【 သတင်းဆောင်းပါး 】 “ပါတီကြီးများအားပြိုင်ပွဲ လာတော့မလား”

【 သတင်းဆောင်းပါး 】 “ပါတီကြီးများအားပြိုင်ပွဲ လာတော့မလား”

၂၀၂၀ အထွေထွေရွေးကောက်ပွဲကြီးကို မူလသတ်မှတ်ထားတဲ့ ယခုနှစ် နိုဝင်ဘာလအတွင်းမှာသာ အပြောင်းအလဲမရှိ ကျင်းပသွားမယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ ထုတ်ပြန်ကြေညာခဲ့ပြီးနောက်ပိုင်းမှာတော့ နိုင်ငံရေးပါတီကြီးတွေအပါအဝင် နိုင်ငံရေးပါတီအများစုအနေနဲ့ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ပြီး သူ့ထက်ငါအနိုင်ရရှိဖို့ ကြိုးစားအားထုတ်မှုတွေပြုလုပ်လာသည်ကို တွေ့မြင်လာရသလို ယခုနှစ်မှာကျင်းပမယ့် အထွေထွေရွေးကောက်ပွဲကြီးဟာဆိုရင်လည်း နိုင်ငံရေးပါတီကြီးများ၏ ပြိုင်ဆိုင်မှုပြင်းထန်မည့် တကယ့်ကိုစိတ်ဝင်စားစရာကောင်းတဲ့ အားပြိုင်ပွဲကြီးတစ်ခုဆိုရင်လည်း မမှားပါဘူး။

ပါတီစုံဒီမိုကရေစီရှင်သန်ထွန်းကားရေး၊ ဒီမိုကရေစီစနစ် ဆက်လက်တည်တံ့ဖြစ်ထွန်းရေးအတွက် ယခုလာမယ့် ၂၀၂၀ ရွေးကောက်ပွဲကြီးက အရေးကြီးတဲ့ကဏ္ဍတစ်ရပ်မှာပါဝင်နေပြီး ၂၀၂၀ အလွန်မှာ နိုင်ငံရေးအခင်းအကျင်းတွေဟာ ဘယ်လိုဖြစ်ပေါ်လာနိုင်မလဲဆိုတဲ့အချက်ဟာလည်း ပြည်သူလူထုတွေကြားမှာ စိတ်ဝင်စားစရာဖြစ်လာခဲ့ပါတယ်။

လက်ရှိအာဏာရပါတီဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီအနေနဲ့ကတော့ ယခု ၂၀၂၀ ရွေးကောက်ပွဲမှာ ယခင် ၂၀၁၅ ရွေးကောက်ပွဲတုန်းကလို အပြတ်အသတ်အနိုင်ရရှိဖို့ကြိုးစားနေပြီး ယခုရွေးကောက်ပွဲတွင်လည်း လွတ်လွတ်ကျွတ်ကျွတ်အနိုင်ရမယ်လို့ ယုံကြည်ထားကြောင်း ပါတီ၊ ဗဟိုပြန်ကြားရေးကော်မတီ၏ အတွင်းရေးမှူးဖြစ်သူ မုံရွာဦးအောင်ရှင် က ဆိုပါတယ်။

“၂၀၂၀ ရွေးကောက်ပွဲမှာ ကျနော်တို့က အနိုင်ရမှာပါ။အစိုးရဖွဲ့စည်းနိုင်လောက်တဲ့ အရေအတွက်ရမှာပါခင်ဗျား။ကျနော် အဲ့ဒါကိုပြောရဲပါတယ်။ ၂၀၂၀ အလွန်မှာ ညွှန့်ပေါင်းအစိုးရအဖွဲ့ ဖွဲ့ဖို့လည်း ကျနော်တို့မစဉ်းစားပါဘူး။ကျနော်တို့ကတော့ ကျနော်တို့ဘာသာ လွတ်လွတ်ကျွတ်ကျွတ်အနိုင်ရမယ်လို့ ကျနော်တို့ယုံကြည်ထားပါတယ်။အဲ့ဒါကိုရအောင်လည်း ကျနော်တို့ကြိုးစားနေပါတယ်။ပြောချင်တာက ကျနော်တို့က ၂၀၂၀ ကို ၂၀၁၅ ကဲ့သို့ အပြတ်အသတ်အနိုင်ရအောင် ကျနော်တို့ကြိုးစားမယ်။ကြိုးစားပြီးတော့ ၂၀၁၅ ကနေ ၂၀၂၀ အတွင်း ကျနော်တို့ရုန်းကန်ခဲ့ရတဲ့ နိုင်ငံရေး၊ စီးပွားရေး အခြားကိစ္စအ၀၀ကို ၂၀၂၀ နောက်ပိုင်းမှာ ပိုပြီးတော့ ကျနော်တို့အလုပ်လုပ်နိုင်မယ် လူထုအတွက် အလုပ်၊ အကျွေး ပိုပြုလုပ်နိုင်မယ်လို့ယုံကြည်ပါတယ်။” လို့ မုံရွာဦးအောင်ရှင် က ပြောပြခဲ့ပါတယ်။

ပါတီကိုလည်းကြည့်ဖို့ လူကိုလည်းကြည့်ဖို့

ဒါပေမယ့် လက်ရှိအာဏာရပါတီဖြစ်တဲ့ NLD အစိုးရလက်ထက်မှာ အချို့သောပြုပြင်ပြောင်းလဲမှုတွေက အခြေခံပြည်သူလူထုနှင့် အံဝင်ဂွင်ကျမဖြစ်ခဲ့တာကြောင့် အရှိန်ရနေတဲ့ စီးပွားရေးနှင့် တိုင်းရင်းသားအရေးတွေမှာ ရပ်တန့်ခဲ့ရသလို ဒီမိုကရက်တစ်  အစိုးရသစ်တက်လာကတည်းက ကိုယ်ကျိုးစီးပွားထိခိုက်တဲ့ အင်အားစုတွေကြောင့် ပြည်တွင်းမှာ မကြာခဏဆိုသလို ပဋိပက္ခတွေ လူမျိုးရေး၊ ဘာသာရေးအစွန်းရောက်မှုတွေဖြစ်ခဲ့လို့ အခြေခံကျတဲ့ တရားဥပဒေစိုးမိုးမှုတွေကိုလည်း ယခုလက်ရှိအချိန်အထိ ထင်သလောက်မတည်ဆောက်နိုင်သေးပါဘူး။

ဒါကြောင့် ၂၀၁၇ နှင့် ၂၀၁၈ ခုနှစ်များမှာ ကျင်းပခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲတွေမှာ NLD ရဲ့ မဲအနိုင်ရရှိမှုက သိသာစွာကျဆင်းခဲ့သလို တိုင်းရင်းသားပါတီတွေ ပြန်လည်အားကောင်းလာခဲ့ပါတယ်။ဒီလိုဖြစ်လာတဲ့အတွက် ယခုနှစ် ၂၀၂၀ မှာ ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲမှာလည်း အာဏာရပါတီဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီအနေနဲ့ ၂၀၁၅ တုန်းကလို တောင်ပြို၊ ကမ်းပြို အနိုင်ရအုံးမလား၊ ဘယ်ပါတီတွေက အနိုင်ရပါတီအဖြစ် ပေါ်ထွက်လာမလဲဆိုတာကလည်း စိတ်ဝင်စားစရာကောင်းလာတဲ့ ပုစ္ဆာတစ်ပုဒ်လိုဖြစ်လာခဲ့ပါတယ်။

ဒါ့ကြောင့်လည်း ၂၀၂၀ မှာ ရွေးကောက်ပွဲဆိုတဲ့ နိုင်ငံရေးဖြစ်စဉ်ထဲမှာ ပြည်သူလူထုရဲ့ ပါဝင်နိုင်တဲ့အခင်းအကျင်းမှာ ပြည်သူလူထုတွေအနေနဲ့ ပြတ်ပြတ်သားသား ပါတီကိုလည်းကြည့် လူကိုလည်းကြည့်ပြီး ကိုယ်ရွေးချယ်မယ့် ကိုယ်စားလှယ်ကိုလည်း တကယ့်ကို ဒေါင်ဒေါင်မြည်ရွေးချယ်ဖို့လိုတယ်လို့ နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့၏ ဦးဆောင်ကော်မတီဝင် ဦးထွန်းကြည် က ယခုလိုသုံးသပ်ပြောကြားခဲ့ပါသေးတယ်။

“ရွေးကောက်ပွဲဆိုတာက နိုင်ငံရေးအခင်းအကျင်းတစ်ခုဖြစ်တယ်။ပြည်သူလူထုပါဝင်နိုင်တဲ့ နိုင်ငံရေးပလက်ဖောင်းတစ်ခုဖြစ်ပါတယ်။ပြောရရင် တို့တိုင်းပြည်မှာ အာဏာရှင်စနစ်ကို ချုပ်ငြိမ်းစေချင်ပါတယ်။ပြည်သူလူထုက အပြောင်းအလဲလိုလားပါတယ်။နောက်တစ်ခုက အသွင်ကူးပြောင်းရေးကာလမှာ ၂၀၂၀ ရွေးကောက်ပွဲနဲ့လည်း ဆက်ပြီးတော့ဆုံရမယ်ဆိုတဲ့အခါကျတော့ အခုလာမဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာ အပြတ်ဖြတ်ထားဖို့လိုပါတယ်။အဲ့အတွက်ကြောင့်မို့ ပြည်သူလူထုရဲ့အခန်းကဏ္ဍက အတော်အရေးကြီးသွားပါပြီ။ပြောရရင် ၂၀၂၀ ဟာ ပြိုင်ဆိုင်မှုလည်းပြင်းထန်လာမှာဖြစ်တဲ့အတွက်ကြောင့်မို့ ၂၀၂၀ ရွေးကောက်ပွဲမှာ ဒီမိုကရေစီကိုသက်ဝင်ယုံကြည်သော ဒီမိုကရေစီကိုချစ်မြတ်နိုးသော ဒီမိုကရက်တစ်တွေ အောင်ပွဲခံဖို့လိုတယ်။ဒါကြောင့်လည်း ပြတ်ပြတ်သားသား အပြတ်ဖြတ်နိုင်ဖို့လိုပါတယ်။အဲ့ဒီလိုမှမဟုတ်ဘူးဆိုရင်တော့ ၂၀၁၅ နိုင်ငံရေးအခင်းအကျင်းနဲ့ ၂၀၂၀ နောက်ပိုင်းဖြစ်လာမယ့် နိုင်ငံရေးအခင်းအကျင်းတွေက ထူးလာမှာမဟုတ်ပါဘူး။အဲ့အတွက်ကြောင့် ၂၀၂၀ မှာ  ရွေးကောက်ပွဲဆိုတဲ့ နိုင်ငံရေးဖြစ်စဉ်ထဲမှာ ပြည်သူလူထုရဲ့ ပါဝင်နိုင်တဲ့အခင်းအကျင်းမှာ ပြည်သူလူထုအနေနဲ့ ပြတ်ပြတ်သားသား ပါတီကိုလည်းကြည့် လူကိုလည်းကြည့် ကိုယ်ရွေးချယ်မယ့် ကိုယ်စားလှယ်ကိုလည်း တကယ့်ကို တကယ့်ဒေါင်ဒေါင်မြည်၊ လွှတ်တော်ထဲမှာလည်း စွမ်းဆောင်ရည်ပြည့်၀သောပေါ့လေ စီမံခန့်ခွဲမှုကောင်းတဲ့ ဒေါင်ဒေါင်မြည်ကိုယ်စားလှယ်လောင်းတွေဖြစ်ဖို့လိုသလို အစိုးရအဖွဲ့ထဲမှာလည်း အားကောင်းမောင်းသန်ပေ့ါလေ ဒီလိုမျိုးတွေနဲ့သွားမှသာ အမျိုးသားပြန်လည်သင့်မြတ်ရေး အရွေ့အတွက်ရော ပြည်တွင်းငြိမ်းချမ်းရေးအရွေ့အတွက်ရော ဒီရွေးကောက်ပွဲကြီးက အလွန်တရာမှအရေးကြီးပါတယ်။” လို့ ဦးထွန်းကြည် က ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် ၂၀၂၀ ရွေးကောက်ပွဲအလွန်မှာ နိုင်ငံရေးအခင်းအကျင်းနဲ့ပတ်သက်လို့ ဒီထက်ပိုပြီးတော့ ထူးခြားချင်တယ်၊ ကောင်းစေချင်တယ်ဆိုပါက နောက်လာမယ့်လွှတ်တော်နဲ့ နောင်လာမယ့်အစိုးရအဖွဲ့တွေကို ဒေါင်ဒေါင်မြည်အားကောင်းကောင်းနဲ့ စုဖွဲ့နိုင်ဖို့လိုတယ်လို့လည်း ၎င်းကဆိုပါတယ်။

၂၀၂၀ အလွန်မှာ ညွှန့်ပေါင်းအစိုးရဖြစ်လာနိုင်မလား

ယခု ၂၀၂၀ ရွေးကောက်ပွဲမှာ အာဏာလက်လွတ်ခဲ့ရတဲ့ USDP ပါတီအနေနဲ့ ၂၀၁၅ ခုနှစ်ကလို နေရာပိုမိုရရှိနိုင်မယ်လို့ ထင်မြင်ယူဆချက်တွေရှိနေပေမယ့်လည်း နိုင်ငံရေးလေ့လာသုံးသပ်သူအချို့ကတော့ ပြည်နယ်တွေမှာ တိုင်းရင်းသားပါတီတွေ အားကောင်းလာမှုကြောင့် ၂၀၂၀ ရွေးကောက်ပွဲအခင်းအကျင်းက နှစ်ပါတီတည်းအားပြိုင်မှုထက် ပါတီပေါင်းစုံပါဝင်လာနိုင်မှုက ပိုများလာတဲ့အတွက် ပါတီတစ်ခုတည်းကနေ  အစိုးရဖွဲ့နိုင်တဲ့အနေအထားမှာမရှိဘဲ ညွှန့်ပေါင်းအစိုးရဖွဲ့စည်းရမယ့် အခြေအနေတစ်ရပ်ဖြစ်လာမယ်လို့  ခန့်မှန်းမှုတွေကလည်းရှိနေပြန်ပါတယ်။

ထို့ကြောင့်လည်း ယခု ၂၀၂၀ ရွေးကောက်ပွဲကြီးမှာ NLD ပါတီအတွက် မဲတွေကဘယ်ရောက်နိုင်မလဲဆိုတာက စိတ်ဝင်စားစရာအကောင်းဆုံးပုစ္ဆာဖြစ်နေပါတယ်။ NLD ပါတီအနေနဲ့ ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာ အစိုးရအဖွဲ့ ဖွဲ့စည်းနိုင်ခဲ့တဲ့အထိ အောင်မြင်ခဲ့ရာမှာ (၈၈) ကျောင်းသားဟောင်းများ၏ ပူးပေါင်းဝန်းရံမှုကဏ္ဍကလည်း အခန်းကဏ္ဍတစ်ခုအထိ အရေးပါခဲ့ပါတယ်။လက်ရှိအချိန်အထိတော့ (၈၈) ကျောင်းသားဟောင်းများက သီးခြားပါတီတစ်ရပ်အနေနဲ့ ၂၀၂၀ ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ဖို့ပြင်လာတဲ့အတွက် ဒီမိုကရက်တစ်တွေအတွက် ပေးမယ့်မဲတွေက ဘယ်သူ့ဆီကိုရောက်မလဲဆိုတာ စိတ်ဝင်စားဖို့ကောင်းနေသလို ယခု ၂၀၂၀ ခုနှစ်အတွင်းမှာ အင်အားကောင်းတဲ့ အခြားသော နိုင်ငံရေးပါတီအသစ်တွေ ထွက်ပေါ်လာတာကြောင့်လည်း ပါတီကြီးတစ်ခုတည်းကနေ တောင်ပြို၊ ကမ်းပြို နိုင်နိုင်မလားဆိုတာကလည်း မေးခွန်းထုတ်စရာဖြစ်လာခဲ့ပါတယ်။

ဒါကြောင့်လည်း တိုင်းရင်းသားပါတီတစ်ခုဖြစ်တဲ့ ရခိုင်အမျိုးသားပါတီ (ANP) ကတော့ ယခု ၂၀၂၀ ရွေးကောက်ပွဲကြီးမှာ ပါတီကြီးတစ်ခုတည်းက အနိုင်ရတာထက် ကျန်တဲ့နိုင်ငံရေးပါတီတွေ တိုင်းရင်းသားပါတီတွေပါ အချိုးကျအနိုင်ရချေရှိလာနိုင်သည့်အတွက် ၂၀၂၀ အလွန်မှာတော့ ညွှန့်ပေါင်းအစိုးရဖြစ်လာနိုင်မယ်လို့ မျှော်မှန်းထားကြောင်း ANP ပါတီ၏ ပြောခွင့်ရပုဂ္ဂိုလ် ဦးထွန်းအောင်ကျော်ကလည်း ၎င်းရဲ့အမြင်ကို ယခုလိုသုံးသပ်ပြောကြားခဲ့ပါသေးတယ်။

“ကျနော်တို့က (USDP) အစိုးရကိုလည်း ငါးနှစ်တာဖြတ်သန်းလာခဲ့ပြီးပြီ။နောက် (NLD) အစိုးရ ငါးနှစ်သက်တမ်းကိုလည်း ဖြတ်သန်းလာခဲ့ပြီးပြီ။မြန်မာနိုင်ငံသူ၊ နိုင်ငံသားအားလုံးအတွက် ဘယ်သူက အကောင်းဆုံးလုပ်ပေးနိုင်သလဲ၊ ဘယ်သူကအကောင်းဆုံးလုပ်မပေးနိုင်ခဲ့လဲဆိုတာကို ကျနော်တို့မျက်ဝါးထင်ထင်မြင်ခဲ့ရပြီ။အဲ့ဒါကြောင့် ဒီတစ်ဖွဲ့တစ်ပါတီကနေ ဦးဆောင်ပြီးတော့ အကောင်အထည်ဖော်ကြတာဟာ ကျနော်တို့လိုအင်ဆန္ဒတွေမပြည့်ဘူး။ကုန်စျေးနှုန်းကျတာတွေမရှိဘူး၊ စီးပွားတိုးတက်တာတွေမရှိဘူး၊ ပွင့်ပွင့်လင်းလင်းပြောရရင် လက်မနိုင်၊ ခြေမနိုင် အခက်အခဲတွေ မြောက်မြားစွာဖြစ်နေတယ်။ဒါကြောင့် ကျနော်ထင်တယ် ပါတီကြီးတွေအနေနဲ့ ဘယ်နည်းနဲ့မှ လွတ်လွတ်ကျွတ်ကျွတ် တောင်ပြိုကမ်းပြို ဘယ်လိုမှမနိုင်နိုင်ဘူး။ဒီလိုကျနော်တို့ယူဆတယ်။အဲ့ဒါကြောင့် တိုင်းရင်းသားပါတီများရဲ့ အခန်းကဏ္ဍဟာ (၂၀၁၀) နဲ့လည်း တူမှာမဟုတ်ဘူး။(၂၀၁၅) နဲ့လည်း တူမှာမဟုတ်ပါဘူး။ တိုင်းရင်းသားပါတီများရဲ့ အခန်းကဏ္ဍဟာ (၂၀၂၀) မှာ အရေးပါတဲ့အခန်းကဏ္ဍကဖြစ်လာမယ်။ပြောရရင် ညွှန့်ပေါင်းအစိုးရဖြစ်လာဖို့များတယ်လို့ ကျနော်တို့ကတော့ အဲ့လိုတွက်ထားပါတယ်။တိုင်းရင်းသားတွေအတွက် ညွှန့်ပေါင်းအစိုးရဖြစ်လာရင် ကျနော်တို့သက်ဆိုင်တဲ့ အာဏာတစ်စိတ်တစ်ပိုင်းကိုတော့ သက်ဆိုင်တဲ့ပြည်နယ်တွေမှာ နိုင်ငံရေးပါတီတွေ တိုင်းရင်းသားနိုင်ငံရေးပါတီတွေအနေနဲ့ ပြောင်းလဲနိုင်မယ် ဆောင်ရွက်နိုင်မယ်။
အစိတ်အပိုင်းတစ်ခုအထိ အာဏာကိုဆုပ်ကိုင်ကျင့်သုံးခွင့်ရမယ်လို့ ကျနော်တို့ထင်ပါတယ်။” လို့ ဦးထွန်းအောင်ကျော် က ၎င်းအမြင်ကို သုံးသပ်ပြောကြားခဲ့ပါတယ်။

အဆုံးအဖြတ်ပေးမည့်မဲ

ထို့အတူ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီရဲ့ ဒုဥက္ကဌဖြစ်သူ ဦးဟန်ရွှေကလည်း ယခု ၂၀၂၀ ရွေးကောက်ပွဲတွင် ပြည်သူတွေမဲပေးရင်လည်း ပါတီတွေ လူပုဂ္ဂိုလ်တွေ ဆိုတာမျိုးထက် သူတို့ဒုက္ခကို သူတို့ကြည့်ပြီးတော့ အဆုံးအဖြတ်မဲပေးမယ်ဆိုတာမျိုး ဖြစ်လာနိုင်မယ်လို့လည်း ယူဆထားတယ်လို့ ဆိုပါတယ်။

“ဒီကနေ့ဖြစ်နေတဲ့အနေအထားအရ ရခိုင်ပြည်နယ်မှာဖြစ်နေတဲ့အနေအထားအရ နိုင်ငံတကာ (ICJ) ကနေ ဆုံးဖြတ်ပြီး တရားစွဲခံရတဲ့အနေအအထားအရ တို့နိုင်ငံမှာ ဒီဟာတွေကိုကျော်လွှားဖို့ နိုင်ငံတကာမှာ ဂုဏ်သိက္ခာပေါ့လေ။ဒီလိုထိခိုက်နေတဲ့အနေအထားတွေ မတင့်တယ်တဲ့အနေအထားတွေ ဒါတွေကိုကျော်လွှားဖို့က ပြည်တွင်းအားဟာ ပြည်တွင်းမှာပဲရှိတယ်ဆိုတဲ့ ဒီအခြေခံအချက်ဟာ သေသေချာချာစဉ်းစားရင် ကျနော်တို့ပြည်သူတွေ သဘောပေါက်လိမ့်မယ်လို့ ကျနော်တို့ထင်ပါတယ်။နောက်တစ်ခုကလည်းပဲ ဒီကနေ့တွေ့ကြုံနေရတဲ့ ဒုက္ခတွေအများကြီးရှိပါတယ်။ကျောင်းသားလည်း ကျောင်းသားအလျောက် ဆရာတွေလည်း ဆရာတွေအလျောက် လယ်သမားလည်း လယ်သမားအလျောက် ဒုက္ခတွေရှိပါတယ်။အဲ့တော့ ပြည်သူတွေမဲပေးရင်လည်း ပါတီတွေ လူပုဂ္ဂိုလ်တွေဆိုတာမျိုးထက် သူတို့ဒုက္ခကို သူတို့ကြည့်ပြီးတော့ အဆုံးအဖြတ်မဲပေးမယ်ဆိုတာမျိုးကို ကျနော်တို့ ယူဆထားပါတယ်။” လို့ ဦးဟန်ရွှေ က ၎င်းရဲ့အမြင်ကို သုံးသပ်ပြောပြခဲ့ပါသေးတယ်။

ဒါ့အပြင် လက်ရှိအင်အားကြီးအတိုက်အခံပါတီတစ်ခုဖြစ်တဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးပါတီ (USDP) အနေနဲ့ ယခုလာမယ့် ၂၀၂၀ ရွေးကောက်ပွဲတွင် ပြည်သူတွေအနေနဲ့ ယခင် (၅) နှစ်တာနှင့် ယခု (၅) နှစ်တာတို့ကို နှိုင်းယှဉ်ကြည့်ပြီး ရွေးချယ်ကြဖို့ကိုလည်းတိုက်တွန်းမှုတွေရှိခဲ့ပါတယ်။
ဒါကြောင့်လည်း ယခုနှစ်အတွင်းမှာ ကျင်းပဖို့ရှိနေတဲ့ ၂၀၂၀ ရွေးကောက်ပွဲကြီးအလွန် နိုင်ငံရေးအခင်းအကျင်းတွေဟာ မည်သို့၊ မည်ပုံ ဖြစ်ပေါ်လာအုံးမည်ဆိုတာကတော့ ပြည်သူလူထုတွေအနေနဲ့ စိတ်ဝင်တစား ဆက်လက်စောင့်ကြည့်ရအုံးမှာပဲဖြစ်ပါတယ်။

ပြေသိမ်း
ဇွန် - ၂၃

( Zawgyi )

၂၀၂၀ အေထြေထြေ႐ြးေကာက္ပြဲႀကီးကို မူလသတ္မွတ္ထားတဲ့ ယခုႏွစ္ ႏိုဝင္ဘာလအတြင္းမွာသာ အေျပာင္းအလဲမရွိ က်င္းပသြားမယ္လို႔ ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္ရဲ႕ ထုတ္ျပန္ေၾကညာခဲ့ၿပီးေနာက္ပိုင္းမွာေတာ့ ႏိုင္ငံေရးပါတီႀကီးေတြအပါအဝင္ ႏိုင္ငံေရးပါတီအမ်ားစုအေနနဲ႔ ေ႐ြးေကာက္ပြဲတြင္ ပါဝင္ယွဥ္ၿပိဳင္ၿပီး သူ႔ထက္ငါအႏိုင္ရရွိဖို႔ ႀကိဳးစားအားထုတ္မႈေတြျပဳလုပ္လာသည္ကို ေတြ႕ျမင္လာရသလို ယခုႏွစ္မွာက်င္းပမယ့္ အေထြေထြေ႐ြးေကာက္ပြဲႀကီးဟာဆိုရင္လည္း ႏိုင္ငံေရးပါတီႀကီးမ်ား၏ ၿပိဳင္ဆိုင္မႈျပင္းထန္မည့္ တကယ့္ကိုစိတ္ဝင္စားစရာေကာင္းတဲ့ အားၿပိဳင္ပြဲႀကီးတစ္ခုဆိုရင္လည္း မမွားပါဘူး။

ပါတီစုံဒီမိုကေရစီရွင္သန္ထြန္းကားေရး၊ ဒီမိုကေရစီစနစ္ ဆက္လက္တည္တံ့ျဖစ္ထြန္းေရးအတြက္ ယခုလာမယ့္ ၂၀၂၀ ေ႐ြးေကာက္ပြဲႀကီးက အေရးႀကီးတဲ့က႑တစ္ရပ္မွာပါဝင္ေနၿပီး ၂၀၂၀ အလြန္မွာ ႏိုင္ငံေရးအခင္းအက်င္းေတြဟာ ဘယ္လိုျဖစ္ေပၚလာႏိုင္မလဲဆိုတဲ့အခ်က္ဟာလည္း ျပည္သူလူထုေတြၾကားမွာ စိတ္ဝင္စားစရာျဖစ္လာခဲ့ပါတယ္။

လက္ရွိအာဏာရပါတီျဖစ္တဲ့ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ (NLD) ပါတီအေနနဲ႔ကေတာ့ ယခု ၂၀၂၀ ေ႐ြးေကာက္ပြဲမွာ ယခင္ ၂၀၁၅ ေ႐ြးေကာက္ပြဲတုန္းကလို အျပတ္အသတ္အႏိုင္ရရွိဖို႔ႀကိဳးစားေနၿပီး ယခုေ႐ြးေကာက္ပြဲတြင္လည္း လြတ္လြတ္ကြၽတ္ကြၽတ္အႏိုင္ရမယ္လို႔ ယုံၾကည္ထားေၾကာင္း ပါတီ၊ ဗဟိုျပန္ၾကားေရးေကာ္မတီ၏ အတြင္းေရးမႉးျဖစ္သူ မုံ႐ြာဦးေအာင္ရွင္ က ဆိုပါတယ္။

“၂၀၂၀ ေ႐ြးေကာက္ပြဲမွာ က်ေနာ္တို႔က အႏိုင္ရမွာပါ။အစိုးရဖြဲ႕စည္းႏိုင္ေလာက္တဲ့ အေရအတြက္ရမွာပါခင္ဗ်ား။က်ေနာ္ အဲ့ဒါကိုေျပာရဲပါတယ္။ ၂၀၂၀ အလြန္မွာ ၫႊန႔္ေပါင္းအစိုးရအဖြဲ႕ ဖြဲ႕ဖို႔လည္း က်ေနာ္တို႔မစဥ္းစားပါဘူး။က်ေနာ္တို႔ကေတာ့ က်ေနာ္တို႔ဘာသာ လြတ္လြတ္ကြၽတ္ကြၽတ္အႏိုင္ရမယ္လို႔ က်ေနာ္တို႔ယုံၾကည္ထားပါတယ္။အဲ့ဒါကိုရေအာင္လည္း က်ေနာ္တို႔ႀကိဳးစားေနပါတယ္။ေျပာခ်င္တာက က်ေနာ္တို႔က ၂၀၂၀ ကို ၂၀၁၅ ကဲ့သို႔ အျပတ္အသတ္အႏိုင္ရေအာင္ က်ေနာ္တို႔ႀကိဳးစားမယ္။ႀကိဳးစားၿပီးေတာ့ ၂၀၁၅ ကေန ၂၀၂၀ အတြင္း က်ေနာ္တို႔႐ုန္းကန္ခဲ့ရတဲ့ ႏိုင္ငံေရး၊ စီးပြားေရး အျခားကိစၥအ၀၀ကို ၂၀၂၀ ေနာက္ပိုင္းမွာ ပိုၿပီးေတာ့ က်ေနာ္တို႔အလုပ္လုပ္ႏိုင္မယ္ လူထုအတြက္ အလုပ္၊ အေကြၽး ပိုျပဳလုပ္ႏိုင္မယ္လို႔ယုံၾကည္ပါတယ္။” လို႔ မုံ႐ြာဦးေအာင္ရွင္ က ေျပာျပခဲ့ပါတယ္။

ပါတီကိုလည္းၾကည့္ဖို႔ လူကိုလည္းၾကည့္ဖို႔

ဒါေပမယ့္ လက္ရွိအာဏာရပါတီျဖစ္တဲ့ NLD အစိုးရလက္ထက္မွာ အခ်ိဳ႕ေသာျပဳျပင္ေျပာင္းလဲမႈေတြက အေျခခံျပည္သူလူထုႏွင့္ အံဝင္ဂြင္က်မျဖစ္ခဲ့တာေၾကာင့္ အရွိန္ရေနတဲ့ စီးပြားေရးႏွင့္ တိုင္းရင္းသားအေရးေတြမွာ ရပ္တန႔္ခဲ့ရသလို ဒီမိုကရက္တစ္  အစိုးရသစ္တက္လာကတည္းက ကိုယ္က်ိဳးစီးပြားထိခိုက္တဲ့ အင္အားစုေတြေၾကာင့္ ျပည္တြင္းမွာ မၾကာခဏဆိုသလို ပဋိပကၡေတြ လူမ်ိဳးေရး၊ ဘာသာေရးအစြန္းေရာက္မႈေတြျဖစ္ခဲ့လို႔ အေျခခံက်တဲ့ တရားဥပေဒစိုးမိုးမႈေတြကိုလည္း ယခုလက္ရွိအခ်ိန္အထိ ထင္သေလာက္မတည္ေဆာက္ႏိုင္ေသးပါဘူး။

ဒါေၾကာင့္ ၂၀၁၇ ႏွင့္ ၂၀၁၈ ခုႏွစ္မ်ားမွာ က်င္းပခဲ့တဲ့ ၾကားျဖတ္ေ႐ြးေကာက္ပြဲေတြမွာ NLD ရဲ႕ မဲအႏိုင္ရရွိမႈက သိသာစြာက်ဆင္းခဲ့သလို တိုင္းရင္းသားပါတီေတြ ျပန္လည္အားေကာင္းလာခဲ့ပါတယ္။ဒီလိုျဖစ္လာတဲ့အတြက္ ယခုႏွစ္ ၂၀၂၀ မွာ က်င္းပမယ့္ အေထြေထြေ႐ြးေကာက္ပြဲမွာလည္း အာဏာရပါတီျဖစ္တဲ့ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီအေနနဲ႔ ၂၀၁၅ တုန္းကလို ေတာင္ၿပိဳ၊ ကမ္းၿပိဳ အႏိုင္ရအုံးမလား၊ ဘယ္ပါတီေတြက အႏိုင္ရပါတီအျဖစ္ ေပၚထြက္လာမလဲဆိုတာကလည္း စိတ္ဝင္စားစရာေကာင္းလာတဲ့ ပုစာၦတစ္ပုဒ္လိုျဖစ္လာခဲ့ပါတယ္။

ဒါ့ေၾကာင့္လည္း ၂၀၂၀ မွာ ေ႐ြးေကာက္ပြဲဆိုတဲ့ ႏိုင္ငံေရးျဖစ္စဥ္ထဲမွာ ျပည္သူလူထုရဲ႕ ပါဝင္ႏိုင္တဲ့အခင္းအက်င္းမွာ ျပည္သူလူထုေတြအေနနဲ႔ ျပတ္ျပတ္သားသား ပါတီကိုလည္းၾကည့္ လူကိုလည္းၾကည့္ၿပီး ကိုယ္ေ႐ြးခ်ယ္မယ့္ ကိုယ္စားလွယ္ကိုလည္း တကယ့္ကို ေဒါင္ေဒါင္ျမည္ေ႐ြးခ်ယ္ဖို႔လိုတယ္လို႔ ႏိုင္ငံေရးအက်ဥ္းသားေဟာင္းမ်ားအဖြဲ႕၏ ဦးေဆာင္ေကာ္မတီဝင္ ဦးထြန္းၾကည္ က ယခုလိုသုံးသပ္ေျပာၾကားခဲ့ပါေသးတယ္။

“ေ႐ြးေကာက္ပြဲဆိုတာက ႏိုင္ငံေရးအခင္းအက်င္းတစ္ခုျဖစ္တယ္။ျပည္သူလူထုပါဝင္ႏိုင္တဲ့ ႏိုင္ငံေရးပလက္ေဖာင္းတစ္ခုျဖစ္ပါတယ္။ေျပာရရင္ တို႔တိုင္းျပည္မွာ အာဏာရွင္စနစ္ကို ခ်ဳပ္ၿငိမ္းေစခ်င္ပါတယ္။ျပည္သူလူထုက အေျပာင္းအလဲလိုလားပါတယ္။ေနာက္တစ္ခုက အသြင္ကူးေျပာင္းေရးကာလမွာ ၂၀၂၀ ေ႐ြးေကာက္ပြဲနဲ႔လည္း ဆက္ၿပီးေတာ့ဆုံရမယ္ဆိုတဲ့အခါက်ေတာ့ အခုလာမဲ့ ၂၀၂၀ ေ႐ြးေကာက္ပြဲမွာ အျပတ္ျဖတ္ထားဖို႔လိုပါတယ္။အဲ့အတြက္ေၾကာင့္မို႔ ျပည္သူလူထုရဲ႕အခန္းက႑က အေတာ္အေရးႀကီးသြားပါၿပီ။ေျပာရရင္ ၂၀၂၀ ဟာ ၿပိဳင္ဆိုင္မႈလည္းျပင္းထန္လာမွာျဖစ္တဲ့အတြက္ေၾကာင့္မို႔ ၂၀၂၀ ေ႐ြးေကာက္ပြဲမွာ ဒီမိုကေရစီကိုသက္ဝင္ယုံၾကည္ေသာ ဒီမိုကေရစီကိုခ်စ္ျမတ္ႏိုးေသာ ဒီမိုကရက္တစ္ေတြ ေအာင္ပြဲခံဖို႔လိုတယ္။ဒါေၾကာင့္လည္း ျပတ္ျပတ္သားသား အျပတ္ျဖတ္ႏိုင္ဖို႔လိုပါတယ္။အဲ့ဒီလိုမွမဟုတ္ဘူးဆိုရင္ေတာ့ ၂၀၁၅ ႏိုင္ငံေရးအခင္းအက်င္းနဲ႔ ၂၀၂၀ ေနာက္ပိုင္းျဖစ္လာမယ့္ ႏိုင္ငံေရးအခင္းအက်င္းေတြက ထူးလာမွာမဟုတ္ပါဘူး။အဲ့အတြက္ေၾကာင့္ ၂၀၂၀ မွာ  ေ႐ြးေကာက္ပြဲဆိုတဲ့ ႏိုင္ငံေရးျဖစ္စဥ္ထဲမွာ ျပည္သူလူထုရဲ႕ ပါဝင္ႏိုင္တဲ့အခင္းအက်င္းမွာ ျပည္သူလူထုအေနနဲ႔ ျပတ္ျပတ္သားသား ပါတီကိုလည္းၾကည့္ လူကိုလည္းၾကည့္ ကိုယ္ေ႐ြးခ်ယ္မယ့္ ကိုယ္စားလွယ္ကိုလည္း တကယ့္ကို တကယ့္ေဒါင္ေဒါင္ျမည္၊ လႊတ္ေတာ္ထဲမွာလည္း စြမ္းေဆာင္ရည္ျပည့္၀ေသာေပါ့ေလ စီမံခန႔္ခြဲမႈေကာင္းတဲ့ ေဒါင္ေဒါင္ျမည္ကိုယ္စားလွယ္ေလာင္းေတြျဖစ္ဖို႔လိုသလို အစိုးရအဖြဲ႕ထဲမွာလည္း အားေကာင္းေမာင္းသန္ေပ့ါေလ ဒီလိုမ်ိဳးေတြနဲ႔သြားမွသာ အမ်ိဳးသားျပန္လည္သင့္ျမတ္ေရး အေ႐ြ႕အတြက္ေရာ ျပည္တြင္းၿငိမ္းခ်မ္းေရးအေ႐ြ႕အတြက္ေရာ ဒီေ႐ြးေကာက္ပြဲႀကီးက အလြန္တရာမွအေရးႀကီးပါတယ္။” လို႔ ဦးထြန္းၾကည္ က ေျပာၾကားခဲ့ပါတယ္။

ဒါ့အျပင္ ၂၀၂၀ ေ႐ြးေကာက္ပြဲအလြန္မွာ ႏိုင္ငံေရးအခင္းအက်င္းနဲ႔ပတ္သက္လို႔ ဒီထက္ပိုၿပီးေတာ့ ထူးျခားခ်င္တယ္၊ ေကာင္းေစခ်င္တယ္ဆိုပါက ေနာက္လာမယ့္လႊတ္ေတာ္နဲ႔ ေနာင္လာမယ့္အစိုးရအဖြဲ႕ေတြကို ေဒါင္ေဒါင္ျမည္အားေကာင္းေကာင္းနဲ႔ စုဖြဲ႕ႏိုင္ဖို႔လိုတယ္လို႔လည္း ၎ကဆိုပါတယ္။

၂၀၂၀ အလြန္မွာ ၫႊန႔္ေပါင္းအစိုးရျဖစ္လာႏိုင္မလား

ယခု ၂၀၂၀ ေ႐ြးေကာက္ပြဲမွာ အာဏာလက္လြတ္ခဲ့ရတဲ့ USDP ပါတီအေနနဲ႔ ၂၀၁၅ ခုႏွစ္ကလို ေနရာပိုမိုရရွိႏိုင္မယ္လို႔ ထင္ျမင္ယူဆခ်က္ေတြရွိေနေပမယ့္လည္း ႏိုင္ငံေရးေလ့လာသုံးသပ္သူအခ်ိဳ႕ကေတာ့ ျပည္နယ္ေတြမွာ တိုင္းရင္းသားပါတီေတြ အားေကာင္းလာမႈေၾကာင့္ ၂၀၂၀ ေ႐ြးေကာက္ပြဲအခင္းအက်င္းက ႏွစ္ပါတီတည္းအားၿပိဳင္မႈထက္ ပါတီေပါင္းစုံပါဝင္လာႏိုင္မႈက ပိုမ်ားလာတဲ့အတြက္ ပါတီတစ္ခုတည္းကေန  အစိုးရဖြဲ႕ႏိုင္တဲ့အေနအထားမွာမရွိဘဲ ၫႊန႔္ေပါင္းအစိုးရဖြဲ႕စည္းရမယ့္ အေျခအေနတစ္ရပ္ျဖစ္လာမယ္လို႔  ခန႔္မွန္းမႈေတြကလည္းရွိေနျပန္ပါတယ္။

ထို႔ေၾကာင့္လည္း ယခု ၂၀၂၀ ေ႐ြးေကာက္ပြဲႀကီးမွာ NLD ပါတီအတြက္ မဲေတြကဘယ္ေရာက္ႏိုင္မလဲဆိုတာက စိတ္ဝင္စားစရာအေကာင္းဆုံးပုစာၦျဖစ္ေနပါတယ္။ NLD ပါတီအေနနဲ႔ ၿပီးခဲ့တဲ့ ၂၀၁၅ ေ႐ြးေကာက္ပြဲမွာ အစိုးရအဖြဲ႕ ဖြဲ႕စည္းႏိုင္ခဲ့တဲ့အထိ ေအာင္ျမင္ခဲ့ရာမွာ (၈၈) ေက်ာင္းသားေဟာင္းမ်ား၏ ပူးေပါင္းဝန္းရံမႈက႑ကလည္း အခန္းက႑တစ္ခုအထိ အေရးပါခဲ့ပါတယ္။လက္ရွိအခ်ိန္အထိေတာ့ (၈၈) ေက်ာင္းသားေဟာင္းမ်ားက သီးျခားပါတီတစ္ရပ္အေနနဲ႔ ၂၀၂၀ ေ႐ြးေကာက္ပြဲကို ဝင္ေရာက္ယွဥ္ၿပိဳင္ဖို႔ျပင္လာတဲ့အတြက္ ဒီမိုကရက္တစ္ေတြအတြက္ ေပးမယ့္မဲေတြက ဘယ္သူ႔ဆီကိုေရာက္မလဲဆိုတာ စိတ္ဝင္စားဖို႔ေကာင္းေနသလို ယခု ၂၀၂၀ ခုႏွစ္အတြင္းမွာ အင္အားေကာင္းတဲ့ အျခားေသာ ႏိုင္ငံေရးပါတီအသစ္ေတြ ထြက္ေပၚလာတာေၾကာင့္လည္း ပါတီႀကီးတစ္ခုတည္းကေန ေတာင္ၿပိဳ၊ ကမ္းၿပိဳ ႏိုင္ႏိုင္မလားဆိုတာကလည္း ေမးခြန္းထုတ္စရာျဖစ္လာခဲ့ပါတယ္။

ဒါေၾကာင့္လည္း တိုင္းရင္းသားပါတီတစ္ခုျဖစ္တဲ့ ရခိုင္အမ်ိဳးသားပါတီ (ANP) ကေတာ့ ယခု ၂၀၂၀ ေ႐ြးေကာက္ပြဲႀကီးမွာ ပါတီႀကီးတစ္ခုတည္းက အႏိုင္ရတာထက္ က်န္တဲ့ႏိုင္ငံေရးပါတီေတြ တိုင္းရင္းသားပါတီေတြပါ အခ်ိဳးက်အႏိုင္ရေခ်ရွိလာႏိုင္သည့္အတြက္ ၂၀၂၀ အလြန္မွာေတာ့ ၫႊန႔္ေပါင္းအစိုးရျဖစ္လာႏိုင္မယ္လို႔ ေမွ်ာ္မွန္းထားေၾကာင္း ANP ပါတီ၏ ေျပာခြင့္ရပုဂၢိဳလ္ ဦးထြန္းေအာင္ေက်ာ္ကလည္း ၎ရဲ႕အျမင္ကို ယခုလိုသုံးသပ္ေျပာၾကားခဲ့ပါေသးတယ္။

“က်ေနာ္တို႔က (USDP) အစိုးရကိုလည္း ငါးႏွစ္တာျဖတ္သန္းလာခဲ့ၿပီးၿပီ။ေနာက္ (NLD) အစိုးရ ငါးႏွစ္သက္တမ္းကိုလည္း ျဖတ္သန္းလာခဲ့ၿပီးၿပီ။ျမန္မာႏိုင္ငံသူ၊ ႏိုင္ငံသားအားလုံးအတြက္ ဘယ္သူက အေကာင္းဆုံးလုပ္ေပးႏိုင္သလဲ၊ ဘယ္သူကအေကာင္းဆုံးလုပ္မေပးႏိုင္ခဲ့လဲဆိုတာကို က်ေနာ္တို႔မ်က္ဝါးထင္ထင္ျမင္ခဲ့ရၿပီ။အဲ့ဒါေၾကာင့္ ဒီတစ္ဖြဲ႕တစ္ပါတီကေန ဦးေဆာင္ၿပီးေတာ့ အေကာင္အထည္ေဖာ္ၾကတာဟာ က်ေနာ္တို႔လိုအင္ဆႏၵေတြမျပည့္ဘူး။ကုန္ေစ်းႏႈန္းက်တာေတြမရွိဘူး၊ စီးပြားတိုးတက္တာေတြမရွိဘူး၊ ပြင့္ပြင့္လင္းလင္းေျပာရရင္ လက္မႏိုင္၊ ေျခမႏိုင္ အခက္အခဲေတြ ေျမာက္ျမားစြာျဖစ္ေနတယ္။ဒါေၾကာင့္ က်ေနာ္ထင္တယ္ ပါတီႀကီးေတြအေနနဲ႔ ဘယ္နည္းနဲ႔မွ လြတ္လြတ္ကြၽတ္ကြၽတ္ ေတာင္ၿပိဳကမ္းၿပိဳ ဘယ္လိုမွမႏိုင္ႏိုင္ဘူး။ဒီလိုက်ေနာ္တို႔ယူဆတယ္။အဲ့ဒါေၾကာင့္ တိုင္းရင္းသားပါတီမ်ားရဲ႕ အခန္းက႑ဟာ (၂၀၁၀) နဲ႔လည္း တူမွာမဟုတ္ဘူး။(၂၀၁၅) နဲ႔လည္း တူမွာမဟုတ္ပါဘူး။ တိုင္းရင္းသားပါတီမ်ားရဲ႕ အခန္းက႑ဟာ (၂၀၂၀) မွာ အေရးပါတဲ့အခန္းက႑ကျဖစ္လာမယ္။ေျပာရရင္ ၫႊန႔္ေပါင္းအစိုးရျဖစ္လာဖို႔မ်ားတယ္လို႔ က်ေနာ္တို႔ကေတာ့ အဲ့လိုတြက္ထားပါတယ္။တိုင္းရင္းသားေတြအတြက္ ၫႊန႔္ေပါင္းအစိုးရျဖစ္လာရင္ က်ေနာ္တို႔သက္ဆိုင္တဲ့ အာဏာတစ္စိတ္တစ္ပိုင္းကိုေတာ့ သက္ဆိုင္တဲ့ျပည္နယ္ေတြမွာ ႏိုင္ငံေရးပါတီေတြ တိုင္းရင္းသားႏိုင္ငံေရးပါတီေတြအေနနဲ႔ ေျပာင္းလဲႏိုင္မယ္ ေဆာင္႐ြက္ႏိုင္မယ္။
အစိတ္အပိုင္းတစ္ခုအထိ အာဏာကိုဆုပ္ကိုင္က်င့္သုံးခြင့္ရမယ္လို႔ က်ေနာ္တို႔ထင္ပါတယ္။” လို႔ ဦးထြန္းေအာင္ေက်ာ္ က ၎အျမင္ကို သုံးသပ္ေျပာၾကားခဲ့ပါတယ္။

အဆုံးအျဖတ္ေပးမည့္မဲ

ထို႔အတူ တိုင္းရင္းသားစည္းလုံးညီၫြတ္ေရးပါတီရဲ႕ ဒုဥကၠဌျဖစ္သူ ဦးဟန္ေ႐ႊကလည္း ယခု ၂၀၂၀ ေ႐ြးေကာက္ပြဲတြင္ ျပည္သူေတြမဲေပးရင္လည္း ပါတီေတြ လူပုဂၢိဳလ္ေတြ ဆိုတာမ်ိဳးထက္ သူတို႔ဒုကၡကို သူတို႔ၾကည့္ၿပီးေတာ့ အဆုံးအျဖတ္မဲေပးမယ္ဆိုတာမ်ိဳး ျဖစ္လာႏိုင္မယ္လို႔လည္း ယူဆထားတယ္လို႔ ဆိုပါတယ္။

“ဒီကေန႔ျဖစ္ေနတဲ့အေနအထားအရ ရခိုင္ျပည္နယ္မွာျဖစ္ေနတဲ့အေနအထားအရ ႏိုင္ငံတကာ (ICJ) ကေန ဆုံးျဖတ္ၿပီး တရားစြဲခံရတဲ့အေနအအထားအရ တို႔ႏိုင္ငံမွာ ဒီဟာေတြကိုေက်ာ္လႊားဖို႔ ႏိုင္ငံတကာမွာ ဂုဏ္သိကၡာေပါ့ေလ။ဒီလိုထိခိုက္ေနတဲ့အေနအထားေတြ မတင့္တယ္တဲ့အေနအထားေတြ ဒါေတြကိုေက်ာ္လႊားဖို႔က ျပည္တြင္းအားဟာ ျပည္တြင္းမွာပဲရွိတယ္ဆိုတဲ့ ဒီအေျခခံအခ်က္ဟာ ေသေသခ်ာခ်ာစဥ္းစားရင္ က်ေနာ္တို႔ျပည္သူေတြ သေဘာေပါက္လိမ့္မယ္လို႔ က်ေနာ္တို႔ထင္ပါတယ္။ေနာက္တစ္ခုကလည္းပဲ ဒီကေန႔ေတြ႕ႀကဳံေနရတဲ့ ဒုကၡေတြအမ်ားႀကီးရွိပါတယ္။ေက်ာင္းသားလည္း ေက်ာင္းသားအေလ်ာက္ ဆရာေတြလည္း ဆရာေတြအေလ်ာက္ လယ္သမားလည္း လယ္သမားအေလ်ာက္ ဒုကၡေတြရွိပါတယ္။အဲ့ေတာ့ ျပည္သူေတြမဲေပးရင္လည္း ပါတီေတြ လူပုဂၢိဳလ္ေတြဆိုတာမ်ိဳးထက္ သူတို႔ဒုကၡကို သူတို႔ၾကည့္ၿပီးေတာ့ အဆုံးအျဖတ္မဲေပးမယ္ဆိုတာမ်ိဳးကို က်ေနာ္တို႔ ယူဆထားပါတယ္။” လို႔ ဦးဟန္ေ႐ႊ က ၎ရဲ႕အျမင္ကို သုံးသပ္ေျပာျပခဲ့ပါေသးတယ္။

ဒါ့အျပင္ လက္ရွိအင္အားႀကီးအတိုက္အခံပါတီတစ္ခုျဖစ္တဲ့ ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ ဖြံ႕ၿဖိဳးပါတီ (USDP) အေနနဲ႔ ယခုလာမယ့္ ၂၀၂၀ ေ႐ြးေကာက္ပြဲတြင္ ျပည္သူေတြအေနနဲ႔ ယခင္ (၅) ႏွစ္တာႏွင့္ ယခု (၅) ႏွစ္တာတို႔ကို ႏႈိင္းယွဥ္ၾကည့္ၿပီး ေ႐ြးခ်ယ္ၾကဖို႔ကိုလည္းတိုက္တြန္းမႈေတြရွိခဲ့ပါတယ္။
ဒါေၾကာင့္လည္း ယခုႏွစ္အတြင္းမွာ က်င္းပဖို႔ရွိေနတဲ့ ၂၀၂၀ ေ႐ြးေကာက္ပြဲႀကီးအလြန္ ႏိုင္ငံေရးအခင္းအက်င္းေတြဟာ မည္သို႔၊ မည္ပုံ ျဖစ္ေပၚလာအုံးမည္ဆိုတာကေတာ့ ျပည္သူလူထုေတြအေနနဲ႔ စိတ္ဝင္တစား ဆက္လက္ေစာင့္ၾကည့္ရအုံးမွာပဲျဖစ္ပါတယ္။

ေျပသိမ္း
ဇြန္ - ၂၃