【 နိုင်ငံတကာ‌ဆောင်းပါး 】 နိုင်ငံတကာတင်းမာမှုများကြားက တရုတ်၏ ရှေ့ခြေလှမ်းများ

【 နိုင်ငံတကာ‌ဆောင်းပါး 】 နိုင်ငံတကာတင်းမာမှုများကြားက တရုတ်၏ ရှေ့ခြေလှမ်းများ

ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါနှင့်အတူ ကမ္ဘာလုံးဆိုင်ရာ အကျပ်အတည်းများနှင့် ရင်ဆိုင်နေရမှုအတွင်း နိုင်ငံတကာတွင် စိန်ခေါ်မှုများက ကြီးကြီးမားမား ကြုံတွေ့နေရသည်။
 
လက်ရှိအချိန်ကာလတွင် တရုတ်နိုင်ငံအပေါ် အမေရိကန်ပြည်ထောင်စု၏ ရန်လိုခြိမ်းခြောက်မှုများ တိုးပွားလာချိန်နှင့်အတူ စီးပွားရေးနှင့် သံတမန်ဆက်ဆံရေးဆိုင်ရာ အကျပ်အတည်းများနှင့် ရင်ဆိုင်နေရချိန်တွင် တရုတ်နိုင်ငံ ဘေကျင်းမြို့တွင် အောက်တိုဘာလ ၂၆ ရက်နေ့မှ ၂၉ ရက်အတွင်း ကျင်းပခဲ့သည့် ၁၉ ကြိမ်မြောက် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီမှ ဦးစီးကျင်းပသည့် မျက်နှာစုံညီအစည်းအဝေးကို နိုင်ငံတကာက စောင့်ကြည့်သတိထားခဲ့ကြသည်။
 
၎င်းမျက်နှာစုံညီအစည်းအဝေးတွင် တရုတ်နိုင်ငံခေါင်းဆောင်များအနေဖြင့် ရင်ဆိုင်နေရသော စိန်ခေါ်မှုများနှင့်ပတ်သက်၍ ဆွေးနွေးညှိနှိုင်းအဖြေရှာလိမ်မည်ဟု နိုင်ငံတကာက တွက်ဆထားကာ ရှေ့လာမည့် ကိုဗစ်အလွန် တရုတ်နိုင်ငံ၏ အခင်းအကျင်းက ဘယ်လိုပြောင်းလဲလာမှုရှိမည် ဘယ်လိုမူဝါဒအပြောင်းအလဲရှိလာနိုင်သည်ကို နိုင်ငံတကာခေါင်းဆောင်များ၊စီးပွားရေးဆိုင်ရာခေါင်းဆောင်များက စောင့်ကြည့်နေကြသည်က အမှန်ပင်။ကမ္ဘာ့အကြီးဆုံးစားသုံးသူစျေးကွက်၏ အပြောင်းအလဲက ကမ္ဘာ့စီးပွားရေးနှင့် နိုင်ငံတကာရေးရာများအပေါ် ရိုက်ခတ်မှုက ယခုနောက်ပိုင်းတွင် အရင်ကထက် ပိုသက်ရောက်နေသဖြင့် စောင့်ကြည့်ကြခြင်းက မှားသည်တော့မဆိုသာ။
 
အောက်တိုဘာလ ၂၆ ရက်နေ့မှ ၂၉ ရက်အတွင်း ကျင်းပခဲ့သည့် ၁၉ ကြိမ်မြောက် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီမှ ဦးစီးကျင်းပသည့် မျက်နှာစုံညီအစည်းအဝေးတွင် တရုတ်နိုင်ငံက ၁၄ ကြိမ်မြောက် ၅ နှစ် စီမံကိန်း (၂၀၂၁-၂၀၂၅) နှင့် ၂၀၃၅ နှစ်ရှည်ရည်မှန်းချက်များကို ချမှတ်အကောင်အထည် ဖော် ဆောင်ရွက်သွားမည်ဟု ဆိုသည်။အဆိုပါ ၅ နှစ် စီမံကိန်းနှင့် နှစ်ရှည်ရည်မှန်းချက်များသည် နိုင်ငံ၏ ရာပြည့်ရည်မှန်းချက်နှစ်ရပ်ဖြစ် သည်နှင့်အညီ နိုင်ငံ၏ စီးပွားရေးသံတမန် ဆက်ဆံရေးနှင့် စက်မှုလုပ်ငန်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ စိန်ခေါ်မှုများနှင့်ပတ်သက်၍ ဆွေးနွေးညှိနှိုင်း အဖြေရှာတွေ့နိုင်မည်ဟု မျှော်လင့်ရသည်။
 
၅ နှစ်စီမံကိန်းနှင့် နှစ်ရှည်ရည်မှန်းချက်များကို အလေးထားဆွေးနွေးရာတွင် အဓိကဦးတည်ချက် ၃ ရပ်ဖြင့် ဆွေးနွေးညှိနှိုင်းသွားမည်ဖြစ်သည်။
 
ပထမအချက်အဖြစ် တရုတ်နိုင်ငံအနေနှင့် နိုင်ငံ၏လုပ်ဆောင်လျက်ရှိသော ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များကို အရှိန်အဟုန်မပျက် ဆက်လက်၍ မဆုတ်မနစ် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်သည်။
 
ဒုတိယအနေနှင့် ပိုမိုလွတ်လပ်သော လုပ်ပိုင်ခွင့် အရည်အသွေးများကို ထူထောင်၍ သိပ္ပံနည်းပညာဆိုင်ရာ သုတေသနကဏ္ဍနှင့် ဘဏ္ဍာငွေကြေးဆိုင်ရာ အခန်းကဏ္ဍများတွင် ပိုမိုအရည်အသွေးမြင့်မားလာစေရန် ဖြစ်သည်။
 
တတိယအဖြစ် တရုတ်ကွန်မြူနစ်ပါတီနှင့် နိုင်ငံတော်အင်အားတောင့်တင်းခိုင်မာမှုကဲ့သို့ အစိုးရအဖွဲ့၏ လုပ်ပိုင်ခွင့်နှင့်ပတ်သက်၍ လွတ်လပ်စွာရှိရေးကို ဖော်ဆောင်ရန်ဖြစ်သည်။ 
 
ဆိုရလျှင် အဆိုပါဦးတည်ချက် ၃ ရပ်သည် တရုတ်နိုင်ငံ လက်ရှိရင်ဆိုင်နေရသော ဂလိုဘယ်လိုက်ဇေးရှင်းအပေါ် ဆန့်ကျင်မှုတိုးပွားလာသည့် အလားအလာများနှင့် အမေရိကန်ပြည်ထောင်စု၏ ရန်လိုခြိမ်းခြောက်မှုများအပေါ်မည်ကဲ့သို့ ကာကွယ်တားဆီးနိုင်မည့်အရေးကို ဖြေရှင်းပေးရာလည်းရောက်မည်ဖြစ်သည်။
 
အလားတူပင် အခြားသောအရေးပါသည့် သွင်ပြင်လက္ခဏာများလည်း ရှိပါသေးသည်။
 
ပထမဦးဆုံး အရေးပါသည့်အရာမှာ ဝင်ငွေပင်ဖြစ်သည်။ ၁၄ ကြိမ်မြောက် ၅ နှစ် စီမံကိန်းကာလသည် နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အတွက် အရေးပါသောကဏ္ဍလည်းဖြစ်သည်။
 
ဒုတိယမှာ လူမှုအဖွဲ့အစည်းဖြစ်ပြီး တရုတ်နိုင်ငံအနေနှင့် မညီမျှသော ဖွံ့ဖြိုးတိုးတက်မှု ချိန်ခွင်လျှာပြဿနာကို ညှိပေးရန်ဖြစ်သည်။ဆိုလိုသည်မှာ မြို့ပြနှင့် ကျေးလက်ဒေသအကြား မညီမျှသော လူမှုဘဝဖွံ့ဖြိုးတိုးတက်မှုကို ချိန်ညှိပေးရန်ဖြစ်သည်။
 
တတိယအရေးပါမှုမှာ စီးပွားရေးပင်ဖြစ်သည်။
 
တရုတ်နိုင်ငံအနေနှင့် ပုံမှန်အခြေအနေဟောင်းမှ အခြေအနေသစ်သို့ အသွင်ကူးပြောင်းရာတွင် အရေးပါသော အချိန်အခါသမယကို ရောက်ရှိနေချိန်ဖြစ်သည်။ဆိုရလျှင် တရုတ်နိုင်ငံအနေနှင့် အဆင့်အတန်းမြင့်မားသော ဖွံ့ဖြိုးတိုးတက်မှုကို အလေးထားဖော်ဆောင်ရန်ဖြစ်သည်။
 
မကြာသေးမီက ဖြစ်ပွားခဲ့သော ကပ်ရောဂါက တရုတ်နိုင်ငံ၏ ပို့ကုန်ဖြည့်ဆည်းမှုနှင့် ကမ္ဘာတစ်ဝန်းမှ ဝယ်လိုအားအပေါ် များစွာထိခိုက်နစ်နာစေခဲ့သည်။ဂလိုဘယ်လိုက်ဇေးရှင်းသည် အရေးပါသော အကျိုးသက်ရောက်မှုရှိသည်ကို သိထားကြပြီးဖြစ်သည်နှင့်အညီ ကမ္ဘာ့စီးပွားရေးနှင်ပတ်သက်သည့် ဖွံ့ဖြိုးတိုးတက်မှု စိတ်ကူး သစ်နှင့် မဟာဗျူဟာများကို တရုတ်နိုင်ငံက အဆိုပြုခဲ့သည်ကိုလည်း တွေ့ကြရသည်။
 
နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုသည် ပြည်တွင်းကုန်စည် စီးဆင်းမှု ပုံမှန်လည်ပတ်ရေးက အဓိကကျသကဲ့သို့ ပြည်တွင်းနှင့် နိုင်ငံတကာ အပြန်အလှန်ကုန်သွယ်မှု တိုးမြှင့်ခြင်းကလည်း များစွာအကျိုးသက်ရောက်မှုရှိမည်သာဖြစ်သည်။
 
ထို့ပြင် အထက်ပါအရေးပါသော အခန်းကဏ္ဍများသာမက တရုတ်နိုင်ငံ၏ ပညာရေး၊ လူမှုဘဝတိုးတက်ရေး စသည့် အခန်းကဏ္ဍများရှိ ပြုပြင်ပြောင်းလဲရေးကို ပိုမိုအားကောင်းလာစေရန် ပုံဖော်ရမည်သာဖြစ်သည်။ယင်းသည် တရုတ်နိုင်ငံက ပုံဖော်နေသော စားသုံးသူစွမ်းအား ပိုမိုအားကောင်းလာစေရန်နှင့် လူလတ်တန်းစား အခြေအနေ တည်ငြိမ်ရေးကိုပါ ပိုမိုအထောက်အကူပြုစေမည်ဖြစ်သည်။
 
လက်ရှိဖြစ်ပွားနေသော ကမ္ဘာ့ကပ်ရောဂါနှင့်အတူ ကမ္ဘာကြီးတွင်ဖြစ်ပေါ်နေသော အပြောင်းအလဲများက တရုတ်နိုင်ငံအတွက် သင့်လျော်သော နိုင်ငံရေးအခြေအနေတစ်ရပ်တွင် ရှိမနေသည်မှာ ရှင်းလင်းသည်ဟု ဆိုသည်။သို့ရာတွင် ၁၄ ကြိမ်မြောက် ၅ နှစ် စီမံကိန်းကာလအတောအတွင်း နိုင်ငံ၏ အမျိုးသားစနစ် သိသာထင်ရှားသော တိုးတက်မှုရရှိရေးကို အောင်မြင်စွာကြိုးပမ်းနိုင်မည်ဟု ဆိုပါသည်။
 
ဆိုရလျှင် ၂၀၂၁ ခုနှစ်မှ ၂၀၃၅ ခုနှစ် ၁၅ နှစ်ကြာ ၅ နှစ် စီမံကိန်း အကောင်အထည်ဖော်ဆောင်ပြီးသည်အထိ အထွေထွေအပြားပြားသော အဖွဲ့အစည်းများ ပြည့်စုံတိုးတက်မှုရှိလာမည်ဖြစ်သည်။ ၂၀၃၅ ခုနှစ်မှ ၂၀၄၉ ခုနှစ်အထိ အမျိုးသားအုပ်ချုပ်မှုစနစ် ခေတ်မီတိုးတက်လာမှုနှင့်အတူ ၎င်း၏စွမ်းပကားကို ပိုမိုအားကောင်းလာစေမည်ဟု ဆိုသည်။
 
စင်စစ် ၂၀၃၅ ခုနှစ်သည် နိုင်ငံ၏ ခေတ်မီတိုးတက်စေရေး ခရီးလမ်းသစ်အတွက် အဦးအစကာလလည်းဖြစ်သည်။တရုတ်နိုင်ငံ၏ ရေရှည်ရည်မှန်းချက် အဦးအစအဖြစ် ၂၀၃၅ ခုနှစ်ကို အဦးအစယူသကဲ့သို့ ၅ နှစ် စီမံကိန်းသည် နိုင်ငံအတွက် အရေးပါသော သမိုင်းဝင်စီမံကိန်းတစ်ရပ်အဖြစ် ရှိလာမည်မှာ အသေအချာပင် ဖြစ်သည်ဟု ဆိုသည်။တရုတ်နိုင်ငံ၏ ကွန်မြူနစ်ပါတီ အတွင်းရေးမှူးချုပ်နှင့် သမ္မတ ရှီကျင့်ဖိန် က ရရှိထားသော အခွင့်အလမ်းနှစ်ရပ်ကို ရင်ဝယ်ပိုက်ထားရန် မိန့်ကြားခဲ့သည်ဟု ဆိုသည်။
 
ပထမအခွင့်အလမ်းမှာ တရုတ်နိုင်ငံအတွက် အားသစ်လောင်းပေးမည့် အရေးပါသောကာလဖြစ်သည်။
 
နောက်တစ်ခုမှာ ရာစုနှစ်အတွင်း မကြုံစဖူးသော အပြောင်းအလဲကြီးကို ရင်ဆိုင်နေရသော နိုင်ငံတကာအခြေအနေဖြစ်သည်။
 
ဆိုရလျှင် ကမ္ဘာကြီးသည် ကပ်ရောဂါအန္တရာယ်နှင့်အတူ များစွာသောအခက်အခဲများကို ရင်ဆိုင်နေရသည့်အချိန်ဖြစ်သည်။လက်ရှိ ကမ္ဘာကြီးရင်ဆိုင်နေရသော အနေအထားအရ ကမ္ဘာ့စီးပွားရေး ပြန်လည်နာလန်ထူနိုင်ရေးမှာ နောက်ထပ် ၃ နှစ်မှ ၅ နှစ်ကြာသည့်တိုင်အောင်ခက်ခဲနေဦးမည်ဟု စီးပွားရေးပညာရှင်အချို့က ဟောကိန်းထုတ်ခဲ့ကြသည်။ထိုသို့သော အခြေအနေမျိုးတွင် တရုတ်နိုင်ငံအနေနှင့် နိုင်ငံ၏စီးပွားရေးလုပ်ငန်းများ ပြန်လည်စတင်ခြင်းကို စနစ်တကျဖော်ဆောင်ရမည်ဟုဆိုသည်။ယင်းသည် ၁၄ ကြိမ်မြောက် ၅ နှစ် စီမံကိန်းနှင့် ရေရှည်စီမံချက်များကို ဖန်တီးဖော်ထုတ်ရန် အကြောင်းအရင်းလည်းဖြစ်သည်ဟု ဆိုသည်။ယင်းသည်ပင် နိုင်ငံအတွက် အကောင်းဆုံးစီမံချက်များကို ရှာတွေ့ရန် လူတိုင်း၏အမြင်ကို အလေးထား နားထောင်ရန်နှင့် လူမှုစွမ်းအားတစ်ရပ်လုံးကို စည်းရုံးဆွဲဆောင်ရန် သမ္မတ ရှီကျင့်ဖိန် က လိုလားနေသည့် အကြောင်းအချက်လည်းဖြစ်သည်။ 
 
တရုတ်နိုင်ငံ၏ ၁၄ ကြိမ်မြောက် အမျိုးသားလွှတ်တော်တွင် တိန်ရှောင်ဖိန် က စီးပွားရေးစီမံကိန်းကို ဖွင့်ဟမြွက်ကြားပြီးနောက်ပိုင်း ဈေးကွက်စီးပွားရေးကို အပြည့်အဝ အကောင်အထည်ဖော်ဆောင်ခဲ့သကဲ့သို့ ဂလိုဘယ်လိုက်ဇေးရှင်းတွင် ထပ်မံပါဝင်လာခဲ့သည်ဟု ဆိုသည်။
 
လက်ရှိအနေအထားအရ တရုတ်နိုင်ငံအနေနှင့် စီးပွားရေးဖြစ်ထွန်းတိုးတက်မှုကို အရှိန်မြှင့်လုပ်ဆောင်နေရာမှ အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်မှုဆီသို့ အသွင်ပြောင်းလဲတိုးမြှင့်ရန် လိုအပ်နေသည့် အချိန်အခါလည်းဖြစ်သည်ဟု ဆိုသည်။ 
 
ဆိုရလျှင် တရုတ်နိုင်ငံ၏ ၁၄ ကြိမ်မြောက် ၅ နှစ်စီမံကိန်းနှင့် ၂၀၃၅ ရေရှည်ရည်မှန်းချက်များက လေ့လာစရာများလှသည်။တံခါးဖွင့်ဝါဒကို ဆက်သွားကာ နည်းပညာကိုအားပေးပြီး အရည်အသွေးမြင့် ကုန်ချောဘက်ကို ဦးစားပေးမည့် ပြည်တွင်းလူနေမှုကို မြင့်တက်ရန် ဦးတည်ထားသည့် တရုတ်အနေဖြင့် စီးပွားရေးကိုဇောင်းပေးပြီး တည်ငြိမ်ရေးကို ဖော်ဆောင်ရန်ထားသည်က ကိုဗစ်အလွန် ကမ္ဘာအတွက် စီးပွားရေးမှာ အဆုံးအဖြတ်ဆိုတာကို ပြဆိုနေသည့်သဘောပင်ဖြစ်သည်။
 
မည်သို့ပင်ဆိုစေ ကိုဗစ်အလွန်ကာလ နိုင်ငံများအနေဖြင့် စီးပွားရေးကို အားစိုက်ထုတ်ရဖို့က သေချာနေပြီး ထိုအချက်ကပင် အခြားသောနိုင်ငံတကာအခန်းကဏ္ဍများကို အဆုံးအဖြတ်ပေးမည့်သဘောဖြစ်နေသည်က အထင်အရှားပင်ဖြစ်သည်ဟု သုံးသပ်မိပါသည်။
 
နေစိုးဦး
Ref : Global Times
နိုဝင်ဘာ - ၁၄
 
( Zawgyi )
 
ကိုဗစ္-၁၉ ကမာၻ႔ကပ္ေရာဂါႏွင့္အတူ ကမာၻလုံးဆိုင္ရာ အက်ပ္အတည္းမ်ားႏွင့္ ရင္ဆိုင္ေနရမႈအတြင္း ႏိုင္ငံတကာတြင္ စိန္ေခၚမႈမ်ားက ႀကီးႀကီးမားမား ႀကဳံေတြ႕ေနရသည္။
 
လက္ရွိအခ်ိန္ကာလတြင္ တ႐ုတ္ႏိုင္ငံအေပၚ အေမရိကန္ျပည္ေထာင္စု၏ ရန္လိုၿခိမ္းေျခာက္မႈမ်ား တိုးပြားလာခ်ိန္ႏွင့္အတူ စီးပြားေရးႏွင့္ သံတမန္ဆက္ဆံေရးဆိုင္ရာ အက်ပ္အတည္းမ်ားႏွင့္ ရင္ဆိုင္ေနရခ်ိန္တြင္ တ႐ုတ္ႏိုင္ငံ ေဘက်င္းၿမိဳ႕တြင္ ေအာက္တိုဘာလ ၂၆ ရက္ေန႔မွ ၂၉ ရက္အတြင္း က်င္းပခဲ့သည့္ ၁၉ ႀကိမ္ေျမာက္ တ႐ုတ္ကြန္ျမဴနစ္ပါတီ ဗဟိုေကာ္မတီမွ ဦးစီးက်င္းပသည့္ မ်က္ႏွာစုံညီအစည္းအေဝးကို ႏိုင္ငံတကာက ေစာင့္ၾကည့္သတိထားခဲ့ၾကသည္။
 
၎မ်က္ႏွာစုံညီအစည္းအေဝးတြင္ တ႐ုတ္ႏိုင္ငံေခါင္းေဆာင္မ်ားအေနျဖင့္ ရင္ဆိုင္ေနရေသာ စိန္ေခၚမႈမ်ားႏွင့္ပတ္သက္၍ ေဆြးေႏြးညႇိႏႈိင္းအေျဖရွာလိမ္မည္ဟု ႏိုင္ငံတကာက တြက္ဆထားကာ ေရွ႕လာမည့္ ကိုဗစ္အလြန္ တ႐ုတ္ႏိုင္ငံ၏ အခင္းအက်င္းက ဘယ္လိုေျပာင္းလဲလာမႈရွိမည္ ဘယ္လိုမူဝါဒအေျပာင္းအလဲရွိလာႏိုင္သည္ကို ႏိုင္ငံတကာေခါင္းေဆာင္မ်ား၊စီးပြားေရးဆိုင္ရာေခါင္းေဆာင္မ်ားက ေစာင့္ၾကည့္ေနၾကသည္က အမွန္ပင္။ကမာၻ႔အႀကီးဆုံးစားသုံးသူေစ်းကြက္၏ အေျပာင္းအလဲက ကမာၻ႔စီးပြားေရးႏွင့္ ႏိုင္ငံတကာေရးရာမ်ားအေပၚ ႐ိုက္ခတ္မႈက ယခုေနာက္ပိုင္းတြင္ အရင္ကထက္ ပိုသက္ေရာက္ေနသျဖင့္ ေစာင့္ၾကည့္ၾကျခင္းက မွားသည္ေတာ့မဆိုသာ။
 
ေအာက္တိုဘာလ ၂၆ ရက္ေန႔မွ ၂၉ ရက္အတြင္း က်င္းပခဲ့သည့္ ၁၉ ႀကိမ္ေျမာက္ တ႐ုတ္ကြန္ျမဴနစ္ပါတီ ဗဟိုေကာ္မတီမွ ဦးစီးက်င္းပသည့္ မ်က္ႏွာစုံညီအစည္းအေဝးတြင္ တ႐ုတ္ႏိုင္ငံက ၁၄ ႀကိမ္ေျမာက္ ၅ ႏွစ္ စီမံကိန္း (၂၀၂၁-၂၀၂၅) ႏွင့္ ၂၀၃၅ ႏွစ္ရွည္ရည္မွန္းခ်က္မ်ားကို ခ်မွတ္အေကာင္အထည္ ေဖာ္ ေဆာင္႐ြက္သြားမည္ဟု ဆိုသည္။အဆိုပါ ၅ ႏွစ္ စီမံကိန္းႏွင့္ ႏွစ္ရွည္ရည္မွန္းခ်က္မ်ားသည္ ႏိုင္ငံ၏ ရာျပည့္ရည္မွန္းခ်က္ႏွစ္ရပ္ျဖစ္ သည္ႏွင့္အညီ ႏိုင္ငံ၏ စီးပြားေရးသံတမန္ ဆက္ဆံေရးႏွင့္ စက္မႈလုပ္ငန္းဆိုင္ရာ ဖြံ႕ၿဖိဳးတိုးတက္မႈဆိုင္ရာ စိန္ေခၚမႈမ်ားႏွင့္ပတ္သက္၍ ေဆြးေႏြးညႇိႏႈိင္း အေျဖရွာေတြ႕ႏိုင္မည္ဟု ေမွ်ာ္လင့္ရသည္။
 
၅ ႏွစ္စီမံကိန္းႏွင့္ ႏွစ္ရွည္ရည္မွန္းခ်က္မ်ားကို အေလးထားေဆြးေႏြးရာတြင္ အဓိကဦးတည္ခ်က္ ၃ ရပ္ျဖင့္ ေဆြးေႏြးညႇိႏႈိင္းသြားမည္ျဖစ္သည္။
 
ပထမအခ်က္အျဖစ္ တ႐ုတ္ႏိုင္ငံအေနႏွင့္ ႏိုင္ငံ၏လုပ္ေဆာင္လ်က္ရွိေသာ ျပဳျပင္ေျပာင္းလဲေရးလုပ္ငန္းစဥ္မ်ားကို အရွိန္အဟုန္မပ်က္ ဆက္လက္၍ မဆုတ္မနစ္ အေကာင္အထည္ေဖာ္ ေဆာင္႐ြက္သြားမည္ျဖစ္သည္။
 
ဒုတိယအေနႏွင့္ ပိုမိုလြတ္လပ္ေသာ လုပ္ပိုင္ခြင့္ အရည္အေသြးမ်ားကို ထူေထာင္၍ သိပၸံနည္းပညာဆိုင္ရာ သုေတသနက႑ႏွင့္ ဘ႑ာေငြေၾကးဆိုင္ရာ အခန္းက႑မ်ားတြင္ ပိုမိုအရည္အေသြးျမင့္မားလာေစရန္ ျဖစ္သည္။
 
တတိယအျဖစ္ တ႐ုတ္ကြန္ျမဴနစ္ပါတီႏွင့္ ႏိုင္ငံေတာ္အင္အားေတာင့္တင္းခိုင္မာမႈကဲ့သို႔ အစိုးရအဖြဲ႕၏ လုပ္ပိုင္ခြင့္ႏွင့္ပတ္သက္၍ လြတ္လပ္စြာရွိေရးကို ေဖာ္ေဆာင္ရန္ျဖစ္သည္။ 
 
ဆိုရလွ်င္ အဆိုပါဦးတည္ခ်က္ ၃ ရပ္သည္ တ႐ုတ္ႏိုင္ငံ လက္ရွိရင္ဆိုင္ေနရေသာ ဂလိုဘယ္လိုက္ေဇးရွင္းအေပၚ ဆန႔္က်င္မႈတိုးပြားလာသည့္ အလားအလာမ်ားႏွင့္ အေမရိကန္ျပည္ေထာင္စု၏ ရန္လိုၿခိမ္းေျခာက္မႈမ်ားအေပၚမည္ကဲ့သို႔ ကာကြယ္တားဆီးႏိုင္မည့္အေရးကို ေျဖရွင္းေပးရာလည္းေရာက္မည္ျဖစ္သည္။
 
အလားတူပင္ အျခားေသာအေရးပါသည့္ သြင္ျပင္လကၡဏာမ်ားလည္း ရွိပါေသးသည္။
 
ပထမဦးဆုံး အေရးပါသည့္အရာမွာ ဝင္ေငြပင္ျဖစ္သည္။ ၁၄ ႀကိမ္ေျမာက္ ၅ ႏွစ္ စီမံကိန္းကာလသည္ ႏိုင္ငံ၏ စီးပြားေရးဖြံ႕ၿဖိဳးတိုးတက္မႈ အတြက္ အေရးပါေသာက႑လည္းျဖစ္သည္။
 
ဒုတိယမွာ လူမႈအဖြဲ႕အစည္းျဖစ္ၿပီး တ႐ုတ္ႏိုင္ငံအေနႏွင့္ မညီမွ်ေသာ ဖြံ႕ၿဖိဳးတိုးတက္မႈ ခ်ိန္ခြင္လွ်ာျပႆနာကို ညႇိေပးရန္ျဖစ္သည္။ဆိုလိုသည္မွာ ၿမိဳ႕ျပႏွင့္ ေက်းလက္ေဒသအၾကား မညီမွ်ေသာ လူမႈဘဝဖြံ႕ၿဖိဳးတိုးတက္မႈကို ခ်ိန္ညႇိေပးရန္ျဖစ္သည္။
 
တတိယအေရးပါမႈမွာ စီးပြားေရးပင္ျဖစ္သည္။
 
တ႐ုတ္ႏိုင္ငံအေနႏွင့္ ပုံမွန္အေျခအေနေဟာင္းမွ အေျခအေနသစ္သို႔ အသြင္ကူးေျပာင္းရာတြင္ အေရးပါေသာ အခ်ိန္အခါသမယကို ေရာက္ရွိေနခ်ိန္ျဖစ္သည္။ဆိုရလွ်င္ တ႐ုတ္ႏိုင္ငံအေနႏွင့္ အဆင့္အတန္းျမင့္မားေသာ ဖြံ႕ၿဖိဳးတိုးတက္မႈကို အေလးထားေဖာ္ေဆာင္ရန္ျဖစ္သည္။
 
မၾကာေသးမီက ျဖစ္ပြားခဲ့ေသာ ကပ္ေရာဂါက တ႐ုတ္ႏိုင္ငံ၏ ပို႔ကုန္ျဖည့္ဆည္းမႈႏွင့္ ကမာၻတစ္ဝန္းမွ ဝယ္လိုအားအေပၚ မ်ားစြာထိခိုက္နစ္နာေစခဲ့သည္။ဂလိုဘယ္လိုက္ေဇးရွင္းသည္ အေရးပါေသာ အက်ိဳးသက္ေရာက္မႈရွိသည္ကို သိထားၾကၿပီးျဖစ္သည္ႏွင့္အညီ ကမာၻ႔စီးပြားေရးႏွင္ပတ္သက္သည့္ ဖြံ႕ၿဖိဳးတိုးတက္မႈ စိတ္ကူး သစ္ႏွင့္ မဟာဗ်ဴဟာမ်ားကို တ႐ုတ္ႏိုင္ငံက အဆိုျပဳခဲ့သည္ကိုလည္း ေတြ႕ၾကရသည္။
 
ႏိုင္ငံတစ္ႏိုင္ငံ၏ စီးပြားေရးဖြံ႕ၿဖိဳးတိုးတက္မႈသည္ ျပည္တြင္းကုန္စည္ စီးဆင္းမႈ ပုံမွန္လည္ပတ္ေရးက အဓိကက်သကဲ့သို႔ ျပည္တြင္းႏွင့္ ႏိုင္ငံတကာ အျပန္အလွန္ကုန္သြယ္မႈ တိုးျမႇင့္ျခင္းကလည္း မ်ားစြာအက်ိဳးသက္ေရာက္မႈရွိမည္သာျဖစ္သည္။
 
ထို႔ျပင္ အထက္ပါအေရးပါေသာ အခန္းက႑မ်ားသာမက တ႐ုတ္ႏိုင္ငံ၏ ပညာေရး၊ လူမႈဘဝတိုးတက္ေရး စသည့္ အခန္းက႑မ်ားရွိ ျပဳျပင္ေျပာင္းလဲေရးကို ပိုမိုအားေကာင္းလာေစရန္ ပုံေဖာ္ရမည္သာျဖစ္သည္။ယင္းသည္ တ႐ုတ္ႏိုင္ငံက ပုံေဖာ္ေနေသာ စားသုံးသူစြမ္းအား ပိုမိုအားေကာင္းလာေစရန္ႏွင့္ လူလတ္တန္းစား အေျခအေန တည္ၿငိမ္ေရးကိုပါ ပိုမိုအေထာက္အကူျပဳေစမည္ျဖစ္သည္။
 
လက္ရွိျဖစ္ပြားေနေသာ ကမာၻ႔ကပ္ေရာဂါႏွင့္အတူ ကမာၻႀကီးတြင္ျဖစ္ေပၚေနေသာ အေျပာင္းအလဲမ်ားက တ႐ုတ္ႏိုင္ငံအတြက္ သင့္ေလ်ာ္ေသာ ႏိုင္ငံေရးအေျခအေနတစ္ရပ္တြင္ ရွိမေနသည္မွာ ရွင္းလင္းသည္ဟု ဆိုသည္။သို႔ရာတြင္ ၁၄ ႀကိမ္ေျမာက္ ၅ ႏွစ္ စီမံကိန္းကာလအေတာအတြင္း ႏိုင္ငံ၏ အမ်ိဳးသားစနစ္ သိသာထင္ရွားေသာ တိုးတက္မႈရရွိေရးကို ေအာင္ျမင္စြာႀကိဳးပမ္းႏိုင္မည္ဟု ဆိုပါသည္။
 
ဆိုရလွ်င္ ၂၀၂၁ ခုႏွစ္မွ ၂၀၃၅ ခုႏွစ္ ၁၅ ႏွစ္ၾကာ ၅ ႏွစ္ စီမံကိန္း အေကာင္အထည္ေဖာ္ေဆာင္ၿပီးသည္အထိ အေထြေထြအျပားျပားေသာ အဖြဲ႕အစည္းမ်ား ျပည့္စုံတိုးတက္မႈရွိလာမည္ျဖစ္သည္။ ၂၀၃၅ ခုႏွစ္မွ ၂၀၄၉ ခုႏွစ္အထိ အမ်ိဳးသားအုပ္ခ်ဳပ္မႈစနစ္ ေခတ္မီတိုးတက္လာမႈႏွင့္အတူ ၎၏စြမ္းပကားကို ပိုမိုအားေကာင္းလာေစမည္ဟု ဆိုသည္။
 
စင္စစ္ ၂၀၃၅ ခုႏွစ္သည္ ႏိုင္ငံ၏ ေခတ္မီတိုးတက္ေစေရး ခရီးလမ္းသစ္အတြက္ အဦးအစကာလလည္းျဖစ္သည္။တ႐ုတ္ႏိုင္ငံ၏ ေရရွည္ရည္မွန္းခ်က္ အဦးအစအျဖစ္ ၂၀၃၅ ခုႏွစ္ကို အဦးအစယူသကဲ့သို႔ ၅ ႏွစ္ စီမံကိန္းသည္ ႏိုင္ငံအတြက္ အေရးပါေသာ သမိုင္းဝင္စီမံကိန္းတစ္ရပ္အျဖစ္ ရွိလာမည္မွာ အေသအခ်ာပင္ ျဖစ္သည္ဟု ဆိုသည္။တ႐ုတ္ႏိုင္ငံ၏ ကြန္ျမဴနစ္ပါတီ အတြင္းေရးမႉးခ်ဳပ္ႏွင့္ သမၼတ ရွီက်င့္ဖိန္ က ရရွိထားေသာ အခြင့္အလမ္းႏွစ္ရပ္ကို ရင္ဝယ္ပိုက္ထားရန္ မိန႔္ၾကားခဲ့သည္ဟု ဆိုသည္။
 
ပထမအခြင့္အလမ္းမွာ တ႐ုတ္ႏိုင္ငံအတြက္ အားသစ္ေလာင္းေပးမည့္ အေရးပါေသာကာလျဖစ္သည္။
 
ေနာက္တစ္ခုမွာ ရာစုႏွစ္အတြင္း မႀကဳံစဖူးေသာ အေျပာင္းအလဲႀကီးကို ရင္ဆိုင္ေနရေသာ ႏိုင္ငံတကာအေျခအေနျဖစ္သည္။
 
ဆိုရလွ်င္ ကမာၻႀကီးသည္ ကပ္ေရာဂါအႏၲရာယ္ႏွင့္အတူ မ်ားစြာေသာအခက္အခဲမ်ားကို ရင္ဆိုင္ေနရသည့္အခ်ိန္ျဖစ္သည္။လက္ရွိ ကမာၻႀကီးရင္ဆိုင္ေနရေသာ အေနအထားအရ ကမာၻ႔စီးပြားေရး ျပန္လည္နာလန္ထူႏိုင္ေရးမွာ ေနာက္ထပ္ ၃ ႏွစ္မွ ၅ ႏွစ္ၾကာသည့္တိုင္ေအာင္ခက္ခဲေနဦးမည္ဟု စီးပြားေရးပညာရွင္အခ်ိဳ႕က ေဟာကိန္းထုတ္ခဲ့ၾကသည္။ထိုသို႔ေသာ အေျခအေနမ်ိဳးတြင္ တ႐ုတ္ႏိုင္ငံအေနႏွင့္ ႏိုင္ငံ၏စီးပြားေရးလုပ္ငန္းမ်ား ျပန္လည္စတင္ျခင္းကို စနစ္တက်ေဖာ္ေဆာင္ရမည္ဟုဆိုသည္။ယင္းသည္ ၁၄ ႀကိမ္ေျမာက္ ၅ ႏွစ္ စီမံကိန္းႏွင့္ ေရရွည္စီမံခ်က္မ်ားကို ဖန္တီးေဖာ္ထုတ္ရန္ အေၾကာင္းအရင္းလည္းျဖစ္သည္ဟု ဆိုသည္။ယင္းသည္ပင္ ႏိုင္ငံအတြက္ အေကာင္းဆုံးစီမံခ်က္မ်ားကို ရွာေတြ႕ရန္ လူတိုင္း၏အျမင္ကို အေလးထား နားေထာင္ရန္ႏွင့္ လူမႈစြမ္းအားတစ္ရပ္လုံးကို စည္း႐ုံးဆြဲေဆာင္ရန္ သမၼတ ရွီက်င့္ဖိန္ က လိုလားေနသည့္ အေၾကာင္းအခ်က္လည္းျဖစ္သည္။ 
 
တ႐ုတ္ႏိုင္ငံ၏ ၁၄ ႀကိမ္ေျမာက္ အမ်ိဳးသားလႊတ္ေတာ္တြင္ တိန္ေရွာင္ဖိန္ က စီးပြားေရးစီမံကိန္းကို ဖြင့္ဟႁမြက္ၾကားၿပီးေနာက္ပိုင္း ေဈးကြက္စီးပြားေရးကို အျပည့္အဝ အေကာင္အထည္ေဖာ္ေဆာင္ခဲ့သကဲ့သို႔ ဂလိုဘယ္လိုက္ေဇးရွင္းတြင္ ထပ္မံပါဝင္လာခဲ့သည္ဟု ဆိုသည္။
 
လက္ရွိအေနအထားအရ တ႐ုတ္ႏိုင္ငံအေနႏွင့္ စီးပြားေရးျဖစ္ထြန္းတိုးတက္မႈကို အရွိန္ျမႇင့္လုပ္ေဆာင္ေနရာမွ အရည္အေသြးျမင့္ ဖြံ႕ၿဖိဳးတိုးတက္မႈဆီသို႔ အသြင္ေျပာင္းလဲတိုးျမႇင့္ရန္ လိုအပ္ေနသည့္ အခ်ိန္အခါလည္းျဖစ္သည္ဟု ဆိုသည္။ 
 
ဆိုရလွ်င္ တ႐ုတ္ႏိုင္ငံ၏ ၁၄ ႀကိမ္ေျမာက္ ၅ ႏွစ္စီမံကိန္းႏွင့္ ၂၀၃၅ ေရရွည္ရည္မွန္းခ်က္မ်ားက ေလ့လာစရာမ်ားလွသည္။တံခါးဖြင့္ဝါဒကို ဆက္သြားကာ နည္းပညာကိုအားေပးၿပီး အရည္အေသြးျမင့္ ကုန္ေခ်ာဘက္ကို ဦးစားေပးမည့္ ျပည္တြင္းလူေနမႈကို ျမင့္တက္ရန္ ဦးတည္ထားသည့္ တ႐ုတ္အေနျဖင့္ စီးပြားေရးကိုေဇာင္းေပးၿပီး တည္ၿငိမ္ေရးကို ေဖာ္ေဆာင္ရန္ထားသည္က ကိုဗစ္အလြန္ ကမာၻအတြက္ စီးပြားေရးမွာ အဆုံးအျဖတ္ဆိုတာကို ျပဆိုေနသည့္သေဘာပင္ျဖစ္သည္။
 
မည္သို႔ပင္ဆိုေစ ကိုဗစ္အလြန္ကာလ ႏိုင္ငံမ်ားအေနျဖင့္ စီးပြားေရးကို အားစိုက္ထုတ္ရဖို႔က ေသခ်ာေနၿပီး ထိုအခ်က္ကပင္ အျခားေသာႏိုင္ငံတကာအခန္းက႑မ်ားကို အဆုံးအျဖတ္ေပးမည့္သေဘာျဖစ္ေနသည္က အထင္အရွားပင္ျဖစ္သည္ဟု သုံးသပ္မိပါသည္။
 
ေနစိုးဦး
Ref : Global Times
ႏိုဝင္ဘာ - ၁၄