【 ယခုတစ်ပတ် ပြည်တွင်းသတင်း သုံးသပ်ချက် 】 လွှတ်တော်အထိရောက်လာတဲ့ ငွေစက္ကူအတုပြဿနာ

【 ယခုတစ်ပတ် ပြည်တွင်းသတင်း သုံးသပ်ချက် 】 လွှတ်တော်အထိရောက်လာတဲ့ ငွေစက္ကူအတုပြဿနာ

ယခုတစ်ပတ် သတင်းတွေထဲ သတိထားစရာ သတင်းတွေများစွာ ဖြစ်ခဲ့ပါတယ်။ဒီထဲမှာ ကမန်တိုင်းရင်းသားတွေဆိုပြီး နိုင်ငံသားစိစစ်ရေးကတ် ထုတ်ပေးခဲ့တဲ့အထဲ ၂၁ ဦးကို ပြန်စစ်ဖို့လိုနေတဲ့ သတင်း၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က ဘောလုံးယှဉ်ပြိုင်ရာမှာ မအောင်မြင်ရခြင်းနဲ့ ပတ်သက်ပြီး ပြောခဲ့တဲ့စကားနဲ့ ပတ်သက်တဲ့  သတင်း၊ လွှတ်တော်ထဲ ခေါ်မေးရတဲ့အထိ ဖြစ်လာတဲ့ ငွေတစ်သောင်းတန် အတုအစစ်ပြဿနာ သတင်း၊ မဲဆောက်မှာဖြစ်ခဲ့တဲ့ လေးလသားအရွယ် ကလေးငယ်ပါ သတ်ဖြတ်ခံရတဲ့ လေးလောင်းပြိုင်လူသတ်မှု သတင်းတွေက ယခုတစ်ပတ် သတင်းများစွာကို ဖုံးလွှမ်းထားခဲ့ပါတယ်။

ပြိုင်တိုင်းရှုံးတွေအတွက် အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ ဖြေသိမ့်စကားတစ်ခွန်း

ယခုတစ်ပတ် သတင်းတွေထဲ လူမှုကွန်ရက်မှာ အပျံနှံ့ဆုံးဖြစ်ခဲ့တဲ့ သတင်းက နေပြည်တော် Kempinski ဟိုတယ်မှာ ပြုလုပ်တဲ့ မြန်မာ့ရှေးဦးအရွယ် ကလေးသူငယ် ပြုစုပျိုးထောင်ရေး ဖွံ့ဖြိုးရေးဆိုင်ရာ မဟာဗျူဟာ မိတ်ဆက်ဖြန့်ချီခြင်းနှင့် အမျိုးသားအဆင့် ဆွေးနွေးပွဲ အခမ်းအနားမှာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ပြောခဲ့တဲ့ မိန့်ခွန်းသတင်းပါဘဲ။

အဆိုပါအခမ်းအနားမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က ဘောလုံးယှဉ်ပြိုင်ရာမှာ မအောင်မြင်ရခြင်းနဲ့ ပတ်သက်ပြီး “တစ်ဖက်က မွေးကတည်းက ကြက်ဥနဲ့၊ နွားနို့နဲ့၊ အမဲသားနဲ့ ဝအောင်စားလာခဲ့ရတဲ့ အဖွဲ့တွေနဲ့စာလို့ရှိရင် နှိုင်းယှဉ်လို့မရဘူး’’ လို့ ပြောခဲ့သလို  ကျောင်းနေအရွယ် ကလေးတစ်ဦး စာမတော်ပါက အာဟာရမပြည့်ဝမှုကြောင့်ဟု မစဉ်းစားဘဲ စာကျက်နိုင်သည့် ပတ်ဝန်းကျင် မဖန်တီးပေးနိုင်ခြင်း၊ စာမကျက်ခြင်း စသည့်အကြောင်းအရာများကိုသာ တွေးတောကြကြောင်းကိုပါ ပြောကြားခဲ့ပါတယ်။

ဒီလိုပြောကြားခဲ့တဲ့အတွက် ပြည်တွင်းလူမှုကွန်ရက်တွေမှာ ပြိုင်ပွဲတိုင်းရှုံးတဲ့အခါ အမျိုးမျိုးဆင်ခြေပေးတဲ့ ဘောလုံးနဲ့ ပတ်သက်တဲ့ ဝေဖန်သံတွေကြားထဲ နိုင်ငံတော်အတိုင်ပင်ခံ ပြောစကားက မှတ်မှတ်သားသားဖြစ်ခဲ့သလို ကာတွန်းတွေ စတေးတပ်တွေထဲ အမျိုးမျိုး အကောင်းဘက်ကရော အဆိုးဘက်ကပါ ဝေဖန်မှုတွေ ရှိခဲ့တဲ့အတွက် လူပြောအများဆုံး သတင်းဖြစ်ခဲ့ပါတယ်။

ယခုတစ်ပတ်ဖြစ်ခဲ့တဲ့ သတင်းတွေထဲမှာ ဒီသတင်းက  ဘေကျင်းမှာ ကျင်းပမယ့် ဒုတိယအကြိမ် Belt and Road Forum ကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ဖွယ်ရှိတဲ့ သတင်း၊ ဒေါ်အောင်ဆန်းစုကြည် ကို ပေးအပ်ချီးမြှင့်ထားခဲ့တဲ့ Gwangju လူ့အခွင့်အရေးဆုကို  တောင်ကိုရီးယား May 18 Memorial Foundation က ပြန်ရုပ်သိမ်းဖို့ ကြေညာလိုက်တဲ့ သတင်း၊ တန်ချိန်သုံးထောင်ကျော် ကျောက်စိမ်းတုံးကြီးထားရှိရာ မြေအောက်ပြတိုက်ထဲ ရေဝင်ပျက်စီးနေလို့ ထိန်းသိမ်းစောင့်ရှောက်ရန် လွှတ်တော်ကို မေးမြန်းထားတဲ့ သတင်း၊ ပြည်ထဲရေးဝန်ကြီးဌာနအောက်မှာရှိတဲ့ လူငယ်ပြုစုပျိုးထောင်ရေးစခန်းများကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက လွှဲပြောင်းတာဝန်ယူတော့မယ့် သတင်း၊ တက္ကသိုလ်ရိပ်သာလမ်း ခြံအမှတ် (၅၄) ခြံဝင်းနှင့် အိမ် အမွေခွဲဝေမှုနှင့် ပတ်သက်၍ ဦးအောင်ဆန်းဦး ၏ အထူးအယူခံတင်သွင်းမှုကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံးက ပယ်ချခဲ့တဲ့ သတင်း၊ အီးယူက မြန်မာနိုင်ငံကို ပေးအပ်ထားတဲ့ GSP  ပြန်လည်ရုပ်သိမ်းရင် အလုပ်သမား ၁ဝ သိန်းကျော် ထိခိုက်နစ်နာနိုင်တယ်လို့ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် ဥက္ကဋ္ဌက ပြောခဲ့တဲ့ သတင်း၊ ရန်ကုန်မြို့တော်ဝန်က လှိုင်သာယာ၊ ရွှေပြည်သာနဲ့ ဒဂုံမြို့သစ် အပါအဝင် မြို့နယ် ၁၀ ခုကို လူနေသိပ်သည်းမှု မြှင့်တင်ဆောင်ရွက်ရန် ဧရိယာအဖြစ် သတ်မှတ်လိုက်တဲ့ သတင်း၊ မြန်မာနိုင်ငံမှာ တွေ့ရှိကြောင်း မှတ်တမ်းမရှိသေးတဲ့ ငှက်မျိုးစိတ်တစ်မျိုးကို မိန်းမလှကျွန်းမှာ ပထမဆုံး တွေ့ရှိမှတ်တမ်းတင်နိုင်ခဲ့တဲ့ သတင်း၊ နိုင်ငံရေးပုဒ်မတွေနဲ့ ဖမ်းဆီးခံထားရသူ ၃၀၅ ဦး ရှိတယ်လို့ AAPP က ထုတ်ပြန်လိုက်တဲ့ သတင်းတွေထဲ စိတ်ဝင်စားဖွယ်ကောင်းတဲ့ သတင်းတစ်ပုဒ် ဖြစ်ခဲ့ပါတယ်။

ပြန်စစ်မှ ပေါ်လာသည့် ကမန် ၂၁ ဦးပြဿနာ

ယခုတစ်ပတ် လွှတ်တော်သတင်းတွေက စိတ်ဝင်စားစရာ အထူးကောင်းခဲ့ပါတယ်။အထူးသဖြင့် ဘူးသီးတောင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်က မေးထားတဲ့ ရမ်းဗြဲမြို့နယ် ကျောက်နီမော်ကျေးရွာက လူ ၃၃၀၀ ကျော်ကို ကမန်တိုင်းရင်းသားတွေဆိုပြီး နိုင်ငံသားစိစစ်ရေးကတ် ထုတ်ပေးခဲ့တဲ့ ပြဿနာပါ။

ရခိုင်ပြည်နယ်မှာ ကမန်လူမျိုး အမည်ခံပြီး မြန်မာနိုင်ငံသား စိစစ်ရေးကတ် ထုတ်ပေးနေတဲ့အပေါ် ပြန်လည်စိစစ်ပေးဖို့ ဘူးသီးတောင်မြို့နယ်၊ ပြည်သူ့လွှတ်တော်အမတ် ဦးအောင်သောင်းရွှေ က မေးမြန်းတဲ့ မေးခွန်းကို ဒီဇင်ဘာ ၁၉ ရက်က ကျင်းပတဲ့ လွှတ်တော်အစည်းအဝေးမှာ လူဝင်မှုကြီးကြပ်ရေး ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ က ဖြေကြားခဲ့တာပါ။

ပြည်ထာင်စုဝန်ကြီးက ကျောက်နီမော်ကျေးရွာက နိုင်ငံသားစိစစ်ရေးကတ် ထုတ်ပေးခဲ့တဲ့ ကမန်လူမျိုး ၃၃၀၀ ကို ဝေဖန်မှုတွေကြောင့် ပြန်လည်စိစစ်ရာမှာ ၂၁ ဦးကလွဲပြီး ကျန်တဲ့သူအားလုံးမှာ ကမန်တိုင်းရင်းသားတွေ ဖြစ်တယ်လို့ ဆိုပြီး ထို၂၁ ဦးကို နိုင်ငံသားစိစစ်ရေးကတ် ထုတ်ပေးခဲ့တဲ့ တာဝန်ရှိသူတွေကို လာဘ်ပေးမှုတွေ မသမာမှုတွေရှိရင် အရေးယူမယ်လို့ ပြောခဲ့ပါတယ်။ဒါဟာ စွပ်စွဲဝေဖန်မှုတွေရှိလို့ စစ်ဆေးရာကနေ ပေါ်ပေါက်လာတဲ့ ဖြစ်ရပ်တစ်ခုဖြစ်ပြီး ဟိုးအရင်က ဒီလိုအဖြစ်တွေ ဘယ်လောက်တောင် ဖြစ်ခဲ့သလဲဆိုတာ မတွေးဝံ့စရာပါဘဲ။

ရခိုင်မြောက်ပိုင်း ပြဿနာမှာ တစ်ဖက် ဘင်္ဂလားဒေရှ့်ကနေလာတဲ့ ရွှေ့ပြောင်းအခြေချတွေက ဒေသခံ ဌာနေတိုင်းရင်းသားတွေထက် ပိုများလာတဲ့ အနေအထားမှာ ဒီမြေမှာနေပြီး ပေါက်ဖွားနှုန်းများတာအပြင် ဘင်္ဂလားဒေ့ရှ့်နဲ့ မြန်မာနယ်စပ်တစ်လျှောက် ခေတ်အဆက်ဆက် တာဝန်ယူခဲ့တဲ့သူတွေရဲ့ တာဝန်မဲ့တဲ့ လူမျိုးနဲ့ တိုင်းပြည်အပေါ် သစ္စာဖောက်ကာ လာဘ်လာဘနဲ့ ခွင့်ပြုခဲ့တဲ့တာ၊ မသိချင်ယောင်ဆောင်ပေးတာတွေကလည်း တစ်ဖက်တစ်လမ်းက ပါဝင်နေခဲ့တယ်ဆိုတာ ဒီလိုအဖြစ်တွေက ပါဝင်ကောင်း ပါဝင်နေပါလိမ့်မယ်။

အဲဒီအစည်းအဝေးအပြီး ပြည်သူ့လွှတ်တော် အစည်းအဝေးက ပြန်ထွက်လာတဲ့ ပြည်ထောင်စုဝန်ကြီးကို မီဒီယာတွေက ဘင်္ဂလားဒေ့ရှ့်က ပြန်ဝင်လာမယ့် ဘင်္ဂါလီတွေနဲ့ ပတ်သက်ပြီး မေးတဲ့အခါ ပြည်ထောင်စုဝန်ကြီးက ဘင်္ဂလားဒေ့ရှ်ဘက်ကနေ လူ ၂၂,၀၀၀ ကျော် စာရင်းကို ထပ်ပို့ထားပြီး ဒီလူတွေ မြန်မာနိုင်ငံမှာ နေထိုင်ခဲ့သူများ ဟုတ်၊ မဟုတ်ကို စိစစ်နေတယ်လို့ ပြောခဲ့ပါတယ်။
ပထမပေးပို့ထားတဲ့ လူ ၅၀၀၀ စာရင်းထဲက စစ်ပြီးတဲ့ လူစာရင်းကို ဘင်္ဂလားဒေရှ့်ဘက်ကို ပို့ထားပေမယ့် ပြန်ဝင်မလာဖြစ်သေးဘဲ ဘင်္ဂလားဒေ့ရှ် ရွေးကောက်ပွဲများ ပြီးဆုံးချိန် ယခုလကုန်မှသာ ပြန်ဝင်လာနိုင်တယ်လို့ သိရပါတယ်။

အစိုးရအနေနဲ့ ဘင်္ဂါလီတွေ ပြည်တွင်းစိမ့်ဝင်နေမှုကို တားဆီးနေရသလို ပြန်ဝင်လာမယ့် ဘင်္ဂါလီတွေအနေနဲ့လည်း တည်ဆဲဥပဒေတွေ လိုက်နာဖို့ အရေးကြီးတယ်ဆိုတာကို မြန်မာနိုင်ငံကနေ ထွက်ပြေးတဲ့ ခိုးဝင်အခြေချ ဘင်္ဂါလီတွေကို လက်ခံထားတဲ့ ဘင်္ဂလားဒေ့ရှ့် သံအမတ်ကြီးကို နိုင်ငံခြားရေးအတွင်းဝန်က ပြောခဲ့ပါတယ်။ဒါပေမယ့် ရခိုင်ပြည်နယ်အရေးနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံအပေါ် ဖိအားပေးအရေးယူမယ့် ဆုံးဖြတ်ချက် မူကြမ်းတစ်ရပ်ကို ကုလလုံခြုံရေးကောင်စီမှာ ဆွေးနွေးခွင့်ရဖို့ ဗြိတိန်က ဦးဆောင်ကြိုးပမ်းနေတယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ညွှန်/ချုပ်တစ်ဦးက ပြောခဲ့တာရှိပါတယ်။

လတ်တလောမှာ ရခိုင်ဒေသမြောက်ပိုင်းက ကျောက်တော်နဲ့ ပုဏ္ဏားကျွန်း နယ်စပ်ဘက်မှာ တပ်မတော်နဲ့ AA တွေ တိုက်ပွဲတွေဖြစ်နေတာတွေ ရှိပါတယ်။ဒီလိုဖြစ်နေတဲ့အတွက် ဒေသခံ ၃၀၀ ကျော် စစ်ဘေးရှောင်နေရပါတယ်။

ရခိုင်ဒေသ သတင်းနဲ့ တိုက်ရိုက်မသက်ဆိုင်ပေမယ် ဆက်နွယ်မှုရှိတဲ့ သတင်းတစ်ခုက ပြီးခဲ့တဲ့ရက်ပိုင်းမှာ ဖေ့စ်ဘွတ်ခ်ကုမ္ပဏီက တပ်မတော်နှင့် ဆက်စပ်မှုရှိတယ်လို့ စွပ်စွဲမှုနဲ့  မြန်မာနိုင်ငံမှ ဖေ့စ်ဘွတ်ခ်အကောင့်၊ စာမျက်နှာများနှင့် အဖွဲ့ ၅၀၀ ကျော်ကို ထပ်မံပိတ်သိမ်းခဲ့တယ်လို့ ဆိုပါတယ်။ဒါဟာ အစိုးရအတွက် ပြည်တွင်းရေးနဲ့ ဘင်္ဂါလီအရေးကို ကိုင်တွယ်ဖြေရှင်းရာမှာ facebook ရဲ့ လုပ်ဆောင်မှုတွေကြောင့် အနည်းနဲ့အများဆိုသလို ထိခိုက်လာဖွယ် ရှိနေပါတယ်။

ဒီသတင်းက ယခုတစ်ပတ်အတွင်း လွှတ်တော်ဆိုင်ရာ သတင်းတွေဖြစ်တဲ့ အနံဆိုးထွက်လို့ ပိတ်သိမ်းခဲ့တဲ့ မော်လမြိုင်က ခနောက်စိမ်း သန့်စင်စက်ရုံနှစ်ရုံ ပြန်ဖွင့်တဲ့အပေါ် အနံ့ဆိုးမရလို့ ဖွင်ခွင့်ပြုခြင်းလို့ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ဒု-ဝန်ကြီးက ဖြေလိုက်တဲ့ သတင်း၊ ရပ်ဆိုင်းထားတဲ့ စက်ရုံတွေက ဝန်ထမ်း ၁၅,၀၀၀ ခန့်အတွက် အလုပ်မရှိဘဲ လစာပေးနေရတဲ့အတွက် တစ်နှစ်လျှင် အနည်းဆုံး ကျပ် ၃၆ ဘီလျံကျော် နိုင်ငံတော်က အသုံးပြုနေရတယ်လို့ ပြောလိုက်တဲ့ သတင်း၊ အစိုးရ၏ အာမခံချက်များ၊ ဝန်ကြီးဌာနတွေက စာချုပ်ပါ ကတိကဝတ် လိုက်နာမှုမရှိတဲ့ လုပ်ငန်းရှင်တွေကို ကြပ်မတ်မှုအားနည်းနေတယ်လို့ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီက ပြောခဲ့တဲ့ သတင်း၊ ပြည်ပရောက် မြန်မာလုပ်သားတွေ ပေးပို့တဲ့ တရားဝင် ငွေလွှဲမှုပမာဏ တစ်လ ကျပ်သန်းသုံးသောင်းကျော် ရှိတယ်လို့ စီမံ/ဘဏ္ဍာရေး ဒု-ဝန်ကြီးက ပြောလိုက်တဲ့ သတင်း၊ အစိုးရက ပြည်တွင်းငြိမ်းချမ်းရေးကို ဦးစားပေးဆောင်ရွက်နေချိန်မှာ လွှတ်တော်ထဲ တိုင်းရင်းသားအရေးနှင့် ငြိမ်းချမ်းရေး ကော်မတီတွေအနေနဲ့  အမည်ခံရပ်တည်နေတာမျိုး မဖြစ်သင့်ဘူးလို့ တိုင်းရင်းသားပါတီအမတ် တစ်ဦးက ဝေဖန်ခဲ့တဲ့ သတင်း စတဲ့ လွှတ်တော်ဆိုင်ရာ သတင်းတွေလည်း ဒီတစ်ပတ်မှာ စိတ်ဝင်စားစရာ ဖြစ်ခဲ့ပါတယ်။

လွှတ်တော်ထဲထိ ရောက်လာတဲ့ ငွေစက္ကူအတုပြဿနာ

ငွေတစ်သောင်းတန် အတုအစစ်ပြဿနာက ကြာလေ အများပြည်သူ အကျိုးစီးပွားကို ထိခိုက်လာလေ ဖြစ်နေပါတယ်။

ရွှေတိဂုံဘုရား ဝင်ခွင့်အတွက် ပေးရာကနေ ကျပ်တစ်သောင်းတန် အတုတွေတွေ့လို့ ဖမ်းဆီးတရားစွဲဆိုထားတဲ့ စင်ကာပူ ဇနီးမောင်နှံအမှုနဲ့ ထိုင်းနိုင်ငံသူအမှုမှာလည်း အာမခံအသီးသီးပေးခဲ့ပေမယ့် ကျပ်တစ်သောင်းတန် ငွေစက္ကူတုလက်ဝယ်တွေ့လို့ ဖမ်းဆီးတရားစွဲခံထားရတဲ့ ဒိုက်ဦးက စင်ကာပူပြန် မြန်မာအမျိုးသမီးကို ရုံးထုတ်ရာမှာတော့ စွဲဆိုထားတဲ့ ပုဒ်မနှစ်ခုထဲက ထောင်ဒဏ် နှစ် ၂ဝ အထိ ချမှတ်နိုင်တဲ့ ပုဒ်မကို ပယ်ချလိုက်ပြီ ဆိုပါတယ်။

ဒီဇင်ဘာ ၂၀ ရက်က အမျိုးသားလွှတ်တော်မှာ ပြုလုပ်တဲ့ တစ်သောင်းတန် ငွေအတုတွေ ထွက်ရှိနေတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး လွှတ်တော်ရဲ့ ပြည်သူ့ငွေစာရင်းကော်မတီက ဗဟိုဘဏ်က တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးရာမှာ အဆိုပါ ဒိုက်ဦးက အမျိုးသမီးလွတ်မြောက်ရေးအတွက် အာမခံရအောင် ဗဟိုဘဏ်က ဆောင်ရွက်ပေးဖို့ကိုလည်း လွှတ်တော်ကော်မတီက တိုက်တွန်းခဲ့ပါသေးတယ်။

ကျပ်တစ်သောင်းတန် ငွေစက္ကူ လက်ဝယ်တွေ့ကိုင်ဆောင် သုံးစွဲလို့ အဖမ်းခံထားရတဲ့သူတွေကို အာမခံရဖို့ လုပ်ဆောင်နေရချိန်မှာ ယခုရက်တွင်းမှာဘဲ မြိတ်ကနေ ရန်ကုန် လှိုင်သာယာကို ပုဂ္ဂလိကဘဏ်ကနေ ကားဖိုးချေဖို့ ပိုက်ဆံလွှဲပို့ရာမှာ ကျပ်တစ်သောင်းတန်အတု အရွက် ၅၀ ပါလာလို့ အသက် ၆၀ ကျော် အမျိုးသားတစ်ဦးကို ဖမ်းဆီးခဲ့ပါတယ်။

ဒီလို အတုအစစ် ခွဲခြားရခက်လို့ ကိုယ့်လက်ထဲက ငွေတစ်သောင်းတန်အတွက် သောကတွေပွားနေရတဲ့ အချိန်မှာ နတ်တလင်းက လူတစ်ယောက်က သူ့ဆီမှာရှိတဲ့ ကျပ်တစ်သောင်းတန် ငွေစက္ကူ အတု/အစစ် ခွဲပေးဖို့ ဗဟိုဘဏ် အပါအဝင် သက်ဆိုင်ရာဌာနတွေကို အကူအညီတောင်းတဲ့ စာတစ်စောင် အွန်လိုင်းမှာ ပျံ့နှံ့လာလို့ ကြိုက်နှစ်သက်သူတွေက ရှဲခဲ့ကြပါတယ်။

ဒီလိုဂယက်တွေကြောင့် အမျိုးသားလွှတ်တော် ပြည်သူ့ငွေစာရင်းကော်မတီက ဗဟိုဘဏ်က တာဝန်ရှိသူတွေကို ဖိတ်ခေါ်ပြီး မေးခဲ့ရတာပါ။

မေးရာမှာ ဘာအဖြေတွေ ထွက်သလဲဆိုတာ သေသေချာချာ မသိရပေမယ့် ထွက်လာတဲ့ သတင်းတွေအရ ငွေအတုနဲ့ ပတ်သက်ပြီး ဗဟိုဘဏ် တာဝန်ရှိသူတွေက အတုဖြစ်နိုင်ကြောင်း သံသယရှိရင် မသုံးစွဲဘဲ အစိုးရဘဏ်တွေကို သွားပြရင် အရေးယူမခံရနိုင်ဘူးလို့ ပြောခဲ့ပါတယ်။ထူးခြားချက်အနေနဲ့ ငွေစက္ကူသိမ်းလို့ သမိုင်းဝင် အရေးတော်ပုံ ပေါ်ပေါက်ခဲ့ဖူးတဲ့ ဒီနိုင်ငံမှာ ယခုဖြစ်နေတဲ့ ကျပ်တစ်သောင်း ငွေစက္ကူအတု ပြဿနာက တစ်ကယ်ဆို အုတ်အော်သောင်းတင်းဖြစ်ရမှာ ဖြစ်ပေမယ့် အများပြည်သူကတော့ သည်းခံတရားအပြည့်နဲ့ တုပ်တုပ်တောင် မလှုပ်ကြတာက ထူးခြားမှုဘဲ ဖြစ်ပါတယ်။

အမျိုးသားလွှတ်တော် ပြည်သူ့ငွေစာရင်းကော်မတီက ဗဟိုဘဏ်ကို ဆွေးနွေးဖို့ ဖိတ်ခေါ်ရာမှာ ကျပ်တစ်သောင်းတန် ငွေစက္ကူအတုအပြင် ဒုတိယအကြောင်းအရာဖြစ်တဲ့ ဒေါ်လာဈေး ကျနေချိန်မှာ တစ်ဒေါ်လာကို ၁၅၇၀ ကျပ်နှုန်းနဲ့  ဒေါ်လာ (၃၄) သန်းဖိုး (၂) ရက်အတွင်း ဝယ်ယူခဲ့ခြင်းနဲ့ ပတ်သက်ပြီး ခေါ်မေးတာလည်း ပါဝင်ပါတယ်။ဒီမေးခွန်းအတွက် အမျိုးသားလွှတ်တော် ပြည်သူ့ငွေစာရင်းကော်မတီက ဘယ်အချိန်မှာ ဘယ်သူဆီကနေ ဝယ်တယ်၊ ဘယ်လောက်ဖိုးဝယ်တယ်နဲ့ ဘယ်သူကတာဝန်ခံမလဲ ဆိုတဲ့ အချက်အလက်တွေကို တောင်းခံထားတယ်လို့ ဆိုတဲ့အတွက် ဗဟိုဘဏ်က ဘယ်လိုဖြေကြားမလဲဆိုတာကို ပြည်သူတွေက စိတ်ဝင်စားနေကြပါတယ်။

ဒီကျပ်တစ်သောင်းတန် အတုတွေကိစ္စ လွှတ်တော်ထဲထိ ရောက်လာရတဲ့ သတင်းနည်းတူ ယခုတစ်ပတ်အတွင်းဖြစ်ခဲ့တဲ့ ရှမ်းပြည်နယ်တောင်ပိုင်း နမ့်စန်မြို့ရှိ တပ်မတော်လေယာဉ်ကွင်းကို ပြည်တွင်း မြို့ပြလေကြောင်းလိုင်း လေယာဉ်ကွင်းအဖြစ် အသုံးပြုနိုင်ဖို့ အစီအစဉ် ရှိ၊ မရှိ မေးမြန်းခဲ့တဲ့ သတင်း၊ ဆိုက်ဘာဥပဒေကြမ်းမှာ ဖေ့စ်ဘွတ်ခ်နဲ့ တွစ်တာ သုံးစွဲနေတဲ့သူတွေကို ပုဂ္ဂိုလ်ရေးအချက်အလက် ကာကွယ်ပေးတဲ့ အချက်ကို ထည့်ဆွဲမယ်လို့ ဆက်သွယ်ရေး ပြည်ထောင်စုဝန်ကြီးက ပြောလိုက်တဲ့ သတင်း၊ တရုတ်ချေးငွေများအပေါ် အကြွေးလျှော်ပေးရန် (သို့မဟုတ်) အတိုးနှုန်းလျှော့ချရန် ညှိနှိုင်းသင့်တယ်လို့ ပြည်ထောင်စုလွှတ်တော်မှာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင် က တိုက်တွန်းခဲ့တဲ့ သတင်း စတဲ့ သတင်းတွေလည်း ယခုတစ်ပတ် သတိထားစရာ သတင်းတွေထဲ ပါဝင်ခဲ့ပါတယ်။

မဲဆောက်က ရက်စက်တဲ့ လူသတ်မှု

ယခုတစ်ပတ် ပြည်တွင်းသတင်းတွေထဲ ထူးထူးခြားခြား သတင်းနှစ်ပုဒ် ရှိခဲ့ပါတယ်။တစ်ပုဒ်က ကျပ်တစ်သောင်းတန် ငွေစက္ကူနဲ့ ပတ်သက်တဲ့ သတင်းဖြစ်ပြီး နောက်သတင်းတစ်ပုဒ်က မဲဆောက်မှာဖြစ်ခဲ့တဲ့ လေးလသားအရွယ် ကလေးငယ်ပါ သတ်ဖြတ်ခံရတဲ့ လေးလောင်းပြိုင်လူသတ်မှု သတင်းပဲ ဖြစ်ပါတယ်။

ဒီဇင်ဘာ ၁၆ ရက် နံနက်က မဲဆောက်မြို့ ထဆိုင်းလွတ်နယ်မြေ၌ စိုက်ပျိုးရေးအလုပ် လုပ်ကိုင်နေသော အသက် (၄၀) ကျော် မြန်မာလင်မယားနှစ်ဦးနှင့် ၎င်းတို့၏ (၄) လအရွယ်နှင့် (၄) နှစ်အရွယ် သားနှစ်ဦးတို့ကို အိမ်နီးချင်း လင်မယားနဲ့ အချင်းအချင်းစကားများကြပြီး ည ၁ နာရီအချိန် အသတ်ခံရသူတွေ အိပ်မောကျနေချိန်မှာ ရိုက်သတ်ခဲ့ကြတာပါ။

ရက်စက်လွန်းတဲ့ လူသတ်သမား အမျိုးသားနှစ်ဦးနဲ့ အမျိုးသမီးတစ်ဦးဟာ (၄) နှစ်သား ကလေးငယ်ကိုသတ်ပြီး ရေကန်တစ်ခုအတွင်း ချထားခဲ့သလို ၄ လသားအရွယ် ကလေးငယ်ကို နင်းပြီးသတ်ခဲ့တယ်လို့ ဆိုပါတယ်။အသတ်ခံရတဲ့ မိသားစုမှာ သားသမီးသုံးဦးရှိပြီး (၁၉) နှစ်အရွယ် သမီးကြီးကတော့ ထိုနေ့ညက သူငယ်ချင်းအိမ် သွားအိပ်နေလို့ လူသတ်သမားတွေ သတ်ဖြတ်မှုက လွတ်မြောက်ခဲ့တာဖြစ်ပြီး ဖြစ်ပြီးပြီးချင်း နောက်တစ်ရက် ဒီဇင်ဘာ ၁၆ ရက် နံနက်မှာ ထိုင်း လုံခြုံရေးကောင်စီရဲတပ်ဖွဲ့ ဒုရဲချုပ်ကိုယ်တိုင် အခင်းဖြစ်နေရာကို သွားရောက်စစ်ဆေးခဲ့ပြီး သံသယရှိတဲ့ တရားခံတစ်ဦးကို ထိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်နိုင်ခဲ့ပါတယ်။ဒီနောက်မှာ အမျိုးသမီးတစ်ဦး ပါဝင်တဲ့ တရားခံ ၃ ဦးကို ထိုင်းရဲတပ်ဖွဲ့ အပူတပြင်းရှာဖွေခဲ့သလို မြန်မာဘက်ကို ခိုဝင်လာနိုင်တဲ့အတွက် မြန်မာရဲတပ်ဖွဲ့နဲ့ ချိတ်ဆက်ဖမ်းဆီးနိုင်ဖို့ အကြောင်းကြားခဲ့ပါတယ်။

အခင်းဖြစ်ပြီး သုံးရက်အကြာမှာ လူသတ်မှုထဲက သံသယရှိသူ အမျိုးသမီးကို မဲဆောက်မှာ ထိုင်းရဲတပ်ဖွဲ့က ဖမ်းမိခဲ့ပြီး လေးရက်အကြာမှာ ကျန်အမျိုးသားနှစ်ဦးကို မြန်မာနိုင်ငံအတွင်းက ဘားအံမှာ မြန်မာရဲတပ်ဖွဲ့က ဖမ်းမိခဲ့ပါတယ်။စစ်ဆေးချက်အရ ဘားအံမှာ ဖမ်းမိတဲ့ ရက်စက်လွန်းတဲ့ သတ်ဖြတ်သူ အမျိုးသားနှစ်ဦးက ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နဲ့ မင်းပြားမြို့မှာ နေထိုင်တဲ့သူတွေ ဖြစ်နေပါတယ်။

ပြည်တွင်းမှာ အလုပ်အကိုင်မကောင်းလို့ ပြည်ပနိုင်ငံမှာ သွားလုပ်ကိုင်ကြရတဲ့ ကိုယ့်နိုင်ငံသားအချင်းချင်း တစ်ယောက်ဒုက္ခဖြစ်ရင် တစ်ယောက်က ကူညီရမယ့် တာဝန်ရှိတဲ့ အနေအထားမှာ ယခုလို လေးလသား ကလေးငယ်ပါမကျန် ရက်ရက်စက်စက် သတ်ဖြတ်တဲ့ လူသတ်မှု ကျူးလွန်သူတွေကို ဘယ်လိုတရားစီရင်မလဲဆိုတာ အများပြည်သူအတွက် စိတ်ဝင်စားစရာ ဖြစ်နေပါတယ်။သတ်ဖြတ်ခံရတဲ့ မိသားစုဝင်တွေက မြဝတီရဲစခန်းမှာ တိုင်ချက်ဖွင့်ထားလို့ ဘားအံမှာမိတဲ့ နှစ်ယောက်ကို မြန်မာနိုင်ငံအတွင်း တရားစီရင်မှာဖြစ်ပြီး မဲဆောက်မှာမိတဲ့ အမျိုးသမီးကို ထိုင်းမှာ တရားစီရင်မှာဖြစ်တဲ့အတွက် ဘယ်တရားစီရင်ရေးက ရက်စက်စွာ သတ်ဖြတ်ခံရတဲ့သူတွေအတွက် ထိုက်သင့်တဲ့ ပြစ်ဒဏ်ကို ပေးနိုင်မလဲဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

မဲဆောက်ကအဖြစ်မှာ မိသားစုလိုက် သေရတဲ့အထိ အဖြစ်ဆိုးတွေ ကြုံရပေမယ့် မန္တလေးက သက်ငယ်မုဒိမ်းမှုကတော့ လူမသေပေမယ့် ဆိုးရွားလွန်းတဲ့အတွက် ပြုကျင့်ခံရတဲ့ လက္ခဏာတွေနဲ့ မသေရုံတမယ်သာ ကျန်ခဲ့ပါတယ်။(၈) နှစ်အရွယ် မိန်းကလေး စက်ဘီးဖြင့် မုန့်သွားဝယ်စဉ် ပျောက်ဆုံးသွားလို့ ဒီဇင်ဘာ ၁၄ ရက် ည ၆ နာရီခွဲက လူပျောက်တိုင်ထားခဲ့ရာမှာ အဓမ္မပြုကျင့်ခံရသည့် လက္ခဏာများဖြင့် သွေးထွက်ဒဏ်ရာများဖြင့် လဲကျနေသည် ကလေးငယ်ကို မန္တလေး-ပြင်ဦးလွင် အတက်လမ်းအနီး၊ နည်းပညာတက္ကသိုလ် (ရတနာပုံဆိုက်ဘာစီးတီး) ခြံဝင်း၏ စည်းရိုးကာရံထားခြင်းမရှိသော တောစပ်မှာ ဈေးသည်တစ်ဦးက ဒီဇင်ဘာ ၁၅ ရက် နံနက် ၈ နာရီခန့်က တွေ့ရှိခဲ့ပါတယ်။

လူမှုကွန်ရက်တွေမှာတော့ ကလေးငယ် နေအိမ်ကနေ မုန့်ဝယ်ဖို့ ထွက်သွားတဲ့ လမ်းကြောင်းတစ်လျှောက် စီစီတီဗီကင်မရာမှာပေါ်တဲ့ အင်္ကျီအနက်ရောင်ဝတ်ထားတဲ့ သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးက မိန်းကလေးငယ်ရဲ့ စက်ဘီးနားကပ်၍ စကားပြောနေတာ၊ ဆိုင်ကယ်နဲ့ တင်ခေါ်သွားတဲ့ပုံတွေ ပျံ့နှံ့ခဲ့ပါတယ်။ပြစ်မှုကျူးလွန်သူ အမျိုးသားကိုဖမ်းမိဖို့  ကလေးငယ်ကို ခေါ်သွားရာ လမ်းတစ်လျှောက်ကနေ ပြန်တွေ့တဲ့နေရာအထိ cctv တွေကို ပြန်စစ်ကြည့်နေသလို လူမှုကွန်ရက်မှတစ်ဆင့် အဓမ္မပြုကျင့်သူရဲ့ ဓာတ်ပုံကို ဖော်ပြကာ သိတဲ့သူတွေအနေနဲ့ နီးစပ်ရာ ရဲစခန်းကို သတင်းပေးဖို့ လှုံ့ဆော်ထားတာတွေလည်း တွေ့ရပါတယ်။  

ကလေးငယ် အသက်ဆုံးရှုံးခြင်း မရှိပေမယ့် သေလောက်တဲ့ထိ ကျူးလွန်ခဲ့တဲ့ ဖြစ်ရပ်မှာ ကိုယ်ပတ်ဝန်းကျင်မှာ ကလေးငယ်တွေနား သူစိမ်းကပ်နေခဲ့ရင် ကိုယ်နဲ့မဆိုင်လဲ သတိထားဖို့ဆိုတဲ့ မြန်မာ့လူမှုဝန်းကျင်မှာ ပျောက်ဆုံးခဲ့တဲ့ ကျင့်ဝတ်ကြောင့်ဘဲ ဖြစ်ပါတယ်။ဒီသတင်းတွေက ယခုတစ်ပတ်ထဲဖြစ်ခဲ့တဲ့ မှုခင်းနောက်ခံသတင်းတွေဖြစ်တဲ့ အပ်ထားတဲ့မြေ ၂ ဧကကျော်ကို သိန်း ၄၀၀၀ နီးပါးဖြင့် အလွဲသုံးစားရောင်းချခဲ့တဲ့ ကျိုက်ထိုမြို့နယ် ကင်မွန်ချောင်းကျေးရွာ အုပ်ချုပ်ရေးမှူးဟောင်း ဦးကျော်သူရလှိုင် ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေနဲ့  အလုပ်နှင့် ထောင်ဒဏ် ခုနစ်နှစ်ချမှတ်ခဲ့တဲ့ သတင်း၊ ကန့်ဘလူမှာ ကျောင်းဆရာမတစ်ဦးရဲ့ ခင်ပွန်းက ကျောင်းရုံးခန်းထဲဝင်ပြီး ဝါးရင်းတုတ်နဲ့ ကျောင်းအုပ်ဆရာမကြီးကို ဝင်ရောက်ရိုက်နှက်ခဲတဲ့ သတင်း၊ မောင်တောမြို့မဈေးကြီးအတွင်း ဆိုင်ခန်းတစ်ခန်းမှ  စိတ်ကြွရူးသွပ်ဆေးပြား ၁၁ သိန်းကျော် ထပ်မံဖမ်းဆီးရမိခဲ့တဲ့ သတင်း၊ အသက် ၁၂ နှစ်အရွယ် မိန်းကလေးအား အဓမ္မပြုကျင့်မှုနဲ့ ဟန်လင်းအောင်(ခ)အီကြာကွေး နဲ့ ပြည့်စုံ တို့ကို ထောင်ဒဏ်နှစ် ၂ဝ ချမှတ်လိုက်တဲ့ သတင်း၊ လားရှိုး အိုရီယမ်တယ်တိုးဂိတ်အနီး ကန်တာယာဉ်တစ်စီးပေါ်ကနေ သိန်း ၁၈ဝဝ ကျော် တန်ဖိုးရှိ ဘိန်းဖြူတွေ အမျိုးသားတစ်ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့တဲ့ သတင်း စတဲ့ သတင်းတွေထဲ ထူးထူးခြားခြား ကွဲထွက်နေသည့် သတင်းများ ဖြစ်ခဲ့တယ်ဆိုတာ တင်ပြရင်း ယခုတစ်ပတ် သတင်းသုံးသပ်ချက်ကို ဒီမှာဘဲ ရပ်လိုက်ချင်ပါတယ်။

မာလင်း
ဒီဇင်ဘာ - ၂၁

( Zawgyi )

ယခုတစ္ပတ္ သတင္းေတြထဲ သတိထားစရာ သတင္းေတြမ်ားစြာ ျဖစ္ခဲ့ပါတယ္။ဒီထဲမွာ ကမန္တိုင္းရင္းသားေတြဆိုၿပီး ႏိုင္ငံသားစိစစ္ေရးကတ္ ထုတ္ေပးခဲ့တဲ့အထဲ ၂၁ ဦးကို ျပန္စစ္ဖို႔လိုေနတဲ့ သတင္း၊ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ က ေဘာလုံးယွဥ္ၿပိဳင္ရာမွာ မေအာင္ျမင္ရျခင္းနဲ႔ ပတ္သက္ၿပီး ေျပာခဲ့တဲ့စကားနဲ႔ ပတ္သက္တဲ့  သတင္း၊ လႊတ္ေတာ္ထဲ ေခၚေမးရတဲ့အထိ ျဖစ္လာတဲ့ ေငြတစ္ေသာင္းတန္ အတုအစစ္ျပႆနာ သတင္း၊ မဲေဆာက္မွာျဖစ္ခဲ့တဲ့ ေလးလသားအ႐ြယ္ ကေလးငယ္ပါ သတ္ျဖတ္ခံရတဲ့ ေလးေလာင္းၿပိဳင္လူသတ္မႈ သတင္းေတြက ယခုတစ္ပတ္ သတင္းမ်ားစြာကို ဖုံးလႊမ္းထားခဲ့ပါတယ္။

ၿပိဳင္တိုင္းရႈံးေတြအတြက္ အတိုင္ပင္ခံပုဂၢိဳလ္ရဲ႕ ေျဖသိမ့္စကားတစ္ခြန္း

ယခုတစ္ပတ္ သတင္းေတြထဲ လူမႈကြန္ရက္မွာ အပ်ံႏွံ႔ဆုံးျဖစ္ခဲ့တဲ့ သတင္းက ေနျပည္ေတာ္ Kempinski ဟိုတယ္မွာ ျပဳလုပ္တဲ့ ျမန္မာ့ေရွးဦးအ႐ြယ္ ကေလးသူငယ္ ျပဳစုပ်ိဳးေထာင္ေရး ဖြံ႕ၿဖိဳးေရးဆိုင္ရာ မဟာဗ်ဴဟာ မိတ္ဆက္ျဖန႔္ခ်ီျခင္းႏွင့္ အမ်ိဳးသားအဆင့္ ေဆြးေႏြးပြဲ အခမ္းအနားမွာ ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္ ေျပာခဲ့တဲ့ မိန႔္ခြန္းသတင္းပါဘဲ။

အဆိုပါအခမ္းအနားမွာ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ က ေဘာလုံးယွဥ္ၿပိဳင္ရာမွာ မေအာင္ျမင္ရျခင္းနဲ႔ ပတ္သက္ၿပီး “တစ္ဖက္က ေမြးကတည္းက ၾကက္ဥနဲ႔၊ ႏြားႏို႔နဲ႔၊ အမဲသားနဲ႔ ဝေအာင္စားလာခဲ့ရတဲ့ အဖြဲ႕ေတြနဲ႔စာလို႔ရွိရင္ ႏႈိင္းယွဥ္လို႔မရဘူး’’ လို႔ ေျပာခဲ့သလို  ေက်ာင္းေနအ႐ြယ္ ကေလးတစ္ဦး စာမေတာ္ပါက အာဟာရမျပည့္ဝမႈေၾကာင့္ဟု မစဥ္းစားဘဲ စာက်က္ႏိုင္သည့္ ပတ္ဝန္းက်င္ မဖန္တီးေပးႏိုင္ျခင္း၊ စာမက်က္ျခင္း စသည့္အေၾကာင္းအရာမ်ားကိုသာ ေတြးေတာၾကေၾကာင္းကိုပါ ေျပာၾကားခဲ့ပါတယ္။

ဒီလိုေျပာၾကားခဲ့တဲ့အတြက္ ျပည္တြင္းလူမႈကြန္ရက္ေတြမွာ ၿပိဳင္ပြဲတိုင္းရႈံးတဲ့အခါ အမ်ိဳးမ်ိဳးဆင္ေျခေပးတဲ့ ေဘာလုံးနဲ႔ ပတ္သက္တဲ့ ေဝဖန္သံေတြၾကားထဲ ႏိုင္ငံေတာ္အတိုင္ပင္ခံ ေျပာစကားက မွတ္မွတ္သားသားျဖစ္ခဲ့သလို ကာတြန္းေတြ စေတးတပ္ေတြထဲ အမ်ိဳးမ်ိဳး အေကာင္းဘက္ကေရာ အဆိုးဘက္ကပါ ေဝဖန္မႈေတြ ရွိခဲ့တဲ့အတြက္ လူေျပာအမ်ားဆုံး သတင္းျဖစ္ခဲ့ပါတယ္။

ယခုတစ္ပတ္ျဖစ္ခဲ့တဲ့ သတင္းေတြထဲမွာ ဒီသတင္းက  ေဘက်င္းမွာ က်င္းပမယ့္ ဒုတိယအႀကိမ္ Belt and Road Forum ကို ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ တက္ေရာက္ဖြယ္ရွိတဲ့ သတင္း၊ ေဒၚေအာင္ဆန္းစုၾကည္ ကို ေပးအပ္ခ်ီးျမႇင့္ထားခဲ့တဲ့ Gwangju လူ႔အခြင့္အေရးဆုကို  ေတာင္ကိုရီးယား May 18 Memorial Foundation က ျပန္႐ုပ္သိမ္းဖို႔ ေၾကညာလိုက္တဲ့ သတင္း၊ တန္ခ်ိန္သုံးေထာင္ေက်ာ္ ေက်ာက္စိမ္းတုံးႀကီးထားရွိရာ ေျမေအာက္ျပတိုက္ထဲ ေရဝင္ပ်က္စီးေနလို႔ ထိန္းသိမ္းေစာင့္ေရွာက္ရန္ လႊတ္ေတာ္ကို ေမးျမန္းထားတဲ့ သတင္း၊ ျပည္ထဲေရးဝန္ႀကီးဌာနေအာက္မွာရွိတဲ့ လူငယ္ျပဳစုပ်ိဳးေထာင္ေရးစခန္းမ်ားကို လူမႈဝန္ထမ္း၊ ကယ္ဆယ္ေရးႏွင့္ ျပန္လည္ေနရာခ်ထားေရး ဝန္ႀကီးဌာနက လႊဲေျပာင္းတာဝန္ယူေတာ့မယ့္ သတင္း၊ တကၠသိုလ္ရိပ္သာလမ္း ၿခံအမွတ္ (၅၄) ၿခံဝင္းႏွင့္ အိမ္ အေမြခြဲေဝမႈႏွင့္ ပတ္သက္၍ ဦးေအာင္ဆန္းဦး ၏ အထူးအယူခံတင္သြင္းမႈကို ျပည္ေထာင္စုတရားလႊတ္ေတာ္ခ်ဳပ္႐ုံးက ပယ္ခ်ခဲ့တဲ့ သတင္း၊ အီးယူက ျမန္မာႏိုင္ငံကို ေပးအပ္ထားတဲ့ GSP  ျပန္လည္႐ုပ္သိမ္းရင္ အလုပ္သမား ၁ဝ သိန္းေက်ာ္ ထိခိုက္နစ္နာႏိုင္တယ္လို႔ အလုပ္သမားသမဂၢမ်ားအဖြဲ႕ခ်ဳပ္ ဥကၠ႒က ေျပာခဲ့တဲ့ သတင္း၊ ရန္ကုန္ၿမိဳ႕ေတာ္ဝန္က လႈိင္သာယာ၊ ေ႐ႊျပည္သာနဲ႔ ဒဂုံၿမိဳ႕သစ္ အပါအဝင္ ၿမိဳ႕နယ္ ၁၀ ခုကို လူေနသိပ္သည္းမႈ ျမႇင့္တင္ေဆာင္႐ြက္ရန္ ဧရိယာအျဖစ္ သတ္မွတ္လိုက္တဲ့ သတင္း၊ ျမန္မာႏိုင္ငံမွာ ေတြ႕ရွိေၾကာင္း မွတ္တမ္းမရွိေသးတဲ့ ငွက္မ်ိဳးစိတ္တစ္မ်ိဳးကို မိန္းမလွကြၽန္းမွာ ပထမဆုံး ေတြ႕ရွိမွတ္တမ္းတင္ႏိုင္ခဲ့တဲ့ သတင္း၊ ႏိုင္ငံေရးပုဒ္မေတြနဲ႔ ဖမ္းဆီးခံထားရသူ ၃၀၅ ဦး ရွိတယ္လို႔ AAPP က ထုတ္ျပန္လိုက္တဲ့ သတင္းေတြထဲ စိတ္ဝင္စားဖြယ္ေကာင္းတဲ့ သတင္းတစ္ပုဒ္ ျဖစ္ခဲ့ပါတယ္။

ျပန္စစ္မွ ေပၚလာသည့္ ကမန္ ၂၁ ဦးျပႆနာ

ယခုတစ္ပတ္ လႊတ္ေတာ္သတင္းေတြက စိတ္ဝင္စားစရာ အထူးေကာင္းခဲ့ပါတယ္။အထူးသျဖင့္ ဘူးသီးေတာင္ၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္က ေမးထားတဲ့ ရမ္းၿဗဲၿမိဳ႕နယ္ ေက်ာက္နီေမာ္ေက်း႐ြာက လူ ၃၃၀၀ ေက်ာ္ကို ကမန္တိုင္းရင္းသားေတြဆိုၿပီး ႏိုင္ငံသားစိစစ္ေရးကတ္ ထုတ္ေပးခဲ့တဲ့ ျပႆနာပါ။

ရခိုင္ျပည္နယ္မွာ ကမန္လူမ်ိဳး အမည္ခံၿပီး ျမန္မာႏိုင္ငံသား စိစစ္ေရးကတ္ ထုတ္ေပးေနတဲ့အေပၚ ျပန္လည္စိစစ္ေပးဖို႔ ဘူးသီးေတာင္ၿမိဳ႕နယ္၊ ျပည္သူ႔လႊတ္ေတာ္အမတ္ ဦးေအာင္ေသာင္းေ႐ႊ က ေမးျမန္းတဲ့ ေမးခြန္းကို ဒီဇင္ဘာ ၁၉ ရက္က က်င္းပတဲ့ လႊတ္ေတာ္အစည္းအေဝးမွာ လူဝင္မႈႀကီးၾကပ္ေရး ျပည္ေထာင္စုဝန္ႀကီး ဦးသိန္းေဆြ က ေျဖၾကားခဲ့တာပါ။

ျပည္ထာင္စုဝန္ႀကီးက ေက်ာက္နီေမာ္ေက်း႐ြာက ႏိုင္ငံသားစိစစ္ေရးကတ္ ထုတ္ေပးခဲ့တဲ့ ကမန္လူမ်ိဳး ၃၃၀၀ ကို ေဝဖန္မႈေတြေၾကာင့္ ျပန္လည္စိစစ္ရာမွာ ၂၁ ဦးကလြဲၿပီး က်န္တဲ့သူအားလုံးမွာ ကမန္တိုင္းရင္းသားေတြ ျဖစ္တယ္လို႔ ဆိုၿပီး ထို၂၁ ဦးကို ႏိုင္ငံသားစိစစ္ေရးကတ္ ထုတ္ေပးခဲ့တဲ့ တာဝန္ရွိသူေတြကို လာဘ္ေပးမႈေတြ မသမာမႈေတြရွိရင္ အေရးယူမယ္လို႔ ေျပာခဲ့ပါတယ္။ဒါဟာ စြပ္စြဲေဝဖန္မႈေတြရွိလို႔ စစ္ေဆးရာကေန ေပၚေပါက္လာတဲ့ ျဖစ္ရပ္တစ္ခုျဖစ္ၿပီး ဟိုးအရင္က ဒီလိုအျဖစ္ေတြ ဘယ္ေလာက္ေတာင္ ျဖစ္ခဲ့သလဲဆိုတာ မေတြးဝံ့စရာပါဘဲ။

ရခိုင္ေျမာက္ပိုင္း ျပႆနာမွာ တစ္ဖက္ ဘဂၤလားေဒရွ႕္ကေနလာတဲ့ ေ႐ႊ႕ေျပာင္းအေျခခ်ေတြက ေဒသခံ ဌာေနတိုင္းရင္းသားေတြထက္ ပိုမ်ားလာတဲ့ အေနအထားမွာ ဒီေျမမွာေနၿပီး ေပါက္ဖြားႏႈန္းမ်ားတာအျပင္ ဘဂၤလားေဒ့ရွ႕္နဲ႔ ျမန္မာနယ္စပ္တစ္ေလွ်ာက္ ေခတ္အဆက္ဆက္ တာဝန္ယူခဲ့တဲ့သူေတြရဲ႕ တာဝန္မဲ့တဲ့ လူမ်ိဳးနဲ႔ တိုင္းျပည္အေပၚ သစၥာေဖာက္ကာ လာဘ္လာဘနဲ႔ ခြင့္ျပဳခဲ့တဲ့တာ၊ မသိခ်င္ေယာင္ေဆာင္ေပးတာေတြကလည္း တစ္ဖက္တစ္လမ္းက ပါဝင္ေနခဲ့တယ္ဆိုတာ ဒီလိုအျဖစ္ေတြက ပါဝင္ေကာင္း ပါဝင္ေနပါလိမ့္မယ္။

အဲဒီအစည္းအေဝးအၿပီး ျပည္သူ႔လႊတ္ေတာ္ အစည္းအေဝးက ျပန္ထြက္လာတဲ့ ျပည္ေထာင္စုဝန္ႀကီးကို မီဒီယာေတြက ဘဂၤလားေဒ့ရွ႕္က ျပန္ဝင္လာမယ့္ ဘဂၤါလီေတြနဲ႔ ပတ္သက္ၿပီး ေမးတဲ့အခါ ျပည္ေထာင္စုဝန္ႀကီးက ဘဂၤလားေဒ့ရွ္ဘက္ကေန လူ ၂၂,၀၀၀ ေက်ာ္ စာရင္းကို ထပ္ပို႔ထားၿပီး ဒီလူေတြ ျမန္မာႏိုင္ငံမွာ ေနထိုင္ခဲ့သူမ်ား ဟုတ္၊ မဟုတ္ကို စိစစ္ေနတယ္လို႔ ေျပာခဲ့ပါတယ္။
ပထမေပးပို႔ထားတဲ့ လူ ၅၀၀၀ စာရင္းထဲက စစ္ၿပီးတဲ့ လူစာရင္းကို ဘဂၤလားေဒရွ႕္ဘက္ကို ပို႔ထားေပမယ့္ ျပန္ဝင္မလာျဖစ္ေသးဘဲ ဘဂၤလားေဒ့ရွ္ ေ႐ြးေကာက္ပြဲမ်ား ၿပီးဆုံးခ်ိန္ ယခုလကုန္မွသာ ျပန္ဝင္လာႏိုင္တယ္လို႔ သိရပါတယ္။

အစိုးရအေနနဲ႔ ဘဂၤါလီေတြ ျပည္တြင္းစိမ့္ဝင္ေနမႈကို တားဆီးေနရသလို ျပန္ဝင္လာမယ့္ ဘဂၤါလီေတြအေနနဲ႔လည္း တည္ဆဲဥပေဒေတြ လိုက္နာဖို႔ အေရးႀကီးတယ္ဆိုတာကို ျမန္မာႏိုင္ငံကေန ထြက္ေျပးတဲ့ ခိုးဝင္အေျခခ် ဘဂၤါလီေတြကို လက္ခံထားတဲ့ ဘဂၤလားေဒ့ရွ႕္ သံအမတ္ႀကီးကို ႏိုင္ငံျခားေရးအတြင္းဝန္က ေျပာခဲ့ပါတယ္။ဒါေပမယ့္ ရခိုင္ျပည္နယ္အေရးႏွင့္ ပတ္သက္ၿပီး ျမန္မာႏိုင္ငံအေပၚ ဖိအားေပးအေရးယူမယ့္ ဆုံးျဖတ္ခ်က္ မူၾကမ္းတစ္ရပ္ကို ကုလလုံၿခဳံေရးေကာင္စီမွာ ေဆြးေႏြးခြင့္ရဖို႔ ၿဗိတိန္က ဦးေဆာင္ႀကိဳးပမ္းေနတယ္လို႔ ႏိုင္ငံျခားေရးဝန္ႀကီးဌာနက ၫႊန္/ခ်ဳပ္တစ္ဦးက ေျပာခဲ့တာရွိပါတယ္။

လတ္တေလာမွာ ရခိုင္ေဒသေျမာက္ပိုင္းက ေက်ာက္ေတာ္နဲ႔ ပုဏၰားကြၽန္း နယ္စပ္ဘက္မွာ တပ္မေတာ္နဲ႔ AA ေတြ တိုက္ပြဲေတြျဖစ္ေနတာေတြ ရွိပါတယ္။ဒီလိုျဖစ္ေနတဲ့အတြက္ ေဒသခံ ၃၀၀ ေက်ာ္ စစ္ေဘးေရွာင္ေနရပါတယ္။

ရခိုင္ေဒသ သတင္းနဲ႔ တိုက္႐ိုက္မသက္ဆိုင္ေပမယ္ ဆက္ႏြယ္မႈရွိတဲ့ သတင္းတစ္ခုက ၿပီးခဲ့တဲ့ရက္ပိုင္းမွာ ေဖ့စ္ဘြတ္ခ္ကုမၸဏီက တပ္မေတာ္ႏွင့္ ဆက္စပ္မႈရွိတယ္လို႔ စြပ္စြဲမႈနဲ႔  ျမန္မာႏိုင္ငံမွ ေဖ့စ္ဘြတ္ခ္အေကာင့္၊ စာမ်က္ႏွာမ်ားႏွင့္ အဖြဲ႕ ၅၀၀ ေက်ာ္ကို ထပ္မံပိတ္သိမ္းခဲ့တယ္လို႔ ဆိုပါတယ္။ဒါဟာ အစိုးရအတြက္ ျပည္တြင္းေရးနဲ႔ ဘဂၤါလီအေရးကို ကိုင္တြယ္ေျဖရွင္းရာမွာ facebook ရဲ႕ လုပ္ေဆာင္မႈေတြေၾကာင့္ အနည္းနဲ႔အမ်ားဆိုသလို ထိခိုက္လာဖြယ္ ရွိေနပါတယ္။

ဒီသတင္းက ယခုတစ္ပတ္အတြင္း လႊတ္ေတာ္ဆိုင္ရာ သတင္းေတြျဖစ္တဲ့ အနံဆိုးထြက္လို႔ ပိတ္သိမ္းခဲ့တဲ့ ေမာ္လၿမိဳင္က ခေနာက္စိမ္း သန႔္စင္စက္႐ုံႏွစ္႐ုံ ျပန္ဖြင့္တဲ့အေပၚ အနံ႔ဆိုးမရလို႔ ဖြင္ခြင့္ျပဳျခင္းလို႔ သယံဇာတနဲ႔ သဘာဝပတ္ဝန္းက်င္ ဒု-ဝန္ႀကီးက ေျဖလိုက္တဲ့ သတင္း၊ ရပ္ဆိုင္းထားတဲ့ စက္႐ုံေတြက ဝန္ထမ္း ၁၅,၀၀၀ ခန႔္အတြက္ အလုပ္မရွိဘဲ လစာေပးေနရတဲ့အတြက္ တစ္ႏွစ္လွ်င္ အနည္းဆုံး က်ပ္ ၃၆ ဘီလ်ံေက်ာ္ ႏိုင္ငံေတာ္က အသုံးျပဳေနရတယ္လို႔ ေျပာလိုက္တဲ့ သတင္း၊ အစိုးရ၏ အာမခံခ်က္မ်ား၊ ဝန္ႀကီးဌာနေတြက စာခ်ဳပ္ပါ ကတိကဝတ္ လိုက္နာမႈမရွိတဲ့ လုပ္ငန္းရွင္ေတြကို ၾကပ္မတ္မႈအားနည္းေနတယ္လို႔ ကတိမ်ားႏွင့္ တာဝန္ခံခ်က္မ်ား စိစစ္ေရးေကာ္မတီက ေျပာခဲ့တဲ့ သတင္း၊ ျပည္ပေရာက္ ျမန္မာလုပ္သားေတြ ေပးပို႔တဲ့ တရားဝင္ ေငြလႊဲမႈပမာဏ တစ္လ က်ပ္သန္းသုံးေသာင္းေက်ာ္ ရွိတယ္လို႔ စီမံ/ဘ႑ာေရး ဒု-ဝန္ႀကီးက ေျပာလိုက္တဲ့ သတင္း၊ အစိုးရက ျပည္တြင္းၿငိမ္းခ်မ္းေရးကို ဦးစားေပးေဆာင္႐ြက္ေနခ်ိန္မွာ လႊတ္ေတာ္ထဲ တိုင္းရင္းသားအေရးႏွင့္ ၿငိမ္းခ်မ္းေရး ေကာ္မတီေတြအေနနဲ႔  အမည္ခံရပ္တည္ေနတာမ်ိဳး မျဖစ္သင့္ဘူးလို႔ တိုင္းရင္းသားပါတီအမတ္ တစ္ဦးက ေဝဖန္ခဲ့တဲ့ သတင္း စတဲ့ လႊတ္ေတာ္ဆိုင္ရာ သတင္းေတြလည္း ဒီတစ္ပတ္မွာ စိတ္ဝင္စားစရာ ျဖစ္ခဲ့ပါတယ္။

လႊတ္ေတာ္ထဲထိ ေရာက္လာတဲ့ ေငြစကၠဴအတုျပႆနာ

ေငြတစ္ေသာင္းတန္ အတုအစစ္ျပႆနာက ၾကာေလ အမ်ားျပည္သူ အက်ိဳးစီးပြားကို ထိခိုက္လာေလ ျဖစ္ေနပါတယ္။

ေ႐ႊတိဂုံဘုရား ဝင္ခြင့္အတြက္ ေပးရာကေန က်ပ္တစ္ေသာင္းတန္ အတုေတြေတြ႕လို႔ ဖမ္းဆီးတရားစြဲဆိုထားတဲ့ စင္ကာပူ ဇနီးေမာင္ႏွံအမႈနဲ႔ ထိုင္းႏိုင္ငံသူအမႈမွာလည္း အာမခံအသီးသီးေပးခဲ့ေပမယ့္ က်ပ္တစ္ေသာင္းတန္ ေငြစကၠဴတုလက္ဝယ္ေတြ႕လို႔ ဖမ္းဆီးတရားစြဲခံထားရတဲ့ ဒိုက္ဦးက စင္ကာပူျပန္ ျမန္မာအမ်ိဳးသမီးကို ႐ုံးထုတ္ရာမွာေတာ့ စြဲဆိုထားတဲ့ ပုဒ္မႏွစ္ခုထဲက ေထာင္ဒဏ္ ႏွစ္ ၂ဝ အထိ ခ်မွတ္ႏိုင္တဲ့ ပုဒ္မကို ပယ္ခ်လိုက္ၿပီ ဆိုပါတယ္။

ဒီဇင္ဘာ ၂၀ ရက္က အမ်ိဳးသားလႊတ္ေတာ္မွာ ျပဳလုပ္တဲ့ တစ္ေသာင္းတန္ ေငြအတုေတြ ထြက္ရွိေနတဲ့ ကိစၥနဲ႔ ပတ္သက္ၿပီး လႊတ္ေတာ္ရဲ႕ ျပည္သူ႔ေငြစာရင္းေကာ္မတီက ဗဟိုဘဏ္က တာဝန္ရွိသူေတြနဲ႔ ေတြ႕ဆုံေဆြးေႏြးရာမွာ အဆိုပါ ဒိုက္ဦးက အမ်ိဳးသမီးလြတ္ေျမာက္ေရးအတြက္ အာမခံရေအာင္ ဗဟိုဘဏ္က ေဆာင္႐ြက္ေပးဖို႔ကိုလည္း လႊတ္ေတာ္ေကာ္မတီက တိုက္တြန္းခဲ့ပါေသးတယ္။

က်ပ္တစ္ေသာင္းတန္ ေငြစကၠဴ လက္ဝယ္ေတြ႕ကိုင္ေဆာင္ သုံးစြဲလို႔ အဖမ္းခံထားရတဲ့သူေတြကို အာမခံရဖို႔ လုပ္ေဆာင္ေနရခ်ိန္မွာ ယခုရက္တြင္းမွာဘဲ ၿမိတ္ကေန ရန္ကုန္ လႈိင္သာယာကို ပုဂၢလိကဘဏ္ကေန ကားဖိုးေခ်ဖို႔ ပိုက္ဆံလႊဲပို႔ရာမွာ က်ပ္တစ္ေသာင္းတန္အတု အ႐ြက္ ၅၀ ပါလာလို႔ အသက္ ၆၀ ေက်ာ္ အမ်ိဳးသားတစ္ဦးကို ဖမ္းဆီးခဲ့ပါတယ္။

ဒီလို အတုအစစ္ ခြဲျခားရခက္လို႔ ကိုယ့္လက္ထဲက ေငြတစ္ေသာင္းတန္အတြက္ ေသာကေတြပြားေနရတဲ့ အခ်ိန္မွာ နတ္တလင္းက လူတစ္ေယာက္က သူ႔ဆီမွာရွိတဲ့ က်ပ္တစ္ေသာင္းတန္ ေငြစကၠဴ အတု/အစစ္ ခြဲေပးဖို႔ ဗဟိုဘဏ္ အပါအဝင္ သက္ဆိုင္ရာဌာနေတြကို အကူအညီေတာင္းတဲ့ စာတစ္ေစာင္ အြန္လိုင္းမွာ ပ်ံ႕ႏွံ႔လာလို႔ ႀကိဳက္ႏွစ္သက္သူေတြက ရွဲခဲ့ၾကပါတယ္။

ဒီလိုဂယက္ေတြေၾကာင့္ အမ်ိဳးသားလႊတ္ေတာ္ ျပည္သူ႔ေငြစာရင္းေကာ္မတီက ဗဟိုဘဏ္က တာဝန္ရွိသူေတြကို ဖိတ္ေခၚၿပီး ေမးခဲ့ရတာပါ။

ေမးရာမွာ ဘာအေျဖေတြ ထြက္သလဲဆိုတာ ေသေသခ်ာခ်ာ မသိရေပမယ့္ ထြက္လာတဲ့ သတင္းေတြအရ ေငြအတုနဲ႔ ပတ္သက္ၿပီး ဗဟိုဘဏ္ တာဝန္ရွိသူေတြက အတုျဖစ္ႏိုင္ေၾကာင္း သံသယရွိရင္ မသုံးစြဲဘဲ အစိုးရဘဏ္ေတြကို သြားျပရင္ အေရးယူမခံရႏိုင္ဘူးလို႔ ေျပာခဲ့ပါတယ္။ထူးျခားခ်က္အေနနဲ႔ ေငြစကၠဴသိမ္းလို႔ သမိုင္းဝင္ အေရးေတာ္ပုံ ေပၚေပါက္ခဲ့ဖူးတဲ့ ဒီႏိုင္ငံမွာ ယခုျဖစ္ေနတဲ့ က်ပ္တစ္ေသာင္း ေငြစကၠဴအတု ျပႆနာက တစ္ကယ္ဆို အုတ္ေအာ္ေသာင္းတင္းျဖစ္ရမွာ ျဖစ္ေပမယ့္ အမ်ားျပည္သူကေတာ့ သည္းခံတရားအျပည့္နဲ႔ တုပ္တုပ္ေတာင္ မလႈပ္ၾကတာက ထူးျခားမႈဘဲ ျဖစ္ပါတယ္။

အမ်ိဳးသားလႊတ္ေတာ္ ျပည္သူ႔ေငြစာရင္းေကာ္မတီက ဗဟိုဘဏ္ကို ေဆြးေႏြးဖို႔ ဖိတ္ေခၚရာမွာ က်ပ္တစ္ေသာင္းတန္ ေငြစကၠဴအတုအျပင္ ဒုတိယအေၾကာင္းအရာျဖစ္တဲ့ ေဒၚလာေဈး က်ေနခ်ိန္မွာ တစ္ေဒၚလာကို ၁၅၇၀ က်ပ္ႏႈန္းနဲ႔  ေဒၚလာ (၃၄) သန္းဖိုး (၂) ရက္အတြင္း ဝယ္ယူခဲ့ျခင္းနဲ႔ ပတ္သက္ၿပီး ေခၚေမးတာလည္း ပါဝင္ပါတယ္။ဒီေမးခြန္းအတြက္ အမ်ိဳးသားလႊတ္ေတာ္ ျပည္သူ႔ေငြစာရင္းေကာ္မတီက ဘယ္အခ်ိန္မွာ ဘယ္သူဆီကေန ဝယ္တယ္၊ ဘယ္ေလာက္ဖိုးဝယ္တယ္နဲ႔ ဘယ္သူကတာဝန္ခံမလဲ ဆိုတဲ့ အခ်က္အလက္ေတြကို ေတာင္းခံထားတယ္လို႔ ဆိုတဲ့အတြက္ ဗဟိုဘဏ္က ဘယ္လိုေျဖၾကားမလဲဆိုတာကို ျပည္သူေတြက စိတ္ဝင္စားေနၾကပါတယ္။

ဒီက်ပ္တစ္ေသာင္းတန္ အတုေတြကိစၥ လႊတ္ေတာ္ထဲထိ ေရာက္လာရတဲ့ သတင္းနည္းတူ ယခုတစ္ပတ္အတြင္းျဖစ္ခဲ့တဲ့ ရွမ္းျပည္နယ္ေတာင္ပိုင္း နမ့္စန္ၿမိဳ႕ရွိ တပ္မေတာ္ေလယာဥ္ကြင္းကို ျပည္တြင္း ၿမိဳ႕ျပေလေၾကာင္းလိုင္း ေလယာဥ္ကြင္းအျဖစ္ အသုံးျပဳႏိုင္ဖို႔ အစီအစဥ္ ရွိ၊ မရွိ ေမးျမန္းခဲ့တဲ့ သတင္း၊ ဆိုက္ဘာဥပေဒၾကမ္းမွာ ေဖ့စ္ဘြတ္ခ္နဲ႔ တြစ္တာ သုံးစြဲေနတဲ့သူေတြကို ပုဂၢိဳလ္ေရးအခ်က္အလက္ ကာကြယ္ေပးတဲ့ အခ်က္ကို ထည့္ဆြဲမယ္လို႔ ဆက္သြယ္ေရး ျပည္ေထာင္စုဝန္ႀကီးက ေျပာလိုက္တဲ့ သတင္း၊ တ႐ုတ္ေခ်းေငြမ်ားအေပၚ အေႂကြးေလွ်ာ္ေပးရန္ (သို႔မဟုတ္) အတိုးႏႈန္းေလွ်ာ့ခ်ရန္ ညႇိႏႈိင္းသင့္တယ္လို႔ ျပည္ေထာင္စုလႊတ္ေတာ္မွာ ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္ ေဒၚခင္စန္းလႈိင္ က တိုက္တြန္းခဲ့တဲ့ သတင္း စတဲ့ သတင္းေတြလည္း ယခုတစ္ပတ္ သတိထားစရာ သတင္းေတြထဲ ပါဝင္ခဲ့ပါတယ္။

မဲေဆာက္က ရက္စက္တဲ့ လူသတ္မႈ

ယခုတစ္ပတ္ ျပည္တြင္းသတင္းေတြထဲ ထူးထူးျခားျခား သတင္းႏွစ္ပုဒ္ ရွိခဲ့ပါတယ္။တစ္ပုဒ္က က်ပ္တစ္ေသာင္းတန္ ေငြစကၠဴနဲ႔ ပတ္သက္တဲ့ သတင္းျဖစ္ၿပီး ေနာက္သတင္းတစ္ပုဒ္က မဲေဆာက္မွာျဖစ္ခဲ့တဲ့ ေလးလသားအ႐ြယ္ ကေလးငယ္ပါ သတ္ျဖတ္ခံရတဲ့ ေလးေလာင္းၿပိဳင္လူသတ္မႈ သတင္းပဲ ျဖစ္ပါတယ္။

ဒီဇင္ဘာ ၁၆ ရက္ နံနက္က မဲေဆာက္ၿမိဳ႕ ထဆိုင္းလြတ္နယ္ေျမ၌ စိုက္ပ်ိဳးေရးအလုပ္ လုပ္ကိုင္ေနေသာ အသက္ (၄၀) ေက်ာ္ ျမန္မာလင္မယားႏွစ္ဦးႏွင့္ ၎တို႔၏ (၄) လအ႐ြယ္ႏွင့္ (၄) ႏွစ္အ႐ြယ္ သားႏွစ္ဦးတို႔ကို အိမ္နီးခ်င္း လင္မယားနဲ႔ အခ်င္းအခ်င္းစကားမ်ားၾကၿပီး ည ၁ နာရီအခ်ိန္ အသတ္ခံရသူေတြ အိပ္ေမာက်ေနခ်ိန္မွာ ႐ိုက္သတ္ခဲ့ၾကတာပါ။

ရက္စက္လြန္းတဲ့ လူသတ္သမား အမ်ိဳးသားႏွစ္ဦးနဲ႔ အမ်ိဳးသမီးတစ္ဦးဟာ (၄) ႏွစ္သား ကေလးငယ္ကိုသတ္ၿပီး ေရကန္တစ္ခုအတြင္း ခ်ထားခဲ့သလို ၄ လသားအ႐ြယ္ ကေလးငယ္ကို နင္းၿပီးသတ္ခဲ့တယ္လို႔ ဆိုပါတယ္။အသတ္ခံရတဲ့ မိသားစုမွာ သားသမီးသုံးဦးရွိၿပီး (၁၉) ႏွစ္အ႐ြယ္ သမီးႀကီးကေတာ့ ထိုေန႔ညက သူငယ္ခ်င္းအိမ္ သြားအိပ္ေနလို႔ လူသတ္သမားေတြ သတ္ျဖတ္မႈက လြတ္ေျမာက္ခဲ့တာျဖစ္ၿပီး ျဖစ္ၿပီးၿပီးခ်င္း ေနာက္တစ္ရက္ ဒီဇင္ဘာ ၁၆ ရက္ နံနက္မွာ ထိုင္း လုံၿခဳံေရးေကာင္စီရဲတပ္ဖြဲ႕ ဒုရဲခ်ဳပ္ကိုယ္တိုင္ အခင္းျဖစ္ေနရာကို သြားေရာက္စစ္ေဆးခဲ့ၿပီး သံသယရွိတဲ့ တရားခံတစ္ဦးကို ထိုင္းရဲတပ္ဖြဲ႕က ထုတ္ျပန္ႏိုင္ခဲ့ပါတယ္။ဒီေနာက္မွာ အမ်ိဳးသမီးတစ္ဦး ပါဝင္တဲ့ တရားခံ ၃ ဦးကို ထိုင္းရဲတပ္ဖြဲ႕ အပူတျပင္းရွာေဖြခဲ့သလို ျမန္မာဘက္ကို ခိုဝင္လာႏိုင္တဲ့အတြက္ ျမန္မာရဲတပ္ဖြဲ႕နဲ႔ ခ်ိတ္ဆက္ဖမ္းဆီးႏိုင္ဖို႔ အေၾကာင္းၾကားခဲ့ပါတယ္။

အခင္းျဖစ္ၿပီး သုံးရက္အၾကာမွာ လူသတ္မႈထဲက သံသယရွိသူ အမ်ိဳးသမီးကို မဲေဆာက္မွာ ထိုင္းရဲတပ္ဖြဲ႕က ဖမ္းမိခဲ့ၿပီး ေလးရက္အၾကာမွာ က်န္အမ်ိဳးသားႏွစ္ဦးကို ျမန္မာႏိုင္ငံအတြင္းက ဘားအံမွာ ျမန္မာရဲတပ္ဖြဲ႕က ဖမ္းမိခဲ့ပါတယ္။စစ္ေဆးခ်က္အရ ဘားအံမွာ ဖမ္းမိတဲ့ ရက္စက္လြန္းတဲ့ သတ္ျဖတ္သူ အမ်ိဳးသားႏွစ္ဦးက ရခိုင္ျပည္နယ္ ေက်ာက္ျဖဴၿမိဳ႕နဲ႔ မင္းျပားၿမိဳ႕မွာ ေနထိုင္တဲ့သူေတြ ျဖစ္ေနပါတယ္။

ျပည္တြင္းမွာ အလုပ္အကိုင္မေကာင္းလို႔ ျပည္ပႏိုင္ငံမွာ သြားလုပ္ကိုင္ၾကရတဲ့ ကိုယ့္ႏိုင္ငံသားအခ်င္းခ်င္း တစ္ေယာက္ဒုကၡျဖစ္ရင္ တစ္ေယာက္က ကူညီရမယ့္ တာဝန္ရွိတဲ့ အေနအထားမွာ ယခုလို ေလးလသား ကေလးငယ္ပါမက်န္ ရက္ရက္စက္စက္ သတ္ျဖတ္တဲ့ လူသတ္မႈ က်ဴးလြန္သူေတြကို ဘယ္လိုတရားစီရင္မလဲဆိုတာ အမ်ားျပည္သူအတြက္ စိတ္ဝင္စားစရာ ျဖစ္ေနပါတယ္။သတ္ျဖတ္ခံရတဲ့ မိသားစုဝင္ေတြက ျမဝတီရဲစခန္းမွာ တိုင္ခ်က္ဖြင့္ထားလို႔ ဘားအံမွာမိတဲ့ ႏွစ္ေယာက္ကို ျမန္မာႏိုင္ငံအတြင္း တရားစီရင္မွာျဖစ္ၿပီး မဲေဆာက္မွာမိတဲ့ အမ်ိဳးသမီးကို ထိုင္းမွာ တရားစီရင္မွာျဖစ္တဲ့အတြက္ ဘယ္တရားစီရင္ေရးက ရက္စက္စြာ သတ္ျဖတ္ခံရတဲ့သူေတြအတြက္ ထိုက္သင့္တဲ့ ျပစ္ဒဏ္ကို ေပးႏိုင္မလဲဆိုတာ ေစာင့္ၾကည့္ရမွာ ျဖစ္ပါတယ္။

မဲေဆာက္ကအျဖစ္မွာ မိသားစုလိုက္ ေသရတဲ့အထိ အျဖစ္ဆိုးေတြ ႀကဳံရေပမယ့္ မႏၲေလးက သက္ငယ္မုဒိမ္းမႈကေတာ့ လူမေသေပမယ့္ ဆိုး႐ြားလြန္းတဲ့အတြက္ ျပဳက်င့္ခံရတဲ့ လကၡဏာေတြနဲ႔ မေသ႐ုံတမယ္သာ က်န္ခဲ့ပါတယ္။(၈) ႏွစ္အ႐ြယ္ မိန္းကေလး စက္ဘီးျဖင့္ မုန႔္သြားဝယ္စဥ္ ေပ်ာက္ဆုံးသြားလို႔ ဒီဇင္ဘာ ၁၄ ရက္ ည ၆ နာရီခြဲက လူေပ်ာက္တိုင္ထားခဲ့ရာမွာ အဓမၼျပဳက်င့္ခံရသည့္ လကၡဏာမ်ားျဖင့္ ေသြးထြက္ဒဏ္ရာမ်ားျဖင့္ လဲက်ေနသည္ ကေလးငယ္ကို မႏၲေလး-ျပင္ဦးလြင္ အတက္လမ္းအနီး၊ နည္းပညာတကၠသိုလ္ (ရတနာပုံဆိုက္ဘာစီးတီး) ၿခံဝင္း၏ စည္း႐ိုးကာရံထားျခင္းမရွိေသာ ေတာစပ္မွာ ေဈးသည္တစ္ဦးက ဒီဇင္ဘာ ၁၅ ရက္ နံနက္ ၈ နာရီခန႔္က ေတြ႕ရွိခဲ့ပါတယ္။

လူမႈကြန္ရက္ေတြမွာေတာ့ ကေလးငယ္ ေနအိမ္ကေန မုန႔္ဝယ္ဖို႔ ထြက္သြားတဲ့ လမ္းေၾကာင္းတစ္ေလွ်ာက္ စီစီတီဗီကင္မရာမွာေပၚတဲ့ အက်ႌအနက္ေရာင္ဝတ္ထားတဲ့ သက္လတ္ပိုင္းအ႐ြယ္ အမ်ိဳးသားတစ္ဦးက မိန္းကေလးငယ္ရဲ႕ စက္ဘီးနားကပ္၍ စကားေျပာေနတာ၊ ဆိုင္ကယ္နဲ႔ တင္ေခၚသြားတဲ့ပုံေတြ ပ်ံ႕ႏွံ႔ခဲ့ပါတယ္။ျပစ္မႈက်ဴးလြန္သူ အမ်ိဳးသားကိုဖမ္းမိဖို႔  ကေလးငယ္ကို ေခၚသြားရာ လမ္းတစ္ေလွ်ာက္ကေန ျပန္ေတြ႕တဲ့ေနရာအထိ cctv ေတြကို ျပန္စစ္ၾကည့္ေနသလို လူမႈကြန္ရက္မွတစ္ဆင့္ အဓမၼျပဳက်င့္သူရဲ႕ ဓာတ္ပုံကို ေဖာ္ျပကာ သိတဲ့သူေတြအေနနဲ႔ နီးစပ္ရာ ရဲစခန္းကို သတင္းေပးဖို႔ လႈံ႕ေဆာ္ထားတာေတြလည္း ေတြ႕ရပါတယ္။  

ကေလးငယ္ အသက္ဆုံးရႈံးျခင္း မရွိေပမယ့္ ေသေလာက္တဲ့ထိ က်ဴးလြန္ခဲ့တဲ့ ျဖစ္ရပ္မွာ ကိုယ္ပတ္ဝန္းက်င္မွာ ကေလးငယ္ေတြနား သူစိမ္းကပ္ေနခဲ့ရင္ ကိုယ္နဲ႔မဆိုင္လဲ သတိထားဖို႔ဆိုတဲ့ ျမန္မာ့လူမႈဝန္းက်င္မွာ ေပ်ာက္ဆုံးခဲ့တဲ့ က်င့္ဝတ္ေၾကာင့္ဘဲ ျဖစ္ပါတယ္။ဒီသတင္းေတြက ယခုတစ္ပတ္ထဲျဖစ္ခဲ့တဲ့ မႈခင္းေနာက္ခံသတင္းေတြျဖစ္တဲ့ အပ္ထားတဲ့ေျမ ၂ ဧကေက်ာ္ကို သိန္း ၄၀၀၀ နီးပါးျဖင့္ အလြဲသုံးစားေရာင္းခ်ခဲ့တဲ့ က်ိဳက္ထိုၿမိဳ႕နယ္ ကင္မြန္ေခ်ာင္းေက်း႐ြာ အုပ္ခ်ဳပ္ေရးမႉးေဟာင္း ဦးေက်ာ္သူရလႈိင္ ကို အဂတိလိုက္စားမႈ တိုက္ဖ်က္ေရး ဥပေဒနဲ႔  အလုပ္ႏွင့္ ေထာင္ဒဏ္ ခုနစ္ႏွစ္ခ်မွတ္ခဲ့တဲ့ သတင္း၊ ကန႔္ဘလူမွာ ေက်ာင္းဆရာမတစ္ဦးရဲ႕ ခင္ပြန္းက ေက်ာင္း႐ုံးခန္းထဲဝင္ၿပီး ဝါးရင္းတုတ္နဲ႔ ေက်ာင္းအုပ္ဆရာမႀကီးကို ဝင္ေရာက္႐ိုက္ႏွက္ခဲတဲ့ သတင္း၊ ေမာင္ေတာၿမိဳ႕မေဈးႀကီးအတြင္း ဆိုင္ခန္းတစ္ခန္းမွ  စိတ္ႂကြ႐ူးသြပ္ေဆးျပား ၁၁ သိန္းေက်ာ္ ထပ္မံဖမ္းဆီးရမိခဲ့တဲ့ သတင္း၊ အသက္ ၁၂ ႏွစ္အ႐ြယ္ မိန္းကေလးအား အဓမၼျပဳက်င့္မႈနဲ႔ ဟန္လင္းေအာင္(ခ)အီၾကာေကြး နဲ႔ ျပည့္စုံ တို႔ကို ေထာင္ဒဏ္ႏွစ္ ၂ဝ ခ်မွတ္လိုက္တဲ့ သတင္း၊ လားရႈိး အိုရီယမ္တယ္တိုးဂိတ္အနီး ကန္တာယာဥ္တစ္စီးေပၚကေန သိန္း ၁၈ဝဝ ေက်ာ္ တန္ဖိုးရွိ ဘိန္းျဖဴေတြ အမ်ိဳးသားတစ္ဦးႏွင့္အတူ ဖမ္းဆီးရမိခဲ့တဲ့ သတင္း စတဲ့ သတင္းေတြထဲ ထူးထူးျခားျခား ကြဲထြက္ေနသည့္ သတင္းမ်ား ျဖစ္ခဲ့တယ္ဆိုတာ တင္ျပရင္း ယခုတစ္ပတ္ သတင္းသုံးသပ္ခ်က္ကို ဒီမွာဘဲ ရပ္လိုက္ခ်င္ပါတယ္။

မာလင္း
ဒီဇင္ဘာ - ၂၁