【 သရော်စာ 】 ကိုဗစ်ပြီးရင် ဘာလုပ်မလဲ

【 သရော်စာ 】 ကိုဗစ်ပြီးရင် ဘာလုပ်မလဲ

ကိုဗစ်ပြီးရင် ဘာလုပ်စားကြမလဲ။
အချို့ကတော့ အုန်းနို့ခေါက်ဆွဲတွေ၊ မုန်လက်ဆောင်းတွေ လုပ်စားကြမယ်လို့ ပြောပါတယ်။အချို့ကတော့ ကြေးအိုးတို့ မာလာရှမ်းကောတို့ လုပ်စားကြပါမယ်တဲ့။
အင်းပေါ့လေ။အခုကာလက အပြင်လည်းမထွက်ရ။
အိမ်ထဲပဲ အောင်းနေရတော့ အပြင်အစားအစာလေးတွေ လွမ်းကြတယ်ထင်ပါရဲ့။တကယ်တော့ အဲ့ဒါလေးတွေ စားဖို့က ပိုက်ဆံရှိမှ ဖြစ်တာပါ။အဲ့တော့ ပိုက်ဆံရှာဖို့လိုပါတယ်။ ပိုက်ဆံမရှိရင် စားမရပါဘူး။
အခုဆို  အလုပ်တွေဟာလည်း ပိတ်တဲ့အလုပ်ပိတ်။
ဖျက်တဲ့အလုပ်ဖျက်နဲ့ဆိုတော့....။အလုပ်ပြုတ်ကုန်သူတွေလည်း မနည်းပါဘူး။လုပ်ငန်းတွေဟာ အမြတ်မရတော့တဲ့အတွက် အလုပ်တွေပြုတ်ကုန်ကြတာပါ။
ဒီလို ကိုဗစ်ကာလကြီးဟာ ရှည်ကြာလာမယ်ဆိုရင် လုပ်ငန်းတွေဟာ ရပ်တည်ဖို့မလွယ်တော့ပါဘူး။ 
ဒါဆို အလုပ်မပြုတ်သေးသူတွေလည်း ဆက်လက်ပြုတ်ဖို့အလားအလာကောင်းတွေ ရှိနေပါတယ်။
အခုတောင် တော်တော်များများ အလုပ်မရှိကြတော့ဘူးလေ။

လက်လုပ်လက်စားတွေက ပိုဆိုးပါတယ်။
အလုပ် မလုပ်ရတဲ့အခါ အစားအစာအတွက် တော်တော်လေး ရုန်းကန်ကြရပါတယ်။အခုတောင် ချေးငှားစားသောက်နေရပါပြီ။ရေရှည်ဆိုရင်တော့ အလုပ်လည်းမရှိ။ အကြွေးလည်း ပြန်မဆပ်နိုင်။ဒီတော့ ကြွေးရှင်ကလည်း ထပ်မချေး။စားဖို့သောက်ဖို့ ခက်ခဲလာမယ့် အနေအထားပါ။
လူလတ်တန်းစားတွေလည်း ဒီလိုပါပဲ။
ပုံမှန်အလုပ်လေးက ပြုတ်သွားတဲ့အခါ။
စုစောင်းထားတာလေးနဲ့ စားသောက်။
အလုပ်ပြန်မရရင် ရေရှည်မှာ မလွယ်ပြန်ပါဘူး။

စိုက်ပျိုးရေးသမားတွေလည်း စျေးကွက်မရှိတော့ စိုက်သမျှ အလကားဖြစ်ကုန်တယ်။မရောင်းရတော့ဘူး။
အဲ့တော့ ထပ်မစိုက်နိုင်။ ထပ်မစိုက်တော့ စားနပ်ရိက္ခာတွေပါ ရှားပါးလာနိုင်ပါတယ်။
ပိုဆိုးတာက အိမ်ငှားနေထိုင်ရသူတွေ။ ဆိုင်ခန်းငှားဖွင့်ထားသူတွေပါပဲ။အလုပ်တွေမရှိတော့တဲ့အခါ အိမ်ငှားခတွေလည်း ပေးနိုင်တော့မှာမဟုတ်ပါဘူး။
ဆိုင်ခန်းငှားဖွင့်သူတွေကတော့ မရောင်းရတော့တဲ့အတွက် အလိုလိုနေရင်း ဆိုင်ခန်းခတွေရှုံးနေပါပြီ။
အိမ်ငှားနေသူတွေထဲမှာ နယ်က လာသူတွေဆိုရင်တော့ တော်ပါသေးတယ်။မငှားနိုင်ရင် နယ်ပြန်နေလို့ရပါတယ်။ရန်ကုန်ဌာနေ အိမ်ငှားနေသူတွေကတော့ တော်တော်ဒုက္ခရောက်မယ့် အနေအထားပါ။
ငှားခမတတ်နိုင်ရင် ကျူးကျော်ဖြစ်ရတော့မယ့် အခြေအနေပါပဲ။

ဒီတော့ ကြာလာတဲ့အခါ လူတွေလက်ထဲ ပိုက်ဆံတွေလည်း ရှိတော့မယ်မထင်ပါဘူး။
ရှိတဲ့လူတွေကလည်း ထုတ်မသုံးတော့တဲ့အတွက် ငွေကြေးက မလည်ပတ်နိုင်တော့ဘူး။
ဒီလိုဆိုရင်တော့ ပြသနာတွေရှိလာပါပြီ။
မုန့်တွေ လုပ်စားဖို့ သိပ်မဖြစ်နိုင်တော့ပါဘူး။
အဲ့ဒါကြောင့် လူတော်တော်များများဟာ အလုပ်မရှိရင် တောင်းစားမယ်ဆိုရပြီးတော့လည်း ပြောနေကြပါတယ်။

သူဌေးတွေကအစ ဘုရားမြောက်ဘက်မုခ်မှာတောင်းစားမယ်။ (မြောက်မုခ်က လူတက်များတာကိုး)
အရှေ့ဘက်မုခ်မှာ တောင်းမယ်။ (အဲ့မုခ်လည်း လူတက်များပါတယ်) ဆိုပြီးပြောပြောနေကြတော့....။
ကိုဗစ်ပြီးချိန်မှာ မြန်မာပြည်ဟာ တကယ်ကို သူတောင်းစားတွေ ပြည့်လာနိုင်ပါတယ်။

အခုဆို မူလဘူတ သူတောင်းစားတွေတောင် သူဌေးတွေရဲ့ ညည်းညူသံတွေကြားပြီး စိတ်ဆင်းနေကြပါပြီ။ သူတို့ ဂွင်တွေကို သူဌေးတွေက ဝင်လုလာနိုင်တာကိုး။
သူဌေးတွေဆိုတဲ့အတိုင်း စီးပွားရေးတော့ ကျွမ်းကျင်ကြပါတယ်။အဲ့တော့ တောင်းစားတဲ့အခါမှာလည်း မူလ သူတောင်းစားတွေထက် သာနိုင်ပါတယ်။
ကိုယ်တိုင်မတောင်းဘဲ လခစားသူတောင်းစားတွေ မွေးတာတို့။ အွန်လိုင်းကနေ အလွယ်တကူ ပိုက်ဆံလှူလို့ရအောင်လုပ်တာတို့။ သူတောင်းစားသုံးပစ္စည်းတွေ ထုတ်လုပ်ရောင်းချတာတို့တွေအထိ စဉ်းစားကြမယ်ထင်ပါတယ်။ သေချာ စီမံကိန်းချပြီး တောင်းတဲ့အခါ သမာရိုးကျ သူတောင်းစားတွေထက်သာသွားနိုင်ပါတယ်။ဘုရားမှာတင် တောင်းတာမဟုတ်တော့ဘဲ...နိုင်ငံခြားအထိလှမ်းပြီး တောင်းတာတို့။ (အဲ့ဒါကတော့ ပရိုပိုဆယ်တွေဘာတွေ ရေးပြီးတောင်းရတာပေါ့လေ)

လှူဒါန်းသူဟာ တခါထဲ လှူတာ မဖြစ်ရအောင် အလှူရှင်ရဲ့ ဖုန်းနံပါတ်တွေ အကောင့်တွေပါ တောင်း။
သူတောင်းစား ဘဏ်အကောင့်ပါ တခါထဲ ပေး။
နေ့တိုင်း လှူဖြစ်အောင် ဖုန်းနဲ့ ဆက်ပြီးတောင်းတာတို့။
လစဉ် လှူအောင် မက်ဆေ့တို့ အီးမေးလ်တို့ ပို့ပြီး တောင်းတာတွေပါ တွေ့လာရနိုင်ပါတယ်။
အခုပုံအရဆို လူတိုင်း သူတောင်းစားလုပ်ကြမယ့်ပုံပါပဲ။

ရွေးကောက်ပွဲကာလလည်းဖြစ်တော့...။ အနီပါတီ ထောက်ခံသူ သူတောင်းစားတွေက တစ်အုပ်စု။
အစိမ်းထောက်ခံသူ သူတောင်းစားတွေက တစ်အုပ်စု။
သူ့အုပ်စုနဲ့ သူပေါ့။ ပြီးတော့ ပါတီအလံတွေလွှင့်ပြီး တောင်းစားရင်လည်း ပိုမိုက်ပါတယ်။

အဲ့လို လူတိုင်း သူတောင်းစားဖြစ်သွားတဲ့အခါ ဘယ်သူက ပိုက်ဆံထည့်တော့မလဲ။
သူတောင်းစားလောင်းလျာတွေကရော ပိုက်ဆံမရှိတဲ့အတွက် ထည့်နိုင်မှာမဟုတ်။
နိုင်ငံခြားမှာ ခွက်ဆွဲတောင်းရအောင်လည်း အခြားနိုင်ငံတွေဟာ သူတောင်းစားဗီဇာထုတ်မပေးပါဘူး။
ပြည်တွင်းမှာလည်း သူတောင်းစားတွေများပြီး ခွက်စောင်းခုတ်။
အဲ့တော့ သူတောင်းစား စီးပွားရေးကလည်း အဆင်ပြေမယ်မထင်ပါဘူး။

ဒီတော့ ဘာလုပ်ကြမလဲ။
ဘာမှ လုပ်စရာမရှိတော့ရင်တော့ စစ်တပ်ထဲ ဝင်ကြတာ ပိုကောင်းမယ်ထင်ပါတယ်။
တပ်ဟာ မြန်မာဘီယာတို့ ဘာတို့လို လုပ်ငန်းကြီးတွေလည်းရှိတယ်။ အခြားသော လုပ်ငန်းတွေလည်း အများကြီးပါပဲ။
ပြီးတော့ ဘက်ဂျက်ကလည်း အများကြီးရပါတယ်။
ဒီတော့ သူတို့ကတော့ ရပ်တည်နိုင်မယ်ထင်ပါတယ်။
စစ်တပ်ထဲမှာလည်း တပ်သားတွေက နည်းနေတဲ့အတွက် လူသစ်တွေကို အမြဲကြိုဆိုနေတာပါ။
ဒီတော့ တပ်ထဲဝင်လိုက်ရင် လခလည်းရမယ်။
ရိက္ခာလည်းရမယ်။ ဂွင်ကောင်းကောင်းလေးရရင် ကုမ္ပဏီပိုင်ရှင်တွေလည်းဖြစ်သွားနိုင်တယ်။
သူဌေးလည်း ဖြစ်သွားနိုင်တယ်။

ဒီတော့ ကိုဗစ်ပြီးလို့ အဆင်မပြေတော့ရင် တပ်ထဲဝင်တာ အကောင်းဆုံးပါပဲ။ပိုပြီးစီနီယာကျအောင် အခုကတည်းကဝင်လိုက်ရင် ပိုတောင်ကောင်းပါသေးတယ်။
စိုပြေ
စက်တင်ဘာ - ၂၇
( Zawgyi )
ကိုဗစ္ၿပီးရင္ ဘာလုပ္စားၾကမလဲ။
အခ်ိဳ႕ကေတာ့ အုန္းႏို႔ေခါက္ဆြဲေတြ၊ မုန္လက္ေဆာင္းေတြ လုပ္စားၾကမယ္လို႔ ေျပာပါတယ္။အခ်ိဳ႕ကေတာ့ ေၾကးအိုးတို႔ မာလာရွမ္းေကာတို႔ လုပ္စားၾကပါမယ္တဲ့။
အင္းေပါ့ေလ။အခုကာလက အျပင္လည္းမထြက္ရ။
အိမ္ထဲပဲ ေအာင္းေနရေတာ့ အျပင္အစားအစာေလးေတြ လြမ္းၾကတယ္ထင္ပါရဲ႕။တကယ္ေတာ့ အဲ့ဒါေလးေတြ စားဖို႔က ပိုက္ဆံရွိမွ ျဖစ္တာပါ။အဲ့ေတာ့ ပိုက္ဆံရွာဖို႔လိုပါတယ္။ ပိုက္ဆံမရွိရင္ စားမရပါဘူး။
အခုဆို  အလုပ္ေတြဟာလည္း ပိတ္တဲ့အလုပ္ပိတ္။
ဖ်က္တဲ့အလုပ္ဖ်က္နဲ႔ဆိုေတာ့....။အလုပ္ျပဳတ္ကုန္သူေတြလည္း မနည္းပါဘူး။လုပ္ငန္းေတြဟာ အျမတ္မရေတာ့တဲ့အတြက္ အလုပ္ေတြျပဳတ္ကုန္ၾကတာပါ။
ဒီလို ကိုဗစ္ကာလႀကီးဟာ ရွည္ၾကာလာမယ္ဆိုရင္ လုပ္ငန္းေတြဟာ ရပ္တည္ဖို႔မလြယ္ေတာ့ပါဘူး။ 
ဒါဆို အလုပ္မျပဳတ္ေသးသူေတြလည္း ဆက္လက္ျပဳတ္ဖို႔အလားအလာေကာင္းေတြ ရွိေနပါတယ္။
အခုေတာင္ ေတာ္ေတာ္မ်ားမ်ား အလုပ္မရွိၾကေတာ့ဘူးေလ။

လက္လုပ္လက္စားေတြက ပိုဆိုးပါတယ္။
အလုပ္ မလုပ္ရတဲ့အခါ အစားအစာအတြက္ ေတာ္ေတာ္ေလး ႐ုန္းကန္ၾကရပါတယ္။အခုေတာင္ ေခ်းငွားစားေသာက္ေနရပါၿပီ။ေရရွည္ဆိုရင္ေတာ့ အလုပ္လည္းမရွိ။ အေႂကြးလည္း ျပန္မဆပ္ႏိုင္။ဒီေတာ့ ေႂကြးရွင္ကလည္း ထပ္မေခ်း။စားဖို႔ေသာက္ဖို႔ ခက္ခဲလာမယ့္ အေနအထားပါ။
လူလတ္တန္းစားေတြလည္း ဒီလိုပါပဲ။
ပုံမွန္အလုပ္ေလးက ျပဳတ္သြားတဲ့အခါ။
စုေစာင္းထားတာေလးနဲ႔ စားေသာက္။
အလုပ္ျပန္မရရင္ ေရရွည္မွာ မလြယ္ျပန္ပါဘူး။

စိုက္ပ်ိဳးေရးသမားေတြလည္း ေစ်းကြက္မရွိေတာ့ စိုက္သမွ် အလကားျဖစ္ကုန္တယ္။မေရာင္းရေတာ့ဘူး။
အဲ့ေတာ့ ထပ္မစိုက္ႏိုင္။ ထပ္မစိုက္ေတာ့ စားနပ္ရိကၡာေတြပါ ရွားပါးလာႏိုင္ပါတယ္။
ပိုဆိုးတာက အိမ္ငွားေနထိုင္ရသူေတြ။ ဆိုင္ခန္းငွားဖြင့္ထားသူေတြပါပဲ။အလုပ္ေတြမရွိေတာ့တဲ့အခါ အိမ္ငွားခေတြလည္း ေပးႏိုင္ေတာ့မွာမဟုတ္ပါဘူး။
ဆိုင္ခန္းငွားဖြင့္သူေတြကေတာ့ မေရာင္းရေတာ့တဲ့အတြက္ အလိုလိုေနရင္း ဆိုင္ခန္းခေတြရႈံးေနပါၿပီ။
အိမ္ငွားေနသူေတြထဲမွာ နယ္က လာသူေတြဆိုရင္ေတာ့ ေတာ္ပါေသးတယ္။မငွားႏိုင္ရင္ နယ္ျပန္ေနလို႔ရပါတယ္။ရန္ကုန္ဌာေန အိမ္ငွားေနသူေတြကေတာ့ ေတာ္ေတာ္ဒုကၡေရာက္မယ့္ အေနအထားပါ။
ငွားခမတတ္ႏိုင္ရင္ က်ဴးေက်ာ္ျဖစ္ရေတာ့မယ့္ အေျခအေနပါပဲ။

ဒီေတာ့ ၾကာလာတဲ့အခါ လူေတြလက္ထဲ ပိုက္ဆံေတြလည္း ရွိေတာ့မယ္မထင္ပါဘူး။
ရွိတဲ့လူေတြကလည္း ထုတ္မသုံးေတာ့တဲ့အတြက္ ေငြေၾကးက မလည္ပတ္ႏိုင္ေတာ့ဘူး။
ဒီလိုဆိုရင္ေတာ့ ျပသနာေတြရွိလာပါၿပီ။
မုန႔္ေတြ လုပ္စားဖို႔ သိပ္မျဖစ္ႏိုင္ေတာ့ပါဘူး။
အဲ့ဒါေၾကာင့္ လူေတာ္ေတာ္မ်ားမ်ားဟာ အလုပ္မရွိရင္ ေတာင္းစားမယ္ဆိုရၿပီးေတာ့လည္း ေျပာေနၾကပါတယ္။

သူေဌးေတြကအစ ဘုရားေျမာက္ဘက္မုခ္မွာေတာင္းစားမယ္။ (ေျမာက္မုခ္က လူတက္မ်ားတာကိုး)
အေရွ႕ဘက္မုခ္မွာ ေတာင္းမယ္။ (အဲ့မုခ္လည္း လူတက္မ်ားပါတယ္) ဆိုၿပီးေျပာေျပာေနၾကေတာ့....။
ကိုဗစ္ၿပီးခ်ိန္မွာ ျမန္မာျပည္ဟာ တကယ္ကို သူေတာင္းစားေတြ ျပည့္လာႏိုင္ပါတယ္။

အခုဆို မူလဘူတ သူေတာင္းစားေတြေတာင္ သူေဌးေတြရဲ႕ ညည္းညဴသံေတြၾကားၿပီး စိတ္ဆင္းေနၾကပါၿပီ။ သူတို႔ ဂြင္ေတြကို သူေဌးေတြက ဝင္လုလာႏိုင္တာကိုး။
သူေဌးေတြဆိုတဲ့အတိုင္း စီးပြားေရးေတာ့ ကြၽမ္းက်င္ၾကပါတယ္။အဲ့ေတာ့ ေတာင္းစားတဲ့အခါမွာလည္း မူလ သူေတာင္းစားေတြထက္ သာႏိုင္ပါတယ္။
ကိုယ္တိုင္မေတာင္းဘဲ လခစားသူေတာင္းစားေတြ ေမြးတာတို႔။ အြန္လိုင္းကေန အလြယ္တကူ ပိုက္ဆံလႉလို႔ရေအာင္လုပ္တာတို႔။ သူေတာင္းစားသုံးပစၥည္းေတြ ထုတ္လုပ္ေရာင္းခ်တာတို႔ေတြအထိ စဥ္းစားၾကမယ္ထင္ပါတယ္။ ေသခ်ာ စီမံကိန္းခ်ၿပီး ေတာင္းတဲ့အခါ သမာ႐ိုးက် သူေတာင္းစားေတြထက္သာသြားႏိုင္ပါတယ္။ဘုရားမွာတင္ ေတာင္းတာမဟုတ္ေတာ့ဘဲ...ႏိုင္ငံျခားအထိလွမ္းၿပီး ေတာင္းတာတို႔။ (အဲ့ဒါကေတာ့ ပ႐ိုပိုဆယ္ေတြဘာေတြ ေရးၿပီးေတာင္းရတာေပါ့ေလ)

လႉဒါန္းသူဟာ တခါထဲ လႉတာ မျဖစ္ရေအာင္ အလႉရွင္ရဲ႕ ဖုန္းနံပါတ္ေတြ အေကာင့္ေတြပါ ေတာင္း။
သူေတာင္းစား ဘဏ္အေကာင့္ပါ တခါထဲ ေပး။
ေန႔တိုင္း လႉျဖစ္ေအာင္ ဖုန္းနဲ႔ ဆက္ၿပီးေတာင္းတာတို႔။
လစဥ္ လႉေအာင္ မက္ေဆ့တို႔ အီးေမးလ္တို႔ ပို႔ၿပီး ေတာင္းတာေတြပါ ေတြ႕လာရႏိုင္ပါတယ္။
အခုပုံအရဆို လူတိုင္း သူေတာင္းစားလုပ္ၾကမယ့္ပုံပါပဲ။

ေ႐ြးေကာက္ပြဲကာလလည္းျဖစ္ေတာ့...။ အနီပါတီ ေထာက္ခံသူ သူေတာင္းစားေတြက တစ္အုပ္စု။
အစိမ္းေထာက္ခံသူ သူေတာင္းစားေတြက တစ္အုပ္စု။
သူ႔အုပ္စုနဲ႔ သူေပါ့။ ၿပီးေတာ့ ပါတီအလံေတြလႊင့္ၿပီး ေတာင္းစားရင္လည္း ပိုမိုက္ပါတယ္။

အဲ့လို လူတိုင္း သူေတာင္းစားျဖစ္သြားတဲ့အခါ ဘယ္သူက ပိုက္ဆံထည့္ေတာ့မလဲ။
သူေတာင္းစားေလာင္းလ်ာေတြကေရာ ပိုက္ဆံမရွိတဲ့အတြက္ ထည့္ႏိုင္မွာမဟုတ္။
ႏိုင္ငံျခားမွာ ခြက္ဆြဲေတာင္းရေအာင္လည္း အျခားႏိုင္ငံေတြဟာ သူေတာင္းစားဗီဇာထုတ္မေပးပါဘူး။
ျပည္တြင္းမွာလည္း သူေတာင္းစားေတြမ်ားၿပီး ခြက္ေစာင္းခုတ္။
အဲ့ေတာ့ သူေတာင္းစား စီးပြားေရးကလည္း အဆင္ေျပမယ္မထင္ပါဘူး။

ဒီေတာ့ ဘာလုပ္ၾကမလဲ။
ဘာမွ လုပ္စရာမရွိေတာ့ရင္ေတာ့ စစ္တပ္ထဲ ဝင္ၾကတာ ပိုေကာင္းမယ္ထင္ပါတယ္။
တပ္ဟာ ျမန္မာဘီယာတို႔ ဘာတို႔လို လုပ္ငန္းႀကီးေတြလည္းရွိတယ္။ အျခားေသာ လုပ္ငန္းေတြလည္း အမ်ားႀကီးပါပဲ။
ၿပီးေတာ့ ဘက္ဂ်က္ကလည္း အမ်ားႀကီးရပါတယ္။
ဒီေတာ့ သူတို႔ကေတာ့ ရပ္တည္ႏိုင္မယ္ထင္ပါတယ္။
စစ္တပ္ထဲမွာလည္း တပ္သားေတြက နည္းေနတဲ့အတြက္ လူသစ္ေတြကို အၿမဲႀကိဳဆိုေနတာပါ။
ဒီေတာ့ တပ္ထဲဝင္လိုက္ရင္ လခလည္းရမယ္။
ရိကၡာလည္းရမယ္။ ဂြင္ေကာင္းေကာင္းေလးရရင္ ကုမၸဏီပိုင္ရွင္ေတြလည္းျဖစ္သြားႏိုင္တယ္။
သူေဌးလည္း ျဖစ္သြားႏိုင္တယ္။

ဒီေတာ့ ကိုဗစ္ၿပီးလို႔ အဆင္မေျပေတာ့ရင္ တပ္ထဲဝင္တာ အေကာင္းဆုံးပါပဲ။ပိုၿပီးစီနီယာက်ေအာင္ အခုကတည္းကဝင္လိုက္ရင္ ပိုေတာင္ေကာင္းပါေသးတယ္။
စိုေျပ
စက္တင္ဘာ - ၂၇