【 သရော်စာ 】 မောင်ဗြိ တရားရှာခြင်း

【 သရော်စာ 】 မောင်ဗြိ တရားရှာခြင်း

"ဘ၀သံသရာ..ရှည်လျား ထွေပြား..မနေမနား..တစ်သွားတည်းသွားကြမှာ ..လောဘရယ်..ဒေါသရယ်..မောဟရယ်..ဂွီ ဂွီ ဂွယ်" "ငယ်သော်က သား..မဆုံးမငြားက..ကြီးသောအခါ ..လွန်စွာ ဂွီ ဂွီ ဂွား" "လူမင်းရာဇာ နတ်မင်းဒေဝါ .ကြည်သာရွှင်ပျကြစေသော..‌ဂွီဂွီဂေါ်" အချိန်ကား ညနေ ‌၅ နာရီ။ဆရာတော်များ တရားရေအေးမတိုက်ကျွေးမီ နှစ်နာရီ အလို ကတည်းက တရားပွဲတွင် သီချင်းဆိုကြရမည်ဟု ဘယ်သကောင့်သားက တီထွင်လိုက်သည်မသိ။ မောင်ဗြိ နေထိုင်ရာ တိုက်ခန်းမဟာ၏ အရှေ့၊ အနောက်၊ တောင် သုံးဘက်သုံးတန်လမ်းများမှ တရားပွဲအကြို သီချင်းဆိုပွဲတို့က အပြိုင်အဆိုင် ဂွီဂေါ်သံပေးလျက်။ လောကတွင် ရှင်သန်ရာ၌ တစ်နေ့တစ်နေ့ ဥစ္စာမရ၊ ပညာမရ လျှင် တရားရရမည်ဟု ဓမ္မပဒ က ဆိုသည်မဟုတ်လော။ ပတ်ချာလည် ရပ်ကွက်တစ်ခုလုံးမှ လူများ တရားရှာနေကြချိန်တွင် လိမ္မာယဉ်ကျေးမောင်ဗြိလေးသည်လည်း စာရေးမရမည့်အတူတူ တရားရှာရန် အလို့ငှာ တရားပွဲများ ရှိရာသို့ ထွက်လာခဲ့လေတော့သည်။ ဟော..ရောက်ပါပြီ..ခင်ဗျာ။ ဤမင်္ဂလာမဏ္ဍပ် ကို ကျောင်းတော်အမှတ်ဖြင့် ခုန်ပေါက်ပြေးလွှားကလေးများ။ အလို..တစ်ယောက် လဲကျသွားပြီဗျာ။ တရားဟောစင်မြင့်ရဲ့ ရှေ့ဘက်ဖျာတွေထက် အပြိုင်အဆိုင် နေရာဦးထားကြတဲ့ ကျောက်တုံးတွေ၊ သစ်သားတုံးတွေကို ခလုတ်တိုက်မိပြီး လဲကျတာဗျာ။ ကဲ..မဟာရန်ကုန်ရွှေမြို့တော်သူ မြို့တော်သားများကား ကားပါကင်ပင် ကျောက်တုံး၊သစ်တုံးခံ နေရာဦးကြသည်မဟုတ်။ နိဗ္ဗာန်ကို ရှေ့ဆုံးမှ မျက်မှောက်ပြုကြရန် အလို့ငှာလည်း တရားပွဲ နေရာဦးထားကြသည်ကော။ စင်မြင့်ဘေးတဖက်တချက်တွင်တော့ နိဗ္ဗာန်အကျိုးမျှော် နိုးဆော်တေးများသီကျူးပြီး စကြာ၀ဠာတိုက်တစ် သောင်းထိ ကြားကြစေရန်အလို့ငှာ မိုက်လုနေကြသော အဆိုတော် ကိုကို၊မမ၊ ဦးဦး၊ ဒေါ်ဒေါ်တသိုက်။ ဆရာတော်ကြွလာရန်ကား တစ်နာရီခွဲခန့် လိုပေသေး၏။ တရားရှာသူ မောင်ဗြိ လည်း သပ္ပုရိသနွယ်၀င်သူတော်စင်လေးပီပီ ဟိုးဘက်လမ်းကြားက အရက်ဆိုင်ကို အားတင်း မျက်နှာလွှဲလျက် ခင်းထားသော ဖျာကလေးတွင် ၀င်ထိုင်ရင်း နဘေးနားမှ ဇွဲကောင်းသူ အဒေါ်ကြီး တသိုက်၏ တရားဆွေးနွေးခြင်းကို အာရုံစိုက်မိလေတော့သည်။ "မနေ့က ဟိုဘက်လမ်းက တရားပွဲမှာ ပွဲပြီးတော့ ပိုက်ဆံတွေကြဲတာ..အမ က ဘာလို့မလာတာလဲ...ကျွန်မဆို လေးထောင့်ငါးရာတောင် ရတယ်" "အို.ဒီဘက်ဆရာတော်ပွဲက ပိုစည်တယ်အေ့..ဗုဒ္ဓဂါယာခရီးစဉ် ကံစမ်းမဲ ဖောက်ပေးတာ...ငါ့ရှေ့က နံပါတ်ပေါက်သွားတယ်.‌ပေါက်သွားတာ ဘယ်သူမှတ်တုန်း.. .ဟိုဘက်လမ်း က ကုန်စုံဆိုင်က‌ ‌မျက်မှေးမလဟယ်.. တက္ကစီသမားလှကြိုင်နဲ့ တိတ်တိတ်ပုန်း ဖြစ်နေတဲ့တစ်ယောက်လေ..သူ့‌ယောက်ျားက လောင်းကစားမှုနဲ့ ထောင်ကျသွားတာလေ" "အောင်မယ် ..အဲ့ကောင်မ သိပ..သူက တရားပွဲတွေ ဘာတွေတောင်လာလို့..အေးလေ မဲပေါက်တော့ လင်ငယ်နဲ့ သွားမှာပေါ့" "ငါကတော့ ပထမ ဟိုဘက်လမ်းပွဲ သွားမလို့..ဒီညက ဘုရားဆင်းတုတွေ မဲဖောက်ပေးမှာတဲ့" "ဒီဘက်ပဲ နေစမ်းပါအေ..ဒီမှာလည်း ပွဲပြီးရင် အောင်ပွဲအထိမ်းအမှတ် ပွဲကန်ထရိုက်က ပိုက်ဆံကြဲမှာတဲ့..ဒေါ်လာတွေ ပါတယ်တဲ့နော်.." အောင်မယ်..ကြည့်ကြစမ်းပါဗျာတို့။ ခေတ်ကြီးများ တယ်လီနော့၊ အော်ရီဒူး၊ အမ်ပီတီ ၊ မိုင်တဲ ဖုန်းပြောရင်း ပရိုမိုးရှင်းတွေ အပြိုင်ပေးကြတာ ဘာဟုတ်သေးလို့တုန်း။ အခုဆို တရားနာရင်း ထောမယ့် အကွက်တွေ ။ ရခဲလှတဲ့ လူ့ဘ၀ကို ဒီလိုခေတ်မှာ ကြုံလာမှ တရားမရှာရင် မောင်ဗြိထက် မိုက်တဲ့သူ ရှိပါဦးမလား။ ခွင့်သာခိုက်မှ မလိုက်ချင်လျင် နင် ပြာပုံသာ တိုးပေရော မောင်ဗြိရေ လို့ ကိုယ့်ကိုကိုယ် ဆုံးမပြီး ကြုံ့ကြုံ့ကလေး ၀င်ထိုင်လိုက်မိကာမှ... အိမ်က ဘုရားဒကာမ ဆီက ဖုန်း၀င်လာပါလေရောဗျာ။ "ယောက်ျားရေ..ဒီဘက်လမ်းက တရားပွဲ ကို လာဟေ့..ဒီမှာ ကြာဇံကြော်တွေ ကျွေးနေတယ်..ညနေစာ အလွတ်ပဲတော့" ကျွန်တော် မောင်ဗြိ ကား တရားရှာခိုက် ကြာဇံကြော် တွေ့ပေပြီမို့ ညနေစာ မငတ်ဖို့ အရေး အသာအယာ‌လေးလစ်ထွက်ခဲ့ရပါကြောင်း။ ဗြိတိသျှကိုကိုမောင် ဖေ‌ဖော်ဝါရီ - ၉ ( Zawgyi ) "ဘ၀သံသရာ..ရွည္လ်ား ေထြျပား..မေနမနား..တစ္သြားတည္းသြားၾကမွာ ..ေလာဘရယ္..ေဒါသရယ္..ေမာဟရယ္..ဂြီ ဂြီ ဂြယ္" "ငယ္ေသာ္က သား..မဆုံးမျငားက..ႀကီးေသာအခါ ..လြန္စြာ ဂြီ ဂြီ ဂြား" "လူမင္းရာဇာ နတ္မင္းေဒဝါ .ၾကည္သာ႐ႊင္ပ်ၾကေစေသာ..‌ဂြီဂြီေဂၚ" အခ်ိန္ကား ညေန ‌၅ နာရီ။ဆရာေတာ္မ်ား တရားေရေအးမတိုက္ေကြၽးမီ ႏွစ္နာရီ အလို ကတည္းက တရားပြဲတြင္ သီခ်င္းဆိုၾကရမည္ဟု ဘယ္သေကာင့္သားက တီထြင္လိုက္သည္မသိ။ ေမာင္ၿဗိ ေနထိုင္ရာ တိုက္ခန္းမဟာ၏ အေရွ႕၊ အေနာက္၊ ေတာင္ သုံးဘက္သုံးတန္လမ္းမ်ားမွ တရားပြဲအႀကိဳ သီခ်င္းဆိုပြဲတို႔က အၿပိဳင္အဆိုင္ ဂြီေဂၚသံေပးလ်က္။ ေလာကတြင္ ရွင္သန္ရာ၌ တစ္ေန႔တစ္ေန႔ ဥစၥာမရ၊ ပညာမရ လွ်င္ တရားရရမည္ဟု ဓမၼပဒ က ဆိုသည္မဟုတ္ေလာ။ ပတ္ခ်ာလည္ ရပ္ကြက္တစ္ခုလုံးမွ လူမ်ား တရားရွာေနၾကခ်ိန္တြင္ လိမၼာယဥ္ေက်းေမာင္ၿဗိေလးသည္လည္း စာေရးမရမည့္အတူတူ တရားရွာရန္ အလို႔ငွာ တရားပြဲမ်ား ရွိရာသို႔ ထြက္လာခဲ့ေလေတာ့သည္။ ေဟာ..ေရာက္ပါၿပီ..ခင္ဗ်ာ။ ဤမဂၤလာမ႑ပ္ ကို ေက်ာင္းေတာ္အမွတ္ျဖင့္ ခုန္ေပါက္ေျပးလႊားကေလးမ်ား။ အလို..တစ္ေယာက္ လဲက်သြားၿပီဗ်ာ။ တရားေဟာစင္ျမင့္ရဲ႕ ေရွ႕ဘက္ဖ်ာေတြထက္ အၿပိဳင္အဆိုင္ ေနရာဦးထားၾကတဲ့ ေက်ာက္တုံးေတြ၊ သစ္သားတုံးေတြကို ခလုတ္တိုက္မိၿပီး လဲက်တာဗ်ာ။ ကဲ..မဟာရန္ကုန္ေ႐ႊၿမိဳ႕ေတာ္သူ ၿမိဳ႕ေတာ္သားမ်ားကား ကားပါကင္ပင္ ေက်ာက္တုံး၊သစ္တုံးခံ ေနရာဦးၾကသည္မဟုတ္။ နိဗၺာန္ကို ေရွ႕ဆုံးမွ မ်က္ေမွာက္ျပဳၾကရန္ အလို႔ငွာလည္း တရားပြဲ ေနရာဦးထားၾကသည္ေကာ။ စင္ျမင့္ေဘးတဖက္တခ်က္တြင္ေတာ့ နိဗၺာန္အက်ိဳးေမွ်ာ္ ႏိုးေဆာ္ေတးမ်ားသီက်ဴးၿပီး စၾကာ၀ဠာတိုက္တစ္ ေသာင္းထိ ၾကားၾကေစရန္အလို႔ငွာ မိုက္လုေနၾကေသာ အဆိုေတာ္ ကိုကို၊မမ၊ ဦးဦး၊ ေဒၚေဒၚတသိုက္။ ဆရာေတာ္ႂကြလာရန္ကား တစ္နာရီခြဲခန႔္ လိုေပေသး၏။ တရားရွာသူ ေမာင္ၿဗိ လည္း သပၸဳရိသႏြယ္၀င္သူေတာ္စင္ေလးပီပီ ဟိုးဘက္လမ္းၾကားက အရက္ဆိုင္ကို အားတင္း မ်က္ႏွာလႊဲလ်က္ ခင္းထားေသာ ဖ်ာကေလးတြင္ ၀င္ထိုင္ရင္း နေဘးနားမွ ဇြဲေကာင္းသူ အေဒၚႀကီး တသိုက္၏ တရားေဆြးေႏြးျခင္းကို အာ႐ုံစိုက္မိေလေတာ့သည္။ "မေန႔က ဟိုဘက္လမ္းက တရားပြဲမွာ ပြဲၿပီးေတာ့ ပိုက္ဆံေတြႀကဲတာ..အမ က ဘာလို႔မလာတာလဲ...ကြၽန္မဆို ေလးေထာင့္ငါးရာေတာင္ ရတယ္" "အို.ဒီဘက္ဆရာေတာ္ပြဲက ပိုစည္တယ္ေအ့..ဗုဒၶဂါယာခရီးစဥ္ ကံစမ္းမဲ ေဖာက္ေပးတာ...ငါ့ေရွ႕က နံပါတ္ေပါက္သြားတယ္.‌ေပါက္သြားတာ ဘယ္သူမွတ္တုန္း.. .ဟိုဘက္လမ္း က ကုန္စုံဆိုင္က‌ ‌မ်က္ေမွးမလဟယ္.. တကၠစီသမားလွႀကိဳင္နဲ႔ တိတ္တိတ္ပုန္း ျဖစ္ေနတဲ့တစ္ေယာက္ေလ..သူ႔‌ေယာက္်ားက ေလာင္းကစားမႈနဲ႔ ေထာင္က်သြားတာေလ" "ေအာင္မယ္ ..အဲ့ေကာင္မ သိပ..သူက တရားပြဲေတြ ဘာေတြေတာင္လာလို႔..ေအးေလ မဲေပါက္ေတာ့ လင္ငယ္နဲ႔ သြားမွာေပါ့" "ငါကေတာ့ ပထမ ဟိုဘက္လမ္းပြဲ သြားမလို႔..ဒီညက ဘုရားဆင္းတုေတြ မဲေဖာက္ေပးမွာတဲ့" "ဒီဘက္ပဲ ေနစမ္းပါေအ..ဒီမွာလည္း ပြဲၿပီးရင္ ေအာင္ပြဲအထိမ္းအမွတ္ ပြဲကန္ထ႐ိုက္က ပိုက္ဆံႀကဲမွာတဲ့..ေဒၚလာေတြ ပါတယ္တဲ့ေနာ္.." ေအာင္မယ္..ၾကည့္ၾကစမ္းပါဗ်ာတို႔။ ေခတ္ႀကီးမ်ား တယ္လီေနာ့၊ ေအာ္ရီဒူး၊ အမ္ပီတီ ၊ မိုင္တဲ ဖုန္းေျပာရင္း ပ႐ိုမိုးရွင္းေတြ အၿပိဳင္ေပးၾကတာ ဘာဟုတ္ေသးလို႔တုန္း။ အခုဆို တရားနာရင္း ေထာမယ့္ အကြက္ေတြ ။ ရခဲလွတဲ့ လူ႔ဘ၀ကို ဒီလိုေခတ္မွာ ႀကဳံလာမွ တရားမရွာရင္ ေမာင္ၿဗိထက္ မိုက္တဲ့သူ ရွိပါဦးမလား။ ခြင့္သာခိုက္မွ မလိုက္ခ်င္လ်င္ နင္ ျပာပုံသာ တိုးေပေရာ ေမာင္ၿဗိေရ လို႔ ကိုယ့္ကိုကိုယ္ ဆုံးမၿပီး ႀကဳံ႕ႀကဳံ႕ကေလး ၀င္ထိုင္လိုက္မိကာမွ... အိမ္က ဘုရားဒကာမ ဆီက ဖုန္း၀င္လာပါေလေရာဗ်ာ။ "ေယာက္်ားေရ..ဒီဘက္လမ္းက တရားပြဲ ကို လာေဟ့..ဒီမွာ ၾကာဇံေၾကာ္ေတြ ေကြၽးေနတယ္..ညေနစာ အလြတ္ပဲေတာ့" ကြၽန္ေတာ္ ေမာင္ၿဗိ ကား တရားရွာခိုက္ ၾကာဇံေၾကာ္ ေတြ႕ေပၿပီမို႔ ညေနစာ မငတ္ဖို႔ အေရး အသာအယာ‌ေလးလစ္ထြက္ခဲ့ရပါေၾကာင္း။ ၿဗိတိသွ်ကိုကိုေမာင္ ေဖ‌ေဖာ္ဝါရီ - ၉