【 ယခုတစ်ပတ် နိုင်ငံတကာသတင်း သုံးသပ်ချက် 】 ရွှေ့ပြောင်းဝင်လာမယ့်သူတွေကို သေနတ်ကိုကြည့်ထားလို့ ခြိမ်းခြောက်လိုက်တဲ့ ထရန့်

【 ယခုတစ်ပတ် နိုင်ငံတကာသတင်း သုံးသပ်ချက် 】 ရွှေ့ပြောင်းဝင်လာမယ့်သူတွေကို သေနတ်ကိုကြည့်ထားလို့ ခြိမ်းခြောက်လိုက်တဲ့ ထရန့်

ယခုတစ်ပတ်အတွင်း သတင်းတွေထဲ အများစုအာရုံကို စွဲဆောင်ခဲ့တဲ့ သတင်းက အင်ဒိုလေယာဉ် ပျက်ကျတဲ့ သတင်းနဲ့ ပြောင်းရွှေ့ဝင်ရောက်သူတွေကို သေနတ်နဲ့ပစ်မယ်လို့ ကြိမ်းဝါးလိုက်တဲ့ သတင်းတွေပါဘဲ။

ဒီသတင်းတွေက ယခုတစ်ပတ်ဖြစ်ခဲ့တဲ့ စစ်ရေးဆိုင်ရာ သတင်းတွေဖြစ်တဲ့ တာလီဘန်တွေနဲ့ ရင်းနှီးကျွမ်းဝင်မှုရှိတဲ့ အဓိက ဘာသာရေးခေါင်းဆောင်တစ်ဦး အသတ်ခံရမှုကို ပါကစ္စတန် ဝန်ကြီးချုပ်က စုံစမ်းခိုင်းတဲ့ သတင်း၊ အီဂျစ်မှာ ဘုရားကျောင်းက ပြန်လာတဲ့ ခရစ်ယာန်တွေရဲ့ ဘတ်စ်ကားကို ပစ်ခတ်တိုက်ခိုက်လို့ ခုနစ်ဦး သေဆုံးခဲ့တဲ့ သတင်း၊ ဘာသာရေးစော်ကားမှုနဲ့ သေဒဏ်ရင်ဆိုင်နေရတဲ့ ခရစ်ယာန်အမျိုးသမီး အာရှဘီဘီ ကို ပါကစ္စတန် အထူးခုံရုံးက သေဒဏ်က ကင်းလွတ်ခွင့်ပေးလိုက်လို့ ပါကစ္စတန်မှာ ဆန့်ကျင်ဆန္ဒပြမှုကြီးတွေ ဖြစ်ပွားနေတဲ့ သတင်း၊ ဘရာဇီး ရွေးကောက်ခံသမ္မတ ဘော်ဆိုနာရို က ဘရာဇီးသံရုံးကို တဲလ်အဗစ်ကနေ ဂျေရုဆလင်ကို ပြောင်းမယ်လို့ ပြောလိုက်တဲ့ သတင်း၊ ဂျော်ဒန်နှင့် နယ်စပ်အနီး ဆီးရီးယား သဲကန္တာရဒေသရှိ ရူခ်ဘန်ဒုက္ခသည် စခန်းကို ကုလသမဂ္ဂ အကူအညီပေးရေး ယာဉ်တန်း ပထမဆုံး ရောက်ရှိလာတဲ့ သတင်း၊ အကျင့်ပျက်ခြစားခြင်း နှိမ်နင်းမှုကို ဝေဖန်လို့ ၁၁ လကြာ ထိန်းသိမ်းခံရတဲ့ ဖမ်းဆီးခံရတဲ့ ဆော်ဒီမင်းသား မင်းသား ခါလတ် ဘင်တာလာ ပြန်လည်လွတ်မြောက်လာတဲ့ သတင်းတွေထဲ ထူးထူးခြားခြား သတိထားစရာ ဖြစ်နေခဲ့ပါတယ်။

ဘတ်စ်ကား မြစ်ထဲပြုတ်ကျမှုကပေးတဲ့ သင်ခန်းစာ။
    

ယခုတစ်ပတ် သတင်းတွေထဲ စိတ်မကောင်းစရာ သတင်းတစ်ခုက ဘတ်စစ်ကားတစ်စီး မြစ်ထဲထိုးကျခဲ့တဲ့ သတင်းဘဲ ဖြစ်ပါတယ်။
    

နိုဝင်ဘာ ၂ ရက် လူမှုကွန်ရက် မီဒီယာတွေမှာ ပေါ်လာတဲ့ ဗီဒီယိုဖိုင်မှာ ခရီးသည် အမျိုးသမီးက ခရီးသည်တင် ဘတ်စ်ကားမောင်းတဲ့ ဒရိုင်ဘာကို တိုက်ခိုက်နေတဲ့အတွက် ခုခံရင်း ကားကို တစ်ဖက်ဆွဲရာကနေ ကားက တံတားဘောင်ကို တိုက်ပြီး မြစ်ထဲပြုတ်ကျခဲ့တာကို တွေ့ရတာပါ။မြင်ရတဲ့ အနေအထားအရ အတော်လေးကို ဆင်ခြင်ဉာဏ်မဲ့တဲ့ ကိစ္စဖြစ်ပြီး ဒီလိုအန္တရာယ်များတဲ့ အနေအထားမှာ ယာဉ်မောင်းသူကို တိုက်ခိုက်နေတာကို တခြားသူတွေက ကာကွယ်တားဆီးဖို့ ပျက်ကွက်တာက ဒီလို လူ ၁၃ ဦး သေဆုံးတဲ့အထိ ဖြစ်စေတဲ့ ကားရေထဲပြုတ်ကျမှုပါဘဲ။
    

နောက်ပိုင်းစစ်ဆေးချက်တွေမှာ ယာဉ်မောင်းဦးခေါင်းကို အရာဝတ္တုတစ်ခုနဲ့ ရိုက်နှက်ဖို့ ကြိုးစားနေတဲ့ အဆိုပါ အမျိုးသမီးဟာ သူဆင်းမယ့် မှတ်တိုင်မှာ ကားမရပ်ပေးတဲ့အတွက် ယာဉ်မောင်းကို ဒေါသထွက်ပြီး တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
    

တိုက်ခိုက်ခံရစဉ်မှာ အဆိုပါအမျိုးသမီးကို လက်တစ်ဖက်နဲ့ ပြန်တိုက်ခိုက်ပြီး လက်တဖက်က စီယာတိုင်ကို ကိုင်ပြီးဆွဲရာကနေ တစ်ဖက်ယာဉ်ကျောထဲ ရောက်သွားပြီး တံတားဘောင်ကိုတိုက်ကာ မြစ်ထဲကျခဲ့တာပါ။ဒါဟာ မူလပြဿနာအစဖြစ်တဲ့ ခရီးသည်ဆင်းမယ့် မှတ်တိုင်ကို ယာဉ်မောင်းက ပေါ့လျော့ပြီး မရပ်ပေးခဲ့တာကနေ စတာဖြစ်သလို ဖြစ်ပြီးချိန်မှာ မချေမငံပြောဆိုဆက်ဆံမှုကနေ ခရီးသည်ဒေါသကို ဆွသလိုဖြစ်ပြီး ဒီလို ကျန်တဲ့ အပြစ်မဲ့ ခရီးသည်တွေရဲ့ အသက်ဆုံးရှုံးမှု ပေါ်ပေါက်ခဲ့ရတာပါ။ယာဉ်မောင်း အပါအဝင် ခရီးသည်  ၁၅ ဦးပါတဲ့  ဒီကားမတော်တဆမှုမှာ လူ ၁၃ ဦးရဲ့ အလောင်းသာ ပြန်ဆယ်လို့ရပါသေးတယ်။
    

ဒါဟာ မြန်မာနိုင်ငံလို ခရီးသည်ကို လုံးဝဂရုမစိုက်တဲ့ ယာဉ်မောင်းတွေများတဲ့ နိုင်ငံမှာလည်း ဒီလိုပြဿနာတွေကို ကြိုတင်ဆင်ခြင် ရှောင်ကြဉ်ဖို့ လိုနေပါတယ်။ဒီလိုဘတ်စ်ကား မြစ်ထဲပြုတ်ကျတဲ့ ပြဿနာမပြီးခင် တရုတ်နိုင်ငံမှာ နိုဝင်ဘာ ၃ ရက်က အဝေးပြေးလမ်းမမှာဘဲ  ကားတွေ အစုလိုက်အပြုံလိုက် တိုက်မိလို့ လူ ၁၅ ဦး သေဆုံးပြီး ၄၄ ဦး ဒဏ်ရာရခဲ့တဲ့ အဝေးပြေးကားတိုက်မှုကြီး ထပ်ဖြစ်ခဲ့ပါတယ်။
    

ဒီသတင်းတွေက ယခုတစ်ပတ်ဖြစ်ခဲ့တဲ့ အိန္ဒိယမှာ လူ ၁၃ ဦး သတ်ဖြတ်စားသောက်ခဲ့တဲ့ အသက် (၆) နှစ်အရွယ် ကျားမတစ်ကောင်ကို တောနင်းရှာဖွေ ပစ်သတ်ခဲ့တဲ့ သတင်း၊ နိုဝင်ဘာ ၄ ရက် ပြင်သစ်မှာ ကျင်းပမယ့် ‘ပထမကမ္ဘာစစ် ပြီးဆုံးခြင်း ရာပြည့်ခမ်းအနား’ ကို ရုရှား သမ္မတ ပူတင် နှင့် အမေရိကန် သမ္မတ ဒေါ်နယ်ထရန့် အပါအဝင် ကမ္ဘာတစ်ဝန်းမှ ခေါင်းဆောင် ၈၀ ခန့် တက်ရောက်မယ့် သတင်း၊ ပစိဖိတ်သမုဒ္ဒရာရှိ ပြင်သစ်ပိုင် နယ်မြေ နယူးကယ်လီဒိုနီးယားမှာ ပြင်သစ်လက်အောက် နေသင့်/မနေသင့် ဆန္ဒခံယူပွဲ ကျင်းပနေတဲ့ သတင်း၊ ဒိန်ဗင်ဖူး တိုက်ပွဲ ဖြစ်ပွားရာနေရာသို့ ပြင်သစ်ဝန်ကြီးချုပ် အက်ဒဝပ်ဖီလစ်ပီ အလည်အပတ် သွားရောက်ခဲ့တဲ့ သတင်း၊ တရားဝင် သတ်မှတ်ပေးထားသော အရက်ပမာဏထက် ၁၀ ဆခန့်  ပိုသောက်ခဲ့မှုကြောင့် ဂျပန် လေကြောင်းလိုင်း လေယာဉ်မှူးတစ်ဦးကို လန်ဒန်ရဲတပ်ဖွဲ့က လေယာဉ်မမောင်းမီ ဖမ်းဆီးခဲ့တဲ့ သတင်း၊ ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေးရိုးမြို့ ဒေသခံတွေ ဖုတ်ကောင်ပုံစံတွေလိုမျိုး ဝတ်ဆင်ခြယ်သပြီး ကော်ဘာကာဘနာ ကမ်းခြေတစ်လျှောက်မှာ လမ်းလျှောက်ကြတဲ့ သတင်း၊ ဆေးဘက်ဆိုင်ရာအတွက် ဆေးခြောက်သုံးစွဲမှုကို မကြာမီ တရားဝင်ခွင့်ပြုမည့် အစီအစဉ်ရှိတယ်လို့ ထိုင်းအရာရှိ တစ်ဦးက ထုတ်ဖော်ပြောကြားလိုက်တဲ့ သတင်း၊ ကလေးအချို့ လက်အစိတ်အပိုင်း မစုံလင်ဘဲ မွေးဖွားခဲ့လို့ ပြင်သစ် တစ်နိုင်ငံလုံးအဆင့် စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေတဲ့ သတင်း၊ ဖိလစ်ပိုင် သမ္မတ ဒူတာတီ အစိုးရအဖွဲ့၏ မူးယစ်ဆေးဝါးနှိမ်နင်းရေး သွေးထွက်သံယို စစ်ပွဲအပေါ် အစဉ်တစိုက် ရှုတ်ချနေတဲ့ ဩစတြေးလျ သီလရှင်ကို ဖိလစ်ပိုင်အစိုးရက နှင်ထုတ်တဲ့ သတင်း၊၊ သတ်ဖြတ်ခံ သတင်းသမားများ အောက်မေ့ဖွယ်အဖြစ် အီဖယ်မျှော်စင်ကြီးကို အမှောင်ချကာ တစ်မိနစ် တိတ်ဆိတ်ငြိမ်သက်ခဲ့တဲ့ သတင်း စတဲ့ သတင်းတွေထဲ သတိထားစရာ သတင်းဖြစ်ခဲ့ပါတယ်။

ဘိုးရင်းလေယာဉ်အသစ် ပျက်ကျမှုနဲ့ ကပ်ဆိုက်နေတဲ့ အင်ဒိုနီးရှား။
    

မတော်တဆမှုတွေထဲ အဆိုးဝါးဆုံးက လေယာဉ်ပျက်ကျမှုတွေပါဘဲ။
မတော်တဆမှုတွေထဲ အဆိုးဆုံးဖြစ်တဲ့ လေယာဉ်ပျက်ကျမှုတွေ မကြာခင်က အာရှမှာ ဖြစ်ခဲ့ပါတယ်။မလေးရှား လေကြောင်းလိုင်းမှာ တစ်စင်းလုံးပျောက်တဲ့ လေယာဉ်ပျက်ကျမှု ဖြစ်ပြီးလို့ နှစ်ပိုင်းမှဘဲ အင်ဒိုလေကြောင်းဖြစ်တဲ့ Lion Air လေကြောင်းလိုင်း၏ Boeing 737 အမျိုးအစား လေယာဉ်ပျံတစ်စင်း ပျံတက်ပြီး ၁၃ မိနစ်အကြာမှာ လေကြောင်းထိန်းသိမ်းရေး မျှော်စင်နဲ့ အဆက်အသွယ်ပြတ်ကာ ပင်လယ်ထဲ ပျက်ကျခဲ့တဲ့ ဖြစ်စဉ်တစ်ခု အောက်တိုဘာ ၂၉ ရက်မှာ ဖြစ်ခဲ့ပါတယ်။

လူပေါင်း ၁၈၉ ဦး စီးနင်းလိုက်ပါသွားခဲ့တဲ့ အဆိုပါ Lion Air လေကြောင်းလိုင်း၏ Boeing 737 အမျိုးအစား လေယာဉ်ပျက်ကျမှုထဲမှာ လေယာဉ်မှူးနှစ်ဦးနှင့် အမှုထမ်း ၆ ဦးအပြင် ခရီးသည်တွေထဲမှာ အရွယ်ရောက်ပြီးသူ ၁၇၈ ဦး၊ ကလေး ၂ ဦးနှင့် မွေးကင်းစအရွယ် ၁ ဦး ပါဝင်ခဲ့ပါတယ်။

ထိန်းသိမ်းရေးမျှော်စင်နဲ့ လေယာဉ် အဆက်အသွယ် ပြတ်ကတည်းက အင်ဒိုနီးရှားရေတပ်က ရှာဖွေရေးနဲ့ ကယ်ဆယ်ရေး လုပ်ဆောင်ခဲ့ပေမယ့် လေယာဉ် ရှာမတွေခဲ့ပါဘူး။နောက်ပိုင်းမှ ဂျာဗားပင်လယ်ထဲ ရေပေါ်ပေါ်နေတဲ့ လေယာဉ်က အပျက်အစီးစတွေကြောင့် လေယာဉ်ပျက်ကျရာ နေရာကို ရှာတွေခဲ့ပြီး ကယ်ဆယ်ရေးတွေ လုပ်ဆောင်ခဲ့ပေမယ့် လေယာဉ်က ပင်လယ်ရေအောက်ကြမ်းပြင်မှာ ကျနေခဲ့လို့ အသက်ရှင်ကျန်ရစ်သူ ရှိမယ်ဆိုတဲ့ မျှော်လင့်ချက်တွေ မှေးမှိန်ခဲ့ပါတယ်။
ကယ်ဆယ်ရေးသမားတွေက လေယာဉ်ထဲက ရုပ်အလောင်းတွေကို ဆယ်ထုတ်ရာမှာ အင်ဒိုရေငုပ်သမားတစ်ဦး သေဆုံးခဲ့ရသလို  နိူ်ဝင်ဘာ ၁ ရက်မှာတော့ လေယာဉ်နဲ့ ပတ်သက်တဲ့ အရေးကြီးဆုံး Black Box နှစ်လုံးမှ တစ်လုံးကို အင်ဒိုအာဏာပိုင်တွေက ရှာဖွေတွေ့ရှိခဲ့ပါတယ်။
    

နိုဝင်ဘာ ၂ ရက်မှတော့ ပျက်ကျလေယာဉ်က လေယာဉ်၏ ထိုင်ခုံများ၊ ဘီးများနှင့် အခြားအစိတ်အပိုင်းများကို ဆယ်ယူခဲ့သလို တခြားအစိတ်အပိုင်များကို ဆယ်ယူဖို့ ကြိုးစားနေဆဲ ဖြစ်ပါတယ်။အင်ဒိုလေကြောင်း အာဏာပိုင်တွေက တစ်နိုင်ငံလုံးမှာ ပျက်ကျလေယာဉ်နဲ့အတူ ဝယ်ခဲ့တဲ့ အမျိုးအစားတူ လေယာဉ်တွေ ပျံသန်းပြေးဆွဲနေတာကို ရပ်ဆိုင်းပြီး စစ်ဆေးဖို့ ညွှန်ကြားခဲ့ပါတယ်။

ယခုဖြစ်စဉ်ဟာ အင်ဒို စရိတ်နည်း လေကြောင်းဖြစ်တဲ့ Lion Air အတွက် အဖြစ်ဆိုးဖြစ်ပေမယ့် ၂၀၁၃ ခုနှစ်ကလည်း Lion Air လေယာဉ်တစ်စင်း ဘာလီလေဆိပ် ဆင်းသက်ရာမှာ လမ်းကြောင်းချော်လို့ ပင်လယ်ထဲကျသွားခဲ့တဲ့ဖြစ်စဉ် ဖြစ်ခဲ့ဖူးပြီး အဆိုပါ ဖြစ်စဉ်မှာ အသေအပျောက်မရှိဘဲ စီးနင်းလိုက်ပါလာသူ ၁၀၈ ဦးစလုံး အသက်ရှင်ခဲ့ပြီး ၂၀၀၄ ခုနှစ်က Lion Air လေယာဉ်တစ်စီး ဆိုလိုစီးတီးသို့ အဆင်းမှာ ပျက်ကျခဲ့လို့ ၂၅ ဦး သေဆုံးခဲ့ရတဲ့ ဖြစ်စဉ်တွေ ဖြစ်ခဲ့ဖူးပါတယ်။

မကြာမီက ငလျင်ဒဏ်၊ မီးတောင်ပေါက်ကွဲမှုနဲ့ သဘာဝဘေးဒဏ်တွေကြောင့် ထောင်းလမောင်းကြေနေတဲ့ အင်ဒိုနီးရှားအတွက် ယခုလို လူလုပ် သဘာဝဘေးဒဏ်တွေက အင်ဒိုအတွက် နောက်ထပ်ဘေးတစ်ခု ဖြစ်သလို လေကြောင်းနဲ့ ရေကြောင်းကို တွင်ကျယ်စွာ သုံးနေရတဲ့ ပို့ဆောင်ဆက်သွယ်ရေးကို ထိုးနှက်ချက် တစ်ခုပါဘဲ။ဒီအဖြစ်ဟာ အင်ဒိုနီးရှားသာမက ဒေသတွင်းနိုင်ငံတွေက စက်ပစ္စည်းတွေအပေါ် ယုံကြည်ပြီး ပေါလျော့လွန်းတဲ့သူတွေအတွက် သင်ခန်းစာတစ်ခုပါဘဲ။အသစ်ဆိုရင် ဘာမှမဖြစ်နိုင်ဘူးလို့ ယုံကြည်လွန်းတဲ့သူတွေအတွက် သတိထားစရာ သတင်းတစ်ခု ဖြစ်ပါတယ်။
    

ဒီသတင်းက သဘာဝဘေး၊ လူလုပ်ဘေး သတင်းတွေဖြစ်တဲ့  အီရတ်နိုင်ငံ၊ ဘဂ္ဂဒက်မြို့ရှိ ငါးမွေးမြူရေးကန်တွေနဲ့ ယူဖရေးတီးမြစ်ရေ ညစ်ညမ်းလို့ ငါးကြင်းတွေ ထောင်ချီသေဆုံးတဲ့ သတင်း၊ ဂျပန်မှာ မုန်တိုင်းတိုက်ခတ်ပြီး မကြာခင် ဂျပန်နိုင်ငံမြောက်ပိုင်းရှိ အလွန်သေးငယ်သော ကျွန်းလေးတစ်ခု ပျောက်ကွယ်သွားခဲ့တဲ့ သတင်းတွေထဲ သတိထားဆင်ခြင်ရမယ့် သတင်းပါဘဲ။

ကမ္ဘာက ဒေါ်နယ်ထရန့် ကို ဆန့်ကျင်နေတယ်လို့ဆိုတဲ့ ခါမေနီ။

    
ဒီရက်သတ္တပတ်ထဲ အမရိကန်နဲ့ ပတ်သက်တဲ့ သတင်းတွေထဲမှာ စိတ်ဝင်စားစရာ သတင်းအချို့ ရှိပါတယ်။လူ့အခွင့်အရေး လေးစားတဲ့ အမေရိကန်နိုင်ငံ သမ္မတက ဗဟိုအမေရိက နိုင်ငံတွေကနေ လာတဲ့ ရွှေ့ပြောင်းဝင်ရောက်သူတွေက အမေရိကန်နိုင်ငံထဲ ခိုးဝင်ဖို့ ကြိုးစားရာမှာ တားဆီးတဲ့ အမေရိကန် စစ်သားတွေကို ကျောက်တုံး ကျောက်ခဲတွေနဲ့ ပစ်ပေါက်ကြတာမျိုး လုပ်လာရင် သေနတ်နဲ့ ပြန်ပစ်ခတ်ခံရလိမ့်မယ်လို့ ပြောခဲ့တဲ့အတွက် ဒီစကားက အတော်လေး ဂယက်ရိုက်ခဲ့ပါတယ်။
    

ထရန့် ကတော့ သူပြောတဲ့ စကားနဲ့ ပတ်သက်ပြီး အကြောင်းပြချက်အနေနဲ့ အဆိုပါရွှေ့ပြောင်းသူတွေက လာရာလမ်းတစ်လျှောက် တားဆီးတဲ့ မက္ကဆီကို ရဲတပ်ဖွဲ့ဝင်တွေကို ကျောက်ခဲတွေ ကျောက်တုံးတွေနဲ့ ပစ်ခတ်တာတွေ ရှိခဲ့တဲ့အတွက်ပါ။ဒါပေမယ့် အမေရိကန်ကတော့ သူ့နယ်မြေထဲ ဝင်လာတဲ့သူတွေကို တားဆီးဖို့ သေနတ်ပေါ် လက်ညှိုးတင်ထားဖို့အထိ ပြောခဲ့တာပါ။
    

ဒါဟာ အမေရိကန် ကြားဖြတ်ရွေးကောက်ပွဲမှာ ထရန့် အတွက် လူဝင်ခွင့်ထိန်းချုပ်ရေးကို အဓိက မဲဆွယ်လက်နက်အဖြစ် သုံးနေတဲ့အတွက် ဒါဟာ အမေရိကန်ကို အိမ်မက်နိုင်ငံအဖြစ် လာနေတဲ့သူတွေအတွက် သတင်းဆိုးပါဘဲ။
    

ဒီလိုရွှေ့ပြောင်းသူတွေကို သတ်ဖြတ်မယ်လို့  ကြိမ်းဝါးနေဆဲမှာဘဲ အီရန်ကို ပိတ်ဆို့မှုတွေ လုပ်နေတဲ့ အမေရိကန်က အီရန်ပိတ်ဆို့မှုကနေ ကင်းလွတ်ခွင့်ပေးတဲ့ နိုင်ငံတွေကို ထုတ်ပြန်ခဲ့ပါတယ်။ထုတ်ပြန်တဲ့ ၈ နိုင်ငံထဲမှာ ထွက်လာတဲ့ စာရင်းအရ  အာရှက ရေနံသုံးစွဲမှု မြင့်မားတဲ့ တောင်ကိုရီးယား၊ ဂျပန်နှင့် အိန္ဒိယ နိုင်ငံတွေ ပါဝင်လာပါတယ်။အီရန်ကနေ ရေနံဆက်လက်ဝယ်ယူခွင့်ပြုတဲ့ ကင်းလွတ်ခွင့်ထဲ တရုတ် မပါပေမယ့် ဆက်လက်ဆွေးနွေးနေတယ်လို့ဆိုပြီး တူရကီကတော့ အကြောင်းကြားမှု မရသေးဘူး ဆိုပါတယ်။
    

အီရန်ခေါင်းဆောင် အယာတိုလာအလီ ခါမေနီ ကတော့ အီရန်ရဲ့ ရေနံတင်ပို့ရောင်းချမှုနှင့် ဘဏ္ဍာရေး ကဏ္ဍအပေါ် အမေရိကန်က ပိတ်ဆို့မှုတွေလုပ်ဖို့ စီစဉ်နေတဲ့ သတင်းတွေ ထွက်နေစဉ်မှာ ထရန့် ၏ မူဝါဒများဟာ ကမ္ဘာတစ်လွှား ဆန့်ကျင်မှုနှင့် ကြုံတွေ့နေတယ်လို့ ပုတ်ခတ်လိုက်တာပါ။

အမေရိကန်ကတော့ အီရန်ကို ၂၀၁၅ အီရန် နျူသဘောတူညီချက် ဖျက်သိမ်းတဲ့ ဆွေးနွေးညှိနှိုင်းမှုထဲ အီရန် ပါဝင်လာဖို့နဲ့ အရှေ့အလယ်ပိုင်း ပဋိပက္ခတွေထဲ အီရန် သြဇာအာဏာ မသက်ရောက်ရေးအတွက် ဖိအားပေးနေတာ ဖြစ်ပါတယ်။အီရန် အဓိကနိုင်ငံခြားငွေ ရရာဖြစ်တဲ့ ရေနံရောင်းချမှုသာ ပိတ်ပင်ခံရရင် အီရန်အတွက် ပြည်တွင်းမငြိမ်မသက်မှုတွေကို ထိန်းဖို့ခက်လာနိုင်ပါတယ်။

ဒီလိုအမေရိကန်နဲ့ ပတ်သက်တဲ့ သတင်းတွေက ယခုတစ်ပတ် သတင်းတွေထဲက အမေရိကန်နဲ့ဆိုင်တဲ့ သတင်းတွေဖြစ်တဲ့ အမေရိကန် ကြားဖြတ်ရွေးကောက်ပွဲ မဲဆွယ်တဲ့ တွစ်တာအကောင့်တွေကို တွစ်တာက ဖျက်သိမ်းလိုက်တဲ့ သတင်း၊ ရိုမေးနီးယား အစိုးရကို Raytheon ကုမ္ပဏီ၏ ကာကွယ်ရေး စနစ်သုံးခု ရောင်းချမည့် သဘောတူညီချက် တစ်ရပ်ကို အမေရိကန်စစ်တပ်က လက်မှတ်ရေးထိုးခဲ့တဲ့ သတင်း၊ နော်ဝေကမ်းလွန်မှာ ပြုလုပ်တဲ့ နေတိုးရဲ့ အကြီးမားဆုံး စစ်ရေးလေ့ကျင့်မှုမှာ အမေရိကန်ရဲ့ USS Mount Whitney စစ်လေယာဉ်ပေါ် ရုရှရဲ့ Tupolev TU-142 စစ်လေယာဉ် ပျံသန်းလှည့်လည်ခဲ့တဲ့ သတင်း စတဲ့ သတင်းတွေထက် ပိုပြီးစိတ်ဝင်စားဖွယ် ကောင်းနေခဲ့ပါတယ်။

သီရီလင်္ကာ နိုင်ငံရေးအကြပ်အတည်း။
    

မကြာမီက ဝန်ကြီးချုပ် ရာနေးလ်ဝစ် ကရီမီဆင်ဂီ ကို သမ္မတက ဖြုတ်ချလိုက်တဲ့အတွက် နိုင်ငံရေးအကြပ်အတည်း ဖြစ်နေတဲ့ သိရီလင်္ကာ ပြဿနာဟာ ဒေသတွင်း နိုင်ငံတွေအပေါ် သတိထားစရာ ဖြစ်လာခဲ့ပါတယ်။
    

သီရိလင်္ကာဟာ အချက်အခြာကျတဲ့ နေရာမှာရှိပြီး တရုတ်နဲ့ နီးစပ်တဲ့ ဆက်ဆံရေးရှိသလို ဆိပ်ကမ်းတစ်ခုကို တရုတ်ထံ နှစ်ရှည်လုပ်ပိုင်ခွင့် ပေးခဲ့တဲ့အတွက် ပြည်တွင်းမှာ မကျေလည်မှုတွေ ကြုံနေရတဲ့ နိုင်ငံတစ်ခုလည်း ဖြစ်ပါတယ်။အထူးသဖြင့် တရုတ်လွှမ်းမိုးလာမှုအပေါ် စိုးရိမ်လာတဲ့အတွက် အမေရိကန်နဲ့ ဂျပန်က ပေးထားတဲ့ အကူအညီနဲ့ ပေးမယ့် ချေးငွေတွေကို ရုတ်တရက် ဆိုင်းငံ့ခဲ့ပါတယ်။ဒီအတွက် ပြည်တွင်းမှာ ဖိနှိပ်မှုတွေရှိနေသလို နိုင်ငံ့ ဒီမိုကရေစီအနာဂတ်နှင့် ပတ်သက်၍ သံသယများ ဖြစ်စေတယ်လို့ အကြောင်းပြပြီး ရပ်ဆိုင်းခဲ့တာပါ။ဒီကနေ့ သီရိလင်္ကာမှာ အစိုးရအဖွဲ့အတွင်း ပြဿနာတွေကစပြီး နိုင်ငံအတွင်းမှာလည်း စီးမံကိန်းအတော်များများ ရပ်သွားခဲ့ပါတယ်။အထူးသဖြင့် အမေရိကန်နှင့် ဂျပန်သည် ဖွံ့ဖြိုးတိုးတက်ရေး အကူအညီ ဒေါ်လာ တစ်ဘီလီယံကျော်ကို ထိန်းချုပ်ကန့်သတ်ခဲ့ပါတယ်။သီရိလင်္ကာ ဝန်ကြီးချုပ် ရာနေးလ်ဝစ် ကရီမီဆင်ဂီ ကတော့ အမေရိကန်နှင့် ဂျပန် ဒီလိုလုပ်လို့ သူ့ကို ရာထူးမှ ရုတ်တရက်ထုတ်ပယ်ခဲ့တာလို့ ဆိုပါတယ်။
    

အစိုးရအဖွဲ့အတွင်း လပေါင်းများစွာ တင်းမာမှုများ ဖြစ်ခဲ့ပြီးနောက်မှာ  သမ္မတ မိုင်သီရိပါလာ သီရိဆီနာ က ဆင်ဂီ ကို ရာထူးမှ ထုတ်ပယ်ပြီး သမ္မတဟောင်း ရာဂျာပက်ဆာ နှင့် အံ့အားသင့်ဖွယ် အစားထိုးခန့်အပ်ခဲ့တာပါ။ဆင်ဂီ ကတော့ ပက်ဆာ ဦးဆောင်သော အစိုးရအဖွဲ့အပေါ် နိုင်ငံတကာ စိုးရိမ်ပူပန်မှုများရှိကြောင်း ပါလီမန်၌ မဲခွဲဆုံးဖြတ်မှု မခံယူရမချင်း ဝန်ကြီးချုပ်အဖြစ် ဆက်ရှိနေမည်လို့ ပြောထားပါတယ်။

ဒီကြားထဲမှာ အီးယူကလည်း သီရိလင်္ကာကို ပြည်တွင်းအခြေအနေတွေအတွက် ပေးထားတဲ့ ကတိကဝတ်တွေ မလိုက်နာရင် ပေးထားသည့် အခွန်ကင်းလွတ်ခွင့် ရုပ်သိမ်းနိုင်တယ်လို့ ဖိအားပေးထားပါတယ်။မကြာမီကျင်းပမယ့် သီရိလင်္ကာ လွှတ်တော်အစည်းအဝေးမှာ လွတ်တော်ရဲ့ ထောက်ခံမှု အပြည့်အဝရထားတဲ့ ဆင်ဂီ နဲ့ အစိုးရအဖွဲ့ ဘယ်သူက အားသာလဲဆိုတာကို စောင့်ကြည့်ဖို့ လိုလာပြီဆိုတာ တင်ပြရင်း ယခုတစ်ပတ် သတင်းသုံးသပ်ချက်ကို ဒီမှာဘဲရပ်လိုက်ချင်ပါတယ်။

မင်းထက်
နိုဝင်ဘာ - ၅

( Zawgyi )

ယခုတစ္ပတ္အတြင္း သတင္းေတြထဲ အမ်ားစုအာ႐ုံကို စြဲေဆာင္ခဲ့တဲ့ သတင္းက အင္ဒိုေလယာဥ္ ပ်က္က်တဲ့ သတင္းနဲ႔ ေျပာင္းေ႐ႊ႕ဝင္ေရာက္သူေတြကို ေသနတ္နဲ႔ပစ္မယ္လို႔ ႀကိမ္းဝါးလိုက္တဲ့ သတင္းေတြပါဘဲ။

ဒီသတင္းေတြက ယခုတစ္ပတ္ျဖစ္ခဲ့တဲ့ စစ္ေရးဆိုင္ရာ သတင္းေတြျဖစ္တဲ့ တာလီဘန္ေတြနဲ႔ ရင္းႏွီးကြၽမ္းဝင္မႈရွိတဲ့ အဓိက ဘာသာေရးေခါင္းေဆာင္တစ္ဦး အသတ္ခံရမႈကို ပါကစၥတန္ ဝန္ႀကီးခ်ဳပ္က စုံစမ္းခိုင္းတဲ့ သတင္း၊ အီဂ်စ္မွာ ဘုရားေက်ာင္းက ျပန္လာတဲ့ ခရစ္ယာန္ေတြရဲ႕ ဘတ္စ္ကားကို ပစ္ခတ္တိုက္ခိုက္လို႔ ခုနစ္ဦး ေသဆုံးခဲ့တဲ့ သတင္း၊ ဘာသာေရးေစာ္ကားမႈနဲ႔ ေသဒဏ္ရင္ဆိုင္ေနရတဲ့ ခရစ္ယာန္အမ်ိဳးသမီး အာရွဘီဘီ ကို ပါကစၥတန္ အထူးခုံ႐ုံးက ေသဒဏ္က ကင္းလြတ္ခြင့္ေပးလိုက္လို႔ ပါကစၥတန္မွာ ဆန႔္က်င္ဆႏၵျပမႈႀကီးေတြ ျဖစ္ပြားေနတဲ့ သတင္း၊ ဘရာဇီး ေ႐ြးေကာက္ခံသမၼတ ေဘာ္ဆိုနာ႐ို က ဘရာဇီးသံ႐ုံးကို တဲလ္အဗစ္ကေန ေဂ်႐ုဆလင္ကို ေျပာင္းမယ္လို႔ ေျပာလိုက္တဲ့ သတင္း၊ ေဂ်ာ္ဒန္ႏွင့္ နယ္စပ္အနီး ဆီးရီးယား သဲကႏၲာရေဒသရွိ ႐ူခ္ဘန္ဒုကၡသည္ စခန္းကို ကုလသမဂၢ အကူအညီေပးေရး ယာဥ္တန္း ပထမဆုံး ေရာက္ရွိလာတဲ့ သတင္း၊ အက်င့္ပ်က္ျခစားျခင္း ႏွိမ္နင္းမႈကို ေဝဖန္လို႔ ၁၁ လၾကာ ထိန္းသိမ္းခံရတဲ့ ဖမ္းဆီးခံရတဲ့ ေဆာ္ဒီမင္းသား မင္းသား ခါလတ္ ဘင္တာလာ ျပန္လည္လြတ္ေျမာက္လာတဲ့ သတင္းေတြထဲ ထူးထူးျခားျခား သတိထားစရာ ျဖစ္ေနခဲ့ပါတယ္။

ဘတ္စ္ကား ျမစ္ထဲျပဳတ္က်မႈကေပးတဲ့ သင္ခန္းစာ။
    

ယခုတစ္ပတ္ သတင္းေတြထဲ စိတ္မေကာင္းစရာ သတင္းတစ္ခုက ဘတ္စစ္ကားတစ္စီး ျမစ္ထဲထိုးက်ခဲ့တဲ့ သတင္းဘဲ ျဖစ္ပါတယ္။
    

ႏိုဝင္ဘာ ၂ ရက္ လူမႈကြန္ရက္ မီဒီယာေတြမွာ ေပၚလာတဲ့ ဗီဒီယိုဖိုင္မွာ ခရီးသည္ အမ်ိဳးသမီးက ခရီးသည္တင္ ဘတ္စ္ကားေမာင္းတဲ့ ဒ႐ိုင္ဘာကို တိုက္ခိုက္ေနတဲ့အတြက္ ခုခံရင္း ကားကို တစ္ဖက္ဆြဲရာကေန ကားက တံတားေဘာင္ကို တိုက္ၿပီး ျမစ္ထဲျပဳတ္က်ခဲ့တာကို ေတြ႕ရတာပါ။ျမင္ရတဲ့ အေနအထားအရ အေတာ္ေလးကို ဆင္ျခင္ဉာဏ္မဲ့တဲ့ ကိစၥျဖစ္ၿပီး ဒီလိုအႏၲရာယ္မ်ားတဲ့ အေနအထားမွာ ယာဥ္ေမာင္းသူကို တိုက္ခိုက္ေနတာကို တျခားသူေတြက ကာကြယ္တားဆီးဖို႔ ပ်က္ကြက္တာက ဒီလို လူ ၁၃ ဦး ေသဆုံးတဲ့အထိ ျဖစ္ေစတဲ့ ကားေရထဲျပဳတ္က်မႈပါဘဲ။
    

ေနာက္ပိုင္းစစ္ေဆးခ်က္ေတြမွာ ယာဥ္ေမာင္းဦးေခါင္းကို အရာဝတၱဳတစ္ခုနဲ႔ ႐ိုက္ႏွက္ဖို႔ ႀကိဳးစားေနတဲ့ အဆိုပါ အမ်ိဳးသမီးဟာ သူဆင္းမယ့္ မွတ္တိုင္မွာ ကားမရပ္ေပးတဲ့အတြက္ ယာဥ္ေမာင္းကို ေဒါသထြက္ၿပီး တိုက္ခိုက္ခဲ့တာလို႔ ဆိုပါတယ္။
    

တိုက္ခိုက္ခံရစဥ္မွာ အဆိုပါအမ်ိဳးသမီးကို လက္တစ္ဖက္နဲ႔ ျပန္တိုက္ခိုက္ၿပီး လက္တဖက္က စီယာတိုင္ကို ကိုင္ၿပီးဆြဲရာကေန တစ္ဖက္ယာဥ္ေက်ာထဲ ေရာက္သြားၿပီး တံတားေဘာင္ကိုတိုက္ကာ ျမစ္ထဲက်ခဲ့တာပါ။ဒါဟာ မူလျပႆနာအစျဖစ္တဲ့ ခရီးသည္ဆင္းမယ့္ မွတ္တိုင္ကို ယာဥ္ေမာင္းက ေပါ့ေလ်ာ့ၿပီး မရပ္ေပးခဲ့တာကေန စတာျဖစ္သလို ျဖစ္ၿပီးခ်ိန္မွာ မေခ်မငံေျပာဆိုဆက္ဆံမႈကေန ခရီးသည္ေဒါသကို ဆြသလိုျဖစ္ၿပီး ဒီလို က်န္တဲ့ အျပစ္မဲ့ ခရီးသည္ေတြရဲ႕ အသက္ဆုံးရႈံးမႈ ေပၚေပါက္ခဲ့ရတာပါ။ယာဥ္ေမာင္း အပါအဝင္ ခရီးသည္  ၁၅ ဦးပါတဲ့  ဒီကားမေတာ္တဆမႈမွာ လူ ၁၃ ဦးရဲ႕ အေလာင္းသာ ျပန္ဆယ္လို႔ရပါေသးတယ္။
    

ဒါဟာ ျမန္မာႏိုင္ငံလို ခရီးသည္ကို လုံးဝဂ႐ုမစိုက္တဲ့ ယာဥ္ေမာင္းေတြမ်ားတဲ့ ႏိုင္ငံမွာလည္း ဒီလိုျပႆနာေတြကို ႀကိဳတင္ဆင္ျခင္ ေရွာင္ၾကဥ္ဖို႔ လိုေနပါတယ္။ဒီလိုဘတ္စ္ကား ျမစ္ထဲျပဳတ္က်တဲ့ ျပႆနာမၿပီးခင္ တ႐ုတ္ႏိုင္ငံမွာ ႏိုဝင္ဘာ ၃ ရက္က အေဝးေျပးလမ္းမမွာဘဲ  ကားေတြ အစုလိုက္အၿပဳံလိုက္ တိုက္မိလို႔ လူ ၁၅ ဦး ေသဆုံးၿပီး ၄၄ ဦး ဒဏ္ရာရခဲ့တဲ့ အေဝးေျပးကားတိုက္မႈႀကီး ထပ္ျဖစ္ခဲ့ပါတယ္။
    

ဒီသတင္းေတြက ယခုတစ္ပတ္ျဖစ္ခဲ့တဲ့ အိႏၵိယမွာ လူ ၁၃ ဦး သတ္ျဖတ္စားေသာက္ခဲ့တဲ့ အသက္ (၆) ႏွစ္အ႐ြယ္ က်ားမတစ္ေကာင္ကို ေတာနင္းရွာေဖြ ပစ္သတ္ခဲ့တဲ့ သတင္း၊ ႏိုဝင္ဘာ ၄ ရက္ ျပင္သစ္မွာ က်င္းပမယ့္ ‘ပထမကမာၻစစ္ ၿပီးဆုံးျခင္း ရာျပည့္ခမ္းအနား’ ကို ႐ုရွား သမၼတ ပူတင္ ႏွင့္ အေမရိကန္ သမၼတ ေဒၚနယ္ထရန႔္ အပါအဝင္ ကမာၻတစ္ဝန္းမွ ေခါင္းေဆာင္ ၈၀ ခန႔္ တက္ေရာက္မယ့္ သတင္း၊ ပစိဖိတ္သမုဒၵရာရွိ ျပင္သစ္ပိုင္ နယ္ေျမ နယူးကယ္လီဒိုနီးယားမွာ ျပင္သစ္လက္ေအာက္ ေနသင့္/မေနသင့္ ဆႏၵခံယူပြဲ က်င္းပေနတဲ့ သတင္း၊ ဒိန္ဗင္ဖူး တိုက္ပြဲ ျဖစ္ပြားရာေနရာသို႔ ျပင္သစ္ဝန္ႀကီးခ်ဳပ္ အက္ဒဝပ္ဖီလစ္ပီ အလည္အပတ္ သြားေရာက္ခဲ့တဲ့ သတင္း၊ တရားဝင္ သတ္မွတ္ေပးထားေသာ အရက္ပမာဏထက္ ၁၀ ဆခန႔္  ပိုေသာက္ခဲ့မႈေၾကာင့္ ဂ်ပန္ ေလေၾကာင္းလိုင္း ေလယာဥ္မႉးတစ္ဦးကို လန္ဒန္ရဲတပ္ဖြဲ႕က ေလယာဥ္မေမာင္းမီ ဖမ္းဆီးခဲ့တဲ့ သတင္း၊ ဘရာဇီးႏိုင္ငံ ရီယိုဒီဂ်ေနး႐ိုးၿမိဳ႕ ေဒသခံေတြ ဖုတ္ေကာင္ပုံစံေတြလိုမ်ိဳး ဝတ္ဆင္ျခယ္သၿပီး ေကာ္ဘာကာဘနာ ကမ္းေျခတစ္ေလွ်ာက္မွာ လမ္းေလွ်ာက္ၾကတဲ့ သတင္း၊ ေဆးဘက္ဆိုင္ရာအတြက္ ေဆးေျခာက္သုံးစြဲမႈကို မၾကာမီ တရားဝင္ခြင့္ျပဳမည့္ အစီအစဥ္ရွိတယ္လို႔ ထိုင္းအရာရွိ တစ္ဦးက ထုတ္ေဖာ္ေျပာၾကားလိုက္တဲ့ သတင္း၊ ကေလးအခ်ိဳ႕ လက္အစိတ္အပိုင္း မစုံလင္ဘဲ ေမြးဖြားခဲ့လို႔ ျပင္သစ္ တစ္ႏိုင္ငံလုံးအဆင့္ စုံစမ္းစစ္ေဆးမႈေတြ ျပဳလုပ္ေနတဲ့ သတင္း၊ ဖိလစ္ပိုင္ သမၼတ ဒူတာတီ အစိုးရအဖြဲ႕၏ မူးယစ္ေဆးဝါးႏွိမ္နင္းေရး ေသြးထြက္သံယို စစ္ပြဲအေပၚ အစဥ္တစိုက္ ရႈတ္ခ်ေနတဲ့ ဩစေၾတးလ် သီလရွင္ကို ဖိလစ္ပိုင္အစိုးရက ႏွင္ထုတ္တဲ့ သတင္း၊၊ သတ္ျဖတ္ခံ သတင္းသမားမ်ား ေအာက္ေမ့ဖြယ္အျဖစ္ အီဖယ္ေမွ်ာ္စင္ႀကီးကို အေမွာင္ခ်ကာ တစ္မိနစ္ တိတ္ဆိတ္ၿငိမ္သက္ခဲ့တဲ့ သတင္း စတဲ့ သတင္းေတြထဲ သတိထားစရာ သတင္းျဖစ္ခဲ့ပါတယ္။

ဘိုးရင္းေလယာဥ္အသစ္ ပ်က္က်မႈနဲ႔ ကပ္ဆိုက္ေနတဲ့ အင္ဒိုနီးရွား။
    

မေတာ္တဆမႈေတြထဲ အဆိုးဝါးဆုံးက ေလယာဥ္ပ်က္က်မႈေတြပါဘဲ။
မေတာ္တဆမႈေတြထဲ အဆိုးဆုံးျဖစ္တဲ့ ေလယာဥ္ပ်က္က်မႈေတြ မၾကာခင္က အာရွမွာ ျဖစ္ခဲ့ပါတယ္။မေလးရွား ေလေၾကာင္းလိုင္းမွာ တစ္စင္းလုံးေပ်ာက္တဲ့ ေလယာဥ္ပ်က္က်မႈ ျဖစ္ၿပီးလို႔ ႏွစ္ပိုင္းမွဘဲ အင္ဒိုေလေၾကာင္းျဖစ္တဲ့ Lion Air ေလေၾကာင္းလိုင္း၏ Boeing 737 အမ်ိဳးအစား ေလယာဥ္ပ်ံတစ္စင္း ပ်ံတက္ၿပီး ၁၃ မိနစ္အၾကာမွာ ေလေၾကာင္းထိန္းသိမ္းေရး ေမွ်ာ္စင္နဲ႔ အဆက္အသြယ္ျပတ္ကာ ပင္လယ္ထဲ ပ်က္က်ခဲ့တဲ့ ျဖစ္စဥ္တစ္ခု ေအာက္တိုဘာ ၂၉ ရက္မွာ ျဖစ္ခဲ့ပါတယ္။

လူေပါင္း ၁၈၉ ဦး စီးနင္းလိုက္ပါသြားခဲ့တဲ့ အဆိုပါ Lion Air ေလေၾကာင္းလိုင္း၏ Boeing 737 အမ်ိဳးအစား ေလယာဥ္ပ်က္က်မႈထဲမွာ ေလယာဥ္မႉးႏွစ္ဦးႏွင့္ အမႈထမ္း ၆ ဦးအျပင္ ခရီးသည္ေတြထဲမွာ အ႐ြယ္ေရာက္ၿပီးသူ ၁၇၈ ဦး၊ ကေလး ၂ ဦးႏွင့္ ေမြးကင္းစအ႐ြယ္ ၁ ဦး ပါဝင္ခဲ့ပါတယ္။

ထိန္းသိမ္းေရးေမွ်ာ္စင္နဲ႔ ေလယာဥ္ အဆက္အသြယ္ ျပတ္ကတည္းက အင္ဒိုနီးရွားေရတပ္က ရွာေဖြေရးနဲ႔ ကယ္ဆယ္ေရး လုပ္ေဆာင္ခဲ့ေပမယ့္ ေလယာဥ္ ရွာမေတြခဲ့ပါဘူး။ေနာက္ပိုင္းမွ ဂ်ာဗားပင္လယ္ထဲ ေရေပၚေပၚေနတဲ့ ေလယာဥ္က အပ်က္အစီးစေတြေၾကာင့္ ေလယာဥ္ပ်က္က်ရာ ေနရာကို ရွာေတြခဲ့ၿပီး ကယ္ဆယ္ေရးေတြ လုပ္ေဆာင္ခဲ့ေပမယ့္ ေလယာဥ္က ပင္လယ္ေရေအာက္ၾကမ္းျပင္မွာ က်ေနခဲ့လို႔ အသက္ရွင္က်န္ရစ္သူ ရွိမယ္ဆိုတဲ့ ေမွ်ာ္လင့္ခ်က္ေတြ ေမွးမွိန္ခဲ့ပါတယ္။
ကယ္ဆယ္ေရးသမားေတြက ေလယာဥ္ထဲက ႐ုပ္အေလာင္းေတြကို ဆယ္ထုတ္ရာမွာ အင္ဒိုေရငုပ္သမားတစ္ဦး ေသဆုံးခဲ့ရသလို  ႏိူ္ဝင္ဘာ ၁ ရက္မွာေတာ့ ေလယာဥ္နဲ႔ ပတ္သက္တဲ့ အေရးႀကီးဆုံး Black Box ႏွစ္လုံးမွ တစ္လုံးကို အင္ဒိုအာဏာပိုင္ေတြက ရွာေဖြေတြ႕ရွိခဲ့ပါတယ္။
    

ႏိုဝင္ဘာ ၂ ရက္မွေတာ့ ပ်က္က်ေလယာဥ္က ေလယာဥ္၏ ထိုင္ခုံမ်ား၊ ဘီးမ်ားႏွင့္ အျခားအစိတ္အပိုင္းမ်ားကို ဆယ္ယူခဲ့သလို တျခားအစိတ္အပိုင္မ်ားကို ဆယ္ယူဖို႔ ႀကိဳးစားေနဆဲ ျဖစ္ပါတယ္။အင္ဒိုေလေၾကာင္း အာဏာပိုင္ေတြက တစ္ႏိုင္ငံလုံးမွာ ပ်က္က်ေလယာဥ္နဲ႔အတူ ဝယ္ခဲ့တဲ့ အမ်ိဳးအစားတူ ေလယာဥ္ေတြ ပ်ံသန္းေျပးဆြဲေနတာကို ရပ္ဆိုင္းၿပီး စစ္ေဆးဖို႔ ၫႊန္ၾကားခဲ့ပါတယ္။

ယခုျဖစ္စဥ္ဟာ အင္ဒို စရိတ္နည္း ေလေၾကာင္းျဖစ္တဲ့ Lion Air အတြက္ အျဖစ္ဆိုးျဖစ္ေပမယ့္ ၂၀၁၃ ခုႏွစ္ကလည္း Lion Air ေလယာဥ္တစ္စင္း ဘာလီေလဆိပ္ ဆင္းသက္ရာမွာ လမ္းေၾကာင္းေခ်ာ္လို႔ ပင္လယ္ထဲက်သြားခဲ့တဲ့ျဖစ္စဥ္ ျဖစ္ခဲ့ဖူးၿပီး အဆိုပါ ျဖစ္စဥ္မွာ အေသအေပ်ာက္မရွိဘဲ စီးနင္းလိုက္ပါလာသူ ၁၀၈ ဦးစလုံး အသက္ရွင္ခဲ့ၿပီး ၂၀၀၄ ခုႏွစ္က Lion Air ေလယာဥ္တစ္စီး ဆိုလိုစီးတီးသို႔ အဆင္းမွာ ပ်က္က်ခဲ့လို႔ ၂၅ ဦး ေသဆုံးခဲ့ရတဲ့ ျဖစ္စဥ္ေတြ ျဖစ္ခဲ့ဖူးပါတယ္။

မၾကာမီက ငလ်င္ဒဏ္၊ မီးေတာင္ေပါက္ကြဲမႈနဲ႔ သဘာဝေဘးဒဏ္ေတြေၾကာင့္ ေထာင္းလေမာင္းေၾကေနတဲ့ အင္ဒိုနီးရွားအတြက္ ယခုလို လူလုပ္ သဘာဝေဘးဒဏ္ေတြက အင္ဒိုအတြက္ ေနာက္ထပ္ေဘးတစ္ခု ျဖစ္သလို ေလေၾကာင္းနဲ႔ ေရေၾကာင္းကို တြင္က်ယ္စြာ သုံးေနရတဲ့ ပို႔ေဆာင္ဆက္သြယ္ေရးကို ထိုးႏွက္ခ်က္ တစ္ခုပါဘဲ။ဒီအျဖစ္ဟာ အင္ဒိုနီးရွားသာမက ေဒသတြင္းႏိုင္ငံေတြက စက္ပစၥည္းေတြအေပၚ ယုံၾကည္ၿပီး ေပါေလ်ာ့လြန္းတဲ့သူေတြအတြက္ သင္ခန္းစာတစ္ခုပါဘဲ။အသစ္ဆိုရင္ ဘာမွမျဖစ္ႏိုင္ဘူးလို႔ ယုံၾကည္လြန္းတဲ့သူေတြအတြက္ သတိထားစရာ သတင္းတစ္ခု ျဖစ္ပါတယ္။
    

ဒီသတင္းက သဘာဝေဘး၊ လူလုပ္ေဘး သတင္းေတြျဖစ္တဲ့  အီရတ္ႏိုင္ငံ၊ ဘဂၢဒက္ၿမိဳ႕ရွိ ငါးေမြးျမဴေရးကန္ေတြနဲ႔ ယူဖေရးတီးျမစ္ေရ ညစ္ညမ္းလို႔ ငါးၾကင္းေတြ ေထာင္ခ်ီေသဆုံးတဲ့ သတင္း၊ ဂ်ပန္မွာ မုန္တိုင္းတိုက္ခတ္ၿပီး မၾကာခင္ ဂ်ပန္ႏိုင္ငံေျမာက္ပိုင္းရွိ အလြန္ေသးငယ္ေသာ ကြၽန္းေလးတစ္ခု ေပ်ာက္ကြယ္သြားခဲ့တဲ့ သတင္းေတြထဲ သတိထားဆင္ျခင္ရမယ့္ သတင္းပါဘဲ။

ကမာၻက ေဒၚနယ္ထရန႔္ ကို ဆန႔္က်င္ေနတယ္လို႔ဆိုတဲ့ ခါေမနီ။

    
ဒီရက္သတၱပတ္ထဲ အမရိကန္နဲ႔ ပတ္သက္တဲ့ သတင္းေတြထဲမွာ စိတ္ဝင္စားစရာ သတင္းအခ်ိဳ႕ ရွိပါတယ္။လူ႔အခြင့္အေရး ေလးစားတဲ့ အေမရိကန္ႏိုင္ငံ သမၼတက ဗဟိုအေမရိက ႏိုင္ငံေတြကေန လာတဲ့ ေ႐ႊ႕ေျပာင္းဝင္ေရာက္သူေတြက အေမရိကန္ႏိုင္ငံထဲ ခိုးဝင္ဖို႔ ႀကိဳးစားရာမွာ တားဆီးတဲ့ အေမရိကန္ စစ္သားေတြကို ေက်ာက္တုံး ေက်ာက္ခဲေတြနဲ႔ ပစ္ေပါက္ၾကတာမ်ိဳး လုပ္လာရင္ ေသနတ္နဲ႔ ျပန္ပစ္ခတ္ခံရလိမ့္မယ္လို႔ ေျပာခဲ့တဲ့အတြက္ ဒီစကားက အေတာ္ေလး ဂယက္႐ိုက္ခဲ့ပါတယ္။
    

ထရန႔္ ကေတာ့ သူေျပာတဲ့ စကားနဲ႔ ပတ္သက္ၿပီး အေၾကာင္းျပခ်က္အေနနဲ႔ အဆိုပါေ႐ႊ႕ေျပာင္းသူေတြက လာရာလမ္းတစ္ေလွ်ာက္ တားဆီးတဲ့ မကၠဆီကို ရဲတပ္ဖြဲ႕ဝင္ေတြကို ေက်ာက္ခဲေတြ ေက်ာက္တုံးေတြနဲ႔ ပစ္ခတ္တာေတြ ရွိခဲ့တဲ့အတြက္ပါ။ဒါေပမယ့္ အေမရိကန္ကေတာ့ သူ႔နယ္ေျမထဲ ဝင္လာတဲ့သူေတြကို တားဆီးဖို႔ ေသနတ္ေပၚ လက္ညႇိဳးတင္ထားဖို႔အထိ ေျပာခဲ့တာပါ။
    

ဒါဟာ အေမရိကန္ ၾကားျဖတ္ေ႐ြးေကာက္ပြဲမွာ ထရန႔္ အတြက္ လူဝင္ခြင့္ထိန္းခ်ဳပ္ေရးကို အဓိက မဲဆြယ္လက္နက္အျဖစ္ သုံးေနတဲ့အတြက္ ဒါဟာ အေမရိကန္ကို အိမ္မက္ႏိုင္ငံအျဖစ္ လာေနတဲ့သူေတြအတြက္ သတင္းဆိုးပါဘဲ။
    

ဒီလိုေ႐ႊ႕ေျပာင္းသူေတြကို သတ္ျဖတ္မယ္လို႔  ႀကိမ္းဝါးေနဆဲမွာဘဲ အီရန္ကို ပိတ္ဆို႔မႈေတြ လုပ္ေနတဲ့ အေမရိကန္က အီရန္ပိတ္ဆို႔မႈကေန ကင္းလြတ္ခြင့္ေပးတဲ့ ႏိုင္ငံေတြကို ထုတ္ျပန္ခဲ့ပါတယ္။ထုတ္ျပန္တဲ့ ၈ ႏိုင္ငံထဲမွာ ထြက္လာတဲ့ စာရင္းအရ  အာရွက ေရနံသုံးစြဲမႈ ျမင့္မားတဲ့ ေတာင္ကိုရီးယား၊ ဂ်ပန္ႏွင့္ အိႏၵိယ ႏိုင္ငံေတြ ပါဝင္လာပါတယ္။အီရန္ကေန ေရနံဆက္လက္ဝယ္ယူခြင့္ျပဳတဲ့ ကင္းလြတ္ခြင့္ထဲ တ႐ုတ္ မပါေပမယ့္ ဆက္လက္ေဆြးေႏြးေနတယ္လို႔ဆိုၿပီး တူရကီကေတာ့ အေၾကာင္းၾကားမႈ မရေသးဘူး ဆိုပါတယ္။
    

အီရန္ေခါင္းေဆာင္ အယာတိုလာအလီ ခါေမနီ ကေတာ့ အီရန္ရဲ႕ ေရနံတင္ပို႔ေရာင္းခ်မႈႏွင့္ ဘ႑ာေရး က႑အေပၚ အေမရိကန္က ပိတ္ဆို႔မႈေတြလုပ္ဖို႔ စီစဥ္ေနတဲ့ သတင္းေတြ ထြက္ေနစဥ္မွာ ထရန႔္ ၏ မူဝါဒမ်ားဟာ ကမာၻတစ္လႊား ဆန႔္က်င္မႈႏွင့္ ႀကဳံေတြ႕ေနတယ္လို႔ ပုတ္ခတ္လိုက္တာပါ။

အေမရိကန္ကေတာ့ အီရန္ကို ၂၀၁၅ အီရန္ န်ဴသေဘာတူညီခ်က္ ဖ်က္သိမ္းတဲ့ ေဆြးေႏြးညႇိႏႈိင္းမႈထဲ အီရန္ ပါဝင္လာဖို႔နဲ႔ အေရွ႕အလယ္ပိုင္း ပဋိပကၡေတြထဲ အီရန္ ၾသဇာအာဏာ မသက္ေရာက္ေရးအတြက္ ဖိအားေပးေနတာ ျဖစ္ပါတယ္။အီရန္ အဓိကႏိုင္ငံျခားေငြ ရရာျဖစ္တဲ့ ေရနံေရာင္းခ်မႈသာ ပိတ္ပင္ခံရရင္ အီရန္အတြက္ ျပည္တြင္းမၿငိမ္မသက္မႈေတြကို ထိန္းဖို႔ခက္လာႏိုင္ပါတယ္။

ဒီလိုအေမရိကန္နဲ႔ ပတ္သက္တဲ့ သတင္းေတြက ယခုတစ္ပတ္ သတင္းေတြထဲက အေမရိကန္နဲ႔ဆိုင္တဲ့ သတင္းေတြျဖစ္တဲ့ အေမရိကန္ ၾကားျဖတ္ေ႐ြးေကာက္ပြဲ မဲဆြယ္တဲ့ တြစ္တာအေကာင့္ေတြကို တြစ္တာက ဖ်က္သိမ္းလိုက္တဲ့ သတင္း၊ ႐ိုေမးနီးယား အစိုးရကို Raytheon ကုမၸဏီ၏ ကာကြယ္ေရး စနစ္သုံးခု ေရာင္းခ်မည့္ သေဘာတူညီခ်က္ တစ္ရပ္ကို အေမရိကန္စစ္တပ္က လက္မွတ္ေရးထိုးခဲ့တဲ့ သတင္း၊ ေနာ္ေဝကမ္းလြန္မွာ ျပဳလုပ္တဲ့ ေနတိုးရဲ႕ အႀကီးမားဆုံး စစ္ေရးေလ့က်င့္မႈမွာ အေမရိကန္ရဲ႕ USS Mount Whitney စစ္ေလယာဥ္ေပၚ ႐ုရွရဲ႕ Tupolev TU-142 စစ္ေလယာဥ္ ပ်ံသန္းလွည့္လည္ခဲ့တဲ့ သတင္း စတဲ့ သတင္းေတြထက္ ပိုၿပီးစိတ္ဝင္စားဖြယ္ ေကာင္းေနခဲ့ပါတယ္။

သီရီလကၤာ ႏိုင္ငံေရးအၾကပ္အတည္း။
    

မၾကာမီက ဝန္ႀကီးခ်ဳပ္ ရာေနးလ္ဝစ္ ကရီမီဆင္ဂီ ကို သမၼတက ျဖဳတ္ခ်လိုက္တဲ့အတြက္ ႏိုင္ငံေရးအၾကပ္အတည္း ျဖစ္ေနတဲ့ သိရီလကၤာ ျပႆနာဟာ ေဒသတြင္း ႏိုင္ငံေတြအေပၚ သတိထားစရာ ျဖစ္လာခဲ့ပါတယ္။
    

သီရိလကၤာဟာ အခ်က္အျခာက်တဲ့ ေနရာမွာရွိၿပီး တ႐ုတ္နဲ႔ နီးစပ္တဲ့ ဆက္ဆံေရးရွိသလို ဆိပ္ကမ္းတစ္ခုကို တ႐ုတ္ထံ ႏွစ္ရွည္လုပ္ပိုင္ခြင့္ ေပးခဲ့တဲ့အတြက္ ျပည္တြင္းမွာ မေက်လည္မႈေတြ ႀကဳံေနရတဲ့ ႏိုင္ငံတစ္ခုလည္း ျဖစ္ပါတယ္။အထူးသျဖင့္ တ႐ုတ္လႊမ္းမိုးလာမႈအေပၚ စိုးရိမ္လာတဲ့အတြက္ အေမရိကန္နဲ႔ ဂ်ပန္က ေပးထားတဲ့ အကူအညီနဲ႔ ေပးမယ့္ ေခ်းေငြေတြကို ႐ုတ္တရက္ ဆိုင္းငံ့ခဲ့ပါတယ္။ဒီအတြက္ ျပည္တြင္းမွာ ဖိႏွိပ္မႈေတြရွိေနသလို ႏိုင္ငံ့ ဒီမိုကေရစီအနာဂတ္ႏွင့္ ပတ္သက္၍ သံသယမ်ား ျဖစ္ေစတယ္လို႔ အေၾကာင္းျပၿပီး ရပ္ဆိုင္းခဲ့တာပါ။ဒီကေန႔ သီရိလကၤာမွာ အစိုးရအဖြဲ႕အတြင္း ျပႆနာေတြကစၿပီး ႏိုင္ငံအတြင္းမွာလည္း စီးမံကိန္းအေတာ္မ်ားမ်ား ရပ္သြားခဲ့ပါတယ္။အထူးသျဖင့္ အေမရိကန္ႏွင့္ ဂ်ပန္သည္ ဖြံ႕ၿဖိဳးတိုးတက္ေရး အကူအညီ ေဒၚလာ တစ္ဘီလီယံေက်ာ္ကို ထိန္းခ်ဳပ္ကန႔္သတ္ခဲ့ပါတယ္။သီရိလကၤာ ဝန္ႀကီးခ်ဳပ္ ရာေနးလ္ဝစ္ ကရီမီဆင္ဂီ ကေတာ့ အေမရိကန္ႏွင့္ ဂ်ပန္ ဒီလိုလုပ္လို႔ သူ႔ကို ရာထူးမွ ႐ုတ္တရက္ထုတ္ပယ္ခဲ့တာလို႔ ဆိုပါတယ္။
    

အစိုးရအဖြဲ႕အတြင္း လေပါင္းမ်ားစြာ တင္းမာမႈမ်ား ျဖစ္ခဲ့ၿပီးေနာက္မွာ  သမၼတ မိုင္သီရိပါလာ သီရိဆီနာ က ဆင္ဂီ ကို ရာထူးမွ ထုတ္ပယ္ၿပီး သမၼတေဟာင္း ရာဂ်ာပက္ဆာ ႏွင့္ အံ့အားသင့္ဖြယ္ အစားထိုးခန႔္အပ္ခဲ့တာပါ။ဆင္ဂီ ကေတာ့ ပက္ဆာ ဦးေဆာင္ေသာ အစိုးရအဖြဲ႕အေပၚ ႏိုင္ငံတကာ စိုးရိမ္ပူပန္မႈမ်ားရွိေၾကာင္း ပါလီမန္၌ မဲခြဲဆုံးျဖတ္မႈ မခံယူရမခ်င္း ဝန္ႀကီးခ်ဳပ္အျဖစ္ ဆက္ရွိေနမည္လို႔ ေျပာထားပါတယ္။

ဒီၾကားထဲမွာ အီးယူကလည္း သီရိလကၤာကို ျပည္တြင္းအေျခအေနေတြအတြက္ ေပးထားတဲ့ ကတိကဝတ္ေတြ မလိုက္နာရင္ ေပးထားသည့္ အခြန္ကင္းလြတ္ခြင့္ ႐ုပ္သိမ္းႏိုင္တယ္လို႔ ဖိအားေပးထားပါတယ္။မၾကာမီက်င္းပမယ့္ သီရိလကၤာ လႊတ္ေတာ္အစည္းအေဝးမွာ လြတ္ေတာ္ရဲ႕ ေထာက္ခံမႈ အျပည့္အဝရထားတဲ့ ဆင္ဂီ နဲ႔ အစိုးရအဖြဲ႕ ဘယ္သူက အားသာလဲဆိုတာကို ေစာင့္ၾကည့္ဖို႔ လိုလာၿပီဆိုတာ တင္ျပရင္း ယခုတစ္ပတ္ သတင္းသုံးသပ္ခ်က္ကို ဒီမွာဘဲရပ္လိုက္ခ်င္ပါတယ္။

မင္းထက္
ႏိုဝင္ဘာ - ၅