【 သရော်စာ 】" မောင်ဆိုက်ကား နှင့် သူ၏ဂိတ်မှူး"

【  သရော်စာ  】" မောင်ဆိုက်ကား နှင့် သူ၏ဂိတ်မှူး"

ဟုတ်ကဲ့...ကျွန်တော်ကတော့ ဆိုက်ကားပါခင်ဗျာ။
ဘီးသုံးဘီး၊ ဘဲလ်တစ်ခု နဲ့ ဘွတ်ကလုံငှက်ကလေးလို ကြော့ကြော့ကလေး လမ်းပေါ်ပြေးတဲ့ မောင်ဆိုက်ကားပါ။
ဒီနိုင်ငံမှာ ကျွန်တော်များ မောင်ဆိုက်ကားရဲ့ ဘိုးဘွားတွေ စတင်ပေါ်ပေါက်လာတာက အမျိုးသားရေးစိတ်ဓာတ်နဲ့ အတူပေါ့ခင်ဗျာ။
အောင်မယ်...မောင်ဆိုက်ကား မင့်ဟာက သမိုင်းနဲ့ချီပြီး လေလုံးထွားလှချည်လားတော့ မပြောနဲ့။
ကျွန်တော့်ဘိုးဘွားဆိုက်ကားများဟာ နယ်ချဲ့ကို တော်လှန်ခဲ့ကြတဲ့ ၁၃၀၀ ပြည့်အရေးတော်ပုံကြီးအပြီးမှာ ပေါ်လာခဲ့တာပါ။
အင်္ဂလိပ်အစိုးရရဲ့ ဓာတ်ရထားကို မစီးဘူး။ ကိုယ့်ပြည်သူပြည်သားနင်းတဲ့ ဒီယာဉ်သာကိုသာ စီးမယ်ဆိုတဲ့ ဇာတိမာန်နဲ့အတူ ဆိုက်ကားကလေး ပေါ်လာတယ်လို့ အဆိုရှိသဗျ။
ဒီလိုဒီလို သမိုင်းအစဉ်အလာရှိတဲ့ ဆိုက်ကားကိုးဗျ။
ဒါကိုပဲ ဆိုက်ကားဆို နှိမ်ချင်ကြ။ ဆိုက်ကားရဲ့ အရှင်သခင် အနှေးယာဉ်လုပ်သားတွေဆို နှိမ်ချင်ကြသေးတာကလား။

 

 

အောင်မယ်...သို့ပေတည့်
အခုလိုရွေးကောက်ပွဲကာလဆို ကျွန်တော်တို့ မောင်ဆိုက်ကားများနဲ့ ပဲ့ကိုင်ရှင်အနှေးယာဉ်လုပ်သား ဆိုက်ကားဆရာကြီးများ တယ်ပြီးမျက်နှာပွင့်ကိုဗျ။
ဟိုပါတီက အလံလေးလာစိုက်ခြင်၊ ဒီပါတီက မိုးကာလေးလာပေးခြင်း၊ နောက်တစ်ပါတီက ပါတီတံဆိပ်ပါနဲ့ အင်္ကျီတွေ ပေးခြင်နဲ့။
ဆိုက်ကားလုနေကြပုံများ။ တိုင်းပြည်အာဏာဟာ ဆိုက်ကားဂိတ်က စတင် စီးဆင်းတယ်လို့တောင် ထင်ချင်စရာ။
ကျွန်တော့်ဆရာတွေကတော့ သူတို့ကြိုက်တဲ့ပါတီ အလံ သူတို့ဟာသူတို့ စိုက်တာလည်းရှိတယ်။ ပိုက်ဆံပေးလာစိုက်ခိုင်းတဲ့ ပါတီရှိရင်လည်း အသာလေးယူပြီး ခဏစိုက်ပေးထားလိုက်တာပဲတဲ့။
ပြီးကိုယ်စိုက်ချင်တဲ့ အလံ ပိုစိုက်ကြတာပါပဲ။
မဲဆွယ်စရာရှိ ကျွန်တော်တို့ ဆိုက်ကားဂိတ်များကိုပဲ ရှေ့ဆုံးက လာဆွယ်ကြလို့နောက်ဆို ဆိုက်ကားဂိတ် ဗဟိုပြုအထွေထွေ ရွေးကောက်ပွဲကြီးလို့တောင် နာမည်ပြောင်းကြမယ်ထင်ရဲ့။
ခု ကျွန်တော်ပြောချင်တာက ကျွန်‌တော်တို့ ဂိတ်က ဂိတ်မှူး အကြောင်းပေါ့။
ကျွန်တော်မောင်ဆိုက်ကားဖြင့် သူ့တယ်လေးစားအားကျ။

ဪ...ငါဆိုက်ကားဖြစ်နေလို့သာ လူဖြစ်ရင် ဘဝအဆက်ဆက် သူ့လို ဂိတ်မှူးဖြစ်ပါစေသား ဆုတောင်းတယ်လို့။

 

 

တခြားမောင်ဆိုက်ကားတို့ ဆရာတွေက ပင်ပင်ပန်းပန်း၊ မိုးထဲလေထဲ ဆိုက်ကားဆွဲကြရချိန် ဂိတ်မှူးကြီးက ကျားထိုးလိုက်၊ လေကန်လိုက်ပဲ။
ဂိတ်ကိုအမှီပြုပြီး သူ့သမီးက ဗီဒီယိုရုံထောင်တယ်။
သူ့သားက နှစ်လုံးထီရောင်းတယ်။
ဂိတ်မှူးကတော်ဆို မီးခွက်ဈေး အရှေ့ဘက်စတိုးက စလင်းဘတ်ပေါင်းစုံကို တနေ့တမျိုးမရိုးရအောင် ကိုင်ပြီး ဂိတ်က ဆိုက်ကားတွေကို အလကားတက်တက်စီးတာ။
ရပ်ထဲရွာထဲ နိုင်ငံရေးပါတီတွေကလည်း ဂိတ်မှူးကြီးကို ဖင်တုန်အောင်ကြောက်ရသေးသဗျ။
ရွေးကောက်ပွဲနီးရင် လူစုပြီး လာတွေ့တဲ့ပါတီတွေတောင်ရှိသေး။

 

ဟုတ်တယ်လေ။
ဂိတ်မှူးကြီးက ဟေ့ ငါ့ဂိတ်တဝိုက် အလံလာမစိုက်နဲ့လို့ တစ်ချက်လွှတ်အမိန့်ပေးရင် အလံစိုက်မဲဆွယ်နည်းပဲ တတ်တဲ့ နိုင်ငံရေးသမားတွေ လုပ်ကွက်ပျောက်တော့မှာ။
ဂိတ်မှူးကြီး အဲ့ဒီလို ပါဝါကြီးတာလည်း မပြောနဲ့။
ဂိတ်ပတ်ချာလည် ရပ်ကွက်ထဲ သူမပါတာမရှိဘူး။
ခုန နိုင်ငံရေးသမား‌တွေနဲ့ လေကန်ရမလား..ဒါလည်းသူ တတ်တာပဲ။
ဓမ္မာရုံမှာ ဆွမ်းချက္လည်း သူဆရာကြီးပဲ။
ချဲထွက်ရက်ဆိုလည်း ကလင်ဒါကွက်တွေ ချချပြတတ်သေးတာ။
အိုဗျာ..ကျားထိုးတတ်တယ်၊ အံစာခေါက်တတ်တယ်၊ ဂေါ်လီပစ်တတ်တယ်၊ ကြက်ဖခွပ်တတ်တယ်၊ စည်းဖန်ခုံတတ်တယ်၊ ဂွေလှိမ့်တတ်တယ်၊ဂျွမ်းထိုးတတ်တယ်။
ဂိတ်မှူးကြီး.မလုပ်တတ်တာဘာမှမရှိဘူး။
ဂိတ်မှူးကြီး မလုပ်ရဲတာလည်းဘာမှ မရှိဘူး။

 

ကထိန်ကာလများဆို ဂုန်နီအိတ်နဲ့ချုပ်တဲ့ ဝက်ဝံရာပ်ကြီးထဲ ဝင်ပြီး သူငယ်တော်အက၊ ဒေါ်မိုးအက ကပြသေးတာ။ အဆန်းကြီး။
ဒီလောက်တော်တဲ့ ဂိတ်မှူးကြီး။
တရက်တော့ ကျွန်တော်တို့ဂိတ်က ဆရာတွေက ရပ်ကွက်ထဲ ရုတ်တရက်နာရေးတစ်ခုဖြစ်လို့ သွားလိုက်ပို့ကြတယ်။
ဂိတ်မှာ ဂိတ်မှူးကြီး တစ်ယောက်တည်း။
ကျွန်တော်မောင်ဆိုက်ကားလည်း ဂိတ်မှူးကြီးက ကျွန်တော့်ပေါ် တက်ထိုင်ရင်း ချဲတွက်နေတာဆိုတော့ ဂုဏ်ယူတာပေါ့ဗျာ။
ဒီလို ဂိတ်မှူးကြီးကို ငါထမ်းပိုးထားခွင့်ရတာဟာ ငါ့ရဲ့ ကြီးမြတ်တဲ့ ဆိုက်ကားသမိုင်းပဲ ဆိုပြီး ဂုဏ်ယူမိပါတယ်။
အဲ့ဒီအချိန် လမ်းထိပ်ထမင်းကြော်ဆိုင်က အမကြီး လာပါလေရော။
အဲ့ဒီ အမကြီးက စမတ်ဒေါင်းထဲက နပန်းမယ်တွေလို တောင့်တောင့်ထွားထွား။
"ဆိုက်ကား အားလားရှင့်"
ဂိတ်မှူးကြီးဟာ အင်း အဲ လုပ်နေပါတယ်။

 

"ဈေးသွားချင်လို့ ဆိုက်ကားအားလားဆို"
"အင်း...အားပါတယ်...အားပါတယ်"
"ကဲ..အဲ့ဒါဆိုလည်း သွားမယ်"
ဂိတ်မှူးဟာ အီလည်လည်နဲ့ ဆိုက်ကားကို တက်ခွပါတယ်။
ကျွန်တော်မောင်ဆိုက်ကား..ဒီဂိတ်မှာ..ဆိုက်ကားဖြစ်လာတဲ့ သက်တမ်းတလျှောက်..ဂိတ်မှူးကြီး အကုန်ဝင်လုပ်တာ...လုပ်ရဲတာ မြင်ဖူးပြီ။
ဒီတခါတော့ သူ့ရဲ့ မာစတာပိစ်ဖြစ်တဲ့ ဂိတ်မှူးဂုဏ်ပုဒ်နဲ့အညီ ဆိုက်ကားနင်းကျွမ်းကျင်မှုကို မြင်ခွင့်ရချေပြီတကား။
"အိ...အင့်"
"ဟဲ့...ဟဲ့..အောင်မယ်လေး"
သွားပြီ။
ကျွန်တော်မောင်ဆိုက်ကား မြောင်းထဲမှာ တုံးလုံးကလေး။

 

 

ဟိုအမကြီးလည်း မှောက်ခုံကြီး ပြုတ်ကျ။
ဂိတ်မှူးကြီးကတော့ သူလွတ်ရာကျွတ်ရာ ခုန်ချလိုက်ပုံပဲ။
ရယ်ကျဲကျဲနဲ့ တဟဲဟဲ ။
အိမ်း...ကျွန်တော်မောင်ဆိုက်ကားတို့ မြောင်းထဲ ကျမှ သိလိုက်တာက
"ငါတို့ဆိုက်ကားဂိတ်ချုပ်ကြီး၊ ဂိတ်မှူးကြီးဟာ ဘာမဆို ဝင်ပါရဲတယ်။
ဘာမဆိုလုပ်ရဲတယ်။
သူဂိတ်မှူးရာထူးယူထားတဲ့ ဆိုက်ကားပဲ မနင်းတတ်တာပါလားလို့ "

ဗြိတိသျှကိုကိုမောင်

 

(  Zawgyi  )

 

 ဟုတ္ကဲ့...ကြၽန္ေတာ္ကေတာ့ ဆိုက္ကားပါခင္ဗ်ာ။
ဘီးသုံးဘီး၊ ဘဲလ္တစ္ခု နဲ႔ ဘြတ္ကလုံငွက္ကေလးလို ေၾကာ့ေၾကာ့ကေလး လမ္းေပၚေျပးတဲ့ ေမာင္ဆိုက္ကားပါ။
ဒီႏိုင္ငံမွာ ကြၽန္ေတာ္မ်ား ေမာင္ဆိုက္ကားရဲ႕ ဘိုးဘြားေတြ စတင္ေပၚေပါက္လာတာက အမ်ိဳးသားေရးစိတ္ဓာတ္နဲ႔ အတူေပါ့ခင္ဗ်ာ။
ေအာင္မယ္...ေမာင္ဆိုက္ကား မင့္ဟာက သမိုင္းနဲ႔ခ်ီၿပီး ေလလုံးထြားလွခ်ည္လားေတာ့ မေျပာနဲ႔။
ကြၽန္ေတာ့္ဘိုးဘြားဆိုက္ကားမ်ားဟာ နယ္ခ်ဲ႕ကို ေတာ္လွန္ခဲ့ၾကတဲ့ ၁၃၀၀ ျပည့္အေရးေတာ္ပုံႀကီးအၿပီးမွာ ေပၚလာခဲ့တာပါ။
အဂၤလိပ္အစိုးရရဲ႕ ဓာတ္ရထားကို မစီးဘူး။ ကိုယ့္ျပည္သူျပည္သားနင္းတဲ့ ဒီယာဥ္သာကိုသာ စီးမယ္ဆိုတဲ့ ဇာတိမာန္နဲ႔အတူ ဆိုက္ကားကေလး ေပၚလာတယ္လို႔ အဆိုရွိသဗ်။
ဒီလိုဒီလို သမိုင္းအစဥ္အလာရွိတဲ့ ဆိုက္ကားကိုးဗ်။
ဒါကိုပဲ ဆိုက္ကားဆို ႏွိမ္ခ်င္ၾက။ ဆိုက္ကားရဲ႕ အရွင္သခင္ အေႏွးယာဥ္လုပ္သားေတြဆို ႏွိမ္ခ်င္ၾကေသးတာကလား။

ေအာင္မယ္...သို႔ေပတည့္
အခုလိုေ႐ြးေကာက္ပြဲကာလဆို ကြၽန္ေတာ္တို႔ ေမာင္ဆိုက္ကားမ်ားနဲ႔ ပဲ့ကိုင္ရွင္အေႏွးယာဥ္လုပ္သား ဆိုက္ကားဆရာႀကီးမ်ား တယ္ၿပီးမ်က္ႏွာပြင့္ကိုဗ်။
ဟိုပါတီက အလံေလးလာစိုက္ျခင္၊ ဒီပါတီက မိုးကာေလးလာေပးျခင္း၊ ေနာက္တစ္ပါတီက ပါတီတံဆိပ္ပါနဲ႔ အက်ႌေတြ ေပးျခင္နဲ႔။
ဆိုက္ကားလုေနၾကပုံမ်ား။ တိုင္းျပည္အာဏာဟာ ဆိုက္ကားဂိတ္က စတင္ စီးဆင္းတယ္လို႔ေတာင္ ထင္ခ်င္စရာ။
ကြၽန္ေတာ့္ဆရာေတြကေတာ့ သူတို႔ႀကိဳက္တဲ့ပါတီ အလံ သူတို႔ဟာသူတို႔ စိုက္တာလည္းရွိတယ္။ ပိုက္ဆံေပးလာစိုက္ခိုင္းတဲ့ ပါတီရွိရင္လည္း အသာေလးယူၿပီး ခဏစိုက္ေပးထားလိုက္တာပဲတဲ့။
ၿပီးကိုယ္စိုက္ခ်င္တဲ့ အလံ ပိုစိုက္ၾကတာပါပဲ။
မဲဆြယ္စရာရွိ ကြၽန္ေတာ္တို႔ ဆိုက္ကားဂိတ္မ်ားကိုပဲ ေရွ႕ဆုံးက လာဆြယ္ၾကလို႔ေနာက္ဆို ဆိုက္ကားဂိတ္ ဗဟိုျပဳအေထြေထြ ေ႐ြးေကာက္ပြဲႀကီးလို႔ေတာင္ နာမည္ေျပာင္းၾကမယ္ထင္ရဲ႕။
ခု ကြၽန္ေတာ္ေျပာခ်င္တာက ကြၽန္‌ေတာ္တို႔ ဂိတ္က ဂိတ္မႉး အေၾကာင္းေပါ့။
ကြၽန္ေတာ္ေမာင္ဆိုက္ကားျဖင့္ သူ႔တယ္ေလးစားအားက်။

ဪ...ငါဆိုက္ကားျဖစ္ေနလို႔သာ လူျဖစ္ရင္ ဘဝအဆက္ဆက္ သူ႔လို ဂိတ္မႉးျဖစ္ပါေစသား ဆုေတာင္းတယ္လို႔။

တျခားေမာင္ဆိုက္ကားတို႔ ဆရာေတြက ပင္ပင္ပန္းပန္း၊ မိုးထဲေလထဲ ဆိုက္ကားဆြဲၾကရခ်ိန္ ဂိတ္မႉးႀကီးက က်ားထိုးလိုက္၊ ေလကန္လိုက္ပဲ။
ဂိတ္ကိုအမွီျပဳၿပီး သူ႔သမီးက ဗီဒီယို႐ုံေထာင္တယ္။
သူ႔သားက ႏွစ္လုံးထီေရာင္းတယ္။
ဂိတ္မႉးကေတာ္ဆို မီးခြက္ေဈး အေရွ႕ဘက္စတိုးက စလင္းဘတ္ေပါင္းစုံကို တေန႔တမ်ိဳးမ႐ိုးရေအာင္ ကိုင္ၿပီး ဂိတ္က ဆိုက္ကားေတြကို အလကားတက္တက္စီးတာ။
ရပ္ထဲ႐ြာထဲ ႏိုင္ငံေရးပါတီေတြကလည္း ဂိတ္မႉးႀကီးကို ဖင္တုန္ေအာင္ေၾကာက္ရေသးသဗ်။
ေ႐ြးေကာက္ပြဲနီးရင္ လူစုၿပီး လာေတြ႕တဲ့ပါတီေတြေတာင္ရွိေသး။

ဟုတ္တယ္ေလ။
ဂိတ္မႉးႀကီးက ေဟ့ ငါ့ဂိတ္တဝိုက္ အလံလာမစိုက္နဲ႔လို႔ တစ္ခ်က္လႊတ္အမိန႔္ေပးရင္ အလံစိုက္မဲဆြယ္နည္းပဲ တတ္တဲ့ ႏိုင္ငံေရးသမားေတြ လုပ္ကြက္ေပ်ာက္ေတာ့မွာ။
ဂိတ္မႉးႀကီး အဲ့ဒီလို ပါဝါႀကီးတာလည္း မေျပာနဲ႔။
ဂိတ္ပတ္ခ်ာလည္ ရပ္ကြက္ထဲ သူမပါတာမရွိဘူး။
ခုန ႏိုင္ငံေရးသမား‌ေတြနဲ႔ ေလကန္ရမလား..ဒါလည္းသူ တတ္တာပဲ။
ဓမၼာ႐ုံမွာ ဆြမ္းခ်ကႅည္း သူဆရာႀကီးပဲ။
ခ်ဲထြက္ရက္ဆိုလည္း ကလင္ဒါကြက္ေတြ ခ်ခ်ျပတတ္ေသးတာ။
အိုဗ်ာ..က်ားထိုးတတ္တယ္၊ အံစာေခါက္တတ္တယ္၊ ေဂၚလီပစ္တတ္တယ္၊ ၾကက္ဖခြပ္တတ္တယ္၊ စည္းဖန္ခုံတတ္တယ္၊ ေဂြလွိမ့္တတ္တယ္၊ဂြၽမ္းထိုးတတ္တယ္။
ဂိတ္မႉးႀကီး.မလုပ္တတ္တာဘာမွမရွိဘူး။
ဂိတ္မႉးႀကီး မလုပ္ရဲတာလည္းဘာမွ မရွိဘူး။

ကထိန္ကာလမ်ားဆို ဂုန္နီအိတ္နဲ႔ခ်ဳပ္တဲ့ ဝက္ဝံရာပ္ႀကီးထဲ ဝင္ၿပီး သူငယ္ေတာ္အက၊ ေဒၚမိုးအက ကျပေသးတာ။ အဆန္းႀကီး။
ဒီေလာက္ေတာ္တဲ့ ဂိတ္မႉးႀကီး။
တရက္ေတာ့ ကြၽန္ေတာ္တို႔ဂိတ္က ဆရာေတြက ရပ္ကြက္ထဲ ႐ုတ္တရက္နာေရးတစ္ခုျဖစ္လို႔ သြားလိုက္ပို႔ၾကတယ္။
ဂိတ္မွာ ဂိတ္မႉးႀကီး တစ္ေယာက္တည္း။
ကြၽန္ေတာ္ေမာင္ဆိုက္ကားလည္း ဂိတ္မႉးႀကီးက ကြၽန္ေတာ့္ေပၚ တက္ထိုင္ရင္း ခ်ဲတြက္ေနတာဆိုေတာ့ ဂုဏ္ယူတာေပါ့ဗ်ာ။
ဒီလို ဂိတ္မႉးႀကီးကို ငါထမ္းပိုးထားခြင့္ရတာဟာ ငါ့ရဲ႕ ႀကီးျမတ္တဲ့ ဆိုက္ကားသမိုင္းပဲ ဆိုၿပီး ဂုဏ္ယူမိပါတယ္။
အဲ့ဒီအခ်ိန္ လမ္းထိပ္ထမင္းေၾကာ္ဆိုင္က အမႀကီး လာပါေလေရာ။
အဲ့ဒီ အမႀကီးက စမတ္ေဒါင္းထဲက နပန္းမယ္ေတြလို ေတာင့္ေတာင့္ထြားထြား။
"ဆိုက္ကား အားလားရွင့္"
ဂိတ္မႉးႀကီးဟာ အင္း အဲ လုပ္ေနပါတယ္။

"ေဈးသြားခ်င္လို႔ ဆိုက္ကားအားလားဆို"
"အင္း...အားပါတယ္...အားပါတယ္"
"ကဲ..အဲ့ဒါဆိုလည္း သြားမယ္"
ဂိတ္မႉးဟာ အီလည္လည္နဲ႔ ဆိုက္ကားကို တက္ခြပါတယ္။
ကြၽန္ေတာ္ေမာင္ဆိုက္ကား..ဒီဂိတ္မွာ..ဆိုက္ကားျဖစ္လာတဲ့ သက္တမ္းတေလွ်ာက္..ဂိတ္မႉးႀကီး အကုန္ဝင္လုပ္တာ...လုပ္ရဲတာ ျမင္ဖူးၿပီ။
ဒီတခါေတာ့ သူ႔ရဲ႕ မာစတာပိစ္ျဖစ္တဲ့ ဂိတ္မႉးဂုဏ္ပုဒ္နဲ႔အညီ ဆိုက္ကားနင္းကြၽမ္းက်င္မႈကို ျမင္ခြင့္ရေခ်ၿပီတကား။
"အိ...အင့္"
"ဟဲ့...ဟဲ့..ေအာင္မယ္ေလး"
သြားၿပီ။
ကြၽန္ေတာ္ေမာင္ဆိုက္ကား ေျမာင္းထဲမွာ တုံးလုံးကေလး။

ဟိုအမႀကီးလည္း ေမွာက္ခုံႀကီး ျပဳတ္က်။
ဂိတ္မႉးႀကီးကေတာ့ သူလြတ္ရာကြၽတ္ရာ ခုန္ခ်လိုက္ပုံပဲ။
ရယ္က်ဲက်ဲနဲ႔ တဟဲဟဲ ။
အိမ္း...ကြၽန္ေတာ္ေမာင္ဆိုက္ကားတို႔ ေျမာင္းထဲ က်မွ သိလိုက္တာက
"ငါတို႔ဆိုက္ကားဂိတ္ခ်ဳပ္ႀကီး၊ ဂိတ္မႉးႀကီးဟာ ဘာမဆို ဝင္ပါရဲတယ္။
ဘာမဆိုလုပ္ရဲတယ္။
သူဂိတ္မႉးရာထူးယူထားတဲ့ ဆိုက္ကားပဲ မနင္းတတ္တာပါလားလို႔ "

ၿဗိတိသွ်ကိုကိုေမာင္