【 သရော်စာ 】“ ငဗစ် …ဂျင်းမိခြင်း”

【  သရော်စာ  】“ ငဗစ် …ဂျင်းမိခြင်း”

ငဗစ်ဘ၀ဆိုးလိုက်ပုံများ အရပ်ရပ်နေပြည်တော် ကြားလို့မှ မကောင်း …..။ ကပ်ရောဂါ ဗိုင်းရပ်ဘ၀ကနေ ဗမာပြည်ရောက်မှ ဂျင်းထည့်ခံလိုက်ရတယ်လို့…။

အဟုတ်တစ်ကယ်ပြောတာ ။မရယ်နဲ့..။ ငဗစ်ဆိုတာ နည်နည်ရရဗိုင်းရပ်မှ မဟုတ်တာ..။ အရပ်ရပ်လှည့် လက်သံပြောင်လာခဲ့တာ ..။ သတ်လို့မသေ၊ ဖျက်လို့မသေ။
တစ်လုံးဖျက်ရင် နှစ်လုံးဖြစ်တဲ့ ဘိုးဘိုးအောင်လို့ အစွမ်းရှိတဲ့ ကပ်ရောဂါ..။
ဘာတဲ့ ငပွတို့ လျောင်ကီးတို့တောင် သူကြောင့် ရန်တွေ ဖြစ် .. ထရမ့်နဲ့ အချင်းချင်းထသတ်တဲ့ ကောင် သတ်ကြနဲ့ .. အရပ်မနိုင် လူမနိုင်..။

အခုတောင် ကိုဗစ်လက်ချက်နဲ့ လူ လေးသန်းလောက်ကူးပြီး သေတာ လေးသိန်းဘက်ကူး တော့ မယ်…။ ဘာတဲ့ ငဗစ်ကိုနိုင်တဲ့ ဆေး ဟုတ်လား…အခုထိ ငပွတို့ စီလုပ်ကြီးတို့ ကြိုးစားနေရတုန်း။
ဒါဘဲလားဆိုတော့ ဒါဘဲတင်မဟုတ်..။ ငဗစ်က စွယ်စုံလေ…။ ငဗစ်သမလို့ နိုင်ငံတွေ အားလုံး ဧကစာရီ ကျင့် နေရပြီ။ စီးပွားရေးတောင် မသေရုံတမယ် ..။ ဒီလောက်ထိ ငဗစ်က မွှေတာ။
ဒီကြားထဲ ငဗစ်ဘယ်ကလာလဲဆိုပြီး ငြင်းကြခုံကျလို့ ကောင်းနေတုန်း..။
အခန့်မသင့်ရင် ကမ္ဘာစစ်တောင် ဖြစ်မယ့်အပေါက်…။

ဒီလို နာမည်တစ်လုံးနဲ့ ငဗစ်..။ ဒီတိုင်းပြည်ရောက်မှ ရပ်ထဲရွာထဲ  သဟောက်သဟမ်းလုပ်စားတဲ့ အုပ်ကြီး လောက်တောင် အဆင့်မရှိဖြစ်သွားတယ်..။
ဒါကြောင့်ပြောတာ ငဗစ်များ အဆင့်မရှိလိုက်ပုံများ…။
ငဗစ်က သူသာ ဘာကောင်မှန်းမသိတာ သူအစွမ်းကို အထင်သေးရင် စွရမ်းစိတ်ဆိုးတာ…။
 သူကို သာမန်ဗိုင်းရပ်ဆိုပြီး ပြောတဲ့ ဒေါ်နွယ်ထွန်းတိုင်းပြည်ဆိုကြည့်…..။ သူ့လက်ချက်နဲ ကူးတဲ့ သူသေတဲ့ သူမနည်းမနော…။

သူစရောက်တဲ့ စီလုပ်ကြီးတိုင်းပြည်ကတော့ စီးပွားရေးသမားတွေဆိုတော့ လည်တယ်လေ..။ ငဗစ် အလိုကျ  တစ်မြိုလုံး လော့ခ်ဒေါင်းချပေးလိုက်တယ်။ငဗစ်ကြိုက်တယ်လေ….။ငဗစ်က လူတွေလိုပဲ ဂါတာကို ကြိုက်တာ…။ သူကိုဂါတဲ့ စီလုပ်ဆီမှာ  နည်နည်းလောက်ပဲမွှေတယ်။
ဟော… သူလာမှန်းမသိလို့  ဘောကန်ကြတဲ့ မာဖီယားနဲ့ မူဆိုလီနီပြည်တွေမှာ ငဗစ်ရှက်ရမ်းရမ်း ပြီး ကူးစက်ပြလိုက်တာ မြင်မကောင်း ရှုမကောင်း…။

စီလုပ်နဲ့ ကပ်နေတဲ့ ကင်ချီတွေတောင် ငဗစ်ကို အစောပိုင်းက လိုင်းကြေးမပေး အဲလေ မဂါလို့ လူအတော်ပါသွားသေး..။ နောက်မှာ ကင်ချီတွေ  ဂရုစိုက်ပြမှ ငဗစ်က လျော့သွားတာ။
ဒီလောက်ထိ ငဗစ်က လူမဆန် အဲလေ ရောဂါမဆန်တာ။
ခုထိ ငဗစ်ကို ပြန်ကိုင်ဖို့ ဆေးရှာနေရတုန်း..။ ဘာတဲ့ ဒေါ်နွယ်ထွန်းတောင် ကွီနိုင်းတွေ မျိုလိုမျို၊ ဆို့လို ဆို့နဲ့….။

သောက်ကျိုးနဲ့ ငဗစ်။

ငဗစ်လာတာနဲ့ ကမ္ဘာလည်း ဘာမှ လုပ်မရ ကိုင်မရ၊ သွားမရလာမရ…။
    
မြန်မာပြည်ကလူတွေက စီလုပ်စီ ငဗစ်ရောက်ကတည်းက ဒီဘက်လာနိုးလာနိုးနဲ့ မျှော်နေတာ…။ ငဗစ်က ဟိုနေ့လာမလိုလုပ်လိုက်၊ ဒီနေ့လာမလိုလုပ်လိုက်..။

ဟိုဟာတွေနဲ့ဘဲ ပါလာတော့မလိုလို..။ဒီအဖွဲ့နဲ့ ပဲ ပါလာတော့မလိုလိုနဲ့
ဟို ဘာဖြစ်ဖြစ် ကာလုံခေါ်ဖို့ တောင်းတဲ့ အဖွဲ့လည်းမျှော်…။
ချောက်ထဲ ကျမယ်ဆိုတဲ့ အဖွဲ့ကလည်း မျှော်..။
ငဗစ်လာရင် ဆန္ဒပြမယ်ဆိုတဲ့ အမျိုးသမီးရေးရာ (အဲလေ)အမျိုးသားရေးရာတွေလည်းမျှော် ..။
ငဗစ် လာရင် ငဗစ်အကြောင်းပြပြီး စက်ရုံပိတ်ပြေးမယ် စီလုပ်လည်းမျှော်..၊ကင်ချီတွေလည်းမျှော်….။

ငဗစ်အကြောင်းပြု ဖောင်းထုမယ် တစ်ရာဖိုး သုံးပြားပါတီတွေလည်းမျှော်နဲ့ လည်ပင်းတွေကို ရှည်လို့…။
တချို့ဆို ငဗစ်လာရင် အစွမ်းပြဖို့ ကြိတ်ပြီးပြင်ရဆင်ရ..။ ဝယ်ရခြမ်းရနဲ့ …။မျှော်နေတဲ့ ငဗစ်ကလည်း လာကိုမလာ..။
ဒီတော့ မျှော်ဇောကြီးနဲ့ မောလို့..။
ငဗစ်ခမျာ အရပ်ရပ်နိုင်ငံတကာ သူကို မလိုလားသမျှ ဒီနိုင်ငံရောက်မှ သူကို မျှော်နေတဲ့ သူတွေနဲ့…စောင့်နေတဲ့သူတွေနဲ့…။
ငဗစ် မျက်ရည်ကျရလေပြီလေ…။ဒါဂါရုံတင်မကတော့ ကြွေတဲ့ အဆင်လေ…။ ဟုတ်တယ် လေ.. သူများနိုင်ငံမှာ ငဗစ်ကြောင့် ကုန်တိုက်တွေ စားသောက်ကုန်တွေ ပစ္စည်းပြတ်တဲ့ အထိ လုဝယ်ကြခြမ်းကျနဲ့..။

ဒီမှာ တွေပြီဆိုပြီး ဝယ်လိုက်…နောက်မဟုတ်တော့…ဟာ..ဟင်..စိတ်ပျက်လက်ပျက်…။
နောက်ဟိုမှာ ဒီမှာ ဆိုတာနဲ့ …ညနက်သန်းခေါင်ပြေးဝယ်ကျ..။ပြီးတော့မဟုတ်ပြန်..။ဒီတော့ နိုင်ငံတကာ နည်းတူ မဝယ်ရ မစုရမဆောင်းရဆိုတော့ စိတ်တွေ တိုကြ.။
ထုံးစံအတိုင်း နီပေါတွေ ဆဲသလို ငိုးမ အရင်အစိုးရ ဒင်းတို့ကြောင့် ကပ်ရောဂါတောင် ငါတို့ကို သောက် ဖက်မလုပ်တော့ဘူးဆိုပြီး ငိုဘဲ ငိုရမလိုလို။
ငဗစ်ကလည်း သူအကြံနဲ့ သူ..။
နောက်ဆုံးပိတ် အိတ်နဲ့သိမ်းမယ်အကြံနဲ့…..။
ပြီးတော့ သူကိုမထီလေးစားလုပ်နေတာ ငဗစ်ကြားတယ်လေ…။
အပေအတေ အာဖရိကမှာတောင် သူကိုကြောက်ပြီး ကိုယ်ကျင်ငယ် ကိုယ်ပြန်သောက်ရတဲ့ အထိ လက်စွမ်းထက်ခဲ့တာကို.. ..။

ဘာတဲ့ တမာရွက်တို့ပေးရင်ရတယ်ဆိုလား..။
ဘာတဲ့ ဆရာခိုနဲ့ ပွတ်လိုက်ရင် ရတယ်ဆိုလား..။
ဘာတဲ့ အရက်ဖြူနဲ့ ဆေးနီမှုန်လေးတွဲပေးရင် ရတယ်ဆိုလား..။
ဘာတဲ့ ကပ်ကြေးပေါ် ဖယောင်းတိုင်ထွန်းရင် ငဗစ်ကို ကျော်လို့ ခွလို့ရတယ်ဆိုလား..။
ငဗစ်ဒေါခွီးပြီလေ…။
ဒါပေမယ့် ဒီကလူတွေက နပ်တယ်လေ..။

ဒီတော့ ငဗစ်ကျေနပ်အောင် ငဗစ်ရောက်ပြီဆိုတာနဲ့ တစ်နိုင်ငံလုံးကိုက်ပြီး သတ်တော့မလိုလို ..။ ငဗစ်လက်ချက်နဲ့ မြိုဘဲ ပျက်မလိုလို… နေပေးလိုက်တယ်..။
စဉ်းစားကြည့် လူဦးရေ ၇ သန်းလောက်ရှိတဲ့ မြို့ကြီး ။ ရန်ကုန် လမ်းတွေပေါ်မှာ လူတွေ ဗြုန်းစားကြီး ပျောက်သွား..။ ဟိုဘက် ကြည့်လည်း လူမရှိ ..ဒီဘက်လည်း ကြည့်လည်း လူမရှိ..။ တစ်ယောက်နဲ့ တစ်ယောက်နဲ့ တွေ့ရင် အထိတ်ထိတ်အလန့်လန့်နဲ့.။
တစ်နိုင်ငံလုံးအထိတ်ထိတ်အလန့်လန့်….။
ဘယ်လောက် သရုပ်ဆောင်ကောင်းလဲ…။
၀ူး…ငဗစ်ကြွေပြီလေ…။

ငဗစ်က လူတွေ ဒီလိုကြောက်တာကို လိုချင်တာ…။ ဒီကကောင်တွေက ညီတယ်လေ။
ငြိမ်းချမ်းရေးရဖို့သာ ညှိလို့မရ..။ ဂျင်းထည့်ရမယ်ဆို ညှိစရာမလိုအောင် ညီကြတာ..။
နှစ်လလောက်ရှိတော့ ငဗစ် ဘာကောင်လဲ ဆိုတာ သိသွားပြီလေ..။ ဒီတော့ ငဗစ်..ဘာဖြစ်သွား လည်း..။

ကြည့်လေ..။ ရပ်ထဲ ရွာထဲ စျေးထဲလည်း အရင်လိုဘဲ..။ လဘက်ရည်ဆိုင်လည်း အရင်လိုဘဲ..။ ဘီယာဆိုင်လည်း အရင်လိုဘဲ …စျေးတောင် ပိုတောင်းလို့ ကောင်းသေး..။
ပိုတောင် ရောင်းလို့ကောင်းလာသေး..။  
ဒါကြောင့် ပြောတာ ရပ်ထဲ ရွာထဲ အုပ်ကြီးကို ပိုင်ရင် ငဗစ်လောက်တော့ ခေါက်ထားလို့ရပါတယ်ဆိုတာ..။
မြန်မာပြည်များ ဘာမှတ်လဲ ….။ ပြည်တွင်းစစ်တောင် ကမ္ဘာမှာ အရှည်ကြာဆုံးဘွဲ့ရထားတာ …။
မနေ့တနေ့ကမှ ပေါ်လာတဲ့ ငဗစ်….။
မြန်မာပြည်ရောက်မှ ရှေ့ဂျင်းရော နောက်ဂျင်းရော ၀ိုင်းထည့်လိုက်တာ.. လမ်းဘေးမှာ ခွေခွေလေး..။
ဘာတဲ့ ပါးစပ်ကလည်အော်နေသေး…။
Maskတပ်ကြပါခင်ဗျာ….. Maskတပ်ကြပါခင်ဗျာ…။

                                                                                          နတ်ဆိုး

(  Zawgyi  )

 ငဗစ္ဘ၀ဆိုးလိုက္ပုံမ်ား အရပ္ရပ္ေနျပည္ေတာ္ ၾကားလို႔မွ မေကာင္း …..။ ကပ္ေရာဂါ ဗိုင္းရပ္ဘ၀ကေန ဗမာျပည္ေရာက္မွ ဂ်င္းထည့္ခံလိုက္ရတယ္လို႔…။

အဟုတ္တစ္ကယ္ေျပာတာ ။မရယ္နဲ႔..။ ငဗစ္ဆိုတာ နည္နည္ရရဗိုင္းရပ္မွ မဟုတ္တာ..။ အရပ္ရပ္လွည့္ လက္သံေျပာင္လာခဲ့တာ ..။ သတ္လို႔မေသ၊ ဖ်က္လို႔မေသ။
တစ္လုံးဖ်က္ရင္ ႏွစ္လုံးျဖစ္တဲ့ ဘိုးဘိုးေအာင္လို႔ အစြမ္းရွိတဲ့ ကပ္ေရာဂါ..။
ဘာတဲ့ ငပြတို႔ ေလ်ာင္ကီးတို႔ေတာင္ သူေၾကာင့္ ရန္ေတြ ျဖစ္ .. ထရမ့္နဲ႔ အခ်င္းခ်င္းထသတ္တဲ့ ေကာင္ သတ္ၾကနဲ႔ .. အရပ္မႏိုင္ လူမႏိုင္..။

အခုေတာင္ ကိုဗစ္လက္ခ်က္နဲ႔ လူ ေလးသန္းေလာက္ကူးၿပီး ေသတာ ေလးသိန္းဘက္ကူး ေတာ့ မယ္…။ ဘာတဲ့ ငဗစ္ကိုႏိုင္တဲ့ ေဆး ဟုတ္လား…အခုထိ ငပြတို႔ စီလုပ္ႀကီးတို႔ ႀကိဳးစားေနရတုန္း။
ဒါဘဲလားဆိုေတာ့ ဒါဘဲတင္မဟုတ္..။ ငဗစ္က စြယ္စုံေလ…။ ငဗစ္သမလို႔ ႏိုင္ငံေတြ အားလုံး ဧကစာရီ က်င့္ ေနရၿပီ။ စီးပြားေရးေတာင္ မေသ႐ုံတမယ္ ..။ ဒီေလာက္ထိ ငဗစ္က ေမႊတာ။
ဒီၾကားထဲ ငဗစ္ဘယ္ကလာလဲဆိုၿပီး ျငင္းၾကခုံက်လို႔ ေကာင္းေနတုန္း..။
အခန႔္မသင့္ရင္ ကမာၻစစ္ေတာင္ ျဖစ္မယ့္အေပါက္…။

ဒီလို နာမည္တစ္လုံးနဲ႔ ငဗစ္..။ ဒီတိုင္းျပည္ေရာက္မွ ရပ္ထဲ႐ြာထဲ  သေဟာက္သဟမ္းလုပ္စားတဲ့ အုပ္ႀကီး ေလာက္ေတာင္ အဆင့္မရွိျဖစ္သြားတယ္..။
ဒါေၾကာင့္ေျပာတာ ငဗစ္မ်ား အဆင့္မရွိလိုက္ပုံမ်ား…။
ငဗစ္က သူသာ ဘာေကာင္မွန္းမသိတာ သူအစြမ္းကို အထင္ေသးရင္ စြရမ္းစိတ္ဆိုးတာ…။
 သူကို သာမန္ဗိုင္းရပ္ဆိုၿပီး ေျပာတဲ့ ေဒၚႏြယ္ထြန္းတိုင္းျပည္ဆိုၾကည့္…..။ သူ႔လက္ခ်က္နဲ ကူးတဲ့ သူေသတဲ့ သူမနည္းမေနာ…။

သူစေရာက္တဲ့ စီလုပ္ႀကီးတိုင္းျပည္ကေတာ့ စီးပြားေရးသမားေတြဆိုေတာ့ လည္တယ္ေလ..။ ငဗစ္ အလိုက်  တစ္ၿမိဳလုံး ေလာ့ခ္ေဒါင္းခ်ေပးလိုက္တယ္။ငဗစ္ႀကိဳက္တယ္ေလ….။ငဗစ္က လူေတြလိုပဲ ဂါတာကို ႀကိဳက္တာ…။ သူကိုဂါတဲ့ စီလုပ္ဆီမွာ  နည္နည္းေလာက္ပဲေမႊတယ္။
ေဟာ… သူလာမွန္းမသိလို႔  ေဘာကန္ၾကတဲ့ မာဖီယားနဲ႔ မူဆိုလီနီျပည္ေတြမွာ ငဗစ္ရွက္ရမ္းရမ္း ၿပီး ကူးစက္ျပလိုက္တာ ျမင္မေကာင္း ရႈမေကာင္း…။

စီလုပ္နဲ႔ ကပ္ေနတဲ့ ကင္ခ်ီေတြေတာင္ ငဗစ္ကို အေစာပိုင္းက လိုင္းေၾကးမေပး အဲေလ မဂါလို႔ လူအေတာ္ပါသြားေသး..။ ေနာက္မွာ ကင္ခ်ီေတြ  ဂ႐ုစိုက္ျပမွ ငဗစ္က ေလ်ာ့သြားတာ။
ဒီေလာက္ထိ ငဗစ္က လူမဆန္ အဲေလ ေရာဂါမဆန္တာ။
ခုထိ ငဗစ္ကို ျပန္ကိုင္ဖို႔ ေဆးရွာေနရတုန္း..။ ဘာတဲ့ ေဒၚႏြယ္ထြန္းေတာင္ ကြီႏိုင္းေတြ မ်ိဳလိုမ်ိဳ၊ ဆို႔လို ဆို႔နဲ႔….။

ေသာက္က်ိဳးနဲ႔ ငဗစ္။

ငဗစ္လာတာနဲ႔ ကမာၻလည္း ဘာမွ လုပ္မရ ကိုင္မရ၊ သြားမရလာမရ…။
    
ျမန္မာျပည္ကလူေတြက စီလုပ္စီ ငဗစ္ေရာက္ကတည္းက ဒီဘက္လာႏိုးလာႏိုးနဲ႔ ေမွ်ာ္ေနတာ…။ ငဗစ္က ဟိုေန႔လာမလိုလုပ္လိုက္၊ ဒီေန႔လာမလိုလုပ္လိုက္..။

ဟိုဟာေတြနဲ႔ဘဲ ပါလာေတာ့မလိုလို..။ဒီအဖြဲ႕နဲ႔ ပဲ ပါလာေတာ့မလိုလိုနဲ႔
ဟို ဘာျဖစ္ျဖစ္ ကာလုံေခၚဖို႔ ေတာင္းတဲ့ အဖြဲ႕လည္းေမွ်ာ္…။
ေခ်ာက္ထဲ က်မယ္ဆိုတဲ့ အဖြဲ႕ကလည္း ေမွ်ာ္..။
ငဗစ္လာရင္ ဆႏၵျပမယ္ဆိုတဲ့ အမ်ိဳးသမီးေရးရာ (အဲေလ)အမ်ိဳးသားေရးရာေတြလည္းေမွ်ာ္ ..။
ငဗစ္ လာရင္ ငဗစ္အေၾကာင္းျပၿပီး စက္႐ုံပိတ္ေျပးမယ္ စီလုပ္လည္းေမွ်ာ္..၊ကင္ခ်ီေတြလည္းေမွ်ာ္….။

ငဗစ္အေၾကာင္းျပဳ ေဖာင္းထုမယ္ တစ္ရာဖိုး သုံးျပားပါတီေတြလည္းေမွ်ာ္နဲ႔ လည္ပင္းေတြကို ရွည္လို႔…။
တခ်ိဳ႕ဆို ငဗစ္လာရင္ အစြမ္းျပဖို႔ ႀကိတ္ၿပီးျပင္ရဆင္ရ..။ ဝယ္ရျခမ္းရနဲ႔ …။ေမွ်ာ္ေနတဲ့ ငဗစ္ကလည္း လာကိုမလာ..။
ဒီေတာ့ ေမွ်ာ္ေဇာႀကီးနဲ႔ ေမာလို႔..။
ငဗစ္ခမ်ာ အရပ္ရပ္ႏိုင္ငံတကာ သူကို မလိုလားသမွ် ဒီႏိုင္ငံေရာက္မွ သူကို ေမွ်ာ္ေနတဲ့ သူေတြနဲ႔…ေစာင့္ေနတဲ့သူေတြနဲ႔…။
ငဗစ္ မ်က္ရည္က်ရေလၿပီေလ…။ဒါဂါ႐ုံတင္မကေတာ့ ေႂကြတဲ့ အဆင္ေလ…။ ဟုတ္တယ္ ေလ.. သူမ်ားႏိုင္ငံမွာ ငဗစ္ေၾကာင့္ ကုန္တိုက္ေတြ စားေသာက္ကုန္ေတြ ပစၥည္းျပတ္တဲ့ အထိ လုဝယ္ၾကျခမ္းက်နဲ႔..။

ဒီမွာ ေတြၿပီဆိုၿပီး ဝယ္လိုက္…ေနာက္မဟုတ္ေတာ့…ဟာ..ဟင္..စိတ္ပ်က္လက္ပ်က္…။
ေနာက္ဟိုမွာ ဒီမွာ ဆိုတာနဲ႔ …ညနက္သန္းေခါင္ေျပးဝယ္က်..။ၿပီးေတာ့မဟုတ္ျပန္..။ဒီေတာ့ ႏိုင္ငံတကာ နည္းတူ မဝယ္ရ မစုရမေဆာင္းရဆိုေတာ့ စိတ္ေတြ တိုၾက.။
ထုံးစံအတိုင္း နီေပါေတြ ဆဲသလို ငိုးမ အရင္အစိုးရ ဒင္းတို႔ေၾကာင့္ ကပ္ေရာဂါေတာင္ ငါတို႔ကို ေသာက္ ဖက္မလုပ္ေတာ့ဘူးဆိုၿပီး ငိုဘဲ ငိုရမလိုလို။
ငဗစ္ကလည္း သူအႀကံနဲ႔ သူ..။
ေနာက္ဆုံးပိတ္ အိတ္နဲ႔သိမ္းမယ္အႀကံနဲ႔…..။
ၿပီးေတာ့ သူကိုမထီေလးစားလုပ္ေနတာ ငဗစ္ၾကားတယ္ေလ…။
အေပအေတ အာဖရိကမွာေတာင္ သူကိုေၾကာက္ၿပီး ကိုယ္က်င္ငယ္ ကိုယ္ျပန္ေသာက္ရတဲ့ အထိ လက္စြမ္းထက္ခဲ့တာကို.. ..။

ဘာတဲ့ တမာ႐ြက္တို႔ေပးရင္ရတယ္ဆိုလား..။
ဘာတဲ့ ဆရာခိုနဲ႔ ပြတ္လိုက္ရင္ ရတယ္ဆိုလား..။
ဘာတဲ့ အရက္ျဖဴနဲ႔ ေဆးနီမႈန္ေလးတြဲေပးရင္ ရတယ္ဆိုလား..။
ဘာတဲ့ ကပ္ေၾကးေပၚ ဖေယာင္းတိုင္ထြန္းရင္ ငဗစ္ကို ေက်ာ္လို႔ ခြလို႔ရတယ္ဆိုလား..။
ငဗစ္ေဒါခြီးၿပီေလ…။
ဒါေပမယ့္ ဒီကလူေတြက နပ္တယ္ေလ..။

ဒီေတာ့ ငဗစ္ေက်နပ္ေအာင္ ငဗစ္ေရာက္ၿပီဆိုတာနဲ႔ တစ္ႏိုင္ငံလုံးကိုက္ၿပီး သတ္ေတာ့မလိုလို ..။ ငဗစ္လက္ခ်က္နဲ႔ ၿမိဳဘဲ ပ်က္မလိုလို… ေနေပးလိုက္တယ္..။
စဥ္းစားၾကည့္ လူဦးေရ ၇ သန္းေလာက္ရွိတဲ့ ၿမိဳ႕ႀကီး ။ ရန္ကုန္ လမ္းေတြေပၚမွာ လူေတြ ျဗဳန္းစားႀကီး ေပ်ာက္သြား..။ ဟိုဘက္ ၾကည့္လည္း လူမရွိ ..ဒီဘက္လည္း ၾကည့္လည္း လူမရွိ..။ တစ္ေယာက္နဲ႔ တစ္ေယာက္နဲ႔ ေတြ႕ရင္ အထိတ္ထိတ္အလန႔္လန႔္နဲ႔.။
တစ္ႏိုင္ငံလုံးအထိတ္ထိတ္အလန႔္လန႔္….။
ဘယ္ေလာက္ သ႐ုပ္ေဆာင္ေကာင္းလဲ…။
၀ူး…ငဗစ္ေႂကြၿပီေလ…။

ငဗစ္က လူေတြ ဒီလိုေၾကာက္တာကို လိုခ်င္တာ…။ ဒီကေကာင္ေတြက ညီတယ္ေလ။
ၿငိမ္းခ်မ္းေရးရဖို႔သာ ညႇိလို႔မရ..။ ဂ်င္းထည့္ရမယ္ဆို ညႇိစရာမလိုေအာင္ ညီၾကတာ..။
ႏွစ္လေလာက္ရွိေတာ့ ငဗစ္ ဘာေကာင္လဲ ဆိုတာ သိသြားၿပီေလ..။ ဒီေတာ့ ငဗစ္..ဘာျဖစ္သြား လည္း..။

ၾကည့္ေလ..။ ရပ္ထဲ ႐ြာထဲ ေစ်းထဲလည္း အရင္လိုဘဲ..။ လဘက္ရည္ဆိုင္လည္း အရင္လိုဘဲ..။ ဘီယာဆိုင္လည္း အရင္လိုဘဲ …ေစ်းေတာင္ ပိုေတာင္းလို႔ ေကာင္းေသး..။
ပိုေတာင္ ေရာင္းလို႔ေကာင္းလာေသး..။  
ဒါေၾကာင့္ ေျပာတာ ရပ္ထဲ ႐ြာထဲ အုပ္ႀကီးကို ပိုင္ရင္ ငဗစ္ေလာက္ေတာ့ ေခါက္ထားလို႔ရပါတယ္ဆိုတာ..။
ျမန္မာျပည္မ်ား ဘာမွတ္လဲ ….။ ျပည္တြင္းစစ္ေတာင္ ကမာၻမွာ အရွည္ၾကာဆုံးဘြဲ႕ရထားတာ …။
မေန႔တေန႔ကမွ ေပၚလာတဲ့ ငဗစ္….။
ျမန္မာျပည္ေရာက္မွ ေရွ႕ဂ်င္းေရာ ေနာက္ဂ်င္းေရာ ၀ိုင္းထည့္လိုက္တာ.. လမ္းေဘးမွာ ေခြေခြေလး..။
ဘာတဲ့ ပါးစပ္ကလည္ေအာ္ေနေသး…။
Maskတပ္ၾကပါခင္ဗ်ာ….. Maskတပ္ၾကပါခင္ဗ်ာ…။

                                                                                          နတ္ဆိုး