【 ‌ဆောင်းပါး 】 “ငြိမ်သက်နေတဲ့ ၂၀၂၀ရွေးကောက်ပွဲအကြို”

【 ‌ဆောင်းပါး 】 “ငြိမ်သက်နေတဲ့ ၂၀၂၀ရွေးကောက်ပွဲအကြို”

(သုံးသပ်ချက် ၁)

၂၀၂၀ ခုနှစ်ကို ရောက်လာခဲ့ပါပြီ။မြန်မာနိုင်ငံရဲ့ အထွေထွေရွေးကောက်ပွဲဟာလည်း၂၀၂၀ ခုနှစ်မှာ ဒုတိယအကြိမ် သက်တမ်းကုန်ဆုံးပြီး၊ တတိယအကြိမ်သက်တမ်းကို ပြန်ကျင်းပရတော့မှာပါ။

ပထမအကြိမ် ပါတီစုံအထွေထွေရွေးကောက်ပွဲကိုတော့ ပြည်သူတွေ သိပ်စိတ်၀င်စားမှုမရှိတဲ့ ပါတီစုံအထွေထွေရွေးကောက်ပွဲလို့ ဆိုရမှာပါ။ပြန်ကြည့်မယ်ဆိုရင် ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး အသင်းကြီးကို နိုင်ငံရေးပါတီအသွင်အဖြစ် ပြောင်းလဲလိုက်ရုံတင်မကပဲ၊ စစ်အာဏာရှင် ဗိုလ်ချုပ်ကြီးတွေ စစ်ဝတ်စုံကိုချွတ်ပြီး အရပ်ဝတ်ပြောင်းလဲခဲ့တယ်။ဒီစစ်အာဏာရှင် ဗိုလ်ချုပ်ကြီးတွေနဲ့ လက်အောက်ငယ်သား အစွယ်အပွားတွေက ပါတီစုံအထွေထွေရွေးကောက်ပွဲကို ဖန်တီးပြီး တိုင်းပြည်နဲ့ ပြည်သူတွေကို လိမ်ညာလှည့်ဖြားပြီး နိုင်ငံတော်အာဏာကို ရယူခဲ့တဲ့ ပါတီစုံအထွေထွေရွေးကောက်ပွဲပါ။

မြန်မာပြည်ကို အနှစ်နှစ်ဆယ်ကျော်ကြာ ချယ်လှယ်အုပ်ချုပ်ခဲ့တဲ့ စစ်အာဏာရှင်တွေဟာ ဒီမိုကရေစီဘက် အတိုက်အခံအင်အားတွေကို ထောင်သွင်းအကျဉ်းချထားပြီး ပြိုင်ဘက်အတိုက်အခံမရှိပဲ အနိုင်ရအောင် ဖန်တီးခဲ့တာပါပဲ။ပြည်သူလူထုအတွက် စိတ်ဝင်စားမှုကို စတင်ခဲ့တာကတော့၊ ၂၀၁၂ ခုနှစ်မှာ ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲ ဖြစ်ပါတယ်။ဒီမိုကရေစီအင်အားစု အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကို နေအိမ်အကျယ်ချုပ်ကနေ ပြန်လွှတ်ပေးခဲ့သလို၊ ဒီမိုကေရစီအတိုက်အခံအင်အားစု ခေါင်းဆောင်တွေကိုလည်း ထောင်ထဲကနေ ပြန်လွှတ်ပေးခဲ့ပါတယ်။အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့လည်း ကြားဖြတ်ရွေးကောက်ပွဲကို ပါဝင်အရွေးချယ်ခံမယ်လို့ ကြေညာလိုက်လို့ဖြစ်ပါတယ်။

ပြည်သူတွေရဲ့ နိုင်ငံရေးရေချိန် ပြန်တက်လာပြီး ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဟာ အပြတ်အသတ်အနိုင်ရခဲ့ပြီး လွှတ်တော်နိုင်ငံရေးထဲကို စတင်ဝင်ရောက်ခဲ့ပါတယ်။ကြားဖြတ်ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ပါတီအနေနဲ့ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော် (၂) ရပ်မှာ လွှတ်တော်ကိုယ်စားလှယ် (၄၁) နေရာ ရခဲ့ပါတယ်။လွှတ်တော်မှာ အင်အားနည်းပေမယ့်၊ အာဏာရပြည်ခိုင်ဖြိုးပါတီအတွက် အတိုက်အခံအင်အားစု ဖြစ်ခဲ့ပါတယ်။ဒီ ၂၀၁၂ ခုနှစ်ကနေ ၂၀၁၅ ခုနှစ်ကာလကို ပြန်သုံးသပ်ကြည့်မယ်ဆိုရင်၊ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ နိုင်ငံရေးမှာရော၊ တိုင်းပြည်အကျိုးစီးပွားအတွက်ပါ ထိရောက်ထက်မြက်တဲ့ အတိုက်အခံအင်အားကောင်းတစ်ခု မဖြစ်ခဲ့ပါဘူး။အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကို ပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေးကော်မတီမှာ ဥက္ကဋ္ဌနေရာ ပေးခဲ့တာလည်း မျှော်လင့်ခဲ့သလောက် ထိရောက်အောင် မစွမ်းဆောင်နိုင်ခဲ့ပါဘူး။

ဒီလိုအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ်တွေ လွှတ်တော်ကဏ္ဍမှာ စွမ်းဆောင်နိုင်မှု အလွန်အားနည်းခဲ့တာ တွေ့ခဲ့ရပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီတွင်း ပြုပြင်ပြောင်းလဲမှု

၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲမှာ အပြတ်အသတ်အနိုင်ရရှိခဲ့ပေမယ့်၊ လွှတ်တော်ကဏ္ဍမှာ ထိထိရောက်ရောက် မစွမ်းဆောင်နိုင်ခဲ့တာကို ပြန်သုံးသပ်ကြည့်မယ်ဆိုရင်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် က ၂၀၁၁ ခုနှစ် ကုန်ခါနီးအချိန်မှာမှ ထိမ်းသိမ်းခံဘဝမှ ပြန်လည်လွတ်မြောက်လာခဲ့ပါတယ်။အဲဒီအချိန်ကာလက ဦးအောင်ရွှေ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်နေတဲ့အချိန်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ပါတီဆိုင်းဘုတ်တင်ထားပြီး ရုံးစောင့်တွေလို ဖြစ်နေခဲ့တယ်။

ပြည်သူတွေအနေနဲ့လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို စိတ်ပါဝင်စားမှုမရှိခဲ့တဲ့ အခြေအနေဖြစ်ပါတယ်။၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲကို ဝင်မယ်လို့ ကြေညာချိန်ကြမှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ အောက်ခြေပါတီအဆင့်ဆင့်ကို ညီလာခံတွေလုပ်ပြီး ပြန်စုစည်းနိုင်ခဲ့တာကို တွေ့ရပါတယ်။ဒီလိုအဆောတလျင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ပြန်ဖွဲ့စည်းလိုက်ရတော့ အရည်အချင်းရှိခဲ့တဲ့ အမာခံတွေ ပြန်ပါမလာခဲ့သလို၊ ပြည်သူတွေ လေးစားခဲ့ကြတဲ့သူတွေလည်း ပါမလာခဲ့ကြပါဘူး။ရှိတဲ့လူတွေနည်းနည်းလေးနဲ့ မြို့နယ်ပါတီကော်မတီတွေကို ဖွဲ့လိုက်တာကလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီအနေနဲ့ အရည်အချင်းစံချိန်မမီတဲ့ အခြေအနေဖြစ်သွားခဲ့ရတယ်။

၂၀၁၄ ခုနှစ်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပထမအကြိမ် ဗဟိုညီလာခံကို ခေါ်ယူနိုင်ခဲ့ပါတယ်။အဲဒီပထမအကြိမ် ဗဟိုညီလာခံမှာ ဒေါ်အောင်ဆန်းစုကြည် က ဥက္ကဋ္ဌတာဝန် လွှဲပြောင်းယူခဲ့ပါတယ်။ဦးအောင်ရွှေ၊ ဦးတင်ဦး နဲ့ ဟံသာဝတီဦးဝင်းတင်တို့ကို သဘာပတိအဖွဲ့ဝင်တွေအဖြစ် တင်ပေးထားခဲ့ပါတယ်။အတွင်းရေးမှူးအဖွဲ့ကို ဦးဝင်းထိန်၊ ဦးဟံသာမြင့်၊ ဦးဉာဏ်ဝင်းတို့နဲ့ ဖွဲ့ခဲ့ပါတယ်။အဲဒီအချိန်မှာကတည်းက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အတွင်းမှာ ဗဟိုကော်မတီနေရာအတွက် အုပ်စုတွေဖွဲ့ခဲ့ကြပြီး ပါတီတွင်းနေရာလုပွဲတွေ တိတ်တိတ်ဆိတ်ဆိတ်ဖြစ်ခဲ့တာတွေ ရှိနေခဲ့ပါတယ်။ဦးဝင်းထိန်အုပ်စုနဲ့ ဦးဉာဏ်ဝင်းအုပ်စု ဂိုဏ်းတွေဆိုပြီး ရှိလာပါတယ်။၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲမှာ အနိုင်ရခဲ့ကြတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကလည်း တစ်အုပ်စုဖြစ်ခဲ့ပါတယ်။

ပြန်သုံးသပ်ကြည့်မယ်ဆိုရင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပထမအကြိမ်ညီလာခံကနေ အရည်အချင်းရှိတဲ့လူတွေကို မစည်းရုံးနိုင်ခဲ့ပါဘူး။ပထမအကြိမ်ညီလာခံမှ တင်မြှောက်လိုက်တဲ့ အတွင်းရေးမှူးအဖွဲ့ကလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဖွဲ့စည်းပုံမူဝါဒကို ကိုယ်ချမှတ်ချင်သလို ချမှတ်လိုက်ကြပါတယ်။အဲဒီအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဖွဲ့စည်းပုံမူဝါဒအမှားတွေရဲ့ နောက်ဆက်တွဲဖြစ်ရပ်တွေအနေနဲ့ မြို့နယ်၊ ခရိုင်၊ တိုင်းကော်မတီတွေမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြင်ပမှာရှိနေတဲ့ အရည်အချင်းရှိသူတွေ ဘေးရောက်ကုန်ကြတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ပထမအကြိမ်ညီလာခံက အဓိကအမှားနှစ်ခုကို မြင်တွေ့ရတယ်။ပထမအမှားက ဗဟိုညီလာခံမှာ ရွေးချယ်ထားတဲ့ ဗဟိုကော်မတီဝင်တွေထဲကနေ ဗဟိုအလုပ်အမှုဆောင်ကော်မတီကို ဒေါ်အောင်ဆန်းစုကြည် ချပေးလိုက်တဲ့သူတွေကိုပဲ မဲပေးရွေးချယ်ရတယ်။ဒီလိုရွေးချယ်မှုဟာ ဒီမိုကရေစီစနစ်ကို ထူထောင်မယ့် လုပ်ဆောင်မှုမဟုတ်ပဲ ဗဟိုဦးစီးစနစ်ဖြစ်ပါတယ်။ဒုတိယအမှားက ဦးဝင်းထိန် နဲ့ ဦးဉာဏ်ဝင်းတို့ နှစ်ဦးကို ပြောရေးဆိုခွင့်နဲ့ ပါတီပိုင်းဆိုင်ရာ လုပ်ပိုင်ခွင့်ပေးအပ်လိုက်တာပါ။လုပ်ပိုင်ခွင့်ပေးထားသူနှစ်ဦးကို ပြန်ကြည့်မယ်ဆိုရင် နိုင်ငံရေးအစဉ်အလာမရှိတဲ့လူတွေ ဖြစ်နေပါတယ်။အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီတွင်း "ထိန်ဂိုဏ်း"နဲ့ "ဉာဏ်ဂိုဏ်း" ဆိုပြီး ကွဲသွားသလို၊ အုပ်စုချင်းနေရာရရေး အားပြိုင်မှုတွေဖြစ်လာပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ပထမအကြိမ် ဗဟိုညီလာခံမှာ ပိုပြီးသိသာလာပါတယ်။လူငယ်ပညာတတ်တွေ ပါဝင်လာပေမယ့် နိုင်ငံရေးအရ ဖြတ်သန်းမှုမရှိပါဘူး။နောက် ၂၀၁၅ ခုနှစ် ပါတီစုံအထွေထွေရွေးကောက်ပွဲကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားပြုပြီး ဝင်ရောက်အရွေးချယ်ခံရမယ့် လွှတ်တော်ကိုယ်စားလှယ်လောင်းတွေ ရွေးချယ်တဲ့အခါမှာလည်း ဂိုဏ်းခေါင်းဆောင်နှစ်ဦးနဲ့ အပိုင်ပေါင်းတဲ့လူတွေသာ ကိုယ်စားလှယ်လောင်း ဖြစ်လာကြတာ တွေ့ရပါတယ်။

ဒါ့အပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဖွဲ့စည်းပုံမူဝါဒအမှားကြောင့်လည်း မြို့နယ်အလုပ်အမှုဆောင်ကော်မတီကို ကိုယ်စားလှယ်လောင်း ရွေးချယ်တင်ခွင့်ပေးလိုက်ရတယ်။စောစောကပြောသလို မြို့နယ်အလုပ်အမှုဆောင်ကော်မတီတွေမှာ အရည်အချင်းမရှိတဲ့လူတွေက နီးစပ်ရာလူတွေကို ကိုယ်စားလှယ်လောင်း ရွေးချယ်လိုက်ကြတယ်။
ဂိုဏ်းနှစ်ဂိုဏ်းခေါင်းဆောင်ကြီးတွေက အတည်ပြုပေးလိုက်ရင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်း ဖြစ်သွားတယ်။၂၀၁၅ ခုနှစ် ပါတီစုံအထွေထွေရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဝင်ရောက်အရွေးချယ်ခံမယ့် လွှတ်တော်ကိုယ်စားလှယ်လောင်းတွေအတွက် လွှတ်တော်ကိုယ်စားလှယ်ဖြစ်ဖို့ သေချာသလောက်ရှိနေတဲ့အချိန်ပါ။၁၉၉၀ ခုနှစ် ပါတီစုံအထွေထွေရွေးကောက်ပွဲကို ပြန်ကြည့်ရင် သိနိုင်ပါတယ်။

အဲဒီအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပထမအကြိမ်ညီလာခံရဲ့ အမှားတွေေကြာင့် ၂၀၁၅ ပါတီစုံအထွေထွေရွေးကောက်ပွဲ မတိုင်ခင်အချိန်မှာ ထွက်ပေါ်လာတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်လောင်းတွေကို ပြည်သူတွေ မကြိုက်နှစ်သက်ခဲ့လို့ မြို့နယ်အတော်များများမှာ ပြဿနာတွေဖြစ်ပေါ်ခဲ့တယ်။အမှန်လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မြို့နယ်အလုပ်အမှုဆောင်တွေက ရွေးချယ်ထားတဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေကို ပြည်သူတွေမသိခဲ့ကြတဲ့လူတွေ ဖြစ်နေတယ်။၁၉၉၀ ခုနှစ် ပါတီစုံအထွေထွေရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းတွေနဲ့ယှဉ်ကြည့်ရင် အများကြီးကွာခြားနေတာကို တွေ့နိုင်ပါတယ်။

၁၉၉၀ ခုနှစ်အ မျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ်လောင်းတွေက မြို့နယ်ပြည်သူတွေက လေးစားကြည်ညိုမှုကိုရထားတဲ့ ပုဂ္ဂိုလ်တွေနဲ့ ၁၉၈၈ ပြည်သူ့အရေးတော်ပုံကြီးမှာ ဦးဆောင်ခဲ့ကြတဲ့ ခေါင်းဆောင်တွေဖြစ်နေတယ်။၁၉၉၀ ခုနှစ် ပါတီစုံအထွေထွေရွေးကောက်ပွဲ ဝင်ရောက်မယ့် လွှတ်တော်ကိုယ်စားလှယ်လောင်းတွေကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မြို့နယ်စည်းရုံးရေးအဖွဲ့တွေက သေချာညှိနှိုင်းရွေးချယ်ပြီးတဲ့အခါတိုင်းနဲ့ ပြည်နယ်စည်းရုံးရေးအဖွဲ့က ကြိုတင်ဖွဲ့ထားတဲ့ တိုင်း၊ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်လောင်း ရွေးချယ်အတည်ပြုရေးအဖွဲ့တွေက တစ်မြို့နယ်ချင်းဆီ သွားရောက်ပြီး မြို့နယ်ပြည်သူတွေရဲ့ သဘောထားကိုယူပြီးမှ အတည်ပြုပြီး ဗဟိုလွှတ်တော်ကိုယ်စားလှယ်ရွေးချယ်ရေးအဖွဲ့ကို တင်ပြရတယ်။ဗဟိုလွှတ်တော်ကိုယ်စားလှယ် ရွေးချယ်အတည်ပြုရေးအဖွဲ့က ပြန်စိစစ်ပြီး အတည်ပြုရတယ်။၁၉၉၀ ခုနှစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုလွှတ်တော်ကိုယ်စားလှယ်လောင်း ရွေးချယ်အတည်ပြုရေးအဖွဲ့မှာ ပါဝင်တဲ့ ပုဂ္ဂိုလ်တွေဟာ အဂတိကင်းရှင်းစွာနဲ့ သမာဓိရှိတဲ့ ပုဂ္ဂိုလ်တွေပါ။

၂၀၁၅ ခုနှစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်လူကြီးတွေက ဂိုဏ်းဂဏတွေ၊ အုပ်စုဖွဲ့တာတွေရှိနေတာ ရှိနေတာတွေ့ရပါတယ်။အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့တော့ ၂၀၁၅ ခုနှစ် ပါတီစုံအထွေထွေရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အောင်နိုင်ရေးအတွက် တိုင်းရင်းသားပြည်နယ်အစုံကိုဆင်းပြီး စည်းရုံးရေးဆင်းနေရတဲ့အချိန် များနေပါတယ်။

မြတ်လှိုင်း
ဇန်န၀ါရီ - ၁၅
(ဆက်ရေးသားပါဦးမယ်)

( Zawgyi )

(သုံးသပ္ခ်က္ ၁)

၂၀၂၀ ခုႏွစ္ကို ေရာက္လာခဲ့ပါၿပီ။ျမန္မာႏိုင္ငံရဲ႕ အေထြေထြေ႐ြးေကာက္ပြဲဟာလည္း၂၀၂၀ ခုႏွစ္မွာ ဒုတိယအႀကိမ္ သက္တမ္းကုန္ဆုံးၿပီး၊ တတိယအႀကိမ္သက္တမ္းကို ျပန္က်င္းပရေတာ့မွာပါ။

ပထမအႀကိမ္ ပါတီစုံအေထြေထြေ႐ြးေကာက္ပြဲကိုေတာ့ ျပည္သူေတြ သိပ္စိတ္၀င္စားမႈမရွိတဲ့ ပါတီစုံအေထြေထြေ႐ြးေကာက္ပြဲလို႔ ဆိုရမွာပါ။ျပန္ၾကည့္မယ္ဆိုရင္ ျပည္ေထာင္စုႀကံ့ခိုင္ေရးနဲ႔ ဖြံ႕ၿဖိဳးတိုးတက္ေရး အသင္းႀကီးကို ႏိုင္ငံေရးပါတီအသြင္အျဖစ္ ေျပာင္းလဲလိုက္႐ုံတင္မကပဲ၊ စစ္အာဏာရွင္ ဗိုလ္ခ်ဳပ္ႀကီးေတြ စစ္ဝတ္စုံကိုခြၽတ္ၿပီး အရပ္ဝတ္ေျပာင္းလဲခဲ့တယ္။ဒီစစ္အာဏာရွင္ ဗိုလ္ခ်ဳပ္ႀကီးေတြနဲ႔ လက္ေအာက္ငယ္သား အစြယ္အပြားေတြက ပါတီစုံအေထြေထြေ႐ြးေကာက္ပြဲကို ဖန္တီးၿပီး တိုင္းျပည္နဲ႔ ျပည္သူေတြကို လိမ္ညာလွည့္ျဖားၿပီး ႏိုင္ငံေတာ္အာဏာကို ရယူခဲ့တဲ့ ပါတီစုံအေထြေထြေ႐ြးေကာက္ပြဲပါ။

ျမန္မာျပည္ကို အႏွစ္ႏွစ္ဆယ္ေက်ာ္ၾကာ ခ်ယ္လွယ္အုပ္ခ်ဳပ္ခဲ့တဲ့ စစ္အာဏာရွင္ေတြဟာ ဒီမိုကေရစီဘက္ အတိုက္အခံအင္အားေတြကို ေထာင္သြင္းအက်ဥ္းခ်ထားၿပီး ၿပိဳင္ဘက္အတိုက္အခံမရွိပဲ အႏိုင္ရေအာင္ ဖန္တီးခဲ့တာပါပဲ။ျပည္သူလူထုအတြက္ စိတ္ဝင္စားမႈကို စတင္ခဲ့တာကေတာ့၊ ၂၀၁၂ ခုႏွစ္မွာ က်င္းပမယ့္ ၾကားျဖတ္ေ႐ြးေကာက္ပြဲ ျဖစ္ပါတယ္။ဒီမိုကေရစီအင္အားစု အတိုက္အခံေခါင္းေဆာင္ ေဒၚေအာင္ဆန္းစုၾကည္ ကို ေနအိမ္အက်ယ္ခ်ဳပ္ကေန ျပန္လႊတ္ေပးခဲ့သလို၊ ဒီမိုေကရစီအတိုက္အခံအင္အားစု ေခါင္းေဆာင္ေတြကိုလည္း ေထာင္ထဲကေန ျပန္လႊတ္ေပးခဲ့ပါတယ္။အတိုက္အခံေခါင္းေဆာင္ ေဒၚေအာင္ဆန္းစုၾကည္အေနနဲ႔လည္း ၾကားျဖတ္ေ႐ြးေကာက္ပြဲကို ပါဝင္အေ႐ြးခ်ယ္ခံမယ္လို႔ ေၾကညာလိုက္လို႔ျဖစ္ပါတယ္။

ျပည္သူေတြရဲ႕ ႏိုင္ငံေရးေရခ်ိန္ ျပန္တက္လာၿပီး ၂၀၁၂ ခုႏွစ္ ၾကားျဖတ္ေ႐ြးေကာက္ပြဲမွာ ေဒၚေအာင္ဆန္းစုၾကည္ ဦးေဆာင္တဲ့ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီဟာ အျပတ္အသတ္အႏိုင္ရခဲ့ၿပီး လႊတ္ေတာ္ႏိုင္ငံေရးထဲကို စတင္ဝင္ေရာက္ခဲ့ပါတယ္။ၾကားျဖတ္ေ႐ြးေကာက္ပြဲမွာ ေဒၚေအာင္ဆန္းစုၾကည္ ဦးေဆာင္တဲ့ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ ခ်ဳပ္ပါတီအေနနဲ႔ ျပည္သူ႔လႊတ္ေတာ္၊ အမ်ိဳးသားလႊတ္ေတာ္ (၂) ရပ္မွာ လႊတ္ေတာ္ကိုယ္စားလွယ္ (၄၁) ေနရာ ရခဲ့ပါတယ္။လႊတ္ေတာ္မွာ အင္အားနည္းေပမယ့္၊ အာဏာရျပည္ခိုင္ၿဖိဳးပါတီအတြက္ အတိုက္အခံအင္အားစု ျဖစ္ခဲ့ပါတယ္။ဒီ ၂၀၁၂ ခုႏွစ္ကေန ၂၀၁၅ ခုႏွစ္ကာလကို ျပန္သုံးသပ္ၾကည့္မယ္ဆိုရင္၊ ေဒၚေအာင္ဆန္းစုၾကည္ ဦးေဆာင္ခဲ့တဲ့ လႊတ္ေတာ္ကိုယ္စားလွယ္ေတြရဲ႕ ႏိုင္ငံေရးမွာေရာ၊ တိုင္းျပည္အက်ိဳးစီးပြားအတြက္ပါ ထိေရာက္ထက္ျမက္တဲ့ အတိုက္အခံအင္အားေကာင္းတစ္ခု မျဖစ္ခဲ့ပါဘူး။အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ ေခါင္းေဆာင္ ေဒၚေအာင္ဆန္းစုၾကည္ ကို ျပည္သူ႔လႊတ္ေတာ္ တရားဥပေဒစိုးမိုးေရးနဲ႔ တည္ၿငိမ္ေအးခ်မ္းေရးေကာ္မတီမွာ ဥကၠ႒ေနရာ ေပးခဲ့တာလည္း ေမွ်ာ္လင့္ခဲ့သေလာက္ ထိေရာက္ေအာင္ မစြမ္းေဆာင္ႏိုင္ခဲ့ပါဘူး။

ဒီလိုအမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ လႊတ္ေတာ္ကိုယ္စားလွယ္ေတြ လႊတ္ေတာ္က႑မွာ စြမ္းေဆာင္ႏိုင္မႈ အလြန္အားနည္းခဲ့တာ ေတြ႕ခဲ့ရပါတယ္။

အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီတြင္း ျပဳျပင္ေျပာင္းလဲမႈ

၂၀၁၂ ၾကားျဖတ္ေ႐ြးေကာက္ပြဲမွာ အျပတ္အသတ္အႏိုင္ရရွိခဲ့ေပမယ့္၊ လႊတ္ေတာ္က႑မွာ ထိထိေရာက္ေရာက္ မစြမ္းေဆာင္ႏိုင္ခဲ့တာကို ျပန္သုံးသပ္ၾကည့္မယ္ဆိုရင္။

အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ ေခါင္းေဆာင္ ေဒၚေအာင္ဆန္းစုၾကည္ က ၂၀၁၁ ခုႏွစ္ ကုန္ခါနီးအခ်ိန္မွာမွ ထိမ္းသိမ္းခံဘဝမွ ျပန္လည္လြတ္ေျမာက္လာခဲ့ပါတယ္။အဲဒီအခ်ိန္ကာလက ဦးေအာင္ေ႐ႊ ဥကၠ႒အျဖစ္ ေဆာင္႐ြက္ေနတဲ့အခ်ိန္မွာ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္အေနနဲ႔ ပါတီဆိုင္းဘုတ္တင္ထားၿပီး ႐ုံးေစာင့္ေတြလို ျဖစ္ေနခဲ့တယ္။

ျပည္သူေတြအေနနဲ႔လည္း အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ကို စိတ္ပါဝင္စားမႈမရွိခဲ့တဲ့ အေျခအေနျဖစ္ပါတယ္။၂၀၁၂ ၾကားျဖတ္ေ႐ြးေကာက္ပြဲကို ဝင္မယ္လို႔ ေၾကညာခ်ိန္ၾကမွ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ရဲ႕ ေအာက္ေျခပါတီအဆင့္ဆင့္ကို ညီလာခံေတြလုပ္ၿပီး ျပန္စုစည္းႏိုင္ခဲ့တာကို ေတြ႕ရပါတယ္။ဒီလိုအေဆာတလ်င္ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ကို ျပန္ဖြဲ႕စည္းလိုက္ရေတာ့ အရည္အခ်င္းရွိခဲ့တဲ့ အမာခံေတြ ျပန္ပါမလာခဲ့သလို၊ ျပည္သူေတြ ေလးစားခဲ့ၾကတဲ့သူေတြလည္း ပါမလာခဲ့ၾကပါဘူး။ရွိတဲ့လူေတြနည္းနည္းေလးနဲ႔ ၿမိဳ႕နယ္ပါတီေကာ္မတီေတြကို ဖြဲ႕လိုက္တာကလည္း အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီအေနနဲ႔ အရည္အခ်င္းစံခ်ိန္မမီတဲ့ အေျခအေနျဖစ္သြားခဲ့ရတယ္။

၂၀၁၄ ခုႏွစ္မွာ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ ပထမအႀကိမ္ ဗဟိုညီလာခံကို ေခၚယူႏိုင္ခဲ့ပါတယ္။အဲဒီပထမအႀကိမ္ ဗဟိုညီလာခံမွာ ေဒၚေအာင္ဆန္းစုၾကည္ က ဥကၠ႒တာဝန္ လႊဲေျပာင္းယူခဲ့ပါတယ္။ဦးေအာင္ေ႐ႊ၊ ဦးတင္ဦး နဲ႔ ဟံသာဝတီဦးဝင္းတင္တို႔ကို သဘာပတိအဖြဲ႕ဝင္ေတြအျဖစ္ တင္ေပးထားခဲ့ပါတယ္။အတြင္းေရးမႉးအဖြဲ႕ကို ဦးဝင္းထိန္၊ ဦးဟံသာျမင့္၊ ဦးဉာဏ္ဝင္းတို႔နဲ႔ ဖြဲ႕ခဲ့ပါတယ္။အဲဒီအခ်ိန္မွာကတည္းက အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္အတြင္းမွာ ဗဟိုေကာ္မတီေနရာအတြက္ အုပ္စုေတြဖြဲ႕ခဲ့ၾကၿပီး ပါတီတြင္းေနရာလုပြဲေတြ တိတ္တိတ္ဆိတ္ဆိတ္ျဖစ္ခဲ့တာေတြ ရွိေနခဲ့ပါတယ္။ဦးဝင္းထိန္အုပ္စုနဲ႔ ဦးဉာဏ္ဝင္းအုပ္စု ဂိုဏ္းေတြဆိုၿပီး ရွိလာပါတယ္။၂၀၁၂ ၾကားျဖတ္ေ႐ြးေကာက္ပြဲမွာ အႏိုင္ရခဲ့ၾကတဲ့ လႊတ္ေတာ္ကိုယ္စားလွယ္ေတြကလည္း တစ္အုပ္စုျဖစ္ခဲ့ပါတယ္။

ျပန္သုံးသပ္ၾကည့္မယ္ဆိုရင္ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ ပထမအႀကိမ္ညီလာခံကေန အရည္အခ်င္းရွိတဲ့လူေတြကို မစည္း႐ုံးႏိုင္ခဲ့ပါဘူး။ပထမအႀကိမ္ညီလာခံမွ တင္ေျမႇာက္လိုက္တဲ့ အတြင္းေရးမႉးအဖြဲ႕ကလည္း အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီ ဖြဲ႕စည္းပုံမူဝါဒကို ကိုယ္ခ်မွတ္ခ်င္သလို ခ်မွတ္လိုက္ၾကပါတယ္။အဲဒီအမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီ ဖြဲ႕စည္းပုံမူဝါဒအမွားေတြရဲ႕ ေနာက္ဆက္တြဲျဖစ္ရပ္ေတြအေနနဲ႔ ၿမိဳ႕နယ္၊ ခ႐ိုင္၊ တိုင္းေကာ္မတီေတြမွာ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ ျပင္ပမွာရွိေနတဲ့ အရည္အခ်င္းရွိသူေတြ ေဘးေရာက္ကုန္ၾကတယ္။

အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ရဲ႕ ပထမအႀကိမ္ညီလာခံက အဓိကအမွားႏွစ္ခုကို ျမင္ေတြ႕ရတယ္။ပထမအမွားက ဗဟိုညီလာခံမွာ ေ႐ြးခ်ယ္ထားတဲ့ ဗဟိုေကာ္မတီဝင္ေတြထဲကေန ဗဟိုအလုပ္အမႈေဆာင္ေကာ္မတီကို ေဒၚေအာင္ဆန္းစုၾကည္ ခ်ေပးလိုက္တဲ့သူေတြကိုပဲ မဲေပးေ႐ြးခ်ယ္ရတယ္။ဒီလိုေ႐ြးခ်ယ္မႈဟာ ဒီမိုကေရစီစနစ္ကို ထူေထာင္မယ့္ လုပ္ေဆာင္မႈမဟုတ္ပဲ ဗဟိုဦးစီးစနစ္ျဖစ္ပါတယ္။ဒုတိယအမွားက ဦးဝင္းထိန္ နဲ႔ ဦးဉာဏ္ဝင္းတို႔ ႏွစ္ဦးကို ေျပာေရးဆိုခြင့္နဲ႔ ပါတီပိုင္းဆိုင္ရာ လုပ္ပိုင္ခြင့္ေပးအပ္လိုက္တာပါ။လုပ္ပိုင္ခြင့္ေပးထားသူႏွစ္ဦးကို ျပန္ၾကည့္မယ္ဆိုရင္ ႏိုင္ငံေရးအစဥ္အလာမရွိတဲ့လူေတြ ျဖစ္ေနပါတယ္။အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီတြင္း "ထိန္ဂိုဏ္း"နဲ႔ "ဉာဏ္ဂိုဏ္း" ဆိုၿပီး ကြဲသြားသလို၊ အုပ္စုခ်င္းေနရာရေရး အားၿပိဳင္မႈေတြျဖစ္လာပါတယ္။

အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ရဲ႕ ပထမအႀကိမ္ ဗဟိုညီလာခံမွာ ပိုၿပီးသိသာလာပါတယ္။လူငယ္ပညာတတ္ေတြ ပါဝင္လာေပမယ့္ ႏိုင္ငံေရးအရ ျဖတ္သန္းမႈမရွိပါဘူး။ေနာက္ ၂၀၁၅ ခုႏွစ္ ပါတီစုံအေထြေထြေ႐ြးေကာက္ပြဲကို အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ ကိုယ္စားျပဳၿပီး ဝင္ေရာက္အေ႐ြးခ်ယ္ခံရမယ့္ လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္းေတြ ေ႐ြးခ်ယ္တဲ့အခါမွာလည္း ဂိုဏ္းေခါင္းေဆာင္ႏွစ္ဦးနဲ႔ အပိုင္ေပါင္းတဲ့လူေတြသာ ကိုယ္စားလွယ္ေလာင္း ျဖစ္လာၾကတာ ေတြ႕ရပါတယ္။

ဒါ့အျပင္ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ရဲ႕ ဖြဲ႕စည္းပုံမူဝါဒအမွားေၾကာင့္လည္း ၿမိဳ႕နယ္အလုပ္အမႈေဆာင္ေကာ္မတီကို ကိုယ္စားလွယ္ေလာင္း ေ႐ြးခ်ယ္တင္ခြင့္ေပးလိုက္ရတယ္။ေစာေစာကေျပာသလို ၿမိဳ႕နယ္အလုပ္အမႈေဆာင္ေကာ္မတီေတြမွာ အရည္အခ်င္းမရွိတဲ့လူေတြက နီးစပ္ရာလူေတြကို ကိုယ္စားလွယ္ေလာင္း ေ႐ြးခ်ယ္လိုက္ၾကတယ္။
ဂိုဏ္းႏွစ္ဂိုဏ္းေခါင္းေဆာင္ႀကီးေတြက အတည္ျပဳေပးလိုက္ရင္ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ရဲ႕ လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္း ျဖစ္သြားတယ္။၂၀၁၅ ခုႏွစ္ ပါတီစုံအေထြေထြေ႐ြးေကာက္ပြဲမွာ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္က ဝင္ေရာက္အေ႐ြးခ်ယ္ခံမယ့္ လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္းေတြအတြက္ လႊတ္ေတာ္ကိုယ္စားလွယ္ျဖစ္ဖို႔ ေသခ်ာသေလာက္ရွိေနတဲ့အခ်ိန္ပါ။၁၉၉၀ ခုႏွစ္ ပါတီစုံအေထြေထြေ႐ြးေကာက္ပြဲကို ျပန္ၾကည့္ရင္ သိႏိုင္ပါတယ္။

အဲဒီအမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ ပထမအႀကိမ္ညီလာခံရဲ႕ အမွားေတြေၾကာင့္ ၂၀၁၅ ပါတီစုံအေထြေထြေ႐ြးေကာက္ပြဲ မတိုင္ခင္အခ်ိန္မွာ ထြက္ေပၚလာတဲ့ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ ကိုယ္စားလွယ္ေလာင္းေတြကို ျပည္သူေတြ မႀကိဳက္ႏွစ္သက္ခဲ့လို႔ ၿမိဳ႕နယ္အေတာ္မ်ားမ်ားမွာ ျပႆနာေတြျဖစ္ေပၚခဲ့တယ္။အမွန္လည္း အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ ၿမိဳ႕နယ္အလုပ္အမႈေဆာင္ေတြက ေ႐ြးခ်ယ္ထားတဲ့ လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္းေတြကို ျပည္သူေတြမသိခဲ့ၾကတဲ့လူေတြ ျဖစ္ေနတယ္။၁၉၉၀ ခုႏွစ္ ပါတီစုံအေထြေထြေ႐ြးေကာက္ပြဲကို ဝင္ေရာက္ယွဥ္ၿပိဳင္မယ့္ ကိုယ္စားလွယ္ေလာင္းေတြနဲ႔ယွဥ္ၾကည့္ရင္ အမ်ားႀကီးကြာျခားေနတာကို ေတြ႕ႏိုင္ပါတယ္။

၁၉၉၀ ခုႏွစ္အ မ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္းေတြက ၿမိဳ႕နယ္ျပည္သူေတြက ေလးစားၾကည္ညိဳမႈကိုရထားတဲ့ ပုဂၢိဳလ္ေတြနဲ႔ ၁၉၈၈ ျပည္သူ႔အေရးေတာ္ပုံႀကီးမွာ ဦးေဆာင္ခဲ့ၾကတဲ့ ေခါင္းေဆာင္ေတြျဖစ္ေနတယ္။၁၉၉၀ ခုႏွစ္ ပါတီစုံအေထြေထြေ႐ြးေကာက္ပြဲ ဝင္ေရာက္မယ့္ လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္းေတြကို အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ ၿမိဳ႕နယ္စည္း႐ုံးေရးအဖြဲ႕ေတြက ေသခ်ာညႇိႏႈိင္းေ႐ြးခ်ယ္ၿပီးတဲ့အခါတိုင္းနဲ႔ ျပည္နယ္စည္း႐ုံးေရးအဖြဲ႕က ႀကိဳတင္ဖြဲ႕ထားတဲ့ တိုင္း၊ ျပည္နယ္ လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္း ေ႐ြးခ်ယ္အတည္ျပဳေရးအဖြဲ႕ေတြက တစ္ၿမိဳ႕နယ္ခ်င္းဆီ သြားေရာက္ၿပီး ၿမိဳ႕နယ္ျပည္သူေတြရဲ႕ သေဘာထားကိုယူၿပီးမွ အတည္ျပဳၿပီး ဗဟိုလႊတ္ေတာ္ကိုယ္စားလွယ္ေ႐ြးခ်ယ္ေရးအဖြဲ႕ကို တင္ျပရတယ္။ဗဟိုလႊတ္ေတာ္ကိုယ္စားလွယ္ ေ႐ြးခ်ယ္အတည္ျပဳေရးအဖြဲ႕က ျပန္စိစစ္ၿပီး အတည္ျပဳရတယ္။၁၉၉၀ ခုႏွစ္ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ ဗဟိုလႊတ္ေတာ္ကိုယ္စားလွယ္ေလာင္း ေ႐ြးခ်ယ္အတည္ျပဳေရးအဖြဲ႕မွာ ပါဝင္တဲ့ ပုဂၢိဳလ္ေတြဟာ အဂတိကင္းရွင္းစြာနဲ႔ သမာဓိရွိတဲ့ ပုဂၢိဳလ္ေတြပါ။

၂၀၁၅ ခုႏွစ္ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ ဗဟိုအလုပ္အမႈေဆာင္လူႀကီးေတြက ဂိုဏ္းဂဏေတြ၊ အုပ္စုဖြဲ႕တာေတြရွိေနတာ ရွိေနတာေတြ႕ရပါတယ္။အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ ဥကၠ႒ ေဒၚေအာင္ဆန္းစုၾကည္အေနနဲ႔ေတာ့ ၂၀၁၅ ခုႏွစ္ ပါတီစုံအေထြေထြေ႐ြးေကာက္ပြဲမွာ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ ေအာင္ႏိုင္ေရးအတြက္ တိုင္းရင္းသားျပည္နယ္အစုံကိုဆင္းၿပီး စည္း႐ုံးေရးဆင္းေနရတဲ့အခ်ိန္ မ်ားေနပါတယ္။

ျမတ္လႈိင္း
ဇန္န၀ါရီ - ၁၅
(ဆက္ေရးသားပါဦးမယ္)