【 နိုင်ငံတကာဆောင်းပါး 】 “ ထူးဆန်းသော ကိုရိုနာဗိုင်းရပ်ကို ထိန်းချုပ်ရန် တရုတ်နိုင်ငံအစွမ်းကုန် ကြိုးစားနေ”

【 နိုင်ငံတကာဆောင်းပါး 】 “ ထူးဆန်းသော ကိုရိုနာဗိုင်းရပ်ကို ထိန်းချုပ်ရန် တရုတ်နိုင်ငံအစွမ်းကုန် ကြိုးစားနေ”

လူ ၉ ဦးသေဆုံးစေပြီး လူရာနှင့်ချီကူးစက်သည့် ထူးဆန်းသော ကိုရိုနာဗိုင်းရပ် (2019-nCoV) ကို ထိန်းချုပ်ရန် တရုတ်နိုင်ငံသည် အစွမ်းကုန်ကြိုးစားနေသည်။အင်္ဂါနေ့ကုန်တွင် ထူးဆန်းသော ကိုရိုနာဗိုင်းရပ်ကြောင့် ဖြစ်ပွားသည့် နမိုးနီးယားဖြစ်ပွားမှု ၄၄၀ အထိကို ပြည်နယ်အဆင့်ဒေသ ၁၃ ခုတွင် အတည်ပြုနိုင်ခဲ့ကြောင်း အမျိးသားကျန်းမာရေးကော်မရှင်ကပြောသည်။

အင်္ဂါနေ့တွင် ရောဂါဖြစ်ပွားမှုသစ် ၁၄၉ ခုအတည်ပြုနိုင်ခဲ့သည်။ထိုဗိုင်းရပ်ကြောင့် တရုတ်နိုင်ငံ အလယ်ပိုင်း ဘူဘေးပြည်နယ်တွင် လူ ၉ ဦးသေသည်။ရောဂါအဓိက ဖြစ်ပွားရာနေရာဖြစ်သည့် ပြည်နယ်မြို့တော် ဝူဟန်တွင် ရောဂါဖြစ်ပွားမှုသစ် ၂၅၈ ခုကို တနင်္လာနေ့ ကအတည်ပြုနိုင်ခဲ့သည်။ ၎င်းတို့အနက် ၂၅ ဦးကုသပျောက်ကင်း ဆေးရုံဆင်းခွင့်ပြုလိုက်ကြောင်း သိရပြီး ၂၂၇ ဦးကို ဆေးရုံ များတွင် ကုသနေဆဲဖြစ်ပြီး ၆၃ ဦးမှာ ပြင်းထန်သော အခြေအနေရှိကြောင်း သိရသည်။

ဒီဇင်ဘာလက ဝူဟန်တွင်တွေ့ရှိသည့် ပက်သိုဂျင် သည် နွေဦးရာသီ ခရီးသွားကာလ (နှစ်သစ်ကူး) အတွင် အဓိက စိုးရိမ်ပူပန်စရာဖြစ်လာသည်။ ယခုနှစ်အတွက် ဇန်နဝါရီလ ၂၅ ရက်နေ့တွင် ကျရောက် သည့် နွေဦး ရာသီ ခရီးသွားကာလတွင် သန်းရာနှင့်ချီသော ပြည်သူများသည် လူပြည့် ကျပ်နေသည့် ဘတ်စ်ကားများ၊ ရထားများ နှင့် လေယာဉ်များဖြင့် ခရီးသွားကြသည်။

ရောဂါပျံနှံ့မှုကို ထိန်းချုပ်ရန် ပြတ်သားသည့်အားထုတ်မှုများ
================================

တရုတ်နိုင်ငံသည် ထူးဆန်းသော ကိုရိုနာဗိုင်းရပ် နမိုးနီးယားရောဂါပျံ့နှံ့မှုကို တိုက်ဖျက်ရန် အားထုတ် မှု အပြင်းအထန်လုပ်နေပြီး အစီအစဉ်များစွာကို ချမှတ်ထားသည်။တရုတ်ခေါင်းဆောင်များသည် ဗိုင်းရပ်ပျံ့နှံ့မှုကို ထိန်းချုပ်ရန် ပြတ်သားသော အားထုတ်မှုများတောင်းဆိုထားပြီး ပြည်သူလူထု ဘေးကင်းလုံခြုံရေးနှင့် ကျန်းမာရေးကို ထိပ်တန်းဦးစားပေးလုပ်ရန်နှင့် ဗိုင်းရပ်ပျံ့နှံ့မှုကို ထိန်းချုပ်ရန် ထိရောက်သော အစီအမံများကို ဆောင်ရွက်ရန်တောင်းဆိုသည်။

ဟူဘေးပြည်နယ်အစိုးရသည် နိုင်ငံတွင် ဒုတိယ အမြင့်မားဆုံးဖြစ်သည့်  အဆင့် ၂ ပြည်သူ့ ကျန်းမာရေး  အရေး ပေါ်အခြေအနေ တုံ့ပြန်ဆောင်ရွက်မှုကို အင်္ဂါနေ့က စတင်ပြုလုပ်နေသည်။ နမိုးနီးယား ထိန်းချုပ်ကုသရန်အတွက် မြို့တော်ဝန် Zhou Xianwang ဦးဆောင်သည့် ဌာနချုပ်ကို ဝူဟန်တွင် တနင်္လာနေ့က ထူထောင်ခဲ့သည်။

ခရီးသွားအဖွဲများကို တားဆီးပိတ်ပင်ခြင်းနှင့် မြို့တွင်းသို့ ဝင်ထွက်နေသည့် ကားများပေါ်မှ ကြက် ဘဲနှင့် တောရိုင်းတိရစ္ဆာန်များကို ရှောင်တခင် စစ်ဆေးမှုများ ပြုလုပ်ခြင်း ထိန်းချုပ်စောင့်ကြည့်ခြင်းကို  တင်းကျပ်စွာလုပ်ဆောင်နေကြောင်း မြူနီစပါယ် ကျန်းမာရေးကော်မရှင်၏ အဆိုအရ သိရသည်။

ဝူဟန်တွင် ရောဂါဖြစ်ပွားမှုများကို အခမဲ့စစ်ဆေး ကုသပေး
================================

ယခုရောဂါဖြစ်ပွားမှုသည် SARS နှင့်အလားတူသော (ခ) အဆင့်ကူးစက်ရောဂါ ဖြစ်ပွားမှုဖြစ်ကြောင်း တရုတ်အစိုးရက သတ်မှတ်ပြီး (က) အဆင့်ကူးစက်ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေး အစီအမံများပြုလုပ်မည်ဟုပြောသည်။

“ဗိုင်းရပ်သစ်ပေါ်လာတဲ့အခါ သိပံပညာရှင်တွေအနေနဲ့ လေ့လာဖို့အချိန်လိုတယ်။ SARS ရောဂါဖြစ် ပွား တုန်းက ရရှိထားတဲ့ အတွေ့အကြုံတွေအရ ဒီဗိုင်းရပ်ကို က အဆင့် ကူးစက်ရောဂါကို ကိုင်တွယ် တဲ့ အစီအမံတွေနဲ့ ကိုင်တွယ်တာဟာ ကူးစက်မှု ရင်းမြစ်ကို ကိုင်တွယ်ဖို့နဲ့ လူနာတွေကို သီးခြား ကုသဖို့ အခြေအနေပေးတယ်” ဟု ဝူဟန်မှ Tongji ဆေးရုံမှ ကူးစက်ရောဂါ ဌာနအကြီးအကဲ Ren Ningqin ပြောသည်။

ထိုဗိုင်းရပ်ပိုး လူမှလူသို့ ကူးစက်မှုကိုအတည်ပြုထားသော်လည်း လက်ရှိရောဂါဖြစ်ပွားမှုသည် လျှင်မြန်သော အပြောင်းအလဲ၏ အစပိုင်းသာဖြစ်သောကြောင်း ကျော်ကြားသည့် အသက်ရှူ လမ်းကြောင်း ဆိုင်ရာသမားတော် Zhong Nanshan ပြောသည်။

“ လက်ရှိဖြစ်ပွားမှုက ဝူဟန်မြို့ကို ဗဟိုပြုဖြစ်ပွားပြီး အခြားနေရာတွေမှာ ပျောက်ကြားပျောက်ကြား သာတွေ့ရတော့ ဒေသတွင်း ဖြစ်ပွားမှုအဆင့်မှာပဲရှိသေးတယ်” ဟု အမျိုးသားကျန်းမာရေးကော်မရှင် မှ အဆင့်မြင့်ကျွမ်းကျင်သူအဖွဲ့အကြီးအကဲလည်းဖြစ်သော Zhong ပြောသည်။

တရုတ်နိုင်ငံ ရောဂါထိန်းချုပ်ရေးနှင့် တားဆီးကာကွယ်ရေးဌာနမှ ကူးစက်ရောဂါပညာရှင်ချုပ်နှင့် အမျိုးသားကျန်းမာရေးကော်မရှင်မှ ပညာရှင်အဖွဲ့၏ အဖွဲ့ဝင်လည်းဖြစ်သော Zeng Guang ကယခုအချိန်တွင် စနစ်တကျကိုင်တွယ်ပါက ရောဂါဖြစ်ပွားမှု နောက်ဆုတ်သွားနိုင်ကြောင်းပြော သည်။

တစ်နိုင်ငံလုံးသည် နိုးနိုးကြားကြားနေရန် အလျှင်အမြန်လုပ်ဆောင်ခဲ့
=====================================

နှစ်ပါတ်အတွင်း သိပ္ပံပညာရှင်များသည် ထူးဆန်းသော ကိုရိုနာ ဗိုင်းရပ်ကို ဖေါ်ထုတ်နိုင်ခဲ့သည်။ ရောဂါရှာဖွေသော ကိရိယာများကို တနိုင်ငံလုံးရှိ ဆေးဖက်ဆိုင်ရာအဖွဲ့အစည်းအားလုံးသို့ ပေးပို့ထားပြီးဖြစ်သည်။ ကမ္ဘာတဝှမ်းမှ သိပံပညာရှင်များနှင့် ကျန်းမာရေးအာဏာပိုင်များ ရောဂါ ရှာဖွေရေး ကိရိယာများ ဖေါ်ထုတ်ရန်နှင့် ဗိုင်းရပ်၏ ပက်သိုဂျင်ကိုလေ့လာရန်အတွက်  တရုတ်နိုင်ငံ သည် ထူးဆန်းသော ကိုရိုနာဗိုင်းရပ်၏ ဂျီနုန်းဆင့်ကဲဖြစ်စဉ် တခုလုံး ကို ပေးပို့ထားပြီးဖြစ်သည်။

 “သတင်းအချက်အလက်က အရမ်းကို ပွင့်လင်းမြင်သာတယ်။ ကျနော်က ဟိုတယ်တခုမှာအလုပ် လုပ်ပြီး ကျနော့်အလုပ်ထဲက လူအများအပြားနဲ့ အဆက်အသွယ်ရှိတယ်။ မိသားစုကို ကျနော့်ကို မျက်နှာဖုံးဝယ်ဖို့ပြောနေတယ်” ဟု Anhui ပြည်နယ်တွင် မျက်နှာဖုံးဝယ်နေသော Gao Wei ပြော သည်။

အသက် ၅၅ နှစ်အရွယ် Chen Fangcui သည် တရုတ်နိုင်ငံအရှေ့ပိုင်း Jiangsu ပြည်နယ် ဇာတိဖြစ် သည်။ သူမ၏ မိသားစုသည် နွေဦးရာသီပွဲတော်ကျင်းပရန်အတွက် ကီလိုမီတာ ၂၀၀၀ ကျော်ဝေးသော ဟိုင်နန်ကျွန်းသို့ ခရီးထွက်ခဲ့ကြသည်။ ကျွမ်းကျင်သူများ၏ သတိပေးချက်များအရ သူတို့သည် ခရီးမထွက်မီ ခွဲစိတ်မျက်နှာဖုံး အခု ၅၀ ခန့်ဝယ်ခဲ့သည်။

 “လေဆိပ်မှာတွေ့တဲ့ ခရီးသည်အများစုက မျက်နှာဖုံးတွေဝတ်ထားကြတယ်။ ပြည်သူလူထုရဲ့နိုးကြား မှု ကတိုးတက်လာပြီ” ဟု သူပြောသည်။ ကူးစက်ရောဂါ၏ အရိပ်မဲထိုးနေသော်လည်း တရုတ်ပြည်သူ များသည် နွေဦးရာသီပွဲတောက် ကောင်းမွန်သော စိတ်ဓါတ်ဖြင့်  ဆက်လက်ကျင်းပနေဆဲဖြစ်သည်။ “ဒီနှစ်မှ Nanjing  မှာ အိမ်အသစ်ဝယ်လိုက်တာ။ ဒါကြောင့် နှစ်သစ်ကူးပွဲတော်မှာ ကျနော့်မိဘတွေ ကို ခေါ်သွားမလို့။ နောက်တနေ့ကျရင်ပြန်လာမယ်” ဟု Jiangsu ပြည်နယ်မြို့တော် Nanjing  မှ အသက် ၂၉ နှစ်အရွယ် Yang Anpei ပြောသည်။

 “ ဒီနှစ်အတွက် အကြီးမားဆုံး ဆန္ဒကတော့ မိသားစုက လူတိုင်းလူတိုင်းကျန်းမာဘေးကင်းဖို့ပဲ။ ကူးစက်ရောဂါကို မကြာမီထိန်းချုပ်နိုင်ပြီး လူနာတွေလည်း အမြန်ဆုံး ပျောက်ကင်းပါစေလို့ ဆုတောင်းတယ်” ဟု Yang ပြောသည်။

ပွင့် လင်းမြင်သာမှုနှင့် ပူးပေါင်းဆောင်ရွက်မှု
=========================

သတင်းအချက်အလက် ထုတ်ပြန်ခြင်းကို ပိုမိုကြံ့ခိုင်စွာဆောင်ရွက်ပြီး ကူးစက်ရောဂါအခြေအနေ၊ ကုသမှုနှင့် ကာကွယ်ရေးအစီအစဉ်များ တိုးတက်မှုကို အချိန်မီနှင့် ပွင့်လင်းမြင်သာစွာဆောင်ရွက် သွားမည်ဖြစ်ကြောင်း ဖုံးကွယ်မှု၊ နှောင့်နှေးမှုနှင့် မှားယွင်းသော သတင်းထုတ်ပြန်မှုများကို တားဆီး သွားမည်ဖြစ်ကြောင်း Hubei ပြည်နယ် အာဏာပိုင်များပြောသည်။

ထိုဗိုင်းရပ်ပိုး ကူးစက်မှုကို တရုတ်နိုင်ငံအပြင် အမေရိကန်ပြည်ထောင်စု၊ ကိုရီးယား သမ္မတနိုင်ငံ၊ ထိုင်းနိုင်ငံနှင့် ဂျပန်နိုင်ငံများတွင်လည်း တွေ့ရသည်။ ထိုဗိုင်းရပ်၏ ပိုးပေါက်ဖွားချိန် ပျှမ်းမျှမှ ၇ ရက် ရှိပြီး ရောဂါလက္ခာများဖေါ်ပြချိန်သည် အရှည်ကြာဆုံး ၁၂ ရက်အထိကြာတတ်သည်ဟု ကျွမ်းကျင် သူများပြောသည်။

ကမ္ဘာ့ကျန်းမာရေးနှင့် လုံခြုံရေးအတွက် ပွင့်လင်း မြင်သာ မြင့်မားစွာ တာဝန်ခံမှုဖြင့်  တရုတ်နိုင်ငံ သည် ရောဂါဖြစ်ပွားမှုကို သတင်းအချက်အလက်ကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့နှင့် သက်ဆိုင်ရာနိုင်ငံများ ဒေသများသို့ ချက်ခြင်းပေးပို့ခဲ့ပြီး ကိုရိုနာဗိုင်းရပ်၏ မျိုးဗီဇ ဆင့်ကဲဖြစ်စဉ်နှင့်ပတ်သက်သည့် အချက် အလက်များကို မျှဝေခဲ့ကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရသူ GengShuang က အင်္ဂါနေ့တွင်ပြောသည်။

တရုတ်နိုင်ငံသည် သက်ဆိုင်ရာကမ္ဘာ့ကျန်းမာရေးအဖွဲ့ အစည်းအဝေးများကို တက်ရောက် မည်ဖြစ်ကြောင်း ထို ဗိုင်းရပ်ဖြစ်ပွားမှုကို ဖြေရှင်းရန် နိုင်ငံတကာအသိုင်းအဝန်းနှင့် ပူးပေါင်းဆောင် ရွက် လိုကြောင်း သူပြောသည်။

Ref:Xinhua

(  Zawgyi  )

 လူ ၉ ဦးေသဆုံးေစၿပီး လူရာႏွင့္ခ်ီကူးစက္သည့္ ထူးဆန္းေသာ ကို႐ိုနာဗိုင္းရပ္ (2019-nCoV) ကို ထိန္းခ်ဳပ္ရန္ တ႐ုတ္ႏိုင္ငံသည္ အစြမ္းကုန္ႀကိဳးစားေနသည္။အဂၤါေန႔ကုန္တြင္ ထူးဆန္းေသာ ကို႐ိုနာဗိုင္းရပ္ေၾကာင့္ ျဖစ္ပြားသည့္ နမိုးနီးယားျဖစ္ပြားမႈ ၄၄၀ အထိကို ျပည္နယ္အဆင့္ေဒသ ၁၃ ခုတြင္ အတည္ျပဳႏိုင္ခဲ့ေၾကာင္း အမ်ိးသားက်န္းမာေရးေကာ္မရွင္ကေျပာသည္။

အဂၤါေန႔တြင္ ေရာဂါျဖစ္ပြားမႈသစ္ ၁၄၉ ခုအတည္ျပဳႏိုင္ခဲ့သည္။ထိုဗိုင္းရပ္ေၾကာင့္ တ႐ုတ္ႏိုင္ငံ အလယ္ပိုင္း ဘူေဘးျပည္နယ္တြင္ လူ ၉ ဦးေသသည္။ေရာဂါအဓိက ျဖစ္ပြားရာေနရာျဖစ္သည့္ ျပည္နယ္ၿမိဳ႕ေတာ္ ဝူဟန္တြင္ ေရာဂါျဖစ္ပြားမႈသစ္ ၂၅၈ ခုကို တနလၤာေန႔ ကအတည္ျပဳႏိုင္ခဲ့သည္။ ၎တို႔အနက္ ၂၅ ဦးကုသေပ်ာက္ကင္း ေဆး႐ုံဆင္းခြင့္ျပဳလိုက္ေၾကာင္း သိရၿပီး ၂၂၇ ဦးကို ေဆး႐ုံ မ်ားတြင္ ကုသေနဆဲျဖစ္ၿပီး ၆၃ ဦးမွာ ျပင္းထန္ေသာ အေျခအေနရွိေၾကာင္း သိရသည္။

ဒီဇင္ဘာလက ဝူဟန္တြင္ေတြ႕ရွိသည့္ ပက္သိုဂ်င္ သည္ ေႏြဦးရာသီ ခရီးသြားကာလ (ႏွစ္သစ္ကူး) အတြင္ အဓိက စိုးရိမ္ပူပန္စရာျဖစ္လာသည္။ ယခုႏွစ္အတြက္ ဇန္နဝါရီလ ၂၅ ရက္ေန႔တြင္ က်ေရာက္ သည့္ ေႏြဦး ရာသီ ခရီးသြားကာလတြင္ သန္းရာႏွင့္ခ်ီေသာ ျပည္သူမ်ားသည္ လူျပည့္ က်ပ္ေနသည့္ ဘတ္စ္ကားမ်ား၊ ရထားမ်ား ႏွင့္ ေလယာဥ္မ်ားျဖင့္ ခရီးသြားၾကသည္။

ေရာဂါပ်ံႏွံ႔မႈကို ထိန္းခ်ဳပ္ရန္ ျပတ္သားသည့္အားထုတ္မႈမ်ား
================================

တ႐ုတ္ႏိုင္ငံသည္ ထူးဆန္းေသာ ကို႐ိုနာဗိုင္းရပ္ နမိုးနီးယားေရာဂါပ်ံ႕ႏွံ႔မႈကို တိုက္ဖ်က္ရန္ အားထုတ္ မႈ အျပင္းအထန္လုပ္ေနၿပီး အစီအစဥ္မ်ားစြာကို ခ်မွတ္ထားသည္။တ႐ုတ္ေခါင္းေဆာင္မ်ားသည္ ဗိုင္းရပ္ပ်ံ႕ႏွံ႔မႈကို ထိန္းခ်ဳပ္ရန္ ျပတ္သားေသာ အားထုတ္မႈမ်ားေတာင္းဆိုထားၿပီး ျပည္သူလူထု ေဘးကင္းလုံၿခဳံေရးႏွင့္ က်န္းမာေရးကို ထိပ္တန္းဦးစားေပးလုပ္ရန္ႏွင့္ ဗိုင္းရပ္ပ်ံ႕ႏွံ႔မႈကို ထိန္းခ်ဳပ္ရန္ ထိေရာက္ေသာ အစီအမံမ်ားကို ေဆာင္႐ြက္ရန္ေတာင္းဆိုသည္။

ဟူေဘးျပည္နယ္အစိုးရသည္ ႏိုင္ငံတြင္ ဒုတိယ အျမင့္မားဆုံးျဖစ္သည့္  အဆင့္ ၂ ျပည္သူ႔ က်န္းမာေရး  အေရး ေပၚအေျခအေန တုံ႔ျပန္ေဆာင္႐ြက္မႈကို အဂၤါေန႔က စတင္ျပဳလုပ္ေနသည္။ နမိုးနီးယား ထိန္းခ်ဳပ္ကုသရန္အတြက္ ၿမိဳ႕ေတာ္ဝန္ Zhou Xianwang ဦးေဆာင္သည့္ ဌာနခ်ဳပ္ကို ဝူဟန္တြင္ တနလၤာေန႔က ထူေထာင္ခဲ့သည္။

ခရီးသြားအဖြဲမ်ားကို တားဆီးပိတ္ပင္ျခင္းႏွင့္ ၿမိဳ႕တြင္းသို႔ ဝင္ထြက္ေနသည့္ ကားမ်ားေပၚမွ ၾကက္ ဘဲႏွင့္ ေတာ႐ိုင္းတိရစာၦန္မ်ားကို ေရွာင္တခင္ စစ္ေဆးမႈမ်ား ျပဳလုပ္ျခင္း ထိန္းခ်ဳပ္ေစာင့္ၾကည့္ျခင္းကို  တင္းက်ပ္စြာလုပ္ေဆာင္ေနေၾကာင္း ျမဴနီစပါယ္ က်န္းမာေရးေကာ္မရွင္၏ အဆိုအရ သိရသည္။

ဝူဟန္တြင္ ေရာဂါျဖစ္ပြားမႈမ်ားကို အခမဲ့စစ္ေဆး ကုသေပး
================================

ယခုေရာဂါျဖစ္ပြားမႈသည္ SARS ႏွင့္အလားတူေသာ (ခ) အဆင့္ကူးစက္ေရာဂါ ျဖစ္ပြားမႈျဖစ္ေၾကာင္း တ႐ုတ္အစိုးရက သတ္မွတ္ၿပီး (က) အဆင့္ကူးစက္ေရာဂါ ႀကိဳတင္ကာကြယ္ထိန္းခ်ဳပ္ေရး အစီအမံမ်ားျပဳလုပ္မည္ဟုေျပာသည္။

“ဗိုင္းရပ္သစ္ေပၚလာတဲ့အခါ သိပံပညာရွင္ေတြအေနနဲ႔ ေလ့လာဖို႔အခ်ိန္လိုတယ္။ SARS ေရာဂါျဖစ္ ပြား တုန္းက ရရွိထားတဲ့ အေတြ႕အႀကဳံေတြအရ ဒီဗိုင္းရပ္ကို က အဆင့္ ကူးစက္ေရာဂါကို ကိုင္တြယ္ တဲ့ အစီအမံေတြနဲ႔ ကိုင္တြယ္တာဟာ ကူးစက္မႈ ရင္းျမစ္ကို ကိုင္တြယ္ဖို႔နဲ႔ လူနာေတြကို သီးျခား ကုသဖို႔ အေျခအေနေပးတယ္” ဟု ဝူဟန္မွ Tongji ေဆး႐ုံမွ ကူးစက္ေရာဂါ ဌာနအႀကီးအကဲ Ren Ningqin ေျပာသည္။

ထိုဗိုင္းရပ္ပိုး လူမွလူသို႔ ကူးစက္မႈကိုအတည္ျပဳထားေသာ္လည္း လက္ရွိေရာဂါျဖစ္ပြားမႈသည္ လွ်င္ျမန္ေသာ အေျပာင္းအလဲ၏ အစပိုင္းသာျဖစ္ေသာေၾကာင္း ေက်ာ္ၾကားသည့္ အသက္ရႉ လမ္းေၾကာင္း ဆိုင္ရာသမားေတာ္ Zhong Nanshan ေျပာသည္။

“ လက္ရွိျဖစ္ပြားမႈက ဝူဟန္ၿမိဳ႕ကို ဗဟိုျပဳျဖစ္ပြားၿပီး အျခားေနရာေတြမွာ ေပ်ာက္ၾကားေပ်ာက္ၾကား သာေတြ႕ရေတာ့ ေဒသတြင္း ျဖစ္ပြားမႈအဆင့္မွာပဲရွိေသးတယ္” ဟု အမ်ိဳးသားက်န္းမာေရးေကာ္မရွင္ မွ အဆင့္ျမင့္ကြၽမ္းက်င္သူအဖြဲ႕အႀကီးအကဲလည္းျဖစ္ေသာ Zhong ေျပာသည္။

တ႐ုတ္ႏိုင္ငံ ေရာဂါထိန္းခ်ဳပ္ေရးႏွင့္ တားဆီးကာကြယ္ေရးဌာနမွ ကူးစက္ေရာဂါပညာရွင္ခ်ဳပ္ႏွင့္ အမ်ိဳးသားက်န္းမာေရးေကာ္မရွင္မွ ပညာရွင္အဖြဲ႕၏ အဖြဲ႕ဝင္လည္းျဖစ္ေသာ Zeng Guang ကယခုအခ်ိန္တြင္ စနစ္တက်ကိုင္တြယ္ပါက ေရာဂါျဖစ္ပြားမႈ ေနာက္ဆုတ္သြားႏိုင္ေၾကာင္းေျပာ သည္။

တစ္ႏိုင္ငံလုံးသည္ ႏိုးႏိုးၾကားၾကားေနရန္ အလွ်င္အျမန္လုပ္ေဆာင္ခဲ့
=====================================

ႏွစ္ပါတ္အတြင္း သိပၸံပညာရွင္မ်ားသည္ ထူးဆန္းေသာ ကို႐ိုနာ ဗိုင္းရပ္ကို ေဖၚထုတ္ႏိုင္ခဲ့သည္။ ေရာဂါရွာေဖြေသာ ကိရိယာမ်ားကို တႏိုင္ငံလုံးရွိ ေဆးဖက္ဆိုင္ရာအဖြဲ႕အစည္းအားလုံးသို႔ ေပးပို႔ထားၿပီးျဖစ္သည္။ ကမာၻတဝွမ္းမွ သိပံပညာရွင္မ်ားႏွင့္ က်န္းမာေရးအာဏာပိုင္မ်ား ေရာဂါ ရွာေဖြေရး ကိရိယာမ်ား ေဖၚထုတ္ရန္ႏွင့္ ဗိုင္းရပ္၏ ပက္သိုဂ်င္ကိုေလ့လာရန္အတြက္  တ႐ုတ္ႏိုင္ငံ သည္ ထူးဆန္းေသာ ကို႐ိုနာဗိုင္းရပ္၏ ဂ်ီႏုန္းဆင့္ကဲျဖစ္စဥ္ တခုလုံး ကို ေပးပို႔ထားၿပီးျဖစ္သည္။

 “သတင္းအခ်က္အလက္က အရမ္းကို ပြင့္လင္းျမင္သာတယ္။ က်ေနာ္က ဟိုတယ္တခုမွာအလုပ္ လုပ္ၿပီး က်ေနာ့္အလုပ္ထဲက လူအမ်ားအျပားနဲ႔ အဆက္အသြယ္ရွိတယ္။ မိသားစုကို က်ေနာ့္ကို မ်က္ႏွာဖုံးဝယ္ဖို႔ေျပာေနတယ္” ဟု Anhui ျပည္နယ္တြင္ မ်က္ႏွာဖုံးဝယ္ေနေသာ Gao Wei ေျပာ သည္။

အသက္ ၅၅ ႏွစ္အ႐ြယ္ Chen Fangcui သည္ တ႐ုတ္ႏိုင္ငံအေရွ႕ပိုင္း Jiangsu ျပည္နယ္ ဇာတိျဖစ္ သည္။ သူမ၏ မိသားစုသည္ ေႏြဦးရာသီပြဲေတာ္က်င္းပရန္အတြက္ ကီလိုမီတာ ၂၀၀၀ ေက်ာ္ေဝးေသာ ဟိုင္နန္ကြၽန္းသို႔ ခရီးထြက္ခဲ့ၾကသည္။ ကြၽမ္းက်င္သူမ်ား၏ သတိေပးခ်က္မ်ားအရ သူတို႔သည္ ခရီးမထြက္မီ ခြဲစိတ္မ်က္ႏွာဖုံး အခု ၅၀ ခန႔္ဝယ္ခဲ့သည္။

 “ေလဆိပ္မွာေတြ႕တဲ့ ခရီးသည္အမ်ားစုက မ်က္ႏွာဖုံးေတြဝတ္ထားၾကတယ္။ ျပည္သူလူထုရဲ႕ႏိုးၾကား မႈ ကတိုးတက္လာၿပီ” ဟု သူေျပာသည္။ ကူးစက္ေရာဂါ၏ အရိပ္မဲထိုးေနေသာ္လည္း တ႐ုတ္ျပည္သူ မ်ားသည္ ေႏြဦးရာသီပြဲေတာက္ ေကာင္းမြန္ေသာ စိတ္ဓါတ္ျဖင့္  ဆက္လက္က်င္းပေနဆဲျဖစ္သည္။ “ဒီႏွစ္မွ Nanjing  မွာ အိမ္အသစ္ဝယ္လိုက္တာ။ ဒါေၾကာင့္ ႏွစ္သစ္ကူးပြဲေတာ္မွာ က်ေနာ့္မိဘေတြ ကို ေခၚသြားမလို႔။ ေနာက္တေန႔က်ရင္ျပန္လာမယ္” ဟု Jiangsu ျပည္နယ္ၿမိဳ႕ေတာ္ Nanjing  မွ အသက္ ၂၉ ႏွစ္အ႐ြယ္ Yang Anpei ေျပာသည္။

 “ ဒီႏွစ္အတြက္ အႀကီးမားဆုံး ဆႏၵကေတာ့ မိသားစုက လူတိုင္းလူတိုင္းက်န္းမာေဘးကင္းဖို႔ပဲ။ ကူးစက္ေရာဂါကို မၾကာမီထိန္းခ်ဳပ္ႏိုင္ၿပီး လူနာေတြလည္း အျမန္ဆုံး ေပ်ာက္ကင္းပါေစလို႔ ဆုေတာင္းတယ္” ဟု Yang ေျပာသည္။

ပြင့္ လင္းျမင္သာမႈႏွင့္ ပူးေပါင္းေဆာင္႐ြက္မႈ
=========================

သတင္းအခ်က္အလက္ ထုတ္ျပန္ျခင္းကို ပိုမိုႀကံ့ခိုင္စြာေဆာင္႐ြက္ၿပီး ကူးစက္ေရာဂါအေျခအေန၊ ကုသမႈႏွင့္ ကာကြယ္ေရးအစီအစဥ္မ်ား တိုးတက္မႈကို အခ်ိန္မီႏွင့္ ပြင့္လင္းျမင္သာစြာေဆာင္႐ြက္ သြားမည္ျဖစ္ေၾကာင္း ဖုံးကြယ္မႈ၊ ေႏွာင့္ေႏွးမႈႏွင့္ မွားယြင္းေသာ သတင္းထုတ္ျပန္မႈမ်ားကို တားဆီး သြားမည္ျဖစ္ေၾကာင္း Hubei ျပည္နယ္ အာဏာပိုင္မ်ားေျပာသည္။

ထိုဗိုင္းရပ္ပိုး ကူးစက္မႈကို တ႐ုတ္ႏိုင္ငံအျပင္ အေမရိကန္ျပည္ေထာင္စု၊ ကိုရီးယား သမၼတႏိုင္ငံ၊ ထိုင္းႏိုင္ငံႏွင့္ ဂ်ပန္ႏိုင္ငံမ်ားတြင္လည္း ေတြ႕ရသည္။ ထိုဗိုင္းရပ္၏ ပိုးေပါက္ဖြားခ်ိန္ ပွ်မ္းမွ်မွ ၇ ရက္ ရွိၿပီး ေရာဂါလကၡာမ်ားေဖၚျပခ်ိန္သည္ အရွည္ၾကာဆုံး ၁၂ ရက္အထိၾကာတတ္သည္ဟု ကြၽမ္းက်င္ သူမ်ားေျပာသည္။

ကမာၻ႔က်န္းမာေရးႏွင့္ လုံၿခဳံေရးအတြက္ ပြင့္လင္း ျမင္သာ ျမင့္မားစြာ တာဝန္ခံမႈျဖင့္  တ႐ုတ္ႏိုင္ငံ သည္ ေရာဂါျဖစ္ပြားမႈကို သတင္းအခ်က္အလက္ကို ကမာၻ႔က်န္းမာေရးအဖြဲ႕ႏွင့္ သက္ဆိုင္ရာႏိုင္ငံမ်ား ေဒသမ်ားသို႔ ခ်က္ျခင္းေပးပို႔ခဲ့ၿပီး ကို႐ိုနာဗိုင္းရပ္၏ မ်ိဳးဗီဇ ဆင့္ကဲျဖစ္စဥ္ႏွင့္ပတ္သက္သည့္ အခ်က္ အလက္မ်ားကို မွ်ေဝခဲ့ေၾကာင္း တ႐ုတ္ႏိုင္ငံျခားေရး ဝန္ႀကီးဌာန ေျပာခြင့္ရသူ GengShuang က အဂၤါေန႔တြင္ေျပာသည္။

တ႐ုတ္ႏိုင္ငံသည္ သက္ဆိုင္ရာကမာၻ႔က်န္းမာေရးအဖြဲ႕ အစည္းအေဝးမ်ားကို တက္ေရာက္ မည္ျဖစ္ေၾကာင္း ထို ဗိုင္းရပ္ျဖစ္ပြားမႈကို ေျဖရွင္းရန္ ႏိုင္ငံတကာအသိုင္းအဝန္းႏွင့္ ပူးေပါင္းေဆာင္ ႐ြက္ လိုေၾကာင္း သူေျပာသည္။

Ref:Xinhua