【 ပညာရှင်များ၏အမြင် 】 “Deficit financing ထမင်းလုံးတစ္စေခြောက်နေတာထက်ကို ရဲရဲဝံ့ဝံ့လုပ်စေချင်တယ်”

【 ပညာရှင်များ၏အမြင် 】 “Deficit financing ထမင်းလုံးတစ္စေခြောက်နေတာထက်ကို ရဲရဲဝံ့ဝံ့လုပ်စေချင်တယ်”

မကြာမီက ကမ္ဘာတစ်ဝန်း ကိုဗစ်ကပ်ရောဂါကူးစက်မှုအတွက် ကာကွယ်ဆေးများ ဆက်တိုက်ပေါ်ထွက်လာခဲ့ပါတယ်။ဒီလိုပေါ်ထွက်လာမှုနှင့်အတူ နိုင်ငံတိုင်းက စီးပွားရေးလုပ်ငန်းများ ပြန်လည်ပွင့်လန်းလာစေရေးအတွက် ကျန်းမာရေးအရ ကန့်သတ်ထားမှုအချို့ကို ဖြေလျှော့ပေးခဲ့သလို စီးပွားရေးလုပ်ငန်းများ ပြန်လည်စတင်ရန်အတွက် စီးပွားရေးလှုံ့ဆော်မှုအတွက် အစီအစဉ်များကို လုပ်ဆောင်လာခဲ့ပါတယ်။မြန်မာနိုင်ငံတွင်လည်း ကိုဗစ်ကူးစက်ခံရသူ တစ်သိန်းကျော်လာချိန်မှာ ကာကွယ်ဆေးသတင်းများနှင့် လက်ရှိ ယိုင်နဲ့နဲ့စီးပွားရေးအခြေအနေများကြောင့်  ကန့်သတ်မှုအချို့ကို ဖြေလျှော့လာသည်ကို တွေ့ရပါတယ်။
ထိုအခြေအနေအပေါ် ကျန်းမာရေးနှင့် စီးပွားရေးကို နှိုင်းယှဉ်ပြီး ဖြစ်လာနိုင်သည့်အခြေအနေနှင့် လုပ်သင့်သည်များကို လက်ရှိအစိုးရလက်ထက် နိုင်ငံတော်သမ္မတ၏ ငြိမ်းချမ်းရေးနှင့် စီးပွားရေးအကြံပေး အဖွဲ့ဝင်ဖြစ်သူ ဝါရင့်စီးပွားရေးပညာရှင် ပါမောက္ခ ဆရာ ဒေါက်တာအောင်ထွန်းသက်အား အထူးအစီအစဉ်တစ်ရပ်အနေဖြင့် မေးမြန်းခဲ့ပါတယ်။

ဆရာ ဒေါက်တာအောင်ထွန်းသက်၏ ကိုဗစ်အလွန် မြန်မာ့စီးပွားရေး နိုးထမှုအတွက် လုပ်သင့်လုပ်ထိုက်သည့် ဆောင်ရွက်မှုများအတွက် ရှုမြင်သုံးသပ်ချက်အပြည့်အစုံကို ယခုတစ်ပတ် အထူးအစီအစဉ်အဖြစ် ဖော်ပြလိုက်ပါတယ်။

(Opinion Leaders Media အယ်ဒီတာအဖွဲ့)

Opinion Leaders ။     ။ မြန်မာနိုင်ငံအစိုးရက လေကြောင်းလိုင်းတွေကို ပြန်ဖွင့်ပေးမယ်လို့ပြောတယ်။ပြည်ပခရီးစဉ်တွေကိုလည်း လေကြောင်းလိုင်းကနေ ပြန်အဝင်ခံဖို့ရှိတယ်ဆိုတော့ ကိုဗစ်နဲ့ပတ်သက်ပြီး အစိုးရက တုန့်ပြန်မှုက မှန်ကန်တဲ့အနေအထားရှိလား။ဒါက စီးပွားရေးအတွက် လက်ရှိအချိန်မှာ လုပ်သင့်လုပ်ထိုက်တဲ့ အရာတစ်ခုလား။ဆရာ့အမြင်ကို သိချင်ပါတယ် ဆရာ။

ဒေါက်တာအောင်ထွန်းသက် ။     ။ ကိုဗစ်နဲ့ပတ်သက်ရင် နိုင်ငံတော်၏အတိုင်ပင်ခံကိုယ်တိုင် တာဝန်ယူပြီးလုပ်နေတဲ့အခါကျတော့ သူတို့ရဲ့အဆုံးအဖြတ်တွေပေါ့။အခုဆိုရင် လေကြောင်းနဲ့ပတ်သက်ပြီး ဖွင့်ပေးမယ်တို့ စီးပွားရေးဖွင့်ပေးမယ်တို့ပေါ့။ကိုဗစ်နဲ့ပတ်သက်လာရင် ဒီနေ့သတင်းတစ်ခုမှာ ခရစ္စမတ်နဲ့ နယူးရီးယားမှာ ဂျာမနီမှာ လော့ခ်ဒေါင်းပေါ့။လုံးဝမလုပ်ရဘူးဆိုတဲ့ အနေအထားကို ဂျာမန်ဝန်ကြီးချုပ်ကိုယ်တိုင် ကြေငြာတယ်ပေါ့။သူတို့မှာတော့ ကိုဗစ်နဲ့ပတ်သက်လို့ တော်တော်ခါးသီးတဲ့ အတွေ့အကြုံရှိတာမို့ ကိုဗစ်အန္တရာယ်ကို တော်တော်ကြောက်တယ်။သူတို့ကတော့ အတင်းအကျပ်ပေါ့ စီးပွားရေးကိုပိတ်ဆို့ထားမယ်။လော့ခ်ဒေါင်းလုပ်ထားမယ်ပေါ့။
ဘာကြောင့်လဲဆိုရင် ဒီအပေါ်မှာမူတည်ပြီး လူစုလူဝေးတွေများမယ်ဆိုတဲ့ အန္တရာယ်ကို ကြိုတင်သိထားတဲ့အတွက် အဲ့ဒါကို ဆောင်ရွက်တယ်ပေါ့။ဒါက သူများနိုင်ငံရဲ့ အခြေအနေပေါ့။

ကိုယ့်နိုင်ငံမှာတော့ နည်းနည်းလေးဖြေလျှော့ပေးချင်ဟန်တူတယ်။စီးပွားရေးအကျပ်အတည်းတွေ ရှိဟန်တူတယ်ဆိုတော့ အဲ့နှစ်ခုက အမြဲတမ်းချိန်ဆရမှာပဲ။စီးပွားရေး ဘယ်လောက်တက်နိုင်အောင် ဘယ်လောက်ဖြေလျှော့မလဲ။အဲ့လိုဖြေလျှော့လိုက်တဲ့အခါမှာ တစ်ဖက်က ရောဂါအခြေအနေ ဘယ်လောက်ထိဆိုးလာမလဲဆိုတာ ချိန်ခွင်လိုပဲ ချိန်ရမှာပဲ။စီးပွားရေးလည်းကောင်းလာမယ် ကျန်းမာရေးလည်း ပြေလည်လာမယ်ဆိုတာတော့ မဖြစ်နိုင်ဘူး။အဲ့ဒီနှစ်ခုလုံး တပြိုင်တည်းရအောင်လုပ်ဖို့ကတော့ တော်တော်လေးစဉ်းစားရမှာ။အခု ဒုတိယသက်တမ်းမှာ သူတို့အတွက် စိန်ခေါ်မှုက ပိုပြီးများလာတာပေါ့။သူတို့က ဒီနှစ်ခုလုံးကို တပြိုင်တည်းလုပ်ရမယ့် အခြေအနေရှိတယ်။တစ်ခုတည်းရွေးလို့လည်းမရဘူး။

စီးပွားရေးကို တိုးအောင်ဖွင့်မယ်ဆိုရင်လည်း ရောဂါအခြေအနေဆိုးလာရင် ဘယ်လိုလုပ်မလဲဆိုတဲ့ကိစ္စပေါ့။ကိုယ့်ဆီကလည်း လူတွေတစ်ဦးချင်း တစ်ယောက်ချင်းရဲ့ လိုက်နာမှုကျင့်ဝတ်က အားနည်းတယ်လေ။ဒါတွေဖွင့်လိုက်လို့ရှိရင် လိုက်နာရမယ့်စည်းကမ်းတွေကို ဘယ်လောက်လိုက်နာနိုင်မလဲဆိုတဲ့ကိစ္စက တော်တော်ကြီးကို မေးခွန်းထုတ်ရမယ့်ကိစ္စပေါ့။ဒါကတော့ တစ်ယောက်ချင်းစီရဲ့ စည်းကမ်းရှိမှုပေါ့။နဂိုကတည်းကမှ ကိုယ့်ဆီကလူတွေက စည်းကမ်းလိုက်နာမှု အားနည်းတယ်လေ။အခုလူတွေကလည်း ဒဏ်ကလည်း သိပ်မခံနိုင်တော့ဘူးလေ။တော်တော်လေးလည်းကြာလာတော့ ပွင့်ထွက်သွားတဲ့အခြေအနေရှိလာတော့ စိတ်လိုက်မာန်ပါလုပ်လို့တော့ မဖြစ်ဘူးထင်တယ်။တစ်ဦးချင်း တစ်ယောက်ချင်းအနေနဲ့လေ။

ဒီလောက်အကြာကြီး အခက်အခဲတွေရှိနေတဲ့အချိန်မှာ ကိုယ့်အနေနဲ့ အားလုံးကိုမျက်ကွယ်ပြုပြီး လုပ်ချင်တာလုပ်မယ်ဆိုတဲ့ အနေအထားတော့ လုပ်လို့မရဘူး။တဖြေးဖြေးချိန်ရမှာပဲ။အခုမှပဲ ကိုယ့်နိုင်ငံမှာရှိတဲ့ လူတွေအားလုံးရဲ့ ပြည်သူ့နီတိပေါ့ အသိတရား ဘယ်လောက်လိုက်နာနိုင်သလဲ နောက်အစိုးရကလဲ ဘယ်လောက်ထိ စီမံနိုင်သလဲဆိုတဲ့အပေါ်မှာ မူတည်တာပေါ့။

အခုတောင် ရန်ကုန်နဲ့ မန္တလေး လုပ်တဲ့ပုံစံမတူကြဘူးလေ။တိုင်းဒေသကြီးတစ်ခုနဲ့ တစ်ခုဟာ သူ့အခြေအနေပေါ်မှာ မူတည်ပြီးတော့ လှုပ်ရှားနေကြရတာ။အဲ့တော့ မန္တလေးမှာလုပ်လို့ အောင်မြင်တယ်ဆိုပေမယ့် ရန်ကုန်မှာလုပ်ရင် အောင်မြင်ချင်မှအောင်မြင်မယ်။ရန်ကုန်မှာလုပ်တဲ့ပုံစံကို မန္တလေးမှာလုပ်လို့ရချင်မှလဲရမယ်။
ဒါတွေအားလုံးကို စဉ်းစားဖို့လိုတယ်။အခုသိသာတာက ဘာလဲဆိုရင် တစ်ကမ္ဘာလုံးမှာ တွေ့လာတာပေါ့လေ တစ်ခုတည်း တစ်သွေးတစ်သံတစ်မိန့်တွေနဲ့ လုပ်လို့မရဘူး။ Local ပေါ့လေ။

လက်ရှိအခြေအနေရဲ့ အနီးကပ်အနေအထားကို သုံးသပ်ပြီးတော့ မြန်မြန်ဆန်ဆန်တုန့်ပြန်မှရမယ်လို့ ကောက်ချက်ချလို့ရတဲ့ အခြေအနေရှိလာပါပြီ။တစ်ကမ္ဘာလုံးမှာ အဲ့လိုပဲပြောတယ်။အင်္ဂလန်မှာလည်း တောင်ပိုင်းမှာဖြစ်တဲ့အခြေအနေနဲ့ မြောက်ပိုင်းမှာဖြစ်တဲ့အခြေအနေ မတူဘူးလေ။အားလုံးကို တစ်ပုံစံတည်းသွားရင် အဆင်မပြေဘူးဆိုတာ သူတို့သိလာတဲ့အတွက် ကိုယ့်နိုင်ငံမှာလည်း ဒီပုံစံပဲလုပ်လို့ရမယ်ထင်တယ်။အားလုံးကတော့ သတိထားရမယ်ဆိုပေမယ့် အထူးသတိထားရမယ့်နေရာတွေရှိတယ်။ပိုပြီးဂရုစိုက်ရမယ့်နေရာတွေရှိတယ်။ပိုပြီးအာရုံထားရမယ့်နေရာတွေရှိတယ်။

အဲ့ဒါတွေကတော့ ဘာလိုလာလဲဆိုရင် အခု ကိုယ့်နိုင်ငံမှာရှိတဲ့ ပြည်နယ်တိုင်းဒေသကြီးတွေရဲ့ လုပ်ပိုင်ခွင့်တွေပေါ့။ဘယ်လောက်လုပ်နိုင်လဲ သူတို့ရဲ့လုပ်ရည်ကိုင်ရည် ဘယ်လောက်ရှိလဲဆိုတာပဲ မူတည်တာပေါ့။အဲ့ဒါကိုတော့ သူတို့လည်းကြည့်နေတယ်ထင်တယ်။တစ်နေရာတည်းကနေ အားလုံးအတွက်၊ ပြည်ထောင်စုတစ်ခုလုံးအတွက် သတ်မှတ်လို့ရတဲ့ အခြေအနေမဟုတ်ဘူး။ဘာလို့လဲဆိုတော့ ဥပမာ ကယားလိုနေရာမျိုးမှာ ပိုးတွေ့လူနာ သိပ်မရှိတဲ့နေရာကို သွားပြီး လော့ခ်ဒေါင်းလုပ်ရင် အဆင်မပြေဘူးလေ။

အခုဆိုရင် ပြောရင်းဆိုရင်းနဲ့တင်  ဧရာဝတီတိုင်းမှာ တိုးလာတယ်။ပုသိမ်မှာဖြစ်လာတယ် ဘယ်လိုလုပ်ကြမလဲ၊ စစ်ကိုင်းမှာ ဘယ်လိုလုပ်မလဲ၊ တနင်္သာရီမှာ ဘယ်လိုလုပ်မလဲပေါ့။အဲ့တော့ စီမံခန့်ခွဲမှုရှုထောင့်ကပေါ့။လုပ်ပိုင်ခွင့်တွေ ဘယ်လောက်အတိုင်းအတာထိပေးမလဲ။ဗဟိုချုပ်ကိုင်မှုနဲ့ လက်ရှိပကတိအခြေအနေကို ရင်ဆိုင်နေရတဲ့သူတွေကို လုပ်ပိုင်ခွင့်ဘယ်လောက်ပေးမလဲဆိုတာ ချိန်ဆရမယ်ထင်တယ်။တစ်ပုံစံတည်းတော့ အပေါ်ကနေအမိန့်ပေးပြီး လုပ်လို့ရမယ်မထင်ဘူး။

Opinion Leaders ။     ။ ဒီရက်ပိုင်းမှာပဲ မြန်မာငွေကြေးက တန်ဖိုးစကျလာတာတွေ့ရပြီး တရုတ်ယွမ်ငွေနဲ့ ဒေါ်လာစျေးက နည်းနည်းမာလာတဲ့ အနေအထားဆိုတော့ ဒီဟာတွေက ကိုဗစ်ရဲ့ရိုက်ခတ်မှုကို မြန်မာနိုင်ငံမှာ စလာပြီလားဆိုတာ သုံးသပ်ပေးပါ။

ဒေါက်တာအောင်ထွန်းသက် ။     ။ အခု အခက်အခဲတွေ အကျပ်အတည်းတွေရှိတဲ့အခါမှာ ငွေကြေးဖောင်းပွမှုရှိတာကတော့ သဘာဝပဲ အဲ့ဒါကို ဘယ်လောက်လောက်ထိ ငွေကြေးဖောင်းပွမှုကို တအားထိန်းမလား။ငွေကြေးဖောင်းပွမှုကို သွားထိန်းလို့ရှိရင် တစ်ဖက်ကလည်း (Growth) က သွားထိတယ်လေ။အဲ့တော့ စီးပွားရေးနဲ့ပတ်သက်ပြီး တာဝန်ရှိတဲ့သူတွေအနေနဲ့ချိန်ရမှာက ငွေကြေးဖောင်းပွမှုကို ဘယ်အတိုင်းအတာထိထိန်းမလဲ။ဘယ်လောက်အထိထိန်းနိုင်မလဲဆိုတဲ့အပေါ်မှာ မူတည်တယ်။ငွေကြေးဖောင်းပွမှုဟာ အားလုံးသိတဲ့အတိုင်းပဲ လက်ထဲမှာ ငွေတွေအများကြီးရှိရင် တန်ဖိုးကျလာတာပဲ။

အခုဆိုရင် စီးပွားရေးပြန်လည်နိုးထလာဖို့ဆိုရင် လူတွေလက်ထဲကို ငွေထည့်ပေးမှရမယ်လေ။အဲ့လိုဆိုရင် ငွေကြေးဖောင်းပွမှုဖိအားကတော့ရှိမှာပဲ။ငွေကြေးဖောင်းပွမှုကိုကြောက်လို့ လက်ထဲမှာ ငွေမထည့်ပေးပြန်ရင် ဘယ်လိုလုပ်ကြမလဲ။လူတွေမှာ ငွေမရှိဘဲနဲ့ ဘယ်လိုလှုပ်ရှားမလဲဆိုတဲ့ ပြဿနာရှိတယ်။ဒါလည်း အားမျှခြေအမှတ်တစ်ခုကို သူတို့ရှာဖို့လိုလိမ့်မယ်ထင်တယ်။အခုလက်ရှိအခြေအနေအရ အားလုံးက မျှရမယ့်အခြေအနေတစ်ခုပဲရှိတယ်။အရင်တုန်းကတော့ ကျွန်တော်တို့နိုင်ငံမှာ ငွေကြေးဖောင်းပွမှုကို သိပ်ကြောက်တယ်။မြန်မာငွေတန်ဖိုးတွေကျသွားမှာ အရမ်းကြောက်တာကိုး။အဲ့လိုကြောက်တဲ့အတွက် အစိုးရက (inflation) ပေါ့။လိုငွေလုံးဝမပြအောင် အတင်းရုန်းကန်ထားတာပေါ့။သူတို့အနေနဲ့ သုံးစရာရှိတာကို မသုံးဘဲနေတယ်။ဘာကြောင့်လဲဆိုတော့ (deficit financing) ပေါ့။ခေတ်အဆက်ဆက်က အစိုးရတွေအားလုံးက (deficit financing) လုပ်ခဲ့တယ်လို့ သူတို့ကဝေဖန်ခဲ့တာကိုး။
ဝေဖန်ခဲ့တော့ သူတို့အလှည့်ကျရင်မလုပ်ဘူး။မလုပ်တော့သူတို့က ရတဲ့ဝင်ငွေကို သူတို့က လုံလုံလောက်လောက်သုံးမယ်။သူတို့ရဲ့ စီးပွားရေးပေါ်လစီက အဲ့လို။

သူတို့အနေနဲ့ ဒီ (deficit) ကို လုံးဝလက်မခံချင်တဲ့ အကြံပေးတွေရှိတာကိုး။အဲ့ဒီအကြံပေးတွေပြောတဲ့အတိုင်း လုပ်နေတာ။အခုလို ကိုဗစ်ကိစ္စပေါ်လာတဲ့အခါကျတော့ (deficit) က မလွဲမသွေဖြစ်ရတော့မှာ။သူတို့အနေနဲ့ အဲ့ဒါကိုဘယ်လိုချိန်ဆမလဲဆိုတာကို စောင့်ကြည့်ရမှာပဲ။သူတို့အနေနဲ့ ဘယ်လောက်လောက်ထိ လျှော့ပေးနိုင်မလဲ။ deficit  မရှိအောင်လုပ်ရင်တော့ လူတွေလက်ထဲကို ငွေထည့်လို့မရဘူးလေ။လူတွေလက်ထဲကို ငွေထည့်တာနဲ့ ခုနကပြောတဲ့ ငွေကြေးဖောင်းပွမှုကများလာမှာပဲ။ဒါကတော့သေချာတယ်။ဝယ်လိုအား ရောင်းလိုအားရှိတယ်။လူတွေလက်ထဲမှာ ငွေတွေများလာတယ်ဆိုရင် ငွေရဲ့တန်ဖိုးက ကျသွားမှာပဲ။အဲ့တော့ ငွေတန်ဖိုးကျမှာဆိုလို့ လူတွေလက်ထဲမှာ ငွေမရှိပြန်ရင်လည်း စီးပွားရေးကဒုက္ခရောက်မယ်။

အဲ့တော့ ကျွန်တော်ထင်တယ် သူတို့မှာလည်း အဲ့ဒီ (deficit financing) ကို ထမင်းလုံးတစ္စေ ခြောက်နေတာထက်ကို  ရဲရဲဝံ့ဝံ့လုပ်စေချင်တယ်။နောက်မှသာကြည့်ရှင်းမယ်ဆိုတာမျိုးလေ။စီးပွားရေးနာလန်ထအောင် လူတွေအကုန်လုံး ကုန်သည်လုပ်ငန်းရှင်တွေအားလုံးကို ထောက်ပံ့ကြေးငွေတွေ အမြန်ဆုံးပေးမှရမယ်။အဲ့ဒါမှလည်း ပြန်ပြီးလည်လာမယ်ထင်တယ်။ပြီးတော့မှ ငွေကြေးဖောင်းပွမှုကို နောက်တစ်နည်း စဉ်းစားရမှာပေါ့။

Opinion Leaders ။     ။ အခုဆိုရင် ငွေကြေးဖောင်းပွမှုနှုန်း တက်တယ် ကျတယ်ဆိုတာ မြန်မာနိုင်ငံရဲ့ ရောင်းချကုန်က ကုန်စည်အမျိုးအစား တော်တော်နည်းတဲ့အတွက် ဒီလိုမျိုးဖြစ်တယ်လို့ ယူဆတာလည်းရှိတယ်။အခုအခါမှာ စီးပွားရေးက ကိုဗစ်ဖြစ်သွားတဲ့အခါကျတော့ လယ်ယာထွက်ကုန်ပစ္စည်းစျေးကွက်က တောက်လျှောက်ကို မာနေတဲ့အနေအထားရှိတဲ့အခါကျတော့ မြန်မာနိုင်ငံအနေနဲ့ ဘယ်လိုကုန်စည်အမျိုးအစားသစ်တွေကို အားပေးသင့်လဲ။

ဒေါက်တာအောင်ထွန်းသက် ။     ။ ကိုယ့်နိုင်ငံမှာ အခြေခံအားဖြင့်ပြောရင်တော့ ဆန်စပါးနဲ့ ပဲပေါ့။စျေးကွက်လည်းရှိတယ်။ဒါပေမယ့် သူတို့အနေနဲ့ ပြဿနာကိုဖြေရှင်းတဲ့အခါမှာ ဥပမာ - ဖရဲသီးဆိုပါတော့ ဖရဲသီးရောင်းလို့ ဘယ်လောက်ရမလဲ။မေးခွန်းမေးရမှာလေ။နောက်တစ်ခါ အင်္ဂလန်ကို ထောပတ်သီးပို့တယ်ဆိုတော့ အကြီးအကျယ် သတင်းစာတွေထဲမှာ ထည့်တယ်။အဲ့တော့ ထောပတ်သီး ဘယ်လောက်ပို့နိုင်မလဲ။နိုင်ငံတကာမှာတော့ မက္ကဆီကိုတို့ ဘာတို့မှာ ထောပတ်သီးကို အကြီးအကျယ်တစ်ခုတည်းကိုပဲ ဇောက်ချပြီး အမေရိကန်ကိုရောက်အောင် ပို့ပေးတာမျိုး။အဲ့တော့ ဒီလိုပေါ်ပင်တွေလုပ်မယ့်အစား တကယ့်ကို ကိုယ့်ရဲ့အခြေခံအကောင်းဆုံးဖြစ်တဲ့ သူများနဲ့ယှဉ်ရင် ကိုယ်သာတဲ့ဟာကိုပဲ ဇောင်းပေးသင့်တယ်။အခုတော့ ငါးပွက်ရာ ငါးစာသွားချသလိုဖြစ်နေတယ်။

ရေရှည်မဟာဗျူဟာ စဉ်းစားဖို့လိုပါတယ်။ကျွန်တော်ထင်တာတော့ စပါးဆိုရင်လည်း စပါးမျိုးရိုးကို ပြန်စဉ်းစားဖို့လိုတယ်။အရင်တုန်းက စိုက်တဲ့ပုံစံနဲ့ အခုနောက်ပိုင်း ဘယ်လိုပုံစံတွေနဲ့စိုက်မလဲ အားလုံးပေါ့လေ။ပြောရတာလည်း ခက်တော့ခက်တယ်။သူတို့မှာလည်း အခက်အခဲတွေက ရင်ဆိုင်နေရတော့ ထွက်ပေါက်လေးရရင်ပဲ အဖြေရပြီလို့ထင်ကြတာကိုး။အဲ့တော့ ဖရဲသီးနဲ့ ထောပတ်သီးကို အကြီးအကျယ် ဆွေးနွေးနေရတာ အဆင်မပြေသေးဘူးထင်တယ်။တကယ်တမ်းတော့ တကယ့်စျေးကွက်အကြီးကြီးတွေကို စဉ်းစားဖို့လိုမယ်လို့ ထင်တယ်။

Opinion Leaders ။     ။ အခုလိုဖြေကြားပေးတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ် ဆရာ။

ဒေါက်တာအောင်ထွန်းသက်
ဒီဇင်ဘာ - ၁၇

( Zawgyi )

မၾကာမီက ကမာၻတစ္ဝန္း ကိုဗစ္ကပ္ေရာဂါကူးစက္မႈအတြက္ ကာကြယ္ေဆးမ်ား ဆက္တိုက္ေပၚထြက္လာခဲ့ပါတယ္။ဒီလိုေပၚထြက္လာမႈႏွင့္အတူ ႏိုင္ငံတိုင္းက စီးပြားေရးလုပ္ငန္းမ်ား ျပန္လည္ပြင့္လန္းလာေစေရးအတြက္ က်န္းမာေရးအရ ကန႔္သတ္ထားမႈအခ်ိဳ႕ကို ေျဖေလွ်ာ့ေပးခဲ့သလို စီးပြားေရးလုပ္ငန္းမ်ား ျပန္လည္စတင္ရန္အတြက္ စီးပြားေရးလႈံ႕ေဆာ္မႈအတြက္ အစီအစဥ္မ်ားကို လုပ္ေဆာင္လာခဲ့ပါတယ္။ျမန္မာႏိုင္ငံတြင္လည္း ကိုဗစ္ကူးစက္ခံရသူ တစ္သိန္းေက်ာ္လာခ်ိန္မွာ ကာကြယ္ေဆးသတင္းမ်ားႏွင့္ လက္ရွိ ယိုင္နဲ႔နဲ႔စီးပြားေရးအေျခအေနမ်ားေၾကာင့္  ကန႔္သတ္မႈအခ်ိဳ႕ကို ေျဖေလွ်ာ့လာသည္ကို ေတြ႕ရပါတယ္။
ထိုအေျခအေနအေပၚ က်န္းမာေရးႏွင့္ စီးပြားေရးကို ႏႈိင္းယွဥ္ၿပီး ျဖစ္လာႏိုင္သည့္အေျခအေနႏွင့္ လုပ္သင့္သည္မ်ားကို လက္ရွိအစိုးရလက္ထက္ ႏိုင္ငံေတာ္သမၼတ၏ ၿငိမ္းခ်မ္းေရးႏွင့္ စီးပြားေရးအႀကံေပး အဖြဲ႕ဝင္ျဖစ္သူ ဝါရင့္စီးပြားေရးပညာရွင္ ပါေမာကၡ ဆရာ ေဒါက္တာေအာင္ထြန္းသက္အား အထူးအစီအစဥ္တစ္ရပ္အေနျဖင့္ ေမးျမန္းခဲ့ပါတယ္။

ဆရာ ေဒါက္တာေအာင္ထြန္းသက္၏ ကိုဗစ္အလြန္ ျမန္မာ့စီးပြားေရး ႏိုးထမႈအတြက္ လုပ္သင့္လုပ္ထိုက္သည့္ ေဆာင္႐ြက္မႈမ်ားအတြက္ ရႈျမင္သုံးသပ္ခ်က္အျပည့္အစုံကို ယခုတစ္ပတ္ အထူးအစီအစဥ္အျဖစ္ ေဖာ္ျပလိုက္ပါတယ္။

(Opinion Leaders Media အယ္ဒီတာအဖြဲ႕)

Opinion Leaders ။     ။ ျမန္မာႏိုင္ငံအစိုးရက ေလေၾကာင္းလိုင္းေတြကို ျပန္ဖြင့္ေပးမယ္လို႔ေျပာတယ္။ျပည္ပခရီးစဥ္ေတြကိုလည္း ေလေၾကာင္းလိုင္းကေန ျပန္အဝင္ခံဖို႔ရွိတယ္ဆိုေတာ့ ကိုဗစ္နဲ႔ပတ္သက္ၿပီး အစိုးရက တုန႔္ျပန္မႈက မွန္ကန္တဲ့အေနအထားရွိလား။ဒါက စီးပြားေရးအတြက္ လက္ရွိအခ်ိန္မွာ လုပ္သင့္လုပ္ထိုက္တဲ့ အရာတစ္ခုလား။ဆရာ့အျမင္ကို သိခ်င္ပါတယ္ ဆရာ။

ေဒါက္တာေအာင္ထြန္းသက္ ။     ။ ကိုဗစ္နဲ႔ပတ္သက္ရင္ ႏိုင္ငံေတာ္၏အတိုင္ပင္ခံကိုယ္တိုင္ တာဝန္ယူၿပီးလုပ္ေနတဲ့အခါက်ေတာ့ သူတို႔ရဲ႕အဆုံးအျဖတ္ေတြေပါ့။အခုဆိုရင္ ေလေၾကာင္းနဲ႔ပတ္သက္ၿပီး ဖြင့္ေပးမယ္တို႔ စီးပြားေရးဖြင့္ေပးမယ္တို႔ေပါ့။ကိုဗစ္နဲ႔ပတ္သက္လာရင္ ဒီေန႔သတင္းတစ္ခုမွာ ခရစၥမတ္နဲ႔ နယူးရီးယားမွာ ဂ်ာမနီမွာ ေလာ့ခ္ေဒါင္းေပါ့။လုံးဝမလုပ္ရဘူးဆိုတဲ့ အေနအထားကို ဂ်ာမန္ဝန္ႀကီးခ်ဳပ္ကိုယ္တိုင္ ေၾကျငာတယ္ေပါ့။သူတို႔မွာေတာ့ ကိုဗစ္နဲ႔ပတ္သက္လို႔ ေတာ္ေတာ္ခါးသီးတဲ့ အေတြ႕အႀကဳံရွိတာမို႔ ကိုဗစ္အႏၲရာယ္ကို ေတာ္ေတာ္ေၾကာက္တယ္။သူတို႔ကေတာ့ အတင္းအက်ပ္ေပါ့ စီးပြားေရးကိုပိတ္ဆို႔ထားမယ္။ေလာ့ခ္ေဒါင္းလုပ္ထားမယ္ေပါ့။
ဘာေၾကာင့္လဲဆိုရင္ ဒီအေပၚမွာမူတည္ၿပီး လူစုလူေဝးေတြမ်ားမယ္ဆိုတဲ့ အႏၲရာယ္ကို ႀကိဳတင္သိထားတဲ့အတြက္ အဲ့ဒါကို ေဆာင္႐ြက္တယ္ေပါ့။ဒါက သူမ်ားႏိုင္ငံရဲ႕ အေျခအေနေပါ့။

ကိုယ့္ႏိုင္ငံမွာေတာ့ နည္းနည္းေလးေျဖေလွ်ာ့ေပးခ်င္ဟန္တူတယ္။စီးပြားေရးအက်ပ္အတည္းေတြ ရွိဟန္တူတယ္ဆိုေတာ့ အဲ့ႏွစ္ခုက အၿမဲတမ္းခ်ိန္ဆရမွာပဲ။စီးပြားေရး ဘယ္ေလာက္တက္ႏိုင္ေအာင္ ဘယ္ေလာက္ေျဖေလွ်ာ့မလဲ။အဲ့လိုေျဖေလွ်ာ့လိုက္တဲ့အခါမွာ တစ္ဖက္က ေရာဂါအေျခအေန ဘယ္ေလာက္ထိဆိုးလာမလဲဆိုတာ ခ်ိန္ခြင္လိုပဲ ခ်ိန္ရမွာပဲ။စီးပြားေရးလည္းေကာင္းလာမယ္ က်န္းမာေရးလည္း ေျပလည္လာမယ္ဆိုတာေတာ့ မျဖစ္ႏိုင္ဘူး။အဲ့ဒီႏွစ္ခုလုံး တၿပိဳင္တည္းရေအာင္လုပ္ဖို႔ကေတာ့ ေတာ္ေတာ္ေလးစဥ္းစားရမွာ။အခု ဒုတိယသက္တမ္းမွာ သူတို႔အတြက္ စိန္ေခၚမႈက ပိုၿပီးမ်ားလာတာေပါ့။သူတို႔က ဒီႏွစ္ခုလုံးကို တၿပိဳင္တည္းလုပ္ရမယ့္ အေျခအေနရွိတယ္။တစ္ခုတည္းေ႐ြးလို႔လည္းမရဘူး။

စီးပြားေရးကို တိုးေအာင္ဖြင့္မယ္ဆိုရင္လည္း ေရာဂါအေျခအေနဆိုးလာရင္ ဘယ္လိုလုပ္မလဲဆိုတဲ့ကိစၥေပါ့။ကိုယ့္ဆီကလည္း လူေတြတစ္ဦးခ်င္း တစ္ေယာက္ခ်င္းရဲ႕ လိုက္နာမႈက်င့္ဝတ္က အားနည္းတယ္ေလ။ဒါေတြဖြင့္လိုက္လို႔ရွိရင္ လိုက္နာရမယ့္စည္းကမ္းေတြကို ဘယ္ေလာက္လိုက္နာႏိုင္မလဲဆိုတဲ့ကိစၥက ေတာ္ေတာ္ႀကီးကို ေမးခြန္းထုတ္ရမယ့္ကိစၥေပါ့။ဒါကေတာ့ တစ္ေယာက္ခ်င္းစီရဲ႕ စည္းကမ္းရွိမႈေပါ့။နဂိုကတည္းကမွ ကိုယ့္ဆီကလူေတြက စည္းကမ္းလိုက္နာမႈ အားနည္းတယ္ေလ။အခုလူေတြကလည္း ဒဏ္ကလည္း သိပ္မခံႏိုင္ေတာ့ဘူးေလ။ေတာ္ေတာ္ေလးလည္းၾကာလာေတာ့ ပြင့္ထြက္သြားတဲ့အေျခအေနရွိလာေတာ့ စိတ္လိုက္မာန္ပါလုပ္လို႔ေတာ့ မျဖစ္ဘူးထင္တယ္။တစ္ဦးခ်င္း တစ္ေယာက္ခ်င္းအေနနဲ႔ေလ။

ဒီေလာက္အၾကာႀကီး အခက္အခဲေတြရွိေနတဲ့အခ်ိန္မွာ ကိုယ့္အေနနဲ႔ အားလုံးကိုမ်က္ကြယ္ျပဳၿပီး လုပ္ခ်င္တာလုပ္မယ္ဆိုတဲ့ အေနအထားေတာ့ လုပ္လို႔မရဘူး။တေျဖးေျဖးခ်ိန္ရမွာပဲ။အခုမွပဲ ကိုယ့္ႏိုင္ငံမွာရွိတဲ့ လူေတြအားလုံးရဲ႕ ျပည္သူ႔နီတိေပါ့ အသိတရား ဘယ္ေလာက္လိုက္နာႏိုင္သလဲ ေနာက္အစိုးရကလဲ ဘယ္ေလာက္ထိ စီမံႏိုင္သလဲဆိုတဲ့အေပၚမွာ မူတည္တာေပါ့။

အခုေတာင္ ရန္ကုန္နဲ႔ မႏၲေလး လုပ္တဲ့ပုံစံမတူၾကဘူးေလ။တိုင္းေဒသႀကီးတစ္ခုနဲ႔ တစ္ခုဟာ သူ႔အေျခအေနေပၚမွာ မူတည္ၿပီးေတာ့ လႈပ္ရွားေနၾကရတာ။အဲ့ေတာ့ မႏၲေလးမွာလုပ္လို႔ ေအာင္ျမင္တယ္ဆိုေပမယ့္ ရန္ကုန္မွာလုပ္ရင္ ေအာင္ျမင္ခ်င္မွေအာင္ျမင္မယ္။ရန္ကုန္မွာလုပ္တဲ့ပုံစံကို မႏၲေလးမွာလုပ္လို႔ရခ်င္မွလဲရမယ္။
ဒါေတြအားလုံးကို စဥ္းစားဖို႔လိုတယ္။အခုသိသာတာက ဘာလဲဆိုရင္ တစ္ကမာၻလုံးမွာ ေတြ႕လာတာေပါ့ေလ တစ္ခုတည္း တစ္ေသြးတစ္သံတစ္မိန႔္ေတြနဲ႔ လုပ္လို႔မရဘူး။ Local ေပါ့ေလ။

လက္ရွိအေျခအေနရဲ႕ အနီးကပ္အေနအထားကို သုံးသပ္ၿပီးေတာ့ ျမန္ျမန္ဆန္ဆန္တုန႔္ျပန္မွရမယ္လို႔ ေကာက္ခ်က္ခ်လို႔ရတဲ့ အေျခအေနရွိလာပါၿပီ။တစ္ကမာၻလုံးမွာ အဲ့လိုပဲေျပာတယ္။အဂၤလန္မွာလည္း ေတာင္ပိုင္းမွာျဖစ္တဲ့အေျခအေနနဲ႔ ေျမာက္ပိုင္းမွာျဖစ္တဲ့အေျခအေန မတူဘူးေလ။အားလုံးကို တစ္ပုံစံတည္းသြားရင္ အဆင္မေျပဘူးဆိုတာ သူတို႔သိလာတဲ့အတြက္ ကိုယ့္ႏိုင္ငံမွာလည္း ဒီပုံစံပဲလုပ္လို႔ရမယ္ထင္တယ္။အားလုံးကေတာ့ သတိထားရမယ္ဆိုေပမယ့္ အထူးသတိထားရမယ့္ေနရာေတြရွိတယ္။ပိုၿပီးဂ႐ုစိုက္ရမယ့္ေနရာေတြရွိတယ္။ပိုၿပီးအာ႐ုံထားရမယ့္ေနရာေတြရွိတယ္။

အဲ့ဒါေတြကေတာ့ ဘာလိုလာလဲဆိုရင္ အခု ကိုယ့္ႏိုင္ငံမွာရွိတဲ့ ျပည္နယ္တိုင္းေဒသႀကီးေတြရဲ႕ လုပ္ပိုင္ခြင့္ေတြေပါ့။ဘယ္ေလာက္လုပ္ႏိုင္လဲ သူတို႔ရဲ႕လုပ္ရည္ကိုင္ရည္ ဘယ္ေလာက္ရွိလဲဆိုတာပဲ မူတည္တာေပါ့။အဲ့ဒါကိုေတာ့ သူတို႔လည္းၾကည့္ေနတယ္ထင္တယ္။တစ္ေနရာတည္းကေန အားလုံးအတြက္၊ ျပည္ေထာင္စုတစ္ခုလုံးအတြက္ သတ္မွတ္လို႔ရတဲ့ အေျခအေနမဟုတ္ဘူး။ဘာလို႔လဲဆိုေတာ့ ဥပမာ ကယားလိုေနရာမ်ိဳးမွာ ပိုးေတြ႕လူနာ သိပ္မရွိတဲ့ေနရာကို သြားၿပီး ေလာ့ခ္ေဒါင္းလုပ္ရင္ အဆင္မေျပဘူးေလ။

အခုဆိုရင္ ေျပာရင္းဆိုရင္းနဲ႔တင္  ဧရာဝတီတိုင္းမွာ တိုးလာတယ္။ပုသိမ္မွာျဖစ္လာတယ္ ဘယ္လိုလုပ္ၾကမလဲ၊ စစ္ကိုင္းမွာ ဘယ္လိုလုပ္မလဲ၊ တနသၤာရီမွာ ဘယ္လိုလုပ္မလဲေပါ့။အဲ့ေတာ့ စီမံခန႔္ခြဲမႈရႈေထာင့္ကေပါ့။လုပ္ပိုင္ခြင့္ေတြ ဘယ္ေလာက္အတိုင္းအတာထိေပးမလဲ။ဗဟိုခ်ဳပ္ကိုင္မႈနဲ႔ လက္ရွိပကတိအေျခအေနကို ရင္ဆိုင္ေနရတဲ့သူေတြကို လုပ္ပိုင္ခြင့္ဘယ္ေလာက္ေပးမလဲဆိုတာ ခ်ိန္ဆရမယ္ထင္တယ္။တစ္ပုံစံတည္းေတာ့ အေပၚကေနအမိန႔္ေပးၿပီး လုပ္လို႔ရမယ္မထင္ဘူး။

Opinion Leaders ။     ။ ဒီရက္ပိုင္းမွာပဲ ျမန္မာေငြေၾကးက တန္ဖိုးစက်လာတာေတြ႕ရၿပီး တ႐ုတ္ယြမ္ေငြနဲ႔ ေဒၚလာေစ်းက နည္းနည္းမာလာတဲ့ အေနအထားဆိုေတာ့ ဒီဟာေတြက ကိုဗစ္ရဲ႕႐ိုက္ခတ္မႈကို ျမန္မာႏိုင္ငံမွာ စလာၿပီလားဆိုတာ သုံးသပ္ေပးပါ။

ေဒါက္တာေအာင္ထြန္းသက္ ။     ။ အခု အခက္အခဲေတြ အက်ပ္အတည္းေတြရွိတဲ့အခါမွာ ေငြေၾကးေဖာင္းပြမႈရွိတာကေတာ့ သဘာဝပဲ အဲ့ဒါကို ဘယ္ေလာက္ေလာက္ထိ ေငြေၾကးေဖာင္းပြမႈကို တအားထိန္းမလား။ေငြေၾကးေဖာင္းပြမႈကို သြားထိန္းလို႔ရွိရင္ တစ္ဖက္ကလည္း (Growth) က သြားထိတယ္ေလ။အဲ့ေတာ့ စီးပြားေရးနဲ႔ပတ္သက္ၿပီး တာဝန္ရွိတဲ့သူေတြအေနနဲ႔ခ်ိန္ရမွာက ေငြေၾကးေဖာင္းပြမႈကို ဘယ္အတိုင္းအတာထိထိန္းမလဲ။ဘယ္ေလာက္အထိထိန္းႏိုင္မလဲဆိုတဲ့အေပၚမွာ မူတည္တယ္။ေငြေၾကးေဖာင္းပြမႈဟာ အားလုံးသိတဲ့အတိုင္းပဲ လက္ထဲမွာ ေငြေတြအမ်ားႀကီးရွိရင္ တန္ဖိုးက်လာတာပဲ။

အခုဆိုရင္ စီးပြားေရးျပန္လည္ႏိုးထလာဖို႔ဆိုရင္ လူေတြလက္ထဲကို ေငြထည့္ေပးမွရမယ္ေလ။အဲ့လိုဆိုရင္ ေငြေၾကးေဖာင္းပြမႈဖိအားကေတာ့ရွိမွာပဲ။ေငြေၾကးေဖာင္းပြမႈကိုေၾကာက္လို႔ လက္ထဲမွာ ေငြမထည့္ေပးျပန္ရင္ ဘယ္လိုလုပ္ၾကမလဲ။လူေတြမွာ ေငြမရွိဘဲနဲ႔ ဘယ္လိုလႈပ္ရွားမလဲဆိုတဲ့ ျပႆနာရွိတယ္။ဒါလည္း အားမွ်ေျခအမွတ္တစ္ခုကို သူတို႔ရွာဖို႔လိုလိမ့္မယ္ထင္တယ္။အခုလက္ရွိအေျခအေနအရ အားလုံးက မွ်ရမယ့္အေျခအေနတစ္ခုပဲရွိတယ္။အရင္တုန္းကေတာ့ ကြၽန္ေတာ္တို႔ႏိုင္ငံမွာ ေငြေၾကးေဖာင္းပြမႈကို သိပ္ေၾကာက္တယ္။ျမန္မာေငြတန္ဖိုးေတြက်သြားမွာ အရမ္းေၾကာက္တာကိုး။အဲ့လိုေၾကာက္တဲ့အတြက္ အစိုးရက (inflation) ေပါ့။လိုေငြလုံးဝမျပေအာင္ အတင္း႐ုန္းကန္ထားတာေပါ့။သူတို႔အေနနဲ႔ သုံးစရာရွိတာကို မသုံးဘဲေနတယ္။ဘာေၾကာင့္လဲဆိုေတာ့ (deficit financing) ေပါ့။ေခတ္အဆက္ဆက္က အစိုးရေတြအားလုံးက (deficit financing) လုပ္ခဲ့တယ္လို႔ သူတို႔ကေဝဖန္ခဲ့တာကိုး။
ေဝဖန္ခဲ့ေတာ့ သူတို႔အလွည့္က်ရင္မလုပ္ဘူး။မလုပ္ေတာ့သူတို႔က ရတဲ့ဝင္ေငြကို သူတို႔က လုံလုံေလာက္ေလာက္သုံးမယ္။သူတို႔ရဲ႕ စီးပြားေရးေပၚလစီက အဲ့လို။

သူတို႔အေနနဲ႔ ဒီ (deficit) ကို လုံးဝလက္မခံခ်င္တဲ့ အႀကံေပးေတြရွိတာကိုး။အဲ့ဒီအႀကံေပးေတြေျပာတဲ့အတိုင္း လုပ္ေနတာ။အခုလို ကိုဗစ္ကိစၥေပၚလာတဲ့အခါက်ေတာ့ (deficit) က မလြဲမေသြျဖစ္ရေတာ့မွာ။သူတို႔အေနနဲ႔ အဲ့ဒါကိုဘယ္လိုခ်ိန္ဆမလဲဆိုတာကို ေစာင့္ၾကည့္ရမွာပဲ။သူတို႔အေနနဲ႔ ဘယ္ေလာက္ေလာက္ထိ ေလွ်ာ့ေပးႏိုင္မလဲ။ deficit  မရွိေအာင္လုပ္ရင္ေတာ့ လူေတြလက္ထဲကို ေငြထည့္လို႔မရဘူးေလ။လူေတြလက္ထဲကို ေငြထည့္တာနဲ႔ ခုနကေျပာတဲ့ ေငြေၾကးေဖာင္းပြမႈကမ်ားလာမွာပဲ။ဒါကေတာ့ေသခ်ာတယ္။ဝယ္လိုအား ေရာင္းလိုအားရွိတယ္။လူေတြလက္ထဲမွာ ေငြေတြမ်ားလာတယ္ဆိုရင္ ေငြရဲ႕တန္ဖိုးက က်သြားမွာပဲ။အဲ့ေတာ့ ေငြတန္ဖိုးက်မွာဆိုလို႔ လူေတြလက္ထဲမွာ ေငြမရွိျပန္ရင္လည္း စီးပြားေရးကဒုကၡေရာက္မယ္။

အဲ့ေတာ့ ကြၽန္ေတာ္ထင္တယ္ သူတို႔မွာလည္း အဲ့ဒီ (deficit financing) ကို ထမင္းလုံးတေစၥ ေျခာက္ေနတာထက္ကို  ရဲရဲဝံ့ဝံ့လုပ္ေစခ်င္တယ္။ေနာက္မွသာၾကည့္ရွင္းမယ္ဆိုတာမ်ိဳးေလ။စီးပြားေရးနာလန္ထေအာင္ လူေတြအကုန္လုံး ကုန္သည္လုပ္ငန္းရွင္ေတြအားလုံးကို ေထာက္ပံ့ေၾကးေငြေတြ အျမန္ဆုံးေပးမွရမယ္။အဲ့ဒါမွလည္း ျပန္ၿပီးလည္လာမယ္ထင္တယ္။ၿပီးေတာ့မွ ေငြေၾကးေဖာင္းပြမႈကို ေနာက္တစ္နည္း စဥ္းစားရမွာေပါ့။

Opinion Leaders ။     ။ အခုဆိုရင္ ေငြေၾကးေဖာင္းပြမႈႏႈန္း တက္တယ္ က်တယ္ဆိုတာ ျမန္မာႏိုင္ငံရဲ႕ ေရာင္းခ်ကုန္က ကုန္စည္အမ်ိဳးအစား ေတာ္ေတာ္နည္းတဲ့အတြက္ ဒီလိုမ်ိဳးျဖစ္တယ္လို႔ ယူဆတာလည္းရွိတယ္။အခုအခါမွာ စီးပြားေရးက ကိုဗစ္ျဖစ္သြားတဲ့အခါက်ေတာ့ လယ္ယာထြက္ကုန္ပစၥည္းေစ်းကြက္က ေတာက္ေလွ်ာက္ကို မာေနတဲ့အေနအထားရွိတဲ့အခါက်ေတာ့ ျမန္မာႏိုင္ငံအေနနဲ႔ ဘယ္လိုကုန္စည္အမ်ိဳးအစားသစ္ေတြကို အားေပးသင့္လဲ။

ေဒါက္တာေအာင္ထြန္းသက္ ။     ။ ကိုယ့္ႏိုင္ငံမွာ အေျခခံအားျဖင့္ေျပာရင္ေတာ့ ဆန္စပါးနဲ႔ ပဲေပါ့။ေစ်းကြက္လည္းရွိတယ္။ဒါေပမယ့္ သူတို႔အေနနဲ႔ ျပႆနာကိုေျဖရွင္းတဲ့အခါမွာ ဥပမာ - ဖရဲသီးဆိုပါေတာ့ ဖရဲသီးေရာင္းလို႔ ဘယ္ေလာက္ရမလဲ။ေမးခြန္းေမးရမွာေလ။ေနာက္တစ္ခါ အဂၤလန္ကို ေထာပတ္သီးပို႔တယ္ဆိုေတာ့ အႀကီးအက်ယ္ သတင္းစာေတြထဲမွာ ထည့္တယ္။အဲ့ေတာ့ ေထာပတ္သီး ဘယ္ေလာက္ပို႔ႏိုင္မလဲ။ႏိုင္ငံတကာမွာေတာ့ မကၠဆီကိုတို႔ ဘာတို႔မွာ ေထာပတ္သီးကို အႀကီးအက်ယ္တစ္ခုတည္းကိုပဲ ေဇာက္ခ်ၿပီး အေမရိကန္ကိုေရာက္ေအာင္ ပို႔ေပးတာမ်ိဳး။အဲ့ေတာ့ ဒီလိုေပၚပင္ေတြလုပ္မယ့္အစား တကယ့္ကို ကိုယ့္ရဲ႕အေျခခံအေကာင္းဆုံးျဖစ္တဲ့ သူမ်ားနဲ႔ယွဥ္ရင္ ကိုယ္သာတဲ့ဟာကိုပဲ ေဇာင္းေပးသင့္တယ္။အခုေတာ့ ငါးပြက္ရာ ငါးစာသြားခ်သလိုျဖစ္ေနတယ္။

ေရရွည္မဟာဗ်ဴဟာ စဥ္းစားဖို႔လိုပါတယ္။ကြၽန္ေတာ္ထင္တာေတာ့ စပါးဆိုရင္လည္း စပါးမ်ိဳး႐ိုးကို ျပန္စဥ္းစားဖို႔လိုတယ္။အရင္တုန္းက စိုက္တဲ့ပုံစံနဲ႔ အခုေနာက္ပိုင္း ဘယ္လိုပုံစံေတြနဲ႔စိုက္မလဲ အားလုံးေပါ့ေလ။ေျပာရတာလည္း ခက္ေတာ့ခက္တယ္။သူတို႔မွာလည္း အခက္အခဲေတြက ရင္ဆိုင္ေနရေတာ့ ထြက္ေပါက္ေလးရရင္ပဲ အေျဖရၿပီလို႔ထင္ၾကတာကိုး။အဲ့ေတာ့ ဖရဲသီးနဲ႔ ေထာပတ္သီးကို အႀကီးအက်ယ္ ေဆြးေႏြးေနရတာ အဆင္မေျပေသးဘူးထင္တယ္။တကယ္တမ္းေတာ့ တကယ့္ေစ်းကြက္အႀကီးႀကီးေတြကို စဥ္းစားဖို႔လိုမယ္လို႔ ထင္တယ္။

Opinion Leaders ။     ။ အခုလိုေျဖၾကားေပးတဲ့အတြက္ ေက်းဇူးအထူးတင္ပါတယ္ ဆရာ။

ေဒါက္တာေအာင္ထြန္းသက္
ဒီဇင္ဘာ - ၁၇