【 သရော်စာ 】လူကြီးလိမ္မာသင်တန်း

【   သရော်စာ  】လူကြီးလိမ္မာသင်တန်း

နွေရောက်ပြီ။
နွေရာက်ပြီဆိုသည်နှင့် လူကြီးတွေ ဒုက္ခများပြီ။မီးကြောက်ရ ကလေးပျောက်ကြောက်ရနှင့်။ အခုတော့ မီးက သိပ်မကြောက်ရ။ဘာလဲဆို လူတွေစည်းကမ်းရှိလို့ ထင်မည်။ တစ်ကယ်က ဒီလိုမဟုတ်။

မီးလောင်စရာအိမ် ရန်ကုန်မှာ အတော်နည်းသွားလို့ ဖြစ်သည်။ နွေရာသီရောက်တိုင်း ယခင်ကဆို လှိုင်တို့ သာကေတတို့ ကြည့်မြင်တိုင်တို့ ဆိုတာ ပုံမှန်လောင်လေ့ရှိသည်။တစ်ရာသီကို သုံးလေးငါးခါ။

    အဲဒီတုန်းက မီးဟေ့ဆို မေးမနေနှင့် ဒီလေးမြို့နယ်ထဲက တစ်ခုခုသာ။ ဒီလောက်ထိလောင် အား ကောင်းသည့် နေရာတွေ ဖြစ်သည်။
ဒီနေ့ခေတ်မှာလို့ မီးအလောင်နိုင်ဆုံးဆုပေးလျှင် ဒီနေရာတွေ ပထမ၊ ဒုတိယနေရာတွေ တန်းရနေမှာ သေချာသည်။

အခုတော့ ဒီနေရာတွေက တိုက်တွေ ဖြစ်ကုန်ပြီ။ ဒါ အဘတို့ ကျေးဇူး။ အဘတို့က ပြည်သူ လက်ချက် ဖြင့် တဲကနေ တိုက်ဖြစ်သွား ပြီ။မူလနေသူတွေမရှိတော့။
မူလနေသူတွေက လှိုင်သာယာ၊ရွှေပြည်သာ၊ဒဂုံတောင် စသည့်နေရာတွေကို ရောက်သွားပြီ။ သူတို့နှင့် အတူ မီးပါခေါ်သွားလားမသိ။ မြို့သစ်မှာ မီးတွေ ခဏခဏလောင်သည်။
သို့သော် မြို့ကွက်ကြဲသဖြင့် ယခင်ကလို များများမလောင်နိုင်တော့။ သုံးလေးငါးဆယ်အိမ်လောက် လောင်ပြီဆို တော်တော်များနေပြီ။ ယခင်ကလို ရပ်ကွက်ပြုတ် သည်အထိ လောင်သည့်မီးက ယနေ့ခေတ်မှာ ရှား လှသည်။ ဒါကြောင့် မီးဆို ဘယ်မှာ လောင်လောင် သိပ်မကြောက်ရ..။
ဒါတောင် ဟိုတလောက လှိုင်သာယာမီးက အိမ်ခြေအတော်လေးများသည်။များဆို ကျူးကျော် တွေဆို တော့ ခဏလေးမီးကူးလို့ ပင်။
ဒီတော့ မီးက ဘာဖြစ်ဖြစ်သိပ်မကြောက်ရတော့ တစ်ဖူဒုက္ခတော့ ငြိမ်းသည်။ သို့သော် မိဘတွေ စိုးရိမ်စရာ တစ်ခုတော့ ရှိသေးသည်။ ဒါက ကလေးပျောက်တာ..။

နတ်ဆိုးတို့ ငယ်ငယ်တုန်းကတော့ ကလေးပျောက်တာတွေ ခဏခဏ ကြားရသည်။ နတ်ဆိုးတို့လို တစ်နေကုန်တစ်နေခန်း ရပ်ကွက်ထဲ ကိုးကျင်းကိုးကျင်း လျှောက်ဆော့နေသည့် သူတွေ တစ်ခါမှ ပျောက် သည်မကြားရ။
နတ်ဆိုးတို့လို လမ်းပျော်ကလေးတွေကို ဘယ်ကလေးသူခိုးမှ မခိုးကြ။ ခိုးရင် ခိုးတဲ့ သူခိုး လည်း နောင်တ ရမည်။ ဘာကြောင့်ဆို နတ်ဆိုးတို့က အစားရော ကစားရော သောင်းကျန်းကြသူတွေ ဖြစ်သည်။  ဒါကြောင့် မခိုး တာလည်းဖြစ်မည်။ခိုးလည်း အော့ကြော့လန်တွေမို့ မကြာခင် ပြန်လွှတ် ရမည်ဖြစ်သည်။

နတ်ဆိုးတို့ငယ်ငယ်က ကစားစရာနေရာတော်တော်ပေါသည်။ဒီတော့ မိဘမျက်စိအောက်က လွတ်သည် နှင့်နတ်ဆိုးတို့ ပြေးကစားကြသည်။ မိဘတွေခမျာ နတ်ဆိုးတို့ကို လိုက်လိုက်ခေါ် ရသည်။ တစ်ခါတစ်လေ ကလေး တွေက ကစားချင်၊လူကြီးတွေက မကစားစေချင်နှင့်။ နတ်ဆိုးတို့မှာ ဟိုပုန်း သည်ပုန်း။ဒါကို ကလေးခဏခဏ ပျောက်တယ်ဆိုပြီး ရှာကြသလားမသိ။
ဒါတွေကို သိလို အဘတွေက မိဘတွေ သောက မဖြစ်အောင် ကလေးကစားကွင်းနေရာတွေကို ဘီယာ ဆိုင်တွေ စားသောက်ဆိုင်တွေ၊ရှော့ပင်းမော်လ်တွေ လုပ်လိုက်တာ ဖြစ်မည်။

 အဘတွေ ဘယ်လောက်ထိ မိဘတွေကို စာနာသလဲဆို ကလေးတွေ ကစားရန် နေရာလွတ်မကျန် သည့်အထိ။ နေရာလွတ်မှန်သမျှ ဆင်းကာနီး လက်ညှိုးထိုးရောင်းခဲ့သည်။
ဒီလို  အဘတွေ စေတနာကို လူတွေက မသိ။ အဘတွေကို တမျိုးထင်ရက်သည်။
ဒါလောက်လေးနဲ့ များ အဘတွေက လုပ်စရာလိုမလား ။ လူစုံသည်နှင့် အဘတွေ အလွဲ သုံးစားလုပ်သည် အဘတွေကပဲ ခိုးသည်ချည်းပဲ။ဘယ်လောက်ရိုင်းသလဲ။
အဘတွေ ဘာခိုးစရာလဲ။ အဘတွေက ရှေးဘုန်းရှေးကံရှိသည်။ ဆွေစဉ်မျိုးဆက်ချမ်းသာ လာသူတွေ ဖြစ်သည်။ အလကားနေရင်း ခဏခဏ ထီပေါက်သလို သိန်းထောင်သောင်းချီ ချမ်းသာနေသူတွေ ဖြစ်သည်။
ဒီလို ချမ်းသာတာနဲ့ ပြောစရာလား။

တစ်ကယ်က မိဘတွေ ဒုက္ခကို စာနာလို့၊ မိဘတွေ ပူပန်ရမှာစိုးလို၊မြေကွက်တွေ ဒီတိုင်းထားရင် အလ ကားဖြစ်မှာစိုးလို့ ကူညီတာဖြစ်သည်။
ဘယ်လောက် စေတနာကို စော်ကားသနည်း။
ယခုဆို အဘတွေကျေးဇူးကြောင့် မြို့ကြီးပြကြီးတွေမှာ မြေကွက်လွတ်တွေလည်းမရှိတော့ ။ဒီတော့ မြွေပါးကင်းပါးကလေးတွေ ထိမှာလည်း မစိုးရိမ်ရတော့။
မိဘတွေ ကလေးပျောက်မှာ မပူရတော့။ မီးရေးထင်းရေးလည်း  ကြောက်စရာမလိုတော့ ။  ကလေးတွေ နွေရာသီကစားဖို့ နေရာမရှိတော့ ဆရာဆရာမတွေလည်း ကျူရှင်ပိတ်ဖို့မလိုတော့။
ဘယ်လောက်ကောင်းသလဲ..။

အခုဆို ကလေးတွေလည်း နွေရာသီရောက်ရင် ကျူရှင်တက် ၊ ယဉ်ကျေးလိမ္မာသင်တန်းတက်နှင့် ..။  အားကို မအားရ..။ ခေတ်မီနိုင်ငံအတွက် အားရစရာကြီး။ကာယအားထက် ဉာဏအားကို ပိုအားကိုးလို့ရပြီ။
အဘတွေမှာ ကလေးတွေချည်း ဂရူစိုက်မိတော့ ယခု လူကြီးတွေ ကြောင် အပြစ်ပြောတာ ခံနေရပြီ။ ဒီလို လူကြီးတွေ အပြစ်ပြောခံရလေ..  အဘတွေ ဒေါသအမြောင်းမြောင်းထွက်လေ..။
အဘတွေခမျာ ဘာပဲလုပ်လုပ် လူတွေ အပြစ်ပြောကြသည်။
 အဘတွေ စိတ်ထိခိုက်သွားပြီ။ လူကြီးတွေအတွက် စီစဉ်ပေးဖို့  ပျက်ကွတ်ခဲ့သည်။ ဒါကြောင့် အခု အရာရာမှာ အနှိမ်ခံနေရပြီ။

ဒါကြောင့်အဘတွေ ၂၀၂၀မှာ မဲနိုင်မှ ဖြစ်မည် ။ မဲနိုင်ဖို့ ကြိုးစားရမည်။နိုင်အောင်လည်း လုပ်ရ မည်။
အဘတွေ မဲနိုင်ရင် လုပ်စရာ အများကြီးရှိသည်။
ဒီတစ်ခါမဲနိုင်ရင် လူကြီးတွေအတွက်သာလုပ်မည်။
ဖြစ်နိုင်လျှင် အားချင်းလုပ်ရမည်။
ဒီတစ်ခါအဘတွေ မဲနိုင်လျှင်  ဆင်းခါနီး အလကားနီးပါးပေးခဲ့သည်မြေကွက်တွေ ပြန်သိမ်းမည်။ အင်္ဂလိပ် စာဆရာတွေ ခေါ်မည်။ အင်္ဂလိပ်စာသင်တန်းတွေ ဖွင့်ရမည်။
မျိုးချစ်တွေ ဘာပြောပြော သစ္စာဖောက်တယ်ပြောပြော နောက်မှ နားလည်မည်။ အဘလူတိုင်း မျက်နှာဖြူစကား ကျွမ်းကျင်ရမည်။
ဒါမှ ဘယ်သူအကူအညီမှ တောင်းစရာမလိုဘဲ နေမည်။
နိုမို ဟိုလူအကူအညီတောင်း ..ဒီလူအကူအညီတောင်းနှင့် အဘတွေ သိက္ခာကျသည်။
နောက် လူကြီးလိမ္မာသင်တန်း ဖွင့်မည်။
ဒါမှ လူကို ဒူးနေရာမသိ တော်နေရာမသိလို့ ပြောခံရတာ မပြောသင့်တာတွေ ပြောလို့ လူမုန်းများတာ ပြင်ပေးနိုင်မည်။
ဒီသင်တန်းမှာ လူချစ်လူခင်များနည်းကို ထည့်သင့်ရမည်။ ဒါမှ လူစုံလို့ ရိုင်းမိရင်တောင် ခွက်လွှတ် အဲလေ ခွင့်လွှတ်ကြမည်။  
ဒါကြောင့် အဘတွေ ဒီတစ်ခါ ပက်ပက်စက်စက် နိုင်ဖို့ လိုသည်။
ဒီမိုတွေလည်း အဘတွေကို မဲပေးသင့်သည်။
ဘာကြောင့်ဆို အဘတွေမှသာ မိုက်ကြေးခွဲသူတွေကို လူကြီးလိမ္မာသင်တန်းပို့နိုင်မယ်သူတွေ မို့ ဖြစ်သည်။

                                                                                         နတ်ဆိုး

 

(   Zawgyi  )

 ေႏြေရာက္ၿပီ။
ေႏြရာက္ၿပီဆိုသည္ႏွင့္ လူႀကီးေတြ ဒုကၡမ်ားၿပီ။မီးေၾကာက္ရ ကေလးေပ်ာက္ေၾကာက္ရႏွင့္။ အခုေတာ့ မီးက သိပ္မေၾကာက္ရ။ဘာလဲဆို လူေတြစည္းကမ္းရွိလို႔ ထင္မည္။ တစ္ကယ္က ဒီလိုမဟုတ္။

မီးေလာင္စရာအိမ္ ရန္ကုန္မွာ အေတာ္နည္းသြားလို႔ ျဖစ္သည္။ ေႏြရာသီေရာက္တိုင္း ယခင္ကဆို လႈိင္တို႔ သာေကတတို႔ ၾကည့္ျမင္တိုင္တို႔ ဆိုတာ ပုံမွန္ေလာင္ေလ့ရွိသည္။တစ္ရာသီကို သုံးေလးငါးခါ။

    အဲဒီတုန္းက မီးေဟ့ဆို ေမးမေနႏွင့္ ဒီေလးၿမိဳ႕နယ္ထဲက တစ္ခုခုသာ။ ဒီေလာက္ထိေလာင္ အား ေကာင္းသည့္ ေနရာေတြ ျဖစ္သည္။
ဒီေန႔ေခတ္မွာလို႔ မီးအေလာင္ႏိုင္ဆုံးဆုေပးလွ်င္ ဒီေနရာေတြ ပထမ၊ ဒုတိယေနရာေတြ တန္းရေနမွာ ေသခ်ာသည္။

အခုေတာ့ ဒီေနရာေတြက တိုက္ေတြ ျဖစ္ကုန္ၿပီ။ ဒါ အဘတို႔ ေက်းဇူး။ အဘတို႔က ျပည္သူ လက္ခ်က္ ျဖင့္ တဲကေန တိုက္ျဖစ္သြား ၿပီ။မူလေနသူေတြမရွိေတာ့။
မူလေနသူေတြက လႈိင္သာယာ၊ေ႐ႊျပည္သာ၊ဒဂုံေတာင္ စသည့္ေနရာေတြကို ေရာက္သြားၿပီ။ သူတို႔ႏွင့္ အတူ မီးပါေခၚသြားလားမသိ။ ၿမိဳ႕သစ္မွာ မီးေတြ ခဏခဏေလာင္သည္။
သို႔ေသာ္ ၿမိဳ႕ကြက္ႀကဲသျဖင့္ ယခင္ကလို မ်ားမ်ားမေလာင္ႏိုင္ေတာ့။ သုံးေလးငါးဆယ္အိမ္ေလာက္ ေလာင္ၿပီဆို ေတာ္ေတာ္မ်ားေနၿပီ။ ယခင္ကလို ရပ္ကြက္ျပဳတ္ သည္အထိ ေလာင္သည့္မီးက ယေန႔ေခတ္မွာ ရွား လွသည္။ ဒါေၾကာင့္ မီးဆို ဘယ္မွာ ေလာင္ေလာင္ သိပ္မေၾကာက္ရ..။
ဒါေတာင္ ဟိုတေလာက လႈိင္သာယာမီးက အိမ္ေျခအေတာ္ေလးမ်ားသည္။မ်ားဆို က်ဴးေက်ာ္ ေတြဆို ေတာ့ ခဏေလးမီးကူးလို႔ ပင္။
ဒီေတာ့ မီးက ဘာျဖစ္ျဖစ္သိပ္မေၾကာက္ရေတာ့ တစ္ဖူဒုကၡေတာ့ ၿငိမ္းသည္။ သို႔ေသာ္ မိဘေတြ စိုးရိမ္စရာ တစ္ခုေတာ့ ရွိေသးသည္။ ဒါက ကေလးေပ်ာက္တာ..။

နတ္ဆိုးတို႔ ငယ္ငယ္တုန္းကေတာ့ ကေလးေပ်ာက္တာေတြ ခဏခဏ ၾကားရသည္။ နတ္ဆိုးတို႔လို တစ္ေနကုန္တစ္ေနခန္း ရပ္ကြက္ထဲ ကိုးက်င္းကိုးက်င္း ေလွ်ာက္ေဆာ့ေနသည့္ သူေတြ တစ္ခါမွ ေပ်ာက္ သည္မၾကားရ။
နတ္ဆိုးတို႔လို လမ္းေပ်ာ္ကေလးေတြကို ဘယ္ကေလးသူခိုးမွ မခိုးၾက။ ခိုးရင္ ခိုးတဲ့ သူခိုး လည္း ေနာင္တ ရမည္။ ဘာေၾကာင့္ဆို နတ္ဆိုးတို႔က အစားေရာ ကစားေရာ ေသာင္းက်န္းၾကသူေတြ ျဖစ္သည္။  ဒါေၾကာင့္ မခိုး တာလည္းျဖစ္မည္။ခိုးလည္း ေအာ့ေၾကာ့လန္ေတြမို႔ မၾကာခင္ ျပန္လႊတ္ ရမည္ျဖစ္သည္။

နတ္ဆိုးတို႔ငယ္ငယ္က ကစားစရာေနရာေတာ္ေတာ္ေပါသည္။ဒီေတာ့ မိဘမ်က္စိေအာက္က လြတ္သည္ ႏွင့္နတ္ဆိုးတို႔ ေျပးကစားၾကသည္။ မိဘေတြခမ်ာ နတ္ဆိုးတို႔ကို လိုက္လိုက္ေခၚ ရသည္။ တစ္ခါတစ္ေလ ကေလး ေတြက ကစားခ်င္၊လူႀကီးေတြက မကစားေစခ်င္ႏွင့္။ နတ္ဆိုးတို႔မွာ ဟိုပုန္း သည္ပုန္း။ဒါကို ကေလးခဏခဏ ေပ်ာက္တယ္ဆိုၿပီး ရွာၾကသလားမသိ။
ဒါေတြကို သိလို အဘေတြက မိဘေတြ ေသာက မျဖစ္ေအာင္ ကေလးကစားကြင္းေနရာေတြကို ဘီယာ ဆိုင္ေတြ စားေသာက္ဆိုင္ေတြ၊ေရွာ့ပင္းေမာ္လ္ေတြ လုပ္လိုက္တာ ျဖစ္မည္။

 အဘေတြ ဘယ္ေလာက္ထိ မိဘေတြကို စာနာသလဲဆို ကေလးေတြ ကစားရန္ ေနရာလြတ္မက်န္ သည့္အထိ။ ေနရာလြတ္မွန္သမွ် ဆင္းကာနီး လက္ညႇိဳးထိုးေရာင္းခဲ့သည္။
ဒီလို  အဘေတြ ေစတနာကို လူေတြက မသိ။ အဘေတြကို တမ်ိဳးထင္ရက္သည္။
ဒါေလာက္ေလးနဲ႔ မ်ား အဘေတြက လုပ္စရာလိုမလား ။ လူစုံသည္ႏွင့္ အဘေတြ အလြဲ သုံးစားလုပ္သည္ အဘေတြကပဲ ခိုးသည္ခ်ည္းပဲ။ဘယ္ေလာက္႐ိုင္းသလဲ။
အဘေတြ ဘာခိုးစရာလဲ။ အဘေတြက ေရွးဘုန္းေရွးကံရွိသည္။ ေဆြစဥ္မ်ိဳးဆက္ခ်မ္းသာ လာသူေတြ ျဖစ္သည္။ အလကားေနရင္း ခဏခဏ ထီေပါက္သလို သိန္းေထာင္ေသာင္းခ်ီ ခ်မ္းသာေနသူေတြ ျဖစ္သည္။
ဒီလို ခ်မ္းသာတာနဲ႔ ေျပာစရာလား။

တစ္ကယ္က မိဘေတြ ဒုကၡကို စာနာလို႔၊ မိဘေတြ ပူပန္ရမွာစိုးလို၊ေျမကြက္ေတြ ဒီတိုင္းထားရင္ အလ ကားျဖစ္မွာစိုးလို႔ ကူညီတာျဖစ္သည္။
ဘယ္ေလာက္ ေစတနာကို ေစာ္ကားသနည္း။
ယခုဆို အဘေတြေက်းဇူးေၾကာင့္ ၿမိဳ႕ႀကီးျပႀကီးေတြမွာ ေျမကြက္လြတ္ေတြလည္းမရွိေတာ့ ။ဒီေတာ့ ေႁမြပါးကင္းပါးကေလးေတြ ထိမွာလည္း မစိုးရိမ္ရေတာ့။
မိဘေတြ ကေလးေပ်ာက္မွာ မပူရေတာ့။ မီးေရးထင္းေရးလည္း  ေၾကာက္စရာမလိုေတာ့ ။  ကေလးေတြ ေႏြရာသီကစားဖို႔ ေနရာမရွိေတာ့ ဆရာဆရာမေတြလည္း က်ဴရွင္ပိတ္ဖို႔မလိုေတာ့။
ဘယ္ေလာက္ေကာင္းသလဲ..။

အခုဆို ကေလးေတြလည္း ေႏြရာသီေရာက္ရင္ က်ဴရွင္တက္ ၊ ယဥ္ေက်းလိမၼာသင္တန္းတက္ႏွင့္ ..။  အားကို မအားရ..။ ေခတ္မီႏိုင္ငံအတြက္ အားရစရာႀကီး။ကာယအားထက္ ဉာဏအားကို ပိုအားကိုးလို႔ရၿပီ။
အဘေတြမွာ ကေလးေတြခ်ည္း ဂ႐ူစိုက္မိေတာ့ ယခု လူႀကီးေတြ ေၾကာင္ အျပစ္ေျပာတာ ခံေနရၿပီ။ ဒီလို လူႀကီးေတြ အျပစ္ေျပာခံရေလ..  အဘေတြ ေဒါသအေျမာင္းေျမာင္းထြက္ေလ..။
အဘေတြခမ်ာ ဘာပဲလုပ္လုပ္ လူေတြ အျပစ္ေျပာၾကသည္။
 အဘေတြ စိတ္ထိခိုက္သြားၿပီ။ လူႀကီးေတြအတြက္ စီစဥ္ေပးဖို႔  ပ်က္ကြတ္ခဲ့သည္။ ဒါေၾကာင့္ အခု အရာရာမွာ အႏွိမ္ခံေနရၿပီ။

ဒါေၾကာင့္အဘေတြ ၂၀၂၀မွာ မဲႏိုင္မွ ျဖစ္မည္ ။ မဲႏိုင္ဖို႔ ႀကိဳးစားရမည္။ႏိုင္ေအာင္လည္း လုပ္ရ မည္။
အဘေတြ မဲႏိုင္ရင္ လုပ္စရာ အမ်ားႀကီးရွိသည္။
ဒီတစ္ခါမဲႏိုင္ရင္ လူႀကီးေတြအတြက္သာလုပ္မည္။
ျဖစ္ႏိုင္လွ်င္ အားခ်င္းလုပ္ရမည္။
ဒီတစ္ခါအဘေတြ မဲႏိုင္လွ်င္  ဆင္းခါနီး အလကားနီးပါးေပးခဲ့သည္ေျမကြက္ေတြ ျပန္သိမ္းမည္။ အဂၤလိပ္ စာဆရာေတြ ေခၚမည္။ အဂၤလိပ္စာသင္တန္းေတြ ဖြင့္ရမည္။
မ်ိဳးခ်စ္ေတြ ဘာေျပာေျပာ သစၥာေဖာက္တယ္ေျပာေျပာ ေနာက္မွ နားလည္မည္။ အဘလူတိုင္း မ်က္ႏွာျဖဴစကား ကြၽမ္းက်င္ရမည္။
ဒါမွ ဘယ္သူအကူအညီမွ ေတာင္းစရာမလိုဘဲ ေနမည္။
ႏိုမို ဟိုလူအကူအညီေတာင္း ..ဒီလူအကူအညီေတာင္းႏွင့္ အဘေတြ သိကၡာက်သည္။
ေနာက္ လူႀကီးလိမၼာသင္တန္း ဖြင့္မည္။
ဒါမွ လူကို ဒူးေနရာမသိ ေတာ္ေနရာမသိလို႔ ေျပာခံရတာ မေျပာသင့္တာေတြ ေျပာလို႔ လူမုန္းမ်ားတာ ျပင္ေပးႏိုင္မည္။
ဒီသင္တန္းမွာ လူခ်စ္လူခင္မ်ားနည္းကို ထည့္သင့္ရမည္။ ဒါမွ လူစုံလို႔ ႐ိုင္းမိရင္ေတာင္ ခြက္လႊတ္ အဲေလ ခြင့္လႊတ္ၾကမည္။  
ဒါေၾကာင့္ အဘေတြ ဒီတစ္ခါ ပက္ပက္စက္စက္ ႏိုင္ဖို႔ လိုသည္။
ဒီမိုေတြလည္း အဘေတြကို မဲေပးသင့္သည္။
ဘာေၾကာင့္ဆို အဘေတြမွသာ မိုက္ေၾကးခြဲသူေတြကို လူႀကီးလိမၼာသင္တန္းပို႔ႏိုင္မယ္သူေတြ မို႔ ျဖစ္သည္။

                                                                                         နတ္ဆိုး