【 ယခုတစ်ပတ် နိုင်ငံတကာ သတင်းသုံးသပ်ချက်】ဟောင်ကောင် မှာ ငွေမိုးရွာ၊ပြင်သစ်မှာ မီးရှို့၊ ရုရှားနဲ့ အမေရိကန်ကြားက ဗင်နီဇွဲလား

  【 ယခုတစ်ပတ် နိုင်ငံတကာ သတင်းသုံးသပ်ချက်】ဟောင်ကောင် မှာ ငွေမိုးရွာ၊ပြင်သစ်မှာ မီးရှို့၊ ရုရှားနဲ့ အမေရိကန်ကြားက ဗင်နီဇွဲလား  

ယခုတစ်ပတ်နိုင်ငံတကာသတင်းတွေထဲအများအာရုံစိုက်မိတဲ့သတင်းအချို့ရှိခဲ့ပါတယ်။ ထုံစံအတိုင်း တိုက်ခိုက်မှုတွေ၊ မတေ်တဆ မှုတွေ က အများအာရုံစိုက်စရာသတင်းတွေအဖြစ် တူရကီမှာ အမြန်ရထားနှစ်စင်း လမ်းကြောင်းတစ်ခုထဲ တိုက်မိလို့ လူ ၉ ဦးသေ ဆုံးပြီး ၄၇ ဦးဒဏ်ရာရခဲ့တဲ့ သတင်း၊ အမေရိကန်နိုင်ငံ ကာလီဖိုးနီး ယား ပြည်နယ်ရှိFacebook ကုမ္ပဏီ ဝင်း အတွင်း ဗုံးလန့်မှု ဖြစ်ပွား တဲ့ သတင်း၊ ပြင်သစ်နိုင်ငံစရက်စ် ဘော့ဂ် မြို့ ခရစ္စမတ်ဈေးထဲ အကြမ်းဖက်သမားတစ်ဦးပစ်ခတ်လို့ ၃ ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရှိတဲ့ သတင်း၊ စရက်စ်ဘော့ဂ်ပစ်ခတ်မှု တရားခံသေနတ် သမားကို ပြင်သစ်ရဲတပ်ဖွဲ့ အသေပစ်ခတ်ဖမ်းဆီးရမိတဲ့ သတင်း စတဲ့ သတင်းတွေ အာရုံစိုက်စရာဖြစ်ခဲ့ပါတယ်။

ဒီသတင်းတွေက ယခုတစ်ပတ်မှာ စိတ်ဝင်စားစရာဖြစ်ခဲ့ပေမယ့် အထူးသဖြင့် သမ္မတအမိန်နဲ့ ဖြုတ်ထား တဲ့ ဝန်ကြီးချုပ်ကိုသီရိလင်္ကာလွှတ်တော်က ပြန်ခန့်တဲ့ သတင်း၊ ပြင်သစ်မှာ ဆန္ဒပြမှုအရှိန် အဟုန်မြင့်တက် လာတဲ့ အဝါရောင်ဆန္ဒပြမှုသတင်းနဲ့ အမေရိကန်ပြည်ထဲရေး ဝန်ကြီး ရုတ်တရက်နုတ်ထွက်တဲ့ သတင်းတွေက ယခု တစ်ပတ်ရဲ့ Headline သတင်းတွေ ဖြစ်ခဲ့ပါတယ်။

ရုရှားနဲ့ အမေရိကန်ကြားက ဗင်နီဇွဲလား

    ယခုနှစ်ကုန်မှာ နူတ်ထွက်မယ်လို့ ဆိုင်းမဆင့် ဗုံမဆင့် ကြေငြာလိုက်တဲ့ အမေရိကန်ပြည်ထဲရေးဝန် ကြီး ရိုင်ယန်ဇင်ကီကြောင့် ထရမ့် ဦးဆောင်တဲ့ အစိုးရအဖွဲ့ထဲ နူတ်ထွက်တဲ့ စာရင်းက ပိုများ လာခဲ့ပါတယ်။ ေ၀ ဖန်မှုတွေထဲမှာ အမေရိကန်လွှတ်တော် ကိုယ်စားလှယ်တွေ ရဲ့အသံက ပိုများခဲ့ပါ တယ်။ အထူးသဖြင့် ရိုင် ယန် ဇင်ကီ အမေရိကန်ပြည်ထဲရေးဝန်ကြီးတာဝန်ကိုယူခဲ့တဲ့ ကာလ အတွင်း ပြောစရာကိစ္စတွေ အများကြီး ဖြစ်ခဲ့ သလို စီးပွားရေးသမား သမ္မတထရမ့်အကြိုက် ရေနံတူးခြင်းနှင့် ကျောက်မီးသွေးမိုင်းလုပ်ငန်း များကို အား ပေးခဲ့ပြီးအိုဘားမားလက်ထက်ကချမှတ်ခဲ့သောသဘာဝ ပတ်ဝန်းကျင် ကာကွယ်ရေးအရံအတားများကို ဖယ်ရှား ပစ်ခဲ့လို့ သဘာဝပတ်ဝန်းကျင်ကို အလေးထားတဲ့ အမေရိကန်ပညာတတ် အသိုင်းအဝိုင်းရဲ့ မနှစ်မျို့ခြင်း ကို လည်း ခံခဲ့ရသူဖြစ်ပါတယ်။

    ဒါပေမယ့် အမေရိကန်သမ္မတထရမ့်ကတော့ ၎င်းကိုင်တွယ် စဉ် ပြည်ထဲရေးဌာန၌ အောင်မြင်မှုအများ အပြားရရှိခဲ့တယ်လို့ချီးကျူး ခဲ့သလို လာမည့် ရက်သတ္တပတ်ထဲ ပြည်ထဲရေးဝန်ကြီး ခန့်အပ် မယ် လို့ ပြောခဲ့ပါ တယ်။ လက်ရှိမှာ ပြည်ထဲရေးဝန်ကြီး ဇင်ကီအနေနဲ့ မွန်တာနားပြည်နယ်ထဲက မြေအရောင်းအဝယ် ကိစ္စအပါအဝင် ကျင့်ဝတ်ချိုးဖောက်ခြင်းစွပ်စွဲချက်အများအပြားနှင့် ရင်ဆိုင်နေရတဲ့ အတွက် ထရမ့်အစိုးရအတွက် နာမည်ပျက်စရာပါဘဲ။ မကြာခင် ကလည်း ရွေးကောက်ပွဲနဲ့ပက်သက်တဲ့ သူတွေကို ထောင်ချခံခဲ့ ရတာ လည်းရှိတဲ့ အ တွက် ထရမ့်အတွက် အစိုးရအဖွဲ့ဝင်တွေ မကြာခဏဒီလိုနုတ်ထွက်ခြင်းက ကြာလာရင် ပြဿနာရှိလာဖို့ များနေသလို ကုလဆိုင်ရာ အမေရိကန်သံအမတ်နစ်ကီဟာလေ လည်း ဒီနှစ်ကုန်မှာ နုတ်ထွက်မှာ ဖြစ်တဲ့ အ တွက် ထရမ့်အစိုးရ အားပျော့သွားဖို့ များနေပါတယ်။

    အမေရိကန်ပြည်ထဲရေးဝန်ကြီးနုတ်ထွက်ဖို့ မတင်ခင်မှာဘဲ အမေရိကန်အစိုးရအဖို့ တောင်အမေရိက တိုက်မှာရှိတဲ့ ရုရှားရဲ့ မဟာဗျူဟာမြောက် မဟာမိတ်ဖြစ်တဲ့ ဗင်နီဇွဲလားနိုင်ငံကို အသံ ထက် ပိုမြန်တဲ့ TU-160 ရုရှားဗုံးကြဲလေယာဉ်နှစ်စီး ဆင်းသက်ခဲ့တဲ့ ဖြစ်စဉ်တစ်ခုဖြစ်ခဲ့ပါတယ်။ လက်ရှိမှာ ဗင်နီဇွဲလားသမ္မတနီကို လပ်စ် မာဒူရိုက သူ့ကိုလုပ်ကြံဖို့ ၊သူ့ရဲ့ ဆိုရှယ်လစ်အစိုးရ ပြုတ်ကျဖို့ ကိုလံဘီယာ နဲ့ဘရာဇီးက ကြံစည်နေပြီး နောက် ကွယ် ကနေ အမေရိကန် အမျိုးသားလုံခြုံရေးအကြံပေး ဂျွန်ဘော်တန်ကညွှန်ကြား
နေ တယ်လို့ ပြင်းပြင်းထန် ထန် စွပ်စွဲနေချိန်လည်း ဖြစ်နေပါတယ်။ TU-160အမျိုးအစား ရုရှား ဗုံးကြဲလေယာဉ် တွေက လောင်စာမဖြည့် ဘဲမိုင် ၇,၅၀၀ ကျော် ပျံသန်းနိုင်ပြီးတာတိုပစ်နျူဒုံးကျည်များ သယ်ဆောင် နိုင်စွမ်းရှိလို့  ဒီလိုအမေရိကန်နိုင်ငံနဲ့ လက်တစ်ကမ်း အကွာအထိ ဆင်းသက်မှုက ရုရှား ရဲ့ ဗြောင်ကျတဲ့ခြိမ်းခြောက်မှု အဖြစ် အမေရိကန်က ယူဆ ပြီး ဒေါသထွက်နေတာပါ။

    ဒီလိုဆင်းသက်မှုကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ခ်ပွန် ပီယိုက သံတမန်ကျင့်ဝတ်နှင့် မညီ ကြောင်း ဝေဖန်ခဲ့ပေမယ့် ရုရှားအစိုးရကတော့ ဒါဟာဘာမှ မဆိုင်ဘူးလို့  ငြင်းဆိုခဲ့ပါတယ်။ ရုရှားအစိုးရလိုပဲ တရုတ်ကလည်း သူနဲ့ သက်ဆိုင်တဲ့ တိဘက်ဒေသ ကို နိုင်ငံခြားသားတွေ ပိုမိုကျယ်ကျယ်ပြန့်ပြန့် လာ ရောက် ခွင့်ပေးဖို့ အမေရိကန်လွှတ်တော်နှစ်ရပ်လုံးက အတည်ပြုခဲ့တဲ့ တိဘက်ဒေသ ဥပဒေကြမ်းနဲ့ပတ်သက်ပြီး  အမေရိကန်ကို အပြစ်တင်ခဲ့ပါတယ်။ ဒီဥပဒေကြမ်းမှာ အမေရိ ကန်သံတမန်တွေ၊ ဂျာနယ်လစ်တွေနဲ့ ခရီးသွားဧည့် သည်တွေကိုပိုမိုပေးဝင်ဖို့နဲ့ တိဗက် ဒေသဆီနိုင် ငံခြားသားတွေ ဝင်ရောက်နေတာကိုဆက်လက်ပိတ်ဆီးထား ဦးမယ်ဆိုရင် ဒီပေါ်လစီအတွက် တာဝန်ရှိ တဲ့ တရုတ်တာဝန်ရှိသူ
တွေ ကိုပိတ်ပင်သွားရေးတို့ ပါဝင်နေပြီး အတည်ပြုပြဋ္ဌာန်းဖို့ အမေရိကန်သမ္မတ ထရမ့်လက်မှတ်ထိုးဖို့သာ ကျန်တော့တဲ့အတွက်  တရုတ်ဘက်က ဒါဟာ ပြည်တွင်းရေးကိုအလွန်အကျွံ ပါဝင် စွက်ဖက် တာလို့  အမေရိကန်လွှတ်တော်အမတ်တွေကို အပြစ်တင်ခဲ့ပါတယ်။ ဒီဥပဒေကြမ်း မပြဋ္ဌာန်းဖြစ်အောင် တရုတ်ဘက်က သမ္မတထရမ့်ကို တိုက်တွန်းထားပေမယ့် အထူးပါမစ်ရရှိမှာသာ သွားရောက်နိုင်တဲ့ တိဘက်ဒေသနဲ့ဆိုင်တဲ့ ဒီဥပဒေကို ထရမ့် ဘာလုပ်မလဲ ၊ဘာတွေ ဆက်ဖြစ်လာ မလဲဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

    ဒီသတင်းတွေက ယခုတစ်ပတ်ဖြစ်ခဲ့တဲ့ သတင်းတွေထဲက  အမေရိကန်လေယာဉ်ပေါ်တွင် ခုံချင်း ကပ်ထိုင်တဲ့အမျိုးသမီးတစ်ဦး ကို မဖွယ်မရာပြခဲ့တဲ့ အိန္ဒိယအမျိုးသား တစ်ဦးကို အမေရိကန် တရားရုံး တစ်ခုက ထောင်ဒဏ် ကိုးနှစ်ချမှတ်ခဲ့တဲ့ သတင်း၊ ကနေဒါနိုင်ငံသားနှစ်ဦးကို အမျိုးသားလုံခြုံရေးကို အန္တရာယ် ပေး နိုင် တဲ့ သံသယနဲ့ တရုတ်က ဖမ်းဆီးစစ်ဆေးနေတဲ့သတင်း၊ မော်လ်ဒိုက် ရဲတပ်ဖွဲ့က သမ္မတဟောင်း အဗ္ဗဒူ လာယာ မင်ကို သမ္မတသက်တမ်း အတွင်း ချုပ်ဆိုခဲ့သောစာချုပ်များကိုစုံစမ်းစစ်ဆေးရန် ဆင့်ခေါ်ခဲ့တဲ့ သတင်း၊ ကုန်တင် ကားကြီး (Lorry) မောင်းနှင်သူများထံမှ စင်ကာပူ တစ်ဒေါ်လာ လာဘ်ငွေရယူခဲ့လို့ တရုတ်ရွှေ့ပြောင်း လုပ်သား နှစ်ဦးကိုစင်ကာပူအစိုးရကစွဲချက်တင်ခဲ့တဲ့သတင်း၊ မလေးရှား ဖွံ့ဖြိုး တိုးတက်ရေးကုမ္ပဏီ (1MDB) ၏ စာရင်းစစ် အစီရင်ခံစာ အပြောင်း အလဲ လုပ်ခဲ့မှုနဲ့ မလေးရှားဝန်ကြီးချုပ်ဟောင်းနာဂျစ်ရာဇက်ကို မလေးရှား အကျင့်ပျက်ခြ စားမှုတိုက်ဖျက်ရေးကော်မရှင် ကဖမ်းဆီး ခဲ့တဲ့ သတင်း၊ နစ်ဆန်ကုမ္ပဏီဥက္ကဋ္ဌဟောင်းကား လို့စ်ဂိုဆန်ကို ဂျပန် အစိုးရရှေ့နေများက ဘဏ္ဍာရေးအလွဲသုံးစားမှုနဲ့ တရားစွဲခဲ့တဲ့ သတင်းတွေ ထဲ စိတ်ဝင်စားစရာကောင်း နေခဲ့ ပါတယ်။

ဟောင်ကောင်မှာ ရွာတဲ့ ငွေမိုး

ဒီတစ်ပတ် သတင်းထူူးသတင်းဆန်းတွေ ထဲ သတိထားစရာဖြစ်ခဲ့ တာက ဟောင်ကောင်မှာ လူတစ် ယောက်က မိုးပျံတိုက်ပေါ်ကနေ ငွေစက္ကူတွေကြဲချတဲ့ အတွက် ဒေသခံတွေငွေအလုအယက်ကောက် ယူခဲ့ရာ ကနေ ကားလမ်းပိတ်ဆို့မှုတွေဖြစ်ခဲ့ပါတယ်။ဟောင်ကောင်ဒေသ မှာရှိတဲ့ ရှမ်ရှူယီပိုခရိုင်ထဲက ဖုခ်ဝါလမ်းမှာ ဒီဇင်ဘာ ၁၅ ရက်က ဖြစ်ခဲ့တာပါ။ ဒီမတိုင်ခင်မှာ လူတစ် ယောက်က facebook လူမှုကွန်ရက်ကနေ မကြာမီအရေးကြီးတဲ့ ဖြစ်ရပ်တစ်ခုဖြစ်တော့ မယ်လို့ ပြောခဲ့ပြီး နောက်မှာ ဖုခ်ဝါလမ်းထဲက အဆောက်အဦး တစ်လုံးပေါ်ကနေ ဒေါ်လာတစ်ရာတန် ဟောင် ကောင်ငွေစက္ကူတွေ ကို ကြဲချခဲ့တာပါ။

ရုပ်သံဖိုင်တွေမှာတော့ ဒေသခံလူအုပ်ကြီးက ငွေစက္ကူတွေကို ကောက်ဖို့ ပျော်ပျော်ရွှင်ရွှင် ပြေးပြေးလွှားလွှား အလုအယက်ကောက်နေတာကို မြင်တွေ့ရပြီး ကားလမ်းတွေ ပိတ်ဆို့မှုဖြစ်ခဲ့ပါတယ်။ဟောင်ကောင် အာ ဏာပိုင်တွေကတော့ ငွေစက္ကူတွေကြဲချတဲ့ လက်သည်ကိုဖော်ထုတ်ဖို့ ကြိုးစားနေသလို စတန်လုပ်တဲ့ ယခု  လုပ်ရပ် ရဲ့ ရည်ရွယ်ချက်ကိုလည်းသိအောင် ကြိုးစားနေတယ် ဆိုပါတယ်။

ဒီသတင်းက သတင်းဖတ်သူတွေ စိတ်ကို စွဲဆောင်နိုင်ခဲ့သလို စိတ်ဝင်စားစရာလည်းကောင်းခဲ့ပါ တယ်။ ယခုတစ်ပတ် အတွင်းဖြစ် ခဲ့တဲ့ အသက်(၁၀၂)နှစ်အရွယ် အဘွားအိုတစ်ဦး မီတာ ၄,၃၀၀မြင့် တဲ့  ဩစတြေးလျ ကောင်းကင်ယံ မှာ လေဟုန်စီးခဲ့တဲ့ သတင်း၊ ဂျာမနီနိုင်ငံ ဝတ်စ်တန်နန်မြို့ DreiMeister ချောကလက်စက်ရုံ မှာသိုလှောင်ကန် ပျက်ပြီး ချောကလက်တွေ စက်ရုံအပြင်ဖက်ကို စီးကျလာလို့ လမ်းတွေကိုနှစ်နာရီကြာ ပိတ် ထားပြီးရှင်းလင်းခဲ့ရတဲ့ သတင်း၊ ကိုလံဘီယာ လွှတ်တော်အစည်းအဝေးထဲ ရုတ်တရက် အပေါ် ကနေ ကြွက် တွေ ပြုတ်ကျလာလို့  လွှတ်တော် အစည်း အဝေး ဖျက်လိုက်ရတဲ့ သတင်းစတဲ့ သတင်းအထူးအဆန်းတွေထဲ မိုးပေါ်ကနေ ပိုက်ဆံကျလာတဲ့ သတင်းက ထူးထူးခြားခြားကွဲထွက်
နေ တဲ့ သတင်း တစ်ပုဒ် ဖြစ်ခဲ့ပါတယ်။

ဝန်ကြီးချုပ်ကို အရှုံးပေးလိုက်ရတဲ့ သမ္မတ

    ယခုတစ်ပတ်နိုင်ငံတကာမှာ ဖြစ်ခဲ့တဲ့ သတင်းတွေထဲ ပဋိပက ္ခ အကြပ်အတည်းတွေထဲမှာ သီရိလင်္ကာ နိုင်ငံရဲ့သမ္မတနဲ့ ဖြုတ်ချခံ ဝန်ကြီးချုပ်ဟောင်းကြား တင်းမာမှုပြဿနာက သီရိလင်္ကာ တရား ရုံးချုပ် က နောက် ဆုံး ဆုံးဖြတ်ချက်နဲ့ အတူ ပြီးဆုံးခဲ့ပါတယ်။
 
    ဒီပြဿနာဟာ ပြီးခဲ့တဲ့အောက်တိုဘာလအတွင်းမှာ ပါလီမန် ကလာမည့်နှစ် ဘတ်ဂျက်အတည်ပြုနိုင် ခြင်းမရှိတာကနေ သမ္မတနဲ့ ဝန်ကြီးချုပ်ကြား အာဏာလွန်ဆွဲပွဲဖြစ်ပွားခဲ့တာပါ။ သီရိလင်္ကာ သမ္မတ မိဿရီပါ လာ သီရိသေနာက ဝန်ကြီးချုပ် ရာနေးဝစ်ခရီမီဆင်းချ် ကို ဖြုတ်ချပြီး လွှတ်တော်ကိုပါဖျက် သိမ်းခဲ့ပါ တယ်။ သီရိလင်္ကာတရားရုံးချုပ် တရားသူကြီးတွေက သမ္မတရဲ့ ဒီလိုလုပ်ရပ်မျိုးဟာ တရားမဝင် ကြောင်း တစ်ညီတစ် ညွတ်တည်း စီရင်ချက်ချထားခဲ့တာပါ။ ဒီနောက် ဝန်ကြီးချုပ်အဖြစ် ယခင် သမ္မတဟောင်း မဟိန္ဒ ရာဂျာပတ်စာ ကို အံအားသင့်ဖွယ် အစားထိုး ခန့်အပ်ခဲ့ရာကနေ သီရိ လင်္ကာ နိုင်ငံရေးအကျပ်အတည်း ပေါ်ပေါက် လာခဲ့ရပြီး အစိုး ရယန္တရားလည်ပတ်မှု ရပ်ဆိုင်းတာတွေ့ကြုံခဲ့ရ ပါ တယ်။

    ဒီဇင်ဘာ ၁၅ ရက်ကကျင်းပတဲ့ ပါလီမန်အစည်းအဝေးမှာ ဝန်ကြီးချုပ်သစ် မဟိန္ဒရာဂျာပတ်စာ အ တွက်လိုအပ်တဲ့ ထောက်ခံမဲ မရတဲ့ အတွက် ပြန်နူတ်ထွက်ပေးရပြီး ယခင်ဝန်ကြီးချုပ်ဟောင်း ရာနေးဝစ်ခရီ မီဆင်းချ်က ဒီဇင်ဘာ ၁၆ ရက်ကျမ်းသစ္စာကျိန်ဆိုကာ ဝန်ကြီးချုပ်ရာထူး တရားဝင်ပြန်လည်ရယူခဲ့ပါတယ်။ သီတင်း ခုနစ် ပတ်ကြာ ဝန်ကြီးချုပ်တာဝန်ယူခဲ့တဲ့ မဟိန္ဒရာဂျာပတ်စာက နိုင်ငံ တည်ငြိမ်ရေးအတွက် နုတ်ထွက် စာ တင်ခဲ့ပါတယ်။ဒါဟာ ဒီမိုကရေစီနိုင်ငံတွေ အတွက် အများစုသဘောကို မလွန်ဆန်နိူ်င်တဲ့ သဘောနဲ့ သမ္မတ တစ်ဦးအနေနဲ့ အာဏာရှင်ဆန်ဆန် စိတ်ထင် သလို လုပ်ပိုင်ခွင့်ကို ကန့်သတ်ထားတဲ့ အခြေခံဥပဒေရဲ့ ခိုင်မာမှု ကို ပြသတဲ့ ပြယုဂ်တစ်ခုဖြစ်ခဲ့ပါတယ်။

    ဒီသတင်းက ယခုတစ်ပတ်အတွင်း နိုင်ငံတကာမှာ ဖြစ်ခဲ့တဲ့ သတင်းတွေဖြစ်တဲ့ ကျူးဘားနိုင်ငံမှာ ဂျူံ ရှားပါးပြတ်လပ်နေလို့ ပေါင်မုန့် အလုံအလောက် မထုတ်လုပ်နိုင်တဲ့ သတင်း၊ ကမ္ဘာ့ဘဏ် ဒုဥက္ကဋ္ဌက မလေးရှား နိုင်ငံမှာ လာမည့်နှစ်များအတွင်း ဖွံ့ဖြိုးပြီး တိုင်းပြည်ဖြစ်လာမယ်လို့ ပြောလိုက်တဲ့ သတင်း၊ကားစုစီးခြင်း (Carpooling) အက်ပလီကေးရှင်းကိုဆန့် ကျင်တဲ့အနေနဲ့ တောင်ကိုရီးယား မှာ တက္ကစီသမားတစ်ဦး ကိုယ့်ကိုယ်ကိုယ် မီးရှို့ ဆန္ဒပြခဲ့တဲ့သတင်း၊ လွန်ခဲ့တဲ့ ရာစုနှစ် တစ်ခုကျော်က အမေရိကန် တပ် ဖွဲ့ဝင် တွေလုယူ သွားတဲ့ ခေါင်းလောင်းသုံးလုံးကို ဖိလစ်ပိုင်နိုင်ငံ ရှိ ၎င်းတို့၏ မူလခရစ်ယာန်ဘုရားကျောင်းသို့  အမေရိကန် က ပြန်လည်ပေးပို့ခဲ့တဲ့ သတင်း၊ နီကာရာဂွာမှာ ရဲတပ် ဖွဲ့ ရုံးချုပ် အပြင်ဘက်မှာ စုဝေးနေတဲ့ အယ်ဒီတာတစ်ဦး အပါအဝင် ဂျာနယ်လစ် ခုနစ်ဦးကို ရဲတပ်ဖွဲ့က နံပါတ် တုတ်များဖြင့် ရိုက်နှက်ခဲ့ တဲ့သတင်းစတဲ့ သတင်းတွေ ဖြစ်ခဲ့ပါတယ်။

ပြင်သစ်အဝါရောင်တော်လှန်ရေး

    လောင်စာခွန် တိုးမြှင့်တာနဲ့ နေထိုင်စရိတ် ကြီးလေးတာကနေ စတင်ခဲ့တဲ့ ဒီဆန္ဒပြမှုတွေဟာ ပြီးခဲ့တဲ့ သီတင်းပတ်တွေမှာ ဆူပူ အကြမ်းဖက်မှုအသွင်ထိ ဖြစ်ပွားပြီး ပြင်သစ်နိူင်ငံတစ်ဝန်းက မြို့တွေမှာမီးရှို့တာ၊လုယက်ဖျက်ဆီးတာ၊ရဲတွေနဲ့ထိပ်တိုက်တွေ့တာတွေအထိ ဖြစ်ပွားနေသလို ပြင်သစ်အစိုးရက အိမ်မှာပဲ နေဖို့ တိုက်တွန်းထားတာကို အာခံဖီဆန်ပြီး ရှောင်းမီလီစေးရိပ်သာ လမ်းမကြီးမှာ သီတင်းငါးပတ်မြောက် ဆန္ဒပြပွဲအတွက် စုရုံးခဲ့ကြ ပါတယ်။ အကျီဝါလှုပ်ရှားမှုကို ရပ်တန့်ဖို့အတွက် ပြင်သစ်သမ္မတ မက်ကရွန်ဟာ အနည်းဆုံး လုပ်အားခ သတ်မှတ်နှုန်းထားကို တစ်လလျှင်  ၁၁၄ အမေရိကန်ဒေါ်လာခန့် တိုးမြှင့်ခဲ့ပြီး အချိန်ပို အလုပ် လုပ်ချိန်နှင့် ပင်စင်အခွန်တွေလျှော့ချသွားမယ်လို့ ထုတ်ပြန် ကြေညာတာကနေ  တစ်လနီးပါးကြာမြင့်နေတဲ့ အကြမ်းဖက် ဆန္ဒပြမှုတွေကိုတားဆီးရန် ကြိုးပမ်းအား ထုတ်ခဲ့ ပါတယ်။

အကြမ်းဖက်မှုအပေါ် ဖြစ်စက  ပြင်းထန်စွာ အပြစ်တင်ခဲ့ပေမယ့် ပြည်သူတွေ ပါဝင်မှု များလာသလို သူရဲ့ အစိုးရအဖွဲ့တည်ငြိမ်မှုကိုပါ လှုပ်ခတ်လာစေတဲ့ ဒီအကျီအဝါရောင်ဝတ်လှုပ်ရှားမှုကို ထိန်းချုပ်ဖို့ စကား ပြောင်း ပြောလာခဲ့ပါတယ်။ မက်ခရွှန်က ပြည်သူများ ဒေါသ ထွက်ခွင့်ရှိကြောင်းပြောကြားခဲ့သလို ပြည်သူလူထု လိုအပ်ချက် များကို ဖြည့်ဆည်းပေးရန်အတွက်  နိုင်ငံစီးပွားရေးနှင့် လူမှုရေးဆိုင် ရာ အရေးပေါ်အခြေအနေ ကြေညာလိုကြောင်းလည်းပြောခဲ့ ပါတယ်။

    စကားမဆင်မခြင်ပြောလေ့ရှိတဲ့ ပြင်သစ်သမ္မတမက်ခရွန်ကို ပြင်သစ်ပြည်သူတွေက သဘောကျခြင်း မရှိပေမယ့် ဥရောပကတော့ ဂျာမနီအဓိပတိမာကယ်နောက်ပိုင်း ဥရောပခေါင်ေးဆာင်သစ်အဖြစ် ရှုမြင်ထား ကြတာဖြစ်ပါတယ်။ တစ်လခန့်ကြာတဲ့ အကျီဝါဆန္ဒပြမှု အတွင်း ဆန္ဒပြသူများက အခြား အခွန်များကို ဖျက်သိမ်း ရန်၊ အနည်းဆုံးလုပ်အားခကို တိုးမြှင့်ပေးရန်နှင့် မက်ကရွန်ကို ရာထူးမှ နုတ်ထွက်ရန် တောင်း ဆိုခဲ့ကြပါတယ်။ ဒီအတွက် ရာထူးလှုပ်လာတဲ့ ပြင်သစ်သမ္မတက သူသဘောဆန္ဒနဲ့ ဆန့်ကျင်ပြီး ဆန္ဒပြမှုတွေ ထိန်းချုပ်နိုင်ဖို့ အတွက် ပြည်တွင်း နိုင်ငံရေးသမားတွေ၊ အဖွဲ့အစည်း
တွေ၊ စီးပွားရေးခေါင်းဆောင်တွေနဲ့  လေးနာရီကြာ အချိန် ယူပြီး ပွင့်ပွင့်လင်းလင်းပြောဆိုချက်များကို နားထောင်ဆွေးနွေးခဲ့ပါတယ်။

    လက်ရှိအချိန်အထိတော့ ဒီပြဿနာက မပြေလည်သေးပါဘူး။ ဒီပြဿနာကိုမဖြေရှင်းနိုင်ရင် မက်ကရွန် အနေနဲ့ ရာထူးကနေ နူတ်ထွက်ရမလား၊ အယုံအကြည်မရှိအဆိူအတင်ခံရပြီး မဲခွဲခံရ မလားဆိုတာတွေ ဖြစ်လာ နိုင်တဲ့အတွက် ပြင်သစ်နိုင်ငံရေးတဖြစ်လဲ ဥရောပရဲ့ အနာဂတ်ခေါင်းဆောင်အပြောင်းအလဲကို မကြာခင် မြင်တွေ့ရဖွယ်ရှိနေပါတယ်။

    ဗြိတိန်ဝန်ကြီး ချုပ် ထရီဆာမေကတော့ ပြင်သစ်သမ္မတလို မဟုတ်ဘဲ  ဥရောပသမဂ္ဂကနေ ဗြိတိန် ထွက်ခွာရေး သဘောတူ ညီချက်ကို ပါလီမန်က ပယ်ချနိုင်တဲ့အခြေအနေကြောင့်  အစိုးရ အဖွဲ့ပြုတ်ကျနိုင်တဲ့ အရေးကို ကြုံတွေ့နေရပါတယ်။ လက်ရှိမှာ Brexitကိုဆန့် ကျင်သူများ၊ ထောက်ခံသူများအပြိုင် ဆန္ဒပြနေ တာကို လန်ဒန်မြို့မှာ မြင်တွေ့နေရပါတယ်။

    ဥရောပနိုင်ငံတစ်ခုဖြစ်တဲ့ အီတလီမှာတော့ လူထောင်ပေါင်း များစွာက ရွှေ့ပြောင်းနေထိုင်မှု ဆန့်ကျင် ရေး ဥပဒေသစ်ကို ကန့်ကွတ်တဲ့အနေနဲ့ ရောမမြို့မှာအဝါရောင်ကုတ် အင်္ကျီများ ဝတ်ဆင်ကာ အလံ များ ဝှေ့ယမ်းပြီးဆန္ဒပြခဲ့ပါတယ်။အာဖရိကကနေ မြေထဲပင်လယ်ကို ဖြတ်ကျော်ပြီး ဝင်ရောက်လာတဲ့ ရွှေ့ပြောင်း နေထိုင် သူများအတွက် ဥရောပသို့ အဓိကဝင် ပေါက် ဖြစ်လာ အီတလီမှာ အသစ်ရောက်ရှိလာ သူများ ကို နှင်ထုတ်ရေးပိုမို လွယ်ကူအောင် လုပ်ဆောင်ထား ဒီဥပဒေကို ဆန့်ကျင်ကြတာပါ။

    ဒီသတင်းတွေက ယခုတစ်ပတ်ဖြစ်ပွားခဲ့တဲ့ ကိုဆိုဗိုပါလီမန်က ကိုဆိုဗိုအမျိုးသားစစ်တပ်ဖွဲ့စည်းထူ ထောင်သွားရေး ဥပဒေကို အတည်ပြု လိုက်တဲ့ သတင်း၊ ရုရှားသမ္မတဗလာဒီမာပူတင်က ရက်ပ်ဂီတကို ပိတ်မယ့် အစား အစိုးရက ဦးဆောင်ပြီးအားပေး အားမြှောက် လုပ်သင့်တယ်လို့ ပြောလိုက်တဲ့ သတင်း၊ ရုရှားလောင်း ရိပ် က နေ သမိုင်းဝင်ခွဲထွက်မှုအဖြစ် နိုင်ငံတော်ဘုရားကျောင်းသစ် အကြီးအကဲကို ယူကရိန်းအစိုးရက ခန့်အပ်ခဲ့တဲ့ သတင်း၊ အင်ဒိုနီးရှားနိူင်ငံ၊ ဘာလီကျွန်းမှာ မူးယစ်ဆေးလက်ဝယ်တွေ့ရှိမှုနဲ့ ဂျာမန်လူမျိုး၊ ပီရူးလူမျိုး၊ ဗြိတိသျှလူမျိုး၊ မလေးရှားလူမျိုးနဲ့ တရုတ် လူမျိုး စုစုပေါင်း  ၅ ဦးကို ဖမ်းဆီးထားတဲ့ သတင်း၊ အစ္စရေးနိုင်ငံမှာ ပါလက်စတိုင်း အကြမ်းဖက် သမားတွေ ပစ်ခတ်လို့ ကိုယ်ဝန်သည် တစ်ဦးထိမှန်ကာ ဝမ်းထဲကလေးငယ် သေဆုံးခဲ့ရတဲ့ သတင်း ၊ အစ္စရေးအခြေချနေထိုင်သူနှစ်ဦးကိုပစ်သတ်တဲ့ ပါလက်စတိုင်းတစ်ဦး ကို အစ္စရေးစစ်တပ်က ပစ်သတ်ခဲ့တဲ့ သတင်း၊ အီရန်ထောက်ခံတဲ့ ဟူသီသူပုန်တပ် နဲ့ ဆော်ဒီထောက်ခံတဲ့ ယီမင်အစိုးရ တပ်တွေဆုတ် ခွာပြီး ယီမင်နိုင်ငံဟိုဒိုင်ဒက်ဆိပ်ကမ်းမြို့ကို  ကြားခံအဖွဲ့အောက်မှာ ထားဖို့ ကုလသမဂ္ဂ က အဆိုပြုခဲ့တဲ့သတင်း၊ အိုင်အက်စ်အဖွဲ့၏ ဗဟိုစင်တာဖြစ်တဲ့ ဆီးရီးယားနိုင်ငံ ဂျင်းမြို့ရှိဗလီတစ် ခုကို အမေရိကန် ဦးဆောင်တဲ့ ညွန့် ပေါင်းတပ်ဖွဲ့က ဖျက်ဆီးခဲ့တဲ့ သတင်း
တွေ နည်းတူ နိူင်ငံတကာသတင်းဖတ်သူတွေကို စိတ်ဝင်စားအောင် ဖမ်းစားခဲ့တယ်ဆိုတာတင်ပြရင်း ယခုတစ်ပတ် သတင်းသုံးသပ်ချက် ကို ဒီမှာဘဲ ရပ်လိုက်ချင်ပါတယ်။

မင်းထက်

    (   Zawgyi   )

 ယခုတစ္ပတ္ႏိုင္ငံတကာသတင္းေတြထဲအမ်ားအာ႐ုံစိုက္မိတဲ့သတင္းအခ်ိဳ႕ရွိခဲ့ပါတယ္။ ထုံစံအတိုင္း တိုက္ခိုက္မႈေတြ၊ မေတ္တဆ မႈေတြ က အမ်ားအာ႐ုံစိုက္စရာသတင္းေတြအျဖစ္ တူရကီမွာ အျမန္ရထားႏွစ္စင္း လမ္းေၾကာင္းတစ္ခုထဲ တိုက္မိလို႔ လူ ၉ ဦးေသ ဆုံးၿပီး ၄၇ ဦးဒဏ္ရာရခဲ့တဲ့ သတင္း၊ အေမရိကန္ႏိုင္ငံ ကာလီဖိုးနီး ယား ျပည္နယ္ရွိFacebook ကုမၸဏီ ဝင္း အတြင္း ဗုံးလန႔္မႈ ျဖစ္ပြား တဲ့ သတင္း၊ ျပင္သစ္ႏိုင္ငံစရက္စ္ ေဘာ့ဂ္ ၿမိဳ႕ ခရစၥမတ္ေဈးထဲ အၾကမ္းဖက္သမားတစ္ဦးပစ္ခတ္လို႔ ၃ ဦးေသဆုံးၿပီး အမ်ားအျပား ဒဏ္ရာရွိတဲ့ သတင္း၊ စရက္စ္ေဘာ့ဂ္ပစ္ခတ္မႈ တရားခံေသနတ္ သမားကို ျပင္သစ္ရဲတပ္ဖြဲ႕ အေသပစ္ခတ္ဖမ္းဆီးရမိတဲ့ သတင္း စတဲ့ သတင္းေတြ အာ႐ုံစိုက္စရာျဖစ္ခဲ့ပါတယ္။

ဒီသတင္းေတြက ယခုတစ္ပတ္မွာ စိတ္ဝင္စားစရာျဖစ္ခဲ့ေပမယ့္ အထူးသျဖင့္ သမၼတအမိန္နဲ႔ ျဖဳတ္ထား တဲ့ ဝန္ႀကီးခ်ဳပ္ကိုသီရိလကၤာလႊတ္ေတာ္က ျပန္ခန႔္တဲ့ သတင္း၊ ျပင္သစ္မွာ ဆႏၵျပမႈအရွိန္ အဟုန္ျမင့္တက္ လာတဲ့ အဝါေရာင္ဆႏၵျပမႈသတင္းနဲ႔ အေမရိကန္ျပည္ထဲေရး ဝန္ႀကီး ႐ုတ္တရက္ႏုတ္ထြက္တဲ့ သတင္းေတြက ယခု တစ္ပတ္ရဲ႕ Headline သတင္းေတြ ျဖစ္ခဲ့ပါတယ္။

႐ုရွားနဲ႔ အေမရိကန္ၾကားက ဗင္နီဇြဲလား

    ယခုႏွစ္ကုန္မွာ ႏူတ္ထြက္မယ္လို႔ ဆိုင္းမဆင့္ ဗုံမဆင့္ ေၾကျငာလိုက္တဲ့ အေမရိကန္ျပည္ထဲေရးဝန္ ႀကီး ႐ိုင္ယန္ဇင္ကီေၾကာင့္ ထရမ့္ ဦးေဆာင္တဲ့ အစိုးရအဖြဲ႕ထဲ ႏူတ္ထြက္တဲ့ စာရင္းက ပိုမ်ား လာခဲ့ပါတယ္။ ေ၀ ဖန္မႈေတြထဲမွာ အေမရိကန္လႊတ္ေတာ္ ကိုယ္စားလွယ္ေတြ ရဲ႕အသံက ပိုမ်ားခဲ့ပါ တယ္။ အထူးသျဖင့္ ႐ိုင္ ယန္ ဇင္ကီ အေမရိကန္ျပည္ထဲေရးဝန္ႀကီးတာဝန္ကိုယူခဲ့တဲ့ ကာလ အတြင္း ေျပာစရာကိစၥေတြ အမ်ားႀကီး ျဖစ္ခဲ့ သလို စီးပြားေရးသမား သမၼတထရမ့္အႀကိဳက္ ေရနံတူးျခင္းႏွင့္ ေက်ာက္မီးေသြးမိုင္းလုပ္ငန္း မ်ားကို အား ေပးခဲ့ၿပီးအိုဘားမားလက္ထက္ကခ်မွတ္ခဲ့ေသာသဘာဝ ပတ္ဝန္းက်င္ ကာကြယ္ေရးအရံအတားမ်ားကို ဖယ္ရွား ပစ္ခဲ့လို႔ သဘာဝပတ္ဝန္းက်င္ကို အေလးထားတဲ့ အေမရိကန္ပညာတတ္ အသိုင္းအဝိုင္းရဲ႕ မႏွစ္မ်ိဳ႕ျခင္း ကို လည္း ခံခဲ့ရသူျဖစ္ပါတယ္။

    ဒါေပမယ့္ အေမရိကန္သမၼတထရမ့္ကေတာ့ ၎ကိုင္တြယ္ စဥ္ ျပည္ထဲေရးဌာန၌ ေအာင္ျမင္မႈအမ်ား အျပားရရွိခဲ့တယ္လို႔ခ်ီးက်ဴး ခဲ့သလို လာမည့္ ရက္သတၱပတ္ထဲ ျပည္ထဲေရးဝန္ႀကီး ခန႔္အပ္ မယ္ လို႔ ေျပာခဲ့ပါ တယ္။ လက္ရွိမွာ ျပည္ထဲေရးဝန္ႀကီး ဇင္ကီအေနနဲ႔ မြန္တာနားျပည္နယ္ထဲက ေျမအေရာင္းအဝယ္ ကိစၥအပါအဝင္ က်င့္ဝတ္ခ်ိဳးေဖာက္ျခင္းစြပ္စြဲခ်က္အမ်ားအျပားႏွင့္ ရင္ဆိုင္ေနရတဲ့ အတြက္ ထရမ့္အစိုးရအတြက္ နာမည္ပ်က္စရာပါဘဲ။ မၾကာခင္ ကလည္း ေ႐ြးေကာက္ပြဲနဲ႔ပက္သက္တဲ့ သူေတြကို ေထာင္ခ်ခံခဲ့ ရတာ လည္းရွိတဲ့ အ တြက္ ထရမ့္အတြက္ အစိုးရအဖြဲ႕ဝင္ေတြ မၾကာခဏဒီလိုႏုတ္ထြက္ျခင္းက ၾကာလာရင္ ျပႆနာရွိလာဖို႔ မ်ားေနသလို ကုလဆိုင္ရာ အေမရိကန္သံအမတ္နစ္ကီဟာေလ လည္း ဒီႏွစ္ကုန္မွာ ႏုတ္ထြက္မွာ ျဖစ္တဲ့ အ တြက္ ထရမ့္အစိုးရ အားေပ်ာ့သြားဖို႔ မ်ားေနပါတယ္။

    အေမရိကန္ျပည္ထဲေရးဝန္ႀကီးႏုတ္ထြက္ဖို႔ မတင္ခင္မွာဘဲ အေမရိကန္အစိုးရအဖို႔ ေတာင္အေမရိက တိုက္မွာရွိတဲ့ ႐ုရွားရဲ႕ မဟာဗ်ဴဟာေျမာက္ မဟာမိတ္ျဖစ္တဲ့ ဗင္နီဇြဲလားႏိုင္ငံကို အသံ ထက္ ပိုျမန္တဲ့ TU-160 ႐ုရွားဗုံးႀကဲေလယာဥ္ႏွစ္စီး ဆင္းသက္ခဲ့တဲ့ ျဖစ္စဥ္တစ္ခုျဖစ္ခဲ့ပါတယ္။ လက္ရွိမွာ ဗင္နီဇြဲလားသမၼတနီကို လပ္စ္ မာဒူ႐ိုက သူ႔ကိုလုပ္ႀကံဖို႔ ၊သူ႔ရဲ႕ ဆိုရွယ္လစ္အစိုးရ ျပဳတ္က်ဖို႔ ကိုလံဘီယာ နဲ႔ဘရာဇီးက ႀကံစည္ေနၿပီး ေနာက္ ကြယ္ ကေန အေမရိကန္ အမ်ိဳးသားလုံၿခဳံေရးအႀကံေပး ဂြၽန္ေဘာ္တန္ကၫႊန္ၾကား
ေန တယ္လို႔ ျပင္းျပင္းထန္ ထန္ စြပ္စြဲေနခ်ိန္လည္း ျဖစ္ေနပါတယ္။ TU-160အမ်ိဳးအစား ႐ုရွား ဗုံးႀကဲေလယာဥ္ ေတြက ေလာင္စာမျဖည့္ ဘဲမိုင္ ၇,၅၀၀ ေက်ာ္ ပ်ံသန္းႏိုင္ၿပီးတာတိုပစ္န်ဴဒုံးက်ည္မ်ား သယ္ေဆာင္ ႏိုင္စြမ္းရွိလို႔  ဒီလိုအေမရိကန္ႏိုင္ငံနဲ႔ လက္တစ္ကမ္း အကြာအထိ ဆင္းသက္မႈက ႐ုရွား ရဲ႕ ေျဗာင္က်တဲ့ၿခိမ္းေျခာက္မႈ အျဖစ္ အေမရိကန္က ယူဆ ၿပီး ေဒါသထြက္ေနတာပါ။

    ဒီလိုဆင္းသက္မႈကို အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီး မိုက္ခ္ပြန္ ပီယိုက သံတမန္က်င့္ဝတ္ႏွင့္ မညီ ေၾကာင္း ေဝဖန္ခဲ့ေပမယ့္ ႐ုရွားအစိုးရကေတာ့ ဒါဟာဘာမွ မဆိုင္ဘူးလို႔  ျငင္းဆိုခဲ့ပါတယ္။ ႐ုရွားအစိုးရလိုပဲ တ႐ုတ္ကလည္း သူနဲ႔ သက္ဆိုင္တဲ့ တိဘက္ေဒသ ကို ႏိုင္ငံျခားသားေတြ ပိုမိုက်ယ္က်ယ္ျပန႔္ျပန႔္ လာ ေရာက္ ခြင့္ေပးဖို႔ အေမရိကန္လႊတ္ေတာ္ႏွစ္ရပ္လုံးက အတည္ျပဳခဲ့တဲ့ တိဘက္ေဒသ ဥပေဒၾကမ္းနဲ႔ပတ္သက္ၿပီး  အေမရိကန္ကို အျပစ္တင္ခဲ့ပါတယ္။ ဒီဥပေဒၾကမ္းမွာ အေမရိ ကန္သံတမန္ေတြ၊ ဂ်ာနယ္လစ္ေတြနဲ႔ ခရီးသြားဧည့္ သည္ေတြကိုပိုမိုေပးဝင္ဖို႔နဲ႔ တိဗက္ ေဒသဆီႏိုင္ ငံျခားသားေတြ ဝင္ေရာက္ေနတာကိုဆက္လက္ပိတ္ဆီးထား ဦးမယ္ဆိုရင္ ဒီေပၚလစီအတြက္ တာဝန္ရွိ တဲ့ တ႐ုတ္တာဝန္ရွိသူ
ေတြ ကိုပိတ္ပင္သြားေရးတို႔ ပါဝင္ေနၿပီး အတည္ျပဳျပ႒ာန္းဖို႔ အေမရိကန္သမၼတ ထရမ့္လက္မွတ္ထိုးဖို႔သာ က်န္ေတာ့တဲ့အတြက္  တ႐ုတ္ဘက္က ဒါဟာ ျပည္တြင္းေရးကိုအလြန္အကြၽံ ပါဝင္ စြက္ဖက္ တာလို႔  အေမရိကန္လႊတ္ေတာ္အမတ္ေတြကို အျပစ္တင္ခဲ့ပါတယ္။ ဒီဥပေဒၾကမ္း မျပ႒ာန္းျဖစ္ေအာင္ တ႐ုတ္ဘက္က သမၼတထရမ့္ကို တိုက္တြန္းထားေပမယ့္ အထူးပါမစ္ရရွိမွာသာ သြားေရာက္ႏိုင္တဲ့ တိဘက္ေဒသနဲ႔ဆိုင္တဲ့ ဒီဥပေဒကို ထရမ့္ ဘာလုပ္မလဲ ၊ဘာေတြ ဆက္ျဖစ္လာ မလဲဆိုတာ ေစာင့္ၾကည့္ရမွာ ျဖစ္ပါတယ္။

    ဒီသတင္းေတြက ယခုတစ္ပတ္ျဖစ္ခဲ့တဲ့ သတင္းေတြထဲက  အေမရိကန္ေလယာဥ္ေပၚတြင္ ခုံခ်င္း ကပ္ထိုင္တဲ့အမ်ိဳးသမီးတစ္ဦး ကို မဖြယ္မရာျပခဲ့တဲ့ အိႏၵိယအမ်ိဳးသား တစ္ဦးကို အေမရိကန္ တရား႐ုံး တစ္ခုက ေထာင္ဒဏ္ ကိုးႏွစ္ခ်မွတ္ခဲ့တဲ့ သတင္း၊ ကေနဒါႏိုင္ငံသားႏွစ္ဦးကို အမ်ိဳးသားလုံၿခဳံေရးကို အႏၲရာယ္ ေပး ႏိုင္ တဲ့ သံသယနဲ႔ တ႐ုတ္က ဖမ္းဆီးစစ္ေဆးေနတဲ့သတင္း၊ ေမာ္လ္ဒိုက္ ရဲတပ္ဖြဲ႕က သမၼတေဟာင္း အဗၺဒူ လာယာ မင္ကို သမၼတသက္တမ္း အတြင္း ခ်ဳပ္ဆိုခဲ့ေသာစာခ်ဳပ္မ်ားကိုစုံစမ္းစစ္ေဆးရန္ ဆင့္ေခၚခဲ့တဲ့ သတင္း၊ ကုန္တင္ ကားႀကီး (Lorry) ေမာင္းႏွင္သူမ်ားထံမွ စင္ကာပူ တစ္ေဒၚလာ လာဘ္ေငြရယူခဲ့လို႔ တ႐ုတ္ေ႐ႊ႕ေျပာင္း လုပ္သား ႏွစ္ဦးကိုစင္ကာပူအစိုးရကစြဲခ်က္တင္ခဲ့တဲ့သတင္း၊ မေလးရွား ဖြံ႕ၿဖိဳး တိုးတက္ေရးကုမၸဏီ (1MDB) ၏ စာရင္းစစ္ အစီရင္ခံစာ အေျပာင္း အလဲ လုပ္ခဲ့မႈနဲ႔ မေလးရွားဝန္ႀကီးခ်ဳပ္ေဟာင္းနာဂ်စ္ရာဇက္ကို မေလးရွား အက်င့္ပ်က္ျခ စားမႈတိုက္ဖ်က္ေရးေကာ္မရွင္ ကဖမ္းဆီး ခဲ့တဲ့ သတင္း၊ နစ္ဆန္ကုမၸဏီဥကၠ႒ေဟာင္းကား လို႔စ္ဂိုဆန္ကို ဂ်ပန္ အစိုးရေရွ႕ေနမ်ားက ဘ႑ာေရးအလြဲသုံးစားမႈနဲ႔ တရားစြဲခဲ့တဲ့ သတင္းေတြ ထဲ စိတ္ဝင္စားစရာေကာင္း ေနခဲ့ ပါတယ္။

ေဟာင္ေကာင္မွာ ႐ြာတဲ့ ေငြမိုး

ဒီတစ္ပတ္ သတင္းထူူးသတင္းဆန္းေတြ ထဲ သတိထားစရာျဖစ္ခဲ့ တာက ေဟာင္ေကာင္မွာ လူတစ္ ေယာက္က မိုးပ်ံတိုက္ေပၚကေန ေငြစကၠဴေတြႀကဲခ်တဲ့ အတြက္ ေဒသခံေတြေငြအလုအယက္ေကာက္ ယူခဲ့ရာ ကေန ကားလမ္းပိတ္ဆို႔မႈေတြျဖစ္ခဲ့ပါတယ္။ေဟာင္ေကာင္ေဒသ မွာရွိတဲ့ ရွမ္ရွဴယီပိုခ႐ိုင္ထဲက ဖုခ္ဝါလမ္းမွာ ဒီဇင္ဘာ ၁၅ ရက္က ျဖစ္ခဲ့တာပါ။ ဒီမတိုင္ခင္မွာ လူတစ္ ေယာက္က facebook လူမႈကြန္ရက္ကေန မၾကာမီအေရးႀကီးတဲ့ ျဖစ္ရပ္တစ္ခုျဖစ္ေတာ့ မယ္လို႔ ေျပာခဲ့ၿပီး ေနာက္မွာ ဖုခ္ဝါလမ္းထဲက အေဆာက္အဦး တစ္လုံးေပၚကေန ေဒၚလာတစ္ရာတန္ ေဟာင္ ေကာင္ေငြစကၠဴေတြ ကို ႀကဲခ်ခဲ့တာပါ။

႐ုပ္သံဖိုင္ေတြမွာေတာ့ ေဒသခံလူအုပ္ႀကီးက ေငြစကၠဴေတြကို ေကာက္ဖို႔ ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ ေျပးေျပးလႊားလႊား အလုအယက္ေကာက္ေနတာကို ျမင္ေတြ႕ရၿပီး ကားလမ္းေတြ ပိတ္ဆို႔မႈျဖစ္ခဲ့ပါတယ္။ေဟာင္ေကာင္ အာ ဏာပိုင္ေတြကေတာ့ ေငြစကၠဴေတြႀကဲခ်တဲ့ လက္သည္ကိုေဖာ္ထုတ္ဖို႔ ႀကိဳးစားေနသလို စတန္လုပ္တဲ့ ယခု  လုပ္ရပ္ ရဲ႕ ရည္႐ြယ္ခ်က္ကိုလည္းသိေအာင္ ႀကိဳးစားေနတယ္ ဆိုပါတယ္။

ဒီသတင္းက သတင္းဖတ္သူေတြ စိတ္ကို စြဲေဆာင္ႏိုင္ခဲ့သလို စိတ္ဝင္စားစရာလည္းေကာင္းခဲ့ပါ တယ္။ ယခုတစ္ပတ္ အတြင္းျဖစ္ ခဲ့တဲ့ အသက္(၁၀၂)ႏွစ္အ႐ြယ္ အဘြားအိုတစ္ဦး မီတာ ၄,၃၀၀ျမင့္ တဲ့  ဩစေၾတးလ် ေကာင္းကင္ယံ မွာ ေလဟုန္စီးခဲ့တဲ့ သတင္း၊ ဂ်ာမနီႏိုင္ငံ ဝတ္စ္တန္နန္ၿမိဳ႕ DreiMeister ေခ်ာကလက္စက္႐ုံ မွာသိုေလွာင္ကန္ ပ်က္ၿပီး ေခ်ာကလက္ေတြ စက္႐ုံအျပင္ဖက္ကို စီးက်လာလို႔ လမ္းေတြကိုႏွစ္နာရီၾကာ ပိတ္ ထားၿပီးရွင္းလင္းခဲ့ရတဲ့ သတင္း၊ ကိုလံဘီယာ လႊတ္ေတာ္အစည္းအေဝးထဲ ႐ုတ္တရက္ အေပၚ ကေန ႂကြက္ ေတြ ျပဳတ္က်လာလို႔  လႊတ္ေတာ္ အစည္း အေဝး ဖ်က္လိုက္ရတဲ့ သတင္းစတဲ့ သတင္းအထူးအဆန္းေတြထဲ မိုးေပၚကေန ပိုက္ဆံက်လာတဲ့ သတင္းက ထူးထူးျခားျခားကြဲထြက္
ေန တဲ့ သတင္း တစ္ပုဒ္ ျဖစ္ခဲ့ပါတယ္။

ဝန္ႀကီးခ်ဳပ္ကို အရႈံးေပးလိုက္ရတဲ့ သမၼတ

    ယခုတစ္ပတ္ႏိုင္ငံတကာမွာ ျဖစ္ခဲ့တဲ့ သတင္းေတြထဲ ပဋိပက ၡ အၾကပ္အတည္းေတြထဲမွာ သီရိလကၤာ ႏိုင္ငံရဲ႕သမၼတနဲ႔ ျဖဳတ္ခ်ခံ ဝန္ႀကီးခ်ဳပ္ေဟာင္းၾကား တင္းမာမႈျပႆနာက သီရိလကၤာ တရား ႐ုံးခ်ဳပ္ က ေနာက္ ဆုံး ဆုံးျဖတ္ခ်က္နဲ႔ အတူ ၿပီးဆုံးခဲ့ပါတယ္။
 
    ဒီျပႆနာဟာ ၿပီးခဲ့တဲ့ေအာက္တိုဘာလအတြင္းမွာ ပါလီမန္ ကလာမည့္ႏွစ္ ဘတ္ဂ်က္အတည္ျပဳႏိုင္ ျခင္းမရွိတာကေန သမၼတနဲ႔ ဝန္ႀကီးခ်ဳပ္ၾကား အာဏာလြန္ဆြဲပြဲျဖစ္ပြားခဲ့တာပါ။ သီရိလကၤာ သမၼတ မိႆရီပါ လာ သီရိေသနာက ဝန္ႀကီးခ်ဳပ္ ရာေနးဝစ္ခရီမီဆင္းခ်္ ကို ျဖဳတ္ခ်ၿပီး လႊတ္ေတာ္ကိုပါဖ်က္ သိမ္းခဲ့ပါ တယ္။ သီရိလကၤာတရား႐ုံးခ်ဳပ္ တရားသူႀကီးေတြက သမၼတရဲ႕ ဒီလိုလုပ္ရပ္မ်ိဳးဟာ တရားမဝင္ ေၾကာင္း တစ္ညီတစ္ ၫြတ္တည္း စီရင္ခ်က္ခ်ထားခဲ့တာပါ။ ဒီေနာက္ ဝန္ႀကီးခ်ဳပ္အျဖစ္ ယခင္ သမၼတေဟာင္း မဟိႏၵ ရာဂ်ာပတ္စာ ကို အံအားသင့္ဖြယ္ အစားထိုး ခန႔္အပ္ခဲ့ရာကေန သီရိ လကၤာ ႏိုင္ငံေရးအက်ပ္အတည္း ေပၚေပါက္ လာခဲ့ရၿပီး အစိုး ရယႏၲရားလည္ပတ္မႈ ရပ္ဆိုင္းတာေတြ႕ႀကဳံခဲ့ရ ပါ တယ္။

    ဒီဇင္ဘာ ၁၅ ရက္ကက်င္းပတဲ့ ပါလီမန္အစည္းအေဝးမွာ ဝန္ႀကီးခ်ဳပ္သစ္ မဟိႏၵရာဂ်ာပတ္စာ အ တြက္လိုအပ္တဲ့ ေထာက္ခံမဲ မရတဲ့ အတြက္ ျပန္ႏူတ္ထြက္ေပးရၿပီး ယခင္ဝန္ႀကီးခ်ဳပ္ေဟာင္း ရာေနးဝစ္ခရီ မီဆင္းခ်္က ဒီဇင္ဘာ ၁၆ ရက္က်မ္းသစၥာက်ိန္ဆိုကာ ဝန္ႀကီးခ်ဳပ္ရာထူး တရားဝင္ျပန္လည္ရယူခဲ့ပါတယ္။ သီတင္း ခုနစ္ ပတ္ၾကာ ဝန္ႀကီးခ်ဳပ္တာဝန္ယူခဲ့တဲ့ မဟိႏၵရာဂ်ာပတ္စာက ႏိုင္ငံ တည္ၿငိမ္ေရးအတြက္ ႏုတ္ထြက္ စာ တင္ခဲ့ပါတယ္။ဒါဟာ ဒီမိုကေရစီႏိုင္ငံေတြ အတြက္ အမ်ားစုသေဘာကို မလြန္ဆန္ႏိူ္င္တဲ့ သေဘာနဲ႔ သမၼတ တစ္ဦးအေနနဲ႔ အာဏာရွင္ဆန္ဆန္ စိတ္ထင္ သလို လုပ္ပိုင္ခြင့္ကို ကန႔္သတ္ထားတဲ့ အေျခခံဥပေဒရဲ႕ ခိုင္မာမႈ ကို ျပသတဲ့ ျပယုဂ္တစ္ခုျဖစ္ခဲ့ပါတယ္။

    ဒီသတင္းက ယခုတစ္ပတ္အတြင္း ႏိုင္ငံတကာမွာ ျဖစ္ခဲ့တဲ့ သတင္းေတြျဖစ္တဲ့ က်ဴးဘားႏိုင္ငံမွာ ဂ်ဴံ ရွားပါးျပတ္လပ္ေနလို႔ ေပါင္မုန႔္ အလုံအေလာက္ မထုတ္လုပ္ႏိုင္တဲ့ သတင္း၊ ကမာၻ႔ဘဏ္ ဒုဥကၠ႒က မေလးရွား ႏိုင္ငံမွာ လာမည့္ႏွစ္မ်ားအတြင္း ဖြံ႕ၿဖိဳးၿပီး တိုင္းျပည္ျဖစ္လာမယ္လို႔ ေျပာလိုက္တဲ့ သတင္း၊ကားစုစီးျခင္း (Carpooling) အက္ပလီေကးရွင္းကိုဆန႔္ က်င္တဲ့အေနနဲ႔ ေတာင္ကိုရီးယား မွာ တကၠစီသမားတစ္ဦး ကိုယ့္ကိုယ္ကိုယ္ မီးရႈိ႕ ဆႏၵျပခဲ့တဲ့သတင္း၊ လြန္ခဲ့တဲ့ ရာစုႏွစ္ တစ္ခုေက်ာ္က အေမရိကန္ တပ္ ဖြဲ႕ဝင္ ေတြလုယူ သြားတဲ့ ေခါင္းေလာင္းသုံးလုံးကို ဖိလစ္ပိုင္ႏိုင္ငံ ရွိ ၎တို႔၏ မူလခရစ္ယာန္ဘုရားေက်ာင္းသို႔  အေမရိကန္ က ျပန္လည္ေပးပို႔ခဲ့တဲ့ သတင္း၊ နီကာရာဂြာမွာ ရဲတပ္ ဖြဲ႕ ႐ုံးခ်ဳပ္ အျပင္ဘက္မွာ စုေဝးေနတဲ့ အယ္ဒီတာတစ္ဦး အပါအဝင္ ဂ်ာနယ္လစ္ ခုနစ္ဦးကို ရဲတပ္ဖြဲ႕က နံပါတ္ တုတ္မ်ားျဖင့္ ႐ိုက္ႏွက္ခဲ့ တဲ့သတင္းစတဲ့ သတင္းေတြ ျဖစ္ခဲ့ပါတယ္။

ျပင္သစ္အဝါေရာင္ေတာ္လွန္ေရး

    ေလာင္စာခြန္ တိုးျမႇင့္တာနဲ႔ ေနထိုင္စရိတ္ ႀကီးေလးတာကေန စတင္ခဲ့တဲ့ ဒီဆႏၵျပမႈေတြဟာ ၿပီးခဲ့တဲ့ သီတင္းပတ္ေတြမွာ ဆူပူ အၾကမ္းဖက္မႈအသြင္ထိ ျဖစ္ပြားၿပီး ျပင္သစ္ႏိူင္ငံတစ္ဝန္းက ၿမိဳ႕ေတြမွာမီးရႈိ႕တာ၊လုယက္ဖ်က္ဆီးတာ၊ရဲေတြနဲ႔ထိပ္တိုက္ေတြ႕တာေတြအထိ ျဖစ္ပြားေနသလို ျပင္သစ္အစိုးရက အိမ္မွာပဲ ေနဖို႔ တိုက္တြန္းထားတာကို အာခံဖီဆန္ၿပီး ေရွာင္းမီလီေစးရိပ္သာ လမ္းမႀကီးမွာ သီတင္းငါးပတ္ေျမာက္ ဆႏၵျပပြဲအတြက္ စု႐ုံးခဲ့ၾက ပါတယ္။ အက်ီဝါလႈပ္ရွားမႈကို ရပ္တန႔္ဖို႔အတြက္ ျပင္သစ္သမၼတ မက္က႐ြန္ဟာ အနည္းဆုံး လုပ္အားခ သတ္မွတ္ႏႈန္းထားကို တစ္လလွ်င္  ၁၁၄ အေမရိကန္ေဒၚလာခန႔္ တိုးျမႇင့္ခဲ့ၿပီး အခ်ိန္ပို အလုပ္ လုပ္ခ်ိန္ႏွင့္ ပင္စင္အခြန္ေတြေလွ်ာ့ခ်သြားမယ္လို႔ ထုတ္ျပန္ ေၾကညာတာကေန  တစ္လနီးပါးၾကာျမင့္ေနတဲ့ အၾကမ္းဖက္ ဆႏၵျပမႈေတြကိုတားဆီးရန္ ႀကိဳးပမ္းအား ထုတ္ခဲ့ ပါတယ္။

အၾကမ္းဖက္မႈအေပၚ ျဖစ္စက  ျပင္းထန္စြာ အျပစ္တင္ခဲ့ေပမယ့္ ျပည္သူေတြ ပါဝင္မႈ မ်ားလာသလို သူရဲ႕ အစိုးရအဖြဲ႕တည္ၿငိမ္မႈကိုပါ လႈပ္ခတ္လာေစတဲ့ ဒီအက်ီအဝါေရာင္ဝတ္လႈပ္ရွားမႈကို ထိန္းခ်ဳပ္ဖို႔ စကား ေျပာင္း ေျပာလာခဲ့ပါတယ္။ မက္ခ႐ႊန္က ျပည္သူမ်ား ေဒါသ ထြက္ခြင့္ရွိေၾကာင္းေျပာၾကားခဲ့သလို ျပည္သူလူထု လိုအပ္ခ်က္ မ်ားကို ျဖည့္ဆည္းေပးရန္အတြက္  ႏိုင္ငံစီးပြားေရးႏွင့္ လူမႈေရးဆိုင္ ရာ အေရးေပၚအေျခအေန ေၾကညာလိုေၾကာင္းလည္းေျပာခဲ့ ပါတယ္။

    စကားမဆင္မျခင္ေျပာေလ့ရွိတဲ့ ျပင္သစ္သမၼတမက္ခ႐ြန္ကို ျပင္သစ္ျပည္သူေတြက သေဘာက်ျခင္း မရွိေပမယ့္ ဥေရာပကေတာ့ ဂ်ာမနီအဓိပတိမာကယ္ေနာက္ပိုင္း ဥေရာပေခါင္ေးဆာင္သစ္အျဖစ္ ရႈျမင္ထား ၾကတာျဖစ္ပါတယ္။ တစ္လခန႔္ၾကာတဲ့ အက်ီဝါဆႏၵျပမႈ အတြင္း ဆႏၵျပသူမ်ားက အျခား အခြန္မ်ားကို ဖ်က္သိမ္း ရန္၊ အနည္းဆုံးလုပ္အားခကို တိုးျမႇင့္ေပးရန္ႏွင့္ မက္က႐ြန္ကို ရာထူးမွ ႏုတ္ထြက္ရန္ ေတာင္း ဆိုခဲ့ၾကပါတယ္။ ဒီအတြက္ ရာထူးလႈပ္လာတဲ့ ျပင္သစ္သမၼတက သူသေဘာဆႏၵနဲ႔ ဆန႔္က်င္ၿပီး ဆႏၵျပမႈေတြ ထိန္းခ်ဳပ္ႏိုင္ဖို႔ အတြက္ ျပည္တြင္း ႏိုင္ငံေရးသမားေတြ၊ အဖြဲ႕အစည္း
ေတြ၊ စီးပြားေရးေခါင္းေဆာင္ေတြနဲ႔  ေလးနာရီၾကာ အခ်ိန္ ယူၿပီး ပြင့္ပြင့္လင္းလင္းေျပာဆိုခ်က္မ်ားကို နားေထာင္ေဆြးေႏြးခဲ့ပါတယ္။

    လက္ရွိအခ်ိန္အထိေတာ့ ဒီျပႆနာက မေျပလည္ေသးပါဘူး။ ဒီျပႆနာကိုမေျဖရွင္းႏိုင္ရင္ မက္က႐ြန္ အေနနဲ႔ ရာထူးကေန ႏူတ္ထြက္ရမလား၊ အယုံအၾကည္မရွိအဆိူအတင္ခံရၿပီး မဲခြဲခံရ မလားဆိုတာေတြ ျဖစ္လာ ႏိုင္တဲ့အတြက္ ျပင္သစ္ႏိုင္ငံေရးတျဖစ္လဲ ဥေရာပရဲ႕ အနာဂတ္ေခါင္းေဆာင္အေျပာင္းအလဲကို မၾကာခင္ ျမင္ေတြ႕ရဖြယ္ရွိေနပါတယ္။

    ၿဗိတိန္ဝန္ႀကီး ခ်ဳပ္ ထရီဆာေမကေတာ့ ျပင္သစ္သမၼတလို မဟုတ္ဘဲ  ဥေရာပသမဂၢကေန ၿဗိတိန္ ထြက္ခြာေရး သေဘာတူ ညီခ်က္ကို ပါလီမန္က ပယ္ခ်ႏိုင္တဲ့အေျခအေနေၾကာင့္  အစိုးရ အဖြဲ႕ျပဳတ္က်ႏိုင္တဲ့ အေရးကို ႀကဳံေတြ႕ေနရပါတယ္။ လက္ရွိမွာ Brexitကိုဆန႔္ က်င္သူမ်ား၊ ေထာက္ခံသူမ်ားအၿပိဳင္ ဆႏၵျပေန တာကို လန္ဒန္ၿမိဳ႕မွာ ျမင္ေတြ႕ေနရပါတယ္။

    ဥေရာပႏိုင္ငံတစ္ခုျဖစ္တဲ့ အီတလီမွာေတာ့ လူေထာင္ေပါင္း မ်ားစြာက ေ႐ႊ႕ေျပာင္းေနထိုင္မႈ ဆန႔္က်င္ ေရး ဥပေဒသစ္ကို ကန႔္ကြတ္တဲ့အေနနဲ႔ ေရာမၿမိဳ႕မွာအဝါေရာင္ကုတ္ အက်ႌမ်ား ဝတ္ဆင္ကာ အလံ မ်ား ေဝွ႔ယမ္းၿပီးဆႏၵျပခဲ့ပါတယ္။အာဖရိကကေန ေျမထဲပင္လယ္ကို ျဖတ္ေက်ာ္ၿပီး ဝင္ေရာက္လာတဲ့ ေ႐ႊ႕ေျပာင္း ေနထိုင္ သူမ်ားအတြက္ ဥေရာပသို႔ အဓိကဝင္ ေပါက္ ျဖစ္လာ အီတလီမွာ အသစ္ေရာက္ရွိလာ သူမ်ား ကို ႏွင္ထုတ္ေရးပိုမို လြယ္ကူေအာင္ လုပ္ေဆာင္ထား ဒီဥပေဒကို ဆန႔္က်င္ၾကတာပါ။

    ဒီသတင္းေတြက ယခုတစ္ပတ္ျဖစ္ပြားခဲ့တဲ့ ကိုဆိုဗိုပါလီမန္က ကိုဆိုဗိုအမ်ိဳးသားစစ္တပ္ဖြဲ႕စည္းထူ ေထာင္သြားေရး ဥပေဒကို အတည္ျပဳ လိုက္တဲ့ သတင္း၊ ႐ုရွားသမၼတဗလာဒီမာပူတင္က ရက္ပ္ဂီတကို ပိတ္မယ့္ အစား အစိုးရက ဦးေဆာင္ၿပီးအားေပး အားေျမႇာက္ လုပ္သင့္တယ္လို႔ ေျပာလိုက္တဲ့ သတင္း၊ ႐ုရွားေလာင္း ရိပ္ က ေန သမိုင္းဝင္ခြဲထြက္မႈအျဖစ္ ႏိုင္ငံေတာ္ဘုရားေက်ာင္းသစ္ အႀကီးအကဲကို ယူကရိန္းအစိုးရက ခန႔္အပ္ခဲ့တဲ့ သတင္း၊ အင္ဒိုနီးရွားႏိူင္ငံ၊ ဘာလီကြၽန္းမွာ မူးယစ္ေဆးလက္ဝယ္ေတြ႕ရွိမႈနဲ႔ ဂ်ာမန္လူမ်ိဳး၊ ပီ႐ူးလူမ်ိဳး၊ ၿဗိတိသွ်လူမ်ိဳး၊ မေလးရွားလူမ်ိဳးနဲ႔ တ႐ုတ္ လူမ်ိဳး စုစုေပါင္း  ၅ ဦးကို ဖမ္းဆီးထားတဲ့ သတင္း၊ အစၥေရးႏိုင္ငံမွာ ပါလက္စတိုင္း အၾကမ္းဖက္ သမားေတြ ပစ္ခတ္လို႔ ကိုယ္ဝန္သည္ တစ္ဦးထိမွန္ကာ ဝမ္းထဲကေလးငယ္ ေသဆုံးခဲ့ရတဲ့ သတင္း ၊ အစၥေရးအေျခခ်ေနထိုင္သူႏွစ္ဦးကိုပစ္သတ္တဲ့ ပါလက္စတိုင္းတစ္ဦး ကို အစၥေရးစစ္တပ္က ပစ္သတ္ခဲ့တဲ့ သတင္း၊ အီရန္ေထာက္ခံတဲ့ ဟူသီသူပုန္တပ္ နဲ႔ ေဆာ္ဒီေထာက္ခံတဲ့ ယီမင္အစိုးရ တပ္ေတြဆုတ္ ခြာၿပီး ယီမင္ႏိုင္ငံဟိုဒိုင္ဒက္ဆိပ္ကမ္းၿမိဳ႕ကို  ၾကားခံအဖြဲ႕ေအာက္မွာ ထားဖို႔ ကုလသမဂၢ က အဆိုျပဳခဲ့တဲ့သတင္း၊ အိုင္အက္စ္အဖြဲ႕၏ ဗဟိုစင္တာျဖစ္တဲ့ ဆီးရီးယားႏိုင္ငံ ဂ်င္းၿမိဳ႕ရွိဗလီတစ္ ခုကို အေမရိကန္ ဦးေဆာင္တဲ့ ၫြန႔္ ေပါင္းတပ္ဖြဲ႕က ဖ်က္ဆီးခဲ့တဲ့ သတင္း
ေတြ နည္းတူ ႏိူင္ငံတကာသတင္းဖတ္သူေတြကို စိတ္ဝင္စားေအာင္ ဖမ္းစားခဲ့တယ္ဆိုတာတင္ျပရင္း ယခုတစ္ပတ္ သတင္းသုံးသပ္ခ်က္ ကို ဒီမွာဘဲ ရပ္လိုက္ခ်င္ပါတယ္။

မင္းထက္