【 သရော်စာ 】“ အနစ်နာခံ နိုင်ငံတော်”

【  သရော်စာ  】“ အနစ်နာခံ နိုင်ငံတော်”

ဒီခေတ်က သိတဲ့အတိုင်းဘဲ။
နေရင်းထိုင်ရင်းကို တွေ့သမျှလူတိုင်းကျေးဇူးတင်နေရတာ။
ပြောရတာ ခက်ရောခက်ပါရဲ့။
ကိုယ်ဘာသာ ကိုယ် စောက်ကမြင်းကြောထတဲသူကိုလည်း ကျေးဇူးတင်ရ။
သွားရင်းလာရင်း ခလုတ်တိုက်မတတ်တွေ့ရတဲ့ နီနီစိမ်းစိမ်း ငဖားတွေကိုလည်း ကျေးဇူးတင်ရ။
ကိုယ်တွက်ကိန်းနဲ့ ကိုယ်လုပ်ပြီး အခုမှ အားချင်း စွန့်လွှတ်အနစ်နာခံတဲ့ မိမနိုင် ဖမနိုင် သူရကောင်တွေကိုလည်း ဖင်ဘူးထောင်းထောင်မတတ်ကျေးဇူးတင်ရ။
ဂျောက်ထဲ ကျဖို့ လက်တစ်လုံးအလို လက်နှစ်လုံးအလိုထိမစောင့်နိုင်ဘဲ တွန်းတွန်းချနေတဲ့ အမျိုးချစ်သူကြီးတွေကိုလည်း ချောက်ထဲတွန်းမချဖို့ ကျေးဇူးတင်ရနဲ့   အားကို မအားရှာဘူး။
တစ်ကယ်ပြောတာ  တိုင်းပြည်သာ စကားပြောတတ်ကြည့် ဖေတွေနဲ့ချည်းဘဲ လှိမ့်တုပ်မှာ အသေအချာ..။
ကိုယ်တွေ နေတဲ့ တိုင်းပြည်မှာ ပြောပါတယ်။

အခုလည်း ဘာတဲ့ ကိုဗစ်ဆိုလား ကိုဗက်ဆိုလား ရောဂါဆန်းပေါ်လာတာနဲ့ ဆရာကြီးတွေ ပေါလာတာ မိုးဦးကျ မှိုအလားပဲ။  
တစ်ဆိတ်ရှိ သောက်လုပ်မရှိ သောက်ကိုင်မရှိ ဒီဖေ့စဖွတ်ပေါ်တက်တက်ပြီး ဆရာကြီးတွေ တက်တက်လုပ်ကြတာ...ကိုယ်ကိုယ်တိုင် ငါက သူတို့လောက်တောင်မသိပါလားဆိုပြီး ဝမ်းတွေ နည်းရ ..။
အိုဟိုဟို....။
ဒီလို တစ်ယောက်တစ်ပေါက်
တစ်ရက် တစ်မျိုး မရိုးရအောင် ပြောလိုက်ကြတာ..။
ဘာတွေက အမှန်မှန်းတောင်မသိဘူး။
ဘာတဲ့ ကိုဗစ် ဖြစ်တာ တိုင်းပြည်ဆင်းရဲလို့  .. ဘယ်သူက အုပ်ချုပ်လို့ ...ဆိုလား...။
မအး ..ထရမ့်နဲ့ ရှီကြီးသာ ဒီလိုသူကိုစောင်းပြောနေတာ သိကြည့်  ပြောတဲ့ ကောင် ဟိုက ဘွတ်စမန်လာပေးမှာ။
ဟုတ်တယ်လေ... ရောဂါဖြစ်တာ မင်းကျင့်တရားနဲ့ မညီလို့ဆိုတော့ ကမ္ဘာအရပ်ရပ်က သမ္မတ တွေ ၊ဝန်ကြီးချုပ်တွေ ၊ဘုရင်တွေ မှီရာ လေယာဉ်နဲ့ ရန်ကုန်ကို လိုက်လာပြီး ဘွတ်စမန်-ဝိုင်းပေးကြလို့ မြို့တော်ကြီးတောင် ဘွတ်စမန်မြို့တော်လို့တောင် အမည်တွင်သွားဦးမယ်။။
နောက်တစ်ယောက်က ပြောသေး...တိုင်းပြည်က ဆင်းရဲလို့ ဖြစ်တာ ဆိုလာ...။
ပါးချည်းဘဲ ခုနှစ်ရက်လောက် ဒဗ္ဗလယ် ရိုက်ချင်စရာ..။

တိုင်းပြည်ဆင်းရဲ့ရအောင် ပြောကြည့်စမ်းပါ ဘာတွေ ဆင်းရဲလဲဆိုတာ..။
တစ်ဆိတ်ရှိ    ဒီတိုင်းပြည်ဘဲ လာလာခလုတ်တိုက်နေကြ...။
တိုင်းပြည်မွဲလို့ တိုင်းပြည်ဆင်းရဲလို့နဲ့။
နင်အမေကလွှား။
တိုင်းပြည်က ဆင်းရဲရမလား။
နင့်ပထွေးတွေ နင့်မယားပါသားတွေ လေ အစဉ်အဆက် လှန်လှောခိုးကြ ဝှက်ကြ ဘုန်းကြတာ နည်းလား။
ငါ့တိုင်းပြည်မို့ ခံနိုင်တာ..။ နင်တို့အားကျတဲ့ နိုင်ငံတွေ နင်အဘတွေ တစ်နှစ်ဘဲ သွားထားကြည့် လေ ခြောက်လနဲ့ တိုင်းပြည်ရှိသမျှ မကုန်ရက်ပြော။
ဒါတောင် တိုင်းပြည်က မွဲတယ် နိုင်ငံကမွဲတယ် လုပ်နေတယ်..။
ဘယ်နိုင်ငံ မေးကြည်ကြည့် ဒီတိုင်းပြည်လောက် ပေးတာရှိဦးမလား။
ရေထဲ ဘယ်တူးတူး ရေနံ ဂတ်စ် ၊ ကုန်တွင်းမှာဆို ဘယ်မြစ်ပိတ်ပိတ် လျှပ်စစ်က ထွက်ပြီးသား။
ပြီးတော့ ဘယ်နေရာ တူးတူး ရွှေ၊ကျောက်သံပတ္တမြားကျောက်စိမ်းကမလွဲဘယ်တောင် ဖြိုမလဲ ..ကြေးနီ၊ သံသတ္ထူ၊ရှားပါးမြေက မလိုချင် အဆုံး။
စိုက်ပျိုးဦးမလား ...ဘယ်မြေစိုက်စိုက်  အပင်မပေါက်တဲ့ မြေမရှိဘူး။
ဒါတောင် နင်တို့က ငတ်နေတယ် ဟုတ်လား...။
နင်အဘတွေကို စောက်ပြစ်တင်လေ။
ဘာတဲ့   ကျုပ်က ကျေးဇူးတင်နေတာလား ဟုတ်လား။
ဆုတောင်းလေ ဆုတောင်း   ။

ကမ္ဘာမြေအပြားဖြစ်သွားမယ်ပြောရင်တောင်  ပြားချင်သလောက်ပြား သေတာတောင် ကျုပ်တို့က ဆုမတောင်းဘူး။
အခုပြောနေတာ နိုင်ငံဘက်ကနာလို့ ပြောနေတာဟဲ့။
အနီဘက်ကလည်း မနာဘူး။
အစိမ်းဘက်ကလည်း မနာဘူး။
လင်ဗန်းတွေ ဘက်ကလည်းမနာဘူး။
အဟုတ်..။
မြန်မာပြည်မှာ တစ်ကယ်ဆင်းရဲနေတာက လုပ်ချင်ကိုင်ချင်စိတ် ..။
စဉ်းစားကြည့်လေ ... နှစ်လေးငါးဆယ်လောက် အလုပ်မလုပ်ဘဲ ရှိတာ ထုတ်ရောင်းစားလာခဲ့တာ ဆိုတော့ အလုပ်လုပ်ရတာ အလုပ်မဟုတ်ဘူးလို့ ထင်လာတယ်လေ..။
ကျောက်မတူးခိုင်းလဲ မစီမံတတ်လို့ ..။မြစ်ပိတ်ပြီး ရွှေရှာခွင့်မပေးလဲ မစီမံတတ်လို့..။ သစ်မခုတ်ခိုင်းလဲ မစီမံတတ်လို့...။နောက်ဆုံး ကိုဗစ်ကြောင့် လူများများမသေတာ၊ လူသောင်းချီ မကူးတာတောင် မစီမံတတ်လို့ ဆိုတဲ့ အပေါက်မျိုးပြောချင်နေကြတာ..။
ခက်လဲ ခက်ပါ့ ...။

ဒီခေတ်ကြီးက လူအလို နတ်မလိုက်နိုင်၊ နတ်အလို လူမလိုက်နိုင်ဆိုလေသလား။ အရင်တုန်း ကတော့ အစိုးရဆိုသာမျိုးက သူဘက်လှည်လေရှုမိရင်တောင် ဖမ်းတဲ့ နှိပ်စက်တဲ့ အမျိုးဆိုတော့ အစိုးရမကောင်းကြောင်း ပြောမိတဲ့ သူအဖို့  သူအပါအဝင်  ဆွေစဉ်မျိုးဆက် ထောင်ထဲ အခြေချ ဖို့ ပြင်ထားပေတော့ ။
အခုအခါမျိုးကျတော့ တစ်မျိုး..။
အစိုးရက မအေးတဲ့ နေရာ စွတ်အေးနေပြီး အေးသင့်တဲ့နေရာ စွတ်ပူတတ်တဲ့ မထော်မနန်း အစိုးရမျိုးဆိုတော့  ဟိုသူက အပြစ်တင် ဒီလူက ဝေဖန်နဲ့ အစိုးရခမျာ နေစရာကိုမရှိ ဘယ်လိုနေ နေ အပြစ်ကိုမလွတ်တာ..နတ်ဆိုးတို့ လမ်းထိပ်က အကြော်သည် ဆိုင်ခန်းရတာထက်တောင် ဆိုးနေသေး..။
အကြော်သည် ဆိုင်ခန်းရတဲ့ ဇာတ်လမ်း သိလား..။
ဒီလို..။

ငြိမ်/ပိ...အဲလေ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ လို့ အပြည်အစုံခေါ်မှ။                                                                               
  (နိုမိုဆို အသံနက်ကြီးနဲ့ ထအော်နေဦးမယ် )
အဲဒီခေတ်မှာပေါ့...
အကြော်ကြိုက်တဲ့ မြိုနယ်အဆင့် လူကြီးတစ်ဦးက မနက်တိုင်း  ရုံးဘေးတံတိုင်းကို အဖီထိုးပြီး ဖွင့်ထားတဲ့  အကြော်ဆိုင်က အကြော်ကို စွဲစွဲမြဲမြဲ ဝယ်စားလေ့ရှိတယ်။
အကြော်သည်အဘွားကြီးကလဲ သူကပ်နေတဲ့ ရုံးက လူကြီးမှန်းသိတော့ အကြော်ဝယ်တိုင်း ပိုပေးတာပေါ့..။
တစ်ရက်ကျတော့
ရုံးဘေးနား မြေပိုတွေ၊ မျက်နှာစာတွေ မှာ ဝန်ထမ်းသက်သာအတွက် ဆိုင်ခန်းတွေ ဆောက်ရမယ် ဆိုတဲ့ ညွှန်ကြားချက်ဝင်လာတော့  လူကြီးက စဉ်းစားသတဲ့....။
အကြော်သည်အဘွားကြီးလည်း အသက်လည်းကြီးပြီ။ ခုချိန် ဒီနေရာကနေ နှင်လိုက်ရင် စားရေးသောက်ရေး ဒုက္ခရောက်တော့မယ် စိုးရိမ်ပြီး  ဆိုင်ခန်းလေးတစ်ခန်း လျှောက်စေပြီး နေရာချပေးသတဲ့ ။
အဘွားကြီးလည်း ကျေးဇူးတွေ တင်တာပေါ့..။

အဲဒီရုံးက လူကြီး လာဝယ်တိုင်း ပိုက်ဆံမယူဘူးပေါ့။ လူကြီးကလည်း ဒီလောက်လေး ယူတာနဲ့ အဘွားကြီးစီးပွားရေး မထိခိုက်ပါဘူးဆိုပြီး ပိုက်ဆံအတင်းမပေးတော့ဘဲ ယူယူစားတာပေါ.။
တစ်ခါတစ်လေ ရုံးကို ဧည့်သည်တွေလာရင် ရုံးဘေးအကြော်သည်အဘွားကြီးဆီက မှာမှာ ကျွေးပေါ့..။
ဒီလိုနဲ့ ကြာလာတော့ ရုံးထဲက လူတွေကပါ လူကြီ မှာသလိုလိုနဲ့ အကြော်ဝယ်ရင် ပိုက်ဆံ မပေးကြ တော့ဘူး။ အဘွားကြီးခမျာလည်း ကျေးဇူးရှင်တွေ ဆိုပြီးမပြောသာဘူးပေါ့.။
ကြာတော့ အဘွားကြီးမှာ  အကြော်သာ  ကြော်ရတာမနားရတာ အရင်ကထက်  ပိုပို ကျပ်တည်း လာတဲ့ အတွက် တစ်ရက်မှာ လူကြီးကားအလာကို စောင့်သတဲ့။လူကြီးကားအလာမှာ ကားကို တားပြီး သူ့ဆိုင်ကိုပြန်ပေးသတဲ့..။

လူကြီးက " ဟာ.....အမေကြီး ..သူများတွေဆို ဆိုင်ခန်းလိုချင်လို့  နန့်နန့်တက်ဖြစ်နေကြတာ အမေကြီးက ဘာဖြစ်လို့ ဆိုင်ခန်း ပြန်ပေးရတာလည်း"ဆိုတော့ ....။
အကြော်သည်အဘွားကြီးက "မောင်ရင် ရယ် မောင်ရင်ဆိုင်ခန်းမပေးခင်က မောင်ရင် တစ်ယောက် ဘဲ အကြော် အပိုပေးရတာ ... အခုဆိုင်ခန်းရတော့ ငွေပိုမရတဲ့ အပြင်  ဆိုင်ခန်းပေး ထားတဲ့ ကျေးဇူးနဲ့ တစ်ရုံးလုံး အစောင့် ကအစ အလကားပေးနေရတာ အမေကြီးလည်း ကြွေးတွေ ဗရဗွနဲ့ အရင်းပြုတ်မတက်ဖြစ်‌နေပါပြီ။ အရင်းမပြုတ်ခင် မောင်ရင် ဆိုင်ခန်း မြန်မြန်သာ ပြန်ယူတော့ပါ"လို့ ပြောသတဲ့..။

အခုလည်း အစိုးရအဖြစ် ဘာထူးသေးလဲ..။
ဟိုလူလည်း အရေးမယူရဲ၊သည်လူလည်း ပြန်လွှတ်ရနဲ့ အကြော်သည် နဲ့ ဘာထူးသေးလဲ ....။ အရင်တုန်းက အဘသားတွေဘဲ အဘလူတွေဘဲ ကြောက်ရတာ အခု အဘသားလည်း မထိရဲ အဘလူလည်း မထိရဲ အမလူလည်း မထိရဲတွေ ဖြစ်ကုန်ပြီ။
ဒါကြောင့်ပြောတာ အစိုးရလည်း  နေရင်းထိုင်ရင်း ကျေးဇူးတင်နေရ ၊ ဆဲဆိုစော်ကား နေတဲ့  သူတွေ ကိုလဲ လျစ်လျူရနဲ့ …..။
ဖြစ်ပုံပြောပါတယ်……..။

                                                                             နတ်ဆိုး

(  Zawgyi  )

 ဒီေခတ္က သိတဲ့အတိုင္းဘဲ။
ေနရင္းထိုင္ရင္းကို ေတြ႕သမွ်လူတိုင္းေက်းဇူးတင္ေနရတာ။
ေျပာရတာ ခက္ေရာခက္ပါရဲ႕။
ကိုယ္ဘာသာ ကိုယ္ ေစာက္ကျမင္းေၾကာထတဲသူကိုလည္း ေက်းဇူးတင္ရ။
သြားရင္းလာရင္း ခလုတ္တိုက္မတတ္ေတြ႕ရတဲ့ နီနီစိမ္းစိမ္း ငဖားေတြကိုလည္း ေက်းဇူးတင္ရ။
ကိုယ္တြက္ကိန္းနဲ႔ ကိုယ္လုပ္ၿပီး အခုမွ အားခ်င္း စြန႔္လႊတ္အနစ္နာခံတဲ့ မိမႏိုင္ ဖမႏိုင္ သူရေကာင္ေတြကိုလည္း ဖင္ဘူးေထာင္းေထာင္မတတ္ေက်းဇူးတင္ရ။
ေဂ်ာက္ထဲ က်ဖို႔ လက္တစ္လုံးအလို လက္ႏွစ္လုံးအလိုထိမေစာင့္ႏိုင္ဘဲ တြန္းတြန္းခ်ေနတဲ့ အမ်ိဳးခ်စ္သူႀကီးေတြကိုလည္း ေခ်ာက္ထဲတြန္းမခ်ဖို႔ ေက်းဇူးတင္ရနဲ႔   အားကို မအားရွာဘူး။
တစ္ကယ္ေျပာတာ  တိုင္းျပည္သာ စကားေျပာတတ္ၾကည့္ ေဖေတြနဲ႔ခ်ည္းဘဲ လွိမ့္တုပ္မွာ အေသအခ်ာ..။
ကိုယ္ေတြ ေနတဲ့ တိုင္းျပည္မွာ ေျပာပါတယ္။

အခုလည္း ဘာတဲ့ ကိုဗစ္ဆိုလား ကိုဗက္ဆိုလား ေရာဂါဆန္းေပၚလာတာနဲ႔ ဆရာႀကီးေတြ ေပါလာတာ မိုးဦးက် မႈိအလားပဲ။  
တစ္ဆိတ္ရွိ ေသာက္လုပ္မရွိ ေသာက္ကိုင္မရွိ ဒီေဖ့စဖြတ္ေပၚတက္တက္ၿပီး ဆရာႀကီးေတြ တက္တက္လုပ္ၾကတာ...ကိုယ္ကိုယ္တိုင္ ငါက သူတို႔ေလာက္ေတာင္မသိပါလားဆိုၿပီး ဝမ္းေတြ နည္းရ ..။
အိုဟိုဟို....။
ဒီလို တစ္ေယာက္တစ္ေပါက္
တစ္ရက္ တစ္မ်ိဳး မ႐ိုးရေအာင္ ေျပာလိုက္ၾကတာ..။
ဘာေတြက အမွန္မွန္းေတာင္မသိဘူး။
ဘာတဲ့ ကိုဗစ္ ျဖစ္တာ တိုင္းျပည္ဆင္းရဲလို႔  .. ဘယ္သူက အုပ္ခ်ဳပ္လို႔ ...ဆိုလား...။
မအး ..ထရမ့္နဲ႔ ရွီႀကီးသာ ဒီလိုသူကိုေစာင္းေျပာေနတာ သိၾကည့္  ေျပာတဲ့ ေကာင္ ဟိုက ဘြတ္စမန္လာေပးမွာ။
ဟုတ္တယ္ေလ... ေရာဂါျဖစ္တာ မင္းက်င့္တရားနဲ႔ မညီလို႔ဆိုေတာ့ ကမာၻအရပ္ရပ္က သမၼတ ေတြ ၊ဝန္ႀကီးခ်ဳပ္ေတြ ၊ဘုရင္ေတြ မွီရာ ေလယာဥ္နဲ႔ ရန္ကုန္ကို လိုက္လာၿပီး ဘြတ္စမန္-ဝိုင္းေပးၾကလို႔ ၿမိဳ႕ေတာ္ႀကီးေတာင္ ဘြတ္စမန္ၿမိဳ႕ေတာ္လို႔ေတာင္ အမည္တြင္သြားဦးမယ္။။
ေနာက္တစ္ေယာက္က ေျပာေသး...တိုင္းျပည္က ဆင္းရဲလို႔ ျဖစ္တာ ဆိုလာ...။
ပါးခ်ည္းဘဲ ခုႏွစ္ရက္ေလာက္ ဒဗၺလယ္ ႐ိုက္ခ်င္စရာ..။

တိုင္းျပည္ဆင္းရဲ႕ရေအာင္ ေျပာၾကည့္စမ္းပါ ဘာေတြ ဆင္းရဲလဲဆိုတာ..။
တစ္ဆိတ္ရွိ    ဒီတိုင္းျပည္ဘဲ လာလာခလုတ္တိုက္ေနၾက...။
တိုင္းျပည္မြဲလို႔ တိုင္းျပည္ဆင္းရဲလို႔နဲ႔။
နင္အေမကလႊား။
တိုင္းျပည္က ဆင္းရဲရမလား။
နင့္ပေထြးေတြ နင့္မယားပါသားေတြ ေလ အစဥ္အဆက္ လွန္ေလွာခိုးၾက ဝွက္ၾက ဘုန္းၾကတာ နည္းလား။
ငါ့တိုင္းျပည္မို႔ ခံႏိုင္တာ..။ နင္တို႔အားက်တဲ့ ႏိုင္ငံေတြ နင္အဘေတြ တစ္ႏွစ္ဘဲ သြားထားၾကည့္ ေလ ေျခာက္လနဲ႔ တိုင္းျပည္ရွိသမွ် မကုန္ရက္ေျပာ။
ဒါေတာင္ တိုင္းျပည္က မြဲတယ္ ႏိုင္ငံကမြဲတယ္ လုပ္ေနတယ္..။
ဘယ္ႏိုင္ငံ ေမးၾကည္ၾကည့္ ဒီတိုင္းျပည္ေလာက္ ေပးတာရွိဦးမလား။
ေရထဲ ဘယ္တူးတူး ေရနံ ဂတ္စ္ ၊ ကုန္တြင္းမွာဆို ဘယ္ျမစ္ပိတ္ပိတ္ လွ်ပ္စစ္က ထြက္ၿပီးသား။
ၿပီးေတာ့ ဘယ္ေနရာ တူးတူး ေ႐ႊ၊ေက်ာက္သံပတၱျမားေက်ာက္စိမ္းကမလြဲဘယ္ေတာင္ ၿဖိဳမလဲ ..ေၾကးနီ၊ သံသတၳဴ၊ရွားပါးေျမက မလိုခ်င္ အဆုံး။
စိုက္ပ်ိဳးဦးမလား ...ဘယ္ေျမစိုက္စိုက္  အပင္မေပါက္တဲ့ ေျမမရွိဘူး။
ဒါေတာင္ နင္တို႔က ငတ္ေနတယ္ ဟုတ္လား...။
နင္အဘေတြကို ေစာက္ျပစ္တင္ေလ။
ဘာတဲ့   က်ဳပ္က ေက်းဇူးတင္ေနတာလား ဟုတ္လား။
ဆုေတာင္းေလ ဆုေတာင္း   ။

ကမာၻေျမအျပားျဖစ္သြားမယ္ေျပာရင္ေတာင္  ျပားခ်င္သေလာက္ျပား ေသတာေတာင္ က်ဳပ္တို႔က ဆုမေတာင္းဘူး။
အခုေျပာေနတာ ႏိုင္ငံဘက္ကနာလို႔ ေျပာေနတာဟဲ့။
အနီဘက္ကလည္း မနာဘူး။
အစိမ္းဘက္ကလည္း မနာဘူး။
လင္ဗန္းေတြ ဘက္ကလည္းမနာဘူး။
အဟုတ္..။
ျမန္မာျပည္မွာ တစ္ကယ္ဆင္းရဲေနတာက လုပ္ခ်င္ကိုင္ခ်င္စိတ္ ..။
စဥ္းစားၾကည့္ေလ ... ႏွစ္ေလးငါးဆယ္ေလာက္ အလုပ္မလုပ္ဘဲ ရွိတာ ထုတ္ေရာင္းစားလာခဲ့တာ ဆိုေတာ့ အလုပ္လုပ္ရတာ အလုပ္မဟုတ္ဘူးလို႔ ထင္လာတယ္ေလ..။
ေက်ာက္မတူးခိုင္းလဲ မစီမံတတ္လို႔ ..။ျမစ္ပိတ္ၿပီး ေ႐ႊရွာခြင့္မေပးလဲ မစီမံတတ္လို႔..။ သစ္မခုတ္ခိုင္းလဲ မစီမံတတ္လို႔...။ေနာက္ဆုံး ကိုဗစ္ေၾကာင့္ လူမ်ားမ်ားမေသတာ၊ လူေသာင္းခ်ီ မကူးတာေတာင္ မစီမံတတ္လို႔ ဆိုတဲ့ အေပါက္မ်ိဳးေျပာခ်င္ေနၾကတာ..။
ခက္လဲ ခက္ပါ့ ...။

ဒီေခတ္ႀကီးက လူအလို နတ္မလိုက္ႏိုင္၊ နတ္အလို လူမလိုက္ႏိုင္ဆိုေလသလား။ အရင္တုန္း ကေတာ့ အစိုးရဆိုသာမ်ိဳးက သူဘက္လွည္ေလရႈမိရင္ေတာင္ ဖမ္းတဲ့ ႏွိပ္စက္တဲ့ အမ်ိဳးဆိုေတာ့ အစိုးရမေကာင္းေၾကာင္း ေျပာမိတဲ့ သူအဖို႔  သူအပါအဝင္  ေဆြစဥ္မ်ိဳးဆက္ ေထာင္ထဲ အေျခခ် ဖို႔ ျပင္ထားေပေတာ့ ။
အခုအခါမ်ိဳးက်ေတာ့ တစ္မ်ိဳး..။
အစိုးရက မေအးတဲ့ ေနရာ စြတ္ေအးေနၿပီး ေအးသင့္တဲ့ေနရာ စြတ္ပူတတ္တဲ့ မေထာ္မနန္း အစိုးရမ်ိဳးဆိုေတာ့  ဟိုသူက အျပစ္တင္ ဒီလူက ေဝဖန္နဲ႔ အစိုးရခမ်ာ ေနစရာကိုမရွိ ဘယ္လိုေန ေန အျပစ္ကိုမလြတ္တာ..နတ္ဆိုးတို႔ လမ္းထိပ္က အေၾကာ္သည္ ဆိုင္ခန္းရတာထက္ေတာင္ ဆိုးေနေသး..။
အေၾကာ္သည္ ဆိုင္ခန္းရတဲ့ ဇာတ္လမ္း သိလား..။
ဒီလို..။

ၿငိမ္/ပိ...အဲေလ ႏိုင္ငံေတာ္ၿငိမ္ဝပ္ပိျပားမႈ တည္ေဆာက္ေရးအဖြဲ႕ လို႔ အျပည္အစုံေခၚမွ။                                                                               
  (ႏိုမိုဆို အသံနက္ႀကီးနဲ႔ ထေအာ္ေနဦးမယ္ )
အဲဒီေခတ္မွာေပါ့...
အေၾကာ္ႀကိဳက္တဲ့ ၿမိဳနယ္အဆင့္ လူႀကီးတစ္ဦးက မနက္တိုင္း  ႐ုံးေဘးတံတိုင္းကို အဖီထိုးၿပီး ဖြင့္ထားတဲ့  အေၾကာ္ဆိုင္က အေၾကာ္ကို စြဲစြဲၿမဲၿမဲ ဝယ္စားေလ့ရွိတယ္။
အေၾကာ္သည္အဘြားႀကီးကလဲ သူကပ္ေနတဲ့ ႐ုံးက လူႀကီးမွန္းသိေတာ့ အေၾကာ္ဝယ္တိုင္း ပိုေပးတာေပါ့..။
တစ္ရက္က်ေတာ့
႐ုံးေဘးနား ေျမပိုေတြ၊ မ်က္ႏွာစာေတြ မွာ ဝန္ထမ္းသက္သာအတြက္ ဆိုင္ခန္းေတြ ေဆာက္ရမယ္ ဆိုတဲ့ ၫႊန္ၾကားခ်က္ဝင္လာေတာ့  လူႀကီးက စဥ္းစားသတဲ့....။
အေၾကာ္သည္အဘြားႀကီးလည္း အသက္လည္းႀကီးၿပီ။ ခုခ်ိန္ ဒီေနရာကေန ႏွင္လိုက္ရင္ စားေရးေသာက္ေရး ဒုကၡေရာက္ေတာ့မယ္ စိုးရိမ္ၿပီး  ဆိုင္ခန္းေလးတစ္ခန္း ေလွ်ာက္ေစၿပီး ေနရာခ်ေပးသတဲ့ ။
အဘြားႀကီးလည္း ေက်းဇူးေတြ တင္တာေပါ့..။

အဲဒီ႐ုံးက လူႀကီး လာဝယ္တိုင္း ပိုက္ဆံမယူဘူးေပါ့။ လူႀကီးကလည္း ဒီေလာက္ေလး ယူတာနဲ႔ အဘြားႀကီးစီးပြားေရး မထိခိုက္ပါဘူးဆိုၿပီး ပိုက္ဆံအတင္းမေပးေတာ့ဘဲ ယူယူစားတာေပါ.။
တစ္ခါတစ္ေလ ႐ုံးကို ဧည့္သည္ေတြလာရင္ ႐ုံးေဘးအေၾကာ္သည္အဘြားႀကီးဆီက မွာမွာ ေကြၽးေပါ့..။
ဒီလိုနဲ႔ ၾကာလာေတာ့ ႐ုံးထဲက လူေတြကပါ လူႀကီ မွာသလိုလိုနဲ႔ အေၾကာ္ဝယ္ရင္ ပိုက္ဆံ မေပးၾက ေတာ့ဘူး။ အဘြားႀကီးခမ်ာလည္း ေက်းဇူးရွင္ေတြ ဆိုၿပီးမေျပာသာဘူးေပါ့.။
ၾကာေတာ့ အဘြားႀကီးမွာ  အေၾကာ္သာ  ေၾကာ္ရတာမနားရတာ အရင္ကထက္  ပိုပို က်ပ္တည္း လာတဲ့ အတြက္ တစ္ရက္မွာ လူႀကီးကားအလာကို ေစာင့္သတဲ့။လူႀကီးကားအလာမွာ ကားကို တားၿပီး သူ႔ဆိုင္ကိုျပန္ေပးသတဲ့..။

လူႀကီးက " ဟာ.....အေမႀကီး ..သူမ်ားေတြဆို ဆိုင္ခန္းလိုခ်င္လို႔  နန႔္နန႔္တက္ျဖစ္ေနၾကတာ အေမႀကီးက ဘာျဖစ္လို႔ ဆိုင္ခန္း ျပန္ေပးရတာလည္း"ဆိုေတာ့ ....။
အေၾကာ္သည္အဘြားႀကီးက "ေမာင္ရင္ ရယ္ ေမာင္ရင္ဆိုင္ခန္းမေပးခင္က ေမာင္ရင္ တစ္ေယာက္ ဘဲ အေၾကာ္ အပိုေပးရတာ ... အခုဆိုင္ခန္းရေတာ့ ေငြပိုမရတဲ့ အျပင္  ဆိုင္ခန္းေပး ထားတဲ့ ေက်းဇူးနဲ႔ တစ္႐ုံးလုံး အေစာင့္ ကအစ အလကားေပးေနရတာ အေမႀကီးလည္း ေႂကြးေတြ ဗရဗြနဲ႔ အရင္းျပဳတ္မတက္ျဖစ္‌ေနပါၿပီ။ အရင္းမျပဳတ္ခင္ ေမာင္ရင္ ဆိုင္ခန္း ျမန္ျမန္သာ ျပန္ယူေတာ့ပါ"လို႔ ေျပာသတဲ့..။

အခုလည္း အစိုးရအျဖစ္ ဘာထူးေသးလဲ..။
ဟိုလူလည္း အေရးမယူရဲ၊သည္လူလည္း ျပန္လႊတ္ရနဲ႔ အေၾကာ္သည္ နဲ႔ ဘာထူးေသးလဲ ....။ အရင္တုန္းက အဘသားေတြဘဲ အဘလူေတြဘဲ ေၾကာက္ရတာ အခု အဘသားလည္း မထိရဲ အဘလူလည္း မထိရဲ အမလူလည္း မထိရဲေတြ ျဖစ္ကုန္ၿပီ။
ဒါေၾကာင့္ေျပာတာ အစိုးရလည္း  ေနရင္းထိုင္ရင္း ေက်းဇူးတင္ေနရ ၊ ဆဲဆိုေစာ္ကား ေနတဲ့  သူေတြ ကိုလဲ လ်စ္လ်ဴရနဲ႔ …..။
ျဖစ္ပုံေျပာပါတယ္……..။

                                                                             နတ္ဆိုး