【 သတင်းဆောင်းပါး 】 “တရုတ် - မြန်မာ သံတမန်ဆက်ဆံရေး ထူထောင်မှု နှစ် (၇၀) ပြည့်ချိန်”

【 သတင်းဆောင်းပါး 】 “တရုတ် - မြန်မာ သံတမန်ဆက်ဆံရေး ထူထောင်မှု နှစ် (၇၀) ပြည့်ချိန်”

မကြာခင်က လာရောက်ခဲ့တဲ့ တရုတ်နိုင်ငံ သမ္မတရှီကျင့်ဖိန်၏ ချစ်ကြည်ရေးအလည်အပတ် ခရီးစဉ်ဟာ နှစ်နိုင်ငံ နက်ရှိုင်းသည့် ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေးပုံရိပ်ကို ထင်ဟပ်ပေါ်လွင်စေခဲ့သလို နှစ်နိုင်ငံ ခေတ်ကာလအဆက်ဆက် ချစ်ကြည်ရင်းနှီးကြသော စာမျက်နှာသစ်ကို ဖွင့်လှစ်ခဲ့ခြင်းဖြစ်တယ်ဆိုရင် မမှားပါဘူး။

သမ္မတရှီရဲ့  ဒီခရီးစဉ်ဟာ မြန်မာ - တရုတ် ဆက်ဆံရေးသမိုင်းတွင် အရေးကြီးသည့် မှတ်ကျောက်တိုင်ကို စိုက်ထူနိုင်ခြင်းဖြစ်သလို မြန်မာ - တရုတ် ဆက်ဆံရေး နှစ် (၇၀) ပြည့် အခါသမယ နှစ်သစ်တွင် မြန်မာနိုင်ငံသို့ တရုတ်ဘက်က ထိပ်တန်းခေါင်းဆောင်ကြီး လာရောက်ခဲ့တဲ့အတွက်လည်း တရုတ် - မြန်မာ ဆက်ဆံရေးက ပိုနွေးထွေးခဲ့တယ်လို့  မြန်မာနိုင်ငံ နယ်ပယ်ကဏ္ဍအသီးသီးက ဆိုကြပါတယ်။

ပြောရရင် တရုတ်သမ္မတ ရှီကျင့်ဖိန်၏ ခရီးစဉ်အတွင်း ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နှစ်နိုင်ငံသဘောတူညီချက်၊ နားလည်မှုစာချွန်လွှာနှင့် စာလွှာ (၂၉) ခု လက်မှတ်ရေးထိုးခြင်း ပြုလုပ်ခဲ့တဲ့အတွက် ဆက်ဆံရေးက ပိုခိုင်မာခဲ့ပါတယ်။

ဒီခရီးစဉ်မှာ သမ္မတရှီက ၎င်း၏ မြန်မာနိုင်ငံခရီးစဉ်အတွင်း ရပ်ဝန်းနှင့် ပိုးလမ်းမ၏ မူဘောင်နှင့်အညီ ဒေသခံများကို အကျိုးကျေးဇူးများစွာရှိစေပြီး အောင်မြင်ပျော်ရွှင်မှုကို ဆောင်ကြဉ်းပေးနိုင်သည့် တရုတ် - မြန်မာ စီးပွားရေးစင်္ကြန်၏ အဓိကကျသည့် တည်ဆောက်ရေးစီမံကိန်းများကို တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံနှင့်အတူ လက်တွဲပူးပေါင်း အကောင်အထည်ဖော် ဆောင်ရွက်လိုပါကြောင်း၊ နှစ်နိုင်ငံအနေဖြင့် တရုတ် - မြန်မာ ကံကြမ္မာ အကျိုးတူအသိုက်အဝန်းတစ်ခုကို အတူလက်တွဲဖော်ဆောင်ရန်နှင့် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု ချစ်ကြည်ရင်းနှီးမှု ခေတ်သစ်တစ်ခုဆီသို့ တက်လှမ်းနိုင်ရန် ရည်ရွယ်ကြောင်းကိုလည်း ပြောကြားခဲ့ပါတယ်။  

ဒါကြောင့်လည်း သမ္မတရှီ၏ မြန်မာနိုင်ငံ ခရီးစဉ်အပေါ် နိုင်ငံတကာသတင်းမီဒီယာများက အထူးဂရုပြုခဲ့ကြပြီး OIC ကမကထပြု လုပ်ဆောင်ခဲ့တဲ့  ICJ လို နိုင်ငံတကာ ဖိအားရင်ဆိုင်နေရချိန်မှာ တရုတ်နဲ့ ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေး ဖြစ်ထွန်းနေမှုက  တရုတ် - မြန်မာ ဆက်ဆံရေးမှာ  အရေးကြီးသည့် တိုးတက်အောင်မြင်မှုကို ရရှိခဲ့ခြင်းဖြစ်တယ်လို့လည်း ယုံကြည်ကြပါတယ်။

နှစ်နိုင်ငံ ကံကြမ္မာတူအကျိုးတူ အသိုက်အဝန်း

သမ္မတရှီ မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်သည့်ကာလတွင် တရုတ် - မြန်မာ ကံကြမ္မာတူ အကျိုးတူအသိုက်အဝန်း တည်ဆောက်ရန်အတွက်ကိုလည်း နှစ်နိုင်ငံသဘောတူညီမှု ရရှိခဲ့ကြပါတယ်။ထိုဆုံးဖြတ်ချက် သဘောတူညီမှုသည် ခေတ်ကာလရေစီးကြောင်းနှင့် လိုက်လျောညီထွေသလို နှစ်နိုင်ငံ ပြည်သူ့ဆန္ဒနှင့်ကိုက်ညီရာ တရုတ် - မြန်မာ ဆက်ဆံရေး၏ အနက်အဓိပ္ပါယ်ကို ပိုမိုပြည့်စုံနက်ရှိုင်းစေပြီး ပူးပေါင်းဆောင်ရွက်မှု၏ မပြတ်သောတွန်းအား ဖြစ်စေခဲ့ပါတယ်။ထို့အတူ တရုတ် - မြန်မာ သံတမန်ဆက်ဆံရေး ထူထောင်မှု နှစ် (၇၀) ပြည့် အထိမ်းအမှတ်အနေဖြင့် နှစ်နိုင်ငံစလုံးက “ယဉ်ကျေးမှုခရီးသွားနှစ်” ကျင်းပပြုလုပ်ဖို့ကိုလည်း ဆုံးဖြတ်ခဲ့ကြပါသေးတယ်။

ယခုလို ပညာရေး၊ ခရီးသွား၊ ယဉ်ကျေးမှု အစရှိတဲ့ လူမှုယဉ်ကျေးမှု ကဏ္ဍများစွာကို ပြုလုပ်ခြင်းဖြင့် နှစ်နိုင်ငံပြည်သူများအကြား အပြန်အလှန်နားလည်မှုနှင့် ယုံကြည်မှုကို တစ်ဆင့်တိုး နက်ရှိုင်းစေကာ တရုတ် - မြန်မာ ဆက်ဆံရေး ကာလရှည်ကြာ ဖွံ့ဖြိုးတိုးတက်လာစေဖို့နဲ့ ပြည်သူ့ဆန္ဒအခြေခံကို ပိုမိုခိုင်မာစေမှာဖြစ်တယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ က ဆိုပါတယ်။

ယခုခရီးစဉ်အတွင်း သမ္မတရှီသည် မြန်မာနိုင်ငံ ခေါင်းဆောင်များနှင့် ရပ်ဝန်းနှင့် ပိုးလမ်းမ အရည်အသွေးမြင့် အတူလက်တွဲတည်ဆောက်ရန် တွန်းအားပေးဆောင်ရွက်ခြင်း ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးညှိုနှိုင်းရာတွင် အရေးပါသည့် သဘောတူညီချက်အသစ်များ ရရှိခဲ့ကြပါတယ်။တရုတ် - မြန်မာ နှစ်နိုင်ငံစလုံးက ကျောက်ဖြူအထူးစီးပွားရေးဇုန်၊ ရန်ကုန်မြို့သစ်စီမံကိန်း၊ နယ်စပ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဇုန်နှင့် ကားလမ်း၊ ရထားလမ်း၊ လျှပ်စစ်စွမ်းအင် စသည့် အပြန်အလှန်ဆက်သွယ်ချိတ်ဆက်မည့် ပင်မတည်ဆောက်မှုများကို ဘက်စုံစီမံခန့်ခွဲ တွန်းအားပေးဆောင်ရွက်ကြဖို့ကိုလည်း သဘောတူညီခဲ့ကြပါတယ်။

ဒါ့အပြင် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်မှ တရုတ် - မြန်မာ နယ်စပ်ကို ဖြတ်သန်းကာ မန္တလေးမှတစ်ဆင့် ရန်ကုန်နှင့် ကျောက်ဖြူသို့ ဆက်သွယ်မည့် ဆုံမှတ်သုံးခုအားပြုသည့် တရုတ် - မြန်မာ စီးပွားရေးစင်္ကြန်သဏ္ဍန်ဟာလည်း ပုံပေါ်လာပြီဖြစ်တယ်လို့ ဆိုနိုင်ပါတယ်။

တန်းတူဆက်ဆံရေးနှင့် အကျိုးတူပူးပေါင်းဆောင်ရွက်ရေး

မြန်မာနိုင်ငံနဲ့ တရုတ်နိုင်ငံဟာ ပထဝီနိုင်ငံရေးအရ၊ ပထဝီစီးပွားရေးအရ ဆက်သွယ်အကျုံးဝင်နေတဲ့ နှစ်နိုင်ငံဖြစ်သလို မကြာမီအချိန်မှာ ရွှေလမ်း၊ ငွေလမ်း ဖြောင့်တန်းခဲ့တဲ့ တရုတ် - မြန်မာ ဆက်ဆံရေးဟာ နှစ် (၇၀) ပလက်တီနမ်ရတုကို ရောက်တော့မှာဖြစ်ကြောင်းနှင့် တရုတ် - မြန်မာ နှစ်နိုင်ငံဆက်ဆံရေးကို ကြည့်မယ်ဆိုရင်လည်း နိုင်ငံရေးအရ တန်းတူဆက်ဆံရေး စီးပွားရေးအရ အကျိုးတူပူးပေါင်းဆောင်ရွက်ရေးကို ကျင့်သုံးခဲ့တာဖြစ်တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ဗဟိုပြန်ကြားရေးကော်မတီ၏ အတွင်းရေးမှူး မုံရွာဦးအောင်ရှင် က ပြောကြားခဲ့ပါတယ်။

“နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောထားကောက်ချက်စကားလိုပါပဲ။မြန်မာနိုင်ငံနဲ့ တရုတ်နိုင်ငံဟာ ပထဝီနိုင်ငံရေးအရ ပထဝီစီးပွားရေးအရ ဆက်သွယ်အကျုံးဝင်နေတဲ့ နှစ်နိုင်ငံဖြစ်ပါတယ်။မကြာမီအချိန်မှာ ရွှေလမ်း၊ ငွေလမ်း ဖြောင့်တန်းခဲ့တဲ့ တရုတ် - မြန်မာ ဆက်ဆံရေးဟာ နှစ် (၇၀) ပလက်တီနမ်ရတုကို ‌‌‌ရောက်တော့မှာဖြစ်ပါတယ်။နိုင်ငံရေးအရ တန်းတူဆက်ဆံရေး စီးပွားရေးအရ အကျိုးတူပူးပေါင်းဆောင်ရွက်ရေးကို ကျင့်သုံးခဲ့တာဖြစ်ပါတယ်။အတူတကွဆွေးနွေးခြင်း၊ အတူတကွတည်ဆောက်ခြင်း အတူတကွမျှဝေခြင်းတို့ကို ရပ်တည်ရင်းနဲ့ ငြိမ်းချမ်းစွာပူးပေါင်းဆောင်ရွက်ခြင်း ပွင့်လင်းမြင်သာစွာ အားလုံးပါဝင်နိုင်ခြင်း အပြန်အလှန်လေ့လာအတုယူခြင်း အပြန်အလှန်အကျိုးဖြစ်ထွန်းခြင်းဆိုတဲ့ OBOR စိတ်ဓါတ်ကို ခိုင်ခိုင်မာမာစွဲကိုင်ရင်းနဲ့ အောင်မြင်သည်အထိ ချီတက်ရုန်းကန်သွားမှာဖြစ်ပါတယ်။အခုအခါ ဒေါ်အောင်ဆန်းစုကြည် က တရုတ် - မြန်မာ စီးပွားရေးစင်္ကြန် အကောင်အထည်ဖော်ရေးမှာ ဥက္ကဌအဖြစ် တာဝန်ယူနေဆဲဖြစ်ပါတယ်။” လို့ မုံရွာဦးအောင်ရှင် က ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံအနေနဲ့လည်း တရုတ်နိုင်ငံရဲ့ ချမ်းသာကြွယ်ဝမှုနဲ့ သိပ္ပံနည်းပညာ အဆင့်မြင့်မှုတွေအပေါ်မှာ မိမိနိုင်ငံအတွက် အခွင့်အလမ်းကောင်းတွေ ရှာကြရမှာဖြစ်တယ်လို့လည်း မုံရွာဦးအောင်ရှင် က ၎င်း၏ သဘောထားအမြင်ကို ယခုလိုပြောပြခဲ့ပါသေးတယ်။

“တရုတ် - မြန်မာ စီးပွားရေးစင်္ကြန်လိုပဲ တရုတ် - ပါကစ္စတန် စီးပွားရေးစင်္ကြန်ရှိတယ်။
အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ လာအို၊ ကမ္ဘောဒီးယား၊ ထိုင်း၊ ဗီယက်နမ် အစရှိတဲ့ စီးပွားရေးအချိတ်အဆက် လမ်းကြောင်းတွေကို အချိန်နဲ့တပြေးညီ ဖွံ့ဖြိုးလာနေပြီဖြစ်ပါတယ်။တရုတ်စိတ်ပညာရှင် စွန်စူး က အားနည်းသူဟာ အခွင့်အလမ်းကိုစောင့်တယ်။အားကြီးသူက အခွင့်အလမ်းကိုရှာတယ်။ပညာရှိသူက အခွင့်အလမ်းကို အသုံးချတယ်လို့ဆိုခဲ့ပါတယ်။မလိုလားတဲ့သူတွေက ကြွေမြီထောင်ချောက်လိုပဲအော်အော် တရုတ်ရဲ့ နိုင်ငံရေး၊ စီးပွားရေးသြဇာနဲ့ပဲ ချဲ့ထွင်လိုမှုလို့ပဲဆိုဆို စီးပွားရေးစင်္ကြန်များကတော့ မဆူးမနစ် ရှေ့ဆက်ခရီးနှင်စေမှာဖြစ်ပါတယ်။ကျနော်တို့  မြန်မာနိုင်ငံအနေနဲ့လည်း တရုတ်နိုင်ငံရဲ့ ချမ်းသာကြွယ်ဝမှုနဲ့ သိပ္ပံနည်းပညာ အဆင့်မြင့်မှုတွေအပေါ်မှာ မိမိနိုင်ငံအတွက် အခွင့်အလမ်းကောင်းတွေ ရှာကြရမှာဖြစ်ပါတယ်၊ အသုံးချရမှာဖြစ်ပါတယ်။ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူနဲ့အတူ ပြည်တွင်းငြိမ်းချမ်းရေးအတွက် အထောက်အကူဖြစ်ရေးနဲ့ အိမ်နီးချင်းကောင်းဆက်ဆံရေးကို တိုးမြှင့်ရေး၊ ဖွံ့ဖြိုးရေးအတွက် ကြိုးစားရအုံးမှာ ဖြစ်ပါတယ်။” လို့ မုံရွာဦးအောင်ရှင် က ထပ်လောင်းပြောပြခဲ့ပါတယ်။

ရပ်ဝန်းနှင့် ပိုးလမ်းမ

သမ္မတရှီ၏ ယခုခရီးစဉ်တွင် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်နှင့် မြန်မာနိုင်ငံ မန္တလေးတိုင်းကို ရပ်ဝန်းနှင့် ပိုးလမ်းမ မူဘောင်အောက်တွင် ပူးပေါင်းဆောင်ရွက်မှုများပြုလုပ်ရန် သဘောတူညီမှုရရှိခဲ့သလို ရန်ကုန်တိုင်းနှင့်လည်း ညီနောင်မိတ်ဆွေ ပြည်နယ်တိုင်းအဖြစ် ဆောင်ရွက်ရန် စာချွန်လွှာလက်မှတ်ရေးထိုးခဲ့ရာ တရုတ်နိုင်ငံ ယူနန်နှင့် မြန်မာနိုင်ငံတို့သည် နေရာအနေအထား အားသာချက်ဖြင့် လက်တွေ့ပူးပေါင်းဆောင်ရွက်မှုများကို နက်ရှိုင်းစွာဆောင်ရွက်သွားခြင်းသည် နှစ်နိုင်ငံဆက်ဆံရေး ပိုမိုတိုးတက်စေရန် တွန်းအားသစ်ဖြစ်စေမယ်လို့ ယုံကြည်ကြောင်းကိုလည်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက ပြောပါတယ်။

ဒါ့အပြင် သမ္မတရှီ၏ ယခုခရီးစဉ်အတွင်း သဘောတူစာချုပ် ၆ ခု၊ သဘောတူညီချက် ၃ ခု၊ နားလည်မှုစာချွန်လွှာ (MoU) ၁၄ ခုနှင့် လျင်မြန်တိုးတက်စေရေး နားလည်မှုစာချွန်လွှာများ အပါအဝင် စာလွှာ ၁၀ ခုတို့ကိုလည်း လက်မှတ်ရေးထိုးနိုင်ခဲ့တာဟာ တရုတ် - မြန်မာ နယ်ပယ်စုံ၊ ကဏ္ဍစုံ၊ အလွှာစုံ ပူးပေါင်းဆောင်ရွက်မှုတွေရဲ့  ရလဒ်တစ်ခုဖြစ်လို့လည်း ပြောနိုင်ပါတယ်။

ဒါ့ကြောင့်လည်း ယခုအခါမှာ တရုတ် - မြန်မာ နယ်ပယ်စုံ၊ ကဏ္ဍစုံ၊ အလွှာစုံ ပူးပေါင်းဆောင်ရွက်မှုရဲ့ ဆုံမှတ်ဟာ ရပ်ဝန်းတစ်ခု လမ်းကြောင်းတစ်သွယ် မဟာစီမံကိန်း OBOR နဲ့ တရုတ် - မြန်မာ စီးပွားရေးစင်္ကြန်တို့ဖြစ်ပြီး မြန်မာနိုင်ငံဟာ OBOR နှင့် နှစ်နိုင်ငံစီးပွားရေးစင်္ကြန်ကြောင့် ဒေသတွင်း မဟာဗျူဟာတန်ဖိုး ပြန်လည်မြှင့်တက်လာခဲ့တယ်လို့ ပြောလို့ရနိုင်သလို ဒါဟာ မြန်မာနိုင်ငံအတွက် သဘာဝကပေးတဲ့ အခွင့်အလမ်းတစ်ခုဖြစ်တယ်လို့လည်း ပညာရှင်များက သုံးသပ်ထားကြပါတယ်။

သို့သော်လည်း မြန်မာနိုင်ငံရဲ့ စီးပွားရေးအကြံပေးပညာရှင် ဒေါက်တာအောင်ထွန်းသက်ကတော့ စီးပွားရေးလို့ပြောပါက နိုင်ငံရေးဘောဂဗေဒကို သတိပေးချင်ပြီး နိုင်ငံရေးမပါတဲ့ စီးပွားရေးမရှိသလို စီးပွားရေးမပါတဲ့ နိုင်ငံရေးမရှိဘူးလို့ သုံးသပ်မှုတွေလည်းရှိခဲ့ပါတယ်။

“ပထမအနေနဲ့ စီးပွားရေး။စီးပွားရေးပြောရင် ကျွန်တော်သတိပေးချင်တာကတော့ နိုင်ငံရေးဘောဂဗေဒကို သတိပေးချင်ပါတယ်။နိုင်ငံရေးမပါတဲ့ စီးပွားရေးမရှိပါဘူး။စီးပွားရေးမပါတဲ့ နိုင်ငံရေးမရှိပါဘူး။စီးပွားရေးပြောတဲ့အခါတိုင်းမှာ နိုင်ငံရေးကို၊ နိုင်ငံရေးပြောတဲ့အခါတိုင်းမှာ စီးပွားရေးကို နားလည်အောင်စဉ်းစားဖို့လိုပါတယ်။BRI စီးပွားရေးအခွင့်အလမ်းတွေ ကျွန်တော်မြင်တာတော့ အခွင့်အလမ်းဘဲကြည့်လို့မရဘူး စိန်ခေါ်မှုဆိုတာလည်းရှိတာဘဲ။စိန်ခေါ်မှုရှိသလို အခွင့်အလမ်းလည်း ကျွန်တော်တို့ ကြည့်ရမယ်။” လို့ ဒေါက်တာအောင်ထွန်းသက် က သုံးသပ်ပြောကြားခဲ့ပါတယ်။

ဆက်လက်၍ ၎င်းက “ကျွန်တော်တို့ ခေါင်းဆောင်ကြီး ဒေါ်အောင်ဆန်းစုကြည် သတိပေးတာ စီးပွားရေးအရ အဆင်ပြေရုံတင်မကဘူးတဲ့ စီးပွားရေးအဆင်ပြေပြီး လူမှုရေးတာဝန်လည်းကျေရမယ်။ဒီလိုလုပ်တဲ့နေရာတွေအားလုံးမှာ ပတ်ဝန်းကျင်ကိုထိခိုက်မယ့် စက်ရုံအလုပ်ရုံတွေ လုပ်ငန်းတွေကို ကျွန်တော်တို့လက်မခံပါဘူး။လုပ်တဲ့အခါမှာ ဒေသခံတွေကို စည်းရုံးဖို့လိုပါတယ်။ကျွန်တော်တို့နိုင်ငံမှာ top and down လုပ်တာများပါတယ်။အပေါ်ကနေလုပ်တယ် အမိန့်ပေးတယ်။ကြိုက်၏ မကြိုက်၏ မမေးဘူး။တိုင်ပင်တာမရှိဘူး။ဆွေးနွေးတာမရှိဘူး။မင်းတို့အတွက်လုပ်တယ်။မင်းတို့အတွက်ကောင်းတာလုပ်တာဘဲ လက်ခံပါလို့ စဉ်းစားတဲ့ယဉ်ကျေးမှုကနေ အခုဒီအချိန်မှာတော့ အောက်ခြေကလူတွေ ကျေးလက်ဒေသမှာရှိတဲ့ ကျေးရွာမှာနေထိုင်တဲ့သူတွေရဲ့ သူတို့လက်ခံဖို့လိုတယ်၊ သူတို့လက်ခံနိုင်အောင် ပြောပြကြဖို့လိုပါတယ်။” လို့လည်း ၎င်းရဲ့အမြင်ကို သုံးသပ်ပြောကြားခဲ့တာပါ။

ထို့အတူ အမျိုးသားဒီမိုကရေအဖွဲ့ချုပ် ဗဟိုစီးပွားရေးကော်မတီဝင်တစ်ယောက်ဖြစ်သလို မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်ရဲ့ အဖွဲ့ဝင်ဖြစ်သူ ဦးအေးလွင်ကတော့ မြန်မာနိုင်ငံကြီးကောင်းဖို့ မြန်မာနိုင်ငံကြီးတိုးတက်ဖို့ နိုင်ငံသူနိုင်ငံသားတိုင်းမှာပဲ တာဝန်ရှိပြီး ဒါကို နိုင်ငံသူနိုင်ငံသားတိုင်း ရင်ထဲမှာထည့်ပြီးတော့ လာမည့် နောက်မျိုးဆက်သစ်တွေအတွက် ဘယ်လိုသွားကြမလဲ၊ တရုတ်ပြည်ရဲ့ BRI အပေါ်မှာ ဘာတွေတွေးယူလို့ရမလဲ၊ ဘာတွေပြင်ဆင်ပေးမလဲဆိုတာကို စဉ်းစားဖို့လိုတယ်လို့လည်း သုံးသပ်ခဲ့ပြန်ပါတယ်။

“တရုတ်ပြည်ရဲ့ BRI အပေါ်မှာ ဘာတွေတွေးယူလို့ရမလဲ၊ ဘာတွေပြင်ဆင်ပေးမလဲ။တစ်ပိုင်းက BRI အကြောင်း BRI နဲ့ ပတ်သက်လို့ အလားအလာဘာလဲ၊ ပြီးတော့ လက်ရှိ ရင်းနှီးမြှုပ်နှံမှုအခြေအနေ ဘယ်လိုရှိလဲ။ကျွန်တော်တို့ရဲ့ စိန်ခေါ်မှုတွေ ဘာရှိလဲ၊ ဘာဖြစ်လို့ပြောလဲဆိုတာ ကျွန်တော်တို့ တိုင်းပြည်ရဲ့ အနာဂတ်ဟာ အရေးကြီးလို့ ဖြစ်ပါတယ်။ဒီတစ်ကြိမ်မှာမှ ကျွန်တော်တို့က မပြောင်းလဲနိုင်ဘူး၊ ဒီတစ်ကြိမ်မှာမှ မျိုးဆက်သစ်တွေအတွက် စိတ်အေးချမ်းသာစွာ မလုပ်နိုင်ဘူးဆိုရင် ကျွန်တော်တို့ တော်တော်ကြိုးစားရမှာဖြစ်ပါတယ်။” လို့ ဦးအေးလွင် က သုံးသပ်ပြောကြားခဲ့တာပါ။

မည်သို့ပင်ဆိုစေကာမူ တရုတ်နိုင်ငံက သူတို့နိုင်ငံရဲ့ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်အောင်ကြိုးစားရင် မြန်မာနိုင်ငံဟာ အလားတူအခွင့်ကောင်းတွေကို ရယူနိုင်ပြီးတော့ မြန်မာပြည်သူတွေလည်း ဖွံ့ဖြိုးရေးအသီးအပွင့်တွေကို အတူတကွခံစားဖို့ တရုတ် - မြန်မာ အေးအတူ၊ ပူအမျှဖြစ်သည့် အသိုက်အဝန်းကို လက်တွဲတည်ဆောက်ရန်ခံအတူ စံအတူဖြစ်တဲ့ လူသားအသိုက်အဝန်း တည်ဆောက်ရာမှာ အကျိုးပြုကြဖို့နဲ့ မြန်မာနိုင်ငံအစိုးရ နိုင်ငံရေးပါတီအသီးသီး နယ်ပယ်ပေါင်းစုံ မိတ်ဆွေများနှင့်အတူ လက်တွဲကြိုးပမ်းဆောင်ရွက်ကြရမှာဖြစ်သလို မြန်မာနိုင်ငံအနေနဲ့လည်းတရုတ်နိုင်ငံရဲ့ ချမ်းသာကြွယ်ဝမှုနဲ့ သိပ္ပံနည်းပညာ အဆင့်မြင့်မှုတွေအပေါ်မှာ မိမိနိုင်ငံအတွက် အခွင့်အလမ်းကောင်းတွေရှာကြရမှာ အသုံးချရမှာဖြစ်ပါတယ်။

ဒါ့အပြင် ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးမူနဲ့အတူ ပြည်တွင်းငြိမ်းချမ်းရေးအတွက် အထောက်အကူဖြစ်ရေးနဲ့ အိမ်နီးချင်းကောင်းဆက်ဆံရေးကို တိုးမြှင့်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆက်လက်ကြိုးစားရမှာကတော့ မလွဲဧကန်ပါ။

ပြေသိမ်း
ဇန်န၀ါရီ - ၂၁

( Zawgyi )

မၾကာခင္က လာေရာက္ခဲ့တဲ့ တ႐ုတ္ႏိုင္ငံ သမၼတရွီက်င့္ဖိန္၏ ခ်စ္ၾကည္ေရးအလည္အပတ္ ခရီးစဥ္ဟာ ႏွစ္ႏိုင္ငံ နက္ရႈိင္းသည့္ ေဆြမ်ိဳးေပါက္ေဖာ္ ခ်စ္ၾကည္ေရးပုံရိပ္ကို ထင္ဟပ္ေပၚလြင္ေစခဲ့သလို ႏွစ္ႏိုင္ငံ ေခတ္ကာလအဆက္ဆက္ ခ်စ္ၾကည္ရင္းႏွီးၾကေသာ စာမ်က္ႏွာသစ္ကို ဖြင့္လွစ္ခဲ့ျခင္းျဖစ္တယ္ဆိုရင္ မမွားပါဘူး။

သမၼတရွီရဲ႕  ဒီခရီးစဥ္ဟာ ျမန္မာ - တ႐ုတ္ ဆက္ဆံေရးသမိုင္းတြင္ အေရးႀကီးသည့္ မွတ္ေက်ာက္တိုင္ကို စိုက္ထူႏိုင္ျခင္းျဖစ္သလို ျမန္မာ - တ႐ုတ္ ဆက္ဆံေရး ႏွစ္ (၇၀) ျပည့္ အခါသမယ ႏွစ္သစ္တြင္ ျမန္မာႏိုင္ငံသို႔ တ႐ုတ္ဘက္က ထိပ္တန္းေခါင္းေဆာင္ႀကီး လာေရာက္ခဲ့တဲ့အတြက္လည္း တ႐ုတ္ - ျမန္မာ ဆက္ဆံေရးက ပိုေႏြးေထြးခဲ့တယ္လို႔  ျမန္မာႏိုင္ငံ နယ္ပယ္က႑အသီးသီးက ဆိုၾကပါတယ္။

ေျပာရရင္ တ႐ုတ္သမၼတ ရွီက်င့္ဖိန္၏ ခရီးစဥ္အတြင္း က႑စုံပူးေပါင္းေဆာင္႐ြက္မႈဆိုင္ရာ ႏွစ္ႏိုင္ငံသေဘာတူညီခ်က္၊ နားလည္မႈစာခြၽန္လႊာႏွင့္ စာလႊာ (၂၉) ခု လက္မွတ္ေရးထိုးျခင္း ျပဳလုပ္ခဲ့တဲ့အတြက္ ဆက္ဆံေရးက ပိုခိုင္မာခဲ့ပါတယ္။

ဒီခရီးစဥ္မွာ သမၼတရွီက ၎၏ ျမန္မာႏိုင္ငံခရီးစဥ္အတြင္း ရပ္ဝန္းႏွင့္ ပိုးလမ္းမ၏ မူေဘာင္ႏွင့္အညီ ေဒသခံမ်ားကို အက်ိဳးေက်းဇူးမ်ားစြာရွိေစၿပီး ေအာင္ျမင္ေပ်ာ္႐ႊင္မႈကို ေဆာင္ၾကဥ္းေပးႏိုင္သည့္ တ႐ုတ္ - ျမန္မာ စီးပြားေရးစၾကၤန္၏ အဓိကက်သည့္ တည္ေဆာက္ေရးစီမံကိန္းမ်ားကို တ႐ုတ္ႏိုင္ငံအေနျဖင့္ ျမန္မာႏိုင္ငံႏွင့္အတူ လက္တြဲပူးေပါင္း အေကာင္အထည္ေဖာ္ ေဆာင္႐ြက္လိုပါေၾကာင္း၊ ႏွစ္ႏိုင္ငံအေနျဖင့္ တ႐ုတ္ - ျမန္မာ ကံၾကမၼာ အက်ိဳးတူအသိုက္အဝန္းတစ္ခုကို အတူလက္တြဲေဖာ္ေဆာင္ရန္ႏွင့္ ႏွစ္ႏိုင္ငံပူးေပါင္းေဆာင္႐ြက္မႈ ခ်စ္ၾကည္ရင္းႏွီးမႈ ေခတ္သစ္တစ္ခုဆီသို႔ တက္လွမ္းႏိုင္ရန္ ရည္႐ြယ္ေၾကာင္းကိုလည္း ေျပာၾကားခဲ့ပါတယ္။  

ဒါေၾကာင့္လည္း သမၼတရွီ၏ ျမန္မာႏိုင္ငံ ခရီးစဥ္အေပၚ ႏိုင္ငံတကာသတင္းမီဒီယာမ်ားက အထူးဂ႐ုျပဳခဲ့ၾကၿပီး OIC ကမကထျပဳ လုပ္ေဆာင္ခဲ့တဲ့  ICJ လို ႏိုင္ငံတကာ ဖိအားရင္ဆိုင္ေနရခ်ိန္မွာ တ႐ုတ္နဲ႔ ေဆြမ်ိဳးေပါက္ေဖာ္ခ်စ္ၾကည္ေရး ျဖစ္ထြန္းေနမႈက  တ႐ုတ္ - ျမန္မာ ဆက္ဆံေရးမွာ  အေရးႀကီးသည့္ တိုးတက္ေအာင္ျမင္မႈကို ရရွိခဲ့ျခင္းျဖစ္တယ္လို႔လည္း ယုံၾကည္ၾကပါတယ္။

ႏွစ္ႏိုင္ငံ ကံၾကမၼာတူအက်ိဳးတူ အသိုက္အဝန္း

သမၼတရွီ ျမန္မာႏိုင္ငံသို႔ လာေရာက္လည္ပတ္သည့္ကာလတြင္ တ႐ုတ္ - ျမန္မာ ကံၾကမၼာတူ အက်ိဳးတူအသိုက္အဝန္း တည္ေဆာက္ရန္အတြက္ကိုလည္း ႏွစ္ႏိုင္ငံသေဘာတူညီမႈ ရရွိခဲ့ၾကပါတယ္။ထိုဆုံးျဖတ္ခ်က္ သေဘာတူညီမႈသည္ ေခတ္ကာလေရစီးေၾကာင္းႏွင့္ လိုက္ေလ်ာညီေထြသလို ႏွစ္ႏိုင္ငံ ျပည္သူ႔ဆႏၵႏွင့္ကိုက္ညီရာ တ႐ုတ္ - ျမန္မာ ဆက္ဆံေရး၏ အနက္အဓိပၸါယ္ကို ပိုမိုျပည့္စုံနက္ရႈိင္းေစၿပီး ပူးေပါင္းေဆာင္႐ြက္မႈ၏ မျပတ္ေသာတြန္းအား ျဖစ္ေစခဲ့ပါတယ္။ထို႔အတူ တ႐ုတ္ - ျမန္မာ သံတမန္ဆက္ဆံေရး ထူေထာင္မႈ ႏွစ္ (၇၀) ျပည့္ အထိမ္းအမွတ္အေနျဖင့္ ႏွစ္ႏိုင္ငံစလုံးက “ယဥ္ေက်းမႈခရီးသြားႏွစ္” က်င္းပျပဳလုပ္ဖို႔ကိုလည္း ဆုံးျဖတ္ခဲ့ၾကပါေသးတယ္။

ယခုလို ပညာေရး၊ ခရီးသြား၊ ယဥ္ေက်းမႈ အစရွိတဲ့ လူမႈယဥ္ေက်းမႈ က႑မ်ားစြာကို ျပဳလုပ္ျခင္းျဖင့္ ႏွစ္ႏိုင္ငံျပည္သူမ်ားအၾကား အျပန္အလွန္နားလည္မႈႏွင့္ ယုံၾကည္မႈကို တစ္ဆင့္တိုး နက္ရႈိင္းေစကာ တ႐ုတ္ - ျမန္မာ ဆက္ဆံေရး ကာလရွည္ၾကာ ဖြံ႕ၿဖိဳးတိုးတက္လာေစဖို႔နဲ႔ ျပည္သူ႔ဆႏၵအေျခခံကို ပိုမိုခိုင္မာေစမွာျဖစ္တယ္လို႔ တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီး ဝမ္ယိ က ဆိုပါတယ္။

ယခုခရီးစဥ္အတြင္း သမၼတရွီသည္ ျမန္မာႏိုင္ငံ ေခါင္းေဆာင္မ်ားႏွင့္ ရပ္ဝန္းႏွင့္ ပိုးလမ္းမ အရည္အေသြးျမင့္ အတူလက္တြဲတည္ေဆာက္ရန္ တြန္းအားေပးေဆာင္႐ြက္ျခင္း ကိစၥရပ္မ်ားႏွင့္ စပ္လ်ဥ္း၍ ေဆြးေႏြးညႇိဳႏႈိင္းရာတြင္ အေရးပါသည့္ သေဘာတူညီခ်က္အသစ္မ်ား ရရွိခဲ့ၾကပါတယ္။တ႐ုတ္ - ျမန္မာ ႏွစ္ႏိုင္ငံစလုံးက ေက်ာက္ျဖဴအထူးစီးပြားေရးဇုန္၊ ရန္ကုန္ၿမိဳ႕သစ္စီမံကိန္း၊ နယ္စပ္စီးပြားေရး ပူးေပါင္းေဆာင္႐ြက္မႈဇုန္ႏွင့္ ကားလမ္း၊ ရထားလမ္း၊ လွ်ပ္စစ္စြမ္းအင္ စသည့္ အျပန္အလွန္ဆက္သြယ္ခ်ိတ္ဆက္မည့္ ပင္မတည္ေဆာက္မႈမ်ားကို ဘက္စုံစီမံခန႔္ခြဲ တြန္းအားေပးေဆာင္႐ြက္ၾကဖို႔ကိုလည္း သေဘာတူညီခဲ့ၾကပါတယ္။

ဒါ့အျပင္ တ႐ုတ္ႏိုင္ငံ၊ ယူနန္ျပည္နယ္မွ တ႐ုတ္ - ျမန္မာ နယ္စပ္ကို ျဖတ္သန္းကာ မႏၲေလးမွတစ္ဆင့္ ရန္ကုန္ႏွင့္ ေက်ာက္ျဖဴသို႔ ဆက္သြယ္မည့္ ဆုံမွတ္သုံးခုအားျပဳသည့္ တ႐ုတ္ - ျမန္မာ စီးပြားေရးစၾကၤန္သ႑န္ဟာလည္း ပုံေပၚလာၿပီျဖစ္တယ္လို႔ ဆိုႏိုင္ပါတယ္။

တန္းတူဆက္ဆံေရးႏွင့္ အက်ိဳးတူပူးေပါင္းေဆာင္႐ြက္ေရး

ျမန္မာႏိုင္ငံနဲ႔ တ႐ုတ္ႏိုင္ငံဟာ ပထဝီႏိုင္ငံေရးအရ၊ ပထဝီစီးပြားေရးအရ ဆက္သြယ္အက်ဳံးဝင္ေနတဲ့ ႏွစ္ႏိုင္ငံျဖစ္သလို မၾကာမီအခ်ိန္မွာ ေ႐ႊလမ္း၊ ေငြလမ္း ေျဖာင့္တန္းခဲ့တဲ့ တ႐ုတ္ - ျမန္မာ ဆက္ဆံေရးဟာ ႏွစ္ (၇၀) ပလက္တီနမ္ရတုကို ေရာက္ေတာ့မွာျဖစ္ေၾကာင္းႏွင့္ တ႐ုတ္ - ျမန္မာ ႏွစ္ႏိုင္ငံဆက္ဆံေရးကို ၾကည့္မယ္ဆိုရင္လည္း ႏိုင္ငံေရးအရ တန္းတူဆက္ဆံေရး စီးပြားေရးအရ အက်ိဳးတူပူးေပါင္းေဆာင္႐ြက္ေရးကို က်င့္သုံးခဲ့တာျဖစ္တယ္လို႔ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္၊ ဗဟိုျပန္ၾကားေရးေကာ္မတီ၏ အတြင္းေရးမႉး မုံ႐ြာဦးေအာင္ရွင္ က ေျပာၾကားခဲ့ပါတယ္။

“ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ သေဘာထားေကာက္ခ်က္စကားလိုပါပဲ။ျမန္မာႏိုင္ငံနဲ႔ တ႐ုတ္ႏိုင္ငံဟာ ပထဝီႏိုင္ငံေရးအရ ပထဝီစီးပြားေရးအရ ဆက္သြယ္အက်ဳံးဝင္ေနတဲ့ ႏွစ္ႏိုင္ငံျဖစ္ပါတယ္။မၾကာမီအခ်ိန္မွာ ေ႐ႊလမ္း၊ ေငြလမ္း ေျဖာင့္တန္းခဲ့တဲ့ တ႐ုတ္ - ျမန္မာ ဆက္ဆံေရးဟာ ႏွစ္ (၇၀) ပလက္တီနမ္ရတုကို ‌‌‌ေရာက္ေတာ့မွာျဖစ္ပါတယ္။ႏိုင္ငံေရးအရ တန္းတူဆက္ဆံေရး စီးပြားေရးအရ အက်ိဳးတူပူးေပါင္းေဆာင္႐ြက္ေရးကို က်င့္သုံးခဲ့တာျဖစ္ပါတယ္။အတူတကြေဆြးေႏြးျခင္း၊ အတူတကြတည္ေဆာက္ျခင္း အတူတကြမွ်ေဝျခင္းတို႔ကို ရပ္တည္ရင္းနဲ႔ ၿငိမ္းခ်မ္းစြာပူးေပါင္းေဆာင္႐ြက္ျခင္း ပြင့္လင္းျမင္သာစြာ အားလုံးပါဝင္ႏိုင္ျခင္း အျပန္အလွန္ေလ့လာအတုယူျခင္း အျပန္အလွန္အက်ိဳးျဖစ္ထြန္းျခင္းဆိုတဲ့ OBOR စိတ္ဓါတ္ကို ခိုင္ခိုင္မာမာစြဲကိုင္ရင္းနဲ႔ ေအာင္ျမင္သည္အထိ ခ်ီတက္႐ုန္းကန္သြားမွာျဖစ္ပါတယ္။အခုအခါ ေဒၚေအာင္ဆန္းစုၾကည္ က တ႐ုတ္ - ျမန္မာ စီးပြားေရးစၾကၤန္ အေကာင္အထည္ေဖာ္ေရးမွာ ဥကၠဌအျဖစ္ တာဝန္ယူေနဆဲျဖစ္ပါတယ္။” လို႔ မုံ႐ြာဦးေအာင္ရွင္ က ေျပာၾကားခဲ့ပါတယ္။

ဒါ့အျပင္ ျမန္မာႏိုင္ငံအေနနဲ႔လည္း တ႐ုတ္ႏိုင္ငံရဲ႕ ခ်မ္းသာႂကြယ္ဝမႈနဲ႔ သိပၸံနည္းပညာ အဆင့္ျမင့္မႈေတြအေပၚမွာ မိမိႏိုင္ငံအတြက္ အခြင့္အလမ္းေကာင္းေတြ ရွာၾကရမွာျဖစ္တယ္လို႔လည္း မုံ႐ြာဦးေအာင္ရွင္ က ၎၏ သေဘာထားအျမင္ကို ယခုလိုေျပာျပခဲ့ပါေသးတယ္။

“တ႐ုတ္ - ျမန္မာ စီးပြားေရးစၾကၤန္လိုပဲ တ႐ုတ္ - ပါကစၥတန္ စီးပြားေရးစၾကၤန္ရွိတယ္။
အိမ္နီးခ်င္းႏိုင္ငံေတြျဖစ္တဲ့ လာအို၊ ကေမာၻဒီးယား၊ ထိုင္း၊ ဗီယက္နမ္ အစရွိတဲ့ စီးပြားေရးအခ်ိတ္အဆက္ လမ္းေၾကာင္းေတြကို အခ်ိန္နဲ႔တေျပးညီ ဖြံ႕ၿဖိဳးလာေနၿပီျဖစ္ပါတယ္။တ႐ုတ္စိတ္ပညာရွင္ စြန္စူး က အားနည္းသူဟာ အခြင့္အလမ္းကိုေစာင့္တယ္။အားႀကီးသူက အခြင့္အလမ္းကိုရွာတယ္။ပညာရွိသူက အခြင့္အလမ္းကို အသုံးခ်တယ္လို႔ဆိုခဲ့ပါတယ္။မလိုလားတဲ့သူေတြက ေႂကြၿမီေထာင္ေခ်ာက္လိုပဲေအာ္ေအာ္ တ႐ုတ္ရဲ႕ ႏိုင္ငံေရး၊ စီးပြားေရးၾသဇာနဲ႔ပဲ ခ်ဲ႕ထြင္လိုမႈလို႔ပဲဆိုဆို စီးပြားေရးစၾကၤန္မ်ားကေတာ့ မဆူးမနစ္ ေရွ႕ဆက္ခရီးႏွင္ေစမွာျဖစ္ပါတယ္။က်ေနာ္တို႔  ျမန္မာႏိုင္ငံအေနနဲ႔လည္း တ႐ုတ္ႏိုင္ငံရဲ႕ ခ်မ္းသာႂကြယ္ဝမႈနဲ႔ သိပၸံနည္းပညာ အဆင့္ျမင့္မႈေတြအေပၚမွာ မိမိႏိုင္ငံအတြက္ အခြင့္အလမ္းေကာင္းေတြ ရွာၾကရမွာျဖစ္ပါတယ္၊ အသုံးခ်ရမွာျဖစ္ပါတယ္။ၿငိမ္းခ်မ္းစြာ အတူယွဥ္တြဲေနထိုင္ေရးမူနဲ႔အတူ ျပည္တြင္းၿငိမ္းခ်မ္းေရးအတြက္ အေထာက္အကူျဖစ္ေရးနဲ႔ အိမ္နီးခ်င္းေကာင္းဆက္ဆံေရးကို တိုးျမႇင့္ေရး၊ ဖြံ႕ၿဖိဳးေရးအတြက္ ႀကိဳးစားရအုံးမွာ ျဖစ္ပါတယ္။” လို႔ မုံ႐ြာဦးေအာင္ရွင္ က ထပ္ေလာင္းေျပာျပခဲ့ပါတယ္။

ရပ္ဝန္းႏွင့္ ပိုးလမ္းမ

သမၼတရွီ၏ ယခုခရီးစဥ္တြင္ တ႐ုတ္ႏိုင္ငံ၊ ယူနန္ျပည္နယ္ႏွင့္ ျမန္မာႏိုင္ငံ မႏၲေလးတိုင္းကို ရပ္ဝန္းႏွင့္ ပိုးလမ္းမ မူေဘာင္ေအာက္တြင္ ပူးေပါင္းေဆာင္႐ြက္မႈမ်ားျပဳလုပ္ရန္ သေဘာတူညီမႈရရွိခဲ့သလို ရန္ကုန္တိုင္းႏွင့္လည္း ညီေနာင္မိတ္ေဆြ ျပည္နယ္တိုင္းအျဖစ္ ေဆာင္႐ြက္ရန္ စာခြၽန္လႊာလက္မွတ္ေရးထိုးခဲ့ရာ တ႐ုတ္ႏိုင္ငံ ယူနန္ႏွင့္ ျမန္မာႏိုင္ငံတို႔သည္ ေနရာအေနအထား အားသာခ်က္ျဖင့္ လက္ေတြ႕ပူးေပါင္းေဆာင္႐ြက္မႈမ်ားကို နက္ရႈိင္းစြာေဆာင္႐ြက္သြားျခင္းသည္ ႏွစ္ႏိုင္ငံဆက္ဆံေရး ပိုမိုတိုးတက္ေစရန္ တြန္းအားသစ္ျဖစ္ေစမယ္လို႔ ယုံၾကည္ေၾကာင္းကိုလည္း တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီး ဝမ္ယိက ေျပာပါတယ္။

ဒါ့အျပင္ သမၼတရွီ၏ ယခုခရီးစဥ္အတြင္း သေဘာတူစာခ်ဳပ္ ၆ ခု၊ သေဘာတူညီခ်က္ ၃ ခု၊ နားလည္မႈစာခြၽန္လႊာ (MoU) ၁၄ ခုႏွင့္ လ်င္ျမန္တိုးတက္ေစေရး နားလည္မႈစာခြၽန္လႊာမ်ား အပါအဝင္ စာလႊာ ၁၀ ခုတို႔ကိုလည္း လက္မွတ္ေရးထိုးႏိုင္ခဲ့တာဟာ တ႐ုတ္ - ျမန္မာ နယ္ပယ္စုံ၊ က႑စုံ၊ အလႊာစုံ ပူးေပါင္းေဆာင္႐ြက္မႈေတြရဲ႕  ရလဒ္တစ္ခုျဖစ္လို႔လည္း ေျပာႏိုင္ပါတယ္။

ဒါ့ေၾကာင့္လည္း ယခုအခါမွာ တ႐ုတ္ - ျမန္မာ နယ္ပယ္စုံ၊ က႑စုံ၊ အလႊာစုံ ပူးေပါင္းေဆာင္႐ြက္မႈရဲ႕ ဆုံမွတ္ဟာ ရပ္ဝန္းတစ္ခု လမ္းေၾကာင္းတစ္သြယ္ မဟာစီမံကိန္း OBOR နဲ႔ တ႐ုတ္ - ျမန္မာ စီးပြားေရးစၾကၤန္တို႔ျဖစ္ၿပီး ျမန္မာႏိုင္ငံဟာ OBOR ႏွင့္ ႏွစ္ႏိုင္ငံစီးပြားေရးစၾကၤန္ေၾကာင့္ ေဒသတြင္း မဟာဗ်ဴဟာတန္ဖိုး ျပန္လည္ျမႇင့္တက္လာခဲ့တယ္လို႔ ေျပာလို႔ရႏိုင္သလို ဒါဟာ ျမန္မာႏိုင္ငံအတြက္ သဘာဝကေပးတဲ့ အခြင့္အလမ္းတစ္ခုျဖစ္တယ္လို႔လည္း ပညာရွင္မ်ားက သုံးသပ္ထားၾကပါတယ္။

သို႔ေသာ္လည္း ျမန္မာႏိုင္ငံရဲ႕ စီးပြားေရးအႀကံေပးပညာရွင္ ေဒါက္တာေအာင္ထြန္းသက္ကေတာ့ စီးပြားေရးလို႔ေျပာပါက ႏိုင္ငံေရးေဘာဂေဗဒကို သတိေပးခ်င္ၿပီး ႏိုင္ငံေရးမပါတဲ့ စီးပြားေရးမရွိသလို စီးပြားေရးမပါတဲ့ ႏိုင္ငံေရးမရွိဘူးလို႔ သုံးသပ္မႈေတြလည္းရွိခဲ့ပါတယ္။

“ပထမအေနနဲ႔ စီးပြားေရး။စီးပြားေရးေျပာရင္ ကြၽန္ေတာ္သတိေပးခ်င္တာကေတာ့ ႏိုင္ငံေရးေဘာဂေဗဒကို သတိေပးခ်င္ပါတယ္။ႏိုင္ငံေရးမပါတဲ့ စီးပြားေရးမရွိပါဘူး။စီးပြားေရးမပါတဲ့ ႏိုင္ငံေရးမရွိပါဘူး။စီးပြားေရးေျပာတဲ့အခါတိုင္းမွာ ႏိုင္ငံေရးကို၊ ႏိုင္ငံေရးေျပာတဲ့အခါတိုင္းမွာ စီးပြားေရးကို နားလည္ေအာင္စဥ္းစားဖို႔လိုပါတယ္။BRI စီးပြားေရးအခြင့္အလမ္းေတြ ကြၽန္ေတာ္ျမင္တာေတာ့ အခြင့္အလမ္းဘဲၾကည့္လို႔မရဘူး စိန္ေခၚမႈဆိုတာလည္းရွိတာဘဲ။စိန္ေခၚမႈရွိသလို အခြင့္အလမ္းလည္း ကြၽန္ေတာ္တို႔ ၾကည့္ရမယ္။” လို႔ ေဒါက္တာေအာင္ထြန္းသက္ က သုံးသပ္ေျပာၾကားခဲ့ပါတယ္။

ဆက္လက္၍ ၎က “ကြၽန္ေတာ္တို႔ ေခါင္းေဆာင္ႀကီး ေဒၚေအာင္ဆန္းစုၾကည္ သတိေပးတာ စီးပြားေရးအရ အဆင္ေျပ႐ုံတင္မကဘူးတဲ့ စီးပြားေရးအဆင္ေျပၿပီး လူမႈေရးတာဝန္လည္းေက်ရမယ္။ဒီလိုလုပ္တဲ့ေနရာေတြအားလုံးမွာ ပတ္ဝန္းက်င္ကိုထိခိုက္မယ့္ စက္႐ုံအလုပ္႐ုံေတြ လုပ္ငန္းေတြကို ကြၽန္ေတာ္တို႔လက္မခံပါဘူး။လုပ္တဲ့အခါမွာ ေဒသခံေတြကို စည္း႐ုံးဖို႔လိုပါတယ္။ကြၽန္ေတာ္တို႔ႏိုင္ငံမွာ top and down လုပ္တာမ်ားပါတယ္။အေပၚကေနလုပ္တယ္ အမိန႔္ေပးတယ္။ႀကိဳက္၏ မႀကိဳက္၏ မေမးဘူး။တိုင္ပင္တာမရွိဘူး။ေဆြးေႏြးတာမရွိဘူး။မင္းတို႔အတြက္လုပ္တယ္။မင္းတို႔အတြက္ေကာင္းတာလုပ္တာဘဲ လက္ခံပါလို႔ စဥ္းစားတဲ့ယဥ္ေက်းမႈကေန အခုဒီအခ်ိန္မွာေတာ့ ေအာက္ေျခကလူေတြ ေက်းလက္ေဒသမွာရွိတဲ့ ေက်း႐ြာမွာေနထိုင္တဲ့သူေတြရဲ႕ သူတို႔လက္ခံဖို႔လိုတယ္၊ သူတို႔လက္ခံႏိုင္ေအာင္ ေျပာျပၾကဖို႔လိုပါတယ္။” လို႔လည္း ၎ရဲ႕အျမင္ကို သုံးသပ္ေျပာၾကားခဲ့တာပါ။

ထို႔အတူ အမ်ိဳးသားဒီမိုကေရအဖြဲ႕ခ်ဳပ္ ဗဟိုစီးပြားေရးေကာ္မတီဝင္တစ္ေယာက္ျဖစ္သလို ျမန္မာႏိုင္ငံ ရင္းႏွီးျမႇဳပ္ႏွံမႈေကာ္မရွင္ရဲ႕ အဖြဲ႕ဝင္ျဖစ္သူ ဦးေအးလြင္ကေတာ့ ျမန္မာႏိုင္ငံႀကီးေကာင္းဖို႔ ျမန္မာႏိုင္ငံႀကီးတိုးတက္ဖို႔ ႏိုင္ငံသူႏိုင္ငံသားတိုင္းမွာပဲ တာဝန္ရွိၿပီး ဒါကို ႏိုင္ငံသူႏိုင္ငံသားတိုင္း ရင္ထဲမွာထည့္ၿပီးေတာ့ လာမည့္ ေနာက္မ်ိဳးဆက္သစ္ေတြအတြက္ ဘယ္လိုသြားၾကမလဲ၊ တ႐ုတ္ျပည္ရဲ႕ BRI အေပၚမွာ ဘာေတြေတြးယူလို႔ရမလဲ၊ ဘာေတြျပင္ဆင္ေပးမလဲဆိုတာကို စဥ္းစားဖို႔လိုတယ္လို႔လည္း သုံးသပ္ခဲ့ျပန္ပါတယ္။

“တ႐ုတ္ျပည္ရဲ႕ BRI အေပၚမွာ ဘာေတြေတြးယူလို႔ရမလဲ၊ ဘာေတြျပင္ဆင္ေပးမလဲ။တစ္ပိုင္းက BRI အေၾကာင္း BRI နဲ႔ ပတ္သက္လို႔ အလားအလာဘာလဲ၊ ၿပီးေတာ့ လက္ရွိ ရင္းႏွီးျမႇဳပ္ႏွံမႈအေျခအေန ဘယ္လိုရွိလဲ။ကြၽန္ေတာ္တို႔ရဲ႕ စိန္ေခၚမႈေတြ ဘာရွိလဲ၊ ဘာျဖစ္လို႔ေျပာလဲဆိုတာ ကြၽန္ေတာ္တို႔ တိုင္းျပည္ရဲ႕ အနာဂတ္ဟာ အေရးႀကီးလို႔ ျဖစ္ပါတယ္။ဒီတစ္ႀကိမ္မွာမွ ကြၽန္ေတာ္တို႔က မေျပာင္းလဲႏိုင္ဘူး၊ ဒီတစ္ႀကိမ္မွာမွ မ်ိဳးဆက္သစ္ေတြအတြက္ စိတ္ေအးခ်မ္းသာစြာ မလုပ္ႏိုင္ဘူးဆိုရင္ ကြၽန္ေတာ္တို႔ ေတာ္ေတာ္ႀကိဳးစားရမွာျဖစ္ပါတယ္။” လို႔ ဦးေအးလြင္ က သုံးသပ္ေျပာၾကားခဲ့တာပါ။

မည္သို႔ပင္ဆိုေစကာမူ တ႐ုတ္ႏိုင္ငံက သူတို႔ႏိုင္ငံရဲ႕ လူမႈစီးပြားဘဝ ဖြံ႕ၿဖိဳးတိုးတက္ေအာင္ႀကိဳးစားရင္ ျမန္မာႏိုင္ငံဟာ အလားတူအခြင့္ေကာင္းေတြကို ရယူႏိုင္ၿပီးေတာ့ ျမန္မာျပည္သူေတြလည္း ဖြံ႕ၿဖိဳးေရးအသီးအပြင့္ေတြကို အတူတကြခံစားဖို႔ တ႐ုတ္ - ျမန္မာ ေအးအတူ၊ ပူအမွ်ျဖစ္သည့္ အသိုက္အဝန္းကို လက္တြဲတည္ေဆာက္ရန္ခံအတူ စံအတူျဖစ္တဲ့ လူသားအသိုက္အဝန္း တည္ေဆာက္ရာမွာ အက်ိဳးျပဳၾကဖို႔နဲ႔ ျမန္မာႏိုင္ငံအစိုးရ ႏိုင္ငံေရးပါတီအသီးသီး နယ္ပယ္ေပါင္းစုံ မိတ္ေဆြမ်ားႏွင့္အတူ လက္တြဲႀကိဳးပမ္းေဆာင္႐ြက္ၾကရမွာျဖစ္သလို ျမန္မာႏိုင္ငံအေနနဲ႔လည္းတ႐ုတ္ႏိုင္ငံရဲ႕ ခ်မ္းသာႂကြယ္ဝမႈနဲ႔ သိပၸံနည္းပညာ အဆင့္ျမင့္မႈေတြအေပၚမွာ မိမိႏိုင္ငံအတြက္ အခြင့္အလမ္းေကာင္းေတြရွာၾကရမွာ အသုံးခ်ရမွာျဖစ္ပါတယ္။

ဒါ့အျပင္ ၿငိမ္းခ်မ္းစြာအတူယွဥ္တြဲေနထိုင္ေရးမူနဲ႔အတူ ျပည္တြင္းၿငိမ္းခ်မ္းေရးအတြက္ အေထာက္အကူျဖစ္ေရးနဲ႔ အိမ္နီးခ်င္းေကာင္းဆက္ဆံေရးကို တိုးျမႇင့္ေရးနဲ႔ ဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ ဆက္လက္ႀကိဳးစားရမွာကေတာ့ မလြဲဧကန္ပါ။

ေျပသိမ္း
ဇန္န၀ါရီ - ၂၁