【 သရော်စာ 】“ ရောဂါပြီးတဲ့ တို့တိုင်းပြည် ”

【 သရော်စာ 】“ ရောဂါပြီးတဲ့  တို့တိုင်းပြည် ”                

ဝူဟန်လာပြီ။
ဝူဟန်ဆိုတာ သိုင်းမဟုတ်။သိုင်းဆိုရင် အတွင်းအားချင်းပြိုင်လို့ရသေးသည်။အခုကရောဂါ။
အသက်ရှုလမ်းကြောင်းကူးစက်ရောဂါဆိုပြီး သိုင်းလောကလို့ လက်ဝါးချင်းပူး အတွင်းအားသွားပြိုင်လျှင် မာလက ဈာန်ကြွသွားမည်။
ဝူဟန်က ဒီလောက်ထိလက်ကွက်ပြင်းသည်။
ဝူဟန်ဆိုတာက အယင်ကတည်းက နယ်နယ်ရရနေရာမဟုတ်။
သိုင်းလောကစကားနဲ့ပြောလျှင် ဝါစဉ်မြင့်တဲ့ သူတွေ နေသည့်နေရာ ၊ လျှိုဝှက်နက်နဲသည့် သိုင်းကျမ်းတွေ ကျင့်နေသည့် သိုင်းပညာရှင်ကြီးတွေရှိတဲ့နေရာ။
ဒီလို ရေခံမြေခံကောင်းသည့်နေရာမှာ ပေါက်ဖွားလာသည့် မို့ ဝူဟန်ကူးစက်ရောဂါက  ရှေးဟောင်းသိုင်းပညာလို ခက်ခဲနက်နဲသည်။
ထုတ်ရင် ထုတ်သလို အကွက်တွေက  ပညာရှင်ဆန်သည်။
သိုင်းဘုတ်အုပ်ထဲကလို" မည်သို့လုပ်လိုက်သည်မသိ " " ဝှစ်ကနဲ မည်သည်အရာဖြင့် ပစ်လိုက်သည်မသိ " လို အကွက်တွေလည်း ဝူဟန်လင်းနို့သိုင်းမှာအပြည့်။
ဒါတောင် " ဘာအသီးစားလိုက်လို နှစ်တစ်ထောင် အတွင်းအားတွေ ပွားလာတာ"  မျိုးဆိုတာတွေ မပါသေး။

တကယ်က ဖြစ်စဉ်က တရုတ်သိုင်းကားထဲကလို အတွင်းအားရုတ်တရက် တိုးပွားမည်ထင်ပြီး  နှစ်တစ် သောင်းအတွင်းအား လင်းနို့သားပေါက်စားကြရာမှ ဖြစ်လာချင်းပင်။တရုတ် တာဇံတွေ အတွင်းအားအတွက် အစားကောင်းကြလို့ နှစ်လအတွင်း သုံးထောင်ကျော် မာလက ဈာန်ကြွ ကုန်သည်။
ဒီလောက်ထိ ဝူဟန်လင်းနို့ မိစ္ဆာသိုင်းက စွမ်းသည်။
အချို့ သာမန်မိစ္ဆာသိုင်းထင်ပြီး ပေါ့ပေါ့ဆဆ လုပ်သူတွေလည်း တဖြုတ်ဖြုတ်ကြွကုန်သည်။
သိုင်းလောက စကားအရ ဆိုလျှင် ပြိုင်ဘက်မရှိတော့ ။
သိုင်းလောကကြီး ပွက်ပွက်ဆူလေပြီ။
ဝူဟန်မိစ္ဆာဂိုဏ်းလက်ချက်ဖြင့် သိုင်းသမာတွေ သေကြ ကြေကြ။
သိုင်းလောကတစ်ခုလုံး  ဖရိုဖရဲ။
သိုင်းဧကရာဇ်ကြီး ကိုယ်တိုင် မနေနိုင်တော့ ..။ သိုင်းလောကသို့ ဆင်းရပြီ။
ဧကရာဇ်ကြီး ကိုယ်တိုင် ဆင်းပြီမို့ ရှောင်လင် အော်မေ့ ဝူတန်လို အထက်လမ်းသိုင်း ဂိုဏ်းကြီး တွေလည်း မနေနိုင်တော့။

အထက်လမ်းသိုင်းဂိုဏ်းတွေ လက်တွဲပြီး ဝူဟန်မိစ္ဆာသိုင်းကို  ဂူပိတ် အဲလေ မြို့ပိတ် ချကြသည်။
ဝူဟန်မိစ္ဆာရောဂါသိုင်းက အလစ်အငိုက် တိုက်ကွက်ဖြင့် တရုတ်ပြည်မမှာ အောင်ပွဲ ခံခဲ့ပြီ။
ဝူဟန်မိစ္ဆာဂိုဏ်း စစ်မျက်နှာကိုဖွင့်ပြီ။ ပါရှားတွေ ပထန်တွေ၊ ကောင်းဘွိုင်တွေပါ ဝူဟန်လက်ချက် မိပြီ။ ဝူဟန်စွမ်းချက်က ယခင်ကဆို တရုတ်ဆို ကမ္ဘာမှာ  ဂျစ်ဂစ်ခန့်ကလွဲပြီး ဘယ်သူမှမသိ။ နောက် ဟွာဝေး။
ယခုတော့ သည်လိုမဟုတ်..။ ဂျစ်ဂစ်ခန်ထက် ဟွာဝေးထက် ဝူဟန်ကို ပိုသိသွားပြီ။ ဟွာဝေးတုန်း က ထရမ့်လိုက်ပိတ်လို့ ရသေးသည်။
ဝူဟန်မှာတော့ ထရမ့်မရတော့ ။ဝူဟန်က ဟွာဝေးထက်သာကာ  ဂျစ်ဂျင်ခန်ထက် အပုံတစ်ရာ သာသည်။ ဥရောပ ၊အာဖရိက အမေရိကအထိရောက်သည်။ ဝူဟန်ကို တချို့နေရာတွေမှာ ဆီးကြိုတိုက်ကြသည်။သို့သော် ဝူဟန်က လက်ဦးသည်။ ပါရှားတွေဆို ဝူဟန်လက်ချက်ဖြင့် သောက်သောက်လဲ ။
အွန်စောတို့ ဂျွန်စောတို့လည်း ဘာထူးသလဲ..။ ဆောင်းဦးရွက်ကြွေ သလို တဖြုတ်ဖြုတ်..။  
ခံစစ်ကောင်းသည့် မာဖီးယားတို့ ပျော်ရာမြေမှာလည်း ဝူဟန်က တစ်ဂိုးပြီးတစ်ဂိုးဆက်တိုက်…။
ကမ္ဘာပတ်ပြီး ဗိုလ်ကျသည့် ကောင်းဘွိုင်ဖခင် ထရမ့်ကြီးတောင် ဝူဟန်ကို ဆလံသနေရပြီ။
ဆလန်မာလေးကွမ်းတွေလည်း ဝူဟန်ကို မော်မကြည့်ရဲ။
သို့သော် ဝူဟန်မှာ ယခုထိ ရဲရဲ အောင်ပွဲမခံနိုင်သေး..။

ဘာကြောင့် ဆို သူအနားကပ်ပြီး သူကို သောက်ရှက်ခွဲနေသည့် တိုင်းပြည်တစ်ခုရှိသည်။
ဒီတိုင်းပြည်က ကြည့်လျှင် စစ်ပွဲတွေ ပြဿနာတွေ၊ ဒုက္ခတွေနဲ့ လုံးချာလည်လိုက်နေတဲ့ တိုင်းပြည်..။
ဝင်ချင်သလိုဝင် ထွက်ချင်သလိုထွက်..။
သို့သော် ယခုထိ ကိုဝူဟန်တို့အခုထိခြေကုပ်မရနိုင်သေး။
အာဖရိကလို ခပ်ဝေးဝေးတောင် ခြေချနိုင်သည့် ဝူဟန် ။
ဘေးချင်းကပ်နေသည့်  ယိုဒယားတို့ ဗီယက် ကောင်းတို့ ခမာတို့ ကို သွန်လိုသွန် မှောက်လိုမှောက် လုပ်နိုင်ခဲ့တဲ့ ဝူဟန်..။ ဝါးရင်းတုတ် ထွန်းကားရာ မြန်မာမြေမှ‌ာ ဝူဟန်တို့ သောက်ရှက် ဗြန်းဗြန်း ကွဲပြီ။
အပွဲပွဲနွဲလာသည့် ဝူဟန် မခံချင်စိတ်ဖြင့် နယ်စပ်က ဝင်သည်။
ဘယ်သူမှမတား..။ ဝူဟန်သိုင်းသမားတွေကြောင်သွားသည်။ ထိုစဉ် တမာချဉ်၊ ခံတက်ချဉ်နှင့် တွေ့သွားသည်။ ဝူဟန် ပက်လက်လန်သွားသည်။

နောက်ထပ်ဝူဟန်ထပ်လာသည်။ လေဆိပ်ကနေ ကော့ကော့နဲ့။ ခပ်တည်တည်ဖြင့် ..။အေးဆေး လွတ် သွားသည်။ ဝူဟန်ပျော်သွားသည်။ လေဆိပ်အဝတွင်  တောင်ကြည့်မြောက်ကြည့်။
လေဆိပ်တက္ကစီဈေးမတန်တဆတောင်းသဖြင့် မခံချင်စိတ်ဖြင့် လေဆိပ်ဝတွင် ကားထွက် ငှားသည်။ လမ်းလျှောက်စဉ် ပူပြင်းသည် နေ့အပူချိန်ကြောင့် ဝူဟန်ကြွသွားသည်။
ရေထဲမှာ ဝူဟန်တစ်ကောင် ခိုးဝင်လာသည်။ ဒီတစ်ခါတော့ လွတ်ပြီ။ဒီမြန်မာတွေ ငါတို့ ဝူဟန်အ ကြောင်း သိရမည်ဟု။ ရေထဲမှ ခေါင်းဖော်စဉ် ဗရမ်းဗတာ လှော်ခတ်လာသည့် လှေဖြင့် တိုက်မိသည်။
ရေထဲ ကားခနဲ့..။ ကုန်းပေါ်ကသူတွေ ရေထဲ သွေးရဲနေသည့် သူကိုတွေ့သဖြင့် ရုတ်ရုတ်သဲသဲ..။ ဒီတစ်ခါတော့ သူကိုကယ်တဲ့ သူတွေ ကူးပြီဟု..ကိုရွှေဝူဟန် ဝမ်းသာအားရ။
သို့သော် သူထင်သလို မဟုတ်…။ ဘယ်သူမှ အမှုပတ်မည်ဆိုးသဖြင့် မကယ်ရဲ..။ဒီတွင် အမူးသမား တစ်ကောင်ဆင်းကယ်သည်။
ဝူဟန်ခမျာ သေအံမူးမူး  အရက်သမားဆီ ရလိုရညား ကူးကြည့်သည်။သို့ သော် မအောင်မြင်…။
သူကိုကယ်သည့် အရက်သမားက ကြည့်တော့သာ ယဲ့ယဲ့။ ကိုယ်ခံအားကတော့ ဓာတ်မြေဩဇာ တန်ခိုးဖြင့် ခုခံအားကောင်းလိုက်သည်မှာ မဟာတံတိုင်းကြီး အတိုင်း..။

ကိုရွှေ ဝူဟန်လေးခမြာ အရက်သမားလက်ထဲ လှေဦးတိုက်ချက်ဖြင့် အနိစ္စသဘော ကိစ္စချောရလေသည်။
ကုန်ကားဖြင့် လမ်းကြုံလိုက်လာသည့် ဝူဟန်တစ်ယောက်မှာတော့ အလွယ်ဆုံးလမ်းဖြင့် ညဉ့်ငှက်မလေး တစ်ယောက်ဆီကနေ ကူးဖို့ ကြံသည်။
သို့သော် သူအကြံမအောင်မြင်…..။ သူဆီက ရောဂါ ညဉ့်ငှက်မလေးဆီ မကူးဘဲ ညဉ့်ငှက်မလေး ဆီမှ ရောဂါပေါင်းစုံသူ့ဆီကူးကာ ညတွင်းချင်း ကိုဝူဟန် မာလကီးယားသွားသည်။
ဒုက္ခသည်စခန်းကနေ ကူးစေရမည် ဆိုကာ သွားသည့် ဝူဟန်သိုင်းသမား  ရခိုင် မြောက် ပိုင်းရောက်သွားပြီး တောင်ကြည့်မြောက်ကြည့်နှင့်..။
ဒီတွင် ဘယ်သူလက်ချက်မှန်းမသိလိုက်ဘဲ ဗုံးဆံမိကာ ကြွသွားရှာသည်။သေပြီးရက်လည်တဲ့ အထိ သူလက်ချက် ကိုယ်လက်ချက် အငြင်းပွားလို့ ကောင်းတုန်း…။
ဪ ဝူဟန် ဝူဟန်…သနားဖို့ ကောင်းလေစွ..။

နောက်ဆုံးဝင်သည့် ကိုရွှေဝူဟန်မှာ ကိန်းကြီး ခန်းကြီး။ တည်တည်တံတံ…။
သူပုံစံက စီးပွားရေးလုပ်ငန်းရှင်လိုလို၊ အရာရှိလိုလို……ဒီရောက်ရင် အာဏာပိုင်တွေ့၊ ခရိုနီတွေ့ လက်နက်ကိုင်တွေ့ သူကို အနည်းဆုံးတော့ လက်ဆွဲနူတ်ဆက်မည်ဟု…။
သို့သော် ကိုဝူဟန်ခမျာ ထင်သမျှ တလွဲ…။
ဒီရောက်တော့ သူကို ဘယ်သူမှ သောက်ဖက်မလုပ်..။
ဘာကြောင့်ဆို ဒီမှာ ဘယ်သူမှ လက်ကို မဖြည်ကြ..။ ဆုပ်ထားတာ အကျင့်ဖြစ်နေ ကြပြီ။
ဘာကြောင့်ဆို ရာထူးအာဏာပြန်ပေးရမှာစိုးလို့ဖြစ်သည်။
ကိုရွှေဝူဟန်ခမျာ မြန်မာပြည်ရောက်မှ သောက်သောက်လဲ ရှုံးရတော့သည်။
ဤတွင် ဝူဟန်ဗိုင်းရပ်စ် မြန်မာပြည်မရောက်သည့် အကြောင်းပြချက် ပြီးပါပြီ။   

                                                                                        နတ်ဆိုး

(  Zawgyi  )

ဝူဟန္လာၿပီ။
ဝူဟန္ဆိုတာ သိုင္းမဟုတ္။သိုင္းဆိုရင္ အတြင္းအားခ်င္းၿပိဳင္လို႔ရေသးသည္။အခုကေရာဂါ။
အသက္ရႈလမ္းေၾကာင္းကူးစက္ေရာဂါဆိုၿပီး သိုင္းေလာကလို႔ လက္ဝါးခ်င္းပူး အတြင္းအားသြားၿပိဳင္လွ်င္ မာလက ဈာန္ႂကြသြားမည္။
ဝူဟန္က ဒီေလာက္ထိလက္ကြက္ျပင္းသည္။
ဝူဟန္ဆိုတာက အယင္ကတည္းက နယ္နယ္ရရေနရာမဟုတ္။
သိုင္းေလာကစကားနဲ႔ေျပာလွ်င္ ဝါစဥ္ျမင့္တဲ့ သူေတြ ေနသည့္ေနရာ ၊ လွ်ိဳဝွက္နက္နဲသည့္ သိုင္းက်မ္းေတြ က်င့္ေနသည့္ သိုင္းပညာရွင္ႀကီးေတြရွိတဲ့ေနရာ။
ဒီလို ေရခံေျမခံေကာင္းသည့္ေနရာမွာ ေပါက္ဖြားလာသည့္ မို႔ ဝူဟန္ကူးစက္ေရာဂါက  ေရွးေဟာင္းသိုင္းပညာလို ခက္ခဲနက္နဲသည္။
ထုတ္ရင္ ထုတ္သလို အကြက္ေတြက  ပညာရွင္ဆန္သည္။
သိုင္းဘုတ္အုပ္ထဲကလို" မည္သို႔လုပ္လိုက္သည္မသိ " " ဝွစ္ကနဲ မည္သည္အရာျဖင့္ ပစ္လိုက္သည္မသိ " လို အကြက္ေတြလည္း ဝူဟန္လင္းႏို႔သိုင္းမွာအျပည့္။
ဒါေတာင္ " ဘာအသီးစားလိုက္လို ႏွစ္တစ္ေထာင္ အတြင္းအားေတြ ပြားလာတာ"  မ်ိဳးဆိုတာေတြ မပါေသး။

တကယ္က ျဖစ္စဥ္က တ႐ုတ္သိုင္းကားထဲကလို အတြင္းအား႐ုတ္တရက္ တိုးပြားမည္ထင္ၿပီး  ႏွစ္တစ္ ေသာင္းအတြင္းအား လင္းႏို႔သားေပါက္စားၾကရာမွ ျဖစ္လာခ်င္းပင္။တ႐ုတ္ တာဇံေတြ အတြင္းအားအတြက္ အစားေကာင္းၾကလို႔ ႏွစ္လအတြင္း သုံးေထာင္ေက်ာ္ မာလက ဈာန္ႂကြ ကုန္သည္။
ဒီေလာက္ထိ ဝူဟန္လင္းႏို႔ မိစာၦသိုင္းက စြမ္းသည္။
အခ်ိဳ႕ သာမန္မိစာၦသိုင္းထင္ၿပီး ေပါ့ေပါ့ဆဆ လုပ္သူေတြလည္း တျဖဳတ္ျဖဳတ္ႂကြကုန္သည္။
သိုင္းေလာက စကားအရ ဆိုလွ်င္ ၿပိဳင္ဘက္မရွိေတာ့ ။
သိုင္းေလာကႀကီး ပြက္ပြက္ဆူေလၿပီ။
ဝူဟန္မိစာၦဂိုဏ္းလက္ခ်က္ျဖင့္ သိုင္းသမာေတြ ေသၾက ေၾကၾက။
သိုင္းေလာကတစ္ခုလုံး  ဖ႐ိုဖရဲ။
သိုင္းဧကရာဇ္ႀကီး ကိုယ္တိုင္ မေနႏိုင္ေတာ့ ..။ သိုင္းေလာကသို႔ ဆင္းရၿပီ။
ဧကရာဇ္ႀကီး ကိုယ္တိုင္ ဆင္းၿပီမို႔ ေရွာင္လင္ ေအာ္ေမ့ ဝူတန္လို အထက္လမ္းသိုင္း ဂိုဏ္းႀကီး ေတြလည္း မေနႏိုင္ေတာ့။

အထက္လမ္းသိုင္းဂိုဏ္းေတြ လက္တြဲၿပီး ဝူဟန္မိစာၦသိုင္းကို  ဂူပိတ္ အဲေလ ၿမိဳ႕ပိတ္ ခ်ၾကသည္။
ဝူဟန္မိစာၦေရာဂါသိုင္းက အလစ္အငိုက္ တိုက္ကြက္ျဖင့္ တ႐ုတ္ျပည္မမွာ ေအာင္ပြဲ ခံခဲ့ၿပီ။
ဝူဟန္မိစာၦဂိုဏ္း စစ္မ်က္ႏွာကိုဖြင့္ၿပီ။ ပါရွားေတြ ပထန္ေတြ၊ ေကာင္းဘြိဳင္ေတြပါ ဝူဟန္လက္ခ်က္ မိၿပီ။ ဝူဟန္စြမ္းခ်က္က ယခင္ကဆို တ႐ုတ္ဆို ကမာၻမွာ  ဂ်စ္ဂစ္ခန႔္ကလြဲၿပီး ဘယ္သူမွမသိ။ ေနာက္ ဟြာေဝး။
ယခုေတာ့ သည္လိုမဟုတ္..။ ဂ်စ္ဂစ္ခန္ထက္ ဟြာေဝးထက္ ဝူဟန္ကို ပိုသိသြားၿပီ။ ဟြာေဝးတုန္း က ထရမ့္လိုက္ပိတ္လို႔ ရေသးသည္။
ဝူဟန္မွာေတာ့ ထရမ့္မရေတာ့ ။ဝူဟန္က ဟြာေဝးထက္သာကာ  ဂ်စ္ဂ်င္ခန္ထက္ အပုံတစ္ရာ သာသည္။ ဥေရာပ ၊အာဖရိက အေမရိကအထိေရာက္သည္။ ဝူဟန္ကို တခ်ိဳ႕ေနရာေတြမွာ ဆီးႀကိဳတိုက္ၾကသည္။သို႔ေသာ္ ဝူဟန္က လက္ဦးသည္။ ပါရွားေတြဆို ဝူဟန္လက္ခ်က္ျဖင့္ ေသာက္ေသာက္လဲ ။
အြန္ေစာတို႔ ဂြၽန္ေစာတို႔လည္း ဘာထူးသလဲ..။ ေဆာင္းဦး႐ြက္ေႂကြ သလို တျဖဳတ္ျဖဳတ္..။  
ခံစစ္ေကာင္းသည့္ မာဖီးယားတို႔ ေပ်ာ္ရာေျမမွာလည္း ဝူဟန္က တစ္ဂိုးၿပီးတစ္ဂိုးဆက္တိုက္…။
ကမာၻပတ္ၿပီး ဗိုလ္က်သည့္ ေကာင္းဘြိဳင္ဖခင္ ထရမ့္ႀကီးေတာင္ ဝူဟန္ကို ဆလံသေနရၿပီ။
ဆလန္မာေလးကြမ္းေတြလည္း ဝူဟန္ကို ေမာ္မၾကည့္ရဲ။
သို႔ေသာ္ ဝူဟန္မွာ ယခုထိ ရဲရဲ ေအာင္ပြဲမခံႏိုင္ေသး..။

ဘာေၾကာင့္ ဆို သူအနားကပ္ၿပီး သူကို ေသာက္ရွက္ခြဲေနသည့္ တိုင္းျပည္တစ္ခုရွိသည္။
ဒီတိုင္းျပည္က ၾကည့္လွ်င္ စစ္ပြဲေတြ ျပႆနာေတြ၊ ဒုကၡေတြနဲ႔ လုံးခ်ာလည္လိုက္ေနတဲ့ တိုင္းျပည္..။
ဝင္ခ်င္သလိုဝင္ ထြက္ခ်င္သလိုထြက္..။
သို႔ေသာ္ ယခုထိ ကိုဝူဟန္တို႔အခုထိေျခကုပ္မရႏိုင္ေသး။
အာဖရိကလို ခပ္ေဝးေဝးေတာင္ ေျခခ်ႏိုင္သည့္ ဝူဟန္ ။
ေဘးခ်င္းကပ္ေနသည့္  ယိုဒယားတို႔ ဗီယက္ ေကာင္းတို႔ ခမာတို႔ ကို သြန္လိုသြန္ ေမွာက္လိုေမွာက္ လုပ္ႏိုင္ခဲ့တဲ့ ဝူဟန္..။ ဝါးရင္းတုတ္ ထြန္းကားရာ ျမန္မာေျမမွ‌ာ ဝူဟန္တို႔ ေသာက္ရွက္ ျဗန္းျဗန္း ကြဲၿပီ။
အပြဲပြဲႏြဲလာသည့္ ဝူဟန္ မခံခ်င္စိတ္ျဖင့္ နယ္စပ္က ဝင္သည္။
ဘယ္သူမွမတား..။ ဝူဟန္သိုင္းသမားေတြေၾကာင္သြားသည္။ ထိုစဥ္ တမာခ်ဥ္၊ ခံတက္ခ်ဥ္ႏွင့္ ေတြ႕သြားသည္။ ဝူဟန္ ပက္လက္လန္သြားသည္။

ေနာက္ထပ္ဝူဟန္ထပ္လာသည္။ ေလဆိပ္ကေန ေကာ့ေကာ့နဲ႔။ ခပ္တည္တည္ျဖင့္ ..။ေအးေဆး လြတ္ သြားသည္။ ဝူဟန္ေပ်ာ္သြားသည္။ ေလဆိပ္အဝတြင္  ေတာင္ၾကည့္ေျမာက္ၾကည့္။
ေလဆိပ္တကၠစီေဈးမတန္တဆေတာင္းသျဖင့္ မခံခ်င္စိတ္ျဖင့္ ေလဆိပ္ဝတြင္ ကားထြက္ ငွားသည္။ လမ္းေလွ်ာက္စဥ္ ပူျပင္းသည္ ေန႔အပူခ်ိန္ေၾကာင့္ ဝူဟန္ႂကြသြားသည္။
ေရထဲမွာ ဝူဟန္တစ္ေကာင္ ခိုးဝင္လာသည္။ ဒီတစ္ခါေတာ့ လြတ္ၿပီ။ဒီျမန္မာေတြ ငါတို႔ ဝူဟန္အ ေၾကာင္း သိရမည္ဟု။ ေရထဲမွ ေခါင္းေဖာ္စဥ္ ဗရမ္းဗတာ ေလွာ္ခတ္လာသည့္ ေလွျဖင့္ တိုက္မိသည္။
ေရထဲ ကားခနဲ႔..။ ကုန္းေပၚကသူေတြ ေရထဲ ေသြးရဲေနသည့္ သူကိုေတြ႕သျဖင့္ ႐ုတ္႐ုတ္သဲသဲ..။ ဒီတစ္ခါေတာ့ သူကိုကယ္တဲ့ သူေတြ ကူးၿပီဟု..ကိုေ႐ႊဝူဟန္ ဝမ္းသာအားရ။
သို႔ေသာ္ သူထင္သလို မဟုတ္…။ ဘယ္သူမွ အမႈပတ္မည္ဆိုးသျဖင့္ မကယ္ရဲ..။ဒီတြင္ အမူးသမား တစ္ေကာင္ဆင္းကယ္သည္။
ဝူဟန္ခမ်ာ ေသအံမူးမူး  အရက္သမားဆီ ရလိုရညား ကူးၾကည့္သည္။သို႔ ေသာ္ မေအာင္ျမင္…။
သူကိုကယ္သည့္ အရက္သမားက ၾကည့္ေတာ့သာ ယဲ့ယဲ့။ ကိုယ္ခံအားကေတာ့ ဓာတ္ေျမဩဇာ တန္ခိုးျဖင့္ ခုခံအားေကာင္းလိုက္သည္မွာ မဟာတံတိုင္းႀကီး အတိုင္း..။

ကိုေ႐ႊ ဝူဟန္ေလးချမာ အရက္သမားလက္ထဲ ေလွဦးတိုက္ခ်က္ျဖင့္ အနိစၥသေဘာ ကိစၥေခ်ာရေလသည္။
ကုန္ကားျဖင့္ လမ္းႀကဳံလိုက္လာသည့္ ဝူဟန္တစ္ေယာက္မွာေတာ့ အလြယ္ဆုံးလမ္းျဖင့္ ညဥ့္ငွက္မေလး တစ္ေယာက္ဆီကေန ကူးဖို႔ ႀကံသည္။
သို႔ေသာ္ သူအႀကံမေအာင္ျမင္…..။ သူဆီက ေရာဂါ ညဥ့္ငွက္မေလးဆီ မကူးဘဲ ညဥ့္ငွက္မေလး ဆီမွ ေရာဂါေပါင္းစုံသူ႔ဆီကူးကာ ညတြင္းခ်င္း ကိုဝူဟန္ မာလကီးယားသြားသည္။
ဒုကၡသည္စခန္းကေန ကူးေစရမည္ ဆိုကာ သြားသည့္ ဝူဟန္သိုင္းသမား  ရခိုင္ ေျမာက္ ပိုင္းေရာက္သြားၿပီး ေတာင္ၾကည့္ေျမာက္ၾကည့္ႏွင့္..။
ဒီတြင္ ဘယ္သူလက္ခ်က္မွန္းမသိလိုက္ဘဲ ဗုံးဆံမိကာ ႂကြသြားရွာသည္။ေသၿပီးရက္လည္တဲ့ အထိ သူလက္ခ်က္ ကိုယ္လက္ခ်က္ အျငင္းပြားလို႔ ေကာင္းတုန္း…။
ဪ ဝူဟန္ ဝူဟန္…သနားဖို႔ ေကာင္းေလစြ..။

ေနာက္ဆုံးဝင္သည့္ ကိုေ႐ႊဝူဟန္မွာ ကိန္းႀကီး ခန္းႀကီး။ တည္တည္တံတံ…။
သူပုံစံက စီးပြားေရးလုပ္ငန္းရွင္လိုလို၊ အရာရွိလိုလို……ဒီေရာက္ရင္ အာဏာပိုင္ေတြ႕၊ ခ႐ိုနီေတြ႕ လက္နက္ကိုင္ေတြ႕ သူကို အနည္းဆုံးေတာ့ လက္ဆြဲႏူတ္ဆက္မည္ဟု…။
သို႔ေသာ္ ကိုဝူဟန္ခမ်ာ ထင္သမွ် တလြဲ…။
ဒီေရာက္ေတာ့ သူကို ဘယ္သူမွ ေသာက္ဖက္မလုပ္..။
ဘာေၾကာင့္ဆို ဒီမွာ ဘယ္သူမွ လက္ကို မျဖည္ၾက..။ ဆုပ္ထားတာ အက်င့္ျဖစ္ေန ၾကၿပီ။
ဘာေၾကာင့္ဆို ရာထူးအာဏာျပန္ေပးရမွာစိုးလို႔ျဖစ္သည္။
ကိုေ႐ႊဝူဟန္ခမ်ာ ျမန္မာျပည္ေရာက္မွ ေသာက္ေသာက္လဲ ရႈံးရေတာ့သည္။
ဤတြင္ ဝူဟန္ဗိုင္းရပ္စ္ ျမန္မာျပည္မေရာက္သည့္ အေၾကာင္းျပခ်က္ ၿပီးပါၿပီ။   

                                                                                        နတ္ဆိုး