【 သရော်စာ 】 မိုတီဗိတ်မောင်ဗြိ

【  သရော်စာ  】 မိုတီဗိတ်မောင်ဗြိ

''ဆရာမိုတီဗိတ်မောင်ဗြိ ဦးစီးသော အလုံးစုံမြှင့်တင်ရေးသင်တန်းကြီးစိတ်ရော လူပါ တောင်ကြီး မီးပုံးပျံလို ဖောင်းကားပြီး အထက်သို့ ချက်ချင်းရောက်စေရမည်''

အဲလဲ..ဘယ့်နှယ့်တုန်း…မနှိပ်ဘူးလားဗျ။

ကိုယ့်ဟာ ကိုယ်တော့ ဒီဆိုင်းဘုတ်ကြီး ဖတ်ပြီး ပီတိတွေ ဖြစ်နေတာပဲ။

ခုနေခေတ် ခုနေခါ လူငယ်များအကြားမှာ ဒီပရက်ရှင်ဝင်မှ ခေတ်မီသလို မိုတီဗိတ်ဆရာတွေ ကလည်း အင်မတန်မှ မျက်နှာပွင့်ရေလျှံတဲ့ ကာလကိုဗျ။

ဒီတော့…မောင်ဗြိ တစ်ယောက်လည်း စာတိုပေစ ပေါက်တတ်ကရတွေ ရေးပြီး ကိုယ့်ဟာကိုယ် မွဲနေမယ့်အစား မိုတီဗိတ်ဆရာဘွဲ့ကို နေ့ချင်းညချင်း ခံယူလိုက်ပါပြီလေ။

ဟာ..မောင်ဗြိ နှယ့်။
ဟိုမိုတီဗိတ်ဆရာတွေဆို နိုင်ငံတကာက ဟိုဘာချလာ၊ ဒီဘချလာ ဘွဲ့တွေ ဆုတွေ နောက်မြီးတွေ တသီးကြီးနဲ့ ဆရာကြီးလုပ်နေကြတာ။ မင်းက ပဲခူးမြို့စွန် ဖွတ်လမွဲစာကလေးကွင်းကောလိပ်က မြန်မာစာဘွဲ့နဲ့ နိုင်ငံခြားဆိုလို့ မြဝတီကနေ ဟိုဘက်ကမ်း ကို ဆိုင်ကယ်ကယ်ရီလောက်နဲ့ ရောက်ဖူးတဲ့ကောင်။ ဘယ့်နှယ့် မိုတီဗိတ်မတုန်းဆို။

အောင်မယ်လေး..လွယ်သမှ သိပ်လွယ်။
ဗမာပြည်က လူတွေက ရှေ့မှာ အေဘီစီဒီလို့ ကြိုက်တာရေးပြီး နောက်က ယူနီဗာစီတီလို့သာ ထည့်လိုက်။
ဘာတက္ကသိုလ်၊ ဘာဘွဲ့ ဆိုတာ လေ့လာနေမှာမဟုတ်ဘူး။ ပညာဘုရင် ဆရာသခင်ကြီးဆိုပြီး တန်းရှိခိုး တတ်တဲ့ အမျိုးဗျ။

ဒီတော့ မောင်ဗြိလည်း ကိုယ့်နာမည်မှာ ဒီလိုထည့်မှာပေါ့။
ဂျပန်နိုင်ငံ ၊ Hashima Island  တွင် အမှတ်အများဆုံးနှင့် အထူးချွန်ဆုံး လူငယ်ခေါင်းဆောင်ဆု ကို ငါးနှစ်ဆက်တိုက် ရရှိခဲ့သူ ဆရာမိုတီဗိတ်မောင်ဗြိ (Bachelor of Arrlupudi,University of Somalia) ဆို ဂေါ်ပြီလေဗျာ။

Hashima Island ဆိုတာက ဂျပန်မှာ လူမနေတဲ့ ကျွန်းလေ။ လူမနေတဲ့ကျွန်းမှာ ဘာဖြေဖြေ အမှတ်အများဆုံး၊ အထူးချွန်ဆုံးဆု ရထားတာ။ ဆိုမာလီတက္ကသိုလ်က အာလူးပူဒီဘွဲ့ဆို အိုကေပြီမဟုတ်လား။

ပြီးတော့ မိုတီဗိတ် ၊ မိုတီဗေးရှင်းဆိုတာ ဗမာလို ဘာသာပြန်တော့ လှုံဆော်မှု ၊ လှုံဆော်ခြင်းလို့ အဓိပ္ပါယ်တယ်လေ။

ဒီတော့ ကျွန်တော့်ဟာ ကျွန်တော် လှုံဆော်ချင်ရာ လှုံဆော်မှာပေါ့။ ဘာလှုံ့ဆော်ဆော်လေ။
ခုန ဆိုင်းဘုတ်မှာတောင်ရေးထားပြီးပြီ လူရော စိတ်ပါ တောင်ကြီးမီးပုံးပျံလို ဖောင်းကားပြီး အထက်ဘဝဂ်သို့ မျက်မှောက်ပြုနိုင်ရမည်ဆိုထားတာကောဗျာ။

နို့ မင်းက စီးပွားရေးမှာရော ဘယ်လောက်အောင်မြင်နေလို့ သူများကို သင်တန်းပေးမှာလဲဆို။
ရော်..ခက်ပြီ။
ရုပ်ရှင်တကားကို ဖြစ်ဖြစ်မြောက်မြောက်ဇာတ်ညွှန်းမခွဲဘူးပဲ ဇာတ်ညွန်းသင်တန်းဖွင့်တဲ့သူတွေ၊ ရပ်ကွက်ပြဇာတ်ထဲက ရာမဇာတ်မှာ ရွှေသမင်နေရာက ပါဖူးရုံနဲ့ သရုပ်ဆောင် သင်တန်းဖွင့်တဲ့ သူတွေ၊ ဂစ်တာကြိုး ဘယ်နှစ်ချောင်းရှိမှန်းတောင် မသိပဲ ဂစ်တာသင်တန်းဖွင့်တဲ့သူတွေ တစ်ချိန်က ရှိခဲ့တာပဲလေ။

မောင်ဗြိပဲဗျ။ ဒါမျိုးဘယ်ရမလဲ။
ကိုယ့် သောက်ဖော်သောက်ဖက် ရောင်းရင်းတွေထဲ စီးပွားရေးအောင်မြင်နေတဲ့ သူတွေရှိပ။

သူတို့ကို စင်ဂယ်မော့ဝီစကီ တစ်ယောက်တစ်လုံး ပေးပြီး သင်တန်းဆရာတွေ အဖြစ် သိမ်းသွင်းလိုက်တယ်လေ။
ဘကြီးမူးမြင့်အောင်ဗျာ။ နာမည်ကျော် ယာဉ်လိုင်းကြီးရဲ့ ဥက္ကဋ္ဌ။

ဘကြီးကြည်စိုး။ ပြည်မြို့က နာမည်ကြီးထမင်းဆိုင်ပိုင်ရှင်ဗျာ။
အနောက်လေးလို့ ခေါ်တဲ့ ဆရာမြေမှုန်လွင်ဗျာ။ မြန်မာပြည်ရဲ့ နာမည်ကြီး ထုတ်ဝေသူ။ ပန်းဗမာဆိုလား ပန်မြန်မာ ဆိုလား အဖွဲ့ရဲ့ အတွင်းရေးမှူးကြီး။
ကဲ.ဒီသုံးယောက်ဆို လုံလောက်ပြီပေါ့။

သင်တန်းကြေးကလည်း ဆရာသော်တာဆွေရဲ့ ဂေါ်တက္ကသိုလ်ကို အမှီယူပြီး သင်တန်းဝင် လို သူတိုင်း ဝင်ကြေး အဖြစ် စင်ဂယ်မော့ဝီစကီတစ်လုံး သတ်မှတ်လိုက်ပါတယ်။
တခြားမိုဒီဗိတ်ဆရာတွေက အနောက်တိုင်းဝတ်စုံအပြည့်နဲ့ ဘွတ်နဲ့ ရွှတ်နဲ့ ဟောကြပြောကြ တယ်ပေါ့။
ကျွန်တော်တို့ ဆရာများကတော့ ရုပ်ခံ ရည်ခံ ပညာဉာဏ်ရင့်သန်ပြီးသားလူတွေမို့ သူများတွေလို ရှိုးစမိုး မလိုပေါင်ဗျာ။

ဘကြီးကြည်စိုးဆို သူ့စတိုင်လ်အတိုင်း အင်္ကျီ ရင်ဘတ် ဟပြဲ၊ ပုဆိုးဖင်ကွဲနဲ့ ထိုင်ရာမထပဲ သင်ခန်းစာတွေ တစ်ခွက်တစ်ဖလားပို့ချပါလိမ့်မယ်။

ဆရာမြေမှုန်လွင် ဆိုလည်း သုံးထောင်တန်ချည်အင်္ကျီခါးတို နဲ့ ဘောင်းဘီချက်ပြုတ် ဝတ်ပြီး ပရိုဂျက်တာ ဖွင့်ရှင်းပြတဲ့အခါ သူ့အင်္ကျီ နဲ့ ဘောင်ဘီချက်ပြုတ်ကြား လက်လေးသစ်လောက် ဟ သွားတဲ့အခါ ပေါ်လာတဲ့ အမြွှာအမြောင်းလေး ပြပြီး ရင်ခုန်ဖွယ်ရာတွေ သင်ကြားပေးမတဲ့ဗျာ။

ဘကြီး မူးမြင့်အောင်ကတော့ သူ့စတိုင်လ်အတိုင်း ကော်လံကတုံးရယ်၊ ဘောင်းဘီတိုရယ် တွဲဖက် ဝတ်ဆင်ပြီး မိန်းမနိုင်နည်း ကိုပါ အဆင်ပို့ချပေးဦးမှာ။
သင်တန်းဝက်ဝက်ကွဲအောင်မြင်လာတဲ့အခါ ဆရာမိုတီဗိတ်မောင်ဗြိ ရေးသားသည့် စာအုပ်များ ဆိုပြီး တစ်ရက် တစ်အုပ်နှုန်းလောက် ထွက်ဖို့ လည်းရှိပါတယ်။

''သုံးစက္ကန့်အတွင်း သူဌေးဖြစ်နည်း''
''အခုပဲ…အောင်မြင်ခြင်း ကို ချိတ်ဖြုတ်ပြီး ဆုပ်ကိုင်လိုက်စို့''
''အရက်ဖိုးမစိုက်ခြင်း အနုပညာ''
''အာကာသအထိ စိတ်ဓာတ်မြှင့်တင်နည်းလမ်းများ''
''စွန့်ဦးတီထွင် ပုလင်းရှင်''
''မြန်မာ့နည်း မြန်မာ့ဟန် ကလိန်ကျနည်း''
''ပေါက်စီထဲမှ မားကက်တင်းလျှို့ဝှက်ချက်များ ''

အဲ့ဒီလို စာအုပ်တွေ ထွက်ပြီးတဲ့အခါမှာလည်း စာပေဟောပြောပွဲတွေ လည်း သမိုင်းပေး တာဝန် အရ လိုက်ဟောပြောပေးရဦးမှာပါ။

အောင်မြင်ခြင်းနဲ့ လူငယ်တွေအတွက်၊ အမြင့်ရောက်ခြင်တဲ့ လူငယ်တွေအတွက် ဆိုမာလီပြန် အောင်မြင်ရေး နည်းတွေ ဟာပေး ပြောပေးဦးမှာပါ။
ချောက်ထဲ ကျနေတဲ့ မြန်မာပြည်ကြီးကိုပါ မိုတီဗိတ်မောင်ဗြိက မိုတီဗိတ်ပေးဦးမှာပါ။

နောက်ဆုံး နည်းမျိုးစုံနဲ့ မိုတီဗိတ်အပြီးမှာတော့  နောက်ဆုံးပေါ် မိုတီဗိတ်နည်းကို ဆက်လက် ချီတက်လိုက်ပါပြီ။

''ဆိုမာလီပြန် ဆရာမိုတီဗိတ်မောင်ဗြိ ဦးဆောင်ပြီး မိုတီဗိတ်ဆရာများ ဖြစ်တဲ့ ဆရာမူးမြင့်အောင်၊ ဆရာဦးကြည်စိုး၊ ဆရာမြေမှုန်လွင်တို့ ဦးဆောင်သော မိုတီဗိတ်ခရီးစဉ်ကို လိုက်ပါနိုင်ပြီ။
ခရီးစဉ်တစ်လျှောက်လုံးအတွက် ဝီစကီတစ်လုံးနှင့် စည်တော်ကြီးလက်ဖက် ငါးဆယ်တန် တစ်ထုတ်ကျသင့်ပါမယ်။

နေ့ချင်းပြန်ခရီးစဉ်ဖြစ်ပြီး ဒလ - ရန်ကုန် ကြား အထူးစပါယ်ရှယ် သဗ္ဗာန် စီစဉ်ထားမည်ဖြစ်ပြီး ဆရာများနှင့်အတူ သဗ္ဗာန်တစ်စီးတည်းအတူစီးရင်း ဆရာများ၏ မိုတီဗိတ်ဟောပြောမှုများကို နားထောင်သွားရမည့် ခရီးစဉ်။

အထူး အစီအစဉ်အနေဖြင့် စိတ်ရောလူပါ အထက်အမြင့်သို့ အမြန်ဆုံးရောက်စေရန် ဆရာများကိုယ်တိုင် ရန်ကုန်မြစ်ထဲသို့ ကန်ချပေးမည်''

ကိုင်း..အခုပဲ ဆရာ မိုတီဗိတ်မောင်ဗြိ ဦးစီးတဲ့ ခရီးစဉ်မှာ စာရင်းပေးလိုက်ကြပါတော့။

ဗြိတိသျှကိုကိုမောင်

(  Zawgyi  )

''ဆရာမိုတီဗိတ္ေမာင္ၿဗိ ဦးစီးေသာ အလုံးစုံျမႇင့္တင္ေရးသင္တန္းႀကီးစိတ္ေရာ လူပါ ေတာင္ႀကီး မီးပုံးပ်ံလို ေဖာင္းကားၿပီး အထက္သို႔ ခ်က္ခ်င္းေရာက္ေစရမည္''

အဲလဲ..ဘယ့္ႏွယ့္တုန္း…မႏွိပ္ဘူးလားဗ်။

ကိုယ့္ဟာ ကိုယ္ေတာ့ ဒီဆိုင္းဘုတ္ႀကီး ဖတ္ၿပီး ပီတိေတြ ျဖစ္ေနတာပဲ။

ခုေနေခတ္ ခုေနခါ လူငယ္မ်ားအၾကားမွာ ဒီပရက္ရွင္ဝင္မွ ေခတ္မီသလို မိုတီဗိတ္ဆရာေတြ ကလည္း အင္မတန္မွ မ်က္ႏွာပြင့္ေရလွ်ံတဲ့ ကာလကိုဗ်။

ဒီေတာ့…ေမာင္ၿဗိ တစ္ေယာက္လည္း စာတိုေပစ ေပါက္တတ္ကရေတြ ေရးၿပီး ကိုယ့္ဟာကိုယ္ မြဲေနမယ့္အစား မိုတီဗိတ္ဆရာဘြဲ႕ကို ေန႔ခ်င္းညခ်င္း ခံယူလိုက္ပါၿပီေလ။

ဟာ..ေမာင္ၿဗိ ႏွယ့္။
ဟိုမိုတီဗိတ္ဆရာေတြဆို ႏိုင္ငံတကာက ဟိုဘာခ်လာ၊ ဒီဘခ်လာ ဘြဲ႕ေတြ ဆုေတြ ေနာက္ၿမီးေတြ တသီးႀကီးနဲ႔ ဆရာႀကီးလုပ္ေနၾကတာ။ မင္းက ပဲခူးၿမိဳ႕စြန္ ဖြတ္လမြဲစာကေလးကြင္းေကာလိပ္က ျမန္မာစာဘြဲ႕နဲ႔ ႏိုင္ငံျခားဆိုလို႔ ျမဝတီကေန ဟိုဘက္ကမ္း ကို ဆိုင္ကယ္ကယ္ရီေလာက္နဲ႔ ေရာက္ဖူးတဲ့ေကာင္။ ဘယ့္ႏွယ့္ မိုတီဗိတ္မတုန္းဆို။

ေအာင္မယ္ေလး..လြယ္သမွ သိပ္လြယ္။
ဗမာျပည္က လူေတြက ေရွ႕မွာ ေအဘီစီဒီလို႔ ႀကိဳက္တာေရးၿပီး ေနာက္က ယူနီဗာစီတီလို႔သာ ထည့္လိုက္။
ဘာတကၠသိုလ္၊ ဘာဘြဲ႕ ဆိုတာ ေလ့လာေနမွာမဟုတ္ဘူး။ ပညာဘုရင္ ဆရာသခင္ႀကီးဆိုၿပီး တန္းရွိခိုး တတ္တဲ့ အမ်ိဳးဗ်။

ဒီေတာ့ ေမာင္ၿဗိလည္း ကိုယ့္နာမည္မွာ ဒီလိုထည့္မွာေပါ့။
ဂ်ပန္ႏိုင္ငံ ၊ Hashima Island  တြင္ အမွတ္အမ်ားဆုံးႏွင့္ အထူးခြၽန္ဆုံး လူငယ္ေခါင္းေဆာင္ဆု ကို ငါးႏွစ္ဆက္တိုက္ ရရွိခဲ့သူ ဆရာမိုတီဗိတ္ေမာင္ၿဗိ (Bachelor of Arrlupudi,University of Somalia) ဆို ေဂၚၿပီေလဗ်ာ။

Hashima Island ဆိုတာက ဂ်ပန္မွာ လူမေနတဲ့ ကြၽန္းေလ။ လူမေနတဲ့ကြၽန္းမွာ ဘာေျဖေျဖ အမွတ္အမ်ားဆုံး၊ အထူးခြၽန္ဆုံးဆု ရထားတာ။ ဆိုမာလီတကၠသိုလ္က အာလူးပူဒီဘြဲ႕ဆို အိုေကၿပီမဟုတ္လား။

ၿပီးေတာ့ မိုတီဗိတ္ ၊ မိုတီေဗးရွင္းဆိုတာ ဗမာလို ဘာသာျပန္ေတာ့ လႈံေဆာ္မႈ ၊ လႈံေဆာ္ျခင္းလို႔ အဓိပၸါယ္တယ္ေလ။

ဒီေတာ့ ကြၽန္ေတာ့္ဟာ ကြၽန္ေတာ္ လႈံေဆာ္ခ်င္ရာ လႈံေဆာ္မွာေပါ့။ ဘာလႈံ႕ေဆာ္ေဆာ္ေလ။
ခုန ဆိုင္းဘုတ္မွာေတာင္ေရးထားၿပီးၿပီ လူေရာ စိတ္ပါ ေတာင္ႀကီးမီးပုံးပ်ံလို ေဖာင္းကားၿပီး အထက္ဘဝဂ္သို႔ မ်က္ေမွာက္ျပဳႏိုင္ရမည္ဆိုထားတာေကာဗ်ာ။

ႏို႔ မင္းက စီးပြားေရးမွာေရာ ဘယ္ေလာက္ေအာင္ျမင္ေနလို႔ သူမ်ားကို သင္တန္းေပးမွာလဲဆို။
ေရာ္..ခက္ၿပီ။
႐ုပ္ရွင္တကားကို ျဖစ္ျဖစ္ေျမာက္ေျမာက္ဇာတ္ၫႊန္းမခြဲဘူးပဲ ဇာတ္ၫြန္းသင္တန္းဖြင့္တဲ့သူေတြ၊ ရပ္ကြက္ျပဇာတ္ထဲက ရာမဇာတ္မွာ ေ႐ႊသမင္ေနရာက ပါဖူး႐ုံနဲ႔ သ႐ုပ္ေဆာင္ သင္တန္းဖြင့္တဲ့ သူေတြ၊ ဂစ္တာႀကိဳး ဘယ္ႏွစ္ေခ်ာင္းရွိမွန္းေတာင္ မသိပဲ ဂစ္တာသင္တန္းဖြင့္တဲ့သူေတြ တစ္ခ်ိန္က ရွိခဲ့တာပဲေလ။

ေမာင္ၿဗိပဲဗ်။ ဒါမ်ိဳးဘယ္ရမလဲ။
ကိုယ့္ ေသာက္ေဖာ္ေသာက္ဖက္ ေရာင္းရင္းေတြထဲ စီးပြားေရးေအာင္ျမင္ေနတဲ့ သူေတြရွိပ။

သူတို႔ကို စင္ဂယ္ေမာ့ဝီစကီ တစ္ေယာက္တစ္လုံး ေပးၿပီး သင္တန္းဆရာေတြ အျဖစ္ သိမ္းသြင္းလိုက္တယ္ေလ။
ဘႀကီးမူးျမင့္ေအာင္ဗ်ာ။ နာမည္ေက်ာ္ ယာဥ္လိုင္းႀကီးရဲ႕ ဥကၠ႒။

ဘႀကီးၾကည္စိုး။ ျပည္ၿမိဳ႕က နာမည္ႀကီးထမင္းဆိုင္ပိုင္ရွင္ဗ်ာ။
အေနာက္ေလးလို႔ ေခၚတဲ့ ဆရာေျမမႈန္လြင္ဗ်ာ။ ျမန္မာျပည္ရဲ႕ နာမည္ႀကီး ထုတ္ေဝသူ။ ပန္းဗမာဆိုလား ပန္ျမန္မာ ဆိုလား အဖြဲ႕ရဲ႕ အတြင္းေရးမႉးႀကီး။
ကဲ.ဒီသုံးေယာက္ဆို လုံေလာက္ၿပီေပါ့။

သင္တန္းေၾကးကလည္း ဆရာေသာ္တာေဆြရဲ႕ ေဂၚတကၠသိုလ္ကို အမွီယူၿပီး သင္တန္းဝင္ လို သူတိုင္း ဝင္ေၾကး အျဖစ္ စင္ဂယ္ေမာ့ဝီစကီတစ္လုံး သတ္မွတ္လိုက္ပါတယ္။
တျခားမိုဒီဗိတ္ဆရာေတြက အေနာက္တိုင္းဝတ္စုံအျပည့္နဲ႔ ဘြတ္နဲ႔ ႐ႊတ္နဲ႔ ေဟာၾကေျပာၾက တယ္ေပါ့။
ကြၽန္ေတာ္တို႔ ဆရာမ်ားကေတာ့ ႐ုပ္ခံ ရည္ခံ ပညာဉာဏ္ရင့္သန္ၿပီးသားလူေတြမို႔ သူမ်ားေတြလို ရႈိးစမိုး မလိုေပါင္ဗ်ာ။

ဘႀကီးၾကည္စိုးဆို သူ႔စတိုင္လ္အတိုင္း အက်ႌ ရင္ဘတ္ ဟၿပဲ၊ ပုဆိုးဖင္ကြဲနဲ႔ ထိုင္ရာမထပဲ သင္ခန္းစာေတြ တစ္ခြက္တစ္ဖလားပို႔ခ်ပါလိမ့္မယ္။

ဆရာေျမမႈန္လြင္ ဆိုလည္း သုံးေထာင္တန္ခ်ည္အက်ႌခါးတို နဲ႔ ေဘာင္းဘီခ်က္ျပဳတ္ ဝတ္ၿပီး ပ႐ိုဂ်က္တာ ဖြင့္ရွင္းျပတဲ့အခါ သူ႔အက်ႌ နဲ႔ ေဘာင္ဘီခ်က္ျပဳတ္ၾကား လက္ေလးသစ္ေလာက္ ဟ သြားတဲ့အခါ ေပၚလာတဲ့ အႁမႊာအေျမာင္းေလး ျပၿပီး ရင္ခုန္ဖြယ္ရာေတြ သင္ၾကားေပးမတဲ့ဗ်ာ။

ဘႀကီး မူးျမင့္ေအာင္ကေတာ့ သူ႔စတိုင္လ္အတိုင္း ေကာ္လံကတုံးရယ္၊ ေဘာင္းဘီတိုရယ္ တြဲဖက္ ဝတ္ဆင္ၿပီး မိန္းမႏိုင္နည္း ကိုပါ အဆင္ပို႔ခ်ေပးဦးမွာ။
သင္တန္းဝက္ဝက္ကြဲေအာင္ျမင္လာတဲ့အခါ ဆရာမိုတီဗိတ္ေမာင္ၿဗိ ေရးသားသည့္ စာအုပ္မ်ား ဆိုၿပီး တစ္ရက္ တစ္အုပ္ႏႈန္းေလာက္ ထြက္ဖို႔ လည္းရွိပါတယ္။

''သုံးစကၠန႔္အတြင္း သူေဌးျဖစ္နည္း''
''အခုပဲ…ေအာင္ျမင္ျခင္း ကို ခ်ိတ္ျဖဳတ္ၿပီး ဆုပ္ကိုင္လိုက္စို႔''
''အရက္ဖိုးမစိုက္ျခင္း အႏုပညာ''
''အာကာသအထိ စိတ္ဓာတ္ျမႇင့္တင္နည္းလမ္းမ်ား''
''စြန႔္ဦးတီထြင္ ပုလင္းရွင္''
''ျမန္မာ့နည္း ျမန္မာ့ဟန္ ကလိန္က်နည္း''
''ေပါက္စီထဲမွ မားကက္တင္းလွ်ိဳ႕ဝွက္ခ်က္မ်ား ''

အဲ့ဒီလို စာအုပ္ေတြ ထြက္ၿပီးတဲ့အခါမွာလည္း စာေပေဟာေျပာပြဲေတြ လည္း သမိုင္းေပး တာဝန္ အရ လိုက္ေဟာေျပာေပးရဦးမွာပါ။

ေအာင္ျမင္ျခင္းနဲ႔ လူငယ္ေတြအတြက္၊ အျမင့္ေရာက္ျခင္တဲ့ လူငယ္ေတြအတြက္ ဆိုမာလီျပန္ ေအာင္ျမင္ေရး နည္းေတြ ဟာေပး ေျပာေပးဦးမွာပါ။
ေခ်ာက္ထဲ က်ေနတဲ့ ျမန္မာျပည္ႀကီးကိုပါ မိုတီဗိတ္ေမာင္ၿဗိက မိုတီဗိတ္ေပးဦးမွာပါ။

ေနာက္ဆုံး နည္းမ်ိဳးစုံနဲ႔ မိုတီဗိတ္အၿပီးမွာေတာ့  ေနာက္ဆုံးေပၚ မိုတီဗိတ္နည္းကို ဆက္လက္ ခ်ီတက္လိုက္ပါၿပီ။

''ဆိုမာလီျပန္ ဆရာမိုတီဗိတ္ေမာင္ၿဗိ ဦးေဆာင္ၿပီး မိုတီဗိတ္ဆရာမ်ား ျဖစ္တဲ့ ဆရာမူးျမင့္ေအာင္၊ ဆရာဦးၾကည္စိုး၊ ဆရာေျမမႈန္လြင္တို႔ ဦးေဆာင္ေသာ မိုတီဗိတ္ခရီးစဥ္ကို လိုက္ပါႏိုင္ၿပီ။
ခရီးစဥ္တစ္ေလွ်ာက္လုံးအတြက္ ဝီစကီတစ္လုံးႏွင့္ စည္ေတာ္ႀကီးလက္ဖက္ ငါးဆယ္တန္ တစ္ထုတ္က်သင့္ပါမယ္။

ေန႔ခ်င္းျပန္ခရီးစဥ္ျဖစ္ၿပီး ဒလ - ရန္ကုန္ ၾကား အထူးစပါယ္ရွယ္ သဗၺာန္ စီစဥ္ထားမည္ျဖစ္ၿပီး ဆရာမ်ားႏွင့္အတူ သဗၺာန္တစ္စီးတည္းအတူစီးရင္း ဆရာမ်ား၏ မိုတီဗိတ္ေဟာေျပာမႈမ်ားကို နားေထာင္သြားရမည့္ ခရီးစဥ္။

အထူး အစီအစဥ္အေနျဖင့္ စိတ္ေရာလူပါ အထက္အျမင့္သို႔ အျမန္ဆုံးေရာက္ေစရန္ ဆရာမ်ားကိုယ္တိုင္ ရန္ကုန္ျမစ္ထဲသို႔ ကန္ခ်ေပးမည္''

ကိုင္း..အခုပဲ ဆရာ မိုတီဗိတ္ေမာင္ၿဗိ ဦးစီးတဲ့ ခရီးစဥ္မွာ စာရင္းေပးလိုက္ၾကပါေတာ့။

ၿဗိတိသွ်ကိုကိုေမာင္