【 ယခုတစ်ပတ် နိုင်ငံတကာသတင်း သုံးသပ်ချက် 】 ချီကာဂို အအေးလှိုင်း သို့မဟုတ် ကမ္ဘာကြီးရဲ့ နောက်ဆုံးနေ့ နမိတ်လား

【 ယခုတစ်ပတ် နိုင်ငံတကာသတင်း သုံးသပ်ချက် 】 ချီကာဂို အအေးလှိုင်း သို့မဟုတ် ကမ္ဘာကြီးရဲ့ နောက်ဆုံးနေ့ နမိတ်လား

ယခုတစ်ပတ်အတွင်း အမေရိကန်နဲ့ ရုရှားကြား တာလတ်ပစ် နျူလက်နက်များဆိုင်ရာ သဘောတူညီချက် (INF) စာချုပ်နဲ့ ပတ်သက်ပြီး အမေရိကန်ဘက်က တစ်ဘက်သတ် နုတ်ထွက်မှုကို တုံ့ပြန်တဲ့ ရုရှားဘက်က ဆောင်ရွက်မှုကြောင့် ကမ္ဘာ့နိုင်ငံရေးနဲ့ စစ်ရေးတွေ လှုပ်ခတ်ခဲ့ပါတယ်။ဒါပေမယ့် ဒီလိုအရေးကြီး စိုးရိမ်စရာ သတင်းတွေထဲ အမေရိကန်နဲ့ ကနေဒါကို ဝင်လာတဲ့ Polar Vortex လို့ ခေါ်တဲ့ ပတ်လည် ဝင်ရိုးစွန်း လေအေးစီးကြောင်းကြောင့် ဖြစ်လာတဲ့ သဘာဝဘေး သတင်းက ကမ္ဘာ့သတင်း စောင့်ဖတ်သူတွေကို အကြီးအကျယ် ထိတ်လန့်တုန်လှုပ်စေခဲ့ပါတယ်။

ဒီသတင်းက ယခုတစ်ပတ်မှာဖြစ်ခဲ့တဲ့ နျူကလီးယားပစ္စည်း သန့်စင်စက်ရုံ အားလုံးကို ဖျက်ဆီးပစ်မယ်လို့ မြောက်ကိုရီးယားက အမေရိကန်ကို ကတိပြုထားတဲ့ သတင်း၊ ဥရောပသမဂ္ဂကနေ ဗြိတိန်ထွက်လို့ လန်ဒန်မြို့မှာ အဓိကရုဏ်းများ ဖြစ်ပေါ်လာရင် ဗြိတိန်တော်ဝင် မိသားစုတွေကို ဘေးကင်းရာရွှေ့ဖို့ အာဏာပိုင်တွေက စီစဉ်နေတဲ့ သတင်း၊ ဗင်နီဇွဲလား ကြားဖြတ်သမ္မတ ဂျူအန်ဂိုင်ဒို ရဲ့ မိသားစုဝင်တွေကို ရဲတပ်ဖွဲ့က ခြိမ်းခြောက်ခဲ့တဲ့ သတင်း၊ စစ်အစိုးရထောက်ခံတဲ့ ဖာလန်းပရာချာရတ်ပါတီက လက်ရှိဝန်ကြီးချုပ်နဲ့ ထိုင်းအာဏာသိမ်းခေါင်းဆောင် ပရာယွတ်ချန်အိုချာ ကို မတ်လမှာ ကျင်းပမယ့် ထိုင်းရွေးကောက်ပွဲမှာ ဝန်ကြီးချုပ်နေရာအတွက် ပါတီကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်ပေးဖို့ ကမ်းလှမ်းခဲ့တဲ့ သတင်း၊ ဗဟိုအာဖရိက ပြည်ထောင်စုအစိုးရနဲ့ အစိုးရကို ဆန့်ကျင်တိုက်ခိုက်နေတဲ့ လက်နက်ကိုင်အဖွဲ့ ၁၄ ဖွဲ့တို့ ကုလအစီအစဉ်နဲ့ ငြိမ်းချမ်းရေးသဘောတူညီချက် ရခဲ့တဲ့ သတင်းတွေထဲ ထူးထူးခြားခြား သတိထားစရာ ဖြစ်စေခဲ့ပါတယ်။

ရှုပ်ထွေးဆဲ ဂါဇာနဲ့ ကမ္ဘာတစ်လွှား ပဋိပက္ခများ

ယခုတစ်ပတ် သတင်းတွေထဲ သတိထားစရာဖြစ်ခဲ့တဲ့ သတင်းတွေက အရှေ့အလယ်ပိုင်းက ယခုထိ မပြီးသေးတဲ့ ပါလက်စတိုင်းတွေရဲ့ “စုရုံးနေရပ်ပြန်မှု” လှုပ်ရှားမှုမှာ အစ္စရေးစစ်တပ်ဘက်က ပစ်ခတ်မှုတွေကြောင့် ပါလက်စတိုင်းတွေ ထိခိုက်ဒဏ်ရာ ရခဲ့မှုတွေပါဘဲ။

တစ်နှစ်ကြာပြီဖြစ်တဲ့ အဆိုပါလှုပ်ရှားမှုမှာ ဟားမက်စ်အဖွဲ့ ထိန်းချုပ်ရာ ဂါဇာကမ်းမြောင်ဒေသက ပါလက်စတိုင်းတွေက နယ်စပ်တစ်လျှောက် စည်းရိုးတံတိုင်းတွေကို ကျော်တက်ဖို့ နေ့စဉ်ကြိုးစားနေကြတာပါ။နယ်စပ်စည်းရိုးတစ်လျှောက် စုရုံးနေတဲ့ ပါလက်စတိုင်းဘက်က ဆူပူအကြမ်းဖက်သူနဲ့ ဆန္ဒပြသူ အင်အားတစ်သောင်းနီးပါးကို အစ္စရေးစစ်တပ်ဘက်က တားဆီးခြောက်လှန့် ပစ်ခတ်ခဲ့ရာမှာ ဖေဖေါ်ဝါရီ ၁ ရက်က ပါလက်စတိုင်း ၃၀ ကျော် ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ဟားမက်စ် ပြောရေးဆိုခွင့်ရှိသူဖြစ်တဲ့ ဂါဇာနယ် ကျန်းမာရေးဝန်ကြီးဌာနကတော့ ဒါဟာ အစ္စရေးစစ်တပ်က ဆန္ဒပြသူတွေကို ပစ်ခတ်လို့ ဖြစ်တာလို့ ပြစ်တင်ခဲ့ပါတယ်။အစ္စရေးဘက်ကတော့ ဒီလိုမဟုတ်ဘဲ ဆူပူအကြမ်းဖက်သူတွေက အစ္စရေးဘက်ကို ကျောက်တုံးကျောက်ခဲတွေ၊ ကားတာယာတွေ၊ လက်လုပ်ဖောက်ခွဲရေးပစ္စည်းတွေကို လှိမ့်သွင်းခဲ့လို့ ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။၂၀၁၇ ခုနှစ် မတ်၃၀ ရက်က စခဲ့တဲ့ ပါလက်စတိုင်းတွေရဲ့ “စုရုံးနေရပ်ပြန်မှု” လှုပ်ရှားမှုမှာ ဆက်လက်ရှိနေမှာဖြစ်သလို ကမ္ဘာအနှံ့က ဂျူးဆန့်ကျင်သူတွေကို ဖိတ်ခေါ်နေသလိုဖြစ်ပြီး  တစ်ချိန်မဟုတ်တစ်ချိန် အစ္စရေးစစ်တပ်ဘက်က နယ်စပ်စည်းရိုးတစ်လျှောက် လျော့ရဲမှုဖြစ်လာခဲ့ရင် ဒီပြဿနာက အတော်လေးဆိုးရွားလာမယ့် ကိစ္စဖြစ်တဲ့အတွက် ဆက်စောင့်ကြည့်ရမယ် ပြဿနာပါဘဲ။

ဒီလိုပဋိပက္ခတွေနဲ့ အရှေ့အလယ်ပိုင်းမှာ ရှုပ်ထွေးနေတဲ့ အချိန်မှာ အာရှအရှေ့ဖျားက ဂျပန်နဲ့ ရုရှားကြား ဂျပန်ဂဏန်းဖမ်း သင်္ဘောတစ်စင်းကြောင့် တင်းမာမှုအချို့ ဖြစ်ခဲ့ပါတယ်။ဇန်နဝါရီ ၂၆ ရက်က ဂျပန်နိုင်ငံ ရှီမာန စီရင်စုကနေ ပင့်ကူကဏန်း ဖမ်းဆီးဖို့ ပင်လယ်ထဲ ထွက်သွားတဲ့ Nishino-maru no-6  ဂျပန်ရေယာဉ်တစ်စင်းကို ရုရှားရေတပ်က ဖမ်းဆီးခဲ့ပါတယ်။
ဒီနေရာက ဂျပန်၊ ရုရှားနှင့် ကိုရီးယားနှစ်နိုင်ငံတို့ ပတ်လည်ဝိုင်းနေတဲ့ နေရာဖြစ်ပြီး ယင်းဧရိယာရှိကျွန်းငယ်များ ပိုင်ဆိုင်ခွင့်နှင့် ပတ်သက်၍ မကြာခဏဆိုသလို အငြင်းပွားလေ့ရှိတဲ့ နေရာဖြစ်ပါတယ်။

ရုရှားရေတပ်က အဆိုပါရေယာဉ်ကို ရုရှားနိုင်ငံ အရှေ့ပိုင်း Nakhodka ဆိပ်ကမ်းသို့ ခေါ်ဆောင်သွားခဲ့လို့ ရေယာဉ်နှင့် အတူပါတဲ့သူတွေကို စစ်ဆေးမေးမြန်းမယ်လို့ ဂျပန်ဘက်က ယူဆထားခဲ့ပါတယ်။ဂျပန်ဘက်ကတော့ ဒီလူတွေနဲ့ ရေယာဉ်ကို ပြန်လွှတ်ပေးဖို့ သံတမန်လမ်းကြောင်းကနေ ကြိုးစားနေပေမယ့် ရုရှားအစိုးရကတော့ အခုဖမ်းဆီးခဲ့တဲ့ ဒီနေရာကို သူ့ရဲ့ သီးခြားစီးပွားရေးဇုန်လို့ သတ်မှတ်ထားတဲ့အတွက် ဒီထဲဝင်ဖမ်းတဲ့ ရေယာဉ်တွေကို ပြန်လွှတ် ပေး၊ မပေး ဆိုတာကတော့ စောင့်ကြည့်ရမှာဦးမှာ ဖြစ်ပါတယ်။

ဒီသတင်းက ယခုတစ်ပတ်အတွင်းဖြစ်ခဲ့တဲ့ ဆီးရီးယားနိုင်ငံ အလက်ပိုမြို့ရှိ စစ်ဒဏ်သင့် လူနေအဆောက်အအုံတစ်လုံး ပြိုကျလို့ ကလေးလေးဦး အပါအဝင် အနည်းဆုံး လူ ၁၁ ဦး သေဆုံးခဲ့တဲ့ သတင်း၊ အီရန်စစ်တပ်က အစ္စလာမ်မစ် တော်လှန်ရေး နှစ် (၄၀) ပြည့် အခမ်းအနားမှာ မိုင် ၈၀၀ အကွာအဝေးအထိ ရောက်ရှိနိုင်တဲ့ တာဝေးပစ် ပဲ့ထိန်းဒုံးကျည်သစ် တစ်စင်းကို ထုတ်ဖော်ပြခဲ့တဲ့ သတင်း၊ ဖိလစ်ပိုင်နိုင်ငံ ဂျိုလိုကျွန်းမှာ အစိုးရတပ်တွေနဲ့ အစွန်းရောက် အဘူဆေယက်ဖ်အဖွဲ့တို့ တိုက်ပွဲဖြစ်ပွားရာမှာ အစိုးရတပ်ဖွဲ့ဝင် ငါးဦးနဲ့  အဘူဆေယက်ဖ်အဖွဲ့ဝင် သုံးဦး သေဆုံးခဲ့တဲ့ သတင်း၊ ဗင်နီဇွဲလားနိုင်ငံ ကာရာကက်စ်မြို့မှာ သမ္မတ မာဒူရို အပေါ် ထောက်ခံတဲ့ ဆန္ဒပြပွဲနဲ့ ကြားဖြတ်သမ္မတ ဂျူအန်ဂိုင်ဒို အပေါ် ထောက်ခံတဲ့ ဆန္ဒပြပွဲတွေ အပြန်အလှန်ဖြစ်ပွားခဲ့တဲ့ သတင်း၊ လျှပ်စစ်ဓာတ်အား သဘာဝဓာတ်ငွေ့နဲ့ အခြားသော ဝန်ဆောင်မှုတွေကို ဈေးမမြှင့်ရေးအတွက် အာဂျင်တီးနားနိုင်ငံ ဗျူနိုအေရိစ်မြို့မှာ အင်အားထောင်ပေါင်းများစွာ ချီတက်ဆန္ဒပြခဲ့တဲ့ သတင်းတွေ အပါအဝင်  ယခုတစ်ပတ်အတွင်း စိတ်ဝင်စားစရာ သတင်းများစွာ ဖြစ်ခဲ့ပါတယ်။

လူရှစ်သိန်းနေတဲ့ မြို့ထဲဝင်လာတဲ့ ကျားသစ်

ယခုတစ်ပတ် သတိထားစရာ သတင်းတွေထဲမှာ အိန္ဒိယက မြို့တစ်ခုကို ဝင်လာတဲ့ ကျားသစ်တစ်ကောင်ကြောင့် တစ်မြို့လုံး ကြောက်လန့်တကြားဖြစ်ပြီး အုတ်အော်သောင်းနင်းဖြစ်ခဲ့ရတဲ့ သတင်းတစ်ပုဒ် ဖြစ်ခဲ့ပါတယ်။ဒီသတင်းကို ပြည်တွင်းသတင်း မီဒီယာတွေမှာ အထူးအဆန်းအနေနဲ့ ဖော်ပြခဲ့ပေမယ့် လက်တွေ့ရင်ဆိုင်ရတဲ့ အိန္ဒိယနိုင်ငံ ဂျာလန်ဒ မြို့သူမြို့သားတွေအတွက်တော့ သေရေးရှင်ရေးပါဘဲ။

ပန်ဂျပ်ပြည်နယ်ကထဲက ဂျာလန်ဒမြို့ထဲ ဝင်လာတဲ့ ကျားသစ်ဟာ နာရီအတော်အတန်ကြာအောင် ပြေးလွှားသောင်းကျန်းခဲ့ပြီး လူတွေကိုလည်း ရန်ပြုတိုက်ခိုက်ခဲ့ရာမှာ လူလေးဦးကို ကိုက်ခဲခဲ့ပါတယ်။ဂျာလန်ဒမြို့ထဲက နောက်ဖေးလမ်းကြားတွေမှာ လျှောက်သွားနေတဲ့ ကျားသစ်ကို ဖမ်းဆီးဖို့ ခြောက်နာရီကျော်ကြာအောင် ကြိုးစားခဲ့ရပြီး နောက်ဆုံးမှာ ကျားသစ်ကို မေ့ဆေးသေနတ်နဲ့  ပစ်ဖမ်းခဲ့နိုင်ပါတယ်။ဇန်နဝါရီ ၃၁ ရက်က ဖြစ်ပွားခဲ့တဲ့ အဆိုပါဖြစ်ရပ်ကို ရိုက်ကူးထားတဲ့သူတွေက အွန်လိုင်းကို တင်ခဲ့တဲ့အတွက် ဒီအဖြစ်ဟာ လူသိများခဲ့ပါတယ်။ဒီဗီဒီယိုဖိုင်ထဲမှာ လူတွေက ကျားသစ်သွားရာ လိုက်ကြည့်ကြပြီး ကျားသစ်လှည့်လာရင် ပြန်လှည့်ပြေးကြနဲ့ အတော်လေးကို ရုတ်ရုတ်သဲသဲဖြစ်ခဲ့တာပါ။ထိခိုက်ဒဏ်ရာ ရတဲ့သူတွေကလည်း အဆိုပါလူအုပ်ထဲက လူတွေဘဲဖြစ်ပြီး ကျားသစ်ကို ပိုက်ကွန်နဲ့ ဖမ်းဆီးဖို့ ကြိုးစားရာမှာလည်း ဖမ်းမမိခဲ့ပဲ ဖမ်းဖို့ကြိုးစားတဲ့သူကိုယ်တိုင် လဲပြိုဒဏ်ရာခဲ့တာတွေ ရှိခဲ့ပါတယ်။

ပန်ဂျပ်ပြည်နယ် တောရိုင်းတိရစ္ဆာန်ရေးရာ တာဝန်ရှိသူတွေကတော့ ကျားသစ်ဟာ အနီးနားက ပြည်နယ်က တောင်ကုန်းတွေကနေ လမ်းမှားပြီး လယ်ကွင်းနဲ့ သစ်တောတွေကိုဖြတ်ကာ ဂျာလန်ဒဟာမြို့ထဲ ရောက်လာတာ ဖြစ်တယ်လို့ ဆိုပါတယ်။ဒီအဖြစ်အပျက်ဟာ တောရိုင်းတိရစ္ဆာန်တွေ နေထိုင်ကျက်စားရာ စားကျက်မြေတွေ လူတွေရဲ့ နေထိုင်အခြေချမှု တိုးလာတဲ့အတွက် ကျဉ်းမြောင်းလာရာကနေ လူနေထိုင်ရာ အရပ်ဒေသတွေဆီ လွှင့်စင်လာတဲ့ သဘောဖြစ်ပြီး ဒါဟာနောင်မှာ မကြာခဏတွေ့ကြုံလာရတော့မယ့် အန္တရာယ်ဖြစ်လာဖွယ် ရှိပါတယ်။နောက်ဆုံးမှာ တောရိုင်းတိရစ္ဆာန်တွေ ပျောက်ကွယ်မျိုးတုံးဖို့ ဖြစ်လာတဲ့ အခြေအနေဖြစ်တဲ့အတွက် ဒါဟာ သတိထားဖွယ် ကိစ္စရပ်တစ်ခုပါဘဲ။

ဒီလို လူနေထူထပ်တဲ့ မြို့ထဲထိရောက်လာတဲ့ တောထဲက ကျားသစ်ရဲ့ သတင်းက ယခုတစ်ပတ်ရဲ့ အများစိတ်ဝင်စားစရာ သတင်းဖြစ်ခဲ့ကာ ယခုတစ်ပတ်အတွင်းဖြစ်ခဲ့တဲ့  အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်ထဲ မှာ ဒေလီမြို့ကိုသွားတဲ့ ရထားတစ်စီး တိမ်းမှောက်လို့ ခရီးသည်ခုနှစ်ဦး သေဆုံးခဲ့တဲ့ သတင်း၊ အင်ဒိုနီးရှား အကျဉ်းထောင်တစ်ခုကနေ  ထောင်ဖောက်ပြေးတဲ့ ပြင်သစ်နိုင်ငံသားကို  ပြန်ဖမ်းဆီးရမိခဲ့တဲ့ သတင်း၊ တီဟီရန်မြို့က အများပြည်သူနေရာတွေမှာ အိမ်မွေးခွေးတွေကို ကြိုးဆွဲ လမ်းလျှောက်ထွက်တာကို အီရန်အာဏာပိုင်တွေက တားမြစ်ခဲ့တဲ့ သတင်း၊ မီးရှူး မီးပန်း ၄၉ ခု လက်ဝယ်ပိုင်ဆိုင်မှုနဲ့ အမျိုးသားတစ်ဦး စင်ကာပူ အာဏာပိုင်တွေက ဖမ်းဆီးခဲ့တဲ့ သတင်း၊ နိုင်ဂျီးရီးယားကနေ ဟောင်ကောင်ကို တင်သွင်းလာတဲ့ ကွန်တိန်နာတစ်လုံးမှာ သင်းခွေချပ် အကြေးခွံပေါင်း တန်ချိန် ရှစ်တန်ကို ဖမ်းဆီးရမိခဲ့တဲ့ သတင်း၊ ဂျပန်နိုင်ငံမှာ တုပ်ကွေးရောဂါ ဖြစ်ပွားလို့ လူ ၂ ဒသမ ၂ သန်းအထိ ကူးစက်ခံထားရတဲ့ သတင်းတွေနဲ့အတူ ကျားသစ် သတင်းက အများပြည်သူကို သတိထားမိစေခဲ့ပါတယ်။

အမေရိကန် အအေးလှိုင်းက ကမ္ဘာရဲ့ နောက်ဆုံးနေ့ကို ပြတာလား

ယခုရက်သတ္တပတ် အစောပိုင်းက အမေရိကန်နိုင်ငံ အလယ်ပိုင်းဒေသက ချီကာဂို အပါအဝင် မြို့ကြီးနဲ့ ဒေသတွေကို နှင်းမုန်တိုင်း ဝင်ရောက်ခဲ့တဲ့အတွက် အပူချိန် အလွန်အမင်းကျဆင်းကာ စံချိန်တင် အအေးဒဏ်ကြောင့် လူ ၂၁ ဦးထိ သေဆုံးခဲ့ရပါတယ်။ဒါဟာ အအေးဒဏ်နဲ့ ဆက်စပ်ပတ်သက်ပြီးဖြစ်တဲ့ သေဆုံးမှုတွေချည်းပါ။

အမေရိကန်နိုင်ငံ အလယ်ကြောတစ်ခုတည်းတွင် မကပါဘူး။အမေရိကန် မြောက်ပိုင်းဒေသနဲ့ ကနေဒါနိုင်ငံက ဒေသအများအပြားမှာပါ အပူချိန်က ရေခဲမှတ်အောက် အတော်များများ ရောက်တဲ့ထိ ကျဆင်းခဲ့ပါတယ်။ဒီဒေသတချို့မှာ ကမ္ဘာပေါ်မှာ အအေးဆုံး ဇုန်တစ်ခုအဖြစ် သတ်မှတ်ထားတဲ့ အန္တာတိကတိုက်ရဲ့ တချို့အစိတ်အပိုင်းတွေထက်တောင် ပိုအေးနေခဲ့လို့ ကျောင်းတွေ၊ ရုံးတွေ၊ စီးပွားရေးလုပ်ငန်းတွေ ပိတ်ထားလိုက်ရတယ်။အအေးဒဏ် အခြေအနေက ဆိုးဝါးလွန်းတဲ့အတွက် အိမ်အပြင်မှာ ၁၀ မိနစ်ထက် ပိုထွက်ရင် အအေးလွန်ကဲမှုကြောင့် ခြေလက်တွေပုပ်ကုန်ပြီး အသက်ဆုံးရှုံးတဲ့အထိ ဖြစ်နိုင်တဲ့ အန္တရာယ်ကြုံနိုင်တယ်လို့ အာဏာပိုင်တွေက သတိပေးထားရတဲ့ အဆင့်အထိပါ။ချီကာဂိုမှာ ရေခဲမှတ်အောက် အနုတ် ၃၁ ဒီဂရီ ဆဲလ်ဆီးရပ်စ်လောက်ထိ အေးနေခဲ့ပြီး မစ်ချီဂန်မှာလည်း တချို့ နေရာတွေမှ အနုတ် ၄၀ ဒီဂရီ ဆဲလ်ဆီးရပ်စ်ထိ ရောက်ရှိခဲ့ပါတယ်။အမေရိကန်က အီလီနွိုက်စ်၊ မစ်ချီဂန်၊ မင်နီဆိုးတား၊ နယူးယောက်၊ မြောက်ပိုင်းဒါကိုတာ၊ ဝစ္စကွန်ဆင်တို့မှာ ရေခဲမှတ်အောက် အပူချိန်တွေ ကျဆင်းခဲ့သလို ကနေဒါမှာလည်း တိုရန်တို၊ မန်နီတိုဘာ၊ အွန်တေရီယို၊ ဝင်နီပက်ဂ် ဒေသတွေမှာ ရက်ရက်စက်စက်အေးတဲ့ အေးမြမှုကို ကြုံရပါတယ်။နိုင်ငံတကာမီဒီယာတွေမှာ ချီကာဂိုမြို့လယ်ကို ဖြတ်သန်းစီးဆင်းတဲ့ မြစ်ရေပြင်မှာ အရည်ပျော်တဲ့ ရေခဲတုံးတွေ မျောပါနေတာကိုလည်း မြင်တွေ့ရသလို နိုင်အာဂရာရေတံခွန်ကြီးမှာ တစ်ချို့နေရာတွေ ရေခဲတာတွေကို ပြခဲ့ပါတယ်။အမေရိကန်က တချို့ဒေသတွေမှာ နှင်းထုက တစ်ပေလောက် ထူတဲ့ထိ ကျဆင်းခဲ့ပြီး နှစ်ပေါင်း ၃၄ နှစ်အတွင်း အနိမ့်ဆုံး အပူချိန်ကျဆင်းမှု စံချိန်တင်ဖြစ်ပေါ်နေတဲ့ ချီကာဂိုမှာလည်း မီးရထား သံလမ်းဆက်တွေ မကြုံအောင် ပြတ်တောက်မှုမဖြစ်အောင် သံလမ်းတွေကို အပူပေးဖို့ မီးတင်ရှို့ခဲ့ရတာတွေထိ အအေးဒဏ်က ပြင်းထန်ခဲ့ပါတယ်။

ရုပ်သံနဲ့ ဓာတ်ပုံတွေ၊ အွန်လိုင်းသတင်း ဓာတ်ပုံတွေမှာ ချီကာဂိုမြို့က လူတွေကို အကူအညီပေးနေတဲ့ မီးသတ်ဝန်ထမ်းတွေရဲ့ ဦးထုပ်နဲ့ ဝတ်စုံတွေမှာ ရေခဲနေတဲ့ပုံတွေက တစ်ကမ္ဘာလုံး ထိတ်လန့်တကြား စောင့်ကြည့်ရတဲ့ သတင်းဖြစ်ခဲ့ပြီး အအေးဒဏ်ကြောင့် ကမ္ဘာကြီး ကပ်ဘေးဆိုက်ရပုံကို စိတ်ကူးဖန်တီးပြထားတဲ့ The Day After Tomorrow ရုပ်ရှင်နဲ့ ခပ်ဆင်ဆင်ဖြစ်နေလို့  အားလုံးအတွက် ဒီအဖြစ်အပျက်ဟာ ကမ္ဘာကြီးရဲ့ နောက်ဆုံးနေ့အတွက် ကြိုပြနေတဲ့ နမိတ်တွေလားလို့ ထိတ်လန့်တုန်လှုပ်စရာ ဖြစ်ခဲ့ပါတယ်။

အမေရိကန် အမျိုးသားမိုးလေဝသဌာနကတော့ ဒါဟာ Polar Vortex လို့ ခေါ်တဲ့ ပတ်လည် ဝင်ရိုးစွန်း လေအေးစီးကြောင်းတွေကြောင့်လို့ ဆိုခဲ့ပြီး ယခုကြုံခဲ့တဲ့ Polar Vortex ဟာ ဒီဒေသက လူ့အသက်ပေါင်းများစွာကို နုတ်ယူနိုင်တဲ့ထိ သက်ရောက်မှု ပြင်းထန်တဲ့ သဘာဝဘေးအန္တရာယ် တစ်ခုလို့ သတ်မှတ်ခဲ့ပါတယ်။ဒါပေမယ့် ကြိုတင်ပြင်ဆင်မှုတွေ၊ ကာကွယ်မှုတွေ ထုံးစံအတိုင်း အားကောင်းခဲ့တဲ့အတွက် ၃ ရက်အတွင်း လူ ၂၁ ဦးသာ သေဆုံးခဲ့ရပြီး ဖေဖေါ်ဝါရီ ၁ ရက်မှာ ဒေသတွင်းအပူချိန် ပြန်လည်မြင့်တက်ခဲ့တဲ့အတွက် မကြာမီမှာ မူလအပူချိန်ဆီ ပြန်ရောက်မယ်လို့ ခန့်မှန်းတွက်ချက်ထားခဲ့ပါတယ်။အအေးဒဏ်ကြောင့် ချီကာဂိုမြို့ အပါအဝင် ဒေသတစ်ဝန်းမှာ လျှပ်စစ်မီး ပြတ်တောက်တာနဲ့ လေယာဉ်ခရီးစဉ် ပယ်ဖျက်ရတာတွေ ရှိခဲ့ပေမယ့် မကြာမီ အပူချိန်မြင့်တက်လာတာကြောင့် ပြန်လည်ပြေးဆွဲမှုတွေ မြင်လာရဖွယ်ရှိတယ်လို့ ဆိုပါတယ်။

ဒီလောက်ထိ အအေးဒဏ်မဆိုးပေမယ့် ဥရောပအနောက်ပိုင်းနဲ့ ပြင်သစ်နိုင်ငံ အနောက်တောင်ပိုင်းမှာလည်း မုန်တိုင်း ဂါဘရီရယ်ကြောင့် မိုးသည်းထန်ခြင်း၊ ဆီးနှင်းကျဆင်းတွေ ဖြစ်ပေါ်နေခဲ့ကာ ဆီးနှင်းကျဆင်းမှု ၅ စင်တီမီတာကနေ ၁၀ စင်တီမီတာအထိ ရှိခဲ့ပါတယ်။ဂျပန်မှာလည်း နှင်းထူထပ်စွာ ကျဆင်းလို့ တိုကျိုမြို့ နာရီတာလေဆိပ်မှာ ဘိုးရင်း ၇၈၇ လေယာဉ်တစ်စင်း လမ်းချော်ခဲ့လို့ လေဆိပ်ထဲက လေယာဉ်ပြေးလမ်း တစ်စိတ်တစ်ပိုင်းကို ပိတ်ခဲ့ရပါတယ်။

သြစတြေးလျှ အရှေ့မြောက် ကွင်းစလန်ပြည်နယ်ရှိ တောင်းစ်ဝီလီမြို့မှာတော့ ရာစုနှစ်တစ်ခုအတွင်း တစ်ကြိမ်ကြုံရသည့် ရေလွှမ်းမိုးမှုကြောင့် လူထောင်နှင့်ချီ၍ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပါတယ်။သြစတြေးလျ အရှေ့ခြမ်း နယူးဆောက်ဝေး ပြည်နယ်ထဲက အဓိကမြစ်တွေထဲမှာ ငါးအကောင်ရေ ထောင်ပေါင်းများစွာ သေဆုံးမှု ယခုတစ်ပတ်အတွင်း ဖြစ်ပေါ်ခဲ့ပါတယ်။ဘန်ကောက်မြို့မှာတော့ သီတင်းပတ်ပေါင်းများစွာ မီးခိုးမြူများ ဖုံးလွှမ်းနေလို့ စာသင်ကျောင်း ၄၅၀ ခန့်ကို ပိတ်ထားရန် အာဏာပိုင်များက ညွှန်ကြားချက် ထုတ်ပြန်ခဲ့ရပါတယ်။

ကမ္ဘာ့ရာသီဥတုက တစ်ကယ့်ကို ကမောက်ကမပါဘဲ။ဘာတွေ ဖြစ်လာဦးမလဲဆိုတာ ဆက်စောင့်ကြည့်ရဦးမှာ ဖြစ်တယ်ဆိုတာ တင်ပြရင်း ယခုတစ်ပတ် နိုင်ငံတကာသတင်း သုံးသပ်ချက်ကို ဒီမှာဘဲ ရပ်လိုက်ချင်ပါတယ်။

မင်းထက်
ဖေဖော်ဝါရီ - ၄

( Zawgyi )

ယခုတစ္ပတ္အတြင္း အေမရိကန္နဲ႔ ႐ုရွားၾကား တာလတ္ပစ္ န်ဴလက္နက္မ်ားဆိုင္ရာ သေဘာတူညီခ်က္ (INF) စာခ်ဳပ္နဲ႔ ပတ္သက္ၿပီး အေမရိကန္ဘက္က တစ္ဘက္သတ္ ႏုတ္ထြက္မႈကို တုံ႔ျပန္တဲ့ ႐ုရွားဘက္က ေဆာင္႐ြက္မႈေၾကာင့္ ကမာၻ႔ႏိုင္ငံေရးနဲ႔ စစ္ေရးေတြ လႈပ္ခတ္ခဲ့ပါတယ္။ဒါေပမယ့္ ဒီလိုအေရးႀကီး စိုးရိမ္စရာ သတင္းေတြထဲ အေမရိကန္နဲ႔ ကေနဒါကို ဝင္လာတဲ့ Polar Vortex လို႔ ေခၚတဲ့ ပတ္လည္ ဝင္႐ိုးစြန္း ေလေအးစီးေၾကာင္းေၾကာင့္ ျဖစ္လာတဲ့ သဘာဝေဘး သတင္းက ကမာၻ႔သတင္း ေစာင့္ဖတ္သူေတြကို အႀကီးအက်ယ္ ထိတ္လန႔္တုန္လႈပ္ေစခဲ့ပါတယ္။

ဒီသတင္းက ယခုတစ္ပတ္မွာျဖစ္ခဲ့တဲ့ န်ဴကလီးယားပစၥည္း သန႔္စင္စက္႐ုံ အားလုံးကို ဖ်က္ဆီးပစ္မယ္လို႔ ေျမာက္ကိုရီးယားက အေမရိကန္ကို ကတိျပဳထားတဲ့ သတင္း၊ ဥေရာပသမဂၢကေန ၿဗိတိန္ထြက္လို႔ လန္ဒန္ၿမိဳ႕မွာ အဓိက႐ုဏ္းမ်ား ျဖစ္ေပၚလာရင္ ၿဗိတိန္ေတာ္ဝင္ မိသားစုေတြကို ေဘးကင္းရာေ႐ႊ႕ဖို႔ အာဏာပိုင္ေတြက စီစဥ္ေနတဲ့ သတင္း၊ ဗင္နီဇြဲလား ၾကားျဖတ္သမၼတ ဂ်ဴအန္ဂိုင္ဒို ရဲ႕ မိသားစုဝင္ေတြကို ရဲတပ္ဖြဲ႕က ၿခိမ္းေျခာက္ခဲ့တဲ့ သတင္း၊ စစ္အစိုးရေထာက္ခံတဲ့ ဖာလန္းပရာခ်ာရတ္ပါတီက လက္ရွိဝန္ႀကီးခ်ဳပ္နဲ႔ ထိုင္းအာဏာသိမ္းေခါင္းေဆာင္ ပရာယြတ္ခ်န္အိုခ်ာ ကို မတ္လမွာ က်င္းပမယ့္ ထိုင္းေ႐ြးေကာက္ပြဲမွာ ဝန္ႀကီးခ်ဳပ္ေနရာအတြက္ ပါတီကိုယ္စားျပဳ ဝင္ေရာက္ယွဥ္ၿပိဳင္ေပးဖို႔ ကမ္းလွမ္းခဲ့တဲ့ သတင္း၊ ဗဟိုအာဖရိက ျပည္ေထာင္စုအစိုးရနဲ႔ အစိုးရကို ဆန႔္က်င္တိုက္ခိုက္ေနတဲ့ လက္နက္ကိုင္အဖြဲ႕ ၁၄ ဖြဲ႕တို႔ ကုလအစီအစဥ္နဲ႔ ၿငိမ္းခ်မ္းေရးသေဘာတူညီခ်က္ ရခဲ့တဲ့ သတင္းေတြထဲ ထူးထူးျခားျခား သတိထားစရာ ျဖစ္ေစခဲ့ပါတယ္။

ရႈပ္ေထြးဆဲ ဂါဇာနဲ႔ ကမာၻတစ္လႊား ပဋိပကၡမ်ား

ယခုတစ္ပတ္ သတင္းေတြထဲ သတိထားစရာျဖစ္ခဲ့တဲ့ သတင္းေတြက အေရွ႕အလယ္ပိုင္းက ယခုထိ မၿပီးေသးတဲ့ ပါလက္စတိုင္းေတြရဲ႕ “စု႐ုံးေနရပ္ျပန္မႈ” လႈပ္ရွားမႈမွာ အစၥေရးစစ္တပ္ဘက္က ပစ္ခတ္မႈေတြေၾကာင့္ ပါလက္စတိုင္းေတြ ထိခိုက္ဒဏ္ရာ ရခဲ့မႈေတြပါဘဲ။

တစ္ႏွစ္ၾကာၿပီျဖစ္တဲ့ အဆိုပါလႈပ္ရွားမႈမွာ ဟားမက္စ္အဖြဲ႕ ထိန္းခ်ဳပ္ရာ ဂါဇာကမ္းေျမာင္ေဒသက ပါလက္စတိုင္းေတြက နယ္စပ္တစ္ေလွ်ာက္ စည္း႐ိုးတံတိုင္းေတြကို ေက်ာ္တက္ဖို႔ ေန႔စဥ္ႀကိဳးစားေနၾကတာပါ။နယ္စပ္စည္း႐ိုးတစ္ေလွ်ာက္ စု႐ုံးေနတဲ့ ပါလက္စတိုင္းဘက္က ဆူပူအၾကမ္းဖက္သူနဲ႔ ဆႏၵျပသူ အင္အားတစ္ေသာင္းနီးပါးကို အစၥေရးစစ္တပ္ဘက္က တားဆီးေျခာက္လွန႔္ ပစ္ခတ္ခဲ့ရာမွာ ေဖေဖၚဝါရီ ၁ ရက္က ပါလက္စတိုင္း ၃၀ ေက်ာ္ ထိခိုက္ဒဏ္ရာရခဲ့ပါတယ္။ဟားမက္စ္ ေျပာေရးဆိုခြင့္ရွိသူျဖစ္တဲ့ ဂါဇာနယ္ က်န္းမာေရးဝန္ႀကီးဌာနကေတာ့ ဒါဟာ အစၥေရးစစ္တပ္က ဆႏၵျပသူေတြကို ပစ္ခတ္လို႔ ျဖစ္တာလို႔ ျပစ္တင္ခဲ့ပါတယ္။အစၥေရးဘက္ကေတာ့ ဒီလိုမဟုတ္ဘဲ ဆူပူအၾကမ္းဖက္သူေတြက အစၥေရးဘက္ကို ေက်ာက္တုံးေက်ာက္ခဲေတြ၊ ကားတာယာေတြ၊ လက္လုပ္ေဖာက္ခြဲေရးပစၥည္းေတြကို လွိမ့္သြင္းခဲ့လို႔ ပစ္ခတ္ခဲ့တာလို႔ ဆိုပါတယ္။၂၀၁၇ ခုႏွစ္ မတ္၃၀ ရက္က စခဲ့တဲ့ ပါလက္စတိုင္းေတြရဲ႕ “စု႐ုံးေနရပ္ျပန္မႈ” လႈပ္ရွားမႈမွာ ဆက္လက္ရွိေနမွာျဖစ္သလို ကမာၻအႏွံ႔က ဂ်ဴးဆန႔္က်င္သူေတြကို ဖိတ္ေခၚေနသလိုျဖစ္ၿပီး  တစ္ခ်ိန္မဟုတ္တစ္ခ်ိန္ အစၥေရးစစ္တပ္ဘက္က နယ္စပ္စည္း႐ိုးတစ္ေလွ်ာက္ ေလ်ာ့ရဲမႈျဖစ္လာခဲ့ရင္ ဒီျပႆနာက အေတာ္ေလးဆိုး႐ြားလာမယ့္ ကိစၥျဖစ္တဲ့အတြက္ ဆက္ေစာင့္ၾကည့္ရမယ္ ျပႆနာပါဘဲ။

ဒီလိုပဋိပကၡေတြနဲ႔ အေရွ႕အလယ္ပိုင္းမွာ ရႈပ္ေထြးေနတဲ့ အခ်ိန္မွာ အာရွအေရွ႕ဖ်ားက ဂ်ပန္နဲ႔ ႐ုရွားၾကား ဂ်ပန္ဂဏန္းဖမ္း သေဘၤာတစ္စင္းေၾကာင့္ တင္းမာမႈအခ်ိဳ႕ ျဖစ္ခဲ့ပါတယ္။ဇန္နဝါရီ ၂၆ ရက္က ဂ်ပန္ႏိုင္ငံ ရွီမာန စီရင္စုကေန ပင့္ကူကဏန္း ဖမ္းဆီးဖို႔ ပင္လယ္ထဲ ထြက္သြားတဲ့ Nishino-maru no-6  ဂ်ပန္ေရယာဥ္တစ္စင္းကို ႐ုရွားေရတပ္က ဖမ္းဆီးခဲ့ပါတယ္။
ဒီေနရာက ဂ်ပန္၊ ႐ုရွားႏွင့္ ကိုရီးယားႏွစ္ႏိုင္ငံတို႔ ပတ္လည္ဝိုင္းေနတဲ့ ေနရာျဖစ္ၿပီး ယင္းဧရိယာရွိကြၽန္းငယ္မ်ား ပိုင္ဆိုင္ခြင့္ႏွင့္ ပတ္သက္၍ မၾကာခဏဆိုသလို အျငင္းပြားေလ့ရွိတဲ့ ေနရာျဖစ္ပါတယ္။

႐ုရွားေရတပ္က အဆိုပါေရယာဥ္ကို ႐ုရွားႏိုင္ငံ အေရွ႕ပိုင္း Nakhodka ဆိပ္ကမ္းသို႔ ေခၚေဆာင္သြားခဲ့လို႔ ေရယာဥ္ႏွင့္ အတူပါတဲ့သူေတြကို စစ္ေဆးေမးျမန္းမယ္လို႔ ဂ်ပန္ဘက္က ယူဆထားခဲ့ပါတယ္။ဂ်ပန္ဘက္ကေတာ့ ဒီလူေတြနဲ႔ ေရယာဥ္ကို ျပန္လႊတ္ေပးဖို႔ သံတမန္လမ္းေၾကာင္းကေန ႀကိဳးစားေနေပမယ့္ ႐ုရွားအစိုးရကေတာ့ အခုဖမ္းဆီးခဲ့တဲ့ ဒီေနရာကို သူ႔ရဲ႕ သီးျခားစီးပြားေရးဇုန္လို႔ သတ္မွတ္ထားတဲ့အတြက္ ဒီထဲဝင္ဖမ္းတဲ့ ေရယာဥ္ေတြကို ျပန္လႊတ္ ေပး၊ မေပး ဆိုတာကေတာ့ ေစာင့္ၾကည့္ရမွာဦးမွာ ျဖစ္ပါတယ္။

ဒီသတင္းက ယခုတစ္ပတ္အတြင္းျဖစ္ခဲ့တဲ့ ဆီးရီးယားႏိုင္ငံ အလက္ပိုၿမိဳ႕ရွိ စစ္ဒဏ္သင့္ လူေနအေဆာက္အအုံတစ္လုံး ၿပိဳက်လို႔ ကေလးေလးဦး အပါအဝင္ အနည္းဆုံး လူ ၁၁ ဦး ေသဆုံးခဲ့တဲ့ သတင္း၊ အီရန္စစ္တပ္က အစၥလာမ္မစ္ ေတာ္လွန္ေရး ႏွစ္ (၄၀) ျပည့္ အခမ္းအနားမွာ မိုင္ ၈၀၀ အကြာအေဝးအထိ ေရာက္ရွိႏိုင္တဲ့ တာေဝးပစ္ ပဲ့ထိန္းဒုံးက်ည္သစ္ တစ္စင္းကို ထုတ္ေဖာ္ျပခဲ့တဲ့ သတင္း၊ ဖိလစ္ပိုင္ႏိုင္ငံ ဂ်ိဳလိုကြၽန္းမွာ အစိုးရတပ္ေတြနဲ႔ အစြန္းေရာက္ အဘူေဆယက္ဖ္အဖြဲ႕တို႔ တိုက္ပြဲျဖစ္ပြားရာမွာ အစိုးရတပ္ဖြဲ႕ဝင္ ငါးဦးနဲ႔  အဘူေဆယက္ဖ္အဖြဲ႕ဝင္ သုံးဦး ေသဆုံးခဲ့တဲ့ သတင္း၊ ဗင္နီဇြဲလားႏိုင္ငံ ကာရာကက္စ္ၿမိဳ႕မွာ သမၼတ မာဒူ႐ို အေပၚ ေထာက္ခံတဲ့ ဆႏၵျပပြဲနဲ႔ ၾကားျဖတ္သမၼတ ဂ်ဴအန္ဂိုင္ဒို အေပၚ ေထာက္ခံတဲ့ ဆႏၵျပပြဲေတြ အျပန္အလွန္ျဖစ္ပြားခဲ့တဲ့ သတင္း၊ လွ်ပ္စစ္ဓာတ္အား သဘာဝဓာတ္ေငြ႕နဲ႔ အျခားေသာ ဝန္ေဆာင္မႈေတြကို ေဈးမျမႇင့္ေရးအတြက္ အာဂ်င္တီးနားႏိုင္ငံ ဗ်ဴႏိုေအရိစ္ၿမိဳ႕မွာ အင္အားေထာင္ေပါင္းမ်ားစြာ ခ်ီတက္ဆႏၵျပခဲ့တဲ့ သတင္းေတြ အပါအဝင္  ယခုတစ္ပတ္အတြင္း စိတ္ဝင္စားစရာ သတင္းမ်ားစြာ ျဖစ္ခဲ့ပါတယ္။

လူရွစ္သိန္းေနတဲ့ ၿမိဳ႕ထဲဝင္လာတဲ့ က်ားသစ္

ယခုတစ္ပတ္ သတိထားစရာ သတင္းေတြထဲမွာ အိႏၵိယက ၿမိဳ႕တစ္ခုကို ဝင္လာတဲ့ က်ားသစ္တစ္ေကာင္ေၾကာင့္ တစ္ၿမိဳ႕လုံး ေၾကာက္လန႔္တၾကားျဖစ္ၿပီး အုတ္ေအာ္ေသာင္းနင္းျဖစ္ခဲ့ရတဲ့ သတင္းတစ္ပုဒ္ ျဖစ္ခဲ့ပါတယ္။ဒီသတင္းကို ျပည္တြင္းသတင္း မီဒီယာေတြမွာ အထူးအဆန္းအေနနဲ႔ ေဖာ္ျပခဲ့ေပမယ့္ လက္ေတြ႕ရင္ဆိုင္ရတဲ့ အိႏၵိယႏိုင္ငံ ဂ်ာလန္ဒ ၿမိဳ႕သူၿမိဳ႕သားေတြအတြက္ေတာ့ ေသေရးရွင္ေရးပါဘဲ။

ပန္ဂ်ပ္ျပည္နယ္ကထဲက ဂ်ာလန္ဒၿမိဳ႕ထဲ ဝင္လာတဲ့ က်ားသစ္ဟာ နာရီအေတာ္အတန္ၾကာေအာင္ ေျပးလႊားေသာင္းက်န္းခဲ့ၿပီး လူေတြကိုလည္း ရန္ျပဳတိုက္ခိုက္ခဲ့ရာမွာ လူေလးဦးကို ကိုက္ခဲခဲ့ပါတယ္။ဂ်ာလန္ဒၿမိဳ႕ထဲက ေနာက္ေဖးလမ္းၾကားေတြမွာ ေလွ်ာက္သြားေနတဲ့ က်ားသစ္ကို ဖမ္းဆီးဖို႔ ေျခာက္နာရီေက်ာ္ၾကာေအာင္ ႀကိဳးစားခဲ့ရၿပီး ေနာက္ဆုံးမွာ က်ားသစ္ကို ေမ့ေဆးေသနတ္နဲ႔  ပစ္ဖမ္းခဲ့ႏိုင္ပါတယ္။ဇန္နဝါရီ ၃၁ ရက္က ျဖစ္ပြားခဲ့တဲ့ အဆိုပါျဖစ္ရပ္ကို ႐ိုက္ကူးထားတဲ့သူေတြက အြန္လိုင္းကို တင္ခဲ့တဲ့အတြက္ ဒီအျဖစ္ဟာ လူသိမ်ားခဲ့ပါတယ္။ဒီဗီဒီယိုဖိုင္ထဲမွာ လူေတြက က်ားသစ္သြားရာ လိုက္ၾကည့္ၾကၿပီး က်ားသစ္လွည့္လာရင္ ျပန္လွည့္ေျပးၾကနဲ႔ အေတာ္ေလးကို ႐ုတ္႐ုတ္သဲသဲျဖစ္ခဲ့တာပါ။ထိခိုက္ဒဏ္ရာ ရတဲ့သူေတြကလည္း အဆိုပါလူအုပ္ထဲက လူေတြဘဲျဖစ္ၿပီး က်ားသစ္ကို ပိုက္ကြန္နဲ႔ ဖမ္းဆီးဖို႔ ႀကိဳးစားရာမွာလည္း ဖမ္းမမိခဲ့ပဲ ဖမ္းဖို႔ႀကိဳးစားတဲ့သူကိုယ္တိုင္ လဲၿပိဳဒဏ္ရာခဲ့တာေတြ ရွိခဲ့ပါတယ္။

ပန္ဂ်ပ္ျပည္နယ္ ေတာ႐ိုင္းတိရစာၦန္ေရးရာ တာဝန္ရွိသူေတြကေတာ့ က်ားသစ္ဟာ အနီးနားက ျပည္နယ္က ေတာင္ကုန္းေတြကေန လမ္းမွားၿပီး လယ္ကြင္းနဲ႔ သစ္ေတာေတြကိုျဖတ္ကာ ဂ်ာလန္ဒဟာၿမိဳ႕ထဲ ေရာက္လာတာ ျဖစ္တယ္လို႔ ဆိုပါတယ္။ဒီအျဖစ္အပ်က္ဟာ ေတာ႐ိုင္းတိရစာၦန္ေတြ ေနထိုင္က်က္စားရာ စားက်က္ေျမေတြ လူေတြရဲ႕ ေနထိုင္အေျခခ်မႈ တိုးလာတဲ့အတြက္ က်ဥ္းေျမာင္းလာရာကေန လူေနထိုင္ရာ အရပ္ေဒသေတြဆီ လႊင့္စင္လာတဲ့ သေဘာျဖစ္ၿပီး ဒါဟာေနာင္မွာ မၾကာခဏေတြ႕ႀကဳံလာရေတာ့မယ့္ အႏၲရာယ္ျဖစ္လာဖြယ္ ရွိပါတယ္။ေနာက္ဆုံးမွာ ေတာ႐ိုင္းတိရစာၦန္ေတြ ေပ်ာက္ကြယ္မ်ိဳးတုံးဖို႔ ျဖစ္လာတဲ့ အေျခအေနျဖစ္တဲ့အတြက္ ဒါဟာ သတိထားဖြယ္ ကိစၥရပ္တစ္ခုပါဘဲ။

ဒီလို လူေနထူထပ္တဲ့ ၿမိဳ႕ထဲထိေရာက္လာတဲ့ ေတာထဲက က်ားသစ္ရဲ႕ သတင္းက ယခုတစ္ပတ္ရဲ႕ အမ်ားစိတ္ဝင္စားစရာ သတင္းျဖစ္ခဲ့ကာ ယခုတစ္ပတ္အတြင္းျဖစ္ခဲ့တဲ့  အိႏၵိယႏိုင္ငံ ဘီဟာျပည္နယ္ထဲ မွာ ေဒလီၿမိဳ႕ကိုသြားတဲ့ ရထားတစ္စီး တိမ္းေမွာက္လို႔ ခရီးသည္ခုႏွစ္ဦး ေသဆုံးခဲ့တဲ့ သတင္း၊ အင္ဒိုနီးရွား အက်ဥ္းေထာင္တစ္ခုကေန  ေထာင္ေဖာက္ေျပးတဲ့ ျပင္သစ္ႏိုင္ငံသားကို  ျပန္ဖမ္းဆီးရမိခဲ့တဲ့ သတင္း၊ တီဟီရန္ၿမိဳ႕က အမ်ားျပည္သူေနရာေတြမွာ အိမ္ေမြးေခြးေတြကို ႀကိဳးဆြဲ လမ္းေလွ်ာက္ထြက္တာကို အီရန္အာဏာပိုင္ေတြက တားျမစ္ခဲ့တဲ့ သတင္း၊ မီးရွဴး မီးပန္း ၄၉ ခု လက္ဝယ္ပိုင္ဆိုင္မႈနဲ႔ အမ်ိဳးသားတစ္ဦး စင္ကာပူ အာဏာပိုင္ေတြက ဖမ္းဆီးခဲ့တဲ့ သတင္း၊ ႏိုင္ဂ်ီးရီးယားကေန ေဟာင္ေကာင္ကို တင္သြင္းလာတဲ့ ကြန္တိန္နာတစ္လုံးမွာ သင္းေခြခ်ပ္ အေၾကးခြံေပါင္း တန္ခ်ိန္ ရွစ္တန္ကို ဖမ္းဆီးရမိခဲ့တဲ့ သတင္း၊ ဂ်ပန္ႏိုင္ငံမွာ တုပ္ေကြးေရာဂါ ျဖစ္ပြားလို႔ လူ ၂ ဒသမ ၂ သန္းအထိ ကူးစက္ခံထားရတဲ့ သတင္းေတြနဲ႔အတူ က်ားသစ္ သတင္းက အမ်ားျပည္သူကို သတိထားမိေစခဲ့ပါတယ္။

အေမရိကန္ အေအးလႈိင္းက ကမာၻရဲ႕ ေနာက္ဆုံးေန႔ကို ျပတာလား

ယခုရက္သတၱပတ္ အေစာပိုင္းက အေမရိကန္ႏိုင္ငံ အလယ္ပိုင္းေဒသက ခ်ီကာဂို အပါအဝင္ ၿမိဳ႕ႀကီးနဲ႔ ေဒသေတြကို ႏွင္းမုန္တိုင္း ဝင္ေရာက္ခဲ့တဲ့အတြက္ အပူခ်ိန္ အလြန္အမင္းက်ဆင္းကာ စံခ်ိန္တင္ အေအးဒဏ္ေၾကာင့္ လူ ၂၁ ဦးထိ ေသဆုံးခဲ့ရပါတယ္။ဒါဟာ အေအးဒဏ္နဲ႔ ဆက္စပ္ပတ္သက္ၿပီးျဖစ္တဲ့ ေသဆုံးမႈေတြခ်ည္းပါ။

အေမရိကန္ႏိုင္ငံ အလယ္ေၾကာတစ္ခုတည္းတြင္ မကပါဘူး။အေမရိကန္ ေျမာက္ပိုင္းေဒသနဲ႔ ကေနဒါႏိုင္ငံက ေဒသအမ်ားအျပားမွာပါ အပူခ်ိန္က ေရခဲမွတ္ေအာက္ အေတာ္မ်ားမ်ား ေရာက္တဲ့ထိ က်ဆင္းခဲ့ပါတယ္။ဒီေဒသတခ်ိဳ႕မွာ ကမာၻေပၚမွာ အေအးဆုံး ဇုန္တစ္ခုအျဖစ္ သတ္မွတ္ထားတဲ့ အႏၲာတိကတိုက္ရဲ႕ တခ်ိဳ႕အစိတ္အပိုင္းေတြထက္ေတာင္ ပိုေအးေနခဲ့လို႔ ေက်ာင္းေတြ၊ ႐ုံးေတြ၊ စီးပြားေရးလုပ္ငန္းေတြ ပိတ္ထားလိုက္ရတယ္။အေအးဒဏ္ အေျခအေနက ဆိုးဝါးလြန္းတဲ့အတြက္ အိမ္အျပင္မွာ ၁၀ မိနစ္ထက္ ပိုထြက္ရင္ အေအးလြန္ကဲမႈေၾကာင့္ ေျခလက္ေတြပုပ္ကုန္ၿပီး အသက္ဆုံးရႈံးတဲ့အထိ ျဖစ္ႏိုင္တဲ့ အႏၲရာယ္ႀကဳံႏိုင္တယ္လို႔ အာဏာပိုင္ေတြက သတိေပးထားရတဲ့ အဆင့္အထိပါ။ခ်ီကာဂိုမွာ ေရခဲမွတ္ေအာက္ အႏုတ္ ၃၁ ဒီဂရီ ဆဲလ္ဆီးရပ္စ္ေလာက္ထိ ေအးေနခဲ့ၿပီး မစ္ခ်ီဂန္မွာလည္း တခ်ိဳ႕ ေနရာေတြမွ အႏုတ္ ၄၀ ဒီဂရီ ဆဲလ္ဆီးရပ္စ္ထိ ေရာက္ရွိခဲ့ပါတယ္။အေမရိကန္က အီလီႏြိဳက္စ္၊ မစ္ခ်ီဂန္၊ မင္နီဆိုးတား၊ နယူးေယာက္၊ ေျမာက္ပိုင္းဒါကိုတာ၊ ဝစၥကြန္ဆင္တို႔မွာ ေရခဲမွတ္ေအာက္ အပူခ်ိန္ေတြ က်ဆင္းခဲ့သလို ကေနဒါမွာလည္း တိုရန္တို၊ မန္နီတိုဘာ၊ အြန္ေတရီယို၊ ဝင္နီပက္ဂ္ ေဒသေတြမွာ ရက္ရက္စက္စက္ေအးတဲ့ ေအးျမမႈကို ႀကဳံရပါတယ္။ႏိုင္ငံတကာမီဒီယာေတြမွာ ခ်ီကာဂိုၿမိဳ႕လယ္ကို ျဖတ္သန္းစီးဆင္းတဲ့ ျမစ္ေရျပင္မွာ အရည္ေပ်ာ္တဲ့ ေရခဲတုံးေတြ ေမ်ာပါေနတာကိုလည္း ျမင္ေတြ႕ရသလို ႏိုင္အာဂရာေရတံခြန္ႀကီးမွာ တစ္ခ်ိဳ႕ေနရာေတြ ေရခဲတာေတြကို ျပခဲ့ပါတယ္။အေမရိကန္က တခ်ိဳ႕ေဒသေတြမွာ ႏွင္းထုက တစ္ေပေလာက္ ထူတဲ့ထိ က်ဆင္းခဲ့ၿပီး ႏွစ္ေပါင္း ၃၄ ႏွစ္အတြင္း အနိမ့္ဆုံး အပူခ်ိန္က်ဆင္းမႈ စံခ်ိန္တင္ျဖစ္ေပၚေနတဲ့ ခ်ီကာဂိုမွာလည္း မီးရထား သံလမ္းဆက္ေတြ မႀကဳံေအာင္ ျပတ္ေတာက္မႈမျဖစ္ေအာင္ သံလမ္းေတြကို အပူေပးဖို႔ မီးတင္ရႈိ႕ခဲ့ရတာေတြထိ အေအးဒဏ္က ျပင္းထန္ခဲ့ပါတယ္။

႐ုပ္သံနဲ႔ ဓာတ္ပုံေတြ၊ အြန္လိုင္းသတင္း ဓာတ္ပုံေတြမွာ ခ်ီကာဂိုၿမိဳ႕က လူေတြကို အကူအညီေပးေနတဲ့ မီးသတ္ဝန္ထမ္းေတြရဲ႕ ဦးထုပ္နဲ႔ ဝတ္စုံေတြမွာ ေရခဲေနတဲ့ပုံေတြက တစ္ကမာၻလုံး ထိတ္လန႔္တၾကား ေစာင့္ၾကည့္ရတဲ့ သတင္းျဖစ္ခဲ့ၿပီး အေအးဒဏ္ေၾကာင့္ ကမာၻႀကီး ကပ္ေဘးဆိုက္ရပုံကို စိတ္ကူးဖန္တီးျပထားတဲ့ The Day After Tomorrow ႐ုပ္ရွင္နဲ႔ ခပ္ဆင္ဆင္ျဖစ္ေနလို႔  အားလုံးအတြက္ ဒီအျဖစ္အပ်က္ဟာ ကမာၻႀကီးရဲ႕ ေနာက္ဆုံးေန႔အတြက္ ႀကိဳျပေနတဲ့ နမိတ္ေတြလားလို႔ ထိတ္လန႔္တုန္လႈပ္စရာ ျဖစ္ခဲ့ပါတယ္။

အေမရိကန္ အမ်ိဳးသားမိုးေလဝသဌာနကေတာ့ ဒါဟာ Polar Vortex လို႔ ေခၚတဲ့ ပတ္လည္ ဝင္႐ိုးစြန္း ေလေအးစီးေၾကာင္းေတြေၾကာင့္လို႔ ဆိုခဲ့ၿပီး ယခုႀကဳံခဲ့တဲ့ Polar Vortex ဟာ ဒီေဒသက လူ႔အသက္ေပါင္းမ်ားစြာကို ႏုတ္ယူႏိုင္တဲ့ထိ သက္ေရာက္မႈ ျပင္းထန္တဲ့ သဘာဝေဘးအႏၲရာယ္ တစ္ခုလို႔ သတ္မွတ္ခဲ့ပါတယ္။ဒါေပမယ့္ ႀကိဳတင္ျပင္ဆင္မႈေတြ၊ ကာကြယ္မႈေတြ ထုံးစံအတိုင္း အားေကာင္းခဲ့တဲ့အတြက္ ၃ ရက္အတြင္း လူ ၂၁ ဦးသာ ေသဆုံးခဲ့ရၿပီး ေဖေဖၚဝါရီ ၁ ရက္မွာ ေဒသတြင္းအပူခ်ိန္ ျပန္လည္ျမင့္တက္ခဲ့တဲ့အတြက္ မၾကာမီမွာ မူလအပူခ်ိန္ဆီ ျပန္ေရာက္မယ္လို႔ ခန႔္မွန္းတြက္ခ်က္ထားခဲ့ပါတယ္။အေအးဒဏ္ေၾကာင့္ ခ်ီကာဂိုၿမိဳ႕ အပါအဝင္ ေဒသတစ္ဝန္းမွာ လွ်ပ္စစ္မီး ျပတ္ေတာက္တာနဲ႔ ေလယာဥ္ခရီးစဥ္ ပယ္ဖ်က္ရတာေတြ ရွိခဲ့ေပမယ့္ မၾကာမီ အပူခ်ိန္ျမင့္တက္လာတာေၾကာင့္ ျပန္လည္ေျပးဆြဲမႈေတြ ျမင္လာရဖြယ္ရွိတယ္လို႔ ဆိုပါတယ္။

ဒီေလာက္ထိ အေအးဒဏ္မဆိုးေပမယ့္ ဥေရာပအေနာက္ပိုင္းနဲ႔ ျပင္သစ္ႏိုင္ငံ အေနာက္ေတာင္ပိုင္းမွာလည္း မုန္တိုင္း ဂါဘရီရယ္ေၾကာင့္ မိုးသည္းထန္ျခင္း၊ ဆီးႏွင္းက်ဆင္းေတြ ျဖစ္ေပၚေနခဲ့ကာ ဆီးႏွင္းက်ဆင္းမႈ ၅ စင္တီမီတာကေန ၁၀ စင္တီမီတာအထိ ရွိခဲ့ပါတယ္။ဂ်ပန္မွာလည္း ႏွင္းထူထပ္စြာ က်ဆင္းလို႔ တိုက်ိဳၿမိဳ႕ နာရီတာေလဆိပ္မွာ ဘိုးရင္း ၇၈၇ ေလယာဥ္တစ္စင္း လမ္းေခ်ာ္ခဲ့လို႔ ေလဆိပ္ထဲက ေလယာဥ္ေျပးလမ္း တစ္စိတ္တစ္ပိုင္းကို ပိတ္ခဲ့ရပါတယ္။

ၾသစေၾတးလွ် အေရွ႕ေျမာက္ ကြင္းစလန္ျပည္နယ္ရွိ ေတာင္းစ္ဝီလီၿမိဳ႕မွာေတာ့ ရာစုႏွစ္တစ္ခုအတြင္း တစ္ႀကိမ္ႀကဳံရသည့္ ေရလႊမ္းမိုးမႈေၾကာင့္ လူေထာင္ႏွင့္ခ်ီ၍ အိုးအိမ္စြန႔္ခြာ ထြက္ေျပးခဲ့ရပါတယ္။ၾသစေၾတးလ် အေရွ႕ျခမ္း နယူးေဆာက္ေဝး ျပည္နယ္ထဲက အဓိကျမစ္ေတြထဲမွာ ငါးအေကာင္ေရ ေထာင္ေပါင္းမ်ားစြာ ေသဆုံးမႈ ယခုတစ္ပတ္အတြင္း ျဖစ္ေပၚခဲ့ပါတယ္။ဘန္ေကာက္ၿမိဳ႕မွာေတာ့ သီတင္းပတ္ေပါင္းမ်ားစြာ မီးခိုးျမဴမ်ား ဖုံးလႊမ္းေနလို႔ စာသင္ေက်ာင္း ၄၅၀ ခန႔္ကို ပိတ္ထားရန္ အာဏာပိုင္မ်ားက ၫႊန္ၾကားခ်က္ ထုတ္ျပန္ခဲ့ရပါတယ္။

ကမာၻ႔ရာသီဥတုက တစ္ကယ့္ကို ကေမာက္ကမပါဘဲ။ဘာေတြ ျဖစ္လာဦးမလဲဆိုတာ ဆက္ေစာင့္ၾကည့္ရဦးမွာ ျဖစ္တယ္ဆိုတာ တင္ျပရင္း ယခုတစ္ပတ္ ႏိုင္ငံတကာသတင္း သုံးသပ္ခ်က္ကို ဒီမွာဘဲ ရပ္လိုက္ခ်င္ပါတယ္။

မင္းထက္
ေဖေဖာ္ဝါရီ - ၄