【 သတင်းဆောင်းပါး 】 “အရေးတကြီး လိုအပ်လာတဲ့ တရားဥပဒေစိုးမိုးရေး”

【 သတင်းဆောင်းပါး 】 “အရေးတကြီး လိုအပ်လာတဲ့ တရားဥပဒေစိုးမိုးရေး”

နိုင်ငံတစ်ခု တည်ငြိမ်အေးချမ်းဖို့ တရားဥပဒေစိုးမိုးရေးဟာ လွန်စွာအရေးကြီးတဲ့ အခန်းကဏ္ဍမှာ ပါဝင်နေပါ တယ်။နိုင်ငံတစ်ခုကို တည်ဆောက်တဲ့နေရာမှာ တရားမျှတတဲ့ ဥပဒေကို အခြေခံတည်ဆောက်ရမှာဖြစ်ပြီး  ပြည်သူတွေ လိုက်နာနိုင်သော သင့်တော်ကောင်းမွန်တဲ့ တရားမျှတမှုရှိဖို့ အထူးလိုအပ်လှပါတယ်။

တရားဥပဒေစိုးမိုးရေးအတွက် အုပ်ချုပ်ရေးကဏ္ဍ၊ တရားစီရင်ရေးကဏ္ဍ၊ ဥပဒေပြုရေးကဏ္ဍ တို့ဟာ တစ်ခုနဲ့ တစ်ခု အပြန်အလှန် ထိန်းကျောင်းရမှာ ဖြစ်ပေမယ့် မြန်မာနိုင်ငံမှာတော့ အဲ့ဒီကဏ္ဍအသီးသီးရဲ့ ပေါင်စပ်ညှိနှိုင်း လုပ်ဆောင်နေမှုတွေဟာ မေးခွန်းထုတ်စရာ အနေအထားမှာ ရှိနေပါတယ်။

လက်ရှိ မြန်မာနိုင်ငံရဲ့ တရားဥပဒေစိုးမိုးမှု အပိုင်းကိုကြည့်ရင် အားနည်းမှုတွေရှိနေပြီး အစိုးရအသစ် တက်လာပြီးနောက်ပိုင်း မဏ္ဍိုင်ကြီး သုံးရပ်ရဲ့ အချင်းချင်းထိန်းကျောင်းမှုတွေဟာ အားနည်းမှုတွေ ရှိနေတယ်လို့ လွှတ်တော်ကိုယ်စားလှယ်ဟောင်း တစ်ဦးဖြစ်တဲ့ ဦးခိုင်မောင်ရည် က သုံးသပ်ပြောဆိုပါတယ်။

“ပြီးခဲ့တဲ့ လွှတ်တော်ကာလမှာ ဥပဒေပြုမဏ္ဍိုင်ကနေ တရားစီရင်ရေးမဏ္ဍိုင်ကိုရော၊ အုပ်ချုပ်ရေးမဏ္ဍိုင်ကိုရော ထိန်းကျောင်းခဲ့တယ်။အပြန်အလှန် ထိန်းကျောင်းခဲ့တယ်။အပြန်အလှန် ထိန်းကျောင်းတဲ့အခါမှာ တပ်မတော်ရဲ့ လုပ်ဆောင်မှု အခန်းကဏ္ဍတွေကိုပါ ထိန်းကျောင်းမှုတွေ လုပ်ခဲ့တယ်။ဒါပေမဲ့ လက်ရှိအခြေအနေမှာ အဲ့ဒီလို ထိန်းချုပ်မှုကတော့ လက်ရှိလွှတ်တော်မှာ လက်ရှိအာဏာရအစိုးရအနေနဲ့ ထိန်းကျောင်းမှုက တော်တော်နည်းတယ်လို့ ပြောရမယ်လို့ ဆိုပါတယ်။

လက်ရှိအချိန်မှာ မဏ္ဍိုင် ၃ ရပ်ရဲ့ လုပ်ဆောင်မှုတွေဟာ သီးခြားစီလို ရပ်တည်နေတဲ့အတွက် အစိုးရတစ်ရပ်တည်းက အုပ်ချုပ်နေတဲ့ ပုံသဏ္ဍာန်မျိုး မတွေ့ရဘူးလို့ ဆက်လက်သုံးသပ်ခဲ့ပါတယ်။

“တခါတခါကျရင် တရားရေးမဏ္ဍိုင်နဲ့ အုပ်ချုပ်ရေးမဏ္ဍိုင် သီးခြားစီနဲ့ သီးခြားစီဆိုတာက အစိုးရတစ်ခုတည်း မဟုတ်ဘူးလို့ ခံစားရတယ်။အရင်တုန်းက အစိုးရတစ်ရပ်တည်းပဲ၊ ဦးသိန်းစိန် အစိုးရလက်ထက်မှာ ဦးသိန်းစိန် အစိုးရ၊ ဦးထွန်းထွန်းဦး ဦးဆောင်တဲ့ တရားစီရင်ရေးမဏ္ဍိုင် အဲဒီနှစ်ခုက တော်တော်နီးကပ်သေးတယ်။တော်တော်လေး ထိန်းကျောင်းဖို့ လွယ်ခဲ့တယ်လို့ ထင်ခဲ့တယ်။လွှတ်တော်ကနေ ထိန်းကျောင်းတာတွေ မှန်သမျှ၊ ဥပဒေပြုတာတွေ မှန်သမျှ လက်ခံတာတွေ တွေ့တယ်။ဒါပေမဲ့ လက်ရှိအခြေအနေမှာတော့ တော်တော်ဝေးတယ်လို့ သူက ဆက်ပြောပါတယ်။

မှုခင်းမှတ်တမ်းများက သက်သေပြနေတဲ့ တရားဥပဒေစိုးမိုးမှု

မြန်မာနိုင်ငံမှာ တရားဥပဒေစိုးမိုးမှု လျော့နည်းကျဆင်းလာတာနဲ့အမျှ ထူးခြားတဲ့ မှုခင်းဖြစ်စဉ်များ ဖြစ်ပွားခဲ့ပြီး အချိန်အခါမရွေး လု၊ ယက်၊ သတ်ဖြတ်ခြင်း ခံရနိုင်တယ်ဆိုတာ ဖြစ်ပေါ်ခဲ့ဖူးတဲ့ မှုခင်းမှတ်တမ်းတွေက သတိပေးပြသလို့နေပါတယ်။

ထူးခြားတဲ့ မှုခင်းမှတ်တမ်းတွေအနေနဲ့ဆိုရင် ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလ ၂၉ ရက် နေ့ က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဥပဒေအကြံပေး တရားလွှတ်တော်ရှေ့နေ ဦးကိုနီ ကို  ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်ရှေ့မှာ သေနတ်နဲ့ အနီးကပ်ပစ်သတ်ခြင်း ခံခဲ့ရပါတယ်။အဲ့ဒီ ၂၀၁၇ ခုနှစ်မှာပဲ နိုဝင်ဘာလ ၁၅ ရက် က လှိုင်မြို့နယ်၊ (၉) ရပ်ကွက်၊ လှိုင်သီရိအိမ်ရာ တိုက်ခန်းအတွင်း မကေသီလှိုင် (၄၀) နှစ်၊ ၎င်းရဲ့ သမီးဖြစ်သူ မသာယာထွန်း (၉) နှစ် ၊ မအေးမာဦး တို့ သုံးဦးဟာ အခန်းအတွင်း အသတ်ခံခဲ့ရတဲ့ အဖြစ်မျိုး ပေါ်ပေါက်ခဲ့ပါတယ်။ဒါ့အပြင် လွန်ခဲ့တဲ့ ၂၀၁၆ ခုနှစ်၊ သြဂုတ် ၂၀ ရက်နေ့က မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်၊ ပတ္တမြားမြို့သစ် မှာ နေထိုင်တဲ့ ရဲအရာရှိဟောင်း ကိုစိုးနောင်၊ ဇနီးဖြစ်သူ မချယ်ရီထက်၊ သားကြီး မောင်ဟန်သူရ၊ သားငယ် မောင်စွမ်းထက်မြတ် တို့ လေးဦး ဓားဒဏ်ရာပေါင်းများစွာနဲ့ နေအိမ်အတွင်းမှာ အသတ်ခံခဲ့ရတဲ့ ဖြစ်စဉ်တစ်ခု ပေါ်ပေါက်ခဲ့ပါတယ်။အဲ့ဒီရဲ့ အရှေ့ပိုင်းနှစ်တွေထဲမှာတော့ ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်မြို့နယ်၊ တက္ကသိုလ်ရိပ်သာလမ်း၊ စိမ်းလဲ့ကန်သာလမ်းသွယ်၊ နိုင်ငံတော်ဧည့်ဂေဟာအနီးမှာ ဖြစ်ပွားခဲ့တဲ့ ငါးလောင်းပြိုင် လူသတ်မှုတစ်ခု ၂၀၀၈ ခုနှစ်၊ မတ်လ ၃ ရက်နေ့က ဖြစ်ပွားခဲ့ပါတယ်။

အဲ့ဒီလို မြန်မာနိုင်ငံရဲ့ မြို့ကြီးတစ်မြို့ဖြစ်တဲ့ ရန်ကုန်မြို့ကြီးမှာ ၅ လောင်းပြိုင်၊ ၄ လောင်းပြိုင်၊ ၃ လောင်း ပြိုင် လူသတ်မှုတွေ ဖြစ်ပွားခဲ့ပြီး ပြစ်မှုကျူးလွန်တယ်ဆိုတဲ့သူ အချို့ကို ရဲတပ်ဖွဲ့က ဖော်ထုတ်ဖမ်းဆီးရမိခဲ့တာတွေရှိသလို အချို့ မှုခင်းဖြစ်စဉ်တွေကိုတော့ ဖမ်းဆီးရမိတာမျိုးမရှိဘဲ ပြစ်မှုကျူးလွန်သူတွေ လွတ်မြောက်နေလျက် ရှိပါတယ်။

မေးခွန်းထုတ်စရာဖြစ်နေတဲ့ လုံခြုံရေးတာဝန်ယူမှု

မြန်မာနိုင်ငံအတွင်းမှာ ခိုး၊ ဆိုး၊ လုယက်၊ သတ်ဖြတ်တဲ့ မှုခင်းဖြစ်စဉ်များအပြင် လက်နက်အများအပြားကို တရားမဝင် ကိုင်ဆောင်သူတွေ ဖမ်းဆီးရမိခဲ့တဲ့ ဖြစ်ရပ်တွေကလည်း အများပြည်သူတွေအဖို့ ထိတ်လန့် တုန်လှုပ်ခဲ့ကြပါတယ်။

၂၀၁၇ ခုနှစ် အောက်တိုဘာလထဲ နေပြည်တော် အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ ဖြိုးကိုကိုတင့်ဆန်း ကို လက်နက်ခဲယမ်းတွေနဲ့အတူူ ဖမ်းဆီးရမိခဲ့ပြီး သူ့ရဲ့ နေအိမ်နဲ့ ကုမ္ပဏီရုံးခန်းတွေကို ဝင်ရောက်ရှာဖွေရာမှာလည်း စစ်လက်နက်ပစ္စည်းများ၊ နိုင်ငံတော်တံဆိပ်ပါ ဝတ်စုံများ၊ မူးယစ်ဆေးဝါးများကို ဖမ်းဆီးရမိခဲ့တဲ့ ဖြစ်ရပ်တစ်ခု ပေါ်ပေါက်ခဲ့ပါသေးတယ်။အဲ့ဒီလို ထူးခြားတဲ့ မှုခင်းဖြစ်စဉ်တွေဟာ ရန်ကုန်မြို့အပြင် တခြားသော ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေမှာလည်း အများအပြား ဖြစ်ပွားတဲ့အတွက် ရဲတပ်ဖွဲ့ရဲ့ စွမ်းဆောင်မှုတွေဟာ မေးခွန်းထုတ်စရာ အနေအထားမျိုး ဖြစ်စေခဲ့ပါတယ်။

ရဲတပ်ဖွဲ့အနေနဲ့ ပြည်သူကို ဝန်ဆောင်မှုပေးရတဲ့ လုပ်ငန်းကို လုပ်ကိုင်နေရတဲ့အတွက် အစိုးရသစ် တက်လာပြီးနောက်ပိုင်း တစ်ချို့သော ပြုပြင်ပြောင်းလဲမှုတွေကို လုပ်ကိုင်လာခဲ့ကြပါတယ်။အဲ့ဒီပြုပြင်ပြောင်းလဲမှုတွေအနေနဲ့ မှုခင်းတွေကို စစ်ဆေးဖော်ထုတ်တဲ့ နေရာမှာ ရဲတပ်ဖွဲ့ဝင်တွေဟာ ရိုက်နှက်စစ်ဆေးတာတွေ၊ စိတ်ပိုင်းဆိုင်ရာ နှိပ်စက်တာတွေ မပြုလုပ်ဖို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ရဲချုပ်ဇော်ဝင်း က ၂၀၁၆  ခုနှစ်၊ မေလ ၂၁ ရက်နေ့ မှာ ပြောကြားခဲ့ပါတယ်။ရဲတပ်ဖွဲ့ရဲ့ ပြုပြင်ပြောင်းလဲမှုဟာ ကောင်းမွန်ပေမယ့် မှုခင်းတွေ ဖော်ထုတ်တဲ့ နေရာမှာတော့ အခက်အခဲရှိတယ်လို့ ရဲအရာရှိတစ်ဦးက ဆိုပါတယ်။

“တရားခံတစ်ယောက်ကို မိလာပြီ။သူ့ကို စစ်တဲ့အခါ ရိုက်နှက်ပြီး မစစ်ရဘူး။စိတ်ပိုင်းဆိုင်ရာ နှိပ်စက်တာတွေ မလုပ်ရဘူးဆိုတော့ သူတို့ အရင်ကျူးလွန်ခဲ့တဲ့ဟာတွေလည်း မဖော်ထုတ်နိုင်တော့ဘူး” လို့ ဆိုပါတယ်။ရဲတပ်ဖွဲ့ဝင်တွေအနေနဲ့ ညလှည့်ကင်း၊ ရာဇဝတ်မှု ကျူးလွန်သူများကို စုံစမ်းစစ်ဆေးခြင်း၊ တရားရုံးထုတ်တဲ့အခါ လုံခြုံရေးယူပေးရခြင်း၊ အရေးကြီးပုဂ္ဂိုလ်များရဲ့ လုံခြုံရေးလမ်းကြောင်းတွေမှာ လုံခြုံရေးယူကာ တာဝန်ထမ်းဆောင်ရခြင်း အစရှိတဲ့ တာဝန်ဝတ္တရားတွေ များပြားစွာ ဆောင်ရွက်နေရတဲ့အတွက် ဝန်နဲ့အား မမျှဘူးလို့လည်း ဆိုပါတယ်။

၂၀၁၆ ခုနှစ်ရဲ့စာရင်းများအရ မြန်မာနိုင်ငံမှာ ရဲတပ်ဖွဲ့အင်အား ၇၂၀၀၀ လောက်သာရှိပြီး နိုင်ငံတကာ စံနှုန်းများအရ ရဲတစ်ဦးလျှင် ပြည်သူ ၄၀၀ အချိုးကျ လုံခြုံရေးဆောင်ရွက်ပေးလျှက် ရှိပေမယ့် မြန်မာနိုင်ငံမှာတော့ ပြည်သူ ၁၂၇၄ ဦးကို တာဝန်ယူ လုပ်ဆောင်နေရတာ ဖြစ်ပါတယ်။လုံခြုံရေးနဲ့ တရားဥပေဒစိုးမိုးရေးကို ထိထိရောက်ရောက် ဆောင်ရွက်ဖို့ဆိုရင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို နိုင်ငံတော်လူဦးရေ အချိုးအစားနဲ့ ကိုက်ညီတဲ့ တပ်ဖွဲ့အင်အား ဖြည့်ဆည်းဖို့ လိုအပ်နေတာတော့ အမှန်ဘဲ ဖြစ်ပါတယ်။

တကယ်ဖော်ဆောင်ရတော့မယ့် ဥပဒေအထက် ဘယ်သူမှမရှိစေရဆိုတာ

မြန်မာနိုင်ငံရဲ့ တရားဥပဒေစိုးမိုးရေးအတွက် တရားရုံးတွေဟာလည်း အဓိကကျတဲ့ အခန်းကဏ္ဍမှာ ပါဝင်နေပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေအရ မည်သူ့ကိုမဆို ဥပဒေအရာတွင် တန်းတူညီမျှ အခွင့်အရေးရရှိစေရမည်၊ ဥပဒေ၏ အကာအကွယ်ကိုလည်း တန်းတူညီမျှစွာ ရယူပိုင်ခွင့်ပေးရမယ်လို့ ပုဒ်မ ၃၄၇ မှာ အတိအလင်း ပြဋ္ဌာန်းထားပါတယ်။အဲ့ဒီလို ဥပဒေရဲ့ အကာအကွယ်ကို တန်းတူညီမျှ ရယူပိုင်ခိုင်ခွင့် ရှိပေမယ့် ကျောသားရင်သား ခွဲခြားတဲ့ဓလေ့ဟာ မြန်မာနိုင်ငံမှာ ထွန်းကားနေသေးတယ်ဆိုတာ အားလုံးအသိပဲ ဖြစ်ပါတယ်။

ဥပဒေအထက်မှာ မည်သူမျှ မရှိစေရဆိုတဲ့ စကားရပ်ဟာ နားထောင်ရသူတွေအတွက် အလွန်ဘဲ နားဝင်ချိုစရာ စကားလုံးတွေ ဖြစ်ပေမယ့် တရားသူကြီးရဲ့ ရှေ့မှောက်မှာ တရားမျှတမှုကို မရရှိတဲ့ ပြည်သူတွေ အများအပြားရှိတယ်လို့ ဥပဒေအကြံပေးဖြစ်သူ ဦးတင်သန်းဦး က မှတ်ချက်ပြု ပြောကြားပါတယ်။

“တရားရုံးတွေမှာ တရားဥပဒေတွေ မစိုးမိုးနိုင်တာ အဆိုးဝါးဆုံးလို့ ပြောချင်တယ်။တရားသူကြီးရဲ့ ရှေ့မှောက်မှာ တရားမျှတမှုမရတဲ့ အမှုသည်တွေရဲ့ မျက်ရည်၊ ပြည်သူတွေရဲ့ မျက်ရည်ဟာ ဥပဒေစိုးမိုးရေးအတွက် တောင်းဆိုနေတဲ့ အဓိက ကြေကွဲဝမ်းနည်းစရာကောင်းတဲ့ မျက်ရည်တွေပဲ ဖြစ်တယ်” လို့ ဆိုပါတယ်။

တရားရုံးတွေမှာ ငွေကြေးကြွှယ်ဝချမ်းသာသူတွေ၊ အာဏာရှိသူတွေက ဥပဒေကို လက်တစ်လုံးခြားလုပ်ပြီး ကိုယ်ကျိုးရှာ အမြတ်ထုတ်ယူမှုတွေ ဖြစ်ပေါ်လျှက်ရှိတယ်ဆိုတာ အောင်ရဲထွေး အသတ်ခံရမှု ဖြစ်စဉ်အရ အများပြည်သူတွေသာမက နိုင်ငံတော်သမ္မတ ကိုယ်တိုင်ကပါ သတိထားမိလာတဲ့ ဖြစ်ရပ်တွေဆိုတာ အထင်အရှားတစ်ခုပါပဲ။

တရားရေးမဏ္ဍိုင်ကို ပြုပြင်ပြောင်းလဲဖို့ နည်းလမ်းပေါင်းစုံနဲ့ ကြံဆနေကြပြီး တရားစီရင်တဲ့ တရားသူကြီးကိုယ်တိုင် ကျမ်းကိုင်စစ်ဆေးဖို့ ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ၂၃ ရက်နေ့မှာ အမျိုးသားလွှတ်တော်သို့ အဆို တင်သွင်းခဲ့ပြီး ဆွေးနွေးမှုများ လုပ်ဆောင်လျက်ရှိပါတယ်။တရားသူကြီးတွေကို ဥပဒေဘွဲ့ ပေးအပ်စဉ်နဲ့  တာဝန်စတင်ထမ်းဆောင်စဉ်ကတည်းက မှန်ကန်စွာ စစ်ဆေးပါမယ်လို့ ကျမ်းသစ္စာကျိန်ခဲ့ပြီး ဖြစ်တဲ့အတွက် အမှုများကို ကျမ်းကျိန်ပြီးမှ စစ်ဆေးတာဟာ တရားဥပဒေစိုးမိုးမှုကို ထိထိရောက်ရောက် အကျိုးသက်ရောက်မှု မရှိနိုင်ပေမယ့် ကျမ်းသစ္စာကို ကြောက်ရွံ့တဲ့ တရားသူကြီးတွေကိုတော့ အဟန့်အတား တစ်ခုအနေနဲ့ သတိပေးနိုင်ဖို့ မျှော်လင့်ရတယ်လို့လည်း ဦးတင်သန်းဦး က ပြောပါတယ်။

“ကျမ်းသစ္စာ ကျိန်ဆိုလိုက်တဲ့အတွက် တကယ်ကျမ်းဆူးမှာကြောက်တဲ့ တရားသူကြီးတွေကတော့ သူတို့ နည်းနည်းလေး ထိန်းလာမလားလို့ မျှော်လင့်ကောင်း မျှော်လင့်နိုင်တယ်” လို့ ဆိုပါတယ်။တရားသူကြီးတွေအနေနဲ့ ဥပဒေအပေါ် ခိုင်ခိုင်မာမာရပ်တည်ပြီး အဂတိမရှိဘဲ ရဲရဲဝံ့ဝံ့ စစ်ဆေးဆုံးဖြတ်မှသာ တရားစီရင်ရေးမဏ္ဍိုင် တည့်မတ်လာမှာ ဖြစ်တယ်လို့ ဦးခိုင်မောင်ရည် က ဆက်လက်သုံးသပ် ပြောကြားပါတယ်။

“တရားသူကြီးတွေရဲ့ ဆောင်ရွက်ချက်တွေက ဥပဒေအပေါ်ကို ခိုင်ခိုင်မာမာ ရပ်တည်ပြီးတော့မှ ရဲရဲဝံ့ဝံ့ ဆုံးဖြတ်တာမျိုး အဲ့ဒီအခြေအနေမျိုး၊ အဂတိမရှိဘဲ ဆောင်ရွက်တာမျိုး ပြီးတော့ ဥပဒေကို နိုင်ငံသား ခံစားထိုက်အောင် ဆောင်ရွက်ပေးတာမျိုး ဒါမျိုးကိုဘဲလိုချင်တာ။ဥပဒေရဲ့ အထက်မှာ မည်သူမျှမရှိဆိုတဲ့ စကားကို တကယ့်ဖော်ဆောင်နိုင်ပြီလား။အဲ့ဒီပုံစံမျိုးဖြစ်မှသာ တရားဥပဒေနဲ့အညီ ဖြစ်တယ်။တရားစီရင်ရေးမဏ္ဍိုင် တည့်မတ်တယ်လို့ ပြောလို့ရမယ်” လို့ ဆိုပါတယ်။အဲ့ဒီလို တရားရုံးတွေရဲ့ တစ်ချို့သော ဆုံးဖြတ်ချက်တွေဟာ အများပြည်သူတွေ ကျေနပ်မှုမရှိကြဘဲ အမှုရင်ဆိုင်ဖို့ သွားရောက်ရတဲ့သူတွေအနေနဲ့လည်း အချိန်ကာလကြာမြင့်စွာ စစ်ဆေးခံရလေ့ရှိတဲ့အတွက် အချိန်ကုန်၊ လူပန်း ဖြစ်ရတယ်လို့ ဆိုကြပါတယ်။

တရားရုံးတွေအနေနဲ့ တရားစွဲသူနဲ့ စွပ်စွဲခံရသူတွေ အခွင့်အရေး အညီအမျှရရှိစေဖို့ တာဝန်ယူဆောင်ရွက်ရတာဖြစ်ပြီး မှန်ကန်တဲ့အမိန့် ချမှတ်နိုင်ဖို့ ပြဋ္ဌာန်းထားတဲ့ စီရင်ထုံးတွေနဲ့အညီ စစ်ဆေးဆောင်ရွက်ရတာ ဖြစ်တယ်လို့ ခရိုင်တရားသူကြီးတစ်ဦးက ဆိုပါတယ်။အမှုတွေကို အလျှင်အမြန် အမိန့်ချမှတ်နိုင်ဖို့အတွက် တရားရုံးကနေ ထုတ်ဆင့်တဲ့ ဖမ်းဝရမ်းတွေ၊ သမ္မာန်စာနဲ့ နို့တစ်စာများကို ရဲတပ်ဖွဲ့က အချိန်နဲ့တပြေးညီ ကူညီဆောင်ရွက်ပေးပြီး တရားရေးဝန်ထမ်းနဲ့ တရားရံုံးများ တိုးချဲ့တာတွေကိုလည်း နိုင်ငံတော်အနေနဲ့ ပံ့ပိုးပေးသင့်တယ်လို့ ဆိုပါတယ်။သမ္မတသစ် ဦးဝင်းမြင့် အနေနဲ့ သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုပွဲမှာ ပြည်ထောင်စုအစိုးရရဲ့ အဓိကပန်းတိုင်ဟာ တရားဥပဒေစိုးမိုးရေး၊ ပြည်သူများရဲ့ လူမှုစီးပွားဘဝ တိုးတက်မြင့်မားရေး ဖြစ်တယ်လို့ ကျမ်းသစ္စာကျိန်ဆိုခဲ့သလို ဒီနောက်ပိုင်းမှာ အင်တိုက်အားတိုက် လုပ်ဆောင်လျှက်ရှိပါတယ်။

နိုင်ငံတော်သမ္မတရဲ့ လုပ်ဆောင်ချက်တွေဟာ အများပြည်သူတွေအတွက် အားရကျေနပ်စရာကောင်းတဲ့ အခြေအနေတွေဖြစ်ပေမယ့် လက်ရှိကာလမှာတော့ လုံခြုံရေးနဲ့ တရားဥပဒေ စိုးမိုးရေးကိစ္စတွေဟာ ကျဆင်းလျှက် ရှိနေပါသေးတယ်။

အဲ့ဒီလို မြန်မာနိုင်ငံရဲ့ တရားဥပဒေစိုးမိုးမှု အားကောင်းလာစေဖို့ မဏ္ဍိုင်ကြီး သုံးရပ်အနေနဲ့ တစ်ခုနဲ့ တစ်ခု အပြန်အလှန် ထိန်းကျောင်းရမှာဖြစ်ပြီး အစိုးရအနေနဲ့ လက်ရှိအခြေအနေတိုင်း ဆက်လက်လုပ်ကိုင်နေပါက လက်ကျန်သက်တမ်း နှစ်နှစ်တာအတွင်းမှာ တရားဥပဒေစိုးမိုးမှုကို အဖြေရှာနိုင်မှာ မဟုတ်ဘူးလို့ ဦးခိုင်မောင်ရည် က သုံးသပ်ပြောဆိုခဲ့ပါတယ်။

မင်းထွန်း(အုတ်ကျင်း)
ဇန်နဝါရီ - ၂၉

( Zawgyi )

ႏိုင္ငံတစ္ခု တည္ၿငိမ္ေအးခ်မ္းဖို႔ တရားဥပေဒစိုးမိုးေရးဟာ လြန္စြာအေရးႀကီးတဲ့ အခန္းက႑မွာ ပါဝင္ေနပါ တယ္။ႏိုင္ငံတစ္ခုကို တည္ေဆာက္တဲ့ေနရာမွာ တရားမွ်တတဲ့ ဥပေဒကို အေျခခံတည္ေဆာက္ရမွာျဖစ္ၿပီး  ျပည္သူေတြ လိုက္နာႏိုင္ေသာ သင့္ေတာ္ေကာင္းမြန္တဲ့ တရားမွ်တမႈရွိဖို႔ အထူးလိုအပ္လွပါတယ္။

တရားဥပေဒစိုးမိုးေရးအတြက္ အုပ္ခ်ဳပ္ေရးက႑၊ တရားစီရင္ေရးက႑၊ ဥပေဒျပဳေရးက႑ တို႔ဟာ တစ္ခုနဲ႔ တစ္ခု အျပန္အလွန္ ထိန္းေက်ာင္းရမွာ ျဖစ္ေပမယ့္ ျမန္မာႏိုင္ငံမွာေတာ့ အဲ့ဒီက႑အသီးသီးရဲ႕ ေပါင္စပ္ညႇိႏႈိင္း လုပ္ေဆာင္ေနမႈေတြဟာ ေမးခြန္းထုတ္စရာ အေနအထားမွာ ရွိေနပါတယ္။

လက္ရွိ ျမန္မာႏိုင္ငံရဲ႕ တရားဥပေဒစိုးမိုးမႈ အပိုင္းကိုၾကည့္ရင္ အားနည္းမႈေတြရွိေနၿပီး အစိုးရအသစ္ တက္လာၿပီးေနာက္ပိုင္း မ႑ိဳင္ႀကီး သုံးရပ္ရဲ႕ အခ်င္းခ်င္းထိန္းေက်ာင္းမႈေတြဟာ အားနည္းမႈေတြ ရွိေနတယ္လို႔ လႊတ္ေတာ္ကိုယ္စားလွယ္ေဟာင္း တစ္ဦးျဖစ္တဲ့ ဦးခိုင္ေမာင္ရည္ က သုံးသပ္ေျပာဆိုပါတယ္။

“ၿပီးခဲ့တဲ့ လႊတ္ေတာ္ကာလမွာ ဥပေဒျပဳမ႑ိဳင္ကေန တရားစီရင္ေရးမ႑ိဳင္ကိုေရာ၊ အုပ္ခ်ဳပ္ေရးမ႑ိဳင္ကိုေရာ ထိန္းေက်ာင္းခဲ့တယ္။အျပန္အလွန္ ထိန္းေက်ာင္းခဲ့တယ္။အျပန္အလွန္ ထိန္းေက်ာင္းတဲ့အခါမွာ တပ္မေတာ္ရဲ႕ လုပ္ေဆာင္မႈ အခန္းက႑ေတြကိုပါ ထိန္းေက်ာင္းမႈေတြ လုပ္ခဲ့တယ္။ဒါေပမဲ့ လက္ရွိအေျခအေနမွာ အဲ့ဒီလို ထိန္းခ်ဳပ္မႈကေတာ့ လက္ရွိလႊတ္ေတာ္မွာ လက္ရွိအာဏာရအစိုးရအေနနဲ႔ ထိန္းေက်ာင္းမႈက ေတာ္ေတာ္နည္းတယ္လို႔ ေျပာရမယ္လို႔ ဆိုပါတယ္။

လက္ရွိအခ်ိန္မွာ မ႑ိဳင္ ၃ ရပ္ရဲ႕ လုပ္ေဆာင္မႈေတြဟာ သီးျခားစီလို ရပ္တည္ေနတဲ့အတြက္ အစိုးရတစ္ရပ္တည္းက အုပ္ခ်ဳပ္ေနတဲ့ ပုံသ႑ာန္မ်ိဳး မေတြ႕ရဘူးလို႔ ဆက္လက္သုံးသပ္ခဲ့ပါတယ္။

“တခါတခါက်ရင္ တရားေရးမ႑ိဳင္နဲ႔ အုပ္ခ်ဳပ္ေရးမ႑ိဳင္ သီးျခားစီနဲ႔ သီးျခားစီဆိုတာက အစိုးရတစ္ခုတည္း မဟုတ္ဘူးလို႔ ခံစားရတယ္။အရင္တုန္းက အစိုးရတစ္ရပ္တည္းပဲ၊ ဦးသိန္းစိန္ အစိုးရလက္ထက္မွာ ဦးသိန္းစိန္ အစိုးရ၊ ဦးထြန္းထြန္းဦး ဦးေဆာင္တဲ့ တရားစီရင္ေရးမ႑ိဳင္ အဲဒီႏွစ္ခုက ေတာ္ေတာ္နီးကပ္ေသးတယ္။ေတာ္ေတာ္ေလး ထိန္းေက်ာင္းဖို႔ လြယ္ခဲ့တယ္လို႔ ထင္ခဲ့တယ္။လႊတ္ေတာ္ကေန ထိန္းေက်ာင္းတာေတြ မွန္သမွ်၊ ဥပေဒျပဳတာေတြ မွန္သမွ် လက္ခံတာေတြ ေတြ႕တယ္။ဒါေပမဲ့ လက္ရွိအေျခအေနမွာေတာ့ ေတာ္ေတာ္ေဝးတယ္လို႔ သူက ဆက္ေျပာပါတယ္။

မႈခင္းမွတ္တမ္းမ်ားက သက္ေသျပေနတဲ့ တရားဥပေဒစိုးမိုးမႈ

ျမန္မာႏိုင္ငံမွာ တရားဥပေဒစိုးမိုးမႈ ေလ်ာ့နည္းက်ဆင္းလာတာနဲ႔အမွ် ထူးျခားတဲ့ မႈခင္းျဖစ္စဥ္မ်ား ျဖစ္ပြားခဲ့ၿပီး အခ်ိန္အခါမေ႐ြး လု၊ ယက္၊ သတ္ျဖတ္ျခင္း ခံရႏိုင္တယ္ဆိုတာ ျဖစ္ေပၚခဲ့ဖူးတဲ့ မႈခင္းမွတ္တမ္းေတြက သတိေပးျပသလို႔ေနပါတယ္။

ထူးျခားတဲ့ မႈခင္းမွတ္တမ္းေတြအေနနဲ႔ဆိုရင္ ၂၀၁၇ ခုႏွစ္၊ ဇန္နဝါရီလ ၂၉ ရက္ ေန႔ က အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ (NLD) ဥပေဒအႀကံေပး တရားလႊတ္ေတာ္ေရွ႕ေန ဦးကိုနီ ကို  ရန္ကုန္ အျပည္ျပည္ဆိုင္ရာေလဆိပ္ေရွ႕မွာ ေသနတ္နဲ႔ အနီးကပ္ပစ္သတ္ျခင္း ခံခဲ့ရပါတယ္။အဲ့ဒီ ၂၀၁၇ ခုႏွစ္မွာပဲ ႏိုဝင္ဘာလ ၁၅ ရက္ က လႈိင္ၿမိဳ႕နယ္၊ (၉) ရပ္ကြက္၊ လႈိင္သီရိအိမ္ရာ တိုက္ခန္းအတြင္း မေကသီလႈိင္ (၄၀) ႏွစ္၊ ၎ရဲ႕ သမီးျဖစ္သူ မသာယာထြန္း (၉) ႏွစ္ ၊ မေအးမာဦး တို႔ သုံးဦးဟာ အခန္းအတြင္း အသတ္ခံခဲ့ရတဲ့ အျဖစ္မ်ိဳး ေပၚေပါက္ခဲ့ပါတယ္။ဒါ့အျပင္ လြန္ခဲ့တဲ့ ၂၀၁၆ ခုႏွစ္၊ ၾသဂုတ္ ၂၀ ရက္ေန႔က မဂၤလာဒုံၿမိဳ႕နယ္၊ ေထာက္ၾကန႔္၊ ပတၱျမားၿမိဳ႕သစ္ မွာ ေနထိုင္တဲ့ ရဲအရာရွိေဟာင္း ကိုစိုးေနာင္၊ ဇနီးျဖစ္သူ မခ်ယ္ရီထက္၊ သားႀကီး ေမာင္ဟန္သူရ၊ သားငယ္ ေမာင္စြမ္းထက္ျမတ္ တို႔ ေလးဦး ဓားဒဏ္ရာေပါင္းမ်ားစြာနဲ႔ ေနအိမ္အတြင္းမွာ အသတ္ခံခဲ့ရတဲ့ ျဖစ္စဥ္တစ္ခု ေပၚေပါက္ခဲ့ပါတယ္။အဲ့ဒီရဲ႕ အေရွ႕ပိုင္းႏွစ္ေတြထဲမွာေတာ့ ရန္ကုန္တိုင္းေဒသႀကီး၊ ကမာ႐ြတ္ၿမိဳ႕နယ္၊ တကၠသိုလ္ရိပ္သာလမ္း၊ စိမ္းလဲ့ကန္သာလမ္းသြယ္၊ ႏိုင္ငံေတာ္ဧည့္ေဂဟာအနီးမွာ ျဖစ္ပြားခဲ့တဲ့ ငါးေလာင္းၿပိဳင္ လူသတ္မႈတစ္ခု ၂၀၀၈ ခုႏွစ္၊ မတ္လ ၃ ရက္ေန႔က ျဖစ္ပြားခဲ့ပါတယ္။

အဲ့ဒီလို ျမန္မာႏိုင္ငံရဲ႕ ၿမိဳ႕ႀကီးတစ္ၿမိဳ႕ျဖစ္တဲ့ ရန္ကုန္ၿမိဳ႕ႀကီးမွာ ၅ ေလာင္းၿပိဳင္၊ ၄ ေလာင္းၿပိဳင္၊ ၃ ေလာင္း ၿပိဳင္ လူသတ္မႈေတြ ျဖစ္ပြားခဲ့ၿပီး ျပစ္မႈက်ဴးလြန္တယ္ဆိုတဲ့သူ အခ်ိဳ႕ကို ရဲတပ္ဖြဲ႕က ေဖာ္ထုတ္ဖမ္းဆီးရမိခဲ့တာေတြရွိသလို အခ်ိဳ႕ မႈခင္းျဖစ္စဥ္ေတြကိုေတာ့ ဖမ္းဆီးရမိတာမ်ိဳးမရွိဘဲ ျပစ္မႈက်ဴးလြန္သူေတြ လြတ္ေျမာက္ေနလ်က္ ရွိပါတယ္။

ေမးခြန္းထုတ္စရာျဖစ္ေနတဲ့ လုံၿခဳံေရးတာဝန္ယူမႈ

ျမန္မာႏိုင္ငံအတြင္းမွာ ခိုး၊ ဆိုး၊ လုယက္၊ သတ္ျဖတ္တဲ့ မႈခင္းျဖစ္စဥ္မ်ားအျပင္ လက္နက္အမ်ားအျပားကို တရားမဝင္ ကိုင္ေဆာင္သူေတြ ဖမ္းဆီးရမိခဲ့တဲ့ ျဖစ္ရပ္ေတြကလည္း အမ်ားျပည္သူေတြအဖို႔ ထိတ္လန႔္ တုန္လႈပ္ခဲ့ၾကပါတယ္။

၂၀၁၇ ခုႏွစ္ ေအာက္တိုဘာလထဲ ေနျပည္ေတာ္ အျပည္ျပည္ဆိုင္ရာေလဆိပ္မွာ ၿဖိဳးကိုကိုတင့္ဆန္း ကို လက္နက္ခဲယမ္းေတြနဲ႔အတူူ ဖမ္းဆီးရမိခဲ့ၿပီး သူ႔ရဲ႕ ေနအိမ္နဲ႔ ကုမၸဏီ႐ုံးခန္းေတြကို ဝင္ေရာက္ရွာေဖြရာမွာလည္း စစ္လက္နက္ပစၥည္းမ်ား၊ ႏိုင္ငံေတာ္တံဆိပ္ပါ ဝတ္စုံမ်ား၊ မူးယစ္ေဆးဝါးမ်ားကို ဖမ္းဆီးရမိခဲ့တဲ့ ျဖစ္ရပ္တစ္ခု ေပၚေပါက္ခဲ့ပါေသးတယ္။အဲ့ဒီလို ထူးျခားတဲ့ မႈခင္းျဖစ္စဥ္ေတြဟာ ရန္ကုန္ၿမိဳ႕အျပင္ တျခားေသာ ျပည္နယ္နဲ႔ တိုင္းေဒသႀကီးေတြမွာလည္း အမ်ားအျပား ျဖစ္ပြားတဲ့အတြက္ ရဲတပ္ဖြဲ႕ရဲ႕ စြမ္းေဆာင္မႈေတြဟာ ေမးခြန္းထုတ္စရာ အေနအထားမ်ိဳး ျဖစ္ေစခဲ့ပါတယ္။

ရဲတပ္ဖြဲ႕အေနနဲ႔ ျပည္သူကို ဝန္ေဆာင္မႈေပးရတဲ့ လုပ္ငန္းကို လုပ္ကိုင္ေနရတဲ့အတြက္ အစိုးရသစ္ တက္လာၿပီးေနာက္ပိုင္း တစ္ခ်ိဳ႕ေသာ ျပဳျပင္ေျပာင္းလဲမႈေတြကို လုပ္ကိုင္လာခဲ့ၾကပါတယ္။အဲ့ဒီျပဳျပင္ေျပာင္းလဲမႈေတြအေနနဲ႔ မႈခင္းေတြကို စစ္ေဆးေဖာ္ထုတ္တဲ့ ေနရာမွာ ရဲတပ္ဖြဲ႕ဝင္ေတြဟာ ႐ိုက္ႏွက္စစ္ေဆးတာေတြ၊ စိတ္ပိုင္းဆိုင္ရာ ႏွိပ္စက္တာေတြ မျပဳလုပ္ဖို႔ ျမန္မာႏိုင္ငံ ရဲတပ္ဖြဲ႕ ရဲခ်ဳပ္ေဇာ္ဝင္း က ၂၀၁၆  ခုႏွစ္၊ ေမလ ၂၁ ရက္ေန႔ မွာ ေျပာၾကားခဲ့ပါတယ္။ရဲတပ္ဖြဲ႕ရဲ႕ ျပဳျပင္ေျပာင္းလဲမႈဟာ ေကာင္းမြန္ေပမယ့္ မႈခင္းေတြ ေဖာ္ထုတ္တဲ့ ေနရာမွာေတာ့ အခက္အခဲရွိတယ္လို႔ ရဲအရာရွိတစ္ဦးက ဆိုပါတယ္။

“တရားခံတစ္ေယာက္ကို မိလာၿပီ။သူ႔ကို စစ္တဲ့အခါ ႐ိုက္ႏွက္ၿပီး မစစ္ရဘူး။စိတ္ပိုင္းဆိုင္ရာ ႏွိပ္စက္တာေတြ မလုပ္ရဘူးဆိုေတာ့ သူတို႔ အရင္က်ဴးလြန္ခဲ့တဲ့ဟာေတြလည္း မေဖာ္ထုတ္ႏိုင္ေတာ့ဘူး” လို႔ ဆိုပါတယ္။ရဲတပ္ဖြဲ႕ဝင္ေတြအေနနဲ႔ ညလွည့္ကင္း၊ ရာဇဝတ္မႈ က်ဴးလြန္သူမ်ားကို စုံစမ္းစစ္ေဆးျခင္း၊ တရား႐ုံးထုတ္တဲ့အခါ လုံၿခဳံေရးယူေပးရျခင္း၊ အေရးႀကီးပုဂၢိဳလ္မ်ားရဲ႕ လုံၿခဳံေရးလမ္းေၾကာင္းေတြမွာ လုံၿခဳံေရးယူကာ တာဝန္ထမ္းေဆာင္ရျခင္း အစရွိတဲ့ တာဝန္ဝတၱရားေတြ မ်ားျပားစြာ ေဆာင္႐ြက္ေနရတဲ့အတြက္ ဝန္နဲ႔အား မမွ်ဘူးလို႔လည္း ဆိုပါတယ္။

၂၀၁၆ ခုႏွစ္ရဲ႕စာရင္းမ်ားအရ ျမန္မာႏိုင္ငံမွာ ရဲတပ္ဖြဲ႕အင္အား ၇၂၀၀၀ ေလာက္သာရွိၿပီး ႏိုင္ငံတကာ စံႏႈန္းမ်ားအရ ရဲတစ္ဦးလွ်င္ ျပည္သူ ၄၀၀ အခ်ိဳးက် လုံၿခဳံေရးေဆာင္႐ြက္ေပးလွ်က္ ရွိေပမယ့္ ျမန္မာႏိုင္ငံမွာေတာ့ ျပည္သူ ၁၂၇၄ ဦးကို တာဝန္ယူ လုပ္ေဆာင္ေနရတာ ျဖစ္ပါတယ္။လုံၿခဳံေရးနဲ႔ တရားဥေပဒစိုးမိုးေရးကို ထိထိေရာက္ေရာက္ ေဆာင္႐ြက္ဖို႔ဆိုရင္ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕ကို ႏိုင္ငံေတာ္လူဦးေရ အခ်ိဳးအစားနဲ႔ ကိုက္ညီတဲ့ တပ္ဖြဲ႕အင္အား ျဖည့္ဆည္းဖို႔ လိုအပ္ေနတာေတာ့ အမွန္ဘဲ ျဖစ္ပါတယ္။

တကယ္ေဖာ္ေဆာင္ရေတာ့မယ့္ ဥပေဒအထက္ ဘယ္သူမွမရွိေစရဆိုတာ

ျမန္မာႏိုင္ငံရဲ႕ တရားဥပေဒစိုးမိုးေရးအတြက္ တရား႐ုံးေတြဟာလည္း အဓိကက်တဲ့ အခန္းက႑မွာ ပါဝင္ေနၿပီး ဖြဲ႕စည္းပုံ အေျခခံဥပေဒအရ မည္သူ႔ကိုမဆို ဥပေဒအရာတြင္ တန္းတူညီမွ် အခြင့္အေရးရရွိေစရမည္၊ ဥပေဒ၏ အကာအကြယ္ကိုလည္း တန္းတူညီမွ်စြာ ရယူပိုင္ခြင့္ေပးရမယ္လို႔ ပုဒ္မ ၃၄၇ မွာ အတိအလင္း ျပ႒ာန္းထားပါတယ္။အဲ့ဒီလို ဥပေဒရဲ႕ အကာအကြယ္ကို တန္းတူညီမွ် ရယူပိုင္ခိုင္ခြင့္ ရွိေပမယ့္ ေက်ာသားရင္သား ခြဲျခားတဲ့ဓေလ့ဟာ ျမန္မာႏိုင္ငံမွာ ထြန္းကားေနေသးတယ္ဆိုတာ အားလုံးအသိပဲ ျဖစ္ပါတယ္။

ဥပေဒအထက္မွာ မည္သူမွ် မရွိေစရဆိုတဲ့ စကားရပ္ဟာ နားေထာင္ရသူေတြအတြက္ အလြန္ဘဲ နားဝင္ခ်ိဳစရာ စကားလုံးေတြ ျဖစ္ေပမယ့္ တရားသူႀကီးရဲ႕ ေရွ႕ေမွာက္မွာ တရားမွ်တမႈကို မရရွိတဲ့ ျပည္သူေတြ အမ်ားအျပားရွိတယ္လို႔ ဥပေဒအႀကံေပးျဖစ္သူ ဦးတင္သန္းဦး က မွတ္ခ်က္ျပဳ ေျပာၾကားပါတယ္။

“တရား႐ုံးေတြမွာ တရားဥပေဒေတြ မစိုးမိုးႏိုင္တာ အဆိုးဝါးဆုံးလို႔ ေျပာခ်င္တယ္။တရားသူႀကီးရဲ႕ ေရွ႕ေမွာက္မွာ တရားမွ်တမႈမရတဲ့ အမႈသည္ေတြရဲ႕ မ်က္ရည္၊ ျပည္သူေတြရဲ႕ မ်က္ရည္ဟာ ဥပေဒစိုးမိုးေရးအတြက္ ေတာင္းဆိုေနတဲ့ အဓိက ေၾကကြဲဝမ္းနည္းစရာေကာင္းတဲ့ မ်က္ရည္ေတြပဲ ျဖစ္တယ္” လို႔ ဆိုပါတယ္။

တရား႐ုံးေတြမွာ ေငြေၾကးႂကႊယ္ဝခ်မ္းသာသူေတြ၊ အာဏာရွိသူေတြက ဥပေဒကို လက္တစ္လုံးျခားလုပ္ၿပီး ကိုယ္က်ိဳးရွာ အျမတ္ထုတ္ယူမႈေတြ ျဖစ္ေပၚလွ်က္ရွိတယ္ဆိုတာ ေအာင္ရဲေထြး အသတ္ခံရမႈ ျဖစ္စဥ္အရ အမ်ားျပည္သူေတြသာမက ႏိုင္ငံေတာ္သမၼတ ကိုယ္တိုင္ကပါ သတိထားမိလာတဲ့ ျဖစ္ရပ္ေတြဆိုတာ အထင္အရွားတစ္ခုပါပဲ။

တရားေရးမ႑ိဳင္ကို ျပဳျပင္ေျပာင္းလဲဖို႔ နည္းလမ္းေပါင္းစုံနဲ႔ ႀကံဆေနၾကၿပီး တရားစီရင္တဲ့ တရားသူႀကီးကိုယ္တိုင္ က်မ္းကိုင္စစ္ေဆးဖို႔ ၂၀၁၉ ခုႏွစ္၊ ဇန္နဝါရီလ ၂၃ ရက္ေန႔မွာ အမ်ိဳးသားလႊတ္ေတာ္သို႔ အဆို တင္သြင္းခဲ့ၿပီး ေဆြးေႏြးမႈမ်ား လုပ္ေဆာင္လ်က္ရွိပါတယ္။တရားသူႀကီးေတြကို ဥပေဒဘြဲ႕ ေပးအပ္စဥ္နဲ႔  တာဝန္စတင္ထမ္းေဆာင္စဥ္ကတည္းက မွန္ကန္စြာ စစ္ေဆးပါမယ္လို႔ က်မ္းသစၥာက်ိန္ခဲ့ၿပီး ျဖစ္တဲ့အတြက္ အမႈမ်ားကို က်မ္းက်ိန္ၿပီးမွ စစ္ေဆးတာဟာ တရားဥပေဒစိုးမိုးမႈကို ထိထိေရာက္ေရာက္ အက်ိဳးသက္ေရာက္မႈ မရွိႏိုင္ေပမယ့္ က်မ္းသစၥာကို ေၾကာက္႐ြံ႕တဲ့ တရားသူႀကီးေတြကိုေတာ့ အဟန႔္အတား တစ္ခုအေနနဲ႔ သတိေပးႏိုင္ဖို႔ ေမွ်ာ္လင့္ရတယ္လို႔လည္း ဦးတင္သန္းဦး က ေျပာပါတယ္။

“က်မ္းသစၥာ က်ိန္ဆိုလိုက္တဲ့အတြက္ တကယ္က်မ္းဆူးမွာေၾကာက္တဲ့ တရားသူႀကီးေတြကေတာ့ သူတို႔ နည္းနည္းေလး ထိန္းလာမလားလို႔ ေမွ်ာ္လင့္ေကာင္း ေမွ်ာ္လင့္ႏိုင္တယ္” လို႔ ဆိုပါတယ္။တရားသူႀကီးေတြအေနနဲ႔ ဥပေဒအေပၚ ခိုင္ခိုင္မာမာရပ္တည္ၿပီး အဂတိမရွိဘဲ ရဲရဲဝံ့ဝံ့ စစ္ေဆးဆုံးျဖတ္မွသာ တရားစီရင္ေရးမ႑ိဳင္ တည့္မတ္လာမွာ ျဖစ္တယ္လို႔ ဦးခိုင္ေမာင္ရည္ က ဆက္လက္သုံးသပ္ ေျပာၾကားပါတယ္။

“တရားသူႀကီးေတြရဲ႕ ေဆာင္႐ြက္ခ်က္ေတြက ဥပေဒအေပၚကို ခိုင္ခိုင္မာမာ ရပ္တည္ၿပီးေတာ့မွ ရဲရဲဝံ့ဝံ့ ဆုံးျဖတ္တာမ်ိဳး အဲ့ဒီအေျခအေနမ်ိဳး၊ အဂတိမရွိဘဲ ေဆာင္႐ြက္တာမ်ိဳး ၿပီးေတာ့ ဥပေဒကို ႏိုင္ငံသား ခံစားထိုက္ေအာင္ ေဆာင္႐ြက္ေပးတာမ်ိဳး ဒါမ်ိဳးကိုဘဲလိုခ်င္တာ။ဥပေဒရဲ႕ အထက္မွာ မည္သူမွ်မရွိဆိုတဲ့ စကားကို တကယ့္ေဖာ္ေဆာင္ႏိုင္ၿပီလား။အဲ့ဒီပုံစံမ်ိဳးျဖစ္မွသာ တရားဥပေဒနဲ႔အညီ ျဖစ္တယ္။တရားစီရင္ေရးမ႑ိဳင္ တည့္မတ္တယ္လို႔ ေျပာလို႔ရမယ္” လို႔ ဆိုပါတယ္။အဲ့ဒီလို တရား႐ုံးေတြရဲ႕ တစ္ခ်ိဳ႕ေသာ ဆုံးျဖတ္ခ်က္ေတြဟာ အမ်ားျပည္သူေတြ ေက်နပ္မႈမရွိၾကဘဲ အမႈရင္ဆိုင္ဖို႔ သြားေရာက္ရတဲ့သူေတြအေနနဲ႔လည္း အခ်ိန္ကာလၾကာျမင့္စြာ စစ္ေဆးခံရေလ့ရွိတဲ့အတြက္ အခ်ိန္ကုန္၊ လူပန္း ျဖစ္ရတယ္လို႔ ဆိုၾကပါတယ္။

တရား႐ုံးေတြအေနနဲ႔ တရားစြဲသူနဲ႔ စြပ္စြဲခံရသူေတြ အခြင့္အေရး အညီအမွ်ရရွိေစဖို႔ တာဝန္ယူေဆာင္႐ြက္ရတာျဖစ္ၿပီး မွန္ကန္တဲ့အမိန႔္ ခ်မွတ္ႏိုင္ဖို႔ ျပ႒ာန္းထားတဲ့ စီရင္ထုံးေတြနဲ႔အညီ စစ္ေဆးေဆာင္႐ြက္ရတာ ျဖစ္တယ္လို႔ ခ႐ိုင္တရားသူႀကီးတစ္ဦးက ဆိုပါတယ္။အမႈေတြကို အလွ်င္အျမန္ အမိန႔္ခ်မွတ္ႏိုင္ဖို႔အတြက္ တရား႐ုံးကေန ထုတ္ဆင့္တဲ့ ဖမ္းဝရမ္းေတြ၊ သမၼာန္စာနဲ႔ ႏို႔တစ္စာမ်ားကို ရဲတပ္ဖြဲ႕က အခ်ိန္နဲ႔တေျပးညီ ကူညီေဆာင္႐ြက္ေပးၿပီး တရားေရးဝန္ထမ္းနဲ႔ တရားရံုံးမ်ား တိုးခ်ဲ႕တာေတြကိုလည္း ႏိုင္ငံေတာ္အေနနဲ႔ ပံ့ပိုးေပးသင့္တယ္လို႔ ဆိုပါတယ္။သမၼတသစ္ ဦးဝင္းျမင့္ အေနနဲ႔ သမၼတအျဖစ္ က်မ္းသစၥာက်ိန္ဆိုပြဲမွာ ျပည္ေထာင္စုအစိုးရရဲ႕ အဓိကပန္းတိုင္ဟာ တရားဥပေဒစိုးမိုးေရး၊ ျပည္သူမ်ားရဲ႕ လူမႈစီးပြားဘဝ တိုးတက္ျမင့္မားေရး ျဖစ္တယ္လို႔ က်မ္းသစၥာက်ိန္ဆိုခဲ့သလို ဒီေနာက္ပိုင္းမွာ အင္တိုက္အားတိုက္ လုပ္ေဆာင္လွ်က္ရွိပါတယ္။

ႏိုင္ငံေတာ္သမၼတရဲ႕ လုပ္ေဆာင္ခ်က္ေတြဟာ အမ်ားျပည္သူေတြအတြက္ အားရေက်နပ္စရာေကာင္းတဲ့ အေျခအေနေတြျဖစ္ေပမယ့္ လက္ရွိကာလမွာေတာ့ လုံၿခဳံေရးနဲ႔ တရားဥပေဒ စိုးမိုးေရးကိစၥေတြဟာ က်ဆင္းလွ်က္ ရွိေနပါေသးတယ္။

အဲ့ဒီလို ျမန္မာႏိုင္ငံရဲ႕ တရားဥပေဒစိုးမိုးမႈ အားေကာင္းလာေစဖို႔ မ႑ိဳင္ႀကီး သုံးရပ္အေနနဲ႔ တစ္ခုနဲ႔ တစ္ခု အျပန္အလွန္ ထိန္းေက်ာင္းရမွာျဖစ္ၿပီး အစိုးရအေနနဲ႔ လက္ရွိအေျခအေနတိုင္း ဆက္လက္လုပ္ကိုင္ေနပါက လက္က်န္သက္တမ္း ႏွစ္ႏွစ္တာအတြင္းမွာ တရားဥပေဒစိုးမိုးမႈကို အေျဖရွာႏိုင္မွာ မဟုတ္ဘူးလို႔ ဦးခိုင္ေမာင္ရည္ က သုံးသပ္ေျပာဆိုခဲ့ပါတယ္။

မင္းထြန္း(အုတ္က်င္း)
ဇန္နဝါရီ - ၂၉