းပြန်တက်ပေရောဗျာ….။

ဆူးလေနတ်ကြီး - အလိုလေး... အဲ့ဒါတော့ သည်းခံပါမောင်၊ အခု ကလေးတွေ မတ်လနွေရာသီပူပူလောင်လောင်အထိ ကျောင်းတက်ရမယ်လို့ ၀န်ကြီးဌာနက အမိန့်ထုတ်နေချိန် ကျုပ်
အိုကြီးအိုမ နဲ့ ပေါင်းအိုးထဲ ၀င်မထိုင်ပါရစေနဲ့ဗျာတော်ပြီ..တော်ပြီ…ကျုပ် ပြန် တော့ မယ်..ကြောက်တယ်

ဗိုလ်တစ်ထောင်နတ်ကြီး - အိမ်း ဆူးလေဘိုးဘိုးလည်း ကလေးထိန်း၀န်ကြီးဌာနက ဒေါက်တာ ကလေးထိန်းကြီးကိုကျ တယ်ကြောက်တာပဲကိုး။

ဆူးလေနတ်ကြီး - အလို..အသံကြားတာနဲ့ အသားတုန်သမို့..ဒီဂနေ့တော့ ဂလောက်ပဲ..ကျုပ် တော့ ပြေးဘီဗျိုး…။

ထို့နောက်တွင် ကျန်ရစ်သူ နတ်ကြီးသုံးပါးလည်းပါမစ်‌အနုမောဒနာ…သုံးကြိမ်ခေါ် ဆိုပြီး အစည်း အဝေးအား ရုတ်သိမ်းလိုက်ကြလေတော့သတည်း။

ဗြိတိသျှကိုကိုမောင်
ဇန်နဝါရီ - ၁၂

( Zawgyi )

ျမန္မာသကၠရာဇ္ ၁၃၈၁ ခုႏွစ္၊ ျပာသိုလဆုတ္ ၁ ရက္ေန႔ နံနက္ခင္းအခါသမယ၊ ရန္ကုန္ၿမိဳ႕၊ ျပည္သူ႔ရင္ျပင္တစ္ေနရာ၀ယ္ ရန္ကုန္ၿမိဳ႕၏ အထင္ကရ ၿမိဳ႕ေစာင့္နတ္ႀကီးမ်ားျဖစ္ၾကေသာ ဆူးေလ ဘိုးဘိုးႀကီး၊ ဗိုလ္တစ္ေထာင္ဘိုးဘိုးႀကီး၊ ဥကၠလာပ ဘိုးဘိုးႀကီး ၊ ေမွာ္ဘီဘိုးဘိုးႀကီး တို႔သည္ ေအာက္ ပါအတိုင္း စည္းေဝးေျပာဆိုၾကေလဟူ၏။

ဆူးေလနတ္ႀကီး - နေမာတႆျဖင့္ ေလာကဓာတ္တလႊားမွ ေစာနတ္မ်ားအား ေသာမနႆပြား လ်က္ ဟက္ပီးနယူးရီးယားလို႔ လက္အုပ္ခ်ီမိုး ကန္ေတာ့ခ်ိဳးနဲ႔ ႏႈတ္ဆက္ပါတယ္ဗ်ား။

ဗိုလ္တစ္ေထာင္နတ္ႀကီး - အလိုေလး..ကိုဆူးေလႀကီးရယ္.. ဘယ့္ႏွယ့္ ခင္ဗ်ားႏႈတ္ဆက္နည္း ကလည္း လက္ႀကီးႏွစ္ဖက္ ၾကက္ေျခခတ္ၿပီး ဘယ့္ႏွယ့္ဟာတုန္း။

ဆူးေလနတ္ႀကီး - အလိုေလး..ဒါ လူျပည္ တလႊား ေခတ္စားေနတဲ့ ဟိုဘဘႀကီးကို ရွိခိုးနည္း ေလးဗ်ာ..ဟိုဘဘႀကီးကို သူ႔တပည့္ေတြ ရွိခိုးနည္းတဲ့ဗ်..။

ေမွာ္ဘီနတ္ႀကီး - ႏို႔..ကိုဆူးေလရယ္..က်ဳပ္ျဖင့္ ျမင္ ျမင္ဖူးေပါင္ဗ်ာ..သူေတာ္ေကာင္းသူျမတ္ ေလာင္းမ်ားကို ရွိခိုးၾကရင္ျဖင့္ ၾကာပုံဖူးငုံလက္အစုံမိုးရတယ္ပဲ ျမင္ဖူး ၾကားဖူးတာပါ..အခုက ဘယ့္ႏွယ့္ ၾကက္ေျခခတ္ရတယ္လို႔..။

ဆူးေလနတ္ႀကီး - တယ္..ဒီဘိုးဘိုးေတြႏွယ့္..တယ္လည္း ေခတ္ေနာက္က်တာပဲ..မ်က္စိဖြင့္ နားစြင့္ထားၾကေလဗ်ာ.ဒါ ေဟာင္ေကာင္ဆႏၵျပေက်ာင္းသားေတြရဲ႕ စတိုင္လ္ကို တိုက္႐ိုက္ေကာ္ပီ ကူး လာတာဗ်..ေဟာင္ေကာင္နည္း..ေဟာင္ေကာင္နည္း..။

ဗိုလ္တစ္ေထာင္နတ္ႀကီး - ေအာ္…ေဟာင္ေကာင္ ဆိုတာ သုနေကၡာအမည္တြင္တဲ့ အေကာင္ကို ေျပာတာလားဗ်…။

ဥကၠလာနတ္ႀကီး - အင္.. ဒါဆို အာဝု အာဝု လို႔ ေဟာင္တဲ့အေကာင္ေတြဆီက ေကာ္ပီကူးတဲ့ နည္းေပါ့..ျဖစ္ရမယ္ဗ်ာ.. အဟိတ္တိရိစာၦန္နည္းကိုမ်ား ေပါက္ေပါက္ရွာရွာ အတုခိုးရတယ္လို႔။

ဆူးေလနတ္ႀကီး - အလိုေလး..အမယ္မင္းရဲ႕.ခင္ဗ်ားႀကီးတို႔ အန္းဒိတ္နတ္ႀကီးေတြ
…..ေခတ္ နဲ႔ မညီ ႏႈတ္ပလီခ်က္ေၾကာင့္ လက္ၾကက္ေျခခတ္မိတဲ့ က်ဳပ္ေတာင္ ေခြးလုံးလုံး ျဖစ္ပါ ေပါ့လား..က်ဳပ္ေျပာတဲ့ ေဟာင္ေကာင္ဆိုတာ တ႐ုတ္ျပည္ နဲ႔ အခု ျပႆနာတက္ေနတဲ့ ေဟာင္ ေကာင္ ကြၽန္းဗ်..ေဟာင္ေကာင္ကြၽန္း။

ေမွာ္ဘီနတ္ႀကီး - ႏို႔..သိမွ သိပဲဗ်ာ..ဒါနဲ႔ ဆူးေလရယ္..ခင္ဗ်ားႀကီးက ေခတ္ကလည္းမီ ႏွံ႔က လည္း ႏွံ႔စပ္ဆိုေတာ့ အခု တတိယ ကမာၻစစ္ႀကီး ျဖစ္ေတာ့မယ္ဆိုဗ်…..။

ဆူးေလနတ္ႀကီး - လူေတြေတာ့ ေျပာေနၾကတာ ၾကားတာပဲ။ အေမရိကန္ နဲ႔ အီရန္ ဒုံးက်ည္ေတြ အျပန္အလွန္ပစ္ၾကေတာ့မွာတဲ့ေလ….။

ေမွာင္ဘီနတ္ႀကီး - ဒီလိုဆို က်ဳပ္တို႔လည္း စစ္ႀကိဳေခတ္နတ္ႀကီးေတြ ျဖစ္ေတာ့မွာေပါ့ဗ်ာ ဟဲ ဟဲ….။

ဗိုလ္တစ္ေထာင္နတ္ႀကီး - ေအာင္မယ္ ..ေမာင္ေမွာ္ဘီႏွယ့္..စစ္မ်ား အဆန္းလုပ္လို႔..က်ဳပ္တို႔ ျမန္မာႏိုင္ငံဆို ဒုတိယကမာၻစစ္ ၿပီးကတည္းက အခ်င္းခ်င္း စစ္တိုက္လာတာ..အခု တတိယကမာၻစစ္ ေတာင္ ျဖစ္ခါနီးၿပီ..အခ်င္းခ်င္း ခ်လို႔ မၿပီးေသးဘူးမဟုတ္လား..ဒါမ်ိဳး ဘယ္ႏိုင္ငံ ဂေလာက္ တိုက္ႏိုင္လို႔လဲ..ဟင္း..ဟင္း…။

ဆူးေလနတ္ႀကီး - အိမ္း..ကမာၻစစ္ျဖစ္ေတာ့လည္း ဘာျဖစ္တုန္း..ႏို႔မဟုတ္ က်ဳပ္တို႔တစ္ႏိုင္ငံ တည္း ႏွစ္ ခုႏွစ္ဆယ္ေလာက္စစ္ျဖစ္ေနရတာ ပ်င္းစရာႀကီး..အခုေတာ့ အေဖာ္ေတြ ရလာတာေပါ့..။

ဥကၠလာနတ္ႀကီး - က်ဳပ္ကျဖင့္ ကမာၻစစ္ မျဖစ္ခင္ ကားပါမစ္ေလးေတာ့ ဖရီးလိုခ်င္မိ သား ဗ်ာ..နတ္အိုႀကီးေတြ တန္မဲ့ YBS စီးေနရတာ မႏွိပ္ဘူးဗ်။

ေမွာ္ဘီနတ္ႀကီး - ေအာင္မယ္ေလး..ကားပါမစ္က နတ္ေတြ အတြက္မပါဘူးဗ်..နတ္တပိုင္း လူတပိုင္း လူနတ္ေတြ အတြက္..လူနပ္ေတြ ပဲ ပါမစ္ရမွာဗ် ပါမစ္ရမယ္….။

ဥကၠလာနတ္ႀကီး - အိမ္း..ပါမစ္ ပါမစ္ ေခတ္အဆက္ဆက္ တယ္လည္း တန္ခိုးထြားသကိုး ဗ်..ပါမစ္သရဏံဂစၥာမိ လို႔ ႐ြတ္ၿပီး ဒီနတ္ဘ၀က စာေတရင္ ပါမစ္ေစာင့္နတ္ျဖစ္ေအာင္ က်ဳပ္ေတာ့ ဆုေတာင္းမယ္ဗ်ိဳး…။

ဆူးေလနတ္ႀကီး - ဪ ဘိုးဘိုးတို႔နဲ႔ ျဖစ္ရမယ္..လူျပည္က အပူ‌ေတြ..ေလာဘ၊ေမာဟ‌ေတြ၊ ဂြင္႐ိုက္ဆားခ်က္နည္းေတြပါ ကူးစက္ေနပါေရာလားဗ်..ဒါ တိုင္းျပည္က တိုးတက္မႈေနာက္က် အင္အားနည္း၊ ျပည္သူက ဆင္းရဲလို႔ ျဖစ္ေနၾကရတာေတြဗ်"

ဗိုလ္တစ္ေထာင္နတ္ႀကီး - ကဲ ကိုရင္တတ္ပ ဆူးေလႀကီးရယ္..ဒါဆို တိုင္းျပည္လည္း တိုးတက္၊ ျပည္သူလည္း ခ်မ္းသာမယ့္ နည္း မစပါဦးဗ်….။

ေမွာ္ဘီနတ္ႀကီး - ကဲ လုပ္ပါဦး ကိုဆူးေလ။

ဆူးေလနတ္ႀကီး - အိမ္း.ဒါမ်ား အလြယ္ေလးဗ်ာ..စင္ကာပူ မေျပာနဲ႔ အေမရိကန္လို ျဖစ္သြားေစရမယ့္ ပလန္ေတာင္ က်ဳပ္မွာ ရွိၿပီးသား။

ေမွာ္ဘီနတ္ႀကီး - အလိုေလ ရန္ကုန္ေဒါင္းေတာင္းသပီပီ ေလႀကီး တဲ့ ကိုဆူးေလ..ခင္ဗ်ား နည္းလမ္းေလး အလင္းျပလွည့္ပါဦးဗ်ား…။

ဆူးေလနတ္ႀကီး - ေဟ..ေဟ့..လြယ္ပါတယ္..ေမွာ္ဘီရယ္..အေမရိကန္လို ျဖစ္ခ်င္တာ မ်ား.. တစ္ႏိုင္ငံလုံး အေမရိကန္ကို တိတ္တိတ္ေလး ခိုး၀င္ ၊ တစ္ႏိုင္ငံလုံးနီးပါး အေမရိကန္ထဲ ေရာက္ၿပီဆို ျပည္နယ္ေတာင္းလိုက္ေတာ့ေလ..ဟဲဟဲ…..။

ဗိုလ္တစ္ေထာင္နတ္ႀကီး - အေကာင္းမွတ္လို႔ ဘိုးဘိုးႏွယ့္..ျမန္မာ နဲ႔ အေမရိကန္ မ်ား ေျမာက္ ဥကၠလာနဲ႔ မရမ္းကုန္းလို ကုန္းတံတားေက်ာ္တာနဲ႔ ေရာက္ၿပီ မွတ္ေနလားဗ်..အိမ္း..ပထဝီ ျပန္သင္ခိုင္းမွ ျဖစ္ေတာ့မယ္..ကဲ စာမေၾကတဲ့ ဆူးေလ..ကေလးေတြနဲ႔ ေက်ာင္းျပန္တက္ေပေရာဗ်ာ….။

ဆူးေလနတ္ႀကီး - အလိုေလး... အဲ့ဒါေတာ့ သည္းခံပါေမာင္၊ အခု ကေလးေတြ မတ္လေႏြရာသီပူပူေလာင္ေလာင္အထိ ေက်ာင္းတက္ရမယ္လို႔ ၀န္ႀကီးဌာနက အမိန႔္ထုတ္ေနခ်ိန္ က်ဳပ္
အိုႀကီးအိုမ နဲ႔ ေပါင္းအိုးထဲ ၀င္မထိုင္ပါရေစနဲ႔ဗ်ာေတာ္ၿပီ..ေတာ္ၿပီ…က်ဳပ္ ျပန္ ေတာ့ မယ္..ေၾကာက္တယ္

ဗိုလ္တစ္ေထာင္နတ္ႀကီး - အိမ္း ဆူးေလဘိုးဘိုးလည္း ကေလးထိန္း၀န္ႀကီးဌာနက ေဒါက္တာ ကေလးထိန္းႀကီးကိုက် တယ္ေၾကာက္တာပဲကိုး။

ဆူးေလနတ္ႀကီး - အလို..အသံၾကားတာနဲ႔ အသားတုန္သမို႔..ဒီဂေန႔ေတာ့ ဂေလာက္ပဲ..က်ဳပ္ ေတာ့ ေျပးဘီဗ်ိဳး…။

ထို႔ေနာက္တြင္ က်န္ရစ္သူ နတ္ႀကီးသုံးပါးလည္းပါမစ္‌အႏုေမာဒနာ…သုံးႀကိမ္ေခၚ ဆိုၿပီး အစည္း အေဝးအား ႐ုတ္သိမ္းလိုက္ၾကေလေတာ့သတည္း။

ၿဗိတိသွ်ကိုကိုေမာင္
ဇန္နဝါရီ - ၁၂