【 သရော်စာ 】 လက်ဝှေ့ထိုးပြီး အမတ်ရွေးမယ်

【 သရော်စာ 】 လက်ဝှေ့ထိုးပြီး အမတ်ရွေးမယ်

ကိုဗစ်ကာလ ရန်ကုန်မှာနေရတာ ပျင်းစရာတော်တော်ကောင်းတယ်။ပျင်းစရာကောင်းပေမဲ့လည်း အစိုးရက အိမ်မှာပဲနေဖို့ ညွှန်ကြားထားတော့ အိမ်မှာပဲနေရတယ်။နယ်ကျော်ရင် ဖမ်းမယ်ဆိုတော့လည်း သိပ်မထွက်ရဲဘူး။အိမ်မှာနေရင်း ပျင်းတော့လည်း မဲဆွယ်သူတွေကို လွမ်းမိပြန်ရော။အခုကာလက မဲဆွယ်ကာလမဟုတ်လား။မဲဆွယ်ကာလဆိုတာ ဆောင်းဘောက်သံတွေ တဒုန်းဒုန်းနဲ့ အရပ်ထဲပတ်ကနေရမှာ။အခုတော့ အဲ့လိုမဟုတ်ပါဘူး။ကိုယ့်အိမ်ရှေ့ကိုယ် အလံလေးထောင်ရုံပဲ တတ်နိုင်တယ်။အခုတော့ တိတ်ဆိတ်ခြောက်ကပ်နေရတာပေါ့လေ။

နယ်တွေမှာတော့  ရန်ကုန်နဲ့ ပြောင်းပြန်။နယ်ဘက်က ကိုဗစ်လည်း သိပ်မဖြစ်လို့ထင်ပါရဲ့။မဲဆွယ်သူတွေ အများအပြား လမ်းပေါ်ထွက်နေကြတာ တွေ့နေရတယ်။ပျော်စရာကြီးရယ်။သင်္ကြန်ကာလ မပျော်လိုက်ရတာကို အခုမှပျော်ကြပုံရတယ်။ပြီးတော့ ပါတီတွေဟာ ညှိပြီးတော့များ လုပ်ကြသလားမသိဘူး။အနီပါတီမဲဆွယ်ရင် အစိမ်းပါတီကလည်း မဲဆွယ်တာပဲ။ဒါကလည်း တစ်ဖွဲ့ထဲချွန်ပြီး မဲဆွယ်နေရင် ရွေးကော်ကအရေးယူနိုင်သလို...။ပြည်သူတွေကလည်း တစ်ဖက်ထဲကို အပြစ်တွေဝိုင်းပြောနိုင်တယ်လေ။နှစ်ပါတီ အတူတူမဲဆွယ်တော့ ဘယ်သူ့ဘယ်သူမှလည်း အပြစ်ပြောလို့မရတော့ဘူး။အရေးယူမယ်ဆိုရင်လည်း နှစ်ပါတီစလုံး အရေးယူရမှာဆိုတော့ ရွေးကော်ကလည်း မသိချင်ယောင်ပဲ ဆောင်လိုက်တယ်ထင်ပါတယ်။အဲ့တော့ လမ်းတွေပေါ်မှာ နှစ်ပါတီရင်ဆိုင်တွေ့ပြီး သီချင်းတွေနဲ့ တူတူကခုန်ကြတာ ရန်ကုန်သားတွေအတွက်တော့ အားကျစရာကြီးပါပဲ။အချို့တွေကတော့ ကိုဗစ်ကာလ လူအင်အားအလုံးအရင်းနဲ့ မဲဆွယ်နေလို့ အပြစ်ပြောကြတာပေါ့လေ။ဒါကလည်း သူများတွေပျော်နေတာကိုမြင်ပြီး ကိုယ်တိုင်မပျော်ရလို့ အပြစ်မြင်တယ်လို့ပဲ ထင်ပါတယ်။

အခုလို ပါတီတွေ အပြိုင်မဲဆွယ်ရင်း ရန်ဖြစ်တာတွေလည်း တွေ့ရပြန်တယ်။တစ်ဖက်နဲ့ တစ်ဖက်က ယုံကြည်ချက်တွေက မတူကြဘူးကိုး။ယုံကြည်ချက်တွေ ပြင်းထန်တော့ နှစ်ဖက်ချကြတာပေါ့လေ။ဒါကလည်း တစ်ဖက်နဲ့ တစ်ဖက် ကျီစားရင်းဖြစ်သွားတာလို့ပဲ မြင်ပါတယ်။တစ်ဖက်က ခဲလေးနဲ့ပေါက်။တစ်ဖက်က အုတ်ခဲနဲ့ထု။တစ်ဖက်ယာဉ်တန်းလာချိန်မှာ ရှေ့ကပိတ်ရပ်။ရှေ့ပိတ်ကကြတာတွေ။တစ်ဖက် ဆိုင်ကယ်သမားကို အလံတိုင်နဲ့ပိတ်ရိုက်တာတွေ။ပျော်ရွှင်စွာ ကခုန်နေကြသူတွေကို လေးခွနဲ့ပစ်။
အဲ့လိုဖြစ်တာတွေကကြာတော့ ပိုများလာပါတယ်။ဒါတောင် အွန်လိုင်းပေါ်တက်လာသလောက်သာ သိရတာ။အွန်လိုင်းပေါ်မတက်ဘဲ ရန်ဖြစ်တာတွေလည်း ရှိကြတာပါပဲ။

အဆိုးဆုံးကတော့ ရွာထဲ လော်ပေါင်းများစွာ၊ ဆောင်းဘောက်များစွာနဲ့ အောင်နိုင်ရေးသီချင်းတွေ ဖွင့်တဲ့အိမ် ခဲနဲ့အထုခံရတာပဲ။ရပ်ရွာကလည်း နားညီးတယ်ထင်ပါရဲ့။ရန်ကုန်မြို့မှာ လော်တစ်လုံးထဲဖွင့်တာတောင် တော်တော်စိတ်ညစ်ရတာ။
လော်ပေါင်းများစွာဖွင့်လေတော့ တော်တော်နားညီးမှာပါပဲလေ။ဒါပေမဲ့ အခုလိုတော့ မလုပ်သင့်ဘူးပေါ့လေ။ရွေးကောက်ပွဲနီးချိန်ဆိုတော့ ဒီလိုပါပဲ။အခြားအချိန်ဆိုရင်တော့ အရပ်ထဲ သူငယ်ချင်းတွေပေမဲ့...။ရွေးကောက်ပွဲနီးချိန်မှာတော့ သူငယ်ချင်းအချင်းချင်းလဲ ခေတ္တရန်သူတွေဖြစ်ကုန်ကြတာပါပဲ။

ဒီကြားထဲ ပါတီကိုယ်စီက လူကြီးတွေကလည်း အသိဉာဏ်ပညာ အားနည်းကြတယ်ထင်ပါတယ်။ကြီးတဲ့အမှု ငယ်အောင်။ငယ်တဲ့အမှု ပပျောက်အောင် လုပ်ရမှာကို မလုပ်ကြပါဘူး။ရန်ဖြစ်သူတွေကို မြှောက်ပေးကြတယ်။ကိုယ့်လူတွေရန်ဖြစ်ရင် ခံလာရတာမမြင်ချင်ဘူး။ပြန်သာချခဲ့။ဖြစ်သမျှလိုက်ရှင်းမယ်ဆိုပြီး မြှောက်ပေးနေတာတွေကိုလည်း တွေ့နေရပါတယ်။အာဏာရှိသူက အာဏာနဲ့ရှင်း။အင်အားကောင်းသူက အင်အားနဲ့ရှင်းကြတာပေါ့လေ။အဲ့တော့လည်း ပြဿနာတွေက ပိုဆိုးကုန်တာပေါ့။

ရန်ဖြစ်ရုံနဲ့တင် အားမရဘူး။ပုဒ်မပေါင်းစုံနဲ့ အပြန်အလှန် အမှုတွေဖွင့်ကြတယ်။ရန်ဖြစ်တယ်ဆိုတာ ခဏပါပဲ။အမှုကတော့ကြာပါတယ်။ဒီအတိုင်း အေးဆေးပြီးသွားရမယ့် အမှုတွေကို အမတ်လောင်းတွေဟာ အားကိုးယူကြတယ်ထင်ပါရဲ့။အကယ်၍ ရွေးကောက်ပွဲရှုံးသွားရင်... ဒီအမှုကိုကိုင်ပြီး တရားမဲ့ပြုကျင့်မှုနဲ့ တိုင်မယ်။အရှုံးကနေ အနိုင်ဖြစ်အောင် လုပ်မယ်လို့များ တွေးသလားတော့ မသိပါဘူး။နှစ်ဖက်ဟာ အပြိုင်အဆိုင်တွေနဲ့မို့ တစ်ဖက်နဲ့ တစ်ဖက်လည်း ရန်တွေပဲစောင်နေကြတော့တယ်။
အင်းပေါ့လေ။ဟိုနားဒီနား ထိတွေ့မှုတွေကဖြစ်ထားတော့ တစ်ဖက်နဲ့ တစ်ဖက်လည်း အမြင်မကြည်ကြတော့ဘူးထင်တယ်။အွန်လိုင်းပေါ်မှာလည်း ရန်တွေဖြစ်။အပြင်မှာလည်းဆဲ။ဒီကြားထဲ အနီအင်္ကျီဝတ်ထားရင် ဈေးမရောင်းဘူးဆိုသူလည်းရှိ။
အစိမ်းအင်္ကျီဝတ်ထားရင် အရက်မရောင်းဘူးဆိုတဲ့လူတွေလည်း ရှိ။ပြီးတော့ အစိမ်းသီချင်းဖွင့်လို့ ဝင်ရိုက်တဲ့လူနဲ့ အနီသီချင်းဖွင့်လို့ ခဲနဲ့ထုတဲ့လူတွေကလည်း ရှိပြန်တယ်။

ပိုဆိုးတာက မဲဆွယ်ဆိုင်းဘုတ်တွေကို ဖျက်စီးတာပဲ။ဟိုဘက်ဆိုင်းဘုတ်ဖျက်လိုက်။ဒီဘက်ဆိုင်းဘုတ်ပြန်ဖျက်လိုက်။ပါတီထောက်ခံသူတွေကလည်း ဖျက်သလား။ကြည့်မရတဲ့ ပြည်သူတွေကပဲ ဖျက်သလားတော့ သေချာမသိရပြန်ပါဘူး။ဖျက်စီးသူကို ဖမ်းမိတော့လည်း ပါတီထောက်ခံတွေက ဟုတ်ပုံမရ။ဒီတော့ ပါတီတွေကိုအမြင်ကပ်နေတဲ့ ပြည်သူတွေများရှိနေပြီလားကလည်း တွေးစရာပါပဲ။

ဘာပဲဖြစ်ဖြစ်။ပါတီတွေဟာ အရမ်းကိုပြိုင်ဆိုင်နေတာ သေချာတယ်။ပါတီထောက်ခံသူတွေဟာ ကိုယ့်ပါတီကို ထိလို့မရဘူး။ထိတာနဲ့ အသေအလဲကာကွယ်တယ်။ပါတီခေါင်းဆောင်တွေ အချင်းချင်းကလည်း မတည့်ကြဘူး။သူများအားနည်းချက်ပဲ ချောင်းပြီးဆော်ဖို့ စဉ်းစားနေကြတယ်။ပါတီထောက်ခံသူတွေဟာလည်း တူတူပဲ။အချင်းချင်း အလစ်ချောင်းပြီးတွယ်ဖို့ပဲ စဉ်းစားနေတယ်။

အဲ့တော့ ရွေးကောက်ပွဲ မဲဆွယ်ကာလမှာ လက်ဝှေ့ပွဲကြီးတစ်ခုလောက် စီစဉ်ရင်ကောင်းမယ်လို့ စဉ်းစားမိပါတယ်။အစီအစဉ်ကတော့ ရွေးကောက်ပွဲမတိုင်မီ လက်ဝှေ့ပွဲကြီးတစ်ခု စီစဉ်မယ်။လက်ဝှေ့ပွဲကို ပါတီစုံလက်ဝှေ့ပွဲလို့ နာမည်ပေးမယ်။ပြီးရင် ပါတီပေါင်းစုံကလူတွေ ဝင်ပြိုင်ခိုင်းမယ်။အမတ်လောင်းအချင်းချင်းလဲ စိန်ခေါ်ပြီးထိုးလို့ရမယ်။နယ်ပေါင်းစုံက ပါတီထောက်ခံသူတွေလည်း စိန်ခေါ်ပြီးထိုးလို့ရမယ်။ပြီးတော့ ပါတီစုံက လက်ဝှေ့သမားတစ်ယောက်စီထွက်ပြီး အောင်လံလုကြမယ်။
ကြေးစားမဖြစ်ရဘူး။ပါတီဝင်စစ်စစ်ဖြစ်ရမယ်။ဘယ်လောက်ပျော်စရာကောင်းလိုက်မလဲ။စိတ်ထဲမှာမကျေနပ်တာတွေကို ပါတီစုံလက်ဝှေ့ပွဲမှာ ချကြ။လမ်းမှာမဲဆွယ်ရင်း ရန်မဖြစ်နဲ့။လက်ဝှေ့ပွဲမှာ စိန်ခေါ်ထိုးလိုက်။အပြင်မှာရန်ဖြစ်ရင် အမှုတွေဖြစ်ရ၊ ဆေးရုံတွေတက်ရနဲ့ အလုပ်တွေရှုပ်တယ်။လက်ဝှေ့ပွဲမှာဆိုတော့ အမှုလည်းမဖြစ်တော့ဘူး။ပြီးတော့ ကိုယ့်ပါတီထောက်ခံသူတွေက ဆုကြေးတွေချဦးမယ်။အနိုင်အရှုံးကိုလည်း ကြေးဖွင့်မှာဆိုတော့ ထိုးကြေးကလည်း သပ်သပ်ရဦးမယ်။ပြီးတော့ ကိုယ့်ပါတီဟာ ဘယ်လောက်အင်အားရှိကြောင်း၊ ဘယ်လောက်သတ္တိရှိကြောင်းလည်း ပြရာရောက်မယ်။ပြဲကွဲတော့လည်း ဘာဖြစ်လဲ။ပါတီအတွက်ပဲ။

နောက်ဆို ရွေးကောက်ပွဲတောင် မလုပ်သင့်တော့ဘူး။လက်ဝှေ့ပွဲပဲလုပ်လိုက်။နိုင်တဲ့လူ အမတ်လုပ်။အဲ့အမတ်တွေအချင်းချင်း ပြန်ထိုးကြ။နိုင်တဲ့လူက သမ္မတလုပ်။ဘယ်လောက်ကောင်းလဲ။ပြည်သူတွေလည်း လက်ဝှေ့ပွဲအားပေးရမယ်။ကိုယ်ကြည့်မရတဲ့အမတ် အထိုးခံနေရရင် ဘယ်လောက်ဝမ်းသာလိုက်မလဲ။မဲပေးရတာတွေလည်း သက်သာမယ်။ကုန်ကျစားရိတ်သက်သာမယ်။လက်ဝှေ့ပွဲက ကြော်ငြာတွေလည်းရတော့ ဘဏ္ဍာရေးအတွက်လည်း ပူစရာမလိုဘူး။အဲ့ဒါဆို လူငယ်တွေလည်းနေရာရမယ်။
ရှေးရိုးစွဲအဘိုးအိုတွေကိုလည်း ရှင်းပစ်ရာရောက်မယ်။ဘယ်လောက်ကောင်းမလဲ။

စိုပြေသာ အာဏာရှိရင်တော့ အခြေခံဥပဒေကို ပြင်ပလိုက်မယ်။လက်ဝှေ့ထိုးပြီး သမ္မတရွေးကြလို့....။

စိုပြေ
အောက်တိုဘာ - ၁၁

( Zawgyi )

ကိုဗစ္ကာလ ရန္ကုန္မွာေနရတာ ပ်င္းစရာေတာ္ေတာ္ေကာင္းတယ္။ပ်င္းစရာေကာင္းေပမဲ့လည္း အစိုးရက အိမ္မွာပဲေနဖို႔ ၫႊန္ၾကားထားေတာ့ အိမ္မွာပဲေနရတယ္။နယ္ေက်ာ္ရင္ ဖမ္းမယ္ဆိုေတာ့လည္း သိပ္မထြက္ရဲဘူး။အိမ္မွာေနရင္း ပ်င္းေတာ့လည္း မဲဆြယ္သူေတြကို လြမ္းမိျပန္ေရာ။အခုကာလက မဲဆြယ္ကာလမဟုတ္လား။မဲဆြယ္ကာလဆိုတာ ေဆာင္းေဘာက္သံေတြ တဒုန္းဒုန္းနဲ႔ အရပ္ထဲပတ္ကေနရမွာ။အခုေတာ့ အဲ့လိုမဟုတ္ပါဘူး။ကိုယ့္အိမ္ေရွ႕ကိုယ္ အလံေလးေထာင္႐ုံပဲ တတ္ႏိုင္တယ္။အခုေတာ့ တိတ္ဆိတ္ေျခာက္ကပ္ေနရတာေပါ့ေလ။

နယ္ေတြမွာေတာ့  ရန္ကုန္နဲ႔ ေျပာင္းျပန္။နယ္ဘက္က ကိုဗစ္လည္း သိပ္မျဖစ္လို႔ထင္ပါရဲ႕။မဲဆြယ္သူေတြ အမ်ားအျပား လမ္းေပၚထြက္ေနၾကတာ ေတြ႕ေနရတယ္။ေပ်ာ္စရာႀကီးရယ္။သၾကၤန္ကာလ မေပ်ာ္လိုက္ရတာကို အခုမွေပ်ာ္ၾကပုံရတယ္။ၿပီးေတာ့ ပါတီေတြဟာ ညႇိၿပီးေတာ့မ်ား လုပ္ၾကသလားမသိဘူး။အနီပါတီမဲဆြယ္ရင္ အစိမ္းပါတီကလည္း မဲဆြယ္တာပဲ။ဒါကလည္း တစ္ဖြဲ႕ထဲခြၽန္ၿပီး မဲဆြယ္ေနရင္ ေ႐ြးေကာ္ကအေရးယူႏိုင္သလို...။ျပည္သူေတြကလည္း တစ္ဖက္ထဲကို အျပစ္ေတြဝိုင္းေျပာႏိုင္တယ္ေလ။ႏွစ္ပါတီ အတူတူမဲဆြယ္ေတာ့ ဘယ္သူ႔ဘယ္သူမွလည္း အျပစ္ေျပာလို႔မရေတာ့ဘူး။အေရးယူမယ္ဆိုရင္လည္း ႏွစ္ပါတီစလုံး အေရးယူရမွာဆိုေတာ့ ေ႐ြးေကာ္ကလည္း မသိခ်င္ေယာင္ပဲ ေဆာင္လိုက္တယ္ထင္ပါတယ္။အဲ့ေတာ့ လမ္းေတြေပၚမွာ ႏွစ္ပါတီရင္ဆိုင္ေတြ႕ၿပီး သီခ်င္းေတြနဲ႔ တူတူကခုန္ၾကတာ ရန္ကုန္သားေတြအတြက္ေတာ့ အားက်စရာႀကီးပါပဲ။အခ်ိဳ႕ေတြကေတာ့ ကိုဗစ္ကာလ လူအင္အားအလုံးအရင္းနဲ႔ မဲဆြယ္ေနလို႔ အျပစ္ေျပာၾကတာေပါ့ေလ။ဒါကလည္း သူမ်ားေတြေပ်ာ္ေနတာကိုျမင္ၿပီး ကိုယ္တိုင္မေပ်ာ္ရလို႔ အျပစ္ျမင္တယ္လို႔ပဲ ထင္ပါတယ္။

အခုလို ပါတီေတြ အၿပိဳင္မဲဆြယ္ရင္း ရန္ျဖစ္တာေတြလည္း ေတြ႕ရျပန္တယ္။တစ္ဖက္နဲ႔ တစ္ဖက္က ယုံၾကည္ခ်က္ေတြက မတူၾကဘူးကိုး။ယုံၾကည္ခ်က္ေတြ ျပင္းထန္ေတာ့ ႏွစ္ဖက္ခ်ၾကတာေပါ့ေလ။ဒါကလည္း တစ္ဖက္နဲ႔ တစ္ဖက္ က်ီစားရင္းျဖစ္သြားတာလို႔ပဲ ျမင္ပါတယ္။တစ္ဖက္က ခဲေလးနဲ႔ေပါက္။တစ္ဖက္က အုတ္ခဲနဲ႔ထု။တစ္ဖက္ယာဥ္တန္းလာခ်ိန္မွာ ေရွ႕ကပိတ္ရပ္။ေရွ႕ပိတ္ကၾကတာေတြ။တစ္ဖက္ ဆိုင္ကယ္သမားကို အလံတိုင္နဲ႔ပိတ္႐ိုက္တာေတြ။ေပ်ာ္႐ႊင္စြာ ကခုန္ေနၾကသူေတြကို ေလးခြနဲ႔ပစ္။
အဲ့လိုျဖစ္တာေတြကၾကာေတာ့ ပိုမ်ားလာပါတယ္။ဒါေတာင္ အြန္လိုင္းေပၚတက္လာသေလာက္သာ သိရတာ။အြန္လိုင္းေပၚမတက္ဘဲ ရန္ျဖစ္တာေတြလည္း ရွိၾကတာပါပဲ။

အဆိုးဆုံးကေတာ့ ႐ြာထဲ ေလာ္ေပါင္းမ်ားစြာ၊ ေဆာင္းေဘာက္မ်ားစြာနဲ႔ ေအာင္ႏိုင္ေရးသီခ်င္းေတြ ဖြင့္တဲ့အိမ္ ခဲနဲ႔အထုခံရတာပဲ။ရပ္႐ြာကလည္း နားညီးတယ္ထင္ပါရဲ႕။ရန္ကုန္ၿမိဳ႕မွာ ေလာ္တစ္လုံးထဲဖြင့္တာေတာင္ ေတာ္ေတာ္စိတ္ညစ္ရတာ။
ေလာ္ေပါင္းမ်ားစြာဖြင့္ေလေတာ့ ေတာ္ေတာ္နားညီးမွာပါပဲေလ။ဒါေပမဲ့ အခုလိုေတာ့ မလုပ္သင့္ဘူးေပါ့ေလ။ေ႐ြးေကာက္ပြဲနီးခ်ိန္ဆိုေတာ့ ဒီလိုပါပဲ။အျခားအခ်ိန္ဆိုရင္ေတာ့ အရပ္ထဲ သူငယ္ခ်င္းေတြေပမဲ့...။ေ႐ြးေကာက္ပြဲနီးခ်ိန္မွာေတာ့ သူငယ္ခ်င္းအခ်င္းခ်င္းလဲ ေခတၱရန္သူေတြျဖစ္ကုန္ၾကတာပါပဲ။

ဒီၾကားထဲ ပါတီကိုယ္စီက လူႀကီးေတြကလည္း အသိဉာဏ္ပညာ အားနည္းၾကတယ္ထင္ပါတယ္။ႀကီးတဲ့အမႈ ငယ္ေအာင္။ငယ္တဲ့အမႈ ပေပ်ာက္ေအာင္ လုပ္ရမွာကို မလုပ္ၾကပါဘူး။ရန္ျဖစ္သူေတြကို ေျမႇာက္ေပးၾကတယ္။ကိုယ့္လူေတြရန္ျဖစ္ရင္ ခံလာရတာမျမင္ခ်င္ဘူး။ျပန္သာခ်ခဲ့။ျဖစ္သမွ်လိုက္ရွင္းမယ္ဆိုၿပီး ေျမႇာက္ေပးေနတာေတြကိုလည္း ေတြ႕ေနရပါတယ္။အာဏာရွိသူက အာဏာနဲ႔ရွင္း။အင္အားေကာင္းသူက အင္အားနဲ႔ရွင္းၾကတာေပါ့ေလ။အဲ့ေတာ့လည္း ျပႆနာေတြက ပိုဆိုးကုန္တာေပါ့။

ရန္ျဖစ္႐ုံနဲ႔တင္ အားမရဘူး။ပုဒ္မေပါင္းစုံနဲ႔ အျပန္အလွန္ အမႈေတြဖြင့္ၾကတယ္။ရန္ျဖစ္တယ္ဆိုတာ ခဏပါပဲ။အမႈကေတာ့ၾကာပါတယ္။ဒီအတိုင္း ေအးေဆးၿပီးသြားရမယ့္ အမႈေတြကို အမတ္ေလာင္းေတြဟာ အားကိုးယူၾကတယ္ထင္ပါရဲ႕။အကယ္၍ ေ႐ြးေကာက္ပြဲရႈံးသြားရင္... ဒီအမႈကိုကိုင္ၿပီး တရားမဲ့ျပဳက်င့္မႈနဲ႔ တိုင္မယ္။အရႈံးကေန အႏိုင္ျဖစ္ေအာင္ လုပ္မယ္လို႔မ်ား ေတြးသလားေတာ့ မသိပါဘူး။ႏွစ္ဖက္ဟာ အၿပိဳင္အဆိုင္ေတြနဲ႔မို႔ တစ္ဖက္နဲ႔ တစ္ဖက္လည္း ရန္ေတြပဲေစာင္ေနၾကေတာ့တယ္။
အင္းေပါ့ေလ။ဟိုနားဒီနား ထိေတြ႕မႈေတြကျဖစ္ထားေတာ့ တစ္ဖက္နဲ႔ တစ္ဖက္လည္း အျမင္မၾကည္ၾကေတာ့ဘူးထင္တယ္။အြန္လိုင္းေပၚမွာလည္း ရန္ေတြျဖစ္။အျပင္မွာလည္းဆဲ။ဒီၾကားထဲ အနီအက်ႌဝတ္ထားရင္ ေဈးမေရာင္းဘူးဆိုသူလည္းရွိ။
အစိမ္းအက်ႌဝတ္ထားရင္ အရက္မေရာင္းဘူးဆိုတဲ့လူေတြလည္း ရွိ။ၿပီးေတာ့ အစိမ္းသီခ်င္းဖြင့္လို႔ ဝင္႐ိုက္တဲ့လူနဲ႔ အနီသီခ်င္းဖြင့္လို႔ ခဲနဲ႔ထုတဲ့လူေတြကလည္း ရွိျပန္တယ္။

ပိုဆိုးတာက မဲဆြယ္ဆိုင္းဘုတ္ေတြကို ဖ်က္စီးတာပဲ။ဟိုဘက္ဆိုင္းဘုတ္ဖ်က္လိုက္။ဒီဘက္ဆိုင္းဘုတ္ျပန္ဖ်က္လိုက္။ပါတီေထာက္ခံသူေတြကလည္း ဖ်က္သလား။ၾကည့္မရတဲ့ ျပည္သူေတြကပဲ ဖ်က္သလားေတာ့ ေသခ်ာမသိရျပန္ပါဘူး။ဖ်က္စီးသူကို ဖမ္းမိေတာ့လည္း ပါတီေထာက္ခံေတြက ဟုတ္ပုံမရ။ဒီေတာ့ ပါတီေတြကိုအျမင္ကပ္ေနတဲ့ ျပည္သူေတြမ်ားရွိေနၿပီလားကလည္း ေတြးစရာပါပဲ။

ဘာပဲျဖစ္ျဖစ္။ပါတီေတြဟာ အရမ္းကိုၿပိဳင္ဆိုင္ေနတာ ေသခ်ာတယ္။ပါတီေထာက္ခံသူေတြဟာ ကိုယ့္ပါတီကို ထိလို႔မရဘူး။ထိတာနဲ႔ အေသအလဲကာကြယ္တယ္။ပါတီေခါင္းေဆာင္ေတြ အခ်င္းခ်င္းကလည္း မတည့္ၾကဘူး။သူမ်ားအားနည္းခ်က္ပဲ ေခ်ာင္းၿပီးေဆာ္ဖို႔ စဥ္းစားေနၾကတယ္။ပါတီေထာက္ခံသူေတြဟာလည္း တူတူပဲ။အခ်င္းခ်င္း အလစ္ေခ်ာင္းၿပီးတြယ္ဖို႔ပဲ စဥ္းစားေနတယ္။

အဲ့ေတာ့ ေ႐ြးေကာက္ပြဲ မဲဆြယ္ကာလမွာ လက္ေဝွ႔ပြဲႀကီးတစ္ခုေလာက္ စီစဥ္ရင္ေကာင္းမယ္လို႔ စဥ္းစားမိပါတယ္။အစီအစဥ္ကေတာ့ ေ႐ြးေကာက္ပြဲမတိုင္မီ လက္ေဝွ႔ပြဲႀကီးတစ္ခု စီစဥ္မယ္။လက္ေဝွ႔ပြဲကို ပါတီစုံလက္ေဝွ႔ပြဲလို႔ နာမည္ေပးမယ္။ၿပီးရင္ ပါတီေပါင္းစုံကလူေတြ ဝင္ၿပိဳင္ခိုင္းမယ္။အမတ္ေလာင္းအခ်င္းခ်င္းလဲ စိန္ေခၚၿပီးထိုးလို႔ရမယ္။နယ္ေပါင္းစုံက ပါတီေထာက္ခံသူေတြလည္း စိန္ေခၚၿပီးထိုးလို႔ရမယ္။ၿပီးေတာ့ ပါတီစုံက လက္ေဝွ႔သမားတစ္ေယာက္စီထြက္ၿပီး ေအာင္လံလုၾကမယ္။
ေၾကးစားမျဖစ္ရဘူး။ပါတီဝင္စစ္စစ္ျဖစ္ရမယ္။ဘယ္ေလာက္ေပ်ာ္စရာေကာင္းလိုက္မလဲ။စိတ္ထဲမွာမေက်နပ္တာေတြကို ပါတီစုံလက္ေဝွ႔ပြဲမွာ ခ်ၾက။လမ္းမွာမဲဆြယ္ရင္း ရန္မျဖစ္နဲ႔။လက္ေဝွ႔ပြဲမွာ စိန္ေခၚထိုးလိုက္။အျပင္မွာရန္ျဖစ္ရင္ အမႈေတြျဖစ္ရ၊ ေဆး႐ုံေတြတက္ရနဲ႔ အလုပ္ေတြရႈပ္တယ္။လက္ေဝွ႔ပြဲမွာဆိုေတာ့ အမႈလည္းမျဖစ္ေတာ့ဘူး။ၿပီးေတာ့ ကိုယ့္ပါတီေထာက္ခံသူေတြက ဆုေၾကးေတြခ်ဦးမယ္။အႏိုင္အရႈံးကိုလည္း ေၾကးဖြင့္မွာဆိုေတာ့ ထိုးေၾကးကလည္း သပ္သပ္ရဦးမယ္။ၿပီးေတာ့ ကိုယ့္ပါတီဟာ ဘယ္ေလာက္အင္အားရွိေၾကာင္း၊ ဘယ္ေလာက္သတၱိရွိေၾကာင္းလည္း ျပရာေရာက္မယ္။ၿပဲကြဲေတာ့လည္း ဘာျဖစ္လဲ။ပါတီအတြက္ပဲ။

ေနာက္ဆို ေ႐ြးေကာက္ပြဲေတာင္ မလုပ္သင့္ေတာ့ဘူး။လက္ေဝွ႔ပြဲပဲလုပ္လိုက္။ႏိုင္တဲ့လူ အမတ္လုပ္။အဲ့အမတ္ေတြအခ်င္းခ်င္း ျပန္ထိုးၾက။ႏိုင္တဲ့လူက သမၼတလုပ္။ဘယ္ေလာက္ေကာင္းလဲ။ျပည္သူေတြလည္း လက္ေဝွ႔ပြဲအားေပးရမယ္။ကိုယ္ၾကည့္မရတဲ့အမတ္ အထိုးခံေနရရင္ ဘယ္ေလာက္ဝမ္းသာလိုက္မလဲ။မဲေပးရတာေတြလည္း သက္သာမယ္။ကုန္က်စားရိတ္သက္သာမယ္။လက္ေဝွ႔ပြဲက ေၾကာ္ျငာေတြလည္းရေတာ့ ဘ႑ာေရးအတြက္လည္း ပူစရာမလိုဘူး။အဲ့ဒါဆို လူငယ္ေတြလည္းေနရာရမယ္။
ေရွး႐ိုးစြဲအဘိုးအိုေတြကိုလည္း ရွင္းပစ္ရာေရာက္မယ္။ဘယ္ေလာက္ေကာင္းမလဲ။

စိုေျပသာ အာဏာရွိရင္ေတာ့ အေျခခံဥပေဒကို ျပင္ပလိုက္မယ္။လက္ေဝွ႔ထိုးၿပီး သမၼတေ႐ြးၾကလို႔....။

စိုေျပ
ေအာက္တိုဘာ - ၁၁