【 သရော်စာ 】 "အပြစ်တင် ယဉ်ကျေးမှု"

【 သရော်စာ 】 "အပြစ်တင် ယဉ်ကျေးမှု"

လူတွေဟာ အရမ်းအပြစ်တင်တတ်တဲ့ သတ္တဝါတွေပါ။များသောအားဖြင့်တော့ အခြားသူကို အပြစ်တင်ကြတာပေါ့လေ။တချို့တလေကတော့ ကိုယ့်ကိုကိုယ် အပြစ်တင်လေ့ရှိပါတယ်။ဒါပေမဲ့ သူများကို အပြစ်တင်ရင်တော့ လူသိရှင်ကြား ကျယ်ကျယ်လောင်လောင် အပြစ်တင်ကြပါတယ်။မိမိကိုကိုယ် အပြစ်တင်ရင်တော့ တိုးတိုးတိတ်တိတ်ပါပဲ။

စိတ်ပညာရှင်တွေ အယူအဆအရတော့ ဘယ်သူ့ကိုမှ အပြစ်တင်တာ မကောင်းပါဘူးတဲ့။အပြစ်တင်တာဟာ လူသတ်တာထက်ဆိုးပါတယ်လို့ ဆိုကြပါတယ်။ဘာလို့လဲတော့ အပြစ်တင်ခံရတဲ့လူဟာ မကြာခဏ အပြစ်တင်သံကိုကြားတဲ့အခါ စိတ်ဒဏ်ရာရပါတယ်။အသုံးမကျတဲ့ကောင်။ဘာမှဖြစ်မြောက်မှာမဟုတ်ဘူး။
အမြဲတလွဲလုပ်တဲ့ကောင်။စသည်ဖြင့် မကြာခဏအပြစ်တင်ခံရတဲ့လူဟာ လူညွန့်တုံးသွားပါတယ်တဲ့။တကယ်လည်း ဘာမှဖြစ်မြောက်လာတာ မရှိတော့ပါဘူးတဲ့။

နောက်တစ်ချက်ကတော့ အပြစ်တင်ခံရတဲ့ ယဉ်ကျေးမှုနဲ့ ယဉ်ပါးနေသူဟာ သူကိုယ်တိုင်လည်း အခြားလူကို အပြစ်တင်လေ့ရှိပါတယ်။ကိုယ့်ကိုကိုယ်လည်း အပြစ်ပြန်တင်လေ့ရှိပါတယ်။သူများကို အပြစ်တင်သူဟာ ကိုယ့်ကိုကိုယ် အပြစ်တင်လေ့ရှိပြန်ပါတယ်။ကိုယ့်ကိုကိုယ် အပြစ်ပြန်တင်တာဟာ သူများအပြစ်တင်တာထက် ပိုဆိုးပါတယ်။ဆူဆိုက်လုပ်သူများ အများစုဟာလည်း မိမိကိုယ်ကို အပြစ်အမြဲတင်လေ့ရှိပါတယ်။သူများတွေက သူ့အပေါ် အပြစ်တွေတင်နေတယ်လို့လည်း ထင်လေ့ရှိကြပါတယ်။

ဒီလို အပြန်အလှန်အပြစ်တင်တာ၊ မိမိကိုယ်ကို အပြစ်တင်တာတွေဟာ ကမ္ဘာအနှံ့မှာ ဖြစ်ပွားနေတာပါပဲ။ဒီစာ ကိုယ်တိုင်ဟာလည်း တစ်ယောက်ယောက်ကို အပြစ်တင်တဲ့ပုံစံ ပေါက်နေပါလိမ့်မယ်။

အဲ့လိုအပြစ်တင်တာ မကောင်းမှန်းသိတဲ့ ပညာတတ်လူတန်းစားတွေတောင် တစ်ခုခု စိတ်အလိုမကျတဲ့အခါ တစ်ယောက်ယောက်ကို အပြစ်တင်လေ့ရှိပါတယ်။အစိုးရကို ဆဲတာမျိုးဖြစ်ဖြစ်၊ အသုံးမကျတဲ့ အစိုးရဆိုပြီး လွှတ်ခနဲထွက်သွားတာမျိုးဖြစ်ဖြစ်ပေါ့လေ။

မြန်မာပြည်မှာဆိုရင်လည်း အပြစ်တင်တဲ့ ယဉ်ကျေးမှုက အရမ်းထွန်းကားပါတယ်။ဘယ်လိုပြဿနာပဲဖြစ်ဖြစ် မိမိကြောင့်ဆိုပြီး ဝန်ခံတာနည်းပါးပါတယ်။တစ်ခုပြောလိုတာက မိမိကြောင့်ဆိုပြီး ဝန်ခံတာဟာ မိမိကိုယ်ကို အပြစ်တင်တာမဟုတ်ပါဘူး။ပြဿနာတိုင်းဟာ အခြေအနေ အချိန်အခါအလိုက် ဖြစ်ပွားနိုင်ပါတယ်။တချို့ဟာ ကိုယ်တိုင်အသုံးမကျပေမဲ့ ပတ်ဝန်းကျင်ကောင်းရှိတယ်။အပေါင်းအသင်းကောင်းရှိတဲ့အတွက် ပြဿနာတွေဖြစ်လေ့မရှိပါဘူး။တချို့ကတော့ ကိုယ်တိုင်အသုံးကျပြီး ကျကျနနလုပ်ပေမဲ့ ပတ်ဝန်းကျင်က ချောက်တွန်းတာ၊ အခြားလူက မလုပ်တတ် မကိုင်တတ်တာ။သဘာဝဘေး။စတာတွေကြောင့် ပြသနာတွေဖြစ်လေ့ရှိပါတယ်။

အဲ့တော့ ပြဿနာဖြစ်ပွားမှုတိုင်းဟာ ဘယ်သူအသုံးမကျလို့ဖြစ်တာထက်စာရင် အခြေအနေနဲ့ အချိန်အခါကြောင့် ဖြစ်သွားတာက များပါတယ်။အဲ့ဒါကို ဦးစီးဦးဆောင်လုပ်တဲ့လူကတော့ တာဝန်ယူရမှာပဲဖြစ်ပါတယ်။အောင်မြင်သွားရင်တော့ ငါလုပ်တာ။မအောင်မြင်တဲ့အခါမှာတော့ ဟိုကောင့်ကြောင့် ဒီကောင့်ကြောင့်ဆိုပြီး အပြစ်တင်သူတွေလည်း ပတ်ဝန်းကျင်မှာလည်း မနည်းမနောပါပဲ။

အဲ့လို အပြစ်တင်တဲ့ ယဉ်ကျေးမှုအကြောင်းနဲ့ပတ်သက်ပြီး လူတစ်ယောက်ချင်းစီကို လေ့လာတာထက် အစိုးရအဖွဲ့ကို လေ့လာတာဟာ ပိုပြီးထင်သာမြင်သာရှိမယ် ထင်ပါတယ်။

အင်္ဂလိပ်ခေတ်ကို လေ့လာမယ်ဆိုရင်လည်း မြန်မာပြည်ဟာ ဆင်းရဲပါတယ်။အဲ့လိုဆင်းရဲတာဟာ ပဒေသရာဇ်စနစ်ကြောင့်လို အင်္ဂလိပ်တွေဟာ လက်ညိုးထိုးပါတယ်။သူတို့တွေ နှစ်ပေါင်းများစွာ အုပ်ချုပ်ခဲ့တယ်။မြို့ပေါ်မှာ အဆောက်အဦးတွေများပါတယ်။တိုးတက်တယ်ဆိုပေမဲ့ တောနယ်တွေဟာတော့ ဒုံးရင်းပါပဲ။

အင်္ဂလိပ်ခေတ်မတိုင်မီ ဘုရင်တွေခေတ်တုန်းကလည်း ဒီလိုပါပဲ။တိုင်းပြည်မတိုးတက်တာ ဟိုဘုရင်ကြောင့် ဒီဘုရင်ကြောင့်ဆိုပြီး လက်ညိုးထိုး အပြစ်တင်ခဲ့ကြတာပါပဲ။အဲ့လိုအပြစ်တင်တာဟာ တိုင်းပြည်တူနေရင်တော့ နိုင်ငံရေးပဋိပက္ခဖြစ်ပါတယ်။တိုင်းပြည်မတူတဲ့အခါမှာတော့ စစ်ဖြစ်ပါတယ်။

အဲ့လိုပဲ လွတ်လပ်ရေးရပြီးခေတ်ကို ပြန်ကြည့်မယ်ဆိုရင်လည်း ဒီလိုပါပဲ။အရင်က အုပ်ချုပ်ခဲ့တဲ့ အင်္ဂလိပ်မင်းကို အပြစ်တင်ကြပြန်ပါတယ်။အင်္ဂလိပ်မင်း ဖန်တီးခဲ့တဲ့ နိုင်ငံရေးစင်မြင့်ပေါ်ကိုတက်ပြီး အင်္ဂလိပ်ကြောင့် တိုင်းပြည်မတိုးတက်တာလို့ ပြည်သူတွေကို ပြောကြပါတယ်။

ဆိုရှယ်လစ်ခေတ်ရောက်တော့လည်း မထူးပါဘူး။အင်္ဂလိပ်ကိုရော အရင် ပါလီမန်စနစ်ကိုရော အပြစ်တင်ပါတယ်။စစ်အစိုးရခေတ်အရောက်မှာတော့ ဆိုရှယ်လစ်စနစ်ကို အပြစ်မတင်ကြပါဘူး။သူတို့ကလည်း အဖွဲ့တူတာကိုး။ဒါပေမဲ့ အင်္ဂလိပ်အစိုးရကြောင့် တိုင်းပြည်မတိုးတက်တာ တိုင်းပြည်မစည်းလုံးတာဆိုပြီး အပြစ်တင်ကြပြန်ပါတယ်။

အခုအစိုးရကတော့ တစ်မျိုးပါ။အင်္ဂလိပ်အစိုးရကို အပြစ်မတင်တော့ပါဘူး။မဆလတွေ စစ်အစိုးရတွေကိုလည်း အပြစ်တင်ပါဘူး။သူတို့ အပြစ်တင်တာကတော့ အာဏာရှင်အစိုးရကိုပါ။အာဏာရှင်ကို အမြစ်ဖြတ်မယ်လို့ ဆိုပါတယ်။တိုင်းပြည်မတိုးတက်တာဟာ အာဏာရှင်ကြောင့်လို့ ဆိုပါတယ်။အာဏာရှင်က ဘယ်သူလဲ၊ ဦးနေဝင်းလား၊ ဦးသန်းရွှေလား အခုဘယ်သူလား။တိတိကျကျတော့ မပြောပါဘူး။ဒါပေမဲ့ အာဏာရှင်ဆိုတာ စစ်တပ်ကိုပြောမှန်းတော့ ပြည်သူတွေက ရိပ်မိကြပါတယ်။

အခုလို ဒီမိုကရေစီစနစ်အတိုင်း ဆက်သွားမယ်ဆိုရင်တော့ နောင်လေးငါးဆယ်နှစ်အကြာမှာ အစိုးရပြောင်းချင်လည်း ပြောင်းနိုင်ပါတယ်။အဲ့လို ပြောင်းသွားတဲ့အခါမှာလည်း အဲ့ဒီအစိုးရဟာ တိုင်းပြည်မတိုးတက်တာ လက်ရှိအစိုးရကြောင့်ဆိုပြီး အပြစ်ပြန်တင်နိုင်ပါတယ်။ဒီမိုကရေစီအာဏာရှင်ဆိုပြီးတော့တောင် စွပ်စွဲနိုင်ပါသေးတယ်။

စိုပြေ
အောက်တိုဘာ - ၂၅

( Zawgyi )

လူေတြဟာ အရမ္းအျပစ္တင္တတ္တဲ့ သတၱဝါေတြပါ။မ်ားေသာအားျဖင့္ေတာ့ အျခားသူကို အျပစ္တင္ၾကတာေပါ့ေလ။တခ်ိဳ႕တေလကေတာ့ ကိုယ့္ကိုကိုယ္ အျပစ္တင္ေလ့ရွိပါတယ္။ဒါေပမဲ့ သူမ်ားကို အျပစ္တင္ရင္ေတာ့ လူသိရွင္ၾကား က်ယ္က်ယ္ေလာင္ေလာင္ အျပစ္တင္ၾကပါတယ္။မိမိကိုကိုယ္ အျပစ္တင္ရင္ေတာ့ တိုးတိုးတိတ္တိတ္ပါပဲ။

စိတ္ပညာရွင္ေတြ အယူအဆအရေတာ့ ဘယ္သူ႔ကိုမွ အျပစ္တင္တာ မေကာင္းပါဘူးတဲ့။အျပစ္တင္တာဟာ လူသတ္တာထက္ဆိုးပါတယ္လို႔ ဆိုၾကပါတယ္။ဘာလို႔လဲေတာ့ အျပစ္တင္ခံရတဲ့လူဟာ မၾကာခဏ အျပစ္တင္သံကိုၾကားတဲ့အခါ စိတ္ဒဏ္ရာရပါတယ္။အသုံးမက်တဲ့ေကာင္။ဘာမွျဖစ္ေျမာက္မွာမဟုတ္ဘူး။
အၿမဲတလြဲလုပ္တဲ့ေကာင္။စသည္ျဖင့္ မၾကာခဏအျပစ္တင္ခံရတဲ့လူဟာ လူၫြန႔္တုံးသြားပါတယ္တဲ့။တကယ္လည္း ဘာမွျဖစ္ေျမာက္လာတာ မရွိေတာ့ပါဘူးတဲ့။

ေနာက္တစ္ခ်က္ကေတာ့ အျပစ္တင္ခံရတဲ့ ယဥ္ေက်းမႈနဲ႔ ယဥ္ပါးေနသူဟာ သူကိုယ္တိုင္လည္း အျခားလူကို အျပစ္တင္ေလ့ရွိပါတယ္။ကိုယ့္ကိုကိုယ္လည္း အျပစ္ျပန္တင္ေလ့ရွိပါတယ္။သူမ်ားကို အျပစ္တင္သူဟာ ကိုယ့္ကိုကိုယ္ အျပစ္တင္ေလ့ရွိျပန္ပါတယ္။ကိုယ့္ကိုကိုယ္ အျပစ္ျပန္တင္တာဟာ သူမ်ားအျပစ္တင္တာထက္ ပိုဆိုးပါတယ္။ဆူဆိုက္လုပ္သူမ်ား အမ်ားစုဟာလည္း မိမိကိုယ္ကို အျပစ္အၿမဲတင္ေလ့ရွိပါတယ္။သူမ်ားေတြက သူ႔အေပၚ အျပစ္ေတြတင္ေနတယ္လို႔လည္း ထင္ေလ့ရွိၾကပါတယ္။

ဒီလို အျပန္အလွန္အျပစ္တင္တာ၊ မိမိကိုယ္ကို အျပစ္တင္တာေတြဟာ ကမာၻအႏွံ႔မွာ ျဖစ္ပြားေနတာပါပဲ။ဒီစာ ကိုယ္တိုင္ဟာလည္း တစ္ေယာက္ေယာက္ကို အျပစ္တင္တဲ့ပုံစံ ေပါက္ေနပါလိမ့္မယ္။

အဲ့လိုအျပစ္တင္တာ မေကာင္းမွန္းသိတဲ့ ပညာတတ္လူတန္းစားေတြေတာင္ တစ္ခုခု စိတ္အလိုမက်တဲ့အခါ တစ္ေယာက္ေယာက္ကို အျပစ္တင္ေလ့ရွိပါတယ္။အစိုးရကို ဆဲတာမ်ိဳးျဖစ္ျဖစ္၊ အသုံးမက်တဲ့ အစိုးရဆိုၿပီး လႊတ္ခနဲထြက္သြားတာမ်ိဳးျဖစ္ျဖစ္ေပါ့ေလ။

ျမန္မာျပည္မွာဆိုရင္လည္း အျပစ္တင္တဲ့ ယဥ္ေက်းမႈက အရမ္းထြန္းကားပါတယ္။ဘယ္လိုျပႆနာပဲျဖစ္ျဖစ္ မိမိေၾကာင့္ဆိုၿပီး ဝန္ခံတာနည္းပါးပါတယ္။တစ္ခုေျပာလိုတာက မိမိေၾကာင့္ဆိုၿပီး ဝန္ခံတာဟာ မိမိကိုယ္ကို အျပစ္တင္တာမဟုတ္ပါဘူး။ျပႆနာတိုင္းဟာ အေျခအေန အခ်ိန္အခါအလိုက္ ျဖစ္ပြားႏိုင္ပါတယ္။တခ်ိဳ႕ဟာ ကိုယ္တိုင္အသုံးမက်ေပမဲ့ ပတ္ဝန္းက်င္ေကာင္းရွိတယ္။အေပါင္းအသင္းေကာင္းရွိတဲ့အတြက္ ျပႆနာေတြျဖစ္ေလ့မရွိပါဘူး။တခ်ိဳ႕ကေတာ့ ကိုယ္တိုင္အသုံးက်ၿပီး က်က်နနလုပ္ေပမဲ့ ပတ္ဝန္းက်င္က ေခ်ာက္တြန္းတာ၊ အျခားလူက မလုပ္တတ္ မကိုင္တတ္တာ။သဘာဝေဘး။စတာေတြေၾကာင့္ ျပသနာေတြျဖစ္ေလ့ရွိပါတယ္။

အဲ့ေတာ့ ျပႆနာျဖစ္ပြားမႈတိုင္းဟာ ဘယ္သူအသုံးမက်လို႔ျဖစ္တာထက္စာရင္ အေျခအေနနဲ႔ အခ်ိန္အခါေၾကာင့္ ျဖစ္သြားတာက မ်ားပါတယ္။အဲ့ဒါကို ဦးစီးဦးေဆာင္လုပ္တဲ့လူကေတာ့ တာဝန္ယူရမွာပဲျဖစ္ပါတယ္။ေအာင္ျမင္သြားရင္ေတာ့ ငါလုပ္တာ။မေအာင္ျမင္တဲ့အခါမွာေတာ့ ဟိုေကာင့္ေၾကာင့္ ဒီေကာင့္ေၾကာင့္ဆိုၿပီး အျပစ္တင္သူေတြလည္း ပတ္ဝန္းက်င္မွာလည္း မနည္းမေနာပါပဲ။

အဲ့လို အျပစ္တင္တဲ့ ယဥ္ေက်းမႈအေၾကာင္းနဲ႔ပတ္သက္ၿပီး လူတစ္ေယာက္ခ်င္းစီကို ေလ့လာတာထက္ အစိုးရအဖြဲ႕ကို ေလ့လာတာဟာ ပိုၿပီးထင္သာျမင္သာရွိမယ္ ထင္ပါတယ္။

အဂၤလိပ္ေခတ္ကို ေလ့လာမယ္ဆိုရင္လည္း ျမန္မာျပည္ဟာ ဆင္းရဲပါတယ္။အဲ့လိုဆင္းရဲတာဟာ ပေဒသရာဇ္စနစ္ေၾကာင့္လို အဂၤလိပ္ေတြဟာ လက္ညိဳးထိုးပါတယ္။သူတို႔ေတြ ႏွစ္ေပါင္းမ်ားစြာ အုပ္ခ်ဳပ္ခဲ့တယ္။ၿမိဳ႕ေပၚမွာ အေဆာက္အဦးေတြမ်ားပါတယ္။တိုးတက္တယ္ဆိုေပမဲ့ ေတာနယ္ေတြဟာေတာ့ ဒုံးရင္းပါပဲ။

အဂၤလိပ္ေခတ္မတိုင္မီ ဘုရင္ေတြေခတ္တုန္းကလည္း ဒီလိုပါပဲ။တိုင္းျပည္မတိုးတက္တာ ဟိုဘုရင္ေၾကာင့္ ဒီဘုရင္ေၾကာင့္ဆိုၿပီး လက္ညိဳးထိုး အျပစ္တင္ခဲ့ၾကတာပါပဲ။အဲ့လိုအျပစ္တင္တာဟာ တိုင္းျပည္တူေနရင္ေတာ့ ႏိုင္ငံေရးပဋိပကၡျဖစ္ပါတယ္။တိုင္းျပည္မတူတဲ့အခါမွာေတာ့ စစ္ျဖစ္ပါတယ္။

အဲ့လိုပဲ လြတ္လပ္ေရးရၿပီးေခတ္ကို ျပန္ၾကည့္မယ္ဆိုရင္လည္း ဒီလိုပါပဲ။အရင္က အုပ္ခ်ဳပ္ခဲ့တဲ့ အဂၤလိပ္မင္းကို အျပစ္တင္ၾကျပန္ပါတယ္။အဂၤလိပ္မင္း ဖန္တီးခဲ့တဲ့ ႏိုင္ငံေရးစင္ျမင့္ေပၚကိုတက္ၿပီး အဂၤလိပ္ေၾကာင့္ တိုင္းျပည္မတိုးတက္တာလို႔ ျပည္သူေတြကို ေျပာၾကပါတယ္။

ဆိုရွယ္လစ္ေခတ္ေရာက္ေတာ့လည္း မထူးပါဘူး။အဂၤလိပ္ကိုေရာ အရင္ ပါလီမန္စနစ္ကိုေရာ အျပစ္တင္ပါတယ္။စစ္အစိုးရေခတ္အေရာက္မွာေတာ့ ဆိုရွယ္လစ္စနစ္ကို အျပစ္မတင္ၾကပါဘူး။သူတို႔ကလည္း အဖြဲ႕တူတာကိုး။ဒါေပမဲ့ အဂၤလိပ္အစိုးရေၾကာင့္ တိုင္းျပည္မတိုးတက္တာ တိုင္းျပည္မစည္းလုံးတာဆိုၿပီး အျပစ္တင္ၾကျပန္ပါတယ္။

အခုအစိုးရကေတာ့ တစ္မ်ိဳးပါ။အဂၤလိပ္အစိုးရကို အျပစ္မတင္ေတာ့ပါဘူး။မဆလေတြ စစ္အစိုးရေတြကိုလည္း အျပစ္တင္ပါဘူး။သူတို႔ အျပစ္တင္တာကေတာ့ အာဏာရွင္အစိုးရကိုပါ။အာဏာရွင္ကို အျမစ္ျဖတ္မယ္လို႔ ဆိုပါတယ္။တိုင္းျပည္မတိုးတက္တာဟာ အာဏာရွင္ေၾကာင့္လို႔ ဆိုပါတယ္။အာဏာရွင္က ဘယ္သူလဲ၊ ဦးေနဝင္းလား၊ ဦးသန္းေ႐ႊလား အခုဘယ္သူလား။တိတိက်က်ေတာ့ မေျပာပါဘူး။ဒါေပမဲ့ အာဏာရွင္ဆိုတာ စစ္တပ္ကိုေျပာမွန္းေတာ့ ျပည္သူေတြက ရိပ္မိၾကပါတယ္။

အခုလို ဒီမိုကေရစီစနစ္အတိုင္း ဆက္သြားမယ္ဆိုရင္ေတာ့ ေနာင္ေလးငါးဆယ္ႏွစ္အၾကာမွာ အစိုးရေျပာင္းခ်င္လည္း ေျပာင္းႏိုင္ပါတယ္။အဲ့လို ေျပာင္းသြားတဲ့အခါမွာလည္း အဲ့ဒီအစိုးရဟာ တိုင္းျပည္မတိုးတက္တာ လက္ရွိအစိုးရေၾကာင့္ဆိုၿပီး အျပစ္ျပန္တင္ႏိုင္ပါတယ္။ဒီမိုကေရစီအာဏာရွင္ဆိုၿပီးေတာ့ေတာင္ စြပ္စြဲႏိုင္ပါေသးတယ္။

စိုေျပ
ေအာက္တိုဘာ - ၂၅