【 နိုင်ငံတကာ သတင်းဆောင်းပါး 】 ဘော်လတွန် နုတ်ထွက်ခြင်းသည် မူဝါဒပြောင်းလဲမှုမဟုတ်

【 နိုင်ငံတကာ သတင်းဆောင်းပါး 】 ဘော်လတွန် နုတ်ထွက်ခြင်းသည် မူဝါဒပြောင်းလဲမှုမဟုတ်

ကိုရီးယား ဒီမိုကရက်တစ် ပြည်သူ့သမ္မတနိုင်ငံအပေါ် ဖိအားပေးခြင်းနှင့် အီရန်ခေါင်းဆောင်ပိုင်းနှင့် တွေ့ဆုံရန် အမေရိကန်သမ္မတ၏အကြံပြုချက်ကို ဆန့်ကျင်သောကြောင့်သာမက ဝါရှင်တန်-တာလီဘန် ဆွေးနွေးပွဲများမအောင်မြင်ရခြင်း၏ အကြောင်းရင်းဖြစ်ဖွယ်ရှိသောကြောင့် သူ့ကို ဘေးဖယ်ထားခဲ့ပြီးဖြစ်သည်။

ရန်လိုသော နိုင်ငံခြားရေးမူဝါဒ ကိုဆုပ်ကိုင်သူဖြစ်သောကြောင့် သူ့ကို ရာထူးမှထုတ်ပစ်ခြင်းကိုမူ အလူအနည်းငယ်ကသာ စဉ်းစာမိကြမည်ဖြစ်သည်။ ထိုသို့ ရန်လိုသောနိုင်ငံခြားရေးမူဝါဒကို ဆုပ်ကိုင်ထားသည့် အရည်အချင်းကြောင့်လည်း သူသည်အမျိုးသားလုံခြုံရေး အကြံပေးဖြစ်လာ ခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့် ဂျွန်ဘောလ်တွန် အိမ်ဖြူတော်မှ ထွက်ခွာသွားခြင်း အမေရိကန် နိုင်ငံခြားရေးမူဝါဒ အပြောင်းအလဲကို ညွုန်ပြပါသလားဟု မေးရမည်ဖြစ်သည်။ ထိုအဖြေသည် မည်သို့ပင်ဖြစ်စေ ကာမူ အမေရိကန်ပြည်ထောင်စုသည် လွန်ခဲ့သော နှစ်နှစ်ကျော်ကာလအတွင်း အမေရိကန် ပထမ ဦးစား
ပေး မူဝါဒ ကိုထင်ဟတ်သင့်သည်။ ထိုမူဝါဒကြောင့် ကမ္ဘာ့ဒေသအနှံအပြားတွင် တင်းမားမှု များမြင့်မားလာပြီး ပွတ်တိုက်မှုများကို ဖြစ်စေခဲ့သည်။

၂၀၁၇ ခုနှစ်ဇွန်လက ဝါရှင်တန်သည် ပါရီ ရာသီဥတု သဘောတူစာချုပ်မှ နုတ်ထွက်ခဲ့ပြီး ရာသီဥတုပြောင်းလဲမှုကို တိုက်ပွဲဝင်ရန် နိုင်ငံတကာအားထုတ်မှုကို အင်အားချိနဲ့သွားစေခဲ့သည်။ ၂၀၁၈ ခုနှစ်မေလတွင်မူ အမေရိကန်ပြည်ထောင်စုသည် အီရန် ညူကလီးယား သဘောတူစာချုပ်မှ နုတ်ထွက်ပြန်သည်။ ထိုသဘောတူစာချုပ်မှာ အရှေ့အလယ်ပိုင်းတွင် တင်းမာမှုလျှော့ချရေးအတွက် ကမ္ဘာ့အင်အားကြီး နိုင်ငံများအကြား အပြင်းအထန်ဆွေးနွေးပြီးနောက်ရရှိခဲ့သော သဘောတူ စာချုပ်ဖြစ်သည်။ အမေရိကန်၏ ဆုံးဖြတ်ချက်အပြီး ဖြစ်ပေါ်လာသော တင်းမာမှုများသည် စစ်ဖြစ် လုနီးပါးအထိဖြစ်ခဲ့သည်။

လွန်ခဲ့သောနှစ်ကမူ အမေရိကန်ပြည်ထောင်စုသည် အထူးသဖြင့်တရုတ်နှင့်အခြားနိုင်ငံအပြားမှ သွင်းကုန်များအပေါ် နောက်ဆက်တွဲ အခွန်များ တဖက်သတ်ချမှတ်ပြန်သည်။ နည်းပညာ အတင်း အကျပ်လွှဲပြောင်းခိုင်းသည်ဟု တရုတ်နိုင်ငံကို စွပ်စွဲပြီး အကြောင်းရင်းကိုမကြည်ဘဲ ကုန်သွယ်ရေး စစ်ပွဲကို ပိုမိုပြင်းထန်စေသည်။
 
ပိုမိုဆိုးရွားသည်မှာ တရုတ်-အမေရိကန်ပူးတွဲကြေညာချက်ကို ချိုးဖေါက်ပြီး ဝါရှင်တန်သည် ထိုင်ဝမ်သို့ လက်နက်များရောင်းချကာ ရေလက်ကြားတွင် မရေရာမှုများကိုတိုးမြှင့်လိုက်ခြင်းပင်ဖြစ်သည်။ အမေရိကန်ပြည်ထောင်စုသည် အာရှပိစိဖိတ်ဒေသတွင် တပ်များ စုရုံးထားပြီး အမေရိကန်ရေတပ် သည် လွတ်လပ်စွာရေကြောင်းသွားလာခွင့်ကို အကြောင်းပြကာ တရုတ်နိုင်ငံ၏ ရေပိုငနက်ကို အကြိမ်ကြိမ်ကျူးကျော်သည်။

အမေရိကကို ပြန်လည်ကြီးမြတ်အောင်လုပ်ရန် မျှော်လင့်ချက်ကင်းမဲ့သော အားထုတ်မှုအနေဖြင့် အမေရိကန်အစိုးရသည် ကုန်သွယ်ရေး ကိုယ်ကျိုးစီးပွားကာကွယ်ရေးဝါဒကို ကျင့်သုံးပြီး ကမ္ဘာ့ စီးပွားရေး ကို ထိန်းချုပ်မရအောင်ဖြစ်စေခဲ့သည်။ အီရန်အပေါ်အရေးယူမှုများမှသည် တရုတ် ကုန်စည်များကို အခွန်ချမှတ်ခြင်းအထိ ဝါရှင်တန်၏ အမြင့်မားဆုံးဖိအားနှင့် တဖက်သတ်လုပ်ရပ်များ သည်ကမ္ဘာ့တည်ငြိမ်မှုကို ခြိမ်းခြောက်နေသည်။

၂၀၁၈ ခုနှစ် ဧပြီလ ၉ ရက်နေ့တွင် ဘော်လတွန် အမျိုးသားလုံခြုံရေး အကြံပေးဖြစ်လာသော အချိန် တွင် အမေရိကန်အစိုးရသည် အမေရိကန်ပထမဦးစားပေး အစီအစဉ်ကို ကျင့်သုံးနေပြီးဖြစ်သောကြောင့် ယခုသူထွက်ခွာသွားချိန်တွင် အမေရိကန်နိုင်ငံခြားရေးမူဝါဒတွင် မည်သည့်အပြောင်းအလဲ ကိုမျှဖြစ်စေ မည့်အလားအလာမရှိပေ။ မိမိတို့အနေဖြင့်ရှင်းရှင်းလင်းလင်းသိသင့်သည်မှာ ဘော်လတွန် ကို အလုပ်မှထုတ်ပယ်ခြင်းမှာ ရန်လိုသော နိုင်ငံခြားရေးဝါဒကို ဆုပ်ကိုင်သောကြောင့် မဟုတ်ဘဲ အဓိကပြဿနာအချို့တွင် အမေရိကန်သမ္မတနှင့် သဘောထား ကွဲလွဲသောကြောင့်ဖြစ် သည်ဟူသောအချက်ပင့်ဖြစ်သည်။

အမေရိကန်အစိုးရသည် ၎င်းတို့ကြောင့်ကမ္ဘာတွင်ဖြစ်ပေါ်သော အန္တရာယ်များကို သဘောပေါက်ပြီး လုပ်နည်းလုပ်ဟန်ပြောင်းခြင်းကို ကြိုဆိုရမည်ဖြစ်သော်လည်း ထိုအချက်သည် ကောင်းမွန်လွန်းသောကြောင့် အမှန်တကယ်မဖြစ်နိုင်လောက်အောင်ဖြစ်နေသည်။

(  Zawgyi  )

 ကိုရီးယား ဒီမိုကရက္တစ္ ျပည္သူ႔သမၼတႏိုင္ငံအေပၚ ဖိအားေပးျခင္းႏွင့္ အီရန္ေခါင္းေဆာင္ပိုင္းႏွင့္ ေတြ႕ဆုံရန္ အေမရိကန္သမၼတ၏အႀကံျပဳခ်က္ကို ဆန႔္က်င္ေသာေၾကာင့္သာမက ဝါရွင္တန္-တာလီဘန္ ေဆြးေႏြးပြဲမ်ားမေအာင္ျမင္ရျခင္း၏ အေၾကာင္းရင္းျဖစ္ဖြယ္ရွိေသာေၾကာင့္ သူ႔ကို ေဘးဖယ္ထားခဲ့ၿပီးျဖစ္သည္။

ရန္လိုေသာ ႏိုင္ငံျခားေရးမူဝါဒ ကိုဆုပ္ကိုင္သူျဖစ္ေသာေၾကာင့္ သူ႔ကို ရာထူးမွထုတ္ပစ္ျခင္းကိုမူ အလူအနည္းငယ္ကသာ စဥ္းစာမိၾကမည္ျဖစ္သည္။ ထိုသို႔ ရန္လိုေသာႏိုင္ငံျခားေရးမူဝါဒကို ဆုပ္ကိုင္ထားသည့္ အရည္အခ်င္းေၾကာင့္လည္း သူသည္အမ်ိဳးသားလုံၿခဳံေရး အႀကံေပးျဖစ္လာ ခဲ့ျခင္းျဖစ္သည္။

ထို႔ေၾကာင့္ ဂြၽန္ေဘာလ္တြန္ အိမ္ျဖဴေတာ္မွ ထြက္ခြာသြားျခင္း အေမရိကန္ ႏိုင္ငံျခားေရးမူဝါဒ အေျပာင္းအလဲကို ၫြဳန္ျပပါသလားဟု ေမးရမည္ျဖစ္သည္။ ထိုအေျဖသည္ မည္သို႔ပင္ျဖစ္ေစ ကာမူ အေမရိကန္ျပည္ေထာင္စုသည္ လြန္ခဲ့ေသာ ႏွစ္ႏွစ္ေက်ာ္ကာလအတြင္း အေမရိကန္ ပထမ ဦးစား
ေပး မူဝါဒ ကိုထင္ဟတ္သင့္သည္။ ထိုမူဝါဒေၾကာင့္ ကမာၻ႔ေဒသအႏွံအျပားတြင္ တင္းမားမႈ မ်ားျမင့္မားလာၿပီး ပြတ္တိုက္မႈမ်ားကို ျဖစ္ေစခဲ့သည္။

၂၀၁၇ ခုႏွစ္ဇြန္လက ဝါရွင္တန္သည္ ပါရီ ရာသီဥတု သေဘာတူစာခ်ဳပ္မွ ႏုတ္ထြက္ခဲ့ၿပီး ရာသီဥတုေျပာင္းလဲမႈကို တိုက္ပြဲဝင္ရန္ ႏိုင္ငံတကာအားထုတ္မႈကို အင္အားခ်ိနဲ႔သြားေစခဲ့သည္။ ၂၀၁၈ ခုႏွစ္ေမလတြင္မူ အေမရိကန္ျပည္ေထာင္စုသည္ အီရန္ ညဴကလီးယား သေဘာတူစာခ်ဳပ္မွ ႏုတ္ထြက္ျပန္သည္။ ထိုသေဘာတူစာခ်ဳပ္မွာ အေရွ႕အလယ္ပိုင္းတြင္ တင္းမာမႈေလွ်ာ့ခ်ေရးအတြက္ ကမာၻ႔အင္အားႀကီး ႏိုင္ငံမ်ားအၾကား အျပင္းအထန္ေဆြးေႏြးၿပီးေနာက္ရရွိခဲ့ေသာ သေဘာတူ စာခ်ဳပ္ျဖစ္သည္။ အေမရိကန္၏ ဆုံးျဖတ္ခ်က္အၿပီး ျဖစ္ေပၚလာေသာ တင္းမာမႈမ်ားသည္ စစ္ျဖစ္ လုနီးပါးအထိျဖစ္ခဲ့သည္။

လြန္ခဲ့ေသာႏွစ္ကမူ အေမရိကန္ျပည္ေထာင္စုသည္ အထူးသျဖင့္တ႐ုတ္ႏွင့္အျခားႏိုင္ငံအျပားမွ သြင္းကုန္မ်ားအေပၚ ေနာက္ဆက္တြဲ အခြန္မ်ား တဖက္သတ္ခ်မွတ္ျပန္သည္။ နည္းပညာ အတင္း အက်ပ္လႊဲေျပာင္းခိုင္းသည္ဟု တ႐ုတ္ႏိုင္ငံကို စြပ္စြဲၿပီး အေၾကာင္းရင္းကိုမၾကည္ဘဲ ကုန္သြယ္ေရး စစ္ပြဲကို ပိုမိုျပင္းထန္ေစသည္။
 
ပိုမိုဆိုး႐ြားသည္မွာ တ႐ုတ္-အေမရိကန္ပူးတြဲေၾကညာခ်က္ကို ခ်ိဳးေဖါက္ၿပီး ဝါရွင္တန္သည္ ထိုင္ဝမ္သို႔ လက္နက္မ်ားေရာင္းခ်ကာ ေရလက္ၾကားတြင္ မေရရာမႈမ်ားကိုတိုးျမႇင့္လိုက္ျခင္းပင္ျဖစ္သည္။ အေမရိကန္ျပည္ေထာင္စုသည္ အာရွပိစိဖိတ္ေဒသတြင္ တပ္မ်ား စု႐ုံးထားၿပီး အေမရိကန္ေရတပ္ သည္ လြတ္လပ္စြာေရေၾကာင္းသြားလာခြင့္ကို အေၾကာင္းျပကာ တ႐ုတ္ႏိုင္ငံ၏ ေရပိုငနက္ကို အႀကိမ္ႀကိမ္က်ဴးေက်ာ္သည္။

အေမရိကကို ျပန္လည္ႀကီးျမတ္ေအာင္လုပ္ရန္ ေမွ်ာ္လင့္ခ်က္ကင္းမဲ့ေသာ အားထုတ္မႈအေနျဖင့္ အေမရိကန္အစိုးရသည္ ကုန္သြယ္ေရး ကိုယ္က်ိဳးစီးပြားကာကြယ္ေရးဝါဒကို က်င့္သုံးၿပီး ကမာၻ႔ စီးပြားေရး ကို ထိန္းခ်ဳပ္မရေအာင္ျဖစ္ေစခဲ့သည္။ အီရန္အေပၚအေရးယူမႈမ်ားမွသည္ တ႐ုတ္ ကုန္စည္မ်ားကို အခြန္ခ်မွတ္ျခင္းအထိ ဝါရွင္တန္၏ အျမင့္မားဆုံးဖိအားႏွင့္ တဖက္သတ္လုပ္ရပ္မ်ား သည္ကမာၻ႔တည္ၿငိမ္မႈကို ၿခိမ္းေျခာက္ေနသည္။

၂၀၁၈ ခုႏွစ္ ဧၿပီလ ၉ ရက္ေန႔တြင္ ေဘာ္လတြန္ အမ်ိဳးသားလုံၿခဳံေရး အႀကံေပးျဖစ္လာေသာ အခ်ိန္ တြင္ အေမရိကန္အစိုးရသည္ အေမရိကန္ပထမဦးစားေပး အစီအစဥ္ကို က်င့္သုံးေနၿပီးျဖစ္ေသာေၾကာင့္ ယခုသူထြက္ခြာသြားခ်ိန္တြင္ အေမရိကန္ႏိုင္ငံျခားေရးမူဝါဒတြင္ မည္သည့္အေျပာင္းအလဲ ကိုမွ်ျဖစ္ေစ မည့္အလားအလာမရွိေပ။ မိမိတို႔အေနျဖင့္ရွင္းရွင္းလင္းလင္းသိသင့္သည္မွာ ေဘာ္လတြန္ ကို အလုပ္မွထုတ္ပယ္ျခင္းမွာ ရန္လိုေသာ ႏိုင္ငံျခားေရးဝါဒကို ဆုပ္ကိုင္ေသာေၾကာင့္ မဟုတ္ဘဲ အဓိကျပႆနာအခ်ိဳ႕တြင္ အေမရိကန္သမၼတႏွင့္ သေဘာထား ကြဲလြဲေသာေၾကာင့္ျဖစ္ သည္ဟူေသာအခ်က္ပင့္ျဖစ္သည္။

အေမရိကန္အစိုးရသည္ ၎တို႔ေၾကာင့္ကမာၻတြင္ျဖစ္ေပၚေသာ အႏၲရာယ္မ်ားကို သေဘာေပါက္ၿပီး လုပ္နည္းလုပ္ဟန္ေျပာင္းျခင္းကို ႀကိဳဆိုရမည္ျဖစ္ေသာ္လည္း ထိုအခ်က္သည္ ေကာင္းမြန္လြန္းေသာေၾကာင့္ အမွန္တကယ္မျဖစ္ႏိုင္ေလာက္ေအာင္ျဖစ္ေနသည္။