【 နိုင်ငံတကာဆောင်းပါး 】 “ ရေလွှမ်းမိုးသော ဗင်းနစ်သည် နမိတ်ပြနေခြင်းဖြစ်သည်”

 【  နိုင်ငံတကာဆောင်းပါး  】 “ ရေလွှမ်းမိုးသော ဗင်းနစ်သည် နမိတ်ပြနေခြင်းဖြစ်သည်”

Acqua alta ဟုခေါ်သော ရေမြင့်တက်ခြင်းသည် အီတလီနိုင်ငံမှ နှစ်စဉ်ရေလွှမ်းမိုးမှုခံရသော ဗင်းနစ်မြို့အတွက် အနည်းနှင့်အများဆိုသလို ဖြစ်ရိုးဖြစ်စဉ်သာဖြစ်သည်။ ပုံမှန်အားဖြင့်မြို့ခံ များနှင့် နှစ်တနှစ်၏ ပိုမိုအေးမြသောလများတွင် ထို ကုလသမဂ္ဂ ပညာရေး၊ သိပ်ပံနှင့်ယဉ်ကျေးမှုအဖွဲ့၏ ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ဗင်းနစ်မြို့သို့ လာရောက်လည်ပတ်သူများအတွက် တူးမြောင်းဘောင် များတွင် ရေပွက်ခြင်း သို့မဟုတ် လူသိများသော စိန့် မာ့ခ် ရင်ပြင် ရေမြောင်းများမှ ရေပလုံစီ ထွက်ခြင်းသာဖြစ်သည်။

သို့သော်ယခုနှစ်တွင်မူ စိန့်မာ့ခ် ရင်ပြင်သည် ရေအောက်သို့လုံးဝရောက်ရှိသွားခဲ့သည်။ နှစ် ၅၀ အတွင်းအဆိုးဆုံးနှင့် ၁၉၂၃ ခုနှစ်တွင် စတင်မှတ်တမ်းတင်ချိန်မှ စတင်ပြီး ဒုတိယအဆိုးဆုံး ထို ရေလွှမ်းမိုးမှုတွင် ဗင်းနစ်မြို့၏ ၈၅ ရာခိုင်နှုန်းကို ရေလွှမ်းသွားခဲ့သည်ဟု ဆိုသည်။

အရေးပေါ်အခြေအနေကို ထုတ်ပြန်ကြေညာရသည်။ကာလကြာမြင့် စွာ ဆိုင်းငံ့ထားသည့် ရွှေ့ပြောင်းနိုင်သော ရေလွှမ်းမိုးမှုတားဆီးရေး ရေအောက်အတားအဆီး တည်ဆောက်ရေး စီမံကိန်းအလျှင်အမြန်ပြီးစီးအောင်ဆောင်ရွက်ရန် ဗင်းနစ်မြိုတော်ဝန်က တောင်းဆိုရသည်။ ထို အတားအဆီး များကို ၂၀၂၁ ခုနှစ်ကုန်တွင် ပေးအပ်နိုင်ပါက ဗင်းနစ်မြိုကသည် ပိုမိုခြောက်သွေ့ စွာ ရှိနေမည်ဟု မျှော်လင့်ရသည်။

သို့သော်ယခုနှစ်၏ ပြင်းထန်သော အပျက်အစီးသည် လေပြင်းတိုက်ခြင်းများ၊ မိုးရေချိန်များခြင်း၊ လတ္တီတွတ် နိမ့်ခြင်းနှင့် ပင်လယ်ရေမျက်နှာပြင် မြင့်တက်ခြင်း စသည့် အကြောင်းအချက်များစွာ၏ ရလဒ်ဖြစ်သည်ဟု ကျယ်ပြန့်စွာ ယုံကြည်ရသည်။ ထိုအကြောင်း အချက်များအားလုံးသည်လည် ရာသီဥတုပြောင်းလဲမှု၏ သက်ရောက်မှုများသာဖြစ်သည်။ “ဒါက မြေထဲပင်လယ်မှ ပိုမိုဖြစ်ပွာလာတဲ့ ကိစ္စတခုပဲ” ဟု အီတလီ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးကပြောကြားပြီး ကမ္ဘာကြိးပိုမို ပူနွေး လာခြင်းကြောင့်ဖြစ်ပေါ်သည့် ပြင်းထန်သောမိုးရေချိန်နှင့်လေပြင်းများ၏ အပူပိုင်းရာသီ သို့ပြောင်း လဲခြင်းကို အပြစ်တင်သည်။

 “ကမ္ဘာကြီးကို ပူနွေးအောင်လုပ်လေလေ မိုးရေချိန်မြင့်ပြီး ပင်လယ်ရေမျက်နှာပြင် မြင့်တက်လေလေ ပဲ။ ဒါတွေအားလုံးက ဗင်းနစ်မှာ ရေလွှမ်းမိုးမှုကို ပြင်းထန်စေတယ်” ဟု ပေါစ်ဒန် ရာသီဥတုပြောင်းလဲ မှု၏ ရိုက်ခတ်မှု သုတေသနဌာန - Potsdam Institute for Climate Impact Research မှ ရာသီဥတု သုတေသီ အန်ဒါ လီဗာမင် ကပြောသည်။

စိန့်မာ့ခ် ဘက်စေးလီကာသည် နှစ်ပေါင်း ၁၂၀၀ အတွင်း ခြောက်ကြိမ်၊ လွန်ခဲ့သော ဆယ်စုနှစ်နှစ်ခု အတွင်း လေးကြိမ် ရေလွှမ်းမိုးခံရသည်။ အနာဂါတ်တွင်ပိုမိုဆိုးရွားလာမည်ဟု လီဗာမင်ပြောသည်။ “ပါရီရာသီဥတုဆိုင်ရာ သဘောတူညီချက်က သတ်မှတ် ထားတဲ့အတိုင်း နှစ်ဒီဂရီကို ထိန်းထားရင် ရေရှည်မှာ ပင်လယ်မျက်နှာပြင် ငါးမီတာ တက်လာမယ်။ ဗင်းနစ်ကတော့ သေချာပေါက် ရေအောက် ကို ရောက်သွားမှာပဲ” ဟု Zeit Online သို့သူပြောသည်။

၂၁၀၀ ခုနှစ်တွင် ဗင်းနစ်သည် ရေအောက်ရောက်သွားမည်ဟု ခန့်မှန်းမှု တခုကဆိုသည်။ ဗင်းနစ် သာမက ဟမ်းဘတ်၊ ရှန်ဟိုင်း၊ ဟောင်ကောင်နှင့် နယူးယောက်တို့ကဲ့သို့သော ကမ်းရိုးတမ်း မြို့ကြီး များသည်လည်း ၎င်းတို့၏ ကြီးမားသည့် အစိတ် အပိုင်းများရေအောက်ရောက်သွားမည်ကို ချိန်ညှိ ရမည်ဖြစ်သည်။

လီဗာမင်၏ အဆိုအရ သမုဒ္ဒရာမြင့်တက်လာခြင်းကို ကန့်သတ်ရန်တခုတည်းသော နည်းလမ်းမှာ ကျောက်မီးသွေး၊ ရေနံနှင့် သဘာဝဓါတ်ငွေ့မီးရှို့ုခြင်းကို ရပ်တန့်ရန်သာဖြစ်သည်။ ထိုသို့ သတိပေးခြင်း သည် အထူးသဖြင့် ရာသီဥတုပြောင်းလဲမှုသည် နောက်ပြောင်ခြင်း သာဖြစ်သည် ဟု ထင်သူများကို ခြောက်လှန်သကဲသို့ဖြစ်နေသော်လည်း မိမိတို့သည် အရေးပေါ် ညီညွတ်စွာ တုံ့ပြန် ရန်လိုသော ရာသီဥတု အရေးပေါ်အခြေအနေ ကိုကြုံတွေ့နေသည့် အထောက်အထား အများအပြား တွင် ဗင်းနစ် သည်လည်း ပါဝင်လာသည်။

(  Zawgyi  )

 Acqua alta ဟုေခၚေသာ ေရျမင့္တက္ျခင္းသည္ အီတလီႏိုင္ငံမွ ႏွစ္စဥ္ေရလႊမ္းမိုးမႈခံရေသာ ဗင္းနစ္ၿမိဳ႕အတြက္ အနည္းႏွင့္အမ်ားဆိုသလို ျဖစ္႐ိုးျဖစ္စဥ္သာျဖစ္သည္။ ပုံမွန္အားျဖင့္ၿမိဳ႕ခံ မ်ားႏွင့္ ႏွစ္တႏွစ္၏ ပိုမိုေအးျမေသာလမ်ားတြင္ ထို ကုလသမဂၢ ပညာေရး၊ သိပ္ပံႏွင့္ယဥ္ေက်းမႈအဖြဲ႕၏ ကမာၻ႔အေမြအႏွစ္စာရင္းဝင္ ဗင္းနစ္ၿမိဳ႕သို႔ လာေရာက္လည္ပတ္သူမ်ားအတြက္ တူးေျမာင္းေဘာင္ မ်ားတြင္ ေရပြက္ျခင္း သို႔မဟုတ္ လူသိမ်ားေသာ စိန႔္ မာ့ခ္ ရင္ျပင္ ေရေျမာင္းမ်ားမွ ေရပလုံစီ ထြက္ျခင္းသာျဖစ္သည္။

သို႔ေသာ္ယခုႏွစ္တြင္မူ စိန႔္မာ့ခ္ ရင္ျပင္သည္ ေရေအာက္သို႔လုံးဝေရာက္ရွိသြားခဲ့သည္။ ႏွစ္ ၅၀ အတြင္းအဆိုးဆုံးႏွင့္ ၁၉၂၃ ခုႏွစ္တြင္ စတင္မွတ္တမ္းတင္ခ်ိန္မွ စတင္ၿပီး ဒုတိယအဆိုးဆုံး ထို ေရလႊမ္းမိုးမႈတြင္ ဗင္းနစ္ၿမိဳ႕၏ ၈၅ ရာခိုင္ႏႈန္းကို ေရလႊမ္းသြားခဲ့သည္ဟု ဆိုသည္။

အေရးေပၚအေျခအေနကို ထုတ္ျပန္ေၾကညာရသည္။ကာလၾကာျမင့္ စြာ ဆိုင္းငံ့ထားသည့္ ေ႐ႊ႕ေျပာင္းႏိုင္ေသာ ေရလႊမ္းမိုးမႈတားဆီးေရး ေရေအာက္အတားအဆီး တည္ေဆာက္ေရး စီမံကိန္းအလွ်င္အျမန္ၿပီးစီးေအာင္ေဆာင္႐ြက္ရန္ ဗင္းနစ္ၿမိဳေတာ္ဝန္က ေတာင္းဆိုရသည္။ ထို အတားအဆီး မ်ားကို ၂၀၂၁ ခုႏွစ္ကုန္တြင္ ေပးအပ္ႏိုင္ပါက ဗင္းနစ္ၿမိဳကသည္ ပိုမိုေျခာက္ေသြ႕ စြာ ရွိေနမည္ဟု ေမွ်ာ္လင့္ရသည္။

သို႔ေသာ္ယခုႏွစ္၏ ျပင္းထန္ေသာ အပ်က္အစီးသည္ ေလျပင္းတိုက္ျခင္းမ်ား၊ မိုးေရခ်ိန္မ်ားျခင္း၊ လတၱီတြတ္ နိမ့္ျခင္းႏွင့္ ပင္လယ္ေရမ်က္ႏွာျပင္ ျမင့္တက္ျခင္း စသည့္ အေၾကာင္းအခ်က္မ်ားစြာ၏ ရလဒ္ျဖစ္သည္ဟု က်ယ္ျပန႔္စြာ ယုံၾကည္ရသည္။ ထိုအေၾကာင္း အခ်က္မ်ားအားလုံးသည္လည္ ရာသီဥတုေျပာင္းလဲမႈ၏ သက္ေရာက္မႈမ်ားသာျဖစ္သည္။ “ဒါက ေျမထဲပင္လယ္မွ ပိုမိုျဖစ္ပြာလာတဲ့ ကိစၥတခုပဲ” ဟု အီတလီ ပတ္ဝန္းက်င္ထိန္းသိမ္းေရး ဝန္ႀကီးကေျပာၾကားၿပီး ကမာၻႀကိးပိုမို ပူေႏြး လာျခင္းေၾကာင့္ျဖစ္ေပၚသည့္ ျပင္းထန္ေသာမိုးေရခ်ိန္ႏွင့္ေလျပင္းမ်ား၏ အပူပိုင္းရာသီ သို႔ေျပာင္း လဲျခင္းကို အျပစ္တင္သည္။

 “ကမာၻႀကီးကို ပူေႏြးေအာင္လုပ္ေလေလ မိုးေရခ်ိန္ျမင့္ၿပီး ပင္လယ္ေရမ်က္ႏွာျပင္ ျမင့္တက္ေလေလ ပဲ။ ဒါေတြအားလုံးက ဗင္းနစ္မွာ ေရလႊမ္းမိုးမႈကို ျပင္းထန္ေစတယ္” ဟု ေပါစ္ဒန္ ရာသီဥတုေျပာင္းလဲ မႈ၏ ႐ိုက္ခတ္မႈ သုေတသနဌာန - Potsdam Institute for Climate Impact Research မွ ရာသီဥတု သုေတသီ အန္ဒါ လီဗာမင္ ကေျပာသည္။

စိန႔္မာ့ခ္ ဘက္ေစးလီကာသည္ ႏွစ္ေပါင္း ၁၂၀၀ အတြင္း ေျခာက္ႀကိမ္၊ လြန္ခဲ့ေသာ ဆယ္စုႏွစ္ႏွစ္ခု အတြင္း ေလးႀကိမ္ ေရလႊမ္းမိုးခံရသည္။ အနာဂါတ္တြင္ပိုမိုဆိုး႐ြားလာမည္ဟု လီဗာမင္ေျပာသည္။ “ပါရီရာသီဥတုဆိုင္ရာ သေဘာတူညီခ်က္က သတ္မွတ္ ထားတဲ့အတိုင္း ႏွစ္ဒီဂရီကို ထိန္းထားရင္ ေရရွည္မွာ ပင္လယ္မ်က္ႏွာျပင္ ငါးမီတာ တက္လာမယ္။ ဗင္းနစ္ကေတာ့ ေသခ်ာေပါက္ ေရေအာက္ ကို ေရာက္သြားမွာပဲ” ဟု Zeit Online သို႔သူေျပာသည္။

၂၁၀၀ ခုႏွစ္တြင္ ဗင္းနစ္သည္ ေရေအာက္ေရာက္သြားမည္ဟု ခန႔္မွန္းမႈ တခုကဆိုသည္။ ဗင္းနစ္ သာမက ဟမ္းဘတ္၊ ရွန္ဟိုင္း၊ ေဟာင္ေကာင္ႏွင့္ နယူးေယာက္တို႔ကဲ့သို႔ေသာ ကမ္း႐ိုးတမ္း ၿမိဳ႕ႀကီး မ်ားသည္လည္း ၎တို႔၏ ႀကီးမားသည့္ အစိတ္ အပိုင္းမ်ား

ေရေအာက္ေရာက္သြားမည္ကို ခ်ိန္ညႇိ ရမည္ျဖစ္သည္။

လီဗာမင္၏ အဆိုအရ သမုဒၵရာျမင့္တက္လာျခင္းကို ကန႔္သတ္ရန္တခုတည္းေသာ နည္းလမ္းမွာ ေက်ာက္မီးေသြး၊ ေရနံႏွင့္ သဘာဝဓါတ္ေငြ႕မီးရႈိ႕ုျခင္းကို ရပ္တန႔္ရန္သာျဖစ္သည္။ ထိုသို႔ သတိေပးျခင္း သည္ အထူးသျဖင့္ ရာသီဥတုေျပာင္းလဲမႈသည္ ေနာက္ေျပာင္ျခင္း သာျဖစ္သည္ ဟု ထင္သူမ်ားကို ေျခာက္လွန္သကဲသို႔ျဖစ္ေနေသာ္လည္း မိမိတို႔သည္ အေရးေပၚ ညီၫြတ္စြာ တုံ႔ျပန္ ရန္လိုေသာ ရာသီဥတု အေရးေပၚအေျခအေန ကိုႀကဳံေတြ႕ေနသည့္ အေထာက္အထား အမ်ားအျပား တြင္ ဗင္းနစ္ သည္လည္း ပါဝင္လာသည္။