【 နိုင်ငံတကာဆောင်းပါး 】 “တောင်တရုတ်ပင်လယ်ရောက်လာတဲ့ အမေရိကန်လေယာဉ်တင်သင်္ဘောများကပြောချင်တဲ့ သတင်းစကား”

【  နိုင်ငံတကာဆောင်းပါး  】 “တောင်တရုတ်ပင်လယ်ရောက်လာတဲ့ အမေရိကန်လေယာဉ်တင်သင်္ဘောများကပြောချင်တဲ့ သတင်းစကား”

တောင်တရုတ်ပင်လယ်တခုလုံးကို ထိန်းချုပ်ရန် တရုတ်နိုင်ငံ၏ အားထုတ်မှုများနှင့် ရင်ဆိုင်လာရသောအခါ အမေရိကန်စစ်တပ်သည် ထိုအပြင်းအထန်အငြင်းပွားနေသော ဒေသနှင့်ပတ်သက်ပြီး ကျောခိုင်း မည်မဟုတ်ကြောင်း မဟာမိတ်များကို ပြသရန် လေယာဉ်တင်သင်္ဘော စစ်ဆင်ရေးကြီးများကို အသုံးပြုရသည်။ လွန်ခဲ့သော ရက်သတ္တပတ်ကုန်တွင် ယူအက်စ်အက်စ် ရော်နယ်ရေဂင် နှင့် ယူအက်စ်အက်စ် နစ်မစ် တို့သည် တောင်တရုတ်ပင်လယ်သို့ သွားရောက်ကာ အမေရိကန်နိုင်ငံ၏ မဟာမိတ်များက အမြဲထာဝရ စိန်ခေါ်နေသော တရုတ်နိုင်ငံ၏ ရေကြောင်းအချုပ်အခြာအာဏာ တောင်းဆိုမှု တခုဖြစ်သည့် တောင်တရုတ်ပင်လယ်သို့ ဝင်ရောက်ခဲ့သည်။လွတ်လပ်စွာရေကြောင်း သွားလာခွင့်ထူထောင်ရန်မျှ ကိုသာမက ထိုစစ်ရေးလေ့ကျင့်မှုတွင် ဂျက်လေ ယာဉ်များ၊ ထောက်လှမ်းရေးလေယာဉ်များနှင့် ရဟတ်ယာဉ်များလည်း ပါဝင်ပြီး တချိန်တည်းတွင် တရုတ်ရေတပ် သည် ဗီယက်နမ်နှင့် ထိုင်ဝမ်က တောင်းဆိုထားသည့် ပါရာဆယ်ကျွန်းစုများ အနီးတွင် အပြိုင် စစ်ရေးလေ့ကျင့်နေခဲ့သည်။

လက်ရှိနှင့် ယခင်ကာကွယ်ရေးအရာရှိများ တရုတ်နိုင်ငံအနေဖြင့် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကို အသုံးချကာ အမှတ် ၉ မှတ်ပါသောမျဉ်း တစ်လျှောက် လက်နက်တပ်ဆင်ရန်အားထုတ်မည်ကို စိုးရိမ်နေကြသည်။ ထိုအမှတ် ၉ မှတ်ပါသောမျဉ်းသည် နှစ်စဉ် ဒေါ်လာ ထရီလီယံများစွာတန်သည့် ကုန်သွယ်ရေးလမ်းကြောင်းနှင့် ရေနံနှင့်သဘာဝဓါတ်ငွေ့သိုက်များရှိနိုင်သော တောင်တရုတ်ပင်လယ်ရှိ အဓိကကျသောနေရာ ဖြစ်သည်။ယခုနှစ်အစောပိုင်းမှ စတင်ပြီး အမေရိကန်ပြည်ထောင်စုနှင့် အခြားသောနိုင်ငံများသည် ကမ္ဘာတဝှမ်းကူး စက်ရောဂါနှင့် ရုန်းကန်နေရချိန်တွင် တရုတ်နိုင်ငံက တောင်တရုတ်ပင်လယ်အတွင်းရှိ ကျွန်းတုများတစ်ဝိုက်တွင် ရေပြင်နှင့် ကုန်းမြေအခြေစိုက်  လေ့လာစောင့်ကြည့်ရေး စနစ်များတပ်ဆင်လာသောကြောင့် ထိုဒေသတွင် ရေနံတူးဖေါ်ရန် ကြိုးစားနေသည့် မလေးရှားနှင့် ဗီယက်နမ်ကဲ့သို့သော နိုင်ငံများ၊ ဖိလစ်ပိုင် စစ်သင်္ဘောများနှင့် ပဋိပက္ခသဘောဆောင်နေခဲ့သည်။ တရုတ်နိုင်ငံသည် တောင်တရုတ်ပင်လယ်တွင် ၎င်း၏ အုပ်ချုပ်ရေး အာဏာ သက်ရောက်မှုကိုလည်း နှစ်ဆတိုးလိုက်ပြီး သန္တာကျောက်တန်းနှင့်ကျွန်းငယ်များကို တရုတ်ပြည်မကြီး၏ တိုးချဲ့နယ်မြေများဖြစ်အောင် လုပ်ဆောင်နိုင်ခဲ့သည်။ ကမ္ဘာတဝှမ်းကူးစက်ရောဂါကြောင့် စီးပွားရေးအကျပ်အတည်းများကြောင့် တောင်တရုတ် ပင်လယ်တွင် အမျိုးသားရေးမူဝါဒက ပိုမိုပြင်းထန်လာသည်။
 
အင်ဒိုပိစိဖိတ်ဒေသ လုံခြံုရေးဆိုင်ရာလက်ထောက်ကာကွယ်ရေးဝန်ကြီးအဖြစ် ၂၀၁၉ ဒီဇင်ဘာလ အထိတာဝန်ယူခဲ့သူ ရန်းဒါး ရှရီဗာ “သူတို့ရဲ့ နိုင်ငံခြားရေးမူဝါဒ စွန့်စားခန်းက ကိုရိုနာဗိုင်ရပ်စ်စတင် ကူးစက်က တည်းက မလျှော့ကျသွားဘူး” ဟု ပြောသည်။ “ ပြည်တွင်းမှာ ရုန်းကန်နေရချိန်မှာ အမျိုးသားရေးဝါဒ ကို မီးထိုး ပေးတာ သူတို့အတွက် အထောက်အကူဖြစ်စေတယ်” ဟု သူပြောသည်။

ကြီးမားသောလေယာဉ်တင်သင်္ဘောများဖြင့် စစ်ရေးလေ့ကျင့်မှုသည် အမေရိကန်နိုင်ငံ၏ ဆုံးဖြတ်ချက်ကို ပြသလိုက်ခြင်းဖြစ်သည်။ အခြားသော အမေရိကန်လေယာဉ်တင်သင်္ဘောတစင်းဖြစ်သည့် ယူအက်စ်အက်စ်သီအိုဒို ရုစဗဲ့သည်လည်း ရေတပ်သား ၁၀၀၀ နီးပါး ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရပြီးနောက် ဂူအမ်ကျွန်းတွင် သောင်တင်နေသည်မှာ နှစ်လကြာပြီဖြစ်သည်။“ရုစဗဲ့ကို တာဝန်မပေးနိုင်တာနဲ့ပတ်သက်ပြီး ကျနော်တို့ရဲ့ စွမ်းရည်ကျ/မကျဆိုတာကို မေးခွန်းထုတ်လာ တာရှိတယ်လို့ထင်တယ်။ တရုတ်နိုင်ငံက ဒီရေပိုင်နက်ရဲ့ သဘောသဘာဝကို မပြောင်းလဲစေနိုင်ဘူးဆိုတာကို ပြသဖို့ ရေရှည်လုပ်ဖို့လိုတယ်” ဟု ရှရီဗာပြောသည်။

ထိုသို့ အမေရိကန်ရေတပ်များကို ဖြန့်ချခြင်းမှာ တရုတ်နိုင်ငံ၏အပြုအမူများကို ဟန့်တားရန် ဒေသတွင်း မဟာမိတ်များ၏တောင်းဆိုမှုများကြောင့်လည်း တစိတ်တပိုင်းအားဖြင့် ဖြစ်သည်။ တရုတ်ပြည်သူ့လွတ် မြောက် ရေး တပ်မတော် ရေတပ်နှင့် ကမ်းခြေစောင့်တပ်များ တောင်တရုတ်ပင်လယ်တွင် လှုပ်ရှားမှုပိုမိုများပြား လာကြောင်း မဟာမိတ်ရေတပ်များက ဖေါ်ပြခဲ့ကြောင်း ရှရီဗာပြောသည်။ဒေသတွင်းတွင် အမေရိကန်စစ်ရေးလေ့ကျင့်မှု များပြားလာခြင်းသည် မဟာမိတ်များ အထူးသဖြင့် ဗီယက်နမ်နှင့် ထိုင်ဝမ်နှင့် ဖိလစ်ပိုင်တို့ ၏ တောင်းဆိုမှုကြောင့်ဖြစ်သည်။  အမေရိကန်ပြည်ထောင်စုနှင့် မဟာမိတ်စာချုပ်ချုပ်ဆိုထားသော ဖိလစ်ပိုင်သည် သမ္မတ ဒူတာတေလက်အောက်တွင် တရုတ်နိုင်ငံနှင့် အဆင်ပြေကာ လက်နက်ကိုင် တပ်ဖွဲ့များဆိုင်ရာ သဘောတူစာချုပ်ကို ဖေဖေါ်ဝါရီလတွင် ဖျက်သိမ်းရန်ပင် လုပ်ဆောင်နေသည်။ သို့သော မကြာမီက  ဖိလစ်ပိုင်အနေဖြင့် ထိုစာချုပ်ဖျက်သိမ်းရေးကို ပြန်လည် သုံးသပ် နေရပြီး အမေရိကန်၏ အင်အားကို အကူအညီတောင်း နေရသည်။

“တရုတ်နိုင်ငံက စစ်မျက်နှာတိုင်းမှာ တက်လာနေတယ်” ဟု ပွင့်လင်းစွာပြောဆိုလိုသောကြောင့် အမည်မဖေါ်လိုသော အခြားကာကွယ်ရေးအရာရှိဟောင်းတဦးပြောသည်။ “ဆည်ကြီးကတော့ တနေရာရာကနေ ကျိုးကျတော့မယ်။ ထိန်းချုပ်လို့ ရတော့မှာ မဟုတ်ဘူး” ဟု သူပြောသည်။ တရုတ်သမ္မတ ရှီကျင့်ဖျင် ၂၀၁၂ တွင် အာဏာရလာပြီးနောက် တရုတ်နိုင်ငံသည် တန်ဖိုးတခုပေးဆပ်နေရပြီး အိမ်နီးချင်းနိုင်ငံများနှင့် နယ်နိမိတ် အငြင်းပွားမှု ပိုမိုများလာသည်။

လွန်ခဲ့သောလက တရုတ်နိုင်ငံသည် အိန္ဒိယနှင့် နယ်နိမိတ်အငြင်းပွားမှု ပဋိပက္ခတွင် အသေအပျောက်များ ရှိခဲ့ပြီး နှစ်နိုင်ငံအကြားတင်းမာကာ စီးပွားဆက်ဆံမှုများလည်း ထိခိုက်ခဲ့သည်။ အမျိုးသားလုံခြုံရေးဥပဒေသစ်သည် ဟောင်ကောင်ကို အင်အားချိနဲ့စေကာ တရုတ်နိုင်ငံ၏ နိုင်ငံတကာကုန်သွယ်ရေးနှင့်ငွေရင်းဈေးကွက် အသုံးပြုနိုင်မှုကို ထိခိုက်စေသည်။

တရုတ်နိုင်ငံ၏ စီးပွားရေးအကျိုးစီးပွားများကြောင့် ထိုကမ္ဘာ့အရေးအပါဆုံးရေပိုင်နက်တွင် တရုတ်နိုင်ငံ၏ ပိုင်နက်အငြင်းပွားမှုကို မည်သည့်အချိန်တွင် ထိန်းချုပ်မည်ကို အမေရိကန် အရာရှိများ စဉ်းစားနေကြသည်။ “တရုတ်နိုင်ငံနဲ့ ပတ်သက်ပြီး ကျနော်နားမလည်နိုင်တာကတော့ ဒုတိယကမ္ဘာစစ်နောက်ပိုင်းမှာ အမေရိကန်က အဲဒီရေကြောင်းလမ်းကို အားလုံးအသုံးပြုနိုင်အောင်လုပ်ထားချိန်မှာ သူတို့ကလက်မခံနိုင်ဖြစ်နေတာပဲ” ဟု အိုဘားမားအစိုးရခေတ် ရေတပ်ဝန်ကြီးဟောင်း ရေး မားဘတ်ပြောသည်။ “သူတို့က ဒီပင်လယ်လမ်းကြောင်းမှာ ပြဿနာရှာပြီး ပိတ်ဆို့လိုက်ရင် သူတို့ကိုယ်တိုင်မယုံနိုင်တဲ့ စီးပွားရေး အန္တရာယ်ကို သူတို့ခံစားရမယ်။ ဒီအန္တရာယ်ကို သူတို့လောလောဆယ်တော့ မခံနိုင်သေးဘူး” ဟု သူပြောသည်။
 
လေယာဉ်တင်သင်္ဘော အုပ်စုများကို အသုံပြုခြင်းသည် ဒေသတွင်ရေကြောင်းသွားလာခွင့်အတွက် ယခင် အသုံးပြုသည့် စစ်သင်္ဘောငယ်များအသုံးပြုခြင်းနှင့် ကွဲပြာခြားနားပြီး ယခင်ကာကွယ်ရေးဝန်ကြီး ဂျိမ်းမက်တစ် အောက် တွင် အမေရိကန် စစ်အင်အားပြခြင်းမလုပ်သည့် လမ်းကြောင်းမှ ပြောင်းလဲလာခြင်းဖြစ်သည်။

လေယာဉ်တင်သင်္ဘောများကို အစုံလိုက်အသုံးပြုသောကြောင့် ရည်ရွယ်ချက်များစွာကြီးမားသည်။ အစုံလိုက် အသုံးပြုသောကြောင့် သင်္ဘောအုပ်စုတခုက အခြားတခုကို ကူညီနိုင်ပြီး ၂၄ နာရီ ပျံသန်းမှုများ ပြုလုပ်နိုင်သည်။ အမေရိကန်ပြည်ထောင်စု၏ ညူကလီးယား လေယာဉ်တင်သင်္ဘောများကို တောင်တရုတ် ပင်လယ်တွင် ထားရှိသောကြောင့် ရေတပ်ယှဉ်ပြိုင်မှုတွင် တရုတ်နိုင်ငံ၏ အားနည်းချက်ကို ပြသလိုက်ခြင်း ဖြစ်သည်။ အမေရိကန်ရေတပ်သည် အလျှင်အမြန်ကြီးထွားပြီး နည်းပညာ တိုးတက်လာသည့် တရုတ်ရေတပ်ထက် အသာစီးရနေသည်။

“တရုတ်လေယာဉ်သင်္ဘောတွေဟာ အဆင့်မမီသေးကြောင်းကို အမေရိကန်က လေယာဉ်သင်္ဘောအများ အပြား ပါတဲ့ စစ်ဆင်ရေးတွေနဲ့ ပြသနိုင်တယ်” ဟု တချိန်က ရေတပ်တွင် တာဝန်ယူခဲ့သူ ဟတ်ဆန် အင်စတီကျုမှ ဝါရင့်သုတေသီ ဘရိုင်ယန် ကလပ်ပြောသည်။

တရုတ်နိုင်ငံ၏ သမားရိုးကျလောင်စာသုံး လေယာဉ်တင် သင်္ဘောနှစ်စင်းသည် အမေရိကန်၏ ညူကလီးယား လေယာဉ်တင်သင်္ဘောကြီးများလောက် ပျံသန်းမှုစွမ်းရည်မရှိပေ။ “တရုတ်နိုင်ငံဟာ စွမ်းဆောင်ရည်နယ်ပယ်မှာ အဆင့်မမီသေးဘူးဆိုတာကို ပြသလိုက်တဲ့ နည်းလမ်းပဲ” ဟု ကလပ်ပြောသည်။ သို့သော် ပစိဖိတ်တွင် လေယာဉ်တင်သင်္ဘောများသုံးခြင်းသည် ပင်တဂွန်၏ အယူအဆ အပြောင်းအလဲကို လည်းပြသနေသည်။  ယခင်ကလေ့လာမှုများအရ လေယာဉ်တင် သင်္ဘောကြီးများသည် ပါရှန်းပင်လယ်တွင် အီရန်ကို တားဆီးရန်  အနည်းအကျဉ်းမျှသာ လုပ်ဆောင်နိုင်သည်ဟု ယူဆခဲ့ကြောင်း ကလပ်ပြောသည်။

တရုတ်နိုင်ငံ၏ ရေပြင်၊ မြေပြင်နှင့် ရေငုတ်သင်္ဘောအခြေစိုက် ဒုံးကျည်များ၏ ခြိမ်းခြောက်မှုကြောင့် လေယာဉ်တင်သင်္ဘောများကို ထိုလက်နက်များလက်လှမ်းမမီသည့်နေရာတွင် ထားရှိကာ အသုံးချနိုင်ကြောင်း သူပြောသည်။အခြေအနေကို ပိုမိုရှုပ်ထွေးစေသည်မှာ အမေရိကန်ပြည်ထောင်စုသည် တောင်တရုတ်ပင်လယ် စစ်ရေးဆောင်ရွက်မှုများတွင် တရုတ်နိုင်ငံနှင့် အပြန်အလှန်နားလည်မှုမရှိသေးပေ။

အမေရိကန်ပြည်ထောင်စုအနေဖြင့် တောင်တရုတ်ပင်လယ်တွင် တရုတ်နိုင်ငံနှင့် အပြုအမူဆိုင်ရာ သဘောတူညီချက်ထူထောင်ရန် အချို့အဖွဲ့အစည်းများက တောင်းဆိုကြသည်။ထိုသို့ လုပ်ဆောင်ပါက တရုတ်နိုင်ငံ၏ ရန်စမှုများကို တုံ့ပြန်ရန် ပင်တာဂွန်အတွက် ရွေးချယ်စရာအများအပြားရှိလာမည်ဟုဆိုသည်။  ထိုရေပိုင်နက်တွင် ထိပ်တိုက်တွေ့မှုများကို မည်သို့ကိုင်တွယ်မည်နှင့် ပတ်သက်ပြီး အပြန်အလှန်သဘော တူညီချက်မရှိသောကြောင့် အမေရိကန် ရေတပ်၏ အကြီးမားဆုံး သင်္ဘောများ ထိခိုက်မည်ကို အချို့အရာရှိများ စိုးရိမ်သည်။

တရုတ်နိုင်ငံသည် တန်ဖိုးကြီးလှသည့် သင်္ဘောကြီးများကို အဝေးမှ ပစ်ခတ်နိုင်သည့် သင်္ဘောပစ် ဒုံးကျည်များ အတွက် ရင်းမြစ်များကို နှစ်ပေါင်းများစွာ အသုံးပြုပြီး အမေရိကန်အင်အားပြလိုသည့် ကျွန်းများမှ ပိုမိုဝေးကွာ သောနေရာတွင်သာ အမေရိကန် ကိုဖိအားပေးထားသည်။ “အမေရိကန်လေယာဉ်တင်သင်္ဘောတွေမှာ တိုက်ခိုက်ပစ်ခတ်မှုစွမ်းရည်ရှိတယ်ဆိုတာ ဘယ်သူမှ မငြင်းနိုင်ဘူး။ဒါပေမယ့် တရုတ်က အဲဒီသင်္ဘောကြီးတွေကို ထိခိုက်လွယ်အောင်လုပ်ဖို့ စဉ်းစားနေတာကြာပြီ။ သူတို့ကံကောင်းတယ်လို့ခံစားရလားလို့ပဲမေးရမယ်” ဟု ကာကွယ်ရေးအရာရှိဟောင်းတဦးပြောသည်။

 

Ref: foreignpolicy.com- us-carriers-south-china-sea-sending-message-ronald-reagan-nimit

 

(  Zawgyi  )

 ေတာင္တ႐ုတ္ပင္လယ္တခုလုံးကို ထိန္းခ်ဳပ္ရန္ တ႐ုတ္ႏိုင္ငံ၏ အားထုတ္မႈမ်ားႏွင့္ ရင္ဆိုင္လာရေသာအခါ အေမရိကန္စစ္တပ္သည္ ထိုအျပင္းအထန္အျငင္းပြားေနေသာ ေဒသႏွင့္ပတ္သက္ၿပီး ေက်ာခိုင္း မည္မဟုတ္ေၾကာင္း မဟာမိတ္မ်ားကို ျပသရန္ ေလယာဥ္တင္သေဘၤာ စစ္ဆင္ေရးႀကီးမ်ားကို အသုံးျပဳရသည္။ လြန္ခဲ့ေသာ ရက္သတၱပတ္ကုန္တြင္ ယူအက္စ္အက္စ္ ေရာ္နယ္ေရဂင္ ႏွင့္ ယူအက္စ္အက္စ္ နစ္မစ္ တို႔သည္ ေတာင္တ႐ုတ္ပင္လယ္သို႔ သြားေရာက္ကာ အေမရိကန္ႏိုင္ငံ၏ မဟာမိတ္မ်ားက အၿမဲထာဝရ စိန္ေခၚေနေသာ တ႐ုတ္ႏိုင္ငံ၏ ေရေၾကာင္းအခ်ဳပ္အျခာအာဏာ ေတာင္းဆိုမႈ တခုျဖစ္သည့္ ေတာင္တ႐ုတ္ပင္လယ္သို႔ ဝင္ေရာက္ခဲ့သည္။လြတ္လပ္စြာေရေၾကာင္း သြားလာခြင့္ထူေထာင္ရန္မွ် ကိုသာမက ထိုစစ္ေရးေလ့က်င့္မႈတြင္ ဂ်က္ေလ ယာဥ္မ်ား၊ ေထာက္လွမ္းေရးေလယာဥ္မ်ားႏွင့္ ရဟတ္ယာဥ္မ်ားလည္း ပါဝင္ၿပီး တခ်ိန္တည္းတြင္ တ႐ုတ္ေရတပ္ သည္ ဗီယက္နမ္ႏွင့္ ထိုင္ဝမ္က ေတာင္းဆိုထားသည့္ ပါရာဆယ္ကြၽန္းစုမ်ား အနီးတြင္ အၿပိဳင္ စစ္ေရးေလ့က်င့္ေနခဲ့သည္။

လက္ရွိႏွင့္ ယခင္ကာကြယ္ေရးအရာရွိမ်ား တ႐ုတ္ႏိုင္ငံအေနျဖင့္ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္မႈကို အသုံးခ်ကာ အမွတ္ ၉ မွတ္ပါေသာမ်ဥ္း တစ္ေလွ်ာက္ လက္နက္တပ္ဆင္ရန္အားထုတ္မည္ကို စိုးရိမ္ေနၾကသည္။ ထိုအမွတ္ ၉ မွတ္ပါေသာမ်ဥ္းသည္ ႏွစ္စဥ္ ေဒၚလာ ထရီလီယံမ်ားစြာတန္သည့္ ကုန္သြယ္ေရးလမ္းေၾကာင္းႏွင့္ ေရနံႏွင့္သဘာဝဓါတ္ေငြ႕သိုက္မ်ားရွိႏိုင္ေသာ ေတာင္တ႐ုတ္ပင္လယ္ရွိ အဓိကက်ေသာေနရာ ျဖစ္သည္။ယခုႏွစ္အေစာပိုင္းမွ စတင္ၿပီး အေမရိကန္ျပည္ေထာင္စုႏွင့္ အျခားေသာႏိုင္ငံမ်ားသည္ ကမာၻတဝွမ္းကူး စက္ေရာဂါႏွင့္ ႐ုန္းကန္ေနရခ်ိန္တြင္ တ႐ုတ္ႏိုင္ငံက ေတာင္တ႐ုတ္ပင္လယ္အတြင္းရွိ ကြၽန္းတုမ်ားတစ္ဝိုက္တြင္ ေရျပင္ႏွင့္ ကုန္းေျမအေျခစိုက္  ေလ့လာေစာင့္ၾကည့္ေရး စနစ္မ်ားတပ္ဆင္လာေသာေၾကာင့္ ထိုေဒသတြင္ ေရနံတူးေဖၚရန္ ႀကိဳးစားေနသည့္ မေလးရွားႏွင့္ ဗီယက္နမ္ကဲ့သို႔ေသာ ႏိုင္ငံမ်ား၊ ဖိလစ္ပိုင္ စစ္သေဘၤာမ်ားႏွင့္ ပဋိပကၡသေဘာေဆာင္ေနခဲ့သည္။ တ႐ုတ္ႏိုင္ငံသည္ ေတာင္တ႐ုတ္ပင္လယ္တြင္ ၎၏ အုပ္ခ်ဳပ္ေရး အာဏာ သက္ေရာက္မႈကိုလည္း ႏွစ္ဆတိုးလိုက္ၿပီး သႏၲာေက်ာက္တန္းႏွင့္ကြၽန္းငယ္မ်ားကို တ႐ုတ္ျပည္မႀကီး၏ တိုးခ်ဲ႕နယ္ေျမမ်ားျဖစ္ေအာင္ လုပ္ေဆာင္ႏိုင္ခဲ့သည္။ ကမာၻတဝွမ္းကူးစက္ေရာဂါေၾကာင့္ စီးပြားေရးအက်ပ္အတည္းမ်ားေၾကာင့္ ေတာင္တ႐ုတ္ ပင္လယ္တြင္ အမ်ိဳးသားေရးမူဝါဒက ပိုမိုျပင္းထန္လာသည္။
 
အင္ဒိုပိစိဖိတ္ေဒသ လုံၿခံဳေရးဆိုင္ရာလက္ေထာက္ကာကြယ္ေရးဝန္ႀကီးအျဖစ္ ၂၀၁၉ ဒီဇင္ဘာလ အထိတာဝန္ယူခဲ့သူ ရန္းဒါး ရွရီဗာ “သူတို႔ရဲ႕ ႏိုင္ငံျခားေရးမူဝါဒ စြန႔္စားခန္းက ကို႐ိုနာဗိုင္ရပ္စ္စတင္ ကူးစက္က တည္းက မေလွ်ာ့က်သြားဘူး” ဟု ေျပာသည္။ “ ျပည္တြင္းမွာ ႐ုန္းကန္ေနရခ်ိန္မွာ အမ်ိဳးသားေရးဝါဒ ကို မီးထိုး ေပးတာ သူတို႔အတြက္ အေထာက္အကူျဖစ္ေစတယ္” ဟု သူေျပာသည္။

ႀကီးမားေသာေလယာဥ္တင္သေဘၤာမ်ားျဖင့္ စစ္ေရးေလ့က်င့္မႈသည္ အေမရိကန္ႏိုင္ငံ၏ ဆုံးျဖတ္ခ်က္ကို ျပသလိုက္ျခင္းျဖစ္သည္။ အျခားေသာ အေမရိကန္ေလယာဥ္တင္သေဘၤာတစင္းျဖစ္သည့္ ယူအက္စ္အက္စ္သီအိုဒို ႐ုစဗဲ့သည္လည္း ေရတပ္သား ၁၀၀၀ နီးပါး ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ခံရၿပီးေနာက္ ဂူအမ္ကြၽန္းတြင္ ေသာင္တင္ေနသည္မွာ ႏွစ္လၾကာၿပီျဖစ္သည္။“႐ုစဗဲ့ကို တာဝန္မေပးႏိုင္တာနဲ႔ပတ္သက္ၿပီး က်ေနာ္တို႔ရဲ႕ စြမ္းရည္က်/မက်ဆိုတာကို ေမးခြန္းထုတ္လာ တာရွိတယ္လို႔ထင္တယ္။ တ႐ုတ္ႏိုင္ငံက ဒီေရပိုင္နက္ရဲ႕ သေဘာသဘာဝကို မေျပာင္းလဲေစႏိုင္ဘူးဆိုတာကို ျပသဖို႔ ေရရွည္လုပ္ဖို႔လိုတယ္” ဟု ရွရီဗာေျပာသည္။

ထိုသို႔ အေမရိကန္ေရတပ္မ်ားကို ျဖန႔္ခ်ျခင္းမွာ တ႐ုတ္ႏိုင္ငံ၏အျပဳအမူမ်ားကို ဟန႔္တားရန္ ေဒသတြင္း မဟာမိတ္မ်ား၏ေတာင္းဆိုမႈမ်ားေၾကာင့္လည္း တစိတ္တပိုင္းအားျဖင့္ ျဖစ္သည္။ တ႐ုတ္ျပည္သူ႔လြတ္ ေျမာက္ ေရး တပ္မေတာ္ ေရတပ္ႏွင့္ ကမ္းေျခေစာင့္တပ္မ်ား ေတာင္တ႐ုတ္ပင္လယ္တြင္ လႈပ္ရွားမႈပိုမိုမ်ားျပား လာေၾကာင္း မဟာမိတ္ေရတပ္မ်ားက ေဖၚျပခဲ့ေၾကာင္း ရွရီဗာေျပာသည္။ေဒသတြင္းတြင္ အေမရိကန္စစ္ေရးေလ့က်င့္မႈ မ်ားျပားလာျခင္းသည္ မဟာမိတ္မ်ား အထူးသျဖင့္ ဗီယက္နမ္ႏွင့္ ထိုင္ဝမ္ႏွင့္ ဖိလစ္ပိုင္တို႔ ၏ ေတာင္းဆိုမႈေၾကာင့္ျဖစ္သည္။  အေမရိကန္ျပည္ေထာင္စုႏွင့္ မဟာမိတ္စာခ်ဳပ္ခ်ဳပ္ဆိုထားေသာ ဖိလစ္ပိုင္သည္ သမၼတ ဒူတာေတလက္ေအာက္တြင္ တ႐ုတ္ႏိုင္ငံႏွင့္ အဆင္ေျပကာ လက္နက္ကိုင္ တပ္ဖြဲ႕မ်ားဆိုင္ရာ သေဘာတူစာခ်ဳပ္ကို ေဖေဖၚဝါရီလတြင္ ဖ်က္သိမ္းရန္ပင္ လုပ္ေဆာင္ေနသည္။ သို႔ေသာ မၾကာမီက  ဖိလစ္ပိုင္အေနျဖင့္ ထိုစာခ်ဳပ္ဖ်က္သိမ္းေရးကို ျပန္လည္ သုံးသပ္ ေနရၿပီး အေမရိကန္၏ အင္အားကို အကူအညီေတာင္း ေနရသည္။

“တ႐ုတ္ႏိုင္ငံက စစ္မ်က္ႏွာတိုင္းမွာ တက္လာေနတယ္” ဟု ပြင့္လင္းစြာေျပာဆိုလိုေသာေၾကာင့္ အမည္မေဖၚလိုေသာ အျခားကာကြယ္ေရးအရာရွိေဟာင္းတဦးေျပာသည္။ “ဆည္ႀကီးကေတာ့ တေနရာရာကေန က်ိဳးက်ေတာ့မယ္။ ထိန္းခ်ဳပ္လို႔ ရေတာ့မွာ မဟုတ္ဘူး” ဟု သူေျပာသည္။ တ႐ုတ္သမၼတ ရွီက်င့္ဖ်င္ ၂၀၁၂ တြင္ အာဏာရလာၿပီးေနာက္ တ႐ုတ္ႏိုင္ငံသည္ တန္ဖိုးတခုေပးဆပ္ေနရၿပီး အိမ္နီးခ်င္းႏိုင္ငံမ်ားႏွင့္ နယ္နိမိတ္ အျငင္းပြားမႈ ပိုမိုမ်ားလာသည္။

လြန္ခဲ့ေသာလက တ႐ုတ္ႏိုင္ငံသည္ အိႏၵိယႏွင့္ နယ္နိမိတ္အျငင္းပြားမႈ ပဋိပကၡတြင္ အေသအေပ်ာက္မ်ား ရွိခဲ့ၿပီး ႏွစ္ႏိုင္ငံအၾကားတင္းမာကာ စီးပြားဆက္ဆံမႈမ်ားလည္း ထိခိုက္ခဲ့သည္။ အမ်ိဳးသားလုံၿခဳံေရးဥပေဒသစ္သည္ ေဟာင္ေကာင္ကို အင္အားခ်ိနဲ႔ေစကာ တ႐ုတ္ႏိုင္ငံ၏ ႏိုင္ငံတကာကုန္သြယ္ေရးႏွင့္ေငြရင္းေဈးကြက္ အသုံးျပဳႏိုင္မႈကို ထိခိုက္ေစသည္။

တ႐ုတ္ႏိုင္ငံ၏ စီးပြားေရးအက်ိဳးစီးပြားမ်ားေၾကာင့္ ထိုကမာၻ႔အေရးအပါဆုံးေရပိုင္နက္တြင္ တ႐ုတ္ႏိုင္ငံ၏ ပိုင္နက္အျငင္းပြားမႈကို မည္သည့္အခ်ိန္တြင္ ထိန္းခ်ဳပ္မည္ကို အေမရိကန္ အရာရွိမ်ား စဥ္းစားေနၾကသည္။ “တ႐ုတ္ႏိုင္ငံနဲ႔ ပတ္သက္ၿပီး က်ေနာ္နားမလည္ႏိုင္တာကေတာ့ ဒုတိယကမာၻစစ္ေနာက္ပိုင္းမွာ အေမရိကန္က အဲဒီေရေၾကာင္းလမ္းကို အားလုံးအသုံးျပဳႏိုင္ေအာင္လုပ္ထားခ်ိန္မွာ သူတို႔ကလက္မခံႏိုင္ျဖစ္ေနတာပဲ” ဟု အိုဘားမားအစိုးရေခတ္ ေရတပ္ဝန္ႀကီးေဟာင္း ေရး မားဘတ္ေျပာသည္။ “သူတို႔က ဒီပင္လယ္လမ္းေၾကာင္းမွာ ျပႆနာရွာၿပီး ပိတ္ဆို႔လိုက္ရင္ သူတို႔ကိုယ္တိုင္မယုံႏိုင္တဲ့ စီးပြားေရး အႏၲရာယ္ကို သူတို႔ခံစားရမယ္။ ဒီအႏၲရာယ္ကို သူတို႔ေလာေလာဆယ္ေတာ့ မခံႏိုင္ေသးဘူး” ဟု သူေျပာသည္။
 
ေလယာဥ္တင္သေဘၤာ အုပ္စုမ်ားကို အသုံျပဳျခင္းသည္ ေဒသတြင္ေရေၾကာင္းသြားလာခြင့္အတြက္ ယခင္ အသုံးျပဳသည့္ စစ္သေဘၤာငယ္မ်ားအသုံးျပဳျခင္းႏွင့္ ကြဲျပာျခားနားၿပီး ယခင္ကာကြယ္ေရးဝန္ႀကီး ဂ်ိမ္းမက္တစ္ ေအာက္ တြင္ အေမရိကန္ စစ္အင္အားျပျခင္းမလုပ္သည့္ လမ္းေၾကာင္းမွ ေျပာင္းလဲလာျခင္းျဖစ္သည္။

ေလယာဥ္တင္သေဘၤာမ်ားကို အစုံလိုက္အသုံးျပဳေသာေၾကာင့္ ရည္႐ြယ္ခ်က္မ်ားစြာႀကီးမားသည္။ အစုံလိုက္ အသုံးျပဳေသာေၾကာင့္ သေဘၤာအုပ္စုတခုက အျခားတခုကို ကူညီႏိုင္ၿပီး ၂၄ နာရီ ပ်ံသန္းမႈမ်ား ျပဳလုပ္ႏိုင္သည္။ အေမရိကန္ျပည္ေထာင္စု၏ ညဴကလီးယား ေလယာဥ္တင္သေဘၤာမ်ားကို ေတာင္တ႐ုတ္ ပင္လယ္တြင္ ထားရွိေသာေၾကာင့္ ေရတပ္ယွဥ္ၿပိဳင္မႈတြင္ တ႐ုတ္ႏိုင္ငံ၏ အားနည္းခ်က္ကို ျပသလိုက္ျခင္း ျဖစ္သည္။ အေမရိကန္ေရတပ္သည္ အလွ်င္အျမန္ႀကီးထြားၿပီး နည္းပညာ တိုးတက္လာသည့္ တ႐ုတ္ေရတပ္ထက္ အသာစီးရေနသည္။

“တ႐ုတ္ေလယာဥ္သေဘၤာေတြဟာ အဆင့္မမီေသးေၾကာင္းကို အေမရိကန္က ေလယာဥ္သေဘၤာအမ်ား အျပား ပါတဲ့ စစ္ဆင္ေရးေတြနဲ႔ ျပသႏိုင္တယ္” ဟု တခ်ိန္က ေရတပ္တြင္ တာဝန္ယူခဲ့သူ ဟတ္ဆန္ အင္စတီက်ဳမွ ဝါရင့္သုေတသီ ဘ႐ိုင္ယန္ ကလပ္ေျပာသည္။

တ႐ုတ္ႏိုင္ငံ၏ သမား႐ိုးက်ေလာင္စာသုံး ေလယာဥ္တင္ သေဘၤာႏွစ္စင္းသည္ အေမရိကန္၏ ညဴကလီးယား ေလယာဥ္တင္သေဘၤာႀကီးမ်ားေလာက္ ပ်ံသန္းမႈစြမ္းရည္မရွိေပ။ “တ႐ုတ္ႏိုင္ငံဟာ စြမ္းေဆာင္ရည္နယ္ပယ္မွာ အဆင့္မမီေသးဘူးဆိုတာကို ျပသလိုက္တဲ့ နည္းလမ္းပဲ” ဟု ကလပ္ေျပာသည္။ သို႔ေသာ္ ပစိဖိတ္တြင္ ေလယာဥ္တင္သေဘၤာမ်ားသုံးျခင္းသည္ ပင္တဂြန္၏ အယူအဆ အေျပာင္းအလဲကို လည္းျပသေနသည္။  ယခင္ကေလ့လာမႈမ်ားအရ ေလယာဥ္တင္ သေဘၤာႀကီးမ်ားသည္ ပါရွန္းပင္လယ္တြင္ အီရန္ကို တားဆီးရန္  အနည္းအက်ဥ္းမွ်သာ လုပ္ေဆာင္ႏိုင္သည္ဟု ယူဆခဲ့ေၾကာင္း ကလပ္ေျပာသည္။

တ႐ုတ္ႏိုင္ငံ၏ ေရျပင္၊ ေျမျပင္ႏွင့္ ေရငုတ္သေဘၤာအေျခစိုက္ ဒုံးက်ည္မ်ား၏ ၿခိမ္းေျခာက္မႈေၾကာင့္ ေလယာဥ္တင္သေဘၤာမ်ားကို ထိုလက္နက္မ်ားလက္လွမ္းမမီသည့္ေနရာတြင္ ထားရွိကာ အသုံးခ်ႏိုင္ေၾကာင္း သူေျပာသည္။အေျခအေနကို ပိုမိုရႈပ္ေထြးေစသည္မွာ အေမရိကန္ျပည္ေထာင္စုသည္ ေတာင္တ႐ုတ္ပင္လယ္ စစ္ေရးေဆာင္႐ြက္မႈမ်ားတြင္ တ႐ုတ္ႏိုင္ငံႏွင့္ အျပန္အလွန္နားလည္မႈမရွိေသးေပ။

အေမရိကန္ျပည္ေထာင္စုအေနျဖင့္ ေတာင္တ႐ုတ္ပင္လယ္တြင္ တ႐ုတ္ႏိုင္ငံႏွင့္ အျပဳအမူဆိုင္ရာ သေဘာတူညီခ်က္ထူေထာင္ရန္ အခ်ိဳ႕အဖြဲ႕အစည္းမ်ားက ေတာင္းဆိုၾကသည္။ထိုသို႔ လုပ္ေဆာင္ပါက တ႐ုတ္ႏိုင္ငံ၏ ရန္စမႈမ်ားကို တုံ႔ျပန္ရန္ ပင္တာဂြန္အတြက္ ေ႐ြးခ်ယ္စရာအမ်ားအျပားရွိလာမည္ဟုဆိုသည္။  ထိုေရပိုင္နက္တြင္ ထိပ္တိုက္ေတြ႕မႈမ်ားကို မည္သို႔ကိုင္တြယ္မည္ႏွင့္ ပတ္သက္ၿပီး အျပန္အလွန္သေဘာ တူညီခ်က္မရွိေသာေၾကာင့္ အေမရိကန္ ေရတပ္၏ အႀကီးမားဆုံး သေဘၤာမ်ား ထိခိုက္မည္ကို အခ်ိဳ႕အရာရွိမ်ား စိုးရိမ္သည္။

တ႐ုတ္ႏိုင္ငံသည္ တန္ဖိုးႀကီးလွသည့္ သေဘၤာႀကီးမ်ားကို အေဝးမွ ပစ္ခတ္ႏိုင္သည့္ သေဘၤာပစ္ ဒုံးက်ည္မ်ား အတြက္ ရင္းျမစ္မ်ားကို ႏွစ္ေပါင္းမ်ားစြာ အသုံးျပဳၿပီး အေမရိကန္အင္အားျပလိုသည့္ ကြၽန္းမ်ားမွ ပိုမိုေဝးကြာ ေသာေနရာတြင္သာ အေမရိကန္ ကိုဖိအားေပးထားသည္။ “အေမရိကန္ေလယာဥ္တင္သေဘၤာေတြမွာ တိုက္ခိုက္ပစ္ခတ္မႈစြမ္းရည္ရွိတယ္ဆိုတာ ဘယ္သူမွ မျငင္းႏိုင္ဘူး။ဒါေပမယ့္ တ႐ုတ္က အဲဒီသေဘၤာႀကီးေတြကို ထိခိုက္လြယ္ေအာင္လုပ္ဖို႔ စဥ္းစားေနတာၾကာၿပီ။ သူတို႔ကံေကာင္းတယ္လို႔ခံစားရလားလို႔ပဲေမးရမယ္” ဟု ကာကြယ္ေရးအရာရွိေဟာင္းတဦးေျပာသည္။

Ref: foreignpolicy.com- us-carriers-south-china-sea-sending-message-ronald-reagan-nimit