【 သရော်စာ 】“ ဆုတောင်းခြင်း..အနုပညာ”

【  သရော်စာ  】“ ဆုတောင်းခြင်း..အနုပညာ”

ခုတလော အပစ်အခတ်တွေ က ဟိုနားကြား ဒီနားကြားနဲ့..။ ကိုယ်ကိုကိုယ် အာဖဂန်များ ဆီးရီးယား များရောက်နေသလားပေါ့..။ စမ်းလည်းစမ်းကြည့်ရ..။ကိုယ်ရပ်နေတဲ့မြေလည်း ရှုကြည့်ရနဲ့..။

ထင်လည်း ထင်ချင်စရာ။ ဟိုနားဖြစ် ဒီနားဖြစ် ။ တော်သေးတာက ကိုယ်နေတဲ့ ရန်ကုန်နဲ့ဝေးနေလို့ .. ။ဒါလည်း သေချာသေးတာတော့ မဟုတ်…။ ဟိုက မလုပ်သေးတာလား ..ဇာတ်ညွှန်းထဲ မပါသေး လို့ လွတ်နေတာလား …လို့။ ကံကြမ္မာဇာတ်ညွှန်းပြောပါတယ်…။  စဉ်းစားကြည့်ရင် အဖြေကထွက်နေ တာပဲ။ မြန်မာဆိုတာ လက်ရုံးအားကိုးဆိုသလား..။

ဒါလည်း ဖြစ်နိုင်ခြေရှိတယ်။ တခြားမကြည့်နဲ့ ။ မြန်မာပြည်တဝန်း စစ်ကျန်လက်နက်ဆိုတာ ဘယ်က တူးတူး ရနေသလို..။ သေနတ်တွေ ဗုံးတွေ ဆိုတာ ကန်ဇွန်းဥတူးသလို ဟိုမှာတူးတွေလိုက် ဒီမှာ တူးတွေ့လိုက်နဲ့…။
ဟုတ်တယ်လေ…. ဘယ်သတင်းစာဖတ်ဖတ် တစ်ပတ်တစ်ပတ်မှာ တွေ့လိုက်တဲ့ လက်ပစ်ဗုံး အဟောင်း တွေ ကျည်ဆန်အဟောင်းတွေ လက်နက်အဟောင်းတွေ ..။  
စဉ်းတော့ စဉ်းစားစရာ…။
အဲဒီခေတ်က လူတွေ စစ်မတိုက်ဘဲ  လှလို့ သိမ်းဘဲ သိမ်းထားနေကြသလား ပေါ့..။    

ဒီလိုပြောတော့ သောက်ရွဲ့တိုက်တယ်ဖြစ်ဦးမည်။ ကိုယ်တွေ ပြောလဲ ပြောချင်စရာ.. တွေ့လိုက်ရင် တစ်ခုတစ်လေမဟုတ်.. အုံနဲ့ ကျင်းနဲ့။
    အခုကော ….။
တစ်လောက ဟိုတယ်တစ်ခုရဲ့ အရက်ဘားမှာ သေနတ်ကျန်ခဲ့တယ်လို့ ဆိုသလား..။
ဟိုဝန်ကြီးဟောင်းသားဆီကမိတာတွေလည်း အမိုက်စားတွေ..။
ခေတ်ကိုက အိုင်ဖုန်းထက် သေနတ်က ပိုပေါသလို ဖြစ်နေတာ..။
တစ်ခါတစ်လေကြတော့ ဒီလိုပေါနေတာ ကောင်းသလားပေါ့..။
တစ်ကယ်..။
ရွဲ့တာမဟုတ်ဘူး..စဉ်းစားကြည့်လေ..။
သေနတ်ကိုသာ ဖုန်းတွေ ဝယ်သလိုသာ ဝယ်ခွင့်ပေးကြည့် …ဘာပြောကောင်းမလဲ..။
နောင်ဆို တစ်ယောက်နဲ့တစ်ယောက် မကြည်တာနဲ့ ပစ်ကြခေတ်ကြ။

ရည်းစားလုရင်း အဝေမတည်ရင်လည်း  သေနတ်နဲ့ ရှင်းကြ..။ဆော်ကြ..။ ဆေးကြောင်ပြီး တစ်ဖွဲနဲ့ တစ်ဖွဲ့ ငြိကျရင်လည်း  သေနတ်နဲ့ ရှင်းကြ။  ထုကြနှက်ကြ..။
လာဘ်စားတာ အဝေမတည့်ရင် ..သေနတ်နဲ့ ရှင်းကြ။ စောက်ပုတ်တွေ ချကြ..။
ဖုံးထားတာဖော်ရင်လည်း သေနတ်နဲ့ရှင်းကြ..။အမြစ်လှန်ကျ..။
နှစ်ယောက်လုံးသေ …အေးရော ..ဟုတ်လား..။
ရဲလည်းသောက်လုပ်မရှုပ်တော့ဘူး။ တရားရုံးလည်း အမှုမများတော့ဘူး။
နောင်ဆို ဘယ်သူမှ အဖွဲ့အားကိုးနဲ့ အနိုင်ကျင့်ရဲတော့မှာ မဟုတ်ဘူး။
ကံကောင်းရင် အလုပ်အကိုင်အခွင့်အလမ်းတစ်ခုတောင် ပေါ်လာနိုင်တယ်။ ကြေးစားသေနတ် ပစ်သမားတို့၊ ဘာတို့..။
ဘာဖြစ်ဖြစ် နတ်ဆိုးကတော့ သဘောကျသည်။
အဲလိုကောင်တွေ  သေ ..အေးရောမဟုတ်လား..။

ဒါပေမယ့် သိပ်တော့ မမြှောက်ရဲ..။ သူတို့ဘာသာ ခွေးခွေးချင်းမကိုက်ချင်တာနဲ့ ကိုယ်တွေ ဘက် လှည့်ကိုက်ရင် မခက်လား…။
နတ်ဆိုးကတော့ ဘာပဲဖြစ်ဖြစ် ဆုဘဲတောင်းသည်။
တစ်ကိုယ်ကောင်းဆန်တယ်ပြောပြော ဘာပြောပြော ..။ သူများဘာဖြစ်ဖြစ် ကိုယ်ဘေး လွတ်ပါစေ လို့..။
ဟုတ်တယ်မဟုတ်လား..။ ကိုယ်အသက်ရှင်နေဖို့ က အရေးကြီးတယ်လေ…။ ရှင်နေမှ ပြောချင်တာပြော လုပ်ချင်တာလုပ်လို့မှာ…။
ဆုတောင်းတယ်ဆိုလို့ လွယ်တယ်လို့ ခင်ဗျားထင်နေသလား..။
ခင်ဗျားစဉ်းစားကြည့် ..။ တဒိုင်းဒိုင်း တဒက်ဒက်ဖြစ်နေချိန်မှာ တတ်သမျှ မှတ်သမျှ ရွတ်ပြီး ကိုယ်လွတ်ဖို့ ဆုတောင်းရတာ မလွယ်ဘူး။ တော်တော်ဉာဏ်ကောင်းမှ ..။
ပြီးတော့ ယုံကြည်မှုနဲ့လည်း ဆိုင်တယ်။
!.ဘာ …မယုံဘူးဟုတ်လားးးး
ဟဲ့ ..ဒီလောက်တစ်နိုင်ငံလုံးရေကြီးနေချိန်မှာ ငါတို့ရန်ကုန် ရေမြုပ်လားပြော…
အဲဒါဘာကြောင့်လည်း သိလား….။မိုးနည်းလို့ ..ဒီရေမတက်လို့ ဟုတ်လား..။
သယ်…။
င့ါတို့ မြို့တော်ဝန် ဉာဏ်ကောင်းပြီး ဆုတောင်းလိုက်လို့ကွ မှတ်ပလား။
ဘာများမှတ်သလဲ …လူမင်းဘုန်းကြီးနတ်မင်းမနေသာဆိုသလား။
ခုလည်း ကိုယ်တွေ ဆုတောင်းနေတာ … ။
ဘာအတွက်လည်း ဟုတ်လား..။
ငြိမ်းချမ်းရေးအတွက် လေ ။

တို့ အစိုးရတက်ကာစများ ငြိမ်းချမ်းရေးအတွက် ဘုရားပေါ်တက် ဆုတောင်းကြ၊ လမ်းလျှောက် ဆုတောင်းကြ၊ သီချင်းဆိုပြီး ဆုတောင်းကြနဲ့ ဆုတောင်းလိုက်ကြတာ …။
ဖျားတဲ့ သူက ဖျား၊အေးချမ်းအောင်ဆိုပြီး ရေသပ္ပါယ်ကြတာ ကျောက်ဆင်း တုတောင် အအေး ပတ်မတတ်.။

ဆုတောင်း ပြည်မပြည့်တော့မသိဘူး။ဒီလိုဆုတောင်းပြီးမှ  ငြိမ်းချမ်းရေးညီလာခံတောင် မလုပ်နိုင် တော့တဲ့ အထိ ..ချလိုက်ကြတာ တခြိမ်းခြိမ်း ။
ဒါကြောင့်ပြောတာ ဆုတောင်းတိုင်းရမယ်ဆို ကိုယ်တွေများ ဘာမှမလုပ်ဘဲ ထိုင်ဘဲဆုတောင်းနေမှာ  ဟိုလူကြီးသေပါစေ၊ ဟိုကောင်ကြီးသေပါစေ၊ ဒီလို ထိုင်ရာမထ ဆုတောင်းနေမှာ..။
တစ်ကယ်က သူတို့ ဆုမတောင်းတတ်လို့ … ။  စဉ်းစားကြည့်ရင် ဆုတောင်းတာမှားနေလို့  မငြိမ်းချမ်းတာ ။

တစ်ကယ်ဆုတောင်းရမှာက ဘုရာဆီမှာ မဟုတ်ဘူူး။
အဘတွေ ဆီကို ဆုတောင်းရမှာ။။
ဟုတ်တယ်လေ။ သူတို့ ဆီ ဆုတောင်းမှ ဆုတောင်းက ပြည့်မှာ…..။
ဘယ်အဘလဲ ဟုတ်လား..။
ဟိုအဘတွေလေ ဟိုအဘတွေ..။ဘိုးဘိုးအောင်တို့ ဘိုးမင်းခေါင်တို့…။
အဟီး… သူတို့က တိုင်းပြည်ကို စောင့်ရှောက်နေတာ မဟုတ်လား…။
                       
                                                နတ်ဆိုး

(  Zawgyi  )

 ခုတေလာ အပစ္အခတ္ေတြ က ဟိုနားၾကား ဒီနားၾကားနဲ႔..။ ကိုယ္ကိုကိုယ္ အာဖဂန္မ်ား ဆီးရီးယား မ်ားေရာက္ေနသလားေပါ့..။ စမ္းလည္းစမ္းၾကည့္ရ..။ကိုယ္ရပ္ေနတဲ့ေျမလည္း ရႈၾကည့္ရနဲ႔..။

ထင္လည္း ထင္ခ်င္စရာ။ ဟိုနားျဖစ္ ဒီနားျဖစ္ ။ ေတာ္ေသးတာက ကိုယ္ေနတဲ့ ရန္ကုန္နဲ႔ေဝးေနလို႔ .. ။ဒါလည္း ေသခ်ာေသးတာေတာ့ မဟုတ္…။ ဟိုက မလုပ္ေသးတာလား ..ဇာတ္ၫႊန္းထဲ မပါေသး လို႔ လြတ္ေနတာလား …လို႔။ ကံၾကမၼာဇာတ္ၫႊန္းေျပာပါတယ္…။  စဥ္းစားၾကည့္ရင္ အေျဖကထြက္ေန တာပဲ။ ျမန္မာဆိုတာ လက္႐ုံးအားကိုးဆိုသလား..။

ဒါလည္း ျဖစ္ႏိုင္ေျခရွိတယ္။ တျခားမၾကည့္နဲ႔ ။ ျမန္မာျပည္တဝန္း စစ္က်န္လက္နက္ဆိုတာ ဘယ္က တူးတူး ရေနသလို..။ ေသနတ္ေတြ ဗုံးေတြ ဆိုတာ ကန္ဇြန္းဥတူးသလို ဟိုမွာတူးေတြလိုက္ ဒီမွာ တူးေတြ႕လိုက္နဲ႔…။
ဟုတ္တယ္ေလ…. ဘယ္သတင္းစာဖတ္ဖတ္ တစ္ပတ္တစ္ပတ္မွာ ေတြ႕လိုက္တဲ့ လက္ပစ္ဗုံး အေဟာင္း ေတြ က်ည္ဆန္အေဟာင္းေတြ လက္နက္အေဟာင္းေတြ ..။  
စဥ္းေတာ့ စဥ္းစားစရာ…။
အဲဒီေခတ္က လူေတြ စစ္မတိုက္ဘဲ  လွလို႔ သိမ္းဘဲ သိမ္းထားေနၾကသလား ေပါ့..။    

ဒီလိုေျပာေတာ့ ေသာက္႐ြဲ႕တိုက္တယ္ျဖစ္ဦးမည္။ ကိုယ္ေတြ ေျပာလဲ ေျပာခ်င္စရာ.. ေတြ႕လိုက္ရင္ တစ္ခုတစ္ေလမဟုတ္.. အုံနဲ႔ က်င္းနဲ႔။
    အခုေကာ ….။
တစ္ေလာက ဟိုတယ္တစ္ခုရဲ႕ အရက္ဘားမွာ ေသနတ္က်န္ခဲ့တယ္လို႔ ဆိုသလား..။
ဟိုဝန္ႀကီးေဟာင္းသားဆီကမိတာေတြလည္း အမိုက္စားေတြ..။
ေခတ္ကိုက အိုင္ဖုန္းထက္ ေသနတ္က ပိုေပါသလို ျဖစ္ေနတာ..။
တစ္ခါတစ္ေလၾကေတာ့ ဒီလိုေပါေနတာ ေကာင္းသလားေပါ့..။
တစ္ကယ္..။
႐ြဲ႕တာမဟုတ္ဘူး..စဥ္းစားၾကည့္ေလ..။
ေသနတ္ကိုသာ ဖုန္းေတြ ဝယ္သလိုသာ ဝယ္ခြင့္ေပးၾကည့္ …ဘာေျပာေကာင္းမလဲ..။
ေနာင္ဆို တစ္ေယာက္နဲ႔တစ္ေယာက္ မၾကည္တာနဲ႔ ပစ္ၾကေခတ္ၾက။

ရည္းစားလုရင္း အေဝမတည္ရင္လည္း  ေသနတ္နဲ႔ ရွင္းၾက..။ေဆာ္ၾက..။ ေဆးေၾကာင္ၿပီး တစ္ဖြဲနဲ႔ တစ္ဖြဲ႕ ၿငိက်ရင္လည္း  ေသနတ္နဲ႔ ရွင္းၾက။  ထုၾကႏွက္ၾက..။
လာဘ္စားတာ အေဝမတည့္ရင္ ..ေသနတ္နဲ႔ ရွင္းၾက။ ေစာက္ပုတ္ေတြ ခ်ၾက..။
ဖုံးထားတာေဖာ္ရင္လည္း ေသနတ္နဲ႔ရွင္းၾက..။အျမစ္လွန္က်..။
ႏွစ္ေယာက္လုံးေသ …ေအးေရာ ..ဟုတ္လား..။
ရဲလည္းေသာက္လုပ္မရႈပ္ေတာ့ဘူး။ တရား႐ုံးလည္း အမႈမမ်ားေတာ့ဘူး။
ေနာင္ဆို ဘယ္သူမွ အဖြဲ႕အားကိုးနဲ႔ အႏိုင္က်င့္ရဲေတာ့မွာ မဟုတ္ဘူး။
ကံေကာင္းရင္ အလုပ္အကိုင္အခြင့္အလမ္းတစ္ခုေတာင္ ေပၚလာႏိုင္တယ္။ ေၾကးစားေသနတ္ ပစ္သမားတို႔၊ ဘာတို႔..။
ဘာျဖစ္ျဖစ္ နတ္ဆိုးကေတာ့ သေဘာက်သည္။
အဲလိုေကာင္ေတြ  ေသ ..ေအးေရာမဟုတ္လား..။

ဒါေပမယ့္ သိပ္ေတာ့ မေျမႇာက္ရဲ..။ သူတို႔ဘာသာ ေခြးေခြးခ်င္းမကိုက္ခ်င္တာနဲ႔ ကိုယ္ေတြ ဘက္ လွည့္ကိုက္ရင္ မခက္လား…။
နတ္ဆိုးကေတာ့ ဘာပဲျဖစ္ျဖစ္ ဆုဘဲေတာင္းသည္။
တစ္ကိုယ္ေကာင္းဆန္တယ္ေျပာေျပာ ဘာေျပာေျပာ ..။ သူမ်ားဘာျဖစ္ျဖစ္ ကိုယ္ေဘး လြတ္ပါေစ လို႔..။
ဟုတ္တယ္မဟုတ္လား..။ ကိုယ္အသက္ရွင္ေနဖို႔ က အေရးႀကီးတယ္ေလ…။ ရွင္ေနမွ ေျပာခ်င္တာေျပာ လုပ္ခ်င္တာလုပ္လို႔မွာ…။
ဆုေတာင္းတယ္ဆိုလို႔ လြယ္တယ္လို႔ ခင္ဗ်ားထင္ေနသလား..။
ခင္ဗ်ားစဥ္းစားၾကည့္ ..။ တဒိုင္းဒိုင္း တဒက္ဒက္ျဖစ္ေနခ်ိန္မွာ တတ္သမွ် မွတ္သမွ် ႐ြတ္ၿပီး ကိုယ္လြတ္ဖို႔ ဆုေတာင္းရတာ မလြယ္ဘူး။ ေတာ္ေတာ္ဉာဏ္ေကာင္းမွ ..။
ၿပီးေတာ့ ယုံၾကည္မႈနဲ႔လည္း ဆိုင္တယ္။
!.ဘာ …မယုံဘူးဟုတ္လားးးး
ဟဲ့ ..ဒီေလာက္တစ္ႏိုင္ငံလုံးေရႀကီးေနခ်ိန္မွာ ငါတို႔ရန္ကုန္ ေရျမဳပ္လားေျပာ…
အဲဒါဘာေၾကာင့္လည္း သိလား….။မိုးနည္းလို႔ ..ဒီေရမတက္လို႔ ဟုတ္လား..။
သယ္…။
င့ါတို႔ ၿမိဳ႕ေတာ္ဝန္ ဉာဏ္ေကာင္းၿပီး ဆုေတာင္းလိုက္လို႔ကြ မွတ္ပလား။
ဘာမ်ားမွတ္သလဲ …လူမင္းဘုန္းႀကီးနတ္မင္းမေနသာဆိုသလား။
ခုလည္း ကိုယ္ေတြ ဆုေတာင္းေနတာ … ။
ဘာအတြက္လည္း ဟုတ္လား..။
ၿငိမ္းခ်မ္းေရးအတြက္ ေလ ။

တို႔ အစိုးရတက္ကာစမ်ား ၿငိမ္းခ်မ္းေရးအတြက္ ဘုရားေပၚတက္ ဆုေတာင္းၾက၊ လမ္းေလွ်ာက္ ဆုေတာင္းၾက၊ သီခ်င္းဆိုၿပီး ဆုေတာင္းၾကနဲ႔ ဆုေတာင္းလိုက္ၾကတာ …။
ဖ်ားတဲ့ သူက ဖ်ား၊ေအးခ်မ္းေအာင္ဆိုၿပီး ေရသပၸါယ္ၾကတာ ေက်ာက္ဆင္း တုေတာင္ အေအး ပတ္မတတ္.။

ဆုေတာင္း ျပည္မျပည့္ေတာ့မသိဘူး။ဒီလိုဆုေတာင္းၿပီးမွ  ၿငိမ္းခ်မ္းေရးညီလာခံေတာင္ မလုပ္ႏိုင္ ေတာ့တဲ့ အထိ ..ခ်လိုက္ၾကတာ တၿခိမ္းၿခိမ္း ။
ဒါေၾကာင့္ေျပာတာ ဆုေတာင္းတိုင္းရမယ္ဆို ကိုယ္ေတြမ်ား ဘာမွမလုပ္ဘဲ ထိုင္ဘဲဆုေတာင္းေနမွာ  ဟိုလူႀကီးေသပါေစ၊ ဟိုေကာင္ႀကီးေသပါေစ၊ ဒီလို ထိုင္ရာမထ ဆုေတာင္းေနမွာ..။
တစ္ကယ္က သူတို႔ ဆုမေတာင္းတတ္လို႔ … ။  စဥ္းစားၾကည့္ရင္ ဆုေတာင္းတာမွားေနလို႔  မၿငိမ္းခ်မ္းတာ ။

တစ္ကယ္ဆုေတာင္းရမွာက ဘုရာဆီမွာ မဟုတ္ဘူူး။
အဘေတြ ဆီကို ဆုေတာင္းရမွာ။။
ဟုတ္တယ္ေလ။ သူတို႔ ဆီ ဆုေတာင္းမွ ဆုေတာင္းက ျပည့္မွာ…..။
ဘယ္အဘလဲ ဟုတ္လား..။
ဟိုအဘေတြေလ ဟိုအဘေတြ..။ဘိုးဘိုးေအာင္တို႔ ဘိုးမင္းေခါင္တို႔…။
အဟီး… သူတို႔က တိုင္းျပည္ကို ေစာင့္ေရွာက္ေနတာ မဟုတ္လား…။
                       
                                                နတ္ဆိုး