【 ပညာရှင်များ၏အမြင် 】 “ပေါ်လစီမငြိမ်ရင် ရင်းနှီးရမယ့်သူက ပိုပင်ပန်းတယ်”

【 ပညာရှင်များ၏အမြင် 】 “ပေါ်လစီမငြိမ်ရင် ရင်းနှီးရမယ့်သူက ပိုပင်ပန်းတယ်”

မကြာမီက ကျင်းပခဲ့သည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင်  ပြည်ပရောက်လုပ်သားများ တရားဝင်နည်းလမ်းဖြင့် မပေးပို့သည့်  ဟွန်ဒီခေါ် လွှဲပို့ငွေများနှင့် ပတ်သက်ပြီး ပြည်ထောင်စုဗဟိုဘဏ်က တရားဝင်ဖြစ်လာအောင် လုပ်ကိုင်ဆောင်ရွက်မှုများနှင့် ပတ်သက်ပြီး တာဝန်ရှိသူတစ်ဦးက လာရောက်ဖြေဆိုခဲ့တာ ရှိပါသည်။ဟွန်ဒီမှ လွှဲပို့ငွေမှာ မြန်မာနိုင်ငံ၏ နိုင်ငံခြားဝင်ငွေရရှိမှုတွင် ရာခိုင်နူန်း ကိန်းဂဏန်းနှစ်လုံးအထိ ရှိသဖြင့် ထိုဆောင်ရွက်မှု အသက်ဝင်လာပါက မြန်မာစီးပွားရေးနှင့် နိုင်ငံခြားငွေကြေး ဈေးကွက်အပေါ် သက်ရောက်မှုရှိလာမည်ဖြစ်သည်။ထို့ပြင် မနက်တိုင်း ဗဟိုဘဏ်မှ ထုတ်ပြန်နေကြ ရည်ညွှန်း ငွေလဲလှယ်နူန်းကို ဖေဖေါ်ဝါရီ ၅ ရက်မှ စကာ ညနေပိုင်းသို့ပြောင်းပြီး ပြင်ပဈေးကွက် ပေါက်ဈေးအတိုင်း ထုတ်ပြန်လာခဲ့သည့်အတွက် တိုင်းပြည်၏ ငွေကြေးစီမံမှု အပိုင်းတွင် ထိရောက်သည့် မူဝါဒပိုင်းဆိုင်ရာ ပြောင်းလဲမှုကို အစိုးရအနေဖြင့် လုပ်ဆောင်လာနေပြီဟု ယူဆချက်များ ပေါ်ထွက်လာခဲ့ပါသည်။ထိုယူဆချက်ပေါ် အခြေခံကာ ယခုဘဏ္ဍာနှစ် အစိုးရ၏ စီးပွားရေးရည်မှန်းချက် ပြည့်မီနိုင်မှု ရှိ/မရှိကို နိုင်ငံတော်သမ္မတ၏ စီးပွားရေးအကြံပေးပုဂ္ဂိုလ်နှင့် ဝါရင့် စီးပွားရေးပညာရှင် ဆရာ ဒေါက်တာအောင်ထွန်းသက် အား မေးမြန်းခဲ့ပါတယ်။ဆရာ ဒေါက်တာအောင်ထွန်းသက်၏ ရှုမြင်သုံးသပ်ချက် အပြည့်အစုံကို ယခုတစ်ပတ်အတွက် အထူးအစီအစဉ်အဖြစ် မေးမြန်းဖော်ပြလိုက်ပါတယ်။

(Opinion Leaders Media အယ်ဒီတာအဖွဲ့)

Opinion Leaders Media ။     ။ မကြာခင်က ဗဟိုဘဏ်ကနေ ရည်ညွှန်း ငွေလဲလှယ်နှုန်းတွေကို ဈေးကွက်ကို အခြေခံတယ်ဆိုပြီးတော့ ပြန်ပြောင်းလိုက်တာ မနေ့ကညနေကတင် စလိုက်တာပေါ့နော် ဆရာ၊ ဒီလိုမျိုး စလိုက်တဲ့အတွက် ပြင်ပဈေးကွက်နဲ့ တော်တော်လေးနီးစပ်တဲ့ ဈေးနှုန်းဖြစ်သွားတဲ့အတွက်ကို ရောင်းတဲ့ဝယ်တဲ့နေရာမှာ ပြောင်းလဲမှုတစ်ချို့ စဖြစ်ပေါ်လာခဲ့တယ်၊ အဲ့ဒီရဲ့အနေအထားက အစိုးရက လက်ရှိလုပ်နေတဲ့ ဒေါ်လာနဲ့ ငွေကြေးလဲလှယ်မှု နှုန်းထားတွေ၊ မြန်မာကျပ်ငွေ တန်ဖိုးပြန်မြင့်လာအောင် လုပ်တဲ့အနေအထားတွေမှာ ဘယ်လောက်အထိသွားပြီး အထောက်အကူဖြစ်နိုင်သလဲ၊ နောက်တစ်ချက်က အစိုးရငွေပေးငွေယူ ရှင်းတမ်းတွေမှာရော ဘယ်လိုအထိ သွားပြီးတော့ အကျိုးသက်ရောက်မှု ရှိနိုင်မလဲ ဆရာ။အခုဆိုလို့ရှိရင် ဘဏ်က ရည်ညွှန်းတာတွေက တော်တော်လေးကို အခြေခံ Ground ဈေးနဲ့ တော်တော်ကို ကပ်သွားတဲ့အတွက်ကို ဘယ်လိုတွေ ပြောင်းလဲမှုရှိလာနိုင်မလဲ၊ ဥပမာ - အစိုးရစီမံကိန်းတွေနဲ့ ပတ်သက်တဲ့ဟာတွေမှာပေါ့နော် ဆရာ။

ဒေါက်တာအောင်ထွန်းသက် ။     ။ အခုကတော့ ဆရာထင်ပါတယ်နော်၊ ကိုယ်က တစ်ခါတလေကျတော့လည်း ပိုက်မိသလို ဖြစ်ဖြစ်နေတယ်၊ ငွေကြေးနဲ့ ပတ်သက်လာလို့ရှိရင် အထိတ်တလန့်တွေဖြစ်ပြီးတော့ တစ်ခါတည်း ကျပ်ငွေတွေကျတာတို့ ကျပ်ငွေတွေတက်တာတို့ ဘာတို့ရှိနေတာ၊ ရှိနေတဲ့အခါကျတော့ တာဝန်ရှိတဲ့သူတွေကလည်း သူ့နည်းသူ့ဟန်နဲ့ ဝင်ပြီးထိန်းတာပေါ့။ အဲ့ဒီတော့ ထိန်းတဲ့ပေါ်မှာ မူတည်ပြီးတော့ ကောင်းတာတွေရှိတယ်၊ ဆိုးတာတွေရှိတယ်။

အဲ့ဒီတော့ အရေးကြီးတာ ဘာလဲဆိုလို့ရှိရင် ဆရာတို့ ဒီ ကိုယ့်ငွေကြေးတန်ဖိုးကို ဘယ်လောက်လောက် ရှိရင်တော့ဖြင့် ငွေကြေးတန်ဖိုးဟာ ဆရာတို့ ဘာနဲ့ဆိုင်သလဲဆိုလို့ရှိရင် စီးပွားရေးအခြေခံဖြစ်တဲ့ သွင်းကုန်၊ ထုတ်ကုန်နဲ့ ဆိုင်တာကိုး၊ ခုနပြောတဲ့ Exange Rate တွေ ဘာတွေကြောင့်။ငွေကြေးတန်ဖိုးကို သေသေချာချာ တည်တည်ငြိမ်ငြိမ် သတ်မှတ်နိုင်ရင် သွင်းကုန်သမား ထုတ်ကုန်သမားတွေကလည်း နည်းနည်းချိန်လို့ရမယ်၊ အဲ့ဒီတော့ ငွေကြေးတန်ဖိုးဟာ သူတို့အမြဲတမ်း ဆရာတို့ပြောတယ်လေ၊ မြန်မာငွေကျတာတို့ မြန်မာငွေတက်တာတို့ သူတို့ခေါင်းထဲ သိပ်မရှိဘူး၊ သူတို့စိတ်ပူတာက ခဏခဏတက်လိုက်ကျလိုက် လုပ်တာကို သူတို့က စိတ်ပူတာ၊ မငြိမ်တာကို စိတ်ပူတာ၊ တက်ရင်လည်းဖြေးဖြေး ဖြေးဖြေးတက်သွား၊ ဆင်းရင်လည်းဖြေးဖြေး ဖြေးဖြေးဆင်းသွားရင် အဲ့ဒီအပေါ်မှာ အနောက်ကလိုက်လို့ရတယ်။

ဆရာထင်တယ် အခုလုပ်တဲ့ အခြေအနေက တကယ့်အတက်အကျ တက်လိုက်ကျလိုက်ဖြစ်တာကို ထိန်းတဲ့ပုံစံဖြစ်ရင် ရေရှည်အတွက်ကတော့ ကောင်းတာပေါ့၊ ဘာကြောင့်လဲဆိုတော့ စီးပွားရေးလုပ်ငန်းရှင်တွေ အားလုံးက အများစု တောင်းတတာ  လိုလားတာ တစ်ခုပဲ။အဲ့ဒါဘာလဲ တည်ငြိမ်ဖို့ပဲ၊ ဟိုနိုင်ငံခြားရင်းနှီးမြှုပ်နှံတဲ့သူတွေကလည်း ဒါပဲလိုလားတယ်၊ တည်ငြိမ်ဖို့ပဲ။အဲ့ဒီတော့ တည်ငြိမ်မှုပြောတဲ့အခါ သူတို့က တည်ငြိမ်မှု တောင်းတာပေါ့နော်၊ နိုင်ငံရေးအရ တည်ငြိမ်မှု လိုချင်တယ်။

ဒါကြောင့်မို့ တစ်ကမ္ဘာလုံးမှာ ဆရာတို့ အံ့သြစရာကောင်းတာက အာဏာရှင်အစိုးရတွေကို အားပေးသလိုဖြစ်တယ်၊ ဘာကြောင့်လဲဆိုတော့ နိုင်ငံတည်ငြိမ်ဖို့ဆိုတာက အာဏာရှင်မရှိရင် မတည်ငြိမ်ကြသေးဘူး ငြိမ်နေတာပဲလေ၊ အဲ့ဒီလိုဖြစ်တော့ ဥပမာဆိုပါတော့ အရင်တုန်းက ချီလီတို့ အရင်တုန်းကတော့ ဆရာတို့ သိပ်မသိခင်မှာ စပိန်မှာဆိုရင် ဖရန်ကို လက်ထက်မှာ တည်ငြိမ်ရောပေါ့။ လှုပ်တောင်မလှုပ်ရဲဘူး။အဲ့ဒီအခါမှာ Investment တွေ တအားဝင်လာတော့ အဲ့ဒီလိုတည်ငြိမ်မှုကို သူတို့ကတောင်းတော့ ဒါပေမဲ့ အဲ့ဒီဟာက ဘာနဲ့ ဆန့်ကျင်ဘက် ဖြစ်သွားသလဲဆိုရင် ခုနလို ဒီမိုကရေစီနိုင်ငံရေးစနစ် ဖြစ်တယ်ဆိုပြီးတော့ အခြေခံကတော့ တည်ငြိမ်စရာ အကြောင်းမရှိဘူးလေ၊ တစ်ယောက်နဲ့ တစ်ယောက် ကိုယ့်ဆန္ဒ ကိုယ့်သဘောကို ပြောလို့ရတာကို၊ တစ်ယောက်တစ်ပေါက် ပြောလို့ရတဲ့ စနစ်ကိုး။

တချို့တွေက ဘာပြောသလဲဆိုလို့ရှိရင် စီးပွားရေးတွေက ဘာကိုအားပေးနေသလဲဆိုရင် အာဏာရှင်ကို အားပေးတဲ့ ပုံစံမျိုး stability လို့ ပြောတာကိုး၊ အမေရိကန်ကလည်း တောက်လျှောက် ဆရာတို့ ဖြစ်ခဲ့တာပေါ့နော်၊ တစ်ကမ္ဘာလုံးကို သူတို့အကူအညီပေးတဲ့နေရာမှာ တကယ့်ကို strong maine တွေပေါ့၊ အာဏာရှင်တွေကို အားပေးကြတယ်၊ ရုရှားဆိုရင်လည်း အဲ့ဒီလိုပဲပေါ့နော်၊ ရုရှားက နှိပ်စက်နေမှန်းသိတယ် ဒီအတိုင်းပဲ၊ ဆက်ဒမ်ဟူစိန် ဆိုလည်း ဒီလိုပဲ၊ သူတို့တည့်တုန်းက ဒါကိုပဲ ထောက်ပံ့နေတာ။

အဲ့ဒီတော့ ဆရာတို့ဆီမှာက တည်ငြိမ်ဖို့က စီးပွားရေးတည်ငြိမ်ဖို့ နိုင်ငံရေးတည်ငြိမ်ဖို့။နောက်တစ်ခါ တည်ငြိမ်ဖို့တောင်းတာက ပေါ်လစီတည်ငြိမ်မှု။အဲ့ဒီတော့ ပေါ်လစီတည်ငြိမ်ဖို့က ကိုယ့်နိုင်ငံနဲ့ တိုက်ရိုက်ဆိုင်တာကိုး၊ ဘာကြောင့်လဲဆိုတော့ ကိုယ့်နိုင်ငံမှာ ပေါ်လစီက မငြိမ်ဘူး၊ မငြိမ်တာက လူတွေက စိတ်ကူးရသလောက် လျှောက်ပြီး ပေါ်လစီအသစ်တွေ လုပ်တာနော်၊ တစ်ရေးနိုးပေါ်လစီတွေ သွားပြီးလုပ်လိုက်တဲ့အခါကျတော့ ဥပမာဆိုပါတော့ ဆရာတို့အထွက်မှာ အထပ်မြင့်တွေ ရပ်လိုက်တာတို့၊ ဟိုဟာလုပ်တာတို့ ဒီဟာလုပ်တာတို့ ဆိုတာက ဟိုဘက်တုန်းကလည်းဒီလိုပဲ၊ အဲ့ဒီတော့ ပေါ်လစီမငြိမ်ရင် ရင်းနှီးရမယ့်သူက သူပိုပင်ပန်းတယ်၊ ဒါကြောင့်မို့ သူတို့တောင့်တတာက  ခုနနိုင်ငံရေးတည်ငြိမ်ဖို့လိုတယ်၊ တည်ငြိမ်မှု stability ပေါ့၊ နောက်တစ်ခါ ပေါ်လစီလည်း လိုတယ်။

နောက်တစ်ခုက တရားဥပဒေစိုးမိုးရေးပေါ့ Rule of law ။အခု ဆရာတို့မှာ အကြီးအကျယ် ပြဿနာတက်တာက conflict ပြဿနာတွေပေါ့၊ စာချုပ်ထားတာရှိပေမယ့် ဥပဒေအရ ခိုင်မာမှုမရှိဘူးလေ၊ အဲ့ဒီတော့ စာသာချုပ်လိုက်တယ် စာချုပ်က ဘယ်လောက်လောက်အထိ ခိုင်သလဲဆိုတာ မသိတော့ လုပ်ရကိုင်ရ အင်မတန်ခက်တာကိုး၊ အဲ့ဒီအခါကျတော့ ဆရာတို့အနေနဲ့ ဒါလေးကိုနော် တည်ငြိမ်အောင် ဘယ်လိုလုပ်မလဲ အဲ့ဒီတော့ နိုင်ငံရေးအရရော စီးပွားရေးအရရော တရားဥပဒေအရရော တည်ငြိမ်မှုရရင်တော့ ခုန ဟိုအဆင်ပြေတာပေါ့။အဲ့ဒီတော့ အခု ဗဟိုဘဏ်ကလည်း ဆရာထင်တာပေါ့နော်၊ ဒီလို သူတို့ဝင်ပြီးပြောတာသည် တည်ငြိမ်တဲ့ အနေအထားရှိတယ်။ဘဏ္ဍာရေးစနစ်ကို တည်တည်ငြိမ်ငြိမ်ဖြစ်အောင် လုပ်မယ်ဆိုတဲ့ ဆန္ဒနဲ့ လုပ်တယ်လို့ ဆရာတို့က ယူဆရတယ်။အဲ့ဒီတော့ အဲ့ဒါကိုလည်း ပေါ်လစီကို လုပ်မယ်ဆိုရင် မလုပ်ခင် ကျကျနန စဉ်းစားပြီးတော့ လုပ်တဲ့ပေါ်လစီကို မပြင်ဖို့လိုတယ်၊ ကိုယ်က ပေါ်လာတဲ့ ပေါ်လစီကလည်း စဉ်းစားပြီး ပေါ်တာလည်း မဟုတ်ဘဲနဲ့ စိတ်ကူးရတိုင်း လုပ်ပစ်တာကိုး၊ လုပ်ပစ်တော့ မှားပြီဆိုကာမှ ပြင်တော့ ဟိုနောက်က လိုက်ရတဲ့သူက ခက်တယ်လေ။

အဲ့ဒီတော့ အခု အထူးသဖြင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဆိုတာ မြန်မာပြည်မှာပဲနေတာ မဟုတ်ဘူး၊ နိုင်ငံခြားကနေ အဝေးကြီးကနေ မျှော်မှန်းပြီး လုပ်နေရတဲ့အခါကျတော့ သူ့မှာ အဲ့ဒါစိုးရိမ်စိတ်တွေ ရှိတာပေါ့၊ အဲ့ဒီတော့ သူတို့ပြောနေတာ ပေါ်လစီကို ဟိုပေါ်လစီလုပ်ပါ ဒီပေါ်လစီလုပ်ပါလို့ ပြောတာမဟုတ်ဘူး၊ သူတို့ကပြောတာက ဘာပြောလဲဆိုတော့ ဘယ်ပေါ်လစီပဲချချ ငြိမ်အောင်ထားပေးပါလို့ပဲ တောင်းဆိုတာပေါ့၊ အဲ့ဒါလေးတော့ ဆရာတို့ လက်ခံမှရမယ်။နောက်တစ်ခုက အခု policy change နဲ့ ပတ်သက်လာရင် ဆရာတို့ နောက် equation တစ်ခု ညီမျှခြင်းမှာ ပေါ်လာတာက နိုင်ငံခြားဘဏ်တွေပေါ့၊ အခု နိုင်ငံခြားဘဏ်တွေ အကုန်ဝင်လာလို့ရှိရင် သူတို့မှာ reserve တွေ ပါလာလိမ့်မယ်လေ၊ သူတို့က မြန်မာငွေမှ ကိုင်ထားတာမှမဟုတ်တာ၊ သူတို့ပါလာတဲ့ reserve တွေကို ဘယ်လောက်လောက်အထိ ဆရာတို့က လုပ်ခွင့်ပေးမလဲနော်၊ ဒီစီးပွားရေးထဲမှာ၊ ဒါပေမဲ့ အခုတလောက ကြားပြန်တော့လည်း ကိုယ်ကမျှော်လင့်တာတော့ သူတို့လာလို့ရှိရင် သူတို့နိုင်ငံမှာရှိတဲ့ အတိုးနှုန်းက ၂ ရာခိုင်နှုန်းလောက်တောင် မရှိဘူး၊ မရှိတဲ့အခါကျတော့ မြန်မာပြည်လာလို့ရှိရင် ၅ ရာခိုင်နှုန်းလောက်၊ ၇ ရာခိုင်နှုန်းလောက် ချေးရင်တော့ဖြင့် ဆရာတို့ ၁၃ ရာခိုင်နှုန်း ထက်တော့ သက်သာမယ်လို့ အောက်မေ့တယ်၊ သို့သော်လည်း ဗဟိုဘဏ်မှာ အခုက ၁၃ ရာခိုင်နှုန်းနဲ့ပဲ ချေးရမယ်လို့ပြောတော့ သူတို့လာတဲ့အတွက် အတိုးနှုန်းသက်သာမှုက သိပ်မရှိတာ တွေ့ရပြန်ရော၊ အဲ့ဒါလည်း စဉ်းစားစရာပဲပေါ့၊ ဒါတော့ သူတို့ ချိန်တော့ချိန်တယ်ထင်တယ်၊ ၁၃ အောက်ကို တို့ ပြည်တွင်းဘဏ်တွေက မချေးနိုင်ဘူးလေ၊ ပြည်တွင်းဘဏ်တွေက တောင့်ခံထားရတဲ့ဟာမျိုးရှိတော့ အဲ့ဒါကိုဘယ်လိုလုပ်ကြမလဲပေါ့။ စဉ်းစားဖို့လိုလိမ့်မယ်လို့ အောက်မေ့တာပဲ။

Opinion Leaders Media ။     ။ နောက်တစ်ခုက ဆရာ လွှတ်တော်မှာပဲ Hundi တွေနဲ့ ပတ်သက်ပြီးတော့ စပြီး တရားဝင်လုပ်ဖို့အတွက်ကို ဗဟိုဘဏ်ကနေ စတင်ဆောင်ရွက်နေပြီလို့ ဦးဘိုဘိုငယ် ကနေ လာရှင်းသွားတာရှိတယ် ဆရာ၊ အဲ့ဒီနိုင်ငံခြားကနေ အလုပ်သမားတွေကနေ ပို့တဲ့ငွေက တလောတုန်းက ရှင်းခဲ့တုန်းက amount က တော်တော်များတယ်၊ အဲ့ဒီပမာဏတွေက တကယ်ကို တရားဝင်ဖြစ်လာခဲ့လို့ရှိရင် ကျွန်တော်တို့ ဒီပြည်တွင်းငွေကြေးတွေအပေါ်မှာ ဘယ်လောက်အထိ သွားပြီးတော့ အထောက်အကူဖြစ်သွားနိုင်မလဲ ဆရာ။

ဒေါက်တာအောင်ထွန်းသက် ။     ။ ဆရာတို့ နှစ်ပိုင်းသိသင့်တယ်နော်၊ Hundi ကိစ္စတွေမှာ ဆရာ စိတ်မကောင်းဆုံးက ဘာလဲဆိုတော့ နိုင်ငံခြားမှာ ပင်ပန်းခံပြီးတော့ အလုပ်လုပ်ရတဲ့ ကလေးတွေ၊ သူဌေးတွေကျတော့ မပြောဘူး၊ ငါးအလုပ်မှာ သွားလုပ်တာတို့ စက်ရုံတွေမှာ သွားလုပ်တဲ့ ကလေးတွေဟာ အိမ်မှာကျန်ခဲ့တဲ့ မိသားစုကို သူတို့ ပင်ပင်ပန်းပန်းရှာတဲ့ ငွေတွေပို့တဲ့အခါမှာ Hundi ဘာကြောင့် ဖြစ်တယ်ဆိုတာလည်း သိဖို့လိုတယ်၊ Hundi ဖြစ်ရတာ ဘာလဲဆိုရင် Formal ပေါ့နော်၊ တရားဝင်နည်းလမ်းက မချောမွေ့လို့။ဒီလိုကိစ္စမျိုးဟာ နိုင်ငံတကာမှာလည်း ဆရာတို့တွေ့ရတယ်နော်၊ တွေ့ရတာဆိုတော့ ဥပမာ - အရှေ့အလယ်ပိုင်း အာရပ်နိုင်ငံတွေမှာ အလုပ်လုပ်တဲ့ ဘင်္ဂလားဒေ့ရှ်တို့ သီရိလင်္ကာတို့၊ အိန္ဒိယတို့ကလူတွေလည်း ဒီ Hundi တွေ သုံးနေတာပဲ။ဒီ Hundi သုံးတာက တစ်ကမ္ဘာလုံးမှာရှိတဲ့လူ သုံးတာနော်၊ မြန်မာပြည် တစ်ပြည်တည်း မဟုတ်ဘူး၊ ဒီအတိုင်းပဲ ဟိုလက်တင်အမေရိကနော် တကယ့်ကို ခေါင်းရွက်ဗျပ်ထိုး အလုပ်ကြမ်းသမားတွေ အမေရိကမှာ လုပ်ရင်လည်း သူက ဘာလုပ်လဲဆိုရင် ဒီ Hundi နဲ့ပေါ့၊ Hundi ဘာကြောင့်လုပ်သလဲဆိုရင် ပြဿနာက ဘာလဲဆိုရင် လွယ်တယ်၊ ပြီးတော့ စိတ်ချရတယ်၊ ဆရာတို့ မြန်မာပြည်နဲ့ Hundi ဘာကြောင့်သုံးသလဲဆိုရင် လွယ်လွယ်ကူကူဖြစ်တယ်၊ ဘာမှလည်း စစ်စစ်ဆေးဆေးမရှိဘူး။ အဲ့ဒါကို နောက်တစ်ခါ စိတ်ချရတယ်နော်၊ ဒီဘက်ကပေးလိုက်ရင် ဟိုဘက်ကို တန်းရောက်လာတာပဲ။

အရင်တုန်းက ဆရာတို့ စနစ်က ဘာနဲ့လုပ်သလဲဆိုရင် တယ်လီဖုန်းနဲ့ လုပ်တာလေ၊ အခုတော့ ဒစ်ဂျစ်တယ်နဲ့လုပ်နေပြီ၊ ဒစ်ဂျစ်တယ်နဲ့လုပ်တော့ အဲ့ဒီမှာ Hundi ကို တကယ့်ကို တိုက်ခိုက်မယ့်နည်းဟာ ခုနပြောတဲ့ e-ticket တွေပေါ့၊ အခုဆိုရင် ဆရာတို့သုံးကြတာ ဘာလဲဆိုတော့ Wave Money တို့ ဟုတ်တယ်မဟုတ်လား၊ ဒါတွေအားလုံးပေါ်တာလေ၊ ပေါ်လာတဲ့အခါ ကျတော့ အခုမလေးရှားမှာ လုပ်တဲ့သူတွေအားလုံးဟာ Hundi မလိုတော့ဘူးလေ၊ ကြားခံမလိုတော့ဘူး၊ သူတို့က ချက်ချင်းကောင်းတယ်၊ အဲ့ဒီတော့ အဲ့လိုလုပ်တာကို ဗဟို ဘဏ်တို့ ဆရာတို့စနစ်ကလည်း ဒါကို သူတို့ထက် နောက်မကျဖို့လိုတယ်။ technology က အရှေ့ရောက် သွားပြီလေ။

အဲ့ဒီတော့ transfer ငွေလွှဲတာကို အခုဖြစ်နေတာ မြန်မာပြည်မှာ ဘဏ်တွေပဲ ဆရာတို့ပြောနေတာ၊ အခုသွားပြီးတော့ ချက်လက်မှတ်ရေးပြီးတော့ ငွေလွှဲတဲ့ဟာကြီးက ဘယ်သူမှ မလုပ်တော့ဘူး၊ ဟုတ်တယ်နော်၊ QR Code နဲ့တောင် ငွေပေးလို့ရတဲ့အချိန်မှာ တို့က ချက်တွေလက်မှတ်ထိုးခိုင်း ချက်တွေသွားထုတ်ခိုင်း ပြီးတော့ ငွေသားတွေ ယူမယ်ဆိုတော့ အခုဖြစ်နေတာအားလုံးဟာ cashless ငွေမပါတဲ့ လူ့အဖွဲ့အစည်းကို ပြောင်းလာတဲ့အချိန်မှာ ဆရာထင်တယ် Hundi ကို တိုက်ရိုက်တိုက်မယ့်အစား အခုဒစ်ဂျစ်တယ် နည်းပညာတွေကို အသုံးပြုနေတာ အားလုံးရမယ်ထင်တယ်။ဒါပေမဲ့ ဆရာတို့မှာ ပြဿနာရှိတာ Wave Money တို့၊ True Money တို့ အများကြီးလုပ်နေတာကို ဗဟိုဘဏ်ကလည်း ဘယ်လိုလုပ်ရမှန်းကို မသိတာ၊ ဒါကို သူက အနောက်က တကယ်ကို ကုန်းကြောင်းလိုက်နေရသလို ဖြစ်တယ်၊ technology တအားကြီးကို မြင့်သွားပြီလေ။

နောက်အခု ဘဏ်တွေမှာလည်း အခု အရင်တုန်းကဆိုရင် ဆရာတို့ ဒါကလည်း ကိုယ့်နိုင်ငံရဲ့စီးပွားရေး နိုင်ငံရေး အနေအထားကိုကြည့်ရင် ဘဏ်တွေဖွင့်လိုက်တာလည်း ဟုတ်လား။ဘဏ်စနစ်ကြီးကို ရှင်သန်ချင်လို့ ခုနထက်ကို ကိုယ်နဲ့ပတ်သက်တဲ့လူတွေကို ဘဏ်လိုင်စင်တွေ ချပေးလိုက်တာပေါ့၊ ချပေးလိုက်တော့ အားလုံးက ဘာသွားလုပ်လဲဆိုရင် technology ။အဲ့ဒီအချိန်လောက်က စပြီးတော့ technology ကို ကူးနိုင်ရင် ဆရာတို့က တော်တော်အချိန်ရခဲ့တာ အဲ့ဒီတော့ အဲ့ဒီတုန်းက အဲ့ဒီလိုမလုပ်တော့ဘဲနဲ့ ဘဏ်ခွဲတွေသွားဖွင့်တာကို၊ အဲ့ဒီတော့ ကမ္ဘောဇကလည်း ဘယ်နှစ်ခုဖွင့်တယ် ဟိုကလည်း ဘယ်နှစ်ခုဖွင့်တယ် အပြိုင်အဆိုင်တွေ သွားဖွင့်လိုက် ပြီးတဲ့အခါကျတော့ အခု တဖြေးဖြေး တဖြေးဖြေးဟာ ဘဏ်ခွဲဖွင့်ပြီးလုပ်တဲ့ ဘဏ်စနစ် မရှိတော့ဘူးလေ။အဲ့ဒီတော့ ဘဏ်ခွဲတွေဆိုတာ မရှိတော့ဘဲနဲ့ ကိုယ့်ရဲ့ Smart ဖုန်းက ဘဏ်ခွဲပဲလေ၊ အဲ့ဒီတော့ ငွေပြောင်းငွေလွှဲ လုပ်တာ၊ ဘဏ်ဆိုတဲ့ အခြေခံကို ပြန်စဉ်းစားဖို့လိုတယ်၊ ဘာကြောင့်လဲဆိုတော့ အခုဆိုရင် ဆရာတို့ လူတိုင်းကိုင်ကြတဲ့ Smart ဖုန်းဟာ ဘဏ်ပဲ၊ ဒီဘဏ်ကနေ transfer လုပ်လို့ရတယ်၊ တစ်ကမ္ဘာလုံးမှာ ကြိုက်တဲ့နေရာမှာ အခုအချိန်အထိ အွန်လိုင်း၊ အခုပြဿနာက ဒီပြဿနာရှိတာပေါ့။

ခုန ဗဟိုဘဏ်နဲ့ ပတ်သက်လို့ပြောရင်၊ တရုတ်ပြည်က ဟိုဟာတွေလာတယ်၊ ကမ္ဘာလှည့်ခရီးသည်တွေ၊ လာတဲ့အခါကျတော့ သူတို့မှာ ငွေပါလာတာမဟုတ်ဘူး၊ သူတို့မှာဘာပါလဲဆိုတော့ ဟန်းဖုန်းတွေပါလာတယ်၊ ဟုတ်တယ်မဟုတ်လား၊ သူတို့ပေးတဲ့ payment က ဒီအထဲမှာ ထည့်ထားတာလေ ဟုတ်တယ် မဟုတ်လား၊ အဲ့ဒါကို ဆရာတို့က ဟာ ဒါကြီးက တို့ မယုံကြည်ဘူး စိတ်မချရဘူးဆိုလို့ ငွေပါလာမှ လက်ခံမယ်ဆိုရင် သူတို့လာမှာမဟုတ်ဘူး၊ ထိုင်းမှာနော် တရုတ်တွေအားလုံး နောက်တစ်ခါ ဥရောပမှာ တရုတ် ကမ္ဘာလှည့်ခရီးသည်တွေ၊ အာရပ်သွားမလား ဟန်းဖုန်းတစ်လုံးနဲ့ သွားနေတာ၊ အဲ့ဒီတော့ အဲ့ဒါကိုလည်း ဆရာတို့ တာဝန်ရှိတဲ့လူကြီးတွေက သိဖို့လိုတယ်၊ သူတို့ကလည်း technology ကို တော်တော်ကြီးကို နောက်ကျတဲ့လူတွေ ဖြစ်ကုန်ပြီနော်၊ သူတို့မှာ ဖြစ်နေတဲ့ဟာကို အနောက်ကနေ ကုန်းကြောင်း လိုက်နေရတာလေ၊ သူများက ဂျက်နဲ့သွားနေရတဲ့အချိန်မှာ ကိုယ်က ခါးတောင်းကျိုက်ပြီး လိုက်နေရတာကိုး။ဘယ်လိုမှကို ဆရာတို့က လွယ်ဖို့က တော်တော်ခက်တာ။

Hundi ကလည်း ဆရာထင်တယ် စိတ်ပူစရာမလိုဘူး၊ ဟိုဒီ အလုပ်လုပ်တဲ့ ကလေးတွေဟာ သူတို့လည်း ဟိုဘက်နိုင်ငံမှာလုပ်နေတော့ မလေးရှားဖြစ်ဖြစ်၊ ထိုင်းဖြစ်ဖြစ်လုပ်နေတော့ သူတို့လည်း နည်းလမ်းက ကျွမ်းကျင်နေပြီလေ၊ အဲ့ဒီတော့ ဆရာတို့က ဒီဘက်နေ စနစ်ကိုပဲ လက်ခံပေးမှရမယ်၊ ဒီမှာလည်းပဲ အခြေခံက ဘာလဲဆိုတော့ မယုံတဲ့အခြေခံ။ဒါဆိုရင် Hundi ကိုလည်းမယုံ၊ ဒစ်ဂျစ်တယ်ကိုလည်းမယုံ ဘယ်လိုလုပ်ကြမလဲ၊ အခု Hundi စနစ်ကို ထိပ်တိုက်တွေ့စရာ မလိုတော့ဘူး၊ ဆရာ့စိတ်ထဲတော့၊ အဲ့ဒီတော့ Hundi စနစ်က သူ့ဟာနဲ့သူ အလိုလိုပျောက်သွားလိမ့်မယ်၊ ဘာကြောင့်လဲဆိုတော့ လွယ်လွယ်ကူကူ ငွေလွှဲနိုင်ရင် ခက်ခက်ခဲခဲ ဘယ်သူမှမလုပ်ကြတော့ဘူး၊ ဟုတ်တယ်မဟုတ်လား ကြားခံ ဆရာတို့ Hundi မှာ အဓိကပြဿနာက ဘာလဲဆိုရင် လိမ်တဲ့ပြဿနာလေ၊ ဟုတ်တယ်နော်၊ ငွေလွှဲတဲ့အခါမှာ လိမ်ထားတာတွေအများကြီး၊ စိတ်မကောင်းတာ ဘာလဲဆိုတော့ အလိမ်ခံထားရတဲ့သူတွေက တကယ်ရှိတဲ့သူတွေ မဟုတ်ဘူး။သူဌေးတွေ အလိမ်ခံရတာ ဆရာ ခေါင်းထဲသိပ်မထည့်ဘူး၊ မရှိတဲ့ကလေးတွေ အလိမ်ခံရရင် ဆရာစိတ်ထဲက သိပ်နာတာ၊ အဲ့ဒီတော့ ကလေးတွေကို မလိမ်အောင်လို့က Human interactive ပေါ့၊ လူမပါမှရမယ်၊ လူမပါတဲ့နည်းပညာ၊ အဲ့ဒီတော့ ကိုယ်က လခထုတ်ထားတယ် ဆိုပါတော့ မလေးရှားမှာ အလုပ်လုပ်ရင်း လခထုတ်ရင် ကိုယ့်ငွေကို တစ်ခါတည်း transfer အရင်တုန်းကလို သံကြိုးတွေဘာတွေ မလိုတော့ဘူးလေ၊ ဟုတ်တယ်မဟုတ်လား၊ အခုတယ်လီဖုန်းနဲ့ လုပ်လို့ရပြီလေ၊ ဟန်းဖုန်းနဲ့၊ အဲ့ဒါမျိုးလေးတွေကို ဆရာတို့က အားပေးရမယ်လို့ အောက်မေ့တာပါပဲကွယ်။

Opinion Leaders Media ။     ။  ဆရာ ဒါနောက်ဆုံးပါပဲ ဆရာ အဲ့ဒီငွေကြေးပိုင်းဆိုင်ရာမှာ အစိုးရနဲ့သက်ဆိုင်တဲ့ အဖွဲ့အစည်းတွေက ပြုပြင်ပြောင်းလဲမှုတွေလုပ်နေတယ်၊ ပြီးခဲ့တဲ့ DICA မှာလည်း ဝင်လာတဲ့ Amount ကလည်း ပြန်တက်တာ ဆိုးတော့မဆိုးလှဘူး၊ အဲ့ဒီအနေအထားနဲ့ဆိုရင် ကျွန်တော်တို့ ငွေကြေးစီမံမှု ကောင်းလာတယ်၊ တရုတ်ဘက်ကလည်း ပြန်ဖွင့်လာတယ် ကုန်သွယ်မှုတွေကလည်း အထိုက်အလျောက် ဖြစ်လာတယ်ဆိုလို့ရှိရင် အခုလာမယ့်လက်ကျန်ပေါ့၊ ၂၀၁၈  -၂၀၁၉  ဘဏ္ဍာနှစ်မှာ သတ်မှတ်ထားတဲ့ ရည်မှန်းချက်တွေက ပြည့်နိုင်မလား ဆရာ။

ဒေါက်တာအောင်ထွန်းသက် ။     ။ ပြည့်နိုင်မယ်လို့ထင်တယ်၊ အခု အလားအလာတော့ ကောင်းနေတယ်ပေါ့၊ ဟိုတစ်နေ့ကလည်း အတိုင်ပင်ခံပုဂ္ဂိုလ်ကလည်း မြန်မာပြည်ကြီး စီးပွားရေးဖွင့်ထားတယ်၊ ရင်းနှီးကြပါ၊ ယုံယုံကြည်ကြည်နဲ့ လုပ်ကြပါ၊ ဆရာတို့တတ်နိုင်သမျှ ကမ္ဘာ့ဘဏ်တို့ ဘာတို့အားလုံး အကူအညီပေးပြီးတော့ တို့ကလည်း ကျေနပ်တယ်လေ၊ ဘဏ္ဍာရေးစနစ်ကို နည်းနည်းပြင်လိုတယ်ဆိုတာ၊ လိုက်ပြင်ရမှာပဲကွဲ့၊ နှေးလိုတော့ မရတော့ဘူး၊ အချိန်ကလည်း ဆရာတို့မှာ သိပ်မရှိဘူးလေ၊ ဟုတ်လား၊ တစ်နှစ်ကျော်ကျော်လောက်ပဲရှိတယ်၊

တစ်နှစ်ကျော်ကျော်လောက်ထဲမှာ အခြေခံတွေ မြန်မြန်လေးပြင်ရင် နောက်တစ်ခုက ဆရာမြင်တာတော့ နိုင်ငံရေးဘောဂဗေဒ ဖြစ်စဉ်ပေါ့၊ စီးပွားရေးပြင်ဖို့က နိုင်ငံရေးပြန်ပြင်တာနဲ့ ဆိုင်တယ်၊ ဟိုနိုင်ငံရေးပြက္ခဒိန်ကလည်း ကပ်နေတယ်၊ အဲ့ဒီအခါကျတော့ စဉ်းစားနေဖို့ အချိန်သိပ်မရှိတော့ဘူး၊ အဲ့ဒီတော့ ဘာလိုသလဲဆိုရင် အခုအချိန်မှာ ရဲရဲဝံ့ဝံ့ပေါ့၊ မှားစရာရှိလဲမှားပေါ့ မထူးတော့ဘူး၊ ဟုတ်တယ်မဟုတ်လား အချိန်လည်းမရှိတော့ဘူး၊ အဲ့ဒီတော့ ရဲရဲတင်းတင်းသာ ဦးဆောင်ပြီးလုပ်ပြဖို့လိုတယ်။ တာဝန်ခံဖို့လိုတယ်၊ ဟုတ်တယ်မဟုတ်လား၊ ဗဟိုဘဏ်လည်း ဒီအတိုင်းပဲ မတတ်နိုင်တော့ဘူး ဟုတ်တယ်မဟုတ်လား။

အခုနေ ချိန်နေတာနဲ့တင် အချိန်တွေက လွန်သွားလိမ့်မယ်လေ၊ အချိန်တွေလွန်သွားမှ ဟိုနိုင်ငံရေးက ၂၀၂၀ နဲ့ သွားတိုက်ဆိုင်နေရင် ဒါနိုင်ငံရေးအစိုးရတိုင်းပေါ့နော် ဒါကိုယ့်သက်တမ်းတစ်ခုမှာ ကိုယ်က ထင်ရှားတဲ့ မြင်သာတဲ့ဟာ ပြနိုင်ဖို့လိုတယ်၊ ပြနိုင်အောင် ကြိုးစားရမယ်၊ မဟုတ်ဘဲနဲ့ ကြိုးစားပါတယ်၊ ကြိုးစားပါတယ် ဆိုတာမျိုးနဲ့မရဘူး၊ ရလာဒ်က လိုတာပေါ့နော်၊ အဲဒီတော့ ဆရာတော့ မျှော်လင့်တာပါပဲကွယ်။

Opinion Leaders Media ။     ။ အခုလို ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ဆရာ။

( Zawgyi )

မၾကာမီက က်င္းပခဲ့သည့္ ျပည္သူ႔လႊတ္ေတာ္ အစည္းအေဝးတြင္  ျပည္ပေရာက္လုပ္သားမ်ား တရားဝင္နည္းလမ္းျဖင့္ မေပးပို႔သည့္  ဟြန္ဒီေခၚ လႊဲပို႔ေငြမ်ားႏွင့္ ပတ္သက္ၿပီး ျပည္ေထာင္စုဗဟိုဘဏ္က တရားဝင္ျဖစ္လာေအာင္ လုပ္ကိုင္ေဆာင္႐ြက္မႈမ်ားႏွင့္ ပတ္သက္ၿပီး တာဝန္ရွိသူတစ္ဦးက လာေရာက္ေျဖဆိုခဲ့တာ ရွိပါသည္။ဟြန္ဒီမွ လႊဲပို႔ေငြမွာ ျမန္မာႏိုင္ငံ၏ ႏိုင္ငံျခားဝင္ေငြရရွိမႈတြင္ ရာခိုင္ႏူန္း ကိန္းဂဏန္းႏွစ္လုံးအထိ ရွိသျဖင့္ ထိုေဆာင္႐ြက္မႈ အသက္ဝင္လာပါက ျမန္မာစီးပြားေရးႏွင့္ ႏိုင္ငံျခားေငြေၾကး ေဈးကြက္အေပၚ သက္ေရာက္မႈရွိလာမည္ျဖစ္သည္။ထို႔ျပင္ မနက္တိုင္း ဗဟိုဘဏ္မွ ထုတ္ျပန္ေနၾက ရည္ၫႊန္း ေငြလဲလွယ္ႏူန္းကို ေဖေဖၚဝါရီ ၅ ရက္မွ စကာ ညေနပိုင္းသို႔ေျပာင္းၿပီး ျပင္ပေဈးကြက္ ေပါက္ေဈးအတိုင္း ထုတ္ျပန္လာခဲ့သည့္အတြက္ တိုင္းျပည္၏ ေငြေၾကးစီမံမႈ အပိုင္းတြင္ ထိေရာက္သည့္ မူဝါဒပိုင္းဆိုင္ရာ ေျပာင္းလဲမႈကို အစိုးရအေနျဖင့္ လုပ္ေဆာင္လာေနၿပီဟု ယူဆခ်က္မ်ား ေပၚထြက္လာခဲ့ပါသည္။ထိုယူဆခ်က္ေပၚ အေျခခံကာ ယခုဘ႑ာႏွစ္ အစိုးရ၏ စီးပြားေရးရည္မွန္းခ်က္ ျပည့္မီႏိုင္မႈ ရွိ/မရွိကို ႏိုင္ငံေတာ္သမၼတ၏ စီးပြားေရးအႀကံေပးပုဂၢိဳလ္ႏွင့္ ဝါရင့္ စီးပြားေရးပညာရွင္ ဆရာ ေဒါက္တာေအာင္ထြန္းသက္ အား ေမးျမန္းခဲ့ပါတယ္။ဆရာ ေဒါက္တာေအာင္ထြန္းသက္၏ ရႈျမင္သုံးသပ္ခ်က္ အျပည့္အစုံကို ယခုတစ္ပတ္အတြက္ အထူးအစီအစဥ္အျဖစ္ ေမးျမန္းေဖာ္ျပလိုက္ပါတယ္။

(Opinion Leaders Media အယ္ဒီတာအဖြဲ႕)

Opinion Leaders Media ။     ။ မၾကာခင္က ဗဟိုဘဏ္ကေန ရည္ၫႊန္း ေငြလဲလွယ္ႏႈန္းေတြကို ေဈးကြက္ကို အေျခခံတယ္ဆိုၿပီးေတာ့ ျပန္ေျပာင္းလိုက္တာ မေန႔ကညေနကတင္ စလိုက္တာေပါ့ေနာ္ ဆရာ၊ ဒီလိုမ်ိဳး စလိုက္တဲ့အတြက္ ျပင္ပေဈးကြက္နဲ႔ ေတာ္ေတာ္ေလးနီးစပ္တဲ့ ေဈးႏႈန္းျဖစ္သြားတဲ့အတြက္ကို ေရာင္းတဲ့ဝယ္တဲ့ေနရာမွာ ေျပာင္းလဲမႈတစ္ခ်ိဳ႕ စျဖစ္ေပၚလာခဲ့တယ္၊ အဲ့ဒီရဲ႕အေနအထားက အစိုးရက လက္ရွိလုပ္ေနတဲ့ ေဒၚလာနဲ႔ ေငြေၾကးလဲလွယ္မႈ ႏႈန္းထားေတြ၊ ျမန္မာက်ပ္ေငြ တန္ဖိုးျပန္ျမင့္လာေအာင္ လုပ္တဲ့အေနအထားေတြမွာ ဘယ္ေလာက္အထိသြားၿပီး အေထာက္အကူျဖစ္ႏိုင္သလဲ၊ ေနာက္တစ္ခ်က္က အစိုးရေငြေပးေငြယူ ရွင္းတမ္းေတြမွာေရာ ဘယ္လိုအထိ သြားၿပီးေတာ့ အက်ိဳးသက္ေရာက္မႈ ရွိႏိုင္မလဲ ဆရာ။အခုဆိုလို႔ရွိရင္ ဘဏ္က ရည္ၫႊန္းတာေတြက ေတာ္ေတာ္ေလးကို အေျခခံ Ground ေဈးနဲ႔ ေတာ္ေတာ္ကို ကပ္သြားတဲ့အတြက္ကို ဘယ္လိုေတြ ေျပာင္းလဲမႈရွိလာႏိုင္မလဲ၊ ဥပမာ - အစိုးရစီမံကိန္းေတြနဲ႔ ပတ္သက္တဲ့ဟာေတြမွာေပါ့ေနာ္ ဆရာ။

ေဒါက္တာေအာင္ထြန္းသက္ ။     ။ အခုကေတာ့ ဆရာထင္ပါတယ္ေနာ္၊ ကိုယ္က တစ္ခါတေလက်ေတာ့လည္း ပိုက္မိသလို ျဖစ္ျဖစ္ေနတယ္၊ ေငြေၾကးနဲ႔ ပတ္သက္လာလို႔ရွိရင္ အထိတ္တလန႔္ေတြျဖစ္ၿပီးေတာ့ တစ္ခါတည္း က်ပ္ေငြေတြက်တာတို႔ က်ပ္ေငြေတြတက္တာတို႔ ဘာတို႔ရွိေနတာ၊ ရွိေနတဲ့အခါက်ေတာ့ တာဝန္ရွိတဲ့သူေတြကလည္း သူ႔နည္းသူ႔ဟန္နဲ႔ ဝင္ၿပီးထိန္းတာေပါ့။ အဲ့ဒီေတာ့ ထိန္းတဲ့ေပၚမွာ မူတည္ၿပီးေတာ့ ေကာင္းတာေတြရွိတယ္၊ ဆိုးတာေတြရွိတယ္။

အဲ့ဒီေတာ့ အေရးႀကီးတာ ဘာလဲဆိုလို႔ရွိရင္ ဆရာတို႔ ဒီ ကိုယ့္ေငြေၾကးတန္ဖိုးကို ဘယ္ေလာက္ေလာက္ ရွိရင္ေတာ့ျဖင့္ ေငြေၾကးတန္ဖိုးဟာ ဆရာတို႔ ဘာနဲ႔ဆိုင္သလဲဆိုလို႔ရွိရင္ စီးပြားေရးအေျခခံျဖစ္တဲ့ သြင္းကုန္၊ ထုတ္ကုန္နဲ႔ ဆိုင္တာကိုး၊ ခုနေျပာတဲ့ Exange Rate ေတြ ဘာေတြေၾကာင့္။ေငြေၾကးတန္ဖိုးကို ေသေသခ်ာခ်ာ တည္တည္ၿငိမ္ၿငိမ္ သတ္မွတ္ႏိုင္ရင္ သြင္းကုန္သမား ထုတ္ကုန္သမားေတြကလည္း နည္းနည္းခ်ိန္လို႔ရမယ္၊ အဲ့ဒီေတာ့ ေငြေၾကးတန္ဖိုးဟာ သူတို႔အၿမဲတမ္း ဆရာတို႔ေျပာတယ္ေလ၊ ျမန္မာေငြက်တာတို႔ ျမန္မာေငြတက္တာတို႔ သူတို႔ေခါင္းထဲ သိပ္မရွိဘူး၊ သူတို႔စိတ္ပူတာက ခဏခဏတက္လိုက္က်လိုက္ လုပ္တာကို သူတို႔က စိတ္ပူတာ၊ မၿငိမ္တာကို စိတ္ပူတာ၊ တက္ရင္လည္းေျဖးေျဖး ေျဖးေျဖးတက္သြား၊ ဆင္းရင္လည္းေျဖးေျဖး ေျဖးေျဖးဆင္းသြားရင္ အဲ့ဒီအေပၚမွာ အေနာက္ကလိုက္လို႔ရတယ္။

ဆရာထင္တယ္ အခုလုပ္တဲ့ အေျခအေနက တကယ့္အတက္အက် တက္လိုက္က်လိုက္ျဖစ္တာကို ထိန္းတဲ့ပုံစံျဖစ္ရင္ ေရရွည္အတြက္ကေတာ့ ေကာင္းတာေပါ့၊ ဘာေၾကာင့္လဲဆိုေတာ့ စီးပြားေရးလုပ္ငန္းရွင္ေတြ အားလုံးက အမ်ားစု ေတာင္းတတာ  လိုလားတာ တစ္ခုပဲ။အဲ့ဒါဘာလဲ တည္ၿငိမ္ဖို႔ပဲ၊ ဟိုႏိုင္ငံျခားရင္းႏွီးျမႇဳပ္ႏွံတဲ့သူေတြကလည္း ဒါပဲလိုလားတယ္၊ တည္ၿငိမ္ဖို႔ပဲ။အဲ့ဒီေတာ့ တည္ၿငိမ္မႈေျပာတဲ့အခါ သူတို႔က တည္ၿငိမ္မႈ ေတာင္းတာေပါ့ေနာ္၊ ႏိုင္ငံေရးအရ တည္ၿငိမ္မႈ လိုခ်င္တယ္။

ဒါေၾကာင့္မို႔ တစ္ကမာၻလုံးမွာ ဆရာတို႔ အံ့ၾသစရာေကာင္းတာက အာဏာရွင္အစိုးရေတြကို အားေပးသလိုျဖစ္တယ္၊ ဘာေၾကာင့္လဲဆိုေတာ့ ႏိုင္ငံတည္ၿငိမ္ဖို႔ဆိုတာက အာဏာရွင္မရွိရင္ မတည္ၿငိမ္ၾကေသးဘူး ၿငိမ္ေနတာပဲေလ၊ အဲ့ဒီလိုျဖစ္ေတာ့ ဥပမာဆိုပါေတာ့ အရင္တုန္းက ခ်ီလီတို႔ အရင္တုန္းကေတာ့ ဆရာတို႔ သိပ္မသိခင္မွာ စပိန္မွာဆိုရင္ ဖရန္ကို လက္ထက္မွာ တည္ၿငိမ္ေရာေပါ့။ လႈပ္ေတာင္မလႈပ္ရဲဘူး။အဲ့ဒီအခါမွာ Investment ေတြ တအားဝင္လာေတာ့ အဲ့ဒီလိုတည္ၿငိမ္မႈကို သူတို႔ကေတာင္းေတာ့ ဒါေပမဲ့ အဲ့ဒီဟာက ဘာနဲ႔ ဆန႔္က်င္ဘက္ ျဖစ္သြားသလဲဆိုရင္ ခုနလို ဒီမိုကေရစီႏိုင္ငံေရးစနစ္ ျဖစ္တယ္ဆိုၿပီးေတာ့ အေျခခံကေတာ့ တည္ၿငိမ္စရာ အေၾကာင္းမရွိဘူးေလ၊ တစ္ေယာက္နဲ႔ တစ္ေယာက္ ကိုယ့္ဆႏၵ ကိုယ့္သေဘာကို ေျပာလို႔ရတာကို၊ တစ္ေယာက္တစ္ေပါက္ ေျပာလို႔ရတဲ့ စနစ္ကိုး။

တခ်ိဳ႕ေတြက ဘာေျပာသလဲဆိုလို႔ရွိရင္ စီးပြားေရးေတြက ဘာကိုအားေပးေနသလဲဆိုရင္ အာဏာရွင္ကို အားေပးတဲ့ ပုံစံမ်ိဳး stability လို႔ ေျပာတာကိုး၊ အေမရိကန္ကလည္း ေတာက္ေလွ်ာက္ ဆရာတို႔ ျဖစ္ခဲ့တာေပါ့ေနာ္၊ တစ္ကမာၻလုံးကို သူတို႔အကူအညီေပးတဲ့ေနရာမွာ တကယ့္ကို strong maine ေတြေပါ့၊ အာဏာရွင္ေတြကို အားေပးၾကတယ္၊ ႐ုရွားဆိုရင္လည္း အဲ့ဒီလိုပဲေပါ့ေနာ္၊ ႐ုရွားက ႏွိပ္စက္ေနမွန္းသိတယ္ ဒီအတိုင္းပဲ၊ ဆက္ဒမ္ဟူစိန္ ဆိုလည္း ဒီလိုပဲ၊ သူတို႔တည့္တုန္းက ဒါကိုပဲ ေထာက္ပံ့ေနတာ။

အဲ့ဒီေတာ့ ဆရာတို႔ဆီမွာက တည္ၿငိမ္ဖို႔က စီးပြားေရးတည္ၿငိမ္ဖို႔ ႏိုင္ငံေရးတည္ၿငိမ္ဖို႔။ေနာက္တစ္ခါ တည္ၿငိမ္ဖို႔ေတာင္းတာက ေပၚလစီတည္ၿငိမ္မႈ။အဲ့ဒီေတာ့ ေပၚလစီတည္ၿငိမ္ဖို႔က ကိုယ့္ႏိုင္ငံနဲ႔ တိုက္႐ိုက္ဆိုင္တာကိုး၊ ဘာေၾကာင့္လဲဆိုေတာ့ ကိုယ့္ႏိုင္ငံမွာ ေပၚလစီက မၿငိမ္ဘူး၊ မၿငိမ္တာက လူေတြက စိတ္ကူးရသေလာက္ ေလွ်ာက္ၿပီး ေပၚလစီအသစ္ေတြ လုပ္တာေနာ္၊ တစ္ေရးႏိုးေပၚလစီေတြ သြားၿပီးလုပ္လိုက္တဲ့အခါက်ေတာ့ ဥပမာဆိုပါေတာ့ ဆရာတို႔အထြက္မွာ အထပ္ျမင့္ေတြ ရပ္လိုက္တာတို႔၊ ဟိုဟာလုပ္တာတို႔ ဒီဟာလုပ္တာတို႔ ဆိုတာက ဟိုဘက္တုန္းကလည္းဒီလိုပဲ၊ အဲ့ဒီေတာ့ ေပၚလစီမၿငိမ္ရင္ ရင္းႏွီးရမယ့္သူက သူပိုပင္ပန္းတယ္၊ ဒါေၾကာင့္မို႔ သူတို႔ေတာင့္တတာက  ခုနႏိုင္ငံေရးတည္ၿငိမ္ဖို႔လိုတယ္၊ တည္ၿငိမ္မႈ stability ေပါ့၊ ေနာက္တစ္ခါ ေပၚလစီလည္း လိုတယ္။

ေနာက္တစ္ခုက တရားဥပေဒစိုးမိုးေရးေပါ့ Rule of law ။အခု ဆရာတို႔မွာ အႀကီးအက်ယ္ ျပႆနာတက္တာက conflict ျပႆနာေတြေပါ့၊ စာခ်ဳပ္ထားတာရွိေပမယ့္ ဥပေဒအရ ခိုင္မာမႈမရွိဘူးေလ၊ အဲ့ဒီေတာ့ စာသာခ်ဳပ္လိုက္တယ္ စာခ်ဳပ္က ဘယ္ေလာက္ေလာက္အထိ ခိုင္သလဲဆိုတာ မသိေတာ့ လုပ္ရကိုင္ရ အင္မတန္ခက္တာကိုး၊ အဲ့ဒီအခါက်ေတာ့ ဆရာတို႔အေနနဲ႔ ဒါေလးကိုေနာ္ တည္ၿငိမ္ေအာင္ ဘယ္လိုလုပ္မလဲ အဲ့ဒီေတာ့ ႏိုင္ငံေရးအရေရာ စီးပြားေရးအရေရာ တရားဥပေဒအရေရာ တည္ၿငိမ္မႈရရင္ေတာ့ ခုန ဟိုအဆင္ေျပတာေပါ့။အဲ့ဒီေတာ့ အခု ဗဟိုဘဏ္ကလည္း ဆရာထင္တာေပါ့ေနာ္၊ ဒီလို သူတို႔ဝင္ၿပီးေျပာတာသည္ တည္ၿငိမ္တဲ့ အေနအထားရွိတယ္။ဘ႑ာေရးစနစ္ကို တည္တည္ၿငိမ္ၿငိမ္ျဖစ္ေအာင္ လုပ္မယ္ဆိုတဲ့ ဆႏၵနဲ႔ လုပ္တယ္လို႔ ဆရာတို႔က ယူဆရတယ္။အဲ့ဒီေတာ့ အဲ့ဒါကိုလည္း ေပၚလစီကို လုပ္မယ္ဆိုရင္ မလုပ္ခင္ က်က်နန စဥ္းစားၿပီးေတာ့ လုပ္တဲ့ေပၚလစီကို မျပင္ဖို႔လိုတယ္၊ ကိုယ္က ေပၚလာတဲ့ ေပၚလစီကလည္း စဥ္းစားၿပီး ေပၚတာလည္း မဟုတ္ဘဲနဲ႔ စိတ္ကူးရတိုင္း လုပ္ပစ္တာကိုး၊ လုပ္ပစ္ေတာ့ မွားၿပီဆိုကာမွ ျပင္ေတာ့ ဟိုေနာက္က လိုက္ရတဲ့သူက ခက္တယ္ေလ။

အဲ့ဒီေတာ့ အခု အထူးသျဖင့္ ႏိုင္ငံျခားရင္းႏွီးျမႇဳပ္ႏွံမႈဆိုတာ ျမန္မာျပည္မွာပဲေနတာ မဟုတ္ဘူး၊ ႏိုင္ငံျခားကေန အေဝးႀကီးကေန ေမွ်ာ္မွန္းၿပီး လုပ္ေနရတဲ့အခါက်ေတာ့ သူ႔မွာ အဲ့ဒါစိုးရိမ္စိတ္ေတြ ရွိတာေပါ့၊ အဲ့ဒီေတာ့ သူတို႔ေျပာေနတာ ေပၚလစီကို ဟိုေပၚလစီလုပ္ပါ ဒီေပၚလစီလုပ္ပါလို႔ ေျပာတာမဟုတ္ဘူး၊ သူတို႔ကေျပာတာက ဘာေျပာလဲဆိုေတာ့ ဘယ္ေပၚလစီပဲခ်ခ် ၿငိမ္ေအာင္ထားေပးပါလို႔ပဲ ေတာင္းဆိုတာေပါ့၊ အဲ့ဒါေလးေတာ့ ဆရာတို႔ လက္ခံမွရမယ္။ေနာက္တစ္ခုက အခု policy change နဲ႔ ပတ္သက္လာရင္ ဆရာတို႔ ေနာက္ equation တစ္ခု ညီမွ်ျခင္းမွာ ေပၚလာတာက ႏိုင္ငံျခားဘဏ္ေတြေပါ့၊ အခု ႏိုင္ငံျခားဘဏ္ေတြ အကုန္ဝင္လာလို႔ရွိရင္ သူတို႔မွာ reserve ေတြ ပါလာလိမ့္မယ္ေလ၊ သူတို႔က ျမန္မာေငြမွ ကိုင္ထားတာမွမဟုတ္တာ၊ သူတို႔ပါလာတဲ့ reserve ေတြကို ဘယ္ေလာက္ေလာက္အထိ ဆရာတို႔က လုပ္ခြင့္ေပးမလဲေနာ္၊ ဒီစီးပြားေရးထဲမွာ၊ ဒါေပမဲ့ အခုတေလာက ၾကားျပန္ေတာ့လည္း ကိုယ္ကေမွ်ာ္လင့္တာေတာ့ သူတို႔လာလို႔ရွိရင္ သူတို႔ႏိုင္ငံမွာရွိတဲ့ အတိုးႏႈန္းက ၂ ရာခိုင္ႏႈန္းေလာက္ေတာင္ မရွိဘူး၊ မရွိတဲ့အခါက်ေတာ့ ျမန္မာျပည္လာလို႔ရွိရင္ ၅ ရာခိုင္ႏႈန္းေလာက္၊ ၇ ရာခိုင္ႏႈန္းေလာက္ ေခ်းရင္ေတာ့ျဖင့္ ဆရာတို႔ ၁၃ ရာခိုင္ႏႈန္း ထက္ေတာ့ သက္သာမယ္လို႔ ေအာက္ေမ့တယ္၊ သို႔ေသာ္လည္း ဗဟိုဘဏ္မွာ အခုက ၁၃ ရာခိုင္ႏႈန္းနဲ႔ပဲ ေခ်းရမယ္လို႔ေျပာေတာ့ သူတို႔လာတဲ့အတြက္ အတိုးႏႈန္းသက္သာမႈက သိပ္မရွိတာ ေတြ႕ရျပန္ေရာ၊ အဲ့ဒါလည္း စဥ္းစားစရာပဲေပါ့၊ ဒါေတာ့ သူတို႔ ခ်ိန္ေတာ့ခ်ိန္တယ္ထင္တယ္၊ ၁၃ ေအာက္ကို တို႔ ျပည္တြင္းဘဏ္ေတြက မေခ်းႏိုင္ဘူးေလ၊ ျပည္တြင္းဘဏ္ေတြက ေတာင့္ခံထားရတဲ့ဟာမ်ိဳးရွိေတာ့ အဲ့ဒါကိုဘယ္လိုလုပ္ၾကမလဲေပါ့။ စဥ္းစားဖို႔လိုလိမ့္မယ္လို႔ ေအာက္ေမ့တာပဲ။

Opinion Leaders Media ။     ။ ေနာက္တစ္ခုက ဆရာ လႊတ္ေတာ္မွာပဲ Hundi ေတြနဲ႔ ပတ္သက္ၿပီးေတာ့ စၿပီး တရားဝင္လုပ္ဖို႔အတြက္ကို ဗဟိုဘဏ္ကေန စတင္ေဆာင္႐ြက္ေနၿပီလို႔ ဦးဘိုဘိုငယ္ ကေန လာရွင္းသြားတာရွိတယ္ ဆရာ၊ အဲ့ဒီႏိုင္ငံျခားကေန အလုပ္သမားေတြကေန ပို႔တဲ့ေငြက တေလာတုန္းက ရွင္းခဲ့တုန္းက amount က ေတာ္ေတာ္မ်ားတယ္၊ အဲ့ဒီပမာဏေတြက တကယ္ကို တရားဝင္ျဖစ္လာခဲ့လို႔ရွိရင္ ကြၽန္ေတာ္တို႔ ဒီျပည္တြင္းေငြေၾကးေတြအေပၚမွာ ဘယ္ေလာက္အထိ သြားၿပီးေတာ့ အေထာက္အကူျဖစ္သြားႏိုင္မလဲ ဆရာ။

ေဒါက္တာေအာင္ထြန္းသက္ ။     ။ ဆရာတို႔ ႏွစ္ပိုင္းသိသင့္တယ္ေနာ္၊ Hundi ကိစၥေတြမွာ ဆရာ စိတ္မေကာင္းဆုံးက ဘာလဲဆိုေတာ့ ႏိုင္ငံျခားမွာ ပင္ပန္းခံၿပီးေတာ့ အလုပ္လုပ္ရတဲ့ ကေလးေတြ၊ သူေဌးေတြက်ေတာ့ မေျပာဘူး၊ ငါးအလုပ္မွာ သြားလုပ္တာတို႔ စက္႐ုံေတြမွာ သြားလုပ္တဲ့ ကေလးေတြဟာ အိမ္မွာက်န္ခဲ့တဲ့ မိသားစုကို သူတို႔ ပင္ပင္ပန္းပန္းရွာတဲ့ ေငြေတြပို႔တဲ့အခါမွာ Hundi ဘာေၾကာင့္ ျဖစ္တယ္ဆိုတာလည္း သိဖို႔လိုတယ္၊ Hundi ျဖစ္ရတာ ဘာလဲဆိုရင္ Formal ေပါ့ေနာ္၊ တရားဝင္နည္းလမ္းက မေခ်ာေမြ႕လို႔။ဒီလိုကိစၥမ်ိဳးဟာ ႏိုင္ငံတကာမွာလည္း ဆရာတို႔ေတြ႕ရတယ္ေနာ္၊ ေတြ႕ရတာဆိုေတာ့ ဥပမာ - အေရွ႕အလယ္ပိုင္း အာရပ္ႏိုင္ငံေတြမွာ အလုပ္လုပ္တဲ့ ဘဂၤလားေဒ့ရွ္တို႔ သီရိလကၤာတို႔၊ အိႏၵိယတို႔ကလူေတြလည္း ဒီ Hundi ေတြ သုံးေနတာပဲ။ဒီ Hundi သုံးတာက တစ္ကမာၻလုံးမွာရွိတဲ့လူ သုံးတာေနာ္၊ ျမန္မာျပည္ တစ္ျပည္တည္း မဟုတ္ဘူး၊ ဒီအတိုင္းပဲ ဟိုလက္တင္အေမရိကေနာ္ တကယ့္ကို ေခါင္း႐ြက္ဗ်ပ္ထိုး အလုပ္ၾကမ္းသမားေတြ အေမရိကမွာ လုပ္ရင္လည္း သူက ဘာလုပ္လဲဆိုရင္ ဒီ Hundi နဲ႔ေပါ့၊ Hundi ဘာေၾကာင့္လုပ္သလဲဆိုရင္ ျပႆနာက ဘာလဲဆိုရင္ လြယ္တယ္၊ ၿပီးေတာ့ စိတ္ခ်ရတယ္၊ ဆရာတို႔ ျမန္မာျပည္နဲ႔ Hundi ဘာေၾကာင့္သုံးသလဲဆိုရင္ လြယ္လြယ္ကူကူျဖစ္တယ္၊ ဘာမွလည္း စစ္စစ္ေဆးေဆးမရွိဘူး။ အဲ့ဒါကို ေနာက္တစ္ခါ စိတ္ခ်ရတယ္ေနာ္၊ ဒီဘက္ကေပးလိုက္ရင္ ဟိုဘက္ကို တန္းေရာက္လာတာပဲ။

အရင္တုန္းက ဆရာတို႔ စနစ္က ဘာနဲ႔လုပ္သလဲဆိုရင္ တယ္လီဖုန္းနဲ႔ လုပ္တာေလ၊ အခုေတာ့ ဒစ္ဂ်စ္တယ္နဲ႔လုပ္ေနၿပီ၊ ဒစ္ဂ်စ္တယ္နဲ႔လုပ္ေတာ့ အဲ့ဒီမွာ Hundi ကို တကယ့္ကို တိုက္ခိုက္မယ့္နည္းဟာ ခုနေျပာတဲ့ e-ticket ေတြေပါ့၊ အခုဆိုရင္ ဆရာတို႔သုံးၾကတာ ဘာလဲဆိုေတာ့ Wave Money တို႔ ဟုတ္တယ္မဟုတ္လား၊ ဒါေတြအားလုံးေပၚတာေလ၊ ေပၚလာတဲ့အခါ က်ေတာ့ အခုမေလးရွားမွာ လုပ္တဲ့သူေတြအားလုံးဟာ Hundi မလိုေတာ့ဘူးေလ၊ ၾကားခံမလိုေတာ့ဘူး၊ သူတို႔က ခ်က္ခ်င္းေကာင္းတယ္၊ အဲ့ဒီေတာ့ အဲ့လိုလုပ္တာကို ဗဟို ဘဏ္တို႔ ဆရာတို႔စနစ္ကလည္း ဒါကို သူတို႔ထက္ ေနာက္မက်ဖို႔လိုတယ္။ technology က အေရွ႕ေရာက္ သြားၿပီေလ။

အဲ့ဒီေတာ့ transfer ေငြလႊဲတာကို အခုျဖစ္ေနတာ ျမန္မာျပည္မွာ ဘဏ္ေတြပဲ ဆရာတို႔ေျပာေနတာ၊ အခုသြားၿပီးေတာ့ ခ်က္လက္မွတ္ေရးၿပီးေတာ့ ေငြလႊဲတဲ့ဟာႀကီးက ဘယ္သူမွ မလုပ္ေတာ့ဘူး၊ ဟုတ္တယ္ေနာ္၊ QR Code နဲ႔ေတာင္ ေငြေပးလို႔ရတဲ့အခ်ိန္မွာ တို႔က ခ်က္ေတြလက္မွတ္ထိုးခိုင္း ခ်က္ေတြသြားထုတ္ခိုင္း ၿပီးေတာ့ ေငြသားေတြ ယူမယ္ဆိုေတာ့ အခုျဖစ္ေနတာအားလုံးဟာ cashless ေငြမပါတဲ့ လူ႔အဖြဲ႕အစည္းကို ေျပာင္းလာတဲ့အခ်ိန္မွာ ဆရာထင္တယ္ Hundi ကို တိုက္႐ိုက္တိုက္မယ့္အစား အခုဒစ္ဂ်စ္တယ္ နည္းပညာေတြကို အသုံးျပဳေနတာ အားလုံးရမယ္ထင္တယ္။ဒါေပမဲ့ ဆရာတို႔မွာ ျပႆနာရွိတာ Wave Money တို႔၊ True Money တို႔ အမ်ားႀကီးလုပ္ေနတာကို ဗဟိုဘဏ္ကလည္း ဘယ္လိုလုပ္ရမွန္းကို မသိတာ၊ ဒါကို သူက အေနာက္က တကယ္ကို ကုန္းေၾကာင္းလိုက္ေနရသလို ျဖစ္တယ္၊ technology တအားႀကီးကို ျမင့္သြားၿပီေလ။

ေနာက္အခု ဘဏ္ေတြမွာလည္း အခု အရင္တုန္းကဆိုရင္ ဆရာတို႔ ဒါကလည္း ကိုယ့္ႏိုင္ငံရဲ႕စီးပြားေရး ႏိုင္ငံေရး အေနအထားကိုၾကည့္ရင္ ဘဏ္ေတြဖြင့္လိုက္တာလည္း ဟုတ္လား။ဘဏ္စနစ္ႀကီးကို ရွင္သန္ခ်င္လို႔ ခုနထက္ကို ကိုယ္နဲ႔ပတ္သက္တဲ့လူေတြကို ဘဏ္လိုင္စင္ေတြ ခ်ေပးလိုက္တာေပါ့၊ ခ်ေပးလိုက္ေတာ့ အားလုံးက ဘာသြားလုပ္လဲဆိုရင္ technology ။အဲ့ဒီအခ်ိန္ေလာက္က စၿပီးေတာ့ technology ကို ကူးႏိုင္ရင္ ဆရာတို႔က ေတာ္ေတာ္အခ်ိန္ရခဲ့တာ အဲ့ဒီေတာ့ အဲ့ဒီတုန္းက အဲ့ဒီလိုမလုပ္ေတာ့ဘဲနဲ႔ ဘဏ္ခြဲေတြသြားဖြင့္တာကို၊ အဲ့ဒီေတာ့ ကေမာၻဇကလည္း ဘယ္ႏွစ္ခုဖြင့္တယ္ ဟိုကလည္း ဘယ္ႏွစ္ခုဖြင့္တယ္ အၿပိဳင္အဆိုင္ေတြ သြားဖြင့္လိုက္ ၿပီးတဲ့အခါက်ေတာ့ အခု တေျဖးေျဖး တေျဖးေျဖးဟာ ဘဏ္ခြဲဖြင့္ၿပီးလုပ္တဲ့ ဘဏ္စနစ္ မရွိေတာ့ဘူးေလ။အဲ့ဒီေတာ့ ဘဏ္ခြဲေတြဆိုတာ မရွိေတာ့ဘဲနဲ႔ ကိုယ့္ရဲ႕ Smart ဖုန္းက ဘဏ္ခြဲပဲေလ၊ အဲ့ဒီေတာ့ ေငြေျပာင္းေငြလႊဲ လုပ္တာ၊ ဘဏ္ဆိုတဲ့ အေျခခံကို ျပန္စဥ္းစားဖို႔လိုတယ္၊ ဘာေၾကာင့္လဲဆိုေတာ့ အခုဆိုရင္ ဆရာတို႔ လူတိုင္းကိုင္ၾကတဲ့ Smart ဖုန္းဟာ ဘဏ္ပဲ၊ ဒီဘဏ္ကေန transfer လုပ္လို႔ရတယ္၊ တစ္ကမာၻလုံးမွာ ႀကိဳက္တဲ့ေနရာမွာ အခုအခ်ိန္အထိ အြန္လိုင္း၊ အခုျပႆနာက ဒီျပႆနာရွိတာေပါ့။

ခုန ဗဟိုဘဏ္နဲ႔ ပတ္သက္လို႔ေျပာရင္၊ တ႐ုတ္ျပည္က ဟိုဟာေတြလာတယ္၊ ကမာၻလွည့္ခရီးသည္ေတြ၊ လာတဲ့အခါက်ေတာ့ သူတို႔မွာ ေငြပါလာတာမဟုတ္ဘူး၊ သူတို႔မွာဘာပါလဲဆိုေတာ့ ဟန္းဖုန္းေတြပါလာတယ္၊ ဟုတ္တယ္မဟုတ္လား၊ သူတို႔ေပးတဲ့ payment က ဒီအထဲမွာ ထည့္ထားတာေလ ဟုတ္တယ္ မဟုတ္လား၊ အဲ့ဒါကို ဆရာတို႔က ဟာ ဒါႀကီးက တို႔ မယုံၾကည္ဘူး စိတ္မခ်ရဘူးဆိုလို႔ ေငြပါလာမွ လက္ခံမယ္ဆိုရင္ သူတို႔လာမွာမဟုတ္ဘူး၊ ထိုင္းမွာေနာ္ တ႐ုတ္ေတြအားလုံး ေနာက္တစ္ခါ ဥေရာပမွာ တ႐ုတ္ ကမာၻလွည့္ခရီးသည္ေတြ၊ အာရပ္သြားမလား ဟန္းဖုန္းတစ္လုံးနဲ႔ သြားေနတာ၊ အဲ့ဒီေတာ့ အဲ့ဒါကိုလည္း ဆရာတို႔ တာဝန္ရွိတဲ့လူႀကီးေတြက သိဖို႔လိုတယ္၊ သူတို႔ကလည္း technology ကို ေတာ္ေတာ္ႀကီးကို ေနာက္က်တဲ့လူေတြ ျဖစ္ကုန္ၿပီေနာ္၊ သူတို႔မွာ ျဖစ္ေနတဲ့ဟာကို အေနာက္ကေန ကုန္းေၾကာင္း လိုက္ေနရတာေလ၊ သူမ်ားက ဂ်က္နဲ႔သြားေနရတဲ့အခ်ိန္မွာ ကိုယ္က ခါးေတာင္းက်ိဳက္ၿပီး လိုက္ေနရတာကိုး။ဘယ္လိုမွကို ဆရာတို႔က လြယ္ဖို႔က ေတာ္ေတာ္ခက္တာ။

Hundi ကလည္း ဆရာထင္တယ္ စိတ္ပူစရာမလိုဘူး၊ ဟိုဒီ အလုပ္လုပ္တဲ့ ကေလးေတြဟာ သူတို႔လည္း ဟိုဘက္ႏိုင္ငံမွာလုပ္ေနေတာ့ မေလးရွားျဖစ္ျဖစ္၊ ထိုင္းျဖစ္ျဖစ္လုပ္ေနေတာ့ သူတို႔လည္း နည္းလမ္းက ကြၽမ္းက်င္ေနၿပီေလ၊ အဲ့ဒီေတာ့ ဆရာတို႔က ဒီဘက္ေန စနစ္ကိုပဲ လက္ခံေပးမွရမယ္၊ ဒီမွာလည္းပဲ အေျခခံက ဘာလဲဆိုေတာ့ မယုံတဲ့အေျခခံ။ဒါဆိုရင္ Hundi ကိုလည္းမယုံ၊ ဒစ္ဂ်စ္တယ္ကိုလည္းမယုံ ဘယ္လိုလုပ္ၾကမလဲ၊ အခု Hundi စနစ္ကို ထိပ္တိုက္ေတြ႕စရာ မလိုေတာ့ဘူး၊ ဆရာ့စိတ္ထဲေတာ့၊ အဲ့ဒီေတာ့ Hundi စနစ္က သူ႔ဟာနဲ႔သူ အလိုလိုေပ်ာက္သြားလိမ့္မယ္၊ ဘာေၾကာင့္လဲဆိုေတာ့ လြယ္လြယ္ကူကူ ေငြလႊဲႏိုင္ရင္ ခက္ခက္ခဲခဲ ဘယ္သူမွမလုပ္ၾကေတာ့ဘူး၊ ဟုတ္တယ္မဟုတ္လား ၾကားခံ ဆရာတို႔ Hundi မွာ အဓိကျပႆနာက ဘာလဲဆိုရင္ လိမ္တဲ့ျပႆနာေလ၊ ဟုတ္တယ္ေနာ္၊ ေငြလႊဲတဲ့အခါမွာ လိမ္ထားတာေတြအမ်ားႀကီး၊ စိတ္မေကာင္းတာ ဘာလဲဆိုေတာ့ အလိမ္ခံထားရတဲ့သူေတြက တကယ္ရွိတဲ့သူေတြ မဟုတ္ဘူး။သူေဌးေတြ အလိမ္ခံရတာ ဆရာ ေခါင္းထဲသိပ္မထည့္ဘူး၊ မရွိတဲ့ကေလးေတြ အလိမ္ခံရရင္ ဆရာစိတ္ထဲက သိပ္နာတာ၊ အဲ့ဒီေတာ့ ကေလးေတြကို မလိမ္ေအာင္လို႔က Human interactive ေပါ့၊ လူမပါမွရမယ္၊ လူမပါတဲ့နည္းပညာ၊ အဲ့ဒီေတာ့ ကိုယ္က လခထုတ္ထားတယ္ ဆိုပါေတာ့ မေလးရွားမွာ အလုပ္လုပ္ရင္း လခထုတ္ရင္ ကိုယ့္ေငြကို တစ္ခါတည္း transfer အရင္တုန္းကလို သံႀကိဳးေတြဘာေတြ မလိုေတာ့ဘူးေလ၊ ဟုတ္တယ္မဟုတ္လား၊ အခုတယ္လီဖုန္းနဲ႔ လုပ္လို႔ရၿပီေလ၊ ဟန္းဖုန္းနဲ႔၊ အဲ့ဒါမ်ိဳးေလးေတြကို ဆရာတို႔က အားေပးရမယ္လို႔ ေအာက္ေမ့တာပါပဲကြယ္။

Opinion Leaders Media ။     ။  ဆရာ ဒါေနာက္ဆုံးပါပဲ ဆရာ အဲ့ဒီေငြေၾကးပိုင္းဆိုင္ရာမွာ အစိုးရနဲ႔သက္ဆိုင္တဲ့ အဖြဲ႕အစည္းေတြက ျပဳျပင္ေျပာင္းလဲမႈေတြလုပ္ေနတယ္၊ ၿပီးခဲ့တဲ့ DICA မွာလည္း ဝင္လာတဲ့ Amount ကလည္း ျပန္တက္တာ ဆိုးေတာ့မဆိုးလွဘူး၊ အဲ့ဒီအေနအထားနဲ႔ဆိုရင္ ကြၽန္ေတာ္တို႔ ေငြေၾကးစီမံမႈ ေကာင္းလာတယ္၊ တ႐ုတ္ဘက္ကလည္း ျပန္ဖြင့္လာတယ္ ကုန္သြယ္မႈေတြကလည္း အထိုက္အေလ်ာက္ ျဖစ္လာတယ္ဆိုလို႔ရွိရင္ အခုလာမယ့္လက္က်န္ေပါ့၊ ၂၀၁၈  -၂၀၁၉  ဘ႑ာႏွစ္မွာ သတ္မွတ္ထားတဲ့ ရည္မွန္းခ်က္ေတြက ျပည့္ႏိုင္မလား ဆရာ။

ေဒါက္တာေအာင္ထြန္းသက္ ။     ။ ျပည့္ႏိုင္မယ္လို႔ထင္တယ္၊ အခု အလားအလာေတာ့ ေကာင္းေနတယ္ေပါ့၊ ဟိုတစ္ေန႔ကလည္း အတိုင္ပင္ခံပုဂၢိဳလ္ကလည္း ျမန္မာျပည္ႀကီး စီးပြားေရးဖြင့္ထားတယ္၊ ရင္းႏွီးၾကပါ၊ ယုံယုံၾကည္ၾကည္နဲ႔ လုပ္ၾကပါ၊ ဆရာတို႔တတ္ႏိုင္သမွ် ကမာၻ႔ဘဏ္တို႔ ဘာတို႔အားလုံး အကူအညီေပးၿပီးေတာ့ တို႔ကလည္း ေက်နပ္တယ္ေလ၊ ဘ႑ာေရးစနစ္ကို နည္းနည္းျပင္လိုတယ္ဆိုတာ၊ လိုက္ျပင္ရမွာပဲကြဲ႕၊ ေႏွးလိုေတာ့ မရေတာ့ဘူး၊ အခ်ိန္ကလည္း ဆရာတို႔မွာ သိပ္မရွိဘူးေလ၊ ဟုတ္လား၊ တစ္ႏွစ္ေက်ာ္ေက်ာ္ေလာက္ပဲရွိတယ္၊

တစ္ႏွစ္ေက်ာ္ေက်ာ္ေလာက္ထဲမွာ အေျခခံေတြ ျမန္ျမန္ေလးျပင္ရင္ ေနာက္တစ္ခုက ဆရာျမင္တာေတာ့ ႏိုင္ငံေရးေဘာဂေဗဒ ျဖစ္စဥ္ေပါ့၊ စီးပြားေရးျပင္ဖို႔က ႏိုင္ငံေရးျပန္ျပင္တာနဲ႔ ဆိုင္တယ္၊ ဟိုႏိုင္ငံေရးျပကၡဒိန္ကလည္း ကပ္ေနတယ္၊ အဲ့ဒီအခါက်ေတာ့ စဥ္းစားေနဖို႔ အခ်ိန္သိပ္မရွိေတာ့ဘူး၊ အဲ့ဒီေတာ့ ဘာလိုသလဲဆိုရင္ အခုအခ်ိန္မွာ ရဲရဲဝံ့ဝံ့ေပါ့၊ မွားစရာရွိလဲမွားေပါ့ မထူးေတာ့ဘူး၊ ဟုတ္တယ္မဟုတ္လား အခ်ိန္လည္းမရွိေတာ့ဘူး၊ အဲ့ဒီေတာ့ ရဲရဲတင္းတင္းသာ ဦးေဆာင္ၿပီးလုပ္ျပဖို႔လိုတယ္။ တာဝန္ခံဖို႔လိုတယ္၊ ဟုတ္တယ္မဟုတ္လား၊ ဗဟိုဘဏ္လည္း ဒီအတိုင္းပဲ မတတ္ႏိုင္ေတာ့ဘူး ဟုတ္တယ္မဟုတ္လား။

အခုေန ခ်ိန္ေနတာနဲ႔တင္ အခ်ိန္ေတြက လြန္သြားလိမ့္မယ္ေလ၊ အခ်ိန္ေတြလြန္သြားမွ ဟိုႏိုင္ငံေရးက ၂၀၂၀ နဲ႔ သြားတိုက္ဆိုင္ေနရင္ ဒါႏိုင္ငံေရးအစိုးရတိုင္းေပါ့ေနာ္ ဒါကိုယ့္သက္တမ္းတစ္ခုမွာ ကိုယ္က ထင္ရွားတဲ့ ျမင္သာတဲ့ဟာ ျပႏိုင္ဖို႔လိုတယ္၊ ျပႏိုင္ေအာင္ ႀကိဳးစားရမယ္၊ မဟုတ္ဘဲနဲ႔ ႀကိဳးစားပါတယ္၊ ႀကိဳးစားပါတယ္ ဆိုတာမ်ိဳးနဲ႔မရဘူး၊ ရလာဒ္က လိုတာေပါ့ေနာ္၊ အဲဒီေတာ့ ဆရာေတာ့ ေမွ်ာ္လင့္တာပါပဲကြယ္။

Opinion Leaders Media ။     ။ အခုလို ေျဖၾကားေပးတဲ့အတြက္ ေက်းဇူးတင္ပါတယ္ ဆရာ။