【 သရော်စာ 】 ကြည်ညိုပါရစေ

【 သရော်စာ 】 ကြည်ညိုပါရစေ

ဒီခေတ်က ဘာခေတ်လဲ။ဟုတ်လား………။ကြည်ညိုစရာတွေ ပေါတဲ့ခေတ်။ဘယ်ပဲကြည်ကြည် ကြည်ညိုစရာတွေချည်း……။
နေတတ်ရင် ကြည်ညိုစရာ ဖြစ်တယ်ဆိုလား။
နတ်ဆိုးတို့ကတော့ ဒီလိုဘဲမှတ်တယ်။
တစ်ကယ်။
အခုဆို ကြည်ညိုစရာတစ်ခေတ်ဖြစ်ပြီလေ။
စဉ်းစားကြည့်။

အရပ်ထဲလဲ ဓမ္မာရုံလူကြီး ကြည်ညိုရ၊ ဂေါပက လူကြီးကြည်ညိုရ၊ လမ်းလူကြီးလည်း ကြည်ညိုရ။ရပ်ကွက်လူကြီးဆိုလည်းကြည်ညိုရ ။မျိုးချစ်လည်း ကြည်ညိုရ။အနီလဲကြည်ညိုရ ၊အစိမ်းလည်းကြည်ညိုရ။
ဟုတ်တယ်လေ ကိုယ်တွေက သူတို့လို လုပ်မှ လုပ်မစားတတ်တာ။
ဆေးရုံဆိုလည်း အစောင့် ကြည်ညိုရ ၊ သန့်ရှင်းရေးကြည်ညိုရ။သူနာပြုကြည်ညိုရ။ဆရာဝန် ကြည်ညိုရနဲ့။
ရပ်ကွက်ဆိုလည်း ဆယ်အိမ်မှူ းကြည်ညိုရ၊ရာအိမ်မှူ းကြည်ညိုရ၊ရပ်ကွက်စာရေးကြည်ညိုရ၊ဥက္ကဋ္ဌ ကြည်ညိုရနဲ့။
မာဆတ်သွားရင်တောင် တွေ့သမျှကြည်ညိုနေရတာ။
ခေတ်ကိုက ဘာမဆိုကြည်ညိုတတ်မှ အလုပ်ဖြစ်တာလေ။သိတယ်မဟုတ်လား။
ဒါကြောင့်နတ်ဆိုးတို့က ဘာပဲဖြစ်ဖြစ် ကြည်ညိုပြီးသား။
ဟုတ်တယ်လေ။

ခေတ်ကိုက မကြည်ညိုရင် တရားစွဲမယ့်ခေတ်။
ဟုတ်ဟုတ် မဟုတ်ဟုတ် ကြည်ညိုသာ ကြည်ညိုလိုက်။ကြည်ညိုတာ အန္တရာယ်ကင်းတယ်လေ။
ဦးရှင်ကြီး တင်ရင်တောင် သူလောက်အန္တရာယ်မကင်းဘူး။
ကြည်ညိုလိုက်ရင် အန္တရာယ် ကင်းပြီးသား။
အခုဆို နတ်ဆိုးတောင် ရပ်ထဲရွာထဲ ဘာလုပ်လုပ် ကြည်ညို
တတ်နေလို့ အားလုံးကြည်ညိုတတ်အောင်
အခုစာအုပ်တစ်အုပ်တောင်ရေးနေတယ်။ဖတ်မလား။
ရေးတာက ခေတ်နဲ့အမီလေ။ရောင်းကောင်းမှာဗျ။
ကြည်ညိုချင်ပေမယ့်  မကြည်ညိုတတ်သူတွေအတွက်အထူး။
နာမည်တောင်ပေးထားသေးတယ်။

ဘာတဲ့ 'ကြည်ညိုခြင်းအနုပညာ'လို့။
ဟုတ်တယ်။အဲဒီထဲမှာ သူတောင်းစားကနေ ကြာကူရီအထိ၊
ငတိုငလျှိုကနေ သူခိုးဓားမြထိ၊ ဖိနပ်သူခိုးကနေ ဂေါပကအထိ ကြည်ညိုစရာ ဖြစ်အောင်ရေးထားတယ်။
ဘယ်လိုလဲ ဟုတ်လား။သူခိုးတွေကိုကြည်ညိုအောင် ဘယ်လိုရေးမလဲ ။
ဘာမကြည်ညိုစရာရှိလဲ။
သူတို့ခမျာ ရင်းထားရတာနည်းလား။
နက်နဲလွန်းလို့ နှစ်ပိုင်းတောင် ခွဲရေးရမှာ။
အောက်တန်းစားနဲ့ အထက်တန်းစားဆိုပြီး ခွဲရေးမှာ။
ဘယ်လိုခွဲမလဲ ဟုတ်လား။

အောက်တန်းစားနဲ့ အထက်တန်းစားဆိုပြီး။
မိရိုးဖလာ သူခိုးပညာနဲ့ လုပ်စားတဲ့ သူခိုးက အထက်တန်းစားသူခိုးလေ။
သူက သူပညာ သူသုံးပြီးခိုးတာ။
နောက်တစ်မျိုးက မင်းဘဏ္ဍာ ကိုယ်ဟာမှတ်ပါလို့ဆိုတဲ့ အစိုးရ အရာထမ်းသူခိုးတွေ။
ဒီသူခိုးတွေက ရာထူးအာဏာရတုန်း ဘောက်လုပ်စားတဲ့ အောက်တန်းစားသူခိုးတွေလေ။သူခိုးပညာ မပြည့်ဘူးလေ။ဒါပေမယ့် အဖမ်းခံရတာနည်းတယ်။
ဒါပေမယ့် နှစ်မျိုးစလုံးက ကြည်ညိုစရာကြီးဘဲ။
အထက်တန်းစားက ပညာနဲ့ခိုးလို့ကြည်ညိုတာ။
အောက်တန်းစားက သိက္ခာကိုရင်းလို့ကြည်ညိုတာ။

ကဲပြော ခင်ဗျားရော သူတို့လို ကြည်ညိုအောင် နေတတ်စားတတ်လုပ်တတ်လို့လား။
တစ်ကယ်က သူခိုးဘဲ ကြည်ညိုစရာကောင်းတာ မဟုတ်ဘူး။ဓားမြလည်း စဉ်းစားကြည့်ရင်  ကြည်ညိုစရာ။
သူတို့မှာ လုရယက်ရ တိုက်ရခိုက်ရ။
အခန့်မသင့်ရင် လုခံရတဲ့သူက ပြန်လုပ်လို့ သေရင် သေဦးမှာ။
စဉ်းစားကြည့်ရင် အသေကြည်ညိုစရာ။
သူထက်ပို ကြည်ညိုစရာကောင်းတာက တုတ်ဓား သေနတ်ပြစရာမလိုဘဲ  တောင်းတတ်လုတတ် သိမ်းတတ်တဲ့ တစ်ကယ့် လက်ရဲ ဇက်ရဲ စောက်ရှက်အမဲ့ဆုံးကြည်ညိုစရာတွေ။
သူတို့ကို မကြည်ညိုလို့မရဘူး။ပိုကြည်ညိုရတယ်။မကြည်ညိုရင် သူတို့က တရားစွဲမှာ။တစ်ကယ်လုပ်မှာဟ။
ဘာလို့လဲ……ဟုတ်လား။

ရှက်လို့ ။ ရှက်လို့ ရှက်ရမ်းရမ်းမှာလေ။
ဟုတ်လည်း ဟုတ်တယ်။ ဒီမြန်မာပြည်မှာ သူတ့ိုလောက် ကြည်ညိုစရာကောင်းတဲ့သူ ဘယ်မှာရှိမလဲ ။
ရှာလေ။ ထမင်းထုပ်မပြောနဲ့ ရယ်ဒီမိတ်တောင် မှိုတက်သွားမယ်။
ဒီလိုလူတွေမှ မကြည်ညိုရင် ဘယ်သူ သွားကြည်ညိုမလဲ။
ခင်ဗျားဘဲ စဉ်းစားကြည့်။
သူတို့မှာ ခင်ဗျားတို့ကြည်ညိုတာခံချင်လွန်းလို့ လုရယက်ရ သတ်ရဖြတ်ရ မဟုတ်တာမှန်သမျှ မတရားတာမှန်သမျှ အကုန်လုပ်ပြရတာ သနားစရာတောင်ကောင်းသေး။
ဒါကို ခင်ဗျားတို့က မကြည်ညိုဘူးဆိုတော့
တရားလား။

တစ်ကယ်ဆို စဉ်းစားကြည့်။ခင်ဗျားတို့မိဘတွေ ကြည်ညိုလို့ကိုးကွယ်တဲ့နတ်တွေဆိုတာ ကောင်းကောင်းမွန်နေပြီး နတ်ဖြစ်လာတဲ့သူတွေလား။
ရှိလှ တစ်ယောက်နှစ်ယောက် အဲလေ တစ်ပါးနှစ်ပါးပေါ့။
အားလုံးနီးပါးက ဆိုးလို့သွမ်းလို့ ၊ဘုရင်ကသတ်လို့ သူများမိန်းမကြာကူရီဆွဲလို့သေပြီးနတ်တွေဖြစ်လာတာ။နတ်ကလေကချေတွေချည်း။
ဒီလိုသူတွေတောင် နတ်ဆိုပြီးခင်ဗျားတို့ တလေးတစား ကိုးကွယ်နေရတာ။
သူတို့လောက်ဘက်စုံမဆိုးတဲ့သူတောင် စောဒကမတက်ဘဲ ကြည်ညိုနေကြ ကိုးကွယ်နေကြတာ။
သူတို့ခံပြင်းမယ်ဆိုလည်း ခံပြင်းစရာ။
စဉ်းစားကြည့်။

သူတို့လောက် ဘက်စုံဆိုးတဲ့သူ မြင်ဘူးလား။ဘက်စုံယုတ်မာတဲ့သူ မြင်ဘူးလား။ဘက်စုံ ဒုက္ခပေးသူမြင်ဘူးလား။
သူတို့က ဘွဲရပညာတတ်။ဟိုဟာဆင်းဒီဟာဆင်းတွေ။
နတ်ဖြစ်မယ်ဆိုရင်တောင် အင်ကျူ ကိတ်နတ်တွေ။
ဒါကြောင့်ပြောတာ  မသေခင်ကတည်းက  ကြည်ညိုပေးသင့်တာ။
အုန်းပွဲ ငှက်ပျောပွဲလေးနဲ့။ ဖီးကြမ်းလေးနဲ့ ဝက်မလွတ်အုန်းလေးနဲ့။
ဘယ်လိုလေးလဲ။
ဝါဝင် ဝါထွက်လေး။
အဘိုးဘိုး လို့ပင့်မယ်အစား
အဘအဘလို့ ခေါ်ပြီး တင်ကြမြှောက်ကြ ကြည်ညိုကြပေါ့။

                                                                                နတ်ဆိုး

(  Zawgyi  )

 ဒီေခတ္က ဘာေခတ္လဲ။ဟုတ္လား………။ၾကည္ညိဳစရာေတြ ေပါတဲ့ေခတ္။ဘယ္ပဲၾကည္ၾကည္ ၾကည္ညိဳစရာေတြခ်ည္း……။
ေနတတ္ရင္ ၾကည္ညိဳစရာ ျဖစ္တယ္ဆိုလား။
နတ္ဆိုးတို႔ကေတာ့ ဒီလိုဘဲမွတ္တယ္။
တစ္ကယ္။
အခုဆို ၾကည္ညိဳစရာတစ္ေခတ္ျဖစ္ၿပီေလ။
စဥ္းစားၾကည့္။

အရပ္ထဲလဲ ဓမၼာ႐ုံလူႀကီး ၾကည္ညိဳရ၊ ေဂါပက လူႀကီးၾကည္ညိဳရ၊ လမ္းလူႀကီးလည္း ၾကည္ညိဳရ။ရပ္ကြက္လူႀကီးဆိုလည္းၾကည္ညိဳရ ။မ်ိဳးခ်စ္လည္း ၾကည္ညိဳရ။အနီလဲၾကည္ညိဳရ ၊အစိမ္းလည္းၾကည္ညိဳရ။
ဟုတ္တယ္ေလ ကိုယ္ေတြက သူတို႔လို လုပ္မွ လုပ္မစားတတ္တာ။
ေဆး႐ုံဆိုလည္း အေစာင့္ ၾကည္ညိဳရ ၊ သန႔္ရွင္းေရးၾကည္ညိဳရ။သူနာျပဳၾကည္ညိဳရ။ဆရာဝန္ ၾကည္ညိဳရနဲ႔။
ရပ္ကြက္ဆိုလည္း ဆယ္အိမ္မႉ းၾကည္ညိဳရ၊ရာအိမ္မႉ းၾကည္ညိဳရ၊ရပ္ကြက္စာေရးၾကည္ညိဳရ၊ဥကၠ႒ ၾကည္ညိဳရနဲ႔။
မာဆတ္သြားရင္ေတာင္ ေတြ႕သမွ်ၾကည္ညိဳေနရတာ။
ေခတ္ကိုက ဘာမဆိုၾကည္ညိဳတတ္မွ အလုပ္ျဖစ္တာေလ။သိတယ္မဟုတ္လား။
ဒါေၾကာင့္နတ္ဆိုးတို႔က ဘာပဲျဖစ္ျဖစ္ ၾကည္ညိဳၿပီးသား။
ဟုတ္တယ္ေလ။

ေခတ္ကိုက မၾကည္ညိဳရင္ တရားစြဲမယ့္ေခတ္။
ဟုတ္ဟုတ္ မဟုတ္ဟုတ္ ၾကည္ညိဳသာ ၾကည္ညိဳလိုက္။ၾကည္ညိဳတာ အႏၲရာယ္ကင္းတယ္ေလ။
ဦးရွင္ႀကီး တင္ရင္ေတာင္ သူေလာက္အႏၲရာယ္မကင္းဘူး။
ၾကည္ညိဳလိုက္ရင္ အႏၲရာယ္ ကင္းၿပီးသား။
အခုဆို နတ္ဆိုးေတာင္ ရပ္ထဲ႐ြာထဲ ဘာလုပ္လုပ္ ၾကည္ညိဳ
တတ္ေနလို႔ အားလုံးၾကည္ညိဳတတ္ေအာင္
အခုစာအုပ္တစ္အုပ္ေတာင္ေရးေနတယ္။ဖတ္မလား။
ေရးတာက ေခတ္နဲ႔အမီေလ။ေရာင္းေကာင္းမွာဗ်။
ၾကည္ညိဳခ်င္ေပမယ့္  မၾကည္ညိဳတတ္သူေတြအတြက္အထူး။
နာမည္ေတာင္ေပးထားေသးတယ္။

ဘာတဲ့ 'ၾကည္ညိဳျခင္းအႏုပညာ'လို႔။
ဟုတ္တယ္။အဲဒီထဲမွာ သူေတာင္းစားကေန ၾကာကူရီအထိ၊
ငတိုငလွ်ိဳကေန သူခိုးဓားျမထိ၊ ဖိနပ္သူခိုးကေန ေဂါပကအထိ ၾကည္ညိဳစရာ ျဖစ္ေအာင္ေရးထားတယ္။
ဘယ္လိုလဲ ဟုတ္လား။သူခိုးေတြကိုၾကည္ညိဳေအာင္ ဘယ္လိုေရးမလဲ ။
ဘာမၾကည္ညိဳစရာရွိလဲ။
သူတို႔ခမ်ာ ရင္းထားရတာနည္းလား။
နက္နဲလြန္းလို႔ ႏွစ္ပိုင္းေတာင္ ခြဲေရးရမွာ။
ေအာက္တန္းစားနဲ႔ အထက္တန္းစားဆိုၿပီး ခြဲေရးမွာ။
ဘယ္လိုခြဲမလဲ ဟုတ္လား။

ေအာက္တန္းစားနဲ႔ အထက္တန္းစားဆိုၿပီး။
မိ႐ိုးဖလာ သူခိုးပညာနဲ႔ လုပ္စားတဲ့ သူခိုးက အထက္တန္းစားသူခိုးေလ။
သူက သူပညာ သူသုံးၿပီးခိုးတာ။
ေနာက္တစ္မ်ိဳးက မင္းဘ႑ာ ကိုယ္ဟာမွတ္ပါလို႔ဆိုတဲ့ အစိုးရ အရာထမ္းသူခိုးေတြ။
ဒီသူခိုးေတြက ရာထူးအာဏာရတုန္း ေဘာက္လုပ္စားတဲ့ ေအာက္တန္းစားသူခိုးေတြေလ။သူခိုးပညာ မျပည့္ဘူးေလ။ဒါေပမယ့္ အဖမ္းခံရတာနည္းတယ္။
ဒါေပမယ့္ ႏွစ္မ်ိဳးစလုံးက ၾကည္ညိဳစရာႀကီးဘဲ။
အထက္တန္းစားက ပညာနဲ႔ခိုးလို႔ၾကည္ညိဳတာ။
ေအာက္တန္းစားက သိကၡာကိုရင္းလို႔ၾကည္ညိဳတာ။

ကဲေျပာ ခင္ဗ်ားေရာ သူတို႔လို ၾကည္ညိဳေအာင္ ေနတတ္စားတတ္လုပ္တတ္လို႔လား။
တစ္ကယ္က သူခိုးဘဲ ၾကည္ညိဳစရာေကာင္းတာ မဟုတ္ဘူး။ဓားျမလည္း စဥ္းစားၾကည့္ရင္  ၾကည္ညိဳစရာ။
သူတို႔မွာ လုရယက္ရ တိုက္ရခိုက္ရ။
အခန႔္မသင့္ရင္ လုခံရတဲ့သူက ျပန္လုပ္လို႔ ေသရင္ ေသဦးမွာ။
စဥ္းစားၾကည့္ရင္ အေသၾကည္ညိဳစရာ။
သူထက္ပို ၾကည္ညိဳစရာေကာင္းတာက တုတ္ဓား ေသနတ္ျပစရာမလိုဘဲ  ေတာင္းတတ္လုတတ္ သိမ္းတတ္တဲ့ တစ္ကယ့္ လက္ရဲ ဇက္ရဲ ေစာက္ရွက္အမဲ့ဆုံးၾကည္ညိဳစရာေတြ။
သူတို႔ကို မၾကည္ညိဳလို႔မရဘူး။ပိုၾကည္ညိဳရတယ္။မၾကည္ညိဳရင္ သူတို႔က တရားစြဲမွာ။တစ္ကယ္လုပ္မွာဟ။
ဘာလို႔လဲ……ဟုတ္လား။

ရွက္လို႔ ။ ရွက္လို႔ ရွက္ရမ္းရမ္းမွာေလ။
ဟုတ္လည္း ဟုတ္တယ္။ ဒီျမန္မာျပည္မွာ သူတ့ိုေလာက္ ၾကည္ညိဳစရာေကာင္းတဲ့သူ ဘယ္မွာရွိမလဲ ။
ရွာေလ။ ထမင္းထုပ္မေျပာနဲ႔ ရယ္ဒီမိတ္ေတာင္ မႈိတက္သြားမယ္။
ဒီလိုလူေတြမွ မၾကည္ညိဳရင္ ဘယ္သူ သြားၾကည္ညိဳမလဲ။
ခင္ဗ်ားဘဲ စဥ္းစားၾကည့္။
သူတို႔မွာ ခင္ဗ်ားတို႔ၾကည္ညိဳတာခံခ်င္လြန္းလို႔ လုရယက္ရ သတ္ရျဖတ္ရ မဟုတ္တာမွန္သမွ် မတရားတာမွန္သမွ် အကုန္လုပ္ျပရတာ သနားစရာေတာင္ေကာင္းေသး။
ဒါကို ခင္ဗ်ားတို႔က မၾကည္ညိဳဘူးဆိုေတာ့
တရားလား။

တစ္ကယ္ဆို စဥ္းစားၾကည့္။ခင္ဗ်ားတို႔မိဘေတြ ၾကည္ညိဳလို႔ကိုးကြယ္တဲ့နတ္ေတြဆိုတာ ေကာင္းေကာင္းမြန္ေနၿပီး နတ္ျဖစ္လာတဲ့သူေတြလား။
ရွိလွ တစ္ေယာက္ႏွစ္ေယာက္ အဲေလ တစ္ပါးႏွစ္ပါးေပါ့။
အားလုံးနီးပါးက ဆိုးလို႔သြမ္းလို႔ ၊ဘုရင္ကသတ္လို႔ သူမ်ားမိန္းမၾကာကူရီဆြဲလို႔ေသၿပီးနတ္ေတြျဖစ္လာတာ။နတ္ကေလကေခ်ေတြခ်ည္း။
ဒီလိုသူေတြေတာင္ နတ္ဆိုၿပီးခင္ဗ်ားတို႔ တေလးတစား ကိုးကြယ္ေနရတာ။
သူတို႔ေလာက္ဘက္စုံမဆိုးတဲ့သူေတာင္ ေစာဒကမတက္ဘဲ ၾကည္ညိဳေနၾက ကိုးကြယ္ေနၾကတာ။
သူတို႔ခံျပင္းမယ္ဆိုလည္း ခံျပင္းစရာ။
စဥ္းစားၾကည့္။

သူတို႔ေလာက္ ဘက္စုံဆိုးတဲ့သူ ျမင္ဘူးလား။ဘက္စုံယုတ္မာတဲ့သူ ျမင္ဘူးလား။ဘက္စုံ ဒုကၡေပးသူျမင္ဘူးလား။
သူတို႔က ဘြဲရပညာတတ္။ဟိုဟာဆင္းဒီဟာဆင္းေတြ။
နတ္ျဖစ္မယ္ဆိုရင္ေတာင္ အင္က်ဴ ကိတ္နတ္ေတြ။
ဒါေၾကာင့္ေျပာတာ  မေသခင္ကတည္းက  ၾကည္ညိဳေပးသင့္တာ။
အုန္းပြဲ ငွက္ေပ်ာပြဲေလးနဲ႔။ ဖီးၾကမ္းေလးနဲ႔ ဝက္မလြတ္အုန္းေလးနဲ႔။
ဘယ္လိုေလးလဲ။
ဝါဝင္ ဝါထြက္ေလး။
အဘိုးဘိုး လို႔ပင့္မယ္အစား
အဘအဘလို႔ ေခၚၿပီး တင္ၾကေျမႇာက္ၾက ၾကည္ညိဳၾကေပါ့။

                                                                                နတ္ဆိုး