【 နိုင်ငံတကာ ဆောင်းပါး 】"သူလျှိုလေယာဉ်စစ်ပွဲ "

【  နိုင်ငံတကာ ဆောင်းပါး  】"သူလျှိုလေယာဉ်စစ်ပွဲ "

Su-57 လေယာဉ်များကို ယခင်မျှော်မှန်းထားသည်ထက် ပိုမိုများပြားသော အတိုင်းအတာအထိ ထုတ်လုပ်လာသောအခါ မော်စကိုသည် တူရကီ၊ အိန္ဒိယနှင့် တရုတ်ကဲ့သို့သော အဓိက လက်နက် တင်သွင်းသော နိုင်ငံများသို့ ထိုပဥ္စမမျိုးဆက် လေယာဉ်များကို ရောင်းချရန်အားထုတ် နေသည်။

လွန်ခဲ့သော နှစ်များစွာအတွင်း တရုတ်ကာကွယ်ရေးမီဒီယာများသည် Su-27 နှင့် ပတ်သက်သည့် နောက်ဆက်တွဲများကို အထူးစိတ်ဝင်စားနေခဲ့သည်။ ၎င်းတို့နှင့်ပတ်သက်သည့် အပြုသဘော ဆောင်သော ဝေဖန်သုံးသပ်ချက်များသည် တရုတ်နိုင်ငံက တင်သွင်းရန် စိတ်ဝင်စားသည့် လက္ခဏာအဖြစ်ယူဆကြသည်။

သို့သော် အမေးနည်းသောမေးခွန်းမှာ တရုတ်၏ J-20 တိုက်လေယာဉ်များကို ရုရှားကမည်သို့ စဉ်းစားသနည်းဟူသော မေးခွန်းဖြစ်သည်။ တရုတ်နိုင်ငံ၏ ကာကွယ်ရေးဆိုင်ရာ သုံးသပ်ချက် များသည် Su-57  လေယာဉ်များကို အကြီးအကျယ် ချီးကျူးရေးသားနေသော်လည်း  ရုရှား ကာကွယ်ရေး အသိုင်းအဝန်းကမူ J-20 များနှင့်ပတ်သက်ပြီး စိတ်အားထက်သန်ခြင်း မရှိလှ ကြောင်း ထင်ရှားသော ရုရှားကာကွယ်သတင်းဌာန RG က ကောက်ချက်ချသည်။

Su-57 များတင်သွင်းခြင်းနှင့် ပတ်သက်သည့် မကြာသေးမီက အပြန်အလှန်အကျိုးစီးပွား အမည်ရှိဆောင်ပါး တပုဒ်တွင် Su-57 သည် J-20 ထက် ပိုမိုကောင်းမွန်ခြင်းလည်းမရှိ ဆိုးဝါး ခြင်းလည်းမရှိ ဖြစ်နေပြီး မတူညီသော စစ်ဆင်ရေး ရည်မှန်းချက် များအတွက် အသုံးပြုရမည့် လေယာဉ်များဖြစ်နေသည်။ J-20 ကို အဆင့်မြင့်လေကြောင်းကာကွယ်ရေးစနစ်များအတွင်း ထိုးဖေါက်ပြီး အရေးပါသော အခြေခံအဆောက်အအုံများ သို့မဟုတ် စစ်ဖက်ဆိုင်ရာ အရေးပါသော နေရာများကို ပစ်မှတ်ထား တိုက်ခိုက်ရန် ဒုံးကျည်တင် သူလျှိုလေယာဉ်အဖြစ်ပုံစံ ထုတ်လုပ်ထားသည်။ တဖက်တွင်လည်း Su-57 ကို ရင်ဆိုင်တိုက်ခိုက်မှု စွမ်းရည်အတွက် မြေပြင်နှင့် သူလှိုတိုက်ခိုက်မှုများတွင် အသာစီးရသော လေယာဉ်များအဖြစ် ထုတ်လုပ်ထား သည်။ RG  ထိုလေယာဉ်တင်ပို့ရန် ရုရှားနိုင်ငံ၏ အားထုတ်မှုကို ကျွမ်းကျင်စွာ မေးခွန်းထုတ် သည်။ ထိုမေးခွန်းမှာ တရုတ်နိုင်ငံသည် J-20 ကို အစားထိုးရန်မဟုတ်ဘဲပိုမိုကောင်းမွန်စေရန်  Su-57 ကို  ဝယ်သင့်သလားဟူသည့် မေးခွန်းဖြစ်သည်။

J-20 နှင့် ပတ်သက်ပြီး အငြင်းပွားစရာ မဟုတ်လျှင် အထင်ရှားဆုံးသော ရုရှားဖက်မှ ဝေဖန်ပြောဆိုမှုမှာ တရုတ်နိုင်ငံသည် ၂၀၀၀ ပြည်နှစ်ကတင်သွင်းခဲ့သည့် ရုရှား ပဥ္စမမျိုးစက် တိုက်လေယာဉ် စီမံကိန်းကို အားကျလုပ်ဆောင်ထားခြင်းဖြစ်သည် ဟူသည့်အချက်ဖြစ်သည်။ J-20 သည် မအောင်မြင်သည့် MIG-1.44 ကို အခြေခံထားကြောင်း ရုရှားစစ်ဖက်စာဆောင်ဖြစ်သည့်  Arsenal of the Fatherland စာစောင်မှ ဒုတိယညွုန်ကြားရေးမှူး Dmitry Drozdenko က Sputnik မဂ္ဂဇင်းသို့ ပြောသည်။ “ကျနော့်အထင်တော့ အဲဒီလေယာဉ်က MIG-1.44 ကို အခြေခံတည်ဆောက်ထားတယ်။ အဲဒီလေယာဉ်က ကနဦး ပုံစံရေးဆွဲတဲ့အဆင့်မှာ PAK FA လေယာဉ်နဲ့ ယှဉ်နိုင်အောင် လုပ်ထားပြီး ၂၀၀၀ ပြည့်နှစ်မှာ စတင်ပျံသန်းတယ်။ တရုတ်လေယာဉ်က ရုရှားရဲ့ အဲဒီလေယာဉ်နဲ့အရမ်းတူတယ်။ တရုတ်က တရားဝင် ထုတ်ပြန်ကြေညာခြင်းမရှိပေမယ့်  J-20 က Salut ကထုတ်တဲ့ ကျနော်တို့ရဲ့  AL-31F အင်ဂျင်ကို သုံးထားတယ်။  အဲဒါကို တရုတ်က ဒေါ်လာ သန်း ၅၀၀ နဲ့ဝယ်ထားတာ” ဟုပြောသည်။ ထိုဆောင်းပါးတွင် အလားတူမှာယွင်းစွာပုံစံထုတ်ထားသည့် တည်ဆောက်ပုံနှင့် အမြီးပိုင်းတို့ကိုလည်း ကိုးကားဖေါ်ပြထားသည်။

ရုရှားအစိုးရ ထိပ်တန်းသတင်းအေဂျင်စီဖြစ်သော TASS ကလည်း Sputnik တွင်ဖေါ်ပြသည့်အတိုင်း J-20 အတော်များများသည် AL-31F  အင်ဂျင်ဖြင့် မောင်းနှင်ကြောင်း၊ MiG-1.44 ကဲ့သို့သော ဘဲဦးခေါင်း လေကြောင်းပုံစံရှိကြောင်း ဖေါ်ပြ သော်လည်း တရုတ်တို့သည် J-20 ကိုတည်ဆောက်ရာတွင် ရုရှာလေယာဉ်ကို အတုခိုးသည်ဟု ပြောဆိုခြင်းမရှိပေ။

အင်ဂျင်ပြဿနာနှင့် ပတ်သက်ပြီး ရုရှားကာကွယ်ရေးသတင်းဝေဖန်ရေးသားသူများသည် J-20 တွင်တပ်ဆင်ရန် ရည်ရွယ်ခဲ့သည့် WS-15 အင်ဂျင်၏ အဆင့်နှင့်ပတ်သက်သော သံသယရှိရာတွင် အနောက်နိုင်ငံမှ ကာကွယ်ရေးသတင်းဝေဖန် ရေးသားသူများနှင့်တူနေသည်။ WS-15 ၏တခုတည်းသော တာဗိုင်ပြား၏ စွမ်းဆောင်ရည်နှင့်မှီခိုအားထားနိုင်မှု ပြဿနာများကြောင့် တရုတ်တို့သည် အစောပိုင်း J-20 များကို ပိုမိုစောပြီး စွမ်းဆောင်ရည်နိမ့်ကျသည့် WS-10B အင်ဂျင်များဖြင့် ထုတ်လုပ်ခဲ့သည်။ တရုတ်အင်ဂျင်နီယာများသည် WS-15 အင်ဂျင်များကို ပိုမိုကောင်းမွန်အောင်လုပ်နိုင်ခဲ့သည်ဟု ၂၀၁၈ ခုနှစ်က သတင်းများခဏတာထွက်ပေါ်ခဲ့သော်လည်း ယခုအချိန်အထိ အတည်ပြုနိုင်ခြင်းမရှိသေးပေ။

တရုတ်နိုင်ငံ၏ အကောင်းဆုံး ထိုသူလျှိုလေယာဉ်များကို ရုရှားက တင်သွင်းရန် ရည်ရွယ်ချက်မရှိသော်လည်း ထိုလေယာဉ်နှင့်ပတ်သက်သည့် ၎င်းတို့၏အယူအဆမှ တရုတ်သို့ Su-57 များရောင်းချရန် အားထုတ်မှုနှင့် ဆက်စပ်နေသည်။ ရုရှား၏ လက်နက်တင်ပို့ရေးလုပ်ငန်း ဖြစ်သော Rosoboronexport က Su-57 သည်တရုတ်တို့လိုအပ်နေသော လေယာဉ်ဖြစ်ကြောင်း၊ J-20 တွင် မရှိသောလိုအပ်ချက်များကို ဖြည့်ဆည်းထားကြောင်း ဖေါ်ပြသည်။ အလားတူစွာပင် J-20 နှင့်ပတ်သက်သည့် ၎င်းတို့၏ သုံးသပ်ချက်မှာ တရုတ်-ရုရှား စစ်ဖက်ဆက်ဆံရေးကြီးထွားနေသည့် အခြေအနေတွင် အရေးပါသည်။ ထိုဆက်ဆံရေးတွင် မည်သည့်ဖက်ကမှ အောက်ကျလိုခြင်းမရှိကြပေ။

(  Zawgyi  )

 Su-57 ေလယာဥ္မ်ားကို ယခင္ေမွ်ာ္မွန္းထားသည္ထက္ ပိုမိုမ်ားျပားေသာ အတိုင္းအတာအထိ ထုတ္လုပ္လာေသာအခါ ေမာ္စကိုသည္ တူရကီ၊ အိႏၵိယႏွင့္ တ႐ုတ္ကဲ့သို႔ေသာ အဓိက လက္နက္ တင္သြင္းေသာ ႏိုင္ငံမ်ားသို႔ ထိုပၪၥမမ်ိဳးဆက္ ေလယာဥ္မ်ားကို ေရာင္းခ်ရန္အားထုတ္ ေနသည္။

လြန္ခဲ့ေသာ ႏွစ္မ်ားစြာအတြင္း တ႐ုတ္ကာကြယ္ေရးမီဒီယာမ်ားသည္ Su-27 ႏွင့္ ပတ္သက္သည့္ ေနာက္ဆက္တြဲမ်ားကို အထူးစိတ္ဝင္စားေနခဲ့သည္။ ၎တို႔ႏွင့္ပတ္သက္သည့္ အျပဳသေဘာ ေဆာင္ေသာ ေဝဖန္သုံးသပ္ခ်က္မ်ားသည္ တ႐ုတ္ႏိုင္ငံက တင္သြင္းရန္ စိတ္ဝင္စားသည့္ လကၡဏာအျဖစ္ယူဆၾကသည္။

သို႔ေသာ္ အေမးနည္းေသာေမးခြန္းမွာ တ႐ုတ္၏ J-20 တိုက္ေလယာဥ္မ်ားကို ႐ုရွားကမည္သို႔ စဥ္းစားသနည္းဟူေသာ ေမးခြန္းျဖစ္သည္။ တ႐ုတ္ႏိုင္ငံ၏ ကာကြယ္ေရးဆိုင္ရာ သုံးသပ္ခ်က္ မ်ားသည္ Su-57  ေလယာဥ္မ်ားကို အႀကီးအက်ယ္ ခ်ီးက်ဴးေရးသားေနေသာ္လည္း  ႐ုရွား ကာကြယ္ေရး အသိုင္းအဝန္းကမူ J-20 မ်ားႏွင့္ပတ္သက္ၿပီး စိတ္အားထက္သန္ျခင္း မရွိလွ ေၾကာင္း ထင္ရွားေသာ ႐ုရွားကာကြယ္သတင္းဌာန RG က ေကာက္ခ်က္ခ်သည္။

Su-57 မ်ားတင္သြင္းျခင္းႏွင့္ ပတ္သက္သည့္ မၾကာေသးမီက အျပန္အလွန္အက်ိဳးစီးပြား အမည္ရွိေဆာင္ပါး တပုဒ္တြင္ Su-57 သည္ J-20 ထက္ ပိုမိုေကာင္းမြန္ျခင္းလည္းမရွိ ဆိုးဝါး ျခင္းလည္းမရွိ ျဖစ္ေနၿပီး မတူညီေသာ စစ္ဆင္ေရး ရည္မွန္းခ်က္ မ်ားအတြက္ အသုံးျပဳရမည့္ ေလယာဥ္မ်ားျဖစ္ေနသည္။ J-20 ကို အဆင့္ျမင့္ေလေၾကာင္းကာကြယ္ေရးစနစ္မ်ားအတြင္း ထိုးေဖါက္ၿပီး အေရးပါေသာ အေျခခံအေဆာက္အအုံမ်ား သို႔မဟုတ္ စစ္ဖက္ဆိုင္ရာ အေရးပါေသာ ေနရာမ်ားကို ပစ္မွတ္ထား တိုက္ခိုက္ရန္ ဒုံးက်ည္တင္ သူလွ်ိဳေလယာဥ္အျဖစ္ပုံစံ ထုတ္လုပ္ထားသည္။ တဖက္တြင္လည္း Su-57 ကို ရင္ဆိုင္တိုက္ခိုက္မႈ စြမ္းရည္အတြက္ ေျမျပင္ႏွင့္ သူလႈိတိုက္ခိုက္မႈမ်ားတြင္ အသာစီးရေသာ ေလယာဥ္မ်ားအျဖစ္ ထုတ္လုပ္ထား သည္။ RG  ထိုေလယာဥ္တင္ပို႔ရန္ ႐ုရွားႏိုင္ငံ၏ အားထုတ္မႈကို ကြၽမ္းက်င္စြာ ေမးခြန္းထုတ္ သည္။ ထိုေမးခြန္းမွာ တ႐ုတ္ႏိုင္ငံသည္ J-20 ကို အစားထိုးရန္မဟုတ္ဘဲပိုမိုေကာင္းမြန္ေစရန္  Su-57 ကို  ဝယ္သင့္သလားဟူသည့္ ေမးခြန္းျဖစ္သည္။

J-20 ႏွင့္ ပတ္သက္ၿပီး အျငင္းပြားစရာ မဟုတ္လွ်င္ အထင္ရွားဆုံးေသာ ႐ုရွားဖက္မွ ေဝဖန္ေျပာဆိုမႈမွာ တ႐ုတ္ႏိုင္ငံသည္ ၂၀၀၀ ျပည္ႏွစ္ကတင္သြင္းခဲ့သည့္ ႐ုရွား ပၪၥမမ်ိဳးစက္ တိုက္ေလယာဥ္ စီမံကိန္းကို အားက်လုပ္ေဆာင္ထားျခင္းျဖစ္သည္ ဟူသည့္အခ်က္ျဖစ္သည္။ J-20 သည္ မေအာင္ျမင္သည့္ MIG-1.44 ကို အေျခခံထားေၾကာင္း ႐ုရွားစစ္ဖက္စာေဆာင္ျဖစ္သည့္  Arsenal of the Fatherland စာေစာင္မွ ဒုတိယၫြဳန္ၾကားေရးမႉး Dmitry Drozdenko က Sputnik မဂၢဇင္းသို႔ ေျပာသည္။ “က်ေနာ့္အထင္ေတာ့ အဲဒီေလယာဥ္က MIG-1.44 ကို အေျခခံတည္ေဆာက္ထားတယ္။ အဲဒီေလယာဥ္က ကနဦး ပုံစံေရးဆြဲတဲ့အဆင့္မွာ PAK FA ေလယာဥ္နဲ႔ ယွဥ္ႏိုင္ေအာင္ လုပ္ထားၿပီး ၂၀၀၀ ျပည့္ႏွစ္မွာ စတင္ပ်ံသန္းတယ္။ တ႐ုတ္ေလယာဥ္က ႐ုရွားရဲ႕ အဲဒီေလယာဥ္နဲ႔အရမ္းတူတယ္။ တ႐ုတ္က တရားဝင္ ထုတ္ျပန္ေၾကညာျခင္းမရွိေပမယ့္  J-20 က Salut ကထုတ္တဲ့ က်ေနာ္တို႔ရဲ႕  AL-31F အင္ဂ်င္ကို သုံးထားတယ္။  အဲဒါကို တ႐ုတ္က ေဒၚလာ သန္း ၅၀၀ နဲ႔ဝယ္ထားတာ” ဟုေျပာသည္။ ထိုေဆာင္းပါးတြင္ အလားတူမွာယြင္းစြာပုံစံထုတ္ထားသည့္ တည္ေဆာက္ပုံႏွင့္ အၿမီးပိုင္းတို႔ကိုလည္း ကိုးကားေဖၚျပထားသည္။

႐ုရွားအစိုးရ ထိပ္တန္းသတင္းေအဂ်င္စီျဖစ္ေသာ TASS ကလည္း Sputnik တြင္ေဖၚျပသည့္အတိုင္း J-20 အေတာ္မ်ားမ်ားသည္ AL-31F  အင္ဂ်င္ျဖင့္ ေမာင္းႏွင္ေၾကာင္း၊ MiG-1.44 ကဲ့သို႔ေသာ ဘဲဦးေခါင္း ေလေၾကာင္းပုံစံရွိေၾကာင္း ေဖၚျပ ေသာ္လည္း တ႐ုတ္တို႔သည္ J-20 ကိုတည္ေဆာက္ရာတြင္ ႐ုရွာေလယာဥ္ကို အတုခိုးသည္ဟု ေျပာဆိုျခင္းမရွိေပ။

အင္ဂ်င္ျပႆနာႏွင့္ ပတ္သက္ၿပီး ႐ုရွားကာကြယ္ေရးသတင္းေဝဖန္ေရးသားသူမ်ားသည္ J-20 တြင္တပ္ဆင္ရန္ ရည္႐ြယ္ခဲ့သည့္ WS-15 အင္ဂ်င္၏ အဆင့္ႏွင့္ပတ္သက္ေသာ သံသယရွိရာတြင္ အေနာက္ႏိုင္ငံမွ ကာကြယ္ေရးသတင္းေဝဖန္ ေရးသားသူမ်ားႏွင့္တူေနသည္။ WS-15 ၏တခုတည္းေသာ တာဗိုင္ျပား၏ စြမ္းေဆာင္ရည္ႏွင့္မွီခိုအားထားႏိုင္မႈ ျပႆနာမ်ားေၾကာင့္ တ႐ုတ္တို႔သည္ အေစာပိုင္း J-20 မ်ားကို ပိုမိုေစာၿပီး စြမ္းေဆာင္ရည္နိမ့္က်သည့္ WS-10B အင္ဂ်င္မ်ားျဖင့္ ထုတ္လုပ္ခဲ့သည္။ တ႐ုတ္အင္ဂ်င္နီယာမ်ားသည္ WS-15 အင္ဂ်င္မ်ားကို ပိုမိုေကာင္းမြန္ေအာင္လုပ္ႏိုင္ခဲ့သည္ဟု ၂၀၁၈ ခုႏွစ္က သတင္းမ်ားခဏတာထြက္ေပၚခဲ့ေသာ္လည္း ယခုအခ်ိန္အထိ အတည္ျပဳႏိုင္ျခင္းမရွိေသးေပ။

တ႐ုတ္ႏိုင္ငံ၏ အေကာင္းဆုံး ထိုသူလွ်ိဳေလယာဥ္မ်ားကို ႐ုရွားက တင္သြင္းရန္ ရည္႐ြယ္ခ်က္မရွိေသာ္လည္း ထိုေလယာဥ္ႏွင့္ပတ္သက္သည့္ ၎တို႔၏အယူအဆမွ တ႐ုတ္သို႔ Su-57 မ်ားေရာင္းခ်ရန္ အားထုတ္မႈႏွင့္ ဆက္စပ္ေနသည္။ ႐ုရွား၏ လက္နက္တင္ပို႔ေရးလုပ္ငန္း ျဖစ္ေသာ Rosoboronexport က Su-57 သည္တ႐ုတ္တို႔လိုအပ္ေနေသာ ေလယာဥ္ျဖစ္ေၾကာင္း၊ J-20 တြင္ မရွိေသာလိုအပ္ခ်က္မ်ားကို ျဖည့္ဆည္းထားေၾကာင္း ေဖၚျပသည္။ အလားတူစြာပင္ J-20 ႏွင့္ပတ္သက္သည့္ ၎တို႔၏ သုံးသပ္ခ်က္မွာ တ႐ုတ္-႐ုရွား စစ္ဖက္ဆက္ဆံေရးႀကီးထြားေနသည့္ အေျခအေနတြင္ အေရးပါသည္။ ထိုဆက္ဆံေရးတြင္ မည္သည့္ဖက္ကမွ ေအာက္က်လိုျခင္းမရွိၾကေပ။