【 သတင်းဆောင်းပါး 】 “ကတိကဝတ်နှင့် ပြည်သူတွေ ရွေးချယ်မှု”

【 သတင်းဆောင်းပါး 】 “ကတိကဝတ်နှင့် ပြည်သူတွေ ရွေးချယ်မှု”

၂၀၁၅ အထွေထွေရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က သောင်ပြိုကမ်းပြို အနိုင်ရခဲ့မှုကြောင့် လွှတ်တော်နှစ်ရပ်အတွင်း ကိုယ်စားလှယ်အများစု နေရာကို ရယူနိုင်ခဲ့သလို အာဏာရလာပြီးနောက်ပိုင်းမှာလည်း ပါတီမှ လူအနည်းငယ်သာ ထည့်သွင်းပြီး အတတ်ပညာရှင်၊ အသိပညာရှင်တွေနဲ့ အစိုးရအဖွဲ့ကို ဖွဲ့စည်းနိုင်ခဲ့ပါတယ်။
ထို့နောက် NLD အစိုးရလက်ထက် သက်တမ်း သုံးနှစ်တာကာလအတွင်းမှာလည်း ကြားဖြတ်ရွေးကောက်ပွဲ နှစ်ကြိမ်ကျင်းပခဲ့ပါတယ်။ပထမအကြိမ်က အထွေထွေရွေးကောက်ပွဲ ကျင်းပပြီး တစ်နှစ်ခွဲခန့်အကြာ ၂၀၁၇ ခုနှစ်၊ ဧပြီ ၁ ရက်က ကျင်းပခဲ့တာဖြစ်ပြီး ဒုတိယအကြိမ်ကတော့ ပြီးခဲ့တဲ့ နိုဝင်ဘာ ၃ ရက်က ကျင်းပခဲ့တာပါ။

သို့သော်လည်း ပြီးခဲ့တဲ့ ၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲနဲ့ ယခု ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာ ၃ ရက်နေ့က ကျင်းပခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲတွေမှာ NLD ပါတီရဲ့ မဲအနိုင်ရရှိမှုက သိသာစွာကျဆင်းခဲ့ပြီး အတိုက်အခံ နိုင်ငံရေးပါတီနှင့် တိုင်းရင်းသားပါတီတွေ အားကောင်းလာခဲ့ပါတယ်။၂၀၁၅ အထွေထွေရွေးကောက်ပွဲပြီး တစ်နှစ်ခွဲခန့် (တစ်နှစ်နဲ့ငါးလ) အကြာ ၂၀၁၇ ခုနှစ်၊ ဧပြီ ၁ ရက်မှာ ကျင်းပတဲ့ ကြားဖြတ်ရွေးကောက်ပွဲရဲ့ လစ်လပ်မဲဆန္ဒနယ် (၁၉) နေရာမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က ကိုးနေရာ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) က ခြောက်နေရာ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) က နှစ်နေရာ၊ ရခိုင်အမျိုးသားပါတီ (ANP) နဲ့ လူမျိုးပေါင်းစုံ ဒီမိုကရေစီပါတီ ကယားပြည်နယ် (ANDP-Kayar State) တို့က တစ်နေရာစီ အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။ထိုမှတစ်ဖန် ပြီးခဲ့တဲ့ နိုဝင်ဘာ ၃ ရက်က ကျင်းပတဲ့ ကြားဖြတ်ရွေးကောက်ပွဲရဲ့ လစ်လပ်မဲဆန္ဒနယ် (၁၃) နေရာမှာလည်း ဒီချုပ်က ခုနစ်နေရာနိုင်ပြီး ခြောက်နေရာမှာ ရှုံးနိမ့်ခဲ့ပြန်ပါတယ်။

ဒီရလဒ်ဟာ ရာခိုင်နှုန်းနဲ့ တွက်မယ်ဆိုရင် ၅၀ ရာခိုင်နှုန်းသာသာပဲ ရှိပါတယ်။အဲဒီရှုံးနိမ့်ခဲ့တဲ့ ခြောက်နေရာထဲမှာ ၂၀၁၅ အထွေထွေရွေးကောက်ပွဲတုန်းက အနိုင်ရရှိခဲ့တဲ့နေရာ လေးနေရာ ပါဝင်ခဲ့တာဟာလည်း NLD အတွက် သတိပေးခေါင်းလောင်း ထိုးလိုက်တာဖြစ်တယ်လို့ နိုင်ငံရေးလေ့လာသူတွေက သုံးသပ်ခဲ့ကြပါတယ်။

ဒီလိုဖြစ်လာတဲ့အတွက် လာမယ့်၂၀၂၀ ခုနှစ်၊ အထွေထွေရွေးကောက်ပွဲကြီးမှာ အာဏာရပါတီဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ၂၀၁၅ တုန်းကလို သောင်ပြိုကမ်းပြို အနိုင်ရနိုင်ပါဦးမလား၊ ဘယ်ပါတီတွေ အနိုင်ရပါတီအဖြစ် ပေါ်ထွက်လာမလဲဆိုတာ စိတ်ဝင်စားစရာ ဖြစ်လာခဲ့ပါတယ်။

အာဏာရပါတီ NLD ရဲ့ ဗဟိုပြန်ကြားရေးကော်မတီ၊ အတွင်းရေးမှူးဖြစ်သူ မုံရွာဦးအောင်ရှင် ကတော့ ယခုကျင်းပခဲ့တဲ့ ၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲ ရလဒ်ဟာ NLD ပါတီအတွက်တော့ မျှော်လင့်ထားတဲ့ရလဒ် မဟုတ်သလို၊ ပါတီအတွက် ၂၀၂၀  အထွေထွေရွေးကောက်ပွဲကြီးအတွက် ခေါင်းလောင်းထိုး သတိပေးလိုက်တာ ဖြစ်တယ်လို့ ပြောကြားမှုတွေ ရှိခဲ့ပါတယ်။

စောင့်ကြည့်သူအများစုကတော့ ဒီချုပ်အစိုးရက၂၀၁၅ ရွေးကောက်ပွဲတုန်းက ပြည်သူကိုပေးထားတဲ့ ရွေးကောက်ပွဲ ကြေညာစာတမ်း ကတိကဝတ်ကို အစိုးရသက်တမ်းကာလ သုံးနှစ်အတွင်းမှာ ထိထိရောက်ရောက် ဖော်ဆောင်နိုင်ခြင်း မရှိတာ၊ NLD အစိုးရရဲ့ အချို့သော ပြုပြင်ပြောင်းလဲမှုတွေက အံံဝင်ဂွင်ကျမှု မရှိခဲ့တာကြောင့် အရှိန်ရနေတဲ့ စီးပွားရေးနဲ့ တိုင်းရင်းသားအရေးတွေမှာ တန့်ခဲ့ရတာတွေကြောင့် ၂၀၁၈ ခုနှစ်၊ ကြားဖြတ်ရွေးကောက်ပွဲမှာ NLD ပါတီအနေနဲ့ မျှော်မှန်းထားသလောက် ရလဒ်တွေ မရရှိခဲ့တာလို့ ကောက်ချက်ချခဲ့ကြပါတယ်။

NLD ပါတီမှ မုံရွာဦးအောင်ရှင် ကတော့  “NLD ပါတီအတွက်တော့ ဒီရလဒ်ဟာ မျှော်လင့်ထားတဲ့ရလဒ် မဟုတ်ဘူး။ပါတီအတွက် ၂၀၂၀  အတွက် ခေါင်းလောင်းထိုးလိုက်တာပါဘဲ၊ သတိပေးလိုက်တာပါဘဲလို့ ပြောချင်ပါတယ်။တစ်နည်းအားဖြင့်တော့ ဘောလုံးစကားနဲ့ပြောရင် ဝီစီမှုတ်လိုက်တာပေါ့ဗျာ။ကျွန်တော့်အနေနဲ့ ပြောချင်တာက ပြည်သူလူထုလည်း ဒီလိုဘဲစိုးရိမ်ကြတာပါဘဲ။NLD ကို လိုလားတဲ့သူတွေလည်း စိုးရိမ်ကြတာပါဘဲ။အဲဒီအတွက် ပြောလိုက်တာပါဘဲကောင်းပြီး စိုးရိမ်တာလောက်နဲ့တော့ မပြီးဘူး။ဘယ်လိုပြုပြင်မလဲ၊ ဘယ်လိုသင်ခန်းစာထုတ်မလဲ။ဘယ်လိုအပြောင်းအလဲတွေ လုပ်နိုင်မလဲဆိုတာကို ကျွန်တော်တို့ စဉ်းစားကြရပါတယ်။အဲဒါကြောင့် ဒီအရှုံးအပေါ်မှာ အဖြေရှာတဲ့အခါမှာ အပြစ်တင်တဲ့နည်းနဲ့ အဖြေကိုမရှာဘူး။ကုစားတဲ့နည်းနဲ့ အဖြေကိုရှာတယ်။အဖြေရှာတဲ့အခါ ပါတီထဲမှာ ပြုပြင်စရာတွေ အများကြီးရှိတယ်ဆိုတာကို ကျွန်တော်တို့ သွားတွေ့တယ်။ပါတီရယ်၊ အစိုးရရယ်၊ လွှတ်တော်ရယ် ဒီဒေါက်တိုင်သုံးခု ညီဖို့အရေးကြီးတယ်။ဒီဒေါက်တိုင်သုံးခု အလုပ် လုပ်နိုင်ဖို့ အရေးကြီးတယ်။ပြည်သူလူထုနဲ့ ထပ်တူကျနိုင်ဖို့ အရေးကြီးတယ်။သို့သော်လည်း ဒီကနေ့မှာ ဒီဒေါက်တိုင်သုံးခုရဲ့ အားနည်းချက်လို့ဘဲ တွက်တယ်။ဒါကြောင့်မို့ ဒီဒေါက်တိုင်သုံးခုကို ဘယ်လိုပြုပြင်မလဲဆိုတာကို ဒါကိုလည်း စဉ်းစားရမှာပါ” လို့ ပြောကြားခဲ့ပါတယ်။

ဒီကြားဖြတ်ရွေးကောက်ပွဲမှာ အနိုင်ရတဲ့ ရာခိုင်နှုန်းတိုးတက်လာတဲ့ ပြည်ခိုင်ဖြိုးပါတီက ပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦး ကတော့ “ပြည်သူကို ပေးထားတဲ့ ကတိကဝတ်ကို လုပ်နိုင်၏၊ မလုပ်နိုင်၏၊ အကျိုးဖြစ်ထွန်း၏၊ အကျိုးမဖြစ်ထွန်း၏ ဆိုတာက နေ့စဉ်ဖြတ်သန်းနေရတဲ့ ပြည်သူတို့ဘဝတွေပေါ်မှာ မူတည်ပြီး အကဲဖြတ်ဆုံးဖြတ်နေတာ ဖြစ်သလို ပြည်ခိုင်ဖြိုးပါတီက ၂၀၂၀ မှာ အစိုးရဖြစ်လာလို့ရှိရင်တော့ ပြည်သူကို ပေးထားတဲ့ ကတိတွေကို ဘယ်တော့မှ အပျက်မခံပါဘူး” လို့ ဆိုပါတယ်။

ကြားဖြတ်ကပေးတဲ့ သင်ခန်းစာ

ဒီကြားဖြတ်မှာ NLD ပါတီ ရှုံးနိမ့်ခဲ့တဲ့ ခြောက်နေရာကိုြ ကည့်မယ်ဆိုရင် ပြည်သူ့လွှတ်တော် တစ်နေရာ၊ အမျိုးသားလွှတ်တော် တစ်နေရာ၊ တိုင်းဒေသကြီးလွှတ်တော် နှစ်နေရာနဲ့ ပြည်နယ်လွှတ်တော် နှစ်နေရာ ပါဝင်ခဲ့တာကို တွေ့ရပါတယ်။

အတိုက်အခံပါတီဖြစ်တဲ့ ပြည်ခိုင်ဖြိုးပါတီ မဲရရှိမှုက ယခင်ကထက် တက်လာပြီး ယခုကြားဖြတ်ရွေးကောက်ပွဲမှာ အနိုင်ရရှိမှုက ၂၃ ရာခိုင်နှုန်းအထိ ရှိခဲ့ပါတယ်။ဒါကြောင့်လည်း အောင်မြင်မှုနဲ့ သာယာနေတဲ့သူတွေကို ဆိုလိုတဲ့ “သင်ခန်းစာရသွားတာပေါ့” ဆိုတဲ့ စကားကို NLD ပါတီ ဒုတိယဥက္ကဋ္ဌနဲ့ မန္တလေးတိုင်း ဝန်ကြီးချုပ်လည်းဖြစ်တဲ့ ဒေါက်တာဇော်မြင့်မောင် က ဆိုခဲ့တာပါ။

လာမယ့် ၂၀၂၀ မှာတော့ ယခုကြားဖြတ်ရွေးကောက်ပွဲကဲ့သို့ ဖရိုဖရဲမဖြစ်စေအောင် မူဝါဒသစ်တွေ ချမှတ်ထားပြီးဖြစ်တယ်လို့ NLD ပါတီက မုံရွာဦးအောင်ရှင် က ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၅ ရက်က ပြုလုပ်ခဲ့တဲ့ Orchid ရေနွေးကြမ်းစကားဝိုင်းမှာ ပြောကြားခဲ့ပါတယ်။ဒီလိုချမှတ်ရာမှာ ပါတီတွင်း မူဝါဒ၊ သစ္စာရှိမှု၊ ပညာတတ်ဖြစ်မှု စတဲ့ အချက်တွေနဲ့ သတ်မှတ်ထားတယ်လို့ မုံရွာဦးအောင်ရှင် က ဆိုပါတယ်။

ဒါပေမယ့် စစ်အစိုးရလက်ထက် တစ်လျှောက်လုံး တစ်သားတည်းရပ်တည်ခဲ့တဲ့ ဒီချုပ်နဲ့ သတင်းသမားတွေကြား အစေးကပ်မှုဟာ ဒီချုပ်အာဏာရလာချိန်မှာ  ပြဒါးတစ်လမ်း သံတစ်လမ်းသဖွယ် ဖြစ်လာခဲ့ပါတယ်။

အထူးသဖြင့် NLD ပါတီ အစိုးရအဖွဲ့ဝင်တွေ၊ ပါတီဝင်တွေကို ဝေဖန်တဲ့သူတွေ၊ မီဒီယာတွေကို ဆက်သွယ်ရေးပုဒ်မ - ၆၆ (ဃ) နဲ့ တရားစွဲဆိုတာတွေ၊ ပုဒ်မ ၅၅ (ခ) နဲ့ တရားစွဲတာတွေက NLD လွှတ်တော်ကိုယ်စားလှယ်အချို့ကို ပါတီတာဝန်မှ ရပ်ဆိုင်းခဲ့တဲ့ ဖြစ်စဉ်တွေ အပါအဝင် ဘင်္ဂါလီအရေးကိစ္စ၊ ထင်သလောက် ခရီးမပေါက်သေးတဲ့ ငြိမ်းချမ်းရေးကိစ္စတွေဟာလည်း NLD အစိုးရနဲ့ပါတီကို လူထုထောက်ခံမှု ကျဆင်းစေခဲ့တယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူတွေက ဆိုပါတယ်။

ဒါကြောင့်လည်း NLD အနေနဲ့ ဒီကြားဖြတ်ရွေးကောက်ပွဲကနေ သတိပေး အချက်ပြလိုက်တဲ့ ခေါင်းလောင်းသံတွေအပေါ် သတိမူပြီး ပြင်ဆင်မှုတွေ ပြုလုပ်သွားဖို့လိုတယ်လို့ နိုင်ငံရေးလေ့လာသူတွေက ဆိုပါတယ်။

ညွှန့်ပေါင်းအစိုးရ ဖြစ်လာဖို့များနေတဲ့ ၂၀၂၀ အလွန်

လာမည့် ၂၀၂၀ ရွေးကောက်ပွဲမှာ အာဏာလက်လွှတ်ခဲ့ရတဲ့ ပြည်ခိုင်ဖြိုးပါတီအနေနဲ့ ၂၀၁၅ ခုနှစ်ထက် နေရာပိုမိုရရှိနိုင်မယ်လို့ ထင်မြင်ယူဆချက်တွေ ရှိနေပေမယ့်လည်း နိုင်ငံရေးလေ့လာသုံးသပ်သူ အချို့ကတော့ ပြည်နယ်တွေမှာ တိုင်းရင်းသားပါတီတွေ အားကောင်းနေလို့ ၂၀၂၀ အလွန် လွှတ်တော်အခင်းအကျင်းက ယခုလို နှစ်ပါတီအားပြိုင်မှုထက် ပါတီပေါင်းစုံ ပါဝင်လာနိုင်မှုများပြီး ညွန့်ပေါင်းအစိုးရ ဖွဲ့စည်းရမယ့် အခြေအနေတစ်ရပ် ဖြစ်လာမယ်လို့ ခန့်မှန်းထားကြပါတယ်။

“ပါတီကြီးတွေတင်မဟုတ်ဘဲ တိုင်းရင်းသားပါတီတွေလည်း ပါဝင်လာပြီး ညွှန့်ပေါင်းအစိုးရ ဖြစ်လာရင်တော့ အကောင်းဆုံးပေါ့လေ။ဒါပေမယ့် ပါတီတွေမှာ ရှိတဲ့သူတွေကလည်း အရည်အချင်းရှိဖု့ိ လိုသလို အတွေ့အကြုံရှိဖို့လည်း လိုပါတယ်” လို့ ဝါရင့်နိုင်ငံရေးသမား ဒီမိုကရက်တစ်ပါတီ (မြန်မာ) ဥက္ကဋ္ဌ ဦးသုေ၀ က သုံးသပ်ခဲ့ပါတယ်။  

ရခိုင်အမျိုးသားပါတီ ANP ၏ ပြောရေးဆိုခွင့်ရှိသူ ဦးထွန်းအောင်ကျော် ကတော့ “ပြီးခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲနဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာဆိုရင် ပါတီကြီးတစ်ခုကဘဲ ရာနှုန်းပြည့် အနိုင်ရခဲ့တာရှိပေမယ့် အခုလာမယ့် ၂၀၂၀ ရွေးကောက်ပွဲကျရင် ကျွန်တော်တို့ ခန့်မှန်းတာက အဲဒီလိုအခြေအနေမျိုး ဖြစ်နိုင်မယ် မထင်ပါဘူး။၂၀၁၀ မှာလည်း ပြည်ခိုင်ဖြိုးပါတီက လွတ်လွတ်လပ်လပ် အစိုးရဖွဲ့ခဲ့တယ်။ဘာမှ ကျွန်တော်တို့ကို အကြောင်းအရာမပေးဘူး။၂၀၁၅ မှာလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လွတ်လွတ်ကျွတ်ကျွတ် အနိုင်ရခဲ့တယ်။သောင်ပြိုကမ်းပြိုနိုင်ခဲ့တယ်၊ အစိုးရဖြစ်လာတယ်။ဒါပေမယ့် တိုင်းရင်းသားတွေ လိုချင်တဲ့ပုံစံမျိုး စစ်မှန်တဲ့ဖက်ဒရယ်ပုံစံမျိုး ကျွန်တော်တို့ကို လုပ်ပေးတာမျိုး မရှိခဲ့ဘူး။ဒါကြောင့် ကျွန်တော်တို့ မျှော်လင့်တာကတော့ ၂၀၂၀ မှာ ညွှန့်ပေါင်းအစိုးရ ဖြစ်လာရင်တော့ ပြောင်းလဲနိုင်မလားဆိုတဲ့ မျှော်လင့်ချက်ပေါ့။လာမယ့် ၂၀၂၀ မှာ ပြည်ခိုင်ဖြိုးပါတီရယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရယ် နောက်တစ်ခုက (၈၈) ကျောင်းသားဟောင်းတွေ ဦးစီးတဲ့ ပြည်သူ့ပါတီဆိုတာလည်း ပေါ်လာပြီဆိုတော့ ၂၀၂၀ မှာ မဲကွဲနိုင်မယ်လို့ ယုံကြည်တယ်။အဲ့ဒါကြောင့် ညွှန့်ပေါင်းဖြစ်လာမယ်လို့ ပြောနိုင်ပါတယ်” လို့ ၎င်းရဲ့ အမြင်ကို ပြောပြခဲ့ပါတယ်။

ချင်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၊ ဥက္ကဋ္ဌ ဦးဇိုဇမ်း ကတော့ အဓိကပါတီကြီးနှစ်ခုက တိုင်းရင်းသားပါတီတွေရဲ့ မိတ်ဘက်ပါတီဖြစ်လို့ သိပ်ပြဿနာမရှိဘူးလို့ ဆိုပါတယ်။

“NLD နဲ့ ပြည်ခိုင်ဖြိုးပါတီ ဆိုတာက ကျွန်တော်တို့ တိုင်းရင်းသားတွေရဲ့ မိတ်ဖက်ပါ။ကျွန်တော်တို့ရဲ့ ရန်သူတွေ မဟုတ်ပါဘူး။ကျွန်တော်တို့ရဲ့ မိတ်ဖက်တွေဘဲ ဖြစ်တယ်၊ ကျွန်တော်တို့ ပြည်ထောင်စုကြီးကို ဦးဆောင်ဖို့ မှန်းထားတဲ့ ပါတီကြီးနှစ်ခုပါ” လို့ ပြောကြားခဲ့ပါတယ်။

အဓိက အတိုက်အခံပါတီ ပြည်ခိုင်ဖြိုးပါတီကတော့  ၂၀၂၀ ပြန်ရွေးကောက်ခံရဖို့ အားထားမျှော်လင့်နေပါတယ်။

“ကျွန်တော်တို့ အစိုးရဖွဲ့နိုင်တဲ့ အဆင့်အထိ ကျွန်တော်တို့ မျှော်မှန်းထားတယ်။ဒီမျှော်မှန်းချက်နဲ့လည်း ကျွန်တော်တို့ အစဉ်အမြဲ ကြိုးစားနေတယ်။ပြည်သူတွေပေါ်မှာ သစ္စာတွေဆိုပြီးတော့ အလုပ် လုပ်နေပါတယ်။အစိုးရဖွဲ့နိုင်တယ်ဆိုလို့ရှိရင် လက်ရှိ ပြည်သူတွေ ကြုံတွေ့နေရတဲ့ ကုန်ဈေးနှုန်းတွေ ကြီးမြင့်မှုတွေကို ကျွန်တော်တို့ ကိုင်တွယ်မယ်။နောက်ပြီးတော့ ပြည်သူလူထု ဖြစ်ပေါ်ခံစားနေရတဲ့ အခက်အခဲတွေကို ရုန်းထွက်နိုင်အောင် ကျွန်တော်တို့ အရင်ဆုံးလုပ်ပါမယ်။အဲ့ဒါကြောင့်မို့ လုပ်သင့်လုပ်ထိုက်တဲ့ ဆောင်ရွက်မှုမှန်သမျှ၊ အကောင်းဘက်ကို ဦးတည်တဲ့ ပြုပြင်ပြောင်းလဲမှုမှန်သမျှကို ဆောင်ရွက်သွားမှာပါ” လို့ ပြည်ခိုင်ဖြိုးပါတီရဲ့ပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦး က ဆိုပါတယ်။

၂၀၂၀ အလွန် နိုင်ငံရေးအခင်းအကျင်းနှင့် ပြုပြင်ပြောင်းလဲရေး

မြန်မာနိုင်ငံရေးအ ခင်းအကျင်းက လာမည့် ၂၀၂၀ ရွေးကောက်ပွဲ အလွန်မှာ ဘယ်လိုပုံစံမျိုးနဲ့ ဖြစ်လာဖို့ရှိမလဲဆိုတာ နိုင်ငံရေးလေ့လာသူတွေနဲ့ ပြည်သူအချို့ကြား စိတ်ဝင်စားစရာ၊ စောင့်ကြည့်စရာ အခင်းအကျင်းတစ်ရပ် ဖြစ်လာခဲ့ပါတယ်။အထူးသဖြင့် လာမယ့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ NLD ပါတီရဲ့ အမာခံမဲတွေ ဘယ်ရောက်နိုင်လည်းဆိုတာ စိတ်ဝင်စားစရာ အကောင်းဆုံးပုစ္ဆာ ဖြစ်နေပါတယ်။

နိုင်ငံရေးလေ့လာသူတွေကတော့ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမှာ NLD ပါတီ အောင်မြင်ခဲ့တာ။အထူးသဖြင့် ပညာတတ် လူငယ်တွေရဲ့ မဲကိုရခဲ့တာဟာ တစ်စိတ်တစ်ပိုင်းအနေနဲ့ ၈၈ ကျောင်းသားဟောင်းများရဲ့ ပူးပေါင်းဝန်းရံမှု ကဏ္ဍကြောင့်လည်း ပါတယ်ဆိုပါတယ်။လက်ရှိအချိန်မှာတော့ ၈၈ ကျောင်းသားဟောင်းတွေက သီးခြားပါတီတစ်ရပ်အနေနဲ့ လာမည့် ၂၀၂၀ ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ဖို့ ပြင်လာတဲ့အတွက် လက်ရှိ အာဏာရပါတီအပေါ် အားမလိုအားမရဖြစ်တဲ့ လူငယ်ထုရဲ့ မဲတွေက NL Dဆီကို တင်းပြည့်ကျပ်ပြည့် မရောက်ဘဲ  ဒီမိုကရက်တစ်တွေ မဲကွဲမယ့် အခြေအနေကို ရောက်နေပါတယ်။ဒီလိုဘဲ ပြည်ခိုင်ဖြိုးကို ထောက်ခံတဲ မဲတွေကလည်း မကြာခင်က ပါတီထောင်ဖို့ အသံထွက်လာတဲ့ စစ်ဗိုလ်ချုပ်ဟောင်းတွေ ထူထောင်မယ့် ပါတီဆီကို ပြန့်သွားမယ့်သဘော ရှိနေတဲ့အတွက် အဲဒီကာလမှာ ဒေသစွဲလူမျိုးစွဲကြီးတဲ့ တိုင်းရင်းသားဒေသတွေမှာ တိုင်းရင်းသားပါတီတွေဘဲ အားကောင်းလာဖို့ သေချာနေပါတယ်။

ဘယ်ပါတီတက်တက် ပြဿနာမရှိဘူးလို့ ဆိုပေမယ့် ပြည်သူလူထုတွေအားလုံး စိုးရိမ်နေတာက လက်ရှိ အရှိန်ရစပြုနေတဲ့ ပြုပြင်ပြောင်းလဲမှုက ၂၀၂၀ မှာ အစိုးရအပြောင်းအလဲဖြစ်ခဲ့ရင် ရပ်တန့်သွားမလားဆိုတဲ့ ကိစ္စပဲ ဖြစ်ပါတယ်။လက်ရှိ အာဏာရပါတီဖြစ်တဲ့ NLD ပါတီအနေနဲ့ မမျှော်လင့်ထားတဲ့ အကြပ်အတည်းတွေ၊ ပဋိပက္ခတွေနဲ့ ရင်ဆိုင်ခဲ့ရတဲ့အတွက် နိုင်ငံရေးနဲ့ စီးပွားရေး ကဏ္ဍတွေမှာ ထင်သလို အောင်မြင်မှုမရသေးဘဲ တချို့ကဏ္ဍလေးတွေမှာသာ အောင်မြင်မှုရသေးတဲ့အတွက် ယခုကာလဟာ NLD ရဲ့ သက်တမ်းတစ်လျှောက်မှာ လူကြိုက်အနည်းဆုံး ဖြစ်နေပါတယ်။ဒီရလဒ်တွေဟာ နိုဝင်ဘာ ၃ ရက်နေ့က ကျင်းပခဲ့တဲ့ ၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲက သက်သေပြလို့နေခဲ့ပါတယ်။

နှစ်ပေါင်းများစွာ ပြည်သူများ တောင့်တခဲ့သည့် ဒီမိုကရေစီအစိုးရတစ်ရပ်ကို ၂၀၁၅ ရွေးကောက်ပွဲကနေ တင်မြှောက်ထားနိုင်ခဲ့ပေမယ့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကြောင့် ရှိသင့်ရှိထိုက်တဲ့ ဒီမိုကရေစီစနစ် ဖြစ်ထွန်းလာရန်အတွက်မူ အခက်အခဲများရှိနေဆဲ ဖြစ်ပါတယ်။လက်ရှိ အရပ်သားအစိုးရလက်ထက်မှာ ပြည်သူများ လိုလားသည့် ဒီမိုကရေစီစနစ် ဖော်ဆောင်ရန် အခြေခံကျတဲ့ တရားဥပဒေစိုးမိုးမှုမှာ လိုအပ်ချက်များစွာ ရှိနေသကဲ့သို့  သက်တမ်းနုနယ်တဲ့ ၃ နှစ်သား အရပ်သားအစိုးရလက်ထက် ရခိုင်မြောက်ပိုင်းလို ပြဿနာတွေကြောင့် နိုင်ငံတကာပဋိပက္ခများ၊ ပြည်တွင်းအမျိုးသားရေးလှုပ်ရှားမှု ပြဿနာများကြောင့် ဒီမိုကရေစီခရီးလမ်းက ထင်သလောက် လမ်းမပေါက်ခဲ့သေးပါဘူး။

ဆန့်ကျင်ဘက်အင်အားစုတွေရဲ့ လှုံ့ဆော်မှုတွေကြောင့် စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေးတွေမှာ မတည်ငြိမ်မှုတွေဖြစ်နေလို့ ဒီမိုကရေစီဖြစ်ထွန်းရန် အခြေခံလိုအပ်ချက်ဖြစ်တဲ့ တရားဥပဒေစိုးမိုးရေးက ယခုထိဝေဝါးနေဆဲ ဖြစ်နေပါတယ်။ဒီမိုကရေစီစနစ် ဆက်လက်တည်တံ့ ဖြစ်ထွန်းဖို့ဆိုရင် လာမည့် ၂၀၂၀ ရွေးကောက်ပွဲမှာ လူပုဂ္ဂိုလ်ကိုးကွယ်မှုထက် ဒီမိုကရေစီကျင့်သုံးမယ့် ပါတီတွေ ဆက်အားကောင်းနေဖို့ အရေးကြီးနေပါတယ်။

မညီညွတ်မှုနဲ့ အသားကျနေတဲ့ မြန်မာနိုင်ငံမှာ အားကောင်းတဲ့ ဒီမိုကရေစီပါတီတွေ ၂၀၂၀ မတိုင်မီ ဘာတွေကွဲလွဲမှုတွေ ရှိလာဦးမလဲ၊ ၂၀၁၅ အောင်မြင်မှုအပေါ် မိန်းမောနေတဲ့ ဒီမိုကရက်တစ်တွေ အချိန်မီ ပြန်နိုးထလာနိုင်ပါ့မလားဆိုတာ လာမယ့် ၂၀၂၀ ရဲ့ အဖြေပါဘဲ။

ပြည်သူကတော့ ……………။

ပြေသိမ်း
Photo Credit : Global Risk Insight

( Zawgyi )

၂၀၁၅ အေထြေထြေ႐ြးေကာက္ပြဲမွာ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္က ေသာင္ၿပိဳကမ္းၿပိဳ အႏိုင္ရခဲ့မႈေၾကာင့္ လႊတ္ေတာ္ႏွစ္ရပ္အတြင္း ကိုယ္စားလွယ္အမ်ားစု ေနရာကို ရယူႏိုင္ခဲ့သလို အာဏာရလာၿပီးေနာက္ပိုင္းမွာလည္း ပါတီမွ လူအနည္းငယ္သာ ထည့္သြင္းၿပီး အတတ္ပညာရွင္၊ အသိပညာရွင္ေတြနဲ႔ အစိုးရအဖြဲ႕ကို ဖြဲ႕စည္းႏိုင္ခဲ့ပါတယ္။
ထို႔ေနာက္ NLD အစိုးရလက္ထက္ သက္တမ္း သုံးႏွစ္တာကာလအတြင္းမွာလည္း ၾကားျဖတ္ေ႐ြးေကာက္ပြဲ ႏွစ္ႀကိမ္က်င္းပခဲ့ပါတယ္။ပထမအႀကိမ္က အေထြေထြေ႐ြးေကာက္ပြဲ က်င္းပၿပီး တစ္ႏွစ္ခြဲခန႔္အၾကာ ၂၀၁၇ ခုႏွစ္၊ ဧၿပီ ၁ ရက္က က်င္းပခဲ့တာျဖစ္ၿပီး ဒုတိယအႀကိမ္ကေတာ့ ၿပီးခဲ့တဲ့ ႏိုဝင္ဘာ ၃ ရက္က က်င္းပခဲ့တာပါ။

သို႔ေသာ္လည္း ၿပီးခဲ့တဲ့ ၂၀၁၇ ၾကားျဖတ္ေ႐ြးေကာက္ပြဲနဲ႔ ယခု ၂၀၁၈ ခုႏွစ္၊ ႏိုဝင္ဘာ ၃ ရက္ေန႔က က်င္းပခဲ့တဲ့ ၾကားျဖတ္ေ႐ြးေကာက္ပြဲေတြမွာ NLD ပါတီရဲ႕ မဲအႏိုင္ရရွိမႈက သိသာစြာက်ဆင္းခဲ့ၿပီး အတိုက္အခံ ႏိုင္ငံေရးပါတီႏွင့္ တိုင္းရင္းသားပါတီေတြ အားေကာင္းလာခဲ့ပါတယ္။၂၀၁၅ အေထြေထြေ႐ြးေကာက္ပြဲၿပီး တစ္ႏွစ္ခြဲခန႔္ (တစ္ႏွစ္နဲ႔ငါးလ) အၾကာ ၂၀၁၇ ခုႏွစ္၊ ဧၿပီ ၁ ရက္မွာ က်င္းပတဲ့ ၾကားျဖတ္ေ႐ြးေကာက္ပြဲရဲ႕ လစ္လပ္မဲဆႏၵနယ္ (၁၉) ေနရာမွာ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ (NLD) က ကိုးေနရာ၊ ရွမ္းတိုင္းရင္းသားမ်ား ဒီမိုကေရစီအဖြဲ႕ခ်ဳပ္ (SNLD) က ေျခာက္ေနရာ၊ ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ ဖြံ႕ၿဖိဳးေရးပါတီ (USDP) က ႏွစ္ေနရာ၊ ရခိုင္အမ်ိဳးသားပါတီ (ANP) နဲ႔ လူမ်ိဳးေပါင္းစုံ ဒီမိုကေရစီပါတီ ကယားျပည္နယ္ (ANDP-Kayar State) တို႔က တစ္ေနရာစီ အႏိုင္ရရွိခဲ့တာ ျဖစ္ပါတယ္။ထိုမွတစ္ဖန္ ၿပီးခဲ့တဲ့ ႏိုဝင္ဘာ ၃ ရက္က က်င္းပတဲ့ ၾကားျဖတ္ေ႐ြးေကာက္ပြဲရဲ႕ လစ္လပ္မဲဆႏၵနယ္ (၁၃) ေနရာမွာလည္း ဒီခ်ဳပ္က ခုနစ္ေနရာႏိုင္ၿပီး ေျခာက္ေနရာမွာ ရႈံးနိမ့္ခဲ့ျပန္ပါတယ္။

ဒီရလဒ္ဟာ ရာခိုင္ႏႈန္းနဲ႔ တြက္မယ္ဆိုရင္ ၅၀ ရာခိုင္ႏႈန္းသာသာပဲ ရွိပါတယ္။အဲဒီရႈံးနိမ့္ခဲ့တဲ့ ေျခာက္ေနရာထဲမွာ ၂၀၁၅ အေထြေထြေ႐ြးေကာက္ပြဲတုန္းက အႏိုင္ရရွိခဲ့တဲ့ေနရာ ေလးေနရာ ပါဝင္ခဲ့တာဟာလည္း NLD အတြက္ သတိေပးေခါင္းေလာင္း ထိုးလိုက္တာျဖစ္တယ္လို႔ ႏိုင္ငံေရးေလ့လာသူေတြက သုံးသပ္ခဲ့ၾကပါတယ္။

ဒီလိုျဖစ္လာတဲ့အတြက္ လာမယ့္၂၀၂၀ ခုႏွစ္၊ အေထြေထြေ႐ြးေကာက္ပြဲႀကီးမွာ အာဏာရပါတီျဖစ္တဲ့ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီ ၂၀၁၅ တုန္းကလို ေသာင္ၿပိဳကမ္းၿပိဳ အႏိုင္ရႏိုင္ပါဦးမလား၊ ဘယ္ပါတီေတြ အႏိုင္ရပါတီအျဖစ္ ေပၚထြက္လာမလဲဆိုတာ စိတ္ဝင္စားစရာ ျဖစ္လာခဲ့ပါတယ္။

အာဏာရပါတီ NLD ရဲ႕ ဗဟိုျပန္ၾကားေရးေကာ္မတီ၊ အတြင္းေရးမႉးျဖစ္သူ မုံ႐ြာဦးေအာင္ရွင္ ကေတာ့ ယခုက်င္းပခဲ့တဲ့ ၂၀၁၈ ၾကားျဖတ္ေ႐ြးေကာက္ပြဲ ရလဒ္ဟာ NLD ပါတီအတြက္ေတာ့ ေမွ်ာ္လင့္ထားတဲ့ရလဒ္ မဟုတ္သလို၊ ပါတီအတြက္ ၂၀၂၀  အေထြေထြေ႐ြးေကာက္ပြဲႀကီးအတြက္ ေခါင္းေလာင္းထိုး သတိေပးလိုက္တာ ျဖစ္တယ္လို႔ ေျပာၾကားမႈေတြ ရွိခဲ့ပါတယ္။

ေစာင့္ၾကည့္သူအမ်ားစုကေတာ့ ဒီခ်ဳပ္အစိုးရက၂၀၁၅ ေ႐ြးေကာက္ပြဲတုန္းက ျပည္သူကိုေပးထားတဲ့ ေ႐ြးေကာက္ပြဲ ေၾကညာစာတမ္း ကတိကဝတ္ကို အစိုးရသက္တမ္းကာလ သုံးႏွစ္အတြင္းမွာ ထိထိေရာက္ေရာက္ ေဖာ္ေဆာင္ႏိုင္ျခင္း မရွိတာ၊ NLD အစိုးရရဲ႕ အခ်ိဳ႕ေသာ ျပဳျပင္ေျပာင္းလဲမႈေတြက အံံဝင္ဂြင္က်မႈ မရွိခဲ့တာေၾကာင့္ အရွိန္ရေနတဲ့ စီးပြားေရးနဲ႔ တိုင္းရင္းသားအေရးေတြမွာ တန႔္ခဲ့ရတာေတြေၾကာင့္ ၂၀၁၈ ခုႏွစ္၊ ၾကားျဖတ္ေ႐ြးေကာက္ပြဲမွာ NLD ပါတီအေနနဲ႔ ေမွ်ာ္မွန္းထားသေလာက္ ရလဒ္ေတြ မရရွိခဲ့တာလို႔ ေကာက္ခ်က္ခ်ခဲ့ၾကပါတယ္။

NLD ပါတီမွ မုံ႐ြာဦးေအာင္ရွင္ ကေတာ့  “NLD ပါတီအတြက္ေတာ့ ဒီရလဒ္ဟာ ေမွ်ာ္လင့္ထားတဲ့ရလဒ္ မဟုတ္ဘူး။ပါတီအတြက္ ၂၀၂၀  အတြက္ ေခါင္းေလာင္းထိုးလိုက္တာပါဘဲ၊ သတိေပးလိုက္တာပါဘဲလို႔ ေျပာခ်င္ပါတယ္။တစ္နည္းအားျဖင့္ေတာ့ ေဘာလုံးစကားနဲ႔ေျပာရင္ ဝီစီမႈတ္လိုက္တာေပါ့ဗ်ာ။ကြၽန္ေတာ့္အေနနဲ႔ ေျပာခ်င္တာက ျပည္သူလူထုလည္း ဒီလိုဘဲစိုးရိမ္ၾကတာပါဘဲ။NLD ကို လိုလားတဲ့သူေတြလည္း စိုးရိမ္ၾကတာပါဘဲ။အဲဒီအတြက္ ေျပာလိုက္တာပါဘဲေကာင္းၿပီး စိုးရိမ္တာေလာက္နဲ႔ေတာ့ မၿပီးဘူး။ဘယ္လိုျပဳျပင္မလဲ၊ ဘယ္လိုသင္ခန္းစာထုတ္မလဲ။ဘယ္လိုအေျပာင္းအလဲေတြ လုပ္ႏိုင္မလဲဆိုတာကို ကြၽန္ေတာ္တို႔ စဥ္းစားၾကရပါတယ္။အဲဒါေၾကာင့္ ဒီအရႈံးအေပၚမွာ အေျဖရွာတဲ့အခါမွာ အျပစ္တင္တဲ့နည္းနဲ႔ အေျဖကိုမရွာဘူး။ကုစားတဲ့နည္းနဲ႔ အေျဖကိုရွာတယ္။အေျဖရွာတဲ့အခါ ပါတီထဲမွာ ျပဳျပင္စရာေတြ အမ်ားႀကီးရွိတယ္ဆိုတာကို ကြၽန္ေတာ္တို႔ သြားေတြ႕တယ္။ပါတီရယ္၊ အစိုးရရယ္၊ လႊတ္ေတာ္ရယ္ ဒီေဒါက္တိုင္သုံးခု ညီဖို႔အေရးႀကီးတယ္။ဒီေဒါက္တိုင္သုံးခု အလုပ္ လုပ္ႏိုင္ဖို႔ အေရးႀကီးတယ္။ျပည္သူလူထုနဲ႔ ထပ္တူက်ႏိုင္ဖို႔ အေရးႀကီးတယ္။သို႔ေသာ္လည္း ဒီကေန႔မွာ ဒီေဒါက္တိုင္သုံးခုရဲ႕ အားနည္းခ်က္လို႔ဘဲ တြက္တယ္။ဒါေၾကာင့္မို႔ ဒီေဒါက္တိုင္သုံးခုကို ဘယ္လိုျပဳျပင္မလဲဆိုတာကို ဒါကိုလည္း စဥ္းစားရမွာပါ” လို႔ ေျပာၾကားခဲ့ပါတယ္။

ဒီၾကားျဖတ္ေ႐ြးေကာက္ပြဲမွာ အႏိုင္ရတဲ့ ရာခိုင္ႏႈန္းတိုးတက္လာတဲ့ ျပည္ခိုင္ၿဖိဳးပါတီက ေျပာေရးဆိုခြင့္ရွိသူ ဦးသိန္းထြန္းဦး ကေတာ့ “ျပည္သူကို ေပးထားတဲ့ ကတိကဝတ္ကို လုပ္ႏိုင္၏၊ မလုပ္ႏိုင္၏၊ အက်ိဳးျဖစ္ထြန္း၏၊ အက်ိဳးမျဖစ္ထြန္း၏ ဆိုတာက ေန႔စဥ္ျဖတ္သန္းေနရတဲ့ ျပည္သူတို႔ဘဝေတြေပၚမွာ မူတည္ၿပီး အကဲျဖတ္ဆုံးျဖတ္ေနတာ ျဖစ္သလို ျပည္ခိုင္ၿဖိဳးပါတီက ၂၀၂၀ မွာ အစိုးရျဖစ္လာလို႔ရွိရင္ေတာ့ ျပည္သူကို ေပးထားတဲ့ ကတိေတြကို ဘယ္ေတာ့မွ အပ်က္မခံပါဘူး” လို႔ ဆိုပါတယ္။

ၾကားျဖတ္ကေပးတဲ့ သင္ခန္းစာ

ဒီၾကားျဖတ္မွာ NLD ပါတီ ရႈံးနိမ့္ခဲ့တဲ့ ေျခာက္ေနရာကိုျ ကည့္မယ္ဆိုရင္ ျပည္သူ႔လႊတ္ေတာ္ တစ္ေနရာ၊ အမ်ိဳးသားလႊတ္ေတာ္ တစ္ေနရာ၊ တိုင္းေဒသႀကီးလႊတ္ေတာ္ ႏွစ္ေနရာနဲ႔ ျပည္နယ္လႊတ္ေတာ္ ႏွစ္ေနရာ ပါဝင္ခဲ့တာကို ေတြ႕ရပါတယ္။

အတိုက္အခံပါတီျဖစ္တဲ့ ျပည္ခိုင္ၿဖိဳးပါတီ မဲရရွိမႈက ယခင္ကထက္ တက္လာၿပီး ယခုၾကားျဖတ္ေ႐ြးေကာက္ပြဲမွာ အႏိုင္ရရွိမႈက ၂၃ ရာခိုင္ႏႈန္းအထိ ရွိခဲ့ပါတယ္။ဒါေၾကာင့္လည္း ေအာင္ျမင္မႈနဲ႔ သာယာေနတဲ့သူေတြကို ဆိုလိုတဲ့ “သင္ခန္းစာရသြားတာေပါ့” ဆိုတဲ့ စကားကို NLD ပါတီ ဒုတိယဥကၠ႒နဲ႔ မႏၲေလးတိုင္း ဝန္ႀကီးခ်ဳပ္လည္းျဖစ္တဲ့ ေဒါက္တာေဇာ္ျမင့္ေမာင္ က ဆိုခဲ့တာပါ။

လာမယ့္ ၂၀၂၀ မွာေတာ့ ယခုၾကားျဖတ္ေ႐ြးေကာက္ပြဲကဲ့သို႔ ဖ႐ိုဖရဲမျဖစ္ေစေအာင္ မူဝါဒသစ္ေတြ ခ်မွတ္ထားၿပီးျဖစ္တယ္လို႔ NLD ပါတီက မုံ႐ြာဦးေအာင္ရွင္ က ၿပီးခဲ့တဲ့ ႏိုဝင္ဘာ ၂၅ ရက္က ျပဳလုပ္ခဲ့တဲ့ Orchid ေရေႏြးၾကမ္းစကားဝိုင္းမွာ ေျပာၾကားခဲ့ပါတယ္။ဒီလိုခ်မွတ္ရာမွာ ပါတီတြင္း မူဝါဒ၊ သစၥာရွိမႈ၊ ပညာတတ္ျဖစ္မႈ စတဲ့ အခ်က္ေတြနဲ႔ သတ္မွတ္ထားတယ္လို႔ မုံ႐ြာဦးေအာင္ရွင္ က ဆိုပါတယ္။

ဒါေပမယ့္ စစ္အစိုးရလက္ထက္ တစ္ေလွ်ာက္လုံး တစ္သားတည္းရပ္တည္ခဲ့တဲ့ ဒီခ်ဳပ္နဲ႔ သတင္းသမားေတြၾကား အေစးကပ္မႈဟာ ဒီခ်ဳပ္အာဏာရလာခ်ိန္မွာ  ျပဒါးတစ္လမ္း သံတစ္လမ္းသဖြယ္ ျဖစ္လာခဲ့ပါတယ္။

အထူးသျဖင့္ NLD ပါတီ အစိုးရအဖြဲ႕ဝင္ေတြ၊ ပါတီဝင္ေတြကို ေဝဖန္တဲ့သူေတြ၊ မီဒီယာေတြကို ဆက္သြယ္ေရးပုဒ္မ - ၆၆ (ဃ) နဲ႔ တရားစြဲဆိုတာေတြ၊ ပုဒ္မ ၅၅ (ခ) နဲ႔ တရားစြဲတာေတြက NLD လႊတ္ေတာ္ကိုယ္စားလွယ္အခ်ိဳ႕ကို ပါတီတာဝန္မွ ရပ္ဆိုင္းခဲ့တဲ့ ျဖစ္စဥ္ေတြ အပါအဝင္ ဘဂၤါလီအေရးကိစၥ၊ ထင္သေလာက္ ခရီးမေပါက္ေသးတဲ့ ၿငိမ္းခ်မ္းေရးကိစၥေတြဟာလည္း NLD အစိုးရနဲ႔ပါတီကို လူထုေထာက္ခံမႈ က်ဆင္းေစခဲ့တယ္လို႔ ႏိုင္ငံေရးေလ့လာသုံးသပ္သူေတြက ဆိုပါတယ္။

ဒါေၾကာင့္လည္း NLD အေနနဲ႔ ဒီၾကားျဖတ္ေ႐ြးေကာက္ပြဲကေန သတိေပး အခ်က္ျပလိုက္တဲ့ ေခါင္းေလာင္းသံေတြအေပၚ သတိမူၿပီး ျပင္ဆင္မႈေတြ ျပဳလုပ္သြားဖို႔လိုတယ္လို႔ ႏိုင္ငံေရးေလ့လာသူေတြက ဆိုပါတယ္။

ၫႊန႔္ေပါင္းအစိုးရ ျဖစ္လာဖို႔မ်ားေနတဲ့ ၂၀၂၀ အလြန္

လာမည့္ ၂၀၂၀ ေ႐ြးေကာက္ပြဲမွာ အာဏာလက္လႊတ္ခဲ့ရတဲ့ ျပည္ခိုင္ၿဖိဳးပါတီအေနနဲ႔ ၂၀၁၅ ခုႏွစ္ထက္ ေနရာပိုမိုရရွိႏိုင္မယ္လို႔ ထင္ျမင္ယူဆခ်က္ေတြ ရွိေနေပမယ့္လည္း ႏိုင္ငံေရးေလ့လာသုံးသပ္သူ အခ်ိဳ႕ကေတာ့ ျပည္နယ္ေတြမွာ တိုင္းရင္းသားပါတီေတြ အားေကာင္းေနလို႔ ၂၀၂၀ အလြန္ လႊတ္ေတာ္အခင္းအက်င္းက ယခုလို ႏွစ္ပါတီအားၿပိဳင္မႈထက္ ပါတီေပါင္းစုံ ပါဝင္လာႏိုင္မႈမ်ားၿပီး ၫြန႔္ေပါင္းအစိုးရ ဖြဲ႕စည္းရမယ့္ အေျခအေနတစ္ရပ္ ျဖစ္လာမယ္လို႔ ခန႔္မွန္းထားၾကပါတယ္။

“ပါတီႀကီးေတြတင္မဟုတ္ဘဲ တိုင္းရင္းသားပါတီေတြလည္း ပါဝင္လာၿပီး ၫႊန႔္ေပါင္းအစိုးရ ျဖစ္လာရင္ေတာ့ အေကာင္းဆုံးေပါ့ေလ။ဒါေပမယ့္ ပါတီေတြမွာ ရွိတဲ့သူေတြကလည္း အရည္အခ်င္းရွိဖု႔ိ လိုသလို အေတြ႕အႀကဳံရွိဖို႔လည္း လိုပါတယ္” လို႔ ဝါရင့္ႏိုင္ငံေရးသမား ဒီမိုကရက္တစ္ပါတီ (ျမန္မာ) ဥကၠ႒ ဦးသုေ၀ က သုံးသပ္ခဲ့ပါတယ္။  

ရခိုင္အမ်ိဳးသားပါတီ ANP ၏ ေျပာေရးဆိုခြင့္ရွိသူ ဦးထြန္းေအာင္ေက်ာ္ ကေတာ့ “ၿပီးခဲ့တဲ့ ၂၀၁၀ ေ႐ြးေကာက္ပြဲနဲ႔ ၂၀၁၅ ေ႐ြးေကာက္ပြဲမွာဆိုရင္ ပါတီႀကီးတစ္ခုကဘဲ ရာႏႈန္းျပည့္ အႏိုင္ရခဲ့တာရွိေပမယ့္ အခုလာမယ့္ ၂၀၂၀ ေ႐ြးေကာက္ပြဲက်ရင္ ကြၽန္ေတာ္တို႔ ခန႔္မွန္းတာက အဲဒီလိုအေျခအေနမ်ိဳး ျဖစ္ႏိုင္မယ္ မထင္ပါဘူး။၂၀၁၀ မွာလည္း ျပည္ခိုင္ၿဖိဳးပါတီက လြတ္လြတ္လပ္လပ္ အစိုးရဖြဲ႕ခဲ့တယ္။ဘာမွ ကြၽန္ေတာ္တို႔ကို အေၾကာင္းအရာမေပးဘူး။၂၀၁၅ မွာလည္း အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္က လြတ္လြတ္ကြၽတ္ကြၽတ္ အႏိုင္ရခဲ့တယ္။ေသာင္ၿပိဳကမ္းၿပိဳႏိုင္ခဲ့တယ္၊ အစိုးရျဖစ္လာတယ္။ဒါေပမယ့္ တိုင္းရင္းသားေတြ လိုခ်င္တဲ့ပုံစံမ်ိဳး စစ္မွန္တဲ့ဖက္ဒရယ္ပုံစံမ်ိဳး ကြၽန္ေတာ္တို႔ကို လုပ္ေပးတာမ်ိဳး မရွိခဲ့ဘူး။ဒါေၾကာင့္ ကြၽန္ေတာ္တို႔ ေမွ်ာ္လင့္တာကေတာ့ ၂၀၂၀ မွာ ၫႊန႔္ေပါင္းအစိုးရ ျဖစ္လာရင္ေတာ့ ေျပာင္းလဲႏိုင္မလားဆိုတဲ့ ေမွ်ာ္လင့္ခ်က္ေပါ့။လာမယ့္ ၂၀၂၀ မွာ ျပည္ခိုင္ၿဖိဳးပါတီရယ္၊ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီရယ္ ေနာက္တစ္ခုက (၈၈) ေက်ာင္းသားေဟာင္းေတြ ဦးစီးတဲ့ ျပည္သူ႔ပါတီဆိုတာလည္း ေပၚလာၿပီဆိုေတာ့ ၂၀၂၀ မွာ မဲကြဲႏိုင္မယ္လို႔ ယုံၾကည္တယ္။အဲ့ဒါေၾကာင့္ ၫႊန႔္ေပါင္းျဖစ္လာမယ္လို႔ ေျပာႏိုင္ပါတယ္” လို႔ ၎ရဲ႕ အျမင္ကို ေျပာျပခဲ့ပါတယ္။

ခ်င္းအမ်ိဳးသား ဒီမိုကေရစီအဖြဲ႕ခ်ဳပ္၊ ဥကၠ႒ ဦးဇိုဇမ္း ကေတာ့ အဓိကပါတီႀကီးႏွစ္ခုက တိုင္းရင္းသားပါတီေတြရဲ႕ မိတ္ဘက္ပါတီျဖစ္လို႔ သိပ္ျပႆနာမရွိဘူးလို႔ ဆိုပါတယ္။

“NLD နဲ႔ ျပည္ခိုင္ၿဖိဳးပါတီ ဆိုတာက ကြၽန္ေတာ္တို႔ တိုင္းရင္းသားေတြရဲ႕ မိတ္ဖက္ပါ။ကြၽန္ေတာ္တို႔ရဲ႕ ရန္သူေတြ မဟုတ္ပါဘူး။ကြၽန္ေတာ္တို႔ရဲ႕ မိတ္ဖက္ေတြဘဲ ျဖစ္တယ္၊ ကြၽန္ေတာ္တို႔ ျပည္ေထာင္စုႀကီးကို ဦးေဆာင္ဖို႔ မွန္းထားတဲ့ ပါတီႀကီးႏွစ္ခုပါ” လို႔ ေျပာၾကားခဲ့ပါတယ္။

အဓိက အတိုက္အခံပါတီ ျပည္ခိုင္ၿဖိဳးပါတီကေတာ့  ၂၀၂၀ ျပန္ေ႐ြးေကာက္ခံရဖို႔ အားထားေမွ်ာ္လင့္ေနပါတယ္။

“ကြၽန္ေတာ္တို႔ အစိုးရဖြဲ႕ႏိုင္တဲ့ အဆင့္အထိ ကြၽန္ေတာ္တို႔ ေမွ်ာ္မွန္းထားတယ္။ဒီေမွ်ာ္မွန္းခ်က္နဲ႔လည္း ကြၽန္ေတာ္တို႔ အစဥ္အၿမဲ ႀကိဳးစားေနတယ္။ျပည္သူေတြေပၚမွာ သစၥာေတြဆိုၿပီးေတာ့ အလုပ္ လုပ္ေနပါတယ္။အစိုးရဖြဲ႕ႏိုင္တယ္ဆိုလို႔ရွိရင္ လက္ရွိ ျပည္သူေတြ ႀကဳံေတြ႕ေနရတဲ့ ကုန္ေဈးႏႈန္းေတြ ႀကီးျမင့္မႈေတြကို ကြၽန္ေတာ္တို႔ ကိုင္တြယ္မယ္။ေနာက္ၿပီးေတာ့ ျပည္သူလူထု ျဖစ္ေပၚခံစားေနရတဲ့ အခက္အခဲေတြကို ႐ုန္းထြက္ႏိုင္ေအာင္ ကြၽန္ေတာ္တို႔ အရင္ဆုံးလုပ္ပါမယ္။အဲ့ဒါေၾကာင့္မို႔ လုပ္သင့္လုပ္ထိုက္တဲ့ ေဆာင္႐ြက္မႈမွန္သမွ်၊ အေကာင္းဘက္ကို ဦးတည္တဲ့ ျပဳျပင္ေျပာင္းလဲမႈမွန္သမွ်ကို ေဆာင္႐ြက္သြားမွာပါ” လို႔ ျပည္ခိုင္ၿဖိဳးပါတီရဲ႕ေျပာေရးဆိုခြင့္ရွိသူ ဦးသိန္းထြန္းဦး က ဆိုပါတယ္။

၂၀၂၀ အလြန္ ႏိုင္ငံေရးအခင္းအက်င္းႏွင့္ ျပဳျပင္ေျပာင္းလဲေရး

ျမန္မာႏိုင္ငံေရးအ ခင္းအက်င္းက လာမည့္ ၂၀၂၀ ေ႐ြးေကာက္ပြဲ အလြန္မွာ ဘယ္လိုပုံစံမ်ိဳးနဲ႔ ျဖစ္လာဖို႔ရွိမလဲဆိုတာ ႏိုင္ငံေရးေလ့လာသူေတြနဲ႔ ျပည္သူအခ်ိဳ႕ၾကား စိတ္ဝင္စားစရာ၊ ေစာင့္ၾကည့္စရာ အခင္းအက်င္းတစ္ရပ္ ျဖစ္လာခဲ့ပါတယ္။အထူးသျဖင့္ လာမယ့္ ၂၀၂၀ အေထြေထြေ႐ြးေကာက္ပြဲမွာ NLD ပါတီရဲ႕ အမာခံမဲေတြ ဘယ္ေရာက္ႏိုင္လည္းဆိုတာ စိတ္ဝင္စားစရာ အေကာင္းဆုံးပုစာၦ ျဖစ္ေနပါတယ္။

ႏိုင္ငံေရးေလ့လာသူေတြကေတာ့ ၂၀၁၅ ခုႏွစ္ ေ႐ြးေကာက္ပြဲမွာ NLD ပါတီ ေအာင္ျမင္ခဲ့တာ။အထူးသျဖင့္ ပညာတတ္ လူငယ္ေတြရဲ႕ မဲကိုရခဲ့တာဟာ တစ္စိတ္တစ္ပိုင္းအေနနဲ႔ ၈၈ ေက်ာင္းသားေဟာင္းမ်ားရဲ႕ ပူးေပါင္းဝန္းရံမႈ က႑ေၾကာင့္လည္း ပါတယ္ဆိုပါတယ္။လက္ရွိအခ်ိန္မွာေတာ့ ၈၈ ေက်ာင္းသားေဟာင္းေတြက သီးျခားပါတီတစ္ရပ္အေနနဲ႔ လာမည့္ ၂၀၂၀ ေ႐ြးေကာက္ပြဲကို ဝင္ေရာက္ယွဥ္ၿပိဳင္ဖို႔ ျပင္လာတဲ့အတြက္ လက္ရွိ အာဏာရပါတီအေပၚ အားမလိုအားမရျဖစ္တဲ့ လူငယ္ထုရဲ႕ မဲေတြက NL Dဆီကို တင္းျပည့္က်ပ္ျပည့္ မေရာက္ဘဲ  ဒီမိုကရက္တစ္ေတြ မဲကြဲမယ့္ အေျခအေနကို ေရာက္ေနပါတယ္။ဒီလိုဘဲ ျပည္ခိုင္ၿဖိဳးကို ေထာက္ခံတဲ မဲေတြကလည္း မၾကာခင္က ပါတီေထာင္ဖို႔ အသံထြက္လာတဲ့ စစ္ဗိုလ္ခ်ဳပ္ေဟာင္းေတြ ထူေထာင္မယ့္ ပါတီဆီကို ျပန႔္သြားမယ့္သေဘာ ရွိေနတဲ့အတြက္ အဲဒီကာလမွာ ေဒသစြဲလူမ်ိဳးစြဲႀကီးတဲ့ တိုင္းရင္းသားေဒသေတြမွာ တိုင္းရင္းသားပါတီေတြဘဲ အားေကာင္းလာဖို႔ ေသခ်ာေနပါတယ္။

ဘယ္ပါတီတက္တက္ ျပႆနာမရွိဘူးလို႔ ဆိုေပမယ့္ ျပည္သူလူထုေတြအားလုံး စိုးရိမ္ေနတာက လက္ရွိ အရွိန္ရစျပဳေနတဲ့ ျပဳျပင္ေျပာင္းလဲမႈက ၂၀၂၀ မွာ အစိုးရအေျပာင္းအလဲျဖစ္ခဲ့ရင္ ရပ္တန႔္သြားမလားဆိုတဲ့ ကိစၥပဲ ျဖစ္ပါတယ္။လက္ရွိ အာဏာရပါတီျဖစ္တဲ့ NLD ပါတီအေနနဲ႔ မေမွ်ာ္လင့္ထားတဲ့ အၾကပ္အတည္းေတြ၊ ပဋိပကၡေတြနဲ႔ ရင္ဆိုင္ခဲ့ရတဲ့အတြက္ ႏိုင္ငံေရးနဲ႔ စီးပြားေရး က႑ေတြမွာ ထင္သလို ေအာင္ျမင္မႈမရေသးဘဲ တခ်ိဳ႕က႑ေလးေတြမွာသာ ေအာင္ျမင္မႈရေသးတဲ့အတြက္ ယခုကာလဟာ NLD ရဲ႕ သက္တမ္းတစ္ေလွ်ာက္မွာ လူႀကိဳက္အနည္းဆုံး ျဖစ္ေနပါတယ္။ဒီရလဒ္ေတြဟာ ႏိုဝင္ဘာ ၃ ရက္ေန႔က က်င္းပခဲ့တဲ့ ၂၀၁၈ ၾကားျဖတ္ေ႐ြးေကာက္ပြဲက သက္ေသျပလို႔ေနခဲ့ပါတယ္။

ႏွစ္ေပါင္းမ်ားစြာ ျပည္သူမ်ား ေတာင့္တခဲ့သည့္ ဒီမိုကေရစီအစိုးရတစ္ရပ္ကို ၂၀၁၅ ေ႐ြးေကာက္ပြဲကေန တင္ေျမႇာက္ထားႏိုင္ခဲ့ေပမယ့္ ၂၀၀၈ ဖြဲ႕စည္းပုံ အေျခခံဥပေဒေၾကာင့္ ရွိသင့္ရွိထိုက္တဲ့ ဒီမိုကေရစီစနစ္ ျဖစ္ထြန္းလာရန္အတြက္မူ အခက္အခဲမ်ားရွိေနဆဲ ျဖစ္ပါတယ္။လက္ရွိ အရပ္သားအစိုးရလက္ထက္မွာ ျပည္သူမ်ား လိုလားသည့္ ဒီမိုကေရစီစနစ္ ေဖာ္ေဆာင္ရန္ အေျခခံက်တဲ့ တရားဥပေဒစိုးမိုးမႈမွာ လိုအပ္ခ်က္မ်ားစြာ ရွိေနသကဲ့သို႔  သက္တမ္းႏုနယ္တဲ့ ၃ ႏွစ္သား အရပ္သားအစိုးရလက္ထက္ ရခိုင္ေျမာက္ပိုင္းလို ျပႆနာေတြေၾကာင့္ ႏိုင္ငံတကာပဋိပကၡမ်ား၊ ျပည္တြင္းအမ်ိဳးသားေရးလႈပ္ရွားမႈ ျပႆနာမ်ားေၾကာင့္ ဒီမိုကေရစီခရီးလမ္းက ထင္သေလာက္ လမ္းမေပါက္ခဲ့ေသးပါဘူး။

ဆန႔္က်င္ဘက္အင္အားစုေတြရဲ႕ လႈံ႕ေဆာ္မႈေတြေၾကာင့္ စီးပြားေရး၊ လူမႈေရး၊ ႏိုင္ငံေရးေတြမွာ မတည္ၿငိမ္မႈေတြျဖစ္ေနလို႔ ဒီမိုကေရစီျဖစ္ထြန္းရန္ အေျခခံလိုအပ္ခ်က္ျဖစ္တဲ့ တရားဥပေဒစိုးမိုးေရးက ယခုထိေဝဝါးေနဆဲ ျဖစ္ေနပါတယ္။ဒီမိုကေရစီစနစ္ ဆက္လက္တည္တံ့ ျဖစ္ထြန္းဖို႔ဆိုရင္ လာမည့္ ၂၀၂၀ ေ႐ြးေကာက္ပြဲမွာ လူပုဂၢိဳလ္ကိုးကြယ္မႈထက္ ဒီမိုကေရစီက်င့္သုံးမယ့္ ပါတီေတြ ဆက္အားေကာင္းေနဖို႔ အေရးႀကီးေနပါတယ္။

မညီၫြတ္မႈနဲ႔ အသားက်ေနတဲ့ ျမန္မာႏိုင္ငံမွာ အားေကာင္းတဲ့ ဒီမိုကေရစီပါတီေတြ ၂၀၂၀ မတိုင္မီ ဘာေတြကြဲလြဲမႈေတြ ရွိလာဦးမလဲ၊ ၂၀၁၅ ေအာင္ျမင္မႈအေပၚ မိန္းေမာေနတဲ့ ဒီမိုကရက္တစ္ေတြ အခ်ိန္မီ ျပန္ႏိုးထလာႏိုင္ပါ့မလားဆိုတာ လာမယ့္ ၂၀၂၀ ရဲ႕ အေျဖပါဘဲ။

ျပည္သူကေတာ့ ……………။

ေျပသိမ္း
Photo Credit : Global Risk Insight