【 သရော်စာ 】“ ဗရုတ်သုတ်ခနိုင်ငံတော်”

【  သရော်စာ  】“ ဗရုတ်သုတ်ခနိုင်ငံတော်”

ဘယ်သူက ပြောခဲ့တာလဲ ..။စည်းကမ်းရှိတဲ့ ခေတ်မီ ဒီမိုကရေစီနိုင်ငံတည်ဆောက်မယ်ဆိုတာ..။ ဒါသက်သက် ဖိန့်ဖိန်လုပ်ပြီး သမတာ။
‘သမ’ တယ်ဆိုတာ သိလား။
မဆလခေတ်က လူတွေဆို ‘သမ’ ဆိုတဲ့အဓိပါ္ပယ်ကို သိပြီးသား။ ပြောဖို့ ကိုမလိုတာ။
တစ်ကယ်က စည်းမရှိ ကမ်းမရှိ နိုင်ငံတော်တည်ဆောက်တာကိုပဲ ဒီတိုင်းပြည်ကသူတွေ လွှတ်သဘော ကျတာ။
မကြိုက်ဘူးလားပြော..။ ဒီလိုသာဆို အမေစုလည်း ဒီလောက်ပင်ပမ်းမှာလည်း မဟုတ်ဘူး။ ဟိုသွား ဒီသွာ စည်းကမ်းရှိဖို့ ..မခိုးဖို့ ပြောနေရ ဆူနေရမှာမဟုတ်ဘူး။
ပြီးတော့ တက်ညီလက်ညီဝုန်းသွားတဲ့ အဘတွေလည်း လူမုန်းများမှာ မဟုတ်ဘူး။

တစ်ကယ်က အဘတွေမှားတာ။ ဘယ်သူချွန်ပေးမှန်းမသိတဲ့ ဆလိုဂမ်ကို တပ်လိုက် ကတည်းက အဘတွေရဲ့ ကြွေ…စကြွတော့တာပဲ။
ဘာတဲ့ ခေတ်မီဒီမိုကရေစီနိုင်ငံတော်သစ်တည်ဆောက်ရေးဆိုသလား..။

ဖြစ်နိုင်ပါ့မလား..။ အလကားကျွေးတဲ့ အလှူသွားစားတာတောင် ဖိနပ်မတဲ့ ကောင်မ ၊ကျွပ်ကျွပ်အိတ်နဲ့ ပါဆယ် ဆွဲတဲ့လူတွေ များတဲ့ နိုင်ငံမှာ ဘယ်လိုလုပ် ခေတ်မီဒီမိုကရေစီနိုင်ငံဖြစ်မှာလည်း။
တစ်ကယ်လုပ်ရမှာက ခေတ်မီဗရုတ်သုတ်ခနိုင်ငံတော်ဆိုပြီးလုပ်ရမှာ။ ဒါဆို ဘယ်သူက လာအပြစ် ပြောမှာလည်း ..။
ဘယ်သူက တစ်ခုခုဖြစ်တိုင်း အဲဒါ မင်းအဘတွေလက်ချက် မင်းအဘတွေ လက်ချက်လို့ ပြောမှာလည်း။
ဒီအစား အကုန်လုံးမရောင်းသွားတာ .. မမွေးသေးတဲ့ ကလေးတွေကို အကျင်စာရိတ္တ မပျက်စီးသေး တာကို ကြံဖန်ကျေးဇူးတင်နေကြမှာ။
ဒါကို အမှတ်မရှိဘဲ အမခေတ်ထိ သုံးလိုကောင်းနေတုန်း..။

အဲဒါ ကိုယ်သေတွင်း ကိုယ်တူးတာ။
နတ်ဆိုးသာ ပါတီထောင်ကြည့်ပါလား၊ စည်ပင်နေရာဝင်ရွေးကြည့်ပါလား ။
မဲအပြတ်အသတ်ကိုနိုင်မှာ ။ဒါပေမယ့် နတ်ဆိုးမလုပ်ပါဘူး။
မသေခင် လူကြီးတစ်ခါလောက် လုပ်ချင်ကြတဲ့ လူတွေ၊ မသေခင် ငါဘယ်သူဘယ်ဝါဆိုတာ သိစေချင်ကြတဲ့ လူကြီးရောဂါထနေတဲ့ သူတွေကို သနားလို့..။
နတ်ဆိုးမှာ မဲနိုင်မယ့် နည်းရှိတယ် ယူမလား..။
ကဲ့..ပါတီထောင်ပြီး နိုင်ချင်တဲ့ သူတွေ ၊အခုစည်ပင်အမတ်လုပ်ချင်တဲ့ သူတွေ ..မှတ်မှတ်…။
 “လုပ်ချင်ရာလုပ်ရဖို့ ငါ့ပါတီကို အားပေးစို့”
“တိုင်းပြည်ဘဏ္ဍာ ခွသုံးရေး ငါ့ပါတီကို ဝိုင်းအားပေး”
“မြို့လယ်ခေါင် နိုက်ကလပ်ဖွင့်ရေး စည်ပင်အမတ် --ကို တို့အားပေး”
“ကျူးချင်သည်နေရာ ကျူးလိုက်ပါ  -----အမတ်က အားပေးမှာ”
“မြို့တော်တစ်ဝိုက် ဈေးရောင်းဖို့ -------အမတ်ကို အားပေးစို့”
ဒီလို ဆလိုဂမ်တွေ၊ဆောင်ပုဒ်တွေ သုံးကြည့် ..။
မဲအပြတ်အသတ်ဘဲ။

ဒါကြောင့်ပြောတာ ။ နိုင်ငံရေးသမားဆိုတာ အရှိတရားနဲ့ ဝေးလေ ကျဆုံးလေဆိုတဲ့ အရက်သမားတွေ ပြောသလိုပေါ့..။
ဆယ်စုနှစ်တွေ အများကြီး တစ်ယောက်တစ်လက် တတ်အားသရွှေ့ ဉာဏ်ရှိသ လောက် ဖျက်လာတဲ့  နိုင်ငံကို လေးငါးနှစ်နဲ့ ပြန်ပြင်မယ်ဆိုတာ ဖြစ်မှ မဖြစ်နိုင်တာ ။ ကလေးမေးရင်တောင် သိတယ်။
တစ်ကယ်က အစကတည်းက ခေတ်မီဗရုတ်သုတ်ခနိုင်ငံတော်တည်ဆောက်ရေးလိုသာ ဆလိုဂမ် ထားကြည့် … တိုင်းပြည်ပျက်လဲ ဘယ်သူက လာအပြစ်ပြောမှာလည်း။
အပြစ်မပြောတဲ့ အပြင် ချီးတောင် ချီးမွမ်းနေမှာ။
ဒီလူတွေ ပြောတဲ့ အတိုင်း လုပ်ပြနိုင်တယ်ဆိုပြီး သဘောတောင်ကျနေဦးမှာ။
ဒါကြောင့်ပြောတာ..။ နောက်ထောင်မယ့် ပါတီတွေ ကျော်ပြောသလိုသာ ပါတီ ဆလိုဂမ်တွေထားကြည့် ..။

တိုင်းပြည်ကောင်းစားရေးတွေ ပြည်သူကောင်းစားရေးတွေ ပြောမနေပါနဲ့ ..။ ဟုတ်တာလဲမဟုတ်ဘူး။ အခုလဲ ပြည်သူတွေကို ဘယ်လိုနေ ဘယ်လိုထိုင်ပါဆိုပြီး ကိုယ်ကိုယ်တိုင် လုပ်ချင်လုပ် ချမ်းသာေနေကြတဲ့ ဥစ္စာ …….မဟုတ်လား။
ခုလဲ …မဲဆွယ်မဟုတ်ဘဲ…. သူခိုးတာ ပိုများတယ်၊ ငါတို့တုန်းက ဒီလောက် ခိုးတာ မဟုတ်ဘူးဆိုပြီး တစ်ပါတီနဲ့ တစ်ပါတီ သောက်တင်းတုပ်နေတာ မဟုတ်လား ..။
ဘာတွေညာတွေ တွေးမနေနဲ့ မဲရဖို့ အဓိကမဟုတ်လား ..။မဲလိုချင်ရင်  ပြည်သူတွေကို လုပ်ချင်သလို လုပ်၊ နေချင်သလိုနေခွင့်ပေးမယ်လို ပြောပြီး မဲဆွယ်ကြည့်။
လူတွေ ခင်ဗျားတို့ ပါတီကို မဲပုံအောပေးကြမှာ..။
ဘာလဲ တိုင်းပြည် ဝရုန်းသုန်းကားဖြစ်မယ် ဟုတ်လား။
အခုကော မြို့လယ်ခေါင်တောင် လူသတ်မှုဖြစ်နေတာ၊ သစ်ခိုးကားတွေ စိတ်ကြွမူးယစ်ဆေးဝါး ကား တွေ မိရင် ပိုင်ရှင်တွေ အလိုလို မရှိကုန်တာ၊ ရဲတွေတောင် အသတ်ခံနေရတာ၊ ဝန်ကြီးချုပ်ဆိုသူတောင် လာဘ် စားလို့ ဖမ်းနေရတဲ့ ဥစ္စာ …။
ဒီထက် ပျက်စရာ ရှိသေးလို့ လား..။
ဘာလို့ ပြည်သူတွေကို ငါးပါးသီလစောင့်ဖို့ မဲဆွယ်နေမှာလဲ …။

    ကဲစဉ်းစားကြည့်….။လူတွေက စည်းကမ်းရှိတာ ကြိုက်လားမကြိုက်လား။အမှိုက်တွေ လွှတ်ပစ်ဖို့ ထားရင်တောင် ဝေဖန်တဲ့ လူတွေများတဲ့ ဥစ္စာ ။
တကယ်တော့ ခေတ်မီဒီမိုကရေစီနိုင်ငံတော်ဆိုတာထက် ခေတ်မီ လုပ်ချင်ရာလုပ်နိုင်ငံတော် တည်ဆောက်ရမှာ။
    မဟုတ်ဘူးလား..။
    လူကြီးတွေ ပြောသလိုပေါ့..။ ဟောရင်းသာ ပျံလွန်တော်မှုမယ်၊ကျွတ်မယ့်သူတွေ မဟုတ်ဘူး ဆိုတာ..။မြန်မာနိုင်ငံဆိုတာ ဒီလို အစွဲကြီးနိုင်ငံ ။
    ဘယ်လောက်အစွဲကြီးလဲ ဆိုတာ ကြည့်..။
ဘုရားဟော ပိဋိကတ်သုံးပုံကို လိုတိုးပိုလျောလုပ်ရင်သာ မဝေဖန်ရင်သာနေရမယ် …စာအုပ်အစိမ်းကို တော့ လာမထိနဲ့ သေသွားမယ် ဆိုတဲ့ သူတွေကလည်း မနည်းမနော ..။    
ခိုးလို လက်ဆုပ်လက်ကိုင်မိလည်း သူများပေးထားလို့ ခဏကိုင်ထားရပါဆိုပြီး ဗြောင်ငြင်းတဲ့ လူတွေရှိတဲ့ နိုင်ငံ။
ဒါကြောင့်ပြောတာ မြန်မာပြည်မှာ လူဖြစ်ဖို့ဆို တော်တော်လေး ထူမှ ၊ဒူမှ ဖြစ်ဖို့လွယ်တာ..။  
    ဒီလို သောက်တလွဲတွေနဲ့ မှ စားလို့ သောက်လို့ နေလိုထိုင်လို့ ကောင်းတဲ့ နိုင်ငံ။ လူရာဝင်တဲ့ နိုင်ငံ။
ဒီနိုင်ငံမှာ ခိုးတယ်ဆိုတာ ဂုဏ်ငယ်စရာ လည်းမဟုတ်။ အဘတွေ လက်ထက်ကတည်း ခိုးပွဲဆိုတာ တပြည်လုံးခြိမ့်ခြိမ်သဲ့။
ခေတ်ကိုက ပညာမဲ့တွေ ကောင်းစားတဲ့ ခေတ်။
အခုရော..။ ဒီအတိုင်းပဲ …။ဘာမှ မထူးပါဘူး။
အဘခေတ်မှာ ခိုးခွင့်မရတဲ့ သူတွေ အမခေတ်မှာ ခိုးတာပဲ ကွာတယ်လေ။
အဲလို ပြောလို့ စိတ်ဆိုးသလား။ဆိုးလည်းမတတ်နိုင်ပေါင်..။
ဒါကြောင့်ပြောတာ မြန်မာနိုင်ငံကို ဒီမိုကရေစီနိုင်ငံတည်ထောင်တာဖြစ်မှ ဖြစ်ပါမလားပေါ့နော်။

တစ်ကယ်က ခေတ်မီ ဗရုတ်သုတ်ခနိုင်ငံတော် တည်ထောင်ရမှာ။ဒါမှ နတ်ဆိုးလည်း လုပ်ချင်ရာ လုပ်ရမှာ။ ပြည်သူတွေလည်း လုပ်ချင်ရာလုပ်ရမှာ။နောက်ဆို မလွယ်ဘူးလေ။
ဘယ်မင်း ဘယ်အစိုးရတက်လာမလဲမှ မသိတာ။ တော်ကြာ ချောက်ထဲ ကျဖို့ လက်တလုံးအလိုတို့ လက်မဝက်အလိုတို့ ဆိုပြီး လာကယ်သွားရင် နောက်ထပ်နှစ်တစ်ရာလောက် စမုန်တုံးဦးမှာ။
ဒါကြောင့် ခေတ်မီ ဗရုတ်သုတ်ခနိုင်ငံတော် တည်ထောင်သင့်တယ်။
ဒါမှ အမေစုလည်း အခုလို တစ်နိုင်ငံလုံးပတ်ပြီး တုတ်တစ်ချောင်းနဲ့ လိုက်ဆုံးမနေရတဲ့ ဒုက္ခလည်း လွတ်မှာလေ..။
ဗရုတ်သုတ်ခနိုင်ငံတော်က နတ်ဆိုးက တည်ထောင်ချင်တာ မဟုတ်ဘူးနော်..။ အမေစု ပင်ပမ်းနေတာမကြည်ရက်လို့ အကြံပေးတာ..။
ဟီးဟီး..နောက်တာ။ အတည်ပြောတာ..။
ဘာကြောင့်ဆို မြန်မာပြည်မှာက သူခိုးတွေ ပေါတယ်လေ..။

       နတ်ဆိုး 

(  Zawgyi  )

 ဘယ္သူက ေျပာခဲ့တာလဲ ..။စည္းကမ္းရွိတဲ့ ေခတ္မီ ဒီမိုကေရစီႏိုင္ငံတည္ေဆာက္မယ္ဆိုတာ..။ ဒါသက္သက္ ဖိန႔္ဖိန္လုပ္ၿပီး သမတာ။
‘သမ’ တယ္ဆိုတာ သိလား။
မဆလေခတ္က လူေတြဆို ‘သမ’ ဆိုတဲ့အဓိပါၸယ္ကို သိၿပီးသား။ ေျပာဖို႔ ကိုမလိုတာ။
တစ္ကယ္က စည္းမရွိ ကမ္းမရွိ ႏိုင္ငံေတာ္တည္ေဆာက္တာကိုပဲ ဒီတိုင္းျပည္ကသူေတြ လႊတ္သေဘာ က်တာ။
မႀကိဳက္ဘူးလားေျပာ..။ ဒီလိုသာဆို အေမစုလည္း ဒီေလာက္ပင္ပမ္းမွာလည္း မဟုတ္ဘူး။ ဟိုသြား ဒီသြာ စည္းကမ္းရွိဖို႔ ..မခိုးဖို႔ ေျပာေနရ ဆူေနရမွာမဟုတ္ဘူး။
ၿပီးေတာ့ တက္ညီလက္ညီဝုန္းသြားတဲ့ အဘေတြလည္း လူမုန္းမ်ားမွာ မဟုတ္ဘူး။

တစ္ကယ္က အဘေတြမွားတာ။ ဘယ္သူခြၽန္ေပးမွန္းမသိတဲ့ ဆလိုဂမ္ကို တပ္လိုက္ ကတည္းက အဘေတြရဲ႕ ေႂကြ…စႂကြေတာ့တာပဲ။
ဘာတဲ့ ေခတ္မီဒီမိုကေရစီႏိုင္ငံေတာ္သစ္တည္ေဆာက္ေရးဆိုသလား..။

ျဖစ္ႏိုင္ပါ့မလား..။ အလကားေကြၽးတဲ့ အလႉသြားစားတာေတာင္ ဖိနပ္မတဲ့ ေကာင္မ ၊ကြၽပ္ကြၽပ္အိတ္နဲ႔ ပါဆယ္ ဆြဲတဲ့လူေတြ မ်ားတဲ့ ႏိုင္ငံမွာ ဘယ္လိုလုပ္ ေခတ္မီဒီမိုကေရစီႏိုင္ငံျဖစ္မွာလည္း။
တစ္ကယ္လုပ္ရမွာက ေခတ္မီဗ႐ုတ္သုတ္ခႏိုင္ငံေတာ္ဆိုၿပီးလုပ္ရမွာ။ ဒါဆို ဘယ္သူက လာအျပစ္ ေျပာမွာလည္း ..။
ဘယ္သူက တစ္ခုခုျဖစ္တိုင္း အဲဒါ မင္းအဘေတြလက္ခ်က္ မင္းအဘေတြ လက္ခ်က္လို႔ ေျပာမွာလည္း။
ဒီအစား အကုန္လုံးမေရာင္းသြားတာ .. မေမြးေသးတဲ့ ကေလးေတြကို အက်င္စာရိတၱ မပ်က္စီးေသး တာကို ႀကံဖန္ေက်းဇူးတင္ေနၾကမွာ။
ဒါကို အမွတ္မရွိဘဲ အမေခတ္ထိ သုံးလိုေကာင္းေနတုန္း..။

အဲဒါ ကိုယ္ေသတြင္း ကိုယ္တူးတာ။
နတ္ဆိုးသာ ပါတီေထာင္ၾကည့္ပါလား၊ စည္ပင္ေနရာဝင္ေ႐ြးၾကည့္ပါလား ။
မဲအျပတ္အသတ္ကိုႏိုင္မွာ ။ဒါေပမယ့္ နတ္ဆိုးမလုပ္ပါဘူး။
မေသခင္ လူႀကီးတစ္ခါေလာက္ လုပ္ခ်င္ၾကတဲ့ လူေတြ၊ မေသခင္ ငါဘယ္သူဘယ္ဝါဆိုတာ သိေစခ်င္ၾကတဲ့ လူႀကီးေရာဂါထေနတဲ့ သူေတြကို သနားလို႔..။
နတ္ဆိုးမွာ မဲႏိုင္မယ့္ နည္းရွိတယ္ ယူမလား..။
ကဲ့..ပါတီေထာင္ၿပီး ႏိုင္ခ်င္တဲ့ သူေတြ ၊အခုစည္ပင္အမတ္လုပ္ခ်င္တဲ့ သူေတြ ..မွတ္မွတ္…။
 “လုပ္ခ်င္ရာလုပ္ရဖို႔ ငါ့ပါတီကို အားေပးစို႔”
“တိုင္းျပည္ဘ႑ာ ခြသုံးေရး ငါ့ပါတီကို ဝိုင္းအားေပး”
“ၿမိဳ႕လယ္ေခါင္ ႏိုက္ကလပ္ဖြင့္ေရး စည္ပင္အမတ္ --ကို တို႔အားေပး”
“က်ဴးခ်င္သည္ေနရာ က်ဴးလိုက္ပါ  -----အမတ္က အားေပးမွာ”
“ၿမိဳ႕ေတာ္တစ္ဝိုက္ ေဈးေရာင္းဖို႔ -------အမတ္ကို အားေပးစို႔”
ဒီလို ဆလိုဂမ္ေတြ၊ေဆာင္ပုဒ္ေတြ သုံးၾကည့္ ..။
မဲအျပတ္အသတ္ဘဲ။

ဒါေၾကာင့္ေျပာတာ ။ ႏိုင္ငံေရးသမားဆိုတာ အရွိတရားနဲ႔ ေဝးေလ က်ဆုံးေလဆိုတဲ့ အရက္သမားေတြ ေျပာသလိုေပါ့..။
ဆယ္စုႏွစ္ေတြ အမ်ားႀကီး တစ္ေယာက္တစ္လက္ တတ္အားသေ႐ႊ႕ ဉာဏ္ရွိသ ေလာက္ ဖ်က္လာတဲ့  ႏိုင္ငံကို ေလးငါးႏွစ္နဲ႔ ျပန္ျပင္မယ္ဆိုတာ ျဖစ္မွ မျဖစ္ႏိုင္တာ ။ ကေလးေမးရင္ေတာင္ သိတယ္။
တစ္ကယ္က အစကတည္းက ေခတ္မီဗ႐ုတ္သုတ္ခႏိုင္ငံေတာ္တည္ေဆာက္ေရးလိုသာ ဆလိုဂမ္ ထားၾကည့္ … တိုင္းျပည္ပ်က္လဲ ဘယ္သူက လာအျပစ္ေျပာမွာလည္း။
အျပစ္မေျပာတဲ့ အျပင္ ခ်ီးေတာင္ ခ်ီးမြမ္းေနမွာ။
ဒီလူေတြ ေျပာတဲ့ အတိုင္း လုပ္ျပႏိုင္တယ္ဆိုၿပီး သေဘာေတာင္က်ေနဦးမွာ။
ဒါေၾကာင့္ေျပာတာ..။ ေနာက္ေထာင္မယ့္ ပါတီေတြ ေက်ာ္ေျပာသလိုသာ ပါတီ ဆလိုဂမ္ေတြထားၾကည့္ ..။

တိုင္းျပည္ေကာင္းစားေရးေတြ ျပည္သူေကာင္းစားေရးေတြ ေျပာမေနပါနဲ႔ ..။ ဟုတ္တာလဲမဟုတ္ဘူး။ အခုလဲ ျပည္သူေတြကို ဘယ္လိုေန ဘယ္လိုထိုင္ပါဆိုၿပီး ကိုယ္ကိုယ္တိုင္ လုပ္ခ်င္လုပ္ ခ်မ္းသာေေနၾကတဲ့ ဥစၥာ …….မဟုတ္လား။
ခုလဲ …မဲဆြယ္မဟုတ္ဘဲ…. သူခိုးတာ ပိုမ်ားတယ္၊ ငါတို႔တုန္းက ဒီေလာက္ ခိုးတာ မဟုတ္ဘူးဆိုၿပီး တစ္ပါတီနဲ႔ တစ္ပါတီ ေသာက္တင္းတုပ္ေနတာ မဟုတ္လား ..။
ဘာေတြညာေတြ ေတြးမေနနဲ႔ မဲရဖို႔ အဓိကမဟုတ္လား ..။မဲလိုခ်င္ရင္  ျပည္သူေတြကို လုပ္ခ်င္သလို လုပ္၊ ေနခ်င္သလိုေနခြင့္ေပးမယ္လို ေျပာၿပီး မဲဆြယ္ၾကည့္။
လူေတြ ခင္ဗ်ားတို႔ ပါတီကို မဲပုံေအာေပးၾကမွာ..။
ဘာလဲ တိုင္းျပည္ ဝ႐ုန္းသုန္းကားျဖစ္မယ္ ဟုတ္လား။
အခုေကာ ၿမိဳ႕လယ္ေခါင္ေတာင္ လူသတ္မႈျဖစ္ေနတာ၊ သစ္ခိုးကားေတြ စိတ္ႂကြမူးယစ္ေဆးဝါး ကား ေတြ မိရင္ ပိုင္ရွင္ေတြ အလိုလို မရွိကုန္တာ၊ ရဲေတြေတာင္ အသတ္ခံေနရတာ၊ ဝန္ႀကီးခ်ဳပ္ဆိုသူေတာင္ လာဘ္ စားလို႔ ဖမ္းေနရတဲ့ ဥစၥာ …။
ဒီထက္ ပ်က္စရာ ရွိေသးလို႔ လား..။
ဘာလို႔ ျပည္သူေတြကို ငါးပါးသီလေစာင့္ဖို႔ မဲဆြယ္ေနမွာလဲ …။

    ကဲစဥ္းစားၾကည့္….။လူေတြက စည္းကမ္းရွိတာ ႀကိဳက္လားမႀကိဳက္လား။အမႈိက္ေတြ လႊတ္ပစ္ဖို႔ ထားရင္ေတာင္ ေဝဖန္တဲ့ လူေတြမ်ားတဲ့ ဥစၥာ ။
တကယ္ေတာ့ ေခတ္မီဒီမိုကေရစီႏိုင္ငံေတာ္ဆိုတာထက္ ေခတ္မီ လုပ္ခ်င္ရာလုပ္ႏိုင္ငံေတာ္ တည္ေဆာက္ရမွာ။
    မဟုတ္ဘူးလား..။
    လူႀကီးေတြ ေျပာသလိုေပါ့..။ ေဟာရင္းသာ ပ်ံလြန္ေတာ္မႈမယ္၊ကြၽတ္မယ့္သူေတြ မဟုတ္ဘူး ဆိုတာ..။ျမန္မာႏိုင္ငံဆိုတာ ဒီလို အစြဲႀကီးႏိုင္ငံ ။
    ဘယ္ေလာက္အစြဲႀကီးလဲ ဆိုတာ ၾကည့္..။
ဘုရားေဟာ ပိဋိကတ္သုံးပုံကို လိုတိုးပိုေလ်ာလုပ္ရင္သာ မေဝဖန္ရင္သာေနရမယ္ …စာအုပ္အစိမ္းကို ေတာ့ လာမထိနဲ႔ ေသသြားမယ္ ဆိုတဲ့ သူေတြကလည္း မနည္းမေနာ ..။    
ခိုးလို လက္ဆုပ္လက္ကိုင္မိလည္း သူမ်ားေပးထားလို႔ ခဏကိုင္ထားရပါဆိုၿပီး ေျဗာင္ျငင္းတဲ့ လူေတြရွိတဲ့ ႏိုင္ငံ။
ဒါေၾကာင့္ေျပာတာ ျမန္မာျပည္မွာ လူျဖစ္ဖို႔ဆို ေတာ္ေတာ္ေလး ထူမွ ၊ဒူမွ ျဖစ္ဖို႔လြယ္တာ..။  
    ဒီလို ေသာက္တလြဲေတြနဲ႔ မွ စားလို႔ ေသာက္လို႔ ေနလိုထိုင္လို႔ ေကာင္းတဲ့ ႏိုင္ငံ။ လူရာဝင္တဲ့ ႏိုင္ငံ။
ဒီႏိုင္ငံမွာ ခိုးတယ္ဆိုတာ ဂုဏ္ငယ္စရာ လည္းမဟုတ္။ အဘေတြ လက္ထက္ကတည္း ခိုးပြဲဆိုတာ တျပည္လုံးၿခိမ့္ၿခိမ္သဲ့။
ေခတ္ကိုက ပညာမဲ့ေတြ ေကာင္းစားတဲ့ ေခတ္။
အခုေရာ..။ ဒီအတိုင္းပဲ …။ဘာမွ မထူးပါဘူး။
အဘေခတ္မွာ ခိုးခြင့္မရတဲ့ သူေတြ အမေခတ္မွာ ခိုးတာပဲ ကြာတယ္ေလ။
အဲလို ေျပာလို႔ စိတ္ဆိုးသလား။ဆိုးလည္းမတတ္ႏိုင္ေပါင္..။
ဒါေၾကာင့္ေျပာတာ ျမန္မာႏိုင္ငံကို ဒီမိုကေရစီႏိုင္ငံတည္ေထာင္တာျဖစ္မွ ျဖစ္ပါမလားေပါ့ေနာ္။

တစ္ကယ္က ေခတ္မီ ဗ႐ုတ္သုတ္ခႏိုင္ငံေတာ္ တည္ေထာင္ရမွာ။ဒါမွ နတ္ဆိုးလည္း လုပ္ခ်င္ရာ လုပ္ရမွာ။ ျပည္သူေတြလည္း လုပ္ခ်င္ရာလုပ္ရမွာ။ေနာက္ဆို မလြယ္ဘူးေလ။
ဘယ္မင္း ဘယ္အစိုးရတက္လာမလဲမွ မသိတာ။ ေတာ္ၾကာ ေခ်ာက္ထဲ က်ဖို႔ လက္တလုံးအလိုတို႔ လက္မဝက္အလိုတို႔ ဆိုၿပီး လာကယ္သြားရင္ ေနာက္ထပ္ႏွစ္တစ္ရာေလာက္ စမုန္တုံးဦးမွာ။
ဒါေၾကာင့္ ေခတ္မီ ဗ႐ုတ္သုတ္ခႏိုင္ငံေတာ္ တည္ေထာင္သင့္တယ္။
ဒါမွ အေမစုလည္း အခုလို တစ္ႏိုင္ငံလုံးပတ္ၿပီး တုတ္တစ္ေခ်ာင္းနဲ႔ လိုက္ဆုံးမေနရတဲ့ ဒုကၡလည္း လြတ္မွာေလ..။
ဗ႐ုတ္သုတ္ခႏိုင္ငံေတာ္က နတ္ဆိုးက တည္ေထာင္ခ်င္တာ မဟုတ္ဘူးေနာ္..။ အေမစု ပင္ပမ္းေနတာမၾကည္ရက္လို႔ အႀကံေပးတာ..။
ဟီးဟီး..ေနာက္တာ။ အတည္ေျပာတာ..။
ဘာေၾကာင့္ဆို ျမန္မာျပည္မွာက သူခိုးေတြ ေပါတယ္ေလ..။

       နတ္ဆိုး