【 နိုင်ငံတကာဆောင်းပါး 】 GSI နှင့် ပိုမိုငြိမ်းချမ်းတည်ငြိမ်သော ကမ္ဘာဆိုသည့် မျှော်လင့်ချက်

【 နိုင်ငံတကာဆောင်းပါး 】 GSI နှင့် ပိုမိုငြိမ်းချမ်းတည်ငြိမ်သော ကမ္ဘာဆိုသည့် မျှော်လင့်ချက်

ကမ္ဘာ့အသိုက်အဝန်းသည် ဘုံသဘောဆောင်ကာ ကျယ်ပြန့်ပြီး ပူပေါင်းဆောင်ရွက်ခြင်းဖြင့် ရေရှည်တည်တံ့သော လုံခြုံရေးနှင့် နိုင်ငံတစ်နိုင်ငံနှင့် နိုင်ငံအနည်းငယ်၏ အကြွင်းမဲ့ လုံခြုံရေးဗိုလ်ကျမှုကိုသာဖြစ်စေသည့် စစ်အေးတိုက်ပွဲပုံစံစနစ်အကြား အရေးပါသော အရေးပေါ်ရွေးချယ်မှုနှင့် ရင်ဆိုင်နေရသည်ဆိုသည့်အချက်ကို မြင့်မားလာနေသည့် ကမ္ဘာ့လုံခြုံရေးစိန်ခေါ်မှုက အမြဲတမ်းသတိပေးနေသည်။

ထိပ်တိုက်တွေ့ခြင်းထက် တွေ့ဆုံဆွေးနွေးခြင်းကို၊ မဟာမိတ်ဖွဲ့ခြင်းထက် ပူးပေါင်းဆောင်ရွက်ခြင်းကို၊ အရှုံး/အနိုင်ဆုံးဖြတ်ခြင်းထက် အားလုံးအကျိုးကို သရုပ်ဖော်သည့် လုံခြုံရေးလမ်းကြောင်းသစ်ကို ထောက်ခံတင်ပြပြီး ကမ္ဘာ့လုံခြုံရေးအစီအစဉ်သည် လက်ရှိအချိန်အထိ နိုင်ငံနှင့် ဒေသဆိုင်ရာအဖွဲ့အစည်း ၈၀ ကျော်ထံမှ အပြုသဘောဆောင်သည့် ထောက်ခံမှုရရှိနေသည်။

လုံခြုံရေးသည် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံလိုအပ်ချက်ဖြစ်ပြီး ဖွံ့ဖြိုးတိုးတက်ခြင်းသည် အဓိကပြဿနာများကို ကိုင်တွယ်ဖြေရှင်းရန် ဘက်စုံသုံးသော့ဖြစ်သည်။

ဧပြီလအစောပိုင်းတွင် တရုတ်၊ ဆော်ဒီအာရေးဗီးယားနှင့် အီရန်မှ နိုင်ငံခြားရေးဝန်ကြီးများသည် ပေကျင်းတွင် လက်ဆွဲနှုတ်ဆက်ကြပြီး ရီယာဒ်-တီဟီရန် ဆက်ဆံရေးတွင် သမိုင်းဝင်ကာလ အထိမ်းအမှတ် ကျင်းပကြသည်။

လူသားထုသည် ပဋိပက္ခများကျော်ဖြတ်နိုင်ပြီး ဘုံကောင်းကျိုးအတွက် ပြန်လည်သင့်မြတ်မှုရနိုင်သည်ဆိုသည့် ဖြစ်နိုင်ခြေကို တရုတ်နိုင်ငံ၏ ကြားဝင်ဆောင်ရွက်ပေးခြင်းကြောင့် ထို ၂ နိုင်ငံတို့ သံတမန်ဆက်ဆံရေး ပြန်လည်စတင်ခြင်းက ပြသနေသည်။

ထိုသမိုင်းဝင်ဆက်ဆံရေး ပြန်လည်နွေးထွေးလာခြင်းသည် တရုတ်သမ္မတ ရှီကျင့်ဖျင်က ကမ္ဘာ့လုံခြုံရေးအစီအစဉ် (GSI) ကို အဆိုပြုခဲ့ပြီး တစ်နှစ်နီးပါးအကြာတွင် ဖြစ်ပေါ်လာခြင်းဖြစ်သည်။ GSI သည် နိုင်ငံတကာပဋိပက္ခများ၏ အရင်းခံအကြောင်းအရင်းကို သုတ်သင်ဖယ်ရှားရန်၊ ကမ္ဘာ့လုံခြုံရေးစီမံအုပ်ချုပ်မှ တိုးတက်စေရန်၊ မတည်ငြိမ်ပြောင်းလဲနေသောခေတ်သို့ ပိုမိုတည်ငြိမ်မှုနှင့် သေချာရေရာမှု ယူဆောင်ပေးရေး နိုင်ငံတကာပူးပေါင်းအားထုတ်မှု အားပေးရန်နှင့် ကမ္ဘာတွင် ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးနှင့် တိုးတက်မှုကို အားပေးရန်တို့ကို ရည်ရွယ်သည်။

          တွေ့ဆုံဆွေးနွေးခြင်း အရေးပါပြီး အလုပ်ဖြစ်

ရီယာဒ်-တီဟီရန် ပြန်လည်သင့်မြတ်မှုအပြီးတွင် အရှေ့အလယ်ပိုင်းမှ ပဋိပက္ခဖြစ်ပွားနေသော နေရာအများအပြားတွင် သံတမန်ရေးအကျပ်အတည်းများကို ချိုးဖျက်ရန်နှင့် ကာလကြာမြင့်ပြီးဖြစ်သော ရန်လိုမှုများ အဆုံးသတ်ရန် ပြန်လည်သင့်မြတ်သည့် ခြေလှမ်းများ ဆက်တိုက်ပေါ်ပေါက်လာသည်။

ဥပမာအားဖြင့်ဆိုရပါက ဆော်ဒီအာရေးဗီးယားသည် ဆီးရီးယားသမ္မတ ဘာရှား အယ်လ် အာဆတ်ကို ရီယာဒ်တွင် မေလတွင် ကျင်းပမည့် အာရပ်အဖွဲ့ချုပ်အစည်းအဝေးသို့ တက်ရောက်ရေး ဖိတ်ကြားရန် စီစဉ်ခဲ့သည်။ထိုသို့လုပ်ဆောင်ခြင်းကြောင့် ဆီးရီးယား၏ ဒေသတွင်း အထီးကျန်မှု အဆုံးသတ်သွားမည်ဖြစ်သည်။

ထို့အပြင် ကာတာနှင့် ဘာရိန်းတို့က တရားဝင် သံတမန်ဆက်ဆံရေး ပြန်လည်စတင်မည်ဖြစ်ကြောင်း မကြာသေးမီက ကြေညာသည်။တာကီရဲ (တူရကီ) နှင့် အီဂျစ်တို့ကလည်း ၎င်းတို့ဆက်ဆံရေးကို သံအမတ်အဆင့်သို့ မြှင့်တင်ရန် ကတိပြုကြသည်။

ထိုပြန်လည်သင့်မြတ်ရေးလှိုင်းကို မီဒီယာနှင့် ကျွမ်းကျင်သူအများအပြားက ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေး မြှင့်တင်ရာတွင် တွေ့ဆုံဆွေးနွေးရေးနှင့် ညှိနှိုင်းတိုင်ပင်ခြင်း၏ အစားထိုးမရသော အခန်းကဏ္ဍကို သက်သေပြခြင်းဖြစ်သည်ဟု ဖော်ပြကြသည်။

“စစ်နှင့် အရေးယူပိတ်ဆို့မှုများသည် အငြင်းပွားမှုဖြေရှင်းရေးအတွက် အခြေခံဖြေရှင်းမှုမဟုတ်ပေ။တွေ့ဆုံဆွေးနွေးခြင်းနှင့် ညှိနှိုင်းတိုင်ပင်ခြင်းသည်သာ သဘောထားကွဲလွဲမှုများကို ဖြေရှင်းရာတွင် ထိရောက်သည်” ဟု ဖေဖော်ဝါရီလက ထုတ်ပြန်သည့် GSI အယူအဆ စာတမ်းက ဖော်ပြသည်။

လက်တွေ့တွင် ရှည်ကြာသော ယူကရိန်းအကျပ်အတည်းကို ဆွေးနွေးပွဲများနှင့် အခြားငြိမ်းချမ်းသောနည်းများဖြင့် ဖြေရှင်းရေး ကမ္ဘာတစ်ဝှမ်း ဘုံသဘောတူညီချက်ကို တဖြည်းဖြည်းတည်ဆောက်လာပြီဖြစ်သည်။

ဧပြီလအစောပိုင်းတွင် တရုတ်နိုင်ငံသို့ လာရောက်လည်ပတ်စဉ် ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန်က ရှီနှင့် ဆွေးနွေးရာတွင် ပြင်သစ်သည် နိုင်ငံရေးဆွေးနွေးပွဲများ ပြန်လည်စတင်ခြင်းနှင့် ထိုအကျပ်အတည်းကို သံတမန်နည်းဖြင့်ဖြေရှင်းပြီး ဥရောပတွင် ရေရှည်ခံသော ငြိမ်းချမ်းရေးရရန် တောင်းဆိုကြောင်ပြောပြီး သူ၏နိုင်ငံသည် ငြိမ်းချမ်းအတွက် တရုတ်နှင့်ဆက်သွယ်မှု တိုးမြှင့်ရန်နှင့် ပူးပေါင်းအားထုတ်ရန် မျှော်လင့်ကြောင်း ပြောကြားခဲ့ သည်။

တရုတ်ခေါင်းဆောင်၏ ရုရှားခရီးစဉ်အတွင်း မတ်လတွင် ရှီနှင့် ရုရှားသမ္မတ ဗလာဒီမာ ပူတင်တို့က ပူးတွဲကြေညာချက်တစ်စောင်တွင် ယူကရိန်းအကျပ်အတည်းကို တွေ့ဆုံဆွေးနွေး ဖြေရှင်းသင့်ကြောင်း အလေးထားပြောကြားကြသည်။

အနောက်တိုင်းလုံခြုံရေးအစီအစဉ်သည် စစ်ရေးအရ ကြားဝင်ခြင်းဖြင့် အငြင်းပွားမှုဖြေရှင်းရေးကို အကြီးအကျယ်လိုလားသော်လည်း တရုတ်၏ချဉ်းကပ်ပုံနည်းလမ်းမှာ ငြိမ်းချမ်းရေးလိုလား၊ ကမ္ဘာ့လုံခြုံရေးလိုလားသည်ဟု ဇင်ဘာဘွေနိုင်ငံသား နိုင်ငံတကာဆက်ဆံရေးသုတေသီ ဂစ်ဘ်ဆန် ညီကတ်ဇီနို ပြောသည်။

          ခွဲထွက်နေသော လမ်း ၂ သွယ်

ကမ္ဘာ့အသိုက်အဝန်းသည် ဘုံသဘောဆောင်ကာ ကျယ်ပြန့်ပြီး ပူပေါင်းဆောင်ရွက်ခြင်းဖြင့် ရေရှည်တည်တံ့သော လုံခြုံရေးနှင့် နိုင်ငံတစ်နိုင်ငံနှင့် နိုင်ငံအနည်းငယ်၏ အကြွင်းမဲ့ လုံခြုံရေးဗိုလ်ကျမှုကိုသာဖြစ်စေသည့် စစ်အေးတိုက်ပွဲပုံစံ စနစ်အကြား အရေးပါသော အရေးပေါ်ရွေးချယ်မှုနှင့် ရင်ဆိုင်နေရသည်ဆိုသည့်အချက်ကို မြင့်မားလာနေသည့် ကမ္ဘာ့လုံခြုံရေးစိန်ခေါ်မှုက အမြဲတမ်းသတိပေးနေသည်။

သမိုင်းသင်ခန်းစာများ ပေါများလှသည်။စစ်အေးတိုက်ပွဲ ပြီးဆုံးသွားသောအခါ မြောက်အတ္တလန္တိတ်စာချုပ်အဖွဲ့ (NATO) က အဖွဲဝင်သစ်မတိုးချဲ့တော့ဟု ကတိပြုသော်လည်း အမေရိကန်ဦးဆောင်သော ထိုစစ်ရေးမဟာမိတ်သည် ၁၉၉၉ ခုနှစ်နောက်ပိုင်းတွင် အရှေ့ဘက်သို့  ၅ ကြိမ်တိုးချဲ့ပြီး ရုရှားနယ်စပ်ဆီသို့ ကီလိုမီတာတစ်ထောင်ကျော် နီးကပ်လာသည်။ယူကရိန်းအကျပ်အတည်း၏ နက်ရှိုင်းသောအကြောင်းရင်းသည် NATO ချဲ့ထွင်ခြင်းဖြစ်ပြီး ရုရှားများသည် အနောက်နိုင်ငံများက ယူကရိန်းကို ရုရှားနယ်စပ်မှ အနောက်တိုင်းခံတပ်ဖြစ်အောင် ကြိုးစားခြင်းကို တုံ့ပြန်ခြင်းသာဖြစ်သည်။

သို့သော် ဝါရှင်တန်နှင့် ၎င်း၏ အနောက်တိုင်းမဟာမိတ်အချို့သည် ၎င်းတို့အတွက် သင်ခန်းစာများကို လေ့လာခြင်းမပြုကြပေ။အာရှ-ပစိဖိတ်တွင် ၎င်းတို့သည် NATO ကို မချဲ့ထွင်ရန်သာမက Quad နှင့် AUKUS ကဲ့သို့သော အတွေးအခေါ်အရ ဖွဲ့စည်းသည့် မဟာမိတ်များကိုပင် ဖွဲ့ကြသည်။ဒေသတွင်းအခြေအနေအတွက် စိုးရိမ်ပူပန်မှုများ မြင့်မားလာသည်။

ဖနွမ်းပင်မှ BELTEI နိုင်ငံတကာတက္ကသိုလ် ဝါရင့်ပါမောက္ခ ဂျိုးဆက်မက်သရူးက AUKUS သည် အာဆီယံနှင့် အာရှဒေသတစ်ခုလုံးအတွက် အဓိကလုံခြုံရေးခြိမ်းခြောက်မှုဖြစ်ကြောင်း ပြောသည်။

စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်းကဲ့သို့သော ဒေသတွင်းခေါင်းဆောင်များကလည်း ဝါရှင်တန်က ဒေသတွင်းကို အတင်းအကျပ်လုပ်လာသည့် အုပ်စုလိုက်ထိပ်တိုက်တွေ့ခြင်းတွင် အတင်းအကျပ်ဘက်ရွေးခိုင်းသည့် အန္တရာယ်ကို သတိပေးသည်။

ထိပ်တိုက်တွေ့ခြင်းထက် တွေ့ဆုံဆွေးနွေးခြင်းကို၊ မဟာမိတ်ဖွဲ့ခြင်းထက် ပူးပေါင်းဆောင်ရွက်ခြင်းကို၊ အရှုံး/အနိုင်ဆုံးဖြတ်ခြင်းထက် အားလုံးအကျိုးကို သရုပ်ဖော်သည့် လုံခြုံရေးလမ်းကြောင်းသစ်ကို ထောက်ခံတင်ပြပြီး ကမ္ဘာ့လုံခြုံရေးအစီအစဉ်သည် လက်ရှိအချိန်အထိ နိုင်ငံနှင့် ဒေသဆိုင်ရာအဖွဲ့အစည်း ၈၀ ကျော်ထံမှ အပြုသဘောဆောင်သည့် ထောက်ခံမှုရရှိနေသည်။

GSI အယူအဆ စာတမ်းတွင် တရုတ်နိုင်ငံသည် ထိုအစီအစဉ်၏ အဓိကအတွေးအခေါ်နှင့် အခြေခံမူများကို ရှင်းပြပြီး ကုလသမဂ္ဂပဋိညာဉ်၏ ရည်ရွယ်ချက်နှင့် အခြေခံမူများ လိုက်နာရန် ထပ်မံအတည်ပြုကာ နိုင်ငံအားလုံး၏ တရားဝင်သော လုံခြုံရေးစိုးရိမ်ပူပန်မှုများ အလေးထားပြီး တွေ့ဆုံဆွေးနွေးခြင်းနှင့် ညှိနှိုင်းတိုင်ပင်ခြင်းဖြင့် နိုင်ငံများအကြား သဘောထားကွဲလွဲမှုများနှင့် အငြင်းပွားမှုများကို ငြိမ်းချမ်းစွာဖြေရှင်းရေးကို အလေးထားကြောင်း အခြားကတိကဝတ်များနှင့်တကွ ဖော်ပြထားသည်။

အဆုံးတွင် မတည်ငြိမ်မှုနှင့် ပဋိပက္ခများကိုသာဖြစ်စေသည့် မဟာမိတ်ဖွဲ့ခြင်းသဘောတရား၊ Thucydides ထောင်ချောက်၊ ယဉ်ကျေးမှုလူ့အဖွဲ့အစည်းချင်းပဋိပက္ခ စသည့် အနောက်တိုင်းသဘောတရားများနှင့်မတူဘဲ တရုတ်နိုင်ငံ၏ အစီအစဉ်သည် ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုကိုပေးရန်နှင့် တန်းတူညီမျှသည့် ဆက်ဆံမှုရရန် နိုင်ငံအားလုံးအတွက် အထူးသဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် နည်းလမ်းသစ်ကိုပေးသည်ဟု  အီရတ်နိုင်ငံ တီကရစ်တက္ကသိုလ် နိုင်ငံရေးပထဝီ ပါမောက္ခ မူသန်နာ မီရှန်းအယ်မက်ဇရိုဝီ ပြောသည်။

“ကျနော်တို့က ဝင်ရိုးတစ်ခုတည်းရှိတဲ့ ကမ္ဘာကနေ ဝင်ရိုးအများအပြားရှိတဲ့ ကမ္ဘာကို အပြောင်းအလဲကို ကြုံတွေ့နေရတာ” ဟု သူကပြောသည်။ “GSI ဟာ နိုင်ငံတကာအသိုက်အဝန်းရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းနိုင်တယ်” ဟု သူပြောသည်။

          တရုတ်နိုင်ငံ၏ လှုပ်ရှားမှု

တရုတ်နိုင်ငံ ငြိမ်းချမ်းရေးစကားများသည် ၎င်း၏ကတိများသာဖြစ်သည်။ယူကရိန်းအကျပ်အတည်း အရှိန်မြင့်လာပြီး လွန်ခဲ့သော ဖေဖော်ဝါရီလတွင် တစ်နှစ်ပြည့်သောအခါ တရုတ်နိုင်ငံသည် အကျပ်အတည်းကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းရေး သဘောထားကြေညာချက်ထုတ်ပြန်ပြီး နိုင်ငံအားလုံး၏ အချုပ်အခြာအာဏာကို လေးစားရန်၊ စစ်အေးတိုက်ပွဲစိတ်ဓာတ် စွန့်လွှတ်ရန်နှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ပြန်လည်စတင်ရန် တောင်းဆိုခဲ့သည်။

ဧပြီလအစောပိုင်းတွင် တရုတ်နိုင်ငံသည် အာဖဂန်ပြဿနာနှင့်ပတ်သက်သည့် သဘောထားစာတမ်းကို ထုတ်ပြန်ပြီး အာဖဂန်တွင် အလယ်အလတ်နှင့် စဉ်းစားဆင်ခြင်မှုရှိသော စီမံအုပ်ချုပ်ရေး၊ ငြိမ်းချမ်းရေးနှင့် အာဖဂန်ပြန်လည်တည်ဆောက်ရေးကို တောင်းဆိုသည်။ထိုစာတမ်းတွင် ဖော်ပြထားသည့် အချက်များက GSI ၏ နောက်ကွယ်မှ တရုတ်၏ ငြိမ်းချမ်းရေးတည်ဆောက်ရေး အတွေးအခေါ်ကို မီးမောင်းထိုးပြသည်ဟု Asian Institute of Eco-civilization Research and Development မှ အမှုဆောင်အရာရှိချုပ် ရှာကီးလ် အာမက် ရာမေ ပြောကြားပြီး ထိုအချက်က တရုတ်သည် ပြဿနာများကိုဖြေရှင်းရန် အမှန်တကယ်အလေးအနက်ထားကြောင်း ဆက်လက်ပြောကြားခဲ့သည်။

“ဒါကြောင့် တရုတ်က အဲဒီအုပ်ချုပ်ရေးစနစ်ကို ပြည်သူတွေကို ဆုံးဖြတ်စေပြီး သူတို့ကို စီးပွားရေး၊ ဖွံ့ဖြိုးတိုးတက်ရေး အခွင့်အလမ်းတွေနဲ့ သူတို့ကိုထောက်ပံ့တယ်။ဒါက အာဖဂန်မှာ ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးကို ဆောင်ယူလာပေးမယ်လို့ ကျနော်ထင်တယ်။ဒါက ဒီဒေသနဲ့ ကမ္ဘာအတွက် အကျိုးဖြစ်စေလိမ့်မယ်” ဟု သူပြောသည်။

သမားရိုးကျ လုံခြုံရေးကိစ္စများတွင် ပါဝင်ခြင်းအပြင် တရုတ်နိုင်ငံသည် အကြမ်းဖက်ဝါဒတိုက်ဖျက်ရေး၊ ဒစ်ဂျစ်တယ်စီမံအုပ်ချုပ်ရေးနှင့် ရာသီဥတုပြောင်းလဲမှုအပါအဝင် သမားရိုးကျမဟုတ်သည့် လုံခြုံရေးနယ်ပယ်တွင် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုတွင် တက်ကြွသောအခန်းမှ ပါဝင်နေသည်။ပြည်သူ့အကျိုးဆောင်မှုမျိုးစုံ ထောက်ပံ့ပြီး တရုတ်နိုင်ငံသည် အမျိုးမျိုးသော လုံခြုံရေးစိန်ခေါ်မှုများကို ကိုင်တွယ်ဖြေရှင်းရေးအတွက် အရေးပါသော အကျိုးဆောင်မှုများ ပြုလုပ်ခဲ့သည်။

ဥပမာအားဖြင့်ဆိုရပါက တရုတ်နိုင်ငံသည် ကုလသမဂ္ဂငြိမ်းချမ်းရေးထိန်းသိမ်းမှုလုပ်ငန်းများတွင် အရေးပါသော တပ်ဖွဲ့ဝင်များထည့်ဝင်သူနှင့် ဒုတိယငွေကြေးအများဆုံးထည့်ဝင်သည့် နိုင်ငံဖြစ်သည်။ထို့အပြင် တရုတ်နိုင်ငံသည် လွန်ခဲ့သော ဆယ်စုနှစ် ၆ ခုအတွင်း နိုင်ငံနှင့် ဒေသ ၇၆ ခုသို့ စုစုပေါင်း အဖွဲ့ဝင် ၃၀၀၀၀ ရှိသည့် ဆေးအဖွဲ့များ စေလွှတ်ခဲ့ပြီး ဒေသခံပြည်သူများသို့ ရောဂါရှာဖွေကုသမှု သန်း ၂၉၀ လုပ်ဆောင်ပေးခဲ့သည်။

GSI သည် နိုင်ငံတကာအသိုက်အဝန်းအတွက် စစ်မှန်သော ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို အာမခံကြောင်း အီဂျစ်နိုင်ငံ အယ်လ်အီရတ်ကီယာတက္ကသိုလ် ဥပဒေပါမောက္ခ နာဂျစ် အယ်လ် ဂျူဘော်ရီ ပြောသည်။

ထိုအစီအစဉ်သည် နိုင်ငံတိုင်း၏ အချုပ်အခြာအာဏာကိုလေးစားပြီး နိုင်ငံများ တန်းတူညီမျှခြင်းကို အသိအမှတ်ပြုကာ ပြည်ပစွက်ဖက်ခြင်းကို ရှောင်ရှားပြီး အငြင်းပွားမှုများကို စစ်အစား တွေ့ဆုံဆွေးနွေးခြင်းဖြင့် ဖြေရှင်းရန်တောင်းဆိုသည့် ချီးကျူးစရာအစီအစဉ်ဖြစ်ကြောင်း သူဖြည့်စွက်ပြောသည်။

          ဘုံအနာဂါတ်

“နိုင်ငံအားလုံး ငြိမ်းချမ်းတည်ငြိမ်သော ပြင်ပ ပတ်ဝန်းကျင် ခံစားရစေရန်နှင့် ၎င်းတို့ပြည်သူများ၏ အခွင့်အရေးများကို အပြည့်အဝ အာမခံပြီး ပျော်ရွှင်သောဘဝတွင် နေထိုင်နိုင်ရန် တည်တံ့ခိုင်မြဲသော ကမ္ဘာ့ငြိမ်းချမ်းရေးရရှိရေးသည် မိမိတို့၏ ဘုံရည်မှန်းချက်ဖြစ်သည်” ဟု GSI အယူအဆစာတမ်းတွင် ဖော်ပြထားသည်။

လုံခြုံရေးသည် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံလိုအပ်ချက်ဖြစ်ပြီး ဖွံ့ဖြိုးတိုးတက်ခြင်းသည် အဓိကပြဿနာများကို ကိုင်တွယ်ဖြေရှင်းရန် ဘက်စုံသုံးသော့ဖြစ်သည်။အရှေ့အလယ်ပိုင်းဒေသတွင် ပြန်လည်သင့်မြတ်ရေး မြင့်မားလာခြင်းကို ထိုနိုင်ငံများ၏ နိုင်ငံရေးနှင့် လုံခြုံရေး စိုးရိမ်ပူပန်မှုများကသာမဟုတ်ဘဲ ၎င်းတို့၏ ဖွံ့ဖြိုးတိုးတက်မှုအပေါ် အာရုံစိုက်မှုကလည်း မောင်းနှင်နေကြောင်း ဒေသတွင်း သုတေသီများ သုံးသပ်သည်။

မတ်လထုတ် ဂါနာယန်းတိုင်းမ်တွင်ရေးသားသည့် ဆောင်းပါးတစ်ပုဒ်တွင် အာဖရိက-တရုတ် မူဝါဒနှင့် အကြံပေးရေးစင်တာ တည်ထောင်သူနှင့် အမှုဆောင်ဒါရိုက်တာ ပေါလ် ဖရင်ပွန်က “GSI သည် ရှေရှည်တည်တံ့သော ငြိမ်းချမ်းရေး၊ တည်ငြိမ်မှုနှင့် တိုးတက်မှုတည်ဆောက်ရေးအတွက် လမ်းသစ်ရှာရန် ကမ္ဘာအတွက် ကြားခံဖြစ်သည်ဟုပြောလျှင် မမှားပေ” ဟု ဖော်ပြခဲ့သည်။

တရုတ်နိုင်ငံ၏ ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေး ကတိကဝတ်သည် ချီးကျူးစရာကောင်းသည်ဟု ယူဆပြီး တောင်အာဖရိက ဓနဥစ္စာစီမံခန့်ခွဲရေးကုမ္ပဏီ Efficient Group မှ အထက်တန်းစီးပွားရေးပညာရှင် ဒါဝီ ရုဒ်က “လူအများစုက ကမ္ဘာမှာ စီးပွားရေးတိုးတက်မှု၊ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်မှု ပိုမိုလိုအပ်တယ်ဆိုတာကို သဘောတူမယ်လို့ ကျနော်ယုံကြည်တယ်။ကမ္ဘာမှာ ဆိုးဆိုးရွားရွားလိုအပ်နေတဲ့ ငြိမ်းချမ်းရေးကိုထောက်ခံသူ ဘယ်သူမှ ဒီသေနင်္ဂဗျူဟာကို ဆန့်ကျင်မှာမဟုတ်ဘူး” ဟု သူပြောသည်။

စိုးနိုင်ထွန်း
Ref - Why Global Security Initiative can inspire hope for more peaceful, stable world | Xinhua