【 သတင်းဆောင်းပါး 】 ရန်ကုန်ကို အကဲစမ်းနေတဲ့ လုံခြုံရေး

【 သတင်းဆောင်းပါး 】 ရန်ကုန်ကို အကဲစမ်းနေတဲ့ လုံခြုံရေး

အခုနောက်ပိုင်း ရန်ကုန်မြို့မှာ မှုခင်းဖြစ်ရပ်တွေဟာ မကြာခဏဆိုသလို ပေါ်ပေါက်လာကြပါတယ်။လွန်ခဲ့တဲ့ နိုဝင်ဘာ ၂၄ ရက်ကလည်း အလုံမြို့နယ်ထဲက G & G စတိုးဆိုင်ကို လူငယ်သုံးဦးက ဝင်ရောက်အကြမ်းဖက် ခြိမ်းခြောက်ပြီး လက်ကိုင်ဖုန်းတွေနဲ့ ရောင်းရငွေတွေ လုယူသွားတဲ့ ဖြစ်ရပ်တစ်ခု ပေါ်ပေါက်ခဲ့ပါတယ်။အဲ့ဒီဖြစ်စဉ် မတိုင်ခင်လေးမှာပဲ ဗဟိုအမျိုးသမီးဆေးရုံနားက ခြံတစ်ခြံမှာ ခြိမ်းခြောက် အကြမ်းဖက်တဲ့ ဖြစ်ရပ်တစ်ခု ပေါ်ပေါက်ခဲ့တာ သိကြမှာပါ။

နိုင်ငံခြားရုပ်ရှင်တွေထဲကလို ကြမ်းကြမ်းတမ်းတမ်းနဲ့ အက်ရှင်ဆန်ဆန် အကြမ်းဖက်လုပ်ရပ်တွေက ပုံစံအမျိုးမျိုးနဲ့ အခု ၂၀၁၈ ခုနှစ် အကုန်ပိုင်းမှာ ခပ်စိပ်စိပ်ဖြစ်လာတာကိုတော့ သတိပြုကြရမှာ ဖြစ်ပါတယ်။မကြာသေးတဲ့ လပိုင်းအတွင်းမှာ လှိုင်သာယာမြို့နယ်က အပြင်ပဒံကျေးရွာမှာ သေနတ်နဲ့ ပစ်သတ်သွားတဲ့ ဖြစ်စဉ်တွေ အပါအဝင် အုပ်စုလိုက် ခြိမ်းခြောက်ရိုက်နှက်တဲ့ ဖြစ်ရပ်တွေ၊ ဒီကြားထဲ အဓမ္မပြုကျင့်တဲ့ ကိစ္စတွေ၊ မုဒိမ်းမှုတွေ၊ ခိုးဆိုးနှိုက် အမှုတွေ၊ ပြည့်တန်ဆာ ဖမ်းမိတဲ့ အမှုတွေ၊ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိတဲ့ ဖြစ်ရပ်တွေကလည်း အများအပြားပေါ်ပေါက်ခဲ့ပါတယ်။

ဖွံ့ဖြိုးရေးအတွက် စိန်ခေါ်နေတဲ့ ဖြစ်ရပ်

ရန်ကုန်မြို့ဟာ စီးပွားရေးမြို့တော် ဖြစ်တာနဲ့အညီ ဖွံ့ဖြိုးရေးအတွက် အစီအမံတွေကို မဖြစ်မနေလုပ်ဆောင်ရမှာ ဖြစ်ပါတယ်။အခုနောက်ပိုင်း ၂၄ နာရီ ဖွင့်လှစ်တဲ့ အရောင်းဆိုင်တွေ ရှိလာသလို YBS ဘတ်စ်လိုင်းတွေမှာလည်း ၂၄ နာရီ ပြေးဆွဲတဲ့ လိုင်းတွေလည်း ရှိလာပြီး မကြာခင်ကာလထဲမှာ ခေတ်မီတဲ့ မြို့တော်ကြီးတစ်ခုရဲ့ အင်္ဂါရပ်တွေနဲ့အညီ ၂၄ နာရီ သွားလာလှုပ်ရှား လုပ်ကိုင်မှုတွေနဲ့ တိုးတက်မှုရောင်ခြည်တွေကို မြင်လာရမယ့် အခြေအနေမျိုး ဖြစ်လာခဲ့ပါတယ်။

အဲ့ဒီလို ၂၄ နာရီ လုပ်ကိုင်မှုတွေရဲ့ကြားမှာ မလိုလားအပ်တဲ့ အကြမ်းဖက်မှု အမှုအခင်း ဖြစ်ရပ်တွေက စိန်ခေါ်လို့ လာနေသလို အခြေအနေမျိုးကို ဖြစ်လာစေပါတယ်။

“တခြားနိုင်ငံတွေလိုမျိုး ဒီမှာလည်း နောက်ပိုင်းမှာ ၂၄ နာရီ သွားလာလှုပ်ရှားတာတွေနဲ့ ကျယ်ပြန့်လာမှာပါ၊ ဒါပေမဲ့လို့ မလိုလားအပ်တဲ့ ဒုစရိုက်မှုတွေ မဖြစ်အောင် ဘယ်လိုအစီအမံတွေနဲ့ သွားမလဲ ဒါကသိပ်အရေးကြီးပါတယ်၊ လုံခြုံရေး Plan ကို ခိုင်ခိုင်မာမာရှိဖို့က သိပ်အရေးကြီးပါတယ်” လို့ အငြိမ်းစားရဲမှူးကြီး တစ်ဦးဖြစ်တဲ့ ဦးကျော်ဝင်း က ပြောပါတယ်။

ရန်ကုန်မြို့ရဲ့ မြို့နယ်တစ်ချို့မှာ ၂၄ နာရီ ဖွင့်လှစ်တဲ့ အရောင်းဆိုင်တွေ၊ ဝန်ဆောင်မှုလုပ်ငန်းတွေလည်း ရှိလာသလို ဝန်ထမ်းတွေကိုလည်း အဆိုင်းလိုက်နဲ့ အလှည့်ကျ တာဝန်ချထားတဲ့ အခြေအနေတွေနဲ့ တွင်တွင်ကျယ်ကျယ် ဖြစ်စတော့ ပြုလာပါပြီ။
သို့သော်လည်း လုံခြုံရေးအစီအမံ အပိုင်းမှာတော့ ဖွင့်လှစ်လုပ်ကိုင်နေတဲ့ ဆိုင်ပိုင်ရှင်တွေ ကိုယ်တိုင်တောင်မှ အားနည်းနေသေးတဲ့ ဖြစ်ရပ်တွေက ရှိလို့နေပါတယ်။

ပြည်သူရဲ့ ပူးပေါင်းပါဝင်မှုက အရေးကြီး

ရန်ကုန်မြို့ရဲ့ လုံခြုံရေးစနစ်ကို ဆောင်ရွက်တဲ့အခါမှာ ရဲတပ်ဖွဲ့ဝင်တွေနဲ့အတူ ဒေသခံပြည်သူတွေရဲ့ ပူးပေါင်းပါဝင်မှုတွေကလည်း အင်မတန်မှ အရေးကြီးတယ်လို့ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့ ဒုတိယတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးဝင်းမင်းသိန်း က ပြည်သူကို ဗဟိုပြုသော ရဲလုပ်ငန်းစနစ်နဲ့ Emotional Intelligence For Law Enforcement သင်တန်းဆင်းပွဲမှာ ထုတ်ဖော်ပြောကြားပါတယ်။

ရန်ကုန်မြို့မှာ နေထိုင်တဲ့ လူဦးရေနဲ့ ရဲတပ်ဖွဲ့ဝင် အချိုးဟာ ညီမျှမှုမရှိတဲ့ အခြေအနေမျိုး ရှိတာကြောင့်လည်း ပြည်သူတွေရဲ့ အင်အားနဲ့ အကောင်အထည် ဖော်နေတာတွေလည်း ရှိပါတယ်။

“မြို့နယ် တစ်မြို့နယ်နဲ့ တစ်မြို့နယ်ကတော့ အချိုးအစား နည်းနည်းတော့ကွာတယ်၊ လှိုင်သာယာလိုမျိုးဆိုရင် ပျမ်းမျှ လူ ၂၀၀၀ လောက်မှာ ရဲတပ်ဖွဲ့ဝင် တစ်ဦးနှုန်းလောက်ပဲရှိတယ်၊ တစ်ချို့လူဦးရေနည်းတဲ့ မြို့နယ်တွေကျတော့ လူ ၉၀၀ လောက်မှာ တပ်ဖွဲ့ဝင် တစ်ဦးနှုန်းလောက် ရှိတယ်၊ ဒါတွေကို ခြုံကြည့်ရင် ရဲတပ်ဖွဲ့ဝင်တွေရဲ့ အင်အားဟာ ဒေသခံတွေရဲ့ လူဦးရေနဲ့ အချိုးချကြည့်ရင် အင်မတန် နည်းနေသေးတာပါပဲ၊ ဒါကြောင့်လည်း ပြည်သူကို ဗဟိုပြုတဲ့ စနစ်တွေနဲ့ အကောင်အထည် ဖော်နေကြတာ ဖြစ်ပါတယ်” လို့ သူက ပြောပါတယ်။

ရန်ကုန်တိုင်းဒေသကြီးထဲက မြို့နယ်အသီးသီးမှာရှိတဲ့ ရပ်ကွက်တွေမှာလည်း ရပ်ရွာအခြေပြုအဖွဲ့တွေရဲ့ ကင်းစခန်းတွေကို ရပ်ကွက်အသီးသီးမှာ ဖွင့်လှစ်ထားသလို မှုခင်းကျဆင်းရေးအတွက် ပြည်သူတွေဘက်မှလည်း ပူးပေါင်းဆောင်ရွက်လာတာတွေ ရှိပါတယ်။ဒါ့အပြင် ရဲတပ်ဖွဲ့ဘက်ကနေလည်း အခု ၂၀၁၈ ခုနှစ်ထဲမှာ Community Based Policing စီမံချက်ကို ခရိုင်၊ မြို့နယ်တွေလိုက် ဆောင်ရွက်နေပြီး လုံခြုံရေးကျိုးပေါက်မှု မဖြစ်အောင် ယာဉ်တန်းတွေနဲ့ ကင်းလှည့်တာတွေအဖြစ် စစ်ဆေးကြပ်မတ်တာတွေနဲ့ ဆောင်ရွက်နေလျက် ရှိပါတယ်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေနဲ့ တပ်ဖွဲ့ဝင်အင်အား မလုံလောက်မှုတွေကြောင့် နိုင်ငံတကာစံနှုန်း ၁ အချိုး ၃၀၀ မှ ၄၀၀ ခန့် မလုပ်နိုင်ဘဲ ၁ အချိုး ၁၃၀၀ ခန့်နဲ့ ပြည်သူ့လုံခြုံရေးတာဝန် ယူနေရတာ ဖြစ်ပါတယ်။လက်ရှိကာလမှာ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့အနေနဲ့ စွမ်းရည်မြှင့်သင်တန်းတွေကိုလည်း ရဲတပ်ဖွဲ့ဝင်တွေကို သင်ကြားနေသလို ခေတ်မီလက်နက်များ စနစ်တကျ ထားသိုထိန်းသိမ်းရေးနဲ့ ကျွမ်းကျင်စွာ ကိုင်တွယ်အသုံးပြု ပစ်ခတ်နိုင်ရေးအတွက် လေ့ကျင့်သင်ကြားတာတွေကိုလည်း လုပ်ဆောင်လျက် ရှိပါတယ်။

ခေတ်မီနည်းပညာတွေနဲ့ အစားထိုးရမယ့်အချိန်

အခုလို ဒေသခံဦးရေနဲ့ ရဲတပ်ဖွဲ့ဝင်တွေရဲ့ အချိုးမညီမျှမှုတွေအရ ခေတ်မီနည်းပညာတွေကို အသုံးချဖို့ အခွင့်အရေးတစ်ရပ်လို ဖြစ်လာပါတယ်။ရန်ကုန်တိုင်းဒေသကြီးထဲမှာ ရပ်ရွာအခြေပြု Community Based Policing စီမံချက်ကို အောင်မြင်စွာ ဆောင်ရွက်နိုင်ဖို့အတွက် ရပ်ရွာအခြေပြု ဆောင်ရွက်နေတဲ့ မြို့နယ် ၂၅ မြို့နယ်မှာတိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ ခွင့်ပြုရန်ပုံငွေကနေ ကျပ်သိန်း ၅၇၅၀ ကို ထောက်ပံ့ခဲ့တာကြောင့် စီစီတီဗွီ လုံခြုံရေးကင်မရာ ၂၅၁ လုံးတို့ကိုလည်း စီမံချက်နယ်မြေထဲက နေရာပေါင်း ၁၀၀ ကျော်မှာ တပ်ဆင်နိုင်ခဲ့ကြပါတယ်။

အဲ့ဒီ Community Based Policing စီမံချက်ကို ရန်ကုန်တိုင်းဒေသကြီးထဲက မြို့နယ်ပေါင်း ၄၅ မြို့နယ်မှာ ဆောင်ရွက်နိုင်ဖို့အတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ကျပ်သိန်း ၃၂၅၀ ကို ထပ်မံထောက်ပံ့ခဲ့တာကြောင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့အနေနဲ့ အစိုးရသစ်သက်တမ်း နှစ်နှစ်တာအတွင်းမှာ စုစုပေါင်းထောက်ပံ့ငွေဟာ ကျပ်သိန်း ၉၀၀၀ ရှိခဲ့တယ်လို့လည်း အစိုးရအဖွဲ့ နှစ်ပတ်လည်အစီရင်ခံစာ စာအုပ်မှာ အတိအလင်း ဖော်ပြထားပါတယ်။

“အခုခေတ်က အရင်နဲ့မတူတော့ဘူး၊ အရင်တုန်းကတော့ ရဲတပ်သားသစ်တွေအဖြစ်နဲ့ ဝင်တဲ့သူတွေများတယ်၊ အခုနောက်ပိုင်းမှာတော့ နည်းလာတဲ့သဘောမျိုး ဖြစ်လာတယ်၊ ဒါကလည်း စားဝတ်နေရေးကိစ္စတွေ အပါအဝင် အခြေအနေအများကြီးရဲ့ သက်ရောက်မှုတွေလို့ ယူဆရပါတယ်” လို့ အငြိမ်းစားရဲမှူးကြီး ဦးကျော်ဝင်း က ပြောပါတယ်။

ဒါ့အပြင် မြို့နယ်၊ ရပ်ကွက်တွေရဲ့ လမ်းဆုံလမ်းခွတွေနဲ့ အရောင်းဆိုင်တွေမှာလည်း စီစီတီဗွီ လုံခြုံရေးကင်မရာတွေကို အများအပြား တပ်ဆင်လာကြပါတယ်။

“ခက်တာက စီစီတီဗွီမှာလည်း ကျူးလွန်တဲ့ အဲ့ဒီလူကို တွေ့တယ်ဆိုပါစို့ဗျာ ဘယ်နားသွားပြီးရှာမလဲ၊ ချိတ်ဆက်မှုအပိုင်းတွေတော့ အားနည်းတယ်လို့ မြင်ပါတယ်၊ ပြစ်မှုကျူးလွန်သူရဲ့ ပုံကို မြို့အဝင်အထွက်နေရာတွေ အပါအဝင် တခြားစခန်းတွေနဲ့ ချိတ်ဆက်ပြီး ထိထိမိမိ ဖမ်းဆီးလုပ်ဆောင်နိုင်ဖို့ စနစ်အားနည်းသေးတယ်လို့ မြင်တယ်” လို့လည်း ကုမ္ပဏီတစ်ခုမှာ ဥပဒေအကြံပေးအဖြစ် လုပ်ဆောင်နေတဲ့ ဦးစိုးသန်း က ပြောပါတယ်။

ပြည်သူထိတ်လန့်နေဆဲ မေ့မေ့ပျောက်ပျောက် ဖြစ်ရပ်တွေ

ရန်ကုန်မှာ ဖြစ်ပွားခဲ့သော ထင်ရှားတဲ့ အမှုတွေထဲမှာ လူထုကြား မေ့မေ့ပျောက်ပျောက် ဖြစ်နေတဲ့ အမှုတွေ အများအပြား ရှိလို့နေပါတယ်။

ငါးလောင်းပြိုင် လူသတ်မှုတွေ၊ လေးလောင်းပြိုင် လူသတ်မှုတွေ အပါအဝင် ရဲတပ်ဖွဲ့က သတင်းစာရှင်းလင်းပွဲလုပ်ကာ သတင်းထုတ်ပြန်ရတဲ့ အမှုကြီးတွေမှာသတင်းထုတ်ပြန်မှုတွေအပေါ် ပြည်သူတစ်ချို့ရဲ့ ဝေဖန်မှုတွေလည်း ရှိပါတယ်။၂၀၁၆ နှစ်လယ်ပိုင်းမှာပဲ မင်္ဂလာဒုံမှာ ရဲအရာရှိ အပါအဝင် လေးလောင်းပြိုင် လူသတ်မှုတွေလို အမှုတွေကလည်း ပြည်သူတွေအတွက် ထိတ်လန့်စရာမျိုး ရှိနေသေးပါတယ်။အဲ့ဒီ၂၀၁၆ ခုနှစ်၊ ဧပြီ ၂၆ ရက် မနက် ၉ နာရီက ကြည့်မြင်တိုင်မြို့နယ်၊ ကရင်အမျိုးသားရပ်ကွက် ဦးလူနီလမ်းမှာ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာရွှေပြည် ရဲ့ နေအိမ်မှာ ဓားထောက်ခြိမ်းခြောက်ပြီး ငွေတောင်းယူတဲ့ ဖြစ်စဉ်ဟာ ဆိုရင်လည်း အခုမေ့ပျောက်သလိုတောင် ဖြစ်ခဲ့သလို ခြိမ်းခြောက်တဲ့ အလားတူဖြစ်ရပ်တွေဟာလည်း အလုံမြို့နယ်ထဲမှာ ကြုံခဲ့ဖူးတာကြောင့် ဒေသခံတွေရဲ့ စိုးရိမ်စိတ်တွေ မြင့်တက်နေတာကတော့ မဆန်းပါဘူး။

အဲ့ဒီလို အတိတ်ကဖြစ်ရပ်တွေအပေါ် သာဓကယူကာ ထိထိရောက်ရောက် ကိုင်တွယ်လုပ်ဆောင်နိုင်ပါက ပြည်သူတွေရဲ့ ချစ်ခင်မှု ယုံကြည်အားကိုးမှု စိတ်တွေကို တစ်ကျော့ပြန် သိမ်းပိုက်နိုင်တဲ့ အခြေအနေမျိုး ရှိနေတယ်လို့ ဥပဒေရေးရာ ကျွမ်းကျင်သူတွေက သုံးသပ်လာကြပါတယ်။ရန်ကုန်တိုင်းဒေသကြီးထဲမှာ ခုနစ်လတာ ကာလထဲ အမှုကြီးဖြစ်ပွားမှု ၂၅၅ မှု ရှိခဲ့ပြီး လူသတ်မှုနဲ့ မုဒိမ်းမှုတွေ အများဆုံးဖြစ်ပွားခဲ့ပါတယ်။အဲ့ဒီထဲမှာ လူသတ်မှု ၁၁၀ မှု၊ မုဒိမ်းမှု ၁၀၄ မှု၊ လုယက်မှု ၃၃ မှု၊ ဖောက်ထွင်းမှု ငါးမှု၊ ဓားပြမှုတစ်မှု ဖြစ်ပွားခဲ့ကာ ကြည့်မြင်တိုင်မြို့နယ်၊ ဦးလူနီလမ်းက ပြန်ပေးဆွဲပြီး ငွေယူဆောင်ထွက်ပြေးတဲ့ အမှုနဲ့ စမ်းချောင်းမြို့နယ် အောင်ချမ်းသာ (၆) လမ်းက ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ရဲ့ မိဘအိမ်မှာ နေအိမ်ထဲ ဝင်ခိုးတဲ့ သူခိုးက ဓားနဲ့ထိုးခဲ့တဲ့ အမှုတို့ အပါအဝင် အမှုတစ်ချို့ဟာတော့ ဒီကနေ့အထိ တရားခံနဲ့ ပတ်သက်ပြီး မိလား/မမိလား မသိရပါဘူး။အခုနောက်ပိုင်းဖြစ်ပွားတဲ့ လုယက်မှုကျူးလွန်သူ အများစုကို ဖမ်းဆီးရမိရာကနေ အရင်ကျူးလွန်ဖူးတဲ့ ပြစ်မှုဟောင်းတွေ ဖော်ထုတ်နိုင်ခဲ့တဲ့အပြင် YBS ကားတွေပေါ်မှာ ခါးပိုက်နှိုက်မှုတွေအတွက် ခရီးသည်အသွင်ယူကာ ဖမ်းဆီးတာတွေကို လုပ်ဆောင်လျက် ရှိပါတယ်။

“အခုနောက်ပိုင်း ဘတ်စ်ကားတွေပေါ်မှာ ခါးပိုက်နှိုက်တွေက အမျိုးသမီးငယ်လေးတွေ များတယ်၊ တစ်ချို့ဆိုရင် ထင်ရက်စရာတောင် မရှိဘူး၊ သုံး၊ လေးဦး အုပ်စုလိုက်ဆိုတော့ မြင်ပေမယ့် ကိုယ့်ကို တစ်ခုခုလုပ်သွားမှာစိုးလို့ ဝင်ပြီးမပြောရဲဘူး၊ ဒရိုင်ဘာကလည်း အခြေအနေကို သိတယ်တင်တယ်၊ ကိုယ့်အိတ်တွေကိုယ် သတိထားကြပါလို့ အသိပေးနေတာတွေတော့ ရှိပါတယ်” လို့လည်း YBS 58 ကားပေါ်မှာ ကိုယ်တိုင်မြင်ခဲ့ဖူးတဲ့ ဒေါ်သိန်းမြင့် က ပြောပြပါတယ်။

ခေတ်သစ်အပြောင်းအလဲနဲ့ သမိုင်းမှတ်တမ်း

အခုဆိုရင် ရဲတပ်ဖွဲ့ရဲ့ စွမ်းရည်မြင့်မားရေးအတွက် ဥရောပသမဂ္ဂ (EU) မှ သင်တန်းတွေပေးကာ အရည်အသွေးမြှင့်တင်လို့ လုပ်ဆောင်ခဲ့တာတွေရှိသလို အိမ်နီးချင်းနိုင်ငံ အချို့ကလည်း ယာဉ်တွေ၊ ပစ္စည်းကိရိယာတွေ ပံ့ပိုးကူညီတာတွေလည်း ရှိလာပါတယ်။

မြို့ပြရဲ့ ဖွံ့ဖြိုးမှုပြယုဂ်တွေကို အကျဉ်းတန်စေတဲ့ ဒုစရိုက်မှုလုပ်ရပ်တွေအတွက် ခေတ်သစ်ကာလမှာ ထိထိရောက်ရောက် စွမ်းဆောင်ကိုင်တွယ်ရင်း သမိုင်းမှတ်တမ်းသစ်တစ်ခု ရေးထိုးနိုင်အောင် ကြိုးပမ်းဖို့ လိုအပ်လာပါတယ်။အဲ့ဒီလိုဖြစ်ဖို့ဟာ အောက်ခြေအဆင့်ဆင့်ကို ထိထိရောက်ရောက်နဲ့ ကိုင်တွယ်ထိန်းကျောင်းဖို့ လိုလာပါတယ်။

“အခုဟာက ရုပ်ရှင်ထဲကအတိုင်းပဲ၊ ပွဲပြီးမှရောက်လာတယ်” လို့လည်း ဌာနဆိုင်ရာ အငြိမ်းစားအရာရှိတစ်ဦးဖြစ်တဲ့ ကိုစိုးမြင့်က  ပြောပါတယ်။ပြစ်မှုကျူးလွန်သူတွေကို ထိထိရောက်ရောက် အပြစ်ပေးပြီး အရေးယူဆောင်ရွက်တာတွေကို အချိန်နဲ့တပြေးညီ လုပ်ဆောင်နိုင်ဖို့ လိုပါတယ်။

အဲ့ဒီလို အပြစ်ကျူးလွန်သူတွေအတွက် ထွက်ပြေးရှောင်ပုန်းစရာ နေရာမရှိလောက်စေတဲ့ အခြေအနေမျိုး ဖြစ်လာစေဖို့ဆိုရင် အားနည်းနေတဲ့ ဌာနတွင်း အပါအဝင် အခြားသောဌာနတွေနဲ့ ချိတ်ဆက်မှုတွေကိုလည်း ပီပီပြင်ပြင်ဖြစ်ဖို့ လိုပါမယ်။ကင်းလှည့်တာတွေ ဆိုရင်လည်း ရောင်စုံမီးတန်းတွေဖွင့်ကာ တခမ်းတနားနဲ့ လုပ်ဆောင်ပြသနေတာတွေထက် ပြည်သူတွေရဲ့ကြားမှာ အသွင်ယူကာ စုံစမ်းလှည့်လည်တာမျိုးက ပိုပြီးထိရောက်စေပါလိမ့်မယ်။ဒါမှလည်း မြန်မာနိုင်ငံရဲ့ စီးပွားရေးမြို့တော်ကြီးဖြစ်တဲ့ ရန်ကုန်မြို့ကြီးဟာ ခေတ်မီဖွံ့ဖြိုးပြီး နေချင့်စဖွယ် မြို့တော်ကြီးဖြစ်စေဖို့ ရည်မှန်းလုပ်ဆောင်နေတဲ့ ရည်မှန်းချက် အစီအမံတွေ အထမြောက်ပြီး အောင်မြင်လာစေမှာ ဖြစ်ပါတယ်။

ဇွဲမာန်
Photo Credit : Yangon Police
နိုဝင်ဘာ - ၂၇

( Zawgyi )

အခုေနာက္ပိုင္း ရန္ကုန္ၿမိဳ႕မွာ မႈခင္းျဖစ္ရပ္ေတြဟာ မၾကာခဏဆိုသလို ေပၚေပါက္လာၾကပါတယ္။လြန္ခဲ့တဲ့ ႏိုဝင္ဘာ ၂၄ ရက္ကလည္း အလုံၿမိဳ႕နယ္ထဲက G & G စတိုးဆိုင္ကို လူငယ္သုံးဦးက ဝင္ေရာက္အၾကမ္းဖက္ ၿခိမ္းေျခာက္ၿပီး လက္ကိုင္ဖုန္းေတြနဲ႔ ေရာင္းရေငြေတြ လုယူသြားတဲ့ ျဖစ္ရပ္တစ္ခု ေပၚေပါက္ခဲ့ပါတယ္။အဲ့ဒီျဖစ္စဥ္ မတိုင္ခင္ေလးမွာပဲ ဗဟိုအမ်ိဳးသမီးေဆး႐ုံနားက ၿခံတစ္ၿခံမွာ ၿခိမ္းေျခာက္ အၾကမ္းဖက္တဲ့ ျဖစ္ရပ္တစ္ခု ေပၚေပါက္ခဲ့တာ သိၾကမွာပါ။

ႏိုင္ငံျခား႐ုပ္ရွင္ေတြထဲကလို ၾကမ္းၾကမ္းတမ္းတမ္းနဲ႔ အက္ရွင္ဆန္ဆန္ အၾကမ္းဖက္လုပ္ရပ္ေတြက ပုံစံအမ်ိဳးမ်ိဳးနဲ႔ အခု ၂၀၁၈ ခုႏွစ္ အကုန္ပိုင္းမွာ ခပ္စိပ္စိပ္ျဖစ္လာတာကိုေတာ့ သတိျပဳၾကရမွာ ျဖစ္ပါတယ္။မၾကာေသးတဲ့ လပိုင္းအတြင္းမွာ လႈိင္သာယာၿမိဳ႕နယ္က အျပင္ပဒံေက်း႐ြာမွာ ေသနတ္နဲ႔ ပစ္သတ္သြားတဲ့ ျဖစ္စဥ္ေတြ အပါအဝင္ အုပ္စုလိုက္ ၿခိမ္းေျခာက္႐ိုက္ႏွက္တဲ့ ျဖစ္ရပ္ေတြ၊ ဒီၾကားထဲ အဓမၼျပဳက်င့္တဲ့ ကိစၥေတြ၊ မုဒိမ္းမႈေတြ၊ ခိုးဆိုးႏႈိက္ အမႈေတြ၊ ျပည့္တန္ဆာ ဖမ္းမိတဲ့ အမႈေတြ၊ မူးယစ္ေဆးဝါးမ်ား ဖမ္းဆီးရမိတဲ့ ျဖစ္ရပ္ေတြကလည္း အမ်ားအျပားေပၚေပါက္ခဲ့ပါတယ္။

ဖြံ႕ၿဖိဳးေရးအတြက္ စိန္ေခၚေနတဲ့ ျဖစ္ရပ္

ရန္ကုန္ၿမိဳ႕ဟာ စီးပြားေရးၿမိဳ႕ေတာ္ ျဖစ္တာနဲ႔အညီ ဖြံ႕ၿဖိဳးေရးအတြက္ အစီအမံေတြကို မျဖစ္မေနလုပ္ေဆာင္ရမွာ ျဖစ္ပါတယ္။အခုေနာက္ပိုင္း ၂၄ နာရီ ဖြင့္လွစ္တဲ့ အေရာင္းဆိုင္ေတြ ရွိလာသလို YBS ဘတ္စ္လိုင္းေတြမွာလည္း ၂၄ နာရီ ေျပးဆြဲတဲ့ လိုင္းေတြလည္း ရွိလာၿပီး မၾကာခင္ကာလထဲမွာ ေခတ္မီတဲ့ ၿမိဳ႕ေတာ္ႀကီးတစ္ခုရဲ႕ အဂၤါရပ္ေတြနဲ႔အညီ ၂၄ နာရီ သြားလာလႈပ္ရွား လုပ္ကိုင္မႈေတြနဲ႔ တိုးတက္မႈေရာင္ျခည္ေတြကို ျမင္လာရမယ့္ အေျခအေနမ်ိဳး ျဖစ္လာခဲ့ပါတယ္။

အဲ့ဒီလို ၂၄ နာရီ လုပ္ကိုင္မႈေတြရဲ႕ၾကားမွာ မလိုလားအပ္တဲ့ အၾကမ္းဖက္မႈ အမႈအခင္း ျဖစ္ရပ္ေတြက စိန္ေခၚလို႔ လာေနသလို အေျခအေနမ်ိဳးကို ျဖစ္လာေစပါတယ္။

“တျခားႏိုင္ငံေတြလိုမ်ိဳး ဒီမွာလည္း ေနာက္ပိုင္းမွာ ၂၄ နာရီ သြားလာလႈပ္ရွားတာေတြနဲ႔ က်ယ္ျပန႔္လာမွာပါ၊ ဒါေပမဲ့လို႔ မလိုလားအပ္တဲ့ ဒုစ႐ိုက္မႈေတြ မျဖစ္ေအာင္ ဘယ္လိုအစီအမံေတြနဲ႔ သြားမလဲ ဒါကသိပ္အေရးႀကီးပါတယ္၊ လုံၿခဳံေရး Plan ကို ခိုင္ခိုင္မာမာရွိဖို႔က သိပ္အေရးႀကီးပါတယ္” လို႔ အၿငိမ္းစားရဲမႉးႀကီး တစ္ဦးျဖစ္တဲ့ ဦးေက်ာ္ဝင္း က ေျပာပါတယ္။

ရန္ကုန္ၿမိဳ႕ရဲ႕ ၿမိဳ႕နယ္တစ္ခ်ိဳ႕မွာ ၂၄ နာရီ ဖြင့္လွစ္တဲ့ အေရာင္းဆိုင္ေတြ၊ ဝန္ေဆာင္မႈလုပ္ငန္းေတြလည္း ရွိလာသလို ဝန္ထမ္းေတြကိုလည္း အဆိုင္းလိုက္နဲ႔ အလွည့္က် တာဝန္ခ်ထားတဲ့ အေျခအေနေတြနဲ႔ တြင္တြင္က်ယ္က်ယ္ ျဖစ္စေတာ့ ျပဳလာပါၿပီ။
သို႔ေသာ္လည္း လုံၿခဳံေရးအစီအမံ အပိုင္းမွာေတာ့ ဖြင့္လွစ္လုပ္ကိုင္ေနတဲ့ ဆိုင္ပိုင္ရွင္ေတြ ကိုယ္တိုင္ေတာင္မွ အားနည္းေနေသးတဲ့ ျဖစ္ရပ္ေတြက ရွိလို႔ေနပါတယ္။

ျပည္သူရဲ႕ ပူးေပါင္းပါဝင္မႈက အေရးႀကီး

ရန္ကုန္ၿမိဳ႕ရဲ႕ လုံၿခဳံေရးစနစ္ကို ေဆာင္႐ြက္တဲ့အခါမွာ ရဲတပ္ဖြဲ႕ဝင္ေတြနဲ႔အတူ ေဒသခံျပည္သူေတြရဲ႕ ပူးေပါင္းပါဝင္မႈေတြကလည္း အင္မတန္မွ အေရးႀကီးတယ္လို႔ ရန္ကုန္တိုင္းေဒသႀကီးရဲတပ္ဖြဲ႕ ဒုတိယတိုင္းေဒသႀကီး ရဲတပ္ဖြဲ႕မႉး ရဲမႉးႀကီးဝင္းမင္းသိန္း က ျပည္သူကို ဗဟိုျပဳေသာ ရဲလုပ္ငန္းစနစ္နဲ႔ Emotional Intelligence For Law Enforcement သင္တန္းဆင္းပြဲမွာ ထုတ္ေဖာ္ေျပာၾကားပါတယ္။

ရန္ကုန္ၿမိဳ႕မွာ ေနထိုင္တဲ့ လူဦးေရနဲ႔ ရဲတပ္ဖြဲ႕ဝင္ အခ်ိဳးဟာ ညီမွ်မႈမရွိတဲ့ အေျခအေနမ်ိဳး ရွိတာေၾကာင့္လည္း ျပည္သူေတြရဲ႕ အင္အားနဲ႔ အေကာင္အထည္ ေဖာ္ေနတာေတြလည္း ရွိပါတယ္။

“ၿမိဳ႕နယ္ တစ္ၿမိဳ႕နယ္နဲ႔ တစ္ၿမိဳ႕နယ္ကေတာ့ အခ်ိဳးအစား နည္းနည္းေတာ့ကြာတယ္၊ လႈိင္သာယာလိုမ်ိဳးဆိုရင္ ပ်မ္းမွ် လူ ၂၀၀၀ ေလာက္မွာ ရဲတပ္ဖြဲ႕ဝင္ တစ္ဦးႏႈန္းေလာက္ပဲရွိတယ္၊ တစ္ခ်ိဳ႕လူဦးေရနည္းတဲ့ ၿမိဳ႕နယ္ေတြက်ေတာ့ လူ ၉၀၀ ေလာက္မွာ တပ္ဖြဲ႕ဝင္ တစ္ဦးႏႈန္းေလာက္ ရွိတယ္၊ ဒါေတြကို ၿခဳံၾကည့္ရင္ ရဲတပ္ဖြဲ႕ဝင္ေတြရဲ႕ အင္အားဟာ ေဒသခံေတြရဲ႕ လူဦးေရနဲ႔ အခ်ိဳးခ်ၾကည့္ရင္ အင္မတန္ နည္းေနေသးတာပါပဲ၊ ဒါေၾကာင့္လည္း ျပည္သူကို ဗဟိုျပဳတဲ့ စနစ္ေတြနဲ႔ အေကာင္အထည္ ေဖာ္ေနၾကတာ ျဖစ္ပါတယ္” လို႔ သူက ေျပာပါတယ္။

ရန္ကုန္တိုင္းေဒသႀကီးထဲက ၿမိဳ႕နယ္အသီးသီးမွာရွိတဲ့ ရပ္ကြက္ေတြမွာလည္း ရပ္႐ြာအေျချပဳအဖြဲ႕ေတြရဲ႕ ကင္းစခန္းေတြကို ရပ္ကြက္အသီးသီးမွာ ဖြင့္လွစ္ထားသလို မႈခင္းက်ဆင္းေရးအတြက္ ျပည္သူေတြဘက္မွလည္း ပူးေပါင္းေဆာင္႐ြက္လာတာေတြ ရွိပါတယ္။ဒါ့အျပင္ ရဲတပ္ဖြဲ႕ဘက္ကေနလည္း အခု ၂၀၁၈ ခုႏွစ္ထဲမွာ Community Based Policing စီမံခ်က္ကို ခ႐ိုင္၊ ၿမိဳ႕နယ္ေတြလိုက္ ေဆာင္႐ြက္ေနၿပီး လုံၿခဳံေရးက်ိဳးေပါက္မႈ မျဖစ္ေအာင္ ယာဥ္တန္းေတြနဲ႔ ကင္းလွည့္တာေတြအျဖစ္ စစ္ေဆးၾကပ္မတ္တာေတြနဲ႔ ေဆာင္႐ြက္ေနလ်က္ ရွိပါတယ္။

ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕အေနနဲ႔ တပ္ဖြဲ႕ဝင္အင္အား မလုံေလာက္မႈေတြေၾကာင့္ ႏိုင္ငံတကာစံႏႈန္း ၁ အခ်ိဳး ၃၀၀ မွ ၄၀၀ ခန႔္ မလုပ္ႏိုင္ဘဲ ၁ အခ်ိဳး ၁၃၀၀ ခန႔္နဲ႔ ျပည္သူ႔လုံၿခဳံေရးတာဝန္ ယူေနရတာ ျဖစ္ပါတယ္။လက္ရွိကာလမွာ ရန္ကုန္တိုင္းေဒသႀကီး ရဲတပ္ဖြဲ႕အေနနဲ႔ စြမ္းရည္ျမႇင့္သင္တန္းေတြကိုလည္း ရဲတပ္ဖြဲ႕ဝင္ေတြကို သင္ၾကားေနသလို ေခတ္မီလက္နက္မ်ား စနစ္တက် ထားသိုထိန္းသိမ္းေရးနဲ႔ ကြၽမ္းက်င္စြာ ကိုင္တြယ္အသုံးျပဳ ပစ္ခတ္ႏိုင္ေရးအတြက္ ေလ့က်င့္သင္ၾကားတာေတြကိုလည္း လုပ္ေဆာင္လ်က္ ရွိပါတယ္။

ေခတ္မီနည္းပညာေတြနဲ႔ အစားထိုးရမယ့္အခ်ိန္

အခုလို ေဒသခံဦးေရနဲ႔ ရဲတပ္ဖြဲ႕ဝင္ေတြရဲ႕ အခ်ိဳးမညီမွ်မႈေတြအရ ေခတ္မီနည္းပညာေတြကို အသုံးခ်ဖို႔ အခြင့္အေရးတစ္ရပ္လို ျဖစ္လာပါတယ္။ရန္ကုန္တိုင္းေဒသႀကီးထဲမွာ ရပ္႐ြာအေျချပဳ Community Based Policing စီမံခ်က္ကို ေအာင္ျမင္စြာ ေဆာင္႐ြက္ႏိုင္ဖို႔အတြက္ ရပ္႐ြာအေျချပဳ ေဆာင္႐ြက္ေနတဲ့ ၿမိဳ႕နယ္ ၂၅ ၿမိဳ႕နယ္မွာတိုင္းေဒသႀကီး အစိုးရအဖြဲ႕ရဲ႕ ခြင့္ျပဳရန္ပုံေငြကေန က်ပ္သိန္း ၅၇၅၀ ကို ေထာက္ပံ့ခဲ့တာေၾကာင့္ စီစီတီဗြီ လုံၿခဳံေရးကင္မရာ ၂၅၁ လုံးတို႔ကိုလည္း စီမံခ်က္နယ္ေျမထဲက ေနရာေပါင္း ၁၀၀ ေက်ာ္မွာ တပ္ဆင္ႏိုင္ခဲ့ၾကပါတယ္။

အဲ့ဒီ Community Based Policing စီမံခ်က္ကို ရန္ကုန္တိုင္းေဒသႀကီးထဲက ၿမိဳ႕နယ္ေပါင္း ၄၅ ၿမိဳ႕နယ္မွာ ေဆာင္႐ြက္ႏိုင္ဖို႔အတြက္ ရန္ကုန္တိုင္းေဒသႀကီး အစိုးရအဖြဲ႕က က်ပ္သိန္း ၃၂၅၀ ကို ထပ္မံေထာက္ပံ့ခဲ့တာေၾကာင့္ ရန္ကုန္တိုင္းေဒသႀကီး အစိုးရအဖြဲ႕အေနနဲ႔ အစိုးရသစ္သက္တမ္း ႏွစ္ႏွစ္တာအတြင္းမွာ စုစုေပါင္းေထာက္ပံ့ေငြဟာ က်ပ္သိန္း ၉၀၀၀ ရွိခဲ့တယ္လို႔လည္း အစိုးရအဖြဲ႕ ႏွစ္ပတ္လည္အစီရင္ခံစာ စာအုပ္မွာ အတိအလင္း ေဖာ္ျပထားပါတယ္။

“အခုေခတ္က အရင္နဲ႔မတူေတာ့ဘူး၊ အရင္တုန္းကေတာ့ ရဲတပ္သားသစ္ေတြအျဖစ္နဲ႔ ဝင္တဲ့သူေတြမ်ားတယ္၊ အခုေနာက္ပိုင္းမွာေတာ့ နည္းလာတဲ့သေဘာမ်ိဳး ျဖစ္လာတယ္၊ ဒါကလည္း စားဝတ္ေနေရးကိစၥေတြ အပါအဝင္ အေျခအေနအမ်ားႀကီးရဲ႕ သက္ေရာက္မႈေတြလို႔ ယူဆရပါတယ္” လို႔ အၿငိမ္းစားရဲမႉးႀကီး ဦးေက်ာ္ဝင္း က ေျပာပါတယ္။

ဒါ့အျပင္ ၿမိဳ႕နယ္၊ ရပ္ကြက္ေတြရဲ႕ လမ္းဆုံလမ္းခြေတြနဲ႔ အေရာင္းဆိုင္ေတြမွာလည္း စီစီတီဗြီ လုံၿခဳံေရးကင္မရာေတြကို အမ်ားအျပား တပ္ဆင္လာၾကပါတယ္။

“ခက္တာက စီစီတီဗြီမွာလည္း က်ဴးလြန္တဲ့ အဲ့ဒီလူကို ေတြ႕တယ္ဆိုပါစို႔ဗ်ာ ဘယ္နားသြားၿပီးရွာမလဲ၊ ခ်ိတ္ဆက္မႈအပိုင္းေတြေတာ့ အားနည္းတယ္လို႔ ျမင္ပါတယ္၊ ျပစ္မႈက်ဴးလြန္သူရဲ႕ ပုံကို ၿမိဳ႕အဝင္အထြက္ေနရာေတြ အပါအဝင္ တျခားစခန္းေတြနဲ႔ ခ်ိတ္ဆက္ၿပီး ထိထိမိမိ ဖမ္းဆီးလုပ္ေဆာင္ႏိုင္ဖို႔ စနစ္အားနည္းေသးတယ္လို႔ ျမင္တယ္” လို႔လည္း ကုမၸဏီတစ္ခုမွာ ဥပေဒအႀကံေပးအျဖစ္ လုပ္ေဆာင္ေနတဲ့ ဦးစိုးသန္း က ေျပာပါတယ္။

ျပည္သူထိတ္လန႔္ေနဆဲ ေမ့ေမ့ေပ်ာက္ေပ်ာက္ ျဖစ္ရပ္ေတြ

ရန္ကုန္မွာ ျဖစ္ပြားခဲ့ေသာ ထင္ရွားတဲ့ အမႈေတြထဲမွာ လူထုၾကား ေမ့ေမ့ေပ်ာက္ေပ်ာက္ ျဖစ္ေနတဲ့ အမႈေတြ အမ်ားအျပား ရွိလို႔ေနပါတယ္။

ငါးေလာင္းၿပိဳင္ လူသတ္မႈေတြ၊ ေလးေလာင္းၿပိဳင္ လူသတ္မႈေတြ အပါအဝင္ ရဲတပ္ဖြဲ႕က သတင္းစာရွင္းလင္းပြဲလုပ္ကာ သတင္းထုတ္ျပန္ရတဲ့ အမႈႀကီးေတြမွာသတင္းထုတ္ျပန္မႈေတြအေပၚ ျပည္သူတစ္ခ်ိဳ႕ရဲ႕ ေဝဖန္မႈေတြလည္း ရွိပါတယ္။၂၀၁၆ ႏွစ္လယ္ပိုင္းမွာပဲ မဂၤလာဒုံမွာ ရဲအရာရွိ အပါအဝင္ ေလးေလာင္းၿပိဳင္ လူသတ္မႈေတြလို အမႈေတြကလည္း ျပည္သူေတြအတြက္ ထိတ္လန႔္စရာမ်ိဳး ရွိေနေသးပါတယ္။အဲ့ဒီ၂၀၁၆ ခုႏွစ္၊ ဧၿပီ ၂၆ ရက္ မနက္ ၉ နာရီက ၾကည့္ျမင္တိုင္ၿမိဳ႕နယ္၊ ကရင္အမ်ိဳးသားရပ္ကြက္ ဦးလူနီလမ္းမွာ ၿမိဳ႕နယ္ဆရာဝန္ႀကီး ေဒါက္တာေ႐ႊျပည္ ရဲ႕ ေနအိမ္မွာ ဓားေထာက္ၿခိမ္းေျခာက္ၿပီး ေငြေတာင္းယူတဲ့ ျဖစ္စဥ္ဟာ ဆိုရင္လည္း အခုေမ့ေပ်ာက္သလိုေတာင္ ျဖစ္ခဲ့သလို ၿခိမ္းေျခာက္တဲ့ အလားတူျဖစ္ရပ္ေတြဟာလည္း အလုံၿမိဳ႕နယ္ထဲမွာ ႀကဳံခဲ့ဖူးတာေၾကာင့္ ေဒသခံေတြရဲ႕ စိုးရိမ္စိတ္ေတြ ျမင့္တက္ေနတာကေတာ့ မဆန္းပါဘူး။

အဲ့ဒီလို အတိတ္ကျဖစ္ရပ္ေတြအေပၚ သာဓကယူကာ ထိထိေရာက္ေရာက္ ကိုင္တြယ္လုပ္ေဆာင္ႏိုင္ပါက ျပည္သူေတြရဲ႕ ခ်စ္ခင္မႈ ယုံၾကည္အားကိုးမႈ စိတ္ေတြကို တစ္ေက်ာ့ျပန္ သိမ္းပိုက္ႏိုင္တဲ့ အေျခအေနမ်ိဳး ရွိေနတယ္လို႔ ဥပေဒေရးရာ ကြၽမ္းက်င္သူေတြက သုံးသပ္လာၾကပါတယ္။ရန္ကုန္တိုင္းေဒသႀကီးထဲမွာ ခုနစ္လတာ ကာလထဲ အမႈႀကီးျဖစ္ပြားမႈ ၂၅၅ မႈ ရွိခဲ့ၿပီး လူသတ္မႈနဲ႔ မုဒိမ္းမႈေတြ အမ်ားဆုံးျဖစ္ပြားခဲ့ပါတယ္။အဲ့ဒီထဲမွာ လူသတ္မႈ ၁၁၀ မႈ၊ မုဒိမ္းမႈ ၁၀၄ မႈ၊ လုယက္မႈ ၃၃ မႈ၊ ေဖာက္ထြင္းမႈ ငါးမႈ၊ ဓားျပမႈတစ္မႈ ျဖစ္ပြားခဲ့ကာ ၾကည့္ျမင္တိုင္ၿမိဳ႕နယ္၊ ဦးလူနီလမ္းက ျပန္ေပးဆြဲၿပီး ေငြယူေဆာင္ထြက္ေျပးတဲ့ အမႈနဲ႔ စမ္းေခ်ာင္းၿမိဳ႕နယ္ ေအာင္ခ်မ္းသာ (၆) လမ္းက ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္ရဲ႕ မိဘအိမ္မွာ ေနအိမ္ထဲ ဝင္ခိုးတဲ့ သူခိုးက ဓားနဲ႔ထိုးခဲ့တဲ့ အမႈတို႔ အပါအဝင္ အမႈတစ္ခ်ိဳ႕ဟာေတာ့ ဒီကေန႔အထိ တရားခံနဲ႔ ပတ္သက္ၿပီး မိလား/မမိလား မသိရပါဘူး။အခုေနာက္ပိုင္းျဖစ္ပြားတဲ့ လုယက္မႈက်ဴးလြန္သူ အမ်ားစုကို ဖမ္းဆီးရမိရာကေန အရင္က်ဴးလြန္ဖူးတဲ့ ျပစ္မႈေဟာင္းေတြ ေဖာ္ထုတ္ႏိုင္ခဲ့တဲ့အျပင္ YBS ကားေတြေပၚမွာ ခါးပိုက္ႏႈိက္မႈေတြအတြက္ ခရီးသည္အသြင္ယူကာ ဖမ္းဆီးတာေတြကို လုပ္ေဆာင္လ်က္ ရွိပါတယ္။

“အခုေနာက္ပိုင္း ဘတ္စ္ကားေတြေပၚမွာ ခါးပိုက္ႏႈိက္ေတြက အမ်ိဳးသမီးငယ္ေလးေတြ မ်ားတယ္၊ တစ္ခ်ိဳ႕ဆိုရင္ ထင္ရက္စရာေတာင္ မရွိဘူး၊ သုံး၊ ေလးဦး အုပ္စုလိုက္ဆိုေတာ့ ျမင္ေပမယ့္ ကိုယ့္ကို တစ္ခုခုလုပ္သြားမွာစိုးလို႔ ဝင္ၿပီးမေျပာရဲဘူး၊ ဒ႐ိုင္ဘာကလည္း အေျခအေနကို သိတယ္တင္တယ္၊ ကိုယ့္အိတ္ေတြကိုယ္ သတိထားၾကပါလို႔ အသိေပးေနတာေတြေတာ့ ရွိပါတယ္” လို႔လည္း YBS 58 ကားေပၚမွာ ကိုယ္တိုင္ျမင္ခဲ့ဖူးတဲ့ ေဒၚသိန္းျမင့္ က ေျပာျပပါတယ္။

ေခတ္သစ္အေျပာင္းအလဲနဲ႔ သမိုင္းမွတ္တမ္း

အခုဆိုရင္ ရဲတပ္ဖြဲ႕ရဲ႕ စြမ္းရည္ျမင့္မားေရးအတြက္ ဥေရာပသမဂၢ (EU) မွ သင္တန္းေတြေပးကာ အရည္အေသြးျမႇင့္တင္လို႔ လုပ္ေဆာင္ခဲ့တာေတြရွိသလို အိမ္နီးခ်င္းႏိုင္ငံ အခ်ိဳ႕ကလည္း ယာဥ္ေတြ၊ ပစၥည္းကိရိယာေတြ ပံ့ပိုးကူညီတာေတြလည္း ရွိလာပါတယ္။

ၿမိဳ႕ျပရဲ႕ ဖြံ႕ၿဖိဳးမႈျပယုဂ္ေတြကို အက်ဥ္းတန္ေစတဲ့ ဒုစ႐ိုက္မႈလုပ္ရပ္ေတြအတြက္ ေခတ္သစ္ကာလမွာ ထိထိေရာက္ေရာက္ စြမ္းေဆာင္ကိုင္တြယ္ရင္း သမိုင္းမွတ္တမ္းသစ္တစ္ခု ေရးထိုးႏိုင္ေအာင္ ႀကိဳးပမ္းဖို႔ လိုအပ္လာပါတယ္။အဲ့ဒီလိုျဖစ္ဖို႔ဟာ ေအာက္ေျခအဆင့္ဆင့္ကို ထိထိေရာက္ေရာက္နဲ႔ ကိုင္တြယ္ထိန္းေက်ာင္းဖို႔ လိုလာပါတယ္။

“အခုဟာက ႐ုပ္ရွင္ထဲကအတိုင္းပဲ၊ ပြဲၿပီးမွေရာက္လာတယ္” လို႔လည္း ဌာနဆိုင္ရာ အၿငိမ္းစားအရာရွိတစ္ဦးျဖစ္တဲ့ ကိုစိုးျမင့္က  ေျပာပါတယ္။ျပစ္မႈက်ဴးလြန္သူေတြကို ထိထိေရာက္ေရာက္ အျပစ္ေပးၿပီး အေရးယူေဆာင္႐ြက္တာေတြကို အခ်ိန္နဲ႔တေျပးညီ လုပ္ေဆာင္ႏိုင္ဖို႔ လိုပါတယ္။

အဲ့ဒီလို အျပစ္က်ဴးလြန္သူေတြအတြက္ ထြက္ေျပးေရွာင္ပုန္းစရာ ေနရာမရွိေလာက္ေစတဲ့ အေျခအေနမ်ိဳး ျဖစ္လာေစဖို႔ဆိုရင္ အားနည္းေနတဲ့ ဌာနတြင္း အပါအဝင္ အျခားေသာဌာနေတြနဲ႔ ခ်ိတ္ဆက္မႈေတြကိုလည္း ပီပီျပင္ျပင္ျဖစ္ဖို႔ လိုပါမယ္။ကင္းလွည့္တာေတြ ဆိုရင္လည္း ေရာင္စုံမီးတန္းေတြဖြင့္ကာ တခမ္းတနားနဲ႔ လုပ္ေဆာင္ျပသေနတာေတြထက္ ျပည္သူေတြရဲ႕ၾကားမွာ အသြင္ယူကာ စုံစမ္းလွည့္လည္တာမ်ိဳးက ပိုၿပီးထိေရာက္ေစပါလိမ့္မယ္။ဒါမွလည္း ျမန္မာႏိုင္ငံရဲ႕ စီးပြားေရးၿမိဳ႕ေတာ္ႀကီးျဖစ္တဲ့ ရန္ကုန္ၿမိဳ႕ႀကီးဟာ ေခတ္မီဖြံ႕ၿဖိဳးၿပီး ေနခ်င့္စဖြယ္ ၿမိဳ႕ေတာ္ႀကီးျဖစ္ေစဖို႔ ရည္မွန္းလုပ္ေဆာင္ေနတဲ့ ရည္မွန္းခ်က္ အစီအမံေတြ အထေျမာက္ၿပီး ေအာင္ျမင္လာေစမွာ ျဖစ္ပါတယ္။

ဇြဲမာန္
Photo Credit : Yangon Police
ႏိုဝင္ဘာ - ၂၇