【 သရော်စာ 】 “ကိုဗစ် နေ့စွဲများ”

【 သရော်စာ 】 “ကိုဗစ် နေ့စွဲများ”

ကျွန်တော်တို့ မျက်လုံးချင်းစကားပြောနေကြပြီ။

ထိုသို့အစချီထားသဖြင့် မောင်ဗြိတစ်ယောက် မိန်းမ မပါလာလာချိန် ဘယ်ဟာမလေးနဲ့ မျက်လုံးချင်းစကားပြောနေပါလိမ့်ဟု အထင်တကြီးမတွေးပါနှင့်။ကျွန်တော့်လို ပူစီဖောင်းကို မျက်မှန်တပ်ပေးထားသည့်ရုပ်ကို ဘယ်ဟာမလေးကမှလည်း မျက်လုံးချင်းစကားပြောလိမ့်မည်မဟုတ်။
ပြောချင်းပြော ကျွန်တော့လိုကောင်အား သက်ဆိုင်ရာကသာ စကားပြောပေလိမ့်မည်။ယခု ကျွန်တော်နှင့် မျက်လုံးချင်းစကားပြောနေသည့်သူမှာ ကိုသောင်းအေး ဖြစ်သည်။

တိတိကျကျပြောရလျှင် YBS ၂၂ ဘတ်စ်ကားဒရိုင်ဘာ ကိုသောင်းအေး ဖြစ်သည်။ကျွန်တော် ကားပေါ်တက်တက်ချင်းပင် ကိုသောင်းအေး က မျက်လုံးချင်းစကားစပြောတော့သည်။ကျွန်တော်သည် ဒီအချိန် ဒီမှတ်တိုင်တွင် စီးနေကျဖြစ်သဖြင့် ကိုသောင်းအေးကားနှင့် အမြဲလိုလိုဆုံသည်။

''ရှေ့ကပုံးထဲကို ယာဉ်စီးခလေးများထည့်သွားကြပါ'' ဒါက ကိုသောင်းအေး ကားပေါ်ခရီးသည်တက်လာတိုင်း ပြောနေကျစကား။အခုတော့ ကိုသောင်းအေး အသံ မကြားရ။တက်လာသမျှ ခရီးသည်တိုင်းကို ကိုသောင်းအေး က မျက်လုံးဖြင့်သာစကားပြောနေသည်။အခု ကျွန်တော့်ကိုလည်း ကိုသောင်းအေး က မျက်လုံးဖြင့်စကားပြောသည်။အရင်ကလို ပုံးထဲသို့ငွေထည့်ရမည်ကို ကျွန်တော်သိပါသည်။သို့သော်ငြား ပြဿနာက ကျွန်တော့်တွင် ပါလာသည်က တစ်ထောင်တန်ကြီး။အရင်ကဆို နှစ်ရာတန်အကြွေ ဆောင်လာနေကျဖြစ်သော်လည်း ဒီနေ့တော့ မနက်ကတည်းက ပြဿနာတွေကြုံနေရသည့်အတွက် အကြွေဆောင်လာဖို့ မေ့သွားသည်ကိုး။အခုတော့ ဘယ်လိုလုပ်ကြမည်နည်း။အမ်းမည့် စပယ်ရာကမရှိ။ပုံးကြီးကိုဖွင့်ပြီး အမ်းဖို့ကလည်းမဖြစ်နိုင်။ကိုသောင်းအေး ကို ကျွန်တော်မျက်ရိပ်ပြပြီး တစ်ထောင်တန်ကြီး ထောင်ပြလိုက်သည်။
သူကခေါင်းကုတ်ပြသည်။ပြီးတော့ ကျွန်တော့်ကို ကားအတွင်းထဲသို့ မေးငေါ့ပြသည်။အင်း .. အကြွေမပါလို့ ငါ့ကိုအလကားပေးစီးတယ်ဟဟု ကိုသောင်းအေး၏ အိုင်းလန်းဂွေ့ကို ကျွန်တော် ဘာသာပြန်မိလိုက်သည်။ထို့ကြောင့် သူ့ကိုပြုံးပြပြီး သူ့နောက်က လွတ်နေသောခုံတွင် ၀င်ထိုင်လိုက်၏။

သို့သော် … ကျွန်တော်၏ ကျေးဇူးတင်အပြုံးတို့ကိုလည်း ကိုသောင်းအေး မြင်မည်မထင်ပါ။တော်တော်သဘောကောင်းသည့် ကိုသောင်းအေး။ကျွန်တော်ကြည်နူးလို့မှ မဆုံးခင် .. ကားနောက်ကြည့်မှန်ထဲမှ ကျွန်တော့်ကိုပြူးပြီးကြည့်နေသော ကားဆရာ ကိုသောင်းအေး၏ မျက်လုံးကြီးနှင့် ရင်ဆိုင်လိုက်ရသည်။ကိုသောင်းအေး ဘာကိုပြူးပြသနည်း။ကျွန်တော်နှင့် မျက်လုံးချင်းဆုံသည်နှင့် သူ့ကားထောင့်ကို မျက်စပစ်ပြပြန်သည်။အလို..ကားထောင့်မှာလည်း သံတုတ်ကြီးပါတကား။ကျွန်တော်လည်း ဘာမှမသိသည့်ပုံစံဖြင့် မျက်လုံးလေးကလယ်ကလယ်နှင့် ပခုံးတွန့်ပြမိသည်။
နောက်ဆုံးတော့ ကိုသောင်းအေးသည် သူ့နှာခေါင်းနှင့် ပါးစပ်တွင် စွပ်ထားသော မျက်နှာဖုံးကို ဆွဲဖြုတ်လိုက်ပြီး ကျွန်တော့်ကို ယခုလိုယဉ်ကျေးစွာပြောတော့သည်။

''ဟ .. ငပိန်းကောင်ရ .. မင်းလို တစ်ထောင်တန်ထောင်ပြတိုင်းသာ အလကားပေးစီးရရင် .. ငါတို့ ဒေဝါလီခံသွားရလိမ့်မယ် .. ငါဆိုလိုတာက .. နောက်တက်လာတဲ့သူတွေဆီက စောင့်ပြီးငွေအမ်းလို့ပြောတာ .. လခွမ်းထဲမှ ဘယ်လိုကောင်နဲ့လာတွေ့နေမှန်းမသိဘူး .. ငါ့အရင်စိတ်နဲ့ဆို မင်းသံတုတ်စာပဲ .. နောက်တစ်ခုရှိသေးတယ် .. ဒီမှာလက်ဆေးရည်ဘူး .. နောက်ကားပေါ်တက်ရင် လက်ဆေးရမယ်ကွ'' ကျွန်တော်သဘောပေါက် နားလည်လိုက်ပါပြီ။ဒါမှသဘောမပေါက်လျှင်လည်း ကျွန်တော့်ကို ကိုသောင်းအေး က မျက်လုံးချင်းစကားပြောတော့မည်မဟုတ်။မထသ စပယ်ရာဘ၀မှ ဒရိုင်ဘာဘ၀သို့ ပြောင်းလာရသော ကိုသောင်းအေး၏ သံတုတ်ကြီးနှင့် ကျွန်တော့်နဖူးတို့ စကားပြောရမည်မှာ မြေကြီးလက်ခတ်မလွဲ။

မကြာမီအချိန်တွင် ကျွန်တော်လည်း ကိုသောင်းအေး ဘေးကပုံးလေးထဲ တစ်ထောင်တန်ထည့်ပြီးသည် ကား‌ပေါ်တွင်ထားပေးသည့် ဟန်းဂျယ်ဗူးကလေးဖြင့် လက်ဆေးရပါသည်။လက်ဆေးပြီးသည်နှင့် ကားအတက်ပေါက်လေးတွင် မတ်တပ်ရပ်ကာ နှစ်ရာတန်ပုံးထဲထည့်မည့် ခရီးသည်အကိုအမများထံမှ အကြွေရှစ်ရာမပြည့်မခြင်း ထိုင်သိမ်းရင်း ကိုသောင်းအေး ကိုယ်စား လက်ဆေးရန်ပြောပြီး ကိုယ်တိုင်လည်း လက်ဆေးလိုက်ဖြင့် အလုပ်များရပါတော့သည်။

ဒီကနေ့သည် … တော်တော်အဆင်မပြေသည့်နေ့။အဆင်မပြေသည်မှ မနက်ကတည်းကပင်။မနက်မိုးလင်းပြီဆိုကတည်းက ထူးထူးခြားခြား ကျွန်တော့်ပတ်၀န်းကျင်တွင် အပြုံးများပျောက်ဆုံးကုန်သည်။ကျွန်တော်က မနက်စောစော စာထရေးတတ်သူမို့ အိပ်ရာထစောသည်။
ကျွန်တော်စာရေးနေသည့်အချိန်တွင် ကျွန်တော့်လေဒီက နိုးလာပြီး ကျွန်တော်စာရေးသည့် အခန်းထဲသို့လာကာ ဒီနေ့ဘယ်သွားစရာရှိသေးလဲ။ဘာချက်ရမလဲဆိုသည်တို့ကို လာမေးနေကျ။အခုမနက်တော့ … ကျွန်တော်၏ ချစ်လှစွာသော မဒမ်ဗြိသည် ကျွန်တော်စာရေးသည့် အခန်း၀တွင် မျက်နှာကို ခွဲစိတ်ခန်းသုံး မျက်နှာဖုံးအစိမ်းကြီးအုပ်ပြီး လာမတ်တပ်ရပ်နေသည်။ကျွန်တော့်မိန်းမ၏ အလှကားမျက်နှာဖုံးအုပ်လိုက်မှ ပိုလှသွားချေတော့သည့်တကား။မျက်နှာဖုံးအုပ်ထားသော ဇနီး၏အလှကို ကြာရှည်မခံစားနိုင်အား။ယောင်္ကျားတို့ ၀တ္တရားရှိသည့်အတိုင်း စိုက်ကြည့်လျှင် အလိုက်သိရပါမည်။ထို့ကြောင့် မနက်စာအတွက် အီကြာကွေး၊ လက်ဘက်ရည်၀ယ်ရန် လက်ဘက်ရည်ဆိုင်သို့ ထွက်လာခဲ့ရပြန်သည်။လမ်းတစ်လျှောက်တွင်လည်း ဒီနှယ့်ဒီလိုတွေ ကြုံရပြန်၏။လမ်းထိပ် ကားရေဆေးဆီထိုးဆိုင်မှ နှုတ်ဆက်ပြုံးပြနေကျ ကိုဖက်တီး၏ နှုတ်ဆက်အပြုံးကိုလည်း မမြင်ရ။ကွမ်းယာသည် အန်တီအေး၏ လောကွတ်အပြုံးကိုလည်း မတွေ့ရ။လက်ဘက်ရည်ဆိုင်မှ အဖျော်ဆရာ ကိုကျော်အေး၏ ခပ်ယဲ့ယဲ့အပြုံးပင် ဒီနေ့မှာပျောက်ဆုံးလျက်။

ကျွန်တော် သိသမျှလူတွေကို လိုက်ကြည့်ကြည့်သည်။အားလုံးက မျက်လုံးချင်းသာ စကားပြောနေကြသည်။ပါးစပ်တွေ နှာခေါင်းတွေ သူတို့မျက်နှာပေါ်က ပျောက်ကုန်ကြပြီ။အကုန်လုံးမျက်နှာဖုံးကိုယ်စီနှင့်။ဘယ့်နှယ့် .. တစ်မြို့လုံး ဟိုဖေ့ဘွတ်ကဆရာမလေးကို အားကျပြီး မျက်နှာဖုံးတွေရဲ့အောက် ရောက်ကုန်တာလား။

ကမ္ဘာပတ်လည် ရက်ရှစ်ဆယ်နှင့် ပတ်နေသော ကိုဗစ်သည် ကျွန်တော်တို့ဆီရောက်ခဲ့ပြီ။တတ်နိုင်သူတွေက ရသလောက်၀ယ်ပြီး အိမ်တွင်းပုန်းလို့ရချိန်‌တွင် ကျွန်တော်တို့ ဆင်းရဲသားရပ်ကွက်ကား အိမ်တွင်းပုန်းလို့မရသေး။နေ့သွင်းတွေရှိသည်။ဈေးရင်းတွေရှိသည်။တစ်နေ့လုပ်မှ တစ်နေ့စားကြရမည့်သူတွေရှိသည်။ထို့ကြောင့် မျက်နှာဖုံးလေးများစွပ်၊ လက်ကလေးများ နာနာဆေးကြရုံသာ။အရင်က တစ်ခု နှစ်ရာတန် မျက်နှာဖုံးတွေက တစ်ခု တစ်ထောင်ဖြင့်ပင် ရှာမရတော့သောကြောင့် မျက်နှာဖုံးတပ်ထားသော အဖျော်ဆရာကို မျက်နှာဖုးစွပ် ဘယ်မှာရမလဲ သွားမေးကြည့်သည်။

''ဒီလိုပဲပေါ့ဗျာ .. ကြံဖန်ရတာပေါ့ .. ကျွန်တော့်ဆီက စားပွဲထိုး မောင်အေး မနက်က ဂျမခါနာအမျိုးသမီးဆေးရုံကို လက်ဘက်ရည်သွားပို့ရင်း မွေးခန်းဘေးက ကောက်လာပေးတာလေ … အပိုတွေရှိသေးတယ် .. ယူမလား .. ဟေ့ .. မောင်အေး .. မနက်ကကောက်လာတဲ့ဟာတွေရှိသေးတယ် မှတ်လား .. ဒီမှာ ကိုဗြိကို .. တစ်စုံ …''

''ဟာ .. ဟေ့ဟေ့ .. နေနေ .. နေပါစေ .. ကျွန်တော့်ဟာ ကျွန်တော် ရှာ၀ယ်လိုက်ပါ့မယ် .. ရော့ .. ဒီမှာလက်ဘက်ရည်နဲ့ အီကြာကွေးဖိုး .. လစ်ပြီဗျိုး''

မွေးခန်းဘေးမှ မျက်နှာဖုံးနှင့် လက်အိတ်ရန်ကို အလွတ်ရှောင်နိုင်ခဲ့သည့် ကျွန်တော့်မှာ မနက်စာစားပြီးသည်နှင့် မျက်နှာဖုံးရှာပုံတော်ဖွင့်ရန် ယခုလို YBS ပေါ် ရောက်ခဲ့ရခြင်းပေတည်း။

မကြာမီ ကားပေါ်သို့ အန်တီကြီးသုံးယောက် တက်လာသည်။သူတို့ကား ကျွန်တော်လိုပင် မျက်နှာဖုံးမပါ။မျက်နှာဖုံးမပါသဖြင့် … မျက်လုံးချင်းစကားမပြောကြ။ပါးစပ်ဖြင့်ပင် စကားပြောကြတော့၏။

''ရိုးရိုးမျက်နှာဖုံးတွေက စိတ်မချရဘူး … N95 ဆိုလား .. အဲ့ဒါမှတဲ့''

''တမာရွက်စားရင် ပျောက်တယ်တဲ့''

''ဆရာတော်ကြီး အိပ်မက်အရ ဇီးသီးနဲ့ သံပုရာသီး တင်ရမယ်တဲ့"

"အိမ်ကဟာကြီးကတော့ အရက်သောက်ရင် ပျောက်တယ်ဆိုပြီး မိုးလင်းထဲက ကစ်နေတာ"

အလိုလေး … ဒီတစ်ခုတော့ ငါနဲ့ကိုက်ပြီဟ .. ဟု တွေးကာ တံတွေးပင်မြိုချမိယုံရှိသေး အန်တီကြီးတို့၏စကားကား မပြီးသေး။

"အစိုးရကလည်း ရောဂါကူးစက်သူစာရင်း ကြေညာလိုက်ရင် ညသန်းခေါင်မှချည်းပဲ"

"အေးလေ .. ဒီကြားထဲ ပြောရေးဆိုခွင့်ရှိသူဆိုတဲ့ အဒေါ်ကြီးကလည်း ချဲဂဏန်း အတိတ်စိမ်းပေးသလို ညညဆို ဖေ့ဘွတ်ပေါ်တက်ပေးသေး။သူ့ကိုယ်သူ သီရိဒုံ ထင်လားမသိ"

"အေးဟယ် ရောဂါသတင်းစောင့်နေပါတယ်ဆို ပြန်ကြားရေး၀န်ကြီးဌာနက ည ၁၂ နာရီအတိမှာ တင့်ကားကြီးတွေ၊ သေနတ်ကြီးတွေပုံနဲ့ တပ်မတော်နေ့အား ဂုဏ်ပြုပါသည်ဆိုတာချည်း တက်လာတော့ လူတွေကိုရင်ထိတ်သွားတာပဲ၊ ဗိုင်းရပ်စ်ထက် ဆိုးတော့မှာလားလို့"

"ဒီပိုးက နိုင်ငံခြားကပြန်လာတဲ့သူတွေဆီကချည်းကူးတာ။အောင်မယ်လေး .. သူတို့ကလည်းနော် .. ဒီအချိန်ကျမှ"

ဒီစကားဝိုင်းထဲ ကျွန်တော်၀င်မပါလို့ မဖြစ်တော့။

"ဒီမယ် အန်တီတို့ .. ခုချိန်က တစ်ကမ္ဘာလုံးရင်ဆိုင်နေတဲ့ ကပ်ရောဂါပါ။ဒီအချိန်မှာ တစ်ယောက်နဲ့ တစ်ယောက် ဘယ်သူ့ကိုမှအပြစ်မတင်ကြဘဲ စည်းစည်းလုံးလုံးနဲ့ ရင်ဆိုင်ရမယ့်အချိန်ပါ အန်တီတို့ .. အစိုးရပြည်သူတပ်မတော် အတိုက်အခံရန်ဖြစ်နေမယ့်အချိန် မဟုတ်ဘူးဆိုတာ အန်တီတို့ သတိပြုပါ။နိဂုံးချုပ်ပြောချင်တာကတော့ အားလုံးလက်ဆေးကြပါ .. အန်တီတို့" ကျွန်တော်က ခပ်တည်တည်နဲ့ မိန့်ခွန်းချွေအပြီးမှာ အန်တီကြီးသုံးယောက် ခဏငြိမ်သက်သွားသည်။

ပြီးတော့မှ ကျွန်တော့်ကို ပြန်ပြောလိုက်သောစကားကြောင့် ကျွန်တော့်မှာ ဘတ်စ်ကားပေါ်မှ ဆင်းပြေးခဲ့ရလေတော့သတည်း။

အန်တီမမတို့၏ ပြောစကားမှာကား …. ''နင်ပြောတာကိုလက်ခံပါတယ် .. ဒါပေမယ့် .. ငါတို့အသက်က အခုမှလေးဆယ်ကျော်ပဲရှိသေးတယ် .. နင့်မျက်ခွက်ကြီးနဲ့ အန်တီလို့ခေါ်တာ ငါတို့ကိုခပ်စိမ်းစိမ်းခေါ်တာပဲ .. မသကာ အမလို့ခေါ်ချင်ခေါ်ပါ့ .. ဒီခေတ်ကြီးမှာ အခေါ်အဝေါ်မတတ်ရင် တရားစွဲခံရနိုင်တယ်ဆိုတာ နင်မသိတာလား။

ကိုရိုနာ ဘေးကင်းဝေးကြစေတမုံ။

ဗြိတိသျှကိုကိုမောင်
ဧပြီ - ၅
( Zawgyi )
ကြၽန္ေတာ္တို႔ မ်က္လုံးခ်င္းစကားေျပာေနၾကၿပီ။

ထိုသို႔အစခ်ီထားသျဖင့္ ေမာင္ၿဗိတစ္ေယာက္ မိန္းမ မပါလာလာခ်ိန္ ဘယ္ဟာမေလးနဲ႔ မ်က္လုံးခ်င္းစကားေျပာေနပါလိမ့္ဟု အထင္တႀကီးမေတြးပါႏွင့္။ကြၽန္ေတာ့္လို ပူစီေဖာင္းကို မ်က္မွန္တပ္ေပးထားသည့္႐ုပ္ကို ဘယ္ဟာမေလးကမွလည္း မ်က္လုံးခ်င္းစကားေျပာလိမ့္မည္မဟုတ္။
ေျပာခ်င္းေျပာ ကြၽန္ေတာ့လိုေကာင္အား သက္ဆိုင္ရာကသာ စကားေျပာေပလိမ့္မည္။ယခု ကြၽန္ေတာ္ႏွင့္ မ်က္လုံးခ်င္းစကားေျပာေနသည့္သူမွာ ကိုေသာင္းေအး ျဖစ္သည္။

တိတိက်က်ေျပာရလွ်င္ YBS ၂၂ ဘတ္စ္ကားဒ႐ိုင္ဘာ ကိုေသာင္းေအး ျဖစ္သည္။ကြၽန္ေတာ္ ကားေပၚတက္တက္ခ်င္းပင္ ကိုေသာင္းေအး က မ်က္လုံးခ်င္းစကားစေျပာေတာ့သည္။ကြၽန္ေတာ္သည္ ဒီအခ်ိန္ ဒီမွတ္တိုင္တြင္ စီးေနက်ျဖစ္သျဖင့္ ကိုေသာင္းေအးကားႏွင့္ အၿမဲလိုလိုဆုံသည္။

''ေရွ႕ကပုံးထဲကို ယာဥ္စီးခေလးမ်ားထည့္သြားၾကပါ'' ဒါက ကိုေသာင္းေအး ကားေပၚခရီးသည္တက္လာတိုင္း ေျပာေနက်စကား။အခုေတာ့ ကိုေသာင္းေအး အသံ မၾကားရ။တက္လာသမွ် ခရီးသည္တိုင္းကို ကိုေသာင္းေအး က မ်က္လုံးျဖင့္သာစကားေျပာေနသည္။အခု ကြၽန္ေတာ့္ကိုလည္း ကိုေသာင္းေအး က မ်က္လုံးျဖင့္စကားေျပာသည္။အရင္ကလို ပုံးထဲသို႔ေငြထည့္ရမည္ကို ကြၽန္ေတာ္သိပါသည္။သို႔ေသာ္ျငား ျပႆနာက ကြၽန္ေတာ့္တြင္ ပါလာသည္က တစ္ေထာင္တန္ႀကီး။အရင္ကဆို ႏွစ္ရာတန္အေႂကြ ေဆာင္လာေနက်ျဖစ္ေသာ္လည္း ဒီေန႔ေတာ့ မနက္ကတည္းက ျပႆနာေတြႀကဳံေနရသည့္အတြက္ အေႂကြေဆာင္လာဖို႔ ေမ့သြားသည္ကိုး။အခုေတာ့ ဘယ္လိုလုပ္ၾကမည္နည္း။အမ္းမည့္ စပယ္ရာကမရွိ။ပုံးႀကီးကိုဖြင့္ၿပီး အမ္းဖို႔ကလည္းမျဖစ္ႏိုင္။ကိုေသာင္းေအး ကို ကြၽန္ေတာ္မ်က္ရိပ္ျပၿပီး တစ္ေထာင္တန္ႀကီး ေထာင္ျပလိုက္သည္။
သူကေခါင္းကုတ္ျပသည္။ၿပီးေတာ့ ကြၽန္ေတာ့္ကို ကားအတြင္းထဲသို႔ ေမးေငါ့ျပသည္။အင္း .. အေႂကြမပါလို႔ ငါ့ကိုအလကားေပးစီးတယ္ဟဟု ကိုေသာင္းေအး၏ အိုင္းလန္းေဂြ႕ကို ကြၽန္ေတာ္ ဘာသာျပန္မိလိုက္သည္။ထို႔ေၾကာင့္ သူ႔ကိုၿပဳံးျပၿပီး သူ႔ေနာက္က လြတ္ေနေသာခုံတြင္ ၀င္ထိုင္လိုက္၏။

သို႔ေသာ္ … ကြၽန္ေတာ္၏ ေက်းဇူးတင္အၿပဳံးတို႔ကိုလည္း ကိုေသာင္းေအး ျမင္မည္မထင္ပါ။ေတာ္ေတာ္သေဘာေကာင္းသည့္ ကိုေသာင္းေအး။ကြၽန္ေတာ္ၾကည္ႏူးလို႔မွ မဆုံးခင္ .. ကားေနာက္ၾကည့္မွန္ထဲမွ ကြၽန္ေတာ့္ကိုျပဴးၿပီးၾကည့္ေနေသာ ကားဆရာ ကိုေသာင္းေအး၏ မ်က္လုံးႀကီးႏွင့္ ရင္ဆိုင္လိုက္ရသည္။ကိုေသာင္းေအး ဘာကိုျပဴးျပသနည္း။ကြၽန္ေတာ္ႏွင့္ မ်က္လုံးခ်င္းဆုံသည္ႏွင့္ သူ႔ကားေထာင့္ကို မ်က္စပစ္ျပျပန္သည္။အလို..ကားေထာင့္မွာလည္း သံတုတ္ႀကီးပါတကား။ကြၽန္ေတာ္လည္း ဘာမွမသိသည့္ပုံစံျဖင့္ မ်က္လုံးေလးကလယ္ကလယ္ႏွင့္ ပခုံးတြန္႔ျပမိသည္။
ေနာက္ဆုံးေတာ့ ကိုေသာင္းေအးသည္ သူ႔ႏွာေခါင္းႏွင့္ ပါးစပ္တြင္ စြပ္ထားေသာ မ်က္ႏွာဖုံးကို ဆြဲျဖဳတ္လိုက္ၿပီး ကြၽန္ေတာ့္ကို ယခုလိုယဥ္ေက်းစြာေျပာေတာ့သည္။

''ဟ .. ငပိန္းေကာင္ရ .. မင္းလို တစ္ေထာင္တန္ေထာင္ျပတိုင္းသာ အလကားေပးစီးရရင္ .. ငါတို႔ ေဒဝါလီခံသြားရလိမ့္မယ္ .. ငါဆိုလိုတာက .. ေနာက္တက္လာတဲ့သူေတြဆီက ေစာင့္ၿပီးေငြအမ္းလို႔ေျပာတာ .. လခြမ္းထဲမွ ဘယ္လိုေကာင္နဲ႔လာေတြ႕ေနမွန္းမသိဘူး .. ငါ့အရင္စိတ္နဲ႔ဆို မင္းသံတုတ္စာပဲ .. ေနာက္တစ္ခုရွိေသးတယ္ .. ဒီမွာလက္ေဆးရည္ဘူး .. ေနာက္ကားေပၚတက္ရင္ လက္ေဆးရမယ္ကြ'' ကြၽန္ေတာ္သေဘာေပါက္ နားလည္လိုက္ပါၿပီ။ဒါမွသေဘာမေပါက္လွ်င္လည္း ကြၽန္ေတာ့္ကို ကိုေသာင္းေအး က မ်က္လုံးခ်င္းစကားေျပာေတာ့မည္မဟုတ္။မထသ စပယ္ရာဘ၀မွ ဒ႐ိုင္ဘာဘ၀သို႔ ေျပာင္းလာရေသာ ကိုေသာင္းေအး၏ သံတုတ္ႀကီးႏွင့္ ကြၽန္ေတာ့္နဖူးတို႔ စကားေျပာရမည္မွာ ေျမႀကီးလက္ခတ္မလြဲ။

မၾကာမီအခ်ိန္တြင္ ကြၽန္ေတာ္လည္း ကိုေသာင္းေအး ေဘးကပုံးေလးထဲ တစ္ေထာင္တန္ထည့္ၿပီးသည္ ကား‌ေပၚတြင္ထားေပးသည့္ ဟန္းဂ်ယ္ဗူးကေလးျဖင့္ လက္ေဆးရပါသည္။လက္ေဆးၿပီးသည္ႏွင့္ ကားအတက္ေပါက္ေလးတြင္ မတ္တပ္ရပ္ကာ ႏွစ္ရာတန္ပုံးထဲထည့္မည့္ ခရီးသည္အကိုအမမ်ားထံမွ အေႂကြရွစ္ရာမျပည့္မျခင္း ထိုင္သိမ္းရင္း ကိုေသာင္းေအး ကိုယ္စား လက္ေဆးရန္ေျပာၿပီး ကိုယ္တိုင္လည္း လက္ေဆးလိုက္ျဖင့္ အလုပ္မ်ားရပါေတာ့သည္။

ဒီကေန႔သည္ … ေတာ္ေတာ္အဆင္မေျပသည့္ေန႔။အဆင္မေျပသည္မွ မနက္ကတည္းကပင္။မနက္မိုးလင္းၿပီဆိုကတည္းက ထူးထူးျခားျခား ကြၽန္ေတာ့္ပတ္၀န္းက်င္တြင္ အၿပဳံးမ်ားေပ်ာက္ဆုံးကုန္သည္။ကြၽန္ေတာ္က မနက္ေစာေစာ စာထေရးတတ္သူမို႔ အိပ္ရာထေစာသည္။
ကြၽန္ေတာ္စာေရးေနသည့္အခ်ိန္တြင္ ကြၽန္ေတာ့္ေလဒီက ႏိုးလာၿပီး ကြၽန္ေတာ္စာေရးသည့္ အခန္းထဲသို႔လာကာ ဒီေန႔ဘယ္သြားစရာရွိေသးလဲ။ဘာခ်က္ရမလဲဆိုသည္တို႔ကို လာေမးေနက်။အခုမနက္ေတာ့ … ကြၽန္ေတာ္၏ ခ်စ္လွစြာေသာ မဒမ္ၿဗိသည္ ကြၽန္ေတာ္စာေရးသည့္ အခန္း၀တြင္ မ်က္ႏွာကို ခြဲစိတ္ခန္းသုံး မ်က္ႏွာဖုံးအစိမ္းႀကီးအုပ္ၿပီး လာမတ္တပ္ရပ္ေနသည္။ကြၽန္ေတာ့္မိန္းမ၏ အလွကားမ်က္ႏွာဖုံးအုပ္လိုက္မွ ပိုလွသြားေခ်ေတာ့သည့္တကား။မ်က္ႏွာဖုံးအုပ္ထားေသာ ဇနီး၏အလွကို ၾကာရွည္မခံစားႏိုင္အား။ေယာက်ၤားတို႔ ၀တၱရားရွိသည့္အတိုင္း စိုက္ၾကည့္လွ်င္ အလိုက္သိရပါမည္။ထို႔ေၾကာင့္ မနက္စာအတြက္ အီၾကာေကြး၊ လက္ဘက္ရည္၀ယ္ရန္ လက္ဘက္ရည္ဆိုင္သို႔ ထြက္လာခဲ့ရျပန္သည္။လမ္းတစ္ေလွ်ာက္တြင္လည္း ဒီႏွယ့္ဒီလိုေတြ ႀကဳံရျပန္၏။လမ္းထိပ္ ကားေရေဆးဆီထိုးဆိုင္မွ ႏႈတ္ဆက္ၿပဳံးျပေနက် ကိုဖက္တီး၏ ႏႈတ္ဆက္အၿပဳံးကိုလည္း မျမင္ရ။ကြမ္းယာသည္ အန္တီေအး၏ ေလာကြတ္အၿပဳံးကိုလည္း မေတြ႕ရ။လက္ဘက္ရည္ဆိုင္မွ အေဖ်ာ္ဆရာ ကိုေက်ာ္ေအး၏ ခပ္ယဲ့ယဲ့အၿပဳံးပင္ ဒီေန႔မွာေပ်ာက္ဆုံးလ်က္။

ကြၽန္ေတာ္ သိသမွ်လူေတြကို လိုက္ၾကည့္ၾကည့္သည္။အားလုံးက မ်က္လုံးခ်င္းသာ စကားေျပာေနၾကသည္။ပါးစပ္ေတြ ႏွာေခါင္းေတြ သူတို႔မ်က္ႏွာေပၚက ေပ်ာက္ကုန္ၾကၿပီ။အကုန္လုံးမ်က္ႏွာဖုံးကိုယ္စီႏွင့္။ဘယ့္ႏွယ့္ .. တစ္ၿမိဳ႕လုံး ဟိုေဖ့ဘြတ္ကဆရာမေလးကို အားက်ၿပီး မ်က္ႏွာဖုံးေတြရဲ႕ေအာက္ ေရာက္ကုန္တာလား။

ကမာၻပတ္လည္ ရက္ရွစ္ဆယ္ႏွင့္ ပတ္ေနေသာ ကိုဗစ္သည္ ကြၽန္ေတာ္တို႔ဆီေရာက္ခဲ့ၿပီ။တတ္ႏိုင္သူေတြက ရသေလာက္၀ယ္ၿပီး အိမ္တြင္းပုန္းလို႔ရခ်ိန္‌တြင္ ကြၽန္ေတာ္တို႔ ဆင္းရဲသားရပ္ကြက္ကား အိမ္တြင္းပုန္းလို႔မရေသး။ေန႔သြင္းေတြရွိသည္။ေဈးရင္းေတြရွိသည္။တစ္ေန႔လုပ္မွ တစ္ေန႔စားၾကရမည့္သူေတြရွိသည္။ထို႔ေၾကာင့္ မ်က္ႏွာဖုံးေလးမ်ားစြပ္၊ လက္ကေလးမ်ား နာနာေဆးၾက႐ုံသာ။အရင္က တစ္ခု ႏွစ္ရာတန္ မ်က္ႏွာဖုံးေတြက တစ္ခု တစ္ေထာင္ျဖင့္ပင္ ရွာမရေတာ့ေသာေၾကာင့္ မ်က္ႏွာဖုံးတပ္ထားေသာ အေဖ်ာ္ဆရာကို မ်က္ႏွာဖုးစြပ္ ဘယ္မွာရမလဲ သြားေမးၾကည့္သည္။

''ဒီလိုပဲေပါ့ဗ်ာ .. ႀကံဖန္ရတာေပါ့ .. ကြၽန္ေတာ့္ဆီက စားပြဲထိုး ေမာင္ေအး မနက္က ဂ်မခါနာအမ်ိဳးသမီးေဆး႐ုံကို လက္ဘက္ရည္သြားပို႔ရင္း ေမြးခန္းေဘးက ေကာက္လာေပးတာေလ … အပိုေတြရွိေသးတယ္ .. ယူမလား .. ေဟ့ .. ေမာင္ေအး .. မနက္ကေကာက္လာတဲ့ဟာေတြရွိေသးတယ္ မွတ္လား .. ဒီမွာ ကိုၿဗိကို .. တစ္စုံ …''

''ဟာ .. ေဟ့ေဟ့ .. ေနေန .. ေနပါေစ .. ကြၽန္ေတာ့္ဟာ ကြၽန္ေတာ္ ရွာ၀ယ္လိုက္ပါ့မယ္ .. ေရာ့ .. ဒီမွာလက္ဘက္ရည္နဲ႔ အီၾကာေကြးဖိုး .. လစ္ၿပီဗ်ိဳး''

ေမြးခန္းေဘးမွ မ်က္ႏွာဖုံးႏွင့္ လက္အိတ္ရန္ကို အလြတ္ေရွာင္ႏိုင္ခဲ့သည့္ ကြၽန္ေတာ့္မွာ မနက္စာစားၿပီးသည္ႏွင့္ မ်က္ႏွာဖုံးရွာပုံေတာ္ဖြင့္ရန္ ယခုလို YBS ေပၚ ေရာက္ခဲ့ရျခင္းေပတည္း။

မၾကာမီ ကားေပၚသို႔ အန္တီႀကီးသုံးေယာက္ တက္လာသည္။သူတို႔ကား ကြၽန္ေတာ္လိုပင္ မ်က္ႏွာဖုံးမပါ။မ်က္ႏွာဖုံးမပါသျဖင့္ … မ်က္လုံးခ်င္းစကားမေျပာၾက။ပါးစပ္ျဖင့္ပင္ စကားေျပာၾကေတာ့၏။

''႐ိုး႐ိုးမ်က္ႏွာဖုံးေတြက စိတ္မခ်ရဘူး … N95 ဆိုလား .. အဲ့ဒါမွတဲ့''

''တမာ႐ြက္စားရင္ ေပ်ာက္တယ္တဲ့''

''ဆရာေတာ္ႀကီး အိပ္မက္အရ ဇီးသီးနဲ႔ သံပုရာသီး တင္ရမယ္တဲ့"

"အိမ္ကဟာႀကီးကေတာ့ အရက္ေသာက္ရင္ ေပ်ာက္တယ္ဆိုၿပီး မိုးလင္းထဲက ကစ္ေနတာ"

အလိုေလး … ဒီတစ္ခုေတာ့ ငါနဲ႔ကိုက္ၿပီဟ .. ဟု ေတြးကာ တံေတြးပင္ၿမိဳခ်မိယုံရွိေသး အန္တီႀကီးတို႔၏စကားကား မၿပီးေသး။

"အစိုးရကလည္း ေရာဂါကူးစက္သူစာရင္း ေၾကညာလိုက္ရင္ ညသန္းေခါင္မွခ်ည္းပဲ"

"ေအးေလ .. ဒီၾကားထဲ ေျပာေရးဆိုခြင့္ရွိသူဆိုတဲ့ အေဒၚႀကီးကလည္း ခ်ဲဂဏန္း အတိတ္စိမ္းေပးသလို ညညဆို ေဖ့ဘြတ္ေပၚတက္ေပးေသး။သူ႔ကိုယ္သူ သီရိဒုံ ထင္လားမသိ"

"ေအးဟယ္ ေရာဂါသတင္းေစာင့္ေနပါတယ္ဆို ျပန္ၾကားေရး၀န္ႀကီးဌာနက ည ၁၂ နာရီအတိမွာ တင့္ကားႀကီးေတြ၊ ေသနတ္ႀကီးေတြပုံနဲ႔ တပ္မေတာ္ေန႔အား ဂုဏ္ျပဳပါသည္ဆိုတာခ်ည္း တက္လာေတာ့ လူေတြကိုရင္ထိတ္သြားတာပဲ၊ ဗိုင္းရပ္စ္ထက္ ဆိုးေတာ့မွာလားလို႔"

"ဒီပိုးက ႏိုင္ငံျခားကျပန္လာတဲ့သူေတြဆီကခ်ည္းကူးတာ။ေအာင္မယ္ေလး .. သူတို႔ကလည္းေနာ္ .. ဒီအခ်ိန္က်မွ"

ဒီစကားဝိုင္းထဲ ကြၽန္ေတာ္၀င္မပါလို႔ မျဖစ္ေတာ့။

"ဒီမယ္ အန္တီတို႔ .. ခုခ်ိန္က တစ္ကမာၻလုံးရင္ဆိုင္ေနတဲ့ ကပ္ေရာဂါပါ။ဒီအခ်ိန္မွာ တစ္ေယာက္နဲ႔ တစ္ေယာက္ ဘယ္သူ႔ကိုမွအျပစ္မတင္ၾကဘဲ စည္းစည္းလုံးလုံးနဲ႔ ရင္ဆိုင္ရမယ့္အခ်ိန္ပါ အန္တီတို႔ .. အစိုးရျပည္သူတပ္မေတာ္ အတိုက္အခံရန္ျဖစ္ေနမယ့္အခ်ိန္ မဟုတ္ဘူးဆိုတာ အန္တီတို႔ သတိျပဳပါ။နိဂုံးခ်ဳပ္ေျပာခ်င္တာကေတာ့ အားလုံးလက္ေဆးၾကပါ .. အန္တီတို႔" ကြၽန္ေတာ္က ခပ္တည္တည္နဲ႔ မိန႔္ခြန္းေခြၽအၿပီးမွာ အန္တီႀကီးသုံးေယာက္ ခဏၿငိမ္သက္သြားသည္။

ၿပီးေတာ့မွ ကြၽန္ေတာ့္ကို ျပန္ေျပာလိုက္ေသာစကားေၾကာင့္ ကြၽန္ေတာ့္မွာ ဘတ္စ္ကားေပၚမွ ဆင္းေျပးခဲ့ရေလေတာ့သတည္း။

အန္တီမမတို႔၏ ေျပာစကားမွာကား …. ''နင္ေျပာတာကိုလက္ခံပါတယ္ .. ဒါေပမယ့္ .. ငါတို႔အသက္က အခုမွေလးဆယ္ေက်ာ္ပဲရွိေသးတယ္ .. နင့္မ်က္ခြက္ႀကီးနဲ႔ အန္တီလို႔ေခၚတာ ငါတို႔ကိုခပ္စိမ္းစိမ္းေခၚတာပဲ .. မသကာ အမလို႔ေခၚခ်င္ေခၚပါ့ .. ဒီေခတ္ႀကီးမွာ အေခၚအေဝၚမတတ္ရင္ တရားစြဲခံရႏိုင္တယ္ဆိုတာ နင္မသိတာလား။

ကို႐ိုနာ ေဘးကင္းေဝးၾကေစတမုံ။

ၿဗိတိသွ်ကိုကိုေမာင္
ဧၿပီ - ၅