【 နိုင်ငံတကာ ဆောင်းပါး 】ကာကွယ်ရေးအတွက် ဒေါ်လာ ၁၉၀ ဘီလျံသုံးမည် ဩစတြေးလျှ

【  နိုင်ငံတကာ ဆောင်းပါး  】ကာကွယ်ရေးအတွက် ဒေါ်လာ ၁၉၀ ဘီလျံသုံးမည် ဩစတြေးလျှ

လာမည့် ဆယ်စုနှစ်အတွင် အမေရိကန်ဒေါ်လာ ဘီလျံ၁၉၀ အသုံးပြုမည့် နောက်ဆက်တွဲ ကာကွယ်ရေး အသုံးစရိတ်ကို သြစတြေးလျှ ဝန်ကြီးချုပ်က ဗုဒ္ဓဟူးနေ့တွင် ထုတ်ပြန်ကြေညာ သည်။ ထိုအစီအစဉ်တွင် ရန်သူများကို သြစတြေးလျှ ကမ်းခြေမှ ပိုမိုဝေးကွာအောင် ပြုလုပ်နိုင် မည့် တာဝေးပစ်ဒုံးကျည်များနှင့် အခြားစစ်လက်နက်စွမ်းရည်များလည်း ပါဝင်မည်ဖြစ်သည်။

ကူးစက်ရောဂါလွန်ကမ္ဘာသည် ပိုမိုအန္တရာယ်များမည်ဖြစ်ကြောင်း ဝန်ကြီးချုပ် စကော့မောရစ်ဆင် က သတိပေးပြီး သြစတြေးလျှနှင့် နီးကပ်သောနေရာများကို ပြန်လည် အာရုံစိုက်မည်ဖြစ်ကြောင်း ပြောသည်။ သို့သော် သြစတြေးလျှ စစ်တပ်သည် သြစတြေးလျှ၏ အမျိုးသား အကျိုးစီးပွားဖြစ်သော စစ်ဆင်ရေးများဖြစ်သည့် အာဖဂန်နှင့်အီရတ်တွင် ပါဝင်သကဲ့ သို့ အမေရိကန်ဦးဆောင်သည့် မဟာမိတ်တွင်ပါဝင်ရန် လမ်းဖွင့်ထားကြောင်းလည်း သူပြောသည်။

သြစတြေးလျှသည် ဒုတိယကမ္ဘာစစ်ပြီးနောက် ဒေသတွင်းတွင် အမေရိကန်နှင့်တရုတ်အကြား တင်းမာမှုအပါအဝင် ယခုကဲ့သို့သော စီးပွားရေးနှင့် သေနင်္ဂဗျူဟာ မရေရာမှုကို မတွေ့ကြုံဖူး ကြောင်း သူပြောသည်။

“ရိုးရှင်းတဲ့အမှန်တရားကတော့ ကျနော်တို့အခု ပြည်တွင်းမှာ ကိုဗစ်-၁၉ ကိုစောင့်ကြည့်နေရချိန် မှာတောင် ကိုဗစ်အလွန်ကမ္ဘာအတွက်လည်း ကြိုတင်ပြင်ဆင်ဖို့လိုနေတယ်။ ကိုဗစ်အလွန်ကမ္ဘာ ဟာ ပိုမိုဆင်းရဲ၊ အန္တရာယ်များ၊ ဖရိုဖရဲဖြစ်နေလိမ့်မယ်” ဟု သူပြောသည်။

တရုတ်နှင့် အိန္ဒိယအကြားနှင့်တောင်တရုတ်ပင်လယ်ပိုင်နက် အငြင်းပွားမှုများကြောင့် တင်းမာမှု များ ဖြစ်နေကြောင်းသူပြောသည်။“အတွက်အချက်မှားတဲ့အန္တရာယ်နဲ့ ပဋိပက္ခဖြစ်နိုင်ခြေတွေ မြင့်မားနေတယ်။ ဒေသတွင်း စစ်ရေးခေတ်မီအောင် ပြုလုပ်ခြင်းဟာ မကြံုစဖူး မြန်ဆန်နေတယ်။ နိုင်ငံရေး စီးပွားရေးနဲ့ နည်းပညာ အသာစီးရရေးအတွက် ယှဉ်ပြိုင်ရင်းတရုတ်နဲ့ အမေရိကန် ပြည်ထောင်စု ဆက်ဆံရေးဟာ အကွဲအပြဲလွယ်ကူနေတယ်” ဟုလည်းသူပြောသည်။

သြစတြေးလျှသည် အင်ဒိုပိစိဖိတ် ဒေသအတွင်း ကာကွယ်ရေးနှင့် လက်နက်ကိုင် ပဋိပက္ခ ဖြစ်နိုင်ခြေကို အလေးအနက်ထားလာကြောင်း ထိုသို့ပြောကြားမှုများက ပြသနေသည်ဟု  သြစတြေးလျှ အမျိုးသား တက္ကသိုလ် အမျိုးသားလုံခြံုရေးကောလိပ် အကြီးအကဲ ရော်ရီ မက်ကက်ဖ် ကပြောသည်။

“မကြာသေးမီနှစ်တွေမှာ သေနင်္ဂဗျူဟာ ပတ်ဝန်းကျင် အလျှင်အမြန် ပျက်စီးယိုယွင်းလာတာ နဲ့အတူ ၂၁ ရာစုမှာ ကျနော်တို့မှာ ရှိလာမယ့် ကာကွယ်ရေးတပ်ဖွဲ့အမျိုးအစားကို သြစတြေးလျှ အစိုးရက ရွေးချယ်တော့မှာဖြစ်တယ်” ဟု သူပြောသည်။

“သြစတြေးလျှ စစ်တပ်ဟာ ဒေသတွင်း လက်နက်ကိုင် ပဋိပက္ခကို သူ့ရဲ့စွမ်းရည်နဲ့ ဟန့်တား နိုင်ဖို့လိုပြီး ဒေသတွင်းမှာ စစ်တိုက်မယ်ဆိုရင် တိုက်နိုင်တဲ့ စွမ်းရည်ရှိရမယ် ဆိုတာကို  အစိုးရက လက်ခံလိုက်ပြီ” ဟုလည်း သူပြောသည်။

သြစတြေးလျှသည် တာဝေးပစ်လက်နက်များနှင့် ဆိုက်ဘာထိုးစစ် စွမ်းရည်အပါအဝင် ရန်သူများ ကို ၎င်း၏ ကမ်းခြေမှ ပိုမိုဝေးကွာသောနေရရာတွင် ထိန်းသိမ်းထားနိုင်မည့် ပိုမိုအသေအပျောက် များစေမည့် တာဝေးပစ် စွမ်းရည်တွင် ရင်းနှီးမြှုပ်နှံမည်ဖြစ်သည်။ ရေကြောင်း တိုက်ခိုက်ရေး စွမ်းရည်ကို မြှင့်တင်ရန်အတွက် သြစတြေးလျှသည် AGM-158C သင်္ဘောပစ် ဒုံးကျည်များကို အမေရိကန်ရေတပ်မှ ခန့်မှန်းခြေ သြစတြေးလျှ ဒေါ်လာ သန်း ၈၀၀ ဖိုးဝယ်ယူမည်ဖြစ်ကြောင်း အစိုရကပြောသည်။

ထိုဒုံးကျည်စနစ်သည် သြစတြေးလျှက ၁၉၈၀ ခုနှစ်များမှ လက်ရှိအချိန်အထိအသုံးပြုနေသည့် ၇၇ မိုင်သာပစ်နိုင်သည့် AGM-84 Harpoon သင်္ဘောပစ် ဒုံးကျည်ထက် သိသိသာသာ အဆင့်မြင့် သည်။ ယခုဝယ်ယူမည့် ဒုံးကျည်များသည် မိုင် ၂၃၀ အထိပစ်ခတ်နိုင်သည်။ထိုဒုံးကျည်သစ် များ ကို ကနဦးတွင် FA-18F ဆူပါဟောနက် ဂျက်တိုက်လေယာဉ်များတွင် တပ်ဆင်မည် ဖြစ်သော် လည်း အခြားစစ်လေယာဉ်များတွင်လည်း တပ်ဆင်နိုင်သည်။ ထိုလက်နက်အတွက် လေ့ကျင့်မှု များကို လာမည့်နှစ်တွင် စတင်မည်ဖြစ်ကြောင်း အစိုးရကပြောသည်။

သြစတြေးလျှသည် ကြည်းတပ်တိုက်ခိုက်မှုစွမ်းရည်မြှင့်တင်ရန်အတွက် တာဝေးပစ် အမြောက် ကြီးများ ဒုံးစနစ်များကိုလည်း ဝယ်ယူမည်ဖြစ်သည်။ အသံထက်အဆများစွာမြန်သည့် ဟိုက်ပါဆိုးနစ်လက်နက်များကိုလည်း ဝယ်မည်ဟုဆိုသည်။ သြစတြေးလျှက ကမ္ဘာတဝှမ်း ကူးစက်ရောဂါနှင့် ပတ်သက်ပြီး စုံစမ်းစစ်ဆေးရန်တောင်းဆိုသောကြောင့် ၎င်း၏ အရေး အကြီးဆုံး ကုန်သွယ်ဖက်ဖြစ်သည့် တရုတ်နိုင်ငံနှင့် ဆက်ဆံရေး အထူးတင်းမာနေချိန်တွင် ယခုကဲ့သို့ကြေညာခြင်းဖြစ်သည်။

ဒုတိယကမ္ဘာစစ်အပြီး သြစတြေးလျှ အရေးအပါဆုံးကာကွယ်ရေး မဟာမိတ် အမေရိကန်သည် သြစတြေးလျှ ကာကွယ်ရေးမူဝါဒ၏အုတ်မြစ်ဖြစ်ကြောင်း မောရစ်ဆင် ပြောသည်။“ဒေသတွင်း က စွမ်းရည်တွေကို ကျနော်တို့မမီဘူး။ ဒါကြောင့် ကျနော်တို့ရဲ့ဟန့်တားနိုင်တဲ့ စွမ်းရည်ကို မြှင့်ဖို့လိုတယ်” ဟုသူပြောသည်။

Ref:washingtonpost.com

(  Zawgyi )

လာမည့္ ဆယ္စုႏွစ္အတြင္ အေမရိကန္ေဒၚလာ ဘီလ်ံ၁၉၀ အသုံးျပဳမည့္ ေနာက္ဆက္တြဲ ကာကြယ္ေရး အသုံးစရိတ္ကို ၾသစေၾတးလွ် ဝန္ႀကီးခ်ဳပ္က ဗုဒၶဟူးေန႔တြင္ ထုတ္ျပန္ေၾကညာ သည္။ ထိုအစီအစဥ္တြင္ ရန္သူမ်ားကို ၾသစေၾတးလွ် ကမ္းေျခမွ ပိုမိုေဝးကြာေအာင္ ျပဳလုပ္ႏိုင္ မည့္ တာေဝးပစ္ဒုံးက်ည္မ်ားႏွင့္ အျခားစစ္လက္နက္စြမ္းရည္မ်ားလည္း ပါဝင္မည္ျဖစ္သည္။

ကူးစက္ေရာဂါလြန္ကမာၻသည္ ပိုမိုအႏၲရာယ္မ်ားမည္ျဖစ္ေၾကာင္း ဝန္ႀကီးခ်ဳပ္ စေကာ့ေမာရစ္ဆင္ က သတိေပးၿပီး ၾသစေၾတးလွ်ႏွင့္ နီးကပ္ေသာေနရာမ်ားကို ျပန္လည္ အာ႐ုံစိုက္မည္ျဖစ္ေၾကာင္း ေျပာသည္။ သို႔ေသာ္ ၾသစေၾတးလွ် စစ္တပ္သည္ ၾသစေၾတးလွ်၏ အမ်ိဳးသား အက်ိဳးစီးပြားျဖစ္ေသာ စစ္ဆင္ေရးမ်ားျဖစ္သည့္ အာဖဂန္ႏွင့္အီရတ္တြင္ ပါဝင္သကဲ့ သို႔ အေမရိကန္ဦးေဆာင္သည့္ မဟာမိတ္တြင္ပါဝင္ရန္ လမ္းဖြင့္ထားေၾကာင္းလည္း သူေျပာသည္။

ၾသစေၾတးလွ်သည္ ဒုတိယကမာၻစစ္ၿပီးေနာက္ ေဒသတြင္းတြင္ အေမရိကန္ႏွင့္တ႐ုတ္အၾကား တင္းမာမႈအပါအဝင္ ယခုကဲ့သို႔ေသာ စီးပြားေရးႏွင့္ ေသနဂၤဗ်ဴဟာ မေရရာမႈကို မေတြ႕ႀကဳံဖူး ေၾကာင္း သူေျပာသည္။

“႐ိုးရွင္းတဲ့အမွန္တရားကေတာ့ က်ေနာ္တို႔အခု ျပည္တြင္းမွာ ကိုဗစ္-၁၉ ကိုေစာင့္ၾကည့္ေနရခ်ိန္ မွာေတာင္ ကိုဗစ္အလြန္ကမာၻအတြက္လည္း ႀကိဳတင္ျပင္ဆင္ဖို႔လိုေနတယ္။ ကိုဗစ္အလြန္ကမာၻ ဟာ ပိုမိုဆင္းရဲ၊ အႏၲရာယ္မ်ား၊ ဖ႐ိုဖရဲျဖစ္ေနလိမ့္မယ္” ဟု သူေျပာသည္။

တ႐ုတ္ႏွင့္ အိႏၵိယအၾကားႏွင့္ေတာင္တ႐ုတ္ပင္လယ္ပိုင္နက္ အျငင္းပြားမႈမ်ားေၾကာင့္ တင္းမာမႈ မ်ား ျဖစ္ေနေၾကာင္းသူေျပာသည္။“အတြက္အခ်က္မွားတဲ့အႏၲရာယ္နဲ႔ ပဋိပကၡျဖစ္ႏိုင္ေျခေတြ ျမင့္မားေနတယ္။ ေဒသတြင္း စစ္ေရးေခတ္မီေအာင္ ျပဳလုပ္ျခင္းဟာ မႀကံဳစဖူး ျမန္ဆန္ေနတယ္။ ႏိုင္ငံေရး စီးပြားေရးနဲ႔ နည္းပညာ အသာစီးရေရးအတြက္ ယွဥ္ၿပိဳင္ရင္းတ႐ုတ္နဲ႔ အေမရိကန္ ျပည္ေထာင္စု ဆက္ဆံေရးဟာ အကြဲအၿပဲလြယ္ကူေနတယ္” ဟုလည္းသူေျပာသည္။

ၾသစေၾတးလွ်သည္ အင္ဒိုပိစိဖိတ္ ေဒသအတြင္း ကာကြယ္ေရးႏွင့္ လက္နက္ကိုင္ ပဋိပကၡ ျဖစ္ႏိုင္ေျခကို အေလးအနက္ထားလာေၾကာင္း ထိုသို႔ေျပာၾကားမႈမ်ားက ျပသေနသည္ဟု  ၾသစေၾတးလွ် အမ်ိဳးသား တကၠသိုလ္ အမ်ိဳးသားလုံၿခံဳေရးေကာလိပ္ အႀကီးအကဲ ေရာ္ရီ မက္ကက္ဖ္ ကေျပာသည္။

“မၾကာေသးမီႏွစ္ေတြမွာ ေသနဂၤဗ်ဴဟာ ပတ္ဝန္းက်င္ အလွ်င္အျမန္ ပ်က္စီးယိုယြင္းလာတာ နဲ႔အတူ ၂၁ ရာစုမွာ က်ေနာ္တို႔မွာ ရွိလာမယ့္ ကာကြယ္ေရးတပ္ဖြဲ႕အမ်ိဳးအစားကို ၾသစေၾတးလွ် အစိုးရက ေ႐ြးခ်ယ္ေတာ့မွာျဖစ္တယ္” ဟု သူေျပာသည္။

“ၾသစေၾတးလွ် စစ္တပ္ဟာ ေဒသတြင္း လက္နက္ကိုင္ ပဋိပကၡကို သူ႔ရဲ႕စြမ္းရည္နဲ႔ ဟန႔္တား ႏိုင္ဖို႔လိုၿပီး ေဒသတြင္းမွာ စစ္တိုက္မယ္ဆိုရင္ တိုက္ႏိုင္တဲ့ စြမ္းရည္ရွိရမယ္ ဆိုတာကို  အစိုးရက လက္ခံလိုက္ၿပီ” ဟုလည္း သူေျပာသည္။

ၾသစေၾတးလွ်သည္ တာေဝးပစ္လက္နက္မ်ားႏွင့္ ဆိုက္ဘာထိုးစစ္ စြမ္းရည္အပါအဝင္ ရန္သူမ်ား ကို ၎၏ ကမ္းေျခမွ ပိုမိုေဝးကြာေသာေနရရာတြင္ ထိန္းသိမ္းထားႏိုင္မည့္ ပိုမိုအေသအေပ်ာက္ မ်ားေစမည့္ တာေဝးပစ္ စြမ္းရည္တြင္ ရင္းႏွီးျမႇဳပ္ႏွံမည္ျဖစ္သည္။ ေရေၾကာင္း တိုက္ခိုက္ေရး စြမ္းရည္ကို ျမႇင့္တင္ရန္အတြက္ ၾသစေၾတးလွ်သည္ AGM-158C သေဘၤာပစ္ ဒုံးက်ည္မ်ားကို အေမရိကန္ေရတပ္မွ ခန႔္မွန္းေျခ ၾသစေၾတးလွ် ေဒၚလာ သန္း ၈၀၀ ဖိုးဝယ္ယူမည္ျဖစ္ေၾကာင္း အစိုရကေျပာသည္။

ထိုဒုံးက်ည္စနစ္သည္ ၾသစေၾတးလွ်က ၁၉၈၀ ခုႏွစ္မ်ားမွ လက္ရွိအခ်ိန္အထိအသုံးျပဳေနသည့္ ၇၇ မိုင္သာပစ္ႏိုင္သည့္ AGM-84 Harpoon သေဘၤာပစ္ ဒုံးက်ည္ထက္ သိသိသာသာ အဆင့္ျမင့္ သည္။ ယခုဝယ္ယူမည့္ ဒုံးက်ည္မ်ားသည္ မိုင္ ၂၃၀ အထိပစ္ခတ္ႏိုင္သည္။ထိုဒုံးက်ည္သစ္ မ်ား ကို ကနဦးတြင္ FA-18F ဆူပါေဟာနက္ ဂ်က္တိုက္ေလယာဥ္မ်ားတြင္ တပ္ဆင္မည္ ျဖစ္ေသာ္ လည္း အျခားစစ္ေလယာဥ္မ်ားတြင္လည္း တပ္ဆင္ႏိုင္သည္။ ထိုလက္နက္အတြက္ ေလ့က်င့္မႈ မ်ားကို လာမည့္ႏွစ္တြင္ စတင္မည္ျဖစ္ေၾကာင္း အစိုးရကေျပာသည္။

ၾသစေၾတးလွ်သည္ ၾကည္းတပ္တိုက္ခိုက္မႈစြမ္းရည္ျမႇင့္တင္ရန္အတြက္ တာေဝးပစ္ အေျမာက္ ႀကီးမ်ား ဒုံးစနစ္မ်ားကိုလည္း ဝယ္ယူမည္ျဖစ္သည္။ အသံထက္အဆမ်ားစြာျမန္သည့္ ဟိုက္ပါဆိုးနစ္လက္နက္မ်ားကိုလည္း ဝယ္မည္ဟုဆိုသည္။ ၾသစေၾတးလွ်က ကမာၻတဝွမ္း ကူးစက္ေရာဂါႏွင့္ ပတ္သက္ၿပီး စုံစမ္းစစ္ေဆးရန္ေတာင္းဆိုေသာေၾကာင့္ ၎၏ အေရး အႀကီးဆုံး ကုန္သြယ္ဖက္ျဖစ္သည့္ တ႐ုတ္ႏိုင္ငံႏွင့္ ဆက္ဆံေရး အထူးတင္းမာေနခ်ိန္တြင္ ယခုကဲ့သို႔ေၾကညာျခင္းျဖစ္သည္။

ဒုတိယကမာၻစစ္အၿပီး ၾသစေၾတးလွ် အေရးအပါဆုံးကာကြယ္ေရး မဟာမိတ္ အေမရိကန္သည္ ၾသစေၾတးလွ် ကာကြယ္ေရးမူဝါဒ၏အုတ္ျမစ္ျဖစ္ေၾကာင္း ေမာရစ္ဆင္ ေျပာသည္။“ေဒသတြင္း က စြမ္းရည္ေတြကို က်ေနာ္တို႔မမီဘူး။ ဒါေၾကာင့္ က်ေနာ္တို႔ရဲ႕ဟန႔္တားႏိုင္တဲ့ စြမ္းရည္ကို ျမႇင့္ဖို႔လိုတယ္” ဟုသူေျပာသည္။

Ref:washingtonpost.com