【 သရော်စာ 】“ ခါတော်မှီ စတန်းဝှစ်ချ်”

【  သရော်စာ 】“ ခါတော်မှီ စတန်းဝှစ်ချ်”

နတ်ဆိုးတို့က ဘယ်နေရာလည်တယ်ပဲပြောပြော ဒါကြတော့ နုံတယ်။ ဒါကြောင့် လည်း ဟိုမရောက် ဒီမရောက် …လူက ဖျက်မြင်းသာသာ ဖြစ်နေတာ။ အဟုတ်။ တစ်ကယ်ပြောတာ။
တချို့သူတွေဆို ဘယ်လောက်ပဲ အစိုးရကို ကန့်လန့်တိုက်တိုက် အချိန်တန်ရင် ဖောရှောလုပ်ပြီး  ရှေ့ကနေ ဟေးဟား အော်။

လူတွေက နေရာပေး…ဟေးဟေး..။
ဒီလို..ဒီလို..။
လည်တဲ့သူက စားစတမ်းဆိုတာ အမှန်ဘဲ။
နတ်ဆိုးတို့က ဒါမျိုးသာ ကိုယ်မလုပ်နိုင်တာ …လုပ်နိုင်တဲ့ သူဆို လွှတ်အားကျတာဗျ။
ဟုတ်တယ်လေ..။တစ်ချို့က ဒီလူတွေကို သာကူးလို့ …ခြံစည်းရိုးခွထိုင်တယ်လို …ဆိုကျတာ..။ ဘာဘဲပြောပြော ..ဒီလူတွေက နတ်ဆိုးတို့ထက် ဆရာကျတယ်ဗျ။
ဘယ်နေရာဆရာကျသလဲဆို မျက်နှာပြောင်တဲ့နေရာ။

မျက်နှာပြောင် မျက်နှာရှုးဖို့ဆိုတာ ငယ်ငယ်ကတည်းက စောက်ရှက်မရှိမှ ရမှာ။
ကိုယ်တွေက ငယ်ငယ်ကတည်းက စောက်ရှက်သည်းတာ။ ရှက်လို့ အခုထိရည်းစားမရတာကိုကြည့်..။  

ဒီလိုလူတွေကတော့ စောက်ရှက်မရှိတာ မျက်နှာပြောင်တာ လည်းမပြောနဲ့..။
  ငယ်ငယ်ကတည်းက ရည်းစားထားတာတောင် နှစ်ယောက်လောက် နိုင်နိုင်နင်းနင်းထားတာ..။
ဒါကြောင့်ပြောတာ ခြံစည်းရိုး ခွထိုင်တယ်ဆိုတာ လွယ်တာမှတ်လို့ …..။
နတ်ဆိုးတို့ လည်မလည် FA ဖြစ်နေတာကိုကြည့်….။
ရိုးတဲ့ အတဲ့သူမှန်သမျှ FA တွေချည်းဘဲ…။
ဒါ FA ဖြစ်တဲ့သူတွေ ဂုဏ်ယူရမယ်ကိစ္စ..။ဟုတ်တယ်လေ FA ဆိုတာ လူရိုးလေးတွေလေ..။

လူလိမ်မှန်သမျှကြည့် အားလုံး RS ချည်းဘဲ။သဘောက  ခြံစည်းရိုးခွထိုင်တဲ့ သူမှန်သမျှ ဖွန်ကြောင်၊တဏှာရှုးတွေချည်းဘဲ..။
လိမ်တာညာတာ ဗလောင်းဗလဲလုပ်တာ သူတို့က ငယ်ငယ်ကတည်းက လေ့ကျင်သားဝနေတာ။ ပိပိရိရိလိမ်တာ မိသွားလည်း အရှက်နည်းတယ်လေ..။  
ဒါကြောင့်ပြောတာ ဒီလိုစကေးဆိုတာ ရဖို့ လွယ်သား..။
ဒီလိုစကေးသာရှိ အခုဂန်ကျယ်နေတဲ့ တစ်မတ်သားရော မေမေသားရော အေးဆေးပေါင်းစားလို့ရတယ်..။ ကိုကြီး..ညီလေး…ပေါ့။
မျက်နှာပြောင်တော့ တိုက်ရတာပေါ့ …။

တစ်ကယ်က ခြံစည်းရိုးခွထိုင်တယ်ဆိုတာ လှိုင်းစီးနေတာဘဲ..။
ဘာလှိုင်းလဲဆို အာဏာလှိုင်း..။
ဒီလှိုင်းကစီးလို့ကောင်းတယ်…။ ငြိမ့်တယ်..။
လှိုင်းစီးသူတိုင်း ထောတယ်လေ..။
ဒါကြောင့် ဒီလှိုင်းစီးဖို့ လူတွေက လုယက်နေကြတာ။
အရင်တုန်းကဆို ကြေငြာတစ်ခုတောင်ရှိသေး..။
“ခေတ်မီသူတိုင်း ပင်လယ်ငါးစားကြသည့်” ဆိုတာလေ…။
“အခုဆို ခွထိုင်သူတိုင်း မေမေသားလုပ်နေကြပြီ” …။
ဒီလို ကြေငြာရမှာ..။

ဘာတဲ့ စတန်းဝှစ်ချ်မေမေ ဆိုလား…။
အလုအယက်ပေါ့…။
 ဒါပေမယ့်လည်း ဒီခေတ်က သိတဲ့အတိုင်း  မှင်မောင်းကောင်းကောင်းနဲ့ သူလိုလို ကိုယ်လိုလိုဆိုရင် ..သိလည်း သိဘူးလုပ်ပြစ်တာ..။
ဒီလူတွေ မှင်မောင်းကောင်းချက် ကိုယ်တွေတောင် မျက်စိတွေလည်လို့..။  လမ်းတွေပျောက်ချက်က အံ့မခန်းဘဲ..။

ဒါကြောင့်ပြောတာ တက်လမ်းဆိုတာ ရုပ်တည်တည်နဲ့ ဖြဲတတ် ဖားတတ်ရင် လမ်းကိုဖြူးလို…။
ဒီလိုဘဲ တက်လာရတာလေ..။ တက်လမ်းပြောပါတယ်..။
အရင်က ဘယ်လောက်ပဲ မေမေကိုဆဲဆဲ  ဂွင်ပေါ်တာနဲ့  ..”ငါမေမေကို ..မထိနက်ဆို ”..ရပြီ။
ခိုးထားသမျှ ..အဲလေ ..ဆိုးထားသမျှ ခွင့်လွှတ်တယ်..။
ဘာတဲ့ ပေါကားတွေ ဇာတ်သိမ်းအတိုင်းဘဲ …။
မျက်ရည်လေးကျ… ခွင့်လွှတ်ပါတယ်ပေါ့……။  ဒီလိုနဲ့ လုပ်ထားသမျှ   မေ့ပေးလိုက်ရော။
ကောင်း..အေးရော။

ဒါကြောင့် ပြောကြပါတယ်..ဒီခေတ်က လုပ်စားရတာ မလွယ်ဘူးဆိုသလား..။
စောက်ရှက်လေးနည်းရင်ပေါ့…။
ပြောရရင် ဂျင်းထည့်တယ်ပေါ့လေ..။
ခုခေတ်မှာ ဂျင်းထည့်ဖို့ ဆိုတာ မလွယ်ဘူး။
လည်ပါတယ်ဆိုတဲ့ စာဖတ်သူကြီးတပည့်တွေတောင် ဂျင်းအတောင့်လိုက်ထည့်ခံလိုက်ရတာ ဘာကြာသေးလဲ ။

ပြီးခဲ့တဲ့ ရွေးကောက်ပွဲတုန်းက မဲပေးမလားဆိုပြီး လမ်းတွေဖောက်၊ ဒံပေါက်တွေဝေ၊ ပိုက်ဆံတွေ ယူ၊ ခပ်တည်တည်နဲ့ အဲဒီပါတီရွာနာမည်တပ်ပြီး ဂျင်းထည့်တာ ဘာကြာလဲ တစ်ရက်ဘဲ။နောက်ရက် သူတို့ကြိုက်တာ သူတို့လုပ်ကြတာ။
ဂျင်းထည့်တာ အဲ့ဒီလို လူညီရင် ကမ္ဘာပတ်ပြီး လက်ညှိုးထိုး ရောင်း၊အဲလေ သံယံဇာတရောင်းတဲ့ သူတွေကိုတောင် ဂျင်းထည့်လို့ရတယ်။
ခုလဲ ဂျင်းတွေလာပြီလေ။
ဂျင်းမှ ဂျင်းအကြီးစား..။
ဘာလဲဆို
“ မေမေထိနဲ့ …” ဆိုလား..။

                                                                     နတ်ဆိုး

(  Zawgyi  )

 နတ္ဆိုးတို႔က ဘယ္ေနရာလည္တယ္ပဲေျပာေျပာ ဒါၾကေတာ့ ႏုံတယ္။ ဒါေၾကာင့္ လည္း ဟိုမေရာက္ ဒီမေရာက္ …လူက ဖ်က္ျမင္းသာသာ ျဖစ္ေနတာ။ အဟုတ္။ တစ္ကယ္ေျပာတာ။
တခ်ိဳ႕သူေတြဆို ဘယ္ေလာက္ပဲ အစိုးရကို ကန႔္လန႔္တိုက္တိုက္ အခ်ိန္တန္ရင္ ေဖာေရွာလုပ္ၿပီး  ေရွ႕ကေန ေဟးဟား ေအာ္။

လူေတြက ေနရာေပး…ေဟးေဟး..။
ဒီလို..ဒီလို..။
လည္တဲ့သူက စားစတမ္းဆိုတာ အမွန္ဘဲ။
နတ္ဆိုးတို႔က ဒါမ်ိဳးသာ ကိုယ္မလုပ္ႏိုင္တာ …လုပ္ႏိုင္တဲ့ သူဆို လႊတ္အားက်တာဗ်။
ဟုတ္တယ္ေလ..။တစ္ခ်ိဳ႕က ဒီလူေတြကို သာကူးလို႔ …ၿခံစည္း႐ိုးခြထိုင္တယ္လို …ဆိုက်တာ..။ ဘာဘဲေျပာေျပာ ..ဒီလူေတြက နတ္ဆိုးတို႔ထက္ ဆရာက်တယ္ဗ်။
ဘယ္ေနရာဆရာက်သလဲဆို မ်က္ႏွာေျပာင္တဲ့ေနရာ။

မ်က္ႏွာေျပာင္ မ်က္ႏွာရႈးဖို႔ဆိုတာ ငယ္ငယ္ကတည္းက ေစာက္ရွက္မရွိမွ ရမွာ။
ကိုယ္ေတြက ငယ္ငယ္ကတည္းက ေစာက္ရွက္သည္းတာ။ ရွက္လို႔ အခုထိရည္းစားမရတာကိုၾကည့္..။  

ဒီလိုလူေတြကေတာ့ ေစာက္ရွက္မရွိတာ မ်က္ႏွာေျပာင္တာ လည္းမေျပာနဲ႔..။
  ငယ္ငယ္ကတည္းက ရည္းစားထားတာေတာင္ ႏွစ္ေယာက္ေလာက္ ႏိုင္ႏိုင္နင္းနင္းထားတာ..။
ဒါေၾကာင့္ေျပာတာ ၿခံစည္း႐ိုး ခြထိုင္တယ္ဆိုတာ လြယ္တာမွတ္လို႔ …..။
နတ္ဆိုးတို႔ လည္မလည္ FA ျဖစ္ေနတာကိုၾကည့္….။
႐ိုးတဲ့ အတဲ့သူမွန္သမွ် FA ေတြခ်ည္းဘဲ…။
ဒါ FA ျဖစ္တဲ့သူေတြ ဂုဏ္ယူရမယ္ကိစၥ..။ဟုတ္တယ္ေလ FA ဆိုတာ လူ႐ိုးေလးေတြေလ..။

လူလိမ္မွန္သမွ်ၾကည့္ အားလုံး RS ခ်ည္းဘဲ။သေဘာက  ၿခံစည္း႐ိုးခြထိုင္တဲ့ သူမွန္သမွ် ဖြန္ေၾကာင္၊တဏွာရႈးေတြခ်ည္းဘဲ..။
လိမ္တာညာတာ ဗေလာင္းဗလဲလုပ္တာ သူတို႔က ငယ္ငယ္ကတည္းက ေလ့က်င္သားဝေနတာ။ ပိပိရိရိလိမ္တာ မိသြားလည္း အရွက္နည္းတယ္ေလ..။  
ဒါေၾကာင့္ေျပာတာ ဒီလိုစေကးဆိုတာ ရဖို႔ လြယ္သား..။
ဒီလိုစေကးသာရွိ အခုဂန္က်ယ္ေနတဲ့ တစ္မတ္သားေရာ ေမေမသားေရာ ေအးေဆးေပါင္းစားလို႔ရတယ္..။ ကိုႀကီး..ညီေလး…ေပါ့။
မ်က္ႏွာေျပာင္ေတာ့ တိုက္ရတာေပါ့ …။

တစ္ကယ္က ၿခံစည္း႐ိုးခြထိုင္တယ္ဆိုတာ လႈိင္းစီးေနတာဘဲ..။
ဘာလႈိင္းလဲဆို အာဏာလႈိင္း..။
ဒီလႈိင္းကစီးလို႔ေကာင္းတယ္…။ ၿငိမ့္တယ္..။
လႈိင္းစီးသူတိုင္း ေထာတယ္ေလ..။
ဒါေၾကာင့္ ဒီလႈိင္းစီးဖို႔ လူေတြက လုယက္ေနၾကတာ။
အရင္တုန္းကဆို ေၾကျငာတစ္ခုေတာင္ရွိေသး..။
“ေခတ္မီသူတိုင္း ပင္လယ္ငါးစားၾကသည့္” ဆိုတာေလ…။
“အခုဆို ခြထိုင္သူတိုင္း ေမေမသားလုပ္ေနၾကၿပီ” …။
ဒီလို ေၾကျငာရမွာ..။

ဘာတဲ့ စတန္းဝွစ္ခ်္ေမေမ ဆိုလား…။
အလုအယက္ေပါ့…။
 ဒါေပမယ့္လည္း ဒီေခတ္က သိတဲ့အတိုင္း  မွင္ေမာင္းေကာင္းေကာင္းနဲ႔ သူလိုလို ကိုယ္လိုလိုဆိုရင္ ..သိလည္း သိဘူးလုပ္ျပစ္တာ..။
ဒီလူေတြ မွင္ေမာင္းေကာင္းခ်က္ ကိုယ္ေတြေတာင္ မ်က္စိေတြလည္လို႔..။  လမ္းေတြေပ်ာက္ခ်က္က အံ့မခန္းဘဲ..။

ဒါေၾကာင့္ေျပာတာ တက္လမ္းဆိုတာ ႐ုပ္တည္တည္နဲ႔ ၿဖဲတတ္ ဖားတတ္ရင္ လမ္းကိုျဖဴးလို…။
ဒီလိုဘဲ တက္လာရတာေလ..။ တက္လမ္းေျပာပါတယ္..။
အရင္က ဘယ္ေလာက္ပဲ ေမေမကိုဆဲဆဲ  ဂြင္ေပၚတာနဲ႔  ..”ငါေမေမကို ..မထိနက္ဆို ”..ရၿပီ။
ခိုးထားသမွ် ..အဲေလ ..ဆိုးထားသမွ် ခြင့္လႊတ္တယ္..။
ဘာတဲ့ ေပါကားေတြ ဇာတ္သိမ္းအတိုင္းဘဲ …။
မ်က္ရည္ေလးက်… ခြင့္လႊတ္ပါတယ္ေပါ့……။  ဒီလိုနဲ႔ လုပ္ထားသမွ်   ေမ့ေပးလိုက္ေရာ။
ေကာင္း..ေအးေရာ။

ဒါေၾကာင့္ ေျပာၾကပါတယ္..ဒီေခတ္က လုပ္စားရတာ မလြယ္ဘူးဆိုသလား..။
ေစာက္ရွက္ေလးနည္းရင္ေပါ့…။
ေျပာရရင္ ဂ်င္းထည့္တယ္ေပါ့ေလ..။
ခုေခတ္မွာ ဂ်င္းထည့္ဖို႔ ဆိုတာ မလြယ္ဘူး။
လည္ပါတယ္ဆိုတဲ့ စာဖတ္သူႀကီးတပည့္ေတြေတာင္ ဂ်င္းအေတာင့္လိုက္ထည့္ခံလိုက္ရတာ ဘာၾကာေသးလဲ ။

ၿပီးခဲ့တဲ့ ေ႐ြးေကာက္ပြဲတုန္းက မဲေပးမလားဆိုၿပီး လမ္းေတြေဖာက္၊ ဒံေပါက္ေတြေဝ၊ ပိုက္ဆံေတြ ယူ၊ ခပ္တည္တည္နဲ႔ အဲဒီပါတီ႐ြာနာမည္တပ္ၿပီး ဂ်င္းထည့္တာ ဘာၾကာလဲ တစ္ရက္ဘဲ။ေနာက္ရက္ သူတို႔ႀကိဳက္တာ သူတို႔လုပ္ၾကတာ။
ဂ်င္းထည့္တာ အဲ့ဒီလို လူညီရင္ ကမာၻပတ္ၿပီး လက္ညႇိဳးထိုး ေရာင္း၊အဲေလ သံယံဇာတေရာင္းတဲ့ သူေတြကိုေတာင္ ဂ်င္းထည့္လို႔ရတယ္။
ခုလဲ ဂ်င္းေတြလာၿပီေလ။
ဂ်င္းမွ ဂ်င္းအႀကီးစား..။
ဘာလဲဆို
“ ေမေမထိနဲ႔ …” ဆိုလား..။

                                                                     နတ္ဆိုး