“ ပျော်စရာကောင်းတဲ့ မြို့ထဲ ငါ့ကိုမထားခဲ့နဲ့”

“ ပျော်စရာကောင်းတဲ့ မြို့ထဲ ငါ့ကိုမထားခဲ့နဲ့”

ပျော်စရာကောင်းတဲ့ မြို့ကြီးဖြစ်လာပြီတဲ့…..။ဇာတ်လမ်းက အဲဒီက စတာပဲ။ တစ်ကယ် စဉ်းစား ကြည့်တော့ ဟုတ်တော့ ဟုတ်သား..။

မြန်မာပြည်မှာ ရန်ကုန်လောက်ပျော်စရာကောင်းတဲ့ မြို့ဘယ်မှာ ရှိသလဲ…ပြောကြည့်လေ..။ ဒါကြောင့် ပြောတာ…ရန်ကုန်ဆိုတာ ပျော်စရာကောင်းပါတယ်လို့။

နတ်ဆိုးတို့ ဘယ်မှ မရောက်ဘူးပါဘူး။ဒါပေမယ့် အရင်ခေတ်က လူစုလူဝေးထဲပါလို့ နံပါတ်တုတ် အဖျားထိလို့ နူတ်ခမ်းလေးတော့ ကွဲပြီး နုတ်ရတော့မယ့် သွားလေး ကျိုးပြီး တစ်ပတ်လောက် ဆန်ပြုတ် သောက်ခဲ့ရတာ..။

အဲ့ဒီကတည်းက ဒီမြို့ကို နတ်ဆိုးတို့က…..ကြွေတာ။

အခုလည်း စဉ်းစားကြည့်။အနောက်နိုင်ငံတွေမှာတောင် မရနိုင်တဲ့ စွန့်စားခန်းလိုချင်လား..။

ညဘက်လမ်းပေါ်တက်  တက္ကစီသမား ကိုကို၊ညီညီတွေကို ညီလေး တွေကို လိုက်ပို့ခိုင်း…။

ကားပေါ်တက်ကတည်းက ရင်ထိတ်နေရတာ..။ ကိုယ့်ပုံက မအူမလည်ဆို တက္ကစီသမားက  ချောင်ကျကျခေါ်ပြီး လုတာ သတ်တာတွေ ကံကောင်းရင် ကြုံရဦးမည်။

ကဲ ……ဘယ်လောက်ပျော်စရာကောင်းလဲ..။ ရင်ခုန်စွန့်စားချင်စရာကောင်းလည်း..။

အဝိုင်းလေးတွေ အေးအေးလေးတွေ ကစ်ချင်လား..။လာထား ..သိပ်ခပ်ဝေးဝေးသွားစရာမလို ။ ကိုယ် အိမ်နားက ကွမ်းယာဆိုင်မှာ ညီလေးရေ ဆိုတာနဲ့ အေးဆေး..။

တစ်ခါတစ်လေ “အစ်ကိုရပြီ။အရင်ဈေးမဟုတ်ဘူး…နည်းနည်းတက်သွားပြီ “ ဒီလို အဆင်မပြေတာ လေးတော့ ရှိမည်။

ဒါမှမဟုတ် ပုံမှန်လေးလား..နေ့တိုင်း တက္ကစီနဲ့ ပတ်ခေါ်တဲ့ သူတွေလည်း ရှိသေးသည်။ ဘယ် လောက်မိုက်လဲ…။

စနေတနင်္ဂနွေ အားလပ်ရက် ပျော်ချင်လား ပါးချင်လား စတိတ်ရှိုးတွေသွား…၊ကန်တော်ကြီးထဲ သွား ။ ကလပ်တွေကိုသွား..။

တစ်ခုတော့ ရှိသည်..။

အရက်ဘီယာ သောက်မယ့်ဇိုးသမားတွေ အဲ့ဒီနေရာကိုတော့ ရှောင်..။

ဘီယာအသောက်များလို့  အဲ့ဒီနေရာတွေက အိမ်သာကို သွားမယ် မကြံနဲ့ ။ အိမ်သာအဝင်ဝမှာသာ မူးယစ်ဆေးဝါးသုံးခွင့်မပြုပါရေးထားတာ …အထဲမှာ အဝိုင်းသမားတွေ နိဗ္ဗာန်မျက်မှောက်ပြုနေလို့ သေအောင် စောင့်ရဖို့သာ ကျန်တော့ ..။  

ဒါကြောင့် ပြောတာ ။ဒီလောက်သာယာတဲ့ ကမ္ဘာကြီးထဲ ။ရန်ကုန်များ… နေစရာမကောင်းဘူးလို့ ပြောသေး …။

တစ်ကယ်ဆို ရန်ကုန်က နေစရာမကောင်းတာမဟုတ် …။နေမကောင်းတာ..။ လူတွေစိတ်က မကောင်းကြတာ..။

စိတ်မကောင်း ဆိုလို့ ဟိုတစ်လောက ကြားလိုက်ရတာရှိသေး..။အင်းစိန်ဆိုလား ဘာဆိုလား..။ သူခိုးမိလို့ ဝိုင်းဖမ်းပြီး ချုပ်ထားတာ ညဘက်အနေခက်မှာ ဆိုးလို့ လက်ထိပ်ကို စားပွဲနဲ့တွဲခတ်ပေးလိုက်တယ် ဆိုလား။မိုးလင်းတော့ သူခိုးလည်းပျောက် ရဲကိုကိုလည်း ဖုန်းပါ ထပ်ပျောက်ဆိုသဘဲ။

ဒါကြည့် ရဲက စိတ်ထားကောင်းတော့ လူဆိုးသူခိုးက စိတ်ထားမကောင်းတာမျိုး….။

လူတွေကတော့ သူခိုးကို  ဒီလို မလုပ်သင့်ဘူးပေါ့လေ ….ပြောကြတာ ပြောကြတာ…...။

ခက်တာက သူခိုးလေ။

သူခိုးဘဲ ..သူခိုးအလုပ် သူခိုးလုပ်မှာပေါ့။ရဲကော ဝန်ကြီး ဝန်လေးရော ဘာကောင် ညာကောင်ရော သူအထာထားလို့ ရပါ့မလား။အထာထားရင် ငတ်မှာပေါ့…။

သူက ခိုးဘဲ ခိုးတတ်တာ..။ ရသလောက် ခိုးမှာပေါ့ …...။

လူတွေကလည်း ခက်တယ်..။သူခိုးဖြစ်လို  လမ်းကြုံလို ရဲဖုန်းလေးတစ်လုံးလောက် မသွားတာ ပြောလို့ကို မဆုံးဘူး။လူတွေလူတွေ..။

‘မ’ တယ်ဆိုလို့ ဒီအစိုးရတက်တော့ လမ်းကြုံလို့ ရာထူးကအဆင်းမှာ မြက်တွေကအစ နူတ်သွားကြ တာ၊ အိမ်သာဘိုထိုင်တွေ ဖြုတ်သွားကြတာ၊ ပန်ကာတွေ ဖြုတ်သွားကြတာ ပြန်သတိရသေး…။

သူတို့လည်း စဉ်းစားကြည့်ရင် ရှေ့ဆက် ‘ခိုးဖို့ ’ အဲလေ ‘လုပ်ဖို့ ’ အလုပ်မှ မရှိတော့တာ။ နောက်ဆုံး ရသလောက် ‘ခိုး’ အဲလေ ‘မ’ ကြတာ။

စဉ်းစားကြည့်ရင် သူလည်း ဟိုသူခိုးလိုဘဲ အခွင့်အရေးရတုန်း အကုန်မ သွားကြတာ…..။

ဒါပေမယ့် လူတွေက ဒါကြတော့ အပြစ်မမြင်..။

လူငယ်စိတ်နဲ့ မခံချင်ဖြစ်ပြီး အကုန်မြေလှန် ‘ မ’ ကြတယ်ဆိုလား.. နားလည်ပေးလိုက်ကြတာ။

သူခိုးဘက်က စဉ်းစားကြည့် တစ်ကယ်ကြေကွဲစရာ။

 ‘မ’တာချင်းအတူတူ သူခိုးကြတော့ အပြစ်တွေ ဖြစ်လို့ ။ဟိုလူတွေကြတော့ လူငယ်သဘာ၀ မခံချင်စိတ်ကြောင့် ဆိုပြီး နားလည်ခွင့်လွှတ်ပေးကြလို့…..။

မခံချင်စိတ်ဆိုလို့ အသက် ၅၀ ကျော်လူတစ်ယောက် လူတစ်ယောက်ကို လေဆိပ်မှာ နောက်ကနေ သေနတ်နဲ့တေ့ပစ်တာ လူငယ်သဘာ၀ မခံချင်စိတ်ကြောင့် လို့ လူကြီးတစ်ယောက်ပြောတာ ကြားမိ လိုက်လေသလားလို့..။

မခံချင်စိတ်က ဒုက္ခတော်တော်ပေးတာ။

အခုလည်း ကြည့် ..။ လှိုင်သာယာမှာ ကြွေးတောင်းရာကနေ မခံချင်စိတ်နဲ့ လူငယ်သဘာ၀ သေနတ်နဲ့  ထပစ်တာသေပါလေရော။

ဒါကြောင့် ပြောတာ ရန်ကုန်က စိတ်ခံစားမှု များပါတယ်ဆိုတာ..။

ခင်ဗျားတစ်ခုဘဲ စဉ်းစားကြည့် ..။ ဟိုတစ်လောက ကလေးချင်းဖြစ်တာကနေ အုပ်စုဖွဲ ပြီး ဓားနဲ့ ခုတ်ကြတာ လူတောင်သေတယ်ဆိုလား။

ကလေးချင်းဖြစ်တာ ပါတဲ့လူအရေအတွက်ကိုကြည့်တော့ ဘုရား ဘုရား….။ ၁၄ ဦးတဲ့ ။ဒါတောင် တစ်ဖက်တည်းရှိသေး။

မသိရင် မာဖီးယားတွေ ယာကူဇာတွေ နယ်မြေလုကြသလိုမျိုး….။ဒါကြောင့်ပြောတာ ဒီရန်ကုန်မှာက ကလေးချင်းဖြစ်ရင် တောင် သတ်ကြဖြတ်ကြတာ..။

မရဘူး စိတ်ဆိုးသွားရင် ချမှာဘဲဆိုတာ ရန်ကုန်စိတ် စစ်စစ်…။

 ဟိုတစ်လောက မင်္ဂလာတောင်ညွှန်ဈေးရှေ့ကိစ္စဆို စဉ်းစားကြည့် ..။ ဒီလောက် ကားခေါင်းခန်းထဲ ဓားထိုးထည့်နေတာ မသေတာ ကံကောင်း..။

မသေတာလည်း ကောင်းပါတယ်။သေရင် စိတ်ခံစားမှုရှေ့တန်းတင်တဲ့ ကလေးတွေ ဒီတစ်သက် ထောင်ထဲက ထွက်ရမှာ မဟုတ်ဘူးမှတ်လား။

ထောင်ဆိုလို ထောင်ထဲမှာ လူတွေတောင်တော်တော်စုံနေပြီ သိလား..။ရာထူးရာခံတွေလည်း တော်တော်စုံနေပြီ ..။လူတန်းစားလည်း တော်တော်စုံနေပြီ..။

ဒါပေမယ့် ထောင်ကျရင် မပူနဲ့ သိလာ…။ ဒီလိုပြောလို့ ထောင်ထဲ အသိရှိတယ် လိုင်းရှိတယ် မထင်နဲ့…။ ထောင်ထဲ အခုဒါတွေမရတော့ဘူးတဲ့..။စနစ်ပြောင်းသွားပြီ..။

 စနစ်ပြောင်းတယ်ဆိုတာ  တော်တော်လေးဂရုစိုက်တယ်ဆိုလား…။ တီဗီတောင် ကြည့်ရတယ်ဆိုလားးးး။

ပြောချင်တာက ထောင်က အရင်ကလို နေရထိုင်ရတာ မဆိုးတော့ဘူးတဲ့ ။

အစကတော့ နတ်ဆိုးလည်း ယုံပါဘူး..။ထောင်ပါဆိုမှ ..ဘယ်လိုလုပ် ဟိုတယ်လို့ ကောင်းပါ့မလဲပေါ့..။ အပြစ်ရှိတဲ့သူတွေကို ထားတာပဲ နောင်ကြဉ်အောင် ထားမှာပေါ့လို့ ..။

ဒါပေမယ့် အခု  လူသားဆန်တယ်တဲ့..။ဘာတဲ့… လူဂုဏ် သိက္ခာမကျအောင်တဲ့… ပြောဆိုဆက်ဆံ တယ်ပေါ့..။ဒီစကားကြားတော့ နတ်ဆိုး ရယ်ရတာပေါ့..။

နတ်ဆိုးက ရန်ကုန်က လူကို ခန္တီးထောင် ဘက်ပို့တာ၊ နယ်က လူကို ရန်ကုန်ပို့တာလိုမျိုး တွေ့ရဘူး တော့  အာဏာပိုင်တွေ သဘောကောင်းတယ်ဆိုတာ  ရယ်စရာပေါ့ ..။

ဒါပေမယ့် ရယ်စရာမဟုတ်ဘူး…။ တစ်ကယ်ဗျ..။

အခု လူသတ်သမားတွေ ဘာတွေ ရုံးထုတ်ရင်ကြည့် ။ကိုယ်ပိုင်ကားလေးတွေနဲ့ ..။

ရှက်နေလို့ ထီးလိုက်ကာ ပေးနေတဲ့ သူတွေနဲ့…..။

တချို့ရုံးထုတ်ပုံတွေမှာ သူတို့တွေ ရှက်ရိပ်စွန်းနေတဲ့ ပုံက စွန်းချစ်စရာကောင်း…။  

ဒါပေမယ် ထောင်က ထောင်ပဲလေ..။ ထောင်ထဲ အေးဆေးဆိုတာတော့ ယုံကိုမယုံ..။

ဒါပေမယ့် ကိုကြီး ကြည်လင်းကိုကြည့်…ပြီး ထောင်သတင်းတွေကို ယုံသွားပြီ ။

လေဆိပ်မှာ ရှေ့နေဦးကိုနီကိုသတ်တဲ့ ကိုကြီးကြည်လင်း ဆိုကြည့်…။ မိတုန်းက တက္ကစီသမားတွေ ဝိုင်းသမလို့ ရုပ်ကိုစုတ်ပြတ်ပြီး မျက်နှာကို ညှိုးနွမ်းနေတာ..။

အခု ၀၀ စိုစိုပြေပြေနဲ့ ကော်လံကတုံးအဖြူနဲ့ ချောနေ လှနေ ခန့်နေလိုက်တာ……ရုံးတစ်ခါထုတ်တိုင်း ‘ တစ်သားမွေး တစ်သွေးလှ ’ အဲလေ ‘တစ်ခါထုတ် တစ်ခါလှ’ နဲ့ ..။

အပြင်မှာနေတဲ့ နတ်ဆိုးထက်တောင် ရုပ်က သန့်သေး…ဟေးဟေး။

ရန်ကုန်က ရန်ဖြစ်လည်း လူငယ်စိတ်နဲ့ ဆော်ထည့်လိုက်ရုံ..။

သတ်လိုက်ရုံ.. သေနတ်နဲ့ပစ်လိုက်ရုံ…။ အုပ်စုဖွဲ့ ရိုက်လိုက်ရုံ။

မူးယစ်စရာ အဝိုင်းလေးတွေ ရှာမလား..။ ရမ္မက်ဖြေဖို့ ညအိပ်ဖော်ရှာမလား..။

ကြုံရာ ဆိုင်လေးတွေ့ရှေ့ရပ်..။လက်လေးဝိုင်းပြ..။ ကွေးပြလိုက်ရုံ …တီးတိုးပြောလိုက်ရုံ နဲ့…………..ပိုက်ဆံရှိရင် အားလုံးရနေပြီ..။

ပိုက်ဆံလား……။ပိုက်ဆံမရှိဘူးဆိုလည်း အလွယ်လေ…..။ တက္ကစီကိုလုရင်…လု ..။မလုရင် လမ်းသွားလမ်းလာကို…လု…။ဒါမှမဟုတ်ရင် ဆိုင်တွေ တိုက်ခန်းတွေကို  အနုကြမ်းစီးလိုက်..။

မိရင်ပြန်ပေး…အဲလေ ဖမ်းရင်ထွက်ပြေး။

တရားခံပြေးဆိုပြီး ဂုဏ်မငယ်နဲ့..ဒီထဲမှာ ရာထူးရာခံတွေ ပညာတတ်တွေ အများကြီး..။

ဒီထဲ တက္ကသိုလ်က ပါချုပ်တောင် ပါနေသေး..။

ခုဆိုသိပြီလေ..။

ဘာကြောင့် ရန်ကုန်က နေပျော်စရာကောင်းတယ်ဆိုတာ…။

သံသရာမကြောက်ရင် ..မျက်နှာပြောင်တိုက်နိုင်ရင် ….လက်ရဲဇက် ရဲရှိရင်….. ကိုယ်ချင်းစာ တရား မရှိရင်…. အရှက်တရားကင်းမဲ့ရင်…. မိုက်ရဲကမ်းရဲရင် …ရန်ကုန်ဆိုတာ …. နေပျော်စရာကောင်းတဲ့ မြို့ပါလို့……။

ဒီထဲ….လူကောင်းတွေ့တော့  ပါဟန်မတူပါဘူး….။

   နတ်ဆိုး 

( Zawgyi )

 ေပ်ာ္စရာေကာင္းတဲ့ ၿမိဳ႕ႀကီးျဖစ္လာၿပီတဲ့…..။ဇာတ္လမ္းက အဲဒီက စတာပဲ။ တစ္ကယ္ စဥ္းစား ၾကည့္ေတာ့ ဟုတ္ေတာ့ ဟုတ္သား..။

ျမန္မာျပည္မွာ ရန္ကုန္ေလာက္ေပ်ာ္စရာေကာင္းတဲ့ ၿမိဳ႕ဘယ္မွာ ရွိသလဲ…ေျပာၾကည့္ေလ..။ ဒါေၾကာင့္ ေျပာတာ…ရန္ကုန္ဆိုတာ ေပ်ာ္စရာေကာင္းပါတယ္လို႔။

နတ္ဆိုးတို႔ ဘယ္မွ မေရာက္ဘူးပါဘူး။ဒါေပမယ့္ အရင္ေခတ္က လူစုလူေဝးထဲပါလို႔ နံပါတ္တုတ္ အဖ်ားထိလို႔ ႏူတ္ခမ္းေလးေတာ့ ကြဲၿပီး ႏုတ္ရေတာ့မယ့္ သြားေလး က်ိဳးၿပီး တစ္ပတ္ေလာက္ ဆန္ျပဳတ္ ေသာက္ခဲ့ရတာ..။

အဲ့ဒီကတည္းက ဒီၿမိဳ႕ကို နတ္ဆိုးတို႔က…..ေႂကြတာ။

အခုလည္း စဥ္းစားၾကည့္။အေနာက္ႏိုင္ငံေတြမွာေတာင္ မရႏိုင္တဲ့ စြန႔္စားခန္းလိုခ်င္လား..။

ညဘက္လမ္းေပၚတက္  တကၠစီသမား ကိုကို၊ညီညီေတြကို ညီေလး ေတြကို လိုက္ပို႔ခိုင္း…။

ကားေပၚတက္ကတည္းက ရင္ထိတ္ေနရတာ..။ ကိုယ့္ပုံက မအူမလည္ဆို တကၠစီသမားက  ေခ်ာင္က်က်ေခၚၿပီး လုတာ သတ္တာေတြ ကံေကာင္းရင္ ႀကဳံရဦးမည္။

ကဲ ……ဘယ္ေလာက္ေပ်ာ္စရာေကာင္းလဲ..။ ရင္ခုန္စြန႔္စားခ်င္စရာေကာင္းလည္း..။

အဝိုင္းေလးေတြ ေအးေအးေလးေတြ ကစ္ခ်င္လား..။လာထား ..သိပ္ခပ္ေဝးေဝးသြားစရာမလို ။ ကိုယ္ အိမ္နားက ကြမ္းယာဆိုင္မွာ ညီေလးေရ ဆိုတာနဲ႔ ေအးေဆး..။

တစ္ခါတစ္ေလ “အစ္ကိုရၿပီ။အရင္ေဈးမဟုတ္ဘူး…နည္းနည္းတက္သြားၿပီ “ ဒီလို အဆင္မေျပတာ ေလးေတာ့ ရွိမည္။

ဒါမွမဟုတ္ ပုံမွန္ေလးလား..ေန႔တိုင္း တကၠစီနဲ႔ ပတ္ေခၚတဲ့ သူေတြလည္း ရွိေသးသည္။ ဘယ္ ေလာက္မိုက္လဲ…။

စေနတနဂၤေႏြ အားလပ္ရက္ ေပ်ာ္ခ်င္လား ပါးခ်င္လား စတိတ္ရႈိးေတြသြား…၊ကန္ေတာ္ႀကီးထဲ သြား ။ ကလပ္ေတြကိုသြား..။

တစ္ခုေတာ့ ရွိသည္..။

အရက္ဘီယာ ေသာက္မယ့္ဇိုးသမားေတြ အဲ့ဒီေနရာကိုေတာ့ ေရွာင္..။

ဘီယာအေသာက္မ်ားလို႔  အဲ့ဒီေနရာေတြက အိမ္သာကို သြားမယ္ မႀကံနဲ႔ ။ အိမ္သာအဝင္ဝမွာသာ မူးယစ္ေဆးဝါးသုံးခြင့္မျပဳပါေရးထားတာ …အထဲမွာ အဝိုင္းသမားေတြ နိဗၺာန္မ်က္ေမွာက္ျပဳေနလို႔ ေသေအာင္ ေစာင့္ရဖို႔သာ က်န္ေတာ့ ..။  

ဒါေၾကာင့္ ေျပာတာ ။ဒီေလာက္သာယာတဲ့ ကမာၻႀကီးထဲ ။ရန္ကုန္မ်ား… ေနစရာမေကာင္းဘူးလို႔ ေျပာေသး …။

တစ္ကယ္ဆို ရန္ကုန္က ေနစရာမေကာင္းတာမဟုတ္ …။ေနမေကာင္းတာ..။ လူေတြစိတ္က မေကာင္းၾကတာ..။

စိတ္မေကာင္း ဆိုလို႔ ဟိုတစ္ေလာက ၾကားလိုက္ရတာရွိေသး..။အင္းစိန္ဆိုလား ဘာဆိုလား..။ သူခိုးမိလို႔ ဝိုင္းဖမ္းၿပီး ခ်ဳပ္ထားတာ ညဘက္အေနခက္မွာ ဆိုးလို႔ လက္ထိပ္ကို စားပြဲနဲ႔တြဲခတ္ေပးလိုက္တယ္ ဆိုလား။မိုးလင္းေတာ့ သူခိုးလည္းေပ်ာက္ ရဲကိုကိုလည္း ဖုန္းပါ ထပ္ေပ်ာက္ဆိုသဘဲ။

ဒါၾကည့္ ရဲက စိတ္ထားေကာင္းေတာ့ လူဆိုးသူခိုးက စိတ္ထားမေကာင္းတာမ်ိဳး….။

လူေတြကေတာ့ သူခိုးကို  ဒီလို မလုပ္သင့္ဘူးေပါ့ေလ ….ေျပာၾကတာ ေျပာၾကတာ…...။

ခက္တာက သူခိုးေလ။

သူခိုးဘဲ ..သူခိုးအလုပ္ သူခိုးလုပ္မွာေပါ့။ရဲေကာ ဝန္ႀကီး ဝန္ေလးေရာ ဘာေကာင္ ညာေကာင္ေရာ သူအထာထားလို႔ ရပါ့မလား။အထာထားရင္ ငတ္မွာေပါ့…။

သူက ခိုးဘဲ ခိုးတတ္တာ..။ ရသေလာက္ ခိုးမွာေပါ့ …...။

လူေတြကလည္း ခက္တယ္..။သူခိုးျဖစ္လို  လမ္းႀကဳံလို ရဲဖုန္းေလးတစ္လုံးေလာက္ မသြားတာ ေျပာလို႔ကို မဆုံးဘူး။လူေတြလူေတြ..။

‘မ’ တယ္ဆိုလို႔ ဒီအစိုးရတက္ေတာ့ လမ္းႀကဳံလို႔ ရာထူးကအဆင္းမွာ ျမက္ေတြကအစ ႏူတ္သြားၾက တာ၊ အိမ္သာဘိုထိုင္ေတြ ျဖဳတ္သြားၾကတာ၊ ပန္ကာေတြ ျဖဳတ္သြားၾကတာ ျပန္သတိရေသး…။

သူတို႔လည္း စဥ္းစားၾကည့္ရင္ ေရွ႕ဆက္ ‘ခိုးဖို႔ ’ အဲေလ ‘လုပ္ဖို႔ ’ အလုပ္မွ မရွိေတာ့တာ။ ေနာက္ဆုံး ရသေလာက္ ‘ခိုး’ အဲေလ ‘မ’ ၾကတာ။

စဥ္းစားၾကည့္ရင္ သူလည္း ဟိုသူခိုးလိုဘဲ အခြင့္အေရးရတုန္း အကုန္မ သြားၾကတာ…..။

ဒါေပမယ့္ လူေတြက ဒါၾကေတာ့ အျပစ္မျမင္..။

လူငယ္စိတ္နဲ႔ မခံခ်င္ျဖစ္ၿပီး အကုန္ေျမလွန္ ‘ မ’ ၾကတယ္ဆိုလား.. နားလည္ေပးလိုက္ၾကတာ။

သူခိုးဘက္က စဥ္းစားၾကည့္ တစ္ကယ္ေၾကကြဲစရာ။

 ‘မ’တာခ်င္းအတူတူ သူခိုးၾကေတာ့ အျပစ္ေတြ ျဖစ္လို႔ ။ဟိုလူေတြၾကေတာ့ လူငယ္သဘာ၀ မခံခ်င္စိတ္ေၾကာင့္ ဆိုၿပီး နားလည္ခြင့္လႊတ္ေပးၾကလို႔…..။

မခံခ်င္စိတ္ဆိုလို႔ အသက္ ၅၀ ေက်ာ္လူတစ္ေယာက္ လူတစ္ေယာက္ကို ေလဆိပ္မွာ ေနာက္ကေန ေသနတ္နဲ႔ေတ့ပစ္တာ လူငယ္သဘာ၀ မခံခ်င္စိတ္ေၾကာင့္ လို႔ လူႀကီးတစ္ေယာက္ေျပာတာ ၾကားမိ လိုက္ေလသလားလို႔..။

မခံခ်င္စိတ္က ဒုကၡေတာ္ေတာ္ေပးတာ။

အခုလည္း ၾကည့္ ..။ လႈိင္သာယာမွာ ေႂကြးေတာင္းရာကေန မခံခ်င္စိတ္နဲ႔ လူငယ္သဘာ၀ ေသနတ္နဲ႔  ထပစ္တာေသပါေလေရာ။

ဒါေၾကာင့္ ေျပာတာ ရန္ကုန္က စိတ္ခံစားမႈ မ်ားပါတယ္ဆိုတာ..။

ခင္ဗ်ားတစ္ခုဘဲ စဥ္းစားၾကည့္ ..။ ဟိုတစ္ေလာက ကေလးခ်င္းျဖစ္တာကေန အုပ္စုဖြဲ ၿပီး ဓားနဲ႔ ခုတ္ၾကတာ လူေတာင္ေသတယ္ဆိုလား။

ကေလးခ်င္းျဖစ္တာ ပါတဲ့လူအေရအတြက္ကိုၾကည့္ေတာ့ ဘုရား ဘုရား….။ ၁၄ ဦးတဲ့ ။ဒါေတာင္ တစ္ဖက္တည္းရွိေသး။

မသိရင္ မာဖီးယားေတြ ယာကူဇာေတြ နယ္ေျမလုၾကသလိုမ်ိဳး….။ဒါေၾကာင့္ေျပာတာ ဒီရန္ကုန္မွာက ကေလးခ်င္းျဖစ္ရင္ ေတာင္ သတ္ၾကျဖတ္ၾကတာ..။

မရဘူး စိတ္ဆိုးသြားရင္ ခ်မွာဘဲဆိုတာ ရန္ကုန္စိတ္ စစ္စစ္…။

 ဟိုတစ္ေလာက မဂၤလာေတာင္ၫႊန္ေဈးေရွ႕ကိစၥဆို စဥ္းစားၾကည့္ ..။ ဒီေလာက္ ကားေခါင္းခန္းထဲ ဓားထိုးထည့္ေနတာ မေသတာ ကံေကာင္း..။

မေသတာလည္း ေကာင္းပါတယ္။ေသရင္ စိတ္ခံစားမႈေရွ႕တန္းတင္တဲ့ ကေလးေတြ ဒီတစ္သက္ ေထာင္ထဲက ထြက္ရမွာ မဟုတ္ဘူးမွတ္လား။

ေထာင္ဆိုလို ေထာင္ထဲမွာ လူေတြေတာင္ေတာ္ေတာ္စုံေနၿပီ သိလား..။ရာထူးရာခံေတြလည္း ေတာ္ေတာ္စုံေနၿပီ ..။လူတန္းစားလည္း ေတာ္ေတာ္စုံေနၿပီ..။

ဒါေပမယ့္ ေထာင္က်ရင္ မပူနဲ႔ သိလာ…။ ဒီလိုေျပာလို႔ ေထာင္ထဲ အသိရွိတယ္ လိုင္းရွိတယ္ မထင္နဲ႔…။ ေထာင္ထဲ အခုဒါေတြမရေတာ့ဘူးတဲ့..။စနစ္ေျပာင္းသြားၿပီ..။

 စနစ္ေျပာင္းတယ္ဆိုတာ  ေတာ္ေတာ္ေလးဂ႐ုစိုက္တယ္ဆိုလား…။ တီဗီေတာင္ ၾကည့္ရတယ္ဆိုလားးးး။

ေျပာခ်င္တာက ေထာင္က အရင္ကလို ေနရထိုင္ရတာ မဆိုးေတာ့ဘူးတဲ့ ။

အစကေတာ့ နတ္ဆိုးလည္း ယုံပါဘူး..။ေထာင္ပါဆိုမွ ..ဘယ္လိုလုပ္ ဟိုတယ္လို႔ ေကာင္းပါ့မလဲေပါ့..။ အျပစ္ရွိတဲ့သူေတြကို ထားတာပဲ ေနာင္ၾကဥ္ေအာင္ ထားမွာေပါ့လို႔ ..။

ဒါေပမယ့္ အခု  လူသားဆန္တယ္တဲ့..။ဘာတဲ့… လူဂုဏ္ သိကၡာမက်ေအာင္တဲ့… ေျပာဆိုဆက္ဆံ တယ္ေပါ့..။ဒီစကားၾကားေတာ့ နတ္ဆိုး ရယ္ရတာေပါ့..။

နတ္ဆိုးက ရန္ကုန္က လူကို ခႏၲီးေထာင္ ဘက္ပို႔တာ၊ နယ္က လူကို ရန္ကုန္ပို႔တာလိုမ်ိဳး ေတြ႕ရဘူး ေတာ့  အာဏာပိုင္ေတြ သေဘာေကာင္းတယ္ဆိုတာ  ရယ္စရာေပါ့ ..။

ဒါေပမယ့္ ရယ္စရာမဟုတ္ဘူး…။ တစ္ကယ္ဗ်..။

အခု လူသတ္သမားေတြ ဘာေတြ ႐ုံးထုတ္ရင္ၾကည့္ ။ကိုယ္ပိုင္ကားေလးေတြနဲ႔ ..။

ရွက္ေနလို႔ ထီးလိုက္ကာ ေပးေနတဲ့ သူေတြနဲ႔…..။

တခ်ိဳ႕႐ုံးထုတ္ပုံေတြမွာ သူတို႔ေတြ ရွက္ရိပ္စြန္းေနတဲ့ ပုံက စြန္းခ်စ္စရာေကာင္း…။  

ဒါေပမယ္ ေထာင္က ေထာင္ပဲေလ..။ ေထာင္ထဲ ေအးေဆးဆိုတာေတာ့ ယုံကိုမယုံ..။

ဒါေပမယ့္ ကိုႀကီး ၾကည္လင္းကိုၾကည့္…ၿပီး ေထာင္သတင္းေတြကို ယုံသြားၿပီ ။

ေလဆိပ္မွာ ေရွ႕ေနဦးကိုနီကိုသတ္တဲ့ ကိုႀကီးၾကည္လင္း ဆိုၾကည့္…။ မိတုန္းက တကၠစီသမားေတြ ဝိုင္းသမလို႔ ႐ုပ္ကိုစုတ္ျပတ္ၿပီး မ်က္ႏွာကို ညႇိဳးႏြမ္းေနတာ..။

အခု ၀၀ စိုစိုေျပေျပနဲ႔ ေကာ္လံကတုံးအျဖဴနဲ႔ ေခ်ာေန လွေန ခန႔္ေနလိုက္တာ……႐ုံးတစ္ခါထုတ္တိုင္း ‘ တစ္သားေမြး တစ္ေသြးလွ ’ အဲေလ ‘တစ္ခါထုတ္ တစ္ခါလွ’ နဲ႔ ..။

အျပင္မွာေနတဲ့ နတ္ဆိုးထက္ေတာင္ ႐ုပ္က သန႔္ေသး…ေဟးေဟး။

ရန္ကုန္က ရန္ျဖစ္လည္း လူငယ္စိတ္နဲ႔ ေဆာ္ထည့္လိုက္႐ုံ..။

သတ္လိုက္႐ုံ.. ေသနတ္နဲ႔ပစ္လိုက္႐ုံ…။ အုပ္စုဖြဲ႕ ႐ိုက္လိုက္႐ုံ။

မူးယစ္စရာ အဝိုင္းေလးေတြ ရွာမလား..။ ရမၼက္ေျဖဖို႔ ညအိပ္ေဖာ္ရွာမလား..။

ႀကဳံရာ ဆိုင္ေလးေတြ႕ေရွ႕ရပ္..။လက္ေလးဝိုင္းျပ..။ ေကြးျပလိုက္႐ုံ …တီးတိုးေျပာလိုက္႐ုံ နဲ႔…………..ပိုက္ဆံရွိရင္ အားလုံးရေနၿပီ..။

ပိုက္ဆံလား……။ပိုက္ဆံမရွိဘူးဆိုလည္း အလြယ္ေလ…..။ တကၠစီကိုလုရင္…လု ..။မလုရင္ လမ္းသြားလမ္းလာကို…လု…။ဒါမွမဟုတ္ရင္ ဆိုင္ေတြ တိုက္ခန္းေတြကို  အႏုၾကမ္းစီးလိုက္..။

မိရင္ျပန္ေပး…အဲေလ ဖမ္းရင္ထြက္ေျပး။

တရားခံေျပးဆိုၿပီး ဂုဏ္မငယ္နဲ႔..ဒီထဲမွာ ရာထူးရာခံေတြ ပညာတတ္ေတြ အမ်ားႀကီး..။

ဒီထဲ တကၠသိုလ္က ပါခ်ဳပ္ေတာင္ ပါေနေသး..။

ခုဆိုသိၿပီေလ..။

ဘာေၾကာင့္ ရန္ကုန္က ေနေပ်ာ္စရာေကာင္းတယ္ဆိုတာ…။

သံသရာမေၾကာက္ရင္ ..မ်က္ႏွာေျပာင္တိုက္ႏိုင္ရင္ ….လက္ရဲဇက္ ရဲရွိရင္….. ကိုယ္ခ်င္းစာ တရား မရွိရင္…. အရွက္တရားကင္းမဲ့ရင္…. မိုက္ရဲကမ္းရဲရင္ …ရန္ကုန္ဆိုတာ …. ေနေပ်ာ္စရာေကာင္းတဲ့ ၿမိဳ႕ပါလို႔……။

ဒီထဲ….လူေကာင္းေတြ႕ေတာ့  ပါဟန္မတူပါဘူး….။

   နတ္ဆိုး