【 နိုင်ငံတကာဆောင်းပါး 】 “ တတိယကမ္ဘာစစ်အတွက် အမေရိကန်လေတပ်က ပြင်ဆင်နေပြီလား”

【 နိုင်ငံတကာဆောင်းပါး 】 “ တတိယကမ္ဘာစစ်အတွက် အမေရိကန်လေတပ်က ပြင်ဆင်နေပြီလား”

အန္တရာယ်ရှိသောအချိန်အတွင်း အသုံးပြုသော အစီအစဉ်များသည် အဆင့်မြင့်လုပ်ဆောင်ချက်များရှိသော အင်အားကြီး ရန်သူ့နိုင်ငံများကို အတုခိုးရန် ဖန်တီးထားခြင်းဖြစ်ပြီး တပ်ဖွဲ့နှင့် မဟာမိတ်များအတွက် မျိုးဆက်သစ်များအတွက် ဘက်ပေါင်းစုံအောင်မြင်မှုရနိုင်သော စစ်ပွဲများပေါ်ပေါက်စေရေး ရည်ရွယ်ခြင်းဖြစ်သည်ဟု လေတပ်၏ အစီရင်ခံစာတစ်ခုတွင် ဖော်ပြခဲ့ဖူးသည်။
 
လေတပ်သည် အင်အားကြီးသော အဓိက လေတပ်စစ်ပွဲများအား တိကျစွာ အတုခိုးလျက်ရှိပြီး တိုက်ခိုက်ရေးတပ်ဖွဲ့များကို စစ်ပွဲအတွင်း ကြုံတွေ့ရနိုင်သည့် ရှုပ်ထွေးပြီး များပြားသော ကွဲပြားမှုများ၊ ခြိမ်းခြောက်မှုများနှင့် စိန်ခေါ်မှုများကို လက်တွေ့လေ့ကျင့်ပေးလျက်ရှိသည်။
 
တပ်ဖွဲ့၏ ပုံမှန်အန္တရာယ်ကျရောက်ခြင်းအခြေအနေဆိုင်ရာ လေ့ကျင့်မှု၏ အစိတ်အပိုင်းတစ်ခုအဖြစ် လေ့ကျင့်ပေးနေခြင်းဖြစ်သည်။ထိုစစ်ရေးလေ့ကျင့်မှုများမှတစ်ဆင့် အဆင့်မြင့်လေကြောင်းကာကွယ်ရေးရှိသော လက်နက်အပြည့်အစုံတပ်ရှိထားသည့် ရန်သူများ၊ အဆင့်မြင့်ရန်သူ့လေယာဉ်များနှင့် လေတပ်အနေဖြင့် စစ်ပွဲတစ်ခုတွင် ရင်ဆိုင်ရနိုင်သော ကြည်း၊ ရေ၊ လေ ဘက်ပေါင်းစုံပါသော စစ်ပွဲအခြေအနေများနှင့် ပတ်သက်ပြီး လေတပ်အတွက် ပလက်ဖောင်းများ၊ ပိုင်ဆိုင်မှုများနှင့် စစ်ပွဲသတင်းအချက်အလက်များကို စုဆောင်းနေခြင်းဖြစ်သည်။
 
“လေကြောင်းရန်သူဆိုင်ရာ နည်းလမ်းတွေဟာ အန္တရာယ်ကျရောက်လာတဲ့အခြေအနေမှာ အဓိကအာရုံစိုက်မှုဖြစ်နေသော်လည်းပဲ အာကာသနဲ့ ဆိုက်ဘာခြိမ်းခြောက်မှုတွေ ပေါင်းစုံလာတာကြောင့် ပါဝင်ပတ်သက်သူတွေအနေနဲ့ စစ်ဆင်ရေးအောင်မြင်ဖို့ဆိုရင် ရန်သူကို ဘက်ပေါင်းစုံကနေ အတားအဆီးအပြည့်နဲ့ ကာကွယ်ကျော် လွှားဖို့ လိုအပ်ပါတယ်” ဟု လေတပ်အစီရင်ခံစာတွင် ဖော်ပြထားသည်။ 
 
၄၁၄ ကြိမ်မြောက် စစ်ပွဲဆိုင်ရာလေ့ကျင့်ရေးတပ်စု၏ တပ်ဖွဲ့မှူးဖြစ်သော လေတပ်ဗိုလ်မှူးကြီး ဝီလီယံ ရီးစ် က ရန်သူများသည် “အတားအဆီးမဲ့ ရန်စသူများ” ဖြစ်သည်ဟု သတ်မှတ်ပြောဆိုခဲ့ပြီး “မိမိတို့ရဲ့ တပ်သားတွေကို ပိုမိုပြီး စိန်ခေါ်မှုဖြစ်စေဖို့အတွက် မိမိတို့ဟာ ပစ်မှတ်များနဲ့ ဖန်တီးထားတဲ့ အခြေအနေတွေကို ဖုံးကွယ်ထားပါ တယ်။ဒါ့ကြောင့် တပ်သားတွေအနေနဲ့ တပ်ဆုတ်ဖို့ပဲဖြစ်ဖြစ်၊ တိုက်ခိုက်ပြီးသား ပစ်မှတ်တွေကို ပြန်လည်တိုက်ခိုက်တာမျိုးပဲဖြစ်ဖြစ် တွေးတောစေလာပါတယ်။သို့သော်လည်း လိုလားတဲ့ လက်နက်သက်ရောက်မှုတွေတော့ မပြည့်မီသေးပါဘူး” ဟု ပြောကြားခဲ့သည်။  
 
ဥပမာအားဖြင့် အာကာသနှင့် ဆိုက်ဘာနယ်ပယ်တို့၏ ရှုပ်ထွေးမှုများ ပါဝင်လာပါက လေတပ်၏ ကာလ ကြာရှည် အဓိကတာဝန်ဖြစ်သော ရန်သူ့လေကြောင်းကာကွယ်ရေးများကိုဖိနှိပ်ခြင်း စစ်ဆင်ရေးသည် ပိုမိုရှုပ်ထွေးလာမည်မှာ အသေအချာဖြစ်သည်။မြေပြင်အခြေစိုက် လေယာဉ်ဖျက်ရေဒါစနစ်များတွင် အချက်ပြစနစ်၌ အဟန့်အတားဖြစ်လာခြင်း၊ အနှောင့်အယှက်ဖြစ်စေသော အချက်ပြခြင်းများကို ထုတ်လွှတ်ခြင်းနှင့် လေယာဉ်များမှ တိကျသော ပစ်မှတ်ရှာဖွေရာတွင် ပိုမိုခက်ခဲစေခြင်းတို့ ဖြစ်ပေါ်လာနိုင်သည်။တိုက်ခိုက်ရန်လာသော ရန်သူ၏ လေကြောင်းပလက်ဖောင်းများမှ အီလက်ထရောနစ်စစ်ပွဲဆိုင်ရာ လက်နက်အသစ်များကို အသုံးပြုပြီး ထောက်လှမ်းခြင်းကို နှောင့်ယှက်ရှောင်ရှားနိုင်ဖွယ်ရှိသည်။
 
ရန်သူ့ဘက်မှမူ တိုက်ခိုက်ရေးလေယာဉ်များအတွက် လမ်းကြောင်းရှာဖွေရာတွင် အခက်အခဲရှိနိုင်ပြီး တိုက်ခိုက်သူများအနေဖြင့် GPS သို့မဟုတ် ဆက်သွယ်ရေးအရ စိန်ခေါ်မှုရှိသော အခြေအနေများဖြင့် စစ်ဆင်ရနိုင်ချေရှိသည်။ပြီးခဲ့သောနှစ်များအတွင်းတွင် လေတပ်၏ အရေးပေါ်အန္တရာယ်ဆိုင်ရာ အစီအစဉ်ချမှတ်သူများသည် ရှုပ်ထွေးပြီး GPS အသုံးပြု၍မရသောအခြေအနေမျိုးတွင် စစ်ဆင်ရန်လိုအပ်သော အခြေအနေများကို အထူးမိတ်ဆက်ပေးခဲ့သည်။ထိုကဲ့သို့ စစ်ဆေးရေးများတွင် စနစ်သစ်များဖြစ်သော နေရာယူခြင်း၊ လမ်းညွှန်ခြင်းနှင့် အချိန်ကိုက်ခြင်းစသော နည်းပညာများကို ပူးတွဲအသုံးချရန် လိုအပ်သည်။ 
 
ဆိုက်ဘာကဏ္ဍသည်လည်း ပိုမိုအရေးပါလာလျက်ရှိပြီး လက်နက်စနစ်များ ပစ်ခတ်ခြင်း ထိန်းချုပ်မှုများ၊ ပစ်မှတ်ချိန်ခြင်းများနှင့် ဆက်သွယ်ရေးကွန်ယက်များသည် ဆိုက်ဘာပေါ်တွင် များစွာမှီခိုလျက်ရှိသည်။ထိုကဲ့သို့သော တီထွင်ဆန်းသစ်မှုများကြောင့် တိုက်ခိုက်ရေးလုပ်ဆောင်ရည်နှင့် တိုက်ခိုက်ရေးဖွဲ့စည်းပုံများကို များစွာမြှင့်တင်ပေးနိုင်မည်ဖြစ်သော်လည်း ဆိုက်ဘာဖြင့်လည်ပတ်သော ကွန်ရက်ထပ်တိုးလာခြင်းကြောင့် ဟက်ခြင်းအပါအဝင် အခြားသော ကျူးကျော်မှုများမှ ကာကွယ်နိုင်ရန် ကွန်ယက်များကို ပိုမိုလုံခြုံတင်းကြပ်ရန် လိုအပ်လာခြင်းဖြစ်သည်။ဥပမာအားဖြင့် ဆိုက်ဘာတိုက်ခိုက်မှုများတွင် ဒေတာဘေ့စ်များ သို့မဟုတ် ကွန်ပျူတာစနစ်များသို့ ထိန်းချုပ်ကျူးကျော်ရေးစနစ်များ ထည့်သွင်းကာ အချက်အလက်များ ခိုးယူရန် ကြိုးစားနိုင်ခြင်း သို့မဟုတ် စစ်ဆင်ရေးများကို မအောင်မြင်၊ လမ်းလွဲရန် ရိုးရိုးရှင်းရှင်း ကြားဝင်နှောင့်ယှက်ခြင်းများ ပါဝင်နိုင်ခြင်းဖြစ်သည်။  
 
Linko
Ref : The National Interest: Is the U.S. Air Force Preparing for World War III ?