【 သရော်စာ 】 အိမ်ကွင်း အဝေးကွင်း စီမံကိန်း

【 သရော်စာ 】 အိမ်ကွင်း အဝေးကွင်း စီမံကိန်း

မြန်မာနိုင်ငံတွင် မယားအတန်းအစားခွဲခြားမှု ပပျောက်ရေးကွန်ယက်၊ ဖတ်စ်လေဒီပါတီ (မြန်မာပြည်)၊ မယားကြီး မယားငယ် စည်းလုံးညီညွတ်ရေးသမဂ္ဂ (မငစသ)၊ လစ်လပ်မယားများ စောင့်ရှောက်ရေးအသင်းချုပ် (လမသ) စသည့် အဖွဲ့ကြီးများ ထူးဆန်းအံသြဖွယ် ပေါ်ထွက်လာလေသည်။

နဂိုကတည်းကမှ ဟိုအဖွဲ့ ဒီအဖွဲ့တွေ သောက်သောက်လဲ ပေါများလှသော မောင်ဗြိတို့ မြန်မာနိုင်ငံကြီးတွင် အနှီအဖွဲ့များ အဘယ့်ကြောင့် ထပ်တိုးလာပါသနည်း...။အဖြေက ရှင်းပါသည်။ဟိုးအရင် တစ်လင်တစ်မယားဥပဒေ မပေါ်ခင်ကတော့ တရားရုံးများ၊ ရပ်ကွက်ရုံးများတွင် မိငယ်လေးများက ငါတို့က မယားငယ်မဟုတ်ဘူး၊ မယားပြိုင်ဟေ့ဆိုကာ လက်မထောင်နိုင်ခဲ့ကြသည် မဟုတ်လား..။နောက်တော့ တစ်လင်တစ်မယားဥပဒေ ပေါ်လာသည်။ဒါလည်း နဂိုက ခိုးစားကြပါသည်ဆိုမှ ဘယ်နှယ့် ပေါ်တင်ရှိမတုန်း။သို့သော်ငြား တလောကတော့ ဖေ့ဘွတ်ပေါ် မယားကြီးက မယားငယ်ကို ပါးချသည့် အရေးတော်ပုံ ပေါ်ပေါက်လာ၏။အခုတော့ မိငယ်လေးတို့အတွက် တိုက်ပွဲခေါ်သံစပြီ။

ဒါကို မကျေနပ်သည့် မိငယ်လေးတို့ စပွန်ဆာအုပ်စုက မယားအတန်းအစားခွဲခြားမှု ပပျောက်‌ရေး ကွန်ယက်ကြီးကို စုစည်းထူထောင်လိုက်ကြခြင်းပင်။အနှီကွန်ယက်ကြီးကလည်း သြဇာအာဏာကြီးမားလှသည်။လှုပ်ရှားမှုကလည်း ပြင်းထန်သည်။ပထမဆုံး မိငယ်လေးတို့ ကွန်ယက်က အဆိုပါဥပဒေကို လက်ခံပြီး မိမိတို့ကို မယားငယ်စာရင်းသွင်းသော ပုရိသထုကြီးကို ဆန့်ကျင်ကြသည်။မြို့တော်ခန်းမရှေ့တွင် မိငယ်လေးတို့အုပ်စု စုဝေးကာ ဆန္ဒပြကြသည်။

"အိပ်ခန်းတံခါး တစ်ချက်ခေါက်လျှင် မီးဟုန်းဟုန်းတောက်စေရမယ်"

"ခြင်ထောင်တစ်ချက်လှန်လျှင် ခြေထောက်နှင့် စောင့်ကန်မည်" စသည့် ကြွေးကျော်သံများ ကြွေးကျော်ကြသည်။

အငယ်လေးတို့၏ ညစာအငတ်ထား သပိတ်တားပွဲ စလေပြီ။ဒီတော့မှ ယောင်ချာချာ စပွန်ဆာအကိုကြီးများ အထိတ်တလန့်ဖြစ်ကုန်ကြသည်။ကန်နေကျ အိမ်ကွင်းကြီးအဟောင်းကြီးများထက် စိမ်းစိမ်းစိုစို အပြင်ကွင်းလေးများတွင် ကန်လိုကြသည်က Player အချို့၏ အိပ်မက်ပင်။အခုတော့ သူတို့ကို အပြင်ကွင်းလေးများက ပါမစ်ပိတ်လိုက်ကြပြီ..။
ဒီတော့ အပြင်ကွင်းလေးများရှိရာသို့ အသန်းအသည်လိုက်သွားကြသည်။တစ်ချို့ကလည်း အိမ်က မေမေကြီးများကိုကွာပြီး မေမေလေးတို့ ရင်ခွင်တွင်သာ တစ်သက်စာခိုလှုံတော့မည်ဟု ဆိုလာသည်။တစ်ချို့ကလည်း မိငယ်လေးများအသင်းကို တိတ်တဆိတ်ပံ့ပိုးပေးပါ့မည်။ကွင်းစိမ်းလေးကိုတော့ ပိတ်မပစ်ကြပါနဲ့ဟု ဆိုလာသည်။

ဖတ်စ်လေဒီပါတီ (မြန်မာပြည်) ကတော့ ဒါကို အသည်းအသန်ကန့်ကွက်သည်။ဖက်စ်လေဒီပါတီ (မြန်မာပြည်) သည် ရုပ်ရှိရေရှိဘော်ဒီရှိ လူလတ်တန်းမမများဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။သူတို့က အိမ်ကွင်းလည်း မြက်ခင်းစိမ်းနေပါလျက်နဲ့ အဝေးကွင်းထဲ ခြေစမ်းချင်သည့် ခြံခုန်မောင်တော်တို့အရေး နောင်မျှော်တွေးလို့ မယားငယ်ဆို ပါးချပေးဆိုသည့် ရဲရဲတောက်အယူဝါဒကို ကိုင်ဆွဲသည်။ကွင်းပိုကွင်းလျှံ အလိုမရှိ၊ ခြေစမ်းကွင်း အလိုမရှိ၊ မယားငယ်အားပေး အလိုမရှိ၊ မယားကြီးလက်ဝါး အကြောင်းသုံးပါးမရွေး စသည့် ဆိုင်းဘုတ်များတင်ကာ တပ်တောင်တာဗိုလ်ထုနှင့် တိုက်ပွဲဆင်နွှဲကြသည်။

စပွန်ဆာကိုကိုတို့ အုပ်စုကလည်း မယားအတန်းအစားခွဲခြားမှု ပပျောက်ေရး ကွန်ယက်ကြီးတစ်ခု ထူထောင်လိုက်သည်။သူတို့ဝါဒကလည်း သမိုင်းနှင့်ချီသည်။သူတို့ဝါဒက ဒီလို။မကြာသေးမီက ကောက်ခဲ့သော သန်းခေါင်စာရင်းအရ အမျိုးသမီးနှစ်သန်း အပိုထွက်‌နေသည်။ဆေးရုံဆေးခန်းများတွင် ကလေးမွေးဖွားမှု ကိန်းဂဏန်းအရ ဆိုလျှင်လည်း ယောင်္ကျားလေးတစ်ယောက်လျှင် မိန်းကလေးသုံးယောက်နှုန်း မွေးနေကြသည်။ဒီတော့ မြန်မာပြည်ကြီး၏ အနာဂတ်တွင် တစ်လင်တစ်မယားစနစ်သာ ကျင့်သုံးပါက မြန်မာအမျိုးကောင်းသမီးလေး နှစ်ယောက်တို့မှာ လစ်လပ်လျက်ရှိကြပေတော့မည်။ကုလား တရုတ် တိုင်းတစ်ပါးသားတို့၏လက်တွင်း ကျဆင်းသွားနိုင်ချေရှိသည်။

ခေတ်အဆက်ဆက် အမျိုးသား အမျိုးသမီး လူဦးရေကွာခြားမှုကြောင့် လူမျိုးခြားလက်သို့ ကညာငယ်လေးများ မပါသွားရေးကို အုပ်ချုပ်သူ ပဒေသရာဇ်တို့က အနစ်နာခံထမ်းရွက်ခဲ့ကြသည်တဲ့။ကျန်စစ်မင်းသည် ရောက်လေရာအရပ်တွင် မင်္ဂလာဆောင်သည်။ဒုတိယမြန်မာနိုင်ငံတော်ကြီး တည်‌‌ထောင်သူ ဘုရင်နောင်ကြီးသည် မိဖုရားပေါင်း ရာနှင့်ချီရှိသည်။
မြန်မာမလေးများသာမက အခြားယိုးဒယားတို့ လောတို့က မိဖုရားတွေပင် ပါလိုက်သေးသည်။ဟော့ အလောင်းမင်းတရားကြီး ဦးအောင်ဇေယျလည်း အတူတူပင်။ရှင်ဘုရင်မဖြစ်ခင်ကတည်းက မိဘုရားကြီး ခင်ယွန်းစံအပြင် စစ်ကိုင်းတွင် စပွန်ဆာမလေးတစ်ယောက် ထားခဲ့သဖြင့် ပြသနာတက်ခဲ့သည့် သမိုင်းအထောက်အထားကရှိနေသည်။ဒီတော့ နိုင်ငံတော်ထူထောင်သူတို့ကိုယ်တိုင် ဒီတာ၀န်ယူခဲ့ကြသည်။မြန်မာပြည် ကျွန်ဖြစ်သည့်ကိစ္စတွင် တစ်လင်တစ်မယားစနစ်သည် တစ်ထောင့်တစ်နေရာမှ ပါဝင်နေပြန်သည်တဲ့..။သီပေါဘုရင် လက်ထက်တွင် မိဖုရားစုဖုရားလတ်က ရှင်ဘုရင် အပါအဝင် နန်းတွင်သူ နန်းတွင်းသားရော တိုင်းသူပြည်သားတွေကိုပါ တစ်လင်တစ်မယားစနစ်ကိုပဲ ကျင့်သုံးစေခဲ့သည်။ဒီတော့... နန်းတွင်းသူ အပျိုတော်များအတွက် မိဖုရားငယ်ဖြစ်မည့်အရေး၊ ကတော်ဖြစ်မည့်အရေး မျှော်လင့်ချက်တို့ ဝေးခဲ့ကြသည်။အရင်ကဆို မင်းတြားကြီး မူးမူးနဲ့ တွေ့ကရာ ခြေတော်တင်ခံရလျှင်ပင် ကိုယ်လုပ်တော်အဆင့်မှ မိဖုရားအဆင့်သို့ ရာထူးတိုးနိုင်သေးသည် မဟုတ်လား..။ဒီလိုနှင့် မျှော်လင့်ချက်မဲ့ကုန်သော အပျိုတော်လေးတို့သည် နန်းတွင်းတွင် ဝင်ထွက်နေသော ပြင်သစ်၊ အီတလီ၊ အင်္ဂလိပ် သံတမန်ကုန်သည်တို့နှင့် ငြိစွန်းကြတော့သည်။နန်းတွင်း အပျိုတော်တစ်ဦးသည် သူ့ကို ပစ်ခွာသွားသော ပြင်သစ်အင်ဂျင်နီယာ ဗွန်ဗီလိန်း ကို စိတ်နာသဖြင့် ပြင်သစ်နှင့် မြန်မာ လျှို့ဝှက်ချုပ်ဆိုထားသော စာချုပ်ပါ အချက်အလက်များကိုခိုးကာ အင်္ဂလိပ်တို့ထံ ပေးခဲ့သည်။
ထိုစာချုပ်ကို ရသွားသော အင်္ဂလိပ်တို့က မြန်မာပြည်ကို မဖြစ်မနေစစ်တိုက်မှဖြစ်မည်ဟု ဆုံးဖြတ်ချက်ချကာ တိုက်သဖြင့် ကျွန်ဖြစ်ခဲ့ရသည်ဟု သူတို့က သမိုင်းနှင့် ရာဇဝင်နှင့်ခင်းပြန်သည်။
ဘာပဲဖြစ်ဖြစ် ဒီဆရာကြီးများ၏ ကွန်ယက်ကလည်း အင်အားမနည်းလှ။

နောက်ထပ် အဖွဲ့တစ်ခုကတော့ မယားကြီး မယားငယ် စည်းလုံးညီညွတ်ရေးသမဂ္ဂ ဖြစ်သည်။အိမ်ဦးနတ်များအပေါ် သဘောထားကြီးမားလှစွာသော မေမေကြီးများက သမဂ္ဂကို ဦးဆောင်ခဲ့ခြင်းဖြစ်သည်။မေမေကြီးများသည် တစ်ချိန်က စကေးကောင်းကောင်းဖြင့် ကစားခဲ့ကြသည့် ကစားသမားဟောင်းကြီးများ ဖြစ်ခဲ့ကြသည်။အခုတော့ အသက်အရွယ်ကလည်းကြီးပြီ။ဆေးဝါးအကူအညီများဖြင့် ကစားလာကြသော မိမိတို့ ကစားဖော် အိမ်ဦးနတ်ကြီးများနှင့် ယှဉ်မကစားနိုင်တော့။ဒီတော့ မိမိတို့ ကွင်းဟောင်းကြီးများကို အိမ်ကလူကြီးတွေပစ်ပြီး ကွင်းသစ်လေးတွေဆီ အပြီးအပိုင်ထွက်ခွာသွားမှာ စိုးရိမ်ကြသည်။ဘာပဲဖြစ်ဖြစ် အခြေအနေနှင့် အချိန်အခါအရ မုန့်ရော ဘာရော အကုန်ဝေစားမှ ဖြစ်တော့မည်ဟု တွက်မိပုံရသည်။ဒီတော့ သူတို့ကလည်း ဒီဥပဒေကို ဆန့်ကျင်ပြီး မယားကြီးနှင့် မယားငယ်တို့ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေး မူဝါဒ (၈) ချက်ကို ချမှတ်ပြီး မယားကြီး မယားငယ် စည်းလုံးညီညွတ်ရေးသမဂ္ဂ ဆိုတာကြီးကို ထူထောင်လိုက်ကြပြန်သည်။

သဘောထားပျော့ပြောင်းသော လစ်ဘရယ် မိငယ်လေးများကလည်း မိမိတို့၏ အစ်မကြီးများနှင့်အတူ ပူးပေါင်းကြသည်။အိမ်ဦးနတ်ကြီး အများစုကလည်း မယားကြီးနှင့် မယားငယ်တို့ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေး မူဝါဒ (၈) ချက်ကို ထောက်ခံကြသည်။အိမ်ကွင်း အဝေးကွင်း ညီညွတ်ရေး သဘောတူစာချုပ် MOU ကို နှစ်ဖက်ကိုယ်စားလှယ်များမှ လက်မှတ်ရေးထိုးကြ၏။မပူးပေါင်းလို့ကလည်း မဖြစ်။တစ်ဖက်က ဖက်စ်လေဒီပါတီ (မြန်မာပြည်) က အင်အားကြီးလွန်းလှသည်။စပွန်ဆာကိုကိုများကလည်း တကယ်တမ်းကျ သူတို့ကို ငယ်ကြောက်။သူတို့သြဇာကို သက်သက်ချည်း မတွန်းလှန်ရဲ။မယားငယ်ဆိုရင် ဖက်ဆစ်ဆန်ဆန် ပါးဘယ်ပြန်ညာပြန် ဗြောင်းလိုက်ရမှ စားဝင်အိပ်ပျော်သည်ဆိုတော့ ..ကျန်သည့် ကိုကိုတို့လည်း ဖြုံကြသည်။

နောက်ဆုံးပေါ်လာသည့် လစ်လပ်မယားများ စောင့်ရှောက်ရေး အသင်းချုပ်ကို ထူထောင်သူကတော့ ပေါက်ကရစာပေများ ရေးသားနေသော မောင်ဗြိ ကိုယ်တိုင်ပင်။နိုင်ငံတော်ကြီးကိုယ်တိုင် တရားစွဲခံထားရချိန်၊ ပန်းနှင့်မကြို၊ ဂန်းနှင့်ကြိုမည်ဆိုသော ဆရာကြီးများ ကြက်ပျောက်ငှက်ပျောက် ပျောက်နေချိန်၊ နိုင်ငံတော်အတိုင်ပင်ခံ ရဲဘော်မေမေကိုယ်တိုင် တရားခွင်သွားပြီး ရှင်းရတော့မည့်အချိန်တွင်  ဖေ့ဘွတ်တခွင်မှ မယားကြီးက မယားငယ် ပါးချသည့် ပြဿနာလောက် ရေပန်းမစားသဖြင့် မောင်ဗြိ က သောက်မြင်ကပ်ပြီး ထဖွဲ့ခြင်းဖြစ်ပါသည်။လစ်လပ်သွားသော မယားငယ်လေးများအတွက် စောင့်ရှောက်ကူညီပေးရေး ပရဟတိတစ်ခုကို မောင်ဗြိ ဦးဆောင်ပြီး အရေးပေါ်ထူထောင်လိုက်သည်။

အခြားအဖွဲ့နှစ်ခုဖြစ်သည့် မယားအတန်းအစားခွဲခြားမှု ပပျောက်ရေးကွန်ယက်၊ မယားကြီး မယားငယ် စည်းလုံးညီညွတ်ရေးသမဂ္ဂ (မငစသ) တို့နှင့် ပူးပေါင်းပြီး မဟာမိတ်ဖွဲ့လိုက်သည်။မယားကြီး မယားငယ် ငြိမ်းချမ်းစွာယှဉ်တွဲနေထိုင်ရေး ဆွေးနွေးပွဲများ ကျင်းပကြမည်။နိုင်ငံလုံးကျွတ် မယားငယ်ဖိုရမ်များ ပြုလုပ်မည်။အင်အားကြီးလာလျှင် အဖွဲ့အစည်းကိုဖျက်ပြီး ပါတီထူထောင်မည်။လက်နက်ကိုင်မည်။တောခိုမည်။အာဏာသိမ်းမည်။လွှတ်တော်ထဲ သွားမည်။အစိုးရထဲ ပါမည်။စီးပွားရေးတွေ လုပ်မည်။ဘီယာရောင်းမည်။အရက်ရောင်းမည်။စီးကရက်ရောင်းမည်။ရုပ်ရှင်ရိုက်မည်။ကိုယ့်ကိုကိုယ် ထောက်ခံပွဲတွေလုပ်မည်။

အခုလိုမျိုး ကိုယ့်ကို ထိကပါး ရိကပါး တို့ကနန်း ဆိတ်ကနန်း သံချပ်တွေ၊ သရော်စာတွေ ရေးလာလျှင် မြန်မာပြည်တစ်ပတ် တရားရုံးအစုံမှာ တရားစွဲမည်။အပြင်က တရားစွဲလျှင် တိတ်တိတ်ကလေး ပုန်းနေမည်။ပလို့ဂျိ…တယ်မိုက်တဲ့ စီမံကိန်းပါလားဟယ်။

ဗြိတိသျှကိုကိုမောင်
နို၀င်ဘာ - ၂၄

( Zawgyi )

ျမန္မာႏိုင္ငံတြင္ မယားအတန္းအစားခြဲျခားမႈ ပေပ်ာက္ေရးကြန္ယက္၊ ဖတ္စ္ေလဒီပါတီ (ျမန္မာျပည္)၊ မယားႀကီး မယားငယ္ စည္းလုံးညီၫြတ္ေရးသမဂၢ (မငစသ)၊ လစ္လပ္မယားမ်ား ေစာင့္ေရွာက္ေရးအသင္းခ်ဳပ္ (လမသ) စသည့္ အဖြဲ႕ႀကီးမ်ား ထူးဆန္းအံၾသဖြယ္ ေပၚထြက္လာေလသည္။

နဂိုကတည္းကမွ ဟိုအဖြဲ႕ ဒီအဖြဲ႕ေတြ ေသာက္ေသာက္လဲ ေပါမ်ားလွေသာ ေမာင္ၿဗိတို႔ ျမန္မာႏိုင္ငံႀကီးတြင္ အႏွီအဖြဲ႕မ်ား အဘယ့္ေၾကာင့္ ထပ္တိုးလာပါသနည္း...။အေျဖက ရွင္းပါသည္။ဟိုးအရင္ တစ္လင္တစ္မယားဥပေဒ မေပၚခင္ကေတာ့ တရား႐ုံးမ်ား၊ ရပ္ကြက္႐ုံးမ်ားတြင္ မိငယ္ေလးမ်ားက ငါတို႔က မယားငယ္မဟုတ္ဘူး၊ မယားၿပိဳင္ေဟ့ဆိုကာ လက္မေထာင္ႏိုင္ခဲ့ၾကသည္ မဟုတ္လား..။ေနာက္ေတာ့ တစ္လင္တစ္မယားဥပေဒ ေပၚလာသည္။ဒါလည္း နဂိုက ခိုးစားၾကပါသည္ဆိုမွ ဘယ္ႏွယ့္ ေပၚတင္ရွိမတုန္း။သို႔ေသာ္ျငား တေလာကေတာ့ ေဖ့ဘြတ္ေပၚ မယားႀကီးက မယားငယ္ကို ပါးခ်သည့္ အေရးေတာ္ပုံ ေပၚေပါက္လာ၏။အခုေတာ့ မိငယ္ေလးတို႔အတြက္ တိုက္ပြဲေခၚသံစၿပီ။

ဒါကို မေက်နပ္သည့္ မိငယ္ေလးတို႔ စပြန္ဆာအုပ္စုက မယားအတန္းအစားခြဲျခားမႈ ပေပ်ာက္‌ေရး ကြန္ယက္ႀကီးကို စုစည္းထူေထာင္လိုက္ၾကျခင္းပင္။အႏွီကြန္ယက္ႀကီးကလည္း ၾသဇာအာဏာႀကီးမားလွသည္။လႈပ္ရွားမႈကလည္း ျပင္းထန္သည္။ပထမဆုံး မိငယ္ေလးတို႔ ကြန္ယက္က အဆိုပါဥပေဒကို လက္ခံၿပီး မိမိတို႔ကို မယားငယ္စာရင္းသြင္းေသာ ပုရိသထုႀကီးကို ဆန႔္က်င္ၾကသည္။ၿမိဳ႕ေတာ္ခန္းမေရွ႕တြင္ မိငယ္ေလးတို႔အုပ္စု စုေဝးကာ ဆႏၵျပၾကသည္။

"အိပ္ခန္းတံခါး တစ္ခ်က္ေခါက္လွ်င္ မီးဟုန္းဟုန္းေတာက္ေစရမယ္"

"ျခင္ေထာင္တစ္ခ်က္လွန္လွ်င္ ေျခေထာက္ႏွင့္ ေစာင့္ကန္မည္" စသည့္ ေႂကြးေက်ာ္သံမ်ား ေႂကြးေက်ာ္ၾကသည္။

အငယ္ေလးတို႔၏ ညစာအငတ္ထား သပိတ္တားပြဲ စေလၿပီ။ဒီေတာ့မွ ေယာင္ခ်ာခ်ာ စပြန္ဆာအကိုႀကီးမ်ား အထိတ္တလန႔္ျဖစ္ကုန္ၾကသည္။ကန္ေနက် အိမ္ကြင္းႀကီးအေဟာင္းႀကီးမ်ားထက္ စိမ္းစိမ္းစိုစို အျပင္ကြင္းေလးမ်ားတြင္ ကန္လိုၾကသည္က Player အခ်ိဳ႕၏ အိပ္မက္ပင္။အခုေတာ့ သူတို႔ကို အျပင္ကြင္းေလးမ်ားက ပါမစ္ပိတ္လိုက္ၾကၿပီ..။
ဒီေတာ့ အျပင္ကြင္းေလးမ်ားရွိရာသို႔ အသန္းအသည္လိုက္သြားၾကသည္။တစ္ခ်ိဳ႕ကလည္း အိမ္က ေမေမႀကီးမ်ားကိုကြာၿပီး ေမေမေလးတို႔ ရင္ခြင္တြင္သာ တစ္သက္စာခိုလႈံေတာ့မည္ဟု ဆိုလာသည္။တစ္ခ်ိဳ႕ကလည္း မိငယ္ေလးမ်ားအသင္းကို တိတ္တဆိတ္ပံ့ပိုးေပးပါ့မည္။ကြင္းစိမ္းေလးကိုေတာ့ ပိတ္မပစ္ၾကပါနဲ႔ဟု ဆိုလာသည္။

ဖတ္စ္ေလဒီပါတီ (ျမန္မာျပည္) ကေတာ့ ဒါကို အသည္းအသန္ကန႔္ကြက္သည္။ဖက္စ္ေလဒီပါတီ (ျမန္မာျပည္) သည္ ႐ုပ္ရွိေရရွိေဘာ္ဒီရွိ လူလတ္တန္းမမမ်ားျဖင့္ ဖြဲ႕စည္းထားျခင္းျဖစ္သည္။သူတို႔က အိမ္ကြင္းလည္း ျမက္ခင္းစိမ္းေနပါလ်က္နဲ႔ အေဝးကြင္းထဲ ေျခစမ္းခ်င္သည့္ ၿခံခုန္ေမာင္ေတာ္တို႔အေရး ေနာင္ေမွ်ာ္ေတြးလို႔ မယားငယ္ဆို ပါးခ်ေပးဆိုသည့္ ရဲရဲေတာက္အယူဝါဒကို ကိုင္ဆြဲသည္။ကြင္းပိုကြင္းလွ်ံ အလိုမရွိ၊ ေျခစမ္းကြင္း အလိုမရွိ၊ မယားငယ္အားေပး အလိုမရွိ၊ မယားႀကီးလက္ဝါး အေၾကာင္းသုံးပါးမေ႐ြး စသည့္ ဆိုင္းဘုတ္မ်ားတင္ကာ တပ္ေတာင္တာဗိုလ္ထုႏွင့္ တိုက္ပြဲဆင္ႏႊဲၾကသည္။

စပြန္ဆာကိုကိုတို႔ အုပ္စုကလည္း မယားအတန္းအစားခြဲျခားမႈ ပေပ်ာက္ေရး ကြန္ယက္ႀကီးတစ္ခု ထူေထာင္လိုက္သည္။သူတို႔ဝါဒကလည္း သမိုင္းႏွင့္ခ်ီသည္။သူတို႔ဝါဒက ဒီလို။မၾကာေသးမီက ေကာက္ခဲ့ေသာ သန္းေခါင္စာရင္းအရ အမ်ိဳးသမီးႏွစ္သန္း အပိုထြက္‌ေနသည္။ေဆး႐ုံေဆးခန္းမ်ားတြင္ ကေလးေမြးဖြားမႈ ကိန္းဂဏန္းအရ ဆိုလွ်င္လည္း ေယာက်ၤားေလးတစ္ေယာက္လွ်င္ မိန္းကေလးသုံးေယာက္ႏႈန္း ေမြးေနၾကသည္။ဒီေတာ့ ျမန္မာျပည္ႀကီး၏ အနာဂတ္တြင္ တစ္လင္တစ္မယားစနစ္သာ က်င့္သုံးပါက ျမန္မာအမ်ိဳးေကာင္းသမီးေလး ႏွစ္ေယာက္တို႔မွာ လစ္လပ္လ်က္ရွိၾကေပေတာ့မည္။ကုလား တ႐ုတ္ တိုင္းတစ္ပါးသားတို႔၏လက္တြင္း က်ဆင္းသြားႏိုင္ေခ်ရွိသည္။

ေခတ္အဆက္ဆက္ အမ်ိဳးသား အမ်ိဳးသမီး လူဦးေရကြာျခားမႈေၾကာင့္ လူမ်ိဳးျခားလက္သို႔ ကညာငယ္ေလးမ်ား မပါသြားေရးကို အုပ္ခ်ဳပ္သူ ပေဒသရာဇ္တို႔က အနစ္နာခံထမ္း႐ြက္ခဲ့ၾကသည္တဲ့။က်န္စစ္မင္းသည္ ေရာက္ေလရာအရပ္တြင္ မဂၤလာေဆာင္သည္။ဒုတိယျမန္မာႏိုင္ငံေတာ္ႀကီး တည္‌‌ေထာင္သူ ဘုရင္ေနာင္ႀကီးသည္ မိဖုရားေပါင္း ရာႏွင့္ခ်ီရွိသည္။
ျမန္မာမေလးမ်ားသာမက အျခားယိုးဒယားတို႔ ေလာတို႔က မိဖုရားေတြပင္ ပါလိုက္ေသးသည္။ေဟာ့ အေလာင္းမင္းတရားႀကီး ဦးေအာင္ေဇယ်လည္း အတူတူပင္။ရွင္ဘုရင္မျဖစ္ခင္ကတည္းက မိဘုရားႀကီး ခင္ယြန္းစံအျပင္ စစ္ကိုင္းတြင္ စပြန္ဆာမေလးတစ္ေယာက္ ထားခဲ့သျဖင့္ ျပသနာတက္ခဲ့သည့္ သမိုင္းအေထာက္အထားကရွိေနသည္။ဒီေတာ့ ႏိုင္ငံေတာ္ထူေထာင္သူတို႔ကိုယ္တိုင္ ဒီတာ၀န္ယူခဲ့ၾကသည္။ျမန္မာျပည္ ကြၽန္ျဖစ္သည့္ကိစၥတြင္ တစ္လင္တစ္မယားစနစ္သည္ တစ္ေထာင့္တစ္ေနရာမွ ပါဝင္ေနျပန္သည္တဲ့..။သီေပါဘုရင္ လက္ထက္တြင္ မိဖုရားစုဖုရားလတ္က ရွင္ဘုရင္ အပါအဝင္ နန္းတြင္သူ နန္းတြင္းသားေရာ တိုင္းသူျပည္သားေတြကိုပါ တစ္လင္တစ္မယားစနစ္ကိုပဲ က်င့္သုံးေစခဲ့သည္။ဒီေတာ့... နန္းတြင္းသူ အပ်ိဳေတာ္မ်ားအတြက္ မိဖုရားငယ္ျဖစ္မည့္အေရး၊ ကေတာ္ျဖစ္မည့္အေရး ေမွ်ာ္လင့္ခ်က္တို႔ ေဝးခဲ့ၾကသည္။အရင္ကဆို မင္းၾတားႀကီး မူးမူးနဲ႔ ေတြ႕ကရာ ေျခေတာ္တင္ခံရလွ်င္ပင္ ကိုယ္လုပ္ေတာ္အဆင့္မွ မိဖုရားအဆင့္သို႔ ရာထူးတိုးႏိုင္ေသးသည္ မဟုတ္လား..။ဒီလိုႏွင့္ ေမွ်ာ္လင့္ခ်က္မဲ့ကုန္ေသာ အပ်ိဳေတာ္ေလးတို႔သည္ နန္းတြင္းတြင္ ဝင္ထြက္ေနေသာ ျပင္သစ္၊ အီတလီ၊ အဂၤလိပ္ သံတမန္ကုန္သည္တို႔ႏွင့္ ၿငိစြန္းၾကေတာ့သည္။နန္းတြင္း အပ်ိဳေတာ္တစ္ဦးသည္ သူ႔ကို ပစ္ခြာသြားေသာ ျပင္သစ္အင္ဂ်င္နီယာ ဗြန္ဗီလိန္း ကို စိတ္နာသျဖင့္ ျပင္သစ္ႏွင့္ ျမန္မာ လွ်ိဳ႕ဝွက္ခ်ဳပ္ဆိုထားေသာ စာခ်ဳပ္ပါ အခ်က္အလက္မ်ားကိုခိုးကာ အဂၤလိပ္တို႔ထံ ေပးခဲ့သည္။
ထိုစာခ်ဳပ္ကို ရသြားေသာ အဂၤလိပ္တို႔က ျမန္မာျပည္ကို မျဖစ္မေနစစ္တိုက္မွျဖစ္မည္ဟု ဆုံးျဖတ္ခ်က္ခ်ကာ တိုက္သျဖင့္ ကြၽန္ျဖစ္ခဲ့ရသည္ဟု သူတို႔က သမိုင္းႏွင့္ ရာဇဝင္ႏွင့္ခင္းျပန္သည္။
ဘာပဲျဖစ္ျဖစ္ ဒီဆရာႀကီးမ်ား၏ ကြန္ယက္ကလည္း အင္အားမနည္းလွ။

ေနာက္ထပ္ အဖြဲ႕တစ္ခုကေတာ့ မယားႀကီး မယားငယ္ စည္းလုံးညီၫြတ္ေရးသမဂၢ ျဖစ္သည္။အိမ္ဦးနတ္မ်ားအေပၚ သေဘာထားႀကီးမားလွစြာေသာ ေမေမႀကီးမ်ားက သမဂၢကို ဦးေဆာင္ခဲ့ျခင္းျဖစ္သည္။ေမေမႀကီးမ်ားသည္ တစ္ခ်ိန္က စေကးေကာင္းေကာင္းျဖင့္ ကစားခဲ့ၾကသည့္ ကစားသမားေဟာင္းႀကီးမ်ား ျဖစ္ခဲ့ၾကသည္။အခုေတာ့ အသက္အ႐ြယ္ကလည္းႀကီးၿပီ။ေဆးဝါးအကူအညီမ်ားျဖင့္ ကစားလာၾကေသာ မိမိတို႔ ကစားေဖာ္ အိမ္ဦးနတ္ႀကီးမ်ားႏွင့္ ယွဥ္မကစားႏိုင္ေတာ့။ဒီေတာ့ မိမိတို႔ ကြင္းေဟာင္းႀကီးမ်ားကို အိမ္ကလူႀကီးေတြပစ္ၿပီး ကြင္းသစ္ေလးေတြဆီ အၿပီးအပိုင္ထြက္ခြာသြားမွာ စိုးရိမ္ၾကသည္။ဘာပဲျဖစ္ျဖစ္ အေျခအေနႏွင့္ အခ်ိန္အခါအရ မုန႔္ေရာ ဘာေရာ အကုန္ေဝစားမွ ျဖစ္ေတာ့မည္ဟု တြက္မိပုံရသည္။ဒီေတာ့ သူတို႔ကလည္း ဒီဥပေဒကို ဆန႔္က်င္ၿပီး မယားႀကီးႏွင့္ မယားငယ္တို႔ ၿငိမ္းခ်မ္းစြာအတူယွဥ္တြဲေနထိုင္ေရး မူဝါဒ (၈) ခ်က္ကို ခ်မွတ္ၿပီး မယားႀကီး မယားငယ္ စည္းလုံးညီၫြတ္ေရးသမဂၢ ဆိုတာႀကီးကို ထူေထာင္လိုက္ၾကျပန္သည္။

သေဘာထားေပ်ာ့ေျပာင္းေသာ လစ္ဘရယ္ မိငယ္ေလးမ်ားကလည္း မိမိတို႔၏ အစ္မႀကီးမ်ားႏွင့္အတူ ပူးေပါင္းၾကသည္။အိမ္ဦးနတ္ႀကီး အမ်ားစုကလည္း မယားႀကီးႏွင့္ မယားငယ္တို႔ ၿငိမ္းခ်မ္းစြာအတူယွဥ္တြဲေနထိုင္ေရး မူဝါဒ (၈) ခ်က္ကို ေထာက္ခံၾကသည္။အိမ္ကြင္း အေဝးကြင္း ညီၫြတ္ေရး သေဘာတူစာခ်ဳပ္ MOU ကို ႏွစ္ဖက္ကိုယ္စားလွယ္မ်ားမွ လက္မွတ္ေရးထိုးၾက၏။မပူးေပါင္းလို႔ကလည္း မျဖစ္။တစ္ဖက္က ဖက္စ္ေလဒီပါတီ (ျမန္မာျပည္) က အင္အားႀကီးလြန္းလွသည္။စပြန္ဆာကိုကိုမ်ားကလည္း တကယ္တမ္းက် သူတို႔ကို ငယ္ေၾကာက္။သူတို႔ၾသဇာကို သက္သက္ခ်ည္း မတြန္းလွန္ရဲ။မယားငယ္ဆိုရင္ ဖက္ဆစ္ဆန္ဆန္ ပါးဘယ္ျပန္ညာျပန္ ေျဗာင္းလိုက္ရမွ စားဝင္အိပ္ေပ်ာ္သည္ဆိုေတာ့ ..က်န္သည့္ ကိုကိုတို႔လည္း ၿဖဳံၾကသည္။

ေနာက္ဆုံးေပၚလာသည့္ လစ္လပ္မယားမ်ား ေစာင့္ေရွာက္ေရး အသင္းခ်ဳပ္ကို ထူေထာင္သူကေတာ့ ေပါက္ကရစာေပမ်ား ေရးသားေနေသာ ေမာင္ၿဗိ ကိုယ္တိုင္ပင္။ႏိုင္ငံေတာ္ႀကီးကိုယ္တိုင္ တရားစြဲခံထားရခ်ိန္၊ ပန္းႏွင့္မႀကိဳ၊ ဂန္းႏွင့္ႀကိဳမည္ဆိုေသာ ဆရာႀကီးမ်ား ၾကက္ေပ်ာက္ငွက္ေပ်ာက္ ေပ်ာက္ေနခ်ိန္၊ ႏိုင္ငံေတာ္အတိုင္ပင္ခံ ရဲေဘာ္ေမေမကိုယ္တိုင္ တရားခြင္သြားၿပီး ရွင္းရေတာ့မည့္အခ်ိန္တြင္  ေဖ့ဘြတ္တခြင္မွ မယားႀကီးက မယားငယ္ ပါးခ်သည့္ ျပႆနာေလာက္ ေရပန္းမစားသျဖင့္ ေမာင္ၿဗိ က ေသာက္ျမင္ကပ္ၿပီး ထဖြဲ႕ျခင္းျဖစ္ပါသည္။လစ္လပ္သြားေသာ မယားငယ္ေလးမ်ားအတြက္ ေစာင့္ေရွာက္ကူညီေပးေရး ပရဟတိတစ္ခုကို ေမာင္ၿဗိ ဦးေဆာင္ၿပီး အေရးေပၚထူေထာင္လိုက္သည္။

အျခားအဖြဲ႕ႏွစ္ခုျဖစ္သည့္ မယားအတန္းအစားခြဲျခားမႈ ပေပ်ာက္ေရးကြန္ယက္၊ မယားႀကီး မယားငယ္ စည္းလုံးညီၫြတ္ေရးသမဂၢ (မငစသ) တို႔ႏွင့္ ပူးေပါင္းၿပီး မဟာမိတ္ဖြဲ႕လိုက္သည္။မယားႀကီး မယားငယ္ ၿငိမ္းခ်မ္းစြာယွဥ္တြဲေနထိုင္ေရး ေဆြးေႏြးပြဲမ်ား က်င္းပၾကမည္။ႏိုင္ငံလုံးကြၽတ္ မယားငယ္ဖိုရမ္မ်ား ျပဳလုပ္မည္။အင္အားႀကီးလာလွ်င္ အဖြဲ႕အစည္းကိုဖ်က္ၿပီး ပါတီထူေထာင္မည္။လက္နက္ကိုင္မည္။ေတာခိုမည္။အာဏာသိမ္းမည္။လႊတ္ေတာ္ထဲ သြားမည္။အစိုးရထဲ ပါမည္။စီးပြားေရးေတြ လုပ္မည္။ဘီယာေရာင္းမည္။အရက္ေရာင္းမည္။စီးကရက္ေရာင္းမည္။႐ုပ္ရွင္႐ိုက္မည္။ကိုယ့္ကိုကိုယ္ ေထာက္ခံပြဲေတြလုပ္မည္။

အခုလိုမ်ိဳး ကိုယ့္ကို ထိကပါး ရိကပါး တို႔ကနန္း ဆိတ္ကနန္း သံခ်ပ္ေတြ၊ သေရာ္စာေတြ ေရးလာလွ်င္ ျမန္မာျပည္တစ္ပတ္ တရား႐ုံးအစုံမွာ တရားစြဲမည္။အျပင္က တရားစြဲလွ်င္ တိတ္တိတ္ကေလး ပုန္းေနမည္။ပလို႔ဂ်ိ…တယ္မိုက္တဲ့ စီမံကိန္းပါလားဟယ္။

ၿဗိတိသွ်ကိုကိုေမာင္
ႏို၀င္ဘာ - ၂၄