【 ယခုတစ်ပတ် ပြည်တွင်းသတင်း သုံးသပ်ချက် 】 မြန်မာ့အရေးနဲ့ အာချောင်တဲ့ အမေရိကန် ဒု-သမ္မတ

【 ယခုတစ်ပတ် ပြည်တွင်းသတင်း သုံးသပ်ချက် 】 မြန်မာ့အရေးနဲ့ အာချောင်တဲ့ အမေရိကန် ဒု-သမ္မတ

ယခုတစ်ပတ် မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ သတင်းတွေထဲမှာ သတိထားစောင့်ကြည့်ရတဲ့ သတင်းတွေ ရှိခဲ့ပါတယ်။ဒီထဲမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ အမေရိကန် ဒုသမ္မတနဲ့ သီးခြားတွေ့ဆုံရာမှာ ပြောတဲ့ သတင်း၊ ဘင်္ဂါလီဒုက္ခသည် ပထမအသုတ် ပြန်လာမယ့်ရက်မှာ တစ်ယောက်မှမလာဘဲ ဆန္ဒပြလို့ ဘင်္ဂလားဒေရှ့်ဘက်က ဖျက်သိမ်းလိုက်တယ်ဆိုတဲ့ သတင်း၊ ရန်ကုန်မြို့ အလုံမြို့နယ်ထဲမှာ ရဲက လူမှားဖမ်းပြီး စစ်ဆေးမိခဲ့လို့  အလုံရဲတပ်ဖွဲ့က မှားဖမ်းမိသူ ကျေနပ်အောင် ပြန်တောင်းပန်ခဲ့ရတဲ့ သတင်း၊ ရန်ကုန်မြို့ အလုံမြို့နယ်ထဲမှာဘဲ ကုမ္ပဏီရုံးခန်းတစ်ခုကို လူမိုက်ငှားပြီး အကြွေးဝင်တောင်းကာ ပြန်ပေးဆွဲခဲ့တဲ့ သတင်း စတဲ့ သတင်းတွေက ဒီတစ်ပတ်ရဲ့ ထိပ်တန်းသတင်းတွေ ဖြစ်ခဲ့ပါတယ်။

ဒီသတင်းတွေက ဒီတစ်ပတ်အတွင်း ဖြစ်ခဲ့တဲ့ ကယားပြည်နယ် မော်ချီးရှိ သတ္တုလုပ်ကွက်တစ်ခု ကျင်းပြိုကျလို့ ပိတ်မိတဲ့ အလုပ်သမားလေးဦးကို လူအင်အား ၁၇၀ ကျော်နဲ့  ၁၀ နာရီကျော်ကြာ အောင်မြင်စွာ ကယ်ထုတ်နိုင်ခဲ့တဲ့ သတင်း၊  တောင်ကြီး တန်ဆောင်တိုင်ပွဲတော် ဖွင့်ပွဲမှာ ညမီးကြီးအမျိုးအစား ဓာတ်ခဲမီးပုံးပျံ ပျက်ကျလို့ ပရိသတ်အချို့ ဒဏ်ရာရတဲ့ သတင်း၊ လူစီးရထားတွဲဆိုင်းများ ဝယ်ယူရန် တရုတ်ဖွံ့ဖြိုးတိုးတက်ရေးဘဏ် (CDB) ထံမှ အတိုးမဲ့ ချေးငွေ ယွမ်သန်း ၈၀ ချေးယူမည့် သတင်း၊ အာဆီယံ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှု ထိပ်သီးဆွေးနွေးပွဲ (ABIS 2018) မှာ ဒေါ်အောင်ဆန်းစုကြည် က မြန်မာနိုင်ငံ၌ လာရောက်ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်ခဲ့တဲ့ သတင်း၊ နိုင်ငံခြားဘဏ်များကို ငွေချေးခွင့်ပြုလိုက်တဲ့ သတင်း စတဲ့ သတင်းတွေထဲ ထူးထူးခြားခြား သတိထားမိစေတဲ့ သတင်းတွေ ဖြစ်ခဲ့ပါတယ်။

အာချောင်တဲ့ အမေရိကန် ဒု-သမ္မတကို တုံ့ပြန်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်။

ဒီတစ်ပတ် သတင်းတွေထဲမှာ သတိထားစရာ သတင်းတွေ အများကြီးဖြစ်ခဲ့ပြီး ဒီထဲမှာ စင်ကာပူမှာ ကျင်းပတဲ့ အာဆီယံ ထိပ်သီးအစည်းအဝေးမှာ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး ဆွေးနွေးတဲ့ သတင်းတွေ၊ ပွဲတက်ရောက်တဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ အမေရိကန် ဒုသမ္မတနဲ့ သီးခြားတွေ့ဆုံရာမှာ ပြောတဲ့ သတင်းတွေက ဒီတစ်ပတ်ရဲ့ ထိပ်တန်းသတင်းတွေ ဖြစ်ခဲ့ပါတယ်။

စင်ကာပူနိုင်ငံကို အာဆီယံ ထိပ်သီးအစည်းအဝေးနဲ့ ဆက်စပ်အစည်းအဝေးတွေ တက်ရောက်ဖို့ ရောက်ရှိနေတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နဲ့ အမေရိကန် ဒု-သမ္မတ မိုက်ပင့်စ် တို့ နိုဝင်ဘာ ၁၄ ရက်က သီးသန့်တွေ့ဆုံခဲ့ပါတယ်။ဒါဟာ အမေရိကန် သမ္မတ ထရန့် တက်လာပြီးနောက်ပိုင်း ပထမဆုံး အမေရိကန်နိုင်ငံရဲ့ အဆင့်မြင့်ဆုံး တာဝန်ရှိသူတစ်ဦးနဲ့ တွေ့ဆုံခြင်းဘဲ ဖြစ်ပါတယ်။

မိုက်ပင့်စ် နဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံပြီး ဘင်္ဂါလီဒုက္ခသည် အရေးနှင့် ပတ်သက်ပြီး အဓိကထား ဆွေးနွေးပြီးနောက် သတင်းစာရှင်းလင်းပွဲ လုပ်ရာမှာ မိုက်ပင့်စ် က အကြမ်းဖက် အာဆာတပ်ဖွဲ့တွေကို နှိမ်နှင်းရင်း ဘင်္ဂလားဒေရှ့်ဘက်ကို ထွက်ပြေးတဲ့ ဘင်္ဂါလီ ခုနှစ်သိန်းအတွက် မြန်မာဘက်က တာဝန်ရှိတဲ့သူတွေနဲ့ နှိပ်စက်ညှင်းပန်းမှုတွေကို ခွင့်မလွှတ်ဘူးလို့ ပြောခဲ့သလို သိန်းချီ နေရပ်စွန့်ခွာခြင်းအတွက် တာဝန်ယူမှုရှိစေရန် မြန်မာအစိုးရ ကိုင်တွယ်ဖြေရှင်းနေသော တိုးတက်မှုများကို ကြားသိရန် လိုလားတယ်ဆိုပြီး ပြောခဲ့ပါတယ်။

ဒီလိုပြောဆိုမှုနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည် က “ဘယ်နိုင်ငံကမှ ကျွန်မတို့ နိုင်ငံအပေါ် ကျွန်မတို့လောက် နားလည်မှာ မဟုတ်ဘူးဆိုတာ ပြောနိုင်ပါတယ်” လို့ ပြောခဲ့ပါတယ်။ ဒီတွေ့ဆုံမှုမှာ ရိုက်တာ သတင်းထောက်နှစ်ဦး ကိစ္စကို ပြောခဲ့ပေမယ့် ဘာတွေပြောခဲ့ခြင်းတော့ မထုတ်ပြန်ခဲ့ပါဘူး။မိုက်ပင့်စ် ရဲ့ ပြောစကားအပေါ် နိုင်ငံတော်အတိုင်ပင်ခံ ပြောခဲ့တဲ့ စကားက ပြည်တွင်းမီဒီယာတွေမှာ ထိပ်တန်းသတင်း ဖြစ်ခဲ့ပါတယ်။

အဆိုပါ အာဆီယံ ထိပ်သီးအစည်းအဝေး ကျင်းပနေစဉ်မှာဘဲ ဘင်္ဂါလီအရေးနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ အဆိုမူကြမ်းတစ်ခုကို နိုဝင်ဘာ  ၁၅ ရက်မှာ ကျင်းပမယ့် ကုသလမဂ္ဂ အထွေထွေညီလာခံ၊ လူ့အခွင့်အရေးကော်မတီ အစည်းအဝေးမှာ ဥရောပသမဂ္ဂနဲ့ OIC တို့ ပူးပေါင်းပြီးတင်ဖို့ ရှိနေပါတယ်။

ဘင်္ဂါလီအရေးနဲ့ ပတ်သက်ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အာဆီယံ ထိပ်သီးအစည်းအဝေး တက်ချိန်နဲ့ ချိန်ကိုက်ဖိအားပေးတဲ့အနေနဲ့ AI လို့ ခေါ်တဲ့ အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က သူတို့ ချီးမြှင့်ထားတဲ့ အမြင့်ဆုံးဆုကို နိုဝင်ဘာ ၁၃ ရက်က ရုတ်သိမ်းခဲ့ပါတယ်။

ဒီလို နိုင်ငံတကာ ဖိအားတွေ ရှိနေချိန်မှာ အာဆီယံ ထိပ်သီးအစည်းအဝေးကို တက်လာတဲ့ နယူူးဇီလန် ဝန်ကြီးချုပ် ဂျာစင်ဒါအာဒန် က မြန်မာခေါင်းဆောင်ကို ဘင်္ဂါလီပြဿနာကို ဖြေရှင်းရေး လိုအပ်သော အကူအညီ ပေးမယ်လို့ ကမ်းလှမ်းခဲ့ပါတယ်။နိုဝင်ဘာ ၁၅ ရက်မှတော့ စင်ကာပူ နိုင်ငံရှိ Suntec Expo Convention Center ဧည့်ခန်းမမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နဲ့ တရုတ်ဝန်ကြီးချုပ် လီခချန် တို့ တွေ့ဆုံပြီး ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသွားသူများ ပြန်လည်လက်ခံရေးအတွက် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစဉ်များ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များနှင့် ပတ်သက်ပြီး ဆွေးနွေးခဲ့ကာ ရခိုင်ပြည်နယ်အရေးနဲ့ ပတ်သက်ပြီး မြန်မာအစိုးရကို တရုတ်က ဆက်လက်ထောက်ခံသွားမည်လို့ ပြောခဲ့ပါတယ်။

ရခိုင်မြောက်ပိုင်း အရေးနဲ့ ဘင်္ဂလားဒေရ်ှ့အစိုးရ ကစားတဲ့ အကွက်။

လက်ရှိ ရခိုင်မြောက်ပိုင်း ပြဿနာကြောင့် ဘယ်သူအကျိုးအမြတ်ရနေလဲဆိုရင် ဘင်္ဂါလီတွေကို လက်ခံထားတဲ့ ဘင်္ဂလားဒေ့ရှ်ဘက်က အကျိုးအမြတ်ရနေတာပါ။မြန်မာဘက်ကနေ ထွက်ပြေးလာတဲ့ ဘင်္ဂါလီတွေကို အကြောင်းပြုပြီး နိုင်ငံတကာကရနေတဲ့ ငွေသားအကူအညီနဲ့ တခြားအကူအညီက မနည်းပါဘူး။အရင်က သဘာဝဘေးကြောင့်ရတဲ့ အကူအညီနဲ့ နိုင်ငံအတွက် အဓိကနိုင်ငံခြားငွေ အခက်အခဲကို ဖြေရှင်းခဲ့ရတဲ့ ဘင်္ဂလားဒေ့ရှ့်နိုင်ငံဟာ အမျီုးသမီး ရှိတ်ဟာစီနာ လက်ထက်မှာ ပြည်တွင်း နိုင်ငံရေးအကြပ်အတည်းကို အာရုံလွှဲဖို့နဲ့ နိုင်ငံတကာ မျက်နှာစာမှာ နာမည်ကောင်းရဖို့ အခွင်အလမ်းတစ်ခု ပေါ်ပေါက်ခဲ့ပါတယ်။ဒါက ရခိုင်မြောက်ပိုင်းက ထွက်ပြေးလာတဲ့ ဘင်္ဂါလီပြဿနာပါ။

နိုင်ငံတကာမှာ ရခိုင်မြောက်ပိုင်းက ထွက်ပြေးလာတဲ့ မျိုးနွယ်တူ ဘင်္ဂါလီတွေကို အရေးနဲ့ ပတ်သက်ပြီး အိမ်နီးချင်း မြန်မာနိုင်ငံအပေါ် နိုင်ငံတကာ ဖိအားပေးမှုနဲ့ ကုလကြားခံဇုန် ရဖို့၊ ဒီအခြေအနေကနေ နောက်တစ်ဆင့်ဖြစ်တဲ့ နယ်မြေချဲ့ထွင် ပိုင်ဆိုင်ဖို့အတွက် တစ်စိုက်မတ်မတ် လုပ်နေရာမှာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၅ ရက်မှာ မြန်မာနိုင်ငံကို ဘင်္ဂါလီအချို့ ပြန်ဝင်လာဖို့ ဒါကာမှာ နှစ်နိုင်ငံ အဆင်မြင့်တာဝန်ရှိသူတွေ သဘောထားတူညီချက်ကို ဖောက်ဖျက်ပြီး ခိုးဝင်ဘင်္ဂါလီတွေ ဒုက္ခသည်စခန်းတွေမှာ ဆန္ဒပြလို့ဆိုပြီး အစီအစဉ်ကို ဖျက်သိမ်းခဲ့ပါတယ်။

မြန်မာဘက်ကတော့ လူကယ်ပြန် ပြည်ထောင်စုဝန်ကြီးကိုယ်တိုင် ကုန်းလမ်းဖြစ်တဲ့ တောင်ပြိုလက်ဝဲမှ ဝင်ရောက်မယ်ဆိုလို့ စောင့်နေခဲ့ပေမယ့် ရောက်မလာခဲ့ပါဘူး။ဘင်္ဂလားဒေ့ရှ့် အစိုးရအနေနဲ့ ဒီလိုကတိဖောက်ဖျက်မှုတွေရှိတာ တစ်ခါနှစ်ခါ မကတော့ပါဘူး။ဒါဟာ ကျင့်ဝတ်မရှိတဲ့အပြင် မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေပေါ် ဝင်အမြတ်ထုတ်တဲ့ အနေအထားပါဘဲ။
ဒါပေမယ့် မြန်မာဘက်ကတော့ သံတမန်ကျင့်ဝတ်ကို အတိအကျလိုက်နာပြီး  ဒုက္ခသည်များ ပြန်လည်ဝင်ရောက် မလာခြင်းအပေါ် ဘင်္ဂလားဒေ့ရှ်ကို အပြစ်မတင်ခဲ့ပါဘူး။ဒါပေမယ့် ပြန်မလာချင်တဲ့သူ ပြန်လွှတ်မယ့်အစား ပြန်လာချင်တဲ့သူတွေ အများကြီးပြန်လာလို့ရအောင် ပူးပေါင်းဆောင်ရွက်ပေးဖို့ အဲဒီညနေက ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

UNHCR နဲ့ ကုလသမဂ္ဂ ဒုက္ခသည်အေဂျင်စီနှင့် အကူအညီပေးရေး အဖွဲ့များက ဘင်္ဂလားဒေရှ့်နဲ့ မြန်မာအစိုးရတို့ကြား ဒုက္ခသည် ပြန်ပို့ရေးအတွက် သဘောတူတဲ့ အစီအစဉ် ထွက်ကတည်းက လုံခြုံရေးအကြောင်းပြပြီး ကန့်ကွက်ခဲ့ကြတာတွေ ရှိပါတယ်။
ဘင်္ဂလားဒေ့ရှ်ဘက်က မြန်မာနိုင်ငံကို ပြန်လိုတဲ့ ဟိန္ဒူ ၄၀၀ ကျော်ကို အရင်မပို့ဘဲ နောက်ဆုံးမှ ပြန်ပို့ဖို့ စီစဉ်ထားသလို ဘင်္ဂါလီဒုက္ခသည်များကို လက်ခံခေါ်ယူရန် ကနေဒါနိုင်ငံ၏ ကမ်းလှမ်းမှုကိုလည်း ဘင်္ဂလားဒေ့ရှ်က လက်ခံခြင်း မရှိပါဘူး။

ဒုက္ခသည်တွေ ပထမတစ်သုတ် ပြန်ပို့မယ့် အစီအစဉ် စတဲ့ နိုဝင်ဘာ ၁၅ ရက်မှာ မြန်မာနယ်စပ်အနီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ အရှေ့တောင်ပိုင်း အန်ချီပရန်း ဒုက္ခသည်စခန်းမှာ ဒုက္ခသည်တွေပြန်ဖို့ ထရပ်ကားလေးစီး၊ ဘတ်စ်ကားသုံးစီး ထားရှိပေးပေမယ့် တစ်ယောက်မှ မပြန်ဘဲ ဘင်္ဂါလီဒုက္ခသည် ရာပေါင်းများစွာက ကြွေးကြော်ဆန္ဒပြခဲ့ကာ အချို့က နိုင်ငံသားအဖြစ် ခွင့်ပြုမှုမရှိဘဲ မြန်မာနိုင်ငံသို့ လုံးဝပြန်မည် မဟုတ်ဟု ရေးသားထားသော စာတန်းများ ကိုင်ဆောင်၍ ဆန္ဒပြခဲ့ပါတယ်။ဒီလိုဖြစ်ရပ်က အာဆီယံနဲ့ ကုလမှာ ရခိုင်မြောက်ပိုင်း အရေးနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံအပေါ် ဖိအားပေးနေချိန်မှာ ချိန်ကိုက်ဖြစ်လာတာ ဖြစ်ပါတယ်။

အာဆီယံ ထိပ်သီးအစည်းအဝေး ဥက္ကဋ္ဌ၏ သဘောထား ကြေညာချက်မှာတော့ အာဆီယံ ဆွေးနွေးပွဲမှာတော့ ရခိုင်ပြည်နယ်တွင် ရေရှည်တည်တံ့ပြီး တန်းတူညီမျှသည့် ဖွံ့ဖြိုးမှုရှိရန် အကောင်အထည်ဖော် ကြိုးပမ်းနေသည့် မြန်မာအစိုးရကို ဆက်လက်ကူညီမယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။
ဒါ့အပြင် ရခိုင်မြောက်ပိုင်း အရေးနှင့် ပတ်သက်ပြီး မြန်မာအစိုးရ၏ ကတိကဝတ်ပြုမှုများကို အာဆီယံက ကြိုဆိုတယ်လို့လည်း ဖော်ပြခဲ့ပါတယ်။

ဘင်္ဂလားဒေရှ့်အနေနဲ့ ဒုက္ခသည်တွေ မြန်မာဘက်ကို စပြန်ခဲ့မယ်ဆိုရင် OIC နဲ့ EU ပေါင်းပြီး ကုလမှာတင်ဖို့ ကြိုးစားနေတဲ့ ဘင်္ဂါလီအရေးနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ အဆိုမူကြမ်းက အဟောသိကံဖြစ်သွားဖို့ များမှာဖြစ်သလို ဒုက္ခသည်တွေနဲ့ ပတ်သက်ပြီး ရနေတဲ့ ဘီလျံနဲ့ချီတဲ့ အကူအညီတွေ၊ ဒုက္ခသည်တွေကြောင့် ပေါ်လာတဲ့ အလုပ်အကိုင်တွေ၊ ကုလအဖွဲ့အစည်းတွေရဲ့ လုပ်ကွက်တွေ ပျောက်သွားဖို့ များနေတဲ့အတွက် ချိန်ကိုက်ဖြစ်လာတဲ့ ကိစ္စတွေက သတိထားရဖို့များနေပြီ ဖြစ်ပါတယ်။

ပြည်တွင်း မညီမညွတ်မှုတွေကြောင့် ဘင်္ဂလားဒေ့ရှ်လို နိုင်ငံမျိုးကတောင် နိုင်ငံရေး ဝင်အမြတ်ထုတ်နေတာ ခံနေရတဲ့ အခြေအနေမှာ ပြည်တွင်းညီညွတ်မှုက အရင်ကထက် ပိုအရေးကြီးနေတဲ့ အခြေအနေပါ။ဒါဟာ အမြက်ကျဉ်းကျဉ်းနဲ့ ဆောင်ရွက်ရမယ့် ကိစ္စတစ်ခုမဟုတ်ဘဲ သတိထားရတော့မယ့် အခြေအနေဖြစ်နေလို့ ဒီသတင်းနောက်ဆက်တွဲတွေက နောက်ရက်တွေအထိ သတင်းစာမျက်နှာတွေမှာ စိတ်ဝင်စားစရာ ကောင်းနေဦးမှာ ဖြစ်ပါတယ်။

မြို့လယ်ခေါင် အနုကြမ်းစီးမှုနှင့် မှားယွင်းဖမ်းဆီးမှုဖြစ်တဲ့ ရက်များ။

တရားဥပဒေစိုးမိုးမှု မရှိတဲ့အတွက် မကြာခဏဆိုသလို ရာဇဝတ်မှုကြီးတွေ ဖြစ်လေ့ဖြစ်ထရှိနေလို့ လုံခြုံရေးအတွက် စိုးရိမ်ကြောင့်ကြနေရတဲ့ ရန်ကုနု်မှာ နိုဝင်ဘာ ၁၂ ရက်က ညပိုင်းက အုပ်စုဖွဲ့ပြီး အနုကြမ်းစီးတဲ့ ဖြစ်ရပ်တစ်ခု အလုံမြိုနယ်ထဲ ဖြစ်ခဲ့လို့ ရန်ကုန်နေသူတွေ အများစု ထိတ်လန့်တုန်လှုပ်ခဲ့ရပါတယ်။

အလုံမြို့နယ် ဗဟိုလမ်းပေါ်မှာရှိပြီး ကလေးဆေးရုံ၊ အမျိုးသမီးဆေးရုံတွေ အနားမှာရှိတဲ့ ခြံဝင်းတစ်ခုထဲ ဖွင့်ထားတဲ့ Bapco စက်သုံးဆီဖြန့်ဖြူးရေးလုပ်ငန်း ရုံးခန်းထဲကို နိုဝင်ဘာ ၁၂ ရက် ည ၇ နာရီခန့်က မျက်နှာဖုံးစွပ်ထားတဲ့ လူ ၁၀ ဦးခန့် လိုက်ထရပ်ဖြင့် ရောက်ရှိလာပြီး ခြိမ်းခြောက် အကြွေးတောင်းခံခဲ့တဲ့ဖြစ်စဉ် တစ်ခုဖြစ်ခဲ့ပါတယ်။မျက်နှာဖုံးစွပ်ထားတဲ့ ကြေးစားလူမိုက် ၁၀ ဦးက ရုံးခန်းထဲဝင်ပြီး ဝန်ထမ်းအချို့ကို ရိုက်နှက်ပြီး ကုမ္ပဏီပိုင်ရှင်ထံကနေ ခြိမ်းခြောက် အကြွေးတောင်းတဲ့အခါ ပိုင်ရှင်ဖြစ်သူက ကုမ္ပဏီခြံဝင်းတံခါးကို ကားဖြင့်တိုက်၍ မောင်းပြေးသွားခဲ့ပြီး ကြေးစားလူမိုက်အချို့က လိုက်ထရပ်ဖြင့် နောက်မှလိုက်ခဲ့ကာ ပိုင်ရှင်မှာ လွတ်မြောက်သွားပြီး ၎င်းနှင့်အတူ ကားကို ပြည်လမ်းပေါ်ရှိ နိုဗိုတယ်ဟိုတယ်ရှေ့တွင် ပြန်လည်တွေ့ရှိခဲ့ရပါတယ်။

အဆိုပါ ဖြစ်စဉ်မှာ ရုံးခန်းထဲကျန်ခဲ့တဲ့ လူမိုက် ၂ ဦးကို အရပ်သားတွေနဲ့ ဝန်ထမ်းတွေက ဝိုင်းဖမ်းခဲ့ပြီး ကျန်တဲ့သူတွေထဲက  ၃ ဦးကို နောက်တစ်ရက်ထဲမှာ ဖမ်းမိခဲ့ပါတယ်။ဒီလို အနုကြမ်းစီးပြီး ကြွေးတောင်းတဲ့ ဖြစ်စဉ်မှာ ငှားလာတဲ့ လူမိုက်တွေကို လှိုင်သာယာ၊ ဒဂုံမြို့သစ်၊ သန်လျင် စတဲ့ နေရာတွေကနေ ငှားလာတာလို့ အခင်းဖြစ်တဲ့ ညဘက်မှာ ဖမ်းမိတဲ့ ဒဂုံမြို့နယ်ထဲက နှစ်ဦးကို စစ်ဆေးချက်အရ ဖော်ထုတ်သိရပါတယ်။

အကြွေးတောင်းရာမှာ လက်နက်ကိုင်တွေ ပါလာသလို တခြားလူမိုက်တွေငှားပြီး စာရင်းရှင်းတာတွေ ယခုနောက်ပိုင်း ရန်ကုန်မှာ မကြာခဏဆိုသလို အဖြစ်များလာတာကို တွေ့လာရပါတယ်။ယခုဖြစ်စဉ်မှာ အဆိုပါ မိတဲ့သူ ၅ ဦးကို ဓားပြမှုနဲ့ တရားစွဲထားပြီး ကျန်တဲ့သူတွေကို ဖမ်းဆီးရမိဖို့ ရဲတပ်ဖွဲ့က ဆောင်ရွက်နေသလို ခိုင်းစေသူကို ဖမ်းဆီးရမိဖို့ ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

ဒီဖြစ်ရပ်က ရန်ကုန်နေသူတွေကို ထိတ်လန့်စေပြီး ကျူးလွန်စေအောင် ခိုင်းစေသူကို ဖမ်းမိဖို့ လိုသလို အများပြည်သူကလည်း ဒီအနုကြမ်းစီးမှု ဖြစ်ရပ်ရဲ့နောက်ဆက်တွဲ သတင်းတွေကို စိတ်ဝင်တစား စောင့်ကြည့်နေတဲ့အတွက် ဘာတွေဖြစ်လာဦးမလဲဆိုတာ ဆက်စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

ဒီလို အနုကြမ်းစီးမှု သတင်းလိုဘဲ ထူးခြားပြီး လူစိတ်ဝင်စားတဲ့ နောက်ထပ်သတင်းတစ်ပုဒ်က အလုံမြို့နယ်မှာဘဲ ဖြစ်ခဲ့တဲ့ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးကို ရဲတပ်ဖွဲ့က ဖုန်းခိုးတဲ့သူနဲ့ မှားယွင်းပြီး ခေါ်ယူစစ်ဆေးခဲ့လို့ အလုံရဲတပ်ဖွဲ့က ပြန်တောင်းပန်ခဲ့ရတဲ့ ဖြစ်စဉ်တစ်ခု နိုဝင်ဘာ ၁၀ ရက် ညဦးပိုင်းက ဖြစ်ခဲ့ပါတယ်။

နိုဝင်ဘာ ၉ ရက်ညနေ ၆ နာရီခွဲခန့်က အရပ်ဝတ်နှင့် ရဲတပ်ဖွဲ့ဝင်များက ခရီးသွားလုပ်ငန်း လုပ်ကိုင်နေသူ ကိုအောင်စိုးထိုက် ကို ဖုန်းခိုးသူတစ်ဦးနှင့် လူချင်းမှားကာ ဖမ်းဆီးခေါ်ဆောင်ခဲ့ပြီး ဝိုင်းဝန်းစစ်ဆေးခဲ့ကာ ဝန်ခံစေခဲ့ပါတယ်။အလုံမြို့နယ် သစ်တောလမ်းတွင် ၎င်း၏သမီးကို သွားကြိုရန် တိုက်အောက်တွင်ရှိစဉ် ဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး အလုံမြို့နယ်ရဲစခန်းမှ မြို့နယ်မှူး ရောက်လာမှသာ မဟုတ်ကြောင်းပြော၍ ည ၁၁ နာရီခန့်တွင် ပြန်လွှတ်ပေးခဲ့တာပါ။

ဒီဖြစ်စဉ်ကို ကာယကံရှင်က အွန်လိုင်းပေါ် တင်ခဲ့တဲ့အတွက် အများပြည်သူကြား ထောက်ပြဝေဖန်မှုတွေ ထွက်ပေါ်လာသလို ကာယကံရှင်ကလည်း သူ့နစ်နာမှုအတွက် တရားစွဲဆိုမှုတွေလုပ်ဖို့ ပြောခဲ့တဲ့အတွက် ထိုသို့ ဖြစ်စဉ်မှားယွင်း ဖမ်းဆီးမှုအပေါ် အလုံမြို့နယ်ရဲစခန်းမှ မြို့နယ်မှူး အပါအဝင် ရဲတပ်သားများက ပြန်လည်တောင်းပန်ခဲ့ပါတယ်။ဒါ့အပြင် မှားယွင်းဖမ်းဆီးကာ လက်ရောက်ကျူးလွန်သူ တပ်ဖွဲ့ဝင်များကို ရဲစည်းကမ်း ထိန်းသိမ်းရေးအရ အရေးယူမယ်လို့လည်း ပြောဆိုခဲ့မှုတွေ ရှိခဲ့ပါတယ်။

ဒီဖြစ်စဉ်ကနေ အများပြည်သူအတွက် ရဲတပ်ဖွဲ့ဝင်တွေရဲ့ စောင့်ရှောက်မှုကို ဝေဖန်စောကြောမှုတွေ ရှိလာခဲ့ြ့ပီး ဒီလိုဖြစ်ရပ်တွေ ဘယ်လောက်တောင်ရှိခဲ့မလဲ ဆိုတဲ့ မေးခွန်းတွေ အများပြည်သူကြား ကျယ်လောင်စွာ ထွက်ပေါ်လာခဲ့ပါတယ်။

အဆိုပါ သတင်းနှစ်ပုဒ်က ယခုရက်သတ္တပတ်အတွင်း ဖြစ်ခဲ့တဲ့ မှုခင်းနောက်ခံ သတင်းတွေဖြစ်တဲ့ မန္တလေး ၇၈ လမ်းနှင့် ၂၆ လမ်း မီးပွိုင့်မှာ မီးနီလို့ရပ်ထားတဲ့ ဆိုင်ကယ်ကို ပြိုင်ကားက ဝင်တိုက်လို့  ဆိုင်ကယ်ပေါ်ပါ နှစ်ဦးစလုံး သေဆုံးသွားတဲ့ သတင်း၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပု လိုက်ပါလာတဲ့ မော်တော်ယာဉ် မြောက်ဦးမြို့မှာ ကားလမ်းဘေး ထိုးကျခဲ့တဲ့ သတင်း၊ ဆင်စားကျက်အတွင်း လွှတ်ထားတဲ့ ဆင်တစ်ကောင် လိုက်ထိုးသတ်လို့ ဆိုင်ကယ်ကယ်ရီသမားတစ်ဦး သေဆုံးတဲ့ သတင်း၊ လူကုန်ကူးသူများ ခေါ်ဆောင်လာတဲ့ တရားမဝင် ရွှေ့ပြောင်း မြန်မာလုပ်သား ၅၀ ကျော်ကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးထားတဲ့ သတင်း၊ တရုတ်ဘုန်းကြီး အယောင်ဆောင်ပြီး အလှူခံနေတဲ့ တရုတ်နိုင်ငံသား ဘုန်းကြီးတု တစ်ဦးကို ဖမ်းဆီးပြီး လူဝတ်လဲ ခံဝန်ထိုးစေခဲ့တဲ့ သတင်း၊ မန္တလေးမှာ အမျိုးသမီးတစ်ဦး လည်ပင်းကို ဓားဖြင့်ထောက်ကာ ရည်းစားစကားပြောတဲ့ အမျိုးသားတစ်ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့တဲ့ သတင်း၊ သာစည်မြို့နယ်တွင်း အသက် (၁၃) နှစ်အရွယ် ကျောင်းသူကို ကျူရှင်ဆရာက အဓမ္မပြုကျင့်ခဲ့လို့ ဖမ်းဆီးအရေးယူထားတဲ့ သတင်း၊ ညောင်ကျိုး စစ်ဆေးရေးဂိတ်မှာ တောင်ကုတ်သို့သွားတဲ့ ကားပေါ်မှ WY/R စိတ်ကြွဆေးပြား ကျပ်သိန်း ၆၃ဝဝဝ ဖိုး ဖမ်းဆီးရမိခဲ့တဲ့ သတင်း၊ မကွေးခရိုင် ပေကုန်းကျေးရွာမှာ သမက်က အရက်မူးပြီး စကားများကာ မယားနဲ့ ယောက္ခမ နှစ်ဦးစလုံးကို ဓါးဖြင့် ခုတ်သတ်ခဲ့တဲ့ သတင်း၊ မန္တလေး၊ ချမ်းမြသာစည်မြို့နယ် လေယာဉ်ကွင်းဟောင်းဘေးရှိ ကျူးကျော်အိမ် ၁၂၀ ခန့်ကို ဖယ်ရှားခဲ့တဲ့ သတင်း၊ ခင်ပွန်းဖြစ်သူ ကိုင်ဆောင်တဲ့ ဖုန်းထဲ မက်ဆေ့ချ်ပိုတဲ့ အမျိုးသမီးကို ဇနီးက ဓားနဲ့လာထိုးတဲ့ သတင်း စတဲ့ သတင်းတွေထက် အများပြည်သူကို ပိုပြီး အာရုံဖမ်းစားစေခဲ့တယ်ဆိုတာ တင်ပြရင်း ယခုတစ်ပတ် သတင်းသုံးသပ်ချက်ကို ဒီမှာဘဲ ရပ်လိုက်ချင်ပါတယ်။

မာလင်း
နိုဝင်ဘာ - ၁၆

( Zawgyi )

ယခုတစ္ပတ္ ျမန္မာႏိုင္ငံနဲ႔ ပတ္သက္တဲ့ သတင္းေတြထဲမွာ သတိထားေစာင့္ၾကည့္ရတဲ့ သတင္းေတြ ရွိခဲ့ပါတယ္။ဒီထဲမွာ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္နဲ႔ အေမရိကန္ ဒုသမၼတနဲ႔ သီးျခားေတြ႕ဆုံရာမွာ ေျပာတဲ့ သတင္း၊ ဘဂၤါလီဒုကၡသည္ ပထမအသုတ္ ျပန္လာမယ့္ရက္မွာ တစ္ေယာက္မွမလာဘဲ ဆႏၵျပလို႔ ဘဂၤလားေဒရွ႕္ဘက္က ဖ်က္သိမ္းလိုက္တယ္ဆိုတဲ့ သတင္း၊ ရန္ကုန္ၿမိဳ႕ အလုံၿမိဳ႕နယ္ထဲမွာ ရဲက လူမွားဖမ္းၿပီး စစ္ေဆးမိခဲ့လို႔  အလုံရဲတပ္ဖြဲ႕က မွားဖမ္းမိသူ ေက်နပ္ေအာင္ ျပန္ေတာင္းပန္ခဲ့ရတဲ့ သတင္း၊ ရန္ကုန္ၿမိဳ႕ အလုံၿမိဳ႕နယ္ထဲမွာဘဲ ကုမၸဏီ႐ုံးခန္းတစ္ခုကို လူမိုက္ငွားၿပီး အေႂကြးဝင္ေတာင္းကာ ျပန္ေပးဆြဲခဲ့တဲ့ သတင္း စတဲ့ သတင္းေတြက ဒီတစ္ပတ္ရဲ႕ ထိပ္တန္းသတင္းေတြ ျဖစ္ခဲ့ပါတယ္။

ဒီသတင္းေတြက ဒီတစ္ပတ္အတြင္း ျဖစ္ခဲ့တဲ့ ကယားျပည္နယ္ ေမာ္ခ်ီးရွိ သတၱဳလုပ္ကြက္တစ္ခု က်င္းၿပိဳက်လို႔ ပိတ္မိတဲ့ အလုပ္သမားေလးဦးကို လူအင္အား ၁၇၀ ေက်ာ္နဲ႔  ၁၀ နာရီေက်ာ္ၾကာ ေအာင္ျမင္စြာ ကယ္ထုတ္ႏိုင္ခဲ့တဲ့ သတင္း၊  ေတာင္ႀကီး တန္ေဆာင္တိုင္ပြဲေတာ္ ဖြင့္ပြဲမွာ ညမီးႀကီးအမ်ိဳးအစား ဓာတ္ခဲမီးပုံးပ်ံ ပ်က္က်လို႔ ပရိသတ္အခ်ိဳ႕ ဒဏ္ရာရတဲ့ သတင္း၊ လူစီးရထားတြဲဆိုင္းမ်ား ဝယ္ယူရန္ တ႐ုတ္ဖြံ႕ၿဖိဳးတိုးတက္ေရးဘဏ္ (CDB) ထံမွ အတိုးမဲ့ ေခ်းေငြ ယြမ္သန္း ၈၀ ေခ်းယူမည့္ သတင္း၊ အာဆီယံ စီးပြားေရးႏွင့္ ရင္းႏွီးျမႇဳပ္ႏွံမႈ ထိပ္သီးေဆြးေႏြးပြဲ (ABIS 2018) မွာ ေဒၚေအာင္ဆန္းစုၾကည္ က ျမန္မာႏိုင္ငံ၌ လာေရာက္ရင္းႏွီးျမႇဳပ္ႏွံရန္ ဖိတ္ေခၚခဲ့တဲ့ သတင္း၊ ႏိုင္ငံျခားဘဏ္မ်ားကို ေငြေခ်းခြင့္ျပဳလိုက္တဲ့ သတင္း စတဲ့ သတင္းေတြထဲ ထူးထူးျခားျခား သတိထားမိေစတဲ့ သတင္းေတြ ျဖစ္ခဲ့ပါတယ္။

အာေခ်ာင္တဲ့ အေမရိကန္ ဒု-သမၼတကို တုံ႔ျပန္ခဲ့တဲ့ ေဒၚေအာင္ဆန္းစုၾကည္။

ဒီတစ္ပတ္ သတင္းေတြထဲမွာ သတိထားစရာ သတင္းေတြ အမ်ားႀကီးျဖစ္ခဲ့ၿပီး ဒီထဲမွာ စင္ကာပူမွာ က်င္းပတဲ့ အာဆီယံ ထိပ္သီးအစည္းအေဝးမွာ ျမန္မာႏိုင္ငံနဲ႔ ပတ္သက္ၿပီး ေဆြးေႏြးတဲ့ သတင္းေတြ၊ ပြဲတက္ေရာက္တဲ့ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္နဲ႔ အေမရိကန္ ဒုသမၼတနဲ႔ သီးျခားေတြ႕ဆုံရာမွာ ေျပာတဲ့ သတင္းေတြက ဒီတစ္ပတ္ရဲ႕ ထိပ္တန္းသတင္းေတြ ျဖစ္ခဲ့ပါတယ္။

စင္ကာပူႏိုင္ငံကို အာဆီယံ ထိပ္သီးအစည္းအေဝးနဲ႔ ဆက္စပ္အစည္းအေဝးေတြ တက္ေရာက္ဖို႔ ေရာက္ရွိေနတဲ့ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ နဲ႔ အေမရိကန္ ဒု-သမၼတ မိုက္ပင့္စ္ တို႔ ႏိုဝင္ဘာ ၁၄ ရက္က သီးသန႔္ေတြ႕ဆုံခဲ့ပါတယ္။ဒါဟာ အေမရိကန္ သမၼတ ထရန႔္ တက္လာၿပီးေနာက္ပိုင္း ပထမဆုံး အေမရိကန္ႏိုင္ငံရဲ႕ အဆင့္ျမင့္ဆုံး တာဝန္ရွိသူတစ္ဦးနဲ႔ ေတြ႕ဆုံျခင္းဘဲ ျဖစ္ပါတယ္။

မိုက္ပင့္စ္ နဲ႔ ေဒၚေအာင္ဆန္းစုၾကည္ ေတြ႕ဆုံၿပီး ဘဂၤါလီဒုကၡသည္ အေရးႏွင့္ ပတ္သက္ၿပီး အဓိကထား ေဆြးေႏြးၿပီးေနာက္ သတင္းစာရွင္းလင္းပြဲ လုပ္ရာမွာ မိုက္ပင့္စ္ က အၾကမ္းဖက္ အာဆာတပ္ဖြဲ႕ေတြကို ႏွိမ္ႏွင္းရင္း ဘဂၤလားေဒရွ႕္ဘက္ကို ထြက္ေျပးတဲ့ ဘဂၤါလီ ခုႏွစ္သိန္းအတြက္ ျမန္မာဘက္က တာဝန္ရွိတဲ့သူေတြနဲ႔ ႏွိပ္စက္ညႇင္းပန္းမႈေတြကို ခြင့္မလႊတ္ဘူးလို႔ ေျပာခဲ့သလို သိန္းခ်ီ ေနရပ္စြန႔္ခြာျခင္းအတြက္ တာဝန္ယူမႈရွိေစရန္ ျမန္မာအစိုးရ ကိုင္တြယ္ေျဖရွင္းေနေသာ တိုးတက္မႈမ်ားကို ၾကားသိရန္ လိုလားတယ္ဆိုၿပီး ေျပာခဲ့ပါတယ္။

ဒီလိုေျပာဆိုမႈနဲ႔ ပတ္သက္ၿပီး ေဒၚေအာင္ဆန္းစုၾကည္ က “ဘယ္ႏိုင္ငံကမွ ကြၽန္မတို႔ ႏိုင္ငံအေပၚ ကြၽန္မတို႔ေလာက္ နားလည္မွာ မဟုတ္ဘူးဆိုတာ ေျပာႏိုင္ပါတယ္” လို႔ ေျပာခဲ့ပါတယ္။ ဒီေတြ႕ဆုံမႈမွာ ႐ိုက္တာ သတင္းေထာက္ႏွစ္ဦး ကိစၥကို ေျပာခဲ့ေပမယ့္ ဘာေတြေျပာခဲ့ျခင္းေတာ့ မထုတ္ျပန္ခဲ့ပါဘူး။မိုက္ပင့္စ္ ရဲ႕ ေျပာစကားအေပၚ ႏိုင္ငံေတာ္အတိုင္ပင္ခံ ေျပာခဲ့တဲ့ စကားက ျပည္တြင္းမီဒီယာေတြမွာ ထိပ္တန္းသတင္း ျဖစ္ခဲ့ပါတယ္။

အဆိုပါ အာဆီယံ ထိပ္သီးအစည္းအေဝး က်င္းပေနစဥ္မွာဘဲ ဘဂၤါလီအေရးနဲ႔ ပတ္သက္ၿပီး ျမန္မာႏိုင္ငံနဲ႔ ပတ္သက္တဲ့ အဆိုမူၾကမ္းတစ္ခုကို ႏိုဝင္ဘာ  ၁၅ ရက္မွာ က်င္းပမယ့္ ကုသလမဂၢ အေထြေထြညီလာခံ၊ လူ႔အခြင့္အေရးေကာ္မတီ အစည္းအေဝးမွာ ဥေရာပသမဂၢနဲ႔ OIC တို႔ ပူးေပါင္းၿပီးတင္ဖို႔ ရွိေနပါတယ္။

ဘဂၤါလီအေရးနဲ႔ ပတ္သက္ၿပီး ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ အာဆီယံ ထိပ္သီးအစည္းအေဝး တက္ခ်ိန္နဲ႔ ခ်ိန္ကိုက္ဖိအားေပးတဲ့အေနနဲ႔ AI လို႔ ေခၚတဲ့ အျပည္ျပည္ဆိုင္ရာ လြတ္ၿငိမ္းခ်မ္းသာခြင့္အဖြဲ႕က သူတို႔ ခ်ီးျမႇင့္ထားတဲ့ အျမင့္ဆုံးဆုကို ႏိုဝင္ဘာ ၁၃ ရက္က ႐ုတ္သိမ္းခဲ့ပါတယ္။

ဒီလို ႏိုင္ငံတကာ ဖိအားေတြ ရွိေနခ်ိန္မွာ အာဆီယံ ထိပ္သီးအစည္းအေဝးကို တက္လာတဲ့ နယူူးဇီလန္ ဝန္ႀကီးခ်ဳပ္ ဂ်ာစင္ဒါအာဒန္ က ျမန္မာေခါင္းေဆာင္ကို ဘဂၤါလီျပႆနာကို ေျဖရွင္းေရး လိုအပ္ေသာ အကူအညီ ေပးမယ္လို႔ ကမ္းလွမ္းခဲ့ပါတယ္။ႏိုဝင္ဘာ ၁၅ ရက္မွေတာ့ စင္ကာပူ ႏိုင္ငံရွိ Suntec Expo Convention Center ဧည့္ခန္းမမွာ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ နဲ႔ တ႐ုတ္ဝန္ႀကီးခ်ဳပ္ လီခခ်န္ တို႔ ေတြ႕ဆုံၿပီး ရခိုင္ျပည္နယ္မွ ေနရပ္စြန႔္ခြာသြားသူမ်ား ျပန္လည္လက္ခံေရးအတြက္ ေဆာင္႐ြက္လ်က္ရွိသည့္ လုပ္ငန္းစဥ္မ်ား၊ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္မ်ားႏွင့္ ပတ္သက္ၿပီး ေဆြးေႏြးခဲ့ကာ ရခိုင္ျပည္နယ္အေရးနဲ႔ ပတ္သက္ၿပီး ျမန္မာအစိုးရကို တ႐ုတ္က ဆက္လက္ေထာက္ခံသြားမည္လို႔ ေျပာခဲ့ပါတယ္။

ရခိုင္ေျမာက္ပိုင္း အေရးနဲ႔ ဘဂၤလားေဒရ္ွ႔အစိုးရ ကစားတဲ့ အကြက္။

လက္ရွိ ရခိုင္ေျမာက္ပိုင္း ျပႆနာေၾကာင့္ ဘယ္သူအက်ိဳးအျမတ္ရေနလဲဆိုရင္ ဘဂၤါလီေတြကို လက္ခံထားတဲ့ ဘဂၤလားေဒ့ရွ္ဘက္က အက်ိဳးအျမတ္ရေနတာပါ။ျမန္မာဘက္ကေန ထြက္ေျပးလာတဲ့ ဘဂၤါလီေတြကို အေၾကာင္းျပဳၿပီး ႏိုင္ငံတကာကရေနတဲ့ ေငြသားအကူအညီနဲ႔ တျခားအကူအညီက မနည္းပါဘူး။အရင္က သဘာဝေဘးေၾကာင့္ရတဲ့ အကူအညီနဲ႔ ႏိုင္ငံအတြက္ အဓိကႏိုင္ငံျခားေငြ အခက္အခဲကို ေျဖရွင္းခဲ့ရတဲ့ ဘဂၤလားေဒ့ရွ႕္ႏိုင္ငံဟာ အမ်ီဳးသမီး ရွိတ္ဟာစီနာ လက္ထက္မွာ ျပည္တြင္း ႏိုင္ငံေရးအၾကပ္အတည္းကို အာ႐ုံလႊဲဖို႔နဲ႔ ႏိုင္ငံတကာ မ်က္ႏွာစာမွာ နာမည္ေကာင္းရဖို႔ အခြင္အလမ္းတစ္ခု ေပၚေပါက္ခဲ့ပါတယ္။ဒါက ရခိုင္ေျမာက္ပိုင္းက ထြက္ေျပးလာတဲ့ ဘဂၤါလီျပႆနာပါ။

ႏိုင္ငံတကာမွာ ရခိုင္ေျမာက္ပိုင္းက ထြက္ေျပးလာတဲ့ မ်ိဳးႏြယ္တူ ဘဂၤါလီေတြကို အေရးနဲ႔ ပတ္သက္ၿပီး အိမ္နီးခ်င္း ျမန္မာႏိုင္ငံအေပၚ ႏိုင္ငံတကာ ဖိအားေပးမႈနဲ႔ ကုလၾကားခံဇုန္ ရဖို႔၊ ဒီအေျခအေနကေန ေနာက္တစ္ဆင့္ျဖစ္တဲ့ နယ္ေျမခ်ဲ႕ထြင္ ပိုင္ဆိုင္ဖို႔အတြက္ တစ္စိုက္မတ္မတ္ လုပ္ေနရာမွာ ၿပီးခဲ့တဲ့ ႏိုဝင္ဘာ ၁၅ ရက္မွာ ျမန္မာႏိုင္ငံကို ဘဂၤါလီအခ်ိဳ႕ ျပန္ဝင္လာဖို႔ ဒါကာမွာ ႏွစ္ႏိုင္ငံ အဆင္ျမင့္တာဝန္ရွိသူေတြ သေဘာထားတူညီခ်က္ကို ေဖာက္ဖ်က္ၿပီး ခိုးဝင္ဘဂၤါလီေတြ ဒုကၡသည္စခန္းေတြမွာ ဆႏၵျပလို႔ဆိုၿပီး အစီအစဥ္ကို ဖ်က္သိမ္းခဲ့ပါတယ္။

ျမန္မာဘက္ကေတာ့ လူကယ္ျပန္ ျပည္ေထာင္စုဝန္ႀကီးကိုယ္တိုင္ ကုန္းလမ္းျဖစ္တဲ့ ေတာင္ၿပိဳလက္ဝဲမွ ဝင္ေရာက္မယ္ဆိုလို႔ ေစာင့္ေနခဲ့ေပမယ့္ ေရာက္မလာခဲ့ပါဘူး။ဘဂၤလားေဒ့ရွ႕္ အစိုးရအေနနဲ႔ ဒီလိုကတိေဖာက္ဖ်က္မႈေတြရွိတာ တစ္ခါႏွစ္ခါ မကေတာ့ပါဘူး။ဒါဟာ က်င့္ဝတ္မရွိတဲ့အျပင္ ျမန္မာႏိုင္ငံရဲ႕ လက္ရွိအေျခအေနေပၚ ဝင္အျမတ္ထုတ္တဲ့ အေနအထားပါဘဲ။
ဒါေပမယ့္ ျမန္မာဘက္ကေတာ့ သံတမန္က်င့္ဝတ္ကို အတိအက်လိုက္နာၿပီး  ဒုကၡသည္မ်ား ျပန္လည္ဝင္ေရာက္ မလာျခင္းအေပၚ ဘဂၤလားေဒ့ရွ္ကို အျပစ္မတင္ခဲ့ပါဘူး။ဒါေပမယ့္ ျပန္မလာခ်င္တဲ့သူ ျပန္လႊတ္မယ့္အစား ျပန္လာခ်င္တဲ့သူေတြ အမ်ားႀကီးျပန္လာလို႔ရေအာင္ ပူးေပါင္းေဆာင္႐ြက္ေပးဖို႔ အဲဒီညေနက ျပဳလုပ္တဲ့ သတင္းစာရွင္းလင္းပြဲမွာ ေျပာခဲ့ပါတယ္။

UNHCR နဲ႔ ကုလသမဂၢ ဒုကၡသည္ေအဂ်င္စီႏွင့္ အကူအညီေပးေရး အဖြဲ႕မ်ားက ဘဂၤလားေဒရွ႕္နဲ႔ ျမန္မာအစိုးရတို႔ၾကား ဒုကၡသည္ ျပန္ပို႔ေရးအတြက္ သေဘာတူတဲ့ အစီအစဥ္ ထြက္ကတည္းက လုံၿခဳံေရးအေၾကာင္းျပၿပီး ကန႔္ကြက္ခဲ့ၾကတာေတြ ရွိပါတယ္။
ဘဂၤလားေဒ့ရွ္ဘက္က ျမန္မာႏိုင္ငံကို ျပန္လိုတဲ့ ဟိႏၵဴ ၄၀၀ ေက်ာ္ကို အရင္မပို႔ဘဲ ေနာက္ဆုံးမွ ျပန္ပို႔ဖို႔ စီစဥ္ထားသလို ဘဂၤါလီဒုကၡသည္မ်ားကို လက္ခံေခၚယူရန္ ကေနဒါႏိုင္ငံ၏ ကမ္းလွမ္းမႈကိုလည္း ဘဂၤလားေဒ့ရွ္က လက္ခံျခင္း မရွိပါဘူး။

ဒုကၡသည္ေတြ ပထမတစ္သုတ္ ျပန္ပို႔မယ့္ အစီအစဥ္ စတဲ့ ႏိုဝင္ဘာ ၁၅ ရက္မွာ ျမန္မာနယ္စပ္အနီး ဘဂၤလားေဒ့ရွ္ႏိုင္ငံ အေရွ႕ေတာင္ပိုင္း အန္ခ်ီပရန္း ဒုကၡသည္စခန္းမွာ ဒုကၡသည္ေတြျပန္ဖို႔ ထရပ္ကားေလးစီး၊ ဘတ္စ္ကားသုံးစီး ထားရွိေပးေပမယ့္ တစ္ေယာက္မွ မျပန္ဘဲ ဘဂၤါလီဒုကၡသည္ ရာေပါင္းမ်ားစြာက ေႂကြးေၾကာ္ဆႏၵျပခဲ့ကာ အခ်ိဳ႕က ႏိုင္ငံသားအျဖစ္ ခြင့္ျပဳမႈမရွိဘဲ ျမန္မာႏိုင္ငံသို႔ လုံးဝျပန္မည္ မဟုတ္ဟု ေရးသားထားေသာ စာတန္းမ်ား ကိုင္ေဆာင္၍ ဆႏၵျပခဲ့ပါတယ္။ဒီလိုျဖစ္ရပ္က အာဆီယံနဲ႔ ကုလမွာ ရခိုင္ေျမာက္ပိုင္း အေရးနဲ႔ ပတ္သက္ၿပီး ျမန္မာႏိုင္ငံအေပၚ ဖိအားေပးေနခ်ိန္မွာ ခ်ိန္ကိုက္ျဖစ္လာတာ ျဖစ္ပါတယ္။

အာဆီယံ ထိပ္သီးအစည္းအေဝး ဥကၠ႒၏ သေဘာထား ေၾကညာခ်က္မွာေတာ့ အာဆီယံ ေဆြးေႏြးပြဲမွာေတာ့ ရခိုင္ျပည္နယ္တြင္ ေရရွည္တည္တံ့ၿပီး တန္းတူညီမွ်သည့္ ဖြံ႕ၿဖိဳးမႈရွိရန္ အေကာင္အထည္ေဖာ္ ႀကိဳးပမ္းေနသည့္ ျမန္မာအစိုးရကို ဆက္လက္ကူညီမယ္လို႔ ထုတ္ျပန္ခဲ့ပါတယ္။
ဒါ့အျပင္ ရခိုင္ေျမာက္ပိုင္း အေရးႏွင့္ ပတ္သက္ၿပီး ျမန္မာအစိုးရ၏ ကတိကဝတ္ျပဳမႈမ်ားကို အာဆီယံက ႀကိဳဆိုတယ္လို႔လည္း ေဖာ္ျပခဲ့ပါတယ္။

ဘဂၤလားေဒရွ႕္အေနနဲ႔ ဒုကၡသည္ေတြ ျမန္မာဘက္ကို စျပန္ခဲ့မယ္ဆိုရင္ OIC နဲ႔ EU ေပါင္းၿပီး ကုလမွာတင္ဖို႔ ႀကိဳးစားေနတဲ့ ဘဂၤါလီအေရးနဲ႔ ပတ္သက္ၿပီး ျမန္မာႏိုင္ငံနဲ႔ ပတ္သက္တဲ့ အဆိုမူၾကမ္းက အေဟာသိကံျဖစ္သြားဖို႔ မ်ားမွာျဖစ္သလို ဒုကၡသည္ေတြနဲ႔ ပတ္သက္ၿပီး ရေနတဲ့ ဘီလ်ံနဲ႔ခ်ီတဲ့ အကူအညီေတြ၊ ဒုကၡသည္ေတြေၾကာင့္ ေပၚလာတဲ့ အလုပ္အကိုင္ေတြ၊ ကုလအဖြဲ႕အစည္းေတြရဲ႕ လုပ္ကြက္ေတြ ေပ်ာက္သြားဖို႔ မ်ားေနတဲ့အတြက္ ခ်ိန္ကိုက္ျဖစ္လာတဲ့ ကိစၥေတြက သတိထားရဖို႔မ်ားေနၿပီ ျဖစ္ပါတယ္။

ျပည္တြင္း မညီမၫြတ္မႈေတြေၾကာင့္ ဘဂၤလားေဒ့ရွ္လို ႏိုင္ငံမ်ိဳးကေတာင္ ႏိုင္ငံေရး ဝင္အျမတ္ထုတ္ေနတာ ခံေနရတဲ့ အေျခအေနမွာ ျပည္တြင္းညီၫြတ္မႈက အရင္ကထက္ ပိုအေရးႀကီးေနတဲ့ အေျခအေနပါ။ဒါဟာ အျမက္က်ဥ္းက်ဥ္းနဲ႔ ေဆာင္႐ြက္ရမယ့္ ကိစၥတစ္ခုမဟုတ္ဘဲ သတိထားရေတာ့မယ့္ အေျခအေနျဖစ္ေနလို႔ ဒီသတင္းေနာက္ဆက္တြဲေတြက ေနာက္ရက္ေတြအထိ သတင္းစာမ်က္ႏွာေတြမွာ စိတ္ဝင္စားစရာ ေကာင္းေနဦးမွာ ျဖစ္ပါတယ္။

ၿမိဳ႕လယ္ေခါင္ အႏုၾကမ္းစီးမႈႏွင့္ မွားယြင္းဖမ္းဆီးမႈျဖစ္တဲ့ ရက္မ်ား။

တရားဥပေဒစိုးမိုးမႈ မရွိတဲ့အတြက္ မၾကာခဏဆိုသလို ရာဇဝတ္မႈႀကီးေတြ ျဖစ္ေလ့ျဖစ္ထရွိေနလို႔ လုံၿခဳံေရးအတြက္ စိုးရိမ္ေၾကာင့္ၾကေနရတဲ့ ရန္ကုႏု္မွာ ႏိုဝင္ဘာ ၁၂ ရက္က ညပိုင္းက အုပ္စုဖြဲ႕ၿပီး အႏုၾကမ္းစီးတဲ့ ျဖစ္ရပ္တစ္ခု အလုံၿမိဳနယ္ထဲ ျဖစ္ခဲ့လို႔ ရန္ကုန္ေနသူေတြ အမ်ားစု ထိတ္လန႔္တုန္လႈပ္ခဲ့ရပါတယ္။

အလုံၿမိဳ႕နယ္ ဗဟိုလမ္းေပၚမွာရွိၿပီး ကေလးေဆး႐ုံ၊ အမ်ိဳးသမီးေဆး႐ုံေတြ အနားမွာရွိတဲ့ ၿခံဝင္းတစ္ခုထဲ ဖြင့္ထားတဲ့ Bapco စက္သုံးဆီျဖန႔္ျဖဴးေရးလုပ္ငန္း ႐ုံးခန္းထဲကို ႏိုဝင္ဘာ ၁၂ ရက္ ည ၇ နာရီခန႔္က မ်က္ႏွာဖုံးစြပ္ထားတဲ့ လူ ၁၀ ဦးခန႔္ လိုက္ထရပ္ျဖင့္ ေရာက္ရွိလာၿပီး ၿခိမ္းေျခာက္ အေႂကြးေတာင္းခံခဲ့တဲ့ျဖစ္စဥ္ တစ္ခုျဖစ္ခဲ့ပါတယ္။မ်က္ႏွာဖုံးစြပ္ထားတဲ့ ေၾကးစားလူမိုက္ ၁၀ ဦးက ႐ုံးခန္းထဲဝင္ၿပီး ဝန္ထမ္းအခ်ိဳ႕ကို ႐ိုက္ႏွက္ၿပီး ကုမၸဏီပိုင္ရွင္ထံကေန ၿခိမ္းေျခာက္ အေႂကြးေတာင္းတဲ့အခါ ပိုင္ရွင္ျဖစ္သူက ကုမၸဏီၿခံဝင္းတံခါးကို ကားျဖင့္တိုက္၍ ေမာင္းေျပးသြားခဲ့ၿပီး ေၾကးစားလူမိုက္အခ်ိဳ႕က လိုက္ထရပ္ျဖင့္ ေနာက္မွလိုက္ခဲ့ကာ ပိုင္ရွင္မွာ လြတ္ေျမာက္သြားၿပီး ၎ႏွင့္အတူ ကားကို ျပည္လမ္းေပၚရွိ ႏိုဗိုတယ္ဟိုတယ္ေရွ႕တြင္ ျပန္လည္ေတြ႕ရွိခဲ့ရပါတယ္။

အဆိုပါ ျဖစ္စဥ္မွာ ႐ုံးခန္းထဲက်န္ခဲ့တဲ့ လူမိုက္ ၂ ဦးကို အရပ္သားေတြနဲ႔ ဝန္ထမ္းေတြက ဝိုင္းဖမ္းခဲ့ၿပီး က်န္တဲ့သူေတြထဲက  ၃ ဦးကို ေနာက္တစ္ရက္ထဲမွာ ဖမ္းမိခဲ့ပါတယ္။ဒီလို အႏုၾကမ္းစီးၿပီး ေႂကြးေတာင္းတဲ့ ျဖစ္စဥ္မွာ ငွားလာတဲ့ လူမိုက္ေတြကို လႈိင္သာယာ၊ ဒဂုံၿမိဳ႕သစ္၊ သန္လ်င္ စတဲ့ ေနရာေတြကေန ငွားလာတာလို႔ အခင္းျဖစ္တဲ့ ညဘက္မွာ ဖမ္းမိတဲ့ ဒဂုံၿမိဳ႕နယ္ထဲက ႏွစ္ဦးကို စစ္ေဆးခ်က္အရ ေဖာ္ထုတ္သိရပါတယ္။

အေႂကြးေတာင္းရာမွာ လက္နက္ကိုင္ေတြ ပါလာသလို တျခားလူမိုက္ေတြငွားၿပီး စာရင္းရွင္းတာေတြ ယခုေနာက္ပိုင္း ရန္ကုန္မွာ မၾကာခဏဆိုသလို အျဖစ္မ်ားလာတာကို ေတြ႕လာရပါတယ္။ယခုျဖစ္စဥ္မွာ အဆိုပါ မိတဲ့သူ ၅ ဦးကို ဓားျပမႈနဲ႔ တရားစြဲထားၿပီး က်န္တဲ့သူေတြကို ဖမ္းဆီးရမိဖို႔ ရဲတပ္ဖြဲ႕က ေဆာင္႐ြက္ေနသလို ခိုင္းေစသူကို ဖမ္းဆီးရမိဖို႔ ေဆာင္႐ြက္ေနတယ္လို႔ ဆိုပါတယ္။

ဒီျဖစ္ရပ္က ရန္ကုန္ေနသူေတြကို ထိတ္လန႔္ေစၿပီး က်ဴးလြန္ေစေအာင္ ခိုင္းေစသူကို ဖမ္းမိဖို႔ လိုသလို အမ်ားျပည္သူကလည္း ဒီအႏုၾကမ္းစီးမႈ ျဖစ္ရပ္ရဲ႕ေနာက္ဆက္တြဲ သတင္းေတြကို စိတ္ဝင္တစား ေစာင့္ၾကည့္ေနတဲ့အတြက္ ဘာေတြျဖစ္လာဦးမလဲဆိုတာ ဆက္ေစာင့္ၾကည့္ရဦးမွာ ျဖစ္ပါတယ္။

ဒီလို အႏုၾကမ္းစီးမႈ သတင္းလိုဘဲ ထူးျခားၿပီး လူစိတ္ဝင္စားတဲ့ ေနာက္ထပ္သတင္းတစ္ပုဒ္က အလုံၿမိဳ႕နယ္မွာဘဲ ျဖစ္ခဲ့တဲ့ စီးပြားေရးလုပ္ငန္းရွင္တစ္ဦးကို ရဲတပ္ဖြဲ႕က ဖုန္းခိုးတဲ့သူနဲ႔ မွားယြင္းၿပီး ေခၚယူစစ္ေဆးခဲ့လို႔ အလုံရဲတပ္ဖြဲ႕က ျပန္ေတာင္းပန္ခဲ့ရတဲ့ ျဖစ္စဥ္တစ္ခု ႏိုဝင္ဘာ ၁၀ ရက္ ညဦးပိုင္းက ျဖစ္ခဲ့ပါတယ္။

ႏိုဝင္ဘာ ၉ ရက္ညေန ၆ နာရီခြဲခန႔္က အရပ္ဝတ္ႏွင့္ ရဲတပ္ဖြဲ႕ဝင္မ်ားက ခရီးသြားလုပ္ငန္း လုပ္ကိုင္ေနသူ ကိုေအာင္စိုးထိုက္ ကို ဖုန္းခိုးသူတစ္ဦးႏွင့္ လူခ်င္းမွားကာ ဖမ္းဆီးေခၚေဆာင္ခဲ့ၿပီး ဝိုင္းဝန္းစစ္ေဆးခဲ့ကာ ဝန္ခံေစခဲ့ပါတယ္။အလုံၿမိဳ႕နယ္ သစ္ေတာလမ္းတြင္ ၎၏သမီးကို သြားႀကိဳရန္ တိုက္ေအာက္တြင္ရွိစဥ္ ဖမ္းဆီးခံခဲ့ရတာျဖစ္ၿပီး အလုံၿမိဳ႕နယ္ရဲစခန္းမွ ၿမိဳ႕နယ္မႉး ေရာက္လာမွသာ မဟုတ္ေၾကာင္းေျပာ၍ ည ၁၁ နာရီခန႔္တြင္ ျပန္လႊတ္ေပးခဲ့တာပါ။

ဒီျဖစ္စဥ္ကို ကာယကံရွင္က အြန္လိုင္းေပၚ တင္ခဲ့တဲ့အတြက္ အမ်ားျပည္သူၾကား ေထာက္ျပေဝဖန္မႈေတြ ထြက္ေပၚလာသလို ကာယကံရွင္ကလည္း သူ႔နစ္နာမႈအတြက္ တရားစြဲဆိုမႈေတြလုပ္ဖို႔ ေျပာခဲ့တဲ့အတြက္ ထိုသို႔ ျဖစ္စဥ္မွားယြင္း ဖမ္းဆီးမႈအေပၚ အလုံၿမိဳ႕နယ္ရဲစခန္းမွ ၿမိဳ႕နယ္မႉး အပါအဝင္ ရဲတပ္သားမ်ားက ျပန္လည္ေတာင္းပန္ခဲ့ပါတယ္။ဒါ့အျပင္ မွားယြင္းဖမ္းဆီးကာ လက္ေရာက္က်ဴးလြန္သူ တပ္ဖြဲ႕ဝင္မ်ားကို ရဲစည္းကမ္း ထိန္းသိမ္းေရးအရ အေရးယူမယ္လို႔လည္း ေျပာဆိုခဲ့မႈေတြ ရွိခဲ့ပါတယ္။

ဒီျဖစ္စဥ္ကေန အမ်ားျပည္သူအတြက္ ရဲတပ္ဖြဲ႕ဝင္ေတြရဲ႕ ေစာင့္ေရွာက္မႈကို ေဝဖန္ေစာေၾကာမႈေတြ ရွိလာခဲ့ျ့ပီး ဒီလိုျဖစ္ရပ္ေတြ ဘယ္ေလာက္ေတာင္ရွိခဲ့မလဲ ဆိုတဲ့ ေမးခြန္းေတြ အမ်ားျပည္သူၾကား က်ယ္ေလာင္စြာ ထြက္ေပၚလာခဲ့ပါတယ္။

အဆိုပါ သတင္းႏွစ္ပုဒ္က ယခုရက္သတၱပတ္အတြင္း ျဖစ္ခဲ့တဲ့ မႈခင္းေနာက္ခံ သတင္းေတြျဖစ္တဲ့ မႏၲေလး ၇၈ လမ္းႏွင့္ ၂၆ လမ္း မီးပြိဳင့္မွာ မီးနီလို႔ရပ္ထားတဲ့ ဆိုင္ကယ္ကို ၿပိဳင္ကားက ဝင္တိုက္လို႔  ဆိုင္ကယ္ေပၚပါ ႏွစ္ဦးစလုံး ေသဆုံးသြားတဲ့ သတင္း၊ ရခိုင္ျပည္နယ္ ဝန္ႀကီးခ်ဳပ္ ဦးညီပု လိုက္ပါလာတဲ့ ေမာ္ေတာ္ယာဥ္ ေျမာက္ဦးၿမိဳ႕မွာ ကားလမ္းေဘး ထိုးက်ခဲ့တဲ့ သတင္း၊ ဆင္စားက်က္အတြင္း လႊတ္ထားတဲ့ ဆင္တစ္ေကာင္ လိုက္ထိုးသတ္လို႔ ဆိုင္ကယ္ကယ္ရီသမားတစ္ဦး ေသဆုံးတဲ့ သတင္း၊ လူကုန္ကူးသူမ်ား ေခၚေဆာင္လာတဲ့ တရားမဝင္ ေ႐ႊ႕ေျပာင္း ျမန္မာလုပ္သား ၅၀ ေက်ာ္ကို ထိုင္းရဲတပ္ဖြဲ႕က ဖမ္းဆီးထားတဲ့ သတင္း၊ တ႐ုတ္ဘုန္းႀကီး အေယာင္ေဆာင္ၿပီး အလႉခံေနတဲ့ တ႐ုတ္ႏိုင္ငံသား ဘုန္းႀကီးတု တစ္ဦးကို ဖမ္းဆီးၿပီး လူဝတ္လဲ ခံဝန္ထိုးေစခဲ့တဲ့ သတင္း၊ မႏၲေလးမွာ အမ်ိဳးသမီးတစ္ဦး လည္ပင္းကို ဓားျဖင့္ေထာက္ကာ ရည္းစားစကားေျပာတဲ့ အမ်ိဳးသားတစ္ဦးကို ရဲတပ္ဖြဲ႕က ဖမ္းဆီးခဲ့တဲ့ သတင္း၊ သာစည္ၿမိဳ႕နယ္တြင္း အသက္ (၁၃) ႏွစ္အ႐ြယ္ ေက်ာင္းသူကို က်ဴရွင္ဆရာက အဓမၼျပဳက်င့္ခဲ့လို႔ ဖမ္းဆီးအေရးယူထားတဲ့ သတင္း၊ ေညာင္က်ိဳး စစ္ေဆးေရးဂိတ္မွာ ေတာင္ကုတ္သို႔သြားတဲ့ ကားေပၚမွ WY/R စိတ္ႂကြေဆးျပား က်ပ္သိန္း ၆၃ဝဝဝ ဖိုး ဖမ္းဆီးရမိခဲ့တဲ့ သတင္း၊ မေကြးခ႐ိုင္ ေပကုန္းေက်း႐ြာမွာ သမက္က အရက္မူးၿပီး စကားမ်ားကာ မယားနဲ႔ ေယာကၡမ ႏွစ္ဦးစလုံးကို ဓါးျဖင့္ ခုတ္သတ္ခဲ့တဲ့ သတင္း၊ မႏၲေလး၊ ခ်မ္းျမသာစည္ၿမိဳ႕နယ္ ေလယာဥ္ကြင္းေဟာင္းေဘးရွိ က်ဴးေက်ာ္အိမ္ ၁၂၀ ခန႔္ကို ဖယ္ရွားခဲ့တဲ့ သတင္း၊ ခင္ပြန္းျဖစ္သူ ကိုင္ေဆာင္တဲ့ ဖုန္းထဲ မက္ေဆ့ခ်္ပိုတဲ့ အမ်ိဳးသမီးကို ဇနီးက ဓားနဲ႔လာထိုးတဲ့ သတင္း စတဲ့ သတင္းေတြထက္ အမ်ားျပည္သူကို ပိုၿပီး အာ႐ုံဖမ္းစားေစခဲ့တယ္ဆိုတာ တင္ျပရင္း ယခုတစ္ပတ္ သတင္းသုံးသပ္ခ်က္ကို ဒီမွာဘဲ ရပ္လိုက္ခ်င္ပါတယ္။

မာလင္း
ႏိုဝင္ဘာ - ၁၆