【 သရော်စာ 】 စိန်သန်းကြီး နှင့် နေရုတောင်

【 သရော်စာ 】 စိန်သန်းကြီး နှင့် နေရုတောင်

ဘာလိုလိုနဲ့ သြင်္ကန်တောင် ရောက်တော့မဗျာ။ပူလိုက်အိုက်လိုက်တာလည်း လွန်ပါရော။ဘယ်လိုပဲဖြစ်ဖြစ် ပူတာအိုက်တာတွေ အေးတာချမ်းတာတွေ အသာထား။မောင်ဗြိ ဆိုတာကလည်း တွေ့သမျှ မြင်သမျှ ပတ်ဝန်းကျင်က အဆီအငေါ်မတည့်တာဆို ရေးချင်ပြောချင်နေတဲ့ စိတ်က မွေးရာပါဆိုတော့ ခက်သားကလား။

ကိုင်း..အစိုးရဟောင်းကြီးညောင်းလို့ အစိုးရအသစ်စက်စက် ပြောင်းခဲ့တာလည်းကြာပြီ။နို့..ဒီတော့ တစ်ခေတ်တစ်ခါက မင်းလိုလိုက်မင်းကြိုက် ရေးတတ်တဲ့ နိုင်ငံပိုင်သတင်းစာကြီးတွေလည်း ပြောင်းလဲပြီပေါ့လေ။မောင်ဗြိ ထင်ခဲ့တာပါ။ဒါနဲ့ပဲ..မဖတ်တာကြာပြီဖြစ်တဲ့ နိုင်ငံပိုင်သတင်းစာတစ်စောင် ကောက်လှန်သပေါ့ဗျာ။အလိုလေး..ကြားသားမိုးကြိုး။မျက်နှာဖုံးမှာလည်း ဒေါ်အောင်ဆန်းစုကြည် ပုံနဲ့ပါလားဟရို့။မောင်ဗြိ တို့ ငယ်ငယ်ကဆို ဘွားတော်ဟာ နိုင်ငံပိုင်သတင်းစာတွေရဲ့ ကပျက်ကချော် ကာတွန်းပုံတွေမှာသာ အဆွဲခံခဲ့ရတာ မှတ်မိပါသေးရဲ့။

နိုင်ငံတော်ခေါင်းဆောင်တွေ ဟိုသွားတယ်။ဒီသွားတယ်။ သကြားတွေချိုပြီး ဆားတွေငံတယ်။အံမယ် ဒါကျ လူသာပြောင်းတယ်။ကျန်တာက ဒီလိုပဲကိုး။အိမ်း..ဘာပဲဖြစ်ဖြစ်…နိုင်ငံပိုင်သတင်းစာကြီးက ပြောင်းလဲလာပြီပေါ့။ပြောင်းလဲလာပြီဆို ဈေးနှုန်းကလည်း တက်လိုက်ပြီကိုးဗျ။ပြောင်းလဲလာပြီဆိုတဲ့ သတင်းစာကြီးကို ကောက်ကိုင်ရင်း မောင်ဗြိဖြင့် ဘုရားဟောဇာတ်တော်လေးတစ်ခု သွားသတိရမိသဗျ။အလိုလေး…ငဗြိ..မင်းလိုကောင်ကများ ဘုရားဟောဇာတ်တော်လေး ဘာလေးနဲ့ အလာကြီးပါလားလို့ မပြောကြနဲ့။မောင်ဗြိတို့ ရွာက မိုးသု ဆိုတဲ့ ကိုယ်တော်လေး မြို့တက်လာတုန်းက တရားဟောချင်လွန်းလို့ဆိုပြီး မောင်ဗြိ ကို အအေးတစ်ခွက် အတင်းတိုက်ပြီး ဒီဇာတ်တော်ကို ဟောသွားလို့ ကိုယ့်မှာ အအေးခွက်မျက်နှာနဲ့ ကြိတ်မှိတ်နားထောင်ခဲ့ရတာ။ဇာတ်တော်က ဒီလိုဗျ။

တစ်ခါတုန်းက တောအုပ်ကြီးတစ်ခု အလယ်မှာ ဘုရားလောင်း ဟင်္သာမင်းက ဟင်္သာအပေါင်းခြံရံပြီး မင်းပြုနေသတဲ့။ဘုရားလောင်း ဟင်္သာမင်းရဲ့ ကိုယ်ရေးအရာရှိ ပီအက်အိုကတော့ ထုံးစံအတိုင်း ညီတော်အာနန္ဒာ အလောင်းအလျာပေါ့ဗျာ။ဒါကြောင့်ပြောတာ လူကြီးတွေဟာ ရာထူးရလာရင် ကိုယ့်ဆွေမျိုးတွေ သားသမီးတွေကို ကိုယ်ရေးအရာရှိ ရာထူးပေးတာ အခုခေတ်မှ မဟုတ်ဘူး။ဟိုး ဘုရားလောင်း လက်ထက်ကတည်းကဗျ။အခုလူကြီးတွေလည်း ဘုရားလောင်းထုံး နှလုံးမူတယ်ပေါ့ဗျာ။အင်း..တစ်နေ့တော့ ဟင်္သာမင်းနဲ့ ညီတော်ဟာ တောအုပ်အပြင်ဘက်က နေရာတွေကို စူးစမ်းလေ့လာဖို့ ပျံသန်းခဲ့ကြတယ်။တစ်နေရာရောက်တော့ ရွှေရောင်တညီးညီး တောက်ပနေတဲ့ တောင်ကြီးတစ်လုံးကို တွေ့သတဲ့။ဟင်္သာမင်းလည်း ဒီတောင်ကြီးနာမည်ကိုမေးတော့ ညီတော်က နေရုတောင်ပါလို့ ဖြေတယ်။ဒါနဲ့ ဟင်္သာမင်းနဲ့ ညီတော်ဟာ ရွှေတောင်ကြီးအနားက သစ်ပင်တစ်ပင်မှာနားရင်း အခြေအနေကို အကဲခတ်တယ်။တောင်ကြီးပေါ်မှာ ပေါက်သမျှ သစ်ပင်တွေက ရွှေရောင်တွေချည်းပဲတဲ့။ဒါနဲ့ ညီတော်က မေးတယ်။ဒီတောင်ပေါ်ပေါက်သမျှဟာ ဘာလို့ ရွှေပင်တွေ ဖြစ်နေတာလဲတဲ့။ဟင်္သာမင်းက ပြန်ဖြေတယ်။ဒါ ရွှေပင်တွေမဟုတ်ဘူး။ ရိုးရိုးသစ်ပင်တွေ။ရွှေတောင်ကြီးက ထွက်လာတဲ့ ရွှေတွေရဲ့ ရောင်ပြန်ဟပ်မှုကြောင့် ရွှေရောင်ပေါက်နေတာတဲ့။သူတို့ အမေးအဖြေလုပ်နေတုန်းမှာပဲ တောင်ကုန်းပေါ်ကို ရွှေရောင်ဖွတ်ကျားကြီးတစ်ကောင် တက်လာပြန်တယ်။ညီတော်က မေးပြန်တော့ ဟင်္သာမင်းက ဖြေရပြန်တယ်။ဒီဖွတ်ကြီးဟာ တကယ်တော့ ဖွတ်မွဲကြီးသာဖြစ်ကြောင်း၊ ဒါပေမယ့် ရွှေတောင်ကြီးပေါ် တက်လိုက်တဲ့အခါ တောင်ကြီးရဲ့ အရောင်တင်ပေးမှုကြောင့် ရွှေရောင်ပေါက်တာဖြစ်ကြောင်း ရှင်းပြတယ်။နောက်ထပ် ခြင်္သေ့တစ်ကောင် တက်လာတယ်။မူလအရောင်မဟုတ်ပဲ ရွှေရောင်ဖြစ်သွားပြန်ရောတဲ့။နောက်ဆုံး ဒေါင်းတစ်အုပ် ရွှေတောင်ကြီးပေါ် တက်လာပြန်တယ်။ဒါလည်း ရွှေရောင်ဖြစ်သွားပြန်တယ်။တက်လာသမျှလူရဲ့ ကိုယ်ရောင်ကိုယ်ဝါကို ပကတိတရားပျောက်အောင် အရောင်တင်ပေးတဲ့ နေရုရွှေတောင်ကြီးကို ပြောင်းနေကြရအောင်လို့ ညီတော်က ဟင်္သာမင်းကို လျှောက်တင်ပါလေရော။ဒီတော့ ဟင်္သာမင်းက ဒီလိုပြန်ဖြေသတဲ့။

''ညီတော်..သူကောင်းဖြစ်စေ၊ သူယုတ်ဖြစ်စေ၊ သစ်ပင်ဖြစ်စေ၊ သတတဝါဖြစ်စေ အယုတ်အလတ်အမြတ်မရွေး တက်လာသမျှ လူကို ရွှေရောင်တင်ပေးသည့် နေရာသည့် နေအပ်သည့် နေရာမဟုတ် ယခုပင် ဒီနေရာက ငါတို့စွန့်ခွာကြမည်'' ဆိုပြီး နေရုဆိုတဲ့ ရွှေတောင်ကြီးကနေ စွန့်ခွာပျံသန်းလာသတဲ့။

အဟဲ..နိုင်ငံပိုင်သတင်းစာကို ကောက်ဖတ်ရင်း ဒီဇာတ်တော်လေးကို သတိရသွားတော့ မောင်ဗြိ တွေးမိတာတစ်ခုရှိတယ်။ဘုရားလောင်း ဟင်္သာမင်းသာ မောင်ဗြိ တို့ခေတ် နိုင်ငံပိုင်သတင်းစာကို ဖတ်မိရင် ပြောင်းလဲတယ်ပြောမလား… နေရု ဆိုတဲ့ နာမည်ပေးပြီး အဝေးထွက်ပြေးမလားတော့ မသိဘူးဗျနော့။သူလည်း တက်လာသမျှ အရောင်တင်ပေးတဲ့ ဟိုတောင်ကြီးလိုပဲ..မဟုတ်လား။

''ဗြဲ…တားကို အနိုင်ဝိုင်းကျင့်ကြတယ်….တားကို အနိုင်ဝိုင်းကျင့်ကြတယ်''

အလို သတင်းစာလေးဖတ်ပြီး ကိုယ့်အတွေးနဲ့ကိုယ် ဟုတ်နေတုန်း လမ်းထဲက ကလေးလိုလို လူကြီးလိုလို ငိုသံကြီးကြားရမှ အလန့်တကြားဖြစ်သွားတယ်။ဘာဖြစ်တာပါလိမ့်။အိမ်ရှေ့ထွက်ကြည့်တော့မှ စိန်သန်းကြီး နှင့် ရပ်ကွက်ထဲက ကလေးတစ်အုပ် ပြဿနာတက်နေတာကိုး။

စိန်သန်းကြီး ဆိုတာ မောင်ဗြိ တို့ ရပ်ကွက်ကပါ။အသက်က (၁၅) နှစ်လောက်ရှိပြီဆိုပေမယ့် ကျပ်သိပ်မပြည့်တော့ ကလေးစိတ် အခုထိမကုန်တဲ့ သူငယ်ပေါ့။အရင်က စိန်သန်းကြီး က ကလေးခေါင်းဆောင်။သူက ဉာဏ်ရည်ကြောင့်သာ ကလေးတွေနဲ့ ဆော့နေရပေမယ့် အသက်ကလည်းကြီး လူကောင်ကြီးကလည်း အားလုံးထက်ကြီးတယ်လေ။ဒီတော့ သူက ကလေးအုပ်စုဗိုလ်။
ကလေးတွေက ဘာတမ်းကစားကစား စိန်သန်းကြီး ပါဆိုမှ ပါရတယ်။မဟုတ်ရင် စိန်သန်းကြီးက သူ့လူူကောင်အားကိုးနဲ့ နပန်တွေချည်း ကျင်းတာကိုဗျ။ကလေးတွေ မုန့်ဆိုလည်း စိန်သန်းကြီး က အရင်လုစားတာဗျ။ပြီးမှ ကျန်တဲ့လူတွေ စားလို့ရတာ။အဲ့ဒီလို စိန်သန်းကြီး က ဗိုလ်လုပ်လာတာကြာပြီ။ဒါပေမယ့် အချိန်ကြာလာတာနဲ့အမျှ ဟိုကလေးအုပ်စုကလည်း အသက်ရော လူကောင်ပါ ထွားလာတာလေဗျာ။ပြီးတော့ ဒီ စိန်သန်း ဆိုတဲ့ ငပေါကြီးအနိုင်ကျင့်တိုင်းလည်း မခံနိုင်ကြတော့ဘူးထင်ရဲ့။ဒီတော့ စိန်သန်းကြီး ကို ခြေရာတိုင်းလာကြတယ်။ကစားဝိုင်းထဲမှာ စိန်သန်းကြီး ဗိုလ်လုပ်လို့ မရတော့ဘူး။စိန်သန်းကြီး အနိုင်လာကျင့်ရင် ဟိုကလေးတွေက တစ်ယောက်တည်းမနိုင်လည်း စုပေါင်းကာကွယ်ကြတော့ စိန်သန်းကြီး ကျွတ်နေတာပေါ့။

ကိုင်း..အခုလည်း နေ့ခင်းကြောင်တောင် ဒီ စိန်သန်းကြီး တဗြဲဗြဲအော်နေတာ ဘာလို့များလဲ ကြည့်မိပြန်တယ်။ကလေးတစ်ယောက် ဝယ်လာတဲ့မုန့်ကို စိန်သန်းကြီး က ဗိုလ်ကျပြီးလုတာ။အဲ့ဒါကို ကျန်တဲ့ကလေးတွေက အလုမခံပဲ ဝိုင်းပြီးတွန်းထုတ်ကြသတဲ့။အဲ့ဒီမှာ စိန်သန်းကြီး က ''သားကို အနိုင်ဝိုင်းကျင့်ပါတယ်'' ဆိုပြီး အော်ငိုသတဲ့ဗျာ။တယ်လည်းခက်တဲ့ ငတိကြီး။သူတစ်သက်လုံး ကလေးတွေကို အနိုင်ကျင့်လာတုန်းကတော့ ကောင်းတယ်။အခု ကလေးတွေက သူအနိုင်ကျင့်တာလည်း မခံရော ဗြဲခနဲအော်တော့တာပဲ။အင်းလေ..စိန်သန်းကြီး ဆိုတာလည်း ဉာဏ်မမှီရှာတဲ့ ကလေးဆိုတော့လည်း ရှိရှာမပေါ့ဗျာ ။

ဟူး..အပြောင်းအလဲ..အပြောင်းအလဲ။မဆီမဆိုင်တွေးမိတာပါ။စိန်သန်းကြီး ဟာလည်း ခုနဇာတ်တော်ထဲက နေရုတောင်ပေါ်က ပြုတ်ကျခဲ့သလို ဖြစ်နေရှာတာ။တောင်အရောင်နဲ့ ရွှေရောင်ဝင်းနေရာက အခု မူလနေရာတောင် ပြန်မရောက်သေးဘူး ငိုချင်းတွေချနေပြီ။အင်း…ဒီကောင် စိန်သန်းကြီး အငိုတော့ကောင်းသားဗျ။ကြီးလာရင် ရုပ်ရှင်သရုပ်ဆောင် လုပ်လို့တော့ရတယ်။အင်း ဒါလည်း မဖြစ်သေးပါဘူး..တော်ကြာ  အကယ်ဒမီပေးပွဲတွေ ဘာတွေကျ သူမရလို့ဆိုပြီး အသံဗြဲကြီးနဲ့ ငိုနေမှခက်မယ် ….။

ကဲ..ကဲ…စိန်သန်းကြီး တို့ ပြဿနာ အသာထား။မောင်ဗြိ လည်း နေရုတောင် သတင်းစာလေး အဲလေ နိုင်ငံပိုင်သတင်းစာလေး ဆက်ဖတ်လိုက်ပါဦးမယ်ဗျာ..နော့။

ဗြိတိသျှကိုကိုမောင်
မတ် - ၂၄

( Zawgyi )

ဘာလိုလိုနဲ႔ ၾသကၤန္ေတာင္ ေရာက္ေတာ့မဗ်ာ။ပူလိုက္အိုက္လိုက္တာလည္း လြန္ပါေရာ။ဘယ္လိုပဲျဖစ္ျဖစ္ ပူတာအိုက္တာေတြ ေအးတာခ်မ္းတာေတြ အသာထား။ေမာင္ၿဗိ ဆိုတာကလည္း ေတြ႕သမွ် ျမင္သမွ် ပတ္ဝန္းက်င္က အဆီအေငၚမတည့္တာဆို ေရးခ်င္ေျပာခ်င္ေနတဲ့ စိတ္က ေမြးရာပါဆိုေတာ့ ခက္သားကလား။

ကိုင္း..အစိုးရေဟာင္းႀကီးေညာင္းလို႔ အစိုးရအသစ္စက္စက္ ေျပာင္းခဲ့တာလည္းၾကာၿပီ။ႏို႔..ဒီေတာ့ တစ္ေခတ္တစ္ခါက မင္းလိုလိုက္မင္းႀကိဳက္ ေရးတတ္တဲ့ ႏိုင္ငံပိုင္သတင္းစာႀကီးေတြလည္း ေျပာင္းလဲၿပီေပါ့ေလ။ေမာင္ၿဗိ ထင္ခဲ့တာပါ။ဒါနဲ႔ပဲ..မဖတ္တာၾကာၿပီျဖစ္တဲ့ ႏိုင္ငံပိုင္သတင္းစာတစ္ေစာင္ ေကာက္လွန္သေပါ့ဗ်ာ။အလိုေလး..ၾကားသားမိုးႀကိဳး။မ်က္ႏွာဖုံးမွာလည္း ေဒၚေအာင္ဆန္းစုၾကည္ ပုံနဲ႔ပါလားဟ႐ို႕။ေမာင္ၿဗိ တို႔ ငယ္ငယ္ကဆို ဘြားေတာ္ဟာ ႏိုင္ငံပိုင္သတင္းစာေတြရဲ႕ ကပ်က္ကေခ်ာ္ ကာတြန္းပုံေတြမွာသာ အဆြဲခံခဲ့ရတာ မွတ္မိပါေသးရဲ႕။

ႏိုင္ငံေတာ္ေခါင္းေဆာင္ေတြ ဟိုသြားတယ္။ဒီသြားတယ္။ သၾကားေတြခ်ိဳၿပီး ဆားေတြငံတယ္။အံမယ္ ဒါက် လူသာေျပာင္းတယ္။က်န္တာက ဒီလိုပဲကိုး။အိမ္း..ဘာပဲျဖစ္ျဖစ္…ႏိုင္ငံပိုင္သတင္းစာႀကီးက ေျပာင္းလဲလာၿပီေပါ့။ေျပာင္းလဲလာၿပီဆို ေဈးႏႈန္းကလည္း တက္လိုက္ၿပီကိုးဗ်။ေျပာင္းလဲလာၿပီဆိုတဲ့ သတင္းစာႀကီးကို ေကာက္ကိုင္ရင္း ေမာင္ၿဗိျဖင့္ ဘုရားေဟာဇာတ္ေတာ္ေလးတစ္ခု သြားသတိရမိသဗ်။အလိုေလး…ငၿဗိ..မင္းလိုေကာင္ကမ်ား ဘုရားေဟာဇာတ္ေတာ္ေလး ဘာေလးနဲ႔ အလာႀကီးပါလားလို႔ မေျပာၾကနဲ႔။ေမာင္ၿဗိတို႔ ႐ြာက မိုးသု ဆိုတဲ့ ကိုယ္ေတာ္ေလး ၿမိဳ႕တက္လာတုန္းက တရားေဟာခ်င္လြန္းလို႔ဆိုၿပီး ေမာင္ၿဗိ ကို အေအးတစ္ခြက္ အတင္းတိုက္ၿပီး ဒီဇာတ္ေတာ္ကို ေဟာသြားလို႔ ကိုယ့္မွာ အေအးခြက္မ်က္ႏွာနဲ႔ ႀကိတ္မွိတ္နားေထာင္ခဲ့ရတာ။ဇာတ္ေတာ္က ဒီလိုဗ်။

တစ္ခါတုန္းက ေတာအုပ္ႀကီးတစ္ခု အလယ္မွာ ဘုရားေလာင္း ဟသၤာမင္းက ဟသၤာအေပါင္းၿခံရံၿပီး မင္းျပဳေနသတဲ့။ဘုရားေလာင္း ဟသၤာမင္းရဲ႕ ကိုယ္ေရးအရာရွိ ပီအက္အိုကေတာ့ ထုံးစံအတိုင္း ညီေတာ္အာနႏၵာ အေလာင္းအလ်ာေပါ့ဗ်ာ။ဒါေၾကာင့္ေျပာတာ လူႀကီးေတြဟာ ရာထူးရလာရင္ ကိုယ့္ေဆြမ်ိဳးေတြ သားသမီးေတြကို ကိုယ္ေရးအရာရွိ ရာထူးေပးတာ အခုေခတ္မွ မဟုတ္ဘူး။ဟိုး ဘုရားေလာင္း လက္ထက္ကတည္းကဗ်။အခုလူႀကီးေတြလည္း ဘုရားေလာင္းထုံး ႏွလုံးမူတယ္ေပါ့ဗ်ာ။အင္း..တစ္ေန႔ေတာ့ ဟသၤာမင္းနဲ႔ ညီေတာ္ဟာ ေတာအုပ္အျပင္ဘက္က ေနရာေတြကို စူးစမ္းေလ့လာဖို႔ ပ်ံသန္းခဲ့ၾကတယ္။တစ္ေနရာေရာက္ေတာ့ ေ႐ႊေရာင္တညီးညီး ေတာက္ပေနတဲ့ ေတာင္ႀကီးတစ္လုံးကို ေတြ႕သတဲ့။ဟသၤာမင္းလည္း ဒီေတာင္ႀကီးနာမည္ကိုေမးေတာ့ ညီေတာ္က ေန႐ုေတာင္ပါလို႔ ေျဖတယ္။ဒါနဲ႔ ဟသၤာမင္းနဲ႔ ညီေတာ္ဟာ ေ႐ႊေတာင္ႀကီးအနားက သစ္ပင္တစ္ပင္မွာနားရင္း အေျခအေနကို အကဲခတ္တယ္။ေတာင္ႀကီးေပၚမွာ ေပါက္သမွ် သစ္ပင္ေတြက ေ႐ႊေရာင္ေတြခ်ည္းပဲတဲ့။ဒါနဲ႔ ညီေတာ္က ေမးတယ္။ဒီေတာင္ေပၚေပါက္သမွ်ဟာ ဘာလို႔ ေ႐ႊပင္ေတြ ျဖစ္ေနတာလဲတဲ့။ဟသၤာမင္းက ျပန္ေျဖတယ္။ဒါ ေ႐ႊပင္ေတြမဟုတ္ဘူး။ ႐ိုး႐ိုးသစ္ပင္ေတြ။ေ႐ႊေတာင္ႀကီးက ထြက္လာတဲ့ ေ႐ႊေတြရဲ႕ ေရာင္ျပန္ဟပ္မႈေၾကာင့္ ေ႐ႊေရာင္ေပါက္ေနတာတဲ့။သူတို႔ အေမးအေျဖလုပ္ေနတုန္းမွာပဲ ေတာင္ကုန္းေပၚကို ေ႐ႊေရာင္ဖြတ္က်ားႀကီးတစ္ေကာင္ တက္လာျပန္တယ္။ညီေတာ္က ေမးျပန္ေတာ့ ဟသၤာမင္းက ေျဖရျပန္တယ္။ဒီဖြတ္ႀကီးဟာ တကယ္ေတာ့ ဖြတ္မြဲႀကီးသာျဖစ္ေၾကာင္း၊ ဒါေပမယ့္ ေ႐ႊေတာင္ႀကီးေပၚ တက္လိုက္တဲ့အခါ ေတာင္ႀကီးရဲ႕ အေရာင္တင္ေပးမႈေၾကာင့္ ေ႐ႊေရာင္ေပါက္တာျဖစ္ေၾကာင္း ရွင္းျပတယ္။ေနာက္ထပ္ ျခေသၤ့တစ္ေကာင္ တက္လာတယ္။မူလအေရာင္မဟုတ္ပဲ ေ႐ႊေရာင္ျဖစ္သြားျပန္ေရာတဲ့။ေနာက္ဆုံး ေဒါင္းတစ္အုပ္ ေ႐ႊေတာင္ႀကီးေပၚ တက္လာျပန္တယ္။ဒါလည္း ေ႐ႊေရာင္ျဖစ္သြားျပန္တယ္။တက္လာသမွ်လူရဲ႕ ကိုယ္ေရာင္ကိုယ္ဝါကို ပကတိတရားေပ်ာက္ေအာင္ အေရာင္တင္ေပးတဲ့ ေန႐ုေ႐ႊေတာင္ႀကီးကို ေျပာင္းေနၾကရေအာင္လို႔ ညီေတာ္က ဟသၤာမင္းကို ေလွ်ာက္တင္ပါေလေရာ။ဒီေတာ့ ဟသၤာမင္းက ဒီလိုျပန္ေျဖသတဲ့။

''ညီေတာ္..သူေကာင္းျဖစ္ေစ၊ သူယုတ္ျဖစ္ေစ၊ သစ္ပင္ျဖစ္ေစ၊ သတတဝါျဖစ္ေစ အယုတ္အလတ္အျမတ္မေ႐ြး တက္လာသမွ် လူကို ေ႐ႊေရာင္တင္ေပးသည့္ ေနရာသည့္ ေနအပ္သည့္ ေနရာမဟုတ္ ယခုပင္ ဒီေနရာက ငါတို႔စြန႔္ခြာၾကမည္'' ဆိုၿပီး ေန႐ုဆိုတဲ့ ေ႐ႊေတာင္ႀကီးကေန စြန႔္ခြာပ်ံသန္းလာသတဲ့။

အဟဲ..ႏိုင္ငံပိုင္သတင္းစာကို ေကာက္ဖတ္ရင္း ဒီဇာတ္ေတာ္ေလးကို သတိရသြားေတာ့ ေမာင္ၿဗိ ေတြးမိတာတစ္ခုရွိတယ္။ဘုရားေလာင္း ဟသၤာမင္းသာ ေမာင္ၿဗိ တို႔ေခတ္ ႏိုင္ငံပိုင္သတင္းစာကို ဖတ္မိရင္ ေျပာင္းလဲတယ္ေျပာမလား… ေန႐ု ဆိုတဲ့ နာမည္ေပးၿပီး အေဝးထြက္ေျပးမလားေတာ့ မသိဘူးဗ်ေနာ့။သူလည္း တက္လာသမွ် အေရာင္တင္ေပးတဲ့ ဟိုေတာင္ႀကီးလိုပဲ..မဟုတ္လား။

''ၿဗဲ…တားကို အႏိုင္ဝိုင္းက်င့္ၾကတယ္….တားကို အႏိုင္ဝိုင္းက်င့္ၾကတယ္''

အလို သတင္းစာေလးဖတ္ၿပီး ကိုယ့္အေတြးနဲ႔ကိုယ္ ဟုတ္ေနတုန္း လမ္းထဲက ကေလးလိုလို လူႀကီးလိုလို ငိုသံႀကီးၾကားရမွ အလန႔္တၾကားျဖစ္သြားတယ္။ဘာျဖစ္တာပါလိမ့္။အိမ္ေရွ႕ထြက္ၾကည့္ေတာ့မွ စိန္သန္းႀကီး ႏွင့္ ရပ္ကြက္ထဲက ကေလးတစ္အုပ္ ျပႆနာတက္ေနတာကိုး။

စိန္သန္းႀကီး ဆိုတာ ေမာင္ၿဗိ တို႔ ရပ္ကြက္ကပါ။အသက္က (၁၅) ႏွစ္ေလာက္ရွိၿပီဆိုေပမယ့္ က်ပ္သိပ္မျပည့္ေတာ့ ကေလးစိတ္ အခုထိမကုန္တဲ့ သူငယ္ေပါ့။အရင္က စိန္သန္းႀကီး က ကေလးေခါင္းေဆာင္။သူက ဉာဏ္ရည္ေၾကာင့္သာ ကေလးေတြနဲ႔ ေဆာ့ေနရေပမယ့္ အသက္ကလည္းႀကီး လူေကာင္ႀကီးကလည္း အားလုံးထက္ႀကီးတယ္ေလ။ဒီေတာ့ သူက ကေလးအုပ္စုဗိုလ္။
ကေလးေတြက ဘာတမ္းကစားကစား စိန္သန္းႀကီး ပါဆိုမွ ပါရတယ္။မဟုတ္ရင္ စိန္သန္းႀကီးက သူ႔လူူေကာင္အားကိုးနဲ႔ နပန္ေတြခ်ည္း က်င္းတာကိုဗ်။ကေလးေတြ မုန႔္ဆိုလည္း စိန္သန္းႀကီး က အရင္လုစားတာဗ်။ၿပီးမွ က်န္တဲ့လူေတြ စားလို႔ရတာ။အဲ့ဒီလို စိန္သန္းႀကီး က ဗိုလ္လုပ္လာတာၾကာၿပီ။ဒါေပမယ့္ အခ်ိန္ၾကာလာတာနဲ႔အမွ် ဟိုကေလးအုပ္စုကလည္း အသက္ေရာ လူေကာင္ပါ ထြားလာတာေလဗ်ာ။ၿပီးေတာ့ ဒီ စိန္သန္း ဆိုတဲ့ ငေပါႀကီးအႏိုင္က်င့္တိုင္းလည္း မခံႏိုင္ၾကေတာ့ဘူးထင္ရဲ႕။ဒီေတာ့ စိန္သန္းႀကီး ကို ေျခရာတိုင္းလာၾကတယ္။ကစားဝိုင္းထဲမွာ စိန္သန္းႀကီး ဗိုလ္လုပ္လို႔ မရေတာ့ဘူး။စိန္သန္းႀကီး အႏိုင္လာက်င့္ရင္ ဟိုကေလးေတြက တစ္ေယာက္တည္းမႏိုင္လည္း စုေပါင္းကာကြယ္ၾကေတာ့ စိန္သန္းႀကီး ကြၽတ္ေနတာေပါ့။

ကိုင္း..အခုလည္း ေန႔ခင္းေၾကာင္ေတာင္ ဒီ စိန္သန္းႀကီး တၿဗဲၿဗဲေအာ္ေနတာ ဘာလို႔မ်ားလဲ ၾကည့္မိျပန္တယ္။ကေလးတစ္ေယာက္ ဝယ္လာတဲ့မုန႔္ကို စိန္သန္းႀကီး က ဗိုလ္က်ၿပီးလုတာ။အဲ့ဒါကို က်န္တဲ့ကေလးေတြက အလုမခံပဲ ဝိုင္းၿပီးတြန္းထုတ္ၾကသတဲ့။အဲ့ဒီမွာ စိန္သန္းႀကီး က ''သားကို အႏိုင္ဝိုင္းက်င့္ပါတယ္'' ဆိုၿပီး ေအာ္ငိုသတဲ့ဗ်ာ။တယ္လည္းခက္တဲ့ ငတိႀကီး။သူတစ္သက္လုံး ကေလးေတြကို အႏိုင္က်င့္လာတုန္းကေတာ့ ေကာင္းတယ္။အခု ကေလးေတြက သူအႏိုင္က်င့္တာလည္း မခံေရာ ၿဗဲခနဲေအာ္ေတာ့တာပဲ။အင္းေလ..စိန္သန္းႀကီး ဆိုတာလည္း ဉာဏ္မမွီရွာတဲ့ ကေလးဆိုေတာ့လည္း ရွိရွာမေပါ့ဗ်ာ ။

ဟူး..အေျပာင္းအလဲ..အေျပာင္းအလဲ။မဆီမဆိုင္ေတြးမိတာပါ။စိန္သန္းႀကီး ဟာလည္း ခုနဇာတ္ေတာ္ထဲက ေန႐ုေတာင္ေပၚက ျပဳတ္က်ခဲ့သလို ျဖစ္ေနရွာတာ။ေတာင္အေရာင္နဲ႔ ေ႐ႊေရာင္ဝင္းေနရာက အခု မူလေနရာေတာင္ ျပန္မေရာက္ေသးဘူး ငိုခ်င္းေတြခ်ေနၿပီ။အင္း…ဒီေကာင္ စိန္သန္းႀကီး အငိုေတာ့ေကာင္းသားဗ်။ႀကီးလာရင္ ႐ုပ္ရွင္သ႐ုပ္ေဆာင္ လုပ္လို႔ေတာ့ရတယ္။အင္း ဒါလည္း မျဖစ္ေသးပါဘူး..ေတာ္ၾကာ  အကယ္ဒမီေပးပြဲေတြ ဘာေတြက် သူမရလို႔ဆိုၿပီး အသံၿဗဲႀကီးနဲ႔ ငိုေနမွခက္မယ္ ….။

ကဲ..ကဲ…စိန္သန္းႀကီး တို႔ ျပႆနာ အသာထား။ေမာင္ၿဗိ လည္း ေန႐ုေတာင္ သတင္းစာေလး အဲေလ ႏိုင္ငံပိုင္သတင္းစာေလး ဆက္ဖတ္လိုက္ပါဦးမယ္ဗ်ာ..ေနာ့။

ၿဗိတိသွ်ကိုကိုေမာင္
မတ္ - ၂၄