【 သတင်းဆောင်းပါး 】 “ငြိမ်းချမ်းရေးနှင့် မျှော်လင့်ချက်”

【 သတင်းဆောင်းပါး 】 “ငြိမ်းချမ်းရေးနှင့် မျှော်လင့်ချက်”

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD အစိုးရအဖွဲ့ စတင်တာဝန်ယူချိန်မှစလို့ ငြိမ်းချမ်းရေးကို ဦးစားပေးလုပ်ငန်းအဖြစ် ဆောင်ရွက်ခဲ့ကြပြီး ငြိမ်းချမ်းရေးဖြစ်စဉ်ဟာ ရှေ့ကို ဆက်လက်ပြီးရွေ့နေတယ်လို့ ပြောပေမယ့် ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်အတွင်းက ကျင်းပခဲ့တဲ့ တတိယအကြိမ် ငြိမ်းချမ်းရေးညီလာခံ တက်ရောက်ခဲ့ကြတဲ့ တိုင်းရင်းသားခေါင်းဆောင်တချို့ကတော့ ဒီပုံစံအတိုင်း ဆက်သွားနေမယ်ဆိုရင် အနာဂတ် ပြည်ထောင်စုတည်ဆောက်ရေး သဘောတူညီချက်ရရှိဖို့ အတော်အလှမ်းဝေးဦးမယ်လို့ အားမလိုအားမရ ဝေဖန်မှုတွေ ရှိခဲ့ကြပါတယ်။

သို့သော် ယင်းညီလာခံ အဖွင့်မိန့်ခွန်းမှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က လာမယ့် ၂၀၂၀ အတွင်းမှာပဲ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ ပြီးပြတ်စေဖို့ တိုက်တွန်းပြောကြားမှုတွေ ရှိခဲ့သလို ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်၊ နှစ်ကုန်ပိုင်း ဒီဇင်ဘာ ၂၁ ရက်နေ့က တပ်မတော်က စစ်တိုင်း ၅ ခုတွင် စစ်ရေးဆိုင်ရာ လှုပ်ရှားမှုများကို ရပ်ဆိုင်းပေးထားမည်ဟု သဘောထား ထုတ်ပြန်ကြေညာပေးခဲ့ပါတယ်။ယင်းကဲ့သို့ တပ်မတော်ရဲ့ ထုတ်ပြန်ကြေညာချက်အပေါ် ငြိမ်းချမ်းရေးကော်မရှင် အပါအဝင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေက ကြိုဆိုခဲ့ကြပါတယ်။ထိုသို့ တပ်မတော်ကနေ စစ်ရေးလှုပ်ရှားမှုများကို ရပ်ဆိုင်းပေးထားပြီး နှစ်ဦးနှစ်ဖက် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူညီချက်ရရှိရေး ကိစ္စရပ်နှင့် နိုင်ငံရေးနည်းလမ်းအရ ဆွေးနွေးနိုင်ရေး ကိစ္စရပ်များကို ဆက်လက်ပူးပေါင်း ညှိနှိုင်းသွားမယ်လို့ ဆိုသော်လည်း ရှမ်းတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အချင်းချင်း နယ်မြေလုတိုက်ပွဲတွေကြောင့် ရှမ်းဒေသခံအချို့ နေရာစွန့်ခွာ ထွက်ပြေးနေရပြီး စစ်ဘေးရှောင်နေရတဲ့ ဖြစ်စဉ်တွေ၊ မကြာသေးမီ ရက်ပိုင်းအတွင်းက ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်ရှိ ရဲကင်းစခန်းလေးခုအား AA ရခိုင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့က အင်အားအလုံးအရင်းဖြင့် တစ်ချိန်တည်း တစ်ပြိုင်တည်း ဝင်ရောက်တိုက်ခိုက်မှုကြောင့် ရဲတပ်ဖွဲ့ဝင် ၁၃ ဦး ကျဆုံးပြီး ၉ ဦး ဒဏ်ရာရရှိခဲ့ကာ လုံခြုံရေးရဲတပ်ဖွဲ့ဝင်အချို့ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့တဲ့ ဖြစ်စဉ်တွေဟာ ၂၀၂၀  မှာ တစ်နိုင်ငံလုံး အတိုင်းအတာအနေနဲ့ ငြိမ်းချမ်းရေးရနိုင်မလားဆိုတာ ဖြေရခက်တဲ့ ပုစ္ဆာတစ်ပုဒ်လို ဖြစ်လာပါတယ်။

တစ်ဖက်မှာလည်း မြန်မာနိုင်ငံရဲ့ ပြည်တွင်းစစ်ကိုကြည့်ရင် အပိုင်းသုံးပိုင်းအဖြစ် ခွဲခြားရှုမြင်နိုင်မှာဖြစ်ပြီး ၁၉၄၈ ခုနှစ်ကနေ ၁၉၆၂ ခုနှစ်အထိ နိုင်ငံရဲ့ လွတ်လပ်ရေးကာလအလွန် ပါလီမန်အစိုးရလက်ထက် ကာလ၊ ၁၉၆၂ ခုနှစ် ကနေ ၁၉၈၈ ခုနှစ်ထိ ဗိုလ်ချုပ်ကြီး နေဝင်း ဦးဆောင်တဲ့ စစ်တပ်အာဏာသိမ်းမှုအလွန် ကာလနဲ့ ၁၉၈၈ ခုနှစ်ကနေ ၂၀၁၁ ခုနှစ်အထိ ကာလတွေအတွင်း စစ်မီးတွေမငြိမ်းနိုင်သေးတာဟာ လက်ရှိ NLD အစိုးရလက်ထက်အထိပဲ ဖြစ်ပါတယ်။

ဒီအခြေအနေတွေမှာ NLD အစိုးရအဖွဲ့ ဆောင်ရွက်နေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် ငြိမ်းချမ်းရေးလမ်းကြောင်းဟာ ဘယ်တော့မှ သွေဖီသွားမှာမဟုတ်ဘူးလို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ရဲ့ ဗဟိုပြန်ကြားရေးကော်မတီ အတွင်းရေးမှူးဖြစ်သူ မုံရွာဦးအောင်ရှင် က ပြောပါတယ်။  

“အခုဆိုရင် AA ကိစ္စပေါ့။ဒါကပြောရလို့ရှိရင် AA က နယ်ခြားစောင့်ရဲစခန်းတွေကို ဝင်တိုက်တယ်။ဒါတွေဟာ မဖြစ်သင့်တဲ့ကိစ္စပါဘဲ၊ ဘာကြောင့်လဲဆိုတော့ ငြိမ်းချမ်းရေးအတွက်တောင် တပ်မတော်ကနေ တစ်ဖက်သတ် အပစ်အခတ်ရပ်စဲရေး ကြေညာထားတယ်၊ လုပ်နေတယ်။ဒါကို နားလည်ပေးဖို့တော့ သင့်တာပေါ့၊ အခုလုပ်ပုံက ဘာလဲဆိုတော့ ဒီမှာ လုံခြုံရေးတွေ ပျက်ပြားနေတယ်။မငြိမ်မသက်ဖြစ်နေတယ်ဆိုပြီး အဲ့လိုလုပ်တဲ့ သဘောဆောင်နေပါတယ်။ဒါက မဖြစ်သင့်တဲ့ကိစ္စပါ၊ သို့သော် သူတို့ အဲ့လိုတိုက်တဲ့အတွက်ကြောင့် ငြိမ်းချမ်းရေးလမ်းကြောင်းဟာ ဘယ်တော့မှ သွေဖီသွားမှာ မဟုတ်သလို၊ ငြိမ်းချမ်းရေးကလည်း နှောင့်နှေးသွားမှာ မဟုတ်ဘူးလို့ ပြောချင်ပါတယ်” လို့ မုံရွာဦးအောင်ရှင် က ပြောပါတယ်။  

ဒါကြောင့်လည်း ပြီးခဲ့တဲ့နှစ်ပိုင်းအတွင်းက ကျင်းပခဲ့တဲ့ ငြိမ်းချမ်းရေးညီလာခံ ဒုတိယအကြိမ် အစည်းအဝေးမှာ အချက်စုစုပေါင်း ၃၇ ချက်ကို ပြည်ထောင်စုသဘောတူညီစာချုပ် အစိတ်အပိုင်း (၁) အဖြစ် ချုပ်ဆိုနိုင်ခဲ့ပြီး တတိယအကြိမ် အစည်းအဝေးမှာတော့ ပြည်ထောင်စုသဘောတူညီစာချုပ် အစိတ်အပိုင်း (၂) အဖြစ် အချက် ၁၄ ချက်ကို ထည့်သွင်းချုပ်ဆိုနိုင်ခဲ့ပါတယ်။ဒါ့အပြင် ယခု ၂၀၁၉ ခုနှစ်အတွင်းမှာ ကျင်းပမယ့် စတုတ္ထအကြိမ် ငြိမ်းချမ်းရေးညီလာခံဟာလည်း တိုင်းပြည်ရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို ပိုမိုအားကောင်းစေမယ့် ညီလာခံတစ်ခု ဖြစ်လာလိမ့်လို့လည်း မုံရွာဦးအောင်ရှင် က ဆိုပါတယ်။  

“၂၀၂၀ မှာ တစ်နိုင်ငံလုံး ငြိမ်းချမ်းရေးရဖို့ဆိုတဲ့ ငြိမ်းချမ်းရေးရည်မှန်းချက်ကတော့ ထားရတာပါဘဲလေ။ဥပမာ - အစိုးရကနေ ငါးနှစ်စီမံကိန်း၊ ဆယ်နှစ်စီမံကိန်း စီမံကိန်းတွေ လျာထားတာတွေရှိမယ်။ပြီးတော့မှ တစ်စုံတစ်ရာလိုအပ်လို့ နှောင့်နှေးတာတွေ နောက်ကျတာတွေ ရှိကောင်းရှိနိုင်မယ်။
သို့သော်လည်း ဒီလိုမျှော်မှန်းထားတာက မျှော်မှန်းသင့်တယ်လို့ ကျနော်တို့ယူဆပါတယ်။နောက်တစ်ခုက ဒီလို အပစ်အခတ်ရပ်စဲရေး ကိစ္စတွေကို တစ်ဆင့်တိုးပြီး ဖြစ်လာတဲ့အခါကျရင် ကျနော်ထင်တယ် လာမယ့် စတုတ္တအကြိမ် ငြိမ်းချမ်းရေးညီလာခံက ယခင်ညီလာခံတွေထက် ပိုပြီးတော့ ရှေ့ကိုတိုးနိုင်လိမ့်မယ်၊ ပိုပြီးတော့ အားကောင်းလာလိမ့်မယ်လို့ ထင်ပါတယ်၊ ကျနော်တို့ကတော့ ဒီလိုဘဲမျှော်မှန်းထားပါတယ်” လို့ မုံရွာဦးအောင်ရှင် က ဆက်လက်ပြောပြခဲ့ပါတယ်။

ငြိမ်းချမ်းရေးနှင့် တိုင်းပြည်စီးပွားရေး

ဒါပေမယ့် အတိုက်အခံပါတီဖြစ်တဲ့ ပြည်ထောင်စုကြံံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးသန်းဌေး ကတော့ NLD အစိုးရအနေနဲ့ ငြိမ်းချမ်းရေးကို ဦးစားပေးလုပ်ငန်းစဉ်အဖြစ် ဆောင်ရွက်ခဲ့တာကြောင့် တိုင်းပြည်ရဲ့ စီးပွားရေးဟာ နှောင့်နှေးခဲ့ရပြီး စီးပွားရေးကို အများကြီးထိခိုက်စေခဲ့တယ်လို့ သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာကနေတစ်ဆင့် ဝေဖန်ပြောဆိုမှုတွေလည်း ရှိခဲ့ပြန်ပါတယ်။

“NLD  အစိုးရ စတက်တာနဲ့ ငြိမ်းချမ်းရေးကို စကိုင်တယ်၊ ငြိမ်းချမ်းရေးဆိုတာ မသေချာဘူး။ကမ္ဘာမှာ ငြိမ်းချမ်းရေးလုပ်တာက အဖွဲ့တစ်ဖွဲ့၊ နှစ်ဖွဲ့နဲ့ လုပ်ကြတယ်။ဒီမှာက အဖွဲ့ပေါင်းများစွာနဲ့ လုပ်ကြတယ်၊ အခြေခံခြင်းမတူဘူး၊ သမိုင်းကြောင်းချင်းမတူဘူး၊ သူတို့ရဲ့ ရှေးရှုနေတဲ့ရပ်တည်ချက်တွေ မတူကြဘူး။နောက်တစ်ခါ သူတို့ရဲ့ သမိုင်းကြောင်းကို နားလည်မှုအများကြီးပါဘဲ၊ အဲ့ဒါတွေပြည့်စုံမှ လိုချင်တဲ့ ငြိမ်းချမ်းရေးကို ရတာပါ။ဒီလိုမရေရာတဲ့ကိစ္စကို နံပါတ်တစ်ထားလိုက်တော့ တော်တော်လေးရွာလည်သွားပြီလို့ ထင်ပါတယ်။ဒီအခြေအနမှာ လျစ်လျူရှုခဲ့တဲ့ စီးပွားရေးက အငြိမ်မနေပါဘူး၊ သူက တိုင်းပြည်ကို ဒုက္ခပေးနေပြီ” လို့ ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးသန်းဌေး က ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ထို့အတူ ပြည်ခိုင်ဖြိုးပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦး ကလည်း ၎င်းတို့ပါတီအနေနဲ့ ၂၀၂၀ မှာသာ အနိုင်ရ၍ အစိုးရဖွဲ့နိုင်ခဲ့ပါက တိုင်းပြည်ရဲ့ စီးပွားရေးကို ယခုလက်ရှိအနေအထားထက် စီးပွားရေးပိုမိုချောင်လည်အောင်၊ ဝင်ငွေ၊ ထွက်ငွေ ကျနော်တို့ မျှတအောင် ဆောင်ရွက်မယ်လို့လည်း ဆိုပြန်ပါတယ်။

“ကျနော်တို့ ၂၀၂၀  မှာသာ အနိုင်ရမယ်ဆိုရင် တိုင်းပြည်ရဲ့ စီးပွားရေးကို ယခုလက်ရှိ အနေအထားထက် စီးပွားရေးပိုမိုချောင်လည်အောင်၊ ဝင်ငွေ၊ ထွက်ငွေ ကျနော်တို့မျှတအောင် ဆောင်ရွက်မယ်။အဲ့လိုဆောင်ရွက်တဲ့နေရာမှာ အလယ်အလတ်တန်းစား စီးပွားရေးလုပ်ငန်းရှင်တွေ ရှိမယ်၊ အကြီးကြီးတွေရှိမယ်။အဲ့လိုရှိတဲ့အခါမှာ အလယ်လတ်တန်းစား စီးပွားရေးသမားတွေကို ဦးစားပေးဆောင်ရွက်သွားမှာ ဖြစ်သလို၊ အသေးစား စီးပွားရေးလုပ်ငန်းရှင်များအတွက်ကိုလည်း ထည့်သွင်းစဉ်းစားပြီးတော့ တိုင်းပြည်စီးပွား ဖွံ့ဖြိုးတိုးတက်ရေးကို မျှော်မှန်းပြီး ဆောင်ရွက်သွားမှာပါ။ဒါကြောင့် ၂၀၂၀ မှာ နိုင်လို့ရှိရင် ကျနော်တို့ စီးပွားရေးရည်မှန်းချက်တွေ အများကြီးထားပါတယ်။ပြည်သူလူထုအတွက်ကို ကျနော်တို့က ယခုလက်ရှိအနေအထားထက် ပိုမိုတိုးတက်ကောင်းမွန်တဲ့ အနေအထားရောက်အောင် ကျနော်တို့ အရောက်ပို့သွားမှာ ဖြစ်တယ်” ပြည်ခိုင်ဖြိုးပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦး က ပြောပါတယ်။

ထိုကဲ့သို့ အတိုက်ခံပါတီရဲ့ ဝေဖန်သုံးသပ်မှုတွေအပေါ် လက်ရှိ အာဏာရ NLD ပါတီရဲ့ ဗဟိုပြန်ကြားရေးကော်မတီ အတွင်းရေးမှူးဖြစ်သူ မုံရွာဦးအောင်ရှင် ကတော့ “ငြိမ်းချမ်းရေးကို ဇောက်ချပြီးလုပ်လို့ စီးပွားရေးမှာ နှေးကွေးတယ်ပေါ့ဗျာ၊ ဒါလည်း မှန်သင့်သလောက်မှန်ပါတယ်။ကျနော်တို့ မငြင်းပါဘူး။သို့သော်လည်း တကယ်တမ်း ကျနော်တို့က ငြိမ်းချမ်းရေးလုပ်တာက စီးပွားရေးကောင်းဖို့အတွက် လုပ်တာပါဘဲ။ဒေါ်အောင်ဆန်းစုကြည် လည်း ပြောဘူးတာပါဘဲ အဓိကပြဿနာက ငြိမ်းချမ်းရေးပါဘဲ၊ ငြိမ်းချမ်းရေးမရှိတဲ့အတွက် စီးပွားရေး လုပ်ရ၊ ကိုင်ရလည်း ခက်ခဲပါတယ်။နောက်ဆုံးဗျာ နိုင်ငံတကာက စီးပွားရေးလာပြီးတော့ ရင်းနှီးမြှပ်နှံချင်တယ်ဆိုရင် ငြိမ်းချမ်းရေးမရဘဲနဲ့ ဘယ်လိုရင်းနှီးမြုပ်နှံလို့ရမလဲ။ဒါကြောင့်မို့ ကျနော်တို့က ငြိမ်းချမ်းရေးကိုဘဲ ဇောက်ချပြီးလုပ်တာပါ။သို့သော်လည်း စီးပွားရေးကို လုံးဝလွှတ်ထားတဲ့ သဘောတော့ မဟုတ်ပါဘူး။နှစ်လမ်းသွားပါဘဲ ပထမက ငြိမ်းချမ်းရေး၊ ဒုတိယဦးစားပေးတာကတော့ စီးပွားရေးပါဘဲ၊ အဲ့ဒီလိုသွားနေတာပါဘဲ၊ စီးပွားရေးကို လုံးဝလျစ်လျူရှုနေတယ် ဆိုတာက မဟုတ်ဘူးဆိုတာ ပြောချင်ပါတယ်” လို့ တုံ့ပြန်ပြောဆိုမှုတွေလည်း ရှိခဲ့ပါတယ်။

ထို့အတူ ရခိုင်အမျိုးသားပါတီ (ANP) ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးထွန်းအောင်ကျော် ကလည်း “ကျနော်တို့ကတော့ လက်ရှိအစိုးရအနေနဲ့ ငြိမ်းချမ်းရေးကို ဦးစားပေးလုပ်ရလို့ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှု နောက်ကျတယ်လို့ မမြင်ပါဘူး။ငြိမ်းချမ်းရေးနဲ့ တိုင်းပြည်စီးပွားရေးအပိုင်းက တခြားစီပါဘဲ၊ သတ်သတ်သတ်စီပါဘဲ၊ ကျနော်တို့က အဲ့လိုဘဲမြင်ပါတယ်” လို့ သုံးသပ်ပြောကြားမှုတွေ ရှိခဲ့ပါတယ်။

ငြိမ်းချမ်းရေး ရှေ့ဆက်ရန်

ဒါကြောင့်လည်း လက်ရှိအစိုးရလက်ထက်မှာ သက်တမ်းရှည်ကြာနေတဲ့ ပြည်တွင်းစစ်မီးကြီး အဆုံးသတ်နိုင်ရေးအတွက် ဦးစားပေးအနေနဲ့ ဆောင်ရွက်နေဆဲ ဖြစ်ပါတယ်။ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD အစိုးရအနေနဲ့ နိုင်ငံတည်ငြိမ်ရေးရရှိဖို့ဆိုတာ ပြည်တွင်းစစ်မီးကို ဦးစွာငြိမ်းသတ်ဖို့ လိုအပ်တယ်ဆိုတာကို နားလည်သဘောပေါက်ထားတဲ့အတိုင်း ပြည်တွင်းစစ် အဆုံးသတ်နိုင်ရေးကို ကြိုးပမ်းဆောင်ရွက်နေတာ ဖြစ်ပါတယ်။ထိုသို့ နိုင်ငံတည်ငြိမ်မှုရှိမှသာ လိုအပ်နေတဲ့ နိုင်ငံစီးပွားရေး တိုးတက်အောင် ဆက်လက်ဖော်ဆောင်နိုင်မှာလည်း ဖြစ်ပါတယ်။ဒါကြောင့် လာမယ့် ငြိမ်းချမ်းရေးညီလာခံတွေကနေ ဒီမိုကရေစီနဲ့ ဖက်ဒရယ်ဆိုင်ရာ အခြေခံမူတွေကို ချမှတ်နိုင်ဖို့ အစိုးရဘက်က မျှော်မှန်းချက်ထားတာ ဖြစ်ပါတယ်။

သို့သော်လည်း ဝါရင့်နိုင်ငံရေးသမားဖြစ်သူ ဒီမိုကရက်တစ်ပါတီ (မြန်မာ) ဥက္ကဋ္ဌ ဦးသုေ၀ ကတော့ ငြိမ်းချမ်းရေးအလားအလာတွေ အများကြီးရှိလာတယ် ဆိုသော်လည်း ၂၀၂၀ မှာ တစ်နိုင်ငံလုံး အတိုင်းအတာအနေနဲ့ ငြိမ်းချမ်းရေးရဖို့ ဆိုတာကတော့ တော်တော်နဲ့မလွယ်သေးဘူးလို့ ထင်သလို ဆွေးနွေးစရာတွေလည်း အများကြီးကျန်ရှိနေသေးတယ်လို့ သုံးသပ်ပြောကြားတာတွေလည်း ရှိခဲ့ပြန်ပါတယ်။

“NLD အစိုးရ တက်လာတည်းကိုက ငြိမ်းချမ်းရေးကို စောနကပြောသလို အဓိကထားပြီး ဖြေရှင်းမယ်။ရအောင်လုပ်ခဲ့မယ်လို့ သူတို့ပြောခဲ့တာပါဘဲ။အဲ့ဒီလိုပြောခဲ့တော့ သူတို့လည်း ကြိုးစားတာပါဘဲ၊ တော်တော်လေး ကြိုးစားကြတယ်။အဘတို့လည်း ပါနေတာကိုး အားလုံးက ဝိုင်းပြီးတော့လည်း ကြိုးစားကြတာပါဘဲ။ဒါပေမယ့် ကြိုးစားသလောက်လည်း မဖြစ်ဘူး၊ နောက်ပြီးတော့ အဖက်ဖက်ကပေါ့လေ၊ လူထုက မျှော်လင့်သလောက်လည်း ဖြစ်မလာဘူး။ဘာမှ ထူးထူးခြားခြားမဖြစ်ဘူးပေါ့၊ နောက်တစ်ချက်က တိုင်းရင်းသား လက်နက်ကိုင် အစုအဖွဲ့နှစ်ခုက သူတို့ဟာ ဘာခေါ်မလဲ ဆွေးနွေးပွဲတွေ တန့်အောင်၊ နောက်ဆုတ်သွားအောင် လုပ်နေသလို ဖြစ်နေတယ်။ဒါကြောင့် ၂၀၂၀  မှာ တစ်နိုင်ငံလုံး ငြိမ်းချမ်းရေး တစ်ခါတည်းရသွားဖို့ကတော့ တော်တော်နဲ့မလွယ်သေးဘူးလို့ ထင်ပါတယ်။သို့သော်လည်း ငြိမ်းချမ်းရေးအလားအလာတွေ အများကြီးရှိနေတယ်။ငြိမ်းချမ်းရေးဆိုသည်မှာ ဘာလဲဆိုတာ အဓိပ္ပါယ်တွေ အများကြီးရှိပါတယ်” လို့ ဦးသုေ၀ က ပြောပါတယ်။

ထို့အတူ ရခိုင်အမျိုးသားပါတီ (ANP) ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးထွန်းအောင်ကျော် က “ဘယ်အဖွဲ့အစည်းဖြစ်ဖြစ်၊ မည်သည့်အကြောင်းကြောင့်ဘဲဖြစ်ဖြစ် တိုက်ပွဲတွေ စစ်ပွဲတွေကို မဖြစ်စေချင်ပါဘူး။ဘာလို့လဲဆိုတော့ အဓိကဒုက္ခရောက်တာက ပြည်သူလူထုဘဲ အမျိုးမျိုးဒုက္ခတွေရောက်နေပါတယ်။ပြည်သူက ကြားထဲကနေ ခံနေရတယ်။ကျနော်တို့ ရခိုင်အမျိုးသားပါတီတွေအနေနဲ့ကတော့ ပြည်သူလူထု အနှောင့်အယှက်ဖြစ်မယ့် ဘယ်ကိစ္စကိုမဆို မလုပ်စေချင်ပါဘူး။ဒါကိုလည်း ကျနော်တို့ ကြေညာချက် ထုတ်ထားပါတယ်။အဲ့ဒါကြောင့် ဘယ်အဖွဲ့အစည်းဘဲဖြစ်ဖြစ်၊ ဘယ်သူနဲ့ဘဲဖြစ်ဖြစ် ကျနော်တို့က တိုက်ပွဲတွေ၊ စစ်ပွဲတွေ စိတ်ဆင်းရဲကောင်းတဲ့၊ စိတ်ပျက်စရာကောင်းတဲ့ အဖြစ်အပျက်တွေကို ကျနေ်ာတို့ မဖြစ်စေချင်ပါဘူး။” လို့ ဦးထွန်းအောင်ကျော် က ၎င်းရဲ့အမြင်ကို ပြောပြခဲ့ပါတယ်။

ဒါကြောင့်လည်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က “ငြိမ်းချမ်းရေးညီလာခံတွေကနေ ဒီမိုကရေစီနဲ့ ဖက်ဒရယ်ဆိုင်ရာ အခြေခံမူတွေကို ချမှတ်နိုင်ဖို့ အစိုးရဘက်က မျှော်မှန်းချက်ထားပြီး ဒီလို တကယ်ဖြစ်လာဖို့ အားနည်းချက်တွေကို ပြုပြင်ရမယ်၊ အားသာချက်တွေကို ပိုမိုအားကောင်းအောင် အားဖြည့်ရမယ်၊ ကျွန်မတို့အစုအဖွဲ့တွေကြားမှာ ပို၍ပို၍နီးကပ်စွာ ပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်ပါတယ်” လို့ တတိယအကြိမ် ငြိမ်းချမ်းရးညီလာခံ အဖွင့်မိန့်ခွန်းမှာ ထည့်သွင်းပြောကြားခဲ့ပါသေးတယ်။

ထို့အပြင် လက်ရှိဖြစ်ပွားနေတဲ့ စစ်ပွဲတွေကိုကြည့်ရင် တစ်ဖက်နဲ့ တစ်ဖက် ရင်ကြားစေ့လို့မရတဲ့ ပြည်တွင်းစစ်တွေအဖြစ် ရှုမြင်နေရပြီး လက်ရှိအချိန်အထိလည်း လက်နက်တွေ ဘေးချထားဖို့ ဝန်လေးနေတဲ့ စစ်ပွဲတွေအဖြစ် ရှုမြင်နေရဆဲ ရှိပါတယ်။ဒါကြောင့်လည်း ယခုလို သက်တမ်းရှည်ကြာနေတဲ့ ပြည်တွင်းစစ်ကြီး အဆုံးသတ်နိုင်ဖို့ဆိုတာ ထင်သလောက်လွယ်ကူမှာ မဟုတ်ဘဲ အချိန်များစွာယူရဦးမယ့် အနေအထားမှာ ရှိနေတာလည်း အမှန်ပဲဖြစ်ပါတယ်။ထို့အတူ မိမိတို့နိုင်ငံကို အခြားနိုင်ငံတွေထက် မနိမ့်ကျဘဲ လက်ရှိ ဖွံ့ဖြိုးမှုနိမ့်ကျနေတဲ့ အနေအထားကနေ ရုန်းထွက်နိုင်ဖို့ဆိုရင် ပြည်တွင်းစစ်ကြီး အဆုံးသတ်ပြီး ငြိမ်းချမ်းရေးကို အောင်မြင်စွာ အကောင်အထည်ဖော်ဖို့က အဓိကလိုအပ်နေတာကတော့ မလွဲဧကန်ဘဲ ဖြစ်ပါတော့တယ်။    

ပြေသိမ်း
Photo Credit : Myanmar Peace Center
ဇန်နဝါရီ - ၈

( Zawgyi )

ေဒၚေအာင္ဆန္းစုၾကည္ ဦးေဆာင္တဲ့ NLD အစိုးရအဖြဲ႕ စတင္တာဝန္ယူခ်ိန္မွစလို႔ ၿငိမ္းခ်မ္းေရးကို ဦးစားေပးလုပ္ငန္းအျဖစ္ ေဆာင္႐ြက္ခဲ့ၾကၿပီး ၿငိမ္းခ်မ္းေရးျဖစ္စဥ္ဟာ ေရွ႕ကို ဆက္လက္ၿပီးေ႐ြ႕ေနတယ္လို႔ ေျပာေပမယ့္ ၿပီးခဲ့တဲ့ ၂၀၁၈ ခုႏွစ္အတြင္းက က်င္းပခဲ့တဲ့ တတိယအႀကိမ္ ၿငိမ္းခ်မ္းေရးညီလာခံ တက္ေရာက္ခဲ့ၾကတဲ့ တိုင္းရင္းသားေခါင္းေဆာင္တခ်ိဳ႕ကေတာ့ ဒီပုံစံအတိုင္း ဆက္သြားေနမယ္ဆိုရင္ အနာဂတ္ ျပည္ေထာင္စုတည္ေဆာက္ေရး သေဘာတူညီခ်က္ရရွိဖို႔ အေတာ္အလွမ္းေဝးဦးမယ္လို႔ အားမလိုအားမရ ေဝဖန္မႈေတြ ရွိခဲ့ၾကပါတယ္။

သို႔ေသာ္ ယင္းညီလာခံ အဖြင့္မိန႔္ခြန္းမွာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က လာမယ့္ ၂၀၂၀ အတြင္းမွာပဲ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ေတြ ၿပီးျပတ္ေစဖို႔ တိုက္တြန္းေျပာၾကားမႈေတြ ရွိခဲ့သလို ၿပီးခဲ့တဲ့ ၂၀၁၈ ခုႏွစ္၊ ႏွစ္ကုန္ပိုင္း ဒီဇင္ဘာ ၂၁ ရက္ေန႔က တပ္မေတာ္က စစ္တိုင္း ၅ ခုတြင္ စစ္ေရးဆိုင္ရာ လႈပ္ရွားမႈမ်ားကို ရပ္ဆိုင္းေပးထားမည္ဟု သေဘာထား ထုတ္ျပန္ေၾကညာေပးခဲ့ပါတယ္။ယင္းကဲ့သို႔ တပ္မေတာ္ရဲ႕ ထုတ္ျပန္ေၾကညာခ်က္အေပၚ ၿငိမ္းခ်မ္းေရးေကာ္မရွင္ အပါအဝင္ တိုင္းရင္းသား လက္နက္ကိုင္အဖြဲ႕အစည္းေတြက ႀကိဳဆိုခဲ့ၾကပါတယ္။ထိုသို႔ တပ္မေတာ္ကေန စစ္ေရးလႈပ္ရွားမႈမ်ားကို ရပ္ဆိုင္းေပးထားၿပီး ႏွစ္ဦးႏွစ္ဖက္ ပစ္ခတ္တိုက္ခိုက္မႈရပ္စဲေရး သေဘာတူညီခ်က္ရရွိေရး ကိစၥရပ္ႏွင့္ ႏိုင္ငံေရးနည္းလမ္းအရ ေဆြးေႏြးႏိုင္ေရး ကိစၥရပ္မ်ားကို ဆက္လက္ပူးေပါင္း ညႇိႏႈိင္းသြားမယ္လို႔ ဆိုေသာ္လည္း ရွမ္းတိုင္းရင္းသား လက္နက္ကိုင္အဖြဲ႕အခ်င္းခ်င္း နယ္ေျမလုတိုက္ပြဲေတြေၾကာင့္ ရွမ္းေဒသခံအခ်ိဳ႕ ေနရာစြန႔္ခြာ ထြက္ေျပးေနရၿပီး စစ္ေဘးေရွာင္ေနရတဲ့ ျဖစ္စဥ္ေတြ၊ မၾကာေသးမီ ရက္ပိုင္းအတြင္းက ရခိုင္ျပည္နယ္၊ ဘူးသီးေတာင္ၿမိဳ႕နယ္ရွိ ရဲကင္းစခန္းေလးခုအား AA ရခိုင္တိုင္းရင္းသား လက္နက္ကိုင္အဖြဲ႕က အင္အားအလုံးအရင္းျဖင့္ တစ္ခ်ိန္တည္း တစ္ၿပိဳင္တည္း ဝင္ေရာက္တိုက္ခိုက္မႈေၾကာင့္ ရဲတပ္ဖြဲ႕ဝင္ ၁၃ ဦး က်ဆုံးၿပီး ၉ ဦး ဒဏ္ရာရရွိခဲ့ကာ လုံၿခဳံေရးရဲတပ္ဖြဲ႕ဝင္အခ်ိဳ႕ကို ဖမ္းဆီးေခၚေဆာင္သြားခဲ့တဲ့ ျဖစ္စဥ္ေတြဟာ ၂၀၂၀  မွာ တစ္ႏိုင္ငံလုံး အတိုင္းအတာအေနနဲ႔ ၿငိမ္းခ်မ္းေရးရႏိုင္မလားဆိုတာ ေျဖရခက္တဲ့ ပုစာၦတစ္ပုဒ္လို ျဖစ္လာပါတယ္။

တစ္ဖက္မွာလည္း ျမန္မာႏိုင္ငံရဲ႕ ျပည္တြင္းစစ္ကိုၾကည့္ရင္ အပိုင္းသုံးပိုင္းအျဖစ္ ခြဲျခားရႈျမင္ႏိုင္မွာျဖစ္ၿပီး ၁၉၄၈ ခုႏွစ္ကေန ၁၉၆၂ ခုႏွစ္အထိ ႏိုင္ငံရဲ႕ လြတ္လပ္ေရးကာလအလြန္ ပါလီမန္အစိုးရလက္ထက္ ကာလ၊ ၁၉၆၂ ခုႏွစ္ ကေန ၁၉၈၈ ခုႏွစ္ထိ ဗိုလ္ခ်ဳပ္ႀကီး ေနဝင္း ဦးေဆာင္တဲ့ စစ္တပ္အာဏာသိမ္းမႈအလြန္ ကာလနဲ႔ ၁၉၈၈ ခုႏွစ္ကေန ၂၀၁၁ ခုႏွစ္အထိ ကာလေတြအတြင္း စစ္မီးေတြမၿငိမ္းႏိုင္ေသးတာဟာ လက္ရွိ NLD အစိုးရလက္ထက္အထိပဲ ျဖစ္ပါတယ္။

ဒီအေျခအေနေတြမွာ NLD အစိုးရအဖြဲ႕ ေဆာင္႐ြက္ေနတဲ့ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ႏွင့္ ၿငိမ္းခ်မ္းေရးလမ္းေၾကာင္းဟာ ဘယ္ေတာ့မွ ေသြဖီသြားမွာမဟုတ္ဘူးလို႔ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ (NLD) ရဲ႕ ဗဟိုျပန္ၾကားေရးေကာ္မတီ အတြင္းေရးမႉးျဖစ္သူ မုံ႐ြာဦးေအာင္ရွင္ က ေျပာပါတယ္။  

“အခုဆိုရင္ AA ကိစၥေပါ့။ဒါကေျပာရလို႔ရွိရင္ AA က နယ္ျခားေစာင့္ရဲစခန္းေတြကို ဝင္တိုက္တယ္။ဒါေတြဟာ မျဖစ္သင့္တဲ့ကိစၥပါဘဲ၊ ဘာေၾကာင့္လဲဆိုေတာ့ ၿငိမ္းခ်မ္းေရးအတြက္ေတာင္ တပ္မေတာ္ကေန တစ္ဖက္သတ္ အပစ္အခတ္ရပ္စဲေရး ေၾကညာထားတယ္၊ လုပ္ေနတယ္။ဒါကို နားလည္ေပးဖို႔ေတာ့ သင့္တာေပါ့၊ အခုလုပ္ပုံက ဘာလဲဆိုေတာ့ ဒီမွာ လုံၿခဳံေရးေတြ ပ်က္ျပားေနတယ္။မၿငိမ္မသက္ျဖစ္ေနတယ္ဆိုၿပီး အဲ့လိုလုပ္တဲ့ သေဘာေဆာင္ေနပါတယ္။ဒါက မျဖစ္သင့္တဲ့ကိစၥပါ၊ သို႔ေသာ္ သူတို႔ အဲ့လိုတိုက္တဲ့အတြက္ေၾကာင့္ ၿငိမ္းခ်မ္းေရးလမ္းေၾကာင္းဟာ ဘယ္ေတာ့မွ ေသြဖီသြားမွာ မဟုတ္သလို၊ ၿငိမ္းခ်မ္းေရးကလည္း ေႏွာင့္ေႏွးသြားမွာ မဟုတ္ဘူးလို႔ ေျပာခ်င္ပါတယ္” လို႔ မုံ႐ြာဦးေအာင္ရွင္ က ေျပာပါတယ္။  

ဒါေၾကာင့္လည္း ၿပီးခဲ့တဲ့ႏွစ္ပိုင္းအတြင္းက က်င္းပခဲ့တဲ့ ၿငိမ္းခ်မ္းေရးညီလာခံ ဒုတိယအႀကိမ္ အစည္းအေဝးမွာ အခ်က္စုစုေပါင္း ၃၇ ခ်က္ကို ျပည္ေထာင္စုသေဘာတူညီစာခ်ဳပ္ အစိတ္အပိုင္း (၁) အျဖစ္ ခ်ဳပ္ဆိုႏိုင္ခဲ့ၿပီး တတိယအႀကိမ္ အစည္းအေဝးမွာေတာ့ ျပည္ေထာင္စုသေဘာတူညီစာခ်ဳပ္ အစိတ္အပိုင္း (၂) အျဖစ္ အခ်က္ ၁၄ ခ်က္ကို ထည့္သြင္းခ်ဳပ္ဆိုႏိုင္ခဲ့ပါတယ္။ဒါ့အျပင္ ယခု ၂၀၁၉ ခုႏွစ္အတြင္းမွာ က်င္းပမယ့္ စတုတၳအႀကိမ္ ၿငိမ္းခ်မ္းေရးညီလာခံဟာလည္း တိုင္းျပည္ရဲ႕ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ေတြကို ပိုမိုအားေကာင္းေစမယ့္ ညီလာခံတစ္ခု ျဖစ္လာလိမ့္လို႔လည္း မုံ႐ြာဦးေအာင္ရွင္ က ဆိုပါတယ္။  

“၂၀၂၀ မွာ တစ္ႏိုင္ငံလုံး ၿငိမ္းခ်မ္းေရးရဖို႔ဆိုတဲ့ ၿငိမ္းခ်မ္းေရးရည္မွန္းခ်က္ကေတာ့ ထားရတာပါဘဲေလ။ဥပမာ - အစိုးရကေန ငါးႏွစ္စီမံကိန္း၊ ဆယ္ႏွစ္စီမံကိန္း စီမံကိန္းေတြ လ်ာထားတာေတြရွိမယ္။ၿပီးေတာ့မွ တစ္စုံတစ္ရာလိုအပ္လို႔ ေႏွာင့္ေႏွးတာေတြ ေနာက္က်တာေတြ ရွိေကာင္းရွိႏိုင္မယ္။
သို႔ေသာ္လည္း ဒီလိုေမွ်ာ္မွန္းထားတာက ေမွ်ာ္မွန္းသင့္တယ္လို႔ က်ေနာ္တို႔ယူဆပါတယ္။ေနာက္တစ္ခုက ဒီလို အပစ္အခတ္ရပ္စဲေရး ကိစၥေတြကို တစ္ဆင့္တိုးၿပီး ျဖစ္လာတဲ့အခါက်ရင္ က်ေနာ္ထင္တယ္ လာမယ့္ စတုတၱအႀကိမ္ ၿငိမ္းခ်မ္းေရးညီလာခံက ယခင္ညီလာခံေတြထက္ ပိုၿပီးေတာ့ ေရွ႕ကိုတိုးႏိုင္လိမ့္မယ္၊ ပိုၿပီးေတာ့ အားေကာင္းလာလိမ့္မယ္လို႔ ထင္ပါတယ္၊ က်ေနာ္တို႔ကေတာ့ ဒီလိုဘဲေမွ်ာ္မွန္းထားပါတယ္” လို႔ မုံ႐ြာဦးေအာင္ရွင္ က ဆက္လက္ေျပာျပခဲ့ပါတယ္။

ၿငိမ္းခ်မ္းေရးႏွင့္ တိုင္းျပည္စီးပြားေရး

ဒါေပမယ့္ အတိုက္အခံပါတီျဖစ္တဲ့ ျပည္ေထာင္စုႀကံံ့ခိုင္ေရးႏွင့္ ဖြံ႕ၿဖိဳးေရးပါတီ ဥကၠ႒ ဦးသန္းေဌး ကေတာ့ NLD အစိုးရအေနနဲ႔ ၿငိမ္းခ်မ္းေရးကို ဦးစားေပးလုပ္ငန္းစဥ္အျဖစ္ ေဆာင္႐ြက္ခဲ့တာေၾကာင့္ တိုင္းျပည္ရဲ႕ စီးပြားေရးဟာ ေႏွာင့္ေႏွးခဲ့ရၿပီး စီးပြားေရးကို အမ်ားႀကီးထိခိုက္ေစခဲ့တယ္လို႔ သူ႔ရဲ႕ လူမႈကြန္ရက္စာမ်က္ႏွာကေနတစ္ဆင့္ ေဝဖန္ေျပာဆိုမႈေတြလည္း ရွိခဲ့ျပန္ပါတယ္။

“NLD  အစိုးရ စတက္တာနဲ႔ ၿငိမ္းခ်မ္းေရးကို စကိုင္တယ္၊ ၿငိမ္းခ်မ္းေရးဆိုတာ မေသခ်ာဘူး။ကမာၻမွာ ၿငိမ္းခ်မ္းေရးလုပ္တာက အဖြဲ႕တစ္ဖြဲ႕၊ ႏွစ္ဖြဲ႕နဲ႔ လုပ္ၾကတယ္။ဒီမွာက အဖြဲ႕ေပါင္းမ်ားစြာနဲ႔ လုပ္ၾကတယ္၊ အေျခခံျခင္းမတူဘူး၊ သမိုင္းေၾကာင္းခ်င္းမတူဘူး၊ သူတို႔ရဲ႕ ေရွးရႈေနတဲ့ရပ္တည္ခ်က္ေတြ မတူၾကဘူး။ေနာက္တစ္ခါ သူတို႔ရဲ႕ သမိုင္းေၾကာင္းကို နားလည္မႈအမ်ားႀကီးပါဘဲ၊ အဲ့ဒါေတြျပည့္စုံမွ လိုခ်င္တဲ့ ၿငိမ္းခ်မ္းေရးကို ရတာပါ။ဒီလိုမေရရာတဲ့ကိစၥကို နံပါတ္တစ္ထားလိုက္ေတာ့ ေတာ္ေတာ္ေလး႐ြာလည္သြားၿပီလို႔ ထင္ပါတယ္။ဒီအေျခအနမွာ လ်စ္လ်ဴရႈခဲ့တဲ့ စီးပြားေရးက အၿငိမ္မေနပါဘူး၊ သူက တိုင္းျပည္ကို ဒုကၡေပးေနၿပီ” လို႔ ျပည္ခိုင္ၿဖိဳးပါတီ ဥကၠ႒ ဦးသန္းေဌး က ေျပာၾကားခဲ့တာ ျဖစ္ပါတယ္။

ထို႔အတူ ျပည္ခိုင္ၿဖိဳးပါတီရဲ႕ ေျပာေရးဆိုခြင့္ရွိသူ ဦးသိန္းထြန္းဦး ကလည္း ၎တို႔ပါတီအေနနဲ႔ ၂၀၂၀ မွာသာ အႏိုင္ရ၍ အစိုးရဖြဲ႕ႏိုင္ခဲ့ပါက တိုင္းျပည္ရဲ႕ စီးပြားေရးကို ယခုလက္ရွိအေနအထားထက္ စီးပြားေရးပိုမိုေခ်ာင္လည္ေအာင္၊ ဝင္ေငြ၊ ထြက္ေငြ က်ေနာ္တို႔ မွ်တေအာင္ ေဆာင္႐ြက္မယ္လို႔လည္း ဆိုျပန္ပါတယ္။

“က်ေနာ္တို႔ ၂၀၂၀  မွာသာ အႏိုင္ရမယ္ဆိုရင္ တိုင္းျပည္ရဲ႕ စီးပြားေရးကို ယခုလက္ရွိ အေနအထားထက္ စီးပြားေရးပိုမိုေခ်ာင္လည္ေအာင္၊ ဝင္ေငြ၊ ထြက္ေငြ က်ေနာ္တို႔မွ်တေအာင္ ေဆာင္႐ြက္မယ္။အဲ့လိုေဆာင္႐ြက္တဲ့ေနရာမွာ အလယ္အလတ္တန္းစား စီးပြားေရးလုပ္ငန္းရွင္ေတြ ရွိမယ္၊ အႀကီးႀကီးေတြရွိမယ္။အဲ့လိုရွိတဲ့အခါမွာ အလယ္လတ္တန္းစား စီးပြားေရးသမားေတြကို ဦးစားေပးေဆာင္႐ြက္သြားမွာ ျဖစ္သလို၊ အေသးစား စီးပြားေရးလုပ္ငန္းရွင္မ်ားအတြက္ကိုလည္း ထည့္သြင္းစဥ္းစားၿပီးေတာ့ တိုင္းျပည္စီးပြား ဖြံ႕ၿဖိဳးတိုးတက္ေရးကို ေမွ်ာ္မွန္းၿပီး ေဆာင္႐ြက္သြားမွာပါ။ဒါေၾကာင့္ ၂၀၂၀ မွာ ႏိုင္လို႔ရွိရင္ က်ေနာ္တို႔ စီးပြားေရးရည္မွန္းခ်က္ေတြ အမ်ားႀကီးထားပါတယ္။ျပည္သူလူထုအတြက္ကို က်ေနာ္တို႔က ယခုလက္ရွိအေနအထားထက္ ပိုမိုတိုးတက္ေကာင္းမြန္တဲ့ အေနအထားေရာက္ေအာင္ က်ေနာ္တို႔ အေရာက္ပို႔သြားမွာ ျဖစ္တယ္” ျပည္ခိုင္ၿဖိဳးပါတီ ေျပာေရးဆိုခြင့္ရွိသူ ဦးသိန္းထြန္းဦး က ေျပာပါတယ္။

ထိုကဲ့သို႔ အတိုက္ခံပါတီရဲ႕ ေဝဖန္သုံးသပ္မႈေတြအေပၚ လက္ရွိ အာဏာရ NLD ပါတီရဲ႕ ဗဟိုျပန္ၾကားေရးေကာ္မတီ အတြင္းေရးမႉးျဖစ္သူ မုံ႐ြာဦးေအာင္ရွင္ ကေတာ့ “ၿငိမ္းခ်မ္းေရးကို ေဇာက္ခ်ၿပီးလုပ္လို႔ စီးပြားေရးမွာ ေႏွးေကြးတယ္ေပါ့ဗ်ာ၊ ဒါလည္း မွန္သင့္သေလာက္မွန္ပါတယ္။က်ေနာ္တို႔ မျငင္းပါဘူး။သို႔ေသာ္လည္း တကယ္တမ္း က်ေနာ္တို႔က ၿငိမ္းခ်မ္းေရးလုပ္တာက စီးပြားေရးေကာင္းဖို႔အတြက္ လုပ္တာပါဘဲ။ေဒၚေအာင္ဆန္းစုၾကည္ လည္း ေျပာဘူးတာပါဘဲ အဓိကျပႆနာက ၿငိမ္းခ်မ္းေရးပါဘဲ၊ ၿငိမ္းခ်မ္းေရးမရွိတဲ့အတြက္ စီးပြားေရး လုပ္ရ၊ ကိုင္ရလည္း ခက္ခဲပါတယ္။ေနာက္ဆုံးဗ်ာ ႏိုင္ငံတကာက စီးပြားေရးလာၿပီးေတာ့ ရင္းႏွီးျမႇပ္ႏွံခ်င္တယ္ဆိုရင္ ၿငိမ္းခ်မ္းေရးမရဘဲနဲ႔ ဘယ္လိုရင္းႏွီးျမဳပ္ႏွံလို႔ရမလဲ။ဒါေၾကာင့္မို႔ က်ေနာ္တို႔က ၿငိမ္းခ်မ္းေရးကိုဘဲ ေဇာက္ခ်ၿပီးလုပ္တာပါ။သို႔ေသာ္လည္း စီးပြားေရးကို လုံးဝလႊတ္ထားတဲ့ သေဘာေတာ့ မဟုတ္ပါဘူး။ႏွစ္လမ္းသြားပါဘဲ ပထမက ၿငိမ္းခ်မ္းေရး၊ ဒုတိယဦးစားေပးတာကေတာ့ စီးပြားေရးပါဘဲ၊ အဲ့ဒီလိုသြားေနတာပါဘဲ၊ စီးပြားေရးကို လုံးဝလ်စ္လ်ဴရႈေနတယ္ ဆိုတာက မဟုတ္ဘူးဆိုတာ ေျပာခ်င္ပါတယ္” လို႔ တုံ႔ျပန္ေျပာဆိုမႈေတြလည္း ရွိခဲ့ပါတယ္။

ထို႔အတူ ရခိုင္အမ်ိဳးသားပါတီ (ANP) ရဲ႕ ေျပာေရးဆိုခြင့္ရွိသူ ဦးထြန္းေအာင္ေက်ာ္ ကလည္း “က်ေနာ္တို႔ကေတာ့ လက္ရွိအစိုးရအေနနဲ႔ ၿငိမ္းခ်မ္းေရးကို ဦးစားေပးလုပ္ရလို႔ တိုင္းျပည္ဖြံ႕ၿဖိဳးတိုးတက္မႈ ေနာက္က်တယ္လို႔ မျမင္ပါဘူး။ၿငိမ္းခ်မ္းေရးနဲ႔ တိုင္းျပည္စီးပြားေရးအပိုင္းက တျခားစီပါဘဲ၊ သတ္သတ္သတ္စီပါဘဲ၊ က်ေနာ္တို႔က အဲ့လိုဘဲျမင္ပါတယ္” လို႔ သုံးသပ္ေျပာၾကားမႈေတြ ရွိခဲ့ပါတယ္။

ၿငိမ္းခ်မ္းေရး ေရွ႕ဆက္ရန္

ဒါေၾကာင့္လည္း လက္ရွိအစိုးရလက္ထက္မွာ သက္တမ္းရွည္ၾကာေနတဲ့ ျပည္တြင္းစစ္မီးႀကီး အဆုံးသတ္ႏိုင္ေရးအတြက္ ဦးစားေပးအေနနဲ႔ ေဆာင္႐ြက္ေနဆဲ ျဖစ္ပါတယ္။ေဒၚေအာင္ဆန္းစုၾကည္ ဦးေဆာင္တဲ့ NLD အစိုးရအေနနဲ႔ ႏိုင္ငံတည္ၿငိမ္ေရးရရွိဖို႔ဆိုတာ ျပည္တြင္းစစ္မီးကို ဦးစြာၿငိမ္းသတ္ဖို႔ လိုအပ္တယ္ဆိုတာကို နားလည္သေဘာေပါက္ထားတဲ့အတိုင္း ျပည္တြင္းစစ္ အဆုံးသတ္ႏိုင္ေရးကို ႀကိဳးပမ္းေဆာင္႐ြက္ေနတာ ျဖစ္ပါတယ္။ထိုသို႔ ႏိုင္ငံတည္ၿငိမ္မႈရွိမွသာ လိုအပ္ေနတဲ့ ႏိုင္ငံစီးပြားေရး တိုးတက္ေအာင္ ဆက္လက္ေဖာ္ေဆာင္ႏိုင္မွာလည္း ျဖစ္ပါတယ္။ဒါေၾကာင့္ လာမယ့္ ၿငိမ္းခ်မ္းေရးညီလာခံေတြကေန ဒီမိုကေရစီနဲ႔ ဖက္ဒရယ္ဆိုင္ရာ အေျခခံမူေတြကို ခ်မွတ္ႏိုင္ဖို႔ အစိုးရဘက္က ေမွ်ာ္မွန္းခ်က္ထားတာ ျဖစ္ပါတယ္။

သို႔ေသာ္လည္း ဝါရင့္ႏိုင္ငံေရးသမားျဖစ္သူ ဒီမိုကရက္တစ္ပါတီ (ျမန္မာ) ဥကၠ႒ ဦးသုေ၀ ကေတာ့ ၿငိမ္းခ်မ္းေရးအလားအလာေတြ အမ်ားႀကီးရွိလာတယ္ ဆိုေသာ္လည္း ၂၀၂၀ မွာ တစ္ႏိုင္ငံလုံး အတိုင္းအတာအေနနဲ႔ ၿငိမ္းခ်မ္းေရးရဖို႔ ဆိုတာကေတာ့ ေတာ္ေတာ္နဲ႔မလြယ္ေသးဘူးလို႔ ထင္သလို ေဆြးေႏြးစရာေတြလည္း အမ်ားႀကီးက်န္ရွိေနေသးတယ္လို႔ သုံးသပ္ေျပာၾကားတာေတြလည္း ရွိခဲ့ျပန္ပါတယ္။

“NLD အစိုးရ တက္လာတည္းကိုက ၿငိမ္းခ်မ္းေရးကို ေစာနကေျပာသလို အဓိကထားၿပီး ေျဖရွင္းမယ္။ရေအာင္လုပ္ခဲ့မယ္လို႔ သူတို႔ေျပာခဲ့တာပါဘဲ။အဲ့ဒီလိုေျပာခဲ့ေတာ့ သူတို႔လည္း ႀကိဳးစားတာပါဘဲ၊ ေတာ္ေတာ္ေလး ႀကိဳးစားၾကတယ္။အဘတို႔လည္း ပါေနတာကိုး အားလုံးက ဝိုင္းၿပီးေတာ့လည္း ႀကိဳးစားၾကတာပါဘဲ။ဒါေပမယ့္ ႀကိဳးစားသေလာက္လည္း မျဖစ္ဘူး၊ ေနာက္ၿပီးေတာ့ အဖက္ဖက္ကေပါ့ေလ၊ လူထုက ေမွ်ာ္လင့္သေလာက္လည္း ျဖစ္မလာဘူး။ဘာမွ ထူးထူးျခားျခားမျဖစ္ဘူးေပါ့၊ ေနာက္တစ္ခ်က္က တိုင္းရင္းသား လက္နက္ကိုင္ အစုအဖြဲ႕ႏွစ္ခုက သူတို႔ဟာ ဘာေခၚမလဲ ေဆြးေႏြးပြဲေတြ တန႔္ေအာင္၊ ေနာက္ဆုတ္သြားေအာင္ လုပ္ေနသလို ျဖစ္ေနတယ္။ဒါေၾကာင့္ ၂၀၂၀  မွာ တစ္ႏိုင္ငံလုံး ၿငိမ္းခ်မ္းေရး တစ္ခါတည္းရသြားဖို႔ကေတာ့ ေတာ္ေတာ္နဲ႔မလြယ္ေသးဘူးလို႔ ထင္ပါတယ္။သို႔ေသာ္လည္း ၿငိမ္းခ်မ္းေရးအလားအလာေတြ အမ်ားႀကီးရွိေနတယ္။ၿငိမ္းခ်မ္းေရးဆိုသည္မွာ ဘာလဲဆိုတာ အဓိပၸါယ္ေတြ အမ်ားႀကီးရွိပါတယ္” လို႔ ဦးသုေ၀ က ေျပာပါတယ္။

ထို႔အတူ ရခိုင္အမ်ိဳးသားပါတီ (ANP) ရဲ႕ ေျပာေရးဆိုခြင့္ရွိသူ ဦးထြန္းေအာင္ေက်ာ္ က “ဘယ္အဖြဲ႕အစည္းျဖစ္ျဖစ္၊ မည္သည့္အေၾကာင္းေၾကာင့္ဘဲျဖစ္ျဖစ္ တိုက္ပြဲေတြ စစ္ပြဲေတြကို မျဖစ္ေစခ်င္ပါဘူး။ဘာလို႔လဲဆိုေတာ့ အဓိကဒုကၡေရာက္တာက ျပည္သူလူထုဘဲ အမ်ိဳးမ်ိဳးဒုကၡေတြေရာက္ေနပါတယ္။ျပည္သူက ၾကားထဲကေန ခံေနရတယ္။က်ေနာ္တို႔ ရခိုင္အမ်ိဳးသားပါတီေတြအေနနဲ႔ကေတာ့ ျပည္သူလူထု အေႏွာင့္အယွက္ျဖစ္မယ့္ ဘယ္ကိစၥကိုမဆို မလုပ္ေစခ်င္ပါဘူး။ဒါကိုလည္း က်ေနာ္တို႔ ေၾကညာခ်က္ ထုတ္ထားပါတယ္။အဲ့ဒါေၾကာင့္ ဘယ္အဖြဲ႕အစည္းဘဲျဖစ္ျဖစ္၊ ဘယ္သူနဲ႔ဘဲျဖစ္ျဖစ္ က်ေနာ္တို႔က တိုက္ပြဲေတြ၊ စစ္ပြဲေတြ စိတ္ဆင္းရဲေကာင္းတဲ့၊ စိတ္ပ်က္စရာေကာင္းတဲ့ အျဖစ္အပ်က္ေတြကို က်ေန္ာတို႔ မျဖစ္ေစခ်င္ပါဘူး။” လို႔ ဦးထြန္းေအာင္ေက်ာ္ က ၎ရဲ႕အျမင္ကို ေျပာျပခဲ့ပါတယ္။

ဒါေၾကာင့္လည္း ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ က “ၿငိမ္းခ်မ္းေရးညီလာခံေတြကေန ဒီမိုကေရစီနဲ႔ ဖက္ဒရယ္ဆိုင္ရာ အေျခခံမူေတြကို ခ်မွတ္ႏိုင္ဖို႔ အစိုးရဘက္က ေမွ်ာ္မွန္းခ်က္ထားၿပီး ဒီလို တကယ္ျဖစ္လာဖို႔ အားနည္းခ်က္ေတြကို ျပဳျပင္ရမယ္၊ အားသာခ်က္ေတြကို ပိုမိုအားေကာင္းေအာင္ အားျဖည့္ရမယ္၊ ကြၽန္မတို႔အစုအဖြဲ႕ေတြၾကားမွာ ပို၍ပို၍နီးကပ္စြာ ပူးေပါင္းေဆာင္႐ြက္ဖို႔ လိုအပ္ပါတယ္” လို႔ တတိယအႀကိမ္ ၿငိမ္းခ်မ္းရးညီလာခံ အဖြင့္မိန႔္ခြန္းမွာ ထည့္သြင္းေျပာၾကားခဲ့ပါေသးတယ္။

ထို႔အျပင္ လက္ရွိျဖစ္ပြားေနတဲ့ စစ္ပြဲေတြကိုၾကည့္ရင္ တစ္ဖက္နဲ႔ တစ္ဖက္ ရင္ၾကားေစ့လို႔မရတဲ့ ျပည္တြင္းစစ္ေတြအျဖစ္ ရႈျမင္ေနရၿပီး လက္ရွိအခ်ိန္အထိလည္း လက္နက္ေတြ ေဘးခ်ထားဖို႔ ဝန္ေလးေနတဲ့ စစ္ပြဲေတြအျဖစ္ ရႈျမင္ေနရဆဲ ရွိပါတယ္။ဒါေၾကာင့္လည္း ယခုလို သက္တမ္းရွည္ၾကာေနတဲ့ ျပည္တြင္းစစ္ႀကီး အဆုံးသတ္ႏိုင္ဖို႔ဆိုတာ ထင္သေလာက္လြယ္ကူမွာ မဟုတ္ဘဲ အခ်ိန္မ်ားစြာယူရဦးမယ့္ အေနအထားမွာ ရွိေနတာလည္း အမွန္ပဲျဖစ္ပါတယ္။ထို႔အတူ မိမိတို႔ႏိုင္ငံကို အျခားႏိုင္ငံေတြထက္ မနိမ့္က်ဘဲ လက္ရွိ ဖြံ႕ၿဖိဳးမႈနိမ့္က်ေနတဲ့ အေနအထားကေန ႐ုန္းထြက္ႏိုင္ဖို႔ဆိုရင္ ျပည္တြင္းစစ္ႀကီး အဆုံးသတ္ၿပီး ၿငိမ္းခ်မ္းေရးကို ေအာင္ျမင္စြာ အေကာင္အထည္ေဖာ္ဖို႔က အဓိကလိုအပ္ေနတာကေတာ့ မလြဲဧကန္ဘဲ ျဖစ္ပါေတာ့တယ္။    

ေျပသိမ္း
Photo Credit : Myanmar Peace Center
ဇန္နဝါရီ - ၈