【 သရော်စာ 】 “ကျော်စိုးရဲ့ မဲဆွယ်နည်း”

【 သရော်စာ 】 “ကျော်စိုးရဲ့ မဲဆွယ်နည်း”

ရွေးကောက်ပွဲနီးရင် ဘာအထာလဲတော့မသိဘူး။ပါတီတွေဟာ ဟေးလားဟားလားနဲ့လျှောက်သွား လျှော်အော်နေကြတာ အမြဲတမ်းပဲ။နယ်တွေဆိုရင်လည်း ဆိုင်ကယ်တွေကိုယ်စီနဲ့ အလံကိုယ်စီတပ်ပြီး လျှောက်သွား၊ လျှောက်အော်။ရန်ကုန်ဆိုရင်လည်း ဆိုက်ကားတွေနဲ့ ကားတွေနဲ့ လျှောက်သွား လျှောက်အော်။အနီရော အစိမ်းရော စုံနေတာပါပဲ။အခြားအရောင်တွေကတော့ အားပေးသူနည်းလို့လားတော့မသိဘူး။သိပ်မတွေ့ရဘူး။ဒါပေမဲ့ သူတို့လည်း လျှောက်သွားနေကြတာပါပဲ။  
 
ဘာလုပ်ကြတာတုန်း မေးကြည့်တော့။မဲဆွယ်တာတဲ့။အော်...။မဲဆွယ်တယ်ဆိုတာ အဲ့လိုပဲ တူညီဝတ်စုံလေးတွေဝတ်၊ သီချင်းတွေဖွင့်ပြီး လမ်းတကာပတ် ဟန်ရေးပြရတာလား။
 
မဟုတ်ပါဘူးတဲ့။လူစုပြီးတော့လည်း မဲဆွယ်စကား၊ ဘာလုပ်ပေးမယ် ညာလုပ်ပေးမယ် ဆိုတာတွေကိုလည်း ပြောပေးရပါသေးသတဲ့။အခုက ကိုဗစ်နဲ့မို့ မဲဆွယ်စကားပြောရင် လူငါးဆယ်ထက်ပိုမစုဘူးဆိုလို့ လျှောက်ပဲသွားနေတာတဲ့။
 
လျှောက်သွားတာရော ငါးဆယ်ကျော်ရင် အရေးမယူဘူးလားဆိုတော့ မယူပါဘူးတဲ့ ဟောပြောစည်းရုံးတာကိုပဲ ငါးဆယ်မကျော်ရ သတ်မှတ်တာ။လျှောက်သွားတာကတော့ ရတယ်တဲ့။လူများနေလဲ ပါတီကခေါ်တာမဟုတ်တဲ့ အပြင်လူတွေလို့ ပြောလိုက်ရုံပဲတဲ့။
 
အခုက ကိုဗစ်နဲ့ဆိုတော့ ရန်ကုန်မှာတော့ မဲသိပ်ဆွယ်လို့မရဘူး။အခုရက်ပိုင်းဆို ပိုတောင်ဆိုးသေးတယ်။ပိုးတွေ့လူနာကလည်းများ။သေတဲ့လူကလည်းများဆိုတော့ ပါတီတွေ အကုန်ငြိမ်နေရတယ်။အဲ့ဒါလည်းကောင်းပါတယ်။ရပ်ကွက်ထဲ နားမငြီးတော့ဘူးပေါ့လေ။အရင်ကဆို ဒီလိုဘယ်ဟုတ်မလဲ။ရပ်ကွက်ထဲမှာ ပါတီစုံရဲ့ အသံတွေချည်းပဲ။တစ်ပါတီက မပြီးသေးဘူး။အခြားပါတီက လမ်းထိပ်မှာစောင့်နေပြီ။တစ်ရက်လည်းမဟုတ်။နှစ်ရက်လည်းမဟုတ်။နေ့စဉ်ရက်ဆက် ရွေးကောက်ပွဲမပြီး မချင်း နှစ်လလောက်ကို နားဒုက္ခခံခဲ့ကြရတာ။
 
ရပ်ကွက်ထဲလာတော့လည်း ဘာမှထွေထွေထူးထူးလုပ်တာလည်းမဟုတ်ဘူး။သီချင်းဖွင့်ပြီးကကြမယ်။အော်ကြဟစ်ကြမယ်။အမတ်လောင်းက မိုက်ကိုင်ပြီး ကျနော်က ဘယ်သူပါ ကျနော့်ကို မဲပေးပါဆိုပြီး ပြောမယ်။ပြီးရင် နောက်တစ်လမ်းသွား။အဲ့အတိုင်းထပ်လုပ်။ းဘာမှလည်းမဟုတ်ဘူး။အမှိုက်လေးဘာလေး ကောက်သွားရင်တောင် ကျေးဇူးတင်ဦးမယ်။
 
ဒီနှစ်တော့ ကိုဗစ်နဲ့မို့ အဲ့အသံတွေမကြားရဘူး။မကြားရတော့လည်း လွမ်းသလိုလို။ဘာလို့လည်းဆိုတော့ ငါးနှစ်လုံး မြို့နယ်ကိုယ်စားလှယ်တော်ကြီးတွေကို မတွေ့ခဲ့ရဘူး။အခုလို မဲဆွယ်ချိန်လေးပဲတွေ့ရတာ။ဒီနှစ်တော့ တွေ့ရမယ်မထင်တော့ဘူး။သိပ်မရှင်းတာက မဲဆွယ်တယ်ဆိုတာ မဲပေးခါနီးမှ ဆွယ်ရတာလား။ပြီးတော့ မဲဆွယ်တယ်ဆိုတာကရော ရပ်ကွက်ထဲ အော်ဟစ်ခုန်ပေါက်ပြီး လျှောက်သွားရုံနဲ့ ဆွယ်ပြီးသားဖြစ်ရောလား။အဲ့လို အော်ဟစ်ခုန်ပေါက်နေတာကိုကြည့်ပြီး ပြည်သူတွေက ဒီအဖွဲ့က သီချင်းလေးမဆိုး၊ ကတာလေး ကောင်းတယ်ဆိုပြီး မဲပေးရောလား။
 
တကယ်တော့ အဲ့လိုမဟုတ်ပါဘူး။ပြည်သူတွေရင်ထဲမှာ ဘယ်သူ့ကိုမဲပေးမယ်။ဘယ်သူ့ကိုမဲမပေးဘူးဆိုတာ ရှိကြပြီးသားပါ။ခဏလေး ကိုယ်ယောင်ပြရုံနဲ့တော့ စိတ်ပြောင်းပြီး မဲပေးမှာလည်း မဟုတ်ပါဘူး။လူတစ်ယောက်ဆီက မဲရဖို့ဆိုတာ အချိန်ငါးနှစ်ကျော်လည်း ကြာနိုင်တယ်။နှစ်ငါးဆယ်ကျော်လဲရှိနိုင်တယ်။တစ်ရက်နှစ်ရက် မဲဆွယ်လို့ မဲပေးတာမျိုးလည်း ရှိချင်ရှိမှာပါ။အဲ့ဒါကတော့ မသိနားမလည်သူတွေပဲဖြစ်လိမ့်မယ်။မသိနားမလည်သူတွေရဲ့ မဲနဲ့ နိုင်သွားတယ်ဆိုတာ သိက္ခာလည်းမရှိပါဘူး။ထားပါတော့လေ။အဓိကပြောချင်တာကတော့ ကျွန်တော့်သူငယ်ချင်းရဲ့ မဲဆွယ်နည်းလေးပါပဲ။
 
ကျွန်တော့်မှာ သူငယ်ချင်း ကျော်စိုးဆိုတာရှိတယ်။ ၂၀၁၅ တုန်းက ဧရာဝတီတိုင်းထဲက မြို့တစ်မြို့မှာ ဝင်ပြိုင်တယ်။စိုပြေကိုယ်တိုင်ပဲ ဟိုက်ဂျက်ကားတစီးပေါ် လော်တွေတင်ပြီး သီချင်းတွေလိုက်ဖွင့်။လူတွေလိုက်စု။မဲတွေဆွယ်ပေးခဲ့ရတာပေါ့လေ။ဒါပေမဲ့ အဲ့တုန်းက ကျော်စိုး ခွက်ခွက်လန်အောင် ရှုံးခဲ့ပါတယ်။ဘာလို့ရှုံးလဲလို့ ပြန်ဆန်းစစ်ကြည့်တော့....မဲမှ မရတာ။မရတော့ ရှုံးတာပေါ့။ဘာလို့ မဲမရတာလဲဆိုတော့ သူ့ကိုသိတဲ့လူ သိပ်မရှိဘူး။သူ့ကိုသိတာ သူ့ရွာလောက်ပဲသိတယ်။သူ့ရွာကလူတွေတောင် သူ့ကိုကြည့်ရတာမဟုတ်ဘူး။
ရန်ကုန်သွား၊ ဂျလေဘီလုပ်နေတဲ့ကောင်က အမတ်ဖြစ်ချင်လို့ ရွာပြန်လာတယ်ဆိုပြီးတော့တောင် ပြောကြတာ။အဲ့ဒါကို ကျော်စိုး တော်တော်လေးမှတ်သွားတယ်။ရှက်လည်း ရှက်သွားပုံရတယ်။ ၂၀၁၅ ရွေးကောက်ပွဲရှုံးပြီးတော့ ကျော်စိုးဟာ ရန်ကုန်ခဏပြန်လာတယ်။ပြီးတော့ သူငယ်ချင်းတွေဆီ အလှူခံတော့တာပဲ။ရွာကလူတွေ နာရေးဖြစ်ရင် အရေးပေါ်ဖြစ်ရင်သုံးဖို့ လူနာတင်ယာဉ် ဝယ်ဖို့ဆိုပြီး အလှူခံရတာပါ။ရလည်း ရပါတယ်။ပြီးတော့ မြဝတီတက် ကားဝစ်သောက်ဝယ်။မိတ်ဆွေတွေအကူအညီနဲ့ လမ်းကြောင်းရှင်း။နောက်တော့ လူနာတင်ယာဉ်ဖြစ်။စံပြ ကြက်ခြေနီဆု တစ်ခါရဖူးတဲ့ ကျော်စိုးအတွက် တော်တော်လေးအဆင်ပြေသွားတယ်။
 
၂၀၁၆ လောက်ကတည်းက ကျော်စိုးဟာ သူ့နယ်ကိုပြန်သွားလိုက်တာ။ရန်ကုန်ကို ပြန်မလာဖြစ်တော့ဘူး။လာရင်လည်း လူနာလာပို့ ခဏပဲ။ပြီးရင် နယ်ပြန်။ကျော်စိုးဟာ ပရဟိတနဲ့ တော်တော်အကျိုးပေးပုံရတယ်။လူနာတင်ယာဉ်တွေလည်း သုံးလေးစီးဖြစ်။နောက်ပိုင်း လူနာတွေကို ကူညီတာတင်မဟုတ်တော့ဘူး။ကျောင်းမတက်နိုင်သူတွေ ကျောင်းထားပေးတာတို့။ဘုန်းကြီးကျောင်းတွေမှာ ဘာလိုလို လှူပေးတာတို့။သူ့မြို့နယ်အတွင်းမှာ ဘာပဲလိုလို သူ့ကိုဖုန်းဆက်လိုက်။သူကူညီပေးတယ်။သူက ချမ်းသာလို့လည်းမဟုတ်ပါဘူး။ဒါပေမဲ့ မိတ်ဆွေပေါတယ်။ဖေ့စ်ဘုတ်မှာ ဖရန့်ပေါပြီး ဖော်လိုဝါကလည်း မနည်းဘူး။ဒီတော့ အလှူခံလိုက်တာနဲ့ တန်းရတာပဲ။ ၂ နှစ်လောက်ကြာတော့ ကျော်စိုး ကို သူ့နယ်မှာမသိသူမရှိဘူး။ကြားဖြတ်မှာ ဝင်အရွေးခံဖို့တောင် တိုက်တွန်းလိုက်သေးတယ်။ဒါပေမဲ့ ကျော်စိုးဟာ ဝင်မပြိုင်ဘူး။ဘာလို့လဲဆိုတော့ သူ့မြို့နယ်မှာ လစ်လပ်တာမရှိတော့ ကြားဖြတ်မလုပ်ဘူးလေ။ ၄ နှစ်လောက်လဲကြာရော ကျော်စိုးဟာ ဆရာကြီးဖြစ်နေပြီ။ပရဟိတလုပ်ငန်းခွဲတွေတောင် ဖွဲ့ထားသေးတယ်။အခု ၂၀၂၀ လည်းကျရော ကိုဗစ်က ထဖြစ်ရော။အဲ့တော့ ကျော်စိုးဟာ ပိုလို့တောင် နာမည်ကြီးလာသေးတယ်။မြို့ကိုကာကွယ်ရ၊ ကွာရန်တင်းဝင်သူတွေကို စောင့်ရှောက်ရ။ဒီလိုနဲ့ ရွေးကောက်ပွဲကလည်းနီးလာရော...။ကျော်စိုး ကို ပါတီတိုင်းကခေါ်ကြတယ်။သူ့ဆီမှာလာပြိုင်ပါ။အကုန်စီစဉ်ပေးပါမယ်။အချို့ပါတီတွေဆို ထောက်ပံ့ကြေးပါပေးဦးမတဲ့။ကျော်စိုး ပြိုင်ရင် နိုင်မယ်ဆိုတာ သေချာနေတာကိုး။ရပ်မိရပ်ဖတွေကလည်း ကျော်စိုး ပြိုင်ရင် နိုင်မှာဆိုပြီး မှတ်ချက်ပေးကြတယ်။ရွာတွေကလည်း ကျော်စိုးကိုပဲ မဲထည့်မယ်တဲ့။ဒါပေမဲ့ ကျော်စိုးဟာ ပါတီတိုင်းကို ငြင်းလိုက်ပါတယ်။ကျနော် ပါတီလောင်းရိပ်အောက်မှာ မနေချင်ဘူး။လက်ညှိးထောင်ခေါင်းညှိတ်လည်း မလုပ်နိုင်ဘူးတဲ့။ဒီလိုနဲ့ တစ်သီးပုဂ္ဂလဝင်ပြိုင်ဖို့ လုပ်တော့တာပဲ။တစ်သီးပုဂ္ဂလဝင်ပြိုင်လည်း ကျော်စိုး က အနိုင်သေချာနေတာပဲလေ။အခြားလူတွေကတောင် ကျော်စိုးနဲ့ကပ်ပြီး ပြိုင်ချင်သေးတယ်။တိုင်းဒေသကြီးလွှတ်တော်တို့ အမျိုးသားလွှတ်တော်တို့အတွက်ပေါ့။ဒါပေမဲ့ ကျော်စိုး က ဘယ်သူနဲ့မှမရောဘူးရယ်။ကျနော် သီးသန့်လေးပဲ ပြိုင်ချင်လို့ပါ ဆိုပြီး တောင်းပန်တယ်။
 
ကျွန်တော်ပြောချင်တာကတော့ ကျော်စိုးလို လုပ်ကြပါ။မဲပေးခါနီးမှ အပြေးအလွှားလေး ကျနော့်ကိုမဲထည့်ပါဆိုပြီး မဆွယ်ကြပါနဲ့။ပလန်ကိုကြိုချပြီး ရပ်ရွာအကျိုးကို 
ကြိုလုပ်ပါ။ဒါဆိုရင် သင်ဟာ ထူးထူးထွေ မဲဆွယ်နေစရာမလိုတော့ပါဘူး။လုပ်ခဲ့သမျှ အလုပ်တိုင်းဟာ သင့်ကို မဲဆွယ်ပြီးသားဖြစ်နေတာပါပဲ။ဒါပေမဲ့ ဘယ်လောက်ပဲ အနိုင်သေချာပါစေ...။ကံတရားကလည်း ရှိပါသေးတယ်။ကံဆိုကတော့ အလုပ်ပေါ့လေ။
 
ကျော်စိုးဟာ အမတ်လောင်းစာရင်းတင်ဖို့ တစ်ရက်အလိုအထိ စာရင်းသွားမတင်သေးပါဘူး။အခြားသော ပါတီခေါင်းဆောင်တွေလို နောက်ဆုံးရက်မှတင်မယ်ဆိုပြီး စတန့်ထွင်ပါတယ်။ပြီးတော့ သူဟာ အနိုင်သေချာပြီလို့ တွက်တဲ့အတွက် အမတ်လောင်းစာရင်းမတင်ခင် တစ်ရက်အလိုမှာ ပျော်ပွဲရွှင်ပွဲလေးတောင် လုပ်လိုက်ပါသေးတယ်။ကိုဗစ်ဒုတိယလှိုင်း မလာခင်လေးပေါ့လေ
လူတွေကလည်း ကိုဗစ်ကာလ ငြိမ်နေရတာကြာတော့ ပျော်ချင်တာပေါ့။ဒီလိုနဲ့ ကျော်စိုးနဲ့ သူ့တပည့်တွေ၊ အပေါင်းအသင်းတွေဟာ သြဂုတ်လ ၆ ရက် ညဦးပိုင်းမှာ ကြက်သားတွေချက်၊ ဘီယာတွေ အရက်တွေသောက်လိုက်ကြတာ တစ်ညလုံးပါပဲ။မနက်လင်းခါနီးမှ မူးမူးနဲ့အိပ်ပျော်သွားတယ်လို့ ဆိုပါတယ်။နောက်နေ့မှာ သူတို့ပရဟိတအသင်းကို ဆက်သွယ်တဲ့ နာရေးတွေ၊ လူနာတွေလည်း မရှိပါဘူး။
 
ကျော်စိုး တပည့်တွေဟာ သြဂုတ် ၇ ရက် နေ့လည် ၁၂ နာရီလောက်မှာ နိုးလာပါတယ်။နိုးတော့ သူတို့ဆရာ ကျော်စိုး ကို မတွေ့ပါဘူး။တပည့်တွေကတော့ ကျော်စိုးဟာ ခရိုင်ရုံးကိုသွားပြီး အမတ်လောင်းစာရင်း သွားသွင်းပြီလို့ ထင်ကြပုံပါပဲ။အဲ့ဒါက အရေးကြီးကိစ္စကိုး။ညနေအထိ ကျော်စိုး ပြန်မလာတော့လည်း ခရိုင်မြို့ကြီးမှာ အပေါင်းအသင်းတွေနဲ့ တွေ့နေတယ်လို့ပဲ ထင်ကြပါတယ်။ဒါပေမဲ့ ညနေစောင်းမှာ အသင်းပိုင် အခေါင်းတစ်ခုထဲကနေ အသံထွက်လာလို့ သွားကြည့်လိုက်တော့ ကျော်စိုး ဖြစ်နေပါလေရော....။ညက ကျော်စိုးဟာ မူးမူးနဲ့ အခေါင်းထဲဝင်အိပ်လိုက်တာ နောက်နေ့ ညနေစောင်းမှ နိုးလာတာပါ။
 
အမတ်လောင်းစာရင်းလည်း မတင်ဖြစ်လိုက်ပါဘူး။ကျော်စိုး ကို မဲပေးချင်တဲ့ မဲဆန္ဒရှင်တွေက တောက်တခေါက်ခေါက်ပေါ့။
 
စိုပြေ
စက်တင်ဘာ - ၂၀
 
( Zawgyi )
 
ေ႐ြးေကာက္ပြဲနီးရင္ ဘာအထာလဲေတာ့မသိဘူး။ပါတီေတြဟာ ေဟးလားဟားလားနဲ႔ေလွ်ာက္သြား ေလွ်ာ္ေအာ္ေနၾကတာ အၿမဲတမ္းပဲ။နယ္ေတြဆိုရင္လည္း ဆိုင္ကယ္ေတြကိုယ္စီနဲ႔ အလံကိုယ္စီတပ္ၿပီး ေလွ်ာက္သြား၊ ေလွ်ာက္ေအာ္။ရန္ကုန္ဆိုရင္လည္း ဆိုက္ကားေတြနဲ႔ ကားေတြနဲ႔ ေလွ်ာက္သြား ေလွ်ာက္ေအာ္။အနီေရာ အစိမ္းေရာ စုံေနတာပါပဲ။အျခားအေရာင္ေတြကေတာ့ အားေပးသူနည္းလို႔လားေတာ့မသိဘူး။သိပ္မေတြ႕ရဘူး။ဒါေပမဲ့ သူတို႔လည္း ေလွ်ာက္သြားေနၾကတာပါပဲ။
 
ဘာလုပ္ၾကတာတုန္း ေမးၾကည့္ေတာ့။မဲဆြယ္တာတဲ့။ေအာ္...။မဲဆြယ္တယ္ဆိုတာ အဲ့လိုပဲ တူညီဝတ္စုံေလးေတြဝတ္၊ သီခ်င္းေတြဖြင့္ၿပီး လမ္းတကာပတ္ ဟန္ေရးျပရတာလား။
 
မဟုတ္ပါဘူးတဲ့။လူစုၿပီးေတာ့လည္း မဲဆြယ္စကား၊ ဘာလုပ္ေပးမယ္ ညာလုပ္ေပးမယ္ ဆိုတာေတြကိုလည္း ေျပာေပးရပါေသးသတဲ့။အခုက ကိုဗစ္နဲ႔မို႔ မဲဆြယ္စကားေျပာရင္ လူငါးဆယ္ထက္ပိုမစုဘူးဆိုလို႔ ေလွ်ာက္ပဲသြားေနတာတဲ့။
 
ေလွ်ာက္သြားတာေရာ ငါးဆယ္ေက်ာ္ရင္ အေရးမယူဘူးလားဆိုေတာ့ မယူပါဘူးတဲ့ ေဟာေျပာစည္း႐ုံးတာကိုပဲ ငါးဆယ္မေက်ာ္ရ သတ္မွတ္တာ။ေလွ်ာက္သြားတာကေတာ့ ရတယ္တဲ့။လူမ်ားေနလဲ ပါတီကေခၚတာမဟုတ္တဲ့ အျပင္လူေတြလို႔ ေျပာလိုက္႐ုံပဲတဲ့။
 
အခုက ကိုဗစ္နဲ႔ဆိုေတာ့ ရန္ကုန္မွာေတာ့ မဲသိပ္ဆြယ္လို႔မရဘူး။အခုရက္ပိုင္းဆို ပိုေတာင္ဆိုးေသးတယ္။ပိုးေတြ႕လူနာကလည္းမ်ား။ေသတဲ့လူကလည္းမ်ားဆိုေတာ့ ပါတီေတြ အကုန္ၿငိမ္ေနရတယ္။အဲ့ဒါလည္းေကာင္းပါတယ္။ရပ္ကြက္ထဲ နားမၿငီးေတာ့ဘူးေပါ့ေလ။အရင္ကဆို ဒီလိုဘယ္ဟုတ္မလဲ။ရပ္ကြက္ထဲမွာ ပါတီစုံရဲ႕ အသံေတြခ်ည္းပဲ။တစ္ပါတီက မၿပီးေသးဘူး။အျခားပါတီက လမ္းထိပ္မွာေစာင့္ေနၿပီ။တစ္ရက္လည္းမဟုတ္။ႏွစ္ရက္လည္းမဟုတ္။ေန႔စဥ္ရက္ဆက္ ေ႐ြးေကာက္ပြဲမၿပီး မခ်င္း ႏွစ္လေလာက္ကို နားဒုကၡခံခဲ့ၾကရတာ။
 
ရပ္ကြက္ထဲလာေတာ့လည္း ဘာမွေထြေထြထူးထူးလုပ္တာလည္းမဟုတ္ဘူး။သီခ်င္းဖြင့္ၿပီးကၾကမယ္။ေအာ္ၾကဟစ္ၾကမယ္။အမတ္ေလာင္းက မိုက္ကိုင္ၿပီး က်ေနာ္က ဘယ္သူပါ က်ေနာ့္ကို မဲေပးပါဆိုၿပီး ေျပာမယ္။ၿပီးရင္ ေနာက္တစ္လမ္းသြား။အဲ့အတိုင္းထပ္လုပ္။ းဘာမွလည္းမဟုတ္ဘူး။အမႈိက္ေလးဘာေလး ေကာက္သြားရင္ေတာင္ ေက်းဇူးတင္ဦးမယ္။
 
ဒီႏွစ္ေတာ့ ကိုဗစ္နဲ႔မို႔ အဲ့အသံေတြမၾကားရဘူး။မၾကားရေတာ့လည္း လြမ္းသလိုလို။ဘာလို႔လည္းဆိုေတာ့ ငါးႏွစ္လုံး ၿမိဳ႕နယ္ကိုယ္စားလွယ္ေတာ္ႀကီးေတြကို မေတြ႕ခဲ့ရဘူး။အခုလို မဲဆြယ္ခ်ိန္ေလးပဲေတြ႕ရတာ။ဒီႏွစ္ေတာ့ ေတြ႕ရမယ္မထင္ေတာ့ဘူး။သိပ္မရွင္းတာက မဲဆြယ္တယ္ဆိုတာ မဲေပးခါနီးမွ ဆြယ္ရတာလား။ၿပီးေတာ့ မဲဆြယ္တယ္ဆိုတာကေရာ ရပ္ကြက္ထဲ ေအာ္ဟစ္ခုန္ေပါက္ၿပီး ေလွ်ာက္သြား႐ုံနဲ႔ ဆြယ္ၿပီးသားျဖစ္ေရာလား။အဲ့လို ေအာ္ဟစ္ခုန္ေပါက္ေနတာကိုၾကည့္ၿပီး ျပည္သူေတြက ဒီအဖြဲ႕က သီခ်င္းေလးမဆိုး၊ ကတာေလး ေကာင္းတယ္ဆိုၿပီး မဲေပးေရာလား။
 
တကယ္ေတာ့ အဲ့လိုမဟုတ္ပါဘူး။ျပည္သူေတြရင္ထဲမွာ ဘယ္သူ႔ကိုမဲေပးမယ္။ဘယ္သူ႔ကိုမဲမေပးဘူးဆိုတာ ရွိၾကၿပီးသားပါ။ခဏေလး ကိုယ္ေယာင္ျပ႐ုံနဲ႔ေတာ့ စိတ္ေျပာင္းၿပီး မဲေပးမွာလည္း မဟုတ္ပါဘူး။လူတစ္ေယာက္ဆီက မဲရဖို႔ဆိုတာ အခ်ိန္ငါးႏွစ္ေက်ာ္လည္း ၾကာႏိုင္တယ္။ႏွစ္ငါးဆယ္ေက်ာ္လဲရွိႏိုင္တယ္။တစ္ရက္ႏွစ္ရက္ မဲဆြယ္လို႔ မဲေပးတာမ်ိဳးလည္း ရွိခ်င္ရွိမွာပါ။အဲ့ဒါကေတာ့ မသိနားမလည္သူေတြပဲျဖစ္လိမ့္မယ္။မသိနားမလည္သူေတြရဲ႕ မဲနဲ႔ ႏိုင္သြားတယ္ဆိုတာ သိကၡာလည္းမရွိပါဘူး။ထားပါေတာ့ေလ။အဓိကေျပာခ်င္တာကေတာ့ ကြၽန္ေတာ့္သူငယ္ခ်င္းရဲ႕ မဲဆြယ္နည္းေလးပါပဲ။
 
ကြၽန္ေတာ့္မွာ သူငယ္ခ်င္း ေက်ာ္စိုးဆိုတာရွိတယ္။ ၂၀၁၅ တုန္းက ဧရာဝတီတိုင္းထဲက ၿမိဳ႕တစ္ၿမိဳ႕မွာ ဝင္ၿပိဳင္တယ္။စိုေျပကိုယ္တိုင္ပဲ ဟိုက္ဂ်က္ကားတစီးေပၚ ေလာ္ေတြတင္ၿပီး သီခ်င္းေတြလိုက္ဖြင့္။လူေတြလိုက္စု။မဲေတြဆြယ္ေပးခဲ့ရတာေပါ့ေလ။ဒါေပမဲ့ အဲ့တုန္းက ေက်ာ္စိုး ခြက္ခြက္လန္ေအာင္ ရႈံးခဲ့ပါတယ္။ဘာလို႔ရႈံးလဲလို႔ ျပန္ဆန္းစစ္ၾကည့္ေတာ့....မဲမွ မရတာ။မရေတာ့ ရႈံးတာေပါ့။ဘာလို႔ မဲမရတာလဲဆိုေတာ့ သူ႔ကိုသိတဲ့လူ သိပ္မရွိဘူး။သူ႔ကိုသိတာ သူ႔႐ြာေလာက္ပဲသိတယ္။သူ႔႐ြာကလူေတြေတာင္ သူ႔ကိုၾကည့္ရတာမဟုတ္ဘူး။
ရန္ကုန္သြား၊ ဂ်ေလဘီလုပ္ေနတဲ့ေကာင္က အမတ္ျဖစ္ခ်င္လို႔ ႐ြာျပန္လာတယ္ဆိုၿပီးေတာ့ေတာင္ ေျပာၾကတာ။အဲ့ဒါကို ေက်ာ္စိုး ေတာ္ေတာ္ေလးမွတ္သြားတယ္။ရွက္လည္း ရွက္သြားပုံရတယ္။ ၂၀၁၅ ေ႐ြးေကာက္ပြဲရႈံးၿပီးေတာ့ ေက်ာ္စိုးဟာ ရန္ကုန္ခဏျပန္လာတယ္။ၿပီးေတာ့ သူငယ္ခ်င္းေတြဆီ အလႉခံေတာ့တာပဲ။႐ြာကလူေတြ နာေရးျဖစ္ရင္ အေရးေပၚျဖစ္ရင္သုံးဖို႔ လူနာတင္ယာဥ္ ဝယ္ဖို႔ဆိုၿပီး အလႉခံရတာပါ။ရလည္း ရပါတယ္။ၿပီးေတာ့ ျမဝတီတက္ ကားဝစ္ေသာက္ဝယ္။မိတ္ေဆြေတြအကူအညီနဲ႔ လမ္းေၾကာင္းရွင္း။ေနာက္ေတာ့ လူနာတင္ယာဥ္ျဖစ္။စံျပ ၾကက္ေျခနီဆု တစ္ခါရဖူးတဲ့ ေက်ာ္စိုးအတြက္ ေတာ္ေတာ္ေလးအဆင္ေျပသြားတယ္။
 
၂၀၁၆ ေလာက္ကတည္းက ေက်ာ္စိုးဟာ သူ႔နယ္ကိုျပန္သြားလိုက္တာ။ရန္ကုန္ကို ျပန္မလာျဖစ္ေတာ့ဘူး။လာရင္လည္း လူနာလာပို႔ ခဏပဲ။ၿပီးရင္ နယ္ျပန္။ေက်ာ္စိုးဟာ ပရဟိတနဲ႔ ေတာ္ေတာ္အက်ိဳးေပးပုံရတယ္။လူနာတင္ယာဥ္ေတြလည္း သုံးေလးစီးျဖစ္။ေနာက္ပိုင္း လူနာေတြကို ကူညီတာတင္မဟုတ္ေတာ့ဘူး။ေက်ာင္းမတက္ႏိုင္သူေတြ ေက်ာင္းထားေပးတာတို႔။ဘုန္းႀကီးေက်ာင္းေတြမွာ ဘာလိုလို လႉေပးတာတို႔။သူ႔ၿမိဳ႕နယ္အတြင္းမွာ ဘာပဲလိုလို သူ႔ကိုဖုန္းဆက္လိုက္။သူကူညီေပးတယ္။သူက ခ်မ္းသာလို႔လည္းမဟုတ္ပါဘူး။ဒါေပမဲ့ မိတ္ေဆြေပါတယ္။ေဖ့စ္ဘုတ္မွာ ဖရန႔္ေပါၿပီး ေဖာ္လိုဝါကလည္း မနည္းဘူး။ဒီေတာ့ အလႉခံလိုက္တာနဲ႔ တန္းရတာပဲ။ ၂ ႏွစ္ေလာက္ၾကာေတာ့ ေက်ာ္စိုး ကို သူ႔နယ္မွာမသိသူမရွိဘူး။ၾကားျဖတ္မွာ ဝင္အေ႐ြးခံဖို႔ေတာင္ တိုက္တြန္းလိုက္ေသးတယ္။ဒါေပမဲ့ ေက်ာ္စိုးဟာ ဝင္မၿပိဳင္ဘူး။ဘာလို႔လဲဆိုေတာ့ သူ႔ၿမိဳ႕နယ္မွာ လစ္လပ္တာမရွိေတာ့ ၾကားျဖတ္မလုပ္ဘူးေလ။ ၄ ႏွစ္ေလာက္လဲၾကာေရာ ေက်ာ္စိုးဟာ ဆရာႀကီးျဖစ္ေနၿပီ။ပရဟိတလုပ္ငန္းခြဲေတြေတာင္ ဖြဲ႕ထားေသးတယ္။အခု ၂၀၂၀ လည္းက်ေရာ ကိုဗစ္က ထျဖစ္ေရာ။အဲ့ေတာ့ ေက်ာ္စိုးဟာ ပိုလို႔ေတာင္ နာမည္ႀကီးလာေသးတယ္။ၿမိဳ႕ကိုကာကြယ္ရ၊ ကြာရန္တင္းဝင္သူေတြကို ေစာင့္ေရွာက္ရ။ဒီလိုနဲ႔ ေ႐ြးေကာက္ပြဲကလည္းနီးလာေရာ...။ေက်ာ္စိုး ကို ပါတီတိုင္းကေခၚၾကတယ္။သူ႔ဆီမွာလာၿပိဳင္ပါ။အကုန္စီစဥ္ေပးပါမယ္။အခ်ိဳ႕ပါတီေတြဆို ေထာက္ပံ့ေၾကးပါေပးဦးမတဲ့။ေက်ာ္စိုး ၿပိဳင္ရင္ ႏိုင္မယ္ဆိုတာ ေသခ်ာေနတာကိုး။ရပ္မိရပ္ဖေတြကလည္း ေက်ာ္စိုး ၿပိဳင္ရင္ ႏိုင္မွာဆိုၿပီး မွတ္ခ်က္ေပးၾကတယ္။႐ြာေတြကလည္း ေက်ာ္စိုးကိုပဲ မဲထည့္မယ္တဲ့။ဒါေပမဲ့ ေက်ာ္စိုးဟာ ပါတီတိုင္းကို ျငင္းလိုက္ပါတယ္။က်ေနာ္ ပါတီေလာင္းရိပ္ေအာက္မွာ မေနခ်င္ဘူး။လက္ညႇိးေထာင္ေခါင္းညႇိတ္လည္း မလုပ္ႏိုင္ဘူးတဲ့။ဒီလိုနဲ႔ တစ္သီးပုဂၢလဝင္ၿပိဳင္ဖို႔ လုပ္ေတာ့တာပဲ။တစ္သီးပုဂၢလဝင္ၿပိဳင္လည္း ေက်ာ္စိုး က အႏိုင္ေသခ်ာေနတာပဲေလ။အျခားလူေတြကေတာင္ ေက်ာ္စိုးနဲ႔ကပ္ၿပီး ၿပိဳင္ခ်င္ေသးတယ္။တိုင္းေဒသႀကီးလႊတ္ေတာ္တို႔ အမ်ိဳးသားလႊတ္ေတာ္တို႔အတြက္ေပါ့။ဒါေပမဲ့ ေက်ာ္စိုး က ဘယ္သူနဲ႔မွမေရာဘူးရယ္။က်ေနာ္ သီးသန႔္ေလးပဲ ၿပိဳင္ခ်င္လို႔ပါ ဆိုၿပီး ေတာင္းပန္တယ္။
 
ကြၽန္ေတာ္ေျပာခ်င္တာကေတာ့ ေက်ာ္စိုးလို လုပ္ၾကပါ။မဲေပးခါနီးမွ အေျပးအလႊားေလး က်ေနာ့္ကိုမဲထည့္ပါဆိုၿပီး မဆြယ္ၾကပါနဲ႔။ပလန္ကိုႀကိဳခ်ၿပီး ရပ္႐ြာအက်ိဳးကို 
ႀကိဳလုပ္ပါ။ဒါဆိုရင္ သင္ဟာ ထူးထူးေထြ မဲဆြယ္ေနစရာမလိုေတာ့ပါဘူး။လုပ္ခဲ့သမွ် အလုပ္တိုင္းဟာ သင့္ကို မဲဆြယ္ၿပီးသားျဖစ္ေနတာပါပဲ။ဒါေပမဲ့ ဘယ္ေလာက္ပဲ အႏိုင္ေသခ်ာပါေစ...။ကံတရားကလည္း ရွိပါေသးတယ္။ကံဆိုကေတာ့ အလုပ္ေပါ့ေလ။
 
ေက်ာ္စိုးဟာ အမတ္ေလာင္းစာရင္းတင္ဖို႔ တစ္ရက္အလိုအထိ စာရင္းသြားမတင္ေသးပါဘူး။အျခားေသာ ပါတီေခါင္းေဆာင္ေတြလို ေနာက္ဆုံးရက္မွတင္မယ္ဆိုၿပီး စတန႔္ထြင္ပါတယ္။ၿပီးေတာ့ သူဟာ အႏိုင္ေသခ်ာၿပီလို႔ တြက္တဲ့အတြက္ အမတ္ေလာင္းစာရင္းမတင္ခင္ တစ္ရက္အလိုမွာ ေပ်ာ္ပြဲ႐ႊင္ပြဲေလးေတာင္ လုပ္လိုက္ပါေသးတယ္။ကိုဗစ္ဒုတိယလႈိင္း မလာခင္ေလးေပါ့ေလ
လူေတြကလည္း ကိုဗစ္ကာလ ၿငိမ္ေနရတာၾကာေတာ့ ေပ်ာ္ခ်င္တာေပါ့။ဒီလိုနဲ႔ ေက်ာ္စိုးနဲ႔ သူ႔တပည့္ေတြ၊ အေပါင္းအသင္းေတြဟာ ၾသဂုတ္လ ၆ ရက္ ညဦးပိုင္းမွာ ၾကက္သားေတြခ်က္၊ ဘီယာေတြ အရက္ေတြေသာက္လိုက္ၾကတာ တစ္ညလုံးပါပဲ။မနက္လင္းခါနီးမွ မူးမူးနဲ႔အိပ္ေပ်ာ္သြားတယ္လို႔ ဆိုပါတယ္။ေနာက္ေန႔မွာ သူတို႔ပရဟိတအသင္းကို ဆက္သြယ္တဲ့ နာေရးေတြ၊ လူနာေတြလည္း မရွိပါဘူး။
 
ေက်ာ္စိုး တပည့္ေတြဟာ ၾသဂုတ္ ၇ ရက္ ေန႔လည္ ၁၂ နာရီေလာက္မွာ ႏိုးလာပါတယ္။ႏိုးေတာ့ သူတို႔ဆရာ ေက်ာ္စိုး ကို မေတြ႕ပါဘူး။တပည့္ေတြကေတာ့ ေက်ာ္စိုးဟာ ခ႐ိုင္႐ုံးကိုသြားၿပီး အမတ္ေလာင္းစာရင္း သြားသြင္းၿပီလို႔ ထင္ၾကပုံပါပဲ။အဲ့ဒါက အေရးႀကီးကိစၥကိုး။ညေနအထိ ေက်ာ္စိုး ျပန္မလာေတာ့လည္း ခ႐ိုင္ၿမိဳ႕ႀကီးမွာ အေပါင္းအသင္းေတြနဲ႔ ေတြ႕ေနတယ္လို႔ပဲ ထင္ၾကပါတယ္။ဒါေပမဲ့ ညေနေစာင္းမွာ အသင္းပိုင္ အေခါင္းတစ္ခုထဲကေန အသံထြက္လာလို႔ သြားၾကည့္လိုက္ေတာ့ ေက်ာ္စိုး ျဖစ္ေနပါေလေရာ....။ညက ေက်ာ္စိုးဟာ မူးမူးနဲ႔ အေခါင္းထဲဝင္အိပ္လိုက္တာ ေနာက္ေန႔ ညေနေစာင္းမွ ႏိုးလာတာပါ။
 
အမတ္ေလာင္းစာရင္းလည္း မတင္ျဖစ္လိုက္ပါဘူး။ေက်ာ္စိုး ကို မဲေပးခ်င္တဲ့ မဲဆႏၵရွင္ေတြက ေတာက္တေခါက္ေခါက္ေပါ့။
 
စိုေျပ
စက္တင္ဘာ - ၂၀