【 ယခုတစ်ပတ် ပြည်တွင်းသတင်း သုံးသပ်ချက် 】 အထိတ်တလန့် မိုင်းနှင့် ကန့်ကွက်ခံ ရန်ကုန်အတွက် ချေးငွေ

【 ယခုတစ်ပတ် ပြည်တွင်းသတင်း သုံးသပ်ချက် 】 အထိတ်တလန့် မိုင်းနှင့် ကန့်ကွက်ခံ ရန်ကုန်အတွက် ချေးငွေ

ယခုတစ်ပတ်အတွင်းဖြစ်ခဲ့တဲ့ သတင်းတွေထဲမှာ တောင်ကြီးက လက်လုပ်မိုင်း သတင်း၊ မြန်မာကျပ်ငွေ တန်ဖိုးမြင့်တက်လာဖို့ နိုင်ငံခြားငွေနဲ့ ပေးချေတဲ့သူတွေကို အရေးယူဖို့ စီမံထားတဲ့ သတင်း၊ ရန်ကုန်မှာ ဖော်ဆောင်မယ့် စီမံကိန်းတွေအတွက် ပြင်သစ်ကနေ ငွေချေးဖို့ လွှတ်တော်တင်တာ အမတ်တွေက ကန့်ကွက်တဲ့ သတင်း၊ ဘင်္ဂါင်္လီ ၁၀၆ ဦး ရန်ကုန် ကျောက်တန်းကို စက်လှေနဲ့ ရောက်လာတဲ့ သတင်းတွေ ဖြစ်ခဲ့ပါတယ်။

ဒီသတင်းတွေက ဆိပ်ကမ်းမြို့နယ် အနိုင်ရ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် အပါအဝင် သုံးဦးကို မဲပေးသူတွေကို ချေးငွေချေးပေးသည့် ကိစ္စနဲ့ ဒီချုပ် ပါတီဝင်တစ်ဦးက အမှုဖွင့်တဲ့ သတင်း၊ ထောင်ဒဏ် ခုနစ်နှစ်စီ ချမှတ်ခံရတဲ့ ရိုက်တာသတင်းထောက် နှစ်ဦးအတွက် အယူခံတင်သွင်းမှုကို ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်ရုံးက လက်ခံတဲ့ သတင်း၊ ဂျာမနီသံရုံးက မြန်မာ့စီးပွားရေး ရေရှည်တည်တံ့ ဖွံ့ဖြိုးရေးနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးအတွက် ကန်ဒေါ်လာ ၃၉ သန်း ထောက်ပံ့မည်လို့ သတင်းထုတ်ပြန်လိုက်တဲ့ သတင်း၊ ထားဝယ် တန်ဆောင်တိုင်မှာ ရပ်ကွက်၊ ကျေးရွာအမည်တွေကို  ပြည်ထဲရေးအမည်ပေါက်အတိုင်း ရေးသားရန် ညွှန်ကြားချက်ကို တစ်ဦးတည်းဆန္ဒနဲ့ ထုတ်ပြန်ခဲ့လို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ ညွှန်ကြားရေးမှူးက ပြန်တောင်းပန်ခဲ့ရတဲ့ သတင်း၊ မကြာမီက ပြင်ဆင်ပြဋ္ဌာန်းခဲ့တဲ့ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး ဥပဒေကြောင့်  နိုင်ငံတစ်ဝန်း မြေဧက သန်း ၅၀ ခန့်မှာ လုပ်ကိုင်စားသောက်နေတဲ့သူတွေ ဒုက္ခရောက်နိုင်လို့ အရပ်ဘက်လူမှုအဖွဲ့အစည်း ၄၁ ခုက ကန့်ကွက်ခဲ့တဲ့ သတင်း၊ ရာသီဥတု သတင်းအမှား ထုတ်ပြန်နေတဲ့သူတွေကို အရေးယူဖို့ ဥပဒေရေးဆွဲနေတယ်လို့ မိုး/ဇလ ညွှန်ချုပ်က ပြောလိုက်တဲ့ သတင်းတွေထဲ ထူးထူးခြားခြား သတိထားစရာ သတင်းတွေ ဖြစ်ခဲ့ပါတယ်။

တောင်ကြီး တန်ဆောင်တိုင်နှင့် အထိတ်တလန့် လက်လုပ်မိုင်း။

ယခုတစ်ပတ်အတွင်းဖြစ်ခဲ့တဲ့ သတင်းတွေထဲမှာ သတိထားစရာ သတင်းတွေ ရှိခဲ့သလို ချိန်ကိုက်သလို ဖြစ်လာတဲ့ သတင်းတွေလည်း ဖြစ်ခဲ့ပါတယ်။

ယခုရက်ပိုင်း ဗုဒ္ဓဘာသာဝင်တွေ အလေးအမြတ်ထားရာ တန်ဆောင်တိုင်ပွဲတော်ကို ကျင်းပရာ အချိန်ကာလကို ဖြတ်သန်းခဲ့တဲ့အတွက် သတင်းအများစုက တန်ဆောင်တိုင်နဲ့ ပတ်သက်တဲ့ သတင်းတွေသာ ဖြစ်ခဲ့ပါ တယ်။နှစ်စဉ် နှစ်တိုင်း တန်ဆောင်တိုင်ကာလမှာ အများစုအာရုံထားလေ့ရှိတဲ့ တောင်ကြီး တန်ဆောင်တိုင် မီးပုံးပျံပွဲတော်က တန်ဆောင်တိုင်ကာလ မရောက်ခင်ကတည်း စတင်ပြင်ဆင်တာတွေနဲ့ အနယ်နယ်အရပ်ရပ်က အများပြည်သူတွေ လာရောက်ပြီး ဆင်နွှဲလေ့ရှိကြပါတယ်။

ဒီနှစ်မှာ တောင်ကြီး တန်ဆောင်တိုင် မီးပုံးပျံပွဲတော်ကို နိုဝင်ဘာ ၁၄ ရက်မှ ၂၃ ရက်အထိ ၁၀ ရက်တိုင်တိုင် အဝေရာ မီးပုံးပျံကွင်းမှာ ကျင်းပခဲ့ပြီး နေ့လွှတ် အရုပ်၊ စိန်နားပန်၊ ညမီးကြီး အမျိုးအစား မီးပုံးပျံအလုံးရေ ၄၀၀ ကျော် ဝင်ရောက်ယှဉ်ပြိုင်နေလို့ အများပြည်သူတွေအတွက် စိတ်ဝင်စားဖွယ်ရာ ဖြစ်ခဲ့ပါတယ်။ယခင်နှစ်တွေက ညဘက် မီးပုံးပျံလွှတ်တင်ရာမှာ မီးပုံးပျံတွေ အောက်က ပရိသတ်အပေါ် ပျက်ကျလို့ လူအသေအပျောက် ရှိခဲ့တဲ့အတွက် ယခုနှစ်မှာ ပရိသတ်တွေကို မီးပုံးပျံလွှတ်ဖို့ တားမြစ်ထားတဲ့ ဧရိယာထဲမဝင်ဖို့ တားမြစ်မှုတွေ ရှိခဲ့ပါတယ်။စတင် မီးပုံးပျံဖွင့်ပွဲလုပ်တဲ့ ဖွင့်ပွဲညက ညမီးကြီး ပျက်ကျခဲ့တဲ့အတွက် လူအထိအခိုက် ရှိခဲ့ပါတယ်။

တိုက်တိုက်ဆိုင်ဆိုင် ဆိုသလိုပါဘဲ တောင်ကြီးမှာ တန်ဆောင်တိုင်ကာလ လူအစည်ကားဆုံးအချိန်တွေဖြစ်တဲ့ နိုဝင်ဘာ ၁၆ ရက်မှာ တောင်ကြီးမှာ လက်လုပ်မိုင်း တွေ့ခဲ့ပါတယ်။မီးပုံးပျံပွဲတော်ဆီ လူတွေ စိတ်အာရုံရောက်နေတဲ့အချိန်မှာ တောင်ကြီးမြို့မဈေးကြီးရှေ့ လမ်းဘေးတွင် အနက်ရောင် လက်ဆွဲသေတ္တာငယ်နဲ့ ထည့်ထားတဲ့ ဒေသန္တရ လက်လုပ်မိုင်းတစ်လုံးကို နိုဝင်ဘာ ၁၆ ရက်မှာ တွေ့ခဲ့ပါတယ်။တွေ့ရှိတဲ့ မြို့မဈေးကြီးနဲ့ မျက်နှာချင်းဆိုင် City Square သုံးလွှာရှိ အများသုံးသန့်စင်ခန်းနှင့် အိုးရှင်းစင်တာ စက်လှေကား ဝင်ပေါက်တို့မှာ မသင်္ကာဖွယ်ရာ တွေ့ခဲ့ပေမယ့် စစ်ဆေးရာမှာ မဟုတ်ခဲ့ပါဘူး။

တောင်ကြီးမြို့မဈေးကြီးရှေ့ လမ်းဘေးမှာတွေ့တဲ့ မိုင်းသတင်းက အွန်လိုင်းမီဒီယာတွေမှာ လျှင်မြန်စွာပျံ့နှံ့ခဲ့သလို မိုင်းကို စစ်မြေပြင် အင်ဂျင်နီယာတပ်ရင်း မိုင်းရှင်းလင်းရေးအဖွဲ့က သဲအိတ်၊ ကားတာယာတွေ ကာပြီး မိုင်းခွဲတဲ့ သတင်းတွေ၊ ဝေဖန်မှုတွေ ရှိခဲ့ပါတယ်။အများစုက ဒီလိုဘာသာရေး ပျော်ပွဲရွှင်ပွဲကာလမှာ အထိတ်တလန့်ဖြစ်အောင် လုပ်တဲ့သူရဲ့ ယုတ်မာလွန်းတဲ့ စိတ်ယုတ်ကို ဝေဖန်ဆဲဆိုမှုတွေ ပျံ့နှံ့ခဲ့ပါတယ်။

တောင်ကြီး မီးပုံးပျံပွဲ ကျင်းပရေး ကော်မတီကတော့ ဒီလို မိုင်းတွေတွေ့တဲ့အတွက် ပွဲတော်စည်ကားမှုကို ထိခိုက်မှုမရှိဘူးလို့ ဆိုပါတယ်။ဒါပေမယ့် ရန်ကုန် X2O သြင်္ကန်မဏ္ဍပ်လို၊ စင်တာတွေမှာ တစ်ပြိင်နက် ဗုံးပေါက်တာတွေ ရှိခဲ့တဲ့အတွက် အထိတ်တလန်နဲ့ သွားဖို့စီစဉ်ထားတာတွေ ဖျက်တာတွေလည်း ရှိခဲ့ပါတယ်။

တောင်ကြီးမှာ မိုင်းလန့်သလိုဖြစ်ခဲ့ပြီး နောက် ၅ ရက်အကြာ ရန်ကုန် စမ်းချောင်းက ရှမ်းကုန်းလမ်းမှာ ပြုလုပ်တဲ့ တမန်တော် မိုဟာမက် အခမ်းအနားကို အမျိုးသားရေးအင်အားစု ဆိုသူတွေက ပွဲကျင်းပတဲ့ ဗွီနိုင်းမှာပါတဲ့ အစ္စလာမ် ဘာသာရေးဆရာတစ်ဦးကို ဥပဇ္ဈဆရာတော်လို့ သုံးထားတာနဲ့ စာရေးဆရာ ထင်လင်ဦး ပါဝင်ဟောပြောမယ်ဆိုတဲ့ သတင်းတွေကြောင့် လာရောက်ကန့်ကွက် တားဆီးခဲ့တာလို့ ဆိုပါတယ်။

နိုဝင်ဘာ ၂၁ ရက် ညနေပိုင်းကဖြစ်ခဲ့တဲ့ အဆိုပါ တားဆီးမှုမှာ ရဟန်းတော်အချို့နှင့် နှာခေါင်းစည်း (Mask) တပ်ဆင်ထားသော လူ ၄၀ ခန့်ပါတဲ့ အဖွဲ့က လာတားဆီး ကန့်ကွက်ခဲ့တာဖြစ်ပြီး ဒေသခံအချို့ကတော့ နှစ်ပေါင်းများစွာ အတူယှဉ်တွဲနေတာ ကြာလာပြီး နှစ်ဘက်ဘာသာကြား ဘာပြဿနာမှ မရှိခဲ့ဘူးလို့ ဆိုပါတယ်။နောက်မှာတော့ အဆိုပါအဖွဲ့နဲ့ သံဃာတော်များကို ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှာ ညှိနှိုင်းတွေ့ဆုံပြီး ဥပဇ္ဈဆရာတော် အသုံးအနှုန်းပါတဲ့ စတစ်ကာဗီနိုင်းကို ဖြုတ်ပေးပြီး ရဲတပ်ဖွဲ့က လုံခြုံရေးယူ၍ ပွဲကို ပြန်လည်ကျင်းပခဲ့ပါတယ်။

ဒီလို ဘာသာရေးနဲ့ ပတ်သက်တဲ့ တားဆီးကန့်ကွက်မှုတွေဖြစ်ခဲ့တဲ့ ယခုရက်သတ္တပတ်အတွင်းမှာဘဲ ကြည့်မြင်တိုင်တ စ်ဘက်ကမ်း ဘလုတ်ညွန့်ရပ်ကွက်မှာ ဓါးကိုင်ရမ်းကားနေတဲ့ အရပ်သားတစ်ဦးက တားဆီးတဲ့ ရဲတပ်ဖွဲ့ဝင်တွေကိုပါ ဓားနဲ့လိုက်ခုတ်လို့ သေနတ်နဲ့ ပစ်ခတ်ဖမ်းဆီးခဲ့ရတဲ့ သတင်း၊ မူဆယ်မြို့တွင်း လမ်းပိတ်လို့ ကားသမားအချင်းချင်း ခိုက်ရန်ဖြစ်ပွားစဉ် ဖျန်ဖြေပေးတဲ့ ရဲတပ်ဖွဲ့ဝင် တစ်ဦးကို ကားသမားက ဓားနဲ့ခုတ်တဲ့ သတင်း၊ ထိုင်းနိုင်ငံ ကားတာယာစက်ရုံ အလုပ်သမားတွေဆီက ဘတ်လေးသန်းခန့် (ကျပ်သိန်း ၁,၅၀၀) ကျော် လိမ်လည်ခဲ့တဲ့ မြန်မာဈေးသည်လင်မယားကို ထိုင်းရဲစခန်းမှာ အမှုဖွင့် တိုင်ကြားထားတဲ့ သတင်း၊ မိန်းကလေး ၃၈ ဦးကို ပြည်ပပို့ဖို့ စုဆောင်းထားတဲ့ ရာသက်ပန် လုပ်ငန်းလိုင်စင် ပိတ်ထားခံရတဲ့ ကုမ္ပဏီကို အမှုဖွင့်ထားတဲ့ သတင်း၊ ရွှေပေါ်ကျွန်း သာသနာပြုစခန်း ကျောင်းထိုင်ဆရာတော်နေရာမှာ ဝိနည်းနဲ့ ညီတဲ့ ဆရာတော်တစ်ပါး အစားထိုးတင်မြှောက်ပေးဖို့ ဒေသခံ ၃၀၀ ခန့်က ဆန္ဒထုတ်ဖော်တဲ့ သတင်း၊ အကြမ်းဖက်ဖမ်းဆီးမှုကြောင့် မြန်မာလုပ်သား သေဆုံးမှုအတွက် အရေးယူပေးဖို့ တောင်ကိုရီးယားနိုင်ငံသားအချို့ ဆိုးလ်ရှိ သမ္မတအိမ်တော်ရှေ့ မှာ ဆန္ဒပြတောင်းဆိုခဲ့တဲ့ သတင်း၊ ရှမ်းရိုးမနှင့် ထိစပ်နေတဲ့ ရွာတစ်ရွာမှာ အမျိုးသားသုံးဦး ကျားကိုက်ခံရတဲ့ သတင်း၊ ဒေါပုံမြို့နယ်မှာ လျှပ်စစ်ဝန်ထမ်းနှစ်ဦး မီးပြင်နေစဉ် ဓာတ်လိုက်သေဆုံးခဲ့လို့ ဌာနတွင်းစုံခုံဖွဲ့၍ စစ်ဆေးနေတဲ့ သတင်း စတဲ့ သတင်းတွေလည်း ဖြစ်ခဲ့ပါတယ်။

မြန်မာကျပ်ငွေ မာဖို့ နိုင်ငံခြားငွေနဲ့ ပေးချေလက်ခံသူတွေ ဖမ်းမယ်။

ဒီတစ်ပတ် သတင်းတွေထဲမှာ မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးဘိုဘိုငယ် မှ အမျိုးသားလွှတ်တော်ထဲမှာ ပြောတဲ့စကားက စိတ်ဝင်စားမှုအများဆုံး သတင်းတစ်ပုဒ် ဖြစ်ခဲ့ပါတယ်။

နိုဝင်ဘာ ၂၀ ရက်က ကျင်းပတဲ့ အမျိုးသားလွှတ်တော် အစည်းအဝေးမှာ ကျပ်ငွေမာဖို့ လွှတ်တော်ကိုယ်စားလှယ် တစ်ဦးက ဘယ်လိုစီမံထားသလဲဆိုတဲ့ မေးခွန်းကို မေးခဲ့ပါတယ်။ဒီမေးခွန်းကို လာရောက်ဖြေဆိုတဲ့ ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးဘိုဘိုငယ် က ကျပ်ငွေတန်ဖိုး ကျဆင်းမှု မရှိစေရေးနှင့် ငွေကြေးတည်ငြိမ်စေရေး ပြည်တွင်း၌ ကျပ်ငွေကိုသာ သုံးစွဲရန် သုံးကြိမ်တိုင် ညွှန်ကြားစာထုတ် တားမြစ်ခဲ့သော်လည်း နိုင်ငံခြားငွေများ ဆက်လက်သုံးစွဲနေသဖြင့် အရေးယူရန် စီစဉ်နေတယ်လို့ ပြောခဲ့ပါတယ်။

ဒီလိုပြောရာမှာ ဦးဘိုဘိုငယ် က ပြည်တွင်းအရောင်းအဝယ် ကိစ္စများနဲ့ ငွေပေးချေမှု ကိစ္စများမှာ ကျပ်ငွေကိုဘဲ သုံးစွဲဖို့ ၂၀၁၅၊ ၂၀၁၆ နဲ့ ယခု ၂၀၁၈ မှာ သုံးကြိမ်တိုင်တိုင် ညွှန်ကြားခဲ့ပြီး လုပ်ငန်းရှင်တွေဘက်က လိုက်နာမှုမရှိလို့ ပညာပေးကာလတစ်ခု သတ်မှတ်ပြီး အရေးယူဖို့ စီစဉ်နေတယ်လို့ ပြောခဲ့ပါတယ်။ဒါပေမယ့် လွှတ်တော်ကိုယ်စားလှယ် သိလိုတဲ့ ဘယ်ကာလ၊ ဘယ်အချိန်မှာ စမယ်ဆိုတာကို ပြောခဲ့တာ မရှိပါဘူး။

လက်ရှိမှာ ကျပ်ငွေအစား ဒေါ်လာကို ဟိုတယ်များ၊ စားသောက်ဆိုင်များ၊ ပြည်တွင်း၌ လာဖွင့်သည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံသည့် ကျောင်းများ၊ နိုင်ငံခြားသားများကို တိုက်ခန်းငှားရမ်းမှုများ၊ အမှတ်တရပစ္စည်းဆိုင်များနဲ့ အစိုးရဝန်ကြီးဌာနများ၏ မြေငှားရမ်းခြင်းများ၊ နိုင်ငံခြားနှင့် ဖက်စပ်ရင်းနှီးမြှုပ်နှံမှုများ စသည့် လုပ်ငန်းများမှာ အသုံးပြုနေတယ်လို့ ပြောခဲ့ပြီး ကျပ်ငွေတန်ဖိုး မာဖို့ အခြားအကြောင်းတွေကိုလည်း ရှာနေတယ်လို့ ပြောခဲ့ပါတယ်။

ဒီလို အရေးယူမှုတွေ ရှိလာရင် ပြည်တွင်းမှာ ကားရောင်းတာကနေ ကလေးတွေ ကျောင်းထားတာအထိ ပြောင်းလဲမှုတွေ ဖြစ်လာနိုင်သလို ယခုထက်ပိုပြီး နိုင်ငံခြားငွေလဲလုပ်ငန်းတွေ ပိုခွင့်ပြုပေးဖို့ လိုလာမှာ ဖြစ်ပါတယ်။

ဒီသတင်းက ယခုရက်သတ္တပတ်အတွင်းဖြစ်ခဲ့တဲ့ စီးပွားရေးနောက်ခံ သတင်းတွေဖြစ်တဲ့ လေဆိပ်ကနေ ဆူးလေအထိ ပြေးဆွဲနေတဲ့ YBS ယာဉ်လိုင်းနှစ်ခု ၂၄ နာရီ ပြေးဆွဲတော့မယ့် သတင်း၊ ဆုကြေး ကျပ်သိန်းတစ်သောင်းခွဲ ချီးမြှင့်မည့် ကျပ်တစ်ထောင်တန်လက်မှတ် စရောင်းပါက ကျပ်ငါးရာတန်ထီကို သုံးလဆက်ဖွင့်ပြီး ဈေးကွက်ဝယ်လိုအား မရှိရင် ရပ်ဆိုင်းမယ့် သတင်း၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီး ဦးသောင်းထွန်း ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ပြောင်းလဲခန့်အပ်ခံရတဲ့ သတင်း၊ လမ်းလျှောက်စကားပြောစက် (ဝေါ်ကီတော်ကီ) အသုံးပြုမှုကို ပုဂ္ဂလိကစီးပွားရေးအဖြစ် စတင်ခွင့်ပြုရန် စီစဉ်နေတဲ့ သတင်းတွေထဲ ဒေါ်လာသုံးရင် အရေးယူမယ့် သတင်းက ပြည်တွင်းလုပ်ငန်းရှင်နဲ့ စီးပွားရေးသမားများကြား ဂယက်ထခဲ့တဲ့ သတင်းကြီး ဖြစ်ခဲ့ပါတယ်။

နိုင်ငံခြားချေးငွေအတွက် ထောက်ပြမှုတွေ၊ ကန့်ကွက်မှုတွေ။

ယခုတစ်ပတ် လွှတ်တော်ဆိုင်ရာ သတင်းတွေက စိတ်ဝင်စားစရာ သတင်းတွေများသလို အကြောင်းအရာတွေကလည်း စုံပါတယ်။အထူးသဖြင့် ပြည်ထောင်စုလွှတ်တော်မှာ မြဝတီမြို့ကို မြို့ပြဖွံ့ဖြိုးမှုစီမံကိန်း ဆောင်ရွက်ရန် ထိုင်းအစိုးရထံမှ ကန်ဒေါ်လာ ၂၄ ဒသမ ၃ သန်း ချေးယူဖို့ ဆောက်လုပ်ရေးဝန်ကြီးဌာနက တင်ပြခဲ့တဲ့ သတင်း၊ ရန်ကုန်မြို့၌ မြစ်ကြောင်းတူးဖော်ရေး လုပ်ငန်းများ၊ မြို့ပြယဉ်ကျေးမှုထိန်းသိမ်းရေး စီမံကိန်းများ ဆောင်ရွက်ရန် ပြင်သစ်ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ (AFD) ထံမှ ယူရိုငွေ သန်း ၇၀ ချေးယူလိုကြောင်း ပြည်ထောင်စုလွှတ်တော်သို့ တင်ပြတဲ့ သတင်း၊ စတင်ချိန် နောက်ကျခဲ့လို့ ရန်ကုန်မြို့ပတ်ရထားလမ်း အဆင့်မြှင့်တင်ခြင်းစီမံကိန်း ၂၀၂၃ ခုနှစ်မှ လုပ်ငန်းတစ်ခုလုံး ပြီးစီးနိုင်မယ့် သတင်း၊ စတဲ့ သတင်းတွေ ယခုတစ်ပတ်အတွင်း ဖြစ်ခဲ့ပါတယ်။

ဒီထဲမှာ အများပြည်သူ စိတ်ဝင်စားတဲ့ လွှတ်တော်သတင်း နှစ်ပုဒ်ဖြစ်ခဲ့ပါတယ်။တစ်ပုဒ်က ပြည်သူ့လွှတ်တော်မှာ ပြည်ခိုင်ဖြိုးအမတ် ဒေါက်တာမောင်သင်း က မေးတဲ့ ဆိုရှယ်မီဒီယာ စောင့်ကြည့်ရေး ကျပ် ၆,၄၂၆သန်း သုံးစွဲခြင်းနဲ့ ပတ်သက်တဲ့ မေးခွန်းနဲ့ ပြည်ထောင်စုလွှတ်တော်မှာ စီမံ/ဘဏ္ဍာ ဝန်ကြီးဌာနက ရန်ကုန်မြို့၌ မြစ်ကြောင်းတူးဖော်ရေး လုပ်ငန်းများ၊ မြို့ပြယဉ်ကျေးမှု ထိန်းသိမ်းရေး စီမံကိန်းများ ဆောင်ရွက်ရန် ပြင်သစ်ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ (AFD) ထံမှ ယူရိုငွေ သန်း ၇၀ ချေးယူဖို့ တင်ပြတာကို ဒီချုပ်လွှတ်တော်အမတ်တွေက ကန့်ကွက်ခဲ့တဲ့ သတင်းတွေဘဲ ဖြစ်ပါတယ်။

ပထမဆုံး အများပြည်သူကြား ဝေဖန်မှုတွေ ရှိနေတဲ့ လူမှုကွန်ရက်တွေကို စောင့်ကြည့်ဖို့ သမ္မတ အထူးရန်ပုံငွေထဲကနေ ကျပ်သန်း ၆,၀၀၀ ကျော် သုံးစွဲမှု ဥပဒေနှင့် ညီ၊ မညီကို ပြည်ခိုင်ဖြိုးအမတ် မေးခဲ့တဲ့ သတင်းနဲ့ စချင်ပါတယ်။ဒီမေးခွန်းကို ပို့/ဆက် ဒု-ဝန်ကြီးက လာဖြေခဲ့ရာမှာ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုဖြစ်စဉ် အတွေ့အကြုံများအရ ဆိုရှယ်မီဒီယာ စောင့်ကြည့်ရေးအဖွဲ့ကို နိုင်ငံ့လုံခြုံရေးအတွက် ဥပဒေနှင့်အညီ အရေးပေါ်ဖွဲ့စည်းခဲ့ပြီး ဆိုရှယ်မီဒီယာ စောင့်ကြည့်ရေးအဖွဲ့သည် Facebook, Messenger, Twitter အစရှိသည့် လူမှုကွန်ရက်များမှတစ်ဆင့် လူငယ်လူရွယ်များ အကျင့်စာရိတ္တ ပျက်ပြားစေမည့် (သို့မဟုတ်) နိုင်ငံတော်လုံခြုံရေး (သို့မဟုတ်) တရားဥပဒေစိုးမိုးရေးကို ထိပါးစေမည့် ပြုမူဆောင်ရွက်ချက်များကို စောင့်ကြည့် ဖော်ထုတ်မှာ ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် သတင်းမီးဒီယာများကို ပြောခဲ့ရာမှာလည်း အဆိုပါလူမှုကွန်ရက်အသုံးပြုကာ အကြမ်းဖက်သမားတွေ အချင်းချင်းဆက်သွယ်ပြီး ဆောင်ရွက်နေတယ်လို့ သတင်းအချက်အလက် ရတဲ့အတွက် ဒီအဖွဲ့ကို ဖွဲ့စည်းခဲ့ရတာလို့ ပြောခဲ့ပါတယ်။ဒီအတွက် ဖော်ထုတ်ရတဲ့ အချက်အလက်တွေနဲ့ ဝန်ကြီးဌာနတွေနဲ့ ပူးပေါင်းကာ အရေးယူဖို့တွေ စီစဉ်ထားတယ်လို့ သိရပါတယ်။

နောက်တစ်ပုဒ်က ရန်ကုန်တိုင်းဒေသကြီးအတွင်း မြစ်ကြောင်းတူးဖော်ရေးလုပ်ငန်းများ၊ မြို့ပြယဉ်ကျေးမှု ထိန်းသိမ်းရေးအတွက် ပြင်သစ်ကနေ ယူရိုငွေ သန်း ၇၀ ချေးယူဖို့ စီမံ/ဘဏ္ဍာ ဝန်ကြီးဌာနက ပြည်ထောင်စုလွှတ်တော်မှာ တင်ပြတဲ့ သတင်းပါ။

ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ ယခုလို စီမံ/ဘဏ္ဍာ ဝန်ကြီးဌာနက တင်ပြတဲ့အပေါ် ဒဂုံမြို့သစ်မြောက်ပိုင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာခင်မောင်မောင် နဲ့ ဂန့်ဂေါမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ယဉ်မင်းလှိုင် က ထောက်ပြကန့်ကွက်မှုတွေ ပြုခဲ့ပါတယ်။

ဒေါက်တာခင်မောင်မောင် က ငမိုးရိပ်ချောင်းနှင့် ပုဇွန်တောင်ချောင်း တူးဖော်ခြင်း၊ မြစ်ကမ်းပါးအလှဆင်ခြင်း၊ ပုဇွန်တောင်ဈေး အဆင့်မြှင့်တင်ခြင်း၊ ပန်းခြံအဆင့်မြှင့်တင်ခြင်း၊ ပြုပြင်ခြင်း လုပ်ငန်းများက လိုသလား၊ မလိုသလား ဆိုတာကို မေးခွန်းထုတ်ခဲ့ပြီး ငမိုးရိပ်ချောင်းနှင့် ပုဇွန်တောင်ချောင်းကို တူးဖော်စရာ မလိုကြောင်း၊ ငမိုးရိပ်ချောင်းဘေး နေလာသည်မှာ ၁၉ နှစ်ရှိပြီဖြစ်ပြီး ကြီးကြီးမားမား ရေလျှံသည်ဟူ၍ မရှိကြောင်း၊ မြို့တွင်း ရေလျှံသည်မှာ မြစ်ချောင်းတိမ်ကောမှုကြောင့် မဟုတ်ကြောင်း ပြောခဲ့ပါတယ်။

ဒေါ်ယဉ်မင်းလှိုင် က ရန်ကုန်တိုင်း စည်ပင်သာယာဌာနက ယခုချေးယူမည့် ချေးငွေ အပါအဝင် ယခင်က ချေးယူထားသည့် ချေးငွေများနှင့် ပေါင်းပါက ပြန်ဆပ်ရမည့် ချေးငွေစုစုပေါင်း ဒေါ်လာသန်း ၇၀၀ ခန့် ရှိနေပြီ ဖြစ်ကြောင်း လိုအပ်ချက်များပြားနေသည့် မြန်မာနိုင်ငံတွင် အခြေခံလိုအပ်ချက်၊ မရှိမဖြစ်လိုအပ်ချက်၊ အရေးကြီးလိုအပ်ချက် ဟူ၍ ခွဲခြားပြီး နိုင်ငံခြားချေးငွေများကို စီမံအသုံးပြုသင့်ကြောင်း ထောက်ပြခဲ့ပါတယ်။

ဒီလိုကန့်ကွက် ထောက်ပြမှုများ ရှိလာသဖြင့် ယင်းကန့်ကွက် ဆွေးနွေးမှုများအပေါ် သက်ဆိုင်ရာ ဝန်ကြီးဌာနက ပြန်လည်ရှင်းလင်းမည်ဖြစ်ပြီး လွှတ်တော်က သဘော တူ၊ မတူ ဆုံးဖြတ်မှာဖြစ်တဲ့အတွက် ယူရို သန်း ၇၀ ဘယ်လိုဖြစ်လာမလဲဆိုတာ ဆက်စောင့်ကြည့်ရတော့မှာ ဖြစ်ပါတယ်။

သတ္တိ၊ ဗျတ္တိ ပိုပြီးလိုနေတယ်လို့ အားလုံးကို ပြောလိုက်တဲ့ KNU ဥက္ကဋ္ဌ။

နေပြည်တော်တွင် နိုဝင်ဘာ ၂၁ ရက်က ကျင်းပသည့် ဘာသာပေါင်းစုံ ငြိမ်းချမ်းရေး ဆွေးနွေးဝိုင်းကို တက်ရောက်ခဲ့တဲ့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က အဖွင့်အမှာစကား ပြောကြားခဲ့ရာမှာ အပြန်အလှန်ယုံကြည်မှုနှင့် နားလည်မှုတို့ တည်ဆောက်နိုင်ရေး ဇွဲနပဲရှိရှိ ဆက်လက်ကြိုးပမ်းရန် လိုအပ်ကြောင်း၊ ဆွေးနွေးညှိနှိုင်းခြင်းမှတစ်ဆင့် ဆက်ဆံရေး တိုးတက်ကောင်းမွန်လာရန်မှာ ငြိမ်းချမ်းရေးတည်ဆောက်နိုင်မည့် အကောင်းဆုံးသော နည်းလမ်းအဖြစ် ယုံကြည်ကြောင်း ပြောခဲ့သလို အပြန်အလှန်လေးစားမှုကို ဖြစ်စေသည့် ငြိမ်းချမ်းရေးယဉ်ကျေးမှုတစ်ရပ်ကို ပညာရေးမှတစ်ဆင့် ဖော်ဆောင်ပေးရမည်ဖြစ်၍ ပညာရေးကို အာရုံစိုက်သင့်တယ်လို့ ဆိုပါတယ်။

KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး ကတော့ ‘‘ဒီလိုနိုင်ငံရေးအရ တွေ့ဆုံဆွေးနွေး အဖြေရှာတဲ့နေရာမှာ ကျွန်တော်ရဲ့ ကိုယ်တွေ့အရ သတ္တိ၊ ဗျတ္တိ ပိုပြီးလိုနေတာကို တွေ့ရပါတယ်။ကိုယ်ကျိုးစွန့်ခြင်း၊ အနစ်နာခံခြင်း၊ မာန်မာနမထားခြင်းနဲ့အတူ စောစောက ကျွန်တော်ပြောခဲ့သလို မေတ္တာတရားထားနိုင်ဖို့က လိုအပ်လာလို့ ဖြစ်ပါတယ်’’ လို့ ပြောခဲ့ပါတယ်။

ရန်ကုန် ကက်သလစ်ဂိုဏ်းချုပ် ဆရာတော် ကာဒီနယ်ချားလ်စ်ဘို က နိုင်ငံအတွင်း သယံဇာတ အရင်းအမြစ်များအတွက် လည်းကောင်း၊ ယဉ်ကျေးမှုနှင့် လူမျိုး ကိစ္စရပ်များအတွက် လည်းကောင်း အချို့ဒေသများတွင် တင်းမာမှုများ ရှိနေသေးသော်လည်း ပဋိပက္ခများကြောင့် စိတ်ဝမ်းကွဲနေသော အုပ်စုများအား ညှိနှိုင်းဆွေးနွေးမှုဖြင့် ငြိမ်းချမ်းရေးရနိုင်သည်ကို ယုံကြည်စေလိုကြောင်း ပြောခဲ့ပါတယ်။

နှစ်ရက်ကြာကျင်းပမယ့် ယင်းဆွေးနွေးမှုကို အစိုးရဝန်ကြီးဌာနမှ ၂၇ ဦးနှင့် ရခိုင်ပြည်နယ်အတွင်း ဖြစ်ပေါ်နေသော ကိုယ်ပိုင်လက္ခဏာ အထောက်အထား၊ မတူညီကွဲပြားမှုများနှင့် သမားရိုးကျ စိန်ခေါ်မှုများဆိုင်ရာ ကဏ္ဍ အပါအဝင် ပညာရေးကဏ္ဍ၊ တိုင်းရင်းသား လူနည်းစုများ တန်းတူရေးနှင့် တာဝန်ယူ၊ တာဝန်ခံဆိုင်ရာ ကဏ္ဍ၊ အမျိုးသမီးများ စွမ်းဆောင်ရည် မြှင့်တင်ရေးနှင့် တန်းတူပါဝင်ခွင့်ဆိုင်ရာ ကဏ္ဍ၊ လူငယ်များ ထိတွေ့ဆက်ဆံရေးနှင့် ကာကွယ်စောင့်ရှောက်ရေးကဏ္ဍ စသည့် ကဏ္ဍငါးရပ်ကို ဆွေးနွေးမည်ဖြစ်ပြီး ကဏ္ဍတစ်ခုစီတွင် တပ်မတော်သား ကိုယ်စားလှယ် တစ်ဦးစီ ပါဝင်ဆွေးနွေးမည့်အပြင် ဖိတ်ကြားထားသော သံတမန်များ၊ လက်နက်ကိုင် ငြိမ်းချမ်းရေးအဖွဲ့ ခုနစ်ဖွဲ့မှ ကိုယ်စားလှယ်များ၊ အမျိုးသမီးအဖွဲ့များ၊ လူငယ်အဖွဲ့ဝင်များ၊ အရပ်ဘက်အဖွဲ့အစည်းများနှင့် ဘာသာရေးခေါင်းဆောင်များလည်း ဝင်ရောက်ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။

ဆွေးနွေးပွဲကို ခြောက်လတစ်ကြိမ်နှုန်းနဲ့ လာမည့် ၂၀၂၀ ထိ ကျင်းပဖို့ စီစဉ်ထားတာပါ။ဒီဘာသာပေါင်းစုံ ငြိမ်းချမ်းရေး ဆွေးနွေးဝိုင်းမှာ ခေါင်းဆောင်တွေ ပြန်ဆုံတဲ့အတွက် လိပ်ခဲတည်းလဲဖြစ်နေတဲ့  ငြိမ်းချမ်းရေးအတွက် ပြေလည်ဖို့ လမ်းစတွေ ထွက်လာမလားဆိုတဲ့ မှန်းဆချက် သတင်းတွေက ဒီတစ်ပတ်ထဲဖြစ်ခဲ့တဲ   ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့(PPST) မှ KNU ကိုယ်စားလှယ်အဖြစ် ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး နေရာမှာ အထွေထွေအတွင်းရေးမှူးချုပ် ပဒိုစောတာဒိုမူး နဲ့ အစားထိုးလိုက်တဲ့ သတင်း၊ ဇန်နဝါရီ ၃၁ ရက်မှာ ကျင်းပမယ့် ကရင်တော်လှန်ရေးနေ့မှာ ကရင်လက်နက်ကိုင်အဖွဲ့တွေ ပူးပေါင်းစစ်ရေးပြပွဲ ပထမဆုံးပြုလုပ်မယ့် သတင်း၊ မီးဖွားပြီးခါစ အမျိုးသမီးနဲ့ ရက်သားကလေးငယ်တစ်ဦး အပါအဝင် မိသားစုဝင်အချို့ကို ပြန်လွှတ်ပေးဖို့ ကွတ်ခိုင်မြို့ ပန်ကူစစ်ရှောင်စခန်းတာဝန်ခံက တောင်းဆိုလိုက်တဲ့ သတင်း၊ မူဆယ်မြို့ရှိ လုပ်ငန်းရှင်တွေကို လက်နက်ကိုင်အဖွဲ့အချို့က အခွန်ငွေပေးသွင်းဖို့ အကြောင်းကြားထားတယ်ဆိုတဲ့ စိတ်ဝင်စားစရာ တိုင်းရင်းသားဒေသ သတင်းတွေနည်းတူ အများပြည်သူ အာရုံစိုက်စရာ ဖြစ်ခဲ့ပါတယ်။

ကျောက်တန်းထိ ရောက်လာတဲ့ ဘင်္ဂါလီ ပြဿနာ။

ယခုတစ်ပတ် သတင်းတွေထဲ ထိပ်တန်းဖြစ်ခဲ့တဲ့ သတင်းက ရန်ကုန်နယ်နမိတ်ဖြစ်တဲ့ ကျောက်တန်းမြို့နယ်ထဲကို စစ်တွေ နာဇီကျေးရွာ ဒုက္ခသည်စခန်းက ဘင်္ဂါလီ ၁၀၆ ဦး စက်လှေပျက်ပြီး ရောက်လာလို့ အထိတ်တလန့်ဖြစ်ခဲ့တဲ့ သတင်းပါဘဲ။

ယခုတစ်ပတ်ထဲ နိုင်ငံတကာမှာ မြန်မာနဲ့ ပတ်သက်ပြီး အရေးကြီးတဲ့ သတင်းတစ်ခု ရှိပါတယ်။ဒါက ကုလသမဂ္ဂမှာ ဘင်္ဂါလီနဲ့ ပတ်သက်ပြီး မဲခွဲမှုပါ။နိုဝင်ဘာ ၁၆ ရက်က ကုလသမဂ္ဂဌာနချုပ်မှာ ကျင်းပတဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံ တတိယကော်မတီကနေ နိုင်ငံတကာ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးအဖွဲ့ကို ဝင်ရောက်ခွင့်ပြုရေး ပါဝင်တဲ့ အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) နှင့် ဥရောပသမဂ္ဂ (EU) တို့ ပူးပေါင်းတင်သွင်းတဲ့ မြန်မာနိုင်ငံရှိ လူ့အခွင့်အရေး ချိုးဖောက်မှု အားလုံးအပေါ် ရှုတ်ချပြီး နိုင်ငံတကာ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးအဖွဲ့ ဝင်ရောက်ခွင့်ပြုရေးနှင့် ဘင်္ဂါလီ မွတ်စလင်များအပေါ် အကြမ်းဖက်မှု ကျူးလွန်သူများကို တာဝန်ခံမှုရှိစေရေး မူကြမ်းကို မဲခွဲအတည်ပြုခဲ့ရာမှာ ထောက်ခံမဲ ၁၄၂ မဲ၊ ကန့်ကွက်မဲ ၁၀ မဲ၊ ကြားနေမဲ ၂၆ မဲ ဖြင့် ကော်မတီက အတည်ပြုခဲ့ပါတယ်။

ဒီမဲခွဲပွဲကို ပြင်းထန်စွာ ကန့်ကွက်ခဲ့တဲ့ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဟောက်ဒိုဆွမ်း က အဆိုပါမူကြမ်းထဲမှာ ရခိုင်ပြည်နယ်က မွတ်စလင်တွေရဲ့ အခွင့်အရေးကို ၉၀ ရာခိုင် နှုန်းထိ အသားပေးထားပြီး မြန်မာအစိုးရရဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး ကြိုးပမ်းမှုတွေကို ထည့်သွင်းဖော်ပြခြင်း မရှိဘူးလို့ ထောက်ပြခဲ့ပါတယ်။

ကုလသမဂ္ဂမှာ မြန်မာအရေးအတွက် အီယူနဲ့ OIC ပေါင်းပြီးပေးတဲ့ ဖိအားကို ခုခံနေရတဲ့ နိုဝင်ဘာ ၁၆ ရက်မှာဘဲ တိုက်တိုက်ဆိုင်ဆိုင် ဆိုသလို ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တန်းမြို့နယ်ထဲက ကုလားတန်ကျေးရွာအုပ်စု သံတဲကျေးရွာအနီး ပင်လယ်ပြင်ထဲမှာ ဘင်္ဂါလီ ၁၀၆ ဦးပါတဲ့ စက်လှေတစ်စီးကို ဒေသခံ တံငါသည်တွေ တွေ့ပြီး အကြောင်းကြားခဲ့လို့ တပ်မတော်နှင့် ရဲတပ်ဖွဲ့က နိုဝင်ဘာ ၁၆ ရက် နံနက် ၄ နာရီခန့်မှာ ဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။

ရခိုင်ပြည်နယ်ကနေ ရန်ကုန်တိုင်းအထိ ဘင်္ဂါလီ ၁၀၀ ကျော် လိုက်ပါလာသည့် စက်လှေဝင်လာတာကို မသိခဲ့တဲ့အတွက် မြန်မာ့ပင်လယ်ပြင် လုံခြုံရေးနဲ့ နယ်မြေလုံခြုံရေးက စိုးရိမ်စရာဖြစ်လာနေပြီလို့ အွန်လိုင်းမီဒီယာတွေမှာ ဝေဖန်မှုတွေ ပြန့်နှံ့ခဲ့ပါတယ်။ဒီအတွက် ကျောက်တန်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အေးမြမြမျိုး ကတော့ နယ်မြေလုံခြုံရေးအတွက် နယ်စပ်ရေးရာ ဝန်ကြီးဌာနကို တင်ပြထားပြီး ပြည်သူ့လွှတ်တော် အစည်းအဝေးကို တက်လာတဲ့ နယ်စပ်ရေးရာ ဒု-ဝန်ကြီးကို လုံခြုံရေး ပိုမိုတိုးမြှင့်ပေးရန် တောင်းဆိုခဲ့ပါတယ်။

ရဲတပ်ဖွဲ့ စစ်ဆေးချက်များအရ အဆိုပါစက်လှေဟာ အောက်တိုဘာ ၂၃ ရက်က စစ်တွေမြို့ ဘင်္ဂါလီ ဒုက္ခသည်စခန်းတွေကနေ  မလေးရှားကို တရားမဝင် သွားရောက်ရန် ထွက်ခွာလာတာဖြစ်ပြီး မလေးရှားနိုင်ငံသို့ တရားမဝင် သွားရောက်ရန် ပွဲစားကို တစ်ဦးလျှင် ကျပ်ငါးသိန်းနှုန်းဖြင့် နှစ်သိန်းပေးကာ မလေးရှားရောက်မှ ကျန်သုံးသိန်း ထပ်မံပေးရမှာလို့ သိရပါတယ်။  

၂၅ ရက်ကြာ ပင်လယ်ပြင်မှာ သွားလာနေစဉ် ကင်းလှည့် တပ်မတော်ရေတပ်နဲ့ သုံးကြိမ်တိုင် တွေ့ဆုံပြီး ပြန်လှည့်ဖို့ သတိပေးခဲ့ပေမယ့် မပြန်ဘဲ ဆက်သွားနေတာကနေ ဆီပြတ်ပြီး ကျောက်တန်းမြို့နယ်အနီး ပင်လယ်ပြင်သို့ ရောက်ရှိလာတာလို့ ဆိုပါတယ်။၂၀၀၈ ကလည်း ကျောက်တန်းမြို့နယ်အနီး ပင်လယ်ပြင်မှာ ယခုလိုဘဲ ဘင်္ဂါလီဒုက္ခသည် ၁၀၄ ဦး ပါဝင်သည့် စက်လှေတစ်စီးကို ဖမ်းဆီးရမိခဲ့ဘူးပါတယ်။

ယခုဖမ်းမိတဲ့ စက်လှေပေါ်မှာ အမျိုးသား ၅၀ ဦး၊ အမျိုးသမီး ၃၁ ဦးပါဝင်ပြီး ကလေးငယ် ၂၅ ဦး ပါဝင်ကာ ဒီဘင်္ဂါလီတွေကို ကျောက်တန်းမြို့နယ်ရှိ ရွှေမှော်ဝန်းခန်းမမှာ ရဲတပ်ဖွဲ့ အစောင့်အရှောက်ဖြင့် ထိန်းသိမ်းထားပြီး နိုဝင်ဘာ ၁၈ ရက်မှာ တပ်မတော်ရေယာဉ်နဲ့ စစ်တွေကို ပြန်ပို့ပေးခဲ့ပါတယ်။

ဒီဖြစ်စဉ်မှာ ဘင်္ဂါလီဒုက္ခသည်တွေကို လူပွဲစားပြုလုပ်ခဲ့တဲ့ လူနှစ်ဦးကို ပေါက်တောမြို့နယ် အနောက်ရဲ ဘင်္ဂါလီ ဒုက္ခသည်စခန်းထဲ ရဲတပ်ဖွဲ့က ဝင်ဖမ်းရာမှာ ဘင်္ဂါလီများက တရားခံနှစ်ဦးကို ဝိုင်းဝန်းလုယူခြင်း၊ အုတ် ခဲ၊ လှံ စတာတွေနဲ့ တိုက်ခိုက်ခဲ့လို့ ဝိုင်းလုတဲ့ ဘင်္ဂါလီလူအုပ်ထဲကနေ မနည်းရုန်းကန်ကာ သေနတ်ပစ်ဖောက် လူစုခွဲထွက်ခဲ့ရပြီး ဒီလိုပစ်ခတ်လို့  ဘင်္ဂါလီလေးဦးခန့် ဒဏ်ရာရခဲ့တယ် ဆိုပါတယ်။

ဒီလို တရားခံကို ပြန်လုတဲ့ ဖြစ်စဉ်သတင်းက အာဏာပိုင်တွေအတွက် နောင်ကိစ္စတွေမှာ သတိထားဖွယ်ဖြစ်သလို နောင်မှာ ဘင်္ဂါလီတွေချည်းဘဲနေတဲ့ ရွာတွေကြားထဲ တိုင်းရင်းသားတွေနေတဲ့ ရွာတွေထားရှိခဲ့ရင် ဖြစ်လာမယ့် အကျိုးဆက်ကို ပြန်တွက်ဖို့လည်း လိုလာမှာ ဖြစ်ပါတယ်။
လက်နက်ကိုင်ထားတဲ့ သူတွေကိုတောင် လူအုပ်တောင့်ရင် ပြန်ရန်လုပ်တတ်တဲ့ ဘင်္ဂါလီတွေရဲ့ အကြမ်းဖက်မှုတွေကိုလည်း မျက်ခြေမပြတ် စောင့်ကြည့်ဖို့လိုနေပြီ ဖြစ်ပါတယ်။

ဒီသတင်းတွေက ယခုရက်သတ္တပတ်အတွင်းဖြစ်ခဲ့တဲ့ တောင်ကုတ်ရဲစခန်းတွင်းထဲက ပစ္စည်းတွေ ဖျက်ဆီးလို့  ဖမ်းဆီးထားခဲ့တဲ့ ကိုးဦးကို ပြန်လွှတ်ပေးဖို့ လူစုလူဝေးနဲ့ ဖိအားပေးခဲ့တဲ့အတွက် သေနတ်ပစ်ဖောက် လူစုခွဲခဲ့ရတဲ့ သတင်း၊ ဘင်္ဂလားဒေ့ရှ်အစိုးရက ဘင်္ဂါလီဒုက္ခသည်စခန်းများရှိ NGO အချို့၏ လှုပ်ရှားမှုများကို စောင့်ကြည့်အရေးယူဖို့ ကော်မတီတစ်ရပ် ဖွဲ့စည်းလိုက်တဲ့ စတဲ့ သတင်းတွေနည်းတူ ဒီကျောက်တန်းရောက်လာတဲ့ ဘင်္ဂါလီတွေရဲ့ နောက်ဆက်တွဲ သတင်းတွေက အများပြည်သူအတွက် စောင့်ကြည့်စရာ သတင်းတွေ ဖြစ်ခဲ့ပါတယ်။

မာလင်း
နိုဝင်ဘာ - ၂၃

( Zawgyi )

ယခုတစ္ပတ္အတြင္းျဖစ္ခဲ့တဲ့ သတင္းေတြထဲမွာ ေတာင္ႀကီးက လက္လုပ္မိုင္း သတင္း၊ ျမန္မာက်ပ္ေငြ တန္ဖိုးျမင့္တက္လာဖို႔ ႏိုင္ငံျခားေငြနဲ႔ ေပးေခ်တဲ့သူေတြကို အေရးယူဖို႔ စီမံထားတဲ့ သတင္း၊ ရန္ကုန္မွာ ေဖာ္ေဆာင္မယ့္ စီမံကိန္းေတြအတြက္ ျပင္သစ္ကေန ေငြေခ်းဖို႔ လႊတ္ေတာ္တင္တာ အမတ္ေတြက ကန႔္ကြက္တဲ့ သတင္း၊ ဘဂၤါလႌ ၁၀၆ ဦး ရန္ကုန္ ေက်ာက္တန္းကို စက္ေလွနဲ႔ ေရာက္လာတဲ့ သတင္းေတြ ျဖစ္ခဲ့ပါတယ္။

ဒီသတင္းေတြက ဆိပ္ကမ္းၿမိဳ႕နယ္ အႏိုင္ရ တိုင္းေဒသႀကီး လႊတ္ေတာ္ကိုယ္စားလွယ္ အပါအဝင္ သုံးဦးကို မဲေပးသူေတြကို ေခ်းေငြေခ်းေပးသည့္ ကိစၥနဲ႔ ဒီခ်ဳပ္ ပါတီဝင္တစ္ဦးက အမႈဖြင့္တဲ့ သတင္း၊ ေထာင္ဒဏ္ ခုနစ္ႏွစ္စီ ခ်မွတ္ခံရတဲ့ ႐ိုက္တာသတင္းေထာက္ ႏွစ္ဦးအတြက္ အယူခံတင္သြင္းမႈကို ရန္ကုန္တိုင္းေဒသႀကီး တရားလႊတ္ေတာ္႐ုံးက လက္ခံတဲ့ သတင္း၊ ဂ်ာမနီသံ႐ုံးက ျမန္မာ့စီးပြားေရး ေရရွည္တည္တံ့ ဖြံ႕ၿဖိဳးေရးႏွင့္ ေက်းလက္ေဒသ ဖြံ႕ၿဖိဳးေရးအတြက္ ကန္ေဒၚလာ ၃၉ သန္း ေထာက္ပံ့မည္လို႔ သတင္းထုတ္ျပန္လိုက္တဲ့ သတင္း၊ ထားဝယ္ တန္ေဆာင္တိုင္မွာ ရပ္ကြက္၊ ေက်း႐ြာအမည္ေတြကို  ျပည္ထဲေရးအမည္ေပါက္အတိုင္း ေရးသားရန္ ၫႊန္ၾကားခ်က္ကို တစ္ဦးတည္းဆႏၵနဲ႔ ထုတ္ျပန္ခဲ့လို႔ တိုင္းေဒသႀကီးအစိုးရအဖြဲ႕ ၫႊန္ၾကားေရးမႉးက ျပန္ေတာင္းပန္ခဲ့ရတဲ့ သတင္း၊ မၾကာမီက ျပင္ဆင္ျပ႒ာန္းခဲ့တဲ့ ေျမလြတ္၊ ေျမလပ္ႏွင့္ ေျမ႐ိုင္းမ်ား စီမံခန႔္ခြဲေရး ဥပေဒေၾကာင့္  ႏိုင္ငံတစ္ဝန္း ေျမဧက သန္း ၅၀ ခန႔္မွာ လုပ္ကိုင္စားေသာက္ေနတဲ့သူေတြ ဒုကၡေရာက္ႏိုင္လို႔ အရပ္ဘက္လူမႈအဖြဲ႕အစည္း ၄၁ ခုက ကန႔္ကြက္ခဲ့တဲ့ သတင္း၊ ရာသီဥတု သတင္းအမွား ထုတ္ျပန္ေနတဲ့သူေတြကို အေရးယူဖို႔ ဥပေဒေရးဆြဲေနတယ္လို႔ မိုး/ဇလ ၫႊန္ခ်ဳပ္က ေျပာလိုက္တဲ့ သတင္းေတြထဲ ထူးထူးျခားျခား သတိထားစရာ သတင္းေတြ ျဖစ္ခဲ့ပါတယ္။

ေတာင္ႀကီး တန္ေဆာင္တိုင္ႏွင့္ အထိတ္တလန႔္ လက္လုပ္မိုင္း။

ယခုတစ္ပတ္အတြင္းျဖစ္ခဲ့တဲ့ သတင္းေတြထဲမွာ သတိထားစရာ သတင္းေတြ ရွိခဲ့သလို ခ်ိန္ကိုက္သလို ျဖစ္လာတဲ့ သတင္းေတြလည္း ျဖစ္ခဲ့ပါတယ္။

ယခုရက္ပိုင္း ဗုဒၶဘာသာဝင္ေတြ အေလးအျမတ္ထားရာ တန္ေဆာင္တိုင္ပြဲေတာ္ကို က်င္းပရာ အခ်ိန္ကာလကို ျဖတ္သန္းခဲ့တဲ့အတြက္ သတင္းအမ်ားစုက တန္ေဆာင္တိုင္နဲ႔ ပတ္သက္တဲ့ သတင္းေတြသာ ျဖစ္ခဲ့ပါ တယ္။ႏွစ္စဥ္ ႏွစ္တိုင္း တန္ေဆာင္တိုင္ကာလမွာ အမ်ားစုအာ႐ုံထားေလ့ရွိတဲ့ ေတာင္ႀကီး တန္ေဆာင္တိုင္ မီးပုံးပ်ံပြဲေတာ္က တန္ေဆာင္တိုင္ကာလ မေရာက္ခင္ကတည္း စတင္ျပင္ဆင္တာေတြနဲ႔ အနယ္နယ္အရပ္ရပ္က အမ်ားျပည္သူေတြ လာေရာက္ၿပီး ဆင္ႏႊဲေလ့ရွိၾကပါတယ္။

ဒီႏွစ္မွာ ေတာင္ႀကီး တန္ေဆာင္တိုင္ မီးပုံးပ်ံပြဲေတာ္ကို ႏိုဝင္ဘာ ၁၄ ရက္မွ ၂၃ ရက္အထိ ၁၀ ရက္တိုင္တိုင္ အေဝရာ မီးပုံးပ်ံကြင္းမွာ က်င္းပခဲ့ၿပီး ေန႔လႊတ္ အ႐ုပ္၊ စိန္နားပန္၊ ညမီးႀကီး အမ်ိဳးအစား မီးပုံးပ်ံအလုံးေရ ၄၀၀ ေက်ာ္ ဝင္ေရာက္ယွဥ္ၿပိဳင္ေနလို႔ အမ်ားျပည္သူေတြအတြက္ စိတ္ဝင္စားဖြယ္ရာ ျဖစ္ခဲ့ပါတယ္။ယခင္ႏွစ္ေတြက ညဘက္ မီးပုံးပ်ံလႊတ္တင္ရာမွာ မီးပုံးပ်ံေတြ ေအာက္က ပရိသတ္အေပၚ ပ်က္က်လို႔ လူအေသအေပ်ာက္ ရွိခဲ့တဲ့အတြက္ ယခုႏွစ္မွာ ပရိသတ္ေတြကို မီးပုံးပ်ံလႊတ္ဖို႔ တားျမစ္ထားတဲ့ ဧရိယာထဲမဝင္ဖို႔ တားျမစ္မႈေတြ ရွိခဲ့ပါတယ္။စတင္ မီးပုံးပ်ံဖြင့္ပြဲလုပ္တဲ့ ဖြင့္ပြဲညက ညမီးႀကီး ပ်က္က်ခဲ့တဲ့အတြက္ လူအထိအခိုက္ ရွိခဲ့ပါတယ္။

တိုက္တိုက္ဆိုင္ဆိုင္ ဆိုသလိုပါဘဲ ေတာင္ႀကီးမွာ တန္ေဆာင္တိုင္ကာလ လူအစည္ကားဆုံးအခ်ိန္ေတြျဖစ္တဲ့ ႏိုဝင္ဘာ ၁၆ ရက္မွာ ေတာင္ႀကီးမွာ လက္လုပ္မိုင္း ေတြ႕ခဲ့ပါတယ္။မီးပုံးပ်ံပြဲေတာ္ဆီ လူေတြ စိတ္အာ႐ုံေရာက္ေနတဲ့အခ်ိန္မွာ ေတာင္ႀကီးၿမိဳ႕မေဈးႀကီးေရွ႕ လမ္းေဘးတြင္ အနက္ေရာင္ လက္ဆြဲေသတၱာငယ္နဲ႔ ထည့္ထားတဲ့ ေဒသႏၲရ လက္လုပ္မိုင္းတစ္လုံးကို ႏိုဝင္ဘာ ၁၆ ရက္မွာ ေတြ႕ခဲ့ပါတယ္။ေတြ႕ရွိတဲ့ ၿမိဳ႕မေဈးႀကီးနဲ႔ မ်က္ႏွာခ်င္းဆိုင္ City Square သုံးလႊာရွိ အမ်ားသုံးသန႔္စင္ခန္းႏွင့္ အိုးရွင္းစင္တာ စက္ေလွကား ဝင္ေပါက္တို႔မွာ မသကၤာဖြယ္ရာ ေတြ႕ခဲ့ေပမယ့္ စစ္ေဆးရာမွာ မဟုတ္ခဲ့ပါဘူး။

ေတာင္ႀကီးၿမိဳ႕မေဈးႀကီးေရွ႕ လမ္းေဘးမွာေတြ႕တဲ့ မိုင္းသတင္းက အြန္လိုင္းမီဒီယာေတြမွာ လွ်င္ျမန္စြာပ်ံ႕ႏွံ႔ခဲ့သလို မိုင္းကို စစ္ေျမျပင္ အင္ဂ်င္နီယာတပ္ရင္း မိုင္းရွင္းလင္းေရးအဖြဲ႕က သဲအိတ္၊ ကားတာယာေတြ ကာၿပီး မိုင္းခြဲတဲ့ သတင္းေတြ၊ ေဝဖန္မႈေတြ ရွိခဲ့ပါတယ္။အမ်ားစုက ဒီလိုဘာသာေရး ေပ်ာ္ပြဲ႐ႊင္ပြဲကာလမွာ အထိတ္တလန႔္ျဖစ္ေအာင္ လုပ္တဲ့သူရဲ႕ ယုတ္မာလြန္းတဲ့ စိတ္ယုတ္ကို ေဝဖန္ဆဲဆိုမႈေတြ ပ်ံ႕ႏွံ႔ခဲ့ပါတယ္။

ေတာင္ႀကီး မီးပုံးပ်ံပြဲ က်င္းပေရး ေကာ္မတီကေတာ့ ဒီလို မိုင္းေတြေတြ႕တဲ့အတြက္ ပြဲေတာ္စည္ကားမႈကို ထိခိုက္မႈမရွိဘူးလို႔ ဆိုပါတယ္။ဒါေပမယ့္ ရန္ကုန္ X2O ၾသကၤန္မ႑ပ္လို၊ စင္တာေတြမွာ တစ္ၿပိင္နက္ ဗုံးေပါက္တာေတြ ရွိခဲ့တဲ့အတြက္ အထိတ္တလန္နဲ႔ သြားဖို႔စီစဥ္ထားတာေတြ ဖ်က္တာေတြလည္း ရွိခဲ့ပါတယ္။

ေတာင္ႀကီးမွာ မိုင္းလန႔္သလိုျဖစ္ခဲ့ၿပီး ေနာက္ ၅ ရက္အၾကာ ရန္ကုန္ စမ္းေခ်ာင္းက ရွမ္းကုန္းလမ္းမွာ ျပဳလုပ္တဲ့ တမန္ေတာ္ မိုဟာမက္ အခမ္းအနားကို အမ်ိဳးသားေရးအင္အားစု ဆိုသူေတြက ပြဲက်င္းပတဲ့ ဗြီႏိုင္းမွာပါတဲ့ အစၥလာမ္ ဘာသာေရးဆရာတစ္ဦးကို ဥပဇၩဆရာေတာ္လို႔ သုံးထားတာနဲ႔ စာေရးဆရာ ထင္လင္ဦး ပါဝင္ေဟာေျပာမယ္ဆိုတဲ့ သတင္းေတြေၾကာင့္ လာေရာက္ကန႔္ကြက္ တားဆီးခဲ့တာလို႔ ဆိုပါတယ္။

ႏိုဝင္ဘာ ၂၁ ရက္ ညေနပိုင္းကျဖစ္ခဲ့တဲ့ အဆိုပါ တားဆီးမႈမွာ ရဟန္းေတာ္အခ်ိဳ႕ႏွင့္ ႏွာေခါင္းစည္း (Mask) တပ္ဆင္ထားေသာ လူ ၄၀ ခန႔္ပါတဲ့ အဖြဲ႕က လာတားဆီး ကန႔္ကြက္ခဲ့တာျဖစ္ၿပီး ေဒသခံအခ်ိဳ႕ကေတာ့ ႏွစ္ေပါင္းမ်ားစြာ အတူယွဥ္တြဲေနတာ ၾကာလာၿပီး ႏွစ္ဘက္ဘာသာၾကား ဘာျပႆနာမွ မရွိခဲ့ဘူးလို႔ ဆိုပါတယ္။ေနာက္မွာေတာ့ အဆိုပါအဖြဲ႕နဲ႔ သံဃာေတာ္မ်ားကို ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉး႐ုံးမွာ ညႇိႏႈိင္းေတြ႕ဆုံၿပီး ဥပဇၩဆရာေတာ္ အသုံးအႏႈန္းပါတဲ့ စတစ္ကာဗီႏိုင္းကို ျဖဳတ္ေပးၿပီး ရဲတပ္ဖြဲ႕က လုံၿခဳံေရးယူ၍ ပြဲကို ျပန္လည္က်င္းပခဲ့ပါတယ္။

ဒီလို ဘာသာေရးနဲ႔ ပတ္သက္တဲ့ တားဆီးကန႔္ကြက္မႈေတြျဖစ္ခဲ့တဲ့ ယခုရက္သတၱပတ္အတြင္းမွာဘဲ ၾကည့္ျမင္တိုင္တ စ္ဘက္ကမ္း ဘလုတ္ၫြန႔္ရပ္ကြက္မွာ ဓါးကိုင္ရမ္းကားေနတဲ့ အရပ္သားတစ္ဦးက တားဆီးတဲ့ ရဲတပ္ဖြဲ႕ဝင္ေတြကိုပါ ဓားနဲ႔လိုက္ခုတ္လို႔ ေသနတ္နဲ႔ ပစ္ခတ္ဖမ္းဆီးခဲ့ရတဲ့ သတင္း၊ မူဆယ္ၿမိဳ႕တြင္း လမ္းပိတ္လို႔ ကားသမားအခ်င္းခ်င္း ခိုက္ရန္ျဖစ္ပြားစဥ္ ဖ်န္ေျဖေပးတဲ့ ရဲတပ္ဖြဲ႕ဝင္ တစ္ဦးကို ကားသမားက ဓားနဲ႔ခုတ္တဲ့ သတင္း၊ ထိုင္းႏိုင္ငံ ကားတာယာစက္႐ုံ အလုပ္သမားေတြဆီက ဘတ္ေလးသန္းခန႔္ (က်ပ္သိန္း ၁,၅၀၀) ေက်ာ္ လိမ္လည္ခဲ့တဲ့ ျမန္မာေဈးသည္လင္မယားကို ထိုင္းရဲစခန္းမွာ အမႈဖြင့္ တိုင္ၾကားထားတဲ့ သတင္း၊ မိန္းကေလး ၃၈ ဦးကို ျပည္ပပို႔ဖို႔ စုေဆာင္းထားတဲ့ ရာသက္ပန္ လုပ္ငန္းလိုင္စင္ ပိတ္ထားခံရတဲ့ ကုမၸဏီကို အမႈဖြင့္ထားတဲ့ သတင္း၊ ေ႐ႊေပၚကြၽန္း သာသနာျပဳစခန္း ေက်ာင္းထိုင္ဆရာေတာ္ေနရာမွာ ဝိနည္းနဲ႔ ညီတဲ့ ဆရာေတာ္တစ္ပါး အစားထိုးတင္ေျမႇာက္ေပးဖို႔ ေဒသခံ ၃၀၀ ခန႔္က ဆႏၵထုတ္ေဖာ္တဲ့ သတင္း၊ အၾကမ္းဖက္ဖမ္းဆီးမႈေၾကာင့္ ျမန္မာလုပ္သား ေသဆုံးမႈအတြက္ အေရးယူေပးဖို႔ ေတာင္ကိုရီးယားႏိုင္ငံသားအခ်ိဳ႕ ဆိုးလ္ရွိ သမၼတအိမ္ေတာ္ေရွ႕ မွာ ဆႏၵျပေတာင္းဆိုခဲ့တဲ့ သတင္း၊ ရွမ္း႐ိုးမႏွင့္ ထိစပ္ေနတဲ့ ႐ြာတစ္႐ြာမွာ အမ်ိဳးသားသုံးဦး က်ားကိုက္ခံရတဲ့ သတင္း၊ ေဒါပုံၿမိဳ႕နယ္မွာ လွ်ပ္စစ္ဝန္ထမ္းႏွစ္ဦး မီးျပင္ေနစဥ္ ဓာတ္လိုက္ေသဆုံးခဲ့လို႔ ဌာနတြင္းစုံခုံဖြဲ႕၍ စစ္ေဆးေနတဲ့ သတင္း စတဲ့ သတင္းေတြလည္း ျဖစ္ခဲ့ပါတယ္။

ျမန္မာက်ပ္ေငြ မာဖို႔ ႏိုင္ငံျခားေငြနဲ႔ ေပးေခ်လက္ခံသူေတြ ဖမ္းမယ္။

ဒီတစ္ပတ္ သတင္းေတြထဲမွာ ျမန္မာႏိုင္ငံေတာ္ ဗဟိုဘဏ္ ဒုတိယဥကၠ႒ ဦးဘိုဘိုငယ္ မွ အမ်ိဳးသားလႊတ္ေတာ္ထဲမွာ ေျပာတဲ့စကားက စိတ္ဝင္စားမႈအမ်ားဆုံး သတင္းတစ္ပုဒ္ ျဖစ္ခဲ့ပါတယ္။

ႏိုဝင္ဘာ ၂၀ ရက္က က်င္းပတဲ့ အမ်ိဳးသားလႊတ္ေတာ္ အစည္းအေဝးမွာ က်ပ္ေငြမာဖို႔ လႊတ္ေတာ္ကိုယ္စားလွယ္ တစ္ဦးက ဘယ္လိုစီမံထားသလဲဆိုတဲ့ ေမးခြန္းကို ေမးခဲ့ပါတယ္။ဒီေမးခြန္းကို လာေရာက္ေျဖဆိုတဲ့ ဗဟိုဘဏ္ ဒုတိယဥကၠ႒ ဦးဘိုဘိုငယ္ က က်ပ္ေငြတန္ဖိုး က်ဆင္းမႈ မရွိေစေရးႏွင့္ ေငြေၾကးတည္ၿငိမ္ေစေရး ျပည္တြင္း၌ က်ပ္ေငြကိုသာ သုံးစြဲရန္ သုံးႀကိမ္တိုင္ ၫႊန္ၾကားစာထုတ္ တားျမစ္ခဲ့ေသာ္လည္း ႏိုင္ငံျခားေငြမ်ား ဆက္လက္သုံးစြဲေနသျဖင့္ အေရးယူရန္ စီစဥ္ေနတယ္လို႔ ေျပာခဲ့ပါတယ္။

ဒီလိုေျပာရာမွာ ဦးဘိုဘိုငယ္ က ျပည္တြင္းအေရာင္းအဝယ္ ကိစၥမ်ားနဲ႔ ေငြေပးေခ်မႈ ကိစၥမ်ားမွာ က်ပ္ေငြကိုဘဲ သုံးစြဲဖို႔ ၂၀၁၅၊ ၂၀၁၆ နဲ႔ ယခု ၂၀၁၈ မွာ သုံးႀကိမ္တိုင္တိုင္ ၫႊန္ၾကားခဲ့ၿပီး လုပ္ငန္းရွင္ေတြဘက္က လိုက္နာမႈမရွိလို႔ ပညာေပးကာလတစ္ခု သတ္မွတ္ၿပီး အေရးယူဖို႔ စီစဥ္ေနတယ္လို႔ ေျပာခဲ့ပါတယ္။ဒါေပမယ့္ လႊတ္ေတာ္ကိုယ္စားလွယ္ သိလိုတဲ့ ဘယ္ကာလ၊ ဘယ္အခ်ိန္မွာ စမယ္ဆိုတာကို ေျပာခဲ့တာ မရွိပါဘူး။

လက္ရွိမွာ က်ပ္ေငြအစား ေဒၚလာကို ဟိုတယ္မ်ား၊ စားေသာက္ဆိုင္မ်ား၊ ျပည္တြင္း၌ လာဖြင့္သည့္ ႏိုင္ငံျခားရင္းႏွီးျမႇဳပ္ႏွံသည့္ ေက်ာင္းမ်ား၊ ႏိုင္ငံျခားသားမ်ားကို တိုက္ခန္းငွားရမ္းမႈမ်ား၊ အမွတ္တရပစၥည္းဆိုင္မ်ားနဲ႔ အစိုးရဝန္ႀကီးဌာနမ်ား၏ ေျမငွားရမ္းျခင္းမ်ား၊ ႏိုင္ငံျခားႏွင့္ ဖက္စပ္ရင္းႏွီးျမႇဳပ္ႏွံမႈမ်ား စသည့္ လုပ္ငန္းမ်ားမွာ အသုံးျပဳေနတယ္လို႔ ေျပာခဲ့ၿပီး က်ပ္ေငြတန္ဖိုး မာဖို႔ အျခားအေၾကာင္းေတြကိုလည္း ရွာေနတယ္လို႔ ေျပာခဲ့ပါတယ္။

ဒီလို အေရးယူမႈေတြ ရွိလာရင္ ျပည္တြင္းမွာ ကားေရာင္းတာကေန ကေလးေတြ ေက်ာင္းထားတာအထိ ေျပာင္းလဲမႈေတြ ျဖစ္လာႏိုင္သလို ယခုထက္ပိုၿပီး ႏိုင္ငံျခားေငြလဲလုပ္ငန္းေတြ ပိုခြင့္ျပဳေပးဖို႔ လိုလာမွာ ျဖစ္ပါတယ္။

ဒီသတင္းက ယခုရက္သတၱပတ္အတြင္းျဖစ္ခဲ့တဲ့ စီးပြားေရးေနာက္ခံ သတင္းေတြျဖစ္တဲ့ ေလဆိပ္ကေန ဆူးေလအထိ ေျပးဆြဲေနတဲ့ YBS ယာဥ္လိုင္းႏွစ္ခု ၂၄ နာရီ ေျပးဆြဲေတာ့မယ့္ သတင္း၊ ဆုေၾကး က်ပ္သိန္းတစ္ေသာင္းခြဲ ခ်ီးျမႇင့္မည့္ က်ပ္တစ္ေထာင္တန္လက္မွတ္ စေရာင္းပါက က်ပ္ငါးရာတန္ထီကို သုံးလဆက္ဖြင့္ၿပီး ေဈးကြက္ဝယ္လိုအား မရွိရင္ ရပ္ဆိုင္းမယ့္ သတင္း၊ ျပည္ေထာင္စုအစိုးရအဖြဲ႕႐ုံး ဝန္ႀကီး ဦးေသာင္းထြန္း ရင္းႏွီးျမႇဳပ္ႏွံမႈႏွင့္ ႏိုင္ငံျခားစီးပြားဆက္သြယ္ေရး ဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီးအျဖစ္ ေျပာင္းလဲခန႔္အပ္ခံရတဲ့ သတင္း၊ လမ္းေလွ်ာက္စကားေျပာစက္ (ေဝၚကီေတာ္ကီ) အသုံးျပဳမႈကို ပုဂၢလိကစီးပြားေရးအျဖစ္ စတင္ခြင့္ျပဳရန္ စီစဥ္ေနတဲ့ သတင္းေတြထဲ ေဒၚလာသုံးရင္ အေရးယူမယ့္ သတင္းက ျပည္တြင္းလုပ္ငန္းရွင္နဲ႔ စီးပြားေရးသမားမ်ားၾကား ဂယက္ထခဲ့တဲ့ သတင္းႀကီး ျဖစ္ခဲ့ပါတယ္။

ႏိုင္ငံျခားေခ်းေငြအတြက္ ေထာက္ျပမႈေတြ၊ ကန႔္ကြက္မႈေတြ။

ယခုတစ္ပတ္ လႊတ္ေတာ္ဆိုင္ရာ သတင္းေတြက စိတ္ဝင္စားစရာ သတင္းေတြမ်ားသလို အေၾကာင္းအရာေတြကလည္း စုံပါတယ္။အထူးသျဖင့္ ျပည္ေထာင္စုလႊတ္ေတာ္မွာ ျမဝတီၿမိဳ႕ကို ၿမိဳ႕ျပဖြံ႕ၿဖိဳးမႈစီမံကိန္း ေဆာင္႐ြက္ရန္ ထိုင္းအစိုးရထံမွ ကန္ေဒၚလာ ၂၄ ဒသမ ၃ သန္း ေခ်းယူဖို႔ ေဆာက္လုပ္ေရးဝန္ႀကီးဌာနက တင္ျပခဲ့တဲ့ သတင္း၊ ရန္ကုန္ၿမိဳ႕၌ ျမစ္ေၾကာင္းတူးေဖာ္ေရး လုပ္ငန္းမ်ား၊ ၿမိဳ႕ျပယဥ္ေက်းမႈထိန္းသိမ္းေရး စီမံကိန္းမ်ား ေဆာင္႐ြက္ရန္ ျပင္သစ္ဖြံ႕ၿဖိဳးတိုးတက္ေရးေအဂ်င္စီ (AFD) ထံမွ ယူ႐ိုေငြ သန္း ၇၀ ေခ်းယူလိုေၾကာင္း ျပည္ေထာင္စုလႊတ္ေတာ္သို႔ တင္ျပတဲ့ သတင္း၊ စတင္ခ်ိန္ ေနာက္က်ခဲ့လို႔ ရန္ကုန္ၿမိဳ႕ပတ္ရထားလမ္း အဆင့္ျမႇင့္တင္ျခင္းစီမံကိန္း ၂၀၂၃ ခုႏွစ္မွ လုပ္ငန္းတစ္ခုလုံး ၿပီးစီးႏိုင္မယ့္ သတင္း၊ စတဲ့ သတင္းေတြ ယခုတစ္ပတ္အတြင္း ျဖစ္ခဲ့ပါတယ္။

ဒီထဲမွာ အမ်ားျပည္သူ စိတ္ဝင္စားတဲ့ လႊတ္ေတာ္သတင္း ႏွစ္ပုဒ္ျဖစ္ခဲ့ပါတယ္။တစ္ပုဒ္က ျပည္သူ႔လႊတ္ေတာ္မွာ ျပည္ခိုင္ၿဖိဳးအမတ္ ေဒါက္တာေမာင္သင္း က ေမးတဲ့ ဆိုရွယ္မီဒီယာ ေစာင့္ၾကည့္ေရး က်ပ္ ၆,၄၂၆သန္း သုံးစြဲျခင္းနဲ႔ ပတ္သက္တဲ့ ေမးခြန္းနဲ႔ ျပည္ေထာင္စုလႊတ္ေတာ္မွာ စီမံ/ဘ႑ာ ဝန္ႀကီးဌာနက ရန္ကုန္ၿမိဳ႕၌ ျမစ္ေၾကာင္းတူးေဖာ္ေရး လုပ္ငန္းမ်ား၊ ၿမိဳ႕ျပယဥ္ေက်းမႈ ထိန္းသိမ္းေရး စီမံကိန္းမ်ား ေဆာင္႐ြက္ရန္ ျပင္သစ္ဖြံ႕ၿဖိဳးတိုးတက္ေရးေအဂ်င္စီ (AFD) ထံမွ ယူ႐ိုေငြ သန္း ၇၀ ေခ်းယူဖို႔ တင္ျပတာကို ဒီခ်ဳပ္လႊတ္ေတာ္အမတ္ေတြက ကန႔္ကြက္ခဲ့တဲ့ သတင္းေတြဘဲ ျဖစ္ပါတယ္။

ပထမဆုံး အမ်ားျပည္သူၾကား ေဝဖန္မႈေတြ ရွိေနတဲ့ လူမႈကြန္ရက္ေတြကို ေစာင့္ၾကည့္ဖို႔ သမၼတ အထူးရန္ပုံေငြထဲကေန က်ပ္သန္း ၆,၀၀၀ ေက်ာ္ သုံးစြဲမႈ ဥပေဒႏွင့္ ညီ၊ မညီကို ျပည္ခိုင္ၿဖိဳးအမတ္ ေမးခဲ့တဲ့ သတင္းနဲ႔ စခ်င္ပါတယ္။ဒီေမးခြန္းကို ပို႔/ဆက္ ဒု-ဝန္ႀကီးက လာေျဖခဲ့ရာမွာ ရခိုင္ျပည္နယ္အတြင္း ျဖစ္ပြားခဲ့တဲ့ အၾကမ္းဖက္မႈျဖစ္စဥ္ အေတြ႕အႀကဳံမ်ားအရ ဆိုရွယ္မီဒီယာ ေစာင့္ၾကည့္ေရးအဖြဲ႕ကို ႏိုင္ငံ့လုံၿခဳံေရးအတြက္ ဥပေဒႏွင့္အညီ အေရးေပၚဖြဲ႕စည္းခဲ့ၿပီး ဆိုရွယ္မီဒီယာ ေစာင့္ၾကည့္ေရးအဖြဲ႕သည္ Facebook, Messenger, Twitter အစရွိသည့္ လူမႈကြန္ရက္မ်ားမွတစ္ဆင့္ လူငယ္လူ႐ြယ္မ်ား အက်င့္စာရိတၱ ပ်က္ျပားေစမည့္ (သို႔မဟုတ္) ႏိုင္ငံေတာ္လုံၿခဳံေရး (သို႔မဟုတ္) တရားဥပေဒစိုးမိုးေရးကို ထိပါးေစမည့္ ျပဳမူေဆာင္႐ြက္ခ်က္မ်ားကို ေစာင့္ၾကည့္ ေဖာ္ထုတ္မွာ ျဖစ္ေၾကာင္း ေျပာၾကားခဲ့ပါတယ္။

ဒါ့အျပင္ သတင္းမီးဒီယာမ်ားကို ေျပာခဲ့ရာမွာလည္း အဆိုပါလူမႈကြန္ရက္အသုံးျပဳကာ အၾကမ္းဖက္သမားေတြ အခ်င္းခ်င္းဆက္သြယ္ၿပီး ေဆာင္႐ြက္ေနတယ္လို႔ သတင္းအခ်က္အလက္ ရတဲ့အတြက္ ဒီအဖြဲ႕ကို ဖြဲ႕စည္းခဲ့ရတာလို႔ ေျပာခဲ့ပါတယ္။ဒီအတြက္ ေဖာ္ထုတ္ရတဲ့ အခ်က္အလက္ေတြနဲ႔ ဝန္ႀကီးဌာနေတြနဲ႔ ပူးေပါင္းကာ အေရးယူဖို႔ေတြ စီစဥ္ထားတယ္လို႔ သိရပါတယ္။

ေနာက္တစ္ပုဒ္က ရန္ကုန္တိုင္းေဒသႀကီးအတြင္း ျမစ္ေၾကာင္းတူးေဖာ္ေရးလုပ္ငန္းမ်ား၊ ၿမိဳ႕ျပယဥ္ေက်းမႈ ထိန္းသိမ္းေရးအတြက္ ျပင္သစ္ကေန ယူ႐ိုေငြ သန္း ၇၀ ေခ်းယူဖို႔ စီမံ/ဘ႑ာ ဝန္ႀကီးဌာနက ျပည္ေထာင္စုလႊတ္ေတာ္မွာ တင္ျပတဲ့ သတင္းပါ။

ျပည္ေထာင္စုလႊတ္ေတာ္ အစည္းအေဝးမွာ ယခုလို စီမံ/ဘ႑ာ ဝန္ႀကီးဌာနက တင္ျပတဲ့အေပၚ ဒဂုံၿမိဳ႕သစ္ေျမာက္ပိုင္း ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္ ေဒါက္တာခင္ေမာင္ေမာင္ နဲ႔ ဂန႔္ေဂါၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္ ေဒၚယဥ္မင္းလႈိင္ က ေထာက္ျပကန႔္ကြက္မႈေတြ ျပဳခဲ့ပါတယ္။

ေဒါက္တာခင္ေမာင္ေမာင္ က ငမိုးရိပ္ေခ်ာင္းႏွင့္ ပုဇြန္ေတာင္ေခ်ာင္း တူးေဖာ္ျခင္း၊ ျမစ္ကမ္းပါးအလွဆင္ျခင္း၊ ပုဇြန္ေတာင္ေဈး အဆင့္ျမႇင့္တင္ျခင္း၊ ပန္းၿခံအဆင့္ျမႇင့္တင္ျခင္း၊ ျပဳျပင္ျခင္း လုပ္ငန္းမ်ားက လိုသလား၊ မလိုသလား ဆိုတာကို ေမးခြန္းထုတ္ခဲ့ၿပီး ငမိုးရိပ္ေခ်ာင္းႏွင့္ ပုဇြန္ေတာင္ေခ်ာင္းကို တူးေဖာ္စရာ မလိုေၾကာင္း၊ ငမိုးရိပ္ေခ်ာင္းေဘး ေနလာသည္မွာ ၁၉ ႏွစ္ရွိၿပီျဖစ္ၿပီး ႀကီးႀကီးမားမား ေရလွ်ံသည္ဟူ၍ မရွိေၾကာင္း၊ ၿမိဳ႕တြင္း ေရလွ်ံသည္မွာ ျမစ္ေခ်ာင္းတိမ္ေကာမႈေၾကာင့္ မဟုတ္ေၾကာင္း ေျပာခဲ့ပါတယ္။

ေဒၚယဥ္မင္းလႈိင္ က ရန္ကုန္တိုင္း စည္ပင္သာယာဌာနက ယခုေခ်းယူမည့္ ေခ်းေငြ အပါအဝင္ ယခင္က ေခ်းယူထားသည့္ ေခ်းေငြမ်ားႏွင့္ ေပါင္းပါက ျပန္ဆပ္ရမည့္ ေခ်းေငြစုစုေပါင္း ေဒၚလာသန္း ၇၀၀ ခန႔္ ရွိေနၿပီ ျဖစ္ေၾကာင္း လိုအပ္ခ်က္မ်ားျပားေနသည့္ ျမန္မာႏိုင္ငံတြင္ အေျခခံလိုအပ္ခ်က္၊ မရွိမျဖစ္လိုအပ္ခ်က္၊ အေရးႀကီးလိုအပ္ခ်က္ ဟူ၍ ခြဲျခားၿပီး ႏိုင္ငံျခားေခ်းေငြမ်ားကို စီမံအသုံးျပဳသင့္ေၾကာင္း ေထာက္ျပခဲ့ပါတယ္။

ဒီလိုကန႔္ကြက္ ေထာက္ျပမႈမ်ား ရွိလာသျဖင့္ ယင္းကန႔္ကြက္ ေဆြးေႏြးမႈမ်ားအေပၚ သက္ဆိုင္ရာ ဝန္ႀကီးဌာနက ျပန္လည္ရွင္းလင္းမည္ျဖစ္ၿပီး လႊတ္ေတာ္က သေဘာ တူ၊ မတူ ဆုံးျဖတ္မွာျဖစ္တဲ့အတြက္ ယူ႐ို သန္း ၇၀ ဘယ္လိုျဖစ္လာမလဲဆိုတာ ဆက္ေစာင့္ၾကည့္ရေတာ့မွာ ျဖစ္ပါတယ္။

သတၱိ၊ ဗ်တၱိ ပိုၿပီးလိုေနတယ္လို႔ အားလုံးကို ေျပာလိုက္တဲ့ KNU ဥကၠ႒။

ေနျပည္ေတာ္တြင္ ႏိုဝင္ဘာ ၂၁ ရက္က က်င္းပသည့္ ဘာသာေပါင္းစုံ ၿငိမ္းခ်မ္းေရး ေဆြးေႏြးဝိုင္းကို တက္ေရာက္ခဲ့တဲ့ ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ က အဖြင့္အမွာစကား ေျပာၾကားခဲ့ရာမွာ အျပန္အလွန္ယုံၾကည္မႈႏွင့္ နားလည္မႈတို႔ တည္ေဆာက္ႏိုင္ေရး ဇြဲနပဲရွိရွိ ဆက္လက္ႀကိဳးပမ္းရန္ လိုအပ္ေၾကာင္း၊ ေဆြးေႏြးညႇိႏႈိင္းျခင္းမွတစ္ဆင့္ ဆက္ဆံေရး တိုးတက္ေကာင္းမြန္လာရန္မွာ ၿငိမ္းခ်မ္းေရးတည္ေဆာက္ႏိုင္မည့္ အေကာင္းဆုံးေသာ နည္းလမ္းအျဖစ္ ယုံၾကည္ေၾကာင္း ေျပာခဲ့သလို အျပန္အလွန္ေလးစားမႈကို ျဖစ္ေစသည့္ ၿငိမ္းခ်မ္းေရးယဥ္ေက်းမႈတစ္ရပ္ကို ပညာေရးမွတစ္ဆင့္ ေဖာ္ေဆာင္ေပးရမည္ျဖစ္၍ ပညာေရးကို အာ႐ုံစိုက္သင့္တယ္လို႔ ဆိုပါတယ္။

KNU ဥကၠ႒ ဗိုလ္ခ်ဳပ္ႀကီး ေစာမူတူးေစးဖိုး ကေတာ့ ‘‘ဒီလိုႏိုင္ငံေရးအရ ေတြ႕ဆုံေဆြးေႏြး အေျဖရွာတဲ့ေနရာမွာ ကြၽန္ေတာ္ရဲ႕ ကိုယ္ေတြ႕အရ သတၱိ၊ ဗ်တၱိ ပိုၿပီးလိုေနတာကို ေတြ႕ရပါတယ္။ကိုယ္က်ိဳးစြန႔္ျခင္း၊ အနစ္နာခံျခင္း၊ မာန္မာနမထားျခင္းနဲ႔အတူ ေစာေစာက ကြၽန္ေတာ္ေျပာခဲ့သလို ေမတၱာတရားထားႏိုင္ဖို႔က လိုအပ္လာလို႔ ျဖစ္ပါတယ္’’ လို႔ ေျပာခဲ့ပါတယ္။

ရန္ကုန္ ကက္သလစ္ဂိုဏ္းခ်ဳပ္ ဆရာေတာ္ ကာဒီနယ္ခ်ားလ္စ္ဘို က ႏိုင္ငံအတြင္း သယံဇာတ အရင္းအျမစ္မ်ားအတြက္ လည္းေကာင္း၊ ယဥ္ေက်းမႈႏွင့္ လူမ်ိဳး ကိစၥရပ္မ်ားအတြက္ လည္းေကာင္း အခ်ိဳ႕ေဒသမ်ားတြင္ တင္းမာမႈမ်ား ရွိေနေသးေသာ္လည္း ပဋိပကၡမ်ားေၾကာင့္ စိတ္ဝမ္းကြဲေနေသာ အုပ္စုမ်ားအား ညႇိႏႈိင္းေဆြးေႏြးမႈျဖင့္ ၿငိမ္းခ်မ္းေရးရႏိုင္သည္ကို ယုံၾကည္ေစလိုေၾကာင္း ေျပာခဲ့ပါတယ္။

ႏွစ္ရက္ၾကာက်င္းပမယ့္ ယင္းေဆြးေႏြးမႈကို အစိုးရဝန္ႀကီးဌာနမွ ၂၇ ဦးႏွင့္ ရခိုင္ျပည္နယ္အတြင္း ျဖစ္ေပၚေနေသာ ကိုယ္ပိုင္လကၡဏာ အေထာက္အထား၊ မတူညီကြဲျပားမႈမ်ားႏွင့္ သမား႐ိုးက် စိန္ေခၚမႈမ်ားဆိုင္ရာ က႑ အပါအဝင္ ပညာေရးက႑၊ တိုင္းရင္းသား လူနည္းစုမ်ား တန္းတူေရးႏွင့္ တာဝန္ယူ၊ တာဝန္ခံဆိုင္ရာ က႑၊ အမ်ိဳးသမီးမ်ား စြမ္းေဆာင္ရည္ ျမႇင့္တင္ေရးႏွင့္ တန္းတူပါဝင္ခြင့္ဆိုင္ရာ က႑၊ လူငယ္မ်ား ထိေတြ႕ဆက္ဆံေရးႏွင့္ ကာကြယ္ေစာင့္ေရွာက္ေရးက႑ စသည့္ က႑ငါးရပ္ကို ေဆြးေႏြးမည္ျဖစ္ၿပီး က႑တစ္ခုစီတြင္ တပ္မေတာ္သား ကိုယ္စားလွယ္ တစ္ဦးစီ ပါဝင္ေဆြးေႏြးမည့္အျပင္ ဖိတ္ၾကားထားေသာ သံတမန္မ်ား၊ လက္နက္ကိုင္ ၿငိမ္းခ်မ္းေရးအဖြဲ႕ ခုနစ္ဖြဲ႕မွ ကိုယ္စားလွယ္မ်ား၊ အမ်ိဳးသမီးအဖြဲ႕မ်ား၊ လူငယ္အဖြဲ႕ဝင္မ်ား၊ အရပ္ဘက္အဖြဲ႕အစည္းမ်ားႏွင့္ ဘာသာေရးေခါင္းေဆာင္မ်ားလည္း ဝင္ေရာက္ေဆြးေႏြးခဲ့ၾကတာ ျဖစ္ပါတယ္။

ေဆြးေႏြးပြဲကို ေျခာက္လတစ္ႀကိမ္ႏႈန္းနဲ႔ လာမည့္ ၂၀၂၀ ထိ က်င္းပဖို႔ စီစဥ္ထားတာပါ။ဒီဘာသာေပါင္းစုံ ၿငိမ္းခ်မ္းေရး ေဆြးေႏြးဝိုင္းမွာ ေခါင္းေဆာင္ေတြ ျပန္ဆုံတဲ့အတြက္ လိပ္ခဲတည္းလဲျဖစ္ေနတဲ့  ၿငိမ္းခ်မ္းေရးအတြက္ ေျပလည္ဖို႔ လမ္းစေတြ ထြက္လာမလားဆိုတဲ့ မွန္းဆခ်က္ သတင္းေတြက ဒီတစ္ပတ္ထဲျဖစ္ခဲ့တဲ   ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ ဦးေဆာင္အဖြဲ႕(PPST) မွ KNU ကိုယ္စားလွယ္အျဖစ္ ဥကၠ႒ ဗိုလ္ခ်ဳပ္ႀကီး ေစာမူတူးေစးဖိုး ေနရာမွာ အေထြေထြအတြင္းေရးမႉးခ်ဳပ္ ပဒိုေစာတာဒိုမူး နဲ႔ အစားထိုးလိုက္တဲ့ သတင္း၊ ဇန္နဝါရီ ၃၁ ရက္မွာ က်င္းပမယ့္ ကရင္ေတာ္လွန္ေရးေန႔မွာ ကရင္လက္နက္ကိုင္အဖြဲ႕ေတြ ပူးေပါင္းစစ္ေရးျပပြဲ ပထမဆုံးျပဳလုပ္မယ့္ သတင္း၊ မီးဖြားၿပီးခါစ အမ်ိဳးသမီးနဲ႔ ရက္သားကေလးငယ္တစ္ဦး အပါအဝင္ မိသားစုဝင္အခ်ိဳ႕ကို ျပန္လႊတ္ေပးဖို႔ ကြတ္ခိုင္ၿမိဳ႕ ပန္ကူစစ္ေရွာင္စခန္းတာဝန္ခံက ေတာင္းဆိုလိုက္တဲ့ သတင္း၊ မူဆယ္ၿမိဳ႕ရွိ လုပ္ငန္းရွင္ေတြကို လက္နက္ကိုင္အဖြဲ႕အခ်ိဳ႕က အခြန္ေငြေပးသြင္းဖို႔ အေၾကာင္းၾကားထားတယ္ဆိုတဲ့ စိတ္ဝင္စားစရာ တိုင္းရင္းသားေဒသ သတင္းေတြနည္းတူ အမ်ားျပည္သူ အာ႐ုံစိုက္စရာ ျဖစ္ခဲ့ပါတယ္။

ေက်ာက္တန္းထိ ေရာက္လာတဲ့ ဘဂၤါလီ ျပႆနာ။

ယခုတစ္ပတ္ သတင္းေတြထဲ ထိပ္တန္းျဖစ္ခဲ့တဲ့ သတင္းက ရန္ကုန္နယ္နမိတ္ျဖစ္တဲ့ ေက်ာက္တန္းၿမိဳ႕နယ္ထဲကို စစ္ေတြ နာဇီေက်း႐ြာ ဒုကၡသည္စခန္းက ဘဂၤါလီ ၁၀၆ ဦး စက္ေလွပ်က္ၿပီး ေရာက္လာလို႔ အထိတ္တလန႔္ျဖစ္ခဲ့တဲ့ သတင္းပါဘဲ။

ယခုတစ္ပတ္ထဲ ႏိုင္ငံတကာမွာ ျမန္မာနဲ႔ ပတ္သက္ၿပီး အေရးႀကီးတဲ့ သတင္းတစ္ခု ရွိပါတယ္။ဒါက ကုလသမဂၢမွာ ဘဂၤါလီနဲ႔ ပတ္သက္ၿပီး မဲခြဲမႈပါ။ႏိုဝင္ဘာ ၁၆ ရက္က ကုလသမဂၢဌာနခ်ဳပ္မွာ က်င္းပတဲ့ ကုလသမဂၢ အေထြေထြညီလာခံ တတိယေကာ္မတီကေန ႏိုင္ငံတကာ လြတ္လပ္ေသာ စုံစမ္းစစ္ေဆးေရးအဖြဲ႕ကို ဝင္ေရာက္ခြင့္ျပဳေရး ပါဝင္တဲ့ အစၥလာမ္မစ္ ပူးေပါင္းေဆာင္႐ြက္ေရးအဖြဲ႕ (OIC) ႏွင့္ ဥေရာပသမဂၢ (EU) တို႔ ပူးေပါင္းတင္သြင္းတဲ့ ျမန္မာႏိုင္ငံရွိ လူ႔အခြင့္အေရး ခ်ိဳးေဖာက္မႈ အားလုံးအေပၚ ရႈတ္ခ်ၿပီး ႏိုင္ငံတကာ လြတ္လပ္ေသာ စုံစမ္းစစ္ေဆးေရးအဖြဲ႕ ဝင္ေရာက္ခြင့္ျပဳေရးႏွင့္ ဘဂၤါလီ မြတ္စလင္မ်ားအေပၚ အၾကမ္းဖက္မႈ က်ဴးလြန္သူမ်ားကို တာဝန္ခံမႈရွိေစေရး မူၾကမ္းကို မဲခြဲအတည္ျပဳခဲ့ရာမွာ ေထာက္ခံမဲ ၁၄၂ မဲ၊ ကန႔္ကြက္မဲ ၁၀ မဲ၊ ၾကားေနမဲ ၂၆ မဲ ျဖင့္ ေကာ္မတီက အတည္ျပဳခဲ့ပါတယ္။

ဒီမဲခြဲပြဲကို ျပင္းထန္စြာ ကန႔္ကြက္ခဲ့တဲ့ ကုလသမဂၢဆိုင္ရာ ျမန္မာသံအမတ္ႀကီး ဦးေဟာက္ဒိုဆြမ္း က အဆိုပါမူၾကမ္းထဲမွာ ရခိုင္ျပည္နယ္က မြတ္စလင္ေတြရဲ႕ အခြင့္အေရးကို ၉၀ ရာခိုင္ ႏႈန္းထိ အသားေပးထားၿပီး ျမန္မာအစိုးရရဲ႕ အမ်ိဳးသားျပန္လည္သင့္ျမတ္ေရးႏွင့္ ဒီမိုကေရစီဖက္ဒရယ္ျပည္ေထာင္စု တည္ေဆာက္ေရး ႀကိဳးပမ္းမႈေတြကို ထည့္သြင္းေဖာ္ျပျခင္း မရွိဘူးလို႔ ေထာက္ျပခဲ့ပါတယ္။

ကုလသမဂၢမွာ ျမန္မာအေရးအတြက္ အီယူနဲ႔ OIC ေပါင္းၿပီးေပးတဲ့ ဖိအားကို ခုခံေနရတဲ့ ႏိုဝင္ဘာ ၁၆ ရက္မွာဘဲ တိုက္တိုက္ဆိုင္ဆိုင္ ဆိုသလို ရန္ကုန္တိုင္းေဒသႀကီး၊ ေက်ာက္တန္းၿမိဳ႕နယ္ထဲက ကုလားတန္ေက်း႐ြာအုပ္စု သံတဲေက်း႐ြာအနီး ပင္လယ္ျပင္ထဲမွာ ဘဂၤါလီ ၁၀၆ ဦးပါတဲ့ စက္ေလွတစ္စီးကို ေဒသခံ တံငါသည္ေတြ ေတြ႕ၿပီး အေၾကာင္းၾကားခဲ့လို႔ တပ္မေတာ္ႏွင့္ ရဲတပ္ဖြဲ႕က ႏိုဝင္ဘာ ၁၆ ရက္ နံနက္ ၄ နာရီခန႔္မွာ ဖမ္းဆီးထိန္းသိမ္းခဲ့ပါတယ္။

ရခိုင္ျပည္နယ္ကေန ရန္ကုန္တိုင္းအထိ ဘဂၤါလီ ၁၀၀ ေက်ာ္ လိုက္ပါလာသည့္ စက္ေလွဝင္လာတာကို မသိခဲ့တဲ့အတြက္ ျမန္မာ့ပင္လယ္ျပင္ လုံၿခဳံေရးနဲ႔ နယ္ေျမလုံၿခဳံေရးက စိုးရိမ္စရာျဖစ္လာေနၿပီလို႔ အြန္လိုင္းမီဒီယာေတြမွာ ေဝဖန္မႈေတြ ျပန႔္ႏွံ႔ခဲ့ပါတယ္။ဒီအတြက္ ေက်ာက္တန္းၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္ ေဒၚေအးျမျမမ်ိဳး ကေတာ့ နယ္ေျမလုံၿခဳံေရးအတြက္ နယ္စပ္ေရးရာ ဝန္ႀကီးဌာနကို တင္ျပထားၿပီး ျပည္သူ႔လႊတ္ေတာ္ အစည္းအေဝးကို တက္လာတဲ့ နယ္စပ္ေရးရာ ဒု-ဝန္ႀကီးကို လုံၿခဳံေရး ပိုမိုတိုးျမႇင့္ေပးရန္ ေတာင္းဆိုခဲ့ပါတယ္။

ရဲတပ္ဖြဲ႕ စစ္ေဆးခ်က္မ်ားအရ အဆိုပါစက္ေလွဟာ ေအာက္တိုဘာ ၂၃ ရက္က စစ္ေတြၿမိဳ႕ ဘဂၤါလီ ဒုကၡသည္စခန္းေတြကေန  မေလးရွားကို တရားမဝင္ သြားေရာက္ရန္ ထြက္ခြာလာတာျဖစ္ၿပီး မေလးရွားႏိုင္ငံသို႔ တရားမဝင္ သြားေရာက္ရန္ ပြဲစားကို တစ္ဦးလွ်င္ က်ပ္ငါးသိန္းႏႈန္းျဖင့္ ႏွစ္သိန္းေပးကာ မေလးရွားေရာက္မွ က်န္သုံးသိန္း ထပ္မံေပးရမွာလို႔ သိရပါတယ္။  

၂၅ ရက္ၾကာ ပင္လယ္ျပင္မွာ သြားလာေနစဥ္ ကင္းလွည့္ တပ္မေတာ္ေရတပ္နဲ႔ သုံးႀကိမ္တိုင္ ေတြ႕ဆုံၿပီး ျပန္လွည့္ဖို႔ သတိေပးခဲ့ေပမယ့္ မျပန္ဘဲ ဆက္သြားေနတာကေန ဆီျပတ္ၿပီး ေက်ာက္တန္းၿမိဳ႕နယ္အနီး ပင္လယ္ျပင္သို႔ ေရာက္ရွိလာတာလို႔ ဆိုပါတယ္။၂၀၀၈ ကလည္း ေက်ာက္တန္းၿမိဳ႕နယ္အနီး ပင္လယ္ျပင္မွာ ယခုလိုဘဲ ဘဂၤါလီဒုကၡသည္ ၁၀၄ ဦး ပါဝင္သည့္ စက္ေလွတစ္စီးကို ဖမ္းဆီးရမိခဲ့ဘူးပါတယ္။

ယခုဖမ္းမိတဲ့ စက္ေလွေပၚမွာ အမ်ိဳးသား ၅၀ ဦး၊ အမ်ိဳးသမီး ၃၁ ဦးပါဝင္ၿပီး ကေလးငယ္ ၂၅ ဦး ပါဝင္ကာ ဒီဘဂၤါလီေတြကို ေက်ာက္တန္းၿမိဳ႕နယ္ရွိ ေ႐ႊေမွာ္ဝန္းခန္းမမွာ ရဲတပ္ဖြဲ႕ အေစာင့္အေရွာက္ျဖင့္ ထိန္းသိမ္းထားၿပီး ႏိုဝင္ဘာ ၁၈ ရက္မွာ တပ္မေတာ္ေရယာဥ္နဲ႔ စစ္ေတြကို ျပန္ပို႔ေပးခဲ့ပါတယ္။

ဒီျဖစ္စဥ္မွာ ဘဂၤါလီဒုကၡသည္ေတြကို လူပြဲစားျပဳလုပ္ခဲ့တဲ့ လူႏွစ္ဦးကို ေပါက္ေတာၿမိဳ႕နယ္ အေနာက္ရဲ ဘဂၤါလီ ဒုကၡသည္စခန္းထဲ ရဲတပ္ဖြဲ႕က ဝင္ဖမ္းရာမွာ ဘဂၤါလီမ်ားက တရားခံႏွစ္ဦးကို ဝိုင္းဝန္းလုယူျခင္း၊ အုတ္ ခဲ၊ လွံ စတာေတြနဲ႔ တိုက္ခိုက္ခဲ့လို႔ ဝိုင္းလုတဲ့ ဘဂၤါလီလူအုပ္ထဲကေန မနည္း႐ုန္းကန္ကာ ေသနတ္ပစ္ေဖာက္ လူစုခြဲထြက္ခဲ့ရၿပီး ဒီလိုပစ္ခတ္လို႔  ဘဂၤါလီေလးဦးခန႔္ ဒဏ္ရာရခဲ့တယ္ ဆိုပါတယ္။

ဒီလို တရားခံကို ျပန္လုတဲ့ ျဖစ္စဥ္သတင္းက အာဏာပိုင္ေတြအတြက္ ေနာင္ကိစၥေတြမွာ သတိထားဖြယ္ျဖစ္သလို ေနာင္မွာ ဘဂၤါလီေတြခ်ည္းဘဲေနတဲ့ ႐ြာေတြၾကားထဲ တိုင္းရင္းသားေတြေနတဲ့ ႐ြာေတြထားရွိခဲ့ရင္ ျဖစ္လာမယ့္ အက်ိဳးဆက္ကို ျပန္တြက္ဖို႔လည္း လိုလာမွာ ျဖစ္ပါတယ္။
လက္နက္ကိုင္ထားတဲ့ သူေတြကိုေတာင္ လူအုပ္ေတာင့္ရင္ ျပန္ရန္လုပ္တတ္တဲ့ ဘဂၤါလီေတြရဲ႕ အၾကမ္းဖက္မႈေတြကိုလည္း မ်က္ေျခမျပတ္ ေစာင့္ၾကည့္ဖို႔လိုေနၿပီ ျဖစ္ပါတယ္။

ဒီသတင္းေတြက ယခုရက္သတၱပတ္အတြင္းျဖစ္ခဲ့တဲ့ ေတာင္ကုတ္ရဲစခန္းတြင္းထဲက ပစၥည္းေတြ ဖ်က္ဆီးလို႔  ဖမ္းဆီးထားခဲ့တဲ့ ကိုးဦးကို ျပန္လႊတ္ေပးဖို႔ လူစုလူေဝးနဲ႔ ဖိအားေပးခဲ့တဲ့အတြက္ ေသနတ္ပစ္ေဖာက္ လူစုခြဲခဲ့ရတဲ့ သတင္း၊ ဘဂၤလားေဒ့ရွ္အစိုးရက ဘဂၤါလီဒုကၡသည္စခန္းမ်ားရွိ NGO အခ်ိဳ႕၏ လႈပ္ရွားမႈမ်ားကို ေစာင့္ၾကည့္အေရးယူဖို႔ ေကာ္မတီတစ္ရပ္ ဖြဲ႕စည္းလိုက္တဲ့ စတဲ့ သတင္းေတြနည္းတူ ဒီေက်ာက္တန္းေရာက္လာတဲ့ ဘဂၤါလီေတြရဲ႕ ေနာက္ဆက္တြဲ သတင္းေတြက အမ်ားျပည္သူအတြက္ ေစာင့္ၾကည့္စရာ သတင္းေတြ ျဖစ္ခဲ့ပါတယ္။

မာလင္း
ႏိုဝင္ဘာ - ၂၃