【 ယခုတစ်ပတ် ပြည်တွင်းသတင်းသုံးသပ်ချက် 】 ထိုင်းရဲ့ လူသားဆန်မှုနှင့် ဇီးပင်ကြီး ဂယက်

【 ယခုတစ်ပတ် ပြည်တွင်းသတင်းသုံးသပ်ချက် 】 ထိုင်းရဲ့ လူသားဆန်မှုနှင့် ဇီးပင်ကြီး ဂယက်

ယခုတစ်ပတ် မြန်မာနဲ့ဆိုင်တဲ့ သတင်းတွေထဲမှာ ထိုင်းရောက် မြန်မာရွှေ့ပြောင်းကလေးငယ် ကြံခင်းထဲ ပျောက်ဆုံးလို့ ထိုင်းဘက်က လူအင်အား အပြည့်အဝသုံးပြီး ရှာဖွေခဲ့တဲ့ သတင်း၊ ဇီးပင်ကြီးစစ်တမ်းနဲ့ ပျက်သွားတဲ့ သတင်းစာရှင်းလင်းပွဲ သတင်းတွေက သတင်းဖတ်သူတွေကြားထဲ ပြောစရာသတင်းတွေ ဖြစ်ခဲ့ပါတယ်။

ဒီသတင်းက ယခုတစ်ပတ်အတွင်းဖြစ်ခဲ့တဲ့ လှိုင်သာယာမြို့နယ်  ညောင်ရွှေရပ်ကွက်ရှိ ကျူးကျော်နေအိမ်များကို ဖယ်ရှားရာမှာ လုံခြုံရေးရဲတပ်ဖွဲ့ဝင်အချို့နှင့် ကျူးကျော်နေထိုင်သူများ ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့တဲ့ သတင်း၊ တောင်ကိုရီးယားက လာမည့် ငါးနှစ်အတွင်း မြန်မာနိုင်ငံကို ဖွံ့ဖြိုးရေးအကူအညီ ကန်ဒေါ်လာ တစ်ဘီလျံထိ တိုးမြှင့်ပေးမယ့် သတင်း၊ ရန်ကုန်-ဒလ တံတား ပန္နက်တင် အခမ်းအနားကို နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက် ပန္နက်ချခဲ့တဲ့ သတင်း၊ (၇၃) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံမှာ မြန်မာနိုင်ငံသို့ နိုင်ငံတကာလွတ်လပ်သော စုံစမ်းစစ်ဆေးရေးအဖွဲ့ ဝင်ရောက်ခွင့်ပြုရေးအချက် အပါအဝင် မြန်မာအရေးနှင့် ပတ်သက်ပြီး မဲခွဲဆုံးဖြတ် အတည်ပြုခဲ့တဲ့ သတင်း၊ ကချင်၊ ရှမ်းနှင့် ရခိုင်ပြည်နယ်တို့မှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ တပ်မတော်နှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့မှ ပုဂ္ဂိုလ်ခုနစ်ဦးကို ဥရောပသမဂ္ဂ (အီးယူ) က ပိတ်ဆို့အရေးယူခဲ့တဲ့ သတင်း၊ ဒီဇင်ဘာ ၂၆ ရက် နံနက်က နေပြည်တော်-ရန်ကုန် အဲကမ္ဘောဇလေယာဉ် ငှက်အုပ်နှင့် တိုက်မိခဲ့တဲ့ သတင်း၊ ကျပ်တစ်သောင်းတန် ငွေအတုများကြောင့် ဖမ်းဆီးအရေးယူခံထားရသည့် စင်ကာပူနိုင်ငံမှ ပြန်လာသည့် မနော်သော့သွဲ့ထူး အမှုကို မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်က ဆင်းပြီးစစ်ဆေးခဲ့တဲ့ သတင်း စတဲ့ လှုပ်လှုပ်ခတ်ခတ် သတင်းတွေထဲ သတိထားစရာ သတင်းတွေ ဖြစ်ခဲ့ပါတယ်။

လူသားဆန်တဲ့ တာဝန်ယူမှုနဲ့ မြန်မာကလေးငယ် ကံကြမ္မာ

ယခုတစ်ပတ်အတွင်း ဖြစ်ခဲ့တဲ့ သတင်းတွေထဲမှာ အများစုစောင့်ကြည့်ခဲ့ရတဲ့ သတင်းက ထိုင်းနိုင်ငံ စူ ဖန်ဘူရီခရိုင် စဖန်လန်ကျေးရွာ ဧက ၁,၀၀၀ ခန့် ကျယ်ဝန်းတဲ့ ကြံစိုက်ခင်းအတွင်း မြန်မာကလေးငယ်တစ်ဦး အခြားကလေးတစ်ဦးနဲ့ ကစားနေစဉ် ပျောက်ဆုံးခဲ့တဲ့ သတင်းပါဘဲ။ဒီဇင်ဘာ ၁၇ ရက်ကတည်းက ပျောက်ဆုံးနေတဲ့ မြန်မာရွှေ့ပြောင်း ကြံခုတ်အလုပ်သမား လင်မယားမိသားစုက (၂) နှစ်အရွယ် ကလေးငယ်ကို ထိုင်းအာဏာပိုင်တွေက ရဟတ်ယာဉ်များ၊ ဆင်များ၊ အနံ့ခံစစ်ခွေးများ အသုံးပြုကာ ကူညီရှာဖွေခဲ့ရာမှာ ပျောက်ဆုံးပြီး ၉ ရက်အကြာမှာ မူလပျောက်ဆုံးခဲ့တဲ့ ကြံစိုက်ခင်းနဲ့ ၃ မိုင်ကျော် အကွာအဝေးမှာ ကလေးငယ်ကို သေဆုံးလျက် ပြန်လည်တွေ့ရှိခဲ့ပါတယ်။    

စတင်ပျောက်ဆုံးကတည်းက ထိုင်းအာဏာပိုင်တွေက မြန်မာကလေးငယ် ပြန်တွေ့ဖို့ ကူညီရှာဖွေပေးနေသလို ကြံစိုက်ခင်းပိုင်ရှင်ကလည်း  ကြံပင်အားလုံးခုတ်ပြီး ရှာဖွေဖို့ ခွင့်ပြုပေးထားခဲ့ပါတယ်။သေဆုံးလျှက် ပြန်တွေ့တဲ့ ဒီဇင်ဘာ ၂၆ ရက်မတိုင်မီအထိ ထိုင်းအထူးရေငုပ်သမားတွေက ကြံတောအနီးရှိ ရေမှော်တွေနဲ့ ပြည့်နေတဲ့ ရေကန်ကြီးထဲ ရှာဖွေခဲ့သလို ဒီဇင်ဘာ ၂၄ ရက်ညမှာ ကလေးငယ် ပျောက်ဆုံးမှု သံသယနဲ့ မဲဆောက်မြို့ရှိ ထဆိုင်လွတ်ရပ်ကွက်အတွင်း တရားမဝင်နေထိုင်သော မြန်မာလုပ်သား ၈၇ ဦးကိုပါ ဖမ်းဆီးခဲ့ပါတယ်။ဒါ့အပြင် ကြံစိုက်ခင်းအနီးရှိ မသင်္ကာဖွယ် အိမ်တစ်လုံးကို ထိုင်းရဲတပ်ဖွဲ့က ဝင်ရောက်စီးနင်း ရှာဖွေတာတွေ ပြုလုပ်ခဲ့ပါတယ်။

ကလေးငယ်ကို သေဆုံးလျှက် မတွေ့ရှိမီ အစောပိုင်းကတော့ ကလေးကို လူတစ်ယောက်က ခေါ်ဆောင်သွားတယ်လို့ ထိုင်းအာဏာပိုင်တွေက ယူဆထားသလို မိဘတွေက ကြံခင်းထဲက ထွန်စက်မောင်းသမားကို သံသယရှိထားကြပါတယ်။ထိုင်းရဲတပ်ဖွဲ့က ကြံခင်းအလုပ်သမား ထွန်စက်မောင်းသမားကို ခေါ်စစ်ခဲ့သလို ကလေးအလောင်းကို တွေ့ရှိတဲ့အချိန် ကနဦးပိုင်းမှာ ဒဏ်ရာတွေတွေ့ရှိခဲ့လို့ ထွန်စက်ခိုက်မိလို့ ထိခိုက်ဒဏ်ရာရပြီး အလောင်းဖျောက်တယ်လို့ ယူဆခဲ့ကြပေမယ့် ဆေးစာမှာတော့ အတွင်းအပြင် ဒဏ်ရာတွေ မတွေ့ဘူးလို့ အကြောင်းပြန်ခဲ့ပါတယ်။သေဆုံးသူ ကလေးငယ်ရဲ့ မိခင်ကတော့ ထိုင်းရဲတပ်ဖွဲ့ စစ်ဆေးချက် အဖြေကို မကျေနပ်လို့ ထိုင်းအမျိုးသားမှုခင်းစစ်ဆေးရေးဌာန ဥက္ကဋ္ဌ ဒေါက်တာဖွန်သစ် ၏ ဆေးရုံမှာ DNA စစ်ဆေးပြီးမှ ကလေးကို သဂြိုဟ်မယ်လို့ ဆိုပါတယ်။

ထိုင်းအာဏာပိုင်တွေကတော့ ဒီကလေးငယ် သေဆုံးမှုအတွက် လက်ရှိအထိ သေမှုသေခင်းနဲ့ အမှုဖွင့်ထားပြီး ကလေးငယ်ပေါ် တခြားသူရဲ့ DNA ရှိ/မရှိ စစ်ဆေးတဲ့ ရလဒ်ထွက်ပြီးမှ  ကလေးငယ် သေဆုံးတဲ့ အကြောင်းရင်းမှန်ကို သိဖို့ဖော်ထုတ်ဦးမယ်လို့ ဆိုပါတယ်။

ဒီလို ထိုင်းဘက်က ကလေးငယ် တစ်ယောက်အတွက် ကြံခင်းတစ်ခင်းလုံး ဖျက်ဆီးဖို့ ဝန်မလေးတဲ့သူတွေ၊ ထိုင်းအာဏာပိုင်တွေဘက်က အင်အားသုံးပြီး ရှာဖွေတာတွေက မြန်မာပြည်သူတွေအတွက် အထူးအဆန်းတွေ ဖြစ်နေခဲ့ပါတယ်။လူတစ်ယောက် မြေပြိုလို့ ပိရင်တောင် ဘယ်လိုမှ အရေးမလုပ်တဲ့ မြန်မာနိုင်ငံသားတွေအတွက် ထိုင်းကလေးတွေ ဂူထဲပိတ်မိနေတုန်းက ထိုင်းနိုင်ငံတဝန်း သဲသဲလှုပ် ကယ်တင်ရေးအတွက် လုပ်ကြတာကို အံသြဘနန်းဖြစ်ခဲ့ရတဲ့ မြန်မာတွေအတွက် လူ့အသက်နဲ့ ပတ်သက်လာရင် အယုတ်အလတ် အမြတ်မရွေး တန်ဖိုးထားတတ်တဲ့ ထိုင်းအာဏာပိုင်တွေရဲ့ လုပ်ဆောင်ချက်က အထူးကျေးဇူးတင်ရမယ့် အကြောင်းအချက်တစ်ခု ဖြစ်ခဲ့ပါတယ်။

ထိုင်းရောက် မြန်မာကလေးငယ်လိုဘဲ မြန်မာဘက်မှာလည်း ၂ နှစ်ခွဲ အရွယ် ကလေးငယ်တစ်ဦး ရပ်စောက်ဘက်က ပြောင်းဖူးခြံထဲ ပျောက်ဆုံးနေခဲ့တာ ၆ ရက်ထိ ရှိလာပေမယ့် ယခုချိန်ထိ ရှာတွေ့တယ်ဆိုတဲ့ အသံတွေကို မကြားရသေးပါဘူး။ဒီဇင်ဘာ ၂၂ ရက်ကတည်းက ရပ်စောက်မြို့နယ် ဆတ်သေကျေးရွာအုပ်စု၊ မြေမဲရွာက ပြောင်းဖူးခြံထဲ ၂ နှစ်ခွဲအရွယ် ကလေးငယ်တစ်ဦး ပျောက်ဆုံးနေခဲ့တာမှာ ဒေသခံတွေသာ ဝိုင်းရှာနေရပါတယ်။

မူဆယ်ဘက်မှာတော့ ဆေးရုံတက် မီးဖွားနေတဲ့ ဆွံ့အနားမကြား အမျိုးသမီးတစ်ဦး၏ ရက်သားအရွယ် ကလေးငယ်တစ်ယောက်ကို အမျိုးသမီးနှစ်ယောက်၊ အမျိုးသားတစ်ယောက် ဆေးရုံမီးဖွားဆောင်အတွင်း ဝင်ရောက်ခိုးယူခံရလို့ သက်ဆိုင်ရာက တရုတ်နိုင်ငံ ကျယ်ဂေါင်အထိ ကလေးကို ခေါ်ယူသွားတယ်လို့ ယူဆလို့ တရုတ်ဘက်က ကူညီဆောင်ရွက်မှုတွေ ရှိခဲ့ပါတယ်။
ဒါပေမယ့် ယနေ့အထိ ပြန်မတွေ့သေးတဲ့အတွက် မူဆယ်ဒေသခံတွေက ပျောက်ဆုံး ကလေးငယ်အတွက် ပူပန်မှုတွေ၊ စိုးရိမ်မှုတွေ ရှိနေပါတယ်။

အဆိုပါ ကလေးငယ်တွေ ပျောက်ဆုံးမှု သတင်းတွေက ယခုတစ်ပတ်ဖြစ်ခဲ့တဲ့ မှုခင်းနောက်ခံ သတင်းတွေဖြစ်တဲ့ သံမဏိနှင်းဆီဂျာနယ် အယ်ဒီတာ အသတ်ခံရမှုမှ အဓိက ကျူးလွန်သူ အောင်ကိုကို နှင့် ပြည့်သူနိုင် ကို ထောင်ဒဏ်နှစ် ၂၀ နဲ့ အောင်ကိုကို ရဲ့ ဇနီးကို အလုပ်နှင့် ထောင်ဒဏ် ၆ လ ချမှတ်ခဲ့တဲ့ သတင်း၊ ခရစ္စမတ်နေ့က တောင်သမန်အင်း ကန်ပတ်လမ်း ဘေးခုံပေါ် စကားပြောနေတဲ့ သမီးရည်းစားအတွဲကို အမျိုးသားလေးဦးက ဓားနဲ့ထိုးလို့ ရတနာပုံတက္ကသိုလ် နောက်ဆုံးနှစ်ကျောင်းသား သေဆုံးခဲ့တဲ့ သတင်း၊ ဗဟန်း ကန်တော်ကြီးပတ်လမ်းမှာ နံနက်စောစော လမ်းလျှောက်နေသူ အမျိုးသမီးသုံးဦးကို ယာဉ်တစ်စီးက အရှိန်လွန်ဝင်တိုက်လို့ လမ်းလျှောက်လာသူ တစ်ဦးသေဆုံးကာ နှစ်ဦးဒဏ်ရာရှိတဲ့ သတင်း၊ ရိုက်တာသတင်းထောက် နှစ်ဦး၏ အယူခံကို ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်ရုံးတွင် စတင်ကြားနာတဲ့ သတင်း၊ ရိုက်တာသတင်းထောက်အ မှုမှာ ရဲစည်းကမ်းထိန်းသိမ်းရေး ဥပဒေဖြင့် ထောင်ဒဏ် တစ်နှစ် ချမှတ်ခံထားရသော ဒုရဲမှူးဟောင်း မိုးရန်နိုင် ဇန်နဝါရီ ၂ ရက်မှာ လွတ်မြောက်မည့် သတင်း၊ ချင်းပြည်နယ်၊ တီးတိန်မှာ ၇ နှစ်အရွယ် မိန်းကလေးငယ်ကို ၁၉ နှစ်အရွယ် အမျိုးသားတစ်ဦးက အဓမ္မပြုကျင့်ခဲ့လို့ ဖမ်းဆီးခဲ့တဲ့ သတင်း၊ သရုပ်ဆောင် အောင်ရဲထွေး သေဆုံးမှုနှင့် ပတ်သက်၍ ဖမ်းဆီးခံထားရသူ သုံးဦးအား စွဲချက် တင်သင့်၊ မတင်သင့် အရှေ့ပိုင်းခရိုင်တရားရုံးမှာ ဇန်နဝါရီ ၇ ရက်မှာ အမိန့်ချမှတ်တော့မည့် သတင်း၊ တနင်္သာရီမြို့နယ် ချောင်းလမုကျေးရွာမှာ နေအိမ်အောက်၌ မြှုပ်ထားသော ICE စိတ်ကြွမူးယစ်ဆေးဝါး ၁၈၀ ဂရမ်ခန့်ကို တွေ့ရှိလို့  အိမ်ရှင် သမီးကို မူးယစ်ဆေးဝါး လက်ဝယ်တွေ့ရှိမှုဖြင့် ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့တဲ့ သတင်း၊ မန္တလေးမြို့ မရမ်းခြံဆိပ်ကမ်းမှာ ဆီတင် ဆိပ်ခံဗောအဖြစ် ထားရှိသော ရေယာဉ်တစ်စီး ဒီဇင်ဘာ ၂၆ ရက် နံနက်က မီးလောင်လို့ လူလေးဦး ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ သတင်း စတဲ့ သတင်းတွေထဲ အများစုစောင့်ကြည့်ခဲ့ရတဲ့ သတင်းတွေ ဖြစ်ခဲ့ပါတယ်။

စစ်ရေး လေးလတာရပ်ဆိုင်းမှုနှင့် တုံ့ပြန်မှု

ဒီဇင်ဘာ ၂၁ ရက်က တပ်မတော်အကြီးအကဲတွေနဲ့ မီဒီယာကောင်စီ တွေ့ဆုံပွဲမှာ တပ်မတော်ဘက်ကနေ တိုင်းရင်းသားအဖွဲ့များနှင့်  အပစ်ရပ်စဲရေး၊ ငြိမ်းချမ်းရေးဆိုင်ရာများ ဆွေးနွေးရန် ရည်ရွယ်ပြီး စစ်ဆင်ရေး ရပ်ဆိုင်းပေးမယ်ဆိုတဲ့ သတင်းထုတ်ပြန်ခဲ့ပါတယ်။ဒီလိုထုတ်ပြန်မှုကို ဒီဇင်ဘာ ၂၃ ရက်က ဗိုလ်ချုပ်မှူးကြီး နေအိမ်ကို Catholic Yangon Youth ခရစ္စမတ် ဓမ္မတေးသီချင်းများ လာသီဆိုစဉ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က နှစ်သစ်ကူးလက်ဆောင်အဖြစ် ထုတ်ပြန်ခြင်းဖြစ်ကြောင်း ပြောခဲ့တာတွေရှိသလို နောက်ပိုင်းမှာ တိုင်းရင်းသားလက်နက်ကိုင်တွေဘက်က အကောင်းဘက်က တုံ့ပြန်မှုတွေရှိသလို နိုင်ငံတကာ အဖွဲ့အစည်းတွေဘက်က ကြိုဆိုမှုတွေ ရှိခဲ့ပါတယ်။

စစ်ဆင်ရေးရပ်တဲ့ နယ်မြေထဲမှာ KIA ၊ TNLA ၊ MNDAA ၊ AA စသည့် တိုင်းရင်းသားလက်နက်ကိုင်တပ်များ လှုပ်ရှားနေတဲ့ နေရာများဖြစ်တဲ့ ရှမ်းပြည်နယ်ရှိ (မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်၊ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်နှင့် တြိဂံဒေသတိုင်းစစ်ဌာနချုပ်နယ်မြေ) တွေ ပါဝင်တဲ့အတွက် တပ်မတော်၏ စစ်ရေးလှုပ်ရှားမှုအားလုံး ရပ်ဆိုင်းကြောင်း ထုတ်ပြန်ချက်အပေါ် တိုင်းရင်းသားအဖွဲ့အစည်းများသာမက ကုလသမဂ္ဂနှင့် တရုတ်နိုင်ငံတို့က ကြိုဆိုခဲ့ပါတယ်။

အစိုးရ၊ ငြိမ်းချမ်းရေးကော်မရှင်နှင့် NCA လက်မှတ်ထိုးနိုင်ရန် ဆွေးနွေးညှိနှိုင်းနေတဲ့ KNPP အဖွဲ့ကတော့ အစိုးရနှင့် တပ်မတော်က တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ထုတ်ပြန်ရန် လိုအပ်တယ်လို့ သဘောထား ထုတ်ပြန်ခဲ့သလို မွန်ပြည်သစ်ပါတီကလည်း ထိုအတူ တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး လုပ်သင့်တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။
တပ်မတော်ထုတ်ပြန်ချက်ကို ရှမ်းလက်နက်ကိုင်အဖွဲ့ (SSPP) က ဝမ်းမြောက်စွာကြိုဆိုကြောင်း ထုတ်ပြန်ခဲ့သလို၊ စစ်ဆင်ရေးကာလကို လိုအပ်ရင် အချိန်တိုးချဲ့ပြုလုပ်မယ်လို့ မျှော်လင့်ကြောင်း ချင်းလက်နက်ကိုင်အဖွဲ့ (CNF) ရဲ့ ထုတ်ပြန်ချက်မှာ ပါဝင်ပါတယ်။

တပ်မတော်ဘက်က စစ်တိုင်း ၅ ခုမှာ စစ်ဆင်ရေး ရပ်ဆိုင်းခဲ့ပေမယ့် ရခိုင်နဲ့ ချင်း အစပ်မှာ ရခိုင်လက်နက်ကိုင် (AA) နဲ့ တိုက်ခိုက်မှုတွေရှိခဲ့လို့ AA အပါအဝင် မြောက်ပိုင်းမဟာမိတ်များဖြင့် ဖွဲ့စည်းထားတဲ့ ပြည်ထောင်စု နိုင်ငံရေးဆွေးနွေးညှိနှိုင်းရေး ကော်မတီ FPNCC အဖွဲ့က ရခိုင်ပြည်နယ်အတွင်း တပ်မတော်ဘက်က စစ်ရေးလှုပ်ရှားမှုများနှင့် စစ်ရေးဆိုင်ရာ စီမံချက်တွေ ရပ်ဆိုင်းပေးဖို့ တောင်းဆိုတာတွေလည်း ရှိခဲ့ပါတယ်။ဒီဇင်ဘာ၂၅ ရက်က သီပေါမြို့နယ်အတွင်းရှိ ရှမ်းလက်နက်ကိုင်အဖွဲ့ (SSPP) ရဲ့ ယာယီတပ်စခန်းကို တပ်မတော်နှင့် RCSS တို့ ပူးပေါင်းပြီး တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ SSPP က သတင်းထုတ်ပြန် စွပ်စွဲခဲ့သလို မိုင်းပန်မြို့နယ်ရှိ RCSS တပ်ဖွဲ့ကို တပ်မတော်နှင့် ပအိုဝ်း လက်နက်ကိုင်အဖွဲ့ (PNLO/PNLA) တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ RCSS ဘက်က စွပ်စွဲခဲ့ပါတယ်။ထို့အတူ ကွတ်ခိုင်မြို့နယ်၊ ရွှေမော်အုပ်စု၊ ရွှေမော်ကျေးရွာ အနီးမှာ တပ်မတော်နဲ့ TNLA တပ်တွေ ထိတွေ့တိုက်ခိုက်မှု ရှိတယ်ဆိုပြီး စွပ်စွဲချက်တွေ ထွက်ပေါ်လာခဲ့ပါတယ်။

တပ်မတော်ဘက်ကတော့ ဒီလိုစွပ်စွဲမှုတွေနဲ့ ပတ်သက်ပြီး ဒီဇင်ဘာ ၂၆ ရက်မှာ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ငြင်းပယ်ခဲ့ပြီး ရှမ်းလက်နက်ကိုင်အဖွဲ့ (RCSS) နှင့် ပအိုဝ်းလက်နက်ကိုင်အဖွဲ့ (PNLO) တို့နှင့် စစ်ရေးပိုင်း ပူးပေါင်းဆောင်ရွက်မှုမရှိကြောင်း ပြောခဲ့သလို TNLA နဲ့ ကိစ္စမှာလည်း တိုက်ပွဲဖြစ်တာတွေ မရှိဘဲ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တပ်ချိန်းတာတွေသာ ရှိတယ်လို့ ပြောခဲ့ပါတယ်။RCSS အဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်ဆစ် ကတော့ တပ်မတော်နှင့် ထိတွေ့မှုမရှိစေရေး ဆောင်ရွက်ရန် ညွှန်ကြားထားတယ်လို့ ဒီဇင်ဘာ ၂၇ က ဒေသတွင်း သတင်းဌာနတစ်ခုကို  ပြောထားခဲ့ပါတယ်။

ဒီစစ်ရေးဆိုင်ရာ လေးလတာရပ်ဆိုင်းမှု သတင်းက သီပေါမြို့နယ် တွန်းကျိုင်းရွာထဲ ခရစ္စမတ်နေ့က RCSS နှင့် SSPP တို့ တိုက်ပွဲဖြစ်ပွားရာမှာ ရွာသားတွေ ပိတ်မိနေလို့ အရပ်ဘက်အဖွဲ့တွေက အထိအခိုက်မရှိ ကယ်ထုတ်နိုင်ခဲ့တဲ့ သတင်း၊ ကရင်လူထုနှင့် ကရင်လူမှုအဖွဲ့အစည်းများ ဦးဆောင်ပြီး KNU ထိန်းချုပ်နယ်မြေ ဖာပွန်ခရိုင်မှာ လာမည့်နှစ်အတွင်း သံလွင်ငြိမ်းချမ်းရေးဥယျာဉ် အထွေထွေညီလာခံ ပြုလုပ်မယ့် သတင်း၊ ခါ ကာဘိုရာဇီဒေသကို ကမ္ဘာ့အမွေအနှစ် သတ်မှတ်ရန် လုပ်ဆောင်နေတာ ရပ်ဆိုင်းပေးဖို့ ပန်နန်းဒင်မြို့နယ်ရှိ ဒေသခံတွေ စုပေါင်းဆန္ဒပြခဲ့တဲ့ သတင်း၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် တည်ထောင်ရာတွင် ပါဝင်သူ ဗဟိုကော်မတီဝင် ဦးခင်သန်းမောင် သည် နေအိမ်မှာ လုပ်ကြံသတ်ဖြတ်ခံရတဲ့ သတင်း၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) ဗဟိုကော်မတီဝင် ဦးခင်သန်းမောင် လုပ်ကြံသတ်ဖြတ်ခံရလို့ တရားဥပဒေစိုးမိုးရေးအတွက် များစွာစိုးရိမ်တယ်လို့  UNA  က သဘောထားထုတ်ပြန်ခဲ့တဲ့ သတင်းတွေထက် ပိုပြီး ပြည်တွင်းငြိမ်းချမ်းရေးအတွက် မျှော်လင့်ချက်ရှိစရာ သတင်းကောင်း ဖြစ်ခဲ့ပါတယ်။

ဇီးပင်ကြီးစစ်တမ်းနဲ့ ဖျက်သိမ်းလိုက်တဲ့ သတင်းစာရှင်းလင်းပွဲဂယက်

ယခုတစ်ပတ် သတင်းတွေထဲမှာ သတင်းဖတ်သူအများစု စိတ်ဝင်စားခဲ့တဲ့ သတင်းကတော့ ဇီးပင်ကြီး စစ်တမ်းကို ရေးသားသူကို ဌာနတွင်း စစ်ဆေးခဲ့တဲ့ သတင်းနဲ့ ဇီးပင်ကြီးသင်တန်း သတင်းတွေက ပြည်တွင်းသတင်းမီဒီယာတွေနဲ့ လူမှုကွန်ရက်မှာ ထိပ်တန်းသတင်းအဖြစ် ရက်အတော်များများ နေရာယူခဲ့ပါတယ်။

အထက်မြန်မာပြည် ဗဟိုဝန်ထမ်းတက္ကသိုလ် ဇီးပင်ကြီးအကြောင်းကို ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်မှာ အပိုင်းသုံးပိုင်း ခွဲရေးထားတဲ့ ပို့စ်တစ်ခု ယခုလအတွင်း ထွက်ပေါ်လာခဲ့ရာကနေ အစိုးရ အရာထမ်း၊ ဝန်ထမ်းတွေနဲ့ ပညာတတ် အသိုင်းအဝိုင်းကြား သတိထားပြောစရာ ဖြစ်ခဲ့ပါတယ်။ဇီးပင်ကြီးစစ်တမ်းလို့ နာမည်တပ်ထားတဲ့ ဒီပို့စ်မှာ ဇီးပင်ကြီးစစ်တမ်း အပိုင်း (၁) အဖြစ် ဗဟိုဝန်ထမ်းတက္ကသိုလ်၏ နေ့စဉ်လည်ပတ်ပုံ၊ အိပ်ဆောင်များ၏ အပြင်ပန်းသန့်ရှင်းသပ်ရပ်မှု ရှိ၊ မရှိ စစ်ဆေးသော်လည်း အသုံးအဆောင်ပစ္စည်းများကို စတိုခန်း၌ စုပုံထည့်သွင်းထားရသည့် အခြေအနေ၊ အပိုင်း (၂) မှာ ‘ဝန်ထမ်းသတ်လို့ အစိုးရသေခြင်း’ ခေါင်းစဉ်နဲ့  ဝန်ထမ်းများရဲ့ ဦးနှောက်ထဲ အတွေးအခေါ်အမှားများ ရိုက်ထည့်သွင်းနေတဲ့အကြောင်း၊ အပိုင်း (၃) မှာ ‘ပလုံ ပလုံ မြည်သွားသော ၂၅၂ သိန်းနှင့် ဖော်ရှိုးနိုင်ငံတော်ကြီး တည်ထောင်တော်မှုခဏ်း’ ခေါင်းစဉ်နဲ့  နှစ်လတာ သင်တန်းအတွက် အစိုးရကုန်ကျစရိတ်နှင့် ဝန်ထမ်းများရလိုက်တဲ့ အကျိုးရလဒ် ထိုက်တန်မှု ရှိ/မရှိ တွေကို ဖော်ပြထားခဲ့ပါတယ်။

ဒီလိုရေးခဲ့တဲ့အတွက် ဒေါက်တာစိုးသူရဇော် ကို ပြည်ထောင်စုရာထူးဝန်အဖွဲ့က ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနသို့ တိုင်ကြားခဲ့ပြီး ယင်းတိုင်ကြားမှုအပေါ် မန္တလေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူးက လက်မှတ်ရေးထိုးပြီး စွဲချက်တင်ခဲ့ကာ အဖွဲ့ဝင်သုံးဦးပါ ဌာနဆိုင်ရာ စုံစမ်းစစ်ဆေးရေးအဖွဲ့နဲ့ ဒေါက်တာစိုးသူရဇော် ကို ဒီဇင်ဘာ ၂၀ ရက်တွင် စုံစမ်းစစ်ဆေးခဲ့ပါတယ်။ဒီလို ဌာနဆိုင်ရာ စစ်ဆေးမှုတွေ ရှိခဲ့တဲ့အတွက် အမှန်ကို ရေးသားဖော်ထုတ်ခဲ့တဲ့ ဒေါက်တာစိုးသူရဇော် ဘက်ကနေ ရပ်တည်ပြီး လူမှုကွန်ရက်မှာ ထောက်ခံမှု ရပ်တည်မှုတွေ၊ ကမ့်ပိန်းတွေ ဖြစ်ခဲ့ပြီး ဇီးပင်ကြီးစစ်တမ်းဟာ သတင်းမီဒီယာမျက်နှာစာကို ရောက်လာခဲ့ပါတယ်။     

ဒီလို ကျယ်ပြန့်လာတဲ့အတွက် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်က ယင်းဖြစ်စဉ်ကို လေ့လာပြီး လူ့အခွင့်အရေး ချိုးဖောက်မှု ရှိ၊ မရှိ စစ်ဆေးကာ လိုအပ်ရင် သက်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ ညှိနှိုင်းဆောင်ရွက်မယ်လို့ ပြောရတဲ့အထိ ဖြစ်လာခဲ့ပါတယ်။ဒေါက်တာစိုးသူရဇော် ကို ဌာနဆိုင်ရာ အရေးယူမှုအပေါ် အများပြည်သူကြား မကျေနပ်မှုက ကြီးမားလာသလို လူမှုကွန်ရက်မှာ ဝေဖန်မှုတွေလည်း ဆူညံလာတဲ့အတွက် ဒီကိစ္စက ပြည်ထောင်စုဝန်ကြီးကိုယ်တိုင် ဒီဇင်ဘာ ၂၄ ရက်က နေပြည်တော်မှာ မီဒီယာတွေကို ဇီးပင်ကြီးစစ်တမ်း ရေးခဲ့တဲ့ သွားဘက်ဆိုင်ရာ ဆရာဝန် ဒေါက်တာစိုးသူရဇော် ကို ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ဒုတိယအမြဲတမ်းအတွင်းဝန်တို့ မသိဘဲ ဒုတိယညွှန်ကြားရေးမှူးချုပ် တစ်ဦးနှင့် ညွှန်ကြားရေးမှူး အချို့က ဌာနဆိုင်ရာ စုံစမ်းစစ်ဆေးမှုပြုလုပ်ရန် လမ်းညွှန်ခဲ့တာလို့ ရှင်းလင်းခဲ့ပါတယ်။

အဆိုပါရှင်းလင်းပွဲမှာ ဇီးပင်ကြီးစစ်တမ်း ရေးသားသူ ဒေါက်တာစိုးသူရဇော် ကို အရေးယူရန် မရှိကြောင်းနဲ့ ဌာနဆိုင်ရာ စုံစမ်းစစ်ဆေးမှု ပြုလုပ်ရန် ညွှန်ကြားသူများကို လုပ်ထုံးလုပ်နည်းအရ ဆောင်ရွက်သွားမယ်လို့ ပြောခဲ့ပါတယ်။ပြည်တွင်း သတင်းမီဒီယာတစ်ခုဖြစ်တဲ့ Myanmar Now နဲ့ တွေ့ဆုံရာမှာ ဇီးပင်ကြီး ဗဟိုဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) မှာ  ဝါဒမှိုင်းတွေ သွတ်သွင်းနေတယ်လို့ ပြောဆိုချက်တွေက မမှန်ကန်ဘူးလို့ ဇီးပင်ကြီးတက္ကသိုလ် ပါမောက္ခချုပ် ဦးညီညီစံ က ပြောခဲ့ပါတယ်။

ဒါပေမယ့် လူမှုကွန်ရက်မှာ ဗဟိုဝန်ထမ်းတက္ကသိုလ်တွေက ပြည်သူအရာထမ်းတွေကို ဝါဒမှိုင်းတွေ သွတ်သွင်းနေတယ်ဆိုတဲ့ ပြောဆိုဝေဖန်သံတွေ မြင့်တက်လာတဲ့အတွက် လက်ရှိဝန်ထမ်းရေးရာ ကိစ္စရပ်များနဲ့ ပတ်သက်တဲ့ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ဖို့ ဇီးပင်ကြီး ဗဟိုဝန်ထမ်းတက္ကသိုလ်ဘက်က ဒီဇင်ဘာ ၂၇ ရက်မှာ ပြုလုပ်ဖို့  စီစဉ်ပြီး မီဒီယာတွေကို ခေါ်ယူခဲ့ပေမယ့် သတင်းစာရှင်းလင်းပွဲ လုပ်ဖို့ နာရီပိုင်းအလိုမှာ အထက်တာဝန်ရှိသူတွေရဲ့ ခွင့်ပြုချက်မရရှိလို့ဆိုပြီး သတင်းစာရှင်းလင်းပွဲကို ဖျက်သိမ်းခဲ့ပါတယ်။မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် က ဇီးပင်ကြီးစစ်တမ်း ရေးသားသူနဲ့ တွေ့ဆုံပြီး ပြည်တွင်း ရုပ်သံသတင်းဌာနဖြစ်တဲ့ မဇ္ဈိမသတင်းဌာန အတွေ့မှာ ဗဟိုဝန်ထမ်းတက္ကသိုလ် သင်ကြားရေး နည်းစနစ်များကို ပြန်လည်လေ့လာ ဆန်းစစ်သင့်တယ်လို့ ပြောခဲ့တဲ့အတွက် မကြာခင်မှာ ဘယ်လိုအရေးယူမှုတွေ၊ ပြောင်းလဲမှုတွေ ဖြစ်လာမလဲဆိုတာ ဆက်စောင့်ကြည့်စရာ အများပြည်သူအတွက် စိတ်ဝင်စားစရာ သတင်းတစ်ခု ဖြစ်ခဲ့ပါတယ်။    

အဆိုပါသတင်းက ယခုတစ်ပတ်အတွင်း ဖြစ်ခဲ့တဲ့ သတင်းတွေဖြစ်တဲ့  လူကယ်ပြန်ဝန်ကြီး ဒေါက်တာဝင်းမြတ်အေး က မူးယစ်ဆေးစွဲသူများ ဆေးဖြတ်ခြင်းနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို လူငယ်ပြုစုပျိုးထောင်ရေး စခန်းများမှာ ပူးတွဲဆောင်ရွက်မယ်ဆိုတဲ့ သတင်း၊ တန်ပိုတင်လာသည့် တရုတ်နိုင်ငံသား မောင်းနှင်သည့် ကုန်တင်ကားတစ်စီးကြောင့် ဝိုင်းမော်-ဆဒုံး တံတား ကျိုးကျခဲ့တဲ့ သတင်း၊ လွတ်လပ်ရေးနေ့မှာ နိုင်ငံတော်အလံ လွှင့်ထူရန် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က နှိုးဆော်ထားတဲ့ သတင်း၊ ခန္တီးမြို့ပေါ် လေယာဉ်အပိုင်းအစလို့ ယူဆရတဲ့ ပစ္စည်းတွေ ဒီဇင်ဘာ၂၂ ရက် နံနက် ၆ နာရီခွဲခန့်က ပြုတ်ကျခဲ့တဲ့ သတင်း၊ တစ်သောင်းတန် ငွေတုများ လက်မခံမိစေရေး အထူးသတိပြုဖို့ နှစ်ကူးပြန်မယ့် မြန်မာလုပ်သားတွေကို မြန်မာသံရုံးက သတိပေးထားတဲ့ သတင်း စတဲ့ သတင်းတွေနဲ့အတူ လူတွေကြားထဲ သတိထားစရာ သတင်းတစ်ပုဒ် ဖြစ်ခဲ့တယ်ဆိုတာ တင်ပြရင်း ယခုတစ်ပတ် သတင်းသုံးသပ်ချက်ကို ဒီမှာဘဲ ရပ်နားလိုက်ချင်ပါတယ်။

မာလင်း
ဒီဇင်ဘာ - ၂၈

( Zawgyi )

ယခုတစ္ပတ္ ျမန္မာနဲ႔ဆိုင္တဲ့ သတင္းေတြထဲမွာ ထိုင္းေရာက္ ျမန္မာေ႐ႊ႕ေျပာင္းကေလးငယ္ ႀကံခင္းထဲ ေပ်ာက္ဆုံးလို႔ ထိုင္းဘက္က လူအင္အား အျပည့္အဝသုံးၿပီး ရွာေဖြခဲ့တဲ့ သတင္း၊ ဇီးပင္ႀကီးစစ္တမ္းနဲ႔ ပ်က္သြားတဲ့ သတင္းစာရွင္းလင္းပြဲ သတင္းေတြက သတင္းဖတ္သူေတြၾကားထဲ ေျပာစရာသတင္းေတြ ျဖစ္ခဲ့ပါတယ္။

ဒီသတင္းက ယခုတစ္ပတ္အတြင္းျဖစ္ခဲ့တဲ့ လႈိင္သာယာၿမိဳ႕နယ္  ေညာင္ေ႐ႊရပ္ကြက္ရွိ က်ဴးေက်ာ္ေနအိမ္မ်ားကို ဖယ္ရွားရာမွာ လုံၿခဳံေရးရဲတပ္ဖြဲ႕ဝင္အခ်ိဳ႕ႏွင့္ က်ဴးေက်ာ္ေနထိုင္သူမ်ား ႐ုန္းရင္းဆန္ခတ္ျဖစ္ခဲ့တဲ့ သတင္း၊ ေတာင္ကိုရီးယားက လာမည့္ ငါးႏွစ္အတြင္း ျမန္မာႏိုင္ငံကို ဖြံ႕ၿဖိဳးေရးအကူအညီ ကန္ေဒၚလာ တစ္ဘီလ်ံထိ တိုးျမႇင့္ေပးမယ့္ သတင္း၊ ရန္ကုန္-ဒလ တံတား ပႏၷက္တင္ အခမ္းအနားကို ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ တက္ေရာက္ ပႏၷက္ခ်ခဲ့တဲ့ သတင္း၊ (၇၃) ႀကိမ္ေျမာက္ ကုလသမဂၢ အေထြေထြညီလာခံမွာ ျမန္မာႏိုင္ငံသို႔ ႏိုင္ငံတကာလြတ္လပ္ေသာ စုံစမ္းစစ္ေဆးေရးအဖြဲ႕ ဝင္ေရာက္ခြင့္ျပဳေရးအခ်က္ အပါအဝင္ ျမန္မာအေရးႏွင့္ ပတ္သက္ၿပီး မဲခြဲဆုံးျဖတ္ အတည္ျပဳခဲ့တဲ့ သတင္း၊ ကခ်င္၊ ရွမ္းႏွင့္ ရခိုင္ျပည္နယ္တို႔မွာ တာဝန္ထမ္းေဆာင္ခဲ့တဲ့ တပ္မေတာ္ႏွင့္ နယ္ျခားေစာင့္ရဲတပ္ဖြဲ႕မွ ပုဂၢိဳလ္ခုနစ္ဦးကို ဥေရာပသမဂၢ (အီးယူ) က ပိတ္ဆို႔အေရးယူခဲ့တဲ့ သတင္း၊ ဒီဇင္ဘာ ၂၆ ရက္ နံနက္က ေနျပည္ေတာ္-ရန္ကုန္ အဲကေမာၻဇေလယာဥ္ ငွက္အုပ္ႏွင့္ တိုက္မိခဲ့တဲ့ သတင္း၊ က်ပ္တစ္ေသာင္းတန္ ေငြအတုမ်ားေၾကာင့္ ဖမ္းဆီးအေရးယူခံထားရသည့္ စင္ကာပူႏိုင္ငံမွ ျပန္လာသည့္ မေနာ္ေသာ့သြဲ႕ထူး အမႈကို ျမန္မာႏိုင္ငံ အမ်ိဳးသားလူ႔အခြင့္အေရး ေကာ္မရွင္က ဆင္းၿပီးစစ္ေဆးခဲ့တဲ့ သတင္း စတဲ့ လႈပ္လႈပ္ခတ္ခတ္ သတင္းေတြထဲ သတိထားစရာ သတင္းေတြ ျဖစ္ခဲ့ပါတယ္။

လူသားဆန္တဲ့ တာဝန္ယူမႈနဲ႔ ျမန္မာကေလးငယ္ ကံၾကမၼာ

ယခုတစ္ပတ္အတြင္း ျဖစ္ခဲ့တဲ့ သတင္းေတြထဲမွာ အမ်ားစုေစာင့္ၾကည့္ခဲ့ရတဲ့ သတင္းက ထိုင္းႏိုင္ငံ စူ ဖန္ဘူရီခ႐ိုင္ စဖန္လန္ေက်း႐ြာ ဧက ၁,၀၀၀ ခန႔္ က်ယ္ဝန္းတဲ့ ႀကံစိုက္ခင္းအတြင္း ျမန္မာကေလးငယ္တစ္ဦး အျခားကေလးတစ္ဦးနဲ႔ ကစားေနစဥ္ ေပ်ာက္ဆုံးခဲ့တဲ့ သတင္းပါဘဲ။ဒီဇင္ဘာ ၁၇ ရက္ကတည္းက ေပ်ာက္ဆုံးေနတဲ့ ျမန္မာေ႐ႊ႕ေျပာင္း ႀကံခုတ္အလုပ္သမား လင္မယားမိသားစုက (၂) ႏွစ္အ႐ြယ္ ကေလးငယ္ကို ထိုင္းအာဏာပိုင္ေတြက ရဟတ္ယာဥ္မ်ား၊ ဆင္မ်ား၊ အနံ႔ခံစစ္ေခြးမ်ား အသုံးျပဳကာ ကူညီရွာေဖြခဲ့ရာမွာ ေပ်ာက္ဆုံးၿပီး ၉ ရက္အၾကာမွာ မူလေပ်ာက္ဆုံးခဲ့တဲ့ ႀကံစိုက္ခင္းနဲ႔ ၃ မိုင္ေက်ာ္ အကြာအေဝးမွာ ကေလးငယ္ကို ေသဆုံးလ်က္ ျပန္လည္ေတြ႕ရွိခဲ့ပါတယ္။    

စတင္ေပ်ာက္ဆုံးကတည္းက ထိုင္းအာဏာပိုင္ေတြက ျမန္မာကေလးငယ္ ျပန္ေတြ႕ဖို႔ ကူညီရွာေဖြေပးေနသလို ႀကံစိုက္ခင္းပိုင္ရွင္ကလည္း  ႀကံပင္အားလုံးခုတ္ၿပီး ရွာေဖြဖို႔ ခြင့္ျပဳေပးထားခဲ့ပါတယ္။ေသဆုံးလွ်က္ ျပန္ေတြ႕တဲ့ ဒီဇင္ဘာ ၂၆ ရက္မတိုင္မီအထိ ထိုင္းအထူးေရငုပ္သမားေတြက ႀကံေတာအနီးရွိ ေရေမွာ္ေတြနဲ႔ ျပည့္ေနတဲ့ ေရကန္ႀကီးထဲ ရွာေဖြခဲ့သလို ဒီဇင္ဘာ ၂၄ ရက္ညမွာ ကေလးငယ္ ေပ်ာက္ဆုံးမႈ သံသယနဲ႔ မဲေဆာက္ၿမိဳ႕ရွိ ထဆိုင္လြတ္ရပ္ကြက္အတြင္း တရားမဝင္ေနထိုင္ေသာ ျမန္မာလုပ္သား ၈၇ ဦးကိုပါ ဖမ္းဆီးခဲ့ပါတယ္။ဒါ့အျပင္ ႀကံစိုက္ခင္းအနီးရွိ မသကၤာဖြယ္ အိမ္တစ္လုံးကို ထိုင္းရဲတပ္ဖြဲ႕က ဝင္ေရာက္စီးနင္း ရွာေဖြတာေတြ ျပဳလုပ္ခဲ့ပါတယ္။

ကေလးငယ္ကို ေသဆုံးလွ်က္ မေတြ႕ရွိမီ အေစာပိုင္းကေတာ့ ကေလးကို လူတစ္ေယာက္က ေခၚေဆာင္သြားတယ္လို႔ ထိုင္းအာဏာပိုင္ေတြက ယူဆထားသလို မိဘေတြက ႀကံခင္းထဲက ထြန္စက္ေမာင္းသမားကို သံသယရွိထားၾကပါတယ္။ထိုင္းရဲတပ္ဖြဲ႕က ႀကံခင္းအလုပ္သမား ထြန္စက္ေမာင္းသမားကို ေခၚစစ္ခဲ့သလို ကေလးအေလာင္းကို ေတြ႕ရွိတဲ့အခ်ိန္ ကနဦးပိုင္းမွာ ဒဏ္ရာေတြေတြ႕ရွိခဲ့လို႔ ထြန္စက္ခိုက္မိလို႔ ထိခိုက္ဒဏ္ရာရၿပီး အေလာင္းေဖ်ာက္တယ္လို႔ ယူဆခဲ့ၾကေပမယ့္ ေဆးစာမွာေတာ့ အတြင္းအျပင္ ဒဏ္ရာေတြ မေတြ႕ဘူးလို႔ အေၾကာင္းျပန္ခဲ့ပါတယ္။ေသဆုံးသူ ကေလးငယ္ရဲ႕ မိခင္ကေတာ့ ထိုင္းရဲတပ္ဖြဲ႕ စစ္ေဆးခ်က္ အေျဖကို မေက်နပ္လို႔ ထိုင္းအမ်ိဳးသားမႈခင္းစစ္ေဆးေရးဌာန ဥကၠ႒ ေဒါက္တာဖြန္သစ္ ၏ ေဆး႐ုံမွာ DNA စစ္ေဆးၿပီးမွ ကေလးကို သၿဂိဳဟ္မယ္လို႔ ဆိုပါတယ္။

ထိုင္းအာဏာပိုင္ေတြကေတာ့ ဒီကေလးငယ္ ေသဆုံးမႈအတြက္ လက္ရွိအထိ ေသမႈေသခင္းနဲ႔ အမႈဖြင့္ထားၿပီး ကေလးငယ္ေပၚ တျခားသူရဲ႕ DNA ရွိ/မရွိ စစ္ေဆးတဲ့ ရလဒ္ထြက္ၿပီးမွ  ကေလးငယ္ ေသဆုံးတဲ့ အေၾကာင္းရင္းမွန္ကို သိဖို႔ေဖာ္ထုတ္ဦးမယ္လို႔ ဆိုပါတယ္။

ဒီလို ထိုင္းဘက္က ကေလးငယ္ တစ္ေယာက္အတြက္ ႀကံခင္းတစ္ခင္းလုံး ဖ်က္ဆီးဖို႔ ဝန္မေလးတဲ့သူေတြ၊ ထိုင္းအာဏာပိုင္ေတြဘက္က အင္အားသုံးၿပီး ရွာေဖြတာေတြက ျမန္မာျပည္သူေတြအတြက္ အထူးအဆန္းေတြ ျဖစ္ေနခဲ့ပါတယ္။လူတစ္ေယာက္ ေျမၿပိဳလို႔ ပိရင္ေတာင္ ဘယ္လိုမွ အေရးမလုပ္တဲ့ ျမန္မာႏိုင္ငံသားေတြအတြက္ ထိုင္းကေလးေတြ ဂူထဲပိတ္မိေနတုန္းက ထိုင္းႏိုင္ငံတဝန္း သဲသဲလႈပ္ ကယ္တင္ေရးအတြက္ လုပ္ၾကတာကို အံၾသဘနန္းျဖစ္ခဲ့ရတဲ့ ျမန္မာေတြအတြက္ လူ႔အသက္နဲ႔ ပတ္သက္လာရင္ အယုတ္အလတ္ အျမတ္မေ႐ြး တန္ဖိုးထားတတ္တဲ့ ထိုင္းအာဏာပိုင္ေတြရဲ႕ လုပ္ေဆာင္ခ်က္က အထူးေက်းဇူးတင္ရမယ့္ အေၾကာင္းအခ်က္တစ္ခု ျဖစ္ခဲ့ပါတယ္။

ထိုင္းေရာက္ ျမန္မာကေလးငယ္လိုဘဲ ျမန္မာဘက္မွာလည္း ၂ ႏွစ္ခြဲ အ႐ြယ္ ကေလးငယ္တစ္ဦး ရပ္ေစာက္ဘက္က ေျပာင္းဖူးၿခံထဲ ေပ်ာက္ဆုံးေနခဲ့တာ ၆ ရက္ထိ ရွိလာေပမယ့္ ယခုခ်ိန္ထိ ရွာေတြ႕တယ္ဆိုတဲ့ အသံေတြကို မၾကားရေသးပါဘူး။ဒီဇင္ဘာ ၂၂ ရက္ကတည္းက ရပ္ေစာက္ၿမိဳ႕နယ္ ဆတ္ေသေက်း႐ြာအုပ္စု၊ ေျမမဲ႐ြာက ေျပာင္းဖူးၿခံထဲ ၂ ႏွစ္ခြဲအ႐ြယ္ ကေလးငယ္တစ္ဦး ေပ်ာက္ဆုံးေနခဲ့တာမွာ ေဒသခံေတြသာ ဝိုင္းရွာေနရပါတယ္။

မူဆယ္ဘက္မွာေတာ့ ေဆး႐ုံတက္ မီးဖြားေနတဲ့ ဆြံ႕အနားမၾကား အမ်ိဳးသမီးတစ္ဦး၏ ရက္သားအ႐ြယ္ ကေလးငယ္တစ္ေယာက္ကို အမ်ိဳးသမီးႏွစ္ေယာက္၊ အမ်ိဳးသားတစ္ေယာက္ ေဆး႐ုံမီးဖြားေဆာင္အတြင္း ဝင္ေရာက္ခိုးယူခံရလို႔ သက္ဆိုင္ရာက တ႐ုတ္ႏိုင္ငံ က်ယ္ေဂါင္အထိ ကေလးကို ေခၚယူသြားတယ္လို႔ ယူဆလို႔ တ႐ုတ္ဘက္က ကူညီေဆာင္႐ြက္မႈေတြ ရွိခဲ့ပါတယ္။
ဒါေပမယ့္ ယေန႔အထိ ျပန္မေတြ႕ေသးတဲ့အတြက္ မူဆယ္ေဒသခံေတြက ေပ်ာက္ဆုံး ကေလးငယ္အတြက္ ပူပန္မႈေတြ၊ စိုးရိမ္မႈေတြ ရွိေနပါတယ္။

အဆိုပါ ကေလးငယ္ေတြ ေပ်ာက္ဆုံးမႈ သတင္းေတြက ယခုတစ္ပတ္ျဖစ္ခဲ့တဲ့ မႈခင္းေနာက္ခံ သတင္းေတြျဖစ္တဲ့ သံမဏိႏွင္းဆီဂ်ာနယ္ အယ္ဒီတာ အသတ္ခံရမႈမွ အဓိက က်ဴးလြန္သူ ေအာင္ကိုကို ႏွင့္ ျပည့္သူႏိုင္ ကို ေထာင္ဒဏ္ႏွစ္ ၂၀ နဲ႔ ေအာင္ကိုကို ရဲ႕ ဇနီးကို အလုပ္ႏွင့္ ေထာင္ဒဏ္ ၆ လ ခ်မွတ္ခဲ့တဲ့ သတင္း၊ ခရစၥမတ္ေန႔က ေတာင္သမန္အင္း ကန္ပတ္လမ္း ေဘးခုံေပၚ စကားေျပာေနတဲ့ သမီးရည္းစားအတြဲကို အမ်ိဳးသားေလးဦးက ဓားနဲ႔ထိုးလို႔ ရတနာပုံတကၠသိုလ္ ေနာက္ဆုံးႏွစ္ေက်ာင္းသား ေသဆုံးခဲ့တဲ့ သတင္း၊ ဗဟန္း ကန္ေတာ္ႀကီးပတ္လမ္းမွာ နံနက္ေစာေစာ လမ္းေလွ်ာက္ေနသူ အမ်ိဳးသမီးသုံးဦးကို ယာဥ္တစ္စီးက အရွိန္လြန္ဝင္တိုက္လို႔ လမ္းေလွ်ာက္လာသူ တစ္ဦးေသဆုံးကာ ႏွစ္ဦးဒဏ္ရာရွိတဲ့ သတင္း၊ ႐ိုက္တာသတင္းေထာက္ ႏွစ္ဦး၏ အယူခံကို ရန္ကုန္တိုင္းေဒသႀကီး တရားလႊတ္ေတာ္႐ုံးတြင္ စတင္ၾကားနာတဲ့ သတင္း၊ ႐ိုက္တာသတင္းေထာက္အ မႈမွာ ရဲစည္းကမ္းထိန္းသိမ္းေရး ဥပေဒျဖင့္ ေထာင္ဒဏ္ တစ္ႏွစ္ ခ်မွတ္ခံထားရေသာ ဒုရဲမႉးေဟာင္း မိုးရန္ႏိုင္ ဇန္နဝါရီ ၂ ရက္မွာ လြတ္ေျမာက္မည့္ သတင္း၊ ခ်င္းျပည္နယ္၊ တီးတိန္မွာ ၇ ႏွစ္အ႐ြယ္ မိန္းကေလးငယ္ကို ၁၉ ႏွစ္အ႐ြယ္ အမ်ိဳးသားတစ္ဦးက အဓမၼျပဳက်င့္ခဲ့လို႔ ဖမ္းဆီးခဲ့တဲ့ သတင္း၊ သ႐ုပ္ေဆာင္ ေအာင္ရဲေထြး ေသဆုံးမႈႏွင့္ ပတ္သက္၍ ဖမ္းဆီးခံထားရသူ သုံးဦးအား စြဲခ်က္ တင္သင့္၊ မတင္သင့္ အေရွ႕ပိုင္းခ႐ိုင္တရား႐ုံးမွာ ဇန္နဝါရီ ၇ ရက္မွာ အမိန႔္ခ်မွတ္ေတာ့မည့္ သတင္း၊ တနသၤာရီၿမိဳ႕နယ္ ေခ်ာင္းလမုေက်း႐ြာမွာ ေနအိမ္ေအာက္၌ ျမႇဳပ္ထားေသာ ICE စိတ္ႂကြမူးယစ္ေဆးဝါး ၁၈၀ ဂရမ္ခန႔္ကို ေတြ႕ရွိလို႔  အိမ္ရွင္ သမီးကို မူးယစ္ေဆးဝါး လက္ဝယ္ေတြ႕ရွိမႈျဖင့္ ရဲတပ္ဖြဲ႕က ဖမ္းဆီးခဲ့တဲ့ သတင္း၊ မႏၲေလးၿမိဳ႕ မရမ္းၿခံဆိပ္ကမ္းမွာ ဆီတင္ ဆိပ္ခံေဗာအျဖစ္ ထားရွိေသာ ေရယာဥ္တစ္စီး ဒီဇင္ဘာ ၂၆ ရက္ နံနက္က မီးေလာင္လို႔ လူေလးဦး ထိခိုက္ဒဏ္ရာရရွိခဲ့တဲ့ သတင္း စတဲ့ သတင္းေတြထဲ အမ်ားစုေစာင့္ၾကည့္ခဲ့ရတဲ့ သတင္းေတြ ျဖစ္ခဲ့ပါတယ္။

စစ္ေရး ေလးလတာရပ္ဆိုင္းမႈႏွင့္ တုံ႔ျပန္မႈ

ဒီဇင္ဘာ ၂၁ ရက္က တပ္မေတာ္အႀကီးအကဲေတြနဲ႔ မီဒီယာေကာင္စီ ေတြ႕ဆုံပြဲမွာ တပ္မေတာ္ဘက္ကေန တိုင္းရင္းသားအဖြဲ႕မ်ားႏွင့္  အပစ္ရပ္စဲေရး၊ ၿငိမ္းခ်မ္းေရးဆိုင္ရာမ်ား ေဆြးေႏြးရန္ ရည္႐ြယ္ၿပီး စစ္ဆင္ေရး ရပ္ဆိုင္းေပးမယ္ဆိုတဲ့ သတင္းထုတ္ျပန္ခဲ့ပါတယ္။ဒီလိုထုတ္ျပန္မႈကို ဒီဇင္ဘာ ၂၃ ရက္က ဗိုလ္ခ်ဳပ္မႉးႀကီး ေနအိမ္ကို Catholic Yangon Youth ခရစၥမတ္ ဓမၼေတးသီခ်င္းမ်ား လာသီဆိုစဥ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ က ႏွစ္သစ္ကူးလက္ေဆာင္အျဖစ္ ထုတ္ျပန္ျခင္းျဖစ္ေၾကာင္း ေျပာခဲ့တာေတြရွိသလို ေနာက္ပိုင္းမွာ တိုင္းရင္းသားလက္နက္ကိုင္ေတြဘက္က အေကာင္းဘက္က တုံ႔ျပန္မႈေတြရွိသလို ႏိုင္ငံတကာ အဖြဲ႕အစည္းေတြဘက္က ႀကိဳဆိုမႈေတြ ရွိခဲ့ပါတယ္။

စစ္ဆင္ေရးရပ္တဲ့ နယ္ေျမထဲမွာ KIA ၊ TNLA ၊ MNDAA ၊ AA စသည့္ တိုင္းရင္းသားလက္နက္ကိုင္တပ္မ်ား လႈပ္ရွားေနတဲ့ ေနရာမ်ားျဖစ္တဲ့ ရွမ္းျပည္နယ္ရွိ (ေျမာက္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္၊ အေရွ႕ေျမာက္တိုင္းစစ္ဌာနခ်ဳပ္၊ အေရွ႕ပိုင္းတိုင္းစစ္ဌာနခ်ဳပ္၊ အေရွ႕အလယ္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္ႏွင့္ ႀတိဂံေဒသတိုင္းစစ္ဌာနခ်ဳပ္နယ္ေျမ) ေတြ ပါဝင္တဲ့အတြက္ တပ္မေတာ္၏ စစ္ေရးလႈပ္ရွားမႈအားလုံး ရပ္ဆိုင္းေၾကာင္း ထုတ္ျပန္ခ်က္အေပၚ တိုင္းရင္းသားအဖြဲ႕အစည္းမ်ားသာမက ကုလသမဂၢႏွင့္ တ႐ုတ္ႏိုင္ငံတို႔က ႀကိဳဆိုခဲ့ပါတယ္။

အစိုးရ၊ ၿငိမ္းခ်မ္းေရးေကာ္မရွင္ႏွင့္ NCA လက္မွတ္ထိုးႏိုင္ရန္ ေဆြးေႏြးညႇိႏႈိင္းေနတဲ့ KNPP အဖြဲ႕ကေတာ့ အစိုးရႏွင့္ တပ္မေတာ္က တစ္ႏိုင္ငံလုံး အပစ္အခတ္ရပ္စဲေရး ထုတ္ျပန္ရန္ လိုအပ္တယ္လို႔ သေဘာထား ထုတ္ျပန္ခဲ့သလို မြန္ျပည္သစ္ပါတီကလည္း ထိုအတူ တစ္ႏိုင္ငံလုံး အပစ္ခတ္ရပ္စဲေရး လုပ္သင့္တယ္လို႔ ထုတ္ျပန္ခဲ့ပါတယ္။
တပ္မေတာ္ထုတ္ျပန္ခ်က္ကို ရွမ္းလက္နက္ကိုင္အဖြဲ႕ (SSPP) က ဝမ္းေျမာက္စြာႀကိဳဆိုေၾကာင္း ထုတ္ျပန္ခဲ့သလို၊ စစ္ဆင္ေရးကာလကို လိုအပ္ရင္ အခ်ိန္တိုးခ်ဲ႕ျပဳလုပ္မယ္လို႔ ေမွ်ာ္လင့္ေၾကာင္း ခ်င္းလက္နက္ကိုင္အဖြဲ႕ (CNF) ရဲ႕ ထုတ္ျပန္ခ်က္မွာ ပါဝင္ပါတယ္။

တပ္မေတာ္ဘက္က စစ္တိုင္း ၅ ခုမွာ စစ္ဆင္ေရး ရပ္ဆိုင္းခဲ့ေပမယ့္ ရခိုင္နဲ႔ ခ်င္း အစပ္မွာ ရခိုင္လက္နက္ကိုင္ (AA) နဲ႔ တိုက္ခိုက္မႈေတြရွိခဲ့လို႔ AA အပါအဝင္ ေျမာက္ပိုင္းမဟာမိတ္မ်ားျဖင့္ ဖြဲ႕စည္းထားတဲ့ ျပည္ေထာင္စု ႏိုင္ငံေရးေဆြးေႏြးညႇိႏႈိင္းေရး ေကာ္မတီ FPNCC အဖြဲ႕က ရခိုင္ျပည္နယ္အတြင္း တပ္မေတာ္ဘက္က စစ္ေရးလႈပ္ရွားမႈမ်ားႏွင့္ စစ္ေရးဆိုင္ရာ စီမံခ်က္ေတြ ရပ္ဆိုင္းေပးဖို႔ ေတာင္းဆိုတာေတြလည္း ရွိခဲ့ပါတယ္။ဒီဇင္ဘာ၂၅ ရက္က သီေပါၿမိဳ႕နယ္အတြင္းရွိ ရွမ္းလက္နက္ကိုင္အဖြဲ႕ (SSPP) ရဲ႕ ယာယီတပ္စခန္းကို တပ္မေတာ္ႏွင့္ RCSS တို႔ ပူးေပါင္းၿပီး တိုက္ခိုက္သိမ္းပိုက္ခဲ့တယ္လို႔ SSPP က သတင္းထုတ္ျပန္ စြပ္စြဲခဲ့သလို မိုင္းပန္ၿမိဳ႕နယ္ရွိ RCSS တပ္ဖြဲ႕ကို တပ္မေတာ္ႏွင့္ ပအိုဝ္း လက္နက္ကိုင္အဖြဲ႕ (PNLO/PNLA) တို႔ ပူးေပါင္းတိုက္ခိုက္ခဲ့တယ္လို႔ RCSS ဘက္က စြပ္စြဲခဲ့ပါတယ္။ထို႔အတူ ကြတ္ခိုင္ၿမိဳ႕နယ္၊ ေ႐ႊေမာ္အုပ္စု၊ ေ႐ႊေမာ္ေက်း႐ြာ အနီးမွာ တပ္မေတာ္နဲ႔ TNLA တပ္ေတြ ထိေတြ႕တိုက္ခိုက္မႈ ရွိတယ္ဆိုၿပီး စြပ္စြဲခ်က္ေတြ ထြက္ေပၚလာခဲ့ပါတယ္။

တပ္မေတာ္ဘက္ကေတာ့ ဒီလိုစြပ္စြဲမႈေတြနဲ႔ ပတ္သက္ၿပီး ဒီဇင္ဘာ ၂၆ ရက္မွာ တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖြဲ႕က ျငင္းပယ္ခဲ့ၿပီး ရွမ္းလက္နက္ကိုင္အဖြဲ႕ (RCSS) ႏွင့္ ပအိုဝ္းလက္နက္ကိုင္အဖြဲ႕ (PNLO) တို႔ႏွင့္ စစ္ေရးပိုင္း ပူးေပါင္းေဆာင္႐ြက္မႈမရွိေၾကာင္း ေျပာခဲ့သလို TNLA နဲ႔ ကိစၥမွာလည္း တိုက္ပြဲျဖစ္တာေတြ မရွိဘဲ အုပ္ခ်ဳပ္ေရးပိုင္းဆိုင္ရာ တပ္ခ်ိန္းတာေတြသာ ရွိတယ္လို႔ ေျပာခဲ့ပါတယ္။RCSS အဖြဲ႕ ဥကၠ႒ ဗိုလ္ခ်ဳပ္ႀကီး ယြက္ဆစ္ ကေတာ့ တပ္မေတာ္ႏွင့္ ထိေတြ႕မႈမရွိေစေရး ေဆာင္႐ြက္ရန္ ၫႊန္ၾကားထားတယ္လို႔ ဒီဇင္ဘာ ၂၇ က ေဒသတြင္း သတင္းဌာနတစ္ခုကို  ေျပာထားခဲ့ပါတယ္။

ဒီစစ္ေရးဆိုင္ရာ ေလးလတာရပ္ဆိုင္းမႈ သတင္းက သီေပါၿမိဳ႕နယ္ တြန္းက်ိဳင္း႐ြာထဲ ခရစၥမတ္ေန႔က RCSS ႏွင့္ SSPP တို႔ တိုက္ပြဲျဖစ္ပြားရာမွာ ႐ြာသားေတြ ပိတ္မိေနလို႔ အရပ္ဘက္အဖြဲ႕ေတြက အထိအခိုက္မရွိ ကယ္ထုတ္ႏိုင္ခဲ့တဲ့ သတင္း၊ ကရင္လူထုႏွင့္ ကရင္လူမႈအဖြဲ႕အစည္းမ်ား ဦးေဆာင္ၿပီး KNU ထိန္းခ်ဳပ္နယ္ေျမ ဖာပြန္ခ႐ိုင္မွာ လာမည့္ႏွစ္အတြင္း သံလြင္ၿငိမ္းခ်မ္းေရးဥယ်ာဥ္ အေထြေထြညီလာခံ ျပဳလုပ္မယ့္ သတင္း၊ ခါ ကာဘိုရာဇီေဒသကို ကမာၻ႔အေမြအႏွစ္ သတ္မွတ္ရန္ လုပ္ေဆာင္ေနတာ ရပ္ဆိုင္းေပးဖို႔ ပန္နန္းဒင္ၿမိဳ႕နယ္ရွိ ေဒသခံေတြ စုေပါင္းဆႏၵျပခဲ့တဲ့ သတင္း၊ ရခိုင္ဒီမိုကေရစီအဖြဲ႕ခ်ဳပ္ တည္ေထာင္ရာတြင္ ပါဝင္သူ ဗဟိုေကာ္မတီဝင္ ဦးခင္သန္းေမာင္ သည္ ေနအိမ္မွာ လုပ္ႀကံသတ္ျဖတ္ခံရတဲ့ သတင္း၊ ရခိုင္ဒီမိုကေရစီအဖြဲ႕ခ်ဳပ္ (ALD) ဗဟိုေကာ္မတီဝင္ ဦးခင္သန္းေမာင္ လုပ္ႀကံသတ္ျဖတ္ခံရလို႔ တရားဥပေဒစိုးမိုးေရးအတြက္ မ်ားစြာစိုးရိမ္တယ္လို႔  UNA  က သေဘာထားထုတ္ျပန္ခဲ့တဲ့ သတင္းေတြထက္ ပိုၿပီး ျပည္တြင္းၿငိမ္းခ်မ္းေရးအတြက္ ေမွ်ာ္လင့္ခ်က္ရွိစရာ သတင္းေကာင္း ျဖစ္ခဲ့ပါတယ္။

ဇီးပင္ႀကီးစစ္တမ္းနဲ႔ ဖ်က္သိမ္းလိုက္တဲ့ သတင္းစာရွင္းလင္းပြဲဂယက္

ယခုတစ္ပတ္ သတင္းေတြထဲမွာ သတင္းဖတ္သူအမ်ားစု စိတ္ဝင္စားခဲ့တဲ့ သတင္းကေတာ့ ဇီးပင္ႀကီး စစ္တမ္းကို ေရးသားသူကို ဌာနတြင္း စစ္ေဆးခဲ့တဲ့ သတင္းနဲ႔ ဇီးပင္ႀကီးသင္တန္း သတင္းေတြက ျပည္တြင္းသတင္းမီဒီယာေတြနဲ႔ လူမႈကြန္ရက္မွာ ထိပ္တန္းသတင္းအျဖစ္ ရက္အေတာ္မ်ားမ်ား ေနရာယူခဲ့ပါတယ္။

အထက္ျမန္မာျပည္ ဗဟိုဝန္ထမ္းတကၠသိုလ္ ဇီးပင္ႀကီးအေၾကာင္းကို ေဖ့စ္ဘြတ္ခ္ လူမႈကြန္ရက္မွာ အပိုင္းသုံးပိုင္း ခြဲေရးထားတဲ့ ပို႔စ္တစ္ခု ယခုလအတြင္း ထြက္ေပၚလာခဲ့ရာကေန အစိုးရ အရာထမ္း၊ ဝန္ထမ္းေတြနဲ႔ ပညာတတ္ အသိုင္းအဝိုင္းၾကား သတိထားေျပာစရာ ျဖစ္ခဲ့ပါတယ္။ဇီးပင္ႀကီးစစ္တမ္းလို႔ နာမည္တပ္ထားတဲ့ ဒီပို႔စ္မွာ ဇီးပင္ႀကီးစစ္တမ္း အပိုင္း (၁) အျဖစ္ ဗဟိုဝန္ထမ္းတကၠသိုလ္၏ ေန႔စဥ္လည္ပတ္ပုံ၊ အိပ္ေဆာင္မ်ား၏ အျပင္ပန္းသန႔္ရွင္းသပ္ရပ္မႈ ရွိ၊ မရွိ စစ္ေဆးေသာ္လည္း အသုံးအေဆာင္ပစၥည္းမ်ားကို စတိုခန္း၌ စုပုံထည့္သြင္းထားရသည့္ အေျခအေန၊ အပိုင္း (၂) မွာ ‘ဝန္ထမ္းသတ္လို႔ အစိုးရေသျခင္း’ ေခါင္းစဥ္နဲ႔  ဝန္ထမ္းမ်ားရဲ႕ ဦးေႏွာက္ထဲ အေတြးအေခၚအမွားမ်ား ႐ိုက္ထည့္သြင္းေနတဲ့အေၾကာင္း၊ အပိုင္း (၃) မွာ ‘ပလုံ ပလုံ ျမည္သြားေသာ ၂၅၂ သိန္းႏွင့္ ေဖာ္ရႈိးႏိုင္ငံေတာ္ႀကီး တည္ေထာင္ေတာ္မႈခဏ္း’ ေခါင္းစဥ္နဲ႔  ႏွစ္လတာ သင္တန္းအတြက္ အစိုးရကုန္က်စရိတ္ႏွင့္ ဝန္ထမ္းမ်ားရလိုက္တဲ့ အက်ိဳးရလဒ္ ထိုက္တန္မႈ ရွိ/မရွိ ေတြကို ေဖာ္ျပထားခဲ့ပါတယ္။

ဒီလိုေရးခဲ့တဲ့အတြက္ ေဒါက္တာစိုးသူရေဇာ္ ကို ျပည္ေထာင္စုရာထူးဝန္အဖြဲ႕က က်န္းမာေရးႏွင့္ အားကစား ဝန္ႀကီးဌာနသို႔ တိုင္ၾကားခဲ့ၿပီး ယင္းတိုင္ၾကားမႈအေပၚ မႏၲေလးတိုင္းေဒသႀကီး ျပည္သူ႔က်န္းမာေရး ဦးစီးဌာနမႉးက လက္မွတ္ေရးထိုးၿပီး စြဲခ်က္တင္ခဲ့ကာ အဖြဲ႕ဝင္သုံးဦးပါ ဌာနဆိုင္ရာ စုံစမ္းစစ္ေဆးေရးအဖြဲ႕နဲ႔ ေဒါက္တာစိုးသူရေဇာ္ ကို ဒီဇင္ဘာ ၂၀ ရက္တြင္ စုံစမ္းစစ္ေဆးခဲ့ပါတယ္။ဒီလို ဌာနဆိုင္ရာ စစ္ေဆးမႈေတြ ရွိခဲ့တဲ့အတြက္ အမွန္ကို ေရးသားေဖာ္ထုတ္ခဲ့တဲ့ ေဒါက္တာစိုးသူရေဇာ္ ဘက္ကေန ရပ္တည္ၿပီး လူမႈကြန္ရက္မွာ ေထာက္ခံမႈ ရပ္တည္မႈေတြ၊ ကမ့္ပိန္းေတြ ျဖစ္ခဲ့ၿပီး ဇီးပင္ႀကီးစစ္တမ္းဟာ သတင္းမီဒီယာမ်က္ႏွာစာကို ေရာက္လာခဲ့ပါတယ္။     

ဒီလို က်ယ္ျပန႔္လာတဲ့အတြက္ ျမန္မာႏိုင္ငံ အမ်ိဳးသားလူ႔အခြင့္အေရး ေကာ္မရွင္က ယင္းျဖစ္စဥ္ကို ေလ့လာၿပီး လူ႔အခြင့္အေရး ခ်ိဳးေဖာက္မႈ ရွိ၊ မရွိ စစ္ေဆးကာ လိုအပ္ရင္ သက္ဆိုင္ရာအဖြဲ႕အစည္းေတြနဲ႔ ညႇိႏႈိင္းေဆာင္႐ြက္မယ္လို႔ ေျပာရတဲ့အထိ ျဖစ္လာခဲ့ပါတယ္။ေဒါက္တာစိုးသူရေဇာ္ ကို ဌာနဆိုင္ရာ အေရးယူမႈအေပၚ အမ်ားျပည္သူၾကား မေက်နပ္မႈက ႀကီးမားလာသလို လူမႈကြန္ရက္မွာ ေဝဖန္မႈေတြလည္း ဆူညံလာတဲ့အတြက္ ဒီကိစၥက ျပည္ေထာင္စုဝန္ႀကီးကိုယ္တိုင္ ဒီဇင္ဘာ ၂၄ ရက္က ေနျပည္ေတာ္မွာ မီဒီယာေတြကို ဇီးပင္ႀကီးစစ္တမ္း ေရးခဲ့တဲ့ သြားဘက္ဆိုင္ရာ ဆရာဝန္ ေဒါက္တာစိုးသူရေဇာ္ ကို ျပည္ေထာင္စုဝန္ႀကီး၊ ဒုတိယဝန္ႀကီး၊ အၿမဲတမ္းအတြင္းဝန္၊ ဒုတိယအၿမဲတမ္းအတြင္းဝန္တို႔ မသိဘဲ ဒုတိယၫႊန္ၾကားေရးမႉးခ်ဳပ္ တစ္ဦးႏွင့္ ၫႊန္ၾကားေရးမႉး အခ်ိဳ႕က ဌာနဆိုင္ရာ စုံစမ္းစစ္ေဆးမႈျပဳလုပ္ရန္ လမ္းၫႊန္ခဲ့တာလို႔ ရွင္းလင္းခဲ့ပါတယ္။

အဆိုပါရွင္းလင္းပြဲမွာ ဇီးပင္ႀကီးစစ္တမ္း ေရးသားသူ ေဒါက္တာစိုးသူရေဇာ္ ကို အေရးယူရန္ မရွိေၾကာင္းနဲ႔ ဌာနဆိုင္ရာ စုံစမ္းစစ္ေဆးမႈ ျပဳလုပ္ရန္ ၫႊန္ၾကားသူမ်ားကို လုပ္ထုံးလုပ္နည္းအရ ေဆာင္႐ြက္သြားမယ္လို႔ ေျပာခဲ့ပါတယ္။ျပည္တြင္း သတင္းမီဒီယာတစ္ခုျဖစ္တဲ့ Myanmar Now နဲ႔ ေတြ႕ဆုံရာမွာ ဇီးပင္ႀကီး ဗဟိုဝန္ထမ္းတကၠသိုလ္ (အထက္ျမန္မာျပည္) မွာ  ဝါဒမႈိင္းေတြ သြတ္သြင္းေနတယ္လို႔ ေျပာဆိုခ်က္ေတြက မမွန္ကန္ဘူးလို႔ ဇီးပင္ႀကီးတကၠသိုလ္ ပါေမာကၡခ်ဳပ္ ဦးညီညီစံ က ေျပာခဲ့ပါတယ္။

ဒါေပမယ့္ လူမႈကြန္ရက္မွာ ဗဟိုဝန္ထမ္းတကၠသိုလ္ေတြက ျပည္သူအရာထမ္းေတြကို ဝါဒမႈိင္းေတြ သြတ္သြင္းေနတယ္ဆိုတဲ့ ေျပာဆိုေဝဖန္သံေတြ ျမင့္တက္လာတဲ့အတြက္ လက္ရွိဝန္ထမ္းေရးရာ ကိစၥရပ္မ်ားနဲ႔ ပတ္သက္တဲ့ သတင္းစာရွင္းလင္းပြဲ ျပဳလုပ္ဖို႔ ဇီးပင္ႀကီး ဗဟိုဝန္ထမ္းတကၠသိုလ္ဘက္က ဒီဇင္ဘာ ၂၇ ရက္မွာ ျပဳလုပ္ဖို႔  စီစဥ္ၿပီး မီဒီယာေတြကို ေခၚယူခဲ့ေပမယ့္ သတင္းစာရွင္းလင္းပြဲ လုပ္ဖို႔ နာရီပိုင္းအလိုမွာ အထက္တာဝန္ရွိသူေတြရဲ႕ ခြင့္ျပဳခ်က္မရရွိလို႔ဆိုၿပီး သတင္းစာရွင္းလင္းပြဲကို ဖ်က္သိမ္းခဲ့ပါတယ္။မႏၲေလးတိုင္း ဝန္ႀကီးခ်ဳပ္ ေဒါက္တာေဇာ္ျမင့္ေမာင္ က ဇီးပင္ႀကီးစစ္တမ္း ေရးသားသူနဲ႔ ေတြ႕ဆုံၿပီး ျပည္တြင္း ႐ုပ္သံသတင္းဌာနျဖစ္တဲ့ မဇၩိမသတင္းဌာန အေတြ႕မွာ ဗဟိုဝန္ထမ္းတကၠသိုလ္ သင္ၾကားေရး နည္းစနစ္မ်ားကို ျပန္လည္ေလ့လာ ဆန္းစစ္သင့္တယ္လို႔ ေျပာခဲ့တဲ့အတြက္ မၾကာခင္မွာ ဘယ္လိုအေရးယူမႈေတြ၊ ေျပာင္းလဲမႈေတြ ျဖစ္လာမလဲဆိုတာ ဆက္ေစာင့္ၾကည့္စရာ အမ်ားျပည္သူအတြက္ စိတ္ဝင္စားစရာ သတင္းတစ္ခု ျဖစ္ခဲ့ပါတယ္။    

အဆိုပါသတင္းက ယခုတစ္ပတ္အတြင္း ျဖစ္ခဲ့တဲ့ သတင္းေတြျဖစ္တဲ့  လူကယ္ျပန္ဝန္ႀကီး ေဒါက္တာဝင္းျမတ္ေအး က မူးယစ္ေဆးစြဲသူမ်ား ေဆးျဖတ္ျခင္းႏွင့္ ျပန္လည္ထူေထာင္ေရး လုပ္ငန္းမ်ားကို လူငယ္ျပဳစုပ်ိဳးေထာင္ေရး စခန္းမ်ားမွာ ပူးတြဲေဆာင္႐ြက္မယ္ဆိုတဲ့ သတင္း၊ တန္ပိုတင္လာသည့္ တ႐ုတ္ႏိုင္ငံသား ေမာင္းႏွင္သည့္ ကုန္တင္ကားတစ္စီးေၾကာင့္ ဝိုင္းေမာ္-ဆဒုံး တံတား က်ိဳးက်ခဲ့တဲ့ သတင္း၊ လြတ္လပ္ေရးေန႔မွာ ႏိုင္ငံေတာ္အလံ လႊင့္ထူရန္ ရန္ကုန္တိုင္းေဒသႀကီး အစိုးရအဖြဲ႕က ႏႈိးေဆာ္ထားတဲ့ သတင္း၊ ခႏၲီးၿမိဳ႕ေပၚ ေလယာဥ္အပိုင္းအစလို႔ ယူဆရတဲ့ ပစၥည္းေတြ ဒီဇင္ဘာ၂၂ ရက္ နံနက္ ၆ နာရီခြဲခန႔္က ျပဳတ္က်ခဲ့တဲ့ သတင္း၊ တစ္ေသာင္းတန္ ေငြတုမ်ား လက္မခံမိေစေရး အထူးသတိျပဳဖို႔ ႏွစ္ကူးျပန္မယ့္ ျမန္မာလုပ္သားေတြကို ျမန္မာသံ႐ုံးက သတိေပးထားတဲ့ သတင္း စတဲ့ သတင္းေတြနဲ႔အတူ လူေတြၾကားထဲ သတိထားစရာ သတင္းတစ္ပုဒ္ ျဖစ္ခဲ့တယ္ဆိုတာ တင္ျပရင္း ယခုတစ္ပတ္ သတင္းသုံးသပ္ခ်က္ကို ဒီမွာဘဲ ရပ္နားလိုက္ခ်င္ပါတယ္။

မာလင္း
ဒီဇင္ဘာ - ၂၈