【 ပညာရှင်များ၏အမြင် 】“နိုင်ငံခြားရင်းနှီးမြုပ်နှံမှုကို အတင်းကြိုဆိုပြီး ကိုယ့်လူတွေကို အားမပေးနိုင်ရင် စိန်ခေါ်မှုတွေရှိနိုင်မယ်”

【 ပညာရှင်များ၏အမြင် 】“နိုင်ငံခြားရင်းနှီးမြုပ်နှံမှုကို အတင်းကြိုဆိုပြီး ကိုယ့်လူတွေကို အားမပေးနိုင်ရင် စိန်ခေါ်မှုတွေရှိနိုင်မယ်”

မကြာခင်က မြန်မာနိုင်ငံ၏ နိုင်ငံရေးနှင့် စီးပွားရေးတွင် အခြေအနေကောင်းတချို့ ပေါ်ထွန်းလာသည်ကို တွေ့ရသည်။ပြည်ထဲရေး လက်အောက်မှ ထွေအုပ်ကို ဆွဲထုတ်ကာ သမ္မတရုံးလက်အောက် ရွှေ့ထားမည့် ကိစ္စရပ်များ၊ တပ်ဘက်က စစ်ဆင်ရေးနယ်မြေ ၅ ခုတွင် စစ်ဆင်ရေးဆိုင်ရာလှုပ်ရှားမှု ရပ်ဆိုင်းသည့် ကြေညာချက်၊ စီးပွားရေးတွင်လည်း နိုဝင်ဘာလအတွင်း FDI ဝင်ရောက်မှု သန်း ၄၀၀ ကျော်အထိ ပြန်တက်လာခဲ့သည်များ ရှိခဲ့သည်။ထိုကဲ့သို့ အလားအလာကောင်းများ ရှိသလို ဇီးပင်ကြီးစစ်တမ်းမှ အစပြုကာ တချို့ဌာနများရှိ အတွင်းရေး ဖော်ထုတ်ချက်များလည်း ပေါ်လာသဖြင့် အရပ်သားအစိုးရ ကြုံနေရသည့် အခက်အခဲများကို အများပြည်သူ သိခွင့်ရှိလာခဲ့သည်။ထိုအခြေအနေက လာမည့်သက်တမ်းအတွင်း မြန်မာ့ငြိမ်းချမ်းရေး၊ မြန်မာ့စီးပွားရေးနှင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးတွင် ပိုအားကောင်းလာမည့် အခြေအနေ ရှိ/မရှိ၊ တရားဥပဒေစိုးမိုးမှုတွင် ဘာတွေဖြစ်လာနိုင်မှုရှိမလဲ ဆိုသည့်အပေါ် သမ္မတ၏ စီးပွားရေးအကြံပေးနှင့် စီးပွားရေးပညာရှင်လည်းဖြစ်သူ ဆရာ ဒေါက်တာအောင်ထွန်းသက် ကို Opinion Leaders Media မှ ဆက်သွယ်မေးမြန်းခဲ့သည်။ဆရာ ဒေါက်တာအောင်ထွန်းသက် ၏ ရှုမြင်သုံးသပ်သည့် ရှုမြင်ချက်အပြည့်အစုံကို ယခုတစ်ပတ် အထူးအစီအစဉ်အဖြစ် ဖော်ပြလိုက်ပါသည်။

(Opinion Leaders Media အယ်ဒီတာအဖွဲ့)

Opinion Leaders Media  ။     ။ မကြာသေးခင်က တပ်ဘက်က စစ်ဆင်ရေးရပ်လိုက်တယ် ပြောတယ်၊ စစ်နယ်မြေငါးခု ကြေညာလိုက်တာရှိတယ်၊ အဲ့ဒီထဲမှာမြောက်ပိုင်းဒေသတော့ ပါတာရှိတယ်၊ အခုကာလမှာ တရုတ်ဘက်ကနေ မြန်မာဘက်ကတင်တဲ့ ကုန်တွေကို ကန့်သတ်ထားတာ တော်တော်များတယ်၊ စီးပွားရေးမှာ ကုန်သွယ်မှုဟာ တော်တော်လေး ထိုးကျသွားသလို ဖြစ်တဲ့အခါကျတော့ ဒီထုတ်ပြန်ချက်ကြောင့် မူဆယ်ထွက်ပေါက်အနေနဲ့ စီးပွားရေးက ပြန်ကောင်းလာနိုင်မလား။

ဆရာ ဒေါက်တာအောင်ထွန်းသက် ။     ။ ဆရာတို့ အခုဖြစ်နေတာကဒီမှာ အများပြောနေသလိုပေါ့၊ ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးမှုဟာ ချိတ်ဆက်နေတာပေါ့၊ ချိတ်ဆက်နေတော့ မငြိမ်းချမ်းလို့ မဖွံ့ဖြိုး၊ မဖွံ့ဖြိုးလို့ မငြိမ်း ဆိုတာက ဆရာတို့ သံသရာလည်နေတယ်။သံသရာလည်နေတယ်ဆိုတော့ အပစ်အခတ်ရပ်စဲရေးကို အခုပြောတာက လေးလပေါ့။လေးလရယ် နောက်တစ်ခါ ဘယ်နေရာဒေသဆိုတာကို သတ်မှတ်ထားတယ်ပေါ့လေ၊ အဲဒီတော့ General ceasefire တော့ မဟုတ်သေးဘူး၊ ဘာပဲဖြစ်ဖြစ် General ceasefire လုပ်ထားရင်ဆိုရင်တော့ အဲဒီအပေါ်မှာ ပိုပြီးကြိုဆိုရမှာပါဘဲ။အဲဒီအပေါ်မှာ မူတည်ပြီးတော့ အကျိုးအမြတ်တွေ ရ၊ မရ ဆိုတာကတော့ နည်းနည်းစမ်းသပ်ရမှာပါဘဲ။သူက General ceasefire လုပ်ထားရုံလို့ ပြောပေမယ့် အပစ်အခတ်ရပ်တယ်။ဥပမာဆိုပါတော့ ဆရာတို့ အခု အခက်အခဲအများဆုံး ဖြစ်နေတာက ဒီဂိတ်တွေပေါ့။ဂိတ်တွေအဆင့်ဆင့်က ကုန်သွယ်မှုမှာ စီးဆင်းမှုမှာ အကန့်အသတ်ဖြစ်တဲ့ ဂိတ်တွေရှိတာပေါ့၊ အဲ့ဒီဂိတ်တွေက ပွင့်ပွင့်လင်းလင်း လွယ်လွယ်ကူကူ သွားလို့လာလို့ရတယ် ဆိုရင်တော့ ဒါ အင်မတန်ကို ကြိုဆိုရမယ့် ကိစ္စပါ။

ဆရာကတော့ ဒီလိုကြေညာလိုက်တာဟာ သိပ်ကောင်းတာပါဘဲ။အခုလည်း တောင်းဆိုနေတာက ဒီဒေသတွေကို မကန့်သတ်ဘဲနဲ့ နိုင်ငံအနှံ့လုပ်ပေးပါ၊ တိုင်းရင်းသားတွေ လက်နက်ကိုင်အဖွဲ့တွေနဲ့ ပတ်သက်တာတွေ အားလုံးကိုလည်း လုပ်ပေးပါလို့ တောင်းဆိုတာတွေ ရှိပါတယ်။အမှန်ကတော့ ဒါအစလို့ အောက်မေ့တာပါပဲ။တစ်ခုရှိတာက ဒီဟာကို အခွင့်အရေးယူဖို့လိုတယ်၊ တစ်ယောက်နဲ့ တစ်ယောက် နားလည်မှုှရှိတယ်၊ တစ်ယောက်နဲ့ တစ်ယောက် သံသယရှိတာကို ဒီကနေတစ်ဆင့် သံသယတွေ လျော့နိုင်ရင် ကဲဟုတ်ပြီ၊ ဒါဆိုရင်လည်း ဒီဘက်က ဘယ်လိုလုပ်ထားရင် ဟိုဘက်က ဘယ်လိုတုန့်ပြန်မလဲ ဒါလည်းလိုသေးတာကိုး။တုန့်ပြန်မှုမရှိဘဲနဲ့ ဟိုအပြန်အလှန်ပေါ့လေ၊ Responsibility တာဝန်ယူမှု၊ တာဝန်ခံမှု မရှိရင်တော့လည်း ဟိုလုပ်ချင်တာက တစ်ခု၊ ဖြစ်တာကတစ်မျိုး ဖြစ်မှာဆိုးလို့ ဆရာကတော့ ဖြစ်စေချင်တယ်။

ဒီကနေတစ်ဆင့် အပစ်အခတ်ရပ်စဲမှုရေး မူကနေ အခြေခံပြီးနည်းနည်း၊ ကြေညာရုံတင် မဟုတ်ဘူးနော် နှစ်ဘက်လုံးက ဒီသတ်မှတ်ထားတဲ့ အပစ်အခတ်ရပ်စဲမှုနဲ့ မူဘောင်အတွင်းကို လှုပ်ရှားနိုင်ဖို့ကလိုမယ်၊ နားလည်မှုကလည်း ရှိဖို့လိုတယ်၊ ဘာဖြစ်လို့လဲဆိုတော့ အခု ပြဿနာတော်တော်များများ ဖြစ်တာက Communication အားနည်းလို့ပေါ့၊ ဥပမာ ဟိုဘက်က တပ်တွေရွှေ့တာက ဒီဘက်က တပ်တွေရွှေ့တာကို ကြိုတင်ပြောပါလို့ ပြောတဲ့အခါမှာ ပြောတာတွေ မပြောတာတွေ ရှိတော့ နားလည်မှုတွေ လွဲနေတာပေါ့။အဲ့တော့ နားလည်မှုလွဲတဲ့ အပေါ်မှာ မူတည်ပြီးတော့ ဒါထုံးစံအတိုင်းပေါ့၊ အားလုံးက မျက်စိက စစ်ရေးရှုထောင့်နဲ့ ကြည့်လို့ရှိရင်တော့ အားလုံးက အန္တရာယ်ရှိတယ်လို့ထင်တော့ တစ်ဘက်နဲ့ တစ်ဘက် တုန့်ပြန်ကြတာပါပဲ။အဲ့လိုမဟုတ်ဘဲ ဒါတွေအားလုံးဟာ နားလည်မှု ကြိုတင်ပြီးယူထားဖို့ လိုလိမ့်မယ်လို့ အောက်မေ့ပါတယ်။ ဒါကြောင့်လည်း ဆရာတို့က JMC တို့ ဘာတို့ လုပ်နေတာပဲလေ။

ဒါတွေ လုပ်တော့လုပ်နေတယ်ကွယ့်။လုပ်ပေမယ့်လည်း ကိုယ်ကလည်း ဆက်တိုက်လုပ်နေသလို တစ်ဖက်ကလည်း လှုပ်ရှားနေတာလည်း ရှိနေတော့ အခုလို ဆရာပြန်စဉ်းစားကြည့်ရင် မကြေညာတာထက်စာရင်၊ ကြေညာတာက မကောင်းဘူးလား၊ ကောင်းတာပေါ့။ဟုတ်တယ်မလား၊ အဲဒီအပေါ်မှာ မူတည်ပြီး ရေရှည်ဖြစ်အောင် ဆရာတို့လုပ်ဖို့လိုတယ်။ဒီလေးလကို လေးလဆိုတာ ဘာကြောင့်ကန့်သတ်လုပ်တာလဲ၊ ဟုတ်တယ်မလား ဒီလေးလအတွင်း ဘာတွေလိုချင်လဲ၊ ဘာတွေဖြစ်စေချင်လဲဆိုတာကို တစ်ဖက်နဲ့ တစ်ဖက် နားလည်လို့ရှိရင်တော့ ဒီလေးလဟာ လေးလမဟုတ်ဘူး၊ မဟုတ်ရင် ဒီလေးလပြီးရင် ဘာလဲဆိုတာမျိုး မေးစရာ၊ မေးခွန်းတွေ ရှိတာပေါ့နော်။

Opinion Leaders Media ။     ။ ပြီးခဲ့တဲ့ သောကြာနေ့လောက်က ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ ဦးဇော်ဌေး က ပြောသွားတာရှိတယ်၊ ပြည်ထဲရေးဝန်ကြီးဌာနကို သမ္မတရုံးအောက်ကို ရွှေ့မယ်ဆိုတာ ပြောသွားတယ်၊ ကာလသတ်မှတ်ချက်တော့ မပါဘူး၊ ဘယ်ကာလထဲမှာဆိုတာ မပါဘူး၊ ဒီလိုမျိုးရွှေ့လိုက်တဲ့အတွက်ကို နောက်အစိုးရလက်ထက် တရားဥပဒေစိုးမိုးရေးနဲ့ ပတ်သက်တဲ့ဟာ ဒါက ပိုအားကောင်းလာနိုင်လား၊ နောက်တစ်ချက်က အခုတလောမှာ ဇီးပင်ကြီးကိစ္စလိုမျိုးဟာတွေမှာ ဌာနအောက် ဝန်ကြီးတွေ၊ ဒုဝန်ကြီးတွေမသိဘဲ လုပ်ဆောင်တဲ့ဟာကို ဒီလိုမျိုး ရွှေ့ပြောင်းလာတဲ့ဟာမျိုးတွေမှာ ဘယ်လိုမျိုးဖြစ်လာနိုင်သလဲ၊ အစိုးရမသိဘဲ လုပ်နေတဲ့ ကိစ္စမျိုးမှာ ပြတ်ပြတ်သားသား ကိုင်တွယ်ဖို့တွေ ဖြစ်လာနိုင်မလား၊ တခြားဘာတွေဖြစ်လာနိုင်မလဲ။

ဆရာ ဒေါက်တာအောင်ထွန်းသက် ။     ။ ဆရာတို့ ဒါ ကိုယ်နားလည်တာပေါ့လေ၊ အခု သူတို့လုပ်တဲ့ ပြုပြင်ပြောင်းလဲမှုသည် ထွေအုပ်ပေါ့၊ ဒီထွေအုပ်၊ ပြည်ထဲရေးဝန်ကြီးဌာနမှာ ကျန်တဲ့ဌာနတွေ အများကြီးရှိတယ်၊ ဌာနတွေ အများကြီးရှိတော့ ဌာနအများကြီးထဲမှာ ရဲပါမယ်၊ အကျဉ်းထောင်ပါမယ် စသဖြင့်ပေါ့နော်၊ ဒါပေမယ့် အဲ့ဲအထဲမှာ တကယ်တမ်း ဆရာတို့ အခုနက ပြည်သူ့ရေးရာ စီမံခန့်ခွဲမှှုနဲ့ တိုက်ရိုက်ပတ်သက်တာက ထွေအုပ်ပေါ့။ထွေအုပ်ဆိုတာ ဆရာတို့ ငယ်ငယ်တုန်းက အရေးပိုင်တို့ တိုင်းမင်းကြီးတို့ နောက်တစ်ခါ ဟိုအောက်ဆုံးဆိုရင် မြို့အုပ်တို့ပေါ့နော် ဆိုတော့ ထွေအုပ်သည် တကယ်တမ်းတော့အခြေခံ ကိုယ့်နိုင်ငံရဲ့ အုပ်ချုပ်မှုမဏ္ဍိုင်သည် ဘာလဲလို့ပြောရင် ထွေအုပ်ဖြစ်တာကိုး။public administration မှာ သူတို့သည် အဓိကဘဲ ဘာကြောင့်လဲဆိုတော့ တိုင်းမင်းကြီးပေါ့၊ အရင်တုန်းကတော့ တိုင်းမင်းကြီးပေါ့၊ အခုလည်း တိုင်းမင်းကြီးလို့ခေါ်တယ်။ထွေအုပ်တွေအားလုံးဟာ ထွေအုပ်ကနေတစ်ဆင့် ခရိုင်ဝန်၊ ခရိုင်ဝန်ကနေတစ်ဆင့် မြို့ဝန် ဒါတွေဖြစ်တာတွေသည် အုပ်ချုပ်ရေးတစ်ခုလုံးကို ကိုင်တွယ်တာ သူတို့ဘဲ ကိုယ်တွယ်တာကိုး။ဥပမာ - တိုင်းဒေသကြီးတွေမှာဆိုရင် ဝန်ကြီးချုပ်၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်တွေ သူ့ဟာနဲ့သူ အုပ်ချုပ်နေတယ် ဆိုပေမယ့် ဒီတိုင်းဒေသကြီးတစ်ခုလုံးရဲ့ ဒီစီမံခန့်ခွဲမှုကို ဘယ်သူက တာဝန်ယူလဲဆိုတော့ ထွေအုပ်က တာဝန်ယူတယ်၊ ထွေအုပ်က တာဝန်ယူတော့ ဥပမာဆိုပါတော့ ရပ်ကွက် ကျေးရွာက အစ၊ ဝန်ထမ်းတွေက အဆုံး ထွေအုပ် တာဝန်ယူတော့ အရင်တုန်းက ထွေအုပ်သည် ဘယ်အောက်မှာရှိလဲဆိုတော့ ပြည်ထဲရေးဝန်ကြီး အောက်မှာဘဲ ရှိတယ်ဆိုတော့ ထွေအုပ်ရဲ့ constitution ပေါ့။

၂၀၀၈ ဖွဲ့စည်းပုံအရ ဝန်ကြီးဌာနသုံးခုဟာ သမ္မတအောက်မှာ တိုက်ရိုက်မရှိဘူးလေ။အဲဒီတော့ ပြည်ထဲရေးဝန်ကြီးရယ်၊ ကာကွယ်ရေးဝန်ကြီးရယ်၊ နယ်စပ်ဝန်ကြီးရယ်ဆိုတော့ အခုလို ပြည်ထဲရေးဝန်ကြီးဌာန တစ်ခုလုံး မဟုတ်ဘူးနော်၊ လွဲသွားမှာစိုးလို့။ပြည်ထဲရေးဝန်ကြီးဌာနမှာရှိတဲ့ ဌာနကြီးတစ်ခုပေါ့လေ၊ အဲ့ဒါကတော့ ထွေအုပ်ပေါ့လေ၊ ထွေအုပ်ကို သမ္မတရုံးဝန်ကြီးအသစ်အောက်မှာ ထည့်တာကတော့ တိုက်ရိုက် သမ္မတက အုပ်ချုပ်တဲ့ပုံစံဆိုတဲ့ သရုပ်ဆောင်နိုင်တဲ့ အနေအထားပေါ့။အဲဒီလိုဆိုရင်တော့ ဒါတွေအားလုံးဟာ တကယ့် သမ္မတဆီကနေ တိုက်ရိုက်စီးဆင်းလာတယ် ဆိုတဲ့ဟာပေါ့။

အခုထိ ဆရာတို့ ကြေညာတာဘဲ ရှိသေးတာကိုး။နံပါတ်တစ် လုပ်မယ်ဆိုရင် ဘယ်လိုလုပ်ကြမလဲ၊ ဟုတ်တယ်မလား၊ တော်တော်များများ ထွေအုပ်ကလည်း သိတဲ့အတိုင်း ထွေအုပ်က တစ်ချိန်က တပ်မတော်မှာ တာဝန်ယူထားတဲ့သူတွေလေ။သူတို့ နားလည်တဲ့ပုံစံက တစ်ခုပေါ့လေ။အဲ့လို တစ်ခုဖြစ်တဲ့အခါကျတော့ သူတို့ကို အခုလို သမ္မတရုံး ဝန်ကြီးရုံးအောက်မှာ ထွေအုပ်ကို တန်းထားမယ်လို့ အကြံပြုတာသည် ဘယ်လိုလက်တွေ့မှာ အကောင်အထည်ဖော်ကြမလဲနော်။ဘာကြောင့်လဲဆိုတော့ သူတို့ရဲ့ reporting လိုင်းက သတင်းပို့တာက အရင်တုန်းကဆိုရင် သူတို့ ထွေအုပ် တိုင်းမင်းကြီးတွေအားလုံး တောက်လျှောက် ဆရာတို့ ပြည်နယ်တိုင်းဒေသကြီး အစိုးရအဖွဲ့တွေရဲ့ အတွင်းရေးမှူးဟာ ထွေအုပ်၊ တိုင်းမင်းကြီးလေ။သူတို့သြဇာခံတာ လိုင်းက နှစ်ခုသြဇာခံနေတယ်၊ တစ်ခုက သူတို့တိုက်ရိုက် သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ် ဝန်ကြီးချုပ်ကို သြဇာခံသလို၊ ဒုတိယထွေအုပ်အနေနဲ့ ပြည်ထဲရေးဝန်ကြီးကို တိုက်ရိုက်သြဇာခံတယ်၊ အခုတော့ သြဇာခံမှုက ပြည်ထဲရေးဝန်ကြီး မဟုတ်တော့ဘဲနဲ့ ဒီ သမ္မတရုံးဝန်ကြီး သြဇာခံတဲ့အခါကျတော့ ဘယ်လိုလုပ်ကြမလဲ အဲ့ဒါစဉ်းစားကြရမှာပါ၊

ဟုတ်တယ်နော်ဆိုတော့ ဒီဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာနမှာရှိတဲ့ ဌာနကြီးတွေထဲမှာ အင်မတန်အရေးကြီးတဲ့ ထွေအုပ်ကို၊ ဒီသမ္မတရုံးဝန်ကြီးအောက်မှာ ထားတာဆိုတော့ ဒါတိုးတက်တဲ့ပြောင်းလဲမှုတစ်ခုဘဲ၊ စောနကပြောတဲ့ ဆရာတို့ ဝန်ထမ်းတက္ကသိုလ်ကိစ္စ။ဟုတ်တယ်မလား။ဝန်ထမ်းတက္ကသိုလ် ဆိုတာကလည်း တကယ်တမ်းတော့ စောနကပြောသလို နည်းနည်းလေး ချိတ်ဆက်နေတာကိုး၊ အစိုးရဝန်ထမ်းတွေအားလုံးဟာ ကိုယ် ကိုယ်တိုင်လည်း ဖောင်ကြီးမှာ သင်ခဲ့တဲ့သူလေ၊ ဆရာတို့တုန်းကတော့ ဖောင်ကြီးက တစ်ခုတည်းရှိတာ အခုတော့နှစ်ခုရှိတာကိုး၊ ဗဟိုဝန်ထမ်းတက္ကသိုလ် ရှိတာကိုး၊ အဲ့ဒါတွေအားလုံးဟာလည်း အခု ဆရာတို့နားလည်တာက ဒီကလေးပြောတဲ့ကိစ္စဟာ မှန်၏၊ မမှန်၏။မှန်တယ်၊ မမှန်တယ် ဆိုတာကို စိစစ်ဖို့လိုတယ်လေ၊ ဟုတ်တယ်မလား။ဒီအတိုင်း ဆရာတို့မှာလည်း ကျောင်းတွေမှာလည်း တက္ကသိုလ်တွေမှာလည်း သင်တဲ့သူတွေက သင်ရိုးညွှန်းတန်း ရှိရမယ်လေ၊ သင်ရိုးညွှန်းတန်းရှိပြီးတော့ အဲ့ဘောင်အတွင်းမှာ သင်ရမယ်၊ မဟုတ်ဘဲနဲ့ ကိုယ့်ဆန္ဒ ကိုယ့်သဘောနဲ့ သွားသင်ရင် တော်တော်ခက်တယ်။

အခုကြည့်ရတာက ဝေဖန်တာတို့ ဘာညာတို့ကိုတော့ ကြားရတာပေါ့လေ၊ ကိုယ်လည်း အသေးစိတ်တော့ မသိဘူး။သူပြောတဲ့အတိုင်း လုပ်နေတာကတော့ ပြဿနာက ဘာလဲဆိုရင် ဗဟိုဝန်ထမ်းတက္ကသိုလ်ရဲ့ အခြေခံပြဿနာဘဲ။ဆရာတို့ အစတည်းကပြောတယ်။ကိုယ်က ၈၉/၉၀/၉၁/၉၂ မှာ ဖောင်ကြီးနဲ့ ပတ်သက်ခဲ့တဲ့သူမို့ ဒီဟိုတုန်းက ဖောင်ကြီးကို ဆရာတို့လုပ်တာက ဆရာတို့ ဘယ်၊ ညာ မောင်းတဲ့စနစ်ကို ကျင့်သုံးတယ်။အစိုးရဝန်ထမ်းတွေအားလုံးကို တပ်ထဲထည့်တဲ့ ပုံစံမျိုးနဲ့လုပ်တာ၊ ဒီသဘောပါဘဲ။အဲ့ဒါကနေ ဘယ်အထိတောင် ဖြစ်သွားလဲဆိုရင် ဆရာတို့ လုပ်တဲ့အချိန်မှာ ဆရာက ကျန်းမာရေးနဲ့ ပညာရေး တာဝန်ယူတဲ့အချိန်မှာ အဲဒီဝန်ထမ်းတွေကို သင်တန်းပေးတဲ့အခါမှာ ဆရာဝန်ကြီးတွေရော၊ ပါမောက္ခတွေ အားလုံးကိုရော ညီတူမျှတူ သဘောမျိုးနဲ့ သူတို့က ဘယ်ညာမောင်းခိုင်းတာ။ဘယ်၊ ညာ မောင်းခိုင်းတာက ကျန်းမာရေးအတွက် လုပ်တာက တစ်ပိုင်း၊ သူတို့နဲ့ ယဉ်ကျေးမှုက လုံးဝမတူဘူးလေ။

သူတို့ ကျောင်းဆရာတစ်ယောက်ကို ဘယ်၊ ညာ မောင်းခိုင်းလို့ သေနတ်တွေ ထမ်းခိုင်းဖို့က ဒါဟာ အလွန်ခက်တဲ့ကိစ္စပါ။ဒါပေမယ့် ဒီဘက်ပိုင်းမှာတော့ မလုပ်တော့ဘူးလို့ကြားတယ်၊ ဒီယူနီဖောင်းတောင် ပေးမဝတ်တော့ဘူး။သို့သော်လည်း ပုံစံကြီးက အရုပ်ပုံစံကြီး ဖြစ်နေတယ်။အဲဒီတော့ ဒီဝန်ထမ်းတက္ကသိုလ်သည် တစ်ကမ္ဘာလုံးမှာ နိုင်ငံတိုင်းမှာ ဝန်ထမ်းတိုင်းမှာ ဝန်ထမ်းတက္ကသိုလ်ဆိုတာ အရေးကြီးတယ်။ဥပမာ - ဆရာတို့ အရင်တုန်းက အတုယူတယ်၊ ဦးသိန်းစိန် လက်ထက်တုန်းကလည်း အတုယူတယ်။အဲ့ဒါက ဘာလဲဆိုရင် ဆရာတို့ အိမ်နီးနားချင်း ပြည်သူ့ဝန်ထမ်းကောလိပ်မှာ အကောင်းဆုံးက စင်ကာပူပဲ။အဲဒီတော့ သူတို့ဆီမှာကျတော့ သူတို့ဆီမှာ လုပ်တာတွေသည် အားလုံးက တကယ့်ထူးချွန်တဲ့သူတွေကို မွေးထုတ်တာ။

သူတို့ရဲ့ဝန်ထမ်းတက္ကသိုလ်က ထူးချွန်တဲ့သူတွေကို မွေးထုတ်တော့ ခင်ဗျားတို့လည်း ပြောနေတဲ့ လူတစ်ယောက်က အရည်အချင်းပဲ၊ အသက်နဲ့ လုံးဝမဆိုင်ဘူး။အဲဒီတော့ သူတို့ဆီမှာက ဘာဖြစ်လဲဆိုရင် ညွှန်မှူးတွေအားလုံး တစ်နှစ်တစ်ခါ မြန်မာပြည်ကို ပို့လိုက်တယ်၊ ပို့လိုက်တဲ့သူတွေ အားလုံးဟာ ဆရာတို့သင်တန်း လာပို့လို့ရှိရင် ဒီအာဆီယံနိုင်ငံတွေကို လာပို့ရင် သူတို့တွေဟာ ဆရာတို့ ၃၅ နှစ်လောက်ဆို ဒါရိုက်တာတွေ ဖြစ်နေပြီ၊ ညွှန်ကြားရေးမှူးတွေ ဖြစ်နေပြီ၊ သူတို့က တော်တဲ့ကောင်တွေကို ရွေးထုတ်တာကိုး။ဆရာတို့ဆီမှာ တော်တာမျိုး မဟုတ်ဘူး၊ အသက်နဲ့ မူတည်ပြီး သွားဆုံးဖြတ်တာ။အဲဒီတော့ ဆရာတို့ဆီမှာ ညွှန်ချုပ်၊ ပါချုပ်တို့ ဆိုတာကလည်း ပင်စင်ရခါနီးမှ ညွှန်ချုပ်ဖြစ်တယ်။အဲဒီတော့ ပါမောက္ခချုပ်ဆိုလည်း မနေ့က ဆရာတို့ ကန်တော့ပွဲမှာ ကိုယ့်တပည့်တွေဆိုလည်း ပါမောက္ခချုပ်ဆို ဘယ်လောက်လဲဆိုရင် ၅၈ နှစ်။သူ့မှာ လုပ်စရာက နှစ်နှစ်ဘဲကျန်တယ်။အဲဒီတော့ ဒါတွေအားလုံးက ဆရာတို့ဆီမှာ အသက်နဲ့ဆုံးဖြတ်လိုက်တာကိုး။

ဝန်ထမ်းရေးရာနဲ့ ပတ်သက်လို့ တကယ်တမ်းတော့ အရည်အချင်းနဲ့ ဆုံးဖြတ်ရမှာ ဟုတ်တယ်မလား။အဲဒီတော့ သုံးဆယ်၊ လေးဆယ်တွေ အားလုံးကို ဆရာကတော့ ဌာနအကြီးအကဲတွေ ဖြစ်စေချင်တာ။အဲဒီအခါကျမှ သူ လေး၊ ငါး၊ ဆယ်နှစ် သူလုပ်နိုင်မှာလေ။အခုတော့ ဆရာတို့ ပင်စင်ရခါနီးမှ ဌာနအကြီးအကဲဖြစ်တော့ သူ့မှာ လုပ်ရကိုင်ရ အတော်ခက်တယ်လေ၊ သူလုပ်ရင်လည်း ခဏဘဲလေ ဟိုလေ အာဂန္တုကိုး။သူ့ကိုလည်း အောက်ကလူတွေက ဘာမှမလေးစား။ဒီကောင်ကြီး ဘယ်လောက်လုပ်လုပ် တစ်နှစ်ဘဲခံမယ့်ကောင်၊ နှစ်နှစ်ဘဲခံမယ့်ကောင်၊ တစ်နှစ်ကို သည်းခံလိုက်မယ်။အချိန်တန်လည်း သူက သွားရတော့မှာဆိုတာ သိနေတော့။တကယ်တမ်းတော့ ငါးနှစ်လောက်၊ ဆယ်နှစ်လောက်ဆိုတဲ့ ကောင်ကျတော့ နည်းနည်းလေးကြောက်တယ်လေ၊ ဟုတ်တယ်မလား၊ ဒီကောင်ရှိနေတယ်၊ သူ့ကို ဟိုဝှာဖြစ်မှ မဟုတ်ရင်တော့ တို့ဒုက္ခရောက်မယ်၊ အမှန်ကတော့ အဲ့ဒါလေးပြင်ဖို့ကောင်းတယ် ထင်တယ်။

အခုက ဆရာတို့ lecture ပုံစံက အစပါ့လေ အစီအစဉ်အဆုံး၊ ဆရာတို့ ဟိုတုန်းကတော့ ပြောခဲ့တယ်ကွယ့်၊ ပြောခဲ့တာက ကိုယ်လည်း စခဲ့တာပါပဲ၊ သင်ပုံ၊ သင်နည်းတွေကအစ ပုံစံတစ်မျိုး သင်ရအောင်၊ သင်ရိုးညွှန်းတန်းတင်မကဘူး၊ သင်တဲ့ပုံစံပေါ့၊ အခုကတော့ ဆရာအောက်မေ့တာက public administration ပေါ့လေ၊ ကိုယ်က စီးပွားရေးတက္ကသိုလ်မှာ MPA သင်နေတဲ့သူ။
တကယ်တမ်းတော့ public administration က တကယ့်ကို လွတ်လွတ်လပ်လပ် စဉ်းစားတတ်တဲ့ တွေးခေါ်တတ်တဲ့ တီထွင်တတ်တဲ့ ဦးစီးတတ်တဲ့လူတွေကို မွေးထုတ်ရမှာလေ။အခုတော့ ပုံစံသွင်းကောင်ကို သွားပြီးလုပ်လိုက်တော့ ဒီအထဲမှာဆိုးတာက သူတို့ပြောတဲ့အတိုင်းဆိုရင် သင်တဲ့ဆရာတွေက ဘယ်ကဟာတွေမှန်း မသိဘူးနော်၊ နောက်တစ်ခါ ပုံစံတွေက တစ်မျိုးကြီးပေါ့ကွယ်၊ ဒါတွေကတော့ သူပြောတာကိုး၊ ပြောတဲ့သူဘဲ အပြစ်ဖြစ်နေတယ် ထင်တယ်၊ ကြည့်ရတာလေ။

အဲဒီတော့ တို့ဆီကလည်း တော်တော်ခက်တာ ပြောတဲ့သူကမနေသာလို့ ပြောတာကို အပြစ်ယူတယ် ဆိုရင်တော့ ဘယ်လိုလုပ်ကြမလဲ ဒါဟုတ်တယ်မလား။တကယ်တမ်းတော့ ဒီတက္ကသိုလ်ကြီးဆိုတာက တကယ်ကို အရေးကြီးတာ။အဲဒီတော့ တက္ကသိုလ်ကြီးလို့ပြောရင် တက္ကသိုလ်ကြီးက တကယ်ကို independent ပေါ့နော်၊ သူ့ဟာနဲ့သူ ပါချုပ်နဲ့ သူ့ဟာနဲ့သူ ပါမောက္ခနဲ့ သူ့ဟာနဲ့သူ သင်ရိုးညွှန်းတန်းတွေ ရေးဆွဲပြီးတော့ တကယ့်ကို တိုင်း ပြည်ရဲ့ ပြည်သူ့ရေးရာနဲ့ ပတ်သက်လို့ အထူးချွန်ဆုံးသူတွေကို အခုဆိုရင် စင်ကာပူတို့၊ ဘာတို့ဆိုရင် အဲ့ဒါတွေကို သီးခြားမွေးထုတ်တာကိုး သူတို့ဆီက တက်လာတဲ့သူတွေဆိုရင် ဒေါင်ဒေါင်မြည်ဘဲလေနော်။

အဲဒီလိုဖြစ်အောင် ဆရာတို့ ဘယ်လိုလုပ်ကြမလဲ၊ တကယ်တမ်းတော့ ကိုယ့်ဆီမှာ တကယ်တမ်းတော့ မရှိကြတာ မဟုတ်ဘူးကွယ့်။တို့ဆီမှာက ပြည်သူ့အုပ်ချုပ်ရေးနဲ့ ပတ်သက်လာရင် RCS ပေါ့၊ နောက်တစ်ခါ လွတ်လပ်ရေးပြီးတဲ့အခါမှာ BCS ပေါ့၊ ဒီလူတွေဟာ တကယ်ကို တော်တဲ့ကောင်တွေ။ဟုတ်တယ်မလား။လုံးဝကို ခြေဖျားမမီတဲ့ကောင်တွေကို အဲ့လိုလုပ်လိုက်တဲ့အခါကျတော့၊ တစ်ခုရှိတာက တော်လှန်ရေးကောင်စီ လက်ထက်မှာ ဒါတွေ ဗျူရိုကရက်တွေ ဘာတွေကို ဖျက်လိုက်တယ်။ဖျက်လိုက်တော့ အဲ့ဒီ ၆၂ ခုနှစ်တည်းကစပြီး ပြည်သူ့ဝန်ထမ်းနဲ့ ပတ်သက်တာတွေအားလုံး ပျက်သွားတယ်။ပျက်သွားတဲ့အပြင်ကို နောက်တစ်ခုက ဘာလဲဆိုရင် မိုးကျရွှေကိုယ်တွေ ဝင်လာတယ်၊ ဟိုဘက်က အခြေအနေမကောင်းတဲ့သူတွေ အားလုံး ဒီဘက်ရွှေ့လိုက်တာကိုး၊ ဟုတ်တယ်မလား။ညံ့တဲ့ကောင်တွေ ဒီဘက်ရွှေ့တော့ ဘယ်လိုလုပ်ကြမလဲ၊ တော်တဲ့ကောင်တွေ တစ်နေရာထား၊ ညံ့တဲ့ကောင်တွေ ဒီဘက်ရွှေ့ဆိုတော့ ဒီဘက်ကဟာက တကယ်အထူးအချွန်ဆုံး ကောင်တွေကို ဒီမှာထားရမှာလေ ဟုတ်တယ်မလား။

ဒါ ပြည်သူအားလုံးနဲ့ ထိတွေ့တဲ့ဟာက အခုနကပြောသလို ထွေအုပ်က အဓိကဘဲ။အဲဒီတော့ ဒါတွေကို ပြန်ပြင်ဖို့တော့ လိုလိမ့်မယ်လို့ အောက်မေ့တယ်။ဒါတွေက အခုနကဟာ နှစ်ခုလုံးနဲ့တော့ ဆက်စပ်နေတာပါ။

Opinion Leaders Media  ။     ။ ဒီနေ့ ဒေါ်အောင်ဆန်းစုကြည် က ဒလတံတား ဆောက်ဖို့အတွက် ပန္နက်ချတာတွေ။အရှေ့ရက်မှာ ထွေအုပ်ကို ပြည်ထဲရေးက ပြောင်းလိုက်တာလည်းရှိတယ်၊ စစ်ဆင်ရေး လေးလရပ်တာတွေလည်း ရှိတယ်၊ နောက် DICA ကနေ ထုတ်ပြန်တဲ့ အောက်တိုဘာလမှာ  FDI က ၃၇ သန်းပဲ ရှိတယ်၊ FDI ဝင်တာက နိုဝင်ဘာလမှာကျတော့ သန်း ၄၀၀ ကျော် တော်တော်ကြီးကို ခုန်တက်သွားတယ်၊ ဒါ ဒေါ်အောင်ဆန်းစုကြည် စင်ကာပူမှာ ရင်းနှီးမြှုပ်နှံမှုတွေကို ပြန်ပြီးဖိတ်ခေါ်တာတွေ၊ ဖိတ်ခေါ်ပြီး နောက်ပိုင်းမှာ ဒီလောက်အထိ တိုးတက်လာတာဟာ မူဝါဒတွေ ပြောင်းလဲတာကြောင့်လား၊ ဒီအခြေအနေကြောင့်  ၂၀၁၉ ထဲကို ဝင်တဲ့အခါ မြန်မာပြည်ရဲ့ စီးပွားရေးလုပ်မှုကိုင်မှုက ပိုပြီးတော့ အခွင့်အလမ်းသာလာနိုင်မလား။

ဆရာ ဒေါက်တာအောင်ထွန်းသက် ။     ။ အဓိကတော့ ဆရာတို့ အစတည်းကပေါ့လေ၊ FDI ကို ပုံစံအမျိုးမျိုးနဲ့ ကြိုဆိုခဲ့တာ၊ ကြိုဆိုခဲ့တဲ့အခါကျတော့ ဒီနိုင်ငံတကာကို သူကိုယ်တိုင်သွားပြီးတော့ ဖိတ်ခေါ်တယ်၊ ဂျပန်က အစ စင်ကာပူအစ ရှိတာတွေ။နီပေါတောင် သွားတာဘဲဆိုတော့ ဒီဟာတွေရဲ့ ရလဒ်လည်းရှိတယ်၊ ဒီဘက်က ဥပဒေသစ်တွေကလည်း လုပ်တယ်၊ ပြီးတော့ ဝန်ကြီးဌာန အသစ်တစ်ခုပေါ့လေ၊ ရင်းနှီးမြှပ်နှံမှု ဝန်ကြီးဌာနတွေဆိုတော့ ဒါတွေအားလုံး ပေါင်းလိုက်တဲ့ ရလဒ်လို့တော့ အောက်မေ့တယ်။ဒါပေမဲ့ အခုကိန်းဂဏန်းတွေဟာ ကတိပြုတဲ့ ကိန်းဂဏန်းမဟုတ်ဘဲ၊ တကယ့်ကို ရင်းနှီးမြှပ်နှံတဲ့ ကိန်းဂဏန်းဖြစ်ဖို့ လိုတယ်လေ၊ ဟို ဆရာတို့ တော်တော်များများ တောက်လျှောက်ဖြစ်ခဲ့တာက ကတိပြုခဲ့တဲ့ပုံစံကို အခြေခံထားတာကိုး၊ အဲဒီတော့ တကယ် ရင်းနှီးတယ်၊ မရင်းနှီးဘူး ဆိုတာကို နောက်ပိုင်းမှာ သိရမှာလေ။ဘာပဲဖြစ်ဖြစ် ကိန်းဂဏန်းတွေ တက်လာတာဟာ ဆရာတို့ ဝမ်းသာစရာပါဘဲ။

ဥပဒေသစ်၊ ရင်းနှီးမြှပ်နှံမှုကုမ္ပဏီ ဥပဒေကြောင့် အဲဒါ။ဒီဘက်ကတော့လေ တစ်ခုကရှိတာက နိုင်ငံတော်အစိုးရက စီးပွားရေးကို အခု ဒီဘက်ကို မျက်နှာအာရုံစိုက်နေပြီ ဆိုတာကတော့ သေချာတယ်လေ။အဲဒီအာရုံစိုက်မှုကိုတော့ အချိန်ယူရမှာပါဘဲ။ဒါပေမယ့် တစ်ဖက်က ဆရာစဉ်းစားတာက နိုင်ငံခြားရင်းနှီးမြှပ်နှံမှုတွေကို ကြိုဆိုတဲ့ဟာကို ဆရာတို့ အာရုံစိုက်သလို ပြည်တွင်းလုပ်ငန်းရှင်တွေကိုလည်း အားပေးမှရမယ် ထင်တယ်။ဟန်ချက်ညီဖို့လိုတယ် နိုင်ငံခြားရင်းနှီးမြုပ်နှံမှုတွေကို အတင်းကြိုဆိုပြီးတော့ ကိုယ့်ဆီက လူတွေကို အားမပေးနိုင်ရင်လည်းဘဲ ဒါဆရာတို့ စိန်ခေါ်မှုတွေ ရှိနိုင်တယ်လေ။အဲဒီတော့ ကိုယ့်ဆီမှာလည်းလုပ် တစ်ဖက်ကအားပေး၊ နိုင်ငံခြားသားတွေလည်း ဒီမှာ ကိုယ့်နိုင်ငံမှာရင်းနှီး လွယ်လွယ်ကူကူ ရင်းနှီးနိုင်အောင် ဆရာတို့ ဖန်တီးပေးရင်တော့ စီးပွားရေးအရ ရင်းနှီးမြှပ်နှံမှုကို အခြေခံရတာကိုး။

အခုတော်တော်များများက စီးပွားရေးလုပ်ငန်းရှင် တော်တော်များက ရပ်နေကြတယ်၊ ရပ်တဲ့ဟာက သူက အခြေအနေကြည့်တယ်၊ အခြေအနေစောင့်မယ်၊ ဘာညာဆိုတာကို သူတို့ရဲ့ confidence ပေါ့၊ သူတို့ရဲ့ ယုံကြည်မှုတက်လာအောင် ဆရာတို့ ကြိုးစားရမှာပါဘဲ၊ အဲ့လိုကြိုးစားလိုက်ရင်တော့ ဆရာထင်တယ် ကိုယ်လိုချင်တဲ့ အဖြေတစ်ခုတော့ ရမယ်လို့ အောက်မေ့တာပါဘဲ။

Opinion Leaders Media  ။     ။ အကုန်လုံးပြန်ခြုံလိုက်ရင်တော့ အပေါင်းဘက်ကိုတော့ တော်တော်ရောက်နေပြီဆိုတဲ့ သဘောလား ဆရာ။

ဆရာ ဒေါက်တာအောင်ထွန်းသက်  ။     ။ အပေါင်းဘက်ကို ရောက်နေပြီလို့ တွက်ရမှာဘဲ ၂၀၁၉ မှာ အခုနက အခင်းအကျင်းတွေ ပြောင်းသွားပြီနော်၊ ဒီဘက်ကိုလည်း နိုင်ငံတော်က စီးပွားရေးကို ဦးစားပေး တစ်အနေနဲ့ စဉ်းစားတယ်လို့ ဆရာတို့ အားလုံးက ခံယူတယ်ဆိုရင်တော့ ဒါစီးပွားရေးအတွက် အလားအလာကောင်းတယ်၊ စီးပွားရေးအတွက် အလားအလာကောင်းသလို စောနက ပထမဦးဆုံး မေးခွန်းနဲ့ ပတ်သက်လို့ ငြိမ်းချမ်းရေးအတွက်လည်း အလားအလာကောင်းမှာပေါ့၊ ဟုတ်တယ်မလား၊ ဒီနှစ်ခုက ဆက်စပ်နေတာကိုး အဲဒီတော့ ငြိမ်းချမ်းရေးရဖို့ ဒီဘက်က စီးပွားရေးတက်တယ်၊ စီးပွားရေးတက်လို့ ငြိမ်းချမ်းရေးရတယ် ဆိုတာမျိုးကို ဖြစ်စေချင်တာပါဘဲ။         

အခုလို အချိန်ပေးပြီးဖြေကြားတဲ့အတွက် ကျေးဇူးတင်ပါတယ် ဆရာ။

ဒေါက်တာအောင်ထွန်းသက်
ဒီဇင်ဘာ - ၂၆

( Zawgyi )

မၾကာခင္က ျမန္မာႏိုင္ငံ၏ ႏိုင္ငံေရးႏွင့္ စီးပြားေရးတြင္ အေျခအေနေကာင္းတခ်ိဳ႕ ေပၚထြန္းလာသည္ကို ေတြ႕ရသည္။ျပည္ထဲေရး လက္ေအာက္မွ ေထြအုပ္ကို ဆြဲထုတ္ကာ သမၼတ႐ုံးလက္ေအာက္ ေ႐ႊ႕ထားမည့္ ကိစၥရပ္မ်ား၊ တပ္ဘက္က စစ္ဆင္ေရးနယ္ေျမ ၅ ခုတြင္ စစ္ဆင္ေရးဆိုင္ရာလႈပ္ရွားမႈ ရပ္ဆိုင္းသည့္ ေၾကညာခ်က္၊ စီးပြားေရးတြင္လည္း ႏိုဝင္ဘာလအတြင္း FDI ဝင္ေရာက္မႈ သန္း ၄၀၀ ေက်ာ္အထိ ျပန္တက္လာခဲ့သည္မ်ား ရွိခဲ့သည္။ထိုကဲ့သို႔ အလားအလာေကာင္းမ်ား ရွိသလို ဇီးပင္ႀကီးစစ္တမ္းမွ အစျပဳကာ တခ်ိဳ႕ဌာနမ်ားရွိ အတြင္းေရး ေဖာ္ထုတ္ခ်က္မ်ားလည္း ေပၚလာသျဖင့္ အရပ္သားအစိုးရ ႀကဳံေနရသည့္ အခက္အခဲမ်ားကို အမ်ားျပည္သူ သိခြင့္ရွိလာခဲ့သည္။ထိုအေျခအေနက လာမည့္သက္တမ္းအတြင္း ျမန္မာ့ၿငိမ္းခ်မ္းေရး၊ ျမန္မာ့စီးပြားေရးႏွင့္ အဂတိလိုက္စားမႈ တိုက္ဖ်က္ေရးတြင္ ပိုအားေကာင္းလာမည့္ အေျခအေန ရွိ/မရွိ၊ တရားဥပေဒစိုးမိုးမႈတြင္ ဘာေတြျဖစ္လာႏိုင္မႈရွိမလဲ ဆိုသည့္အေပၚ သမၼတ၏ စီးပြားေရးအႀကံေပးႏွင့္ စီးပြားေရးပညာရွင္လည္းျဖစ္သူ ဆရာ ေဒါက္တာေအာင္ထြန္းသက္ ကို Opinion Leaders Media မွ ဆက္သြယ္ေမးျမန္းခဲ့သည္။ဆရာ ေဒါက္တာေအာင္ထြန္းသက္ ၏ ရႈျမင္သုံးသပ္သည့္ ရႈျမင္ခ်က္အျပည့္အစုံကို ယခုတစ္ပတ္ အထူးအစီအစဥ္အျဖစ္ ေဖာ္ျပလိုက္ပါသည္။

(Opinion Leaders Media အယ္ဒီတာအဖြဲ႕)

Opinion Leaders Media  ။     ။ မၾကာေသးခင္က တပ္ဘက္က စစ္ဆင္ေရးရပ္လိုက္တယ္ ေျပာတယ္၊ စစ္နယ္ေျမငါးခု ေၾကညာလိုက္တာရွိတယ္၊ အဲ့ဒီထဲမွာေျမာက္ပိုင္းေဒသေတာ့ ပါတာရွိတယ္၊ အခုကာလမွာ တ႐ုတ္ဘက္ကေန ျမန္မာဘက္ကတင္တဲ့ ကုန္ေတြကို ကန႔္သတ္ထားတာ ေတာ္ေတာ္မ်ားတယ္၊ စီးပြားေရးမွာ ကုန္သြယ္မႈဟာ ေတာ္ေတာ္ေလး ထိုးက်သြားသလို ျဖစ္တဲ့အခါက်ေတာ့ ဒီထုတ္ျပန္ခ်က္ေၾကာင့္ မူဆယ္ထြက္ေပါက္အေနနဲ႔ စီးပြားေရးက ျပန္ေကာင္းလာႏိုင္မလား။

ဆရာ ေဒါက္တာေအာင္ထြန္းသက္ ။     ။ ဆရာတို႔ အခုျဖစ္ေနတာကဒီမွာ အမ်ားေျပာေနသလိုေပါ့၊ ၿငိမ္းခ်မ္းေရးနဲ႔ ဖြံ႕ၿဖိဳးမႈဟာ ခ်ိတ္ဆက္ေနတာေပါ့၊ ခ်ိတ္ဆက္ေနေတာ့ မၿငိမ္းခ်မ္းလို႔ မဖြံ႕ၿဖိဳး၊ မဖြံ႕ၿဖိဳးလို႔ မၿငိမ္း ဆိုတာက ဆရာတို႔ သံသရာလည္ေနတယ္။သံသရာလည္ေနတယ္ဆိုေတာ့ အပစ္အခတ္ရပ္စဲေရးကို အခုေျပာတာက ေလးလေပါ့။ေလးလရယ္ ေနာက္တစ္ခါ ဘယ္ေနရာေဒသဆိုတာကို သတ္မွတ္ထားတယ္ေပါ့ေလ၊ အဲဒီေတာ့ General ceasefire ေတာ့ မဟုတ္ေသးဘူး၊ ဘာပဲျဖစ္ျဖစ္ General ceasefire လုပ္ထားရင္ဆိုရင္ေတာ့ အဲဒီအေပၚမွာ ပိုၿပီးႀကိဳဆိုရမွာပါဘဲ။အဲဒီအေပၚမွာ မူတည္ၿပီးေတာ့ အက်ိဳးအျမတ္ေတြ ရ၊ မရ ဆိုတာကေတာ့ နည္းနည္းစမ္းသပ္ရမွာပါဘဲ။သူက General ceasefire လုပ္ထား႐ုံလို႔ ေျပာေပမယ့္ အပစ္အခတ္ရပ္တယ္။ဥပမာဆိုပါေတာ့ ဆရာတို႔ အခု အခက္အခဲအမ်ားဆုံး ျဖစ္ေနတာက ဒီဂိတ္ေတြေပါ့။ဂိတ္ေတြအဆင့္ဆင့္က ကုန္သြယ္မႈမွာ စီးဆင္းမႈမွာ အကန႔္အသတ္ျဖစ္တဲ့ ဂိတ္ေတြရွိတာေပါ့၊ အဲ့ဒီဂိတ္ေတြက ပြင့္ပြင့္လင္းလင္း လြယ္လြယ္ကူကူ သြားလို႔လာလို႔ရတယ္ ဆိုရင္ေတာ့ ဒါ အင္မတန္ကို ႀကိဳဆိုရမယ့္ ကိစၥပါ။

ဆရာကေတာ့ ဒီလိုေၾကညာလိုက္တာဟာ သိပ္ေကာင္းတာပါဘဲ။အခုလည္း ေတာင္းဆိုေနတာက ဒီေဒသေတြကို မကန႔္သတ္ဘဲနဲ႔ ႏိုင္ငံအႏွံ႔လုပ္ေပးပါ၊ တိုင္းရင္းသားေတြ လက္နက္ကိုင္အဖြဲ႕ေတြနဲ႔ ပတ္သက္တာေတြ အားလုံးကိုလည္း လုပ္ေပးပါလို႔ ေတာင္းဆိုတာေတြ ရွိပါတယ္။အမွန္ကေတာ့ ဒါအစလို႔ ေအာက္ေမ့တာပါပဲ။တစ္ခုရွိတာက ဒီဟာကို အခြင့္အေရးယူဖို႔လိုတယ္၊ တစ္ေယာက္နဲ႔ တစ္ေယာက္ နားလည္မႈွရွိတယ္၊ တစ္ေယာက္နဲ႔ တစ္ေယာက္ သံသယရွိတာကို ဒီကေနတစ္ဆင့္ သံသယေတြ ေလ်ာ့ႏိုင္ရင္ ကဲဟုတ္ၿပီ၊ ဒါဆိုရင္လည္း ဒီဘက္က ဘယ္လိုလုပ္ထားရင္ ဟိုဘက္က ဘယ္လိုတုန႔္ျပန္မလဲ ဒါလည္းလိုေသးတာကိုး။တုန႔္ျပန္မႈမရွိဘဲနဲ႔ ဟိုအျပန္အလွန္ေပါ့ေလ၊ Responsibility တာဝန္ယူမႈ၊ တာဝန္ခံမႈ မရွိရင္ေတာ့လည္း ဟိုလုပ္ခ်င္တာက တစ္ခု၊ ျဖစ္တာကတစ္မ်ိဳး ျဖစ္မွာဆိုးလို႔ ဆရာကေတာ့ ျဖစ္ေစခ်င္တယ္။

ဒီကေနတစ္ဆင့္ အပစ္အခတ္ရပ္စဲမႈေရး မူကေန အေျခခံၿပီးနည္းနည္း၊ ေၾကညာ႐ုံတင္ မဟုတ္ဘူးေနာ္ ႏွစ္ဘက္လုံးက ဒီသတ္မွတ္ထားတဲ့ အပစ္အခတ္ရပ္စဲမႈနဲ႔ မူေဘာင္အတြင္းကို လႈပ္ရွားႏိုင္ဖို႔ကလိုမယ္၊ နားလည္မႈကလည္း ရွိဖို႔လိုတယ္၊ ဘာျဖစ္လို႔လဲဆိုေတာ့ အခု ျပႆနာေတာ္ေတာ္မ်ားမ်ား ျဖစ္တာက Communication အားနည္းလို႔ေပါ့၊ ဥပမာ ဟိုဘက္က တပ္ေတြေ႐ႊ႕တာက ဒီဘက္က တပ္ေတြေ႐ႊ႕တာကို ႀကိဳတင္ေျပာပါလို႔ ေျပာတဲ့အခါမွာ ေျပာတာေတြ မေျပာတာေတြ ရွိေတာ့ နားလည္မႈေတြ လြဲေနတာေပါ့။အဲ့ေတာ့ နားလည္မႈလြဲတဲ့ အေပၚမွာ မူတည္ၿပီးေတာ့ ဒါထုံးစံအတိုင္းေပါ့၊ အားလုံးက မ်က္စိက စစ္ေရးရႈေထာင့္နဲ႔ ၾကည့္လို႔ရွိရင္ေတာ့ အားလုံးက အႏၲရာယ္ရွိတယ္လို႔ထင္ေတာ့ တစ္ဘက္နဲ႔ တစ္ဘက္ တုန႔္ျပန္ၾကတာပါပဲ။အဲ့လိုမဟုတ္ဘဲ ဒါေတြအားလုံးဟာ နားလည္မႈ ႀကိဳတင္ၿပီးယူထားဖို႔ လိုလိမ့္မယ္လို႔ ေအာက္ေမ့ပါတယ္။ ဒါေၾကာင့္လည္း ဆရာတို႔က JMC တို႔ ဘာတို႔ လုပ္ေနတာပဲေလ။

ဒါေတြ လုပ္ေတာ့လုပ္ေနတယ္ကြယ့္။လုပ္ေပမယ့္လည္း ကိုယ္ကလည္း ဆက္တိုက္လုပ္ေနသလို တစ္ဖက္ကလည္း လႈပ္ရွားေနတာလည္း ရွိေနေတာ့ အခုလို ဆရာျပန္စဥ္းစားၾကည့္ရင္ မေၾကညာတာထက္စာရင္၊ ေၾကညာတာက မေကာင္းဘူးလား၊ ေကာင္းတာေပါ့။ဟုတ္တယ္မလား၊ အဲဒီအေပၚမွာ မူတည္ၿပီး ေရရွည္ျဖစ္ေအာင္ ဆရာတို႔လုပ္ဖို႔လိုတယ္။ဒီေလးလကို ေလးလဆိုတာ ဘာေၾကာင့္ကန႔္သတ္လုပ္တာလဲ၊ ဟုတ္တယ္မလား ဒီေလးလအတြင္း ဘာေတြလိုခ်င္လဲ၊ ဘာေတြျဖစ္ေစခ်င္လဲဆိုတာကို တစ္ဖက္နဲ႔ တစ္ဖက္ နားလည္လို႔ရွိရင္ေတာ့ ဒီေလးလဟာ ေလးလမဟုတ္ဘူး၊ မဟုတ္ရင္ ဒီေလးလၿပီးရင္ ဘာလဲဆိုတာမ်ိဳး ေမးစရာ၊ ေမးခြန္းေတြ ရွိတာေပါ့ေနာ္။

Opinion Leaders Media ။     ။ ၿပီးခဲ့တဲ့ ေသာၾကာေန႔ေလာက္က ပုံမွန္သတင္းစာရွင္းလင္းပြဲမွာ ဦးေဇာ္ေဌး က ေျပာသြားတာရွိတယ္၊ ျပည္ထဲေရးဝန္ႀကီးဌာနကို သမၼတ႐ုံးေအာက္ကို ေ႐ႊ႕မယ္ဆိုတာ ေျပာသြားတယ္၊ ကာလသတ္မွတ္ခ်က္ေတာ့ မပါဘူး၊ ဘယ္ကာလထဲမွာဆိုတာ မပါဘူး၊ ဒီလိုမ်ိဳးေ႐ႊ႕လိုက္တဲ့အတြက္ကို ေနာက္အစိုးရလက္ထက္ တရားဥပေဒစိုးမိုးေရးနဲ႔ ပတ္သက္တဲ့ဟာ ဒါက ပိုအားေကာင္းလာႏိုင္လား၊ ေနာက္တစ္ခ်က္က အခုတေလာမွာ ဇီးပင္ႀကီးကိစၥလိုမ်ိဳးဟာေတြမွာ ဌာနေအာက္ ဝန္ႀကီးေတြ၊ ဒုဝန္ႀကီးေတြမသိဘဲ လုပ္ေဆာင္တဲ့ဟာကို ဒီလိုမ်ိဳး ေ႐ႊ႕ေျပာင္းလာတဲ့ဟာမ်ိဳးေတြမွာ ဘယ္လိုမ်ိဳးျဖစ္လာႏိုင္သလဲ၊ အစိုးရမသိဘဲ လုပ္ေနတဲ့ ကိစၥမ်ိဳးမွာ ျပတ္ျပတ္သားသား ကိုင္တြယ္ဖို႔ေတြ ျဖစ္လာႏိုင္မလား၊ တျခားဘာေတြျဖစ္လာႏိုင္မလဲ။

ဆရာ ေဒါက္တာေအာင္ထြန္းသက္ ။     ။ ဆရာတို႔ ဒါ ကိုယ္နားလည္တာေပါ့ေလ၊ အခု သူတို႔လုပ္တဲ့ ျပဳျပင္ေျပာင္းလဲမႈသည္ ေထြအုပ္ေပါ့၊ ဒီေထြအုပ္၊ ျပည္ထဲေရးဝန္ႀကီးဌာနမွာ က်န္တဲ့ဌာနေတြ အမ်ားႀကီးရွိတယ္၊ ဌာနေတြ အမ်ားႀကီးရွိေတာ့ ဌာနအမ်ားႀကီးထဲမွာ ရဲပါမယ္၊ အက်ဥ္းေထာင္ပါမယ္ စသျဖင့္ေပါ့ေနာ္၊ ဒါေပမယ့္ အဲ့ဲအထဲမွာ တကယ္တမ္း ဆရာတို႔ အခုနက ျပည္သူ႔ေရးရာ စီမံခန႔္ခြဲမွႈနဲ႔ တိုက္႐ိုက္ပတ္သက္တာက ေထြအုပ္ေပါ့။ေထြအုပ္ဆိုတာ ဆရာတို႔ ငယ္ငယ္တုန္းက အေရးပိုင္တို႔ တိုင္းမင္းႀကီးတို႔ ေနာက္တစ္ခါ ဟိုေအာက္ဆုံးဆိုရင္ ၿမိဳ႕အုပ္တို႔ေပါ့ေနာ္ ဆိုေတာ့ ေထြအုပ္သည္ တကယ္တမ္းေတာ့အေျခခံ ကိုယ့္ႏိုင္ငံရဲ႕ အုပ္ခ်ဳပ္မႈမ႑ိဳင္သည္ ဘာလဲလို႔ေျပာရင္ ေထြအုပ္ျဖစ္တာကိုး။public administration မွာ သူတို႔သည္ အဓိကဘဲ ဘာေၾကာင့္လဲဆိုေတာ့ တိုင္းမင္းႀကီးေပါ့၊ အရင္တုန္းကေတာ့ တိုင္းမင္းႀကီးေပါ့၊ အခုလည္း တိုင္းမင္းႀကီးလို႔ေခၚတယ္။ေထြအုပ္ေတြအားလုံးဟာ ေထြအုပ္ကေနတစ္ဆင့္ ခ႐ိုင္ဝန္၊ ခ႐ိုင္ဝန္ကေနတစ္ဆင့္ ၿမိဳ႕ဝန္ ဒါေတြျဖစ္တာေတြသည္ အုပ္ခ်ဳပ္ေရးတစ္ခုလုံးကို ကိုင္တြယ္တာ သူတို႔ဘဲ ကိုယ္တြယ္တာကိုး။ဥပမာ - တိုင္းေဒသႀကီးေတြမွာဆိုရင္ ဝန္ႀကီးခ်ဳပ္၊ တိုင္းေဒသႀကီး ဝန္ႀကီးခ်ဳပ္ေတြ သူ႔ဟာနဲ႔သူ အုပ္ခ်ဳပ္ေနတယ္ ဆိုေပမယ့္ ဒီတိုင္းေဒသႀကီးတစ္ခုလုံးရဲ႕ ဒီစီမံခန႔္ခြဲမႈကို ဘယ္သူက တာဝန္ယူလဲဆိုေတာ့ ေထြအုပ္က တာဝန္ယူတယ္၊ ေထြအုပ္က တာဝန္ယူေတာ့ ဥပမာဆိုပါေတာ့ ရပ္ကြက္ ေက်း႐ြာက အစ၊ ဝန္ထမ္းေတြက အဆုံး ေထြအုပ္ တာဝန္ယူေတာ့ အရင္တုန္းက ေထြအုပ္သည္ ဘယ္ေအာက္မွာရွိလဲဆိုေတာ့ ျပည္ထဲေရးဝန္ႀကီး ေအာက္မွာဘဲ ရွိတယ္ဆိုေတာ့ ေထြအုပ္ရဲ႕ constitution ေပါ့။

၂၀၀၈ ဖြဲ႕စည္းပုံအရ ဝန္ႀကီးဌာနသုံးခုဟာ သမၼတေအာက္မွာ တိုက္႐ိုက္မရွိဘူးေလ။အဲဒီေတာ့ ျပည္ထဲေရးဝန္ႀကီးရယ္၊ ကာကြယ္ေရးဝန္ႀကီးရယ္၊ နယ္စပ္ဝန္ႀကီးရယ္ဆိုေတာ့ အခုလို ျပည္ထဲေရးဝန္ႀကီးဌာန တစ္ခုလုံး မဟုတ္ဘူးေနာ္၊ လြဲသြားမွာစိုးလို႔။ျပည္ထဲေရးဝန္ႀကီးဌာနမွာရွိတဲ့ ဌာနႀကီးတစ္ခုေပါ့ေလ၊ အဲ့ဒါကေတာ့ ေထြအုပ္ေပါ့ေလ၊ ေထြအုပ္ကို သမၼတ႐ုံးဝန္ႀကီးအသစ္ေအာက္မွာ ထည့္တာကေတာ့ တိုက္႐ိုက္ သမၼတက အုပ္ခ်ဳပ္တဲ့ပုံစံဆိုတဲ့ သ႐ုပ္ေဆာင္ႏိုင္တဲ့ အေနအထားေပါ့။အဲဒီလိုဆိုရင္ေတာ့ ဒါေတြအားလုံးဟာ တကယ့္ သမၼတဆီကေန တိုက္႐ိုက္စီးဆင္းလာတယ္ ဆိုတဲ့ဟာေပါ့။

အခုထိ ဆရာတို႔ ေၾကညာတာဘဲ ရွိေသးတာကိုး။နံပါတ္တစ္ လုပ္မယ္ဆိုရင္ ဘယ္လိုလုပ္ၾကမလဲ၊ ဟုတ္တယ္မလား၊ ေတာ္ေတာ္မ်ားမ်ား ေထြအုပ္ကလည္း သိတဲ့အတိုင္း ေထြအုပ္က တစ္ခ်ိန္က တပ္မေတာ္မွာ တာဝန္ယူထားတဲ့သူေတြေလ။သူတို႔ နားလည္တဲ့ပုံစံက တစ္ခုေပါ့ေလ။အဲ့လို တစ္ခုျဖစ္တဲ့အခါက်ေတာ့ သူတို႔ကို အခုလို သမၼတ႐ုံး ဝန္ႀကီး႐ုံးေအာက္မွာ ေထြအုပ္ကို တန္းထားမယ္လို႔ အႀကံျပဳတာသည္ ဘယ္လိုလက္ေတြ႕မွာ အေကာင္အထည္ေဖာ္ၾကမလဲေနာ္။ဘာေၾကာင့္လဲဆိုေတာ့ သူတို႔ရဲ႕ reporting လိုင္းက သတင္းပို႔တာက အရင္တုန္းကဆိုရင္ သူတို႔ ေထြအုပ္ တိုင္းမင္းႀကီးေတြအားလုံး ေတာက္ေလွ်ာက္ ဆရာတို႔ ျပည္နယ္တိုင္းေဒသႀကီး အစိုးရအဖြဲ႕ေတြရဲ႕ အတြင္းေရးမႉးဟာ ေထြအုပ္၊ တိုင္းမင္းႀကီးေလ။သူတို႔ၾသဇာခံတာ လိုင္းက ႏွစ္ခုၾသဇာခံေနတယ္၊ တစ္ခုက သူတို႔တိုက္႐ိုက္ သက္ဆိုင္ရာ တိုင္းေဒသႀကီး၊ ျပည္နယ္ ဝန္ႀကီးခ်ဳပ္ကို ၾသဇာခံသလို၊ ဒုတိယေထြအုပ္အေနနဲ႔ ျပည္ထဲေရးဝန္ႀကီးကို တိုက္႐ိုက္ၾသဇာခံတယ္၊ အခုေတာ့ ၾသဇာခံမႈက ျပည္ထဲေရးဝန္ႀကီး မဟုတ္ေတာ့ဘဲနဲ႔ ဒီ သမၼတ႐ုံးဝန္ႀကီး ၾသဇာခံတဲ့အခါက်ေတာ့ ဘယ္လိုလုပ္ၾကမလဲ အဲ့ဒါစဥ္းစားၾကရမွာပါ၊

ဟုတ္တယ္ေနာ္ဆိုေတာ့ ဒီဝန္ႀကီးဌာန၊ ျပည္ထဲေရးဝန္ႀကီးဌာနမွာရွိတဲ့ ဌာနႀကီးေတြထဲမွာ အင္မတန္အေရးႀကီးတဲ့ ေထြအုပ္ကို၊ ဒီသမၼတ႐ုံးဝန္ႀကီးေအာက္မွာ ထားတာဆိုေတာ့ ဒါတိုးတက္တဲ့ေျပာင္းလဲမႈတစ္ခုဘဲ၊ ေစာနကေျပာတဲ့ ဆရာတို႔ ဝန္ထမ္းတကၠသိုလ္ကိစၥ။ဟုတ္တယ္မလား။ဝန္ထမ္းတကၠသိုလ္ ဆိုတာကလည္း တကယ္တမ္းေတာ့ ေစာနကေျပာသလို နည္းနည္းေလး ခ်ိတ္ဆက္ေနတာကိုး၊ အစိုးရဝန္ထမ္းေတြအားလုံးဟာ ကိုယ္ ကိုယ္တိုင္လည္း ေဖာင္ႀကီးမွာ သင္ခဲ့တဲ့သူေလ၊ ဆရာတို႔တုန္းကေတာ့ ေဖာင္ႀကီးက တစ္ခုတည္းရွိတာ အခုေတာ့ႏွစ္ခုရွိတာကိုး၊ ဗဟိုဝန္ထမ္းတကၠသိုလ္ ရွိတာကိုး၊ အဲ့ဒါေတြအားလုံးဟာလည္း အခု ဆရာတို႔နားလည္တာက ဒီကေလးေျပာတဲ့ကိစၥဟာ မွန္၏၊ မမွန္၏။မွန္တယ္၊ မမွန္တယ္ ဆိုတာကို စိစစ္ဖို႔လိုတယ္ေလ၊ ဟုတ္တယ္မလား။ဒီအတိုင္း ဆရာတို႔မွာလည္း ေက်ာင္းေတြမွာလည္း တကၠသိုလ္ေတြမွာလည္း သင္တဲ့သူေတြက သင္႐ိုးၫႊန္းတန္း ရွိရမယ္ေလ၊ သင္႐ိုးၫႊန္းတန္းရွိၿပီးေတာ့ အဲ့ေဘာင္အတြင္းမွာ သင္ရမယ္၊ မဟုတ္ဘဲနဲ႔ ကိုယ့္ဆႏၵ ကိုယ့္သေဘာနဲ႔ သြားသင္ရင္ ေတာ္ေတာ္ခက္တယ္။

အခုၾကည့္ရတာက ေဝဖန္တာတို႔ ဘာညာတို႔ကိုေတာ့ ၾကားရတာေပါ့ေလ၊ ကိုယ္လည္း အေသးစိတ္ေတာ့ မသိဘူး။သူေျပာတဲ့အတိုင္း လုပ္ေနတာကေတာ့ ျပႆနာက ဘာလဲဆိုရင္ ဗဟိုဝန္ထမ္းတကၠသိုလ္ရဲ႕ အေျခခံျပႆနာဘဲ။ဆရာတို႔ အစတည္းကေျပာတယ္။ကိုယ္က ၈၉/၉၀/၉၁/၉၂ မွာ ေဖာင္ႀကီးနဲ႔ ပတ္သက္ခဲ့တဲ့သူမို႔ ဒီဟိုတုန္းက ေဖာင္ႀကီးကို ဆရာတို႔လုပ္တာက ဆရာတို႔ ဘယ္၊ ညာ ေမာင္းတဲ့စနစ္ကို က်င့္သုံးတယ္။အစိုးရဝန္ထမ္းေတြအားလုံးကို တပ္ထဲထည့္တဲ့ ပုံစံမ်ိဳးနဲ႔လုပ္တာ၊ ဒီသေဘာပါဘဲ။အဲ့ဒါကေန ဘယ္အထိေတာင္ ျဖစ္သြားလဲဆိုရင္ ဆရာတို႔ လုပ္တဲ့အခ်ိန္မွာ ဆရာက က်န္းမာေရးနဲ႔ ပညာေရး တာဝန္ယူတဲ့အခ်ိန္မွာ အဲဒီဝန္ထမ္းေတြကို သင္တန္းေပးတဲ့အခါမွာ ဆရာဝန္ႀကီးေတြေရာ၊ ပါေမာကၡေတြ အားလုံးကိုေရာ ညီတူမွ်တူ သေဘာမ်ိဳးနဲ႔ သူတို႔က ဘယ္ညာေမာင္းခိုင္းတာ။ဘယ္၊ ညာ ေမာင္းခိုင္းတာက က်န္းမာေရးအတြက္ လုပ္တာက တစ္ပိုင္း၊ သူတို႔နဲ႔ ယဥ္ေက်းမႈက လုံးဝမတူဘူးေလ။

သူတို႔ ေက်ာင္းဆရာတစ္ေယာက္ကို ဘယ္၊ ညာ ေမာင္းခိုင္းလို႔ ေသနတ္ေတြ ထမ္းခိုင္းဖို႔က ဒါဟာ အလြန္ခက္တဲ့ကိစၥပါ။ဒါေပမယ့္ ဒီဘက္ပိုင္းမွာေတာ့ မလုပ္ေတာ့ဘူးလို႔ၾကားတယ္၊ ဒီယူနီေဖာင္းေတာင္ ေပးမဝတ္ေတာ့ဘူး။သို႔ေသာ္လည္း ပုံစံႀကီးက အ႐ုပ္ပုံစံႀကီး ျဖစ္ေနတယ္။အဲဒီေတာ့ ဒီဝန္ထမ္းတကၠသိုလ္သည္ တစ္ကမာၻလုံးမွာ ႏိုင္ငံတိုင္းမွာ ဝန္ထမ္းတိုင္းမွာ ဝန္ထမ္းတကၠသိုလ္ဆိုတာ အေရးႀကီးတယ္။ဥပမာ - ဆရာတို႔ အရင္တုန္းက အတုယူတယ္၊ ဦးသိန္းစိန္ လက္ထက္တုန္းကလည္း အတုယူတယ္။အဲ့ဒါက ဘာလဲဆိုရင္ ဆရာတို႔ အိမ္နီးနားခ်င္း ျပည္သူ႔ဝန္ထမ္းေကာလိပ္မွာ အေကာင္းဆုံးက စင္ကာပူပဲ။အဲဒီေတာ့ သူတို႔ဆီမွာက်ေတာ့ သူတို႔ဆီမွာ လုပ္တာေတြသည္ အားလုံးက တကယ့္ထူးခြၽန္တဲ့သူေတြကို ေမြးထုတ္တာ။

သူတို႔ရဲ႕ဝန္ထမ္းတကၠသိုလ္က ထူးခြၽန္တဲ့သူေတြကို ေမြးထုတ္ေတာ့ ခင္ဗ်ားတို႔လည္း ေျပာေနတဲ့ လူတစ္ေယာက္က အရည္အခ်င္းပဲ၊ အသက္နဲ႔ လုံးဝမဆိုင္ဘူး။အဲဒီေတာ့ သူတို႔ဆီမွာက ဘာျဖစ္လဲဆိုရင္ ၫႊန္မႉးေတြအားလုံး တစ္ႏွစ္တစ္ခါ ျမန္မာျပည္ကို ပို႔လိုက္တယ္၊ ပို႔လိုက္တဲ့သူေတြ အားလုံးဟာ ဆရာတို႔သင္တန္း လာပို႔လို႔ရွိရင္ ဒီအာဆီယံႏိုင္ငံေတြကို လာပို႔ရင္ သူတို႔ေတြဟာ ဆရာတို႔ ၃၅ ႏွစ္ေလာက္ဆို ဒါ႐ိုက္တာေတြ ျဖစ္ေနၿပီ၊ ၫႊန္ၾကားေရးမႉးေတြ ျဖစ္ေနၿပီ၊ သူတို႔က ေတာ္တဲ့ေကာင္ေတြကို ေ႐ြးထုတ္တာကိုး။ဆရာတို႔ဆီမွာ ေတာ္တာမ်ိဳး မဟုတ္ဘူး၊ အသက္နဲ႔ မူတည္ၿပီး သြားဆုံးျဖတ္တာ။အဲဒီေတာ့ ဆရာတို႔ဆီမွာ ၫႊန္ခ်ဳပ္၊ ပါခ်ဳပ္တို႔ ဆိုတာကလည္း ပင္စင္ရခါနီးမွ ၫႊန္ခ်ဳပ္ျဖစ္တယ္။အဲဒီေတာ့ ပါေမာကၡခ်ဳပ္ဆိုလည္း မေန႔က ဆရာတို႔ ကန္ေတာ့ပြဲမွာ ကိုယ့္တပည့္ေတြဆိုလည္း ပါေမာကၡခ်ဳပ္ဆို ဘယ္ေလာက္လဲဆိုရင္ ၅၈ ႏွစ္။သူ႔မွာ လုပ္စရာက ႏွစ္ႏွစ္ဘဲက်န္တယ္။အဲဒီေတာ့ ဒါေတြအားလုံးက ဆရာတို႔ဆီမွာ အသက္နဲ႔ဆုံးျဖတ္လိုက္တာကိုး။

ဝန္ထမ္းေရးရာနဲ႔ ပတ္သက္လို႔ တကယ္တမ္းေတာ့ အရည္အခ်င္းနဲ႔ ဆုံးျဖတ္ရမွာ ဟုတ္တယ္မလား။အဲဒီေတာ့ သုံးဆယ္၊ ေလးဆယ္ေတြ အားလုံးကို ဆရာကေတာ့ ဌာနအႀကီးအကဲေတြ ျဖစ္ေစခ်င္တာ။အဲဒီအခါက်မွ သူ ေလး၊ ငါး၊ ဆယ္ႏွစ္ သူလုပ္ႏိုင္မွာေလ။အခုေတာ့ ဆရာတို႔ ပင္စင္ရခါနီးမွ ဌာနအႀကီးအကဲျဖစ္ေတာ့ သူ႔မွာ လုပ္ရကိုင္ရ အေတာ္ခက္တယ္ေလ၊ သူလုပ္ရင္လည္း ခဏဘဲေလ ဟိုေလ အာဂႏၲဳကိုး။သူ႔ကိုလည္း ေအာက္ကလူေတြက ဘာမွမေလးစား။ဒီေကာင္ႀကီး ဘယ္ေလာက္လုပ္လုပ္ တစ္ႏွစ္ဘဲခံမယ့္ေကာင္၊ ႏွစ္ႏွစ္ဘဲခံမယ့္ေကာင္၊ တစ္ႏွစ္ကို သည္းခံလိုက္မယ္။အခ်ိန္တန္လည္း သူက သြားရေတာ့မွာဆိုတာ သိေနေတာ့။တကယ္တမ္းေတာ့ ငါးႏွစ္ေလာက္၊ ဆယ္ႏွစ္ေလာက္ဆိုတဲ့ ေကာင္က်ေတာ့ နည္းနည္းေလးေၾကာက္တယ္ေလ၊ ဟုတ္တယ္မလား၊ ဒီေကာင္ရွိေနတယ္၊ သူ႔ကို ဟိုဝွာျဖစ္မွ မဟုတ္ရင္ေတာ့ တို႔ဒုကၡေရာက္မယ္၊ အမွန္ကေတာ့ အဲ့ဒါေလးျပင္ဖို႔ေကာင္းတယ္ ထင္တယ္။

အခုက ဆရာတို႔ lecture ပုံစံက အစပါ့ေလ အစီအစဥ္အဆုံး၊ ဆရာတို႔ ဟိုတုန္းကေတာ့ ေျပာခဲ့တယ္ကြယ့္၊ ေျပာခဲ့တာက ကိုယ္လည္း စခဲ့တာပါပဲ၊ သင္ပုံ၊ သင္နည္းေတြကအစ ပုံစံတစ္မ်ိဳး သင္ရေအာင္၊ သင္႐ိုးၫႊန္းတန္းတင္မကဘူး၊ သင္တဲ့ပုံစံေပါ့၊ အခုကေတာ့ ဆရာေအာက္ေမ့တာက public administration ေပါ့ေလ၊ ကိုယ္က စီးပြားေရးတကၠသိုလ္မွာ MPA သင္ေနတဲ့သူ။
တကယ္တမ္းေတာ့ public administration က တကယ့္ကို လြတ္လြတ္လပ္လပ္ စဥ္းစားတတ္တဲ့ ေတြးေခၚတတ္တဲ့ တီထြင္တတ္တဲ့ ဦးစီးတတ္တဲ့လူေတြကို ေမြးထုတ္ရမွာေလ။အခုေတာ့ ပုံစံသြင္းေကာင္ကို သြားၿပီးလုပ္လိုက္ေတာ့ ဒီအထဲမွာဆိုးတာက သူတို႔ေျပာတဲ့အတိုင္းဆိုရင္ သင္တဲ့ဆရာေတြက ဘယ္ကဟာေတြမွန္း မသိဘူးေနာ္၊ ေနာက္တစ္ခါ ပုံစံေတြက တစ္မ်ိဳးႀကီးေပါ့ကြယ္၊ ဒါေတြကေတာ့ သူေျပာတာကိုး၊ ေျပာတဲ့သူဘဲ အျပစ္ျဖစ္ေနတယ္ ထင္တယ္၊ ၾကည့္ရတာေလ။

အဲဒီေတာ့ တို႔ဆီကလည္း ေတာ္ေတာ္ခက္တာ ေျပာတဲ့သူကမေနသာလို႔ ေျပာတာကို အျပစ္ယူတယ္ ဆိုရင္ေတာ့ ဘယ္လိုလုပ္ၾကမလဲ ဒါဟုတ္တယ္မလား။တကယ္တမ္းေတာ့ ဒီတကၠသိုလ္ႀကီးဆိုတာက တကယ္ကို အေရးႀကီးတာ။အဲဒီေတာ့ တကၠသိုလ္ႀကီးလို႔ေျပာရင္ တကၠသိုလ္ႀကီးက တကယ္ကို independent ေပါ့ေနာ္၊ သူ႔ဟာနဲ႔သူ ပါခ်ဳပ္နဲ႔ သူ႔ဟာနဲ႔သူ ပါေမာကၡနဲ႔ သူ႔ဟာနဲ႔သူ သင္႐ိုးၫႊန္းတန္းေတြ ေရးဆြဲၿပီးေတာ့ တကယ့္ကို တိုင္း ျပည္ရဲ႕ ျပည္သူ႔ေရးရာနဲ႔ ပတ္သက္လို႔ အထူးခြၽန္ဆုံးသူေတြကို အခုဆိုရင္ စင္ကာပူတို႔၊ ဘာတို႔ဆိုရင္ အဲ့ဒါေတြကို သီးျခားေမြးထုတ္တာကိုး သူတို႔ဆီက တက္လာတဲ့သူေတြဆိုရင္ ေဒါင္ေဒါင္ျမည္ဘဲေလေနာ္။

အဲဒီလိုျဖစ္ေအာင္ ဆရာတို႔ ဘယ္လိုလုပ္ၾကမလဲ၊ တကယ္တမ္းေတာ့ ကိုယ့္ဆီမွာ တကယ္တမ္းေတာ့ မရွိၾကတာ မဟုတ္ဘူးကြယ့္။တို႔ဆီမွာက ျပည္သူ႔အုပ္ခ်ဳပ္ေရးနဲ႔ ပတ္သက္လာရင္ RCS ေပါ့၊ ေနာက္တစ္ခါ လြတ္လပ္ေရးၿပီးတဲ့အခါမွာ BCS ေပါ့၊ ဒီလူေတြဟာ တကယ္ကို ေတာ္တဲ့ေကာင္ေတြ။ဟုတ္တယ္မလား။လုံးဝကို ေျခဖ်ားမမီတဲ့ေကာင္ေတြကို အဲ့လိုလုပ္လိုက္တဲ့အခါက်ေတာ့၊ တစ္ခုရွိတာက ေတာ္လွန္ေရးေကာင္စီ လက္ထက္မွာ ဒါေတြ ဗ်ဴ႐ိုကရက္ေတြ ဘာေတြကို ဖ်က္လိုက္တယ္။ဖ်က္လိုက္ေတာ့ အဲ့ဒီ ၆၂ ခုႏွစ္တည္းကစၿပီး ျပည္သူ႔ဝန္ထမ္းနဲ႔ ပတ္သက္တာေတြအားလုံး ပ်က္သြားတယ္။ပ်က္သြားတဲ့အျပင္ကို ေနာက္တစ္ခုက ဘာလဲဆိုရင္ မိုးက်ေ႐ႊကိုယ္ေတြ ဝင္လာတယ္၊ ဟိုဘက္က အေျခအေနမေကာင္းတဲ့သူေတြ အားလုံး ဒီဘက္ေ႐ႊ႕လိုက္တာကိုး၊ ဟုတ္တယ္မလား။ညံ့တဲ့ေကာင္ေတြ ဒီဘက္ေ႐ႊ႕ေတာ့ ဘယ္လိုလုပ္ၾကမလဲ၊ ေတာ္တဲ့ေကာင္ေတြ တစ္ေနရာထား၊ ညံ့တဲ့ေကာင္ေတြ ဒီဘက္ေ႐ႊ႕ဆိုေတာ့ ဒီဘက္ကဟာက တကယ္အထူးအခြၽန္ဆုံး ေကာင္ေတြကို ဒီမွာထားရမွာေလ ဟုတ္တယ္မလား။

ဒါ ျပည္သူအားလုံးနဲ႔ ထိေတြ႕တဲ့ဟာက အခုနကေျပာသလို ေထြအုပ္က အဓိကဘဲ။အဲဒီေတာ့ ဒါေတြကို ျပန္ျပင္ဖို႔ေတာ့ လိုလိမ့္မယ္လို႔ ေအာက္ေမ့တယ္။ဒါေတြက အခုနကဟာ ႏွစ္ခုလုံးနဲ႔ေတာ့ ဆက္စပ္ေနတာပါ။

Opinion Leaders Media  ။     ။ ဒီေန႔ ေဒၚေအာင္ဆန္းစုၾကည္ က ဒလတံတား ေဆာက္ဖို႔အတြက္ ပႏၷက္ခ်တာေတြ။အေရွ႕ရက္မွာ ေထြအုပ္ကို ျပည္ထဲေရးက ေျပာင္းလိုက္တာလည္းရွိတယ္၊ စစ္ဆင္ေရး ေလးလရပ္တာေတြလည္း ရွိတယ္၊ ေနာက္ DICA ကေန ထုတ္ျပန္တဲ့ ေအာက္တိုဘာလမွာ  FDI က ၃၇ သန္းပဲ ရွိတယ္၊ FDI ဝင္တာက ႏိုဝင္ဘာလမွာက်ေတာ့ သန္း ၄၀၀ ေက်ာ္ ေတာ္ေတာ္ႀကီးကို ခုန္တက္သြားတယ္၊ ဒါ ေဒၚေအာင္ဆန္းစုၾကည္ စင္ကာပူမွာ ရင္းႏွီးျမႇဳပ္ႏွံမႈေတြကို ျပန္ၿပီးဖိတ္ေခၚတာေတြ၊ ဖိတ္ေခၚၿပီး ေနာက္ပိုင္းမွာ ဒီေလာက္အထိ တိုးတက္လာတာဟာ မူဝါဒေတြ ေျပာင္းလဲတာေၾကာင့္လား၊ ဒီအေျခအေနေၾကာင့္  ၂၀၁၉ ထဲကို ဝင္တဲ့အခါ ျမန္မာျပည္ရဲ႕ စီးပြားေရးလုပ္မႈကိုင္မႈက ပိုၿပီးေတာ့ အခြင့္အလမ္းသာလာႏိုင္မလား။

ဆရာ ေဒါက္တာေအာင္ထြန္းသက္ ။     ။ အဓိကေတာ့ ဆရာတို႔ အစတည္းကေပါ့ေလ၊ FDI ကို ပုံစံအမ်ိဳးမ်ိဳးနဲ႔ ႀကိဳဆိုခဲ့တာ၊ ႀကိဳဆိုခဲ့တဲ့အခါက်ေတာ့ ဒီႏိုင္ငံတကာကို သူကိုယ္တိုင္သြားၿပီးေတာ့ ဖိတ္ေခၚတယ္၊ ဂ်ပန္က အစ စင္ကာပူအစ ရွိတာေတြ။နီေပါေတာင္ သြားတာဘဲဆိုေတာ့ ဒီဟာေတြရဲ႕ ရလဒ္လည္းရွိတယ္၊ ဒီဘက္က ဥပေဒသစ္ေတြကလည္း လုပ္တယ္၊ ၿပီးေတာ့ ဝန္ႀကီးဌာန အသစ္တစ္ခုေပါ့ေလ၊ ရင္းႏွီးျမႇပ္ႏွံမႈ ဝန္ႀကီးဌာနေတြဆိုေတာ့ ဒါေတြအားလုံး ေပါင္းလိုက္တဲ့ ရလဒ္လို႔ေတာ့ ေအာက္ေမ့တယ္။ဒါေပမဲ့ အခုကိန္းဂဏန္းေတြဟာ ကတိျပဳတဲ့ ကိန္းဂဏန္းမဟုတ္ဘဲ၊ တကယ့္ကို ရင္းႏွီးျမႇပ္ႏွံတဲ့ ကိန္းဂဏန္းျဖစ္ဖို႔ လိုတယ္ေလ၊ ဟို ဆရာတို႔ ေတာ္ေတာ္မ်ားမ်ား ေတာက္ေလွ်ာက္ျဖစ္ခဲ့တာက ကတိျပဳခဲ့တဲ့ပုံစံကို အေျခခံထားတာကိုး၊ အဲဒီေတာ့ တကယ္ ရင္းႏွီးတယ္၊ မရင္းႏွီးဘူး ဆိုတာကို ေနာက္ပိုင္းမွာ သိရမွာေလ။ဘာပဲျဖစ္ျဖစ္ ကိန္းဂဏန္းေတြ တက္လာတာဟာ ဆရာတို႔ ဝမ္းသာစရာပါဘဲ။

ဥပေဒသစ္၊ ရင္းႏွီးျမႇပ္ႏွံမႈကုမၸဏီ ဥပေဒေၾကာင့္ အဲဒါ။ဒီဘက္ကေတာ့ေလ တစ္ခုကရွိတာက ႏိုင္ငံေတာ္အစိုးရက စီးပြားေရးကို အခု ဒီဘက္ကို မ်က္ႏွာအာ႐ုံစိုက္ေနၿပီ ဆိုတာကေတာ့ ေသခ်ာတယ္ေလ။အဲဒီအာ႐ုံစိုက္မႈကိုေတာ့ အခ်ိန္ယူရမွာပါဘဲ။ဒါေပမယ့္ တစ္ဖက္က ဆရာစဥ္းစားတာက ႏိုင္ငံျခားရင္းႏွီးျမႇပ္ႏွံမႈေတြကို ႀကိဳဆိုတဲ့ဟာကို ဆရာတို႔ အာ႐ုံစိုက္သလို ျပည္တြင္းလုပ္ငန္းရွင္ေတြကိုလည္း အားေပးမွရမယ္ ထင္တယ္။ဟန္ခ်က္ညီဖို႔လိုတယ္ ႏိုင္ငံျခားရင္းႏွီးျမဳပ္ႏွံမႈေတြကို အတင္းႀကိဳဆိုၿပီးေတာ့ ကိုယ့္ဆီက လူေတြကို အားမေပးႏိုင္ရင္လည္းဘဲ ဒါဆရာတို႔ စိန္ေခၚမႈေတြ ရွိႏိုင္တယ္ေလ။အဲဒီေတာ့ ကိုယ့္ဆီမွာလည္းလုပ္ တစ္ဖက္ကအားေပး၊ ႏိုင္ငံျခားသားေတြလည္း ဒီမွာ ကိုယ့္ႏိုင္ငံမွာရင္းႏွီး လြယ္လြယ္ကူကူ ရင္းႏွီးႏိုင္ေအာင္ ဆရာတို႔ ဖန္တီးေပးရင္ေတာ့ စီးပြားေရးအရ ရင္းႏွီးျမႇပ္ႏွံမႈကို အေျခခံရတာကိုး။

အခုေတာ္ေတာ္မ်ားမ်ားက စီးပြားေရးလုပ္ငန္းရွင္ ေတာ္ေတာ္မ်ားက ရပ္ေနၾကတယ္၊ ရပ္တဲ့ဟာက သူက အေျခအေနၾကည့္တယ္၊ အေျခအေနေစာင့္မယ္၊ ဘာညာဆိုတာကို သူတို႔ရဲ႕ confidence ေပါ့၊ သူတို႔ရဲ႕ ယုံၾကည္မႈတက္လာေအာင္ ဆရာတို႔ ႀကိဳးစားရမွာပါဘဲ၊ အဲ့လိုႀကိဳးစားလိုက္ရင္ေတာ့ ဆရာထင္တယ္ ကိုယ္လိုခ်င္တဲ့ အေျဖတစ္ခုေတာ့ ရမယ္လို႔ ေအာက္ေမ့တာပါဘဲ။

Opinion Leaders Media  ။     ။ အကုန္လုံးျပန္ၿခဳံလိုက္ရင္ေတာ့ အေပါင္းဘက္ကိုေတာ့ ေတာ္ေတာ္ေရာက္ေနၿပီဆိုတဲ့ သေဘာလား ဆရာ။

ဆရာ ေဒါက္တာေအာင္ထြန္းသက္  ။     ။ အေပါင္းဘက္ကို ေရာက္ေနၿပီလို႔ တြက္ရမွာဘဲ ၂၀၁၉ မွာ အခုနက အခင္းအက်င္းေတြ ေျပာင္းသြားၿပီေနာ္၊ ဒီဘက္ကိုလည္း ႏိုင္ငံေတာ္က စီးပြားေရးကို ဦးစားေပး တစ္အေနနဲ႔ စဥ္းစားတယ္လို႔ ဆရာတို႔ အားလုံးက ခံယူတယ္ဆိုရင္ေတာ့ ဒါစီးပြားေရးအတြက္ အလားအလာေကာင္းတယ္၊ စီးပြားေရးအတြက္ အလားအလာေကာင္းသလို ေစာနက ပထမဦးဆုံး ေမးခြန္းနဲ႔ ပတ္သက္လို႔ ၿငိမ္းခ်မ္းေရးအတြက္လည္း အလားအလာေကာင္းမွာေပါ့၊ ဟုတ္တယ္မလား၊ ဒီႏွစ္ခုက ဆက္စပ္ေနတာကိုး အဲဒီေတာ့ ၿငိမ္းခ်မ္းေရးရဖို႔ ဒီဘက္က စီးပြားေရးတက္တယ္၊ စီးပြားေရးတက္လို႔ ၿငိမ္းခ်မ္းေရးရတယ္ ဆိုတာမ်ိဳးကို ျဖစ္ေစခ်င္တာပါဘဲ။         

အခုလို အခ်ိန္ေပးၿပီးေျဖၾကားတဲ့အတြက္ ေက်းဇူးတင္ပါတယ္ ဆရာ။

ေဒါက္တာေအာင္ထြန္းသက္
ဒီဇင္ဘာ - ၂၆